Tuesday, 22 July 2014

ကျင့်ဝတ်နားမလည်သော မီဒီယာများသို့ ဦးထွန်းလွင် နောက်ဆုံးအကြိမ် သတိပေး...


( ယခု ဂျာနယ်ကတော့ ဖွဘုတ်ပေါ်မှာ အ ban ဆုံး Eleven ဖြစ်ပါတယ်ခင်ဗျာ )


 မိတ်ဆွေ မီဒီယာသမားများသို့

ကျွန်တော့ရဲ့ website, facebook တို့မှာဖေါ်ပြထားတဲ့ Post တွေဟာ ကျွန်တော်ကိုယ်တိုင်(ကိုယ်တိုင်)အချိန်ကုန် လူပန်းခံပြီး ဖန်တီးထားတဲ့ ကိုယ်ပိုင် Post တွေဖြစ်ပါတယ်။ ကျွန်တော် သူတစ်ပါးဟာကို ကိုးကားရင်လည်း Reference, Source တို့ကိုအမြဲဖေါ်ပြပေးပါတယ်။
ကျွန်တော့ တင်ပြချက်တွေဟာ Public လုပ်ထားတဲ့အတွက် မည်သူမဆိုကြည့်နိုင်၊ ဖတ်နိုင်၊ မှတ်နိုင်ပါတယ်။ ပရဟိတ ဒါန လို့ သဘောထားပါတယ်။ အဲ အကိုးအကားအဖြစ် သုံးမယ်၊ဖေါ်ပြမယ်၊ ပုံနှိပ်မယ်ဆိုရင်တော့ ဒေါက်တာထွန်းလွင် (MCCW) ဆိုပြီးဖေါ်ပြပေး ဖို့လည်း မေတ္တာရပ်ခံထားခဲ့တာ အားလုံး အသိဖြစ်ပါတယ်။

မနေ့ကထွက်တဲ့ နာမည်ကြီး အရွယ်ကြီးကြီးနဲ့ အလွန်လက်သံပြောင်ပေတယ်လို့ နာမည်ကြီးလှတဲ့ ဂျာနယ်ကြီးတစ်စောင်က ကျွန်တော့ facebook ကျွန်တော်ကိုယ်တိုင် (ကိုယ်တိုင်)ဖန်တီးထားတဲ့ Post တစ်ခုကို ခပ်တည်တည်နဲ့ မျက်နှာဖုံးတင်ပြီး သုံးထားပေမယ့် စောစောက ကျွန်တော်မေတ္တ္တာရပ်ခံထားသလို Source Reference တစ်ခုမှ မပါဘဲ ခပ်တည်တည်ကြီးသုံးထားတာကတော့ ဂျာနယ်ကြီးတစ်စောင်ဖြစ်ပါလျက်နဲ့ ကျင့်ဝတ်ကို နားမလည်တာလား၊ သူတစ်ပါးကိုတော့ ဝေဖန်တတ်သလောက် ကိုယ့်ကိုယ်ကိုတော့ မဝေဖန်တတ်ဘူးလား ဆိုတာကိုတွေးမိတော့ .....

ဒါနောက်ဆုံးအကြိမ်ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။

မောင်ထွန်းလွင်(မိုးလေ၀သ)

From: မောင်ထွန်းလွင်(မိုးလေ၀သ)

www.mmdailystar.com

ဒုဝန်ကြီးပြောတဲ့ လုံခြုံရေးဆိုတာ ဘာလဲ ... ?

ပြီးခဲ့တဲ့ စနေနေ့ ၀ါရှင်တန်မှာ ရှိတဲ့ ဗီအိုအေ မြန်မာပိုင်းအစီအစဉ်က ကျွန်တော့်ကို တွေ့ဆုံမေးမြန်းခန်းလုပ်ဖို့အတွက်ဖိတ်ကြားပါတယ်။
သတ်မှတ်ချိန်ရောက်တော့ ကျွန်တော့်ကို တည်းခိုရာဟိုတယ်မှာ ဗီအိုအေ ၀န်ထမ်း တစ်ဦးက လာကြိုပါတယ်။ ဗီအိုအေ ရုံးချုပ်နေရာကို ရောက်တော့မှ ၀န်ထမ်းဖြစ်သူက နိုင်ငံကူးလက်မှတ်ပါလားလို့ မေးပါတယ်။ သူ့ဘက်ကလည်း ကြိုသတိပေးဖို့ မေ့နေလို့ဖြစ်ကြောင်း၊ ရုံးချုပ်ကို ၀င်ရင် ၀န်ထမ်းကဒ် ဒါမှမဟုတ်အမေရိကနု်နိုင်ငံသား ဆိုရင် အစိုးရက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကဒ်ပြားတစ်ခုခု ဥပမာ ယာဉ်မောင်း လိုင်စင်လိုတယ်၊နိုင်ငံခြားသားဆိုရင် နိုင်ငံကူးလက်မှတ်လိုတယ်လို့ ပြောပါတယ်။ ကြိုတင်သတိပေးဖို့ မေ့နေတဲ့အတွက်လည်းသူက တောင်းပန်ပါတယ်။


သူ့နိုင်ငံစည်းကမ်းဖြစ်တဲ့အတွက် ကျွန်တော်ဟိုတယ်ပြန်ပြီး နိုင်ငံကူးလက်မှတ်ကို ယူခဲ့ပါတယ်။ ဘာမှ စောဒကတက်စရာအကြောင်းမရှိပါဘူး။
ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ ၀န်ကြီးရုံးလုံခြုံရေးက အထောက်အထား တောင်းရင်တောင် ငါ ဘယ်သူဆိုတာ မင်းမသိဘူးလားလို့ မေးသူတွေရှိပါတယ်။ တစ်ခါ တစ်လေ ကျွန်တော့်ဆီကိုလာတဲ့ မိတ်ဆွေတွေကတောင် မင်းဆီကိုလာတာ ဂိတ်က ဟိုဟာတောင်း၊ဒီဟာတောင်းနဲ့ လို့ ပြောကြပါတယ်။
ကျွန်တော့်ကတော့ အဲဒါ လုံခြုံရေးစည်းကမ်းပဲလေ၊ မပေးချင်ရင် ရုံးမလာနဲ့ အပြင်မှာပဲ တွေ့ကြတာပေါ့လို့ ပြန်ပြောလေ့ရှိပါတယ်။
အခုလည်း အာဇာနည်နေ့အခမ်းအနားမှာ မီဒီယာသမားတစ်ယောက် သက်သေခံ အထောက်အထားမပြနိုင်လို့ ဆိုပြီး တာဝန်ကျတဲ့ ကြက်ခြေနီတစ်ဦးနဲ့ ပြဿနာ တက်တဲ့အကြောင်းဖတ်ရပါတယ်။
ကြက်ခြေနီက လုံခြုံရေးလုပ်သင့်သလား၊မလုပ်သင့်ဘူးလားဆိုတာက ကဏ္ဍတစ်ခုပါ။ သို့သော် ကြက်ခြေနီဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းက သူဖြစ်ဖြစ်လုံခြုံရေးတာဝန်ပေးခံ ထားရပြီဆိုရင်တော့ စိစစ်ပိုင်ခွင့်ရှိတယ်ဆိုတာတော့ လက်ခံစေချင်ပါတယ်။
တောင်ကိုရီးယားသမ္မတခရီးစဉ်အတွင်း အာဇာနည်ဗိမာန်ဗုံးခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ကို ပြန်လေ့လာကြည့်ရင် ဘာမှ မဟုတ်လောက်ပါဘူးကွာဆိုပြီး လျစ်လျူရှုခဲ့၊ ပေါ့ပေါ့ဆဆ လုပ်ခဲ့လို့ လုံခြုံရေး ကျိုးပေါက်ခဲ့ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။
ကျွန်တော်ကတော့ အစိုးရအရာရှိဖြစ်ဖြစ်၊ မီဒီယာသမားဖြစ်ဖြစ်၊ သာမန်ပြည်သူဖြစ်ဖြစ် အများပြည်သူလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်မှုများနဲ့ တွေ့ကြုံရတဲ့အခါ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်တာကိုပဲ လိုလားပါတယ်။ သမ္မတကြီးနဲ့ ဇနီးဖြစ်သူ တောင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အခမ်းအနားများကို တက်တဲ့အခါ ၀င်ခွင့် ကဒ်ပြားကို လေးလေးစားစားချိတ်ဆွဲလာတာ တွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ကို သမ္မတ ကြီးက အကောင်းဆုံးသတင်းစကားပေးလိုက်တာလည်းဖြစ်ပါတယ်။


မလိုအပ်ပဲဆောင်ရွက်တယ်လို့ ထင်တယ်ဆိုရင် အခမ်းအနားပြီးမှ အကောင်းအဆိုးကို ဝေဖန်ထောက်ပြသင့်ပါတယ်။ လက်ငင်းအချိန်မှာတော့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ လိုအပ်ချက်အတိုင်းပဲ ဆောင်ရွက်သင့်တယ်လို့ထင်ပါတယ်။
ပြောမယ့်သာပြောရတာပါလေ။ အဲဒီ ရန်တွေ့တဲ့ မီဒီယာသမားလည်း ပြည်ပ ခရီးသွားတဲ့ အခါဆိုရင်တော့ လေဆိပ်အ၀င်က စပြီး ဟိုနိုင်ငံမှ နေသမျှ ကာလပတ်လုံး လုံခြုံရေးစစ်ဆေးသမျှ ခွန်းတုန့်မပြန် လိုက်နာဆောင်ရွက်မယ်ဆိုတာသေချာပါတယ်။


တစ်ခါတစ်လေကျတော့ သူများတွေ အခွင့်အရေးပိုယူတယ်လို့ လွယ်လွယ်ဝေဖန် နိုင်ပေမယ့် ကိုယ့်အလှည့်ကျတော့ အခွင့်အရေးပိုမယူပဲ နေဖို့ မေ့နေတတ်တာ၊ ကိုယ့်လူမျိုးချင်း အလေးမထားတတ်တာလည်း လူ့သဘာဝပါပဲ။


From: Ye Htut ( ပြန်ကြားရေး ဒုဝန်ကြီး )

www.mmdailystar.com

ဗိုလ်ချုပ်ခင်ရီက ရဲချုပ်နဲ့  ပြောင်းလာချိန်နှင့် ကျွန်တော့်လုပ်ခဲ့ရသော လုံခြုံရေး


ဒီတစ်ခါတော့ ...
လုံခြုံရေး နဲ့ ပတ်သက်လို့  ….
အကြမ်းဖျင်းလေး ပြောပြချင်တယ် ….

လုံခြုံရေး လို့ ဆိုတာနဲ့  …
အားလုံးက ပြေးမြင်တာက …
ယူနီဖောင်းဝတ် သေနတ်ကိုင်ပြီး ….
ဂိတ်မှာ မတ်တပ်ရပ်စောင့်နေတဲ့ ပုံကို ...
ပြေးမြင်လေ့ရှိကြတယ် …

အဲဒီဂိတ်ကို ဖြတ်ပြီးရင် စစ်ဆေးခံပြီးပြီ …
ဒါပဲ …
အတွင်းမှာ ထပ်မေးရင် ....
သိပ် မကြိုက်ကြတော့ဘူး …

တကယ်တော့ လုံခြုံရေးဆိုတာ …
ပြီးတယ်လို့ ကို မရှိဘူး ….
ကိုယ် အကာအကွယ် ပေးရမှာက …
လူလား ၊ ပစ္စည်းလား ၊ နေရာလား …
ဒါတွေပေါ် မူတည်ပြီး ....
ပရိုဆီဂျာတွေ အများကြီးကွဲသွားတယ် …

ဒီနေရာမှာတော့ ....
ဧရိယာတစ်ခု ….
အခမ်းအနားတစ်ခုကို ...
လုံခြုံရေးပေးတာကို ပဲ …
အကြမ်းဖျင်း ရှင်းပြတော့မယ် …

ဧရိယာတစ်ခုကို လုံခြုံရေးပေးတော့မယ်ဆို ….
ပထမဆုံး စလုပ်ရတာက …
အဲဒီနေရာကို အစောကြီး ကြိုပြီး …
ပိတ်ပြစ်လိုက်ရတယ် ….
ပြီးတာနဲ့  ပိုက်စိတ်တိုက် စစ်ဆေးတော့တာပဲ …
လူ ၊ စက်ကိရိယာ ၊ ခွေးတွေ အားလုံးသုံးတယ် …
ပိုက်စိတ်တိုက်ရှာတယ် …
အထပ်ထပ်ရှာတယ် …

အခမ်းအနားက အရေးကြီးလေ
စစ်ဆေးတာတွေက ပိုဆိုးလေပဲ …
ဥပမာ - နှစ်နိုင်ငံ လျှို့ ဝှက်ဆွေးနွေးပွဲမျိုးဆို …
Call လုပ်မယ့်အခန်းကို တစ်လက်မ မကျန်စစ်တယ် …
နံရံတွေပါ နားကြပ်နဲ့  ထောက်စစ်တယ် ..
မသင်္ကာရင် ဓာတ်မှန်ရိုက်ကြည့်တယ် …
အဲလောက်ထိ လုပ်တာ …

ကဲ လိုက်တာလို့ မပြောနဲ့ ဦး …
ရန်ကုန်က အမေရိကန်သံရုံးကို ပြင်ဆင်ရေးလုပ်ရင် …
သူတို့ သုံးနေကြ ကုမ္ပဏီ ရှိတယ် …
နံရံကို အပေါက်ဖောက်တယ်နော် …
ဘေးက တစ်ယောက်က ရပ်ကြည့်နေတာ …

ပြီးပြီလား ..နေအုန်း …
အလုပ်သမားတွေ အားလုံးရပ်ထား …
ဘာမှမလုပ်ရသေးဘူး…
သူ့ လုံခြုံရေးက အာ့ဖောက်ထားတဲ့  အပေါက်တစ်ခုချင်းစီ …
ဓာတ်မီးနဲ့  လိုက်ထိုးကြည့်တယ် …
ပြီးမှ အိုကေ … ရပြီ ... Screw စုပ်တော့ …
အာ့လို စစ်တာ ….
( အသံဖမ်းစက် ထည့်မှာစိုးလို့  )

အဲ ….အထပ်ထပ် စစ်ပြီးပြီ …
ပိုက်စိတ်တိုက် စစ်ပြီးပြီနော် ….
လုံခြုံရေး အဖွဲ့ ခေါင်းဆောင်က ...
သူခေါ်ခိုင်းထားတဲ့  ....
သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့ တွေကို …
လုံခြုံရေး Clearance လက်မှတ်ထိုးပေးရတယ် …
အာ့အချိန်က စပြီး ဒီဧရိယာကြီး တစ်ခုလုံး …
သူ့ တာဝန်ဖြစ်သွားပြီ ….

စနစ်တကျ စစ်ဆေးပြီး …
Clearance လုပ်ထားတဲ့  ဧရိယာတစ်ခုကို …
တင်းတင်းကြပ်ကြပ် ထပ်ထိန်းချုပ်တာက ....
ဘာလဲဆိုတော့ …
လူ အ၀င် အထွက်ပဲ ….

အဲ ဧရိယာ ကို ၀င်တဲ့ ဝင်ပေါက်တွေအားလုံးမှာ ….
ကိုယ့်လုံခြုံရေးအဖွဲ့ က တစ်ယောက်က ….
ထိုင်ခုံလေးတစ်လုံးနဲ့  ၂၄ နာရီ ထိုင်စောင့်တာ …
အခန်းအနား မလုပ်ခင် သုံးရက်လောက် ကတည်းကပဲ …
၂နာရီတစ်ကြိမ် လူချိန်းပေးတယ် ...
လုံးဝ မထရဘူး …

ခြေလျင်စကားနဲ့ ပြောရင် …
ရှေ့ တန်းမှာ ကင်းစောင့်သလိုပဲ …
ပျက်ကွက်ခဲ့ရင် …
တန်းပြည့် စစ်မှုထမ်းချိန် ဖြစ်တဲ့အတွက် …
စစ်ခုံရုံးက သေဒဏ်အထိ အပြစ်ပေးလို့ ရတယ် ..

တစ်ခြား ဂိတ်ကလူတွေ …
အချက်အခြာနေရာတွေမှာ စောင့်တဲ့ သူတွေက သပ်သပ် …
ဒီအုပ်စုက သပ်သပ် …

အဲဒီ အုပ်စုက
သူတာဝန်ယူထားတဲ့ နေရာကို ....
ဘယ်သူမှ ပေးမ၀င်တော့ဘူး …
ကိုယ့်လူအချင်းချင်းလဲ တာဝန်မရှိရင် ပေးမ၀င်ဘူး …
ဒါကို … INT COVER လုပ်တယ်လို့ ခေါ်တယ် ….

စကားမစပ်ပြောရရင် …
ရက်စွဲတော့ မမှတ်မိတော့ဘူး ...
ဗိုလ်ချုပ်ခင်ရီက ရဲချုပ်နဲ့  ပြောင်းလာတယ် …
ပြီးတော့ ရန်ကုန်မှာ သူလျှောက်ကြည့်တယ် ထင်ပါရဲ့  …
ပြည်လမ်း လွှတ်တော်ထဲကို ၀င်ချလာတယ် …
အပြင်ဂိတ်ကတော့ သူ ဖြတ်လာလို့ ရတယ် …
ပြသနာက လွှတ်တော်အတွင်းကို ၀င်မယ်လုပ်တော့ …
ဗိုလ်မှူးချုပ်အပွင့် နဲ့  ယူနီဖောင်းဝတ်ထားတာကို ….
ခုနက INT COVER က ….
ဒုတပ်ကြပ်က ပေးမ၀င်တော့ဘူး …

သူ ထိုင်နေတဲ့ ခုံကို ပေးတယ် …
ဗိုလ်ချုပ် ခဏထိုင်စောင့်ပါ တဲ့  …
ကျွန်တော် သတင်းပို့ ပေးပါမယ်တဲ့  …
လုံခြုံရေး Incharge ဗိုလ်မှူးက ….
ကျွန်တော့်ကို သွားရှင်းပြခိုင်းတယ် …

ကိုယ်တွေရောက်တော့ …
ကိုယ် လွှတ်တော်ထဲ ပတ်ကြည့်ချင်လို့ တဲ့ …
လွှတ်တော်အနှံ့ ကိုယ်တိုင် လိုက်ပြပေးတယ်…
ဘယ်အခန်းက ဘာလုပ်တာ ရှင်းပြတယ် ..
ဒါပေမယ့် …
INT COVER လုပ်ထားတဲ့ ဧရိယာကိုတော့ …
သူ့ ကို တောင်းပန်ပြီး ပေးမ၀င်ခဲ့ဘူး ….

အပြန် သူ့ PSO ....
တစ်ပတ်စဉ်ထဲကောင် က ....
ကပ်ဆဲသွားတယ် …
မျိုးဇော်ဝင်း ( ပပ၀င်းခင် အကို ) …
ကျွန်တော်ကလဲ သူ မကြိုက်တဲ့  ....
သူ့ နာမည်ပြောင် ကျောက်မိန် ....
( နဂါးနိုင်ဓား ရုပ်ရုင်ထဲက ကျောက်မိန်နဲ့ တူလို့  ) ကို ….
မကြားတကြား ရွတ်ပြီး စပ်ဖြီးဖြီး ကျန်ခဲ့တယ် …

အခမ်းအနားနေ့ မှာ ....
လူအ၀င်အထွက်ကို ထိန်းချုပ်နိုင်ဖို့  ….
ပရိုတိုကော …
အာဂျင်ဒါ …
သက်ဆိုင်ရာ ဌာနတွေက ....
အကုန်တောင်းထားရတယ် …

ဌာနအလိုက် ၀င်မယ့်လူစာရင်း …
ဘယ်နှစ်ယောက်လဲ ၊ ဘယ်သူတွေလဲ …
ဘာတာဝန်လဲ ....
နာမည် ၊ မှတ်ပုံတင် မိတ္တူ အားလုံးလာထား…

ကကလှမ်း ၊ လှမ်း၂ လုံခြုံရေးဌာနမှာ ….
အမှူထမ်းလုံခြုံရေး ဌာနခွဲဆိုတာ ရှိတယ် …
သူက ကြိုတင်စိစစ်တယ် ….
ကျေနပ်ပြီဆို အိုကေ ….
စုစုပေါင်း ဘယ်နှစ်ယောက် ….
အာ့အတွက် ရင်ထိုးတွေ ထုတ်ပေးလိုက်တယ် …

ရင်ထိုးက နီးမှ ထုတ်ပေးတာ ….
ကြိုမပေးဘူး …
ပွဲတစ်ခုအတွက် ပုံစံတစ်မျိုး …
စထုတ်ကတည်းက ...
အရေအတွက် အတိအကျ ....
အပိုအလို မရှိ ထုတ်ပေးတာ ...
လုံးဝ ပျောက်လို့ မရဘူး ....
ဂိတ်ပေါက်မှာ ၀င်ခွင့်စာရင်းနဲ့  တိုက်စစ်မယ် …
ရင်ထိုး ပါမပါ စစ်မယ် ….
ပြီးမှ ၀င်ခွင့်ပေးမှာ ….

အဲ အထဲရောက်လို့  ....
ရင်ထိုးဖြုတ်ဖို့ တော့ မစဉ်းစားလိုက်နဲ့  ….
ကိုယ်ဘယ်လောက်ပင် ချောချောလှလှ ...
လုံခြုံရေး လုပ်ရတဲ့ သူက ....
အရင်ဆုံး ရင်ထိုးပါ မပါ စကြည့်တာ …
ပြီးမှ လူကို ကြည့်တာ …

ရင်ထိုးမပါရင် အရင်လာမေးမယ် …
ရင်ထိုးပြခိုင်းမယ် …
မပြနိုင်ရင် မေးခွန်းတွေ အများကြီးမေးမယ် …
ရူးသလို ပေါသလို လုပ်နေရင်တော့ ….
တာ့တာပဲ ….
အနီးဆုံး စစ်ကြောရေးစခန်းကိုသာ လစ်ပေတော့ ….

တစ်ခါဖြစ်ဘူးတယ် …
အပြင်မှာ ရင်ထိုးကျပျောက်လာတာ ….
ဂိတ်ရောက်မှ သိတယ် ….
အခမ်းအနားကြီး တစ်ခုလုံးက …
လုံခြုံရေးတွေ အလုပ်ရှုပ်ကုန်တယ် ….

အခမ်းအနားလာတက်တဲ့ 
ဌာနတစ်ခုစီက အရာရှိငယ်တစ်ယောက်စီကို ....
အကူအညီတောင်း …
ကိုယ့်ဆီက လူ တစ်ယောက်နဲ့  တွဲပြီး ….

ဒါ ခင်ဗျားဌာနက ဟုတ်လား… ဟုတ်တယ် …
နာမည် ဘယ်သူလဲ ... ဘယ်သူ ....
ဟုတ်မဟုတ် စာရင်းနဲ့ ပြန်တိုက် .....
ဆရာ ဒီ ရင်ထိုး အသစ်လေး ချိန်းပေးပါ ခင်ဗျား…

အဲဒီလို …..
အခမ်းအနား မစမီ ....
ရင်ထိုးတွေ အဟောင်းတွေ အားလုံး ….
ချက်ချင်း Cancel လုပ်
အသစ် ပြန်ချိန်းခဲ့ရဘူးတယ် …

ရင်ထိုးပျောက်တဲ့ သူကတော့ ...
ဝန်ကြီးဌာနတွင်း သတိပေးဆုံးမ မိတဲ့ အပြင် ...
ရင်ထိုး Set တစ်ခုလုံးစာ ပြန်လျှော် လိုက်ရတယ် ....

ဒါတောင် ...
လူထု အခမ်းအနား လုံခြုံရေးမဟုတ် …
တက်ရောက်သူ ကန့် သတ်ထားတဲ့ …
သီးသန့် အခမ်းအနား လုံခြုံရေး ….

ဒီလောက်ဆိုရင်တော့ ….
လူထု အခမ်းအနား ပွဲတွေကို ….
လုံခြုံရေး စီစဉ်ရတဲ့ သူတွေ …
ဘယ်လောက် ခေါင်းခြောက်ရမယ်ဆိုတာ ….
အကြမ်းဖျင်း ရိပ်မိလောက်ပြီ ထင်ပါရဲ့ ….

လုံခြုံရေး တာဝန် ထမ်းဆောင်နေရသူတွေကို ...
နည်းနည်းပါးပါး ကိုယ်ချင်းစာနိုင်ဖို့  ...
တင်ပြတာပါ ....
လုံခြုံရေး အရ ကိုပဲ ....
အရေးကြီးတဲ့  ပရိုဆီဂျာတွေ ချန်ထားခဲ့တယ် ...
ဖတ်ရတာ တစ်ခုခု လိုနေရင် ခွင့်လွှတ် .... ။ ။
 
 
From: Ye Moe 

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...