Sunday, 27 July 2014

“ရိုဟင်ဂျာ” ဟူသည့် စကားလုံး မသုံးရန် ကုလကိုယ်စားလှယ်အား မြန်မာအစိုးရ အကြိမ်ကြိမ် သတိပေးခဲ့

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၆ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၆ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊ မဇ္ဈိမ)


 မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် “ ရိုဟင်ဂျာ” ဟူသည့် အသုံးအနှုန်းအား မသုံးရန် အစိုးရက ထပ်ခါထပ်ခါ သတိပေးခဲ့သည်ဟု မစ္စရန်ဟီလီက သတင်းမီဒီယာများအား ထုတ်ဖော် ပြောဆိုလိုက်သည်။
အစိုးရ ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ မစ္စ ရန်ဟီလီက “ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုမထားဘူး၊ ဒါ့ကြောင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးလို့ မရဘူးလို့ ကျွန်မကို အစိုးရက အကြိမ်ကြိမ်ပြောခဲ့တယ်”ဟု သတင်းမီဒီယာများအား ပြန်လည် ပြောပြခဲ့သည်။
ထိုသို့ အစိုးရက “ ရိုဟင်ဂျာ”ဟု ခေါ်ဝေါ်ခွင့် ပိတ်ပင်ခဲ့ခြင်းနှင့် ပတ်သက်၍  နိုင်ငံသား၊ လူမျိုးစု၊ ဘာသာရေး၊ ဘာသာစကားဆိုင်ရာ စရိုက်လက္ခဏာတို့အား အခြေခံပေါ်ပေါက်လာကာ မိမိတို့ကိုယ် မိမိ အသိအမှတ်ပြုခြင်းသည် လူနည်းစုများ၏ အခွင့်အရေးဖြစ်ပြီး ထိုသူများအပေါ်တွင် ခွဲခြား ဆက်ဆံမှုများ မရှိစေရန်မှာ အစိုးရ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်သည်ဟု မစ္စရန်ဟီးလီက ပြောသည်။ မစ္စရန်ဟီလီမှ မိမိမှာ လွတ်လပ်သည့်  လူ့အခွင့်အရေးဆိုင်ရာ လွတ်လပ်သူ တစ်ဦးဖြစ်သဖြင့် ပြောဆိုခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ရာတွင် ဗုဒ္ဒဘာသာများ နေထိုင်သည့် စခန်းများနှင့် အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် စခန်းများကို သွားရောက်ခဲ့ပြီး နှစ်ဘက်လုံးတွင် အခက်အခဲများ ရှိနေသည်ဟု သူမက ပြောသည်။ စခန်းများတွင် လျှပ်စစ်မီးများ၊ အိမ်သာများ မရှိသဖြင့် စခန်းတွင်း နေထိုင်သည့် အမျိုးသမီးများနှင့်
ကလေးများမှာ ခက်ခဲသည့် နေ့စဉ် ဘ၀များကို ဖြတ်သန်းနေရသည်ဟုလည်း မှတ်ချက်ပြုသွားသည်။
ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်နှင့် တွေ့ဆုံကာ ၁၉၈၂ ခုနှစ် ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်များကိုလည်း မေးမြန်းခဲ့သည်။
မစ္စရန်ဟီးလီမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်သည့် ကျွမ်းကျင်သည့် ပါမောက္ခတစ်ဦးဖြစ်ပြီး လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၊ ဆောင်ကျိုဝမ်တက္ကသိုလ်တွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသည်။

From: mizzima

www.mmdailystar.com

ပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ် ဆိုတာ တကယ်ဟုတ်ရဲ့လား(ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်သင့်ပါသည်)

ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊

အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။
http://www.buddhismbeams.com/2012/11/blog-post_27.html

( မနာပဒါယီ အရှင်ဝိစိတ္တ )

www.buddhismbeams.com
From: Buddhism Beams(myanmar)

www.mmdailystar.com

ဘောင်းဘီအကြပ်ဝတ်ပြီး လှချင်သူတွေသတိ၊ ဘောင်းဘီအကြပ်က အောက်ပိုင်း သေစေနိုင်

ချက်ချင်းတော့ မသေပါဘူး။ အချိန်ကာလ တစ်ခုအထိပါ။ ဂျင်း ဘောင်းဘီအကြပ်များက အောက်ပါ သွေးလမ်းကြောင်း စီးဆင်းမှုကို နှေးကွေး စေပါတယ်။ ကြွက်သားကိုပါ ညစ်ထားပြီး သွေးပေါင်ချိန် အတက်အကြ များစေပါတယ်။

၂၄ နာရီ ဝတ်ထားတာမျိုး မလုပ်ရဘူးလို့ ဆရာဝန်များက လမ်းညွန် ထားပါတယ်။ နေ့စဉ် ဂျင်းဘောင်းဘီ အကြပ်၊ စကင်နီတို့ ဝတ်ဆင် ခြင်းက ခါးအောက်ပိုင်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အရွယ်ငယ်တုန်း သိသာမှု မရှိပေမယ့် အသက် ၄၀ နောင်းပိုင်းမှာ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ အသား နာကျင်ကိုက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံး အဆင့်ကတော့ ခါးအောက်ပိုင်း သေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျင်းဘောင်းဘီ အကပ်များ၊ စကင်နီများ၊ ခါးအောက်ပိုင်း ခန္ဓာကိုယ်ကို ချုပ်တည်းစေသော အဝတ်အစား များ ဝတ်ဆင်မှုကို နေ့စဉ် ပြုလုပ်ရန် မသင့်ပါဟု တိုက်တွန်းထားကြောင်း သိရပါတယ်။
 
ရိုးရာလေး

www.mmdailystar.com

အမျိုးသမီးအတွင်းခံအ၀တ်အစားတွေကို ကိုယ်ပိုင်ဒီဇိုင်းဆွဲရောင်းချသွားမယ့် နာမည်ကျော် အဆိုတော်



Britney Spear ရဲ့ ထင်းရှားကျော်ကြားခဲ့တဲ့ အချိန်အခါတွေဆိုရင် သူမရဲ့ ၁၉၉၉ Rolling Stone cover ၊ ၂၀၀၀ နဲ့၂၀၀၇ ခုနှစ်က VMA တင်ဆက်မှုတွေ ၊ သူမကိုယ်တိုင် Open Your Heart သီချင်းကို သီဆိုပြီး အိပ်ခန်းကိုပတ်က နေတဲ့ Crossroads ထဲက အတွင်းခံနဲ့ပတ်သက်တဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။ မကြာခင် အဲဒီအတွင်းခံတွေကို ၀တ်လို့ရရင် ရနိုင်မှာဖြစ်ပြီး Fantasy Edition တွေမှာ ကြဲချင်ကြဲလို့ရမှာဖြစ်ပါတယ်။ Britney လေးက အတွင်းခံမှာ လမ်းကြောင်းဖောက်ပြီး ဒီဇိုင်းတွေ ကိုယ်တိုင်ဆွဲထားတာမို့ အချိန်ပိုင်းနဲ့ အိပ်ခန်း ကာရာအိုကေ ပွဲတွေ ဆင်နွဲလို့လည်း ရနိုင်မှာဖြစ်တယ်။
The Intimate Britney Spear လို့ပေးထားတဲ့ နာမည်နဲ့လိုက်အောင် Britney  စစလာချင်းပဲ နောက်ပြောင်လိုက်ပါတယ်။

အနက်ရောင် ဘော်လီခပ်ကျပ်ကျပ် နှင့် ဟောလိဝုဒ်မင်းသားမင်းသမီတွေတောင် စိတ်ဝင်စားအောင်ဖြစ်စေတဲ့ ခါးအထက်ရောက်နေတဲ့ အတွင်းခံခါးကြိုးပါတဲ့ အတွင်းခံနဲ့အတူ Ms. Spear ကို တွေ့နေကျ ထက်ပိုပြီး နားလည်ရခက်အောင်ဖြစ်စေပါတယ်။ မိန်းကလေးတိုင်းလည်း သူဝတ်သွားသလို ၀တ်ဆင်လို့ ကိုယ့်အလှအပမှာ ကိုယ့်ကိုယ်ယုံကြည်မှုရှိသင့်ပါတယ်လို့ Britney က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ The Intimate Britney Spears ကိုလုပ်ရတဲ့ ရည်ရွယ်ချက်က လှပစေဖို့ နဲ့ တစ်ချိန်တည်းမှာ သက်တောင့်သက်သာရှိဖို့အတွက်လည်းဖြစ်ပါတယ်။ ဒီပြုစုဖန်တီးမှုကို ချပြမိတ်ဆက်ဖို့ စိတ်လှုပ်ရှားမိပါတယ်။
တာဝန်ကျေတဲ့ Britney။ အမျိုးသမီးအတွင်းဝတ်အကျီ၊၊ ဘောင်းဘီတို နဲ့ အနွေးထည်တို့လို ကီမိုနို၊ အတွင်းခံအင်္ကျီတွေကို  ဒေါ်လာ ၁၇ ကနေ ၇၉ အထိ နှုန်းထားတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်း CHANGE အမျိုးသမီးအတွင်းခံဆိုင်၊ အွန်လိုင်းမှာ Bare Necessities နဲ့ စက်တင်ဘာလ (၉)ရက်မှာ စတင်မယ့် Britney ရဲ့ ကိုယ်ပိုင်ဆိုဒ် ကနေ၀ယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ အဲ့နေ့အတွက် Countdown စတင်နေပါပြီနော်။

Source: mtv.com

From: Trend Myanmar

www.mmdailystar.com

ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းများကို လိုင်စင်ရာသက်ပန် ပိတ်သိမ်းမည်


ယခုနှစ်အတွင်း ရန်ကုန်မြို့၌ ယာဉ်တိုက်မှုကြောင့် ပျက်စီးခဲ့သည့်ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ယာဉ်မောင်းများအနေဖြင့် ထွက်ပြေးတိမ်းရှောင်မှု အများအပြားရှိလာသဖြင့် အဆိုပါယာဉ်မောင်းများအား ထိရောက်သော အရေးယူမှုအဖြစ် ယာဉ်မောင်းလိုင်စင်ကို ရာသက်ပန်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၃ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းများအနေဖြင့် ထွက်ပြေးနေသည့် ဖြစ်စဉ်အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

ယင်းကဲ့သို့ အရေးယူမှုနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးသောင်းလွင်က “စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို အရင်တုန်းက ဒဏ်ငွေကျပ် ၁၅ဝဝ နဲ့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းအာဏာပိုင်တွေရဲ့ အစီအမံတွေနဲ့ စီမံချက်ဒဏ်ငွေဆိုပြီးတော့ ထပ်ပြီးအရေးယူတယ်။ ဒီစီမံချက်ဒဏ်ငွေက မရှိသင့်တော့တဲ့အတွက် အခုခေတ်နဲ့အညီ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ထားတယ်။ ဒီလိုထိရောက်တဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရတာကလည်း စည်းကမ်းလိုက်နာမှု မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်။ ပြန်လည်ပြင်ဆင်ခဲ့တဲ့ ဥပဒေတွေထဲမှာ စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေနဲ့ တိုက်ပြေးသွားတဲ့ ယာဉ်မောင်းတွေ ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီးတော့ အရေးယူဖို့ ပြဌာန်းထားပြီးဖြစ်ပါတယ်”ဟု ဇူလိုင် ၂၃ ရက်က ပြောကြားသည်။

“ယာဉ်တိုက်မှုဖြစ်ပြီး ပြေးသွားတဲ့ယာဉ်မောင်းတွေ အရမ်းများလာတယ်။ ဒါတွေကို ထိရောက်စွာအရေးယူဖို့အတွက် အဲဒီယာဉ်မောင်းတွေကို လိုင်စင်ရာသက်ပန်ပိတ်သွားဖို့ ရှိတယ်” ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးက “စည်းကမ်းမဲ့မောင်းနှင်မှုတွေကို မရှိအောင်လို့ ဒီလိုထိရောက်စွာ အရေးယူရခြင်းဖြစ်တယ်။ စစ်ဆေးအရေးယူရေးအဖွဲ့ကလည်း အဂတိလိုက်စားမှု မရှိဖို့လိုတယ်။ အကယ်၍ရှိခဲ့ရင် သူတို့တာဝန်ပါပဲ” ဟု ပြောကြားသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရန်ကုန်မြို့အတွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၉၅၂ မှုဖြစ်ပွားခဲ့ပြီး ကျား ၁၄၃ ဦး၊ မ ၂၅ ဦး သေဆုံးကာ ၁၃၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

အဆိုပါ ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်များအနက် ၃၅၈ မှုမှ ကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယင်းဖြစ်စဉ်များမှ ၂၆၆ မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကျန်ရှိနေသည့် ၉၂ မှုဖြစ်စဉ်မှ ကျူးလွန်သူများမှာ ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
 
From:OE

www.mmdailystar.com

OIC အပါအ၀င် ပြည်ပအထောက်အပံ့ ရယူထားသော မီဒီယာများသတင်းနှင့် ပတ်သက်၍ ဥရောပသမဂ္ဂရုံးမှ စုံစမ်းမှုများရှိ

“OIC အပါအ၀င် ပြည်ပ အဖွဲ့အစည်းများ၏ ထောက်ပံ့ရယူထားသည့် သတင်းမီဒီယာများ မြန်မာနိုင်ငံတွင် ရှိနေဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့် အဖွဲ့စွပ်စွဲ””ဆိုသည့် သတင်းအား ဇူလိုင် ၁၂ ရက်တွင် ထုတ်ဝေ ခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ (၃) အမှတ်(၁၈)၌ ဖော်ပြပြီးနောက် ဇူလိုင် ၁၄ ရက်တွင် ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ မြန်မာသံတော်ဆင့်သို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းတွင် ““OIC အပါအ၀င် ပြင်ပအဖွဲ့အစည်းများမှ ငွေကြေး အထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ်အရေးယူ သွားပေးရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း”” အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက ပြောကြားသည်ဟု ဖော်ပြထားသည်။

““အစ်ကိုတို့က သတင်းမှာပါတဲ့အတိုင်း ဘယ်မီဒီယာကို ပြောတာလဲဆိုတာ သိချင်လို့ သူတို့ကို မေးကြည့် ချင်တာပါ။ ဘယ်လို အကြောင်းမှတော့ မရှိပါဘူး။ အစ်ကိုတို့ အဲဒီသတင်းလေး စိတ်ဝင်စားလို့ အပေါ်က လူကြီးတွေကလည်း အဲဒီသတင်းလေး ပိုပြီးတော့ သိရမလားဆိုပြီး ဖုန်းဆက် ခိုင်းလို့ပါ။ သူတို့က ဘယ်မီဒီယာလဲ ဆိုတာ ထုတ်ပြန်ပေးမယ် ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ပြန်မလဲပေါ့။ အဲဒါလေး မေးချင်လို့ပါ။ အစ်ကိုတို့က ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေစုပြီး တစ်ခါတလေ သတင်းပြန်ရေး ရတာကိုး။ အဲဒါကြောင့်ပါ။ ဦးရဲမင်းဦးရဲ့ ဖုန်းနံပါတ်လေးများ ရမလားလို့ပါ”” ဟု ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ နိုင်ငံရေး အရာရှိ ဦးအောင်အောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ အဖွဲ့သို့ လာရောက်မေးမြန်းမှုများ မရှိသေးကြောင်းကို ““ကျွန်တော်တို့ ရုံးကိုတော့ ဆက်သွယ်မှု မရှိသေးဘူး။ ဥရောပသမဂ္ဂနဲ့ ဆိုင်တော့ဆိုင်မယ် မထင်ဘူး။ ဥရောပသမဂ္ဂတို့မှာ တူရကီတို့ပါတော့ ပြောလို့တော့ မရဘူးပေါ့။ သူတို့က အင်အား ဖြန့်ကြက်ထားတဲ့ အခါကျတော့ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ထုတ်ထားတဲ့ ကြေညာချက် အပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိဘူးဆိုရင် အခုလောလောဆယ်ဆယ် စမ်းချောင်း ဗဟိုလမ်းမှာ ယာယီရုံးခန်း ရှိပါတယ်။ လာရောက် မေးမြန်း စုံစမ်းနိုင်ပါတယ်””ဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့မှ ဇူလိုင် ၄ ရက်တွင် ““OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ ရယူနေသည့် သတင်းမီဒီယာများ၏ တစ်ဖက်စောင်းနင်း ရေးသားမှုများကို အစိုးရမှ စိစစ် ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း”” ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ခဲ့သည်။


OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ် အရေးယူ သွားပေး ရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲမင်းဦးက ဇူလိုင် ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇူလိုင် ၄ ရက်က OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေး ထောက်ပံ့ ရယူနေသည့် သတင်း မီဒီယာများကို အစိုးရမှ စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

““အဓိကကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်ဖက်စောင်းနင်းပေါ့နော်။ လူမျိုးခြားတွေပေါ်မှာ အသားပေးပြီး ဖော်ပြတတ်တဲ့ ကိုယ့်လူမျိုးတွေ ခံနေရတာကို အမှန်အတိုင်း မဖော်ပြနိုင်တဲ့ မီဒီယာတွေ ပေါ်ပေါက်နေပြီလေ။ ဒါကို လက်ရှိမှာလည်း အချက်အလက် စုဆောင်းတုန်း ကာလဖြစ်တယ်။ အွန်လိုင်း မီဒီယာရော၊ ပုံနှိပ်မီဒီယာရော ၄၊ ၅ ခု တွေ့ထားတယ်။ ဒါကို ပြည်ထောင်စု အစိုးရအဖွဲ့က စိစစ်ဖော်ထုတ် ပေးရမယ့် တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ တိုက်တွန်း တောင်းဆိုတာ ဖြစ်တယ်။ ဘယ်မီဒီယာဆိုတာ ကျွန်တော်တို့က အမည်နာမတပ်ပြီး ဖော်ပြနေစရာ မလိုတော့ ယေဘုယျ သဘောအနေနဲ့ ကြေညာချက် ထုတ်တာပါ””ဟု ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မိမိတို့ အဖွဲ့အနေဖြင့် သုတေသန ပြုလုပ်ချက်များအရ ယင်းသို့ ရေးသားသော သတင်းမီဒီယာ ၅ ခုခန့် ရှိကြောင်း၊ မည်သည့် မီဒီယာ ဖြစ်သည်ကို အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် ရယူပြီးမှ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရေးသားသော သတင်းမီဒီယာများကို စောင့်ကြည့်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ စိစစ် အရေးယူရန် တင်ပြမည်ဖြစ်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့မှ အရေးယူ၊ မယူ ဆိုသည်ကိုလည်း စောင့်ကြည် အဖွဲ့ အတိုင်းအတာနှင့် ညီအောင် စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာ မျိုးသန့်တင်က ““ဆရာတို့ကတော့ ကျင့်ဝတ်ကိုပဲ အခြေခံတယ်လေ။ ကျင့်ဝတ်နဲ့မီဒီယာ ဥပဒေအပေါ်မှာပဲ အခြေခံပြီးတော့ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် တစ်ဖက်က ဒီလိုတော့ ဖြစ်နေပြီဆိုပြီး အသိပေးတယ်ပေါ့။ အသိပေးရင် လုပ်ထုံးလုပ်နည်း အရတော့ ဟိုဘက်က သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆရာတို့ကခေါ်ပြီး ညှိတယ်။ နှစ်ဖက်စလုံး ညှိလို့မရဘူးဆိုရင်တော့ သူတို့ဘာသာသူတို့ တရားရုံး တက်ကြပေါ့။ ဆရာတို့ကတော့ ကြေညာချက် ထုတ်နိုင်တဲ့ အပိုင်းပဲရှိတယ်။ အရေးကြီးရင်တော့ ချက်ချင်း ထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်””ဟု ၎င်းက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် လူအင်အား ၂၀ ခန့် ပါဝင်ခြင်းဖြစ်ပြီး ကိုရဲမင်းဦးမှာ ယခင်က မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်မည့်ကိစ္စအား ဆန့်ကျင် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင် ခဲ့မှုဖြင့် ဗဟန်း၊ သာကေတနှင့် ကျောက်တံတား ရဲစခန်းတို့မှ အမှုဖွင့် အရေးယူခဲ့ဖူးသည်။

From: မြန်မာသံတော်ဆင့်

www.mmdailystar.com

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တတိယအဆင့်အထိ တည်ဆောက်မှုပြီးစီး





 အရင်စစ်အစိုးရလက်ထက်က စတည်တည်ဆောက်လာတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို အဆင့်လေးဆင့်နဲ့ အကောင်အထည်ဖော်နေရာမှာတော့ လက်ရှိမှာတတိယအဆင့်ထိ ရောက်ရှိလာပြီလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ဇူလိုင်(၂၂)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီလိုနယ်စပ်ခြံစည်းရိုးခတ်ခြင်းကို မြန်မာနိုင်ငံကတာဝန်ယူ တည်ဆောက်နေတာဖြစ်ပြီး တစ်ဖက်နိုင်ငံကနေ ခိုးဝင်မယ့်သူတွေ ပပျောက်သွားနိုင်ရေး အလေးထားဆောင်ရွက် နေတယ်လို့လည်းပြောပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ထိစပ်မှုဟာ ပင်လယ်ပြင်နဲ့ ကုန်းမြေနှစ်မျိုးလုံးမှာရှိနေပြီး စုစုပေါင်းနယ်စပ်အရှည် ၁၆၉ မိုင်ရှည်လျားပါတယ်။

အဲ့ဒီနယ်စပ်ခြံစည်းရိုး ကာရံမှုတွေမှာတော့ လုံခြုံရေးကင်းစခန်းတွေနဲ့ နယ်စပ်မှတ်တိုင်တွေကိုလည်း  တစ်ဆင့်နဲ့တစ်ဆင့် တိုးမြှင့်တည်ဆောက်နေတယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာတော့ လက်ရှိအနေအထားအရ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနကလည်း တစ်ဖက်နိုင်ငံမှ ၀င်ရောက်လာသူများနဲ့ တစ်ဖက်နိုင်ငံကို ထွက်ခွာသူများကို စနစ်တကျစစ်ဆေးနေပြီး တရားမ၀င်ဖြတ်ကျော် ၀င်ရောက်မှုများတွေ့ရှိပါက ချက်ချင်းအရေးယူ ဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ 


From:MRTV4
www.mmdailystar.com

အခုချိန်ထိတော့ မြန်မာ့မီဒီယာ NO ပါ



-----------------------------------------

(တကယ်သိ တကယ်တတ် တကယ်လေ့လာ တကယ်အလုပ်လုပ်တဲ့ ဒေါင်ဒေါင်မြည်မြည် မီဒီယာတွေကို အားနာလှပါတယ်)

သို့သော် မီဒီယာတွေအများစုမှာ တင်စရာသတင်းတွေ လိုက်စရာသတင်းတွေ နိုင်ငံနဲ့အ၀ှမ်းရှိနေတာတွေကျတော့ မရှာဖွေ မစွန့်စားပဲ ဖုံးထားတဲ့ နေရာတွေ တိုးတိုးဝင်ပြီး ဖိနေပြီ ဖိနေပြီလို့ အော်နေတယ်လို့ မြင်တယ်။

+ ဖုံးထားတဲ့ သတင်းကို ရှာဖွေဖော်ပြဖို့က မီဒီယာ အလုပ် မဟုတ်ဘူးလား အကို (ကိုစိန်အိုးစည်ရဲ့ အမေး)

- ဟုတ်တာပေါ့၊ သို့သော် တင်ပြစရာ တိုးတက်ရာ တိုးတက်ကြောင်း ထောက်ပြစရာတွေ နိုင်ငံနဲ့ အ၀ှမ်းရှိပါတယ်။ အဲ့ဒါတွေကိုတော့ မစွန့်စား မထုတ်နှုတ် မရှာဖွေ မရင်း ပဲနဲ့ လူတွေရဲ့ shock ကို ရယူနိုင်တဲ့ အစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့နေရာတွေကို ၀င်ဝင်တိုးတာပဲ တွေ့တယ်။ ဆက်ပြောရရင် အရှည်ကြီးပဲဗျ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်တယ်။ ရန်ကုန် မန်းလေးနဲ့ အလယ်ပိုင်း မြန်မာနိုင်ငံတော် မဟုတ်ဘူး။ ရှာပါလား မွှေပါလား ရှမ်းပြည် နဲ့ ကချင်ပြည် ကရင်နဲ့ ချင်း ၊ ကယား တခွင်လုံး ငတ်ပြတ်သတ်ပြီး ပညာရေးထိုးကျမှု့ ဂိတ်ဆုံးရောက်နေတဲ့ သတင်းတွေ ။ AIDS နဲ့ ရွာလုံးကျွတ် ပြုတ်နေရတဲ့ အသိပညာနုံနဲ့လွန်းလှတဲ့ နယ်စပ်ဒေသက တိုင်းရင်းသား ကျေးရွာတွေရဲ့ သတင်းတွေ။ မိုင်းတဂျိမ်းဂျိမ်းနင်းမိပြီး ခြေပြတ်လတ်ပြတ်တွေ တောင်လိုပုံနေတဲ့ ရှမ်းပြည်နယ် တခွင် ကရင်ပြည်နယ်တခွင်က သတင်းတွေ။ အဲ့လိုတွေကျတော့ တခါမှမတွေ့ဘူး ( ၀ုန်းဝုန်းဒိုင်းဒိုင်း ဖြစ်တဲ့အချိန်တွေကလွဲလို့ တခါမှကို မတွေ့တာ)၊ ဘယ်တွေ့မလဲ မြန်မာ့ သတင်းမီဒီယာတွေက ရန်ကုန် မန်းလေးနဲ့ သွားလို့လာလို့ လွယ်ကူတဲ့ မြန်မာပြည်အလည်ပိုင်း လောက်မှာပဲ ခွေနေတာကိုးဗျ ။ တခါလာလဲ ရန်ကုန် မန်းလေး နေပြည်တော်ကသတင်း။ အစိုးရ မကောင်းကြောင်းသတင်း။ အတိုက်အခံ မကောင်းကြောင်းသတင်းနဲ့ ရှက်လဲ မရှက်ဘူးဗျာ။

တခါလာလဲ ရွှေပြည်သာလောက်မှာ ကားနဲ့ ဆိုက်ကားချိတ်မိတာ။ လှိုင်သာယာလောက်မှာ မုဒိန်းမှု့ဖြစ်တာ၊ ဟံသာဝတီ အ၀ိုင်းမှာ ကားပိတ်တာလောက်ကို ရေးကြီးခွင်ကျယ်နဲ့ ဗျာ။ အစိုးရနဲ့ အတိုက်အခံပါတီကို ကလိတဲ့ သတင်းရေးပြီး လူတွေရဲ့ shock ကို ဖမ်းပြီး နာမည်ကြီးအောင်လုပ်တဲ့ ဂျာနယ်တိုက်၊ ယုတ်စွအဆုံး FB ပေါ်ကသတင်းတွေကိုတောင် ခပ်တည်တည်နဲ့ ယူသုံးပြီးရေးလိုရေးနဲ့ ခပ်တုံးတုံး ခပ်ထိုင်းထိုင်း ဂျာနယ်တိုက်တွေတောင် ပေါ်လာနေပြီ။ မစွန့်စား မရင်းနှီး မပေးဆပ်ပဲနဲ့ မီဒီယာဖိနှိပ်မှု့ ရပ်လို့ ထအော်တာကိုတော့ NO ပါဗျာ။ အစိုးရကို ဆန္ဒပြတဲ့အထဲမှာ ဒီဆန္ဒပြမှု့ကိုတော့ NO ပါ။

ဒေါက်တာသန်းမင်းထွဋ်ကယ်တင်ပေးနေတဲ့ ပင်းတယ မြို့လေးအကြောင်းသိကြမှာပါ။ အဲ့ဒီ ဆရာဝန်ကြီးရဲ့ သတင်းတွေနဲ့အတူ အဲ့ဒီမြို့လေး ဘယ်လောက် ဆင်းရဲတယ် လူတွေဘယ်လောက်ပညာရေးနဲ့ အသိဥာဏ်နိမ့်ပါးကြတယ် ဆိုတာဖတ်ရ ကြားရမှာပါ။ အင်း.. အဲ့ဒီ ပင်းတယ မြို့ဟာ လူရိုသေ ရှင်ရိုသေ ဆိုတဲ့ အရိပ်အာဝါသထဲမှာပဲရှိ ပါသေးတယ်။ အမဲရောင်နယ်မြေမဟုတ်သလို ဆူပူသောင်းကျန်းသူတွေ ကျင်လည်တဲ့ နယ်မြေလဲ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးမှု့ရှိတဲ့ နယ်ထဲမှာပါ ပါတယ်။ မြန်မာပြည်အလယ်ပိုင်းကနေ၀င်ရင် ရှမ်းပြည်နယ်ရဲ့ အစဦးလေးပဲရှိသေးတယ်။ အစိုးရ ရုံးဝန်ထမ်းတွေ အမြောက်အများရှိတဲ့ မြို့လည်းဖြစ်ပါတယ်။ ကလော အောင်ပမ်းဘက်နေ ချိုးပြီး ၀င်သွားရတာလွဲလို့ လမ်းပမ်း ဆက်သွယ်ရေးလဲ ကောင်းပါတယ်။ ကဲ.. 7 Days မီဒီယာက တင်ပေးလိုက်လို့ ဒေါက်တာ သန်းမင်းထွဋ်ကနေ တဆင့် ခင်ဗျားတို့ ကြားနေတဲ့ အဲ့ဒီမြို့လေးက အခြေအနေတောင် ကျန်းမာရေး မပြည့်စုံတာတွေ၊ အသိပညာတွေ လိုအပ်နေတာတွေ အစိုးရအမှု့ထမ်းတွေအပေါ် ယုံကြည်မှု့ မရှိတာတွေ အဲ့လောက်ထိ ရှိနေသေးရင် ကျန်တဲ့ ရှမ်းပြည်အတွင်းပိုင်းက နယ်တွေထဲမှာ ဘယ်လောက်ထိတောင် အစစ အရာရာ နိမ့်ပါးနေကြပြီလဲ ၊ လူစင်မမှီဖြစ်နေကြပြီလဲ ဆိုတာ ခန့်မှန်းကြည့်ပေါ့ဗျာ။

ဒါ ကျွန်တော်ကျင်လည်ခဲ့ဖူးတဲ့ ရှမ်းပြည်အကြောင်းမို့လို့ သေးသေးလေးပြောတာ။ အဲ့ဒီထက် ကြောက်စရာကောင်းတဲ့ လူစင်မမှီမှူ့တွေရှိတယ်၊ ကြောက်စရာကောင်းတဲ့ လူ့အခွင့်အရေးဆုံးရှုံးမှု့တွေရှိတယ်။ ကြောက်စရာကောင်းတဲ့ မျိုးဆက်သိမ်ဖျင်းမှု့တွေရှိတယ်။ မြန်မာ့မီဒီယာတွေ အဲ့ဒါတွေကို ချပြတာ ခင်ဗျားတို့တွေ့ဖူးလား။ မြန်မာ့မီဒီယာတွေ အဲ့ဒါတွေကို ရှာဖွေ ဖော်ထုန်ပြတာ ခင်ဗျားတို့ မြင်ဖူးလား။

မှိုလိုပေါက်နေတဲ့ မြန်မာ့ မီဒီယာတွေဟာ အဲ့လိုနေရာတွေ သွားပြီးတော့ စွန့်လွတ် စွန့်စားပြီး သတင်းမရှာဘူး ၊ ဒီအစိုးရနဲ့ ထိပ်တိုက်ဝင်ဝင်တိုးပြီး ပြည်သူတွေရဲ့ ရှောခ့်ကို ရအောင်ယူနေတာချည်းပဲတိုးနေတယ်။ ချစမ်းပါ စွန့်စားပြီးလုပ်ကြပါ။ရင်းကြပါ။ အဲ့လိုဆိုရင် အိုဘယ့်မီဒီယာအဖြစ် ၀မ်းသာပြီးကျုပ်တို့က မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ လက်ခုတ်တီးနေမှာပါ။ အခုချိန်ထိတော့ မြန်မာ့မီဒီယာ NO ပါ။

(ကနဦးမှာ ပြောခဲု့သလိုပဲ စာနယ်ဇင်းနှင့် မီဒီယာတို့တွင် မျက်စိဖွင့်နားဖွင့် ဆောင်းပါးများ သတင်းများ၊ political ဆောင်းပါး သတင်းနှင့် အခြားမီဒီယာဆိုင်ရာ ကိတ်စများကို အင်တိုက်အားတိုက် ရုန်းကန်ကြိုးကုတ်လျှက် ရှိနေကြဆဲ ကုန်းရုန်း ထနေကြဆဲ မီဒီယာတွေ ကိုတော့ ၀ါးလုံးသိမ်း မရမ်းရဲပါဘူး၊ သို့သော် သူတို့သည်ပင်လျှင် အလယ်ပိုင်း မြန်မာနိုင်ငံတော် ထဲကမထွက်ကြသေးပါဘူးဗျာ )

From: မောရစ်
Myanmar Media Watch

www.mmdailystar.com

ရုရှားသမ္မတ ပူတင်ရဲ့ သမီး၊ နယ်သာလန်မှာနေတဲ့ အိမ်က တိမ်းရှောင်

မလေးရှားလေကြောင်းလိုင်း MH 17 ကို ယူကရိန်းအရှေ့ဘက် ရုရှားနယ်စပ်နားမှာ ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက် ပြီး ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှုတွေ ဆက်တိုက်ထွက်ပေးလာပြီး တဲ့နောက် နယ်သာလန်နိုင်ငံက သမီးဖြစ်သူ မာရီယာ ပူတင်နာဟာ သူ့အိမ်က တိမ်းရှောင် ထွက်ပြေး သွားပြီလို့ ဆိုပါတယ်။ 


 ရုရှားသမ္မတ ပူတင်နဲ့ နယ်သာလန်မှာ နေထိုင်တဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာ၊ ဓာတ်ပုံ- ရာဟူး
နယ်သာလန်နိုင်ငံ အမ်စတာဒမ်လေဆိပ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ဦးတည်ပျံသန်းသွားတဲ့ ဘိုးရင်း ၇၇၇ MH 17 လေယာဉ်ဟာ လွန်ခဲ့တဲ့ သတင်းပတ်က ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး စစ်သွေးကြွတွေက သူတို့ ထိန်းချုပ် ထားရာဒေသမှာ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခဲ့တယ်။ 

လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် စုစုပေါင်း ၂၉၈ ဦးလုံး အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲက ဒတ်ခ်ျ လူမျိုး စုစုပေါင်း ၁၉၃ ဦး ပါဝင်ပါတယ်။ 

အဲဒီ ဒတ်ခ်ျတွေရဲ့ အလောင်းတွေကို ဘယ်သူ၊ ဘယ်ဝါ စစ်ဆေးတဲ့ နေရာဖြစ်တဲ့ Hilversum က မြို့တော် ဝန်က ရေဒီယို အင်တာဗျူးတခုမှာ ခရီးသည်တင်လေယာဉ်ကို ပစ်ချဖို့ မစ်ဇိုင်း ဒုံးကျည်ကို အသုံးပြုဖို့ ကျွမ်းကျင်သူတွေ ရုရှားသမ္မတ ပူတင်က အထောက်အပံ့ လုပ်ထားတာကြောင့် နယ်သာလန်နိုင်ငံမှာ
နေ ထိုင်နေသူ မာရီယာပူတင်နာကိုလည်း နိုင်ငံက နှင်ထုတ်သင့်တယ်လို့ မှတ်ချက် ထည့်ပြောပါတယ်။ 

 နောက်ပိုင်းတော့ သူပြောခဲ့တဲ့ စကားဟာ အမြော်အမြင်နည်းပါးတဲ့ စကားလုံး သုံးနှုန်းမိတာကြောင့် တွစ်တာကတဆင့် တောင်းပန်းစကား ဆိုခဲ့ပါတယ်။ 

သူ့ခံစားချက်ကို ရှေ့တန်းတင်လွန်းပြီး အရမ်းကို စိတ်ထိခိုက်ချိန်မှာ ပြောမိလိုက်တာတာ ဖြစ်ပေမယ့် 
တော်တော်များများက ဒီစကားကို မှတ်မိနေကြမှာပါဘဲလို့ ရာဟူး သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

ရုရှားသမ္မတ ပူတင်ရဲ့ သမီး ဖြစ်သူ မာရီယာပူတင်နာရဲ့ သမီးနေထိုင်ရာ နယ်သာလန်က အိမ်လိပ်စာကို ယူကရိန်း ဝက် ဆိုက် တခုက လူသိရှင်ကြား ထုတ်ရေးပြီးတဲ့နောက် “ သဟိတ်ဂ်” The Hague မြို့နားက Voorschoten ရွာမှာရှိတဲ့ သူ့အိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားပြီလို့ သိရပါတယ်။ 

လက်ရှိမှာ မာရီယာ ဘယ်မှာနေထိုင်နေတယ်ဆိုတာတော့ မသိရသေးပါဘူးတဲ့။ မာရီယာပူတင်နာက သူ့ချစ်သူ ဒတ်ခ်ျ လူမျိုး Jorrit Faassen နဲ့ မနှစ်ကတည်းက နယ်သာလန်မှာ နေထိုင်နေတာပါ။ 

မာရီယာပူတင်နာကလည်း သူ့အမ ဖြစ်သူ Yekaterina လိုပဲ လူမြင်ကွင်းကို ထွက်တာ အလွန်နည်းတယ်လို့ ရာဟူးသတင်းက ဆိုပါတယ်။ 

တဖက်မှာလည်း လေယာဉ်ပစ်ချခံရမှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်းဘက် က အပစ်တင်စွပ်စွဲနေလို ဒီလေယာဉ်ပျက်ကျမှုမှာ ဘယ်လိုမှ ပါဝင်ပတ်သက်မှု မရှိဘူး လို့ ငြင်းဆိုထားပါတယ်။ 

လေယာဉ်နဲ့ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေမှာတော့ လေယာဉ်အပျက်အစီးမှာ စက်သေနတ် ကျည်ပေါက်ရာမျိုးတွေ အများကြီးတွေ့ရပြီး နောက်ထပ်လည်း အလောင်းတွေထပ်တွေ့တယ်လို့ ဆိုပါ တယ်။ 



From:ဧရာဝတီ

www.mmdailystar.com

ရုတ်တရက် သွေးနီရောင် ပြောင်းသွားတဲ့ မြစ်တစင်း

တရုတ်နိုင်ငံ အရှေ့ဘက် ဇီကျန်ပြည်နယ် ကျန်မေ့ကျောင်းရွာအနီး မြစ်ထဲ က ရေတွေဟာ ထူးထူးဆန်း ဆန်း သွေးနီရောင်ကို ရုတ်တရက် ပြောင်းလဲသွားပါတယ်။ 


ဓာတ်ပုံ- China Newscom

ဇီကျန်းပြည်နယ် ဒေသခံတွေပြောတာကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပီကင်း စံတော်ချိန် မနက် ၅ နာရီ
လောက်က ပုံမှန်အတိုင်း ရှိတာမြင်ကြရပါတယ်တဲ့။ ဒါပေမယ့် အဲဒီနေ့ မနက် ၁ နာရီလောက် အတွင်း 
သွေးနီရောင်ပြောင်းသွားတာပဲလို့ ဇူလိုင်လ ၂၅ ရက်နေ့  အေဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဒေသခံတွေပြောတာက ထူးထူးဆန်းဆန်း အနံ့အသက်မျိုးလည်း လေထဲ ပျံ့နေတယ်လို့လည်း ပြောကြပါ တယ်။ 


“ရေက ပုံမှန်အတိုင်း ကြည်ကြည်လင်လင်ဆိုတော့ ကျနော်တို့လည်း ငါးဖမ်းဖို့ လုပ်တာပေါ့။ အဲဒီမှာ တကယ့်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာဖြစ်လာတာဘဲ” လို့ ဒေသခံ ရွာသားတဦးက မှတ်ချက်ပေးထားပါ တယ်။ 

ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရိုက စုံစမ်းရေးမှူးတွေ ပြောတာ မှာတော့ အခုလို ရုတ်တရက်ဖြစ်သွားရတဲ့ အကြောင်းအရင်းကိုတော့ သူတို့ ရှာမတွေ့ရသေးဘူးလို့ ပြောပါ တယ်။ 

 ဒါပေမယ့် ရေနမူနာတွေကို ယူပြီး စစ်ဆေးတဲ့အခါမှာတော့ သံသယဖြစ်စေတဲ့ အရောင်ဟာ မြစ် ထဲမှာ တရားမဝင် ဆိုးဆေး တွေ၊ စွန့်ပစ်ပစ္စည်းတွေ သွန်ကြတာရဲ့ အကျိုးဆက်လို့ ပြောပါတယ်။ 

 “ကျတော်တို့ သံယယဖြစ်တာက တယောက်ယောက်က ဓာတုဆိုးဆေးတွေကို ရေထဲ စွန့်ပစ်လိုက်တာ
ဖြစ်နိုင်တယ်။ မနေ့ က လည်း တိုင်ဖုန်းမုန်းတိုင်းကြောင့် မိုးက တော်တော်သည်းတော့ ဘယ်သူမှ ဒါကို သတိထားမိမှာ မဟုတ်ဘူး ထင်ပြီး လုပ် လိုက်တာဖြစ်မယ်” လို့ ဝမ်ကျောင် သဘာယ ပတ်ဝန်ကျင်ဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး ဗျူရို အကြီးအကဲ ကျန်ဖန် ဂျောင်း က ပြောထားပါတယ်။ 

သူက ဆက်ပြောတာက မြစ်ရိုးတလျှောက် အစားအသောက် လုပ်ငန်း ကုမ္ပဏီတခုနဲ့ ယက္ကန်းရုံ တခု၊ စက္ကူစက်တခုလည်း ရှိတာကြောင့် ဒီကိစ္စကို ဗျူရိုအနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

မှတ်ချက်။    ။ သတင်းမှာ ပါသော အဲဒီ တရုတ် ဒသခံတွေ ပြောတဲ့ မြစ်ဆိုတာက မြန်မာနိုင်ငံ က  
ရေမြောင်း တခုလိုပါဘဲ။  
From:ဧရာဝတီ

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...