Monday, 21 July 2014

ဂါရ၀ပြုသူများ အဆင်ပြေရေးကို ဦးစားပေးခဲ့ခြင်းဖြစ်ပြီး ဘယ်မီဒီယာကိုမှ စော်ကားလိုစိတ်မရှိဟု ဝေဠုကျော်ပြော

အာဇာနည်နေ့တွင် အာ ဇာနည်ကုန်း အလေးပြုသောနေ ရာ၌ ကြက်ခြေနီအဖြစ် တာဝန် ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့ က တောက်ကဆဖြစ်ခဲ့ပြီး ၎င်းအ နေဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစား ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။

အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီး ပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး သတင်းထောက် ကတ်ပြခိုင်းခဲ့ရာ သတင်းထောက် က မကျေနပ်သဖြင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အ ကြောင်းအရာကို ရေးတင်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ ၀ပြုသည့် ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကို သာ ဦးစားပေးဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။

‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ် သူလဲဆိုတာလည်း ကျွန်တော် မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီသတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူ ကတ်ပြားပြလို့ သတင်း ယူမယ်ဆိုရင် ယူခွင့်ပေးရမှာ လေ။ သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူး လေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်တာတော့ ကျွန် တော်လည်း မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။

မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွား ရောက်ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။

ကြက်ခြေနီတစ်ဦးအနေ ဖြင့် နိုင်ငံတော်ပွဲတိုင်းတွင် ပါ ၀င်လေ့မရှိသော်လည်း အာဇာ နည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အ ဆင်ပြေပြေ ဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြော သည်။

ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီအဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့် စည်းရုံးရေးမှူး တာဝန် ထမ်းဆောင်လျက်ရှိ သည်။

From: 7day

www.mmdailystar.com

ယောင်္ကျားလျာ စိတ် ပေါက်နေတဲ့ နာမည်ကြီး မင်းသမီးများ


တစ်ယောက်တည်း ပရိသတ်ရှေ့ ထွက်လာတဲ့အချိန်တိုင်းမှာ ယောက်ျားလေးဆန်ဆန် ထွက်လာတတ်တဲ့ နာမည်ကြီး လေဒီတွေက ကျွန်ုပ်တို့ကို တစ်ခါတစ်ရံ သို့လောသို့လော ဒွိဟဖြစ်စေပါတယ်။ ဒီကောင်မလေးတွေရဲ့ စိတ်ကို မှန်းကြည့်ရတာ ယောက်ျားလေးဆန်တဲ့စိတ်မျိုး ဖုံးလွှမ်းနေတယ်လို့ ထင်ရပါတယ်။

အားလုံးသိတဲ့အတိုင်း အခုအမျိုးသမီးတွေက အားကစားဝတ်စုံ ၊ ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျံတွေကို ပါတီပွဲတက်ဝတ်စုံတွေထက် နှစ်သက်နေကြပါတယ်။ နှလုံးသားထဲ tomboy စိတ် ကိန်းအောင်နေတဲ့ ဒီ နာမည်ကျော် အမျိုးသမီးတွေကိုလည်း လေ့လာကြည့်ပါဦး။

(၁) Paris Hilton



သူဌေးမလေး Paris ဟာ ဟော်ကီ ၊ ဘတ်စကတ်ဘောနဲ့ ရွတ်တပ်လှိုင်းစီးတာတွေကို နှစ်သက် ပြုလုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်တွေကို ချစ်တတ်သလောက် ငါးမျှားတာကိုလည်း ၀ါသနာကြီးပါတယ်တဲ့။ ဒီကောင်မလေးရဲ့ စိတ်သဘောကတော့ လုံးဝကလေးဆန်တဲ့ tomboy လေးပါပဲ။

(၂) Kira Knightley



အင်္ဂလိပ်လူမျိုး သရုပ်ဆောင်ကတော့ ဘယ်တော့မဆို ကြည့်လိုက်ရင် မိန်းမဆန်တဲ့ စကတ်ဆိုတာထက် ယောက်ျားလေးရှပ်အင်္ကျံနဲ့ပဲ တွေ့ရတတ်ပါတယ်။ သူမရဲ့ ဆယ်ကျော်သက်အချိန်တွေမှာ တုန်းက စကတ်ဝတ်ရတာ မုန်းပြီး ယောက်ျားလေးတစ်ယောက်လိုပဲ ၀တ်စားဆင်ယင်ခဲ့ပါတယ်လို့ ၀န်ခံခဲ့ ဖူးပါတယ်။ ဂါဝန်တွေ ၊ ပွဲတက်ဝတ်စုံတွေ ၀န်ထားရင်တောင် သူမကို ကြည့်ရတာတောင် ယောက်ျားလေးနဲ့ တူနေပါသေးတယ်။

(၃) Emily Blunt



“Looper” သရုပ်ဆောင် Emily Blunt ကတော့ ငယ်စဉ်ကတည်းက အရုပ်မလေးတွေနဲ့ ဆော့ရမယ့် အစား ယောက်ျားလေးတွေနဲ့ ဘောလုံးသာ ကန်ခဲ့သူပါတဲ့။ ပြီးတော့ ပန်းရောင်ကို မကြိုက်နှစ်သက်တတ်ဘဲ ဘယ်တော့မှလည်း မင်းသမီးလေးတစ်ပါးအဖြစ် စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး။ သူမရဲ့ မိခင်က ပန်းရောင် ၀တ်ခိုင်းရင် စိတ်အလိုမကျဘဲ လွှင့်ပစ်လေ့ရှိပြီး သူမဟာ မိန်းမဆန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်မှာမဟုတ်ဘူးလို့လည်း ၀န်ခံခဲ့ပါတယ်။

(၄) Janet Jackson



သူမကတော့ သက်သောင့်သက်သာ ရှိမှုကို ပြောထားပါတယ်။ အခုနောက်ပိုင်း ပွဲတက်ဝတ်စုံတွေ ၀တ်လာတတ်ပေမယ့် ယောက်ျားဆန်တဲ့ အ၀တ်တွေက သူမကို ပိုပြီး သက်သောင့်သက်သာ ရှိစေပါတယ်တဲ့။ Jackon ဟာ လူမြင်ကွင်းထဲ ထွက်ရမယ်ဆိုရင်တော့ သူမရဲ့ ကိုယ်ပိုင်စတိုင်ကို လိုက်နာလေ့ရှိပြီး တစ်ကိုယ်တည်းဆိုရင်တော့ ဂျင်းတွေ ၊ တီရှပ်တွေကိုပဲ ၀တ်ပါတယ်တဲ့။

(၅) Britney Spears



ပေါ့စတားရဲ့ ဇာတ်လမ်းအစစ်ကတော့ သူမက စတိုက်ကျကျ ၀တ်စားပြီး အပြင်ထွက်ရတာထက် ဂျင်းတွေ ရှပ်တွေနဲ့ အပြင်ထွက်ရတာ ပိုသဘောကျပါတယ်တဲ့။ အပြင်သွားမယ်ဆိုရင်လည်း မိတ်ကပ်တွေ ၊ ဆံပင်တွေ ပြင်ဆင်ထုံးဖွဲ့ပြီး သွားတာမျိုး သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။

(၆) Kristen Stewart



၂၀၁၂ MTV Movie ဆုပေးပွဲမှာတောင် ဒေါက်ဖိနပ်နဲ့ ဆုတက်မယူနိုင်ဘဲ Converse sneakers တစ်ရံနဲ့သာ တက်ရောက်ခဲ့သူပါ။ သူမရဲ့ နှလုံးသားထဲက အမှန်တကယ် နှစ်သက်တဲ့ အသွင်အပြင်က ယောက်ျားလေးပုံပါ။ ဂျင်းတွေ ၊ ရှပ်အင်္ကျံ အပြဲအစုတ်တွေနဲ့ စတိုင်ကို မိုက်တယ်လို့ထင်ပြီး နှစ်သက်ပါတတ်ပါတယ်။

(၇) Megan Fox



Megan Fox ရဲ့ ငယ်ဘ၀ ကစားဖော် အိမ်နီးချင်းတွေက ယောက်ျားလေးတွေပဲ ဖြစ်ပြီး မိန်းကလေး သူငယ်ချင်းဆိုလို့ ရှားရှားပါးပါး တစ်ယောက်သာ ရှိခဲ့ပါတယ်။ ယောက်ျားတွေလို ပြုမူပြောဆိုတတ်ပြီး ယော်ကျားလေးအသုံးအဆောင်တွေကိုပဲ

 နှစ်သက်လေ့ရှိတဲ့ သူမဟာ အခုအချိန်ထိလည်း အနီးအနားမှာ အမျိုးသမီးတွေထက် အမျိုးသားအပေါင်းအဖော်တွေသာ ပိုများနေလေ့ ရှိပါတယ်။

(၈) Rihanna



အဆိုတော်ဟာ ယခင်တုန်းက သူမရဲ့ ပြားချပ်တဲ့ ရင်သားတွေနဲ့ ခြင်ကိုက်ဖုတွေ ပြည့်နေတဲ့ အသားအရေနဲ့ ရည်းစားဆိုလို့ မူးလို့ရှုစရာတောင် မရှိခဲ့ပါဘူးတဲ့။ ဒါပေမယ့် သူမရဲ့ စတိုင်က ရှေးယခင် နှစ်တွေကလိုပဲ အခုထိလည်း tomboy ဆန်နေတုန်းပါပဲ။

Ref:mensxp.com

From:  Trend Myanmar

www.mmdailystar.com

သရဲ....တကယ်ရှိသလား

သင်ဟာ သရဲတွေတကယ်ရှိတယ်လို့ ယုံကြည်သူဆိုရင် သင်တစ်ဦးထဲသာ ယုံကြည်သူမဟုတ်ပါဘူး။ ၂၀၀၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လူထု အမြင်စစ်တမ်းကောက်ယူမှုအရ ၃၇ ရာခိုင်နှုန်းသော အမေရိကန်လူမျိုးများက သရဲခြောက်တဲ့အိမ်တွေနဲ့ ပတ်သက်ပြီး အယုံအကြည်ရှိကြပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံကတော့ သရဲတကယ်ရှိတယ်လို့  ယုံကြည်ကြပါတယ်။ကမ္ဘာမအနှ့ံလူသောင်းပေါင်းများစွာက မိမိတို့ ဝါသနာအရ သရဲကို တက်တက်ကြွကြွ လိုက်လံရှာဖွေကြပါတယ်။ Doubtful Newsblog မှ သုတေသန ပညာရှင် Sharon Hill ဟာ အမေရိကန်မှာ သရဲကို လိုက်လံရှာဖွေနေသူ ၀ါသနာရှင်များ ၂၀၀၀ကျော်ရှိတယ်လို့  ရေတွက်ပြောဆိုခဲ့ပါတယ်။

သရဲတွေဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ၀ီလျှံ ရှိတ်စပီးယားရေးသားခဲ့တဲ့ နာမည်ကြီး Macbeth ၀ထ္ထုကနေပြီး သမ္မာကျမ်းစာအထိ မရေတွက်နိုင်အောင်များပြားလှတဲ့ စာအုပ်ပေါင်းများစွာမှာ ပါဝင်ခဲ့ပြီး အလွန်လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သလို အမျိုးမျိုးသော သရဲနဲ့ သက်ဆိုင်တဲ့ ပါးစပ်ရာဇ၀င်တွေကို ပေါ်ပေါက်လာစေပါတယ်။ သရဲတွေဟာ ကမ္ဘာပေါ်မှာ မြင်တွေ့ ကြားသိရဆုံး သဘာဝလွန် ယုံကြည်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ သရဲတွေ တကယ်ရှိတယ်လို့  ယုံကြည်တာဟာ သေခါနီး တွေ့ ကြုံခံစားရတာတွေ၊ သေပြီးနောက် ဘ၀တွေကို ယုံကြည်တာ နဲ့ နာနာဘာဝ ၀ိညာဉ်တွေနဲ့  ဆယ်သွယ်တာကို ယုံကြည်တာ စတာတွေ အပါအ၀င် ယင်းနဲ့ဆက်စပ်ရာ သဘာဝလွန် ယုံကြည်မှုတွေ စုဆုံရာ ကွန်ယက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်ဆိုတဲ့ အချက်ဟာ ယင်းအကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

သေပြီးသားလူဟာ ၀ိညာဉ်အဖြစ်နဲ့ ကျွန်တော်တို့ နဲ့ အတူရှိနေသေးတယ်ဆိုတဲ့ အယူအဆဟာ ရှေးကျတဲ့ အယူအဆဖြစ်ပြီး မိမိချစ်ခင်တဲ့သူတွေ သေဆုံးသွားပြီးတဲ့အခါ မိမိတို့ အနားမှာမရှိတော့ဘူးဆိုတာကို မယုံကြည်ချင်တဲ့သူတွေ အဖို့  ဒါမှမဟုတ် ကျွန်တ်ာတို့ လိုအပ်တဲ့အချိန်မှာ ရှိနေစေဖို့ မျှော်လင့်နေတဲ့အခါ ကျေနပ်နှစ်သိမ့်မှုကို ပေးတဲ့ အယူအဆမျိုးပါပဲ။ကိုယ်ပိုင် အတွေ့ အကြုံကြောင့် သရဲတကယ်ရှိတယ်လို့ ယုံကြည်ကြပါတယ်။သူတို့ မရှင်းပြနိုင်တဲ့ တည်ရှိမှုတစ်ခုခုကို တွေ့ မြင်ခဲ့တာမျိုး အာရုံခံစားမိတာမျိုး ဖြစ်ပါတယ်။

သရဲများရဲ့ သိပ္ပံနည်းကျ နဲ့ ယုတ္တိတန်မှု

ကိုယ်တွေ့  အတွေ့ အကြုံဟာ အကြောင်းအရာ တစ်ရပ်ဖြစ်သလို သိပ္ပံပညာအရ သက်သေအထောက်အထားကလည်း အရေးကြီးတဲ့ အကြောင်းရပ်တစ်ခုပါပဲ။ သရဲတကယ်ရှိသလားဆိုတာကို ရှာဖွေထောက်လှမ်းမှုမှာ တွေ့ ရတဲ့ အခက်အခဲ တစ်စိတ်တစ်ပိုင်းကတော့ သူရဲ ဟာ ဘယ်လိုမျိုးဆိုတာကို အားလုံးက သဘောတူညီလက်ခံထားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုမှုမျိုး မရှိတာပဲဖြစ်ပါတယ်။တစ်ချို့ကတော့ သူရဲဆိုတာဟာ တစ်ဖက်ကမ္ဘာကိုကူးတဲ့ လမ်းမှာ အကြောင်းကြောင်းကြောင့် လမ်းပျောက်နေတဲ့ သေသူတွေရဲ့ ဝိညာဉ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့ ကလည်း သူရဲဆိုတာဟာ ကျွန်တော်တို့ ရဲ့ စိတ်တွေကနေ ဒီကမ္ဘာကြီးဆီကို ထိုးဖောက်ဝင်ရောက်လာတဲ့ စိတ်ခံစားဆက်သွယ်မှု သီးခြားဖြစ်တည်မှုတစ်ရပ်လို့ ယုံကြည်ကြပါတယ်။

တစ်ချို့ ကလည်း သူတို့ ဘာသာသူတို့ သူရဲအမျိုးမျိုးရဲ့  အမျိုးအစားတွေကို ခွဲခြားသတ်မှတ်ကြပါတယ်။ ပုဏ္ဏကတိုက်တဲ့သူရဲ၊ အိမ်တွေမှာ ကပ်ပြီး ခြောက်လှန့် နေတဲ့သူရဲ၊ စွမ်းအား အနည်းငယ်ရှိတဲ့သူရဲ ၊ ဖုတ် စတာတွေပဲဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒါတွေဟာ နတ်သမီးပုံပြင် ၊ နဂါးပုံပြင်အမျိုးမျိုးလိုမျိုး ဟာတွေလို တွေးတောပြီးလုပ်ကြံဖန်တီး ထားတာပဲဖြစ်ပါတယ်။ သင်လိုချင်သလို သင်ဖန်တီးချင်သလို သရဲ အမျိုးအစားတွေ ရှိနိုင်ပါတယ်။

သရဲ နဲ့ ပတ်သက်တဲ့ အယူအဆတွေကနေ ဖယ်ထုတ်လို့ မရတဲ့ ဆန့်ကျင်ချက်တွေလည်း အများအပြားရှိပါတယ်။ ဥပမာ သရဲဆိုတာဟာ ကိုင်တွယ်လို့ ရတဲ့ ဒြပ်ရှိလား၊ မရှိဘူးလား။သူတို့ တွေဟာ အရာဝတ္တုတွေကို မထိတွေ့ မကိုင်တွယ်ပဲ ရွေ့ ပစ်နိုင်သလား။ ဒါမှမဟုတ် တံခါးတွေကို ဆောင့်ပိတ်ပြီး အခန်းထဲမှာ ပစ္စည်းတွေကို လျှောက်ပစ်နိုင်သလား။ သရဲတွေဟာ လူတွေရဲ့ စိတ်ဝိညာဉ်သာဖြစ်တယ်ဆိုရင် သူတို့ တွေဟာ ဘာကြောင့် ၀တ်စုံအပြည့်နဲ့ ဖြစ်နေရာတာလဲ။ သရဲ ပူးနေတဲ့ ရထား၊ သရဲပူးနေတဲ့ကား၊သက်မဲ့ပစ္စည်းတွေဖြစ်တဲ့ ဦးထုပ်တွေ၊ တုတ်ကောက်တွေ၊ အခြားဝတ်ရုံတွေ ၀တ်လျှက်သား ပေါ်လာရတာလဲ။သူတို့ တွေက ကိုတွယ်မရတဲ့ စိတ်ဝိညာဉ် သာသာမဟုတ်ဘူးလား။

သရဲတွေဟာ လူဘ၀က လက်စားချေခွင့်မရပဲ မတရားသေဆုံးခဲ့ရသူတွေရဲ့ ဝိညာဉ်တွေသာဆိုရင် ဘာလို့ ဖြေရှင်းလို့ မရတဲ့ လူသတ်မှုတွေ ရှိနေရသေးတာလဲ။တစ်ချို့ သော ၀ိညာဉ်တွေဟာ နတ်ဝင်သည်တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်လို့ အဆိုတွေရှိတဲ့အတွက် သူတို့ တွေဟာ ဘာလို့ ရဲတွေကို သူတို့ ကို သတ်သွားတဲ့ လူသတ်သမားတွေအကြောင်း မပြောပြရတာလဲ။ ဒါကြောင့် သရဲ တကယ်ရှိသလားဆိုတာ နဲ့  ပတ်သပ်ပြီး သံသယဖြစ်ဖို့ ယုတ္တိတန်တဲ့ အကြောင်းရင်းတွေ ရှိလာရပါတယ်။

သရဲရှာဖွေ ထောက်လှမ်းသူတွေဟာ ၀ိညာဉ်ဖြစ်တည်မှုကို ထောက်လှမ်းမှုဖို့  ရူပဗေဒ နညးလမ်းတွေအပါအ၀င် တီထွင်ဖန်တီးထားတဲ့ ( သံသယရှိဖွယ်ရာ)နည်းလမ်းမျိုးစုံကို အသုံးပြုကြပါတယ်။ သရဲကို စုံစမ်း ထောက်လှမ်းသူတွေဟာ သူတို့ သိပ္ပံနည်းကျ လုပ်ဆောင်တယ်ဆိုတာကို လည်း အခိုင်အမာပြောကြပါတယ်။ သူတို့ ဒီလို အခိုင်အမာပြောနေကြတာဟာ ရေဒီယိုသတ္တိကြွ တာကို တိုင်းတာတဲ့ ကိရိယာ၊ လျှပ်စစ်သံလိုက်စက်ကွင်းကို တိုင်းတာတဲ့ ကိရိယာတွေ၊ အိုင်ယွန်း လို့ခေါ်တဲ့ လျှပ်စစ် အဖိုဓာတ်၊အမဓာတ်သီးသန့်  ဆောင်တဲ့ အမှုန်လေးတွေကို ထောက်လှမ်းတဲ့ ကိရိယာတွေ၊ အမှောင်ထဲမှာ မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်ကင်မရာတွေ နဲ့  အသံဖမ်းအားကောင်းလွန်းတဲ့ မိုက်ခရိုဖုန်း စတဲ့ နည်းပညာမြင့် သိပ္ပံကိရိယာများကို အသုံးပြုတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့်လည်း ယင်း ကိရိယာတွေဟာ သရဲတွေကို အမှန်တကယ် ထောက်လှမ်းမိကြောင်းကိုတော့ သက်သေ အထောက်အထား လုံးဝမတွေ့ ရှိရသေးပါ။

သရဲ တကယ်ရှိကြောင်း သက်သေအထောက်အထားတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကရော၊ ဆယ်စုနှစ် တစ်စုကရော၊ ရာစုနှစ်တစ်စုကရော ပိုမိုကောင်းမွန်စွာ ရှာဖွေမတွေ့ ရှိရသေးပါ။သရဲ ရှာဖွေထောက်လှမ်းသူတွေ သရဲတကယ်ရှိကြောင်း ရှာဖွေတွေ့ ရှိကြောင်း သက်သေအထောက်အထားတွေကို မရှာတွေ့ နိုင်ရသလဲဆိုတဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။ တစ်ချက်ကတော့ သရဲဆိုတာ တကယ်မရှိပါဘူး။သရဲ အကြောင်းမှတ်တမ်းတင်ထားတာတွေအားလုံးဟာလည်း စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်အရ ၊ အမှားတွေ၊ လုပ်ကြံဖန်တီးချက်တွေ၊ တလွဲ ထင်ယောင်မြင်မှားမှုတွေနဲ့ ရှင်းချက်ထုတ်ထားတာပါ။ဒုတိယ အကြောင်းရင်းကတော့ သရဲ တကယ်ရှိနေတယ် ဆိုရင်လည်း သရဲ ရှာဖွေသူတွေက အရည်အချင်း မပြည့်မီမှု မရှိတာပါပဲ။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ သရဲ ရှာဖွေတာဟာ သက်သေအထောက်အထား ရှာဖွေတာနဲ့ မဆိုင်ပါဘူး(သက်သေရှာဖွေတာ သက်သေရှာတွေ့ တာဟုတ်တယ်ဆိုရင် သရဲရှာဖွေတဲ့ လုပ်ရပ်ကို ဟိုးအရင်ကတည်းက စွန့်ပစ်ပြီးလောက်ပါပြီ)။ အဲ့ဒီအစား သရဲ ရှာတယ်ဆိုတာဟာ ၄င်းတို့ မသိတာကို ရှာဖွေ နေသယောင်ပြုရင်း မိတ်ဆွေသူငယ်ချင်းတွေကို ပုံပြင်တွေပြောရင်း အပျော်ရှာတဲ့သဘော ဒါမှမဟုတ် ခြောက်လှန့်တဲ့ သဘောသာသာဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ လူတိုင်းက သရဲပုံပြင်ကောင်းတစ်ပုဒ်ကိုတော့ ကြိုက်နှစ်သက်ကြတာချည်းပဲလေ။

Ref:livescience.com
From: Trend Myanmar

www.mmdailystar.com

ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းဖောက်လုပ်ရန် အစီအစဉ်ကို လူထုလက်မခံ၍ အကောင်အထည်မဖော်တော့



ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကူမင်းမြို့ထိ တောက်လျှောက် သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြမြေပုံအား တွေ့ရစဉ်

ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်း ဖောက်လုပ်ရန် တရုတ်နိုင်ငံနှင့် ရေးထိုးထားသောMoU  စာချုပ်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းအပြင် စာချုပ်ကို ထပ်မံချုပ်ဆိုရန် တရုတ်နိုင်ငံဘက်မှ လာရောက်တောင်းဆိုခြင်း မရှိသည့်အပြင် မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် လူမှုအဖွဲ့အစည်းများမှ သဘောတူလက်ခံခြင်း မရှိသည့်အတွက် လုပ်ငန်းကို အကောင်အထည် ဖော်တော့မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

၂ဝ၁၁ ခုနှစ် ဧပြီလက ချုပ်ဆိုခဲ့သော MoU စာချုပ်အရ သုံးနှစ်အတွင်း ကျောက်ဖြူ-ကူမင်း ရထားလမ်းကို အကောင်အထည်ဖော်ရမည်ဟု ပါရှိသော်လည်း ၂ဝ၁၄  ဧပြီလအထိ ရထားလမ်းဖောက်လုပ်မှု၏ လုပ်ငန်းတစ်ပိုင်းတစ်စကိုပင် အကောင်အထည် မဖော်နိုင်သည့်အတွက် စာချုပ်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီး အသက်ဝင်မှု မရှိတော့ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မန်နေဂျာဦးမြင့်ဝေက ဆိုသည်။

ဦးမြင့်ဝေက “ပြည်ထောင်စုဝန်ကြီး အနေနဲ့ကလည်း ဒီစီမံကိန်းကို ပြန်အကောင်အထည်ဖော်ဖို့ အစီအစဉ် မရှိတော့သလို၊ MoU စာချုပ်ကလည်း ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ပြည်သူလူထု ဆန္ဒအတိုင်းပဲ အကောင်အထည်ဖော်မှုတွေ မလုပ်တော့ပါဘူး” ဟု ပြောကြားသည်။

ကျောက်ဖြူ-ကူုမင်း ရထားလမ်းစီမံကိန်းမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် စီမံကိန်းဖြစ်နေပြီးMoU စာချုပ်မူကြမ်းတွင် ပါရှိသော အချက်အလက်များအရ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်ကာဖောက်လုပ်မည့် စီမံကိန်းလည်းဖြစ်သည်။

သို့သော်လည်း တရုတ်နိုင်ငံဘက်မှ ရထားလမ်းစီမံကိန်း MoU စာချုပ် ကုန်ဆုံးသွားသော ၂ဝ၁၄ ဧပြီလနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံနှင့် တိုက်ရိုက်ကားလမ်း ဖောက်လုပ်ရန် ကြိုးပမ်းမှုများလည်း ရှိလာခဲ့ပြီး မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း၊ လက်ရှိတွင် ကားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆောက်လုပ်မှုအပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

လက်ရှိတွင် MoU စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သော ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ယခင်ရထားပို့ဆောင်ရေး ဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၊ တာဝန်မှ အနားယူခဲ့သော ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးတို့က ဦးဆောင်ကာ တရုတ်နိုင်ငံဘက်မှ Chian Railway Engineering Corporation (CREC) တို့နှင့် ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်းက နားလည်မှုစာ ချွန်လွှာMoU စာချုပ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝ ခန့် အသုံးပြုရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဘက်မှ ကုန်ကျမည့် စရိတ်အများစုကို ရင်းနှီးဆောက်လုပ်မည်ဖြစ်ပြီး နှစ် ၅ဝ ကြာမြင့်မည်ဖြစ်သော ဘီအိုတီ စီမံကိန်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် လူမှုအဖွဲ့အစည်းများက ဆိုးကျိုးများကို ထောက်ပြဝေဖန်ခဲ့သည့်အပြင် အဆိုပါစီမံကိန်းအတွက် ပြည်သူလူထုမှ ကန့်ကွက်ဆန္ဒပြမှုများနှင့် နိုင်ငံရေးပါတီအချို့၏ သဘောတူညီမှုမရှိကြောင်း ကြေညာချက်များလည်း ထုတ်ပြန်ထားမှုများ ပြုလုပ်ခဲ့ကြသည်။

From:OE

www.mmdailystar.com

တာဝန်သိ ၀န်ထမ်းအား စော်ကားသည့် DVB သတင်းထောက် လေးလေးမွန်သို့


----------------------------------------------------------------------------------------------
DVB က သတင်းထောက် လေးလေးမွန် သို့ .../

DVB ကို အရမ်းအချစ်တွေကြီးတာ ငါလဲ ပါတယ်...... နင်တို့  သတင်းဋ္ဌာနတွေက တို့  နိုင်ငံကြီးကို ပြသနာ မဖြစ်ဖြစ်အောင် တွန်းပို့ တဲ့ နေရာမှာ ဆရာ့ ဆရာကြီးတွေ မို့  ....


အဲတာကြောင့် နင်တို့ ကို ငါ စောက်ရမ်း ချစ်တာ.......
တစ်နေ့  မီဒီယာတွေ နဲ့ အခွင့်အရေးရရင် ကောင်းကောင်းကြီးတွေ့ ချင်ပါသေးတယ်...။

မီဒီယာ မီဒီယာလိုနေ.... သောက်အခွင့်အရေးမလိုချင်နဲ့  ....

လူတွေ အရမ်းများနေတဲ့ အာဇာနည်နေ့ မှာ အာဇာနည်ကြီးတွေ ကို အလေးပြုဖို့  မိုးထဲ ရေထဲကနေ စောင့်နေကြတဲ့ အာဇာနည် ကုန်းကို မတက်ကြသေးတဲ့ နောက်မှာ ကျန်နေတဲ့ လူအုပ်ကြီးကိုလဲ ထည့်ပြီး တွက်ရသေးတယ်....။

တစ်သုတ်တက် တစ်သုတ်ဆင်းပြီး အာဇာနည်ကြီးတွေ ကို အရိုအသေပြုနေတဲ့ အချိန် နောက်လူတွေ တက်လာနိုင်ဖို့  အရင်တစ်သုတ်က လူတွေ ဆင်းခိုင်းတာ ဘာမှ မမှားဘူး..။ ပြည်သူတွေ အဆင်ပြေချောမွေ့ ဖို့  မင်းသားဝေဠုကျော် ကူညီနေတာပဲ ဖြစ်တယ်..။

သတင်းထောက်လို့  ပြောလို့ သတင်းထောက်ကဒ်ပြ ခိုင်းတာ ဘာမှ မမှားဘူး...။ သတင်းထောက်ကဒ်မပြနိုင်လို့  ဆင်းခိုင်းတာနဲ့  စိတ်ဆိုးရင် လဲသာသေကွာ.....ရှင်းတယ်.....။ မိုးထဲလေထဲမှာ ကျန်နေသေးတက် အာဇာနီကုန်းကို မတက်ရသေးလို့  ရပ်စောင့်နေကြရတဲ့ လူအုပ်ကိုမှ အားမနာ .....။

မီဒီယာတွေ သောက်အခွင့်အရေးတွေ သိပ်မလိုချင်နဲ့  ၊ ကိုယ့်ကိုကိုယ် အခွင့်ထူးခံလဲ မှတ်မနေနဲ့  ၊ သူများကျတော့ န၀တ ထက် ဆိုးတယ် ပြောတယ်..။သူလဲ ဘာထူးလဲ အခွင့်အရေးလိုချင်ပြီး ၊ အခွင့်ထူးခံဖြစ်ချင်နေတဲ့ စိတ် အာဏာရှင်သောက်ကျင့်ပဲ..။

DVB မီဒီယာတွေ စောက်ဖင်ခေါင်း သိပ်မကျယ်ကြနဲ့  မအေဘေးတွေ မျက်စိနောက်တယ်..။ကိုယ်စောက်သုံးမကျလို့  အဆင်မပြေဖြစ်တာကို ၊ ကိုယ်အဆင်မပြေတိုင်း တစ်ဖက်လူကို တိုက်ခိုက်ဖို့  မီဒီယာကို လက်နက်လို သုံးပြီး သောက်ဖောင်းထုရင် အမျိုးသားရေး သမားတွေ နဲ့  တွေ့ မယ်..။

အခကြေးငွေ မယူပဲ အသိစိတ်ဓါတ်အပြည့်နဲ့  ကူညီချင်တဲ့ စိတ်ရှိတဲ့ အနုပညာသမားတွေ ကို မစော်ကား ၊ မရမ်းကားချင်နဲ့  ။ နင်တို့ DBVကမီဒီယာသမားတွေထက် စိတ်ဓါတ်တွေမှာ သူတို့ တွေက ပိုပြီး မွန်မြတ်တယ် ဆိုတာ နားလည်ပါ... DVB က လေးလေးမွန်...။

ကိုယ့်အကြောင်းကိုသိ ၊ ဒါပဲ ပြောချင်တယ်....။
သေချာတာကတော့ နင့်တို့ ကို ငါ စောက်ရမ်း ချစ်တာ

ဘစည်(စင်ကာပူ)
20.7.2014

ဟဲ့ ကောင်မ DVBသတင်းထောက် လေးလေးမွန်
FFFFFFFFFFFFFFFFFFFFFFFFFFFFFFFFFFF

နင့်ဟာနင် DVBသတင်းထောက်မကလို့
ဖာသည်မဖြစ်နေပါစေ တာဝန်က တာဝန်ပဲကွ
နင်သတင်းထောက်ဆိုရင် ဒီလိုအရေးကြီးတဲ့
ပွဲမှာ နင့်သတင်းထောက်ကဒ်ကို နင်သေခြာသိမ်းထားလေ..တာဝန်အရ စစ်ဆေးတဲ့အချိန်မှာ မပြနိုင်ရင်တာ့ ဘယ်သူပဲဖြစ်နေပါစေ တာဝန်အရ လုပ်ရတာပဲ,
ဒါကို နင့်လို သတင်းထောက် စောက်ဆင့်က စိန်ခေါ်ရအောင် နင်က ဘာကောင်မမို့လဲ?
နင်တို့ DVB သတင်းဌာနဆိုတာ ဘာမို့လို့လဲ?
မူဆလိမ်ကုလား ကျွေးတာစား
ခိုင်းတာလုပ်ရတဲ့ အမျိုးယုတ်ကုလားကျွန် သတင်းဌာနက သောက်ရှက်မရှိ နင်က စိန်ခေါ်နေတာ အံတာပဲ.,
မသာမ ငါနဲ့မတွေ့တာ ကံကောင်း
ငါနဲ့တွေ့လို့က နင့်လို DVBသတင်းထောက် စောက်ဆင့်လောက်ကို သောက်ခွက်ကြီးဖျက်ကန်တယ်,

နင်ကလဲ Facebookမှာစိန်ခေါ်သလို
ငါကလဲ facebook ကနေစိန်ခေါ်တယ်
မွတ်ကုလားဘောမ DVBသတင်းထောက်
ခွေးမ လေးလေးမွန်.,.
 
 
 
From: ဘစည်

www.mmdailystar.com

ဆန်း လဘက်ရည်ဆိုင် မုဒိန်းမှု ပြည်ထဲရေး သတင်းထုတ်ပြန်ချက် (အပြည့်အစုံ)




မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည် ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခ အသွင် လူအုပ်စု စတင် ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်း ဆောင်ရွက် ခဲ့သည်။ လူအုပ်စုချင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွား ခြင်းကြောင့် လူ ၂ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိကာ အဆောက်အအဦ များနှင့် မော်တော်ယာဉ် များ ဖျက်ဆီးခံ ရပြီး တည်ငြိမ် အေးချမ်းရေး ထိန်းသိန်းရန် လိုအပ် လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် ၇ မြို့နယ် ၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်း ခဲ့သည်။

ထိုသို့ ဖြစ်ပွား ရခြင်းသည် နေပြည် ၊ ပျဉ်းမနားမြို့ တွင် မြန်မာ အမျိုးသမီး တစ်ဦးအား အခြား ဘာသာဝင် ညီအစ်ကို နှစ်ဦးက သားမယား အဖြစ် အဓမ္မပြုကျင့် ကြောင်း သတင်းကို ဇွန်လ ၃ဝ ရက်နေ့ အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာ များ၌ စတင် ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

မှုခင်း ဖြစ်ရပ်မှာ ၂၈-၆-၂ဝ၁၄ ရက်နေ့ ည ၁ဝ နာရီတွင် မန္တလေးမြို့ ၊ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ''ဆန်းကဖီး'' လက်ဖက်ရည် ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး ၂၅ နှစ်၊ ဗန္ဓုလ ရပ်ကွက်၊ ဘုတလင် မြို့နယ် နေသူသည် ဆိုင်ပိတ်သိမ်း နေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင် ၄၄ နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံ မြို့နယ် မေဃဂီရိ ရပ်ကွက်၊ လေလာဝန်း၊ အကွက်အမှတ် (၁၄၆) နေသူနှင့် ယင်း၏ အစ်ကို နေဝင်း ၄၅ နှစ် (ဘ) ဦးမောင်မောင် အောင်မြေသာစံ မြို့နယ် ပုလဲငွေရောင် ရပ်ကွက် အကွက်အမှတ် (၁၄၇) နေသူတို့ နှစ်ဦးက အမျိုးအစား နှင့် ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင် ယာဉ်ဖြင့် နေပြည်တော် တွင် လက်ဖက်ရည် ဆိုင်အသစ် ဖွင့်မည် ဖြစ်ကြောင်း နှင့် အလုပ်လုပ် ရမည်ဟု ပြောဆိုေ ခ်ါဆောင်ပြီး ၂၉-၆-၂ဝ၁၄ ရက်နေ့ နံနက် ၃ နာရီ ခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်း အုပ်စု ပျဉ်းမနား - တောင်ညို ကားလမ်း၊ တော်ဝင်နန်း စားသောက်ဆိုင် အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကို နှစ်ဦးက ၄င်းအား သားမယား အဖြစ် ပြုကျင့်၍ တိမ်းရှောင် သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက် အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနားမြို့မ ရဲစခန်း (ပ) ၂၉၃/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ခဲ့မှု ဖြစ်သည်။

အဆိုပါ အမှုအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားလို မစိုးစိုး ၏ တိုင်ကြားချက် ပါ ယင်း၏ ကိုယ်ရေး အချက်အလက် များ၊ ''ဆန်းကဖီး'' တွင် အလုပ်လုပ် ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် အခြေအနေ များ၊ အတူတကွ အလုပ်လုပ် ခဲ့သည် ဆိုသော တောင်သာ မြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ်လုပ်ကိုင် ခဲ့ဖူးကြောင်း ထွက်ဆို ခဲ့သည့် လားရှိုး၊ မူဆယ် နှင့် နမ့်ခမ်းမြို့ များသို့ အသေးစိတ် စုံစမ်းစစ်ဆေး ခဲ့သည်။ စစ်ဆေးချက် များအရ ၄င်း၏ အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမ ၃ဝ နှစ် ဖြစ်ကြောင်း၊ အဘအမည် အမှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ် ဇာတိမှာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် ဖြစ်ကြောင်း၊ ''ဆန်းကဖီး'' တွင် အလုပ်လုပ် ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာ ဆေးပညာ နှင့် ဓာတုဗေဒ ဆိုင်ရာ စစ်ဆေးချက်များ အရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့် ခံထားရသည့် လက္ခဏာ နှင့် ပြင်ပဒဏ်ရာ များလည်း မရှိကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သည်။ ထို့ကြောင့် ယင်းအား အသေးစိတ် ဆက်လက် စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက် အရ ရဲထွဋ်(ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့၏ ငွေပေး၍ ခိုင်းစေမှု အရ ဆန်းမောင် နှင့် နေဝင်း တို့က ယင်းအပေါ် သားမယား အဖြစ် ပြုကျင့်ကြောင်း ဖြင့် ပျဉ်းမနား ရဲစခန်းတွင် လီဆယ် အမှုဖွင့် ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။

မှုခင်းဆိုင်ရာ စစ်ဆေးချက် များအရ မစိုးစိုး အမည်ခံ၍ လီဆယ် တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမ သည် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်း အဘ ဦးကျော်ဆန်း၊ အမိ ဒေါ်မာလာ တို့၏သား မင်းသူရဇော် (ခ) နိုမိုဟာမက် နှင့် အိမ်ထောင်ကျ ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ တွင် ခင်ပွန်း ဖြစ်သူမှာ မူးယစ်ဆေးဝါး မှုဖြင့် တရားရုံးတွင် ရင်ဆိုင် နေရစဉ် အမှုမှ လွတ်မြောက်ရေး ကူညီပေးသူ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့အား ရင်းနှီး ခဲ့ကြောင်း၊ အမှုအား ၁ဝ-၄-၂ဝ၁၄ ရက်နေ့တွင် မန္တလေးခရိုင် တရားရုံးက တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက် အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲ တရားခံ မင်းသူရဇော် (ခ) နိုမိုဟာမက် ၏ အဒေါ် ခင်မာလွင် နှင့် နီနီဌေး တို့အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ် ချမှတ် ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှု အပေါ် ခင်မာလွင် ၏ ခင်ပွန်း ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် မင်းသူရဇော် (ခ) နိုမိုဟာမက် ၏ မိခင် ဒေါ်မာလာ တို့က မကျေနပ်၍ တရားရုံး အတွင်း အော်ဟစ် ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ် ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်း က တရားလို ပြုလုပ် တိုင်ကြား သဖြင့် အမှတ်(၃) ရဲစခန်း (ပ) ၁၄၉/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/၅ဝ၆/၃၅၃ အရ အမှုဖွင့် အရေးယူ ခံရကာ ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်သည်။

ထိုသို့ ပြန်လည် အမှုဖွင့် အရေးယူ ခံရမှုအပေါ် ခင်မောင်ထွေး (ခ) ကိုထွေး၊ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် ဒေါ်မာလာ တို့က မကျေနပ် သဖြင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်း က ဟေမာကျော် အား သားမယား အဖြစ် ပြုကျင့် ကြောင်း လီဆယ် တိုင်တန်းရန် စီစဉ်ခဲ့ပြီး၊ ၂၁-၅-၂ဝ၁၄ ရက်နေ့တွင် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် ခင်မောင်ထွေး (ခ) ကိုထွေး၊ ဒေါ်မာလာ နှင့် သမီး ဟေမာကျော် တို့အား နေအိမ်သို့ ခေါ်ယူ၍ လီဆယ် တိုင်ကြားမည့် အစီအစဉ်ကို သင်ကြား ပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး (ခ) ကိုထွေး၊ ဒေါ်မာလာ နှင့် ၄င်း၏ သမီး ဖြူမ (ခ) ဖြူဖြူဇော်၊ ဟေမာကျော် တို့သည် မော်တော်ယာဉ် ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော် အား လီဆယ် တိုင်ကြားမည့် ဖြစ်စဉ်နှင့် သက်ဆိုင်သည့် လက်ဖက်ရည် ဆိုင်၊ တည်းခိုခန်း နှင့် စတိုးဆိုင် တို့အား ပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ (ခ) ဖြူဖြူဇော် နှင့် ဟေမာကျော် တို့သည် ပြင်ဦးလွင် မြို့မ ရဲစခန်း သို့ သွားရောက်ပြီး ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့ သင်ကြားေ ပးသည့် အတိုင်း ပုလဲ တည်းခိုခန်း တွင် ဦးတင်မောင်ဝင်း က ၄င်းအား သားမယား အဖြစ် ပြုကျင့် ခဲ့ကြောင်းဖြင့် ဟေမာကျော် က တရားလို ပြုလုပ်၍ လီဆယ် တိုင်ကြား ခဲ့ရာ ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၁ဝ၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်း အပေါ် အမှုဖွင့် အရေးယူ ခဲ့သည်။

ထို့ပြင် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် မန္တလေးမြို့၊ စစ်ကိုင်းလမ်းခွဲ နေ ဟာဂျီ ထွန်းထွန်း ဆိုသူနှင့် ရင်းနှီးမှု ရှိပြီး ဟာဂျီ ထွန်းထွန်း နှင့် ''ဆန်းကဖီး'' ပိုင်ရှင် ဆန်းမောင်၊ ''နေကဖီး'' ပိုင်ရှင် နေဝင်း တို့မှာလည်း လူမှုရေး ပြဿနာ များကြောင့် မှုခင်းများ အပြန်အလှန် ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေး သိရှိရသည်။ ဟာဂျီ ထွန်းထွန်း သည် ၄င်း၏ ကြက်ခြံမှ အလုပ်သမား မကေသီခိုင် (ခ) ချယ်ရီသိန်း ၂၇ နှစ်၊ (ဘ) ဦးရဲမြင့်အား ၉-၅-၂ဝ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ တည်းခိုခန်း ၌ သားမယား အဖြစ် ပြုကျင့်ကြောင်း တိုင်ကြား ခံရသဖြင့် ၁၇-၅-၂ဝ၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့မ ရဲစခန်း(ပ) ၂၈၁/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုဖြင့် အရေးယူ ခံရသည်။ ယင်းသို့ အရေးယူ ခံရမှု အပေါ် ဆန်းမောင် နှင့် နေဝင်း တို့က သွေးထိုး မြှောက်ပင့် ခဲ့သည်ဟု ဟာဂျီ ထွန်းထွန်း က ယူဆ ယုံကြည် ခဲ့သည်။

ထို့နောက် ဟာဂျီ ထွန်းထွန်း သည် ဆန်းမောင် နှင့် နေဝင်းတို့ အပေါ် ပြစ်ဒဏ်ကြီးစွာ ရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ် တိုင်ကြားနိုင်ရေး အတွက် ရဲထွဋ် (ခ) သူရရဲထွဋ် ထံ အကူအညီ တောင်းခံ ခဲ့သည်။ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါး မှုဖြင့် ထောင်ကျပြီး ငွေကြေး လိုအပ်နေသူ ဖြူဖြူမင်း (ခ) ကတုံးမ အား အသုံးချ၍ သားမယား ပြုကျင့်မှုဖြင့် လီဆယ် တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း ၌ ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့သည် ဖြူဖြူမင်း (ခ) ကတုံးမ အား မန္တလေးမြို့ရှိ ၄င်းတို့၏ နေအိမ်သို့ ခေါ်ယူ နေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံ ဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင် သင်ကြား ပေးခဲ့ပြီး အောင်မြင် ပါက ဖြူဖြူမင်း (ခ) ကတုံးမ အား ငွေကျပ် တစ်ဆယ်သိန်း ပေးမည်ဟု သွေးဆောင် စည်းရုံး ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။

ထို့နောက် ဖြူဖြူမင်း (ခ) ကတုံးမ၊ ရဲထွဋ် (ခ) သူရရဲထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော် (ခ) ဖြူမ တို့သည် ဆန်းမောင် နှင့် နေဝင်းတို့ အပေါ် သားမသား အဖြစ် ပြုကျင့်မှုဖြင့် လီဆယ် အမှုဖွင့်ရန် ၂၈-၆-၂ဝ၁၄ ရက်နေ့  ညပိုင်းတွင် ပျဉ်းမနား သို့ ရဲထွဋ် (ခ) သူရရဲထွဋ် ၏ တိုရိုတာ မတ်တူး ယာဉ်ဖြင့် အမြန် လမ်းမကြီး အတိုင်း သွားရောက် ခဲ့ကြောင်း၊ ပျဉ်းမနားသို့ ရောက်ရှိပြီး ရွှေတောင် တည်းခိုခန်း တွင် တည်းခို ခဲ့ကြောင်း၊ သားမယား အဖြစ် ပြုကျင့် ခံရသည်ဟု လုပ်ကြံ ဖော်ပြမည့် နေရာနှင့် ပျဉ်းမနားမြို့၏ အနေအထား ကို ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသ ခဲ့ကြောင်း၊ ၂၉-၆-၂ဝ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြူဖြူမင်း (ခ) ကတုံးမအား ငွေ ၂၅ဝဝဝိ/- ပေး၍ ပျဉ်းမနားမြို့ မြင်းရတနာ ရုပ်တုအနီးတွင် ထားခဲ့ပြီး မန္တလေးသို့ ပြန်သွား ခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ) ကတုံးမ သည် ဆိုင်ကယ် ကယ်ရီဖြင့် ပျဉ်းမနား ရဲစခန်းသို့ သွားရောက်ကာ မစိုးစိုး အမည်ခံ၍ နေဝင်း နှင့် ဆန်းမောင် တို့က ၄င်းအား သားမယား အဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြား ခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်သည်။

ဖြူဖြူမင်း (ခ) ကတုံးမ သည် ရဲထွဋ် (ခ) သူရရဲထွဋ် နှင့် နုနုမြတ် တို့၏ စည်းရုံး သင်ကြားပေး မှုအရ ဆန်းမောင် နှင့် နေဝင်း တို့က ယင်းအား သားမယား အဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြား ခဲ့ရခြင်း ဖြစ်သည်ကို အမှုစစ်ရဲ အရာရှိထံ ဝန်ခံထွက်ဆို ခဲ့သည်။ ထို့နောက် ၉-၇-၂ဝ၁၄ ရက်နေ့တွင် ပျဉ်းမနား မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄/ ၃၆၄ အရ ထိုသို့ လီဆယ်အမှု တိုင်ကြား ခဲ့ရသည့် ဖြစ်စဉ် အပြည့်အစုံ ကို ဖြူဖြူမင်း (ခ) ကတုံးမ က ဖြောင့်ဆိုချက် ပေးခဲ့၍ ပျဉ်းမနား မြို့နယ် တရားရုံးမှ ပြစ်မှုသေး အမှတ်၊ ၁၂၂/၂ဝ၁၄ ဖြင့် လက်ခံ ခဲ့သည်။

ထို့ပြင် ပျဉ်းမနား နှင့် ပြင်ဦးလွင် တို့တွင် တိုင်ကြား ခဲ့သည့် သားမယား အဖြစ် ပြုကျင့်မှု များမှ ဟေမာကျော် ၏ ဦးလေး တော်စပ်သူ ခင်မောင်ထွေး( ခ) ကိုထွေး၊ ဆက်စပ် သက်သေ ဇင်မင်းထွန်း (ခ) ဇင်လေး နှင့် ဖိုးခွား (ခ) ပြားကြီး (ခ) တင်မင်းထက် တို့ကလည်း ယင်း အမှုများသည် လီဆယ် တိုင်ကြားခြင်း သာ ဖြစ်ကြောင်း ချမ်းမြသာစည် မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄ အရ ကြိုတင် ထွက်ဆိုချက် များ ပေးခဲ့ကြ သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်း ရဲတပ်ဖွဲ့သည် စစ်ဆေး ပေါ်ပေါက်ချက် များနှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံး၏ ဥပဒေ အကြံပြုချက် အရ စိုးစိုး (ခ) ကတုံးမ က တိုင်ကြား ခဲ့သော ပျဉ်းမနား မြို့မ ရဲစခန်း(ပ) ၂၉၃/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုအား ၁၇-၇-၂ဝ၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းပြီး လီဆယ် တိုင်တန်းသူ ဖြူဖြူမင်း (ခ) ကတုံးမ (ဖမ်းမိ) နှင့် ထိုသို့ လီဆယ် တိုင်တန်းရန် ညွှန်ကြား စီစဉ်သူ နုနုမြတ် (ဖမ်းမိ)၊ ရဲထွဋ်(ခ) သူရရဲထွဋ် (တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့် အညီ အရေးယူေ ဆာင်ရွက်လျက် ရှိသည်။ အလားတူ ပြင်ဦးလွင် မြို့မ ရဲစခန်း(ပ) ၁ဝ၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အမှု ကိုလည်း စစ်ဆေး ပေါ်ပေါက်ချက် နှင့် ပြင်ဦးလွင် ခရိုင် ဥပဒေရုံး ၏ ဥပဒေ အကြံပြုချက် အရ ၁၈-၇-၂ဝ၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်း ခဲ့ပြီး လီဆယ် တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်) နှင့် ဒေါ်မာလာ (တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့် အညီ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပျဉ်းမနား မြို့တွင် လီဆယ် တိုင်ကြား ခဲ့သော အမှုကို အကြောင်း ပြု၍ မန္တလေး မြို့၌ ၁-၇-၂ဝ၁၄ ရက်နေ့မှ စတင် ဖြစ်ပွား ခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခ ဖြစ်စဉ် များတွင် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်မှု များပြုလုပ် ခဲ့ရာ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အဦ များ ဖျက်ဆီးမှု၊ ရုန်းရင်း ဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြား ရေးကို ပျက်ပြား စေရန် သွေးထိုး လှုံ့ဆော်မှု၊ လက်နက်မှု နှင့် ရဲအက် တို့ဖြင့် အမှုပေါင်း ၁၉ မှု အရေးယူ နိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ဖမ်းဆီး ရမိကာ တရားခံ ရှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။





ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ပြန် ထားသော အမိန့်ကို ချိုးဖောက် သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့် ပြန်လည် စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူမှု မှာ ၁၇-၇-၂ဝ၁၄  ရက်နေ့ အထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယ ခံရသူပေါင်း ၈၃၄ ဦး ဖြစ်သည်။ ကျူးလွန်ခဲ့သော တရားခံ များနှင့် ဆက်စပ် ပါဝင်သူ များကို ဥပဒေအရ အရေးယူရန် ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိပြီး အများပြည်သူ တို့ သတင်းအမှန် သိရှိစေရန် အတွက် ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်သည်။
 
From:ME

www.mmdailystar.com

ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို UN နှင့် နိုင်ငံတကာအသိုင်းအဝန်း ဆက်လက် မသုံးစွဲရန် ကုလအထူးကိုယ်စားလှယ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တောင်းဆို



စစ်တွေ၊ ဇူလိုင် ၁၉- ရခိုင်ပြည်နယ် သို့ ရောက်ရှိနေသောကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ (Ms. Yang He Lee) အားရိုဟင်ဂျာဟူသောအသုံးအနူန်း နှင့်ပတ်သက်ကာ ယူအင်န်အဖွဲ့အစည်း များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အားဆက်လက်မသုံးစွဲရန်အထူး တောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါအစိုးရအဖွဲ့နှင့်တွေ့ ဆုံသည့်အစည်းအဝေးတွင် ရခိုင်ပြည် နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း က ''ရိုဟင်ဂျာဆို တာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ပြောထားပြီးသားပါ။

ဒီ နှစ်ပေါင်းသုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုးပေါ်ပေါက်လာ တယ်ဆို တာ အဓိပ္ပာယ်မရှိပါဘူး။ ရခိုင်လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှုရှိပြီးသားဆိုတာပြောစရာ တောင်မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂါလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံး ဖို့ထပ်မံတိုက် တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းကောက်ခံယူတာ မှာ ဘင်္ဂါလီတွေက ရိုဟင်ဂျာဆိုမှ စာရင်းကောက်ခံဖို့ဆိုပြီး ငြင်းဆန်ခဲ့ ကြတယ်။ ဒါဟာနိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါပဲ။ ရခိုင်လူမျိုး တွေကို မခံမရပ်ဖြစ်စေတဲ့အပြင် ဒီ အသုံးအနှုန်းကြောင့် ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေး ပျက်ပြယ် သွားနိုင်ပါတယ်'' ဟုဆက်လက်ပြော ကြားးခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ် မှ ရခိုင်တိုင်းရင်းသားများအား ခက် ထန်သည့်လူမျိုး လို့မမြင်မိစေရန်နှင့် နိုင်ငံတကာက ယခုကဲ့သို့အရေးကြီး သောပြဿနာများကို အလေးထား ဖြေရှင်းရန် ထပ်လောင်းပြောကြား ခဲ့သည်။

''ပြောရမယ်ဆိုရင် ရခိုင်ပြည် နယ်အရေးဟာ သာမန်သဘာဝဘေး အန္တရာယ်တစ်ခုကျရောက်တာနဲ့ မတူညီပါဘူး။ အရမ်းကိုထိလွယ်ရှ လွယ်ပြီးရှုပ်ထွေးမှုရှိတဲ့ ပြဿ နာ ပါ။ ဒါကိုဖြေရှင်းဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့အတူ ကျွန်မတို့လဲဖြေရှင်း ဖို့အဆင်အသင့်ပါ''ဟုမစ်ယွန်ဟီလီက ပြန်လည်ပြောကြားခဲ့သည်။
 
 
From:ME

www.mmdailystar.com

မန်းလေး ဖြစ်စဉ်ကို …. မရှင်းမလင်း ဖြစ်နေသူတွေအတွက် … နားလည်လွယ်အောင် ပြန်ရေးပေးတာပါ ….



မဖြူဖြူမင်း ရဲ့ ယောက်ျား နာမည်က ….
မင်းသူရဇော် (ခ) နိုမိုဟာမက် ဖြစ်ပါတယ် …
မင်းသူရဇော်ဟာ သူ့ အဒေါ် ဒေါ်ခင်မာလွင် နဲ့  အတူ …
မူးယစ်ဆေးဝါးအမှုနဲ့  ဖမ်းခံနေရရာက...
၁၀.၄.၂၀၁၄ မှာ မန်းလေးခရိုင် တရားရုံးက …
ထောင် ၁၆ နှစ် ချလိုက်ပါတယ် ….

အမိန့် ချတဲ့ နေ့ က …
ခရိုင်တရားရုံးမှာ ဆူပူ အော်ဟစ် ဆဲဆိုကြတဲ့ အတွက် …
ဒေါ်ခင်မာလွင်ရဲ့ ယောက်ျားရယ် …
မင်းသူရဇော်ရဲ့ အမေရယ် …
အမှုပွဲစား ရဲထွတ်ရယ် သုံးယောက် ကို …
ခရိုင်တရားရုံး စာရေးကြီး ဦးတင်မောင်ဝင်းက အမှုဖွင့်ပါတယ် …

အဲလိုဖွင့်တာကို မကျေနပ်တဲ့ အတွက် ….
ရဲထွတ် တို့ အုပ်စုက …
မင်းသူရဇော် ရဲ့ ညီမကို သင်ပေးပြီး …
စာရေးကြီး ဦးတင်မောင်ဝင်းကို မုဒိန်းမှု နဲ့  ….
ပြင်ဦးလွင် မှာ လီဆယ် အမှုဖွင့်ခိုင်းခဲ့ပါတယ် …

---------------------------------------------------------------

တစ်ခါ ဘာထပ်ဖြစ်လဲ ဆိုတော့ …
မန်းလေး စစ်ကိုင်း လမ်းခွဲ မှာနေတဲ့  ဟာဂျီထွန်းထွန်းဟာ …
၉.၅.၂၀၁၄ ရက်နေ့ မှာ …
သူ့ ကြက်ခြံက ၀န်ထမ်း ကောင်မလေးကို …
မုဒိန်းကျင့်လို့  စစ်ကိုင်းရဲစခန်းမှာ အမှုဖွင့်ခံရပါတယ် …

အဲဒီ ဟာဂျီထွန်းထွန်းဟာ …
မန်းလေး ဆန်းကဖေး က ဆန်းမောင် …
နေကဖေး က နေ၀င်း တို့ နှစ်ယောက်နဲ့  ….
မတည့်ပါဘူး ….
သူ ပြသနာတက်တာဟာ ….
အာ့ နှစ်ယောက် မြှောက်ပေးလို့  လို့  ….
ယူဆခဲ့ပါတယ် …
ဒါကြောင့် ဒီနှစ်ယောက်ကို အမှုပြန်ဆင်ပေးဖို့  ….
အပေါ်အမှု က ...
အမှုပွဲစား ရဲထွတ်ကို အကူအညီတောင်းပါတယ် ….

ရဲထွတ်က …
အပေါ် မူးယစ်ဆေးဝါးမှုက တရားခံ ….
မင်းသူရဇော် ရဲ့ မိန်းမ မဖြူဖြူမင်းကို …
ပိုက်ဆံ ဆယ်သိန်းပေးပြီး ….
ဆန်းကဖေးက အလုပ်သမား မစိုးစိုးဆိုတဲ့  နာမည်လိမ် နဲ့  …
ပျဉ်းမနား ရဲစခန်းမှာ …
နေ၀င်း နဲ့  ဆန်းမောင် ကို …
မုဒိန်းမှု နဲ့  လိမ်ညာ အမှုဖွင့်ခိုင်းလိုက်ပါတယ် …

ပြသနာကတော့ ဒါပါပဲ …
လက်ရှိ မှာ တရားခံ သုံးဦး .....
ထွက်ပြေးတိမ်းရှောင်နေပါတယ်
ကျန်တဲ့ သူတွေ အားလုံးမိထားပါပြီ ….. ။ ။
 
 
From:Ye Moe

www.mmdailystar.com

အငြိမ်းစားယူပြီးနောက် သစ်သီးဝလံ စိုက်ပျိုးကာ အေးချမ်းစွာနေမည်ဟု သမ္မတဦးသိန်းစိန်ပြော





 နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က သမ္မတရာထူးမှ အငြိမ်းစားယူပြီးနောက် သူပိုင်သည့် လယ်တွင် နဂါးမောက်သီးပင်များ စိုက်ပျိုးကာ အေးချမ်းစွာနေထိုင် မည်ဟု လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များအား ပြောကြားလိုက် ကြောင်း သတင်းရရှိသည်။

‘‘သူ့မှာ လယ် ၁၀ ဧကရှိ တယ်။ အသက်ရှည်ချင်ရင် အပင်စိုက်ဆိုတော့ အငြိမ်းစားယူပြီးရင် နှစ်ရှည်ခံသီးပင်စိုက်မယ်။ စိန်တလုံး သရက်သီးကတော့ တလုံးကို ငါးရာကျပ်ပဲရတော့ မကိုက်ဘူး။ နဂါးမောက်သီးပဲ စိုက်မယ်။ နဂါးမောက်သီးက တစ်လုံး ခုနစ်ရာကျပ် ရတယ်လို့ ပြောတယ်’’ဟု သမ္မတကပြောကြောင်း ဇူလိုင် ၁၉ ရက်တွင် အာဇာနည်ခေါင်း ဆောင်များအတွက် ရည်စူးပြုလုပ်သော အလှူ၌ သမ္မတနှင့် တွေ့ဆုံခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ပြောသည်။


(၆၇)နှစ်မြောက် အာဇာနည် နေ့ အထိမ်းအမှတ် ရည်စူးကုသိုလ်အမျှပေးဝေခြင်း အခမ်းအနားကို နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမဆောင်၌ ကျင်းပခဲ့ ပြီး တက်ရောက်လာသူများနှင့် နိုင်ငံတော်သမ္မတက စကားစမြည်ပြောစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။


‘‘သူပြောတဲ့ပုံစံကို သုံးသပ် ကြည့်ရင် ၂၀၁၅ မှာ အငြိမ်းစား ယူမယ်လို့ သုံးသပ်လို့ရပါတယ်’’ ဟု ဦးမင်းသူက ၎င်း၏အမြင်ကို ပြောသည်။အဆိုပါအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ် တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။
 
 
From: 7Day Daily

www.mmdailystar.com

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု လူ ၆၀ သေဆုံး



အစ္စရေး တို့ကနေ ဂါဇာကို လေကြောင်း တိုက်ခိုက် မှုတွေ စတင် ကတည်းက အခု အချိန် အထိ အကြီးမား ဆုံး ဗုံးကြဲ တိုက်ခိုက်မှု တခု အတွင်း ရပ်ကွက် တခု တည်း မှာတင် အနည်း ဆုံး လူ ၆၀ လောက် သေဆုံး သွားတယ်လို့ သတင်းတွေ ရရှိ ပါတယ်။
ရှေဂျေယာ ရပ်ကွက် ထဲမှာ လူသားချင်း ကူညီမှု ဆိုင်ရာ ကိစ္စတွေ အတွက် အစ္စရေး နဲ့ ဟားမတ်စ် အကြား အပစ် အခတ် ရပ်စဲရေး သဘောတူ ထားချက်ဟာ တနာရီ ပဲ ကြာခဲ့ပြီးနောက် သေနတ်သံ တွေကို အဲဒီမှာ ပြန်ကြားခဲ့ရ ပါတယ်။

ဟားမတ်စ် အဖွဲ့ပြောခွင့်ရ ဆာမီ အဘူ ဇူရီ ကတော့ အစ္စရေး တို့ရဲ့ ကျူးကျော် တိုက်ခိုက် မှုဟာ ရှေဂျေယာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် ကျူးလွန်တာ ဖြစ်တယ်၊ ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါ တယ်။
ရှေဂျေယာ ရပ်ကွက် ကနေ ပြန်လာတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတာ့ ခေတ္တ ခဏ အပစ် ရပ်ရေး မတိုင်ခင်၊ အစ္စရေး ဘက်ကနေ အမြောက် တွေနဲ့ မရပ် တန်း တရစပ် ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။
ဒီအတွက် တရပ်ကွက် လုံး ထွက်ပြေး ခဲ့ကြရကုန်ပြီး၊ များစွာ သော အိမ်တွေ ဟာ လည်း ဝပ်ပြား သွားခဲ့ ရပြီ ဖြစ်ပါတယ်။


From: ဘီဘီစီ (မြန်မာပိုင်း)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...