Friday, 25 July 2014

ထိုင်းစစ်အစိုးရက မြန်မာလုပ်သားများအတွက် မစိုးရိမ်ရန် သမ္မတဦးသိန်းစိန်ထံ သ၀ဏ်လွှာပို


ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေးနှင့်ပတ်သက် ၍ နိုင်ငံတော်သမ္မတနှင့် မြန်မာ နိုင်ငံသားများအား စိုးရိမ်မှုမရှိ ရန်နှင့် ၎င်းတို့အား ပြန်ပို့မည်မ ဟုတ်ကြောင်း ထိုင်းနိုင်ငံယာယီ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် ကြီး ပရာယွတ်ချန်အိုချာက သမ္မတဦးသိန်းစိန်ထံသို့ သ၀ဏ် လွှာတစ်စောင်ပေးပို့လိုက်သည်။
အဆိုပါ သ၀ဏ်လွှာတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား များအား ပြန်လည်ပို့ဆောင်နေ သည်မှာ မဟုတ်ကြောင်း၊ မြန်မာ ရွှေ့ပြောင်း  လုပ်သားများအား အင်အားသုံးဖမ်းဆီးခြင်းမရှိသလို နိုင်ငံမှ ထွက်ခွာသွားစေလိုခြင်း လည်းမရှိပါကြောင်း နိုင်ငံပိုင်သ တင်း စာများတွင် ဖော်ပြထား သည်။တရားဝင်နေထိုင်သော မြန် မာလုပ်သားများနှင့် တရားမ၀င် နေထိုင်သော မြန်မာလုပ်သားအ ရေအတွက် စာရင်းကောက်ယူရန် လုပ်ဆောင်နေကြောင်း၊တရားမ ၀င်နေထိုင်သောမြန်မာလုပ်သား များ တရားဝင် နေထိုင်နိုင်ရန် လုပ်ဆောင်နေကြောင်း စသည့်အချက်များပါဝင်သည်။
‘‘မနေ့က ထိုင်းအလုပ်သ မားဝန်ကြီးနဲ့လည်းတွေ့ပြီးပါပြီ။ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြန်ပို့မယ့်အစီအစဉ်ဆိုတာမရှိပါ ဘူးလို့ပြောပါတယ်။ သံအမတ် ကြီးလည်း ထိုင်းအစိုးရနဲ့တွေ့ပြီး ပါပြီ။ အရင်ကလည်းရွှေ့ပြောင်း လုပ်သားတွေကို ပြန်ပို့တာမရှိပါ ဘူ။ တရားမ၀င်တွေကို တရားဝင် ဖြစ်အောင် လုပ်ဆောင်နေပါ တယ်’’ဟု ထိုင်းနိုင်ငံ မြန်မာသံရုံး မှ အလုပ်သမားရေးရာအရာရှိဦး သိန်းလွင်ကပြောသည်။
ထိုင်းနိုင်ငံတွင် စစ်တပ်အာ ဏာသိမ်းပြီးနောက် တရားမ၀င် နေထိုင်သည့်သူများကို ဖမ်းဆီး ရာ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ် သားများနှင့် မြန်မာရွှေ့ပြောင်း လုပ်သားများအများဆုံးဖမ်းဆီးခံ ခဲ့ရသည်။ ဖမ်းဆီးရာတွင် တရား မ၀င်မြန်မာနိုင်ငံသားရာနှင့်ချီဖမ်း ဆီးခံရပြီး အများစုကိုပြန်လွှတ်ပေးခဲ့သည်။ ကမ္ဘောဒီးယားရွှေ့ ပြောင်းလုပ်သားတစ်သိန်းကျော် မှာလည်း ပြန်သွားခဲ့ကြသည်။
ထိုသို့ ဖမ်းဆီးမှုများပြုလုပ် ပြီး ရက်ပိုင်းအကြာဇွန်လ ၁၆ရက် တွင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးနေသည်ဆိုသည့်သတင်း မှာ အမှားများဖြစ်ကြောင်း၊ မြန် မာနိုင်ငံသားများအားဖမ်းဆီးထား ခြင်းမရှိကြောင်း ထိုင်းစစ်အစိုးရကကြေညာချက် ထုတ်ပြန်သည်။
ဖမ်းဆီးမှုများ ပြုလုပ်ပြီး နောက် ဇွန်လ ၃၀ ရက်တွင် ထိုင်း စစ်အစိုးရက တရားမ၀င်နေထိုင် သော မြန်မာနိုင်ငံသားများ အ တွက် တရားဝင်နေထိုင်ခွင့်နှစ်လ သက်တမ်းရှိ ပန်းရောင်ကတ်များ ကို တရားမ၀င် နေထိုင်သော မြန် မာနိုင်ငံသားအများစုရှိရာ မဟာ ချိုင်တွင် One Stop Serviceဖြင့် တစ်နေရာတည်းအပြီးစတင်ပြု လုပ်ပေးခဲ့သည်။
နှစ်လသက်တမ်းရှိ ပန်း ရောင်ကတ်များထုတ်ပေးရာတွင် ပန်းရောင် တစ်ကတ်အတွက် ထိုင်းဘတ်ငွေရှစ်ဆယ်၊ ကျန်းမာ ရေးဆေးစစ်ခဘတ်ငွေ ငါးရာ၊ ကျန်းမာရေးအာမခံလက်မှတ် ဘတ်ငွေငါးရာ၊ အလုပ်လုပ်ခွင့် လက်မှတ်ဘတ်ငွေ ၂၂၅စုစုပေါင်း ဘတ်ငွေ ၁၃၀၅ကုန်ကျကြောင်း သတင်းရရှိသည်။ အသက် (၁၈) နှစ်အောက်ကလေးများမှာ အ လုပ်လုပ်ခွင့်လက်မှတ်မပါသော ကြောင့် ဘတ်ငွေ ၁၀၈၀ကုန်ကျ မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင် ငံ၌ တရားမ၀င်နေထိုင်သော ရွှေ့ ပြောင်း မြန်မာလုပ်သားများအ တွက် အဆိုပါ ကတ်များကိုနေရာသုံးဆယ်ခန့်တွင် ထုတ်ပေး နေပြီး ဇူလိုင် ၂၄ရက်အထိ လူကြီး ၇၄,၁၂၀ ဦးနှင့် ကလေး ၃,၉၆၈ ဦး စုစုပေါင်း ၇၈,၀၈၈ ဦး လာရောက်ထုတ်ယူထားကြောင်း သံအရာရှိ ဦးသိန်းလွင်က ပြောကြားသည်။
အဆိုပါ နှစ်လသက်တမ်းအတွင်း တရားဝင် ပါမစ်ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်ကျော်လွန်ပါက ပြစ်ဒဏ်များချမှတ်မည်ဟု သတင်းများထွက်ပေါ်နေသည်။
‘‘ကျွန်တော်တို့က ထိုင်းအစိုး ရအဖွဲ့ကို ကြိုပြီး ပြောထားပါ တယ်။ မြန်မာတွေအတွက် နှစ်လ နဲ့မလုံလောက်ရင်အချိန်ထပ်ပေး ဖို့တောင်းဆိုထားပါတယ်။ သူတို့ ကလည်းသဘောတူပါတယ်။မြန် မြန်ဆန်ဆန်လုပ်သွားအောင်လို့ နှစ်လအတွင်းလို့ ရက်ထုတ်ပြန် ထားတာပါ။အဲဒီအတွက်က ပူစ ရာမလိုပါဘူး’’ဟု ဦးသိန်းလွင်က ဆိုသည်။


From:7day

www.mmdailystar.com

● မန္တလေးဖြစ်စဉ် သတိတရားနှင့်ယှဉ် အသိတရား အစဉ်ထား ●



(မန္တလေးသားတစ်ဦး)

[၂၃-၇-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာနှင့် ၂၄-၇-၂၀၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာများမှ]

မန္တလေးမြို့တွင် ဇူလိုင်လ ၁ ရက်နေ့၊ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိလာခဲ့ပါသည်။ ဖြစ်စဉ်၏ နောက်ခံ အကြောင်းအရာ ပြည့်ပြည့်စုံစုံ သိရှိလိုက်ရသောအခါ သတိတရားနှင့် အသိတရား နှစ်ပါးတို့ ၏ အရေးပါမှုကို သတိပြုခံစားလိုက်ရပါသည်။ ပဋိပက္ခတွင် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံး ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရကာ အများပြည်သူ အထိတ်တလန့် အခြေအနေမျိုးကို ကြုံတွေ့ ခဲ့ရပါသည်။

ပုဂ္ဂိုလ်ရေး ရန်ငြိုးလေး တစ်ခုကြောင့် ယခုကဲ့သို့ ပြည်သူများ စိတ်မချမ်းမြေ့ဖွယ် အခြေအနေကို ဆိုက်ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။ ဤအခြေအနေမျိုး၊ ဤအတွေ့အကြုံမျိုးကို ကျွန်တော်တို့ မန္တလေးသူ၊ မန္တလေးသားများ နောင်ဘယ်သော အခါမှ မကြုံတွေ့လိုတော့ပါ။ အခြားမည်သည့်အရပ်၊ မည်သည့်ဒေသတွင်မှလည်း မကြုံတွေ့စေလိုတော့ပါ။
ဖြစ်ရပ်နောက်ခံ အကြောင်းမှာ ဆွေမျိုးနီးစပ်တော်စပ်သူများအကြား ၂၀၁၀ ပြည့်နှစ်ခန့်မှ စတင်၍ အပြန်အလှန် ဖြစ်ပွားခဲ့သော ပုဂ္ဂိုလ်ရေးရန်ငြိုး အာဃာတများကတစ်ဆင့် မြစ်ဖျားခံ စီးဆင်းလာခဲ့ရာမှ ရဲစခန်းတွင် သားမယားပြုကျင့်မှုဖြင့် လီဆယ်အမှုဖွင့်ခဲ့ခြင်းက စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ဆွေမျိုးနီးစပ်တော်စပ်သူများ ဖြစ်လင့်ကစားတစ်ဖက်နှင့်တစ်ဖက် မပြေသော ရန်ငြိုးများဖြင့် အမှုကြီးများ အပြန်အလှန်ဖန်တီးခဲ့ကြသည်အထိ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုအချိန်တွင် အမှုဆင်၍ လီဆယ်တိုင်ကြားခဲ့သည့် ဖြစ်ရပ်ကို အင်တာနက်၊ လူမှုကွန်ရက် တို့ဖြင့် လှုံ့ဆော်အားဖြည့်လိုက်သောအခါ မတူကွဲပြားသော လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ပဋိပက္ခ ဖြစ်ပွားစေမည့် စိတ်ခံစားမှုများ ပိုမိုမြင့်မား ပြင်းထန်လာစေခဲ့ပါသည်။ ထို့ကြောင့် ဇူလိုင်လ ၁ ရက်နေ့တွင် မန္တလေးမြို့၌ ပဋိပက္ခဖြစ်စဉ်များ ကူးစက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

နှစ်ဖက်သော လူ့အဖွဲ့အစည်းများအကြားတွင် သံသယနှင့် မလုံခြုံမှုများကို ကြီးမားစွာ ခံစားခဲ့ကြရပြီး တည်ငြိမ်မှုသည်လည်း ရုတ်ခြည်းပျက်ပြားသွားစေခဲ့ရပါသည်။ ယခင်က ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေထိုင်လာခဲ့ကြသူများအကြား သံသယစိတ်များ တိုးမြှင့် ဖြစ်ပေါ်လာခဲ့ကြပါသည်။ ထိုအချိန်တွင် အရေးကြီးသည်မှာ အသက်ရှင် ရပ်တည် နိုင်ရေးသာ ဖြစ်သည်ဟူသော အတွေးတို့နှင့်အတူ နေ့ရောညပါ ထိတ်လန့်ခြင်းတို့ဖြင့် ကျော်ဖြတ်ခဲ့ရပါသည်။

သို့သော် မန္တလေးသူ၊ မန္တလေးသားများသည် အချိန်မီ ဆင်ခြင်တုံ တရားဖြင့် ထိန်းချုပ်၍ ယိုယွင်းသွားသော အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်တိုက်ဆိုသလို ကောလာဟလများ ထွက်ပေါ်နေသည်ကိုလည်း မန္တလေးမြို့ အသိုင်းအဝိုင်းအတွင်း မြို့နယ်တစ်ခုနှင့်တစ်ခု ချိတ်ဆက် ဆက်သွယ်ကာ သတင်းမှန်များကို အမြန်ဆုံး ဖြန့်ဖြူးခဲ့ကြရပါသည်။ အစိုးရတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် အပြည့်အဝပူးပေါင်းကာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးကို မန္တလေးသူ၊ မန္တလေးသားများက ဝိုင်းဝန်းဆောင်ကြဉ်းခဲ့ကြရပါသည်။ အင်တာနက် လူမှုကွန်ရက်တို့၏ စေစားမှုကို အချိန်မီ အသိတရား၊ သတိတရားဖြင့် ဆင်ခြင်နိုင်ခဲ့သည်။

ကျန်ဒေသများသို့ ပျံ့နှံ့ခြင်း မရှိစေရန် နိုင်ငံတော်တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ခဲ့ကြသလို မန္တလေးမြို့ အမြန်ဆုံးတည်ငြိမ် အေးချမ်းစေရန်အတွက်လည်း ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် လူထုအလွှာအသီးသီးမှ ကျရာကဏ္ဍ အလိုက် ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

တစ်ချိန်တည်းမှာပင် ဖမ်းဆီးထိန်းသိမ်းမှုများ၊ စစ်ဆေးအရေးယူမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၇ ရက်နေ့အထိ ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်၍ အမှု ၁၉ မှု တရားစွဲ တင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၄၉ ဦးကို ဖမ်းဆီးအရေးယူနိုင်ရေး တရားစွဲဆို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

မန္တလေးမြို့၏ အထက်ဖော်ပြပါ မတည်ငြိမ်သော အခြေအနေများကြောင့် ပုဒ်မ ၁၄၄ ဖြစ်သော ကန့်သတ်အမိန့်အား ထုတ်ပြန်ခဲ့ရပါသည်။ မန္တလေး ပြည်သူလူထုအနေဖြင့် ယခင်က လွတ်လပ်စွာ နေ့စဉ် လုပ်ငန်းဆောင်တာများကို လုပ်ကိုင်နိုင်ခဲ့ကြသော်လည်း ယခုအချိန်၌ ကန့်သတ်မှုများကြားတွင် လုပ်ငန်းများ ဆောင်ရွက်နေကြရပါသည်။ လုံခြုံရေး အရ ကန့်သတ်ချက်များအပေါ် ကျော်လွန်ဖောက်ဖျက်မှုများအတွက် အရေးယူလျက်ရှိရာ အမှုပေါင်း ၃၄၉ မှု၊ လူပေါင်း ၈၃၄ ဦး အရေးယူခံထားရသည်ကိုလည်း တွေ့မြင်ရပါသည်။

သွေးထိုးလှုံ့ဆော်မှုကြောင့် ပဋိပက္ခမရှိခဲ့လျှင် ဆူပူအကြမ်းဖက်မှုများလည်း မဖြစ်နိုင်သလို လုံခြုံရေး၊ တည်ငြိမ်ရေးအရ ကန့်သတ်တားမြစ်ရန်လည်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခံ ရဖွယ်လည်း ရှိမည်မဟုတ်ပါ။ အရင်းအနှီးများ ပေးဆပ်ခဲ့ရခြင်းအပေါ် သင်ခန်းစာ ရယူဖွယ်ဖြစ်ပါသည်။

ယင်းကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ နေ့မအားညမနား လုံခြုံရေးတာဝန်များ ရယူကြရာ၌ သတင်းထွက်ပေါ်ရာ နေရာသို့ အမြန်ဆုံးဝိုင်းဝန်း ဖြေရှင်းခဲ့ကြရပါသည်။ မိမိတို့မြို့တော် တည်ငြိမ်အေးချမ်းရေးအတွက် ၂၄ နာရီပတ်လုံး နေပူမိုးရွာမရှောင် တာဝန်ယူပေးခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များကို မန္တလေးမြို့သူ၊ မြို့သားများက စားသောက်ဖွယ်ရာများ၊ ဖျော်ရည်များ ပေးအပ်ခဲ့ကြသည့်မြင်ကွင်းမှာလည်း အပူများကြားမှ မြင်ရသူကို အေးမြစေသည့်ပုံရိပ်များဖြစ်ခဲ့ရပါသည်။

ဤမြို့တော်ကြီး ပဋိပက္ခများအကြား ပျက်စီးမသွားစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးစားပမ်းစား ဆောင်ရွက်ပေးနေ ရသည်ကိုလည်း မန္တလေးမြို့သူ၊ မြို့သားများအနေဖြင့် အပြည့်အဝ နားလည်စာနာမှု နှင့်အတူ ဝိုင်းဝန်းပူးပေါင်းခဲ့ကြသည်။

ရခိုင်ပြည်နယ်မှစတင်၍ ပြည်တွင်းဒေသအချို့သို့ ကူးစက်လောင်ကျွမ်းခဲ့သော ပဋိပက္ခများ ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ဆဲ တည်ငြိမ်စပြုဆဲကာလတွင် မန္တလေးမြို့၌ ဖြစ်ပွား လာခဲ့ခြင်းဖြစ်ပါသည်။ ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော ကောလာဟလများမှာ သာမန်ကောလာဟလများထက် ပိုမို၍ သက်ရောက်မှု ပြင်းထန်ပါသည်။

မည်သို့ပင် သွေးထိုးလှုံ့ဆော်ကြစေကာမူ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာနှင့် အတူတကွ နေထိုင်လာခဲ့ကြသည့် အစဉ်အလာ၊ ဘာသာချင်းမတူညီသော်လည်း အသွင်တူသော မန္တလေးသူ၊ မန္တလေးသားဆိုသည့် ဒေသစွဲစိတ်၊ ငြိမ်းချမ်းစွာအတူနေကြသည့် အခြားသော ဒေသများအတွက်ပါ အတုယူစရာ စံနမူနာပြ လူ့အဖွဲ့အစည်းတစ်ရပ်ဆိုသည့် ဂုဏ်သတင်း များနှင့်အတူ သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ နှစ်ဖက်ဘာသာဝင်များမှ လူမှုရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် မြို့လူထုတို့သည် ဖြစ်ပေါ်လာသော အခြေအနေများကို အတူလက်တွဲ ရင်ဆိုင်ခဲ့ကြပြီး လူ့အဖွဲ့အစည်းအတွင်း အထူး လိုအပ်သော အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုသည့် တန်ဖိုးကို နိုင်ငံသားစိတ်ဓာတ်၊ မန္တလေးစိတ်ရင်းတို့ဖြင့် အထင်အရှား ပြနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ ကြသည်။

ဘာသာမတူ၊ လူမျိုးချင်းမတူသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ကာ တစ်မိုးအောက်တွင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသူများ အချင်းချင်းလည်း မန္တလေးသားစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီခဲ့ကြပါသည်။ အချိန်မီ သတိတရား၊ အသိတရား တို့ဖြင့် ပြည်သူများမှ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သည်မှာ မန္တလေးမြို့ အတွက် သာမက မိမိတို့ လူ့အဖွဲ့အစည်းအတွက်လည်း စံနမူနာကောင်းတစ်ရပ်ဟု ရှုမြင်နိုင် ပါသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လျှောက်လှမ်း နေရသည့် အခါသမယဖြစ်ပါသည်။ မမျှော်လင့်ဘဲ ကြုံတွေ့လာခဲ့ရသည့် စိန်ခေါ်မှုများတွင် မတူကွဲပြားသော ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံသား၊ ဘာသာစကား၊ မျိုးနွယ်စု၊ လိင်ကွဲပြားမှုစသည့် ထိလွယ်ရှလွယ် အကဲဆတ်လွယ်သော ကိစ္စရပ်များ ပါဝင်ပါသည်။ ထိုကဲ့သို့ မတူကွဲပြားမှုအပေါ် အခြေခံ၍ ဖြစ်ပေါ်သော မှုခင်းများသည် အကြမ်းဖက်မှု ပဋိပက္ခများကို ဦးတည်သည့် စိတ်ခံစားမှုများကို လျင်မြန်လွယ်ကူစွာ ဖြစ်ပေါ် စေတတ်ပြီး လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံးသို့ ကြီးစွာသော ဆိုးကျိုးနှင့် အမုန်းတရားများကို အချိန်တိုအတွင်း ပျံ့နှံ့ဖြစ်ပေါ်စေတတ်ပါသည်။ အထူးသဖြင့် အကျိုးဖျက်ဆီးမှုများသည် နှစ်ဖက်လူ့အဖွဲ့အစည်းတို့ အလေးထားရာ အဆောက် အအုံများ၊ အခြေပြုရာ ဗဟိုနေရာများသို့ ဦးတည်တတ်သဖြင့် သတိပြု၍ ကြိုတင်ကာကွယ် ထားရန် လိုအပ်ပါသည်။

အဆိုပါ ပဋိပက္ခမျိုးသည် လျင်မြန်စွာ ကူးစက်နိုင်သည့် သဘော သဘာဝရှိသောကြောင့် မတူကွဲပြားသည့် လူအုပ်စုများအကြား ၎င်းတို့၏ ယုံကြည်ရာ အယူအဆများကို အပြန်အလှန် လေးစားနိုင်ရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေး၊ နားလည်သည်းခံနိုင်မှုစွမ်းရည် မြှင့်တင်နိုင်ရေးတို့အတွက် လူထုအဖွဲ့အစည်းများ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ရယူဖော်ဆောင်သွားရန် လိုအပ်မည် ဖြစ်ပါသည်။

ထို့ပြင် မတူကွဲပြားသည့် အခြေအနေများကို အကြောင်းပြု၍ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ဖြစ်စေရန်စေ့ဆော် ရေးသားမှု၊ လှုံ့ဆော်မှုများကိုလည်း ထိထိရောက်ရောက် ကြိုတင် ကာကွယ်ရန် လိုအပ်ကြောင်းကို မန္တလေးမြို့ဖြစ်စဉ်အတွင်း ထင်ရှားသော သာဓကတစ်ခု အဖြစ်တွေ့ရှိရမည် ဖြစ်ပါသည်။ ထိုစေ့ဆော်မှု၊ လှုံ့ဆော်မှုများသည် အထူးသဖြင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဆောင်ရွက်ကြကြောင်းတွေ့ရှိရပြီး ၎င်း တို့အား ပြေပျောက်စေရန်အတွက် စတုတ္ထမဏ္ဍိုင်ဖြစ်သော မီဒီယာ၏ ပါဝင်မှုသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။

မီဒီယာများသည် သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ အမြန်ဆုံးနှင့် အထိရောက်ဆုံး ပေးပို့နိုင်သည့် စွမ်းရည်များ ရှိနေခြင်းကြောင့်ပင် မဟုတ်ပါလား။ သို့သော် မမှန်သတင်းများ၊ လှုံ့ဆော် သတင်းများ မဟုတ်ဘဲ သတင်းမှန်များ၊ ဖြစ်ရပ်မှန်များ ဖြစ်ရန်မှာမူ အရေးကြီးပါသည်။
လူ့ဘောင်အဖွဲ့အစည်းတို့တွင် လူသားများရှိနေသရွေ့ လူသားများ အချင်းချင်းအကြား ဖြစ်ပွားသော အမှုအခင်းများ ရှိနေမည်သာ ဖြစ်ပါသည်။ ပုဂ္ဂလိကတစ်ဦးချင်း ဖြစ်ပွားသော ပြဿနာများမှ မှုခင်းများဖြစ်လာကြခြင်း ဖြစ်ပါသည်။ ထိုမှုခင်းများအား ဖြေရှင်းရန်အတွက် လည်း နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရသော အဖွဲ့အစည်းများရှိပြီး ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများက တရားမျှတစွာ၊ မှန်ကန်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူခြင်းအမှု ပြုကြရပါသည်။

ဤသည်ပင်လျှင် တရားဥပဒေ စိုးမိုးရေး ဖြစ်ပါသည်။ သို့ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်အစား တရားဥပဒေမဲ့ လူအုပ်စုဖြင့် ဆန္ဒ၊ ဒေါသကို ရှေ့ထား၍ ဆောင်ရွက်ကြမည်ဆိုလျှင် ဦးဆောင်သူနှင့် ပါဝင်သူများပါ ပြစ်မှုကျူးလွန်ရာ ရောက်ကြလိမ့်မည်ဖြစ်ပေသည်။ ထိုကဲ့သို့ ဥပဒေမဲ့ လူအုပ်စု အားကိုး၍ ဆောင်ရွက်ခဲ့ကြသဖြင့် အရေးယူခဲ့ရသည့် သာဓကများနှင့် ဖြစ်ရပ်များစွာ အထင်အရှားရှိခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ ဆင်ခြင်တုံတရားမဲ့စွာ ဆန္ဒအလျောက်၊ ဒေါသအလျောက်သာ ဆောင်ရွက် နေကြမည် ဆိုလျှင် တရားဥပဒေ စိုးမိုးရေးအစား အာဃာတ တရားစိုးမိုးရေးသာ ဖြစ်သွား နိုင်သည်ကိုလည်း အထူးသတိပြုအပ်ပေသည်။ အမှန်စင်စစ်ကြီးမားသော အန္တရာယ်သို့ လက်တစ်ကမ်း ရောက်ခဲ့ရသည့် မန္တလေးမြို့ ပဋိပက္ခဖြစ်ရပ်ကို ကြည့်မည်ဆိုလျှင် ဖြစ်စေခဲ့သော အကြောင်းမှာ ဆွေမျိုးနီးစပ်တော်သူများအကြား ပုဂ္ဂလိက မုန်းတီးမှု၊ ပုဂ္ဂိုလ်ရေး ရန်ငြိုးသက်သက်ဖြစ်ကြောင်း တွေ့ရှိရသော်လည်း မမှန်သတင်းဖြန့်မှု၊ သွေးထိုး လှုံ့ဆော်မှုများ ရှိခဲ့သောကြောင့် ဖြစ်ပွားရကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ကိစ္စမြားမြောင်လူတို့ဘောင်တွင် အခြေအနေအရပ်ရပ်အား ဆင်ခြင်တုံ တရားနှင့်ယှဉ်၍ သတိနှင့်အသိ အစဉ်ထားအပ်ကြောင်း တင်ပြလိုက်ရပါသည်။

From:Hmuu Zaw

www.mmdailystar.com

မယ်စကြ၀ဠာ မြန်မာ သရဖူ အလှမယ်တွေထဲက ဘယ်သူဆောင်းနိုင်မလဲ



ဇွန်သံစဉ်၊ ဆုမြတ်နိုးကျော်၊ ယွန်းမှီမှီကျော်နှင့် သျှားထွဋ်အိန္ဒြာ။ ဓာတ်ပုံ - မယ်စကြ၀ဠာမြန်မာ

မယ်စကြ၀ဠာ မြန်မာပြိုင်ပွဲကြီးအတွက် မတ်လကတည်းက ဖောင်စတင်လက်ခံခဲ့ပြီး
မေလကတည်းက အဆင့်ဆင့် လူရွေးလာခဲ့ကာ နောက်ဆုံးအဆင့်ရွေးချယ်ပွဲကြီးကို လာမယ့်
ဇူလိုင်လ ၂၆ ရက်နေ့၊ အမျိုးသားဇာတ်ရုံကြီးမှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

နှစ်လတာကြာမြင့်တဲ့ ဒီပြိုင်ပွဲကြီးမှာ သရဖူဆောင်းခွင့်ရရှိတဲ့ အလှမယ်ဟာ မယ်စကြ၀ဠာပြိုင်ပွဲ
ကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဒီနိုင်ငံတကာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံအနေနဲ့ မနှစ်ကစပြီး ပြန်လည်ပါဝင်ခွင့်ရခဲ့ကာ မိုးစက်ဝိုင်က
သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲမှာ ဆုမချိတ်ခဲ့ပေမယ့် အသံပေါင်းစုံ၊ ဂယက်ပေါင်းစုံကတော့ ပြည်တွင်းမှာ ဆူညံနေခဲ့တာပါ။

ဒီနှစ်မှာရော.. ပရိသတ်အကြိုက်နဲ့ အကဲဖြတ်ဒိုင်တွေ ရွေးထုတ်လိုက်တဲ့ ကိုယ်စားပြုအလှမယ်နဲ့
ထပ်တူကျပါ့မလား၊ မယ်စကြ၀ဠာမြန်မာ ဘယ်သူဖြစ်မလဲ ဆိုတာက အခုချိန်မှာ စိတ်ဝင်စားစရာ
အကောင်းဆုံး အချိန်ဖြစ်နေပါပြီ။

ပြိုင်ပွဲဝင်တွေအနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားနေကြတာမို့ လက်ရှိအချိန်ထိ လူစိတ်ဝင်မှု
အများဆုံးခံနေရတဲ့ ပြိုင်ပွဲဝင်တွေရဲ့ ရင်ခုန်သံကိုလည်း နားထောင်ကြည့်လိုက်ပါဦးနော်။

ဆုမြတ်နိုးကျော် (ခါးနံပါတ် ၁၅)၊ အသက် ၂၀

 
"နောက်ဆုံးအဆင့်ပြိုင်ပွဲကြီးနီးနေလို့ စိတ်လှုပ်ရှားတယ်ဆိုပေမယ့်
ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့စိတ်နဲ့ ညီမက ယှဉ်ပြိုင်သွားမှာပါ။
ကိုယ်ကြိုးစားထားသလောက်နဲ့ တူတဲ့ တန်ပြန်အကျိုးသက်ရောက်မှု
လည်း ပြန်ရမယ်လို့လည်း ယုံကြည်ပါတယ်။ ဆုရသည်ဖြစ်စေ၊
မရသည်ဖြစ်စေ ကိုယ့်အတွက် တစ်ခုခုတော့ ဒီပြိုင်ပွဲကနေကျန်ခဲ့မယ်လို့
ထင်ပါတယ်" လို့ ဆုမြတ်နိုးကျော်က ဆိုပါတယ်။

တကယ်လို့ သူသာ ဆုရခဲ့မယ်ဆိုရင်တော့ "နိုင်ငံခြားမှာ သွားပြိုင်ရတော့မယ်ဆိုရင်တော့
ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ပြင်ဆင်သွားပြီး ကမ္ဘာက မြန်မာရဲ့ဓလေ့ထုံးတမ်း
တွေကို သိအောင် လက်လှမ်းမှီသလောက် ပြသပေးသွားရင်းနဲ့ ယှဉ်ပြိုင် ဖြစ်မှာပါ"လို့ ဆိုပါတယ်။

"ညီမသာ ဆုမရဘူးဆိုရင် ဘယ်သူ့ကို ရစေချင်တယ်ဆိုတာမျိုးတော့ မရှိပါဘူး"လို့လည်း
ဆုမြတ်နိုးကျော်က ပြောပါသေးတယ်။

အရင်တုန်းက မော်ဒယ်ပြိုင်ပွဲတွေ ၀င်ပြိုင်ခဲ့ဖူးပေမယ့် ဒီပြိုင်ပွဲကတော့ သူ့ဘ၀မှာထူးခြားပြီး
ကွဲပြားတဲ့ ပြိုင်ပွဲတစ်ခုပါပဲလို့လည်း ဆိုပါတယ်။

"အရင်ပြိုင်ပွဲတွေတုန်းက အလှအပက အဓိကဆိုတာနဲ့ ရွေးတာမျိုးတွေပေါ့။ ဒီပြိုင်ပွဲကတော့
အချိန်တွေလည်း အများကြီးပေးရတယ်။ ပြီးတော့ အလှအပသာမက ကိုယ်ခန္ဓာကျန်းမာတာ၊
အရည်အချင်း၊ လူမှုဆက်ဆံရေးစတာတွေကိုလည်း အကဲဖြတ်တယ်ပေါ့။ ပြီးတော့ Organization
က ခရီးစဉ်တွေ စီစဉ်ပေးတယ်ဆိုတာကလည်း တခြားနိုင်ငံမှာ သွားပြိုင်ပွဲဝင်ရင် အဖွဲ့အစည်းနဲ့
ဘယ်လိုလက်တွဲလုပ်ဆောင်ရမယ်ဆိုတာကို သင်ပြပေးတာဖြစ်တာကြောင့် အဲဒီအတွေ့အကြုံ
တွေလည်း ရပါတယ်။ ညီမကတော့ ဒီပြိုင်ပွဲမှာ ပါဝင်ရတာ ဂုဏ်ယူပါတယ်"လို့လည်း
အလှမယ်လေးက ဆိုပါတယ်။

သူဖြစ်ချင်တဲ့ ဆန္ဒကတော့ မြန်မာနိုင်ငံအတွက် အကျိုးတစ်ခုခုဖြစ်စေနိုင်တဲ့ မယ်မြန်မာကောင်း
တစ်ယောက်ပါတဲ့။

ဇွန်သံစဉ် (ခါးနံပါတ် ၆)၊ အသက် ၁၉ နှစ်

အွန်လိုင်းကနေ မဲပေးရွေးချယ်တဲ့စနစ် ပြုလုပ်ထားရာမှာ အရပ်ရှည်ရှည်နဲ့
ဆွဲဆောင်အားကောင်းတဲ့ မျက်လုံးအကြည့်တွေ ပိုင်ဆိုင်ထားတဲ့
ဇွန်သံစဉ်က လတ်တလောမှာ မဲအများဆုံး ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

"ငယ်ငယ်လေးကတည်းက နိုင်ငံကို ကိုယ်စားပြုတဲ့ ကြယ်တစ်ပွင့်
ဖြစ်ချင်တာ ညီမဆန္ဒပါ။ အခုကြီးလာတော့ ဒီမော်ဒယ်ဘ၀ကို
ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲတွေပြိုင်ခဲ့ရင်း လူတွေကိုလည်း ကူညီပေးနိုင်ပြီး နိုင်ငံ့ကိုယ်စားပြု
အလှမယ်တစ်ယောက် ဖြစ်ချင်လာတာက ညီမရည်မှန်းချက်ပါ"လို့ ဇွန်သံစဉ်က ဆိုပါတယ်။

လက်ရှိမှာ မဲအများဆုံး ရထားတာဆိုတာလည်း သူလုံးဝ မျှော်လင့်မထားတဲ့ အရာဖြစ်လို့
ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။

"အွန်လိုင်းကနေ မဲပေးတဲ့စနစ်တွေကို Organization က တင်ပြီးတဲ့အခါမှာ ညီမ ၀င်ကြည့်
ဖြစ်တော့ အရမ်းလည်း အံ့အားသင့်ပါတယ်။ ပျော်လည်းပျော်တယ်။ ပရိသတ်တွေက ကိုယ့်ကို
အဲဒီလိုအားပေးတဲ့အတွက် သူတို့အတွက် ပိုကြိုးစားသွားမယ်ဆိုတဲ့ စိတ်ဖြစ်မိပါတယ်။ ညီမကို
ဆက်ပြီးအားပေးနေပါဦး"လို့လည်း အလှမယ်လေးက သူ့ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။

မဲပေးတဲ့စနစ်မှာ မဲအများဆုံး ရထားတယ်ဆိုပေမယ့် သရဖူရရှိဖို့အတွက်ကိုလည်း အကောင်းဆုံး
ကြိုးစားယှဉ်ပြိုင်သွားမယ်လို့လည်း ဇွန်သံစဉ်က ဆိုပါသေးတယ်။

၂၀၁၂ခုနှစ်မှ စတင်ကာ Myanmar Model Management မှာ မော်ဒယ်သင်တန်းကို စတင်
တက်ရောက်ခဲ့ပြီး မစ္စခရစ္စမတ်ပြိုင်ပွဲမှာ Title ဆု၊ ၂၀၁၃ ခုနှစ် မစ္စအင်တာနေရှင်နယ်ပြိုင်ပွဲ
မှာတော့ 1st Runner up ဆုနဲ့ Miss Hotelier Association ဆုတို့ကို ရရှိထားသူလည်း
ဖြစ်ပါတယ်။

သူသာ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြ၀ဠာဖြစ်ခဲ့မယ်ဆိုရင်တော့ "ညီမစိတ်ကိုတော့
အမြဲဖြူစင်အောင် ထားပါတယ်။ ဆုရသွားရင် အဲဒါလေးကို ဆက်ထိန်းသိမ်းပါမယ်။ ပြီးတော့
နိုင်ငံ့ကိုယ်စားပြုတစ်ယောက် ဖြစ်သွားပြီဆိုတော့ သာမန်အချိန်တွေလို နေလို့မဖြစ်တော့ပါဘူး။
Miss Universe Myanmar ဆိုတဲ့ သရဖူကိုရထားတဲ့အတွက် အနေအထိုင်လည်း ဆင်ခြင်ရမှာပါ။
ကိုယ့်မြန်မာဂုဏ်ကို ဖော်ဆောင်ရမယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ
မြန်မာ့ကျက်သရေနဲ့ အရောင်မမှေးမှိန်အောင် နေထိုင်သွားမှာပါ" လို့ သူစိတ်ကူးခံယူချက်ကို
ပြောပြခဲ့ပါတယ်။

ယွန်းမှီမှီကျော် (ခါးနံပါတ် ၁၆)၊ အသက် ၂၀

သူလေးကတော့ မဲပေးစနစ်မှာ ဒုတိယနေရာကနေ လိုက်နေသူလေး
ဖြစ်ပါတယ်။

"ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ကတော့ နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ဆုကို
မှန်းပါတယ်"လို့ဆိုသလို "မရခဲ့ရင်လည်း ရသွားတဲ့ သူငယ်ချင်းတွေ
အတွက် ၀မ်းသာပေးမှာပါ။ ဂုဏ်ယူပေးဖို့အဆင်သင့်ပါပဲ"လို့ သူ့ရဲ့
စိတ်ပြင်ဆင်ထားပုံကို ပြောပြပါတယ်။

"ကိုယ်ကြိုးစားသလောက် ကိုယ့်အပေါ်မှာ တူညီတဲ့ ရလဒ်တစ်ခုရမှာပဲဖြစ်လို့ အချိန်တိုင်း ညီမ
အကောင်းဆုံးကြိုးစားသွားမှာပါ။ မဲပေးစနစ်မှာ ဒုတိယနေရာရနေတဲ့အတွက်လည်း ပျော်ပါတယ်။
ကိုယ့်ကို ပရိသတ်က အဲဒီလိုအားပေးတယ်ဆိုတော့ ပိုအားဖြစ်ပါတယ်။ ညီမကို ဆက်ပြီး
အားပေးပါ။ စိတ်မပျက်ရအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ"လို့ ယွန်းမှီမှီကျော်က
ဆိုပါတယ်။

သူ့ရဲ့ဘ၀ရည်မှန်းချက်ကတော့ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်တာပါတဲ့။

သျှားထွဋ်အိန္ဒြာ (ခါးနံပါတ် ၁၈)၊ အသက် ၂၀

အွန်လိုင်းမဲပေးစနစ်မှာ တတိယနေရာကနေ လိုက်နေပြီး ပြိုင်ပွဲမတိုင်ခင်
လေ့ကျင့် ရေးခရီးထွက်ခဲ့တဲ့ ဖူးခက်ခရီးစဉ်မှာ Miss Myanmar-Thailand
Friendship သရဖူနဲ့ ဆုကြေးကန်ဒေါ်လာ ၁,၀၀၀ ရရှိထားသူဖြစ်ပါတယ်။

ဒီဆုကို ထိုင်းနိုင်ငံက ပညာရှင်တွေက ခရီးစဉ်တစ်လျှောက် ပြိုင်ပွဲဝင်
တွေရဲ့ အပြုအမူတွေနဲ့ စင်ပေါ်မှာ တင်ဆက်မှုတွေကို အကဲဖြတ်ပြီး
ပေးအပ်ခဲ့တာဖြစ်ပါတယ်။

"တကယ်လည်း စခန်းသွင်းလေ့ကျင့်နေတုန်းက ထရိန်နာတွေပြောတဲ့အတိုင်း ညီမ
တကယ်ကြိုးစားခဲ့ပါတယ်။ ဆုရမယ်လို့တော့ မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ရတော့လည်း
ညီမအတွက် ပိုအားဖြစ်စေပါတယ်။ နောက်ဆုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဖို့ အားတစ်ခုလိုပါပဲ။
ဆုရပြီးသွားလို့ အတော်ဆုံးလို့ မခံစားမိပါဘူး။ ဖိုင်နယ်ပွဲအတွက်လည်း ညီမ ပိုကြိုးစား
လေ့ကျင့်နေပါတယ်။ ဆုရသွားလို့ပေါ့ သွားတာမျိုး မရှိပါဘူး။ ပိုကြိုးစားချင်စိတ်ဖြစ်လာပါတယ်"
လို့ သျှားထွဋ်အိန္ဒြာက ပြောပါတယ်။

ဆုရဖို့ မျှော်မှန်းထားပေမယ့် ပြိုင်ပွဲကြီးကို အကောင်းဆုံး ပြီးဆုံးသွားဖို့ မျှော်လင့်ထားတဲ့ သူက
ပြီးခဲ့တဲ့နှစ် ဧပြီလက Talent and Model အေဂျင်စီမှာ မော်ဒယ်သင်တန်း စတင်တက်ရောက်ခဲ့ပြီး
အလှမယ်ကောင်းတစ်ယောက် ဖြစ်ချင်တာလို့ ဆိုပါတယ်။


From: Myanmar Times

www.mmdailystar.com

သီလရှင်တစ်ပါးအား ဓားဖြင့်ထောက် အဓမ္မပြုကျင့်မှုတွင် ကျူးလွန်သူများကို ထောင်ဒဏ်တစ်သက်ကျွန်းချ

မကွေးမြို့တွင် သီလရှင်တစ်ပါးအား အတင်းအဓမ္မ ဓားဖြင့်ထောက် ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့သည်ဆိုမှုဖြင့် အမျိုးသားနှစ်ဦးကို မကွေး ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ဇူလိုင် ၁၇ ရက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ စိန်ပန်းရစ်တောင် ဘုန်းတော်ကြီးကျောင်းမှ အေးမြသာယာ ရပ်ကွက်မြောက်ပိုင်းရှိ သီတာရုံသီလရှင် ကျောင်းတိုက်သို့ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက အသက် ၃၇ နှစ်ရှိ သီလရှင်တစ်ပါး တည်း ပြန်လာခဲ့စဉ် သစ္စာမဏ္ဍိုင်ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် အမည်မသိ၊ အရပ်ရှည်ရှည်၊ လက်ပြင်ကုန်း (မြင်လျှင် မှတ်မိ)လူတစ်ဦးနှင့် အမည်မသိအရပ် ပုပု၊ သွားခေါ(မြင်လျှင်မှတ်မိ)လူနှစ်ဦးက ဓားဖြင့်ထောက် အတင်းဆွဲခေါ်ကာ အရပ်ရှည်အမျိုးသားက သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိလူနှစ်ဦးအား အရေးယူပေး ရန် တရားလိုအမျိုးသမီးက မကွေးမြို့ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ မြို့မ ရဲစခန်းမှ (ပ)၂၄၂/၂ဝ၁၃ ပုဒ်မ ၃၇၆/ ၅ဝ၆/၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး အဆိုပါအမှုအားခိုင်မာစွာတည် ဆောက်၍ မကွေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်။

မကွေးခရိုင် တရားရုံးမှ အမှုအ မှတ် ၂/၂ဝ၁၄ ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပြစ်မှုကျူးလွန်သူ ခင်မောင်ကြည် အသက် ၅၄ နှစ်နှင့် ဝင်းနိုင် အသက် ၄၁ နှစ်၊ တည်ပင်ကန်ပေါက် ကျေးရွာ၊ မကွေးမြို့နယ်နေသူတို့ နှစ်ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ် ကျွန်းကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မကွေးမီဒီယာ - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
Yangon Media Groupမကွေးမြို့တွင် သီလရှင်တစ်ပါးအား အတင်းအဓမ္မ ဓားဖြင့်ထောက် ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့သည်ဆိုမှုဖြင့် အမျိုးသားနှစ်ဦးကို မကွေး ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ဇူလိုင် ၁၇ ရက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့ စိန်ပန်းရစ်တောင် ဘုန်းတော်ကြီးကျောင်းမှ အေးမြသာယာ ရပ်ကွက်မြောက်ပိုင်းရှိ သီတာရုံသီလရှင် ကျောင်းတိုက်သို့ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက အသက် ၃၇ နှစ်ရှိ သီလရှင်တစ်ပါး တည်း ပြန်လာခဲ့စဉ် သစ္စာမဏ္ဍိုင်ဘုန်းကြီးကျောင်းအနီး လမ်းမပေါ်တွင် အမည်မသိ၊ အရပ်ရှည်ရှည်၊ လက်ပြင်ကုန်း (မြင်လျှင် မှတ်မိ)လူတစ်ဦးနှင့် အမည်မသိအရပ် ပုပု၊ သွားခေါ(မြင်လျှင်မှတ်မိ)လူနှစ်ဦးက ဓားဖြင့်ထောက် အတင်းဆွဲခေါ်ကာ အရပ်ရှည်အမျိုးသားက သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမည်မသိလူနှစ်ဦးအား အရေးယူပေး ရန် တရားလိုအမျိုးသမီးက မကွေးမြို့ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ရာ မြို့မ ရဲစခန်းမှ (ပ)၂၄၂/၂ဝ၁၃ ပုဒ်မ ၃၇၆/ ၅ဝ၆/၁၁၄ ဖြင့် အမှုဖွင့်ထားရှိပြီး အဆိုပါအမှုအားခိုင်မာစွာတည် ဆောက်၍ မကွေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်သည်။

မကွေးခရိုင် တရားရုံးမှ အမှုအ မှတ် ၂/၂ဝ၁၄ ဖြင့် လက်ခံစစ်ဆေး ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပြစ်မှုကျူးလွန်သူ ခင်မောင်ကြည် အသက် ၅၄ နှစ်နှင့် ဝင်းနိုင် အသက် ၄၁ နှစ်၊ တည်ပင်ကန်ပေါက် ကျေးရွာ၊ မကွေးမြို့နယ်နေသူတို့ နှစ်ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ် ကျွန်းကျခံစေရန် ဇူလိုင် ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မကွေးမီဒီယာ - ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ၉၁၀)၊ အမှတ် (၂၈)။
From: Yangon Media Group

www.mmdailystar.com

NLD ပါတီကြီးလည်း အတွင်းမှာ သဘောမတူမှုတွေနဲ့ ပဲ့ ပဲ့ လာနေပြီ

ဥပဒေတစ်ရပ်ကို မကြိုက်ဘူးဆိုရင် သာမာန်လူတွေအတွက်က လိုက်နာရုံအပြင် တိုးမရှိဘူး........ မကြိုက်လို့ ဖောက်ဖျက်ရင် အရေးယူခံရမယ်......

အဲ ဥပဒေပြုပိုင်ခွင့် ရှိတဲ့ လွှတ်တော် အမတ်လို လူမျိုးတွေက ဥပဒေတစ်ရပ်ကို မကြိုက်ဘူးဆိုရင် ရအောင် ပြင်ယူဖို့ လိုမယ်.......

ရအောင် ပြင်ယူတယ် ဆိုတဲ့နေရာမှာ လက်ရှိဖော်ဆောင်ထားတဲ့ လွှတ်တော်လမ်းကြောင်း ရှိနေတယ်.......

လွှတ်တော် လမ်းကြောင်းမှာ အခက်အခဲတွေ ရှိမယ်၊ အကျိုးစီးပွား ကာကွယ်သူတွေရှိမယ်...... နိုင်ငံရေးလုပ်လို့ လွှတ်တော်ထဲကို ရောက်ပီဆိုတာနဲ့ ဒါတွေကို ရင်ဆိုင်ဖို့၊ ကျော်လွှားဖို့ ကြိုတင်ပြင်ဆင်ထားရမှာ လွှတ်တော်အမတ် တစ်ယောက်ရဲ့ တာဝန်ပဲ......

လက်ရှိ လွှတ်တော်ဟာ လုံးဝကြီး ပြည်သူ့ဆန္ဒကို ဖော်ဆောင်နေတာ မဟုတ်သလိုပဲ လုံးဝကြီး ပြည်သူ့ဆန္ဒကို ငြင်းဆန်နေတာလည်း မဟုတ်ဘူး...... တင်းမာသယောင် ဟန်ဆောင်နေတဲ့ကြားမှာ ခပ်ပါးပါး ပြည်သူ့ဆန္ဒကို လွှတ်ပေးနေတာဟာ အကြောင်းမဲ့တော့ မဟုတ်ဘူး.......

သေခြာစဉ်းစားစေလိုတယ်..... လက်ရှိ လွှတ်တော်ကို နိုင်ငံခြားက လက်ညှိုးထိုးလာချိန် ဒီမှာ ပြည်သူ့ဆန္ဒတွေကို ဖော်ဆောင်နိုင်ခဲ့တယ် ဆိုတာ ထုတ်ပြဖို့ Facts & Figures တွေကတော့ အဆင်သင့် ရှိနေတယ်........

တစ်ခြားတစ်ဖက်က ပြန်ကြည့်ရင် NLD အနေနဲ့ အရင်ကလို အတိုက်အခံ ပုံစံမျိုးအနေနဲ့ ခပ်တင်းတင်းပဲ လွှတ်တော်ထဲ သွားလုပ်မယ်ဆိုရင် နောက်ကြောင်း ပြန်လှည့်သွားမှာ စိုးရိမ်ကောင်း စိုးရိမ်နေမလားပဲ (သိပ်တော့မထင်ဘူး)......

တစ်ခြားနည်းလမ်း တစ်ခုနဲ့ စဉ်းစားကြည့်ရအောင်...... ဥပမာ ပေးရရင် Customer Services ပေးတဲ့ ကုမ္ပဏီတစ်ခုမှာ Public Relationship ကို တာဝန်ယူထားတဲ့ Manager တစ်ယောက်ဆိုပါစို့......

Customer is always Right ဆိုတဲ့စကားနဲ့ မိမိဝန်ထမ်းရဲ့ ဂုဏ်သိက္ခာ ဆိုတာ ရှိတယ်.. Customer ကို အမြဲလိုက်လျောလို့ ကိုယ့်ဝန်ထမ်း အစော်ကားခံရတာမျိုး မဖြစ်အောင် မျဉ်းပါးပါးလေးမှာ ထိမ်းသိမ်းရတဲ့ ကိစ္စ.......

ဒါကြောင့် လက်ရှိ လွှတ်တော်ရဲ့ နိုင်ငံတကာ မျက်နှာပန်းလည်း လှချင်တယ်၊ ကိုယ်ကျိုးစီးပွားလည်း ကာကွယ်ချင်တဲ့ အခြေအနေကြားမှာ လစ်ဟနေတဲ့ ပါးပါးလေးကို ရအောင် အမိဖမ်း ဝင်နိုင်ဖို့ အရေးကြီးတယ်..... တစ်ခုတော့ရှိတယ် လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယကကြီး ကြိုက်ချင်မှ ကြိုက်မယ်.......

အခက်အခဲ နည်းနည်းတွေ့တာနဲ့ သပိတ်မှောက်မယ် လမ်းပေါ်ထွက်ပလိုက်မယ် ဆိုရင် ထောင်ထားတဲ့ ထောင်ခြောက်ထဲကို ကိုယ်တိုင် လိုလိုချင်ချင် ဝင်သွားသလိုဖြစ်ပြီး နိုင်ငံတကာမှာ ရှင်းပြရခက်မယ်..... (အရင်ကလည်း ခံခဲ့ရတာ ခဏခဏပဲကိုးဆိုတော့ အခုအချိန်မှာ ပိုသတိထားဖို့ လိုနေပီ)

အဓိက မျဉ်းပါးပါးလေးကို ငြင်သာစွာ ကစားတတ်ဖို့ လိုအပ်သလို မာသင့်ရင်မာ၊ ညှိသင့်ရင်ညှိနဲ့ မဟာမိတ် စည်းမျဉ်းကိုပါ တွဲညှိကစားလိုက်ရင် ၂၀၁၅ မှာ မနာလောက်ဘူးဆိုတာ ယုံမိတယ်......

ခါတိုင်းလိုပဲ အခက်အခဲတွေ့လို့၊ ဥပဒေမကြိုက်တာနဲ့ သပိတ်မှောက်လိုက် ဆိုရင်တော့ NLD ပါတီကြီးလည်း အတွင်းမှာ သဘောမတူမှုတွေနဲ့ ပဲ့ ပဲ့ လာသလို တိုင်းပြည်ကြီးလည်း နာလှပီကိုး......

ဒီဘက်ခေတ်မှာ ထောင်ခြောက်ဆိုတာ ကျော့ကွင်း၊ သံညှပ်၊ ညှောင့်တွေ ခလုပ်တွေနဲ့ ထောင်တာထက် Image ဆိုတာကို ဖြည်းဖြည်းခြင်း အောက်ကို စွဲချတာမျိုး လုပ်တတ်ကြတာကလား........

From:VOJM

www.mmdailystar.com

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်

အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ အမိန့်ထုတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။


ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ်ကမ္ဘာက လူမှုကွန်ယက်တွမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။
 
From:BBC

www.mmdailystar.com

အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုကို မြန်မာနိုင်ငံမှရရှိ


ဗြိတိသျှကောင်စီမှ ပေးအပ်သော IELTS ပညာသင်ဆုအား မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်မှရရှိခဲ့ပြီး အဆိုပါပညာသင်ဆုမှာ အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုဖြစ်ကြောင်း သိရသည်။ IELTS ပညာသင်ဆုကို Regional Schlorship (မြန်မာကျပ်ငွေ သိန်း ၄၁၅ ခန့်) ကို ဒေါက်တာသန္တာအောင်မှ ရရှိခဲ့ပြီး Country Schlorship (မြန်မာကျပ်ငွေ ၄၁ သိန်းခန့်) အား မောင်စောမယ်လ်ဗင်ကို လေးမှရရှိခဲ့ကြသည်။

" နိုင်ငံတကာပညာရေးသည် လူငယ်လူရွယ်များ ငယ်ရွယ်စဉ် အတွေ့အကြုံ ရရှိစေရန် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပြီး မြန်မာနိုင်ငံမှ ထူးချွန်တဲ့ပုဂ္ဂိုလ်နှစ်ဦး IELTS ပညာသင်ဆု ချီးမြှင့်ခံရတဲ့အတွက် ၎င်းတို့ရွေးချယ်တားတဲ့ ဘာသာရပ်များမှာ ပိုမိုပေါက်မြောက်အောင်မြင်စေရန် အခွင့်အရေးရသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်က အရှေ့အာရှဒေသမှာ အမြင့်ဆုံး IELTS ပညာသင်ဆုရရှိသွားသည်မှာ အထူးဂုဏ်ယူစရာပင် ဖြစ်ပါတယ်။ ဆုရရှိသွားတဲ့ ဒေါက်တာ သန္တာအောင်နဲ့ စောမယ်လ်ဗင်ဟိုလေး တို့နှစ်ဦးစလုံးအတွက် ဝမ်းမြောက်ပါတယ် " ဟု ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie ကပြောသည်။

ဒေါက်တာသန္တာအောင်သည် ဂျာမနီနိုင်ငံဘာလင်မြို့ရှိ Charite-Universitatsmedizin တက္ကသိုလ်တွင် ပညာသင်ကြားမည်ဖြစ်ပြီး စောမယ်လ်ဗင်ကိုလေးသည် စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy (Royal Holloway, University of London Program) တွင် ဆက်လက်ပညာသင်ကြား ကြမည်ဖြစ်ကြောင်း သိရသည်။ ၎င်းပညာသင်ဆုအား မြန်မာနိုင်ငံမှ လျှောက်ထားသူ ၃၈ ဦးရှိခဲ့ပြီး လျှောက်ထားသူများသည် တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့်ဗီယက်နမ်တို့မှ လျှောက်ထားသူ ရာပေါင်းများစွာနှင့် ယှဉ်ပြိုင်ပြီးမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗြိတိသျှကောင်စီ မြန်မာနိုင်ငံ၏ စာမေးပွဲဌာန တာဝန်ခံဒေါ်အိအိမွန်က ပြောကြားသည်။

From: Internet Journal

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...