Tuesday, 15 July 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုတာ … သွေးရိုးသားရိုး ဟုတ်ရဲ့ လား …?


အန်အယ်လ်ဒီ အနေနဲ့  ….
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံပွဲတွေ ….
နေရာအနှံ့ အပြား ပြုလုပ်နေကြတာတော့ ….
ပြည်သူတွေ အားလုံး အသိပဲ ဖြစ်ပါတယ် ….

လက်မှတ်ရေးထိုးတဲ့ သူတွေ ရှိသလို …
မရေးထိုးတဲ့ သူတွေလဲ ရှိပါတယ် ….
ဒါက ပြသနာမဟုတ်ပါဘူး ….

ပြသနာက တစ်ခုပဲ ရှိပါတယ် …
၄၃၆ ကို ဘယ်လို အတိုင်းအတာ…
ဘယ်လို ပုံစံ ပြင်မယ်ဆိုတာ …
အန်အယ်လ်ဒီက လုံးဝ ထုတ်မပြောတဲ့ ကိစ္စပါ …

ပါတီစွဲ ပုဂ္ဂိုလ်စွဲ မရှိ ….
ဥပဒေကို တီးမိခေါက်မိရှိတဲ့  ….
သာမန်ပြည်သူတွေ အတွက်တော့ …
ဒီတစ်ချက်တည်းနဲ့ တင် ….
လက်မှတ်ထိုးဖို့ နောက်တွန့် သွားစေတဲ့  …
သဘောရှိပါတယ် ….

ကောင်းပါပြီ ….
ဒီကိစ္စ ဘယ်လောက်အန္တာရယ်ကြီးလဲ …
ကျွန်တော်တို့ ပြန်သုံးသပ်ရအောင်ပါ ….

ပုဒ်မ ၄၃၆ ဟာ ….
အခြေခံဥပဒေကို ...
အလွယ်တကူ ပြင်ဆင်လို့ မရအောင် ….
ထိန်းချုပ်ထားတဲ့  ပုဒ်မပါ…

လက်ရှိ အခြေခံဥပဒေထဲက …
အရေးကြီးတဲ့ ပုဒ်မ တစ်ချို့ ကို ပြင်လိုလျှင် ….
လွှတ်တော် အမတ် ၇၅ ရာခိုင်နူန်းကျော် ရဲ့ မဲနဲ့  မှ ….
ပြင်ဆင်လို့ ရမယ် ဆိုပြီး …
ဒီပုဒ်မ နဲ့ ရေးဆွဲထိန်းချုပ် ထားပါတယ် …

အန်အယ်လ်ဒီက ဒီပုဒ်မထဲက …
၇၅ ဆိုတဲ့  ရာခိုင်နူန်းကို ပြင်ချင်ပါတယ် …
ဒါလဲ ပြသနာမရှိပါဘူး …..

ဒါပေမယ့် ပြသနာက …
သူက ဘယ်လောက်ရာခိုင်နူန်းအထိ ….
ပြင်ချင်တယ် ဆိုတာကို ….
လုံးဝ ထုတ်မပြောဘဲ လုံးချထားပြီး …
ပြင်ရမယ်… ပြင်မှာမဟုတ်လားလို့  ….
လက်မှတ်တွေ လိုက်ကောက်ခံနေတဲ့ ကိစ္စ ပါ…

ကျွန်တော် မေးခွန်းထုတ်ပါရစေ …
ဘာဖြစ်လို့  ဒီ ပုဒ်မ ၄၃၆ ကို ….
ဘယ်နှစ်ရာခိုင်နူန်းအထိ ပြင်ချင်တယ် ….
ဘယ်လို အနေအထားရောက်တဲ့ အထိ ပြင်မယ်ဆိုတာကို …
လူထုကို ရိုးရိုးသားသား ချမပြနိုင်ရတာပါလဲ …?????

ဒီကိစ္စကို လုံးဝ နားမလည်ပါ …..
ပြောရရင် အခြေခံဥပဒေထဲမှာ …
၅၉ စလုံး ပုဒ်မ တစ်ခုထဲတင် ရှိတာ မဟုတ်ပါ …..
အခြား အခြားသော အရေးကြီးလွန်းတဲ့  ….
ပုဒ်မတွေ အများကြီး ရှိနေပါသေးတယ် …

ပြည်နယ် နဲ့ တိုင်း ….
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဖွဲ့ စည်းပုံ တွေ ….
ပြည်နယ် တိုင်း ဒေသ နယ်နိမိတ်တွေ ....
ဘယ်သူ့ ကိုမှ ….
ပြည်ထောင်စုက ခွဲထွက်ခွင့် မပြုဘူးဆိုတဲ့  ပုဒ်မတွေ …
မည်သည့် နိုင်ငံခြား စစ်စခန်းမှ ....
အခြေချခွင့်မပြုဆိုတဲ့  အချက်တွေ …
နိုင်ငံရေးပါတီတွေဟာ ပြည်ပအထောက်အပံ့  ကို …
သွယ်ဝိုက်ပြီးတောင် ရယူခွင့်မရှိလို့  ....
ကန့် သတ်ထားတာတွေ ….
နိုင်ငံတော်အလံ နဲ့ သီချင်းသတ်မှတ်ချက်တွေ …
ရုံးသုံးဘာသာ စကား သတ်မှတ်ချက်တွေ ….
စသဖြင့် စသဖြင့် အများကြီးပါ ….

ကောင်းပါပြီ ….
တကယ်လို့ သာ အန်အယ်လ်ဒီက …..
အင်အားကြီး နိုင်ငံရေးပါတီ တစ်ခုထဲကပဲ …
အခြေခံဥပဒေကို ….
လွယ်လင့်တကူ ပြင်ဆင်လို့ ရတဲ့ အနေအထားအထိ ….
ပုဒ်မ ၄၃၆ ကို ဖြေလျှော့ပြစ်လိုက်ရင် …
ကျွန်တော်တို့  ဘယ်လိုလုပ်ကြရပါ့မလဲ …..

ဘယ်လောက် အနေအထား ….
ဘယ်လောက်ရာခိုင်နူန်းအထိ ...
ပြင်ချင်တယ် မပြောပဲ ….
ပုဒ်မ ၄၃၆ ကို ပြင်ဖို့  လက်မှတ်သာ ထိုးလိုက်ပါကွာလို့  …..
ဇွတ် ပြောနေတဲ့ ကိစ္စသည် …
တကယ်တန်းတော့ ….
ရိုးသားတဲ့  ပြည်သူလူထုကို ….
လူလည်ကျနေတယ် လို့ ပဲ …
မှတ်ချက်ပြုရမှာ ဖြစ်ပါတယ် ….

ဖြစ်ပုံက ….
အိမ်ထဲမှာ ….
အရေးကြီး ပစ္စည်းတွေ အများကြီး ရှိတယ် …
ဘာလုပ်ချင်တယ်ဆိုတာ တိတိကျကျ မပြောဘဲ ….
အိမ်သော့ကိုပေးဖို့ ပဲ ....
ဇွတ်ပြောသလို ဖြစ်နေပါတယ် …

အိမ်ထဲရောက်သွားချိန်မှ …
စိတ်မပြောင်းသွားပါဘူး ….
ဘယ်သူအာမခံပါသလဲ …. ????
လိုချင်တာ အသစ်တွေ ထပ်ပေါ်မလာဘူး ….
ဘယ်သူ တာဝန်ယူပါသလဲ …. ????

ထပ်မေးပါမယ် …. ဖြေကြည့်ပါ ….
ဒီလောက်အရေးကြီးတဲ့  ပုဒ်မတစ်ခုကို ….
ဘယ်လောက်ရာခိုင်နူန်း …
ဘယ်လို အခြေအနေအထိ ပြင်မယ်လို့  …
တိတိကျကျ မပြောဘဲ ….
ဝါးချပြီး လက်မှတ်တွေ ကောက်ခံနေတာဟာ …
အန်အယ်လ်ဒီ ပါတီအနေနဲ့  ….
ဖြစ်သင့်ပါသလား ?????

နောက်ဆုံး စဉ်းစားမိတာလေး …
တစ်ခု ရှိပါသေးတယ် …
ပြစ်မှု ဆိုင်ရာ ဥပဒေ ( ရာဇသတ်ကြီး ) မှာတော့ ….
ပုဒ်မ ၄၃၆ ဟာ …
နေအိမ် အဆောက်အဦး မီးရှို့ တဲ့သူတွေ ကို ….
ပြစ်ဒဏ်ချမှတ်တဲ့  ပုဒ်မ ဖြစ်ပါတယ် …

ခင်ဗျားတို့  အရမ်းပြင်ချင်နေတဲ့ ပုဒ်မနဲ့  ...
ထူးထူးဆန်းဆန်း ....
သွား တိုက်ဆိုင်နေတာလေးကို အံသြမိလို့ ပါ …
ဒီလောက်ပါပဲ …

From: ( ရဲမိုး )

www.mmdailystar.com

သတင်းထောက်များ အလုပ်ပြောင်းကုန်ကြပြီ..... အချို့လည်း ပြောင်းရန်ပြင်ဆင်ကြသည်....

သတင်းထောက်များ အလုပ်ပြောင်းကုန်ကြပြီ။ အချို့လည်း ပြောင်းရန်ပြင်ဆင်ကြသည်။
ဒီလိုဖြစ်ရသည့် အကြောင်းကတော့ ယူနတီဂျာနယ်က သတင်းထောက်များကို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေဖြင့် ထောင် ၁၀ နှစ်ချလိုက်လို့ ဖြစ်သည်။

ထို့သို့ သတင်းထောက်များကို ထောင် ၁၀ နှစ်ချလိုက်သည့် သတင်းက သတင်းစာလောကကြီးကို ကိုတုန်လှုပ်သွားစေတော့သည်။ သတင်းတစ်ပုဒ်ရေးတာနှင့် လူငါးယောက်ကို ထောင် ၁၀ နှစ်စီချလိုက်သည့်အတွက် အားလုံးပေါင်းလိုက်လျှင် အနှစ်ငါးဆယ်စာရှိသည်။
သတင်းဆောင်းပါးတစ်ပုဒ်ကို အနှစ်ငါးဆယ်စာ ဆိုတော့ မတန်ဘူးဟု ဆိုကြသည်။
အဲ့ဒီလောက် ထောင်ချခံရအောင် သတင်းက ဘယ်လောက် ကောင်းလဲဟု ထိုသတင်းကို ပြန်လည် ဆန်းစစ်ကြသည်။ သတင်းကတော့ ထိုနယ်မြေက လူတိုင်းသိနေသည့် လက်နက်စက်ရုံအကြောင်းမျှသာ။
သတင်းခေါင်းစဉ်ကတော့ အကြီးကြီးဖြစ်သည်။ 


ဦးသန်းရွှေလည်းပါသည်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း ပါသည်။ တရုတ်ပညာရှင်လည်း ပါသည်။ ဓါတုလက်နက်စက်ရုံဆိုတာလည်းပါသည်။ အထဲက သတင်းကိုကြည့်လိုက်တော့ ခေါင်းစဉ်က အကြောင်းတွေ မပါ။ သံချဉ်သံကွေးလုပ်သားတစ်ဦးက ပြောထားသည့် အရှေ့တောင်အာရှတွင် အကြီးဆုံး လက်နက်စက်ရုံ ဆိုတာလေးပဲ သတင်းနှင့် ဆိုင်တာပါသည်။ ကျန်တာက ဂျာနယ်တိုက်ရဲ့ အာဘော်များသာ။ထိုသတင်းကိုမြင်တော့ အခြားသတင်းထောက်တွေက လှောင်ကြသည်။ သံချဉ်သံကွေးလုပ်သားတစ်ဦးပြောသည့် စကားကို ကိုးကားပြီး လက်နက်စက်ရုံအကြောင်းရေးသည်ဆိုတော့ လှောင်စရာကြီးဖြစ်လို့နေသည်

သတင်းလိုက်သည့် သတင်းထောက်များကို ကြည့်လိုက်တော့ လုပ်သက်နှစ်ပတ်သာရှိသေးသည့် သတင်းထောက်။ အခြားသတင်းထောက်တွေကလည်း လုပ်သက် ခပ်နုနု။ဒါကြောင့်မို့ အခြား သတင်းဌာနတွေကလည်း အေးဆေးသာ။ မခိုင်မမာနှင့် ရေးတဲ့ သတင်းထောက်တွေ ခံပေါ့ဟု ဆိုသူဆိုသည်။ ထိုသို့ ဆိုခဲ့သည့်သူတွေခမြာ အမိန့်ချလိုက်တော့မှ မျက်လုံးပြူးသွားကြသည်။ အလုပ်ကြမ်းနှင့် ထောင်ဒါဏ် ၁၀ နှစ်တဲ့။နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဆိုမှ ရုရှား ဟာသတစ်ပုဒ်ကို သတိရမိသည်။ လူတစ်ယောက်က စတာလင် အရူးအပေါ ဆိုပြီး နိုင်ငံပေါင်းစုံရှိနေသည့် ညီလာခံတစ်ခုရှေ့တွင် သွားအော်သည်။ ရုရှားရဲများက ဖမ်းပြီး သူ့ကို ထောင်ဒါဏ် ဆယ်နှစ်နှင့် တစ်လ ချလိုက်သည်။ ထောင်ဒါဏ် တစ်လကတော့ နိုင်ငံတော် အကြီးအကဲကို အကြည်အညိုပျက်စေမှုဖြစ်သည်။
ဆယ်နှစ်ကတော့ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြစ်သည်။
စတာလင် ရူးနေသည်က နိုင်ငံတော် လျို့ဝှက်ချက်ဖြစ်နေသည်။ယူနတီ သတင်းထောက်တွေ ထောင် ဆယ်နှစ် ချလိုက်သည်ဟု သတင်းကြားကြားခြင်း သတင်းထောက်များ ဒေါသထွက်ကုန်သည်။
ဒါ သတင်းထောက်တွေကို သက်သက်ဦးချိုးတာ။ တရားမျှတမှုမရှိဘူး။ ငြိမ်ခံနေလို့မဖြစ်ဘူး။ 

 စသည်ဖြင့် ပေါက်ကွဲကာ ပြောဆိုကြသည်။ဒါပေမဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ။
ပြန်လွှတ်အောင် ဆုတောင်းပွဲလုပ်ရမည်ဟု ပြောကြသည်။ ဒီလိုနှင့် ထောင်ချပြီးနောက်တနေ့တွင် သတင်းထောက်များ စုပေါင်းကာ ဆုတောင်းပွဲလုပ်ကြလေသည်။

ဆုတောင်းပွဲကြောင့် သတင်းထောက်တွေ ပြန်လွတ်မလွတ်တော့မသိ။ ငှက်တွေလွှတ်သဖြင့် ငှက်တွေလွတ်သွားသည်။အကြောင်းမထူးသဖြင့် နောက်တနေ့တွင် သမ္မတကြီး အနုပညာရှင်တွေနှင့် တွေ့သည်ကို သတင်းမယူဘဲ ဆန္ဒပြကြသည်။ ပါးစပ်တွေ တိတ်ကပ်ပြီး ကင်မရာတွေ လမ်းပေါ်တွင် ပုံကာ ဆန္ဒပြကြသည်။ အကျိုးဆက်ကတော့ ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် ဆွဲသည်။ အနည်းဆုံးတော့ ထောင် သုံးလ သေချာသွားသည်။ အယောက် ငါးဆယ်လောက်ကို အမှုဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ဒါကို ပုဒ်မ ၁၈ ဖြင့် အဆွဲမခံရသော အခြားသတင်းထောက်များက မကျေနပ်။ ငါတို့လည်းပါသည်ဟု ပြောကြသည်။
ရဲစခန်းကိုပင် ကျနော်တို့လည်း ပါသည်ဟု စာရင်းသွားပေးသေးသည်။ သို့သော် ရဲစခန်းက လက်မခံ။ အချုပ်ခန်းက အယောက် ၅၀ ပဲ ဆန့်သည်ထင်၏။ 



ဆန္ဒပြရာတွင် ပါဝင်သူများပင် မကျေနပ်သည်မဟုတ်။ ဆန္ဒပြရာသို့ မလာခဲ့သော သတင်းထောက်များလည်း မကျေနပ်။ ငါတို့သာ သွားပြရင် ပုဒ်မ ၁၈ ဖြင့် အဖမ်းခံရမှာဟုလည်း မကျေမနပ်ရေရွတ်ကြသည်။ ပုဒ်မ ၁၈ ဖြင့် အဆွဲခံရလျှင် နိုင်ကျဉ်းဖြစ်ပြီး ဦးဝင်းတင်ဖောင်ဒေးရှင်း က ထောက်ပံ့ငွေတွေ ရနိုင်သည်။ ကံကောင်းလျှင် နိုင်ငံခြားကလည်း ဆုတွေ ဘာတွေ ပေးနိုင်သည်။ကိစ္စမ ရှိသေး။ အကြောင်းအရာ က ရှိနေသေးဖြင့် ဆန္ဒထပ်ပြလို့ ရနိုင်သည်။
ခွင့်ပြုစာမတင်ဘဲ ဆန္ဒပြလျှင် သတင်းထောက်တွေ ပုဒ်မ ၁၈ ဖြင့် ထပ်အဆွဲခံရနိုင်သည်။

တစ်ဗိုလ်ဆင်း တစ်ဗိုလ်တတ် စနစ်ဖြင့် ဆန္ဒပြကြမည်။ ဒါဆိုလျှင် သတင်းထောက်အ ကုန်လုံး ထောင်ထဲရောက် ကုန်မည်။ ပြည်တွင်း သတင်းထောက်တွေ အကန်လုံးထောက် ထဲရောက် ကုန်လျှင် သတင်းစာလောကကြီးလည်း ရပ်ဆိုင်းသွားမည်။ ပြည်သူတွေလည်း သတင်း စာ မဖတ်ရတော့။ ဒါကတော့ အတွေးတစ်ခုသာ ဖြစ်သည်။ပြည်တွင်း သတင်းထောက်များက ကြောက်ကြလေသည်။
ထောင်ထဲသို့ မ၀င်ရဲ။ ထောင်ထဲမှာက ကြောက်စရာကောင်းသည်ဟု ကြားဖူးသည်။
ချီးပုံးတွေ ထမ်းရသည် ထောင်ထွက်ဟောင်းများက ဆိုထားကြသည်။ ထောင်ကျလျှင် ချစ်သူနှင့်လဲ ခွဲရမည်။ မိသားစုနှင့်လည်း ခွဲရမည်။ မဖြစ်သေး။ အပြင်မှာ အေးဆေးနေတာပဲကောင်းသည်။
ဒါကြောင့် အထက်က ဆိုခဲ့သည့်အတိုင်း သတင်းထောက်များ အလုပ်ပြောင်းရန် ကြံစဉ်နေကြခြင်းဖြစ်သည်။ ကိုယ်အရင်က လုပ်ခဲ့သည့် အလုပ်များကို ပြောင်းရန်ပြင်ကြသည်။ သို့သော် သိပ်တော့မလွယ်။

သတင်းထောက်အလုပ်က လူစွာလုပ်လို့ရသည်။ လမ်းဘေးက ထမင်းဆိုင်မှာ စားနေပေမဲ့ ၀န်ကြီးနှင့် တွေ့လို့ရမည်။ သမ္မတနှင့် တွေ့နိုင်သည်။ ခရိုနီတွေနှင့် တွေ့နိုင်သည်။ ကိုယ့်မြင်လျှင် လူတိုင်းကြောက်နေကြရသည်။ အခြားအလုပ်များတွင်တော့ ဒီလိုမဟုတ်။ ကိုယ်က အားလုံးကို ကြောက်နေသည်။ဒါပေမဲ့ သတင်းတစ်ပုဒ် ထောင်ဆယ်နှစ်ဆိုတာကိုတော့ အားလုံး ကြောက်ကြသည်။ ကြောက်လို့ ဘာမှမရေးဘဲ နေလျှင်တောင် အခန့်မသင်လျှင် စတာလင် အရူးဟု ပြောခဲ့သည့် လူလို နိုင်ငံတော်လျှို့ဝှက်မှုဖြစ်သွားနိုင်သည်။ ဒါကြောင့် ခပ်ကြောက်ကြောက်သတင်းထောက်များ အလုပ်ပြောင်းကြပြီ။ ခပ်ရဲရဲ သတင်းထောက်များ ဆန္ဒပြပြီး ထောင်ထဲဝင်ကုန်ကြပြီ။ မကြာမီ သတင်းထောက်များမရှိတော့သဖြင့် သတင်းစာ၊ ဂျာနယ်များလည်း ရပ်ဆိုင်းကုန်တော့မည်။ဒီလို သတင်းလောကကြီးရပ်ဆိုင်းသွားမည့် အခြေအနေကိုတော့ အစိုးရလည်း ကြိုက်သည်။ ထုတ်ဝေသူများလည်း ကြိုက်သည်။ အစိုးရကြိုက်တာကတော့ သူတို့ကို ဝေဖန်မည့်လူများ မရှိတော့၍ဖြစ်သည်။ ထုတ်ဝေသူများကြိုက်တာကတော့ နေ့စဉ်အရှုံးပေါ်နေတာကို သတင်းစာမထုတ်တော့လျှင် မရှုံးတော့၍ဖြစ်သည်။ ပြည်သူများကတော့ မျက်စိနောက် သက်သာတော့မည်ထင်သည်။

စိုပြေ
2:30 PM 7/13/2014
From: Zayya Sopyay

www.mmdailystar.com

တပ်မတော်.. ဘယ်လဲ.. ဘာလဲ ?

ကိုယ်ကတော့ တပ်မတော်ထဲမှာမရှိတော့ပေမဲ့
တပ်မတော်ကို တပ်မတော်ပီပီသသ ဖြစ်စေချင်တယ်
စစ်သားဆိုတာ
စစ်တိုက်ဖို့၊
စစ်တိုက်ရန်မရှိက လေ့ကျင့်၊ လေ့ကျင့်သားပြည့်ဝနေရင် ပြည်သူ့အကျိုးပြုလုပ်ငန်း ပူးတွဲလုပ်ပေါ့
အပင်စိုက်၊ အကောင်မွေးတာ စစ်သားအလုပ်မဟုတ်ဘူး
အလုပ်ခွဲခြားလုပ်ကိုင်ခြင်းဆိုတာ လိုအပ်လို့ပေါ်ပေါက်လာတာ
လူတစ်ယောက်က ထမင်းစားဖို့ စပါးလည်းစိုက် ဆန်ဖွပ်
ဟင်းစားရဖို့ အကောင်မွေး
ပိုက်ဆံရဖို့ စီးပွားရှာ( အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ) ညကျတော့လည်းကင်းစောင့် ဒီကြားထဲ အစည်းအ၀း၊ ဟောပြောပွဲတက်ရသေး သေရော

ဘယ်လိုနေရာမှာမှ ထူးချွန်လာမှာ မဟုတ်တော့ဘူး
စစ်တိုက်ဖို့ လေ့ကျင့်သားပြည့်ဝဖို့ နေနေသာသာ
စပါးလည်း စံနှုန်းပြည့်မရ အကောင်မွေးလည်း သေ ယတြာချေဖို့အပင်စိုက်ရင်း အချိန်ဖြုန်း ဒီကြားထဲ ဟိုတပ်ကဘာလုပ်နေလို့ ဒီတပ်ကလည်း ဘာလိုက်လုပ်ပါဆိုတာကလည်း မရိုးရ တပ်ရင်းရန်ပုံငွေ တိုးလာသလား ရင်းစားပြုတ်သွားသလား ကြက်မွေးဆို ကြက်ခြံအရင်ဆောက်ဖို့ အရင်းဘယ်ကလာမလဲ

စစ်တပ်ကို စစ်တပ်လို့မြင်ပါ ကုမ္ပဏီမဟုတ်ဘူးလေ
မစားရ၀ခမန်း ဘယ်လိုပိုက်ဆံတွေရလာမှာ ဘယ်လိုကောင်းကျိုးတွေရလာမှာ ဆိုတဲ့ဖိန့်ဖိန့်တွေ တော်ပါတော့ ပြီးခဲ့တဲ့နှစ်ကာလအပိုင်းအခြားတွေမှာ မှန်မှန်ကန်ကန် အပင်စိုက် အကောင်မွေးလို့ ၀င်ငွေကောင်းခဲ့တဲ့တပ် ဘယ်နှစ်ခုရှိသလဲ ပြန်သုံးသပ်ဖို့ မလိုပြီလော
စစ်သားစုဆောင်းဖို့ တစ်ယောက်အတွက် ကိုးသိန်းဆယ်သိန်း ဘယ်ကရမလဲ
တပ်မှူး( အနိမ့်ဆုံး ဗိုလ်မှူးး )လစာနဲ့ ဖြစ်နိုင်၏ မဖြစ်နိုင်၏ မစဉ်းစား ဘာအလုပ်လုပ်ပြီး ရှာရမလဲ မစုနိုင်ရင်ထု ရာထူးမပေးတဲ့နည်းလမ်းက သင့်တော်ပါ၏လော
ဒီကြားထဲ တပ်မှူးလုပ်တဲ့သူက ကမြင်းကြောနန့်ပြီး မယားတွေအများကြီးယူ စက်နဲ့မွေးထုတ်ထားတဲ့အလား လက်အောက်ခံ စစ်သည်များရဲ့ စားဝတ်နေရေးတဲ့
အိမ်က ကိုယ့်မိန်းမနဲ့ခလေးတွေတောင် ဘယ်လိုနေစားနေရသလဲ မစဉ်းစားအား
စစ်သားကို စစ်သားအလုပ်ပဲလုပ်ခိုင်းပါဗျာ ....

ဒီကြားထဲ.. အားလုံးသိမ်းပြီး စစ်ခွေးလို့ အဆဲကခံရသေးတယ်....

From: Thaung Htut Kyu

www.mmdailystar.com

"မိမိတို့ ဖက်မှ ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ ပြဿနာရှိလာမှ တဖက်ကိုအပြစ် ဖို့မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်"


ကျွန်တော်တို့ မီဒီယာလောက အတွက် စိတ်အပူကြီးပူမိပါသည်။ Unity ဂျာနယ်တွင်ဖေါ်ပြခဲ့သော ဓါတုလက်နှက်စက်ရုံဆောင်းပါးကို အခုမှဖတ်ရပါသည်။ လက်နှက်စက်ရုံ ဖြစ်နိုင်သောလည်း ဓါတုလက်နှက် စက်ရုံဟု ယူဆလောက်သော သက်သေ မပြနိုင်ပဲ ဓါတုလက်နှက် ဆိုသော အချက်ကို အထူကြီး ခေါင်းတင်ထားသည်။ သံချည်သံကွေးသမား တစ်ယောက်ကပြောသော ဤစက်ရုံသည်အရှေ့ တောင်အာရှတွင် အကြီးဆုံးဖြစ်သည်ဆိုသော အချက်မျိုး ကို ကိုးကားထားသည်မှာ စ၍ နည်းပညာဆိုင်ရာ ဗဟုသုတ နှင့် အတွေအကြုံနည်းပါးသော ရွာသားများ၏ အကြောင်းပြချက်မပါဝင်သော ထင်မြင်ယူဆချက်သက်သက်ကို အလေးထားဖေါ်ပြထားသည်မှာ အရပ်စကားနှင့်ပြောမည်ဆိုလျှင် ရှားရှားပါးပါးရိုက်ယူထားသည့် ဓါတ်ပုံအချို့ ဖြင့် "ဖြဲ" ထားသလိုဖြစ်နေပါသည်။ ကျွန်တော်တို့ ဂျာနယ်လောက တွင်ဤသို့ သော သတင်းတင်ပြမှုပုံစံ များ မကြာသေးမည်ကစ၍ခောတ်စားလာသည်ကိုသတိထားမိသည်။ Investigative Report များအားအခုလိုတင်ဆက်ရန်ကြိုးစားသည် မှာအားပေး ကြိုဆိုဖွယ်ဖြစ်သောလည်း မိမိ တို စုံစမ်းလေ့လာမည့်နယ်ပါယ် နှင့်စပ်လျှဉ်း၍ကျွမ်းကျင် နှံ့စပ်သော ပညာရှင်များ ၊ လူပုဂ္ဂိုလ်များ၏အကူအညီကို ရယူရုံမျှမက Sound Evidence အခိုင်အမာရှာဖွေချပြ နိုင်ရန် မလွဲမသွေလိုအပ်ပါသည်။ DVB ကတင်ဆက်ခဲ့သော နျုကလီယား လက်နှက်စက်ရုံတင်ဆက်မှု သည်ပင်လျှင်စစ်အင်ဂျင်နီယာ ဗိုလ်မှုး စိုင်းသိန်းဝင်း အား သက်သေခံစေခဲ့သောလည်း နျုလက်နှက် အားချုပ်မိသည်အထိ သက်သေမထူနိုင်ခဲ့ပါ။ ယနေ့ မီဒီယာလောက နှင့် အစိုးရကြားတွင်ဖြစ်ပေါ်နေသော လုပ်ငန်းဆိုင်ရာ ပြဿနာ များကိုကြည့်လျှင် မိမိ တို့ မီဒီယာဖက်မှ လိုအပ်ချက်၊ ချို့ယွင်းချက်များရှိ နေသည်ကိုလည်း လစ်လျုရှု ၍ မထားသင့်ပေ။ မိမိတို့ မီဒီယာ ပိုင်းမှလည်း ပို၍ Professional ပီသရန် နှင့် ကျင့်ဝတ်သိက္ဒ္မါ ပိုင်းကို ပိုမို ထိန်းသိမ်းရန် လိုအပ်ကြောင်း သတိထားမိလာပါသည်။ ဤသို့ မိမိတို့ ဖက်မှလည်း ထိုက်သင့်သော ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ အခုလို ပြဿနာရှိလာမှ တဖက်ကိုချည်းအပြစ် ဖို့ မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်ချေ။


From: Zayya Sopyay



www.mmdailystar.com

"သတင်းသမားဖြစ်ပြီး ဥပဒေကို သိလို့ပဲ ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် ချိုးဖောက်မိ တာကတော့ ကျွန်မတို့တွေရဲ့ အားနည်းချက်ပါ.." ~ မေသင်္ကြန်ဟိန်





ယူနတီသတင်းထောက် တွေကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တဲ့အပေါ်မှာ ကျွန်မအနေနဲ့လည်း စိတ်မကောင်း ဖြစ်ရပါတယ်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅)ရက်နေ့ထုတ် ယူနတီဂျာနယ်မှာ `ဗိုလ်ချုပ်မှူးကြီး ဟောင်း ၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျို့ဝှက်ဓာတုလက်နက် စက်ရုံ ` ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေါက်မြို့နယ်က အမှတ်(၂၄)ကာကွယ်ရေး ပစ္စည်းစက်ရုံ အကြောင်းကို ဆောင်းပါးရေးသားခဲ့တယ်။

အဲဒီဆောင်းပါးကြောင့် ၁၉၂၃ခုနှစ် အစိုးရလျို့ဝှက်ချက်များ ဥပဒေ ၃(၁)(က)/၉ အရ ပခုက္ကူမြို့နယ် တရားရုံးမှာ တရားစွဲဆိုခံခဲ့ရပါတယ်။ ပြီးတော့ အမှုရုံးချိန်း (၁၅)ကြိမ်မြောက်ဖြစ်တဲ့ ဇူလိုင်လ(၁၀) ရက် နေ့လည်(၂)နာရီ ၀န်းကျင်မှာ ယူနတီအယ်ဒီတာချုပ်နှင့် သတင်းထောက်(၄)ဦးကို အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်စီ ချမှတ်ခဲ့ပါတယ်။

အဲဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ယူနတီက ရေးသားထုတ်ဝေလိုက်တဲ့ သတင်းဟာ သတင်းစာပညာအရ အားနည်းချက်တွေရှိနေတယ် ဆိုတာလည်း ငြင်းလို့မရတဲ့ ကိစ္စပါပဲ။

ဒါပေမဲ့ သတင်းသမားတစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်တယ်ဆိုတာကို ကျွန်မတစ်ဦးတည်းအမြင်နဲ့သုံးသပ်ရင်လည်း ပြစ်ဒဏ်များလိုက်တာ၊ ပြစ်မှုနဲ့ပြစ်ဒဏ်မမျှတဘူးလို့ပဲ ခံစားနားလည်မိပါတယ်။

ကျွန်မတို့ သတင်းသမားတွေက မကောင်းမှုတွေ ကျူးလွန်နေကြတဲ့ သူတွေ မဟုတ်ပါဘူး။ သတင်းစာ ပညာမှာ အားနည်းနေဆဲဖြစ်တဲ့ ဖွံ့ဖြိုးစ တိုင်းပြည်တစ်ခုမှာ ပြည်သူလူထုအတွက်ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ အလုပ်လုပ်နေကြတဲ့ သူတွေပါ။

ကျွန်မတို့ သတင်းသမားတွေကလည်း သာမန်ပြည်သူတွေပဲ ဖြစ်ကြတဲ့အတွက် အမှားဆိုတာလည်း ရှိနိုင်ပါတယ်။ မကျွမ်းကျင်မှုတွေ နားမလည်မှုတွေ နဲ့ ဥပဒေချိုးဖောက်မှု တွေလည်း ရှိနိုင်တာပါပဲ။

အဲဒီလို ဥပဒေအရ ချိုးဖောက်မှုတွေကို ကျွန်မတို့က သတင်းသမာတွေမို့ အရေးမယူသင့်ဘူး လို့လည်း မဆိုလိုပါဘူး။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေရပါဘူး။ သာမန်ပြည်သူ နိုင်ငံသား တွေဖြစ်တဲ့အတွက် အခြားသော နိုင်ငံသားတွေလိုပဲ ဥပဒေကို ချိုးဖောက်ရင်တော့ အရေးယူ ပြစ်ဒဏ်ခံကြရမှာပါပဲ။ သတင်းသမားဖြစ်ပြီး ဥပဒေကို သိလို့ပဲ ဖြစ်ဖြစ်၊ မသိလို့ပဲ ဖြစ်ဖြစ် ချိုးဖောက်မိ တာကတော့ ကျွန်မတို့တွေရဲ့ အားနည်းချက်ပါ။

အဲဒါကြောင့် သတင်းသမားတွေဟာ ကျင့်ဝတ်နဲ့အညီ သတင်းရေးသားဖြန့်ချိသင့်သလို၊ မြန်မာပြည် ရဲ့ တည်ဆဲ ဥပဒေတွေကိုလည်း နားလည်အောင် ကြိုးစားသင့်တယ်၊ သတင်းထောက်လုပ်မယ်ဆိုရင် သတင်းစာပညာနဲ့အတူ ကျင့်ဝတ်နဲ့ နားလည်ရမဲ့ ဥပဒေတွေကိုပါ တွဲပြီး လေ့လာသင့်တယ် လို့လည်း နားလည်မိပါတယ်။

ယူနတီသတင်းထောက်များအား ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခြင်းခံရတာကို ကျွန်မတို့လိုပဲ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတလို့ စိတ်မကောင်းဖြစ်တဲ့ သတင်းသမားတွေ မကျေနပ်တဲ့ သတင်းသမားတွေ ရှိပါတယ်။

အဲဒီထဲက သတင်းသမားအချို့က ဇူလိုင်လ(၁၂)ရက်နေ့မှာ MPCရှေ့မှာ ဆန္ဒပြတယ်လို့ ကြားရပါ တယ်။ ပြီးတော့ အဲဒီ ဆန္ဒပြခဲ့တဲ့ သတင်းထောက်အချို့ကို ကမာရွတ်ရဲစခန်းမှာပဲ တရားစွဲဆိုတယ် ဆိုတာလည်း ကြားရတယ်။

ပိုပြီးတော့ စိတ်မသက်မသာဖြစ်ရပါတယ်။ ကျွန်မတို့ သတင်းသမားတွေက ယူနတီဂျာနယ် သတင်းသမားတွေကို ပြစ်ဒဏ်ပေးခြင်း ကိစ္စမှာ တရားမျှတမှု မရှိဘူးလို့ လက်ခံနားလည်ရင် ကျွန်မတို့ ဥပဒေဘောင်တွင်းကနေ လုပ်လို့ရတဲ့ ကိစ္စတွေက အများကြီး ရှိပါတယ်။

ကျွန်မတို့ဟာ သတင်းသမားတွေဖြစ်တဲ့အတွက် မတရားမှုတွေကို ဖော်ထုတ်တဲ့အခါမှာ သတင်းရေးသားခြင်း နည်းလမ်းနဲ့ ဖော်ထုတ်လို့ရပါတယ်။

ဒါကိုလည်း အားရမှုမရှိလို့ ကျေနပ်မှု မရှိဘူးဆိုရင် ပုဒ်မ ၁၀ တို့ ပုဒ်မ ၁၈ တို့နဲ့ ငြိစွန်းမှု မရှိအောင် ကိုယ့်ရဲ့ဆန္ဒကို ကိုယ့်ရဲ့ ရုံးခန်းထဲမှာ ပြလို့ရတယ်။ ပြီးမှ သတင်းထုတ်ပြန်ပြီး သတင်းအနေနဲ့ ပြန်လည် ဖော်ပြပေးလို့လည်း ရပါတယ်။

ဒါ့အပြင် သတင်းစာတွေ သတင်းဂျာနယ်တွေအားလုံးက ကိုယ့်ရဲ့ သတင်းစာမျက်နှာတွေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဲ့အကြောင်း ဆောင်းပါးတွေ ရေးခြင်းဖြစ်စေ၊ နာမည်ကြီး နိုင်ငံရေးသမားတွေကို အင်တာဗျူးခြင်းဖြစ်စေ ဖော်ပြလို့ရသလို၊ နိုင်ငံရေးပါတီတွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ သဘောထား အမြင်တွေကိုလည်း စုစည်းဖော်ပြခြင်း အားဖြင့် ဖော်ထုတ်ပြသလို့ရပါတယ်။

ဒါ့အပြင် သတင်းစာတွေနဲ့ သတင်းဂျာနယ်တွေညီရင် ရှေ့မျက်နှာဖုံးတစ်ခုလုံး အမည်းရောင် သုံး၍ဖြစ်စေ မကျေနပ်မှုကို ဖော်ပြလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။

အဲဒီလို သတင်းမီဒီယာတွေကနေ ကိုယ့်ကိုယ်ကိုလည်း မထိခိုက်မနစ်နာရအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေထက်၊ ဘာကြောင့်များ ကိုယ့်ကိုပါ ထိခိုက်စေတဲ့ နည်းလမ်းမျိုးကို စဉ်းစားကြပါသလဲ။ ထိခိုက်သွားတဲ့ သတင်းသမားတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။

ပုဒ်မ(၁၈)ဆိုတာကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဖြစ်ပြီးတော့ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်ရဲစခန်းကို ခွင့်ပြုချက် တောင်းရမှာပါ။ ရဲစခန်းကလည်း ခွင့်ပြုရပါမယ်။

ဆန္ဒဖော်ထုတ်တယ်ဆိုတာ မည်သူ မဆို ပြလို့ရတယ်။ ဘယ်လိုနည်းလမ်းမျိုးနဲ့ မဆို ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသလို့ရပါတယ်။ စနစ်တကျ ဖြစ်ဖို့နဲ့ ရလဒ်ကောင်းဖို့ တော့ ကြိုတင်ပြင်ဆင်သင့်တယ်လို့ မြင်မိပါတယ်။

ကိုယ်လိုချင်တဲ့ ရလဒ်ကို ကိုယ့်ဘက်က ထိခိုက်နစ်နာမှု နည်းပြီး အကျိုးရလဒ်များများရအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းမျိုးကို ရွေးချယ်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ရလာဒ်မျိုး ထွက်ပေါ်လာအောင် ဆောင်ရွက်နိုင်မယ်လို့ မြင်မိပါတယ်။

ပြီးတော့ ကျွန်မတို့သတင်းသမားတွေ အများစု ပဋိပက္ခသတင်းတွေကို ဘယ်လို ရေးသားရမလဲ ဆိုတာကို သင်တန်းတွေ ရရှိပြီး နားလည်ပြီးသား သူတွေဖြစ်ပါတယ်။ စေ့စပ်ညှိုနှိုင်းဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို သိထားပြီးတဲ့ ကျွန်မတို့တွေ စေ့စပ်ညှိုနှိုင်းဖြေရှင်းနိုင်တဲ့နည်းလမ်းကို အသုံးချတာ ပိုကောင်းတဲ့ ရလဒ်ကို ထွက်စေနိုင်ပါတယ်။

မဟုတ်တာ လုပ်တာနဲ့ ၊ လုပ်တာ မဟုတ်တာ မတူပါဘူး ။
ကျွန်မတို့ သတင်းသမားတွေဟာ မဟုတ်တာလုပ်တဲ့ သူတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ လုပ်တာမဟုတ်တဲ့အတွက် ကျွန်မတို့တွေဟာ အများအမြင်မှာတော့ ပုဒ်မ ၁၈နဲ့ အရေးယူခံရတဲ့ ဥပဒေချိုးဖောက်တဲ့သူတွေ ဖြစ်ကြရပါတယ်။

အစိုးရအနေနဲ့လည်း ဒီမိုကရေစီနိုင်ငံအနေနဲ့ သွားမယ်ဆိုရင်တော့ ဒီမိုကရေစီတိုင်းပြည်တစ်ခုရဲ့ စံချိန်စံညွှန်းဖြစ်တဲ့ လွတ်လပ်စွာသတင်းရယူခွင့်နဲ့ သတင်းရေးသားခွင့်ကို အထူးအလေးအနက်ထားပြီး ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

အားလုံးပဲ ဘေးအန္တရာယ်အပေါင်းကနေ ကင်းဝေးကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
From: https://www.facebook.com/MyanmarMediaWatch

www.mmdailystar.com

အလေးပြုခံရန် ဆန္ဒရှိပါက သမ္မတကို အလေးပြုမည်ဆို

မြန်မာနိုင်ငံတော်သမ္မတ၏ စိတ်ဆန္ဒရှိပါက ကြည်း၊ ရေ၊ လေ ပြည်ထောင်စုတပ်မတော်က အခမ်းအနားဖြင့် ချီတက်အလေးပြုသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ဖြေကြားလိုက်သည်။

နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည့် နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ် ပုံမှန် အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ကို မည်သည့်ရက်တွင် သတ်မှတ်မည်လဲဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်သမ္မတအား အခမ်းအနားဖြင့် ချီတက်အလေးပြုခြင်းနှင့် ပတ်သက်၍ ဆောင်ရွက် မှုအစီအစဉ်မှာ နိုင်ငံတော် သမ္မတကြီး၏ စိတ်ဆန္ဒသဘောထားအတိုင်းဖြစ်ပါကြောင်း ပြန်ကြား တင်ပြဖြေကြားအပ်ပါတယ် ခင်ဗျာ”ဟု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် တပ်မတော်က အခမ်းအနားများဖြင့် နှစ်စဉ်ချီတက် အလေးပြုခြင်း ဆောင်ရွက် သည်ကို တွေ့ရှိရသည်ဟု မေးခွန်းရှင်က ဆိုသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတမှာ ပြည်ထောင်စုသမ္မတ နိုင်ငံတော်တစ်ဝန်း လုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ဖော်ပြသည့်အတွက် တပ်မတော်နေ့ဖြစ်စေ၊ လွှတ်လပ်ရေးနေ့ဖြစ်စေ၊ ပြည်ထောင်စုနေ့ဖြစ်စေ၊ အမျိုးသားနေ့ဖြစ်စေစ သည့် နေ့ထူးနေ့မြတ် တွင် နိုင်ငံတော်သမ္မတကို စစ်ကြောင်းစုံ ကြည်းရေလေတပ်မတော် ဖြင့် အလေးပြုသင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး နှစ်ပတ်လည် လွတ်လပ်ရေးနေ့ဖြစ်သည့် ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်တွင် လွတ်လပ်ရေးအောင်ပွဲနှင့် ဗိုလ်ရှုသဘင်ကို မြို့တော်ခန်းမရှေ့ အထူးမဏ္ဍပ်ဆောင်မှာ ကျင်းပကာ ပထမဆုံးသမ္မတကြီး စ၀်ရွှေသိုက်ကို ကြည်း၊ ရေ၊ လေတပ်မတော်က ချီတက်အလေးပြုခဲ့ပြီး တိုက်လေယာဉ်များကလည်း ကောင်းကင်မှ ပျံဝဲအလေးပြုခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်ဟု ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

 

From: Mizzima

www.mmdailystar.com

မြန်မာနိုင်ငံက ဈေးအကြီးဆုံး ရှိုးပွဲလာပြီ......

မြန်မာနိုင်ငံမှာလာ ရောက်ဖျော်ဖြေမယ့် ကိုရီးယားနာမည်ကျော် Girl Band ဖြစ်တဲ့ 2NE1 ရဲ့ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကို အမြင့်ဆုံးကျပ်ကိုး သိန်းသတ်မှတ်ထားတယ်လို့ Bo Bo Entertainment မှသိရပါတယ်။

2NE1 ဖျော်ဖြေပွဲကို ယခင်က သြ Bo Bo Music နဲ့ Samsung Myanmar တို့ ပူးပေါင်းပြုလုပ်ဖို့ စီစဉ်ထားသော်လည်း အခက်အခဲတချို့ကြောင့် Living Sound Entertainment နဲ့ ဆက်လက်ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။

''အစကကျွန်တော်တို့ Samsung နဲ့ ပေါင်း လုပ်ဖို့စီစဉ်ထားတာပါ။ အကြောင်းအမျိုး မျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။ အခုပွဲ ကို Living Sound ကနေ ဦးစီးပြီးလုပ်မှာ ပါ။ သူတို့ကလဲပွဲကို 2NE1 In Myanmar Galaxy Stage အမည်နဲ့ပဲ ဆက်လုပ်သွား မယ်လို့သိရပါတယ်''လို့ Bo Bo Music Entertainment မှ ကိုဘိုဆန်းကပြော ပါတယ်။

2NE1 Myanmar ပွဲမှာ ပရိသတ်ကြိုက် မြန်မာအမျိုးသမီးအဆို တော်တစ်ဦးနဲ့ အမျိုးသားအဆိုတော်နှစ်ဦး တို့ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး 2NE1 အဖွဲ့ အပြင်အခြားအကအဖွဲ့ များရဲ့ ဖျော်ဖြေမှုများလည်းပါဝင်မှာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီဖျော်ဖြေပွဲကို သြဂုတ် ၂ ရက် မှာကျင်းပမှာဖြစ်ပေမယ့် သုဝဏ္ဏမိုးလုံလေ လုံအားကစားကွင်းမှာ ဖျော်ဖြေမှာမဟုတ် ဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခု မှာည ၇ နာရီမှ ၁ဝ နာရီအထိကျင်းပမှာ ဖြစ်ကာ လက်မှတ်ဈေးနှုန်းကို ကျပ် ၂၅ဝဝဝ၊ ၄၅ဝဝဝ၊ ၂၅ဝဝဝဝ၊ ၅ဝဝဝဝဝ၊ ၇ဝဝဝဝဝ နဲ့ ၉ဝဝဝဝဝ အထိသတ်မှတ်ထားပြီး ဇူ လိုင် ၂၁ ရက်မှာ လက်မှတ်ရောင်းချမယ့်နေ ရာများကို ကြေညာပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။

From: YMG

www.mmdailystar.com

မီဒီယာများရဲ့ စွတ်စွဲမှု့များကို ဦးရဲထွတ် ဖြေရှင်း.....



ကျွန်တော် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်က ၀ါရှင်တန်တက္ကသိုလ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်တဲ့ နှစ်ပတ်ကြာသင်တန်းကို 
ဇူလိုင်လ ၇ ရက်နေ့က စပြီး တက်ရောက်နေပါတယ်။
နေပြည်တော်ကနေ ဇူလိုင်လ ၃ ရက်နေ့ထဲက ထွက်ခဲ့ပြီး မိမိလုပ်ငန်းတာဝန်များကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်တဲ့အတွက် ပညာသင်ကြားရေးကိစ္စများကိုပဲ အလေးထားဆောင်ရွက်နေခဲ့ပါတယ်။
ဒါ့ကြောင့် Face Book ပေါ်လည်းမရောက်ဖြစ်ပါဘူး။ သတင်းနဲ့ပတ်သက်လို့လည်း ဒီမှာ ရှိတဲ့ အာရ်အက်ဖ်အေ သတင်းဌာနက လာရောက်ဆက်သွယ်လို့တွေ့ဆုံမေးမြန်းခန်း တစ်ကြိမ်လုပ်ပေး ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆဲဗင်းဒေးက လှမ်းမေးလို့ တစ်ခါ ပြန်ဖြေတာက လွဲရင် ဘယ်သတင်းဌာနကိုမှ မဖြေခဲ့ပါဘူး။
ဒီနေ့ညနေမှာတော့ VOA သတင်းဌာနက ဆက်သွယ်ပြီး အင်တာနက်ပေါ်မှာ ကျွန်တော်က သတင်း မီဒီယာများက တောင်းပန်ရင် ကြေအေးမယ်လို့ ပြောတယ်ဆိုပြီးတက်နေကြောင်း ဆက်သွယ် မေးမြန်းလာပါတယ်။
ဒါ့ကြောင့် ကျွန်တော်က ကြေအေးဖို့ပြောတယ်ဆိုပြီး တက်နေတဲ့ သတင်းများ မှန်ကန်မှု မရှိကြောင်း ပြောလိုပါတယ်။ အဲဒီလိုပဲ မီဒီယာတွေပေါ်မှာ ကျွန်တော်အကြောင်းမှန်းဆရေးသားနေတာတွေ ဟာလည်း မှန်ကန်မှုမရှိကြောင်း၊ တစ်ချို့အင်တာနက်ဆရာကြီးများရေးသလို လူမှုကွန်ယက်မီဒီယာ ပေါ်က ထွက်ပြေးသွားပြီဆိုတာမဟုတ်ကြောင်း တင်ပြလိုပါတယ်။
အခု ပညာသင်ကြားနေတဲ့ ကိစ္စပြီးလို့ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်တဲ့အခါ မိတ်ဆွေများနဲ့ ပြန်တွေ့ပါ့မယ်။
လောလောဆယ်ဆယ်တော့ ကျောင်းသားလုပ်နေလို့ Face Book နဲ့ ဝေးနေပါဦးမယ်။


From:Ye Htut 

www.mmdailystar.com

----- ဒုတိယ စိုင်းစိုင်းခမ်းလှိုင် လာပါပြီ ------





မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး အနေဖြင့် .....
၄၃၆ ဥပဒေ ပြင်ဆင်ရေး အတွက် .....
လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုများတွင် ....

မည်သည့် အခန်းကဏ္ဍမျိုးတွင် မဆို ....
ပါဝင် ဆောင်ရွက်သွားမည် မဟုတ်ဟု .....

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ....
ဥက္ကဋ္ဌ ပန်တျာဦးမြကြည် က ....
ပြောကြားလိုက်သည်....

From:Mizzima

www.mmdailystar.com

မှောင်ခိုဖမ်းရာတွင် .... လိုအပ်ရင် စစ်တပ်ကို အကူတောင်းမည် .....



ကုန်ပစ္စည်း မှောင်ခို ကုန်ကူးသူ တွေထဲမှာ ....
သာမန်ကုန်သည် တွေနဲ့ အတူ ....
လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေပါ ပါဝင်နေတာကြောင့် ....
မှောင်ခိုကုန်တားဆီးရာမှာ ....
လိုအပ်ရင် ....
စစ်တပ်ကို အကူအညီ တောင်းဖို့ ရှိတယ်လို့ ....
ရန်ကုန် မိုဘိုင်းတင်းမ် အဖွဲ့ဝင်တဦးက ....
ပြောကြားလိုက်ပါတယ် ....

အထူးသဖြင့် ....
မြ၀တီ-ဘားအံနဲ့ ရန်ကုန် လမ်းကြောင်းပေါ် မှာ ....
အပစ်ရပ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကလည်း ....
မှောင်ခိုကုန် ကူးကြတဲ့အတွက် .....
သူတို့ကုန်တွေကို ဖမ်းဆီးရင် ....
လက်နက်ပြပြီး ပြန်လည် ထုတ်ယူသွားတတ်ကြတယ်လို့ ....
သူက ဆိုပါတယ် .....

မှောင်ခို ကုန်တွေကို တားဆီး စစ်ဆေး အရေးယူတဲ့ ....
မိုဘိုင်းတင်းမ် အဖွဲ့ထဲမှာတော့ ....
ရဲတပ်ဖွဲ့လိုမျိုးပဲ ပါဝင်တာကြောင့် .....
အဲလို ကိစ္စမျိုးကို ဘာမှ မတတ်နိုင်ဘူးလို့ ...
သူက ပြောပြပါတယ် ....

ဒါကြောင့် နောက်ပိုင်း လိုအပ်ရင် ...
စစ်တပ်ကို အကူအညီတောင်း ကောင်း တောင်းမှာ ဖြစ်ပြီး ....
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင် အင်အားကိုပဲ ....
တိုးချဲ့ အသုံးပြုနေတယ်လို့ ....
သူက ရှင်းပြပါတယ် ....

From: DVB

www.mmdailystar.com

Related Posts Plugin for WordPress, Blogger...