Sunday, 20 July 2014

မီဒီယာ စောက်သရမ်း လူမှုဝန်ထမ်းကို စော်ကားလေပြီ


ဟဲ့ ဝေဠုကျော် ငါ့နာမည် လေးလေးမွန် ပါ.
======================================

လူအလုပ်လူလုပ် ခွေးအလုပ်ခွေးလုပ်ပါ မင်းသား ဝေဠုကျော်
ဒီနေ့တော့ အာဇာနည်နေ့မှာ မင်းသားဝေဠူကျော် အကြောင်းပြောချင်ပါတယ်.
DVB သတင်းထောက်ကဒ် နင်ပြခိုင်းတဲ့အတွက် နင်လို ကြက်ခြေနီအင်္ကျီ ဝတ်ပြီး မတန်မရာ သတင်းထောက်ကဒ်ပြခိုင်းတဲ့ လုပ်ရပ်ကို ခွေးအလုပ် ခွေးလုပ်လိုက်တယ်လို့ပဲပြောချင်တယ်

လူပါးဝလို့ အာဇာနည်ကုန်းပေါ်မှာ ပြောခဲ့လိုက်ပါတယ်.
အာဇာနည်ကုန်းမှာ ကြက်ခြေနီ အင်္ကျီဝတ်ပြီး ပြည်သူတွေကို အော်နေတဲ့
အကောင်ကို ကျမကဒီနေရာကနေ အသိပေးတယ်

MPC မှာ သမ္မတနဲ့ တွေ့ပြီး လက်ဆွဲနှုတ်ဆက် ဧက ၂၀ကျော် မြေရပြီး မေမြို့မှာ အနုပညာစင်တာဆောက်ခွင့်ရတာနဲ့ ခွေးလိုလာမကိုက်နဲ့
ဒေါ်စုနဲ့တွေ့ရင် အမေဆိုပြီး ကုန်းကန့်တော့
သမ္မတနဲ့တွေ့တော့ အဘဆိုပြီး ဘောမ
မီဒီယာကိုတွေ့တော့ ခွေးလိုလာမကိုက်နဲ့ နင့်ကိုသနားတယ်

သမိုင်းရှိမှ သွေးရှိမှ လူပါးဝပါ.

နေ့လည် ၁၁နာရီလောက်မှာ မိုးသည်းလာတဲ့အတွက် ပြည်သူတွေမဝင်ရလို့ ရုန်းရင်းဆန်ခတ်ဖြစ်နေလို့ အာဇာနည်ကုန်းအတက်မယ့်လမ်းမှာ ကျမရဲ့ သတင်းထောက်ကဒ် ကြိုးပြတ်သွားပြီး ပျောက်သွားခဲ့ပါတယ်.

အဲ့ဒီအတွက် လုံခြုံရေးရဲ ဝန်ထမ်းကောင်းတဲ့ လူငယ်တစ်ချို့ က ကျမကို ပြန်တွေရင် ဖုန်းဆက်မယ်လို့ ကူညီပါတယ်.
ကျမ အာဇာနည်ကုန်းပေါ်ရောက်ချိန်မှာ ပြည်သူတွေတန်းစီ တက်နေ ပုံ ၊ အလေးပြုနေပုံတွေကို ရိုက်ကူးနေတာပါ.

မင်းသားဝေဠုကျော်က ကြက်ခြေနီအင်္ကျီနဲ့ ပြည်သူတွေကို အလေးပြု ပြီး ပြန်ဆင်းဖို့ စိတ်မရှည်စွာအော်နေပါတယ်.

ကျမ သူ့ကို မင်းသားမှန်း မမှတ်မိသေးပါဘူး

ပြည်သူတွေနောက်တစ်သုတ်မတက်မှီမှာ ကျမတို့ ရုံးက DVB စတူဒီယို အခန်းမှာ လုပ်တဲ့ မောင်လေး ၂ယောက်က ဒီနေ့နားရက်ဖြစ်လို့ သက်သက်လာပြီး အလေးပြုပါတယ် ကျမကလည်း တကိုယ်လုံးမိုးရေတွေရွှဲနေလို့
နှစ်တိုင်း ရေရွှဲပြီး ပြန်ခဲ့ရတာကြောင့် အမှတ်တရ ပုံလေး ရိုက်ဖို့ ကျမ မောင်လေး ၂ယောက်ကို အကူအညီတောင်းချိန်မှာ

မင်းသားဝေဠုကျော်က ကျမကို ခင်ဗျား ဆင်းပါတဲ့

ကျမ က သတင်းရိုက်ကူးနေတဲ့ သူပါလို့ ပြောတော့

မင်းသားဝေဠုကျော်က ကြက်ခြေနီအင်္ကျီ ဝတ်ထားပြီး ကျမကို သတင်းထောက်ကဒ် ပြပါတဲ့

ကျမလည်း အဲ့အထိကောင်းကောင်းဖြေပါတယ်

ကျမ ကဒ် လူတွေနဲ့တိုးပြီး ပျောက်သွားတယ် ကိုဝေဠုရေ လို့ ပြောတော့

အဲ့ဒါတော့မတတ်နိုင်ဘူးတဲ့ ဆင်းပါတဲ့

အဲ့တော့မှ ကျမလည်း

နင်ရုပ်ကို ငါတို့အမြဲရိုက်လာတဲ့ DVB သတင်းထောက်

ဒီနေရာမှာ ငါက လာလိမ်စရာမလိုဘူး

နင်က န ဝ တ ထက်တောင်ကြောက်ဖို့ ကောင်းနေတဲ့ မင်းသားဝေဠုကျော်ပါလား

လို့ပြောပြီး ကျမအလုပ် ကျမဆက်လုပ်ခဲ့တယ်

အမှန်ကျမကို လုံခြုံရေး ရဲဝန်ထမ်းတွေကတောင် ကူညီနေတာပါ.

သူလို့ အကောင် ကြက်ခြေနီအင်္ကျီဝတ်ထားပြီး သတင်းထောက်ကဒ်ပြပါ

ဆိုလို့
လုပ်ပိုင်ခွင့်ဘာများရှိလို့ သူ့လိုအကောင်က မီဒီယာကို လာစော်ကားတာလဲ

MPC မှာ သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ချိန် မှာ မီဒီယာတွေ ဆန္ဒပြခဲ့တာကို

ဒီအကောင်က လာညှိုးသလို လုပ်တဲ့အတွက် ကျမက လည်း အာဇာနည်ကုန်းမှာလည်း တန်အောင်ပြောခဲ့တယ်.
Facebook ကနေလည်း သိအောင်ပြောပါတယ်


=================================================

မြန်မာနိုင်ငံမှာ ဂျာနယ်လစ်ဆိုတာနဲ့အခွင့်ထူးခံလူတန်းစားလိုလို  မာန်တတ်နေပြီး ပြည်သူကိုပါမကျန် စော်ကား  မိုက်ရိုင်းစွာပြောဆိုတတ်တဲ့မီဒီယာတွေပါ  ။


www.mmdailystar.com

ရေမြောင်းထဲတွင် ၁၀ ရက်တိတိ ညအိပ်ခဲ့ရသည့် မောင်နှမ ၂ ဦးကို ကယ်တင်နိုင်ခဲ့

ဦးအောင်ဇော်လတ်နှင့် ဒေါ်ဝါဟု ဆိုသောမိဘနှစ်ဦးတို့မှာ တာချီလိတ်မြိ့၊ မြို့မ သင်္ချိင်းနားမှာတဲအိမ်ငယ်တစ်လုံးဆောက်ပြီး(၁၀)နှစ်အရွယ်သမီးလေးမေသဇင်
နှင့်(၆)နှစ်အရွယ်သားလေးမောင်သတိုးစောတို့နှစ်ဦးနှင့်အတူတူနေ
ထိုင်ကြသည်ဟုသိရပါသည်၊

(၁-၇-၂၀၁၄)ရက်နေတွင်ဦးအောင်ဇော်လတ်နှင့် ဒေါ်ဝါတို့မှာလင်မယားနှစ်
ယောက်လုံးကျန်းမာရေးမကောင်း၍မယ်ဆိုင် ဆေးရုံသွားတက်မည်ဟုပြော
သွားပြီး အဖေနဲ့အမေသေသွားခဲ့ပါက ဘယ်မှမသွားနဲ့အိမ်မှာပဲနေလို့
သမီးကြီးကိုပြောထားခဲ့တယ်ကြောင်းသမီးကြီးမမေသဇင်မှပြောပြပါသည်၊

မိဘတွေပြန်မလာတော့ ကလေးနှစ်ယောက်မှာ ဘုန်းကြီးကျောင်းတွေသွားပြီး ထမင်းတောင်းစားတယ်၊ညပိုင်းအိပ်ချိန်ရောက်တော့ ရွှေတိဂုံဘုရားကုန်းတော်
ခြေရင်းရေမြောင်းထဲတွင်အိပ်နေရတာခုဆိုရင်(၁၀)ရက်ရှိပါပြီ၊

မိုးရွာလာရင်တော့ မောင်နှမနှစ်ယောက်ဘုရားကုန်းတော်ပေါ်တက်အိပ်ရတယ်
နက်ဖြန်ဝါဆိုလပြည့်နေ့ဆိုတော့ယနေ့ညဘုရားကုန်းတော်မှာအစောကြီးပိတ်
လိုက်လို့ ယာမြေကုန်းရပ်ကွက်ထဲကိုရောက်လာကာ ဈေးဆိုင်တစ်ဆိုင်တွင် တီဗွီဝင်ကြည့်နေကြတာပါည(၉)နာရီ(၃၀)မီးနစ်လောက်မှာဆိုင်ရှင်မှကလေး
နှစ်ယောက်အားသတိထားမိသွား၍မေးကြည့်ရွာားလာနေထိုင်စရာမရှိကြောင်း
သိလိုက်ရသည့်အခါ ရပ်ကွက်တွင်းမှလူများဝိုင်းအုံလာကာ ဟိုလူကမွေးစားမယ်
ဒီလူကမွေးစားမယ်နဲ့ မျိုးစုံပြောဆိုနေကြချိန်မကာဟိုခမ်းရပ်ကွက် အဖွဲ့ဝင် ဦးစိုးကျော်အောင် ရောက်ရှိလာပြီးမဇ္ဈိမလူမှုကူညီရေးအသင်းအတွင်းရေးမှူ
ဒေါ်သန်းသန်းဋ္ဌေးထံ အကူအညီတောင်းလာပါသဖြင့်ဒေါ်သန်းသန်းဋ္ဌေးမှ
ချက်ချင်းသွားရောက်ကြည့်ရှုကာမဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင့်ဆွေထံ
သတင်းပို့အကြောင်းကြားလိုက်ပါသည်၊

ဦးတင့်ဆွေနှင့်ဦးနေမျိုးတို့ချက်ချင်းရောက်ရှိလာပါ၍ မကာဟိုခမ်းရပ်ကွက် အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်မဇ္ဈိမလူမှုကူညီရေးအသင်းအတွင်းရေးမှူ
ဒေါ်သန်းသန်းဋ္ဌေးတို့မှအကြောင်းစုံရှင်းပြကြပါသည်၊

ထို့နောက်ကလေးနှစ်ယောက်အားဦးတင့်ဆွေမှသေသေချာချာမေးမြန်းကြည့်ပြီး
သောအခါ မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်တိုင်ပင်ကာ
မဇ္ဈိမလူမှုကူညီရေးအသင်းရုံးခန်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။

ဦးတင့်ဆွေ
ဥက္ကဋ္ဌ
မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)
From:

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...