Monday, 28 July 2014

၂၀၁၂ တည်းက ရိုက်မည်ဆိုသည့် ဗိုလ်ချုပ်ရုပ်ရှင် ၂၀၁၅ မှသာ ပြည်တွင်းပညာရှင်များဖြင့် ရိုက်နိုင်တော့မည်

 ‘အောင်ဆန်း’’ရုပ်ရှင်ရိုက်ကူးရေးကို ပြည်တွင်းပညာ ရှင်များဖြင့် ၂၀၁၅ ခုနှစ်တွင်စတင် ရိုက်ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများကို ဇူလိုင် ၂၇ ရက်တွင်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

‘‘ဒီနေ့ပဲ ဆုံးဖြတ်လိုက် တယ်၊ ပရိုဂျူဆာကို မအိအိခိုင်နဲ့ ကိုလူမင်းတွဲဖက်ပြီး တာဝန်ယူ မယ်၊ ရိုက်ကူးရေးကို ကိုယ်ရယ်၊ဝိုင်းရယ်တွဲဖက်ပြီး တာဝန်ယူမယ် ကျန်တဲ့လူတွေလည်း တာဝန်ခွဲ ဝေပြီးယူကြပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြီးခဲ့သည့်နှစ်စက်တင်ဘာလကတည်းက ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာ အရည်အသွေးမီရိုက်ကူးနိုင်ရန် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ခဲ့ရာ ရိုက်ကူးမည့် ဇာတ်ညွှန်းနှင့်ပတ်သက်၍ အမြင်မတူသောကြောင့် အဆင်မပြေခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘နိုင်ငံတကာအဆင့် ထုတ်လုပ်နိုင်မယ့်ထုတ်လုပ်သူတစ်ယောက်ကိုရှာတယ်။ ပထမဆုံး ကနေဒါ၊ နောက်ပြီး ပြင်သစ်၊ အခုနောက်ဆုံး အမေရိကန် အဲဒီသံရုံးတွေနဲ့ဆက်သွယ်ပြီးရှာတဲ့အခါ ဘာတစ်ခုထင်ထင်ရှားရှားဖြစ်လာလဲဆိုတော့ ကိုယ်တို့ရေးထားတဲ့ ဇာတ်ညွှန်းအပေါ်မှာ ရှုမြင်တဲ့ပုံချင်းက မတူဘူးဖြစ်နေတယ်။ ကိုယ်တို့က ဒီဟာကို သမိုင်းအနေနဲ့ ရှုမြင်တယ်။ ဒါပေမဲ့ နိုင်ငံတကာကရုပ်ရှင်အနေနဲ့ပဲရှုမြင်တယ်’’ ဟု မင်းထင်ကိုကိုကြီးက ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ညှိုနှိုင်းနေသည်မှာ ကိုးလကျော်ကြာမြင့်နေပြီဖြစ်သောကြောင့်ဆက်လက်ညှိုနှိုင်းနေပါက လာမည့် ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးနိုင်တော့မည်မဟုတ်သောကြောင့် ပြည်တွင်းအနုပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၀၀ ပြည့်မြောက်သည့် ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

From: 7Day Daily

www.mmdailystar.com

လိင်အင်္ဂါသေးငယ်တဲ့ အကြောင်း နိုင်ငံပိုင်ရုပ်သံကတဆင့် ရဲရဲဝင့်ဝင့် ၀န်ခံလိုက်တဲ့ ချီးကျူးဖွယ် အမျိုးသမီး



 ဗြိတိန်နိုင်ငံက အသက် ၂၂ အရွယ်အမျိုးသမီးတစ်ဦးက သူ့ရဲ့ အရှက်သိက္ခာကို မငဲ့ ကွက်ပဲ ရဲရဲဝံ့ဝံ့နဲ့ နိုင်ငံပိုင်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ Channel4 ရဲ့ ကျန်းမာရေးကဏ္ဍ ခေါင်းစဉ် တစ်ခုအောက်က ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းခံစားမှုဆိုတဲ့ အစီအစဉ်မှာ သူမခန္ဓာကိုယ်ရဲ့ လျို့ဝှက်ချက်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။ ကယ်လီစမစ်ဆိုသူ အမျိုးသမီးက ငယ်စဉ်မွေးကတည်းက မိန်းမလိင်အင်္ဂါစပ် သေးငယ် တဲ့အပြင် သားအိမ်လည်း ပါမလာခဲ့တာကို သတိမပြုမိခဲ့ပဲ အပျိုဖော်ချိန်ရောက်လောက်မယ့် အသက် ၁၇ နှစ်အရွယ်ရောက်မှ သားအိမ်ပါမလာတာနဲ့ မလိင်အင်္ဂါစပ်သေးငယ် တာကို သတိထားမိခဲ့တယ်လို့ ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ ဆွေးနွေးပြောကြားခဲ့ တာပဲဖြစ်ပါတယ်။ငယ်စဉ်ကလေးဘ၀မှာတော့ ဒီလိုခန္ဓာကိုယ်မူမမှန်တဲ့ ခံစားမှုတွေကို မခံစားခဲ့ရပေမဲ့ လည်း အသက်အပိုင်းအခြားတစ်ခုကို ရောက်ရှိချိန်မှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကာမဖြစ် စဉ်တွေပြောင်းလဲလာတာမျိုးတွေရှိတဲ့အတွက်ကြောင့် သူမရဲ့ ဒီလို လိင်နဲ့ပတ်သက်ပြီး အားနည်းတာမျိုးတွေ၊ ချို့တဲ့တာမျိုးတွေနဲ့ ဟော်မုန်းမထုတ်နိုင်တာမျိုးတွေကို သိသိ သာသာခံစားလာရတယ်။

 နောက်ပြီး အမျိုးသမီး အင်္ဂါစပ်သေးငယ်တဲ့အတွက် အသက် ၁၉ နှစ်အရွယ်ချစ် သူကောင်လေးနဲ့ အတူမနေနိုင်တာရယ်နဲ့ သားအိမ်ပါမလာတာကြောင့် ရာသီ စက်ဝန်းလည်ပတ်ကာ သွေးဆင်းတာမျိုးမရှိတဲ့အတွက် ကိုယ်ဝန်ဆောင်နိုင်ခြင်း မရှိတာက ကလေးချစ်တတ်တဲ့ သူမအတွက် အဆိုးဆုံးအခြေအနေတွေပါလို့ ရင်ဖွင့်ခဲ့ပါတယ်။  ဆေးပညာသမိုင်းမှတ်တမ်းများအရ ဒီလိုမျိုးထူးခြားတဲ့ အနေအထားရောဂါလက္ခဏာ မျိုးက လူအယောက် ၅ ထောင်မှာ တစ်ဦးမျှသာကြုံတောင့်ကြုံခဲ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ စမစ်က သူမရဲ့ ဒီလိုရောဂါခံစားရတာနဲ့ပတ်သက်ပြီးတော့ ဘယ်လို ခွဲစိတ်ကုသမှုမျိုးကိုမျှ လုပ်ဆောင်ရန် ဆန္ဒမရှိသော်လည်း dilatotherapy လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါစပ်ကို ဆန့်ထုတ်တဲ့ ကုသထုံးနဲ့ ခြောက်လတစ်ကြိမ်ကုသလျှက် ရှိပြီးတော့ တိုးတက်လာတဲ့လက္ခဏာဘက်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။ နိုင်ငံတွင်းမှာ ဒီလိုလွှင့်တဲ့ရုပ်သံလိုင်းအစီအစဉ်တစ်ခုမှာ သူမရဲ့ ဒီလိုကျန်းမာရေးဆွေး နွေးပေးတဲ့ အစီအစဉ်ကို နိုင်ငံအ၀န်းက ကြည့်ရှုသူ ၁သောင်း ၂ထောင်ကျော်ရှိပြီး သူမအပေါ် အားပေးထောက်ခံပေးကြပါတယ်။

From: Phothutaw

www.mmdailystar.com

အပြာရုပ်ရှင်မင်းသမီးများမှာ ပြည့်တန်ဆာမဟုတ်ကြောင်း ဆန်နီမှပြော

 မိမိတို့​​​ အပြာရုပ်ရှင် မင်း​​သမီး​​များ​​သည် ပြည့်​​​တန်ဆာများ​​ မဟုတ်​​ကြောင်း​​ နာမည်​​ကျော် အပြာမင်း​​သမီး​​ တစ်ဦး​​ဖြစ်သည့်​​​ ဆန်နီလီယွန်က ​​ပြောကြား​​လိုက်သည်။ ဆန်နီသည် အိန္ဒိယ မိဘနှစ်ပါး​​မှ ​​မွေး​​ဖွား​​ခဲ့​​​ပြီး​​ အ​​မေရိကန်တွင် အပြာမင်း​​သမီး​​ တစ်ဦး​​အဖြစ် ထင်ရှား​​လာခဲ့​​​သည်။

သူ​မက ​​ငွေ​​ကြေး​​​ကြောင့်​​​ အပြာရုပ်ရှင်မင်း​​သမီး​​တစ်ဦး​​ ဖြစ်လာ​​ကြောင်း​​ ဝန်ခံခဲ့​​​​သော်လည်း​​ အခြား​​​သော ပြည့်​​​တန်ဆာဆန်ဆန် ကမ်း​​လှမ်း​​မှုများ​​ကို လက်မခံခဲ့​​​​ကြောင်း​​ ရှင်း​​ပြခဲ့​​​သည်။ “အိန္ဒိယမှာ​​တော့​​​ အပြာရုပ်ရှင်​​တွေအတွက် ရိုက်ကူး​​​ပေး​​တဲ့​​​ ​​ဖျော်​​ဖြေ​​ရေး​​ လုပ်ငန်း​​မျိုး​​ မရှိ​​လောက်ပါဘူး​​။ အဲဒီက လူ​​​တွေက ဒီလုပ်ငန်း​​အ​​ကြောင်း​​ကို​​တောင် ​​သေချာ သိမှာ မဟုတ်ပါဘူး​​။ ကျွန်မအ​​နေနဲ့​​​ ဒီလုပ်ငန်း​​မှာ ပါဝင်ခဲ့​​​တဲ့​​​​နောက်ပိုင်း​​ ကျွန်မရဲ့​​​ ရုပ်ရှင်​​တွေကို Onlineမှာ ​​ရောင်း​​ချတဲ့​​​အခါမှာပါ ​​ဝေစုရရှိပါတယ်။ ဒါဟာ စီး​​ပွား​​​ရေး​​ လုပ်ငန်း​​တစ်ခုပါ။ ပြည့်​​​တန်ဆာ အလုပ်နဲ့​​​ ကွဲပြား​​ပါတယ်။

ကျွန်မအ​​နေနဲ့​​​ ပြင်ပ​​လောကနဲ့​​​ ပတ်သက်တာ​​တွေအတွက် ချုပ်တီး​​ထား​​ရတာ​​တွေ အများ​​ကြီး​​ပါ”ဟု ​​ပြောကြား​​ခဲ့​​​သည်။ ဆန်နီသည် အိန္ဒိယ Bigg Bossအစီအစဉ်တွင် ပါဝင်ခဲ့​​​ပြီး​​​နောက် သူ​မ၏ အလုပ်အကိုင်သည် သီး​​ခြား​​ရှု​​ထောင့်​​​တစ်မျိုးဖြင့်ရပ်တည်​​နေသည်ကို နား​​လည်​​စေလို​​ကြောင်း ပြောဆိုသွားခဲ့သည်။


From: Dailymail

www.mmdailystar.com

ရင်မော့ တင်ကော့ ပြီး လျှောက်ချင်လို့ ဒေါက်ဖိနပ်စီးကြတဲ့ ပျိုမေများဖတ်ရန်

ေ ဒေါက်မြင့်ဖိနပ် နှင့် ကျန်းမာရေး
လိုက်ဖက်သော ဒေါက်မြင့် ဖိနပ်ကို စီးကာ ရင်ချီလျက် သပ်ရပ်စွာ လျှောက်လှမ်း တတ်သော မိန်းကလေး မျးကို တွေ့လျှင် သူသူ ကိုယ်ကိုယ် ငှေးမော မိတတ်ကြ၏။ ဒေါက်ဖိနပ် စီးလျက် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဖောင်းကြွ နေသော ခြေသလုံး ၊ ခပ်စွာစွာလေး လှုပ်သွားသော ခါး ၊ သွယ်လျသော လက်မောင်း နှစ်ဖက်ကြား ရင်ချီမြင့်မြင့် ၊ လည်တိုင် ကြော့ကြော့ တို့သည် ပတ်ဝန်းကျင် ကို အလှဆင် နေဘိသည့် နှယ်ပင်။
သို့သော် ဒေါက်မြင့်ဖိနပ် ကို အချိန်ကြာကြာ ရေရှည် စီးပါလျှင် ခြေ ၊ ပေါင်တံ ၊ ကျောရိုး တို့၏ သဘာဝ အလှများကို ပျက်စီးစေပြီး ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်သည်။ ဒေါက်ဖိနပ် မြင့်လေ ခြေဖနောင့် ၊ ခြေဖျား နှင့် ခြေမ တို့အပေါ် ၀န်ပိလေ ဖြစ်သည်။ ၀န်ပိလျက် ဖိပွတ် ရသောကြောင့် ခြေထောက် အရေပြား ပူလောင်ပြီး ရေကြည်ဖု ထကာ အသားမာ တက်လာ နိုင်သည်။ ထို့အပြင် အရေပြားအောက် တစ်သျှူး ၏ အာရုံကြောများ တုံ့ပြန်မှု အားနည်း လာပြီး ခြေထောက် ထုံသလို ၊ ကျဉ်သလို ခံစား ရနိုင်ကာ ခြေထောက် အလှကို ဆိုးရွားစွာ ပျက်စီး စေနိုင်သည်။
ေ ဒေါက်ဖိနပ် အမြင့်ကို စီးနေချိန်တွင် ခန္ဓာကိုယ် အလေးချိန်က ခြေမအောက် သို့ ရောက်ရှိ သွားသည့် အတွက် ခြေမသည် ဒုတိယ ခြေချောင်း ကို အားပြု ရလေရာ ကာလ အနည်းငယ် ကြာမြင့် လာသောအခါ အတွင်းဖက် ကွေးဝင် နေသော ခြေမ ပိုင်ရှင်များ ဖြစ်လာ ကြတော့သည်။ ထို့ပြင် ခြေဖျား ပိုကျယ် လာပြီး ခြေမလည်း ပိုရှည် နေတတ် ပါသည်။
ဟန်ချက်နှင့် ကိုယ်နေဟန်
  ဒေါက်မြင့်ဖိနပ် သည် ခန္ဓာကိုယ်ကို မြှောက်တင် ပေးသည့် အတွက် ကိုယ် အလေးချိန် အား ခြေထောက် နှစ်ဖက်တွင် ညီမျှစွာ ခွဲဝေ သွားလာရန် ပို၍ ခက်ခဲတတ်ပြီး ဟန်ချက်ကို အလွယ်တကူ ပျက်စေ နိုင်သည်။ တည့်မတ်စွာ ရပ်နေရန် သို့တည်းမဟုတ် ဟန်ပါပါ လမ်းလျှောက် ရန် ခြေမျက်စိကို ဆွဲဆန့် ထားရသဖြင့် ခြေချင်းဝတ် မခိုင်ဘဲ လည်သွား နိုင်ပေသည်။

  ဒေါက်မြင့်ဖိနပ် စီးလျှင် လမ်းလျှောက်ပုံ လှသည်ဟု ဆိုကြသည်။ မှန်ပါသည်။ ဒေါက်မြင့် ဖိနပ်ကြောင့် ခြေသလုံး ကြွက်သားကို ဆွဲကျုံ့ လိုက်သလို ဖြစ်သွားပြီး ခြေဖနောင့် အရွတ်များကို ကားလိုက် သကဲ့သို့ ဖြစ်သွားသည့် အတွက် ခြေဦးသည် အပြင်ဘက်သို့ မထွက်နိုင် တော့ပေ။ ဤတွင် မိန်းကလေးများ ၏ စွဲမက်ဖွယ် လမ်းလျှောက်ပုံ ထွက်ပေါ် လာခြင်း ဖြစ်သည်။
သို့သော် တစ်ပတ်လျှင် သုံးရက်ခန့် ဒေါက်မြင့်ဖိနပ် စီးလျှင်ပင် ခြေချင်းဝတ် အနေအထားကို ပြောင်းလဲ စေနိုင်သည်။ ခြေချင်းဝတ် လည်ထွက်ခြင်း မဖြစ်ရန် ခြေမျက်စိ တစ်ဝိုက်ရှိ ကြွက်သား များက ပို၍ အလုပ်လုပ် ပေးရ သောကြောင့် ခြေမျက်စိ တစ်ဝိုက် ညောင်းညာ နာကျင်ခြင်း ကို တိုး၍၊ တိုး၍ ခံစား ရလာ နိုင်သည်။
  ဒေါက်မြင့်ဖိနပ် သည် မိန်းကလေး များ၏ ခြေတံအလှ ကို ပေါ်လွင်စေ သော်လည်း ခြေထောက် ကြွက်သား၊ အရွတ်၊ အဆစ်များ၏ အနေအထား ကိုပါ ပြောင်းလဲ စေသည့် အတွက် ဖိနပ်အပါး စီးလျှင် လမ်းလျှောက်ရ ခက်လာတတ် ပြန်သည်။
ကြွက်သား နှင့် အဆစ်များ အပေါ် ဝန်ပိုခြင်း
  ဒေါက်မြင့်ဖိနပ် စီးကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျောရိုးကို ဆောင့်လိုက် သည့်နှယ် ဖြစ်ပြီး ဖိနပ်ဒေါက် သေးသွယ်လေ ကျောရိုးအား ဒဏ်ဖြစ်လေ ပင်။ ဒေါက်မြင့်ဖိနပ် သည် မြေပြင်နှင့် ထိဆောင့်သည့် ဒဏ်ကို လျှော့ချ နိုင်လောက် အောင် ပျော့ပျောင်းမှု မရှိသည့် အတွက် ဒူးများ ကလည်း ထိဆောင့်သည့် ဒဏ်ကို ခံရသည့် အတွက် ဒူးဆစ်များ နာကျင် ကိုက်ခဲနိုင်ပြီး ရေရှည်တွင် အဆစ်
ရောင်နာ ဝေဒနာကို ခံစား ရနိုင်သည်။
  ကျောရိုး ထိဆောင့်မှု ကို ကာကွယ်ရန် ခါးကြွက်သား များက အလုပ်ပိုလုပ် ရသဖြင့် ဒေါက်မြင့်ဖိနပ် စီးသူ မိန်းကလေး များ၏ ခါးလှုပ်ရှား မှုမှာ ခပ်စွာစွာ လေးဖြစ်ပြီး ကြည့်ကောင်း နေခြင်း ပင်တည်း။
ေ ဒေါက်မြင့်ဖိနပ် စီးလျှင် ခန္ဓာကိုယ်က ရှေ့သို့ အလိုအလျောက် ကိုင်းညွတ် သွား၏။ ဤသည်ကို ပြုပြင်ရန် ပခုံးကို နောက်ပြန်ဆွဲ လိုက်ရခြင်းက ခန္ဓာ တစ်ကိုယ်လုံး ကို တင်းရင်း သပ်ရပ်စေပြီး ရင်ချီပြီး ဖြစ်သွား စေသည့် အတွက် မြင့်မြင့် ချည်ထားသော ဆံပင်အောက်ရှိ လည်တိုင် ကြော့ကြော့ လေးများကို ငေးမောခွင့် ရရှိခြင်း ဖြစ်၏။ သို့သော် ကျောရိုး အောက်ပိုင်း ကို ဆိုးရွားစွာ ထိခိုက် စေနိုင်သည်ကို ကာကွယ်ရန် ဝမ်းဗိုက် ကြွက်သား၊ တင်ပါးဆုံ ကြွက်သားများ အလုပ် ပိုလုပ် ရသဖြင့် ခါး၊ဝမ်းဗိုက်၊ တင်ပါးဆုံ တို့ နာကျင်မှုကို ခံစားရ နိုင်သည်။
သို့သော် ဒေါက်မြင့်ဖိနပ် စီးလျှင် ကိုယ်လုံး လှသည်ဆိုကာ ဆက်စီး ကြသည်ပင်။ ခြေလှမ်း လှမ်းလိုက် သောအခါ တင်ပါးဆုံ ပါသွားအောင် လှမ်းပေးလျှင် ခါးကလေးခွက် သွားသည်ကို သိရှိကြပြီး ထို အတိုင်း လမ်းလျှောက် ကြရာဝယ် ရှုမြင်ရသူ များအဖို့ မျက်စိ ပသာဒ ရှိလှသော်လည်း ကာယကံရှင် အဖို့ အိမ်ရောက်လျှင် ညည်းတွား နေရမည်ပင်။
လူလတ်ပိုင်း အရွယ် အမျိုးသမီးများ ၏ခါးမှာ လှုပ်ရှား နိုင်စွမ်း ပို၍ နည်းပါးသည် ဖြစ်လေရာ ဒေါက်မြင့်ဖိနပ် ကြောင့်ဖြစ်သော ထိဆောင့်အား ကို ခါးနှင့် ဝမ်းဗိုက်ပိုင်း တို့က ခုခံမပေး နိုင်ဘဲ ကျောရိုးသို့ တိုက်ရိုက် ရောက်ရှိ သည့်အတွက် ဒေါက်မြင့်ဖိနပ် စီးနေစဉ် ဖြစ်စေ၊ ဖိနပ်ပါးစီး ထားလျှင် ဖြစ်စေ၊ ကျောရိုး နာကျင် နေမည်ဖြစ်ပြီး အခန့်မသင့် လျှင် အာရုံကြော ညှပ်ကာ မူးဝေခြင်း၊ သွေးတက်ခြင်း၊ မျက်စိ အမြင် မကြည်လင်ခြင်း တို့ကို ဖြစ်စေ နိုင်သည်။
ထိခိုက်မှုကို လျှော့ချရန်
ေ ဒေါက်မြင့်ဖိနပ် စီးရသည့် အရသာကို သိရှိ သွားလျှင် ခန္ဓာကိုယ်၏ ဒဏ်ကို ဂရုမပြုဘဲ ဆက်စီး ကြမည်သာ။ ထို့ကြောင့် ဒေါက်မြင့်ဖိနပ် စီးခြင်းကို တားမြစ်ခြင်းငှာ မစွမ်းသာသည့် အတွက် ဆောင်ရန်၊ ရှောင်ရန်များ ကို ဖော်ပြပါမည်။
၅ စင်တီမီတာ ထက် မပိုသော ဒေါက်မြင့်ဖိနပ် ကိုပင် သိုင်းကြိုး ပါမှစီးပါ။ ဖြစ်နိုင်လျှင် ဖိနပ်အပါး တစ်ရန် ဆောင်ထားပါ။ ရုံး၊ အိမ်စသည့် နေရာများ သို့ရောက်ရှိပြီး သင် အထွေအထူး ဆွဲဆောင် ရမည့်သူများ မရှိလျှင် ဖိနပ်အပါး လဲလှယ် စီးပေးပါ။ ဒေါက်အရွယ် သေးသွယ်လျှင် ရှောင်ကြဉ်ပါ။ ဒေါက် အရွယ်အစား သည် သင့် ခြေဖနောင့် အရွယ်အစား၏ ထက်ဝက်ခန့် ရှိသော ဒေါက်မြင့်ဖိနပ် ကိုစီးပါ။ ဒေါက်မြင့်ဖိနပ် စီးလျက် မပြေးပါနှင့်။ အဆင်ပြေလျှင် ခြေဖဝါးနှင့် ဒေါက်မြင့် ဖိနပ်ကြား ရှူးဖိနပ်များ တွင် ပါလေ့ ရှိသည့် အလွှာပါး လေးကို ခံစီးပါ။ နေ့စဉ် ခြေသလုံး ကြွက်သား ဖြေလျှော့သည့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
  ဒေါက်မြင့်ဖိနပ် စီးလိုက်တာနဲ့ သင့်အသွင်ဟာ ပြောင်းလဲသွား ပါတယ်။ ဒီစကားဟာ နှစ်ဖက်လုံး မှန်တယ် ဆိုတာကို ဂရုပြု စေချင် ပါတယ်။

From: Myawady Daily

www.mmdailystar.com

ထိုင်းမှ မကျေပွဲ ပြန်နွှဲလာမည့် သုံးနိုင်ငံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကြီး ကျင်းပရန်စီစဉ်




(ရန်ကုန်၊ ဇူလိုင် ၂၁)

သုံးနိုင်ငံဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲ ကြီး လာမည့်နိုဝင်ဘာလ တွင် ကျင်းပ နိုင်ရန် စီစဉ် ထားသည်ဟု မြန်မာ့ရိုးရာ လက်ဝှေ့ အစည်းအရုံး မှ သိရသည်။

”အကြမ်းသဘော နဲ့ စီစဉ်နေတာ ပါ။ လောလောဆယ်တော့ ဘာမှ မလုပ် ရသေးပါဘူး။ အချိန် လိုသေးတာလည်း ပါတာပေါ့၊ လုပ်တော့ လုပ်သွားမှာပါ” ဟု မြန်မာ့ ရိုးရာ လက်ဝှေ့အစည်းအရုံး မှ အတွင်းရေးမှူး ဦးဝါဆိုဝင်းမြင့်က ပြောသည်။

နိုင်ငံများ ဖိတ်ခေါ်ရာတွင် ထိုင်း နိုင်ငံ အနေဖြင့် သေချာပေါက် ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း၊ မည်သူ နှင့်မျှ ပူးပေါင်း၍ စီစဉ်မည် မဟုတ်ဘဲ အစည်း အရုံးမှသာ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”ပွဲစီစဉ်ရင် အစည်းအရုံး ကပဲ လုပ်မှာပါ။ ပထမပွဲ ထိုင်း – မြန်မာ သီးသန့်ပွဲ ပြီးကတည်းက နောက်ထပ် ဒါမျိုးတွေ လုပ်ဖို့ စီစဉ်ပြီးသားပါ” ဟု ၄င်းက ဆက်ပြောသည်။

ရိုးရာလက်ဝှေ့ အစည်း အရုံးသည် ယခုလ ၆ ရက်နေ့တွင် ထိုင်း – မြန်မာ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး ကို တွဲဆိုင်း ၁ဝ ဆိုင်းဖြင့် ကျင်းပခဲ့ပြီး ပရိသတ် လာရောက် ကြည့်ရှု သူများပြားသည် အထိ အောင်မြင်မှု ရခဲ့သည်။

သို့သော်လည်း လာရောက်ယှဉ် ပြိုင်သည့် ထိုင်းလက်ဝှေ့ သမားများမှ မြန်မာဒိုင် များကို ဘက်လိုက်သည် ဟု ဝေဖန်မှု အချို့ရှိခဲ့ရာ အထက်ပါ ပုဂ္ဂိုလ်မှ ယင်းသည် ရှုံးနိမ့်သည့် ဘက်မှပြောသည့် စကားများ သာဖြစ်ပြီး သတင်းသမားများ အနေဖြင့်လည်း နှစ်ဦးနှစ်ဖက် မေးမြန်း ပြီးမှသာ ရေးသားစေ ချင်ကြောင်း ပြော သည်။ အဆိုပါပြိုင်ပွဲ တွင် မြန်မာလက် ဝှေ့သမားများသည် ၄ ပွဲနိုင်ပြီး ထိုင်း လက်ဝှေ့ သမားများမှာ တစ်ပွဲသာ အနိုင်ယူနိုင် ခဲ့ပြီး ၅ ပွဲ သရေကျ ခဲ့ကြောင်း သိရသည်။

From:  ပေါ်ပြူလာ

www.mmdailystar.com

ဥပဒေအထက်မှာ စာနယ်ဇင်းသမားတွေရှိသလား



ရဲကျော်သူရ

ကျွန်တော်တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့်ရလာတာ ဘာမှမကြာသေးဘူး လို့ပြောနိုင် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ အစိုးရ သစ်တက်လာပြီးနောက်ပိုင်း စာပေ စိစစ်ရေးဖြုတ်လိုက်တဲ့အချိန်ကျမှ မီဒီယာသမားတွေ လွတ်လွတ် လပ်လပ်ရေး သားခွင့် ရလာ ခဲ့တာဖြစ်ပါတယ်။

အရင် အစိုးရအဆက်ဆက် ဒီမိုကရေစီကင်းမဲ့တဲ့ကာလမှာ အခုလိုလွတ်လွတ် လပ်လပ်ရေးခွင့်ရဖို့ဝေးလို့ စာပေစိစစ်ရေး အဆင့် ဆင့် ဖြတ်သန်းခဲ့တာတောင် အဲဒီအချိန်က အာဏာပိုင်တွေ ပြန်သိမ်းချင်ရင် အချိန်မရွေးပြန်သိမ်းလို့ ရတဲ့ခေတ်ကို ကျော်ဖြတ်ခဲ့ရ တာဖြစ်ပါတယ်။

မီဒီယာလွတ်လပ်ခွင့်ပေးလိုက်တဲ့ကာလမှာ ဂျာနယ်တွေလည်း အပြိုင်းအရိုင်းထွက် လာကြပါတယ်။ ကျင့်ဝတ်သိက္ခာရှိရှိနဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေ သမျှကို ပြည်သူ့ အကျိုးအတွက် မီဒီယာကောင်းပီသစွာ ထောက်ပြပြီး စတုတ္ထမဏ္ဍိုင်တာဝန်ကျေပွန်တဲ့ ဂျာနယ်တွေထက် မိမိဂျာနယ်ရောင်းကောင်းအောင် အဆူအဖွသတင်းတွေနဲ့ ပရိတ်သတ်နောက်လိုက်တဲ့ ဂျာနယ်အရေအတွက် က ပိုများတယ်လို့ ဆိုနိုင်ပါတယ်။

စာနယ်ဇင်းသမားတစ်ယောက်အနေနဲ့ ကိုယ်ရေးလိုက်တဲ့သတင်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိဖို့လိုတယ်ဆိုတဲ့ ခံယူ ချက်ရှိဖို့လိုပါတယ်။ မှန်မှန်/ မှားမှား၊ ပြည်သူအတွက် အကျိုးရှိရှိ/ မရှိရှိ ဂျာနယ်စောင်ရေတက်အောင် ဖွလိုက်မဟဲ့ ဆိုတဲ့ စိတ်ဓာတ်မျိုးဟာ ကျင့်ဝတ်သိက္ခာရှိတဲ့ စာနယ်ဇင်းသမားတွေ ရဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။

ရေးစရာတွေ တစ်ပုံတစ်ခေါင်းပါပဲ။ ရေးမယ်ဆိုရေးပါလိမ့်။ ရေးလည်းရေးနေကြတာပါပဲ။ စစ်အစိုးရလက်ထက်က ဘယ်လိုမှ ရေးခွင့်မသာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေ၊ ဒေသတွင်း တိုက်ပွဲသတင်းတွေအပါအဝင် သတင်းအမျိုးမျိုး ရေးခွင့် ရလာကြတာ နိုင်ငံတော်သမ္မတကို ဇာတ်မင်းသားပုံ ရုပ်ပြောင်လုပ်ထည့်တာတောင် အရေးမယူခဲ့ပါဘူး။

“သတင်းစာ --- မိနစ်၊ နာရီနှင့်အမျှ နေ့စဉ်ဖြစ်ပျက်ပြောင်းလဲနေသော လူ့လောက အခြေအနေကို သတင်းစာကဖေါ်ပြလေသည်။ သတင်းစာသည် အမည်နှင့် လိုက်လျော ညီထွေစွာ သတင်းများကို စာဖြင့်ရေးသားဖေါ်ပြထားခြင်း ဖြစ်သည်။ သတင်းစာ ကောင်း တို့မည်သည် မည်သည့်အစိုးရကိုပင်ဖြစ်စေ မျက်နှာ မထောက်၊ နိုင်ငံနှင့် လူထုအကျိုး ရှိရေး အတွက် ဟုတ်တိုင်းမှန်ရာကို ညွှန်ပြဝေဖန်ရေး သားရသည်။ သတင်းစာတကာ တွင် စစ်သတင်း၊ ကာမမှုနှင့် ရာဇဝတ်မှုသတင်းတို့သည် သတင်းစာကို ရောင်း အကောင်းဆုံးဖြစ်စေသော သတင်းများဖြစ်ကြသည်။ သို့သော် ထိုသတင်းစာမျိုးကား “အတင်းစာ၊ အချင်း စာ” ဟု ခေါ်ဆို ထိုက်၍ အဆင့်အတန်းနိမ့်ကျသော သတင်းစာမျိုး သာဖြစ်သည်။” လို့ ဆရာလူထုစိန်ဝင်း က မြန်မာ့စွယ်စုံကျမ်းထဲ က ကောက် နုတ်ချက်ကို သတင်းစာပညာ သောင်းပြောင်းထွေလာ၊ စာ ၂၄ မှာဖေါ်ပြထားပါတယ်။

Freedom of Press ဆိုတဲ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ မီဒီယာသမားတွေအတွက် အခွင့်အရေးတစ်ခုဖြစ်သလို အဲဒီ အခွင့် အရေးနဲ့အတူ ကျင့်ဝတ် (Ethic) နဲ့ တာဝန်သိမှု (Responsibility) ဆိုတာတွဲပြီးပါလာပါတယ်။

ပြီးခဲ့တဲ့နှစ်က မကွေးတိုင်းပေါက်မြို့နယ်ထဲမှာရှိတဲ့ ကပစ ၄ အတွင်းဝင်ရောက်ပြီး ဓာတ်ပုံရိုက်၊ သတင်းရေးသားထုတ်ဝေခဲ့တဲ့ Unity ဂျာနယ်က အမှုဆောင်အရာရှိအပါ အဝင် သတင်းထောက် ၄ ယောက်ကို နိုင်ငံတော်လျှို့ဝျက်ချက်ပေါက်ကြားမှုနဲ့ ပခုက္ကူ ခရိုင်တရားရုံးက ၂၀၁၄ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထောင်ဒါဏ် ၁၀ နှစ်ပြစ်ဒါဏ် ချမှတ်ခဲ့ပါတယ်။

ပြစ်ဒါဏ်ပြင်းထန်လွန်းတယ် ဆိုပြီး မီဒီယာလောကမှာ ပြောဆိုနေကြတာကိုလည်း မြင်ရ၊ ကြားရမှာဖြစ်ပါတယ်။ မီဒီယာလောကသား အများစုကတော့ ဒီလိုပြစ်ဒါဏ်မျိုးချမှတ်တာ ဟာ မီဒီယာကိုဖိနှိပ်တာပဲလို့ဆိုပါတယ်။

“သတင်းထောက်များ ဖမ်းဆီးထောင်ချခံရခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်းဖြစ်သည်။” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြနေတဲ့ပုံနဲ့တွဲ ပြီး “မီဒီယာဖိနှိပ်ခံရမှုအပေါ် နယ် သတင်းထောက်များက ပြည်မြို့တွင် ဆန္ဒထုတ်ဖေါ်” ဆိုတဲ့ သတင်းကိုလည်း ဇူလိုင် ၁၆ ရက် နေ့ထုတ် DEMOCRACY today သတင်းစာမှာ ဖတ်လိုက်ရတယ်။

မီဒီယာလွတ်လပ်ခွင့်ရလာတာ ဘာမှမကြာသေးတဲ့ကာလမှာ အခုလိုသတင်းမျိုးကြား ရတာ ဘယ်လိုမှ စိတ်ချမ်းသာစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ ခက်တာက ကျွန်တော် တို့နိုင်ငံမှာရှိတဲ့ မီဒီယာတချို့က သတင်းထောက်တွေနဲ့ သက်ဆိုင်ရာ အယ်ဒီတာတွေရဲ့ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုအပိုင်းကလည်း အားရစရာမရှိတာအမှန်ပါပဲ။

ကိုယ်စုံစမ်းဖေါ်ထုတ်လိုက်တဲ့ အကြောင်းအရာ၊ ကိုယ်ရေးလိုက်တဲ့သတင်း ဟာ ပြည်သူ အတွက် အမှန်တကယ်အကျိုးရှိရဲ့လား ဆိုတာ စဉ်းစားသင့်ပါတယ်။ သတင်းထောက် က ရေးတင်လိုက်ရင်တောင် အယ်ဒီတာမှာ ဖြုတ်ခွင့်/ ပယ်ခွင့်ရှိပါတယ်။ ပြည်သူ အတွက်အကျိုးမရှိတဲ့အပြင် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာမျိုး ကို အများပြည်သူဖတ်တဲ့ ဂျာနယ်/ စာစောင်တွေမှာ မဖေါ်ပြသင့်ဘူးဆိုတာ မီဒီယာလော က သားမဟုတ်တဲ့သူတွေတောင်နားလည်ပါတယ်။

ဆရာ တက္ကသိုလ်မြတ်သူကတော့ “ခေတ်ပြိုင်မီဒီယာနှင့် တွင်းတူးဖော်ထုတ် သတင်း ပညာ” စာအုပ်၊ စာ ၁၂၄ မှာ “ဖုံးသမျှဖော်” ဟု အတိုသုံးရမည့် အင်ဗက်စတီဂေး တစ် သတင်းစာပညာကိုသုံးရာ၌ အဝါရောင်သတင်းစာပညာ ပါပါရာဇီလုပ်ရပ်၊ အမည်းရောင် သတင်းစာပညာ၊ နိုင်ငံရေးလက်နက်၊ ပုဂ္ဂိုလ်ရေးထင်ရာစိုင်းခွင့်များရှောင် ရပေမည်။ နိုင်ငံ များတွင် နိုင်ငံတော်လုံခြုံရေးအတွက် အစိုးရလျှို့ဝှက်ချက်ဥပဒေ (Official Secret Act) များ ပြဌာန်းထားသည်။ ရန်သူ၊ မလိုသူ၊ လူယုတ်မာများလက်၊ စပိုင်သူလျှို များလက် အရောက်မခံနိုင်သော လျှို့ဝှက်ချက်များ ဖော်ထုတ်တင်ပြခြင်းသည် Investigative သတင်းမဟုတ်ပေ။ ပုဂ္ဂိုလ် လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး၊ တည်ဆဲဥပဒေ၊ နိုင်ငံတော် တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိခိုက်စေဘဲ အများပြည် သူကို တကယ်ထိခိုက်နစ်နာစေသောလုပ်ရပ်များ ဖုံးကွယ်ထားပါက စုံစမ်းဖေါ်ထုတ် တင်ပြသော အင်ဗက်စတီဂေးတစ်သတင်းများကိုသာ ကြိုဆိုအပ်ပေသည်။ လို့ ရေးသားဖေါ်ပြခဲ့ပါတယ်။

မကွေးတိုင်းပေါက်မြို့နယ်ထဲမှာ ဓာတုလက်နက်စက်ရုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အခု Unity ဂျာနယ်ကရေးလိုက်တဲ့ သတင်းကြောင့် နိုင်ငံတကာက စစ်ရေး/ စစ်လက် နက်စိတ်ဝင်စားတဲ့သူတွေကြားမှာ အဲဒီစက်ရုံအကြောင်းကို ပြောဆိုဆွေးနွေး လာကြ တယ်လို့ အင်တာနက်သတင်းတွေအရ သိရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ စစ်ရေးနဲ့ပတ်သက်တဲ့အချက်အလက်တွေဟာ အထူးလျှို့ဝှက် ထားရ မယ့် ကိစ္စဖြစ်ပါတယ်။ စစ်ရေး လျှို့ဝှက် ချက်ပေါက်ကြားမှုဆိုတာ အင်မတန်အန္တရာယ် ရှိသလို အပြစ်လည်းကြီးပါတယ်။

ပေါက်မြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံဆိုတာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့ အကျိုး အတွက် တည်ဆောက်ထားတဲ့ စက်ရုံ မဟုတ်ပါ။ သန်း ၆၀ ကျော် ၇၀ နီးပါးရှိတဲ့ ပြည်သူအားလုံးရဲ့လုံခြုံရေးနဲ့သက်ဆိုင်တဲ့ စက်ရုံပါ။ အခု အဲဒီစက်ရုံရဲ့တည်နေရာကို ဓာတ်ပုံနဲ့တကွ တစ်ကမ္ဘာလုံးကလူတွေ သိသွားကြပါပြီ။ ဒါဟာ ကျွန်တော်တို့တိုင်း ပြည် အတွက်ထိခိုက်နစ်နာမှုတစ်ခုပါ။

ဆိုကြပါစို့ ပြည်ပနိုင်ငံတစ်ခုခုနဲ့ စစ်ပွဲတစ်ပွဲဖြစ်လာတဲ့အခါမှာ တပ်မတော်အနေနဲ့ အဓိက တာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်တာမှန်ပေမဲ့ ကျန်တဲ့ပြည်သူတွေဟာလည်း လိုအပ်ရင်လို အပ်သလို ဥပဒေအရ အသက်အရွယ်၊ အတွေ့အကြုံတွေပေါ်မူတည်ပြီး ကျရာအခန်း ကဏ္ဍကနေ ဝင်ရောက် ပါဝင်ဆင်နွှဲရမှာပဲ ဖြစ်ပါတယ်။

ဒီတော့ ကိုယ့်နိုင်ငံက စစ်ရေး/ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ အများပြည်သူမသိ သင့်တဲ့ အချက်အလက်တွေကို ဓာတ်ပုံနဲ့ တကွ ဖေါ်ပြလိုက်တာဟာ ပြည်သူ သန်း ၆၀ ကျော်ထဲမှာပါဝင်တဲ့ အဲဒီအယ်ဒီတာနဲ့ သတင်းထောက်တွေကိုယ်တိုင်က ကိုယ့် လုံခြုံရေးကို ရန်သူသိအောင်လှစ်ဟပြလိုက်တာနဲ့အတူတူပါပဲ။

သတင်းထောက်ကတော့ ပေါ့ပေါ့လေးတွေးပြီး ရေးလိုက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံတော်ဘဏ္ဍာငွေ အမြောက် အများအကုန်အကျခံပြီး တည်ဆောက်ထားတဲ့ စစ်လက်နက်စက်ရုံတစ်ရုံရဲ့ လုံခြုံရေးအဆင့်ကျိုးပေါက်သွားမှုဟာ တိုင်းပြည် အတွက် အင်မတန်နစ်နာပါတယ်။ အခုဆိုရင် သန်းပေါင်းများစွာအကုန်အကျခံ တည်ဆောက် ထားတဲ့ အဲဒီ ကပစ စက်ရုံဟာ လုံခြုံမှု မရှိတော့ပါဘူး။ အရေးကြီးတဲ့ စစ်လက်နက် ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံဆိုရင် ပြောင်းရွှေ့ရပါတော့မယ်။

လက်ရှိအချိန်မှာ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်စေတဲ့ ဘယ်လိုသတင်းမျိုးကို မဆို ရေးသားခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတသတင်းကစလို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သတင်း၊ လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားတဲ့သတင်း၊ အစိုးရ စစ်သားတွေ နှစ်နှစ်အတွင်း မုဒိန်းမှုပေါင်း ၁၀၀ ကျော် ကျူးလွန်ခဲ့တယ် ဆိုတဲ့သတင်း၊ မြစ်ဆုံသတင်း၊ လက်ပံတောင်း တောင်သတင်း၊ လိင်တူချင်းလက်ထပ် တဲ့သတင်း၊ စစ်အစိုးရလက်ထက်က နိုင်ငံ့ဘဏ္ဍာတွေကို အာဏာပိုင်တွေ ဘယ်လိုအလွဲ သုံးစား လုပ်ခဲ့တယ်ဆိုတဲ့သတင်း၊ ကေအိုင်အေမှာ တပ်မတော်ထက် အဆင့်မြင့် တဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဒုံးကျည်တွေ ပိုင်ဆိုင် ထားတယ်၊ ပြည်သူကို ထိခိုက် မှာ စိုးလို့ မလုပ်တာဆိုတဲ့ သတင်း၊ စသဖြင့် စုံစီနဖာ ကြိုက်ရာသတင်းမျိုး ကို ရေးလို့ရပါ တယ်။

သတင်းမီဒီယာတွေကို အရေးယူမှုကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ပြန်လည် သုံးသပ်ပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း က နိုင်ငံတော်သမ္မတဆီကို ၂၂.၇.၂၀၁၄ ရက်စွဲပါ စာအမှတ် ၊ ၁ / ပထ (စည်းဝေး) ၉/ ၂၀၁၄ - ၉၆ နဲ့ သဝဏ်လွှာတစ်စောင် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

အဲဒီ သဝဏ်လွှာနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကဆီကို ၂၄.၇.၂၀၁၄ ရက်စွဲပါ စာအ မှတ် ၊ ၁၀၇ (၁)/၈/သမ္မတရုံး နဲ့သဝဏ်လွှာ တစ်စောင် ပြန်လည်ပေးပို့ခဲ့ပါသည်။ အပိုဒ် ၅ ပိုဒ်ပါတဲ့ သမ္မတရဲ့ပြန်ကြားချက်မှာ ဥပဒေချိုးဖေါက်တဲ့ မီဒီယာသမားတွေနဲ့ပတ်သက်တဲ့ အပိုဒ်တွေကတော့ အပိုဒ် ၄ နဲ့ ၅ ပဲ ဖြစ်ပါတယ်။

အပိုဒ် ၄ မှာ အောက်ပါအတိုင်းဖေါ်ပြထားတာတွေ့ရပါတယ်။

“မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ခြင်းကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းမှ တရားစွဲဆိုခြင်း၊ တရား ရေးမဏ္ဍိုင်မှ ဥပဒေနှင့်အညီလွတ်လပ်စွာ တရား စီရင်ခွင့်ရှိသည့်တရားစီရင်ရေးမူနှင့်အညီ စီရင်ဆုံးဖြတ်ခြင်းတို့သည် အုပ်ချုပ်ရေး အဖွဲ့အစိုးရနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိသည်ကို ဥပဒေများဖြင့် ပြဌာန်း သတ်မှတ် ပြီး ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ အနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါသည်။”

အပိုဒ် ၅ မှာတော့ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများကို ၂၁-၇-၂၀၁၄ ရက်နေ့တွင် နေပြည်တော် ၌ တွေ့ဆုံ ရှင်းလင်းပြီး ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့အစိုးရအနေဖြင့် လွတ်လပ်မှုနှင့်အတူ
ပြည်သူများအား အန္တရာယ်မဖြစ်စေရန် တရားဥပဒေ စိုးမိုးရေးကိုလည်း ဟန်ချက် ညီ ဆောင်ရွက်ရသည်ကို နားလည်ပေးစေလိုပါသည်။ တရားဥပဒေနှင့် အညီ နေထိုင်၊ လုပ်ကိုင်၊ ဆောင်ရွက်မည်ဆိုပါကမည်သည့် ပုဂ္ဂိုလ်၊မည်သည့် အဖွဲ့အစည်းကို မဆို အုပ်ချုပ်ရေးအဖွဲ့အစိုးရ အနေဖြင့် အကာအကွယ်ပေးသွား မည် ဖြစ်ပါကြောင်း ပြန်ကြား ပါသည်။”

နိုင်ငံတော်သမ္မတရဲ့ ပြန်ကြားချက် သဝဏ်လွှာဟာ အင်မတန်ရှင်းလင်းပါ တယ်။ နိုင်ငံ တိုင်းမှာ ဥပဒေရှိသလို နိုင်ငံသားအားလုံး ဟာလည်း မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို ဥပဒေဘောင်အတွင်းကပဲ အသုံးပြုရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့ ထိပ်တန်း ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် သာမန်နိုင်ငံသားတွေမဆိုထားနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတောင် သိခွင့်မရှိ တဲ့ စစ်ရေးလျှို့ဝှက်ချက် နယ်မြေတွေရှိပါတယ်။

ယူနတီက တာဝန်ရှိ သူတွေနဲ့ သတင်းသမားတွေကို အရေးယူတာဟာ Freedom of Press ကို ဖိနှိပ်တာ အရေးယူတာ မဟုတ် ဘဲ Restricted Area ကို ဝင်ရောက်ပြီး State Secret ကို ကျိုးပေါက်အောင်လုပ်ခဲ့လို့ အရေးယူတာဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ပါတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေကို သတင်းရေးလို့ အရေးယူတာမဟုတ်ဘဲ ကန့်သတ်နယ်မြေထဲခိုးဝင်ပြီး ဓာတ်ပုံရိုက် တာဟာ ဥပဒေချိုးဖေါက်တာဖြစ် လို့ အရေးယူတာဆိုတဲ့သဘောပါပဲ။

နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ပြီး တားမြစ်ကန့်သတ်ထားတဲ့နေရာမျိုးကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်တာမျိုး၊ ကန့်သတ်နယ်မြေက စစ်ဘက်ဆိုင်ရာ စက်ရုံ/အလုပ် ရုံတွေကို ဓာတ်ပုံရိုက်ကူးပြီး ပုံနှိပ်ဖေါ်ပြတာမျိုး လုပ်လာတယ်ဆိုရင် သက်ဆိုင် ရာနိုင်ငံ အလိုက် ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဘယ်သူ့ကိုမဆို အရေးယူမှာပဲဖြစ်ပါတယ်။ ဒါဟာ မီဒီယာလွတ်လပ်ခွင့်နဲ့ မဆိုင်ဘူးလို့ ဆိုချင်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ ဥပဒေချိုးဖေါက်ခြင်းကို သိလျက်နဲ့ဖြစ်စေ/ မသိဘဲနဲ့ဖြစ်စေ ဘူးလုံးနား မထွင်း ထွေးရော ယှက်တင်မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

JAFF HODSON နဲ့ GRAHAM WATTS တို့ရေးသားတဲ့ BEYOND BASICS – AN ADVANCED JOURNALISM MANUAL စာအုပ်၊ အခန်း ၁၁ ၊ JOURNALISTS AND THE LAW စာမျက်နှာ ၁၆၃ မှာပါတဲ့ အောက်ပါစာပိုဒ်တွေကို လည်း လေ့လာကြည့် စေ လိုပါတယ်။

NATIONAL SECURITY
Most countries have a range of laws designed to protect national security. They are usually very broadly defined and it is often purely at the discretion of the authorities whether something that has been said or reported might be considered to threaten the security of the state. The problem with such laws is that they usually allow for detention without trial, so those accused of endangering state security seldom get an opportunity to plead in court that they were merely reporting something or exercising the freedom of the press. Seek advice from experienced senior colleagues about how to avoid landing in trouble on national security grounds.

နိုင်ငံတော်လုံခြုံရေး
နိုင်ငံအများစုမှာ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေရှိ တယ်။ အဲဒီဥပဒေတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်တွေဟာ အင်မတန်ယေဘုယျဆန် ပါတယ်။ များသောအားဖြင့် (စာနယ်ဇင်းသမားတွေ) ပြောဆို/ရေးသားခဲ့တဲ့ သတင်းတွေ ဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှု ရှိ/မရှိဆိုတာ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ အဲဒီလို နိုင်ငံတော်လုံခြုံရေးကို ကာကွယ် ဖို့ ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေမှာရှိတဲ့ အားနည်းချက်က တရားခွင်မှာ စစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်လုပ်တယ်လို့ စွဲချက်အတင်ခံရ တဲ့ စာနယ်ဇင်းသမား တစ်ယောက်အနေနဲ့ သူဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အသုံးပြုပြီး လုပ်ရိုးလုပ်စဉ် သတင်းရေးသားတာ သက်သက်သာဖြစ်တယ်လို့ တရားခွင်မှာ လျှောက်လဲခွင့်ရဖို့ အင်မတန်ခက်ခဲပါ တယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်ပြီး ပြဿ နာမဖြစ်အောင် ဘယ်လိုရှောင်ရှား ရမယ် ဆိုတာ အတွေ့အကြုံကောင်းကောင်းရှိတဲ့ ဝါရင့်သတင်းထောက်ကြီးတွေ ဆီမှာ မေးမြန်း လေ့လာပါ။

ဒီလိုပဲ မီဒီယာသမားတွေဖြစ်တဲ့ အယ်ဒီတာတို့၊ သတင်းထောက်တို့ဆိုတာတွေဟာ လည်း နိုင်ငံသားများဖြစ်ကြတဲ့အတွက် သက် ဆိုင်ရာနိုင်ငံက ဥပဒေတစ်ခုခုကို ချိုးဖေါက်ခဲ့ရင် တခြားနိုင်ငံသားတွေလိုပဲ အရေးယူခံရမှာဖြစ်ပါတယ်။ JOURNALISTS AND THE LAW စာမျက်နှာ ၁၆၀ မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

YOU ARE A CITIZEN UNDER THE LAW OF YOUR LAND
In some countries journalist have some small privileges, but in most cases we are subject to the same laws as everyone else. So don’t be blinded by the fact that you are “chasing a story” and think that somehow this will mean you can’t be prosecuted for a crime. This includes everything from breaking traffic laws to falsifying documents, concealing your identity, trespassing on private property or entering restricted public areas. You might also be called to be a witness in a trial if you know or saw something a court believes could be evidence. While thinking of the best way to pursue a story, at the same time at yourself: What would any law-abiding citizen do in this case? While your professional conscience might on rare occasion encourage you to break a law, do not assume that authorities (or your boss) will be sympathetic if you are caught.

စာနယ်ဇင်းသမားဆိုတာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေကို လိုက်နာရတဲ့ နိုင်ငံသား တစ်ယောက်ဖြစ်ပါတယ်။

နိုင်ငံတချို့မှာ စာနယ်ဇင်းသမားတွေ အခွင့်ထူး မဆိုစလောက်ရတတ်ပေ မဲ့ ယေဘုယျ အားဖြင့် စာနယ်ဇင်းသမားတွေဆို တာ နိုင်ငံသားအားလုံး အတွက် ပြဌာန်း ထားတဲ့ ဥပဒေကို နိုင်ငံသားအားလုံးနည်းတူ လေးစားလိုက်နာရစမြဲဖြစ်တယ်။ ဒါ့ကြောင့် (ဥပ ဒေကိုချိုးဖေါက်ခဲ့ရင်) သတင်းလိုက်နေတဲ့အတွက် တရားစွဲခံရမှာမဟုတ်ဘူးလို့ မတွက်လိုက်ပါနဲ့။ ဥပဒေချိုးဖေါက်တယ်ဆိုတာ ယာဉ်စည်းကမ်းဖေါက်ဖျက်မှုကစပြီး စာရွက်စာတမ်းအတုလုပ်မှု၊ ကိုယ့်ရဲ့သရုပ်သကန်ကို ဖုံးကွယ်ထားမှု၊ ပုဂ္ဂလိက ပိုင် မြေရာ၊ အဆောက်အဦအတွင်း ကျူးကျော်ဝင်ရောက်မှု၊ အစိုးရနဲ့ဆက်စပ်ပတ်သက်တဲ့ ကန့်သတ်တားမြစ်ထားတဲ့နယ်မြေများအတွင်း ဝင်ရောက်မှုအထိ ပါပါတယ်။ စာနယ်ဇင်း သမား တစ်ယောက်သိထားတဲ့ ဒါမှမဟုတ် မြင်ခဲ့တဲ့ အကြောင်းကိစ္စတစ်ရပ်ရပ်ဟာ အမှု အခင်းတစ်ခုခု စစ်ဆေးစီရင်တဲ့နေရာမှာ သက်သေအထောက်အထားဖြစ်နိုင်တယ်လို့ တရားရုံးကယုံကြည်ရင် အဲဒီစာနယ်ဇင်း သမားကို မျက်မြင်သက်သေအဖြစ် တရားရုံးကို ဆင့်ခေါ်နိုင်တယ်။ သတင်းတစ်ပုဒ်ကိုလိုက်ဖို့ အကောင်းဆုံးနည်းလမ်းကို စဉ်းစား နေ တဲ့ အချိန်မှာ ကိုယ့်နေရာမှာ ဥပဒေကိုလေးစားလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ဆိုရင် ဘာလုပ်မလဲဆိုတာပါ ထည့်သွင်း စဉ်းစားပါ။ သတင်းရလိုဇောနဲ့ ဥပဒေတစ်ရပ်ရပ်ကို ချိုးဖေါက်ခဲ့လို့ အဖမ်းခံရပြီဆိုရင် အာဏာပိုင်တွေ ဒါမှမဟုတ် အလုပ်ရှင်/ အထက်အရာ ရှိတွေက ကရုဏာသက်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

ဒါဟာ နိုင်ငံတကာမှာ စာနယ်ဇင်းသမားတွေကို သင်တန်းပေါင်းမြောက်များ စွာ ပေးလာ တဲ့ သင်တန်းဆရာကြီးတွေ ကိုယ်တိုင် ထုတ်ဝေတဲ့ စာအုပ်တွေထဲက ကိုးကားဖေါ်ပြ တာပါ။ အထက်ပါ သတိပေးချက်တွေကိုကြည့်ရင် စာနယ်ဇင်းပညာပို့ချနေတဲ့ နိုင်ငံ တကာက သင်တန်းဆရာကြီးတွေကိုယ်တိုင် သတင်းထောက်များ ကို နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်သက်ရင် အင်မတန် သတိ ထားဖို့လိုတဲ့ အကြောင်း ထောက်ပြ ထားတာ တွေ့ရမှာဖြစ်ပါတယ်။

သာမန်နိုင်ငံသားတစ်ယောက်ကတောင် ကန့်သတ်တားမြစ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦတစ်ခုကို ဓာတ်ပုံရိုက်ပြီး သတင်းရေးသားဖေါ်ပြဖို့ မသိဘူးဆိုတာသိရင် တာဝန်သိတဲ့စာနယ်ဇင်းသမားတစ်ယောက်ဟာ သူ့နိုင်ငံအတွက်အရေးကြီးတဲ့ လျှို့ဝှက်သတင်းတွေကို မပေါက်ကြားအောင် စောင့်ထိန်းရမယ်ဆိုတာ သိရပါမယ်။

“မီဒီယာတွေကို တစ်စုံတစ်ရာ အာဏာပိုင်တွေ က ဆောင်ရွက်တော့မယ် ဆိုရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို နိုင်ငံတော် သမ္မတက တရားဝင်ဖွဲ့စည်းပေး ထားတာဖြစ်ပါတယ်။ ဒီစာနယ်ဇင်းကောင်စီနဲ့ အရင်ဆုံးဆွေးနွေးဖို့လိုပါတယ်။ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲနဲ့ မီဒီယာသမားတွေကို လက်လွတ်စပယ် ဆောင် ရွက်နေတာ မျိုးမဖြစ်ဖို့ အဘက်အဘက်က ဝိုင်းးပြီးထိန်းညှိဖို့လိုပါတယ်။” လို့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဂျာနယ်တစ်စောင်မှာပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဦးခိုင်မောင်ရည်ပြောလိုက်တဲ့စကားဟာ အင်မတန် ယျေဘူယျဆန်လွန်းတဲ့ အတွက် မပြည့်စုံဘူးလို့ပြောချင်ပါတယ်။ အခုပြော လိုက်တဲ့အတိုင်းဆိုရင် မီဒီယာသမားတစ်ယောက်ယောက် ဥပဒေချိုးဖေါက်ပြီး ရာဇဝတ်မှု ကျူးလွန်ခဲ့လို့ အရေးယူမယ် ဆိုရင် တောင် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ ဟာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ အရင်ဆုံး ဆွေးနွေးညှိနှိုင်းရမလို ဖြစ်နေပါတယ်။

တကယ်က “မီဒီယာလုပ်ငန်းတွေနဲ့ပတ်သက်ပြီး မီဒီယာသမားတွေကို တစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ဖို့ရှိလာပြီဆိုရင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ အရင် ဆုံးဆွေးနွေး ညှိနှိုင်းသင့်ပါတယ်။” လို့ပဲ ဖြစ်သင့်ပါတယ်။

ပြစ်ဒါဏ်ကတော့ ချပြီးနေပါပြီ။ ဒါပေမဲ့ အယူခံခွင့်ရှိနေသေးတဲ့အတွက် ပထမဦးဆုံး အကြိမ်အဖြစ် ပြစ်ဒါဏ်လျှော့ပေါ့ပေးမယ်ဆို ရင်လည်း လျှော့ပေါ့ပေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီလို ပြစ်ဒါဏ်လျှော့ပေါ့ပေးဖို့ဆိုတာကလည်း ကာယကံရှင်တွေကိုယ်တိုင်က မိမိ တို့ အပြစ်ရှိတယ်ဆိုတာ သဘောပေါက်နားလည်ဖို့လိုပါတယ်။ အထက်မှာ ဖေါ်ပြခဲ့သလိုပဲ သတင်းထောက်မို့လို့ သတင်းယူတာ ပဲ ဆိုတဲ့အကြောင်းပြချက်နဲ့ ဥပဒေက ကင်းလွတ်ခွင့်မရပါဘူး။ ဒါ့ကြောင့် ကိုယ်အပြစ်ရှိတာကို ရိုးရိုးသားသားဝန်ခံဖို့လိုပါတယ်။

“မီဒီယာဖိနှိပ်မှုရပ်” ဆိုတဲ့ ဆိုင်းဘုတ်တွေထောင်ပြီး ဖမ်းဆီးအရေးယူခံရတဲ့ သတင်းထောက်တွေအတွက် ဆန္ဒပြပေးနေတာတွေ ဆုတောင်းပွဲတွေ လုပ်ပေးနေ တာတွေကို မသာယာမိဖို့လည်းလိုပါတယ်။ အမှန်ကိုမမြင်နိုင်ဘဲ ဘေးတီးတွေကို သာယာပြီး ကိုယ့်ကိုယ်ကိုယ်သူရဲကောင်းထင်နေလို့ကတော့ သက်ဆိုင်ရာ တရားစီရင်ရေးအပိုင်းကလည်း သက်ညှာမယ်လို့ မထင်ပါဘူး။

အပြစ်ရှိလို့အပြစ်ရှိကြောင်းဝန်ခံတာဟာ ရှက်စရာမဟုတ်ပါ။ လူတိုင်းမှားတတ်ပါတယ်။ ရည်ရွယ်ပြီးမှားတဲ့အမှားနဲ့ မရည်ရွယ်ဘဲ မှားတဲ့အမှားသာ ကွာပါတယ်။

From: ရဲကျော်သူရ

www.mmdailystar.com

ELEVEN MEDIA မှ နိုင်ငံတော်သမ္မတကြီး၊ စာနယ်ဇင်းကောင်စီ၊ ပြည်တွင်းရှိ မီဒီယာသမားများနှင့် The Voice ဂျာနယ်တို့အား ပစ်မှတ်ထားကာ အပုပ်ချတိုက်ခိုက်

မေီဒီယာလောကတွင် မီဒီယာသမားချင်းလည်းမတဲ့ ၊ ဌာနဆိုင်ရာနဲ့လဲအဆင်မပြေ ၊ သွားဆက်ဆံမိသူ မည်သူနှင့်မဆို အဆင်မပြေမှုများလွန်းသဖြင့် ဆူးလှည်းကြီးဟုသတင်းကြီးသော ELEVEN MEDIA မှ စာနယ်ဇင်းကောင်စီ၊ ပြည်တွင်းရှိ မီဒီယာသမားများနှင့်The Voice ဂျာနယ်တို့အား ပစ်မှတ်ထားကာ အပုပ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Eleven Media Group ၏ website တွင် ဆောင်းပါးရှင် နထွန်းနိုင် ရေးသားသော လွဲတာကတော့လွဲနေပြီ ဆောင်းပါးတွင် နိုင်ငံတော်သမ္မတကြီး အပါအ၀င် ပြည်တွင်းပြည်ပရှိ
ငြိမ်းချမ်းရေး  ဆောင်ရွက်နေသောသူများ၊ မီဒီယာသမားများနှင့် The Voice ဂျာနယ်မှတာဝန်ရှိသူများနှင့် ၀န်ထမ်းများအား ပြင်းထန်စွာ အပုပ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါးတွင် နိုင်ငံတော်သမ္မတကြီးအား ငြိမ်းချမ်းရေးကို မလိုလားသောသူ သတင်းမီဒီယာသမားများအား ဖိနှိပ်နေသူ အစရှိသဖြင့် ပုံဖော်ကာ အပုပ်ချတိုက်ခိုက်ခဲ့ပြီး The Voice ဂျာနယ်နှင့် စာနယ်ဇင်းကောင်စီတို့မှ ပြည်တွင်းရှိ အချို့သောမီဒီယာသမားများမှာ ကျင့်ဝတ်နှင့်မညီသော သတင်းသမားများ ရှိနေသည်ဟု ပြောဆိုခဲ့မှုအပေါ်လည်း ၄င်းတို့အား တိုက်ရိုက်ပြောသကဲ့သို့ အထိနာကာ စာနယ်ဇင်းကောင်စီနှင့် The Voice မှ ဦးကျော်မင်းဆွေတို့အား သုံးစားမရသော သူများအဖြစ် အများပြည်သူများ အမြင်တွင် ရုပ်လုံးဖော်ကာ ဝေဖန်ရေးသားခဲ့သည်ကို တွေ့၇မည်ဖြစ်သည်။

ကောင်းပြီ ထိုကဲ့သို့ ဝေဖန်နေသော Eleven Media သည် မည်သို့သော မီဒီယာမျိုးနည်း။စာနယ်ဇင်းကျင့်ဝတ်နဲ့ညီမျှပြီး အင်မတန်မှ သမာသမတ်ရှိသော ဘက်မလိုက်သော မီ
ဒီယာလား။ အဖြေမှာ No ဖြစ်သည်။ သာဓက တစ်ခုအနေဖြင့် ပြောပြရမည်ဆိုလျှင်Eleven Media Group မှ CEO ဖြစ်သူ သန်းထွဋ်အောင်သည် အစိုးရမှ ကားတင်သွင်းခွင့် မူဝါဒများအား ဖြေလျှော့လိုက်ပြီးနောက် ရန်ကုန်မြို့တွင် Car show room များအကြီးအကျယ်ဖွင့်သည်။ သို့၇ာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကားတင်သွင်းခွင့် အပေါ် ကြီးကြပ်မှုများရှိလာပြီး လုပ်ငန်းအရှုံးပေါ်လာသောအခါ ၄င်းပိုင်ဆိုင်သော Eleven Media မှနေ၍ သက်ဆိုင်ရာ ၀န်ကြီးဌာနအား ကောင်းစွာ အပုပ်ချတိုက်ခိုက်တော့သည်။

ဤကား သာဓကတစ်ခုအနေဖြင့် ဖြစ်သည်။ အလားတူကိစ္စရပ်တွေလည်း များစွာရှိသေးသည်။ 
ထိုသို့သော သတင်းဌာနက သူခိုးက လူပြန်ဟစ်နေသည်မှာ ရှက်စရာပင်ကောင်းသေးတော့သည်။

ဒါတင်လားဆိုတော့ မပြီးသေး။  ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပါတ်သက်သော ကိစ္စရပ်များတွင်လည်း ခလောက်ဆန်ကာ မတည်မငြိမ်ဖြစ်အောင် ဂျပိုးကို လိပ်ဖြစ်အောင် ရေးသားခဲ့သည်များလည်းရှိသေးသည်။ ထိုသို့သော Media တစ်ခုအနေဖြင့် နိုင်ငံတော်သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့လူကြီးများ၊ ပြည်တွင်းရှိ ဂုဏ်သရေရှိ သတင်းနှင့် စာနယ်ဇင်းသမားများအပေါ် အပုပ်ချဝေဖန်ခဲ့မှုအား တာဝန်ရှိသူများအနေဖြင့် လွှတ်မထားသင့်တော့ပဲ ထိထိရောက်ရောက် ကြပ်မတ်ဖို့လိုအပ်လာပြီဖြစ်ကာ မည်သည့် အထောက်အထား တစ်စုံတရာမရှိပဲ နိုင်ငံတော်အကြီးအကဲများအား အကြည်ညို ပျက်စေလိုသော ရည်ရွယ်ချက်ဖြင့် တမင် စွပ်စွဲဖေါ်ပြခဲ့သော ELEVEN MEDIA အား အသရေဖျက်မှုဖြင့် တာဝန်ရှိသူများက အလျင်အမြန် အရေးယူဆောင်ရွက်သင့်ပါကြောင်း ။ အသိပေးတင်ပြလိုက်ရပါသည်။
 

အထက်ပါသတင်းကတော့ 2013 ခုနှစ် January လတုန်းက ELEVEN မီဒီယာရဲ့ ကချင်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပါ ၊ KIA က တံတားချိုး ၊ လူနေရပ်ကွက်ထဲမိုင်းခွဲ ၊ ရထားလမ်းမိုင်းထောင် သတင်းတွေရေးရင်တော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်တို့ ၊ ဒီသတင်းနဲ့ပတ်သက်ပြီး KIA ကိုအတည်ပြုမေးမြန်းသော်လည်း ယခုထိဆက်သွယ်လို့မရသေးတို့ ၊ မြန်မာအစိုးရကစွပ်စွဲထားပါတယ်တို့ ဆိုတဲ့အသုံးအနှုံးတွေရေးသားခဲ့ပြီး မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းတဲ့အခါကျတော့

" ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ " ဆိုပါလား ....

တပ်မတော်ရဲ့ ဘယ်စခန်းက ၊ လိုင်ဇာရဲ့ ဘယ်နေရာကို ၊ ဘာလက်နက်အမျိုးအစားနဲ့ ၊ ဘယ်အချိန် ၊ ဘယ်နှစ်ချက်ပစ် ၊ ဘယ်နှစ်လုံးကွဲ .....စသည်ဖြင့် ပြည်သူများ အထင်မှား အမြင်မှားဖြစ်စေအောင် လုပ်ကြံရေးသားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

သို့သော် KIA မှ လူစီးရထားကိုမိုင်းခွဲတဲ့သတင်းကျတော့ ဟိုလိုလို ဒီလိုလိုနဲ့ ဘယ်သူခွဲတယ်ဆိုတာမပါဘဲ ရေးသားထားပြီး ဆန့်ကျင်ဖက် လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှလိုက်ကာ ၀ါဒဖြန့်ရေးသားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။


ထိုအပြင် ELEVEN MEDIA ၏ အင်တာနက်စာမျက်နှာများအား RED ARMY TEAM ဟု အမည်ပေးထားသော အင်တာနက် ဟက်ကာများက တိုက်ခိုက်သွားသဖြင့် ၄င်းတို့၏ အင်တာနက်စာမျက်နှာများ ၀င်ရောက်ဖတ်ရှု၍ မရတော့သည့်အခါ မည်သူမည်ဝါက တိုက်ခိုက်သည်ကို မသိရှိရသော်လည်း နိုင်ငံ့ဝန်ထမ်းများအား အသရေပျက်စေလိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများက တိုက်ခိုက်ထားသယောင် အများ ပြည်သူမှအထင်မှားစေရန် တမင်ရည်ရွယ်၍ အောက်ပါအတိုင်း စွပ်စွဲရေးသားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်.။
 နောက်တစ်ခုကအစိုးရရဲ့ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီးထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်က ပဲရပ်တည်နေတဲ့စေတနာနဲ့ ပြည်သူအများ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားခဲ့မှုပါ။






ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂ မြန်မာ့ဂုဏ်ရည်လမ်း သာကေတ မှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ် တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ် ၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊ မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။ ၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။

ဒီလိုပြောနေတာဟာ ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ သိပါတယ် ။

အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့ ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။ ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊ မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။



ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....



ဒီစာသားကိုကြည့်လိုက်တာနဲ့ သန်းထွဋ်အောင်ဟာ မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊ ဒီနောက် သူတိုတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို အဆက်မပြတ်လိုက်ပါတယ် ၊ တာဝန်ရှိသူတွေ က Customs ဥပဒေအရဆိုပါရင် သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို ကားသိမ်းမခံရပဲ ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထပ်ထည့်လိုက်ပြန်ပါတယ် ။

Eleven က CEO သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက် အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။

ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ္တ့သော ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့် ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊ ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ၃ခါနာဖြစ်သွားတဲ့ သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များဖြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။

ဒီခေတ်မှာမီဒီယာအများစုဟာ ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့ မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံး မပုတ်ချင်ရင် ငခုံးမ သန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ် ပစ်ရမည်ဟု တိုက်တွန်းရင်း မီဒီယာ လောက ကောင်းစေချင်သော စေတနာဖြင့် ရေးသားလိုက်ရပါသည်။
 
From:MEG

www.mmdailystar.com

ဒီချုပ် ၄၃၆ ပြင်ဆင်ရေး ထောက်ခံမဲလက်မှတ် (၁၇)သိန်းကျော်သာ ရရှိသေး





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့် ၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။

ကောက်ယူခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ တိုင်း၊ စစ်ကိုင်းတိုင်း၊မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့် ချင်းပြည်နယ်မှ ဖြစ်ပြီး မြို့နယ်ပေါင်း ၃၃၀ တွင် ၁၀၂မြို့နယ်မှ ဆန္ဒမဲရလာဒ်များဖြစ်သည်ဟု သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ကျောင်သားများ ပူးပေါင်းဆောင်ရွက်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဆန္ဒထုတ်ဖော်မှုကို မေလ(၂၇)ရက်နေ့မှ ဇူလိုင်လ(၁၉)ရက်နေ့အထိ ကောက်ခံ ခဲ့ခြင်းဖြစ်ပြီး  နောက်ဆုံးထောက်ခံဆန္ဒမဲလက်မှတ်အရေအတွက်ကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်း၌ စာရင်းထုတ်ပြန်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
 

ဇွန်လ ၃၀ ရက်နေ့က ရက်ပေါင်း ၃၄ ရက်အတွင်း ကောက်ခံရရှိမှုမဲအရေအတွက်မှာ သိန်း ၃၀ ကျော်ရှိကြောင်း NLD မှ ကြေညာချက်ထုတ်ခဲ့ဖူးရာာယခုအခါ ၁ သန်းကျော်ဟု ပြောဆိုသည့်အတွက် ၄၃၆ လက်မှတ်များကို ရေတွက်မှုအပေါ် ပြည်သူများက သံသယဖြစ်နေကြောင်း သတင်းရရှိသည်။ 

From:မြစ်မခ

www.mmdailystar.com

စစ်ချေး


=====

တပ်မတော်သားတွေ ပါတီနိုင်ငံရေး ကင်းစင်ရမယ်လို့ သတ်မှတ်ထားတယ်။ ဟုတ်တယ်လေ။ ဒါပေမယ့် နိုင်ငံရေး ဝင်လုပ် နေရတယ်လေ။ ဘာဖြစ်လဲ၊ မလုပ်မဖြစ်လို့ လုပ်ရတာ၊ သေနတ်နဲ့ကို ကာထားရတာ ရှင်းလား။ ဒီနေရာမှာ လုပ်သင့် လုပ်ထိုက်သူကို ရွေးချယ် ထုတ်နှုတ် နိုင်ငံရေး ဝင်လုပ်ကြတယ်။ အောက်မှာက တပ်မတော်သားတွေ ဟိုပါတီကွ ဒီပါတီကွ လုပ်နေကြရင် တပ်မတော် အစိပ်စိပ် အမွှာမွှာ ပြိုကွဲမှာစိုးလို့ လက်အောက်ကို ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ သတ်မှတ် ထားရတာပဲ။ သဘောက် ပေါလား၊ သဘောက် မပေါရင် နှစ်ခေါက် မပြောဘူး၊ ကွကိုယ် ပြန်ဖတ် ရှင်းလား။

အေး...ဒါကို မကောင်းဘူးလို့ ဘယ်လောက်ပြောပြော၊ မွဲပြာပုဆိုး ဝတ်လာခဲ့၊ ချေးချောက်ကို ပါးစပ်မှာ ငုံလာခဲ့၊ ကြိုက်တဲ့ စာအုပ် ကုန်းဖတ်၊ ကြိုက်တဲ့ မှတ်တမ်း ကောက် ဖတ်ပြီး လာပြောလှဲ့ကွ။

မကောင်းတဲ့ အကန့်တွေကို ကောင်းပါတယ်လို့၊ ကျုပ်...ခင်မောင်ထွေး ခြေစုံကန် မငြင်းဟေ့။ လေကုန်တယ်၊ အာညောင်း လက်ညောင်းတယ်။

ကောင်းတာ တွေကိုတော့ ဖင်ပိတ်ငြင်းပြီး ကုန်းအော်နေမယ် ဆိုရင်တော့...အဲ့ဒီ ပါးစပ်တွေကို စို့ထားပေးမယ်၊ မျှစ်လိုသလား....ဘာလိုသလား။

ပြည်ထောင်စု ပြိုကွဲ မသွားဘူး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ၈၀ ရာနှုန်းမျှ ပြန်လုပ်နိုင်ခဲ့ပြီ၊ အချုပ်အခြာအာဏာ ကို ခိုင်မာစွာ ထိန်းသိမ်း ထားတယ်ကွ။ မြန်မာဟာ သြဇာမခံ သူ့ကျွန်မခံ နောက်မြှီးစွဲ မဟုတ်။ ဒါတွေက တပ်မတော် ကျေးဇူးတွေမဟုတ်လို့ ဘာလဲ။ တပ်မတော် လုပ်ခဲ့တဲ့ အမျိုးသား နိုင်ငံရေး ရလာဒ်တွေပဲ။

စစ်ခွေးတွေ...စစ်ခွေးတွေတဲ့....အဟွတ်...ဟွတ်။ မနာကြနဲ့ အဆွေတို့။ တပ်မတော်သည် အမျိုးသား နိုင်ငံရေးကို ဘယ်တော့မှ သစ္စာမဖောက်။ သစ္စာရှိသော ခွေးဖြစ်ရတာ ကျေနပ်တတ်စေရော့။

တစ်ပေါက်တော့ ရှိတယ်။ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲဆိုကပဲ။ စစ်ခွေးဆိုသော ဝေါဟာရ ဆင်းသက် လာတာသည် ဘယ်ကလဲ။

တပ်မတော်အပေါ် သစ္စာမဲ့၊ အကျင့်ပျက်၊ ကျေးဇူးကန်းလို့ ကန်ထုတ်ခံရတဲ့၊ တပ်မတော်က ချေးပါသလို စွန့်ပစ် ခံရတဲ့ စစ်ချေး(စစ်ချီး) ကောင်တွေက စစ်ခွေးဆိုပြီး လက်ညှိုးထိုး အူနေတာ။ အဲ့သလို ကောင်တွေမှာ မရနိုင်တော့တဲ့ ဘဝကို တမ်းတနေသလိုမျိုး....အချောက်မတွေလို ဆိုက်ကို စိတ်ရောဂါ ရှိတယ်။ အဟေဟေးဟေ။ ဒီကောင်တွေ မခံချင်စိတ်နဲ့ နင့်ပဲငဆ ပွင့်ထွက်နေတာ။ ကိုယ်သောက်သုံး မကျခဲ့တာတော့ ပုဆိုးခြုံထားတယ်၊ အဟွတ်။

ဒီလို ကောင်တွေ အတွက် ကျုပ် ခင်မောင်ထွေးက ဒီကနေ့ fb မှာ အမည်ပေး ကင်ပွန်း တပ်လိုက်တယ်။

စစ်ချေး....တဲ့။ အဟေဟေးဟေ။


ကျုပ် အောက်ကနေ တခုလောက်ထပ်ဖြည့်ဦးမယ်ဗျာ......
စစ်ချီးတော့ မသိဘူး.... ကိုယ်တပ်တွင်းမှာ သာယာခဲ့စဉ်က
တပ်မတော် တပ်မတော်လုပ်ခဲ့ပြီး သောက်ပုံမလာလို့
အရေးယူထုတ်ပယ်ခံရတော့မှ တပ်မတော်ကြီးက ဘယ်လိုပါ
ဘယ်လူကြီးက ဘယ်လိုပါဆိုတဲ့.....သူတွေကိုတော့... Nay Min စစ်ချီးစားတွေလို့
အမည် ကင်ပွန်း ထပ်ပေးလိုက်မယ်ဗျာ။.......

From: Khin Mg Htwe

www.mmdailystar.com

NLD တွေ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အကုန်ပြင်ပေးကြပါ

NLD တွေ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အကုန်ပြင်ပေးကြပါ။

စစ်သားတွေ လွှတ်တော်ထဲက အကုန်ထွက်ပေးကြပါ။

မျိုးချစ်ပါတီတွေ တစ်ပါတီမှ မပြိုင်ကြပါနဲ့။ အထူးသဖြင့် ယခုလက်ရှိ အင်အားကောင်းလာတဲ့ လယ်သမားပါတီ နှင့် ဥက္ကဌ ကျော်စွာစိုး မပြိုင်ပါနဲ့။

၄၃၆ ပြင်ပေးပါ။ ၅၉ (စ) ပြင်ပေးပါ။ ၂၀၀၈ ဥပဒေ ပြင်ပေးပါ။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကို NLD က လူ ထားပေးပါ။

၈၈ တို့လို အဖွဲ့တွေက NLD ကို ကူညီပံ့ပိုးပေးကြပါ။ (ရွေးကောက်ပွဲဝင်ရင် ၈၈ လဲ ရန်သူပဲ)

သံဃာတွေလည်း NLD ကို ထောက်ခံပေးကြပါ။ (NLD ကို ထောက်ခံရင် ဘုန်းကြီးတွေကို သံဃာစစ်လို့ ထောက်ခံမယ်။ မထောက်ခံရင် သံဃာတုလို့ သတ်မှတ်မယ်)

NLD ရဲ့ စပွန်ဆာ မွတ်စ်တွေကို ထိခိုက်နိုင်တဲ့ မျိုးစောင့်ဥပဒေကို ဖျက်သိမ်းပါ။ မဘသ ဖျက်သိမ်းပါ။

ဗိုလ်ချုပ်အောက်ဆန်းကို ကြည်ညိုလျှင် NLD ကို ထောက်ခံပါ။ (ဆိုင်ဆိုင် မဆိုင်ဆိုင် :P)

ပြည်သူများက NLD အား ထောက်ခံပေးကြပါ။ (မထောက်ခံလျှင် ကြံ့ဖွတ်၊ စစ်ခွေးဟု သတ်မှတ်မည်)

NLD ပါတီဝင်ပါ သို့မဟုတ် ထောက်ခံအားပေးပါ။ သို့ဆိုလျှင် သင်ယခင်က မည်သို့သောသူဖြသ်ပါစ ပင်နီဝတ်လျှင် နိုင်ငံ့သူရဲကောင်းဟု သတ်မှတ်ပေးမည်။

-

-

-

NLD က ဘာလို့ ဒီလို ဇွတ်လုပ်နေရလဲ ဟုတ်လား။ ဒီလိုလုပ်မှ ၂၀၁၅ မှာ မဲနိုင်မှာ မို့လို့ အခုလို ဇွတ်လုပ်နေရတာပါ ခင်ဗျား။

From: Myo Min Thant

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...