Saturday, 19 July 2014

ငွေတွေခင်းထားတဲ့ အိပ်ယာပေါ်မှာ ဘီကီနီနဲ့ အိပ်ပြရင်း ကျိကျိတက်ချမ်းသာကြောင်း ကြွားလိုက်တဲ့ မော်လ်ဒယ်လေး

 

အသက်က ၂၃ နှစ်ပဲရှိပါသေးတယ်။ ငွေအပြည့်ခင်းထားတဲ့ အိပ်ယာပေါ် ဘီကီနီဝတ်လှဲလျောင်းရင်း ဘယ်လောက်ချမ်းသာလဲ ဆိုတာကို အွန်လိုင်းပေါ် ဓာတ်ပုံတင်ပြီး ကြွားခဲ့သူလေးပါ။

From: Swesone Media

www.mmdailystar.com

ရုရှားတို့မမှုတဲ့ အမေရိကန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှု




ယူကရိန်းမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး နောက် ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် သေနတ်တစ်ချက်မဖောက်ဘဲ ရုရှားတို့လက် အောက် သွတ်သွင်းနိုင်လိုက်ပါတယ်။ သမ္မတ ပူတင်ရဲ့ ခြေသွက်လက်သွက်နဲ့ လက်ရဲဇက်ရဲ မဟာဗျူဟာတွေက အမေရိကန်နဲ့ ဥရောပ နိုင်ငံများကို အလွန်လှုပ်ခတ်သွားစေပြီး စိုး ရိမ်သောက ပွားစေပါတော့တယ်။ မော်စကိုရဲ့ ဒီလုပ်ရပ်အတွက် အမေရိကန်တို့ဟာ ရုရှား ကို စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်ခဲ့ တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အမေ ရိကန်တို့ ရုရှားအပေါ် စီးပွားရေးအရထိရောက် တဲ့ အရေးယူပိတ်ဆို့မှုမျိုးဆောင်ရွက်ဖို့ တွန့် ဆုတ်နေကြတာပါ။ ဒီလိုတွန့်ဆုတ်နေရတဲ့အ ကြောင်းရင်းများစွာရှိပေမဲ့ ခြုံကြည့်လိုက်ရင် အဓိကအကြောင်းရင်း ၂ ချက်ပဲရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ ရုရှားတို့ဟာ ကမ္ဘာမှာ ရေနံကို ဒုတိယအများဆုံး တင်ပို့နိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ရုရှား တို့ဟာ အမေရိကန်ပြီးရင် ကမ္ဘာမှာ ခေတ်မီလက်နက်များပိုင်ဆိုင်ထားတဲ့ ဒုတိယအင်အား ကြီးနိုင်ငံဖြစ်တယ်။ ရုရှားတို့ရဲ့ ဖျက်စွမ်းအား မြင့်လက်နက်များကို တုံ့ပြန်ဖို့ အမေရိကန် တို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ နျူကလီးယားလက်နက်အသုံးပြုဖို့ပဲ ဖြစ်ပါ တော့တယ်။ အခြားဖိအားပေးနိုင်တဲ့ မည် သည့်စစ်ရေးနည်းလမ်းနဲ့ လက်နက်မျိုးမှ အ မေရိကန်တို့အတွက် ရွေးချယ်စရာအခွင့်အ ရေးမရှိပါဘူး။

ခင်ဗျားတို့၊ ကျွန်တော်တို့ အစဉ်အမြဲသ တိမမူဘဲ မေ့လျော့နေတတ်ကြတဲ့အကြောင်း တစ်ခုရှိပါတယ်။ အဲဒါကတော့ ယနေ့ကမ္ဘာ မှာ အမေရိကန်တို့ အခုလိုဘာကြောင့် ရပ် တည်နေနိုင်ရပါသလဲ။ အကြောင်းကတော့ အမေရိကန်ဒေါ်လာဟာ ယနေ့အထိ ကမ္ဘာ့ အရန်ငွေနဲ့ ကမ္ဘာသုံးငွေအဖြစ် တည်ရှိနေခြင်း ကြောင့်ပဲဖြစ်ပါတယ်။ ဒါဟာ သဘာဝကျတဲ့၊ ကျိုးကြောင်းသင့်လျော်တဲ့ အချက်တစ်ခုအ နေနဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့ ရင်းနှီးကျွမ်း ၀င်စွာ လက်ခံထားသော်လည်း အကျိုးအ ကြောင်းမသင့် သဘာဝမကျတဲ့ ဝေဖန်စရာ များစွာ ရှိနေပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ နောက် အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးငွေ ကြေးအဖြစ် စတင်သုံးစွဲလာခဲ့တယ်။ ဘာ ကြောင့် အမေရိကန်ဒေါ်လာကိုမှ ကမ္ဘာသုံး ငွေကြေးအဖြစ် သုံးစွဲလာခဲ့လဲဆိုရင်တော့ များ များစားစား အကြောင်းပြချက်တွေ မရှိလှပါ ဘူး။ တိုတိုနဲ့လိုရင်းပြောရရင် အဲ့ဒီလိုသုံးစွဲဖို့ ဆုံးဖြတ်ခဲ့တာကြောင့်လို့ပဲ ဖြေရမှာပါ။ ၁၉၇၀ နှစ်ဦးပိုင်းတွေကစပြီး အမေရိကန်ဒေါ်လာဟာ ရေနံရောင်းဝယ်တဲ့နယ်ပယ်အထိ ထိုးဖောက် ၀င်ရောက် နေရာယူလာကာ ရေနံရောင်းဝယ် ရေးကို ဒေါ်လာနဲ့ စတင်ပေးချေလာခဲ့တယ်။ ချုပ်လိုက်ရင်တော့ အမေရိကန်ဒေါ်လာကို ကမ္ဘာ့ငွေကြေးအဖြစ် နိုင်ငံတကာက အသုံး ပြုရခြင်းကြောင့် အမေရိကန်နိုင်ငံအတွက် ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိနေစေပါ တယ်။ ဒီလိုနည်းနဲ့ အမေရိကန်တို့ ရိုက် ထုတ်ထားတဲ့ဒေါ်လာတွေဟာ နိုင်ငံတကာရဲ့ အမြဲမပြတ်လိုအပ်နေတဲ့၊ ကျွန်တော်တို့နေ့စဉ် လိုအပ်နေတဲ့ demand တစ်ခု ပုံမှန်ကြီးဖြစ်လို့နေပါတော့တယ်။

ယနေ့ခေတ် အမေရိကန်နဲ့ အစေးမကပ် တဲ့ နိုင်ငံတွေဟာ အမေရိကန်ကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်ဒေါ်လာအစား အခြား ငွေကြေးစနစ် (သို့မဟုတ်) ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်တဲ့ ဘာတာစနစ်ကို အသုံး ပြုဖို့ ကြိုးစားလာကြတယ်။ ဆဒမ်ဟူစိန်လက် ထက် အီရတ်နိုင်ငံဟာ ရေနံအရောင်းအ၀ယ် အတွက် အမေရိကန်ဒေါ်လာအသုံးမပြုဘဲ ယူရိုငွေကြေးကို စတင်သုံးစွဲဖို့ ဆောင်ရွက်ခဲ့ တယ်။ အလားတူပဲ လစ်ဗျားနိုင်ငံကလည်း အမေရိကန်ဒေါ်လာအစား ရေနံကို ရွှေနဲ့အ ရောင်းအ၀ယ်ပြုလုပ်ပြီး အမေရိကန်ကို အန် တုဖို့ ကြိုးစားခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ အီရတ်နဲ့ လစ်ဗျားနိုင်ငံဟာ အမေရိကန်တို့ရဲ့ ရက်စက်စွာ သုတ်သင်ရှင်းလင်းခံရမှုနဲ့ နိဂုံး ချုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အ မေရိကန်တို့အတွက် ဒီလိုနည်းလမ်းနဲ့ ရုရှား နိုင်ငံကို တုံ့ပြန်ရင် အရင်းအနှီးများစွာနဲ့ ပေး ဆပ်ရပါလိမ့်မယ်။ ယနေ့ အမေရိကန်ဟာ စူပါပါဝါအဖြစ် ရပ်တည်နေရာကနေ ဒီလိုစစ် ပွဲမျိုး သူတင်ကိုယ်တင် ဆင်နွှဲရမယ်ဆိုရင် ဖြင့် လက်ဝယ်ရှိနေတဲ့ စူပါပါဝါကနေ တလိမ့် ခေါက်ကွေး ကျဆင်းသွားမှာ မြေကြီးလက် ခတ်မလွဲဘူး။ ဒါကြောင့်လည်း ယူကရိန်းအ ရေးမှာ အမေရိကန်သမ္မတအိုဘားမားက နေ တိုးအနေနဲ့ ရုရှားကို စစ်တိုက်ဖို့မရှိတဲ့အ ကြောင်းကို နည်းပေါင်းစုံနဲ့ တဖွဖွပြောနေရ တာ။ ရုရှားက ရှက်ရမ်းရမ်းပြီး ခပ်မိုက်မိုက် လုပ်လိုက်ရင် အမေရိကန်တို့အတွက် အများ ကြီး အခက်တွေ့သွားနိုင်တယ်။ ဥပမာ မြောက် ကိုရီးယားလို နိုင်ငံမျိုးကို နျူကလီးယားပညာ ရပ်တွေ ဖြန့်ဝေပေးလိုက်ရင်၊ ဆီးရီးယားနဲ့ အီရန်လိုနိုင်ငံမျိုးကို နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးပျံလိုမျိုး အနည်းငယ်မျှ ရောင်း လိုက်ရုံနဲ့ အမေရိကန်တို့ ခြေမကိုင်မိ၊လက် မကိုင်မိ ဖြစ်သွားနိုင်ပါတယ်။ ရုရှားတို့အနေ နဲ့ အမေရိကန်ကို တုံ့ပြန်ဖို့ ချက်အောက်ထိုး တဲ့ ဒီ့အပြင် အခြားနည်းလမ်းတွေလည်း အ များကြီးကျန်ပါသေးတယ်။

မော်စကိုဟာ အမေရိကန်တို့ကို အစုလိုက် အပြုံလိုက် သေကြေပျက်စီးနိုင်တဲ့ လက်နက် အမြောက်အမြားကို ပိုင်ဆိုင်ထားတာ အမေ ရိကန်တို့ ကောင်းကောင်းသိရှိထားပါတယ်။ ရုရှားတို့အနေနဲ့ စစ်မတိုက်ဘဲ တခြားရွေး ချယ်နိုင်တဲ့နည်းလမ်းတွေလည်း ရှိသေးတယ်။ ဒီနည်းလမ်းကတော့ ရုရှားတို့ရောင်းချနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ရူဘယ်လ် (သို့မဟုတ်) အခြားသောငွေကြေးနဲ့ ရောင်းချ ဖို့ ကြေညာလိုက်ရုံပါပဲ။ အမေရိကန်ဒေါ်လာ ကို ရုရှားနဲ့ဆက်ဆံတဲ့ နယ်ပယ်အသီးသီးမှာ အသုံးမပြုဘဲ လုံးဝရှောင်ရှားလိုက်တာပေါ့။ လက်တွေ့မှာလည်း ရုရှားဟာ ဒီလိုလုပ်ဆောင် ဖို့အတွက် အမြည်းအစမ်းသဘောအနေနဲ့ အီ ရန်နိုင်ငံနဲ့ သက်သေပြခဲ့ပြီးပါပြီ။ ရုရှားဟာ အီရန်ကို ရောင်းချတဲ့ လက်နက်နဲ့အခြားသော ကုန်ပစ္စည်းတွေအတွက် အီရန်နိုင်ငံကနေ အ မေရိကန်ဒေါ်လာကိုမယူဘဲ ဘာတာစနစ်နဲ့ အီရန်ဆီက တစ်နေ့ကို ရေနံစည်ငါးသိန်း ရ ယူပြီး လဲလှယ်လိုက်တယ်။ ဒီလုပ်ရပ်ဟာ အမေရိကန်တို့ကို စစ်ရေးမဟုတ်တဲ့နည်းနဲ့တုံ့ ပြန်ရာမှာ အလွန်အင်မတန်ထိရောက်တယ် ဆိုရမယ်။ ဒါဆို ရေနံနဲ့ သဘာဝဓာတ်ငွေ့ တွေကို ရောင်းချရာမှာ အမေရိကန်ဒေါ်လာ မသုံးဘဲ အခြားငွေကြေး (သို့မဟုတ်) စနစ် တစ်ခုခုကို သုံးစွဲလိုက်မယ်ဆိုရင် ကမ္ဘာ့ဈေး ကွက်မှာ လည်ပတ်နေတဲ့ ဘီလီယံ ရာနဲ့ချီ တဲ့ အမေရိကန်ဒေါ်လာတွေ ဘယ်ကိုရောက် သွားမလဲ။ ရှင်းရှင်းလေးပါ။ အဲဒီ့ဘီလီယံ ရာ နဲ့ချီတဲ့ဒေါ်လာတွေ အမေရိကန်ဆိုတဲ့ အမေ့ အိမ်ကို ပြန်ရောက်သွားတော့မှာပေါ့။ ဒီတော့ ဘာတွေဖြစ်လာမလဲ။ အမေရိကန်တို့အတွက် hyperinflation ဟိုက်ပါအင်ဖလက်ရှင်းလို့ ခေါ်တဲ့ အကြီးအကျယ်ငွေကြေးဖောင်းပွမှုတွေ ဖြစ်သွားတော့မှာပေါ့။ ဒါဟာ ၂၀ ရာစုအဆန်း ပိုင်းလောက်က ၀ိုင်မာနိုင်ငံမှာ ခံစားရတဲ့အရ သာနဲ့ ထပ်တူအရသာမျိုး အမေရိကန်တို့ ခံ စားသွားရနိုင်တယ်။ ဒီလိုအမေရိကန်မှာ hyperinflation ဖြစ်ပေါ်ပြီးတာနဲ့ မကြာခင် ကမ္ဘာလုံးစီးပွားပျက်ကပ် စတင်လာပြီပေါ့။ ဒီ စီးပွားပျက်ကပ်ဟာ နိုင်ငံတကာနဲ့ စီးပွားရေး ဆက်ဆံမှုနည်းပြီး ပြည်ပကြေးမြီလည်းနည်း ပါးတဲ့ ရုရှားတို့ရဲ့ စီးပွားရေးကို တစ်စုံတစ်ရာ အထိပဲ ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ အခြေ ပျက်လောက်အောင် ကြီးကြီးကျယ်ကျယ်တော့ ထိုခိုက်နိုင်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရု ရှားတို့ရဲ့ စီးပွားရေးဟာ တရုတ်နိုင်ငံရဲ့ စီး ပွားရေးလိုမျိုး အမေရိကန်ကို မှီခိုအားထား နေတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာ အမေ ရိကန်ကုမ္ပဏီမြောက်မြားစွာ လာရောက်ရင်း နှီးမြှုပ်နှံနေတဲ့အတွက် တရုတ်ဟာ အဲဒီ့ကနေ အကျိုးအမြတ်များစွာရရှိထားပါတယ်။ အပြန် အလှန်အနေနဲ့ကတော့ တရုတ်ဟာ ဒီလိုရရှိ တဲ့အကျိုးအမြတ်တွေကို အမေရိကန်ဘဏ် တွေမှာ ပြန်လည်ရင်းနှီးမြှုပ်နှံထားပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ဖြင့် တရုတ်ရဲ့ရရှိတဲ့ အမြတ်ငွေတွေကို အမေရိကန်လက်ထဲ ပြန် ထည့်ပေးထားရတာပေါ့။ အတိုးငွေပြန်ရတယ် ဆိုပေမဲ့ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်တဲ့အချိန် တရုတ်က အမေရိကန်ဘဏ်တွေ ကနေ ငွေပြန်ထုတ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အမေရိကန်တို့က ထုတ်ပေးဖို့ငြင်း ဆန်ခဲ့တာကြောင့် တရုတ်တို့ အကြီးအကျယ် စိတ်ပျက်ခဲ့ကြရပါတယ်။

ဒီနေ့ ပူတင်ဟာ ယူကရိန်းအရေးမှာ ဘယ် လိုနည်းနဲ့ ပါဝင်လာသလဲ။ ယူကရိန်းကို ဘာ ကြောင့် ခွဲထုတ်နိုင်စွမ်းရှိသလဲ။ ဘယ်လိုဆောင် ရွက်ခဲ့သလဲ။ ပူတင်ဆွဲထုတ်သွားတဲ့ တစ်စက လိုရာဆွဲနိုင်သလို ရှည်ရှည်လည်းဆွဲယူနိုင် တာမျိုးပါ။ ဒါကတော့ ယူကရိန်းမှာ ရုရှားလူ မျိုး အမြောက်အမြားရှိသလို၊ ရုရှားစကားပြော ယူကရိန်းနိုင်ငံသားတွေလည်း အမြောက်အ မြားရှိနေပါတယ်။ ပူတင်ဟာ ယူကရိန်းအရေး ကို ရုရှားလူမျိုးများနဲ့ ရုရှားစကားပြော ယူက ရိန်းနိုင်ငံသားတို့ကို အင်အားပြုပြီး ၀င်ရောက် လာနိုင်သလို၊ ယူကရိန်းကဲ့သို့ ရုရှားစကား ပြောများနဲ့ ရုရှားလူမျိုးတွေနေထိုင်တဲ့ ဘောလ် တစ်နိုင်ငံများကိုလည်း ဒီလိုအကြောင်းပြချက်နဲ့ ၀င်လာနိုင်ပါသေးတယ်။ လက်ဗီးယား၊ ဖင် လန်၊ လစ်သူရေးနီးယား၊ အက်စတိုးနီးယား တို့မှာ ရုရှားစကားပြောတဲ့ နိုင်ငံသားမြောက် မြားစွာ ရှိနေတယ်။ ဒါဟာ သမ္မတပူတင်အ တွက် အကြောင်းပြချက်ကောင်းကောင်း ရှိ နေတယ်ဆိုတာ သက်သေပါပဲ။ နောက်ထပ် အကြောင်းအရာတစ်ခုက ရုရှားထောက်လှမ်း ရေး (FSB) ရဲ့ စွမ်းပကားပါ။ သမ္မတပူတင် ဟာ ယူကရိန်းရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြားက ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခြေ အနေကို စဉ်ဆက်မပြတ် သုံးသပ်နိုင်ခဲ့ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ကိုလည်း ကြိုတင်မျှော် တွေးထားနိုင်ခဲ့တယ်။ ဒီလိုမှန်မှန်ကန်ကန်သုံး သပ်နိုင်အောင် သမ္မတပူတင်ကို အထောက် အကူပြုခဲ့တာက ရုရှားထောက်လှမ်းရေး FSB ပဲဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်က မိုက်မဲတဲ့အ ရေးယူပိတ်ဆို့မှုတွေလုပ်လာရင် ပူတင်က လည်း ခပ်မိုက်မိုက်ဆုံးဖြတ်ပြီး အမေရိကန် ဒေါ်လာကို ပြန်သပိတ်မှောက်မယ်။ ဒီအခြေ အနေကို အီးယူကကော ဘယ်လိုတုံ့ပြန်မလဲ။ ပူတင်သာ ဒီလိုဆုံးဖြတ်ရင် ဥရောပသမဂ္ဂအ နေနဲ့ ပူတင်ရဲ့မိုက်မဲမှုအကြောင်း တ၀ကြီး ပြောနေရုံကလွဲရင် ဒီ့ပြင် ဘာမှမတတ်နိုင်ပါ ဘူး။ အမေရိကန်စီးပွားပျက်ရင် တရုတ်နိုင်ငံ လည်း မလှုပ်နိုင်တာကြောင့် နောက်လာမယ့် ကမ္ဘာမှာ ရုရှားက စီးပွားရေးအင်အားကြီးမား ပြီး စူပါပါဝါအဖြစ်နဲ့ သမိုင်းမျက်နှာစာသစ်ဖွင့် လှစ်သွားနိုင်တယ်။

ဒါ့အပြင် စီးပွားရေးအရ နိုင်ငံတကာအ ပေါ် မှီခိုနှုနည်းပြီး မိမိနိုင်ငံတွင်းအင်အားနဲ့ အပြည့်အ၀ရပ်တည်နိုင်တဲ့ ရပ်တည်ဖို့ လည်း ကျင့်သားရနေတဲ့ နိုင်ငံ၊ မျိုးချစ် စိတ်ဓာတ်ပြင်းပြတဲ့ နိုင်ငံသားတွေနေထိုင် ရာနိုင်ငံ၊ သဘာဝအရင်းအမြစ် လူ့အရင်းအ မြစ် နှစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ဒီ မိုကရေစီစနစ်အပေါ် နိုင်ငံသားတွေကိုယ်တိုင် ယုံကြည်မှုနည်းပြီး ဒီမိုကရေစီတင်းပြည့်ကျပ် ပြည့် မလိုလားမတောင့်တတဲ့ နိုင်ငံ၊ ဇာ ဘုရင်လက်ထက်ကစလို့ ယနေ့အချိန်ထိ ပြတ် သားခက်ထန်တဲ့ အာဏာရှင်စနစ်နဲ့ အကျွမ်း တ၀င်ရင်းနှီးတဲ့ ရုရှားလိုနိုင်ငံအတွက် ကမ္ဘာ့ စီးပွားရေးပျက်ကပ်ဖြစ်ပေါ်ခြင်းကပင် ကမ္ဘာ့ စူပါပါဝါအဖြစ်သို့ တွန်းပို့နိုင်တဲ့ အထူးအ ခွင့်အရေးတစ်ရပ် နီးစပ်လာနိုင်သလား ဆို တာကိုတော့ ...။
 
From:ME

www.mmdailystar.com

OIC အပါအ၀င် ပြည်ပအထောက်အပံ့ ရယူထားသော မီဒီယာများသတင်းနှင့် ပတ်သက်၍ ဥရောပသမဂ္ဂရုံးမှ စုံစမ်းမှုများရှိ




““OIC အပါအ၀င် ပြည်ပ အဖွဲ့အစည်းများ၏ ထောက်ပံ့ရယူထားသည့် သတင်းမီဒီယာများ မြန်မာနိုင်ငံတွင် ရှိနေဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့် အဖွဲ့စွပ်စွဲ””ဆိုသည့် သတင်းအား ဇူလိုင် ၁၂ ရက်တွင် ထုတ်ဝေ ခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ (၃) အမှတ်(၁၈)၌ ဖော်ပြပြီးနောက် ဇူလိုင် ၁၄ ရက်တွင် ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ မြန်မာသံတော်ဆင့်သို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းတွင် ““OIC အပါအ၀င် ပြင်ပအဖွဲ့အစည်းများမှ ငွေကြေး အထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ်အရေးယူ သွားပေးရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း”” အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက ပြောကြားသည်ဟု ဖော်ပြထားသည်။

““အစ်ကိုတို့က သတင်းမှာပါတဲ့အတိုင်း ဘယ်မီဒီယာကို ပြောတာလဲဆိုတာ သိချင်လို့ သူတို့ကို မေးကြည့် ချင်တာပါ။ ဘယ်လို အကြောင်းမှတော့ မရှိပါဘူး။ အစ်ကိုတို့ အဲဒီသတင်းလေး စိတ်ဝင်စားလို့ အပေါ်က လူကြီးတွေကလည်း အဲဒီသတင်းလေး ပိုပြီးတော့ သိရမလားဆိုပြီး ဖုန်းဆက် ခိုင်းလို့ပါ။ သူတို့က ဘယ်မီဒီယာလဲ ဆိုတာ ထုတ်ပြန်ပေးမယ် ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ပြန်မလဲပေါ့။ အဲဒါလေး မေးချင်လို့ပါ။ အစ်ကိုတို့က ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေစုပြီး တစ်ခါတလေ သတင်းပြန်ရေး ရတာကိုး။ အဲဒါကြောင့်ပါ။ ဦးရဲမင်းဦးရဲ့ ဖုန်းနံပါတ်လေးများ ရမလားလို့ပါ”” ဟု ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ နိုင်ငံရေး အရာရှိ ဦးအောင်အောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ အဖွဲ့သို့ လာရောက်မေးမြန်းမှုများ မရှိသေးကြောင်းကို   ““ကျွန်တော်တို့ ရုံးကိုတော့ ဆက်သွယ်မှု မရှိသေးဘူး။ ဥရောပသမဂ္ဂနဲ့ ဆိုင်တော့ဆိုင်မယ် မထင်ဘူး။ ဥရောပသမဂ္ဂတို့မှာ တူရကီတို့ပါတော့ ပြောလို့တော့ မရဘူးပေါ့။ သူတို့က အင်အား ဖြန့်ကြက်ထားတဲ့ အခါကျတော့ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ထုတ်ထားတဲ့ ကြေညာချက် အပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိဘူးဆိုရင် အခုလောလောဆယ်ဆယ် စမ်းချောင်း ဗဟိုလမ်းမှာ ယာယီရုံးခန်း ရှိပါတယ်။ လာရောက် မေးမြန်း စုံစမ်းနိုင်ပါတယ်””ဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့မှ ဇူလိုင် ၄ ရက်တွင် ““OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ ရယူနေသည့် သတင်းမီဒီယာများ၏ တစ်ဖက်စောင်းနင်း ရေးသားမှုများကို အစိုးရမှ စိစစ် ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း”” ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ခဲ့သည်။


OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ် အရေးယူ သွားပေး ရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲမင်းဦးက ဇူလိုင် ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇူလိုင် ၄ ရက်က OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေး ထောက်ပံ့ ရယူနေသည့် သတင်း မီဒီယာများကို အစိုးရမှ စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

““အဓိကကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်ဖက်စောင်းနင်းပေါ့နော်။ လူမျိုးခြားတွေပေါ်မှာ အသားပေးပြီး ဖော်ပြတတ်တဲ့ ကိုယ့်လူမျိုးတွေ ခံနေရတာကို အမှန်အတိုင်း မဖော်ပြနိုင်တဲ့ မီဒီယာတွေ ပေါ်ပေါက်နေပြီလေ။ ဒါကို လက်ရှိမှာလည်း အချက်အလက် စုဆောင်းတုန်း ကာလဖြစ်တယ်။ အွန်လိုင်း မီဒီယာရော၊ ပုံနှိပ်မီဒီယာရော ၄၊ ၅ ခု တွေ့ထားတယ်။ ဒါကို ပြည်ထောင်စု အစိုးရအဖွဲ့က စိစစ်ဖော်ထုတ် ပေးရမယ့် တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ တိုက်တွန်း တောင်းဆိုတာ ဖြစ်တယ်။ ဘယ်မီဒီယာဆိုတာ ကျွန်တော်တို့က အမည်နာမတပ်ပြီး ဖော်ပြနေစရာ မလိုတော့ ယေဘုယျ သဘောအနေနဲ့ ကြေညာချက် ထုတ်တာပါ””ဟု ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မိမိတို့ အဖွဲ့အနေဖြင့် သုတေသန ပြုလုပ်ချက်များအရ ယင်းသို့ ရေးသားသော သတင်းမီဒီယာ ၅ ခုခန့် ရှိကြောင်း၊ မည်သည့် မီဒီယာ ဖြစ်သည်ကို အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် ရယူပြီးမှ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရေးသားသော သတင်းမီဒီယာများကို စောင့်ကြည့်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ စိစစ် အရေးယူရန် တင်ပြမည်ဖြစ်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့မှ အရေးယူ၊ မယူ ဆိုသည်ကိုလည်း စောင့်ကြည် အဖွဲ့ အတိုင်းအတာနှင့် ညီအောင် စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာ မျိုးသန့်တင်က ““ဆရာတို့ကတော့ ကျင့်ဝတ်ကိုပဲ အခြေခံတယ်လေ။ ကျင့်ဝတ်နဲ့မီဒီယာ ဥပဒေအပေါ်မှာပဲ အခြေခံပြီးတော့ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် တစ်ဖက်က ဒီလိုတော့ ဖြစ်နေပြီဆိုပြီး အသိပေးတယ်ပေါ့။ အသိပေးရင် လုပ်ထုံးလုပ်နည်း အရတော့ ဟိုဘက်က သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆရာတို့ကခေါ်ပြီး ညှိတယ်။ နှစ်ဖက်စလုံး ညှိလို့မရဘူးဆိုရင်တော့ သူတို့ဘာသာသူတို့ တရားရုံး တက်ကြပေါ့။ ဆရာတို့ကတော့ ကြေညာချက် ထုတ်နိုင်တဲ့ အပိုင်းပဲရှိတယ်။ အရေးကြီးရင်တော့ ချက်ချင်း ထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်””ဟု ၎င်းက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် လူအင်အား ၂၀ ခန့် ပါဝင်ခြင်းဖြစ်ပြီး ကိုရဲမင်းဦးမှာ ယခင်က မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်မည့်ကိစ္စအား ဆန့်ကျင် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင် ခဲ့မှုဖြင့် ဗဟန်း၊ သာကေတနှင့် ကျောက်တံတား ရဲစခန်းတို့မှ အမှုဖွင့် အရေးယူခဲ့ဖူးသည်။ 
 
From:ME

www.mmdailystar.com

အတိုက်အခံ အုပ်စုတွေဟာ … တိုင်းပြည်အပေါ် တကယ်ပဲ စေတနာ စစ်ပါရဲ့ လား …


ဒီမိုကရေစီ ကို ….
တကယ် အူလှိုက်သည်းလိုက် ….
နှစ်ခြိုက် လိုက်နာကျင့်ကြသုံးတဲ့  နိုင်ငံကြီးတွေက ….
အဓိက အတိုက်အခံ ပါတီတွေ ရဲ့  ….
အရေးအကြီးဆုံး လုပ်ဆောင်ချက် တစ်ခုကတော့ ….
Shadow Government လို့ တင်စားခေါ်ဝေါ်ကြတဲ့  ….
လက်ရှိ အာဏာရ အစိုးရ ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ….
မျက်ခြေမပြတ် တောက်လျောက် ….
လိုက်လံစောင့်ကြည့် ထောက်ပြနေတဲ့  …
လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်…

အတိုက်အခံ ပါတီကြီးတွေဟာ …
အစိုးရ အဖွဲ့ နည်းတူ ၀န်ကြီးဌာနများ …
အစိုးရ အဖွဲ့ ရဲ့ ပရောဂျက်ကြီးများ ကို …
လေ့လာစောင့်ကြည့်တဲ့ ကော်မတီ များကို ….
စနစ်တကျ ဖွဲ့ စည်းထားရှိပြီး …
လက်ရှိ အစိုးရအဖွဲ့  ရဲ့  …
မူဝါဒ .. သဘောထား …
လုပ်ငန်းဆောင်ရွက်ချက်တွေကို ....
အနီးကပ် မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရူနေကာ ….
လိုအပ်တဲ့  အရေးယူဆောင်ရွက်မှုများကို …
တောက်လျောက် ပြုလုပ်နေလေ့ ရှိပါတယ်….

ဒီလိုမျိုး ဆောင်ရွက်လေ့ရှိတဲ့ အတွက် …
ရရှိလာတဲ့  အကျိုးကျေးဇူးတွေကတော့ …

အစိုးရ ပရောဂျက် တွေမှာ ...
မသမာ ခြစားမှုတွေ လျော့နည်းသွားခြင်း …

မအောင်မြင်တဲ့  စီမံကိန်းတွေကို ….
ဆက်ပြီး ဖုံးကွယ် ….
ကြိတ်မှိတ် လုပ်နေတာမျိုး လုပ်လို့ မရနိုင်တော့ဘဲ …
အချိန်မီ ရပ်ဆိုင်းဖို့ စီစဉ်ဆောင်ရွက်နိုင်ခြင်း …

လူထုရဲ့  ယုံကြည်ကိုးစားမှုကို ပိုတိုးလာစေခြင်း ….

ဘယ်ပါတီပဲ အစိုးရ ဖြစ်ဖြစ် …
ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တဲ့  …
စီမံကိန်းများ လုပ်ငန်းစဉ်များ ကို ….
စဉ်ဆက်မပြတ် ထဲထဲ ၀င်ဝင် ….
သိရှိနားလည်ပြီးသား ဖြစ်စေခြင်း ….

မိမိ ပါတီဝင်များ ရဲ့ အုပ်ချုပ်မှုစွမ်းရည် နဲ့ …
ကိုယ်ရည်ကိုယ်သွေး ကို လေ့ကျင့်မြှင့်တင်ပေးရာ ရောက်ခြင်း ….
စတဲ့  အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ် …

အရေးအကြီးဆုံး သတိပြုရမယ့် အချက်ကတော့ …
Shadow Government ဆိုတာသည် ….
Anti Government မဟုတ်ဘဲ …
တိုင်းပြည်အတွက် ….
အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့  လုပ်ငန်းစဉ်တွေမှာ …
မသမာ ခြစားမှုတွေ လျော့နည်းပြီး …
လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်ချောမွေ့ စေဖို့  …
ဥပဒေ ဘောင်အတွင်း ကနေ …
ဟန်ချက် ထိန်းညှိ …
တောက်လျောက် စောင့်ကြပ်ကြည့်ရူ ….
ထောက်ပြနေတဲ့  စနစ်တစ်ခုသာ ဖြစ်တယ် …
ဆိုတဲ့  အချက်ပါပဲ …

ဥပမာ ဆိုရရင် …
Shadow Government ရဲ့  …
ကျန်းမာရေး ဆိုင်ရာ စောင့်ကြည့်မှု ကော်မတီဟာ …
လက်ရှိ အစိုးရ အဖွဲ့  ….
ကျန်းမာရေး ၀န်ကြီးဌာန ရဲ့  ….
စားရိတ်မျှပေး ကျန်းမာရေး စနစ်က …
အောင်မြင်မှု ရှိ မရှိ …
မအောင်မြင်ရင်လဲ တစ်ပြည်လုံးမှာ …
ဘယ်မြို့ နယ်မှာ မအောင်မြင်ဘူး ….
ဘာကြောင့် မအောင်မြင်ဘူး…
ဘယ် စီမံချက် ကတော့ ….
ဘယ် မြို့ နယ်တွေမှာ ဘယ်လိုဖြစ်နေတယ် …
စသဖြင့် တိတိကျကျ အချက်အလက်တွေ နဲ့ …
မှတ်တမ်းတင် စောင့်ကြည့်ထောက်ပြနေတဲ့  …
စနစ်မျိုးပဲ ဖြစ်ပါတယ် …

ဒါဟာ ...
တိုင်းပြည် အလျှင်အမြန် ဖွံ့ ဖြိုးတိုးတက်လာစေဖို့ နဲ့ ….
မသမာ ခြစားမှုတွေ လျော့ပါးသွားဖို့  …
မရှိမဖြစ် အရေးတကြီး လိုအပ်နေတဲ့ …
လုပ်ငန်းစဉ် တစ်ခုလို့  …
ကျွန်တော် ယုံကြည်ပါတယ် ….

ဘာမှ အရေးမကြီးတဲ့ ….
ဘားမား နဲ့  မြန်မာကို ပုံကြီးချဲ့ နေတာမျိုး …
တရားဥပဒေ စိုးမိုးရေးက အရမ်းအရေးကြီးပါတယ်လို့  …
ကြက်တူရွေး စာအံသလို ...
တတွတ်တွတ် ရွတ်နေတာမျိုး ….
ဒီမိုကရေစီ အပြည့်အ၀ မရသေးလို့  …
ရင်းနှီးမြုပ်နှံမှုတွေ အရမ်း မလုပ်ကြပါနဲ့ အုန်းလို့  ….
ကမ္ဘာပတ် အော်နေတာမျိုးထက် စာရင်တော့ …
အတိုက်အခံ ပါတီ အနေနဲ့  ….
တိုင်းပြည်အတွက် ပို အလုပ်ဖြစ် …
ပို ခရီးရောက်မယ့် ….
နိုင်ငံရေး ဆောင်ရွက်ချက်မျိုးတွေ ကို ….
လုပ်ဆောင်နိုင်မလားလို့  ....
ကျွန်တော်တို့ မျှော်လင့်ခဲ့ မိတာ အမှန်ပါပဲ …

ပြီးခဲ့တဲ့  သုံးနှစ်တာ ကာလအတွင်းမှာ ….
အတိုက်အခံ ပါတီကြီးရဲ့  ….
လွှတ်တော်တွင်း နဲ့  ….
လွှတ်တော် ပြင်ပ ဆောင်ရွက်ချက်တွေဟာ …
ပါတီငယ်လေးတွေက အမတ်တွေလောက်တောင် …
လှုပ်ရှားမှု ... အောင်မြင်မှု ရှိခဲ့ပါသလား…?

ကျွန်တော်တို့  တကယ် လိုအပ်နေတာ …
စွမ်းရည် ထက်မြက်တဲ့  နိုင်ငံရေးပါတီ ဖြစ်ပါတယ် …
လူမှု ကူညီရေးအသင်း မဟုတ်ပါဘူး …
အခုကတော့ …
ဘာ ကွန်ယက် ညာ ကွန်ယက်တွေ ....
ဘာလက်မှတ် ညာလက်မှတ်တွေ နဲ့  ….
ဘာမှန်း ညာမှန်းမသိ ...
ရှုပ်ရှက်ခတ် အချိန်ကုန် နေတာပဲ မြင်မိပါတယ် …

အဓိက အတိုက်အခံပါတီကြီးဟာ ....
လက်ရှိ အစိုးရ ရဲ့  စီမံကိန်းတွေ ….
လုပ်ငန်း ဆောင်ရွက်ချက်တွေ ကို …
စည်းလွတ် ၀ါးလွတ် …
ဥပဒေဘောင် အပြင်ဖက်က ….
လုပ်ချင်တာ လုပ်လို့ မရအောင် …
အချက်အလက် တိကျခိုင်မာတဲ့  ….
ပြတ်ပြတ်သားသား ထောက်ပြမှုတွေ နဲ့  အတူ …
တောက်လျောက် ဟန်ချက်ထိန်းညှိ ….
စောင့်ကြည့် Monitoring လုပ်နေတာမျိုး ကို …
ကျွန်တော်တို့ လိုချင်ပါတယ် ….

ဒီမိုကရေစီ စနစ်ဟာ …
သက်ဦးဆံပိုင် ဘုရင်စနစ် မဟုတ်ပါဘူး…
အကြွင်းမဲ့  အာဏာကို လဲ …
ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး …

ကိုယ် လက်ရှိ ရလာတဲ့  …
ရောက်လာတဲ့  အနေအထားမှာ …
တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် …
ဆောင်ရွက်ပြတာကို …
စေတနာ အစစ် လို့  …
ကျွန်တော်တို့  သတ်မှတ်ချင်ပါတယ် …

အတိုက်အခံ အုပ်စုတွေဟာ …
တိုင်းပြည်အပေါ် တကယ်ပဲ စေတနာ စစ်ပါရဲ့ လား …

ပါတီ တစ်ခု လူတစ်ယောက်ကို ….
ဝိုင်းဝန်း ထောက်ခံကြတာသည် …
တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို …
အကောင်အထည်ဖော် ….
ဆောင်ရွက်ပေးနိုင်မယ် ထင်လို့  ဖြစ်ပါတယ်…

တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ဆိုတဲ့  အထဲမှာ …
စတိတ်စင် ထိုးပြီး .....
အစိုးရ လုပ်သမျှကို
မြင်းအီးပေါက် သလို …
တတွတ်တွတ် တတေတေ …
ထိုင်အပြစ်တင်ပြီး….
နိုင်ငံရေး အမြတ်ထုတ်နေတဲ့  အလုပ်မျိုး မပါဝင်ကြောင်း ….
ထပ်လောင်း သတိပေး ...
နိုးဆော်အပ်ပါတယ် ခင်ဗျား....

( အတိုက်အခံတို့ ရဲ့  ရှဲဒိုး ရဲမိုး )
 
From:Ye Moe

www.mmdailystar.com

မလေးရှားခရီးသည်လေယာဉ် MH 17 ပစ်ချခံရမှုအပေါ် အမေရိကန် သမ္မတ အိုဘားမား၏ ချက်ချင်းတုန့်ပြန်ချက်

မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင် ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ရောက်ရှိနေခိုက်တွင် လေယာဉ်ပျက် သတင်းကြားရသည့်အတွက် ယခုကဲ့သို့ ပြောခြင်းဖြစ်ပါသည်။

‘‘ဘာဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာသိရဖို့အတွက် လိုအပ်တဲ့အကူအညီတွေကိုပေးသွားမယ်’’ဟု သမ္မတအိုဘားမားက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဂျန်ဇာကီက မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ယူကရိန်းရှိ အမေရိကန်သံရုံးက ယူကရိန်းအစိုးရအာဏာပိုင်များနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဒုတိယသမ္မတဂျိုးဇက်ဗိုက်ဒင်ကလည်း ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုနှင့် သီးခြားစကားပြောကြားပြီး လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို သိရှိရန် အမေရိကန်ကကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ယူကရိန်းအစိုးရက ရုရှားနိုင်ငံက အထောက်အပံ့ပေးထားသည့် ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များကို စွပ်စွဲထားသည်။ သူပုန်တပ်များကလည်း ယူကရိန်းအစိုးရကို စွပ်စွဲခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ စစ်သွေးကြွများကို လက်နက်ငွေကြေးထောက်ပံ့မှုအတွက် အမေရိကနှ်င့် အီးယူဥရောပသမဂ္ဂတို့က ဇူလိုင် ၁၆ ရက်က ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ မလေးရှားလေယာဉ်မှာ ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းဖြစ်သည်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကလည်း လေယာဉ်ပျက်ကျသည့်အကြောင်း အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့တော် လွှတ်တော်သို့ အတည်ပြုပေးခဲ့သည်။

‘‘အပြစ်မဲ့သူတွေ အများကြီးသေရတယ်။ တုန်လှုပ်စရာပါပဲ။ ကျွန်တော်တို့အဖြစ်အပျက်အမှန်တွေကိုသိရအောင် စောင့်နေပါတယ်။ အခုအချိန်မှာတော့ သွားလေသူတွေနဲ့ သူတို့မိသားစုတွေအတွက် ဆုတောင်းပေးရအောင်ပါ’’ဟု အိုဟိုင်းပြည်နယ်လွှတ်တော်အမတ်ဂျွန်ဘိုနာက ပြောကြားခဲ့သည်။

(ကိုးကား- CNN, ABC, AP)

From: 7Day Daily

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...