Friday, 18 July 2014

ခင်ဝင့်ဝါနှင့် Organization တို့ကြား ပြဿနာတက်

Miss Golden Land Myanmar Organization နှင့်ချုပ်ဆိုထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းမရှိ ခြင်းကြောင့် အလှမယ် ခင်ဝင့်ဝါ သည် Miss Supranation Myanmar 2014 ဆုရှင်အား သရဖူ ပေးအပ်ခွင့်ရရှိ တော့မည်မဟုတ် Organization သတင်း ထုတ်ပြန်ချက်အရသိရသည်။

''ကျွန်တော်တို့ဘက်ကဒီတစ် ကြိမ်က အသိပေးတာပါ။ ကျွန်တော် Organization က ကမ်းလှမ်း တာတွေကိုလဲ သူကအကြောင်း အမျိုး မျိုးပြပြီးတော့ ငြင်းဆိုတာတွေရှိပါ တယ်။ နောက်ပြီးတော့သင်္ကြန်မှာ တုန်းကလဲ သူ့ကိုကျွန်တော်တို့မေးပါ တယ်။ ဘာလုပ်မလဲဆိုတော့ သူက တရားစခန်းဝင်မယ် ဆိုပြီးတော့ပြောပါတယ်။ ကျွန်တော်တို့ဘက်က ဒီ အတိုင်းသတင်းထုတ်ပြန်ခဲ့တယ်။နောက်ပြီးလဲကျရော သူကသင်္ကြန် မှာ ရုပ်ရှင်ရိုက်ရမယ်ဆိုပြီးတော့ ရုပ်ရှင်ရိုက်ခဲ့ပါတယ်။ သူ့ကြောင့် ကျွန်တော်တို့ပရဟိတလုပ်ငန်းတွေနဲ့ပတ် သက်ပြီးတော့မျက်နှာပျက်ရတာတွေလဲ ရှိပါတယ်။ ကျွန်တော်တို့ပေးထားတဲ့ မန်နေဂျာနဲ့ အနုပညာကြေးကိစ္စတွေ ကို ပြောဆိုရမယ့် အပိုင်းဆိုရင် သူဘာသာဈေးနှုန်းစကားပြောတာ တွေရှိလာတယ်။ ဒါကြောင့်ကျွန်တော် တို့ဘက်က သူ့ကိုဒီလိုမျိုးသတိပေး အကြောင်းကြားစာကိုလူသိရှင်ကြား ထုတ်ပြန်ရတာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန် ဇော်လတ်က ပြောသည်။

အလှမယ်ခင်ဝင့်ဝါသည် Miss Supranation Myanmar 2013 အဖြစ် တာဝန်ယူထားစဉ်ကာလအတွင်း Miss Golden Land Myanmar Organization နှင့် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်တွင် Organization အပေါ်လေးစားသောအား ဖြင့်အနုပညာလှုပ်ရှားမှုများပြုလုပ်ခြင်း၊ ရိုက်ကူးရေးများ ပြုလုပ်ရာ တွင် စာချုပ်ပါစည်းကမ်းချက်အရ Organization ထံမှာ ခွင့်ပြုချက် တောင်းခံရန်၊ အနုပညာလှုပ်ရှားမှု များ ပြုလုပ်ရာတွင် Organization ၏ လမ်းညွှန်စီမံချက်အပေါ်တွင် သာ ဆောင်ရွက်ရန်နှင့် Organization နှင့်မဟုတ်ဘဲ မိမိသဘောဆန္ဒ အတိုင်း လုပ်ဆောင်သည့် အနုပညာလှုပ်ရှား မှုများကိုလည်း Organization ထံ သို့ အသိပေးအကြောင်းကြားရမည် ဟု ချုပ်ဆိုထားခြင်းဖြစ်ကြောင်းသိရသည်။

စာချုပ်ပါစည်းကမ်းချက်များ အားအလှမယ် ခင်ဝင့်ဝါမှ တစ်နှစ် ထိလိုက်နာရမည်ဖြစ်သော်လည်း လိုက်နာခဲ့ခြင်းမရှိသည့်အတွက်ဇူ လိုင် ၁၄ရက်တွင် အဆိုပါသတိ ပေးထုတ်ပြန်ချက်အားထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ် သက်၍ အလှမယ်ခင်ဝင့်ဝါက ''အခု ညီမကို Organization ကနေပြီး တော့ သတိပေးစာထုတ်လိုက်တာ နဲ့ပတ်သက်ပြီးတော့ ဘာမှမပြော ချင်တော့ပါဘူး။ ညီမဘက်ကအ တတ်နိုင်ဆုံး စည်းကမ်းလိုက်နာခဲ့ ပါတယ်။ ပရဟိတတွေဆိုရင်လဲ ညီမတတ်နိုင်သမျှအားလုံးကို လုပ် ဆောင်နေပါတယ်။ Organization ကိုလဲ ညီမ လေးလေးစားစားဆက်ဆံ ပါတယ်။ ဒီလိုမျိုးဖြစ်တာကတစ်ဖက် နဲ့တစ်ဖက်အထင်လွဲနေကြတာလို့ညီမကတော့ထင်ပါတယ်။ ညီမလုပ် သမျှကိစ္စရပ်တွေအားလုံးကို Organization ကို အစီရင်ခံစာတင်ပါတယ်''ဟုပြောသည်။

Miss Golden Land Myanmar Organization နှင့် အလှမယ်ခင်ဝင့်ဝါတို့ချုပ်ဆိုထား သည့်စာချုပ်မှာ စက်တင်ဘာလ တွင်ပြည့်မည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင့်ဝါသည် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် Miss Supranational 2013 ပြိုင်ပွဲကြီးတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ရာMiss Inter-net, Most Beautiful Woman in the World,Face of Miss Supra-national ဆုများရရှိခဲ့ကြောင်း သိရ သည်။

From: Yangon Media Group

www.mmdailystar.com

အပျိုစစ်စစ် အပျိုရည် ရောင်းရန်ရှိသည်


ခမာဘာသာစကားနဲ့ ရေးထားတဲ့ သူ့ဆိုင်နာမည်ကို ဘာသာပြန်လိုက်ရင် “ရွေ့လျားလက်သည်းအလှပြင် ဆိုင်”လို့ ဆိုနိုင်ပါလိမ့်မယ်။ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ ဗန်းနစ်အိုင်းဟာ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါပဲ။ သူ့ဆိုင်က သိပ်ကြီးကြီးမားမားမဟုတ်။ စက်ဘီးတစ်စီးနောက်မှာ လက်သည်းအလှပြင် ပစ္စည်းတွေနဲ့၊ အသားလှ ဆီဘူးတွေထည့်ထားတဲ့ အိတ်တစ်လုံး၊ ဒါပါပဲ။ ဖနွမ်းပင်မြို့ရဲ့ လမ်းကြိုလမ်းကြားနဲ့ မြစ်ကမ်းဘေးက ရပ် ကွက်တွေထဲ စက်ဘီးနဲ့လျှောက်ပတ်ပြီး လက်သည်းအလှပြင်မယ့် ဖောက်သည်ရှာရတာပါ။

လွန်ခဲ့တဲ့သုံးနှစ် ဗန်းနစ်အိုင်း ရွာကတက်လာတုန်းက ဖနွမ်းပင်မြို့ပေါ်မှာ ဆံပင်နဲ့ မိတ်ကပ်အလှပြင်ဆိုင် တစ်ဆိုင်ဖွင့်မယ်ဆိုတဲ့ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။

“ဒါပေမဲ့ ကျွန်မအိပ်မက်ကို ကျွန်မမိသားစုက အကောင်အထည်ဖော်ခွင့်မပေးနိုင်ပါဘူး။ ရှာလိုက်ရင် ညစ် ညစ်ပတ်ပတ် အလုပ်တွေပဲရတယ်၊ ကျွန်မက သမီးလေးနဲ့အတူတူ အလုပ်လုပ်နိုင်မယ့် နေရာလေး တစ်ခု လောက်လိုချင်တာ”လို့ ဗန်းနစ်အိုင်းက ဆိုပါတယ်။

ကြံရာမရတဲ့အဆုံးတော့ အိုင်းအတွက် စဉ်းစားလို့ရတာ တစ်ခုပဲ ကျန်ပါတော့တယ်။ သမီးငယ် ချာမန်းရဲ့ အပျိုဘ၀ကို ချမ်းသာတဲ့လူတစ်ယောက်ဆီ ရောင်းပြီး ဒေါ်လာ ၁,၂၀၀ ကျော်လောက်ရအောင် ရှာဖို့ပါပဲ။ သမီးကို ၀ယ်လိုက်တဲ့သူက သူအလုပ်လုပ်တဲ့ ”ဘီယာဥယျာဉ်” (ဘီယာ၊ မူးယစ်ဆေး၊ ကာရာအိုကေ၊ လိင် အစုံရနိုင်သည့်နေရာ)ကို အမြဲလာတတ်တဲ့ ရဲအရာရှိကြီးတစ်ယောက်ပါ။ ဖနွမ်းပင်မြို့ပြင်က ဟိုတယ်တစ်ခု မှာ သမီးကို ထားပါတယ်။ ပြီးတော့ တစ်ပတ်လောက် နေ့တိုင်းသွားပြီး အတူနေတယ်။

တစ်ရက်မှာ တစ်ကြိမ်ပဲ သမီးငယ်ချာမန်းနဲ့ တွေ့ခွင့်ပေးတယ်။ ရက်စေ့သွားပြီး သမီးပြန်လာတော့ အနာ ကျက်ဆေးတွေနဲ့ ဗီတာမင်ဆေးတွေ တိုက်ရပါတော့တယ်။ သူ အရမ်းပင်ပန်းပြီး အားနည်းနေပြီလေ။ “နောက်ဆုံးနေ့ထိအောင် ကျွန်မသမီးခံနိုင်ရည်ရှိခဲ့တယ်”လို့ အိုင်းက ဆိုပါတယ်။

ပိုက်ဆံအပြည့်ရပေမယ့် သူစိတ်ကူးထားတဲ့ အလှပြင်ဆိုင်တော့ ဖြစ်မလာခဲ့ပါဘူး။ ရတဲ့ပိုက်ဆံထဲက အိမ်လခရယ်၊ နေမကောင်းတဲ့ ယောက်ျားအတွက် ဆေးကုစရိတ်ရယ်၊ အိုမင်းနေတဲ့ မိဘတွေကို ကန်တော့တာရယ်၊ ပြီးတော့ သမီးလေး စိတ်အားပြန်တက်လာဖို့ ရွှေလည်ဆွဲလေးတစ်ခုဝယ်ပေးတာရယ်နဲ့ ပိုက်ဆံက မကျန်တော့ပါဘူး။

အိုင်းရဲ့ စကားပြောပုံကို ကြည့်ရတာ ဒီကိစ္စကို သူတော်တော်ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပုံရပါတယ်။ သူ့ရဲ့ ဆုံးဖြတ် ချက်နဲ့အတွက်အချက် လွဲချော်မှုဟာ သူ့သမီးရဲ့ခန္ဓာကိုယ်နဲ့ လဲလှယ်လိုက်ရတာပဲ အဖတ်တင်ပါတယ်။

ဗန်းနစ်အိုင်းတို့ သားအမိရဲ့ ဇာတ်လမ်းအပြင် သူတို့လို အဆောင်ငှားနေရတဲ့လူတွေရဲ့ ၀မ်းနည်းဖွယ် ကောင်းတဲ့ ကျွန်ပြုခံရခြင်းတွေအများကြီးပါပဲ။ အပျိုရည် ရောင်းဝယ်ဖောက်ကားခြင်းဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ အဆိုးရွားဆုံး လိင်ခေါင်းပုံဖြတ်မှုတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ကြီးမားတဲ့ ဆင်းရဲချမ်း သာကွာဟမှုနဲ့ လိင်တန်းတူမညီမျှမှုတွေဟာ ဒီကိစ္စတွေကို ကြာရှည်တည်တံ့နေစေပါတယ်။

ကမ္ဘောဒီယား မြို့မျက်နှာဖုံးတွေနဲ့ အာရှရဲ့ကြေးရတက်ရေပေါ်ဆီတွေဟာ ဒီခေါင်းပုံဖြတ်မှုတွေကို အဓိကကျူးလွန်ကြသူ တွေပါပဲ။ နိုင်ငံရဲ့ လာဘ်စားမှု သံသရာထဲမှာ သူတို့ ကောင်းကောင်းကြီး ပျော်ကြပါတယ်။

လူဦးရေ ဆယ့် ငါးသန်းရှိတဲ့ ဒီနိုင်ငံမှာ ယဉ်ကျေးမှုဆိုင်ရာ အယူသည်းမှုတွေနဲ့ တခြားဒေသအလိုက်အယူအဆတွေကြား အပျိုရည်လိင်ကုန်ကူးမှုဟာ လိုအပ်ချက်တစ်ခုလို ကြီးမားတဲ့စီးပွားရေး ဖြစ်နေဆဲပါ။

“အပျိုလေးတွေနဲ့ အတူတူနေခြင်းဟာ ပျိုမြစ်နုနယ်စေတယ်၊ ရောဂါတွေကိုပျောက်စေတယ်။ သူမတူတဲ့ စွမ်းအင်တွေ ရစေတယ်လို့ အသက် ၅၀ ကျော် အာရှလူကြီးတွေက ယုံကြည်ကြတယ်”လို့ ကမ္ဘောဒီးယား မှာ လူ့အခွင့်အရေးကို ဦးဆောင်လုပ်တဲ့ လီကာဒိုအဖွဲ့ဥက္ကဋ္ဌ ခစ်ဗ်ကက်ပန်က ဆိုပါတယ်။“နုံချာတဲ့ မိသား စုတွေဟာ စားဝတ်နေရေးအတွက် သူတို့ ခန္ဓာကိုယ်ကိုရောင်းပြီး စတေးကြရတယ်။ တရားဥပဒေ စိုးမိုး မှုကလည်း အားနည်းတယ်”လို့ ခစ်ဗ်ကက်ပန်က ဆိုတယ်။

တရုတ်နိုင်ငံရဲ့ ဥသျှောင်ဥက္ကဋ္ဌကြီး မော် (မော်စီ တုန်း)နဲ့ မြောက်ကိုရီးယား ကင်မ်မင်းဆက်တွေအပါအ၀င် အာရှရဲ့ ထိပ်တန်းလူကြီးလူကောင်းတွေဟာ အပျို စင်ရဲ့သွေးက သူတို့ကို သက်ဆိုးရှည်စေတယ်လို့ ယုံကြည်ကြတယ်။

“တကယ်လို့ ရှိနေပြီးသား ၁၀ နှစ်အောက် အပျိုစင်လေးတွေကို လိင်မုဆိုးတွေက မကြိုက်ဘူးဆိုရင်တောင် ဒီမှာရှိတဲ့ ပွဲစားတွေက ထပ်ရှာ ပေးဖို့ ၀န်မလေးကြဘူး။ သူတို့အတွက် အသက်ဘယ်လောက် ရှိပြီလဲဆိုတာ အရေးမကြီးဘူး။ ဘယ် လောက်လှလဲဆိုတာနဲ့ ဘယ်လောက်ထိ အပျိုစစ်နိုင်မလဲဆိုတာကိုပဲ အရေးစိုက်တာ”လို့ ခစ်ဗ်ကက်ပန်က ရှင်းပြပါတယ်။
မိဘတွေကလည်း သူတို့သမီးပျိုတွေ ကို ရောင်းစားကြတဲ့နေရာမှာ ကလေးသူငယ် အခွင့် အရေးဆိုတာတွေ ဂရုမစိုက်ကြပါဘူး။ လီကာဒိုအဖွဲ့ရဲ့ စစ်တမ်းကောက်တွက်ချက်မှုတွေအရ အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြား အပျိုစင်တွေ နှစ်တိုင်းတစ်ထောင်လောက် ရောင်းစားခံနေရပါတယ်။ ချမ်းသာတဲ့ကမ္ဘော ဒီယားတွေ၊ တရုတ်၊ စင်ကာပူနဲ့ ထိုင်းက လူကြီးလူ ကောင်းတွေဟာ ပုံမှန်ဖောက်သည်တွေ ဖြစ်ပါတယ်။

“စီးပွားရေး ကိစ္စနဲ့ ဒီနိုင်ငံကို လာမယ်။ မလာခင်ကတည်းက ပွဲစားနဲ့ ကြိုချိတ်ပြီးသား။ကြယ်ငါးပွင့် ဟိုတယ် မှာ တည်းမယ်၊ ဂေါက်ရိုက်မယ်၊ ပြီးရင် အပျိုစင်နှစ်ယောက်လောက်နဲ့ တစ်ညလုံး အချိန်ဖြုန်းမယ်။ ဒါသူတို့ အတွက် ပုံမှန်ပဲ”လို့ အင်္ဂလန်ကလာပြီး ခေါင်းပုံဖြတ်မှုတိုက်ဖျက်ရေး အကြံပေးအဖြစ် ဖနွမ်းပင်မှာ အလုပ်လုပ်နေတဲ့ အဲရစ်မဲဒရမ်းက ဆိုပါတယ်။

ကမ္ဘောဒီးယားက လူတွေအတွက် စီးပွားရေးအခွင့်အလမ်းဆိုတာ ရှားပါးလှပါတယ်။ လူဦးရေရဲ့ လေးပုံသုံးပုံလောက်က ဆင်းရဲမွဲတေမှုစံနှုန်းရဲ့အောက်မှာ ဒါမှမဟုတ် မသေရုံစားနိုင်တယ် ဆိုရုံလောက်ပါပဲ။ ယောက်ျားတွေက တစ်ရက်ကို တစ်ဒေါ်လာရှာနိုင်တယ်ဆိုရင် အမျိုးသမီးတွေက ၂၇ ဆင့်လောက်ပဲ ရှာနိုင်ကြတယ်လို့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်ရဲ့ စစ်တမ်းက ဆိုပါ တယ်။ အမျိုးသမီးအလုပ်သမားထုအတွက် တခြားနေရာတွေမှာထက် အတွင်းခံထုတ်လုပ်တဲ့စက်ရုံတွေက အဓိက ပိုက်ဆံရှာနိုင်တဲ့ နေရာတစ်ခုပါ။ စက်ရုံကရတဲ့ တစ်လ ဒေါ်လာ ၈၀ ကျော် ဆိုတဲ့ ၀င်ငွေဟာ တော် တော်နည်းပါတယ်။ ဒီအတွက် ကမ္ဘောဒီယားအလုပ်သမားတွေ ဆန္ဒဖော်ထုတ်နေကြဆဲပါပဲ။

ဒါပေမဲ့ တစ် ဖက်မှာတော့ ဘီယာ ဥယျာဉ်တွေမှာ အလုပ်လုပ်မလား၊ ကာရာ အိုကေဆိုင်တွေမှာ အလုပ်လုပ်မလား၊ မီး အနီရောင်အောက်က ဖဲမွေ့ရာပေါ် အလုပ်လုပ်မလား။ ကြိုက်တာရွေး။ အတွင်းခံစက်ရုံမှာ လုပ်တာထက် နှစ်ဆ တော့ ပိုရတယ်။ ဒါကြောင့် တချို့ အမျိုး သမီးတွေအတွက် ဒါဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်လာ တယ်။

နောက်ထပ် အပျိုစင်တွေ ဈေးကွက် ရောက်လာတဲ့ လမ်းကြောင်းတစ်ခုက ဘီယာဥယျာဉ် ပိုင်ရှင် တွေဟာ သူ့ဆိုင်မှာ အလုပ်လုပ်တဲ့ ကလေးအမေတွေရဲ့ ဆယ် နှစ်အောက် သမီးလေးတွေကို ဆိုင်ကိုခေါ် လာဖို့ ပြောပါ တယ်။ ပြီးရင် ခေါ်ထား တဲ့ ရက်အလိုက် သူ့မိဘ တွေကို နေ့တွက်နဲ့ ဆန်ဖိုး၊ ဆီဖိုးပေးပါ တယ်။ ဒီမိန်းကလေးတွေ အရွယ်ရောက်လာပြီဆိုမှ သူတို့ရဲ့ အပျို ရည်ကို ရောင်းစားပါ တော့တယ်။

ကမ္ဘောဒီးယား ဥပဒေအရ ကိုယ့်ရွေး ချယ်မှုနဲ့ လိင်အလုပ်လုပ်ခြင်းဟာ ရာဇ၀တ်မှုမဟုတ်ပါဘူး။“ဒီနိုင်ငံမှာ အဆိုတစ်ခုရှိ တယ်။ ယောက်ျားတွေက ရွှေနဲ့တူပြီးတော့ မိန်းမတွေ က အ၀တ်စနဲ့ တူတယ်တဲ့။ ဒါပေမဲ့ ရွှေကို ဗွက်ထဲချလိုက်ပြီး ပြန်ဆေးလိုက်ရင် နဂိုအတိုင်း သန့်နေသေးပေမယ့် အ၀တ်စကို ချလိုက်ရင်တော့ အညစ်အကြေးတွေ ကျန်ခဲ့မှာပဲလေ” လို့ ကမ္ဘောဒီးယား လူငယ်တွေရဲ့ လိင်မှုအလေ့အထတွေ လေ့လာ နေတဲ့ သုတေသီ တန်ဆိုပရာက ဆိုပါတယ်။

အပျိုရည်ဟာ ဒီလိုဆိုရင် သိပ်တန်ဖိုးမရှိဘူး ထင်ရပေမယ့် နောက်တစ်နည်းအရ တော်တော်တန်ဖိုးကြီးတဲ့အရာ ဖြစ်နေပြန်ပါတယ်။ လိင်မုဆိုးတွေက အပျိုစင်တစ် ယောက်နဲ့ တစ်ပတ်အတူနေဖို့အတွက် ဒေါ်လာ ၈၀၀ ကနေ ၄,၀၀၀ ကြား ပေးဝယ်ကြတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ အချိုးအစား၊ အလှအပနဲ့ သူတို့ သုံးနိုင်တဲ့ ငွေပမာဏအပေါ်လည်း မူတည်ပါသေးတယ်။ ကမ္ဘောဒီးယား အမျိုးသမီး ဥပဒေအရ အမျိုးသမီးတွေဟာ သူတို့မိဘတွေရဲ့ ပြောဆိုချက်တွေကို လိုက်နာရ ပြီးတော့ မိဘတွေကို ကူညီရမယ်လို့ ညွှန်းဆိုပါတယ်။

“မိသားစုတစ်ခုမှာ မိန်းမပျိုလေးရှိနေခြင်းဟာ မိဘ တွေက အမြတ်ပဲလို့ ထင်ကြတယ်။ ပြီးတော့ ယောက်ျားတွေကလည်း မိန်းမတွေဟာ သူတို့အတွက် ရှိနေ ကြတယ်လို့ ထင်နေတယ်။ စက်ဆုပ်စရာ ကောင်းလောက်အောင် မှားယွင်းနေကြတယ်။ ဒါဟာ အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စပါ။ ဒါပေမဲ့ အဓိကကတော့ မိန်းမပျို လေးတွေကို ၀ယ်ယူနေတဲ့ အဲဒီလူကြီးလူကောင်း ဆိုတာတွေပဲ။ သူတို့တွေကမှ ရာဇ၀တ်ကောင်တွေ”လို့ ကမ္ဘောဒီးယား ကလေးသူငယ် အခွင့်အရေးကာကွယ်မှု ဌာနရဲ့ဒါရိုက်တာ သက်သိုင်က ဆိုပါတယ်။

နိုင်ငံရေးသမားတွေလို သြဇာရှိတဲ့ လူကြီးလူကောင်း တွေဟာ ဥပဒေက သူတို့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ နောကျေနေအောင်သိကြတယ်လို့ နာမည်မဖော် လိုတဲ့ လုပ်သက်ရင့် ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။

“ဒီလူတွေကို ဥပဒေနဲ့ အရေးယူဖို့ ကြိုးစားလိုက် တာနဲ့ ခင်ဗျားပြဿနာ အကြီးကြီး တက်သွားလိမ့်မယ်။ ကျွန်တော်တောင် ဒီကိစ္စတစ်ခုကြောင့် ခြိမ်းခြောက် ခံရဖူးတယ်။ ဒီလိုကိစ်္စတွေမှာပါဖူးတဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေလည်း ခြိမ်းခြောက်ခံရတာပဲ။

သူ ခြိမ်းခြောက်ခံရတုန်းက “လိင်ဆက်ဆံတယ်ဆိုတာ လူ့သဘာဝပဲကွ၊ မင်းတို့ဘာမှ ရေးကြီးခွင်ကျယ်လုပ် စရာ မလိုဘူး”စတဲ့ စကားတွေ ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းကြီးတွေလုပ်တဲ့ စီးပွားရေး သမားတွေ၊ အာဏာရှိသူတွေဟာ အချင်း ချင်းအဆက်အသွယ်ရှိကြပါတယ်။ ဒါကြောင့် အပျိုစင်တွေ ဘယ်လိုဝယ်ရတယ်။ ဘယ်မှာရှိတယ်ဆိုတာ သူတော်ချင်းချင်း သတင်းလွေ့ကြပါတယ်။

လိင်ရောင်းဝယ် မှုပြုခြင်းဟာ ကမ္ဘော ဒီးယားမှာ တရားမ၀င်တဲ့ကိစ္စဖြစ်ပေမယ့် ဒီနေ့ထိ ကမ္ဘောဒီယားတစ်ယောက်
တစ်လေတောင်မှ တရားစွဲတာ မခံရသေးပါဘူး။

(ဆောင်းပါးထဲမှာပါဝင်တဲ့ အမျိုးသမီး တချို့ရဲ့နာမည်တွေကို သူတို့ရဲ့လုံခြုံရေးအတွက် ဆောင်းပါးရှင်က ပြောင်းလဲထားပါတယ်)

Ref: Virginity for Sale: inside Cambo-dia's shocking trade

From: Messenger

www.mmdailystar.com

အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်စားမည့်အကြံ လက်မခံ

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့အခမ်းအနားတွင် နိုင်ငံရေး လုပ်စားမည့် အကြံဥာဏ်ကို လက်မခံ သဖြင့် ပြင်းထန်စွာ ရှုတ်ချလျက် ရှိကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်သူအများ ဂါရ၀ပြုရန် အားခဲထားသည့် အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များ ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း၊ NLD ပါတီ၏ အစီအစဉ်အရ အာဇာနည်ဗိမ္ဗာန်အနီးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနိုင်ရန် စားပွဲများ ချထားမည် ဖြစ်ကြောင်း၊ လာရောက်ဂါရ၀ပြုသူများ အားလုံး သွားရင်းလာရင်း အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့နည်းတူ ပြည်နယ်နှင့်တိုင်းများတွင် ပြုလုပ်မည့် အာဇာနည်နေ့အခမ်းအနားများတွင်လည်း အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံသည့် လက်မှတ်များ ကောက်ထံသွားမည် ဖြစ်ကြောင်း သိရှိရသည်။

“ဗိုလ်ချုပ်အောင်ဆန်းနဲ့တစ်ကွ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုရင်း အများပြည်သူ အဆင်ပြေပြေနဲ့ လက်မှတ်ရေးထိုးနိုင်အောင် စီစဉ်နေတာပါ။ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးကို ပြည်သူတွေ ဘယ်လောက်ထောက်ခံတယ် ဆိုတာကိုလည်း တစ်ခါတည်း ပြသပြီးသား ဖြစ်သွားတာပေါ့” ဟု ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလိုမျိုး လုပ်ရပ်ကိုတော့ ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက် ရှုတ်ချပါတယ်။ အာဇာနည်နေ့ဆိုတာ တစ်မျိုးသားလုံးရဲ့ သမိုင်းဝင်အခါကြီးရက်ကြီးပါ။ ဒီလိုနေ့မျိုးမှာ ဒီလိုမျိုး ပါတီတစ်ခုက နိုင်ငံရေး အမြတ်ထုတ်မယ် ဆိုတာမျိုးကိုတော့ လုံးဝ လက်မခံပါဘူး။ ဒီအာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြည်သူတွေက ဂါရ၀ပြုတာ၊ အရိုအသေ ပေးတာကို သီးသီးသန့်သန့် ဖြစ်စေချင်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စ၊ လုပ်ဖို့တောင် မစဉ်းစားသင့်တဲ့ကိစ္စ ဆိုတာကို လူတိုင်း နားလည်ပြီးသားပါ။ ဒီလိုမျိုး ဘာဖြစ်ဖြစ် အမြတ်ထုတ်လိုက်မယ် ဆိုတာကတော့ တော်သင့်ပြီ ထင်တယ်။ ဒီ့ထက်ပိုပြီး ပြောရရင်တော့ ပက်ပက်စက်စက် ပြောရတဲ့ အခြေအနေမျိုး ရောက်သွားလိမ့်မယ်” ဟု မြန်မာနိုင်ငံ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

အာဇာနည်နေ့ကို ညိုးနွမ်းစေရန် လုပ်ဆောင်ခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်း၊ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်း မကကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်းနှင့် သက်ဆိုင်သည် ဆိုစေကာမူ ဤသို့ လုပ်ဆောင်ရန် မသင့်ကြောင်း ၄င်းက ပြောသည်။

“လာပြန်ပြီလား. ဒီလိုလုပ်စားနေတာ။ ဗိုလ်ချုပ်အောင်ဆန်းကို မူပိုင်အဖြစ် တစ်သက်လုံး လုပ်စားနေခဲ့တာ ကြာပြီ။ ဗိုလ်ချုပ်အောင်ဆန်းခင်မျာလည်း ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဆယ်လစ်ဗရစ်တီ ကျနေတာပဲ။ ဒီတစ်ခါတော့ လုံးဝ လက်မခံနိုင်ဘူး။ တော်ရောပေါ့ဗျာ။ ဒီနိုင်ငံရေးလုပ်စားတာတွေ များနေပြီ။ ကျွန်တော်တို့က မပြောချင်လို့ ကြည့်နေတာ။ မပြောရဲလို့ဆိုပြီး တက်မလာနဲ့။ ရှင်းရှင်း ပြောမယ်။ ဗိုလ်ချုပ်သေပွဲဝင်တဲ့နေ့ကို အမြတ်မထုတ်ကြပါနဲ့။ ဒီလိုနေ့ မျိုးကို မစော်ကားကြပါနဲ့။ ရှက်တတ်ရင် လဲသေလို့ ရနေပါပြီ လို့ပဲ ပြောချင်တယ်ဗျာ” ဟု အမျိုးသားတတိယလှိုင်းလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။

ဤနေ့ကို နိုင်ငံရေးအမြတ်ထုတ်လျှင် လုံးဝ ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ သေတဲ့ ခေါင်းဆောင်များကို မရိုမသေ မလေးမစား လုပ်ဆောင်မှုများ ရပ်တန်းကရပ်ရန် သတိပေးလိုကြောင်း၊ သနားလို့ -x- ပေးကိုင်ခိုင်းရာ -x-ကို ရန်မရှာရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။

PP™
From:ပြည်သူ့အာဏာ

www.mmdailystar.com

ခုံနေရာ မလွတ်တော့သဖြင့် MH-17 နှင့် မလိုက်ပါဖြစ်ခဲ့သည့် မိသားစု

ပျက်ကျသွားသည့် MH-17 ခရီးသည်တင် လေယာဉ်နှင့် လိုက်ပါရန် စီစဉ်ထားသော မိသားစု တစ်စုသည် ခုံနေရာ မရသဖြင့် ကျန်နေရစ်ခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

စကော့တလန်မှ ဘယ်ရီဆင်မ်နှင့် ဇနီးဖြစ်သူ အိုင်ဇီဆင်မ်တို့သည် ကလေးငယ်နှင့်အတူ အဆိုပါ လေယာဉ်ပေါ် လိုက်ပါရန် စီစဉ်ထားသော်လည်း လေဆိပ် တာဝန်ရှိသူများက နေရာ မလောက်တော့ကြောင်း အသိပေးခဲ့သဖြင့် ကွာလာလမ်ပူသို့ သွားရောက်မည့် တော်ဝင်ဒတ်ခ်ျ လေကြောင်းလိုင်း (KLM)၏ လေယာဉ်ကိုသာ ရွေးချယ်ခဲ့ရသည်။

MH-17 သည် ရုရှားနှင့် ယူကရိန်း နယ်နိမိတ်အနီး ဝေဟင်တွင် ပစ်ချခံရသည်ဟု ယူဆရသော အခြေအနေ တစ်ရပ်ကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါခဲ့သူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ ၎င်းတို့ မလိုက်ပါဖြစ်သည့် လေယာဉ် ပျက်ကျကြောင်း သတင်းကို ကြားသိရသည့်အခါ ဘယ်ရီက “ဗိုက်ထဲက ပျို့တက်လာသလို ခံစားရတယ်”ဟု ဖွင့်ဟခဲ့သည်။ အိုင်ဇီကလည်း “ပုဂ္ဂိုလ် တစ်ပါးပါးက ကျွန်မတို့ကို စောင့်ကြည့်နေပြီး ဒီလေယာဉ်နဲ့ မလိုက်သွားရဘူးလို့ ဆုံးဖြတ် ညွှန်ကြားပေးခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ”ဟု ပြောကြားခဲ့သည်။

သူမက “ကျွန်မတို့က မလေးရှား လေကြောင်းလိုင်းရဲ့ တကယ့် အမာခံ ဖောက်သည်တွေပါ။ ဒီလေကြောင်းလိုင်းရဲ့ လေယာဉ်တွေနဲ့ပဲ ခရီးသွားဖို့ အမြဲတမ်းလိုလို ကျွန်မတို့ ရွေးချယ်လေ့ရှိတယ်”ဟုလည်း ဆိုသည်။ သူမက “ဒါပေမဲ့ သိလား။ ဒီတစ်ခါမှာတော့ မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ်အစား KLM လေကြောင်းလိုင်းနဲ့ ခရီးသွားဖြစ်လိုက်တာကို ကျွန်မ အရမ်း ပျော်သွားမိတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။

လေယာဉ်ပျက်ကျမှုတွင် နယ်သာလန် နိုင်ငံသား (၁၅၀)ကျော် အသက်ဆုံးရှုံးခဲ့ရာ နယ်သာလန် ဝန်ကြီးချုပ် မက်ခ်ရူတေးသည် သတင်းကြားကြားချင်း ဥရောပသမဂ္ဂ ညီလာခံ တက်ရောက်နေရာမှ ချက်ချင်း ပြန်လာခဲ့သည်။ အမ်စတာဒမ်ရှိ ရှီဖိုးလ် လေဆိပ်၏ ပထမထပ် တစ်ထပ်လုံးကိုလည်း ပိတ်ထားလိုက်ပြီး သေဆုံးသူများ၏ မိသားစုများ၊ ဆွေမျိုးသားချင်းများ ရောက်လာချိန်တွင် နေရာချပေးထားရန် ချန်လှပ်ထားခဲ့သည်။

လေယာဉ် မထွက်ခွာမီ ပြေးလမ်းပေါ်တွင် ရှိနေစဉ် ဓာတ်ပုံရိုက်ပြီး Facebookပေါ် တင်ခဲ့သည့် နယ်သာလန် နိုင်ငံသား အမျိုးသား တစ်ဦးသည်လည်း သေဆုံးသွားပြီဟု ယူဆရသည်။ အစောပိုင်းက ၎င်း၏ ဓာတ်ပုံအောက်တွင် မိတ်ဆွေများက ပျော်ရွှင်သော ခရီးဖြစ်စေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြသော်လည်း လေယာဉ်ပျက်ကျသည့် သတင်းကြားပြီးနောက် ဝမ်းနည်းမှုကို ဖော်ပြသည့် Comment များအဖြစ် ပြောင်းလဲသွားကြောင်း သိရှိရသည်။
From:7day

www.mmdailystar.com

ကားပါကင်ဝန်းလူမြင်ကွင်းမှာ အရှက်မဲ့လိင်ဆက်ဆံနေတဲ့ စုံတွဲဓာတ်ပုံတွေ တွစ်တာ စာမျက်နှာမှာ ရေပန်းစားလူကြည့်အများဆုံးဖြစ်

PAY-Two-couples-have-sex-outside-El-Divino-nightclub-in-Belfast



အနောက်အိုင်ယာလန်ပြည်နယ် မြို့တော် ဘေးလ်ဖက်စ်ရှိ တက္ကသိုလ်ကျောင်းသား တွေ အများဆုံးသွားတတ်ကြပြီး နာမည်ပျက်နဲ့ ကျော်ကြားနေတဲ့ အယ်လ်ဒီဗီနို နိုက်က လပ်ရဲ့ကားပါကင်ဝန်းကြမ်းပြင် လူမြင်ကွင်းမှာ စုံတွဲနှစ်တွဲ ပေါ်ပေါ်ထင်ထင် လိင်ဆက် ဆံနေကြတဲ့ ဗီဒီယိုဖိုင်က တွစ်တာစာမျက်နှာရဲ့ ယခုရက်ပိုင်းမှာ လူကြည့်အများဆုံးဖြစ် နေခဲ့တယ်လို့ သိရပါတယ်။


ဒီဗီဒီယိုင်ဖိုင်ကိုတင်လိုက်တဲ့သူကလည်း လိင်ဆက်ဆံနေကြတဲ့ သူတို့တွေရဲ့ ဘေးက နေဖြတ်သွားဖြတ်လာခဲ့သူဖြစ်ကာ ဒီဓာတ်ပုံတွေကို ရိုက်ယူခဲ့တာပဲဖြစ်ပါတယ်။ အင်တာ နက် စာမျက်နှာမှာ ဒီပုံတွေပျံ့နှံ့သွားပြီး နှစ်ပတ်အကြာမှာ ဘယ်နေရာမှာဖြစ်ခဲ့သလဲဆို တဲ့ နေရာအတိအကျကို သိခဲ့ရတာဖြစ်ပါတယ်။
ယင်းနိုက်ကလပ်ကိုလာရောက်ကြတဲ့ ဧည့်သည်အများစုက တက္ကသိုလ် အထက်တန်း ကျောင်းသားတွေဖြစ်ကြပြီးတော့ ယခင်ကလည်း အခုလို ဆိုးသွမ်းတဲ့ပြစ်မှုတွေဖြစ်ခဲ့ ဖူးတယ်ဆိုတဲ့ သတင်းဆိုးများလည်း ထွက်ခဲ့ဖူးတဲ့ နာမည်အကြီးဆုံး၊ ခေတ်အမီဆုံး ကလပ်တစ်ခုလည်း ဖြစ်ပါတယ်။

ညသန်းခေါင် ကလပ်တက်ပြီး အပြန်အပြင်ဘက် ကားပါကင်ဝန်းနေရာမှာ အရက်အရှိန် မသေသေးတဲ့ စုံတွဲနှစ်တွဲက အခုကို အရှက်တရားမဲ့ကာ လူမြင်ကွင်းမှာ မတော်တရော် ဖြစ်နေခဲ့တာနဲ့ပတ်သက်ပြီးတော့ အင်တာနက်အသုံးပြုသူတွေရဲ့ အကြီးအကျယ်ပြစ် တင်ရှုံ့ချခြင်းကိုခံရပါတယ်။
ဘယ်သူဘယ်ဝါ မသဲကွဲတဲ့ ဒီဗီဒီယိုဓာတ်ပုံမှာ အပေါ်ပိုင်း ကြိုးတစ်လုံး ဂါဝန်ဝတ်ထားတဲ့ အနောက်အိုင်ယာလန် အမျိုးသမီးငယ်နှစ်ဦးလုံးက အ သက် ၂၄ နှစ်အရွယ် အမျိုးသားနှစ်ဦးစလုံး အပေါ် ခွရက်သားအနေအထားဖြင့် နေခဲ့ တာကိုတွေ့ရပါတယ်။
တွစ်တာစာမျက်နှာမှာ ဒီဓာတ်ပုံတွေတင်လိုက်တာနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ အင်တာနက်အသုံးပြု၊ တွစ်တာစာမျက်နှာကြည့်ရှုသူနဲ့  နယ်ပယ်ပတ်ဝန်းကျင်အသိုင်း အ၀ိုင်းက သူတွေ တော်တော်များများအတွက် အငြင်းအခုံတွေဖြစ်နေကြပါတယ်။

From: www.myanmarlatestnews.com

www.mmdailystar.com

မိမိရဲ့ မိန်းမအင်္ဂါကို ဓာတ်ပုံပြန်ရိုက်သူ အမျိုးသမီး အဖမ်းခံရ

ဂျပန်လူမျိုး အမျိုးသမီး အနုပညာရှင်တစ်ယောက်ဟာ သူမရဲ့  အင်္ဂါစပ်ကို ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရပါတယ်။ Megumi Igarashi ဆိုသူ အမျိုးသမီးဟာ သူမရဲ့ အင်္ဂါစပ်ဓာတ်ပုံတွေကို သုံးဖက်မြင် ပုံရိပ်ဖော်စက်မှာ ဒီဇိုင်းလုပ်ပြီး သူမရဲ့  အင်္ဂါစပ်ပုံစံတူ “ အင်္ဂါစပ်လှေလို့ ” နာမည်ပေးထားတဲ့ ကယပ်လှေငယ်ကို ဖန်တီးပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ကူညီရန် ကမ်းလှမ်းလာတဲ့ လူ အယောက်၃၀ ဆီကို အဲ့ဒါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ ပေးခဲ့ပါတယ်။

သူမဟာ မသင့်တော်တဲ့ လိင်မှုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဲ့ဒီ ဓာတ်ပုံတွေကို ရောင်းချကာ ပေါင်ငွေ ၆၀၀၀ ကျော် ရရှိထားတယ်လို့ လည်း ရဲဌာနကဆိုပါတယ်။

ဒါပေမယ့် Rokudenashiko ဆိုတဲ့ (အသုံးမကျသူလို့ အဓိပ္ပါယ်ရတဲ့) အနုပညာနာမည်ကို အသုံးပြုထားတဲ့ Igarashi ဟာ သူမရဲ့  သုံးဖက်မြင် ဒီဇိုင်း အင်္ဂါစပ်ဓာတ်ပုံ သတင်းအချက်အလက်တွေဟာ အော့နှလုံးနာစရာ လိင်မှုကိစ္စတွေကို တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခဲတယ်လို့  မထင်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူမက အခကြေးငွေ ယူပြီး ဓာတ်ပုံတွေကို ရောင်းချခဲ့တာမျိုးလည်း မဟုတ်ပါဘူးတဲ့။

သူမရဲ့ ကိုယ်ပိုင် ဘလော့စာမျက်နှာမှာ “ ကျွန်မက ကျွန်မရဲ့ အနုပညာအစိတ်အပိုင်းတွေကို ကျွန်မရဲ့ အင်္ဂါစပ်နဲ့ ဖန်တီးတာပါ။ ကျွန်မကတော့ အဲဒါကို Manko(ဂျပန်ဘာသာ ဖြင့် မိန်းမ အင်္ဂါရပ်လို့  အဓိပ္ပါယ်ရတဲ့ဗန်းစကား) လို့ ပဲ အမည်ပေးချင်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ အင်္ဂါစပ်ကို တန်ဆာဆင်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဖန်တီးပြုလုပ်တဲ့ ပုံဖော်အနုပညာတစ်ရပ် အဖြစ် ဖန်တီးရတာကို ပျော်စရာလို့ ပဲ ထင်ပါတယ်။ဒါပေမယ့် ကျွန်မဖန်တီးတဲ့ အရာကို လူတွေမြင်ပြီး ၊ လူတွေ အရမ်းကို စိတ်အနှောက်အယှက်ဖြစ်သွားကြတာ ၊ ကျွန်မပါးစပ်က Manko ဆိုတဲ့ စကားလုံးလေးကို ပြောလိုက်ရင်တောင် သူတို့ တွေ အထိတ်တလန့်  ဖြစ်သွားတာတွေကို ကျွန်မ အရမ်း အံ့သြမိပါတယ်။” လို့ ရေးသားထားပါတယ်။

“ ကျွန်မကို ရုပ်မြင်သံကြား ချယ်နယ်တစ်ခုကနေ သူတို့ အစီအစဉ်မှာ ပါဝင်တင်ဆက်ဖို့  တောင်းဆိုတုန်းကတောင် ကျွန်မပါးစပ်က Deco-Man ဆိုတဲ့ စကားလုံးကိုတောင်ပြောဖို့ ခွင့်မပြုရဲ ကြပါဘူး။ Man ဆိုတဲ့ စကားလုံးက မကြားဝံ့ မနာသာ လို့  သူတို့ ထင်တဲ့ Manko က Man နဲ့  အသံထွက်ချင်း သွားဆင်နေလို့ လေ။ ကျွန်မက ဘာလို့  ဒီလို မျိုး အနုပညာ အစိတ်အပိုင်းတွေကို စပြီးတော့ ဖန်တီးရသလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အခြားအမျိုးသမီးတွေရဲ့  အင်္ဂါစပ်တွေကို တစ်ခါမှ မမြင်ဖူးတာကြောင့် ရယ် ၊ ကျွန်မပုံပန်းသဏ္ဍန်ကို ကျွန်မ အမြဲ သတိထားလွန်းမိနေတာကြောင့်ရယ်ပါပဲ။ တစ်ချိန်တည်းမှာပဲ မိန်းမအင်္ဂါစပ်ဆိုတာ ဘယ်လို ပုံပန်းသဏ္ဍန်ရှိမှန်း ကျွန်မလုံးဝ မသိခဲ့ပါဘူး။ ဒါကြောင့် ကျွန်မရဲ့  အင်္ဂါစပ်ဟာလည်း ပုံမှန်မဟုတ်ဘူးလို့ ထင်မိခဲ့ပါတယ်” လို့ သူမက ဆိုပါတယ်။

“Manko နဲ့ Vagina (မိန်းမအင်္ဂါစပ်) ဆိုတဲ့ စကားလုံးတွေဟာ ဂျပန် လူ့ အဖွဲ့ အစည်းမှာ မကြားဝံ့မနာသာ စကားလုံးတွေအဖြစ် သတ်မှတ်ထားခဲ့တာကြာပါပြိ။ Penis လို့ ခေါ်တဲ့ ယောကျာင်္းလိင်အင်္ဂါကျတော့ ပုံဆွဲရေးသားဖော်ပြကြပြီး ၄င်းဟာ လူငယ်တွေကြား ခေတ်စားနေတဲ့  ယဉ်ကျေးမှုတစ်ရပ် ဖြစ်နေပါပြီ။ ဒါပေမယ့် မိန်းမ အင်္ဂါစပ်ကျတော့ ဘယ်တော့ မှ သင့်တော် နှစ်လိုဖွယ်အရာအဖြစ် မမြင်ကြပါဘူး။ လူတွေက ဒါကို မကြားဝံ့မနာသာ လို့ မြင်ကြတယ်လေ။ဘာလို့ လဲဆိုတော့ အဲဒါဟာ အမျိုးသမီး တွေရဲ့ သာမာန် ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေမယ့်လည်း အလွန်အကျွံဖုံးကွယ်ထားခံရတာကြောင့်ပါ” လို့ သူမက ဆိုပါတယ်။

Ref:mirror.co.uk

From: Trend Myanmar

www.mmdailystar.com

ဦးတေဇ ပိုင်ဆိုင်သော အိမ်ကြီးဟုဆိုသည့် သရဲအလွန်ခြောက်သည့်အိမ် လူတွေစိတ်ဝင်စား

သရဲခြောက်သည်ဟု နာမည်ကြီးနေသောဗိုလ်ချိုလမ်းထောင့်ရှိ ရှေးဟောင်းအဆောက်အအုံအား
 နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းဧည့်သည်များသွားရောက်ကြည့်ရှုသူများပြားနေကြောင်း သိရသည်။အဆိုပါအိမ်ကြီးသည် နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်နေသော ရှေးဟောင်းအိမ်ကြီးဖြစ်ပြီး တစ်အိမ်လုံးကျွန်းသစ်များဖြင့် ဆောက်လုပ်ထားသည်။

''ဒီအိမ်ကြီးကို စိတ်ဝင်စားတဲ့သူတွေ လာကြည့်ကြတယ်။ နိုင်ငံခြား ခရီးသွားတွေရော ပြည်တွင်းကလူတွေပါ တစ်လလေးငါးရှစ်ယောက် လောက် ဝင်ကြည့်ကြတယ်။ အခုက တရားဝင်ကြည့်ခွင့်ပေးထား တာမဟုတ်သေးပါဘူး။ တရားဝင်ခွင့် ပြုမယ်ဆိုရင်တော့ နေ့တိုင်းဝင်နိုင် တယ်။ အိမ်ကြီးကကျွန်းသစ်တွေနဲ့ ဆောက်ထားတယ်။ နှစ်ပေါင်းတစ်ရာ ကျော်ရှိပါပြီ''ဟု ရှေးဟောင်းအိမ်အား
 စောင့်ရှောက်ပေးသော ဝန်ထမ်းဦး ထွန်းဝင်းက ပြောသည်။

အိမ်ကြီးကိုစိတ်ဝင်စားသူများ သည်အိမ်ကြီးအပြင်မှ ဓာတ်ပုံရိုက် ခြင်း၊ အိမ်ခြံတံခါး အပြင်ဘက်မှအထဲ သို့ကြည့်ရှုလေ့လာခြင်းများပြုလုပ် ကြသည်။

''အိမ်ကြီးက စိတ်ဝင်စားဖို့ ကောင်းတယ်။ အိမ်ထဲလဲ ဝင်ကြည့် ချင်တယ်။ သရဲခြောက်မလားလို့လဲ ကြောက်မိတယ်။ အပြင်ကနေတော့ ခဏခဏဓာတ်ပုံရိုက်ဖူးတယ်''ဟု ရှေး ဟောင်းအဆောက်အအုံများကို စိတ်ဝင်စားသူတစ်ဦးကပြောသည်။
အိမ်ကြီးအားလာရောက်လေ့ လာသူနိုင်ငံခြားသူတစ်ဦး၏ခရီး သွားလမ်းညွှန်တစ်ဦးကလည်း ''သူ က အိမ်ကြီးကိုစိတ်ဝင်စားတယ်ဆိုပြီး ဒီကိုအတင်းလာတာ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင်ဝင်ရဲမှာမဟုတ်ဘူး။ သူက တော်တော်လေးသတ္တိရှိတယ်။ သူက စာရေးဆရာမတစ်ဦးပါ''ဟု ပြောသည်။
ရှေးဟောင်းအိမ်ကြီးမှာ ညောင် ပင်များကပ်ပေါက်နေပြီး မှောင်မည်း နေသောကြောင့် သရဲခြောက်သည် ဟုအများက ထင်မြင်နေကြခြင်းဖြစ် ကြောင်း သိရသည်။

''ကျွန်တော်တို့က ညဘက်ဆို မီး သိပ်မထွန်းတော့မှောင်နေပြီး ကြောက် စရာကောင်းနေတာပါ။ မီးတစ်ပွင့်ပဲ ထွန်းထားတယ်။ သရဲကတော့ သိပ်မခြောက်ပါဘူး။ ခြောက်လဲ မကြောက်ပါ ဘူး။ တစ်ခါတလေကိုယ့် နားမှာရိုးတိုး ရိတ်တိတ်လေး ဖျတ်ခနဲ ဖြတ်သွားတာ မျိုးလောက်ပဲကြုံဖူးတယ်''ဟု အိမ်ကြီး တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ယင်းအိမ်ကြီးအားယခင်က သစ်တောဝန်ထောက် ဦးမောင်မောင် မှပိုင်ဆိုင်ခဲ့ပြီး ယခုအခါမြန်မာ့စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦး တေဇပိုင်ဆိုင်သောအိမ်ကြီး ဖြစ်ကြောင်း ဦးထွန်းဝင်းက ပြောသည်။

သူသူထက်လွင်- ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၂၇)။
From: Yangon Media Group

www.mmdailystar.com

ကျုပ်တို့ ငယ်ငယ်က အာဇာနည်နေ့..... ~ ( ရဲမိုး )

အာဇာနည်ကုန်း ဗုံးခွဲခံရတော့ ....
ကိုယ်က ရန်ကုန် ရောက်နေတဲ့  အချိန် ....

ကလေး ဆိုတော့ ...
ခပ်ရေးရေး လောက်ပဲ မှတ်မိတော့တယ် ...

ကားတွေ ကျပ်ကုန်တာ...
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာ ...
လမ်းဆုံတွေမှာ ပိတ်ပြီး ရှာဖွေရေးလုပ်ကြတာ ...
တကယ် ရေးတေးတေးပဲ ...

အာ့နောက်ပိုင်းတော့ ....
အာဇာနည်နေ့ တွေကို သတိထားမိလာတယ် ...
ရေဒီယိုက ဥသြဆွဲတာ ...
မီးသတ်ကားတွေက ဥသြဆွဲရင် ...
ရင်ထဲတစ်မျိုးပဲ ....

သတိမဆွဲတတ် ဆွဲတတ်နဲ့  ...
ဥသြသံ ကြားရင် ခြေစုံရပ်နေရတာကို ....
သဘောကျ နှစ်ခြိုက်ခဲ့ဘူးတယ် ...

ကျောင်းတွေမှာ လုပ်တဲ့  …
အာဇာနည်နေ့ အခမ်းအနား ….
စာစီစာကုံး နဲ့ ကဗျာ ပြိုင်ပွဲတွေကိုလဲ …
မလွတ်တန်း ၀င်ပြိုင်ခဲ့ဘူးတယ် ….

ကိုယ် အရွယ်ရောက်လာချိန်မှာ ….
သိရတဲ့  အာဇာနည်နေ့ ကတော့ …
တော်တော် ပြောင်းလဲသွားပြီ ….

အာဇာနည်နေ့ မတိုင်မီ တစ်ပတ်လောက်ဆို ....
ကျောင်းတွေမှာ စာကြဲပြီ ...

ဘာသမဂ္ဂ ညာသမဂ္ဂ နာမည်နဲ့  ....
ဆန္ဒပြဖို့ တိုက်တွန်းတဲ့ စာတွေ ထွက်လာပြီ ...

ဘီဘီစီ ဗွီအိုအေက ...
ဘယ်နေရာမှာ ဘယ်သူတွေက ...
ဘယ်လို ချီတက်မယ် ဖြစ်ကြောင်း ...
တစ်ချိန်လုံး နှပ်ကြောင်းပေးနေကြပြီ ...

ဟိုနား ရုတ်ရုတ် ...
ဒီနား ရုတ်ရုတ် ...
အမြဲ ဖြစ်ခဲ့ကြတယ် .....

အတိုက်အခံတွေ ဘက်က ...
အဲဒီနေ့ မှာ လူထုအုံကြွမှုတွေ ဖြစ်ပေါ်အောင် ...
အမြဲ အားထုတ်ခဲ့သလို ...
အစိုးရဘက်ကလဲ ....
အဲလိုတွေမဖြစ်အောင် ....
အမြဲ ကြိုးစားလေ့ ရှိခဲ့ကြတယ် ...

အာဇာနည်နေ့ ဟာ နိုင်ငံရဲ့ အထွတ်အမြတ်နေ့ .....
ဒီနေ့ ကို ဘယ်သူတွေ အရောင်ဆိုးခဲ့ကြသလဲ ...????

ဘယ်သူတွေ ....
နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြလဲ ...????

ဘာလို့ ဒီလိုတွေ ဖြစ်ခဲ့ရသလဲ လို့  …
ကျွန်တော်တို့  မေးခွန်းထုတ်ကြည့်ကြရအောင် ….

လက်ရှိ အာဇာနည်နေ့ နဲ့ ပတ်သက်တဲ့  …
နှစ်ဖက် အပြန်အလှန် စွပ်စွဲချက်တွေဟာ ….
၁၉၈၉ ဇူလိုင်လ မှာ …
မြစ်ဖျားခံ အစပြုခဲ့တာကို တွေ့ ရတယ် …..

၁၉၈၉ ခုနှစ်တစ်ခုလုံး ...
အန်အယ်လ်ဒီ ပါတီဟာ ...
နိုင်ငံရေးနေ့ အခမ်းအနားတွေ ...
ခပ်စိပ်စိပ် ပြုလုပ်လာခဲ့တယ် ...

မတ်လ ၁၃ရက် ဖုန်းမော်နေ့ ကို
မြန်မာ့ လူ့အခွင့်အရေးနေ့ လို့  ....
သတ်မှတ်ပြီး အခမ်းအနားလုပ်တယ် ...

ဇွန်လ ၆ ရက်နေ့ ...
အလုပ်သမားအရေးအခင်း ....
နှစ်ပတ်လည်နေ့ အခမ်းအနားလုပ်တယ် ....

ဇွန်လ ၇ ရက်နေ့ ...
ကျောင်းသား အရေးအခင်း နှစ်ပတ်လည်နေ့  ...
အခမ်းအနား လုပ်တယ် ...

ဇွန်လ ၂၁ ရက်နေ့ 
မြေနီကုန်း အရေးအခင်း နှစ်ပတ်လည်နေ့  ...
ပန်းခွေချ အခမ်းအနားလုပ်တယ် ...

လုပ်တဲ့ အခမ်းအနားတွေတိုင်း ...
ရုတ်ရုတ်သဲသဲနဲ့  ...
ဆူပူမှု အနည်းနဲ့ အများတော့ ...
ဖြစ်ခဲ့ရတာ ချည်းပဲ ....

ပြသနာရဲ့ အစကတော့ ...
အန်အယ်လ်ဒီ က ပြုလုပ်တဲ့  ....
အစိုးရ ဆန့် ကျင်ရေး ....
နိုင်ငံရေးနေ့ အခမ်းအနားတွေထဲမှာ...
၁၉၈၉ ခုနှစ် အာဇာနည်နေ့ ကို ….
ထည့်သွင်းလိုက်တာက ...
အစပြုခဲ့တယ် ....

၁၃.၇.၁၉၈၉ ရက်နေ့  ...
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကနေ …
န၀တ က ဦးစီး ကျင်းပမယ့် ....
အာဇာနည်နေ့ အခမ်းအနားကို ….
အန်အယ်လ်ဒီက တက်မည်မဟုတ် …

မိမိတို့ အစီအစဉ်နဲ့  သာ ….
ပြည်သူနဲ့ အတူ ချီတက်အလေးပြုမည် …

ပြည်သူအားလုံး ချီတက် အလေးပြုနိုင်ဖို့  …
လုံခြုံရေးချထားတဲ့ တပ်တွေ အားလုံးပြန်ရုပ်ပေးပြီး …
ဟန့် တား နှောက်ယှက် ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် …
အလေးအနက် အသိပေးအပ်ပါသည် ဆိုတဲ့ စာကို …

၁၃.၇.၁၉၈၉ ရက်နေ့ ရက်စွဲနဲ့  …
ဒေါ်စုကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ….
ဗိုလ်ချုပ်ကြီး စောမောင် ထံ …
လိပ်မူ ပေးပို့ ခဲ့ တယ် ….

၁၄ရက် ၁၆ ရက် နဲ့  ၁၈ ရက်နေ့ တွေမှာ...
အဖွဲ့ ချုပ်ရုံးမှာ အစည်းအဝေးလုပ်ပြီး ...
လူထုချီတက်ပွဲ လုပ်ဖို့  စီစဉ်ခဲ့ကြတယ် ...

အဲဒီလှုပ်ရှားမှုတွေကို ....
စစ်အစိုးရက ...
၁၇.၇.၁၉၈၉ ရက်နေ့ မှာ …
ကြေငြာချက်အမှတ် ၁ / ၈၉ နဲ့  ….
ပြည်သူလူထု ၅ ယောက်စီ စုပေါင်း ဂါရ၀ ပြုနိုင်တယ် …
တားမြစ်ချက်ကို ကျူးလွန်ရင် …
အရေးယူမယ်လို့  ထုတ်ပြန်ခဲ့တယ် …

၁၈.၉.၁၉၈၉ ရက်နေမှာ …
ကြေငြာချက် အမှတ် ၂/၈၉ နဲ့  …
မာရှယ်လော ထုတ်ပြန်တယ် …
ပြည်နယ်နဲ့ တိုင်းအလိုက် ….
စစ်တရားရုံးတွေ စတင်ဖွဲ့ စည်းတယ် …
တားမြစ်ချက်ကို မလိုက်နာဘဲ …
ဆူပူမှုတွေ လုပ်ခဲ့ ရင် …
ထောင်ဒဏ် ၃ နှစ်ကနေ တစ်သက်တစ်ကျွန်းထိ …
အရေးယူမယ်လို့ ကြေငြာတယ် ….

၁၉.၇.၁၉၈၉ ရက် ….
အာဇာနည်နေ့  မနက် ၄ နာရီခွဲ အချိန် မှာ …
အန်အယ်လ်ဒီက ….
သူတို့ ချီတက်ပွဲ မလုပ်တော့ဘူးလို့  ကြေငြာပြီး …
အပြင်ကို မထွက်တော့ဘူး ….

ဒါပေမယ့် ပြည်သူတွေကတော့ ….
ဒီကြေငြာချက်ကို မသိကြတော့ဘဲ ….
အာဇာနည်ကုန်းကို ချီတက်ကြတယ် …
အဲဒီမှာ ….
လုံခြုံရေးတပ်ဖွဲ့ တွေ နဲ့ ထိပ်တိုက်တွေ့ ပြီး …
ပစ်ခတ် လူစုခွဲခံရတယ် …
အသေအပျောက်မရှိပေမယ့် …
အများအပြား ဒဏ်ရာရ …
ရာနဲ့ ချီ ပြီးတော့ ဖမ်းဆီးအရေးယူခံခဲ့ရတယ် …
စစ်တရားရုံးတွေရဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ ရတယ် …

၂၀.၇.၁၉၈၉ ရက်နေ့ မှာတော့ …
စစ်အစိုးရက ….
ဒေါ်စု နဲ့ ဦးတင်ဦးကို …
နိုင်ငံတော်အား ဘေးအန္တာရယ် ကျရောက်ခြင်းမှ
ကာကွယ်စောင့်ရှောက်သည့် ဥပဒေ …
ပုဒ်မ ၁၀ (ခ) နဲ့  …
နေအိမ်အပြင် မထွက်ရ အမိန့်  ….
အကျယ်ချုပ်ထား ထားလိုက်တော့တယ် …

အဲဒီနောက်ပိုင်း က စလို့  …
အာဇာနည်နေ့ ကို ….
သိပ် ခမ်းခမ်းနားနား မလုပ်တော့သလို ....
ဥသြလဲ မဆွဲကြတော့ဘူး .....

ပြီးခဲ့ တာတွေတော့ ..
ပြီးပါစေတော့ ပေါ့လေ ….

စိတ်မကောင်းစရာ တစ်ခုကတော့ ….
ဒီကနေ့ ဒီအချိန်အထိ …
အာဇာနည်နေ့ နဲ့  ဗိုလ်ချုပ်တို့  ….
ဆက်ပြီး နိုင်ငံရေးအမြတ်ထုတ် ခံနေရတုန်းပဲ …… ။ ။

( ရဲမိုး )
From:

www.mmdailystar.com

ဘယ်ကစမ်းမလား ညာက စမ်းမလားဟု စိန်ခေါ်လိုက်သည့် ဘူးလက်ကြီး

" ၂၆ ရာခိုင်းနှုန်းပဲကြိုက်ဦး သမ္မတနဲ့အစိုးရဟာ ကြံ့ခိုင်ရေးဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါ ။ ဒီအခြေအနေကို လက်မခံနိုင်ကြရင်လည်း ၇၅ ရာခိုင်နှုန်းနိုင်အောင် ကြိုးစားကြလို့ပဲ အကြံပေးရမှာပေါ့ ။ ဒါပေမယ့် ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်ဆိုသူတွေက လည်း ခေတ်သူတွေမဟုတ် တာဘယ်ကစမ်းမလား ညာကစမ်းမလား ။ ထောင်တွင်းအတွေ့အကြုံယှဉ်ပြိုင် ပွဲကလွဲရင် ဘာမဆိုထူးချွန်သူတွေပါဗျာ " 



www.mmdailystar.com

မလေးရှားလေကြောင်း လေယာဉ်တစ်စီး ယူကရိန်းပိုင်နက်တွင် ပစ်ချခံရ ၊ လိုက်ပါလာသူ ၂၉၅ ဦးလုံး သေဆုံး







နယ်သာလန်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ပျံသန်းသည့် မလေးရှား လေကြောင်းလိုင်းမှ ခရီးသည် ၂၉၅ ဦး တင်ဆောင်လာသည့် ဘိုးရင်း ၇၇၇ လေယာဉ် MH-17 သည် ရုရှားနယ်စပ်အနီး ယူကရိန်းပိုင်နက်ထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရကြောင်းနှင့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း နိုင်ငံတကာသတင်းဌာနများက အရေးပေါ်ကြားဖြတ်သတင်းအဖြစ် ဖော်ပြသည်။

အဆိုပါလေယာဉ်မှာ ကြာသပတေးနေ့ ညပိုင်းတွင် အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းက အတည်ပြုထားသည်။ လေယာဉ်မှာ အမ်စတာဒမ်မြို့မှ ကွာလာလမ်ပူမြို့သို့ ပျံသန်းသည့် လေယာဉ်ဖြစ်ကာ နောက်ဆုံးခြေရာခံရသည့် ဆက်သွယ်မှုနေရာမှာ ယူကရိန်း လေပိုင်နက်ထဲတွင်ဖြစ်ကြောင်းဆိုသည်။

ခရီးသည် ၂၈၀ နှင့် လေယာဉ်မှူးနှင့် ဝန်ထမ်း ၁၅ ဦး လိုက်ပါသွားသည့် ထိုလေယာဉ်မှာ ပစ်ချခံရခြင်းဖြစ်ကြောင်း ယူကရိန်းပြည်ထဲရေးဝန်ကြီး အကြံပေး အန်တွန်ဂါရာရှန်ကိုက အေပီသတင်းအား ပြောသည်။

ရိုက်တာသတင်း၏အဆိုအရလေယာဉ်ကို ရုရှားလိုလားသည့်ခွဲထွက်ရေးသူပုန်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်း ပြည်ထဲရေးဌာနသတင်းကို ကိုးကား၍ ဖော်ပြသည်။

ဂါရာရှန်ကိုက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လေယာဉ်မှာ အမြင့်ပေ ၃၃,၀၀၀ ခန့်၌ပျံသန်းနေစဉ် Buk လောင်ချာဖြင့်ပစ်သော ဒုံးကျည်ထိမှန်ပြီး ပစ်ချခံခဲ့ရကြောင်း ဖော်ပြသည်။ ထိုဒုံးပစ်လောင်ချာမျိုးကို ကြာသပတေးနေ့အစောပိုင်းကပင် အေပီသတင်းမှ ဂျာနယ်လစ်များက ယူကရိန်းအရှေ့ပိုင်းမြို့ စနစ်ဇနီအနီးတွင် တွေ့မြင်ခဲ့ရကြောင်း ဆိုသည်။ အကြံပေးပုဂ္ဂိုလ် ဂါရာရှန်ကိုက ယာဉ်ပေါ်လိုက်ပါသွားသူအားလုံးမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းအား ပြောသည် ။ ­

လေယာဉ်ပျံသန်းသောအမြင့်ပေမှာ ပေ ၂၁,၀၀၀ တွင်ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

From: 7day

www.mmdailystar.com

ကမ္ဘာ့ဖလား ဆုကြေးများကို ကလေးငယ် (၂၃)ဦး၏ ခွဲစိတ်စရိတ်အဖြစ် လှူဒါန်းခဲ့သည့် အိုဇေးလ်



ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဂျာမနီအသင်း ဆွတ်ခူးပြီးနောက် ၎င်းအတွက် ခွဲဝေရရှိလာသည့် ဆုကြေးများကို မီဆွတ်အိုဇေးလ်က နာမကျန်းဖြစ်နေသည့် ကလေးများ ခွဲစိတ်ကုသရေး စရိတ်စကအဖြစ် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ် အသင်း၏ ကွင်းလယ်ဖန်တီးရှင်သည် ဗိုလ်လုပွဲတွင် အာဂျင်တီးနားကို (၁-၀)ဖြင့် အနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဆု ဆွတ်ခူးခဲ့သည့် ဂျာမနီ လက်ရွေးစင် အသင်း၏ ကစားသမား တစ်ဦးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ဖလား အောင်မြင်မှုအတွက် ရရှိလာသော ဆုကြေးများကို ဘရာဇီးနိုင်ငံမှ နာမကျန်းဖြစ်နေသည့် ကလေးငယ် (၂၃)ဦး ခွဲစိတ်ကုသမှု ခံယူနိုင်ရေးအတွက် ပြန်လည် လှူဒါန်းခဲ့သည်။

အိုဇေးလ်သည် ကမ္ဘာ့ဖလား မစတင်မီ ကတည်းက ကလေးငယ် (၁၁)ဦး၏ ကျန်းမာရေး စရိတ်များ ကျခံပေးရန် သဘောတူညီထားပြီး ချန်ပီယံ ဖြစ်လာ၍ ဆုကြေးခွဲတမ်း ပိုမိုရရှိချိန်၌ နောက်ထပ် ကလေးငယ် (၁၂)ဦးအတွက်ပါ ခွဲစိတ်မှု ကုန်ကျစရိတ်များ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ဖလား မတိုင်ခင်တုန်းကတော့ ကလေး(၁၁)ယောက်စာအတွက်ပဲ ခွဲစိတ်မှုစရိတ်ကို လှူမလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့နောက် ကျွန်တော်တို့ အသင်းရဲ့ ကစားသမား (၂၃)ယောက်စာအတွက် ရည်စူးပြီး ကလေး(၂၃)ယောက်အတွက် ကျန်းမာရေး စရိတ် လှူဒါန်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဟာ ဘရာဇီးနိုင်ငံရဲ့ ပျူငှာနွေးထွေးမှုကို ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်”ဟု အိုဇေးလ်က Facebookတွင် ရေးသားထားခဲ့သည်။

ဂျာမနီ အသင်းသား တစ်ဦးစီသည် ဆုကြေးအဖြစ် စတာလင်ပေါင် (၂၄၀၀၀၀)စီ လက်ခံရရှိပြီး ယင်းကို အိုဇေးလ်က စရိတ်မတတ်နိုင်သည့် ကလေးငယ်များကို ဆေးဝါးကုသပေးရန် ရည်ရွယ်ထူထောင်ထားသည့် BiShoe ပရောဂျက်အတွက် ရန်ပုံငွေ အစိတ်အပိုင်း တစ်ရပ်အဖြစ် ထည့်ဝင် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

From: 7day

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...