Wednesday, 23 July 2014

NLD ပါတီဝင်ဟောင်း သစ်ထူးလွင် လိမ်ညာလှုံ့ဆော်ခဲ့သည့် အဓမ္မပြုခံရမှု ယနေ့ရုံးထုတ်မည်





NLD ပါတီဝင်ဟောင်း သစ်ထူးလွင် လိမ်ညာလှုံ့ဆော်ခဲ့သည့်  အမျိုးသားနှစ်ဦးက ၎င်းကို အဓမ္မပြုကျင့်ကြောင်း ပျဉ်းမနားရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သည့် မဖြူဖြူမင်း(ခ)က တုံးမကို ယနေ့ဇူလိုင် ၂၃ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှ နေကဖေးနှင့် ဆန်းကဖေးပိုင်ရှင်ညီအစ်ကိုနှစ်ဦီးက ၎င်းကို အဓမ္မပြုကျင့်ကြောင်းပျဉ်းမနားရဲစခန်းတွင် ဇွန်လ၂၉ရက်က တိုင်ကြားခဲ့ခြင်းဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ)၏ စစ်ဆေးချက်အရ လိမ်လည်တိုင်ကြားခြင်းဖြစ်နေသောကြောင့် ၎င်းကိုအမှုပြန်ဖွင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုအမှုကို စီအိုင်ဒီမှ တိုက်ရိုက်ကိုင်တွယ်နေကာ ဇူလိုင် ၂၂ ရက်တွင် ပျဉ်းမနားတရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လူမှုရေးပြဿနာရှိနေသည့် မိသားစုနှစ်စုမှ တစ်ဖက်နှင့်တစ်ဖက် အမှုဆင်ထောင်ချရန်ကြိုးစားရာမှ မန္တလေးမြို့တွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိခဲ့သည်။

မန္တလေးပဋိပက္ခတွင်ပါဝင်သူ ၄၉ ဦးကို ထိန်းသိမ်းထားပြီး ရှစ်ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
From: 7day

www.mmdailystar.com

ကြက်ခြေနီအရာရှိတစ်ဦးအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့သည့် DVB မှ သတင်းထောက် လေးလေးမွန်အား DVB သတင်းဌာနမှ ပြင်းထန်စွာ သတိပေးခဲ့

အာဇာနည်နေ့က လုံခြုံရေးကဒ်မပါ၍ စစ်ဆေးမေးမြန်းခဲ့သော ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠကျော်အား DVB သတင်းထောက်
လေးလေးမွန်မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့မှုကြောင့် ပြည်သူအများက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုအခါ ၄င်း၏ သတင်းဌာနဖြစ်သော 
DVB သတင်းဌာနကပါ ထိုကဲ့သို မပြုလုပ်ရန်နှင့် ၄င်းရေးသားခဲ့သည်များကို ပြန်လည်ဖျက်ပစ်ရန် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 
photo - Nulled Byte
From:

www.mmdailystar.com

ဆွံ့အ နားမကြားတဲ့ အပျိုလေးကို လယ်ကန်သင်းပေါ်မှာ မုဒိန်းကျင့်ခဲ့သူအား တစ်ရက်အတွင်း ဖမ်းမိ

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ်သပြုပင်ကျေးရွာတွင် ဆွံ့အ နားမ ကြားသော အမျိုးသမီးငယ်တစ်ဦး အားတစ်ရွာတည်းနေ အမျိုးသား တစ်ဦးမှ ခေါ်ဆောင်သွားပြီးအလို မတူဘဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်ပွားပြီး ၂၄နာရီ အ တွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူနိုင်ခဲ့ကြောင်း ဒေသခံတို့ ထံက သိရသည်။ ဖြစ်စဉ်အကျဉ်းမှာ ဟင်္သာတ မြို့နယ် သပြုပင်ကျေးရွာရှိ အဒေါ် ဖြစ်သူ ဒေါ်....သည် အိပ်ပျော် သွားစဉ် ၄င်းနှင့်အတူနေထိုင်သူ မ---- (ဆွံ့အ နားမကြား) ၁၇နှစ် သည် ဇူလိုင် ၁၉ရက် ည ၈နာရီခန့် တွင် နေအိမ်ရှေ့ ဖိနပ်ချွတ်၌ သင် ဖြူးဖျာရက်နေစဉ် တစ်ရွာတည်းနေ သိန်းထွန်း(ခ)မိုးကြိုး ၅၂နှစ်မှ လက် ဆွဲ၍ ခေါ်ဆောင်သွားပြီး လယ်ကွင်း ကန်သင်းရိုးပေါ်တွင် သားမယားအ ဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ထို့နောက်မိန်း ကလေးငယ်အား လိန်ကုန်းကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်ဆောင် သွားရာ မိန်းကလေးမှ မနေချင်ကြောင်း ပြုမူသဖြင့် ဇလွန်မြို့နယ် ဂွေးတောက် ချောင်ကျေးရွာရှိ နေအိမ်တစ်လုံးသို့ ထပ်မံခေါ်သွားခဲ့ပြီး မိန်းကလေးငယ် အား ချော့မော့ရာမရ၍ ဇူလိုင် ၂ဝ ရက် နံနက် ၄နာရီခန့်တွင် ဟင်္သာတ မြို့ထဲ၌ထားခဲ့ကြောင်း ဒူးယားနယ် မြေရဲစခန်း၏ စစ်ဆေးပေါ်ပေါက် ချက်အရ သိရသည်။

အဒေါ်ဖြစ်သူ ဒေါ်...သည် ဆွံ့အနားမကြားသော တူမဖြစ်သူ မ...အား ညပိုင်းတွင် လိုက်လံရှာ ဖွေရာ မတွေ့သဖြင့် ဇူလိုင် ၂ဝရက် နံနက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းတို့တွင် တိုင်ကြားခဲ့ သည်။''အခုဖြစ်ခဲ့တဲ့ မိန်းကလေးက မိဘတွေမရှိဘူး။ အပျိုအဒေါ်ကြီးနဲ့ ဆွံ့အနေတဲ့ မောင်နှမ နှစ်ယောက်ပဲ အတူနေကြတာ။ သူက လက်ဟန်ခြေ ဟန်နဲ့ဘဲ ပြောနိုင်တယ်။သူ့ကို ဟင်္သာ တမှာထားခဲ့တယ်ဆိုတာ သိရတယ်။ အဲဒီမှာ သူတို့ကိုမြင်ခဲ့တဲ့သူက အ ကြောင်းကြားလို့ အခုဖမ်းမိတဲ့သူကို စစ်မေးတော့ ဝန်ခံတယ်''ဟု ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။ အဒေါ်ဖြစ်သူ ဒေါ်....က ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်တိုင် ကြားခဲ့ရာ ဒူးယားနယ်မြေရဲစခန်းမှ သိန်းထွန်း (ခ) မိုးကြိုးအား (ပ) အမှတ် ၁၇/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၇၆ဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။

From:  ‪‎Democracytoday‬

www.mmdailystar.com

မြန်မာအလှမယ် ခင်ဝင့်ဝါနှင့် ထားထက်ထက် တို့ကိုသရဖူ လွှဲပြောင်းခွင့် ပိတ်

Miss Golden Land Organizationမှ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း များကို လိုက်နာ မှု မရှိတာကြောင့် အလှမယ် ခင်ဝင့် ဝါနဲ့ ထားထက်ထက် တို့ကို သြဂုတ် လမှာ ကျင်းပမယ့် Miss Golden Land Myanmar အလှမယ်ရွေး ချယ်ပွဲကြီးမှာ သရဖူ လွှဲပြောင်းခွင့် ပိတ်လိုက်ကြောင်း ကို Organization မှ CEO ဖြစ်သူ ကိုဝေယံအောင် က “သရဖူ မဆောင်းရတာတော့ ထားထက်ထက်ရော၊ ခင်ဝင့်ဝါရော မဆောင်း ရတာပါ။ ပြဿနာ အကြီး အကျယ်တော့ မရှိပါဘူး။ သရဖူဆို တာကို ကျွန်တော် တို့ သတ်မှတ်ထား တာက Miss တစ်ယောက် ထမ်း ဆောင်ရမယ့် တာဝန်ပေါ့။ တစ်နှစ် တာ အတွင်းမှာ သူထမ်းဆောင်ရတဲ့ တာဝန်ကို ကျေပွန်တယ် လို့ မယူဆဘူး ဆိုရင် သရဖူဆောင်း ခွင့်မပေးပါဘူး။ နောက်နှစ် ဆက်ခံမယ့် သူကို သူ့ရဲ့ တာဝန်တွေ လွှဲပေးရမယ်။ သရဖူ ကိုတော့ International Winner တွေ ပဲ ဆောင်း မှာပါ။ အနုပညာလှုပ် ရှားမှုတွေကို Organization ရဲ့ ခွင့် ပြုချက် ယူပြီးမှ လှုပ်ရှားရမှာပါ။ အနု ပညာ လုပ်ငန်းတွေ လက်ခံတာ၊ တစ် နှစ်အတွင်းမှာ လှုပ်ရှား တာတွေ အား လုံးက Organization က အတည် ပြုပြီးမှသာ သွားရမှာပါ။ အဲဒီလိုမ ဟုတ်ဘဲနဲ့ သူတို့ဟာ သူတို့အလုပ် လက်ခံတယ်။ သူ့ဟာသူ သွားတယ်။ ဒါမျိုး တွေ က Organization နဲ့ Miss ကြားမှာ မဖြစ်သင့်ဘူး။ အဲဒီ အတွက် သတိပေးတဲ့ မေတ္တာရပ်ခံ စာ တစ်စောင် ထုတ်ပေးတာပါ”လို့ ပြောပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါ ကို မေးမြန်းရာ “ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ညီမဘက်က ဘာမှတော့ ပြောပိုင်ခွင့် မရှိသေးပါ ဘူး။ Organization ဘက်က လည်း အင်တာဗျူး လုပ်ရင် မဖြေနဲ့လို့ ပြော ထားတယ်။ ညီမအနေ နဲ့ ၁၄-၈-၂ဝ၁၃ ကနေ ပြီးတော့ ၁၄-၈- ၂ဝ၁၄ အထိ Miss Supranational Myanmar 2013 တာဝန် ကို ထမ်းဆောင်ရမယ်။ အဲဒီ အတော အတွင်း မှာလည်းညီမ အကောင်းဆုံး နေတယ်။ ကိုယ်တတ် နိုင်သလောက် တစ်ပိုင် တစ်နိုင် ပရဟိ တတွေ လုပ်တယ်။ ညီ မကောင်းလား၊ မကောင်းလား ဆိုတာကို ပရိသတ်တွေ ဝေဖန်လို့ရပါတယ်” လို့ ပြောပါတယ်။

From: Popular Myanmar News

www.mmdailystar.com

ကာချုပ်သစ် အဖြစ် ရေပန်းစားသော ဗိုလ်ချုပ်မြထွန်းဦး ရာထူးတိုး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် အဖြစ်ရေပန်းစားနေသည့် ဗိုလ်ချုပ်မြထွန်းဦးကို ဇွန်လနှောင်းပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး တိုးမြှင့်ပေးလိုက်ပြီး တပ်မတော်တွင် လက်ရှိ နံပါတ် ၄ အဆင့်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ဖြစ်လာကြောင်း စစ်ဘက် သတင်းရပ်ကွက်မှ သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စစ်ဦးစီးအရာရှိ ချုပ်(ကြည်း) အဖြစ် ခန့်အပ်ခံထားရသူဖြစ်ကြောင်းသိရှိရသည်။

“တပ်မတော်မှာ အရေးပါတဲ့နေရာအတွက် အလားအလာ ရှိတဲ့သူတွေက ရာထူးအဆင့်တိုးတာ ခပ်မြန်မြန်ပဲ တိုးလေ့၊ ရာထူးတက်လေ့ ရှိတယ်။ ရာထူးအဆင့် ဘယ်လိုပဲရှိနေစေကာမူ သူယူထားတဲ့ တာဝန်က ကြီးတယ်ဆိုရင် အဲဒီတာဝန် အတွက် အဆင့် တိုးတာ မြန်နိုင်သမျှ မြန်မြန် တက်သွားလေ့ရှိတယ်။ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဆိုတဲ့ တာဝန်ကို ဗိုလ်ချုပ် မြထွန်းဦးကို ပေးလိုက် ကတည်းက တချိန် အနာဂတ် တပ်မတော်ခေါင်းဆောင်အဖြစ် အလားအလာ များတယ် ဆိုတာ သိသာစေတယ် ” ဟု စစ်ဘက်ရပ်ကွက်နှင့်နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးသည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ဆက်ဆံရေး ကောင်းမွန်စေရေး စွမ်းဆောင်နိုင်ခဲ့သူတဦးဖြစ်ကြောင်း၊ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ဆွေးနွေးပွဲများတွင် တပ်မတော်ကိုယ်စားပြု တက်ရောက်နေသူဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင် ၁၉ ရက်နေ့ကျရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (OTS-56) တို့ဦးဆောင်တက်ရောက်ခဲ့ပြီး အစိုးရသတင်းစာများတွင် ရာထူး အဆင့် အလိုက် တပ်မတော်အရာရှိကြီးများ၏ အမည်များကို ဖော်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး၏အမည်ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ရှေ့တွင် ဖော်ပြခဲ့သည်။

From: ဧရာဝတီ

www.mmdailystar.com

ဘင်္ဂါလီ ၁၉ ဦးကို ရန်ကုန်ပို့ရန် ကြိုးစားသည့် လူကုန်ကူးဂိုဏ်းမှ ပုန်းရှောင်ပွဲစား ဖမ်းမိ

ဘင်္ဂါလီ ၁၉ ဦးကို ရန်ကုန်မြို့သို့ ခိုးပို့ရန်ကြိုးစားသည့် လူကုန်ကူးဂိုဏ်းမှ လွတ်မြောက်နေသော ပွဲစားတစ်ဦးကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် သူမှာ ကျောက်တော်မြို့နေ အောင်ကျော်ကျော်ဆိုသူဖြစ်ပြီး ထိုအမှုမှ ထွက်ပြေးတိမ်းရှောင်နေ သည့် နောက်ထပ်လူပွဲစားတစ်ဦး ကိုလည်း ဇူလိုင် ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့တွင် ဖမ်းဆီးမိခဲ့ကြောင်း အမ်းမြို့မရဲစခန်းမှူးက ပြောသည်။

‘‘အမှုတွဲထဲမှာပါနေတာက တော့ စုစုပေါင်းခုနစ်ယောက်။ ငါးယောက်ကိုတော့ ဖမ်းထားနိုင်ပြီ။ကျန်တဲ့သူတွေကိုလည်း ဒေသအသီးသီးက ရဲတပ်ဖွဲ့ချင်း ချိတ်ဆက်ပြီး အရေးယူဖို့ကြိုးစားနေပါတယ်’’ဟု ပြောသည်။

လူကုန်ကူးသူများသည် ဘင်္ဂါလီတစ်ဦးလျှင် ကျပ်သုံးသိန်း ဖြင့် ရန်ကုန်မြို့သို့ပို့ရန် ညှိနှိုင်း ထားကြောင်း မူလကထွက်ဆိုခဲ့ သော်လည်း အမှုစစ်ရဲအရာရှိ၏ စစ်ဆေးချက်အရ ထိုထက်များ သည့် ငွေပမာဏဖြင့်ပို့ရန် ကြိုးစားခြင်းဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ ၂၇ ရက်က အမ်းမြို့ တွင် ဘင်္ဂါလီ ၁၉ ဦးကို ကားဖြင့် ရန်ကုန်မြို့သို့ပို့ရန်ကြိုးစားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကိုစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။ ဘင်္ဂါလီများကို ရန်ကုန်မြို့သို့ပို့မည့် လူကုန်ကူးဂိုဏ်းတွင် လူခုနစ်ဦးပါဝင်ပြီး ငါးဦးကို ထိန်းသိမ်းစစ်ဆေးနေကြောင်း အမ်းမြို့မရဲစခန်းမှ သတင်းရရှိသည်။

ဖမ်းဆီးခဲ့သည့် ဘင်္ဂါလီ ၁၉ ဦးကို လဝကဥပဒေအရ ထောင် ဒဏ်တစ်နှစ်နှင့် နှစ်လချမှတ်ခဲ့ ကာ ကျောက်ဖြူမြို့ အကျဉ်း ထောင်တွင် ထိန်းသိမ်းထားသည်။

From:OE

www.mmdailystar.com

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအား အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မည့် အပေါ်ကုလအပါအဝင်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ထိုင်းနိုင်ငံအား သတိပေး

-မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအနေအ ထားများအရ ဒုက္ခသည်များကို အစု လိုက် အပြုံလိုက် ပြန်ပို့ရန် မသင့်လျော် သေးဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အ ဖွဲ့များက အသိပေးပြောကြားလိုက် ကြောင်း သိရသည်။ ဒုက္ခသည်များကို လုံခြုံစိတ်ချ စွာနှင့် အောင်မြင်စွာပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်တပ်နှင့် ကု လသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီးကပ် ပူး ပေါင်းဆောင်ရွက်မည်ဟု ထိုင်းနိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် အတည်ပြုဖော် ပြထားကြောင်း သိရသည်။

မြန်မာဒုက္ခသည် တစ်သိန်းနှစ် သောင်းကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း ထိုင်း စစ်တပ်အကြီးအကဲ ပရာယုချန် အိုချာက ကြေညာခဲ့ပြီးကတည်းက ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း အားလုံးတွင် လုံခြုံရေးတိုးမြှင့်ချထား ကြောင်း သိရသည်။

သို့ရာတွင် ဒုက္ခသည်စခန်းများ အတွင်းအခြေအနေမှာ ပုံမှန်အ တိုင်းရှိသည်ဟု ထိုင်းစစ်ဖက်က ပြော ကြားထားကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်စ ရာ ပေးရုံမျှမက ထိုင်းအစိုးရနှင့် အကူအညီပေးရေး အေဂျင်စီများ က ဒုက္ခသည်များအား အစားအစာ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရုံမျှမက ပညာပါသင်ပေးသည် ဟုဆိုသည်။ ဒုက္ခသည်များကို အများအပြားပြန်ပို့ခြင်းသည် အဆိုပါ ကူညီပံ့ပိုးပေးနေခြင်း ယန္တရားကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်ဟူ သော အဓိပ္ပါယ်ကိုဆောင်သည်။
''မြန်မာနိုင်ငံရဲ့ အခြေအနေ က ဒုက္ခသည်တွေကို အစုလိုက် အ ပြုံလိုက် ပြန်ပို့ဖို့ မသင့်လျော်သေး တဲ့အနေအထားမှာ ရှိပါတယ်''ဟု ဒေါက်တာစင်သီရာမောင် က ပြော သည်။



From:   Yangon Media Group

www.mmdailystar.com

ဆောင်းပါးရှင် ဆရာစည်သူအောင်မြင့်ဖတ်ဖို့ အိတ်ဖွင့်ပေးစာ


ဇူလိုင် ၂၀ ရက်က ရန်ကုန် MICT Park မှာ Community Forum on Responsible Social Media in Myanmar ဆိုတဲ့ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲအပေါ်မှာ "အကြမ်းဖက်မှု လျော့နည်းစေချင်တာလား၊ ဖေ့စ်ဘွတ်ကို ထိန်းချုပ်ချင်တာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာ စည်သူအောင်မြင့်က မဇ္ဈိမ မှာ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပြီး အစိုးရကို မေးခွန်းထုတ်လိုက်တာဖတ်ရပါတယ်။ ခုပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဆရာစည်သူအောင်မြင့် ပြောခဲ့သလို Facebook ကို အစိုးရက တကယ်ပဲ ထိန်းချုပ်ချင်တာလားဒါမှမဟုတ် အစိုးရမဟုတ်တဲ့ အရပ်ဖက် အဖွဲ့အစည်း ပညာရှင်တွေက အမုန်းစကားတွေ ဖြန့်ပြီး တာဝန်ယူမှုမရှိတဲ့ သုံးစွဲသူတွေကို ပပျောက်သွားစေချင်တဲ့စိတ်၊ ဖေ့စ်ဘွတ်ခ် ကြောင့် ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်နေရတာကို ရပ်တန့်စေချင်တဲ့ စိတ်နဲ့ ဆွေးနွေးခဲ့ကြတာလား ဆိုတာ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မေးခွန်းထုတ်ချင်တာက ဆရာစည်သူအောင်မြင့်အနေနဲ့ ဒီဆွေးနွေးပွဲကို လူကိုယ်တိုင်တက်ရောက်ခဲ့သလား။ ဒါမှမဟုတ် ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအပေါ် သုံးသပ်ပြီးဆောင်းပါးရေးခဲ့တာလားဆိုတာကိုပါ။ ဘာလို့ ဒီမေးခွန်းထုတ်ရသလဲဆိုတော့ ဆရာစည်သူအောင်မြင့်ရဲ့ရေးသားချက်တွေက ကိုယ်တိုင်တက်ရောက်ခဲ့ပုံမပေါ်ဘဲ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသွားကြတဲ့ သူတွေနဲ့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာကို သေချာမသိမဲ့ ပုံပေါက်နေလို့ ပါပဲ။

ဆရာရေးခဲ့တဲ့ ဆောင်းပါးမှာ မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေး ဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့ ဒီအကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကနေ ဖြန့်ချိခဲ့တယ်လို့ သမ္မတရုံးက ယူဆတယ်လို့ ဆိုပါတယ် ဆိုပြီး

ရေးခဲ့ပါတယ်။ တကယ်တော့ ဒါကို အစိုးရသာမက မြန်မာ့နိုင်ငံရေး လေ့လာသူတွေ တတ်သိပညာရှင်တွေနဲ့သာမန်ပြည်သူလူထုကပါ သိတဲ့ အကြောင်းအရာပါ။ ဒါကြောင့်လဲ Facebook ပေါ်မှာ ဒီလို တာဝန်ယူမှုမရှိတဲ့ ရေးသားချက်တွေ အမုန်းစကားတွေကို ပပျောက်စေပြီး သုံးစွဲသူတွေကိုယ်တိုင်တာဝန်ယူမှုရှိလာစေဖို့အတွက် အစိုးရမဟုတ်တဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ တက်ကြွသူပြည်သူတွေကပါ ဒီဆွေးနွေးပွဲမှာ ၀ိုင်းဝန်းအဖြေရှာခဲ့ကြတာပါ။ ဒီပွဲကို ကမကထ လုပ်တာဟာ သမ္မတရုံးဝန်ကြီးဌာနကလို့ ဆိုပေမဲ့ တကယ့်တကယ့်ဆွေးနွေးပွဲမှာ သမ္မတရုံးကလာဖို့ မပြောနဲ့ တက်ရောက်လာတဲ့ အစိုးရဖက်ကတာဝန်ရှိသူတချို့တောင် နားထောင်ရုံသက်သက်သာ ဖြစ်ပြီး တခွန်းတပါဒမျှ ၀င်ရောက် ပြောဆိုခဲ့တာ မတွေရပါဘူး။ဘလော့ဂါ နေဘုန်းလတ်၊ ညီလင်းဆက်၊ သောင်းစုငြိမ်း၊ ရဲမြတ်သူ၊ မင်းတေဇာညွန့်၊ ဦးဇော်ထွန်း၊ ထူးမြင့်နောင် စတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေအပြင် တက်ရောက်လာတဲ့ ပရိသတ်တွေကပါလွတ်လပ်စွာနဲ့ Facebook ပေါ်က ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတာပါ။ဆွေးနွေးပွဲတ၀က်လောက်မှာ ၈၈ က ဦးကိုကိုကြီးတောင် တက်ရောက်လာပြီး ၀ိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။

နောက်ပြီး ဆရာစည်သူအောင်မြင့်က

"အခုကိုပဲ ဖေ့စ်ဘွတ်ခ် အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ စပြီး စကားစလာပါပြီ။ ဒါဆိုရင် အဲဒီ မိုဘိုင်းဖုန်းနံပါတ်တွေကို ဘယ်သူက အားလုံးသိခွင့်ရှိမလဲ၊ ဘယ်အကြောင်းအရာမျိုး တင်ရင် ဘယ်သူက တားမြစ်ခွင့်၊ ပိတ်ပင်ခွင့်ရှိမလဲ မေးစရာမေးခွန်း ရှိလာပါပြီ။ အားလုံးကို အစိုးရကပဲ သိ၊ အစိုးရကပဲ ထိန်းချုပ်မယ်ဆိုရင်တော့ လက်ရှိ သမ္မတရုံးရဲ့ လုပ်နေကိုင်နေတဲ့ ရည်ရွယ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။"

လို့ ဆရာရဲ့ အမြင်ကို ပြောဆိုခဲ့တာ ဖတ်ရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာက အစိုးရမဟုတ်တဲ့ ပညာရှင်တွေ၊ တက်ကြွတဲ့ ပြည်သူတွေသာဖြစ်ပြီးတော့ ဖေ့စ်ဘွတ်ခ် ပြဿနာအတွက် ဘယ်လိုအဖြေရှာခဲ့တယ် ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ဆရာစည်သူအောင်မြင့်လိုချင်ရင် အသံဖိုင်ပါ ပေးလို့ရပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ဆိုတာ အစိုးရက အကြံပြုခဲ့တာ မဟုတ်ပါဘူး။ တက်ရောက်လာသူထဲက တင်ပြခဲ့တဲ့ အကြံပြုချက်ဖြစ်ပါတယ်။ သူနိုင်ငံခြားမှာ နေစဉ်အခါက ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုခဲ့ရကြောင်းကို ပြောပြီး ဒီလိုအကြံပေးခဲ့တာ ဖြစ်ပါတယ်။ သူပြောသလိုပဲ နိုင်ငံတကာမှာ လည်း ဖေ့စ်ဘွတ်ခ်မှာ အကောင့်တွေကို မိုဘိုင်းဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက် အသုံးပြုကြရတာ ဖြစ်ပါတယ်။
သူ့ရဲ့အကြံပြုချက်ကို အရပ်ဖက် ပညာရှင်တွေ ၀ိုင်းဝန်းဆွေးနွေးပြီး Staetment တစ်ခုအနေနဲ့ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖေ့စ်ဘွတ်ခ်ကို ဖုန်းနဲ့ ချိတ်ဆက်ဖို့ က အရပ်ဘက်ပညာရှင်တွေတတ်နိုင်တဲ့ ကိစ္စမဟုတ်တဲ့ အတွက်ကြောင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကနေတဆင့် Facebook ကုမ္ပဏီနဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ ညှိနှိုင်းခဲ့ကြတာပါ။ဒါဟာ အစိုးရရဲ့ အာဘော်မဟုတ်ဘဲ ပညာရှင်တွေ ဆွေးနွေးပွဲကနေ ရလာတဲ့ နည်းလမ်းတစ်ခုကိုအစိုးရက ကြားခံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို အဲဒီနေ့က ဆွေးနွေးပွဲ တက်လာသူတွေသိကြပါတယ်။ ဆွေးနွေးပွဲကို ရောက်ခဲ့ဟန်မတူတဲ့ ဆရာစည်သူအောင်မြင့်အနေနဲ့ ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတဲ့ အမြင်တစ်မျိုး ရှိလာတာလည်း မဆန်းပါဘူး။

နောက်တစ်ခုက "အမုန်းတရားတွေ ဖြန့်ချိနေတာ၊ အကြမ်းဖက်မှုတွေ လုပ်နေတာတွေဟာ ဖေ့စ်ဘွတ်ခ်တစ်ခုတည်း ရှိသလားဆိုပြီး မေးရမလိုတောင် ဖြစ်နေပါတယ်။"လို့ အစိုးရအပေါ် မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။ မှန်ပါတယ် အမုန်းတရားတွေဖြစ်ပြီးအကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နေတာ ဖေ့စ်ဘွတ်ခ် တစ်ခုတည်းမဟုတ်ပါဘူး။သို့ပေမဲ့ မြန်မာပြည်က လူဦးရေ ၂ သန်းကျော်သုံးနေတဲ့ ဖေ့စ်ဘွတ်ခ်ဆိုတဲ့ လူမှုကွန်ယက်ကြီးဟာသာမန် အရပ်ထဲမှာ တရားဟောမှု၊ စာရွက်တွေ ဖြန့်ချိပြီး လှုံ့ဆော်နေမှုထက် အချိန်တိုအတွင်းမှာတစ်နိုင်ငံလုံးအနှံ့ လူပေါင်းများစွာဆီကို ရောက်သွားစေနိုင်တဲ့ သတင်းကွန်ယက်ကြီးဆိုတာ ဆရာစည်သူအောင်မြင့်သတိမူမိခဲ့ဟန်မတူပါဘူး။
ဖြစ်ခဲ့တဲ့ ရခိုင်အရေး၊ မိတ္ထီလာအရေး၊ မန္တလေးအရေးတွေဟာ စာရွက်တွေဖြန့် တရားတွေဟောပြီး ဖြစ်ပေါ်လာတာလို့ ဆိုရမှာထက် ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မမှန်တဲ့သတင်းတွေဖြန့် ၊ ဓာတ်ပုံတွေဖြန့်၊ တချို့မှန်သော်လည်းပဲ ကျင့်ဝတ်မရှိ တာဝန်ယူမှုမရှိတဲ့ ရေးသားဖော်ပြချက်တွေကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာ ပိုမှန်ပါလိမ့်မယ်။ ပြောရမယ်ဆို ဖေ့စ်ဘွတ်ခ်တစ်ခုတည်းကြောင့် ပဋိပက္ခတွေ ဖြစ်ရတယ်လို့ မဆိုနိုင်ပေမဲ့ လူသုံးများပြီး အချိန်တိုအတွင်း စားသုံးသူထံသတင်းတွေပို့ပေးနိုင်တဲ့ ဒီဖေ့စ်ဘွတ်ခ်ကြီးက တခြားအရာတွေထက် အန္တရာယ်ပို ကြီးနေပြီ ဆိုတာလက်ခံကြရမှာပါ။ ဒါကြောင့်လည်း ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီး "တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူမှုကွန်ရက်" အမည်နဲ့ ဆွေးနွေးပွဲမှာနယ်ပယ်အသီးသီးက ပညာရှင်တွေကတက်တက်ကြွကြွ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။


နောက်ဆုံးအနေနဲ့ ပြောရမယ်ဆို ဆရာစည်သူအောင်မြင့် ပြောသလို ဒီဆွေးနွေးပွဲဟာ အစိုးရက ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်တာဆိုတဲ့ စွပ်စွဲချက်ဟာ မဟုတ်မှန်ပါဘူးလို့ ဆိုချင်ပါတယ်။ ဒါဟာ အစိုးရဘက်ကို လိုက်ပြောတာမဟုတ်ဘဲ မြန်မာ့လူမှုနယ်ပယ်မှာသတိထားလာရမဲ့ ဖေ့စ်ဘွတ်ခ်အန္တရာယ်ကို ပြည်သူတွေအနေနဲ့ ဘယ်လိုဝိုင်းဝန်းဖြေရှင်းကြမလဲဆိုတဲ့အမြင်နဲ့ ထောက်ပြဝေဖန်လိုက်ရခြင်းဖြစ်ပါတယ်။ အစိုးရကသာ ထိန်းချုပ်ဖို့ လုပ်မယ်ဆို အဲဒီဆွေးနွေးပွဲကိုတက်ရောက်ဆွေးနွေးခဲ့တဲ့ ပညာရှင်တွေဟာ ဘလော့ဂ်ဂါ နေဘုန်းလတ်တို့ ညီလင်းဆက်တို့ ဦးကိုကိုကြီးတို့လို လူတွေမဟုတ်ဘဲ အစိုးရပဲ နာမည်ကောင်းအောင် ကမကထလုပ် အစိုးရဘက်ကတာဝန်ရှိသူတွေပဲ ဆွေးနွေးပြီး Statement တွေ ထုတ်သွားကြမှာ ဖြစ်ပါတယ်။
တကယ်လို့ အဲဒီဆွေးနွေးပွဲကို ဆရာစည်သူအောင်မြင့်ကိုယ်တိုင်တက်ရောက်ခဲ့သူ ဖြစ်မယ်ဆိုရင် ဒီဆွေးနွေးပွဲဟာ အစိုးရက ဖေ့စ်ဘွတ်ခ်ကို ထိန်းချုပ်ချင်လို့ မဟုတ်ဘဲ ဖေ့စ်ဘွတ်ခ် ကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစေချင်တဲ့ ပန်းစကားလှုပ်ရှားသူ ကိုနေဘုန်းလတ်တို့လို လူတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ စေတနာအမှန်ကို သိပြီး ဆရာရဲ့ ဆောင်းပါးကို ရေးမိလိမ့်မယ် မထင်ဘူးလို့ ကျွန်တော် ထင်မြင်မိပါတယ်။
 
 
From:ME

www.mmdailystar.com

ဘဂါင်္လီစခန်းများထက် ရခိုင်ဒေသခံများ၏ လူနေမှုအဆင့်အတန်းများစွာနိမ့်ကျမှုများလည်းရှိနေဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆို





ရခိုင်ပြည်နယ်၏ ဒေသခံများမှာ ဘင်္ဂလီစခန်းများထက် နိမ့်ကျနေသည်များလည်းရှိနေသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီကို တုန့်ပြန်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်း မစ္စယန်ဟီလီနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဇူလိုင်လ ၁၈ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“လူမှုရေးအဖွဲ့တွေ ၀င်လာရင် ဘင်္ဂါလီစခန်းတွေကိုပဲ အဓိကထားသွားကြတော့ ဒေသခံတွေမှာဝင်လာတဲ့ လူမှုရေး အဖွဲ့တွေရဲ့ ထောက်ပံ့ကူညီမှုရတာ နည်းတယ်၊ အဲ့ဒါကြောင့် လူနေမှုအဆင့်အတန်းနိမ့်ကျတယ်လို့ ပြောတာမျိုးဖြစ်နိုင်ပါတယ်” ဟု ဂွမြို့နယ်မှ ရခိုင်တိုင်းရင်းသားတစ်ဦးက ၄င်းအမြင်ကို ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်က  ဘင်္ဂလီစခန်းများတွင် အိမ်သာရှိခြင်း၊ လျှပ်စစ်မီးရှိခြင်းနေရာထိုင်ခြင်းရှိခြင်း စသည့် အားသာချက်များရှိသော်လည်း ရခိုင်ဒေသခံတစ်ချို့မှာအိမ်သာမရှိ နေရာထိုင်ခင်းမရှိသည့် ဒေသခံများလည်း ရှိကြောင်း ကယ်ဆယ်ရေး ထောက်ပံ့ရေး နှင့် ပတ်သက်၍ မစ္စယန်ဟီလီ၏ မေးမြန်းမှု အပေါ်တုန့်ပြန်လိုက် ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် မစ္စယန်ဟီလီတို့ နှစ်နာရီနီးပါးအပြန်အလှန်ဆွေးနွေးခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချူပ်က လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်တုန့်ပြန်ပြောဆိုခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် အခြားနိုင်ငံများလိုမဟုတ်ဘဲ ဘာသာရေးလွပ်လပ်ခွင့် ပေးထား ကြောင်း ပြောသည်။

“ကျနော်တို့မြန်မာနိုင်ငံမှာဘာသာပေါင်းစုံရှိတယ်၊ အစ္စဘာသာဝင်ဆိုရင်လဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်၊ သူတို့ဘာသာရဲ့ နေ့ရက်ကြီးတွေမှာ ရုံးပိတ်တာတွေ ရှိတယ်၊ဒါဟာ ဘယ်နိုင်ငံမှာမှမရှိတဲ့ အရာတွေပါ"ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့တက်ရောက်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးကလည်းယခုကဲ့သို့ ဆိုသည်။

" အဓိကက တွေ့ရတာက မစ္စယန်ဟီဟာ ဘာတွေကို မေးလဲဆိုတော့ မူဆလင်တွေ အပြင်ထွက်ခွင့်မရတဲ့၊ကိစ္စ ဆေးဝါးကုသလို့မရ ကိစ္စဆိုဘဲ မေးတယ်၊ ဒေသခံ ရခိုင် အတွက် လူ့အခွင့်အရေးဆိုင်ရာ ဘာတစ်ခုမှ မပါဘူး ပြီးတော့ ထောင်ထဲ မှာလဲ ပြစ်မှုကျူးလွန်ထားလို့အရေးယူခံထားရတဲ့ အစ္စလာမ်ဘာသာဝင်တွေ ငါးဦးနဲ့ တွေ့တယ်၊ အဲ အထဲမှာ ရခိုင်တစ်ယောက်မှ မပါဘူး၊ ရှင်းရှင်းပြောရရင်  မူဆလင်ဘက်ရဲ့ အသံကိုဘဲ မေး နေတယ်'' ဟု ၄င်း၏ အမြင်ကို ပြောဆိုသည်။

မစ္စယန်လီသည်ရခိုင်ပြည်နယ်တွင် သုံးရက်တာ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်များကိုစုဆောင်း မည်ဖြစ်ပြီး ယခင်က သောမတ်ကင်တားနား၏ ရခိုင်ပြည်နယ်ခရီးစဉ်အတိုင်း  စစ်တွေမြို့ ရွှေစေတီကျောင်း ဆရာတော်နှင့်တွေ့ဆုံခြင်း၊ အကျဉ်းသားများနှင့် တွေ့ဆုံခြင်း၊ ဒုက္ခသည်များနှင့် တွေ့ဆုံမှုတို့ပါဝင်သည်။
 
 
From: SMMK

www.mmdailystar.com

ရန်ကင်းလူသတ်မှု တရားခံကို သေဒဏ်ချမှတ်




ရန်ကင်းမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ဇူလိုင် ၂၂ ရက်တွင် သေဒဏ်အမိန့်ချမှတ်လိုက် သည်။

ရန်ကင်းမြို့နယ် (၁၂) ရပ်ကွက်အတွင်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ဟင်းဝယ်ရန် နေအိမ်မှ ထွက်လာခဲ့သော မောင်မောင်ကြီးက လမ်းတွင် အရက်သောက်ပြီး ပြန်လာသူ အသက် (၂၂) နှစ်အရွယ် ချစ်ပို(ခ)ဝေယံဖြိုးက မတော်တဆပခုံးချင်းတိုက်မိရာမှ ချစ်ပိုက မကျေနပ်၍ ၎င်းအားလူအများရှေ့တွင် ထိုးကြိတ်ကာ လည်ပင်းကို ဓားရှည်ဖြင့် အချက်ပေါင်းများစွာခုတ်၍ သတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား၍ ဇူလိုင် ၂၂ ရက်တွင် တွဲဖက်ခရိုင်တရားသူကြီးက သေဒဏ်အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

‘‘ချစ်ပို(ခ) ဝေယံဖြိုးသည် အခင်းဖြစ်ပွားစဉ် သေသူအား သတ်သင့်၊ မသင့်စဉ်းစားချိန်ရှိပြီး ဦးလေးဖြစ်သူက လာတားစဉ် ဦးလေးလည်း ဦလေးအလုပ်လုပ်၊ ကျွန်တော်လည်း ကျွန်တော့်အလုပ်လုပ်မယ်ဟု ပြောဆိုကာ မလှုပ်ရှားနိုင်သူကို အသေသတ်ခဲ့ခြင်းပြစ်မှုထင်ရှားခဲ့၍ ၎င်းကို စွဲချက်တင်ပုဒ်မ-၃၀၂(၁)(ခ) အရ သေဒဏ်အမိန့်ချမှတ်သည်’’ဟု တွဲဖက်ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်ကပြောသည်။

အဆိုပါအမှုကို တရားသူကြီးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့အတည်ပြုရန် ဆက်လက် တင်ပြမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကလည်း ခုနစ်ရက်အတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး သို့ အယူခံဝင်နိုင်ကာ တရားခံမိသားစုက အယူခံဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


From: 7day

www.mmdailystar.com

လူ့အခွင့်အရေးကိုယ်စားလှယ် ကချင်ဒုက္ခသည်စခန်းသွား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီကို ဆက်လက် သွားရောက်ခဲ့ပြီး ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေသခံတချို့ရဲ့ ငြိမ်းချမ်းရေး လိုလားမှုကို ဖော်ထုတ်တဲ့ ဆန္ဒထုတ်ဖော်မှုနဲ့လည်း တွေ့ဆုံခဲ့ရပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အပြီးမှာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာ မန္တလေးမြို့ကို  သွားရောက်ဖို့လည်း ရှိပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူက ပြောပြပေးမှာပါ။
ကချင်ပြည်နယ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီနေ့မှာတော့ ဗန်းမော်မြို့က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေဆီကို သွားရောက်ခဲ့ပါတယ်။ မနေ့က မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး ၀ိုင်းမော်မြို့က ဒုက္ခသည် စခန်းတွေကို သွားခဲ့ပြီးနောက် ဒီနေ့တော့ ဗန်းမော်မြို့ကို ဆက်လက် သွားရောက်ခဲ့ကြောင်း ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရဲ့  ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

“မနေ့က မြစ်ကြီးနားမြို့ကို ရောက်ပါတယ်။ ရောက်ပြီးတော့ မြစ်ကြီးနားက ပြည်နယ်အစိုးရနဲ့တွေ့တယ်။
 ပြည်နည်ဝန်ကြီးချုပ်နဲ့လည်း တွေ့ပါတယ်။ ပြီးတော့ ဗန်းမော်ကို ဆက်လာပါတယ်။ ဗန်းမော်ကို ဆက်လာတော့ လမ်းမှာ ၀ိုင်းမော်ဒုက္ခသည်စခန်း ၂ ခုပေါ့ အဲ့ဒီကို ၀င်ပြီးတော့ ကျနော်တို့ ဗန်းမော်ကို ရောက်နေတာပေါ့။ ဗန်းမော်မှာတော့ ဒီမနက်ကတော့ ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ ဗန်းမော်မှာတော့ ဒီမနက်ကတော့ ဒုက္ခသည်စခန်း ၃ ခုပေါ့နော်။ အဲ့ဒီ AD-2000 ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် Robert Church ဆိုတဲ့ ဒုက္ခသည်စခန်းရယ်၊ နောက် ရွှေကြီးနားဒုက္ခသည်စခန်းရယ်၊ အဲ့ဒီ ၃ ခုပေါ့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ဗန်းမော်မြို့က အကျဉ်းထောင် ကျနော်တို့ ရောက်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့ ဗန်းမော်မြို့နယ်ပေါ့နော် အုပ်ချုပ်ရေးအဖွဲ့နဲ့တွေ့တယ်။ ဒီ ဗန်းမော်မြို့နယ်အတွင်းပေါ့ အဲ့ဒါနဲ့ပတ်သက်လို့ နည်းနည်းပါးပါး ရှင်းပြတယ်။နောက် ဒီ ဗန်းမော်မြို့နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တွေ့ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ ဗန်းမော်မြို့ခရီးစဉ်ထဲ ဗန်းမော် အကျဉ်းထောင်ကိုပါ ရောက်ရှိခဲ့ပါတယ်။ အကျဉ်းသားတဦးနဲ့ တွေ့ဆုံခဲ့တယ်လို့ အကျဉ်းထောင် တာဝန်ကျ အရာရှိက အတည်ပြု ပြောကြားပါတယ်။ အကျဉ်းသား မည်သူမည်ဝါ ဆိုတာကိုတော့  နှစ်ဘက်စလုံးက ပြောဆိုခြင်း မရှိပါဘူး။  အခု မြန်မာပြည် ခရီးစဉ်တလျှောက် မြန်မာပြည်ရဲ့ ပကတိ အခြေအနေတွေကို သိရှိအောင် ကြိုးစားသွားမယ်လို့ Ms. Yanghee Lee က ပြောဆိုကြောင်း ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ဒေသခံတွေရဲ့ တောင်းဆို ဆန္ဒထုတ်ဖော်တာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ကချင်ဒေသ ငြိမ်းချမ်းစေရေးအတွက် အဓိကထား ရည်ရွယ်တာဖြစ်တယ်လို့  ဦးအေးဝင်းက ပြောပါတယ်။
“လမ်းမှာတော့ ဟိုဒင်းပေါ့ ဖြတ်ကနည်းတော့ ကျနော်တို့ တွေ့လိုက်တယ်ပေါ့။ သေချာကြီးတော့ မဟုတ်ပါဘူး။ ဒီကလူစုတွေပေါ့ သူတို့ ငြိမ်းချမ်းရေး လိုချင်ကြောင်းပေါ့ နည်းနည်းလေးပါ။ လာပြီး ဟိုဘက် ဒီဘက်ပေါ့လေ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်တာလေးတွေတော့ ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဖြတ်သွားဖြတ်လာဆိုတော့ ကျနော်တို့ သေချာကြီးတော့ မတွေ့လိုက်ပါဘူး။ ဟိုဒင်းအနေနဲ့ပါ သူတို့ဆန္ဒအနေနဲ့ပဲ သူတို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်ကို ဆန္ဒထုတ်ဖော်တဲ့ သဘောပါပဲ။ ဘာမှ အထွေအထူးတော့ မရှိပါဘူး။”

ထာဝရငြိမ်းချမ်းရေး လတ်မှတ်ထိုးနိုင်ရန် ကူညီပေးစေလိုကြောင်း၊ လက်နက်ကိုင်အဖွဲ့များရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ပေးစေလိုကြောင်း စတဲ့ စာသားတွေ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ယာဉ်တန်း ဖြတ်သန်းသွားစဉ် ဒေသခံတွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
Ms. Yanghee Lee ဟာ ဗန်းမော်မြို့ကနေ ဒီကနေ့ ညနေမှာ မြစ်ကြီးနားမြို့ကို ခရီးဆက်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ မကြာသေးခင်က ပဋိပက္ခဖြစ်ပွားခဲ့လို့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့ကို သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ခရီးစဉ်အတွင်း နေပြည်တော်ကို သွားရောက်ပြီးတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဇူလိုင်လ ၁၇ ရက်က စတင်ခဲ့တဲ့ Ms. Yanghee Lee ရဲ့ ခရီးစဉ်တွင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာအပြင် အင်းစိန်ထောင်နဲ့ ရခိုင်ပြည်နယ်တို့ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ ၁၀ ရက်တာခရီးစဉ် အဆုံးသတ်မယ့် ဇူလိုင်လ ၂၆  ရက်နေ့မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်း မီဒီယာတွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း သိရပါတယ်။
From:VOA

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...