Tuesday, 29 July 2014

"'"ရန်ကင်း က လေးဆေးရုံမှာ ""… တဲ့


ဘေးက အမကြီးက ပြောနေတာ။
သူ့ တူလေး နေမ ကောင်းတာ
တော်တော်ဆိုးဆိုးရွားရွား
သူငယ် နာလဲ ရှိတယ် တဲ့။
နောက်ဆုံး
ဆေးရုံမှာ သေလဲ သေပါ စေ တော့ဆိုပြီး
က လေးဆေးရုံကို ပို့ လိုက် ကြတယ် တဲ့။
အဲဒိ ညဘက် မှာ
ဆရာဝန် တွေက ချက်ချင်းဘဲ
လိုအပ်တာတွေ အကုန် လုပ်ပေး
နှာ ခေါင်း ရော - လက် ရော - ခြေ ထောက်တွေမှာပါ
အပ်တွေ ဗရပွ ။။
မမြင် ဘူးတဲ့
အ ကောင်းစား စက်ပစ္စည်းတွေ အစုံနဲ့
အသက် ကယ် ပေးလိုက် တာ
နောက် နေ့ ည နေ
သေမှာ ကို မစိုးရိမ် ရ တော့ဘဲ
အ ကောင်းဖက် ကို ပြန်ပါလာလို့ 
တအိမ်သားလုံး
ဝမ်းသာလို့ ငို လိုက်ကြတာ
ဘေး အိမ်တွေက
ခ လေးသေ ပြီ အောက်မေ့လို့ 
စိတ်မ ကောင်း ဖြစ်ပြီး ရောက်လာကြတယ်တဲ့လေ။
ပိုက်ဆံလဲ တစ်ပြားတစ်ချပ်မှ မကုန်ဘူးဆိုပြီး
ဆရာဝန် တွေကို ကျေးဇူးကြီး ကြောင်း
ဝမ်းသာအဲလဲ ပြောနေ တာ ကိုကြားပြီး
ကျ နော်ပါ ရော ယောင် ကြက်သည်းထမိပါတယ်။
ခ လေးရဲ့ ကံကြမ္မာ ဆိုပေမဲ့
ဒီလို မျိုး ဆရာ ဝန် တွေ
ကျ နော်တို့ တိုင်းပြည်မှာ
အများ အပြား ရှိနေပါလား ဆိုတဲ့အသိက
ကျ နော့် တို့ လိုငွေမချမ်းသာလို့ 
တိုင်းတပါးမှာ ဆေးမကုနိုင် တဲ့သူ တွေအတွက်
အင် အား တွေ ယုံကြည်မှုတွေ
ဖြစ် ပေါ်လာရ စေတာ အမှန် ပါ ။
တိုင်းကျိုး ပြည်သူ့ အကျိုး နဲ့ ငမွဲတွေရဲ့ အကျိုး ကို
စိတ် ရင်း စေတနာ ဖြူစင် သန့် ရှင်းစွာနဲ့
ကုသမှု ပေးနေ တဲ့
ဆရာ ဝန် ကောင်းများစွာကို
အစဉ် လေးစား လျက် ပါ ခင် ဗျာ ။ ။
စိတ်၏ချမ်းသာခြင်း - ကိုယ်၏ကျန်းမာခြင်းများနဲ့
ပြည့်စုံ ပြည့်ဝ ပြီး
ကယ်တင် လို့ ရနိုင် တဲ့ လူနာတိုင်းရဲ့အသက်ကို
ကယ်တင်နိုင် စွမ်းရှိတဲ့သူများဖြစ်ကြပါစေ လို့ 
ဆုမွန်ကောင်းများတောင်းပေးပါတယ် ခင် ဗျာ ။ ။ ။
ပြည်စိုးအောင်
28th July2014


Pyae Soe Aung
From:

www.mmdailystar.com

ယူကရိန်းဘက်သို့ ရုရှားလက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများဖြင့် အမေရိကန် သက်သေပြ ပြီ

ယူကရိန်းဘက်သို့ ရုရှား၏ လက်နက်ကြီးများ ပစ်ခတ်နေသည့် ဂြိုဟ်တု ဓာတ်ပုံများကို အမေရိကန်က ထုတ်ဖော် ပြသလိုက်ပြီး ၎င်းတို့၏ စွပ်စွဲမှု ခိုင်မာကြောင်း သက်သေပြခဲ့သည်။ အမေရိကန်က ရုရှားသည် ယူကရိန်း သူပုန်တပ်ဖွဲ့များကို ထောက်ပံပေးနေပြီး ယူကရိန်း စစ်တပ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စွပ်စွဲခဲ့ရာ ရုရှားက ငြင်းဆိုထားသည်။ သို့သော်လည်း ဇူလိုင်(၂၇) ရက် တွင်မူ အမေရိကန်က နယ်ခြားကို ဖြတ်ကျော်ကာ ရုရှားတို့က ယူကရိန်းတပ်များကို ပစ်ခတ်နေသည့် ဂြိုဟ်တုဓာတ်ပုံ (၄)ပုံကို ပြသခဲ့သည်။

ဓာတ်ပုံ(၂)ပုံတွင် ရုရှားပိုင်နက်ဘက်၌ နေရာယူထားသည့် လက်နက်ကြီး ယူနစ်နှစ်ခုက ယူကရိန်း စစ်ကြောင်း များ၏ တပ်ဦးပိုင်းသို့ ဒုံးကျည်အတော်များများဖြင့် ပစ်ခတ်နေသည်ကို တွေ့ရှိရကြောင်း အမေရိကန် က ဆိုသည်။ ဓာတ်ပုံ တစ်ပုံမှာ ဟောင်ဝစ်ဇာ စက်အမြောက်များကို ရိုက်ကူးထားခြင်း ဖြစ် သည်။ ထို့အပြင် ဓာတ်ပုံတစ်ပုံ၌ ရုရှားတို့ ထောက်ပံ့ထားသည့် လက်နက်ကြီး ယူနစ်တစ်ခုဖြင့် ယူကရိန်း သူပုန်များက ယူကရိန်း ပိုင်နက်ဘက်မှ ပစ်ခတ်နေသည်ကို တွေ့နိုင်ကြောင်း အမေရိကန်က စွပ်စွဲ ထားသည်။

ရုရှားအစိုးရကမူ မိမိတို့သည် ယူကရိန်းအရေးတွင် ကြားဝင်မှု လုံးဝမရှိကြောင်း တွင်တွင် ငြင်းဆိုနေ ဆဲ ဖြစ် သည်။ ယူကရိန်း ခွဲထွက်ရေး သူပုန်တပ်ဖွဲ့များက မိမိတို့တွင် ဒုံးကျည်လက်နက်ကြီးများ ရှိနေကြော င်း ပြီးခဲ့သည့် သီတင်းပတ်က ဝန်ခံခဲ့သော်လည်း မည်သည့်နိုင်ငံက ထောက်ပံ့သည်ကိုမူ ထည့်သွင်းပြော ဆို သွားခြင်း မရှိချေ။

_Ref: Channelnewsasia
From: 7Day Daily

www.mmdailystar.com

ညစ်ညမ်းအကတွေနဲ့ ဖျော်ဖြေတဲ့ နိုက်ကလပ်ကို တက်ရောက်ခဲ့လို့ ဗြိတိန်တော်ဝင် မင်းသားဟယ်ရီ ဝေဖန်ခံရ

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်မင်းသားဟယ်ရီဟာ လန်ဒန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ညစ်ညမ်းနိုက်ကလပ်တစ်ခုကို တက်ရောက်ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒိုင်ယာနာရဲ့ သားငယ်ဖြစ်သူ မင်းသားဟယ်ရီဟာ အပျော်အပါး တွေကို ခုံမင်သူဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသားဟယ်ရီဟာလူမှုရေးလုပ်ငန်းတွေကိုလည်းအားတက်သရောလုပ်ဆောင်လေ့ရှိပါတယ်။

မင်းသားဟယ်ရီဟာလန်ဒန်မှာဖွင့်လှစ်ထားတဲ့ နိုက်ကလပ် ကို တစ်ပတ် သုံးကြိမ်ခန့် သွားရောက်လေ့ရှိတယ်လို့ သိရပါတယ်။ဒီနိုက်ကလပ်ဟာ ညစ်ညမ်းတဲ့ မက္ကဆီကို အကတွေနဲ့ဖျော်ဖြေလေ့ရှိပါတယ်။ မင်းသား ဟယ်ရီဟာ အထူးဧည့်သည်တော် တစ်ဦးအနေနဲ့ တက်ရောက်လေ့ရှိပါတယ်။ ဒီလထဲမှာ မင်းသားဟယ်ရီဟာ တနင်္လာ၊ ကြာသပတေးနဲ့ စနေကို ရောက် တဲ့အခါတိုင်း နိုက်ကလပ်ကို သွားရောက်လေ့ရှိပါတယ်။ နိုက်ကလပ်အတွင်းမှာ မင်းသားဟယ်ရီကို ဓာတ်ပုံရိုက်ကူးမှု မပြုလုပ်နိုင်အောင် လုံခြုံရေး အစောင့်အရှောက်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒီကလပ်ကို ပိုင်ဆိုင်ထားတဲ့ မာ့ခ်ဘာတွန်ဟာ မင်းသားဟယ်ရီကို ဖိတ်ကြားပြီး အထူးအခန်းထဲမှာ ဧည့်ခံလေ့ရှိပါတယ်။ ဒီကလပ်ရဲ့ဝင်ကြေး များပြားတဲ့အပြင် Tequilaတစ်လုံးကို သောက်သုံးမှုပြု လုပ်ပါက ပေါင်(၅၀၀၀) အထိ ကုန်ကျလေ့ရှိပါတယ်။ ဒါ့အပြင် ရှန်ပိန်တစ်လုံးကိုမှာယူပါက ပေါင် (၂၈၀၀၀) အထိ ပေးရလေ့ရှိပါတယ်။ ဒီကလပ်ကို နာမည်ကြီး မင်းသားတွေ ဖြစ်ကြတဲ့ လီယိုနာဒို၊ ဂျက်စတင်း တင်းဘားလိတ် တို့လည်း လာရောက်လေ့ရှိပါတယ်။ ဒီကလပ်ရဲ့ ထူးခြားမှုက လာရောက်တဲ့ ဧည့်သည်တွေကို ထူးခြားတဲ့အကတွေနဲ့ ဖျော်ဖြေပေးခြင်း ဖြစ်ပါတယ်။
From: The Messenger News

www.mmdailystar.com

လက်ထပ်ဖို့ငြင်းပယ်သူကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်း

သမီးရည်းစား မိန်းကလေးအား လက်ထပ်ရန်ပြောဆိုရာခဲ့ရာ ငြင်းဆန်ခြင်းခံခဲ့ရတဲ့အတွက် မိန်းကလေးကိုသတ်ပြီး မိမိကိုယ်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် ဆိုတဲ့  ဖြစ်ရပ်တခု ပြီးခဲ့တဲ့ စနေနေ့ မနက်က ပဲခူးတိုင်း   ရွှေတောင်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရသူက မခင်မျိုးထိုက် ဆိုသူ ဖြစ်တယ်၊
ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်ဆိုတဲ့သူက ကိုကြည်လွင်(ခ) ကိုမဲလုံး ဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားပုံကို  မခင်မျိုးထိုက်ရဲ့ အစ်မ မခင်ဆွေမြင့်က အခုလို ပြောပြပါတယ်။

 စနေနေ့မနက်က  ဆည်ကြီးရပ်ကွက်၊ ဖိုးခေါင်ကွက်သစ်၊ အမရာမကျောင်းတိုက်အနီး နေအိမ်ရှေ့ကွပ်ပျစ်မှာ ညီအစ်မနှစ်ယောက်  ထိုင်စကားပြောနေကြပါတယ်။

အဲဒီအချိန်မှာ  မခင်မျိုးထိုက်ရဲ့ ချစ်သူ ကိုကြည်လွင်(ခ) ကိုမဲလုံး ရောက်လာတယ်လို့ ဆိုပါတယ်။

ကျွန်မတို့ဈေးကပြန်လာပြီး မျက်နှာချင်းဆိုင်အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ ဆွဲခြင်းလေးချပြီး စကားပြောနေတုန်း အဲဒီလူဝင်လာပြီး၊
ကျွန်မ ညီမကို န င်ဘာအချိုးချိုးနေတာလဲ၊
ငါ့ကို မယူရင် ဘယ်သူ့ကို ယူမှာလဲ မေးတော့ ညီမက ဘယ်သူ့ကိုမှလည်း မယူဘူး၊ နင့်ကိုလည်းမယူဘူး လို့ ပြန်ပြောတော့ သူ့ခါးကြားမှာပါလာတဲ့ ဓါးမြှောင်နဲ့ လိုက်ထိုးတော့တာပဲ။
ဝင်ဆွဲတဲ့သူတွေကိုလည်း ထိုးတယ်။
ကျမညီမကို အိမ်ပေါ်တက်ပြေးတော့ ဘုရားစင်နားမှာမိသွားတော့ ဓါးနဲ့ထိုးတော့တာပဲ ပြီးတော့
သူ့ကိုယ်သူ ထိုးပြတယ်။
ကျွန်မကိုလည်း လိုက်ထိုးတယ်။
 ပြီးတော့ အိမ်ရှေ့ ထွက်ပြေးတော့တာပဲ။
ညီမကတော့ သူ့ နောက် ထွက်လိုက်ရင်း လမ်းထဲမှာ လဲကျပြီး ချက်ချင်း အသက်ပါ ပါသွားတာပဲ


ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်ဆိုတဲ့ ကိုကြည်လွင်ကတော့ ဓါးတန်းလန်းနဲ့ထွက်ပြေးရင်း ရေအိုင်ထဲပြုတ်ကျသေဆုံးခဲ့ကြောင်း သူက ဆက်ပြောပါတယ်။
 သူက အညာဒေသတဝိုက် စက်ရေတွင်းတူးတဲ့ လုပ်ငန်း လုပ်ကိုင်သူဖြစ်ကာ မကွေးမြိှု့မှာေါ။နထိုင်သူ ဖြစ်ကြောင်း သိရပါတယ်။

ဒေသခံတွေကတော့  အဲဒီအမျိုးသားဟာ အခုလို မဖြစ်ပွားခင် အဲဒီအိမ်မှာ (၂) ကြိမ်ခန့် လာရောက် တည်းခိုခဲ့ဖူးကြောင်း၊
  လက်ထပ်ပေါင်းသင်းဖို့ မရမကကြိုးစားခဲ့ကြောင်း   ပြောပါတယ်။

အမှုကိစ္စတွေကိုတော့ ရွှေတောင်မြို့ မြို့မရဲစခန်းမှာ မခင်ဆွေမြင့်က တရားလိုပြုတိုင်တန်းခဲ့တာပါ။

စခန်းမှူး ဒုရဲမှူးအောင်နိုင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

ဒါပေမဲ့ ကိုကြည်လွင်ကိုယ်တိုင်မှာလည်း သေဆုံးသွားတဲ့အတွက် သေမှုသေခင်းဖြစ်စဉ်အနေနဲ့သာ စာရင်းသွင်းထားကြောင်း  ရဲစခန်းက ပြောပါတယ်။ 

ရွှေတောင်မြို့ မြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ...
“အမှုကတော့ တည်ဆောက်ရတော့ပေါ့ဗျာ၊ ဒါပေမယ့်တရားခံကလည်း သေဆုံးသွားပြီဆိုတော့ အမှုပိတ်ရတယ်။ တရားရုံးတွေဘာတွေတော့ မရောက်တော့ဘူး”

အသတ်ခံရသူ အမျိုးသမီးရဲ့ ဘယ်ဘက်ရင်အုံနဲ့ ဝမ်းဗိုက်တဝိုက်မှာတော့ ဒဏ်ရာ အများအပြား တွေ့ခဲ့ရတယ်လို့  မျက်မြင်သက်သေတွေကပြောကြပါတယ်။
From: ကောင်းမြတ်မင်း

www.mmdailystar.com

ဇူလိုင်(၂၆)ရက် လက်ပံတောင်းတောင် ပစ်ခတ်မှု အစိုးရသတင်းထုတ်ပြန်ချက်


စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းနယ်မြေအတွင်း ဇူလိုင်(၂၆)ရက် တွင် မိုးကြိုးပြင်အလယ်ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ ကျူးကျော်ဝင်ရောက်ပြီး လေးခွ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၂၆)ရက် မွန်းလွဲ(၂)နာရီခွဲခန့်တွင် လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်း အနောက်ဘက် မျက်နှာစာ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်း၏ ယာယီခြံစည်းရိုးအပြင်ဘက် ပေ(၂၀)ခန့် အကွာ စီမံကိန်းဧရိယာအတွင်းသို့ မိုးကြိုးပြင်အလယ်ရွာနေ ဒေါ်ဝ(၃၅)နှစ် အပါအဝင် အမျိုးသမီး (၁၅)ဦးခန့်က နွား အကောင်(၇၀)ခန့်အား လာကျောင်းခဲ့ကြောင်း၊ ထို့နောက် အဆိုပါကျေးရွာမှ အမျိုးသား(၃၅)ဦး၊ အမျိုးသမီး (၃၀)ခန့်က နွားအကောင် (၈၀)ခန့်ဖြင့် ထပ်မံရောက်ရှိလာပြီး ခြံစည်းရိုးကာရံထားသည့်အတွင်းသို့ ဝင်ရောက်နွား ကျောင်းလိုကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ပြောကြားခဲ့ရာ တပ်ဖွဲ့ဝင်များက စီမံကိန်းဧရိယာ ဖြစ်၍အန္တရာယ်ရှိသဖြင့် အပြင်တွင်သာကျောင်းရန် ရှင်းပြသည်ကို လက်မခံဘဲဆဲဆိုပြီး ခြံစည်းရိုးအား အတင်းတွန်းလှဲဖျက်ဆီးကာ နွားများကိုမောင်းသွင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မောင်းသွင်းသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားများ စီမံကိန်းဧရိယာအတွင်း မဝင်ရောက်နိုင် စေရန် တားဆီးပြီး ပြန်လည်မောင်းနှင်ခဲ့ရာ အဆိုပါ ရွာသူ၊ ရွာသားများက တပ်ဖွဲ့ဝင်များအား လေးခွများ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ နဖူးတွင် ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။

ညနေ (၄)နာရီခန့်တွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က အဆိုပါနေရာသို့ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းဆောင်ရွက်သော်လည်း ရွာသူ ရွာသား (၈၀)ခန့်က နွားများကို အကာအကွယ်ယူ၍ လေးခွ၊ ခဲများဖြင့် ဆက်လက်ပစ်ခတ်ပြီးနောက် ထွက်ခွာ သွားခဲ့ကြောင်း၊ ယင်းနောက် ရွာသူ ရွာသားများသည် စီမံကိန်းနယ်မြေအတွင်းရှိ လိပ်ခွံတောင်အနီးတွင် ပြန်လည် စုစည်းပြီး ယင်းတောင်ပေါ်ရှိ ရဲကင်း၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား လေးခွ၊ ခဲများဖြင့် မိနစ် (၂၀)ခန့် ပစ်ခတ်ခဲ့ပြီး ဘန်ကာအနီးသို့ ရောက်ရှိလာသဖြင့် ၁၂ ဗို့သေနတ်ဖြင့် နှစ်ချက် သတိပေးပစ်ခတ် ခဲ့မှသာ လူစုကွဲပြီး ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ရွာသူ ရွာသားများ၏ လေးခွနှင့် ခဲများဖြင့် ပစ်ပေါက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၅)ဦး ဒဏ်ရာများ ရရှိခဲ့သဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးနှင့် ဆားလင်းကြီး ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆားလင်းကြီးမြို့မ ရဲစခန်းကဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ 

From:ME

www.mmdailystar.com

Sexy လိုင်းကို ဇာဇာထက် ဘာကြောင့် ရွေးတာလဲ





ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာတွေကို ငြင်းပယ်လိုက်တာဟာ Sexy (လိင်အသားပေး) ဓာတ်ပုံတွေနဲ့ပဲ အနုပညာ ခရီးလမ်းမှာ Professional ပီပီသသ ဆက်လျှောက်သွားချင်လို့ပါလို့ ဇာဇာထက်က ပြောပါတယ်။ ရုပ်ရှင်လောကထဲကို မသွားဘူးလို့ သူက ပြတ်ပြတ်သားသား ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ လိုင်းပျောက်သွားမှာ စိုးလို့ပါ၊ အစ်မ ပရိသတ်က အစ်မကို ဘယ်လို အားပေးလို့ အားပေးရမှန်းမသိ ဖြစ်မှာစိုးတယ်” လို့ ဇာဇာထက်က ရှင်းပြပါတယ်။

Sexy ဓာတ်ပုံတွေ ရိုက်ကူးတာဟာ ဝါသနာအရ လုပ်တာဖြစ်တယ်။ စပွန်ဆာရှာဖို့၊ ပေါ်ပြူလာဖြစ်ဖို့ လုပ်တာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ Sexy ဓာတ်ပုံတွေ ရိုက်တိုင်း အကျင့်စာရိတ္ထ မကောင်းသူလို့ မမြင်စေချင်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မပေါ်တပေါ် မလုံတလုံ ပြပြီးတော့ ပရိသတ်ကို မထိတထိခံစားမှုမျိုး ပေးတာလို့ ဇာဇာထက်က Sexy ကို အဓိပ္ပာယ် ဖွင့်ပါတယ်။ ဒီလောကထဲမှာ အကြာကြီး ရပ်တည်လို့ မရတဲ့တွက် နောက်ထပ် ၂ နှစ်လောက်လုပ်ပြီးရင် အနာဂတ်အတွက် စီးပွားရေးဖြစ်ဖြစ်၊ ကျောင်းတက်တာဘဲ ဖြစ်ဖြစ် လုပ်သွားမလို့ သူကပြောပါတယ်။

 
From: the voice

www.mmdailystar.com

မိန်းကလေးများ လိင်အင်္ဂါ ဖြတ်တောက်ခံရခြင်း ဓလေ့ဆိုး ဘယ်တော့ အဆုံးသတ်မလဲ



ရည်မွန်အောင်

အမျိုးသမီးနှင့် မိန်းကလေးငယ် များအား လိင်အင်္ဂါ ဖြတ်တောက်နေသည့် ဓလေ့ (FMG) ကို မျိုးဆက်တစ်ခု အတွင်း အဆုံးသတ်ရန် ဖြစ်နိုင်ကြောင်း နိုင်ငံတကာ ခေါင်းဆောင်များနှင့် အမျိုးသမီးအရေး လှုပ်ရှား သူများက ပြောဆိုခဲ့သည်။ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အိမ်ရှင်အဖြစ် ကျင်းပသော မိန်းကလေး အမည်ရှိ ညီလာခံတွင် အထက်ပါ ကတိစကား ကို ပြုခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ညီလာခံတစ်ခု ကျင်းပပြီး ကတိပြုကြသည့် အတွက် FMG ဆိုသည်မှာ အတော့်ကို အရေးပါသောလုပ်ရပ်ကြီး တစ်ခုဟု သတ်မှတ်ရတော့ မည်ဖြစ်သည်။ ဒါဖြင့် FMG ဆိုတာနှင့် ပတ်သက်ပြီး ရှင်းလင်းရန် လိုအပ်လာမည်ဖြစ်သည်။

ဖြတ်တောက်ခြင်း

အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်ခြင်း ဆိုသည်မှာ အမျိုးသမီးလိင် အင်္ဂါ အစိတ်အပိုင်းအား ဆေးပညာဆိုင်ရာ ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိဘဲ ဖြတ်တောက်ခြင်းကို ဆိုလိုပါသည်။ တစ်ခါတစ်ရံတွင် ဖြတ်တောက် သူများသည် မိန်းကလေးငယ် တစ်ဦး၏ မလိင် စေ့ကို ဖြတ်တောက် ပြီးနောက် တွင် ၎င်းမိန်ကလေး လိင်ဆက်ဆံနိုင်ခြင်း မရှိစေရန် လိင်အင်္ဂါပေါက်အား ကြိုးဖြင့် ချုပ်ပစ်လေ့ရှိ တတ်ကြသည်။ FMG အား မိန်းကလေးငယ်များ ကလေး ငယ်အရွယ် သို့မဟုတ် အပျိုဖော် မ၀င်မီတွင် ပြုလုပ်ကြလေ့ ရှိကြပြီး ဆီးသွားနိုင်ရန်နှင့် လစဉ် သွေးဆင်းနိုင်ရန် တို့အတွက် အပေါက်ငယ်လေး တစ်ခု လောက်သာ ချန်ပေးကာ ချုပ်ပစ်တတ်ကြသည်။ အိမ်ထောင်ကျပြီး နောက်နှင့် ကလေး မွေးဖွားခါနီးတွင် ၎င်း အမျိုးသမီးအား ချုပ်ရိုး ပြန်ဖြေပေးလေ့ရှိနေ သော်လည်း နောက်ပိုင်းတွင် ၎င်း အမျိုးသမီး သစ္စာရှိရန်၊ ဖြူစင်မှုကို စောင့်ထိန်းရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ပြန်လည် ချုပ်ပေးတတ်ကြသည်။

FMG ပြုကျင့်သော ဓလေ့ရှိသည့် လူ့အဖွဲ့အစည်းများတွင် အမျိုးသမီး တစ်ဦးသည် အဆိုပါဓလေ့ကို လက်ခံခြင်း မရှိပါက ၎င်း ၏မိသားစုနှင့် ၎င်းအတွက် အင်မတန် အရှက် ရစရာဖြစ်နေ တတ်သည်။ တချို့လူ့ အဖွဲ့အစည်းများ တွင်လည်း မည်သည့် ကျမ်းဂန် အထောက်ထားမှ မရှိသော်လည်း ယင်းလုပ်ရပ်ကို ဘာသာရေးအရ လိုအပ်ချက် တစ်ခုလို ကျင့်သုံးနေကြသည်။

FMG အမျိုးအစားများ

-မလိင်စေ့ကို ဖြတ်တောက်ခြင်း ( Clitoridectomy)

-မလိင်စေ့နှင့် အတွင်း နူတ်ခမ်းသားများ ကိုဖြတ်တောက်ခြင်း ( Excision)

-လိင် အင်္ဂါတစ်ခုလုံးကို ဖြတ်တောက်ခြင်း၊ ဖယ်ရှားခြင်းနှင့် ကြိုးဖြင့် ပြန်လည် ချုပ်ပေးခြင်း ( Infibulation)

-အမျိုးသမီး လိင်အင်္ဂါ ပျက်စီးသွားစေရန် မီးဖြင့် ရှို့ခြင်း၊ ဓားဖြင့် ခြစ်ခြင်း အစရှိသည့် နည်းလမ်းမျိုးစုံ ကို ကျင့်သုံးကြသည်။

များသော အားဖြင့် ဖြတ်တောက်မှု ပြုရာတွင် အစဉ်အလာ လိင်အင်္ဂါဖြတ်တောက်သော အမျိုးသမီးများ၊ ဘာသာရေး ဆရာများက ပြုလုပ် တတ်ကြသည်။ ခွဲစိတ်ခန်း သုံးပစ္စည်းများဖြင့် ပြုလုပ်ကြသည် မဟုတ်။ လက်လှမ်းမီရာ ပစ္စည်းများဖြစ်ကြသော ဆူးချွန်များ၊ အပ်များ၊ ဖန်ပုလင်းကွဲများ၊ သင်တုန်းဓားများဖြင့် မေ့ဆေးမပါ၊ ထုံဆေးမပါဘဲ ခွဲစိတ်တတ်ကြသည်။

နာကျင်မှု ဆိုသည်မှာလည်း အမျိုးသမီးတစ်ဦး လောကဓံကို ခံနိုင်သည် မခံနိုင်ကို စမ်းသပ်ချက်တစ်ခု ဖြစ်နေတတ်သည်။ ရုန်းကန်ခြင်း၊ ကြောက်လန့် တကြားအော် ဟစ်ခြင်းတို့ မရှိပါက ၎င်း မိန်းကလေး သည် လောကကြီးကို ကောင်းကောင်း ရင်ဆိုင်နိုင်သူ အဖြစ် သတ်မှတ်ခံရသည်။ တစ်ခါတစ်ရံတွင် လိင်အင်္ဂါထဲသို့ ညစ်ပတ် ပေရေနေသော ပစ္စည်းများ ထည့်သွင်းကာ လိင်အင်္ဂါပျက်စီး သွားအောင်လည်းလုပ်ဆောင် တတ်ကြသည်။ ရည်ရွယ်ချက်မှာ ၎င်းမိန်းကလေး မကောင်းသော လိင်ဆန္ဒများ မရှိလာစေရန် ဖြစ်သည်။ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းများတွင် မိန်းကလေးများ လိင်ဆန္ဒ ရှိခြင်းကို မကောင်းသော လက္ခဏာ (uterus furus) အဖြစ် သတ်မှတ် ထားကြသည်။ သို့သော် ယနေ့ခေတ်တွင်တော့ အယူအစွဲကြီးသော လူ့အဖွဲ့ အစည်းများရှိ ဆေးရုံများ၊ ဆေးပေးခန်းများတွင် FMG ကို ပြုလုပ် ပေးနေပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုခဲ့သည်။

ဆေးပညာ ရှုထောင့်မှ တုံ့ပြန်ခြင်း

FMG သည် လုံခြုံစိတ်ချရမှု မရှိကြောင်းကို ဆေးပညာရှုထောင့်မှ တုံ့ပြန်ရန် လိုအပ်ပါသည်။ FMG ပြုလုပ်ပြီးနောက် အဓိက အကျဆုံး အန္တရာယ်မှာ သွေးထွက်လွန်ခြင်းနှင့် ပိုးဝင်ခြင်း ဖြစ်သည်။ ဆေးပေးခန်း တစ်ခုတွင် ပြုလုပ်ခြင်းဖြင့် ၎င်းအန္တရာယ် များကို လျှော့ချနိုင်မည်ဖြစ်သည်။ နောက်ထပ် အကြောင်းအရင်း တစ်ချက်မှာ ငွေကြေးဖြစ်သည်။ ဆင်းရဲသော နိုင်ငံများရှိ ဆရာဝန်များနှင့် ၀မ်းဆွဲ ဆရာမများသည် ငွေပိုငွေလျှံ လိုချင် သောကြောင့် FMG ကို မကောင်းမှန်း သိသိကြီးနှင့် ပြုလုပ် ပေးတတ်ကြသည်။ အီဂျစ်တွင် FMG (၇၀) ရာခိုင်နှုန်းကို ဆရာဝန်များက ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး ကင်ညာနှင့် နိုင်ဂျီးရီးယားတွင်တော့ ဒေသဆိုင်ရာ ၀မ်းဆွဲဆရာများက ပြုလုပ်ပေးတတ်ကြကြောင်း FMG တိုက်ဖျက်ရေးအဖွဲ့ Equality Now အဖွဲ့မှ အဲဖူယာဒိုကဲနိုက ပြောဆိုခဲ့သည်။

FMG ဓလေ့ ရပ်ဆိုင်းသွားရန် ပထမဆုံး လှုံ့ဆော်မှု ပြုလုပ်ရမည့် နေရာမှာ ဆေးပညာ ရပ်ဝန်းအတွင်း ဖြစ်ကြောင်း၊ ဆရာဝန်များ ကိုယ်၌က ငွေလိုချင်သောကြောင့် ဖြတ်တောက်မှုများပြုလုပ် နေသည်ကို ဦးစွာ တားဆီးရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ လိင်အင်္ဂါ ဖြတ်တောက်မှု ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ဆင်းရဲသော တတိယ ကမ္ဘာ့ နိုင်ငံများကိုသာ အပြစ်ပုံချနေလို့ မဖြစ်ပါ။ ဗြိတိန်ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပင် ယင်းဓလေ့ ကို ပြုကျင့်နေကြောင်း မှတ်တမ်းများရှိနေပါသည်။ စာရင်းအင်း အခိုင်အမာ ရရှိရန် ခက်ခဲသော်လည်း ၂၀၀၉ ခုနှစ်မှစပြီး လန်ဒန်ရှိ ဆေးရုံများတွင် FMG ပြုကျင့်ခံရသည့် မိန်းကလေး(၄၀၀၀) ခန့်ကို ကုသပေးခဲ့ရပြီး ဖြစ်သည်။ ဆေးကုမှု ပေးခဲ့ရပြီးဖြစ် သော်လည်း ကျူးလွန်သူများ ကိုမူ တရားစွဲ ဆိုနိုင်ခြင်း မရှိ သေးချေ။

ကမ္ဘာပေါ်ရှိ မိန်းကလေးနှင့် အမျိုးသမီး သန်း(၁၃၀)ကျော်သည် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေး အကြောင်းပြချက်များဖြင့် လိင်အင်္ဂါ ဖြတ်တောက် ခံခဲ့ရပြီး ဖြစ်ကြောင်း ယူနီဆက်ဖ်က ခန့်မှန်းထားသည်။ လိင်အင်္ဂါ ဖြတ်တောက်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ အကျိုး ကျေးဇူးများမရှိ သော်လည်း ဖြတ်တောက်သူများသည် တစ်ကိုယ်ရည် ကျန်းမာရေး ကောင်းမွန်စေမည်ဟု အကြောင်းပြကာ ဖြတ်တောက်မှုများကို ပြုလုပ်လေ့ရှိသည်။ ဖြတ်တောက်ခံရသူများ အတွက် အမြင်သာဆုံး အကျိုးမှာ စိတ်ပိုင်းနှင့် ရုပ်ပိုင်းနာကျင်မှု ခံစားရခြင်းဖြစ်သည်။ လိင်အင်္ဂါ ဖြတ်တောက်ခံရနီးအချိန်တွင် ချုပ်နှောင်ခံ ထားရပြီး ထွက်ပြေးနိုင်ရန် ကြိုးပမ်းခဲ့ပုံများ ကို ညီလာခံ တက်ရောက်လည့် ဖြတ်တောက် ခံခဲ့ရသူ အမျိုးသမီးများ က ပြန်ပြောင်းပြောပြကြ သည်။

အသက် (၆)နှစ် အရွယ်တွင် လိင်အင်္ဂါ ဖြတ်တောက် ခံခဲ့ရသည့် အီရှာဆိုသူ အမျိုးသမီး အော်ဟစ်နေသည် ကို သတိရကြောင်း၊ သွေးတွေ တရဟော စီးဆင်းနေသည်နှင့် နာကျင်မှုတို့ကို သတိရကြောင်း ပြောဆိုခဲ့သည်။ လိင်အင်္ဂါ ဖြတ်တောက် ခံခဲ့ရသည့် အမျိုးသမီးများ နောက်ပိုင်းတွင် ခေတ်သစ် ဆေးပညာဖြင့် ခွဲစိတ်မှုကို ပြန်လည် ခံယူနိုင်သော်လည်း ခွဲစိတ်မှုသည် ဖြတ်တောက် ဖယ်ရှားခံခဲ့ ရသည့် အာရုံခံ တစ်ရှုး အသားစများကို ပြန်လည် အစားထိုးပေးနိုင်ခြင်း မရှိချေ။ ပိုဆိုးသည်က ခေတ်သစ် ဆေးပညာသည် စိတ်ဒဏ်ရာကို ကုစားနိုင်မှု မရှိခြင်းဖြစ်သည်။

အမျိုးသမီးတချို့သည် စစ်ပြန်များကဲ့သို့ မကောင်းသော အိပ်မက်များကို မကြာမကြာမက်လေ့ ရှိကြကြောင်း ဗြိတိန်သားဖွား ဆရာမများဆိုင် ရာ တော်ဝင်ကောလိပ်မှ ဂျနက်ဖလိုင်းက ပြောဆိုခဲ့သည်။ မျိုးဆက်တစ်ခု အတွင်း ၎င်းဓလေ့ အဆုံးသတ် သွားရန် မျှော်လင့် ပါကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် မဟုတ်တောင် ဗြိတိန်တွင် အဆုံးသတ် သွားစေချင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ မိန်းကလေးငယ် များသည် ၎င်းဓလေ့ကို သိရှိ နားလည်လာကြပြီဖြစ် သောကြောင့် မိန်းကလေးငယ်များအား ပညာတတ် အောင်အားပေးပြီး ပြောရေး ဆိုခွင့်ရှိလာရေး လုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း ဂျနက်က ပြောဆိုခဲ့သည်။ သို့သော် FMG မှ တချို့သော ယဉ်ကျေးမှုများတွင် အရိုးစွဲနေပြီဖြစ် သောကြောင့် ပြောင်းလဲရန် နှစ်ကာလများစွာ အချိန်ယူရ မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

တစ်နည်း ပြောရလျှင် အမျိုးသမီးများ ကိုယ်၌က ယင်းဓလေ့ သက်ဆိုး ရှည်အောင် လုပ်ဆောင်ပေးသည့် ဖြတ်တောက် သူများဖြစ်နေတတ်ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးများအား အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သွားရောက်ပြောဆိုပါက ၎င်း အမျိုးသမီးများက လူ့အဖွဲ့အစည်းက လက်ခံလာစေရန် ယင်းဓလေ့ကို ပြုကျင့်ရခြင်း ဖြစ်ကြောင်း ပြန်လည်ပြောဆိုကြမည်ဟု အဲဖူယာဒိုကဲနို က ပြောဆိုခဲ့သည်။ FMG ပြုကျင့်သော နေရာ အတော်များများတွင် ၎င်း ဓလေ့ကို တိုက်ဖျက်မည့် ဥပဒေများ မရှိသေးသလို ဥပဒေများရှိနေလျှင်လည်း သက်ရောက်ခြင်း မရှိတတ်ကြချေ။ နိုင်ငံရေး သမားများမှာလည်း ဖိအားပေးရန် တွန့်ဆုတ် နေတတ်ကြောင်း အဲဖူယာဒိုကဲနို ကပြောဆိုခဲ့သည်။ ဒိုကဲနိုကိုယ်၌လည်း FMGနှင့် ပတ်သက်ပြီး ဆန့်ကျင် ပြောဆိုခဲ့သော ကြောင့် လုပ်ကြံမည်ဆိုသည့် ခြိမ်းခြောက်စာများ ရရှိခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း FMG ဓလေ့ကို တားဆီး ပိတ်ပင်ရန် ကုလလုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက် ချမှတ်ပြီးပြီ ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း က ယင်း ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန် အချိန်ကျ နေပြီဖြစ်သည်။

Ref: Anatomy of female genital mutilation:BBC
From: Messenger

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...