Wednesday, 30 July 2014

အတုလား အမေးခံရလို့ ပြန်လည်တုန့်ပြန်ပြလိုက်တဲ့ ခွန်းဆင့်နေခြည်




ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး ကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆု မဟုတ်ဘူးနော် ကာယအလှမယ်ဆု ကိုယ်လုံးအလှကိုပြိုင်ရတဲ့ ကာယအလှမယ်ဆု မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံးချွတ်ပြီး အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ ဆေးစစ်ရတယ် အဲ့ဒါ အမျိုးသမီးဆရာဝန်မ တွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် အဲ့ဒီ့ ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် အချိုးအစားလည်းဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး ပြိုင်ပွဲဝင်အားလုံး
ထဲကမှ စကာတင် ၅ ယောက် ရွှေးတယ် ၅
ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့
နှစ်သိမ့်ဆု ဒါတွေကိုပေးသွားတယ် ချက်ချင်း
တက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲ
လုပ် ကိုယ့်ကိုယ်ကို ပိုးမွေးသလိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီး ဟိုဘက်ဒီဘက် ပေါင် ၆၀ စီထည့် နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်းလိုက်ရင် ၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်
ထမ်းပြီး ထိုင် ထ တွေ လုပ်ခဲ့ရတာ ကျွန်မဆရာ မောင်ဗမာ ဦးစိန်မောင်ကလည်း အသေအကြေကို မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် အိပ်ထမတင် ကိုပြောတာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် ဗိုက်အတွက် ဗိုက်အဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း သံလုံးတွေ သံဒုတ်တွေနဲ့ ကစားနည်းပေါင်းစုံကို အသေအလဲ တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား ဆိုတဲ့နှုန်းနဲ့ ကစား
ခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်း
မဟုတ်ပါဘူး အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာပေါ့လေ ဒါကြောင့်
အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီး
ရှင်းပြထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်
စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုးလို့ချုံ့ပြီးရေးထားတာ ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် အသေအလဲ exercise တွေလုပ်ခဲ့
ရတယ် အလေးတွေနဲ့ အသေအကြေ ကစားခဲ့ရတော့ တော်ရုံအဆီမတက်လာတော့ဘူး ခုလည်း နေ့တိုင်း EXERCISE လုပ်ဖြစ်ပါတယ် Exercise လုပ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာများကိုပြောင်းလဲစေပါသည်။
From: Khunn Sint Nay Chi

www.mmdailystar.com

မိန်းမတွေ အလိုချင်ဆုံးအရာ

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်း ပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်…..ထို ဘုရင်ကြီး ဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲ တဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့
ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ ထင်ကြတယ်……ဒါပေမယ့် အချိန်းတစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူ ပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆို လိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင် လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အား အကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်းကုန်း၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်းထဲရှိတယ်…အနံ့အသက်ကလဲ ဆိုးရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….ထိုဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ နုးညံ့သိမ်မွေ့ စိတ် သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင် ဒီကိစ္စဟာ သူ့အတွက် အရေးမကြီး ကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို လျှေက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲ အစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးက ပေးလိုက် ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင် အမှန်တကယ် အလိုချင်ဆုံးအရာက ………………….
သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲ ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ် ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွား လှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရ လို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင် နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရ တော့မယ်….နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ ညအချိန် မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

သင်ကိုယ်တိုင်ဆိုရင်ကော ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

………….သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ ……………………………… ………………………………..မလှပနိုင်တော့ဘူးပေါ့နော်……….။ ။ ။

From: သုတလင်း

www.mmdailystar.com

ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး

နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။

ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။

ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။
From:
Tomorrow News

www.mmdailystar.com

လင်မယား ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုခြင်း (ကျန်းမာရေးဆေးစာ) - ၁၈ နှစ်ပြည့်မှ ဖတ်ပါ

အရင်က ဒီလိုဆေးပညာစာမျိုးကို အများဖတ်တဲ့ ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါဆေးပညာစာများ ‘ဘလော့ခ်’ ပျက်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးစေလိုပါတယ်။

Q: ကျွန်တော်သိချင်တာလေးရှိလို့ မေးပါရစေဆရာ။ Oral Practice and STDs ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ရနိုင်တဲ့ ကူးစက်ရောဂါတွေအကြောင်းသိချင်လို့ပါ။

လိင်ဆက်ဆံရာမှာ ပါးစပ်ကိုသုံးလို့လဲ လိင်ကတဆင်းကူးစက်တဲ့ရောဂါတွေရနိုင်တယ်။

(၁) HIV
လိင်ကတဆင့်ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ်နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ Latex လေးတက်စ် ကွန်ဒွမ်၊ Polyurethane ပေါ်လီယူရီသိန်း ကွန်ဒွမ်၊ အမျိုးသမီးသုံး ကွန်ဒွမ်တွေကနေ ကူးစက်ဘို့အခွင့်အလမ်းကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ ပြတ်ရှတာ၊ အနာအဆာရှိတာဆိုရင် ပိုပြီးကူးစက်လာစေနိုင်တယ်။ သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။ သွားရောဂါအတွက် ခွဲစိတ်ထားရရင်လဲ ဖြစ်နိုင်တယ်။ တခြား လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ အတူတူဘဲ။ အဓိကကတော့ ပြုလုပ်ပေးသူဖြစ်တယ်။

(၂) Herpes ရေယုံ
Genital herpes လိင်လမ်းရေယုံကိုဖြစ်စေတာက HSV-2 နဲ့ ပါးစပ်-နှုပ်ခမ်းရေယုံကိုဖြစ်စေတာက HSV-1 ဗိုင်းရပ်စ် အမျိုးအစား မတူကြပါ။ ဒါပေမဲ့ ၂ မျိုးလုံးဟာ ပါးစပ်ကို ဆက်ဆံရာမှာသုံးလို့ နေရာ ၂ ခုလုံးကို ကူးစက်လာနိုင်တယ်။ ရေယုံဟာ မျက်စိနဲ့မမြင်ရဘဲလဲရှိနေနိုင်တာကို သတိပြုရပါမယ်။ ကာကွယ်တဲ့အနေနဲ့ Zovirax (acyclovir) ဆေးသုံးရင် အခွင့်အလမ်းကို နည်းစေပေမဲ့ ရာခိုင်နှုန်းပြည့်မဟုတ်ပါ။ ကွမ်ဒွမ်ကနေလဲ အပြည့်အဝမကာကွယ်နိုင်ပါ။ အရေပြားကနေ အရေပြားကို ကူးစက်နိုင်လို့ဖြစ်ပါတယ်။

(၃) HPV ကြွက်နို့
ကူးစက်နိုင်တယ်။ ခံတွင်းကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေကိုလဲ ဒီဗိုင်းရပ်စ်ကနေဆက်ဖြစ်လာနိုင်တာကို သတိပြုရပါမယ်။ HPV ပိုးဟာ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကိုလဲ မွေးဖွါးဖြစ်စဉ်အတွင်းမှာ ကူးစက်နိုင်တယ်။ ကွန်ဒွမ်နဲ့ Dental dams သွားတပ်စရာတွေကနေ ကူးစက်မဲ့အခွင့်အလမ်းကို နည်းစေနိုင်တယ်။ ဒါလဲ ရာနှုန်းပြည့် မဟုတ်ပါ။

(၄) Gonorrhea ဂနိုးရီးယား
ကနေ့ကာလမှာ လငယ်လူရွယ်တွေ လည်ချောင်းနာလို့လာရင် ဂနိုးရီးယားပိုးကြောင်ဖြစ်နေသူတွေ တိုးလာတယ်။ ကုသရလဲ အတော်ခက်ခဲလှတယ်။ ဆက်ဆံသူနှစ်ဦးမှာ အပြန်အလှန် ကူးစေတယ်။ ကွန်ဒွမ်နဲ့ Dental dams သွားတပ်စရာတွေကနေ ကူးစက်မဲ့အခွင့်အလမ်းကို ကောင်းကောင်းကာကွယ်နိုင်တယ်။

(၅) Chlamydia ကလာမိုင်းဒီးယား
ပြုလုပ်ပေးသူကိုရော အပြုခံသူကိုပါ ကူးစေနိုင်တယ်။

(၆) Syphilis ဆစ်ဖလစ်
အလွန်ကူးစက်နိုင်တယ်။ အမေရီးကားမှာ ဆစ်ဖလစ်ဖြစ်သူတွေရဲ့ ၁၅% ဟာ ပါးစပ်သုံးရာကနေကူးတာဖြစ်တယ်။ ရောဂါလက္ခဏာတွေရှိနေချိန် (အဆင့် ၁ + ၂) မှာ ကူးစက်တယ်။ သတိပြုဘို့က မနာတဲ့အနာဖြစ်လို့ ရောဂါရှိနေတာကို မသိဘဲ နေတတ်တယ်။ VDRL သွေးစစ်မှာသာ ပိုးရှိ-မရှိသိတယ်။

(၇) Hepatitis B ဘီပိုး
သုတေသနတွေလုပ်မေဲ့ အချုပ်ပြောဘို့ မသေခြာသေးပါ။ Oral-anal contact (ပါးစပ်+စအို) လမ်းကနေဆိုရင်တော့ Hepatitis A ကူးစက်မှာ သေချာတယ်။ Hepatitis B အတွက်လဲ မကူးဘူးလို့ ပြောမရပါ။ (အေ) ရော (ဘီ) ရောကို ကာကွယ်ဆေးထိုးထားနိုင်ပါတယ်။

(၈) Yeast Infection မှိုပိုး
Fungal infection (ဖန်းဂတ်စ်) လို့လဲခေါ်တယ်။ မှိုပိုးတွေက လူတိုင်းလိုလိုမှာရှိနေနိုင်တယ်။ နေရာအများအပြားမှာ နေနိုင်တယ်။ လိင်ဆက်ဆံမှုကနေကူးနိုင်တာ နှစ်နေရာရှိတယ်။ (၁) ပါးစပ်နဲ့ (၂) ဗဂျိုင်းနားဖြစ်တယ်။ ပါးစပ်ထဲမှာ ပိုးရှိနေပေမဲ့ ဘာမှမဖြစ်သလိုနေနိုင်လို့ ပြောမရဘူး။ ဥပမာ ကလေးငယ်လေးတွေကို နို့တိုက်ရင် လျှာမှာ ‘မှက်ခရု’ ဖြစ်တာက မိခင်နို့ကနေကူးလာတာဖြစ်တယ်။ အမျိုးသမီးတွေ ‘ဗဂျိုင်းနား’ ကနေ အဖြူဆင်းတာလဲ အတော်များများက Vaginal yeast infection မှို (ဖန်းဂတ်စ်) ကြောင့်ဖြစ်တယ်။ အဲတာလဲ ပိုးရှိနေပမဲ့ ဘာမှမဖြစ်သလိုနေတတ်သေးတယ်။ အပျိုတွေမှာလဲဖြစ်နိုင်တယ်။ ဗက်တီးယားသေဆေးသောက်တာ၊ ရာသီဥတုပူအိုက်စွပ်စိုတာကနေဖြစ်တတ်တယ်။ ဝတဲ့သူတွေ၊ ဆီးချိုရှိသူတွေ၊ HIV ရှိသူတွေနဲ့ သွေးဆုံးသူတွေမှာ ပိုဖြစ်တတ်တယ်။ ဒါပေမဲ့ ဆေးကုရတာမခက်ပါ။
From:  ဒေါက်တာတင့်ဆွေ
HIM

www.mmdailystar.com

တိုင်းပြည်ချစ်စိတ်နဲ့ဘယ်သူ့မှ နမူနာမယူဘူး၊ဗိုလ်ချုပ်အောင်ဆန်းကိုနမူနာယူသည်ဆိုသူ ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်နှင့်တွေ့ဆုံခြင်း




 မြန်မာနိုင်ငံတွင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဦးခင်ညွန့်က သူ၏နိုင်ငံရေးအယူအဆ ခံယူချက်ကိုပြည်ထောင်စုနေ့စဉ်နှင့်တွေ့ဆုံစဉ်ယခုကဲ့သို့ပြောကြားခဲ့သည်။
==================================================
နေဇာမျိုးဆွေ
==================================================

အမျိုးသားနိုင်ငံရေးနဲ့ ပါတီ နိုင်ငံရေး ဘယ်လိုကွဲလွဲမှုရှိလဲ သိ ပါရစေ။
===============================================
အမျိုးမျိုးကိုယ့်ခံယူချက်နဲ့ကိုယ် ပြောကြတာပါပဲ။ ပါတီဆိုတာက တော့ ပါတီတစ်ခုထူထောင်ပြီး တော့မှ နိုင်ငံရေးလုပ်တာပေါ့။ တချို့ကျတော့ ပုဂ္ဂလိကဆိုပြီးတော့ ပုဂ္ဂလိကအနေနဲ့ နိုင်ငံရေးလုပ်တာ ပေါ့။ အဘတစ်ယောက်တည်း အမြင်အားဖြင့်တော့ တိုင်းပြည်ချစ် စိတ်နဲ့ ဘယ်သူ့မှ နမူနာမယူဘူး။ ဗိုလ်ချုပ်အောင်ဆန်း နမူနာယူ ကွာ။ အဲဒါအမျိုးသားနိုင်ငံရေးပဲ။ အဘကတော့ အဲဒါကိုပဲနမူနာယူ လိုက်တယ်။

ပါတီဝင်မှ၊ လွှတ်တော်ထဲဝင် မှ နိုင်ငံရေးလုပ်တယ်ဆိုတဲ့ အမြင် မျိုးမဟုတ်ဘူးပေါ့။ အပြင်မှာက တချို့မီဒီယာတွေက သံတူကြောင်း ကွဲပြောကြတယ်။ အဘကိုယ်စား လှယ်လုပ်မယ်၊ အရွေးခံမယ်တို့ ဘာတို့ပြောနေတဲ့အပေါ် ဘယ်လို ပြန်ဖြေချင်ပါသလဲ။
============================================
အဘက ဗိုလ်ချုပ်အောင်ဆန်း ရဲ့အယူအဆ၊ အတွေးအခေါ် လမ်း ကြောင်း။ ဒါက အမျိုးသားနိုင်ငံ ရေးပဲ။ အဲဒါကိုပဲအဘယူတယ်။

တပ်မတော်ဆိုရင် တကယ့် နိုင်ငံရေးစိတ်ဓာတ်နဲ့ နိုင်ငံတစ်ခု မှာ ရှင်သန်နေတယ်လို့ဆိုလို့ရတာ ပေါ့။ တပ်မတော်သားဖြစ်တယ် ဆို တကယ့်နိုင်ငံရေးသမားလို့ ပြောလို့ရမလား။
==================================
တပ်မတော်သားတိုင်း မဟုတ် ဘူးကွဲ့။ တပ်မတော်သားတိုင်းလဲ အဲလိုယူလို့မရဘူးလေ။ စောစော ကပြောသလို အမျိုးသားနိုင်ငံရေး ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို နမူ နာယူပြီးတော့ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်အတိုင်း လုပ်တဲ့သူသည် အမျိုးသားနိုင်ငံရေး၊ ဒီထဲမှာ နိုင်ငံရေးလမ်းကြောင်းတိုင်းမဟုတ် ဘဲနဲ့ သူ့နည်းသူ့ဟန်နဲ့လုပ်နေကြ တဲ့ဟာတွေလဲအများကြီးရှိမှာပေါ့။ တပ်မတော်လဲ ထိုနည်းလည်း ကောင်းပဲပေါ့။ ကွဲပြားခြားနားမှု တော့ရှိမှာပေါ့။

အဘအနေနဲ့ ဗိုလ်ချုပ်အောင် ဆန်းကို လေးစားတယ်ဆိုလို့ရှိရင် ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ပေါ့။ နောက် အရင်နှစ်တွေကရော အာဇာနည် နေ့တွေရော၊ အလေးပြုတာရော တစ်ခုခုလုပ်ဖြစ်လား။
=================================================
ကိုယ့်အိမ်မှာကိုယ် အလံတင် တယ်။ အလံတင်တဲ့ အခမ်းအနား ကတော့ အမြဲတမ်းလုပ်တယ်။ ဒါ လေးစားမှုပဲ။ အဘတခြားနေရာ ထွက်လို့မှမရတာ။ ထွက်လို့မရဘူး ဆိုတာ မိသားစုအသိုင်းအဝိုင်း နေရာ၊ ရိုးရိုးနေရာ ဘာညာသွား လို့ရတာပေါ့။ အဖွဲ့အစည်းနဲ့နေရာ မျိုးတော့သွားလို့မရဘူး။ သွားရင် တော့ ဟိုကရေး၊ ဒီကရေးနဲ့ မီဒီ ယာအမျိုးမျိုးကရေးတော့ ရှောင်ရ တာပေါ့။ ရှောင်တာပါ။ အဘက ရှောင်သင့်တဲ့နေရာရှောင်ပြီးနေတာ။

ရွှေမှော်ဝန်းဘဏ်ထဲမှာ ဘယ် လောက် အပ်နှံထားတာရှိလဲ။
========================================
ဘဏ္ဍာရေးက ဘယ်လောက် လည်ပတ်လဲဆိုတော့ သိန်း ၁၆ဝဝ လောက်ရှိတယ်။ အတိုးနဲ့ပဲ။ ဒီဟာ က အရင်းမပျောက်ဘူး။ ခိုင်မြဲနေ မယ်။ ဒီရွှေမှော်ဝန်းအသင်းအဖွဲ့ ဆိုတာတစ်သက်လုံးခိုင်မြဲနေမယ်။ အဘတို့မရှိ နောက်လုပ်တဲ့သူတွေ က ကိုယ်ကျိုးမဖက် လုပ်မယ်ဆို ရင်တော့ တစ်သက်လုံးခိုင်မြဲနေ မယ့်အဖွဲ့အစည်း၊ အတိုးပဲသုံးတာ ပေါ့။ အဲလို အရှည်တည်တံ့ခိုင် မြဲအောင်လဲ အဘစီစဉ်တယ်။ အရင်းလုံးဝမဟုတ်ဘူး။ အတိုးပဲ။ မြဝတီဘဏ်မှာပါ။

ရွှေမှော်ဝန်းအနေနဲ့ရောအခြား ပုံစံနဲ့သွားဖို့ရှိလား။
===================================
မရှိဘူး၊ တခြားပုံစံမရှိဘူး။ အခုရည်ရွယ်ချက်အတိုင်း၊လုပ်ငန်း စဉ်တွေအတိုင်း ဒီအတိုင်းသွားမှာ ပါ။ ဘာလို့လဲဆိုတော့ မြို့နယ် အဆင့်လောက်ပဲနိုင်သေးတယ်။ အဘရည်ရွယ်ချက်ကတော့မြို့နယ် က တစ်ဆင့်၊ တစ်ဆင့်တစ်ဆင့် ချဲ့သွားမယ်လို့ ရည်ရွယ်တာပေါ့။ ဒါပေမယ့်ဘဏ္ဍာရေးက ဒီလောက် မတောင့်တင်းဘူးပေါ့လေ။ တစ်ခု တော့ရှိတယ်။ အနီးအနားက မြို့နယ်တွေ ဟိုတစ်လောက ကွမ်း ခြံကုန်းကလာပြီးအကူအညီတောင်း ဖူးတယ်။ ကွမ်းခြံကုန်းက ဘုန်း တော်ကြီးသင်ပညာရေးကျောင်းပေါ့။ အဲဒီမှာအဘက စိတ်ထဲမှာသနား လို့ပေါ့။ မြစ်ဝကျွန်းပေါ်ကနေ ရွာတွေပျက်ပြီးတော့မှ ကလေးတွေ မိဘမဲ့ကလေးတွေဖြစ်လာတယ်။ အဲဒီမိဘမဲ့ကလေးတွေကိုကွမ်းခြံကုန်း ဘုန်းကြီးကျောင်းမှာ အဲဒါတွေကို စုပြီးတော့မှမွေးထားတယ်။ မွေး ထားပြီး အဲဒီကလေးတွေအတွက် ကို ကျောင်းကနေစာသင်ပေးနေ ပြီ။အဲဒါကပုံမှန်ပေါ့။ သို့သော်ငြား လည်း လစဉ်ပုံမှန်ဝင်ငွေဆိုတာ မရှိဘူး။ လိုတဲ့အချိန်မှာထွက်ပြီး အလှူခံရတယ်ဆိုတော့ အဲဒါက မကိုက်ဘူးပေါ့။ အဲဒီလိုဖြစ်နေတဲ့ အခါကျတော့ သူတို့ခက်ခဲတဲ့သူ တွေရှိနေပါတယ်။ ပုံမှန်ဝင်ငွေ မရှိ ဘူးဖြစ်နေတယ်။ ပုံမှန်ဝင်ငွေရ အောင် အဘအနေနဲ့ကူညီပေးပါ။ စောင့်ရှောက်ပေးနိုင်မလားလို့ လာ မေးတယ်။ လာမေးတော့ သူတို့ လုပ်တဲ့ပုံစံလေးကြည့်လိုက်တော့ ငွေသွားလှူပေးတယ်။ ရွှေမှော်ဝန်း အဖွဲ့အနေနဲ့ပဲ သိန်းပေါင်း ၃ဝ ကျော်လှူလိုက်တယ်။ ပုံမှန်ဝင်ငွေ ရအောင် အရင်းအနှီးတစ်ခုမတည် ပေးတယ်။ အဲဒီလို အနီးအနားက ဟာလေးတွေ ကူညီတာတော့ရှိ တယ်ပေါ့။

ရွှေမှော်ဝန်း ဖောင်ဒေးရှင်းက ဆောင်ရွက်ပေးတဲ့လူမှုယဉ်ကျေး ကူညီရေးအစီအစဉ်ဆိုတာ ဘာတွေ ပါလဲ။
========================================
စာသင်ကျောင်း၊ ဆေးပေးခန်း တို့၊ အဲဒီလိုဟာမျိုးလေးတွေပေါ၊့ နောက်သက်ကြီးရွယ်အိုတွေပေါ့။ ဒါလေးတွေကိုသွားပြီးစောင့်ရှောက် ပေးမယ်။ ကူညီပေးမယ်။ အဲဒီ အတွက်ကို ဒီကအခုကျပ်သိန်း ၄ဝ ရတယ်။ ပြီးတော့ ဘဘရွှေမှော် ဝန်းရဲ့ မူလငွေကြေးပေါ့။ ဘဏ်မှာ ထည့်ထားတာ။ လှူဒါန်းထားတာ တွေကိုလဲဘဏ်မှာထည့်ထားတာ။ ထည့်ထားတာတွေက အတိုးကိုယူ ပြီးတော့မှ အဲဒီအတိုးနဲ့ပဲ အခုလှူ နေတာ။ အရင်းမပျောက်ဘူး။ ဘဏ်မှာထည့်ထားတဲ့ငွေက အရင် တိုင်းရှိတယ်။ လျော့မသွားဘူး။ တစ်သက်လုံး အဲဒါကရှိနေမှာပဲ။ အတိုးနဲ့ခုသုံးတာ။

ရွှေမှော်ဝန်း ဖောင်ဒေးရှင်း ဆက်လက် လည်ပတ်ဖို့အတွက် နိုင်ငံတော်မှာရှိတဲ့သူဌေးတွေ ခရိုနီ တွေရဲ့ ထောက်ပံ့ကြေးတွေဆိုရင် ရောဘဘလက်ခံမှာလား။
==============================================
အဘမကြေညာဘူး။ လာပြီး တော့ ဘယ်သူလှူလှူလက်ခံမှာပဲ။ အလှူခံတယ်ဆိုတဲ့ဟာမျိုး မလုပ် ဘူး။ဘယ်သူလာလာပေါ့၊လှူတာ ပဲ။ လှူတာကတော့ မွန်မြတ်တာ ပေါ့၊လူမခွဲခြားဘူး။နိုင်ငံရေးသမား လာလှူလဲလက်ခံမှာပဲ။ စီးပွားရေး သမားလာလှူလဲ လက်ခံမှာပဲ။ စာရေးဆရာလာလှူလဲလက်ခံမှာ ပဲ။ လူမှုရေးလုပ်တာပဲ။

တပ်မတော်ကနားသွားတဲ့ ပင် စင်စားတပ်မတော်သားတွေအတွက် လွှတ်တော်မှာတင်ပြထားတာတွေ ရှိပါတယ်။ အဲဒါအနေနဲ့ အဘ အနေနဲ့ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့ သူတွေ၊ ပင်စင်ပေးတာပေါ့။အဲဒါနဲ့ ပတ်သက်ပြီး အဘရဲ့သဘောထား လေးပြောပါဦး။
===============================================
တပ်မတော်က အခုကိုယ်အင်္ဂါ ချို့တဲ့နေတဲ့ရဲဘော်တွေ၊အကြပ်ကြီး တွေ၊ အရာရှိတွေအများကြီး၊ တချို့ ဆိုရင်သိပ်နွမ်းပါးနေတာ၊ သူတို့ကို စောင့်ရှောက်ရမယ်။ ကူညီရမယ်။ တာဝန်ရှိတယ်။နိုင်ငံတော်ကတာဝန် ရှိတယ်။ အဘတို့လဲ တာဝန်ရှိတာ ပဲ။အားလုံးတာဝန်ရှိတယ်။ ပြည်သူ တွေပါတာဝန်ရှိတယ်။ တပ်မတော် သားတွေ၊ ဒါ အသက်မသေလို့ ကျန်ခဲ့တာ။ အဲဒီတော့ တပ်မတော် ဆိုတာဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်တပ်မ တော်ဆိုတာရှိရမယ်။မရှိလို့မရဘူး။ တပ်မတော်မရှိရင် ကျွန်ဖြစ်သွား မှာပေါ့။
 
 
From: UD
ME

www.mmdailystar.com

ဒေါ်အောင်ဆန်းစုကြည် တောင်းပန်ပါက တပ်မတော်သားများ PR အရေး မဲပြန်ပေးနိုင်





လက်ရှိပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေသော PR အရေးကိစ္စများတွင် တပ်မတော်သားများ မဲဝင်မပေးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်မှ ပြန်လည်တောင်းပန်ပါက မဲပြန်ပေးနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းမှ သတင်းရရှိပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အချိုးကျကိုယ်စားပြု PR စနစ်ဆွေးနွေးခွင့်နှင့် ပတ်သက်၍ ခွဲဆုံးဖြတ်ချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မဲလည်းမထည့်၊ ထောက်ခံမဲလည်းမထည့်ပဲ ကျောက်ချထိုင်နေခဲ့ကြပါတယ်။ ထိုသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ဦး မှ မဲမပေးဘဲနေခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ကြောင်း နှင့် ပြည်သူ့ လွှတ်တော်အမတ်များကို PR စနစ်ဖြင့် မရွေးချယ်ဖို့အရေး တပ်မတော်သားများ ရပ်တည်ချက်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြန်လည်တောင်းပန် သင့်ကြောင်း ပြောဆိုမှုများရှိနေပါတယ်။


မေလကုန်ပိုင်းမှ စတင်၍ NLD ပါတီမှ ပုဒ်မ ၄၃၆ လက်မှတ်ကောက်ခံမှုများ ပြုလုပ်ချိန် ဟောပြောပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အရေးပါတဲ့ ကိစ္စများ ဆုံးဖြတ်ချိန်မှာ ပြည်သူမှရွေးကောက်ထားသူများ မဟုတ်တဲ့ တပ်မတော်သားများအနေဖြင့် မဲပေးခွင့်မရှိကြောင်း၊ အခွင့်ထူးခံထားခြင်းကို လျှော့ချဖို့လို၊ နိုင်ငံရေးမှာ ဝင်မပါသင့်ကြောင်း မအူပင်၊ မန္တလေး၊ ရန်ကုန် တွင်သာမက စစ်တပ်ဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်တွင်ပါ ဒေါ်အောင်ဆန်းစုကြည်မှ အားပါးတရ ပြောဆိုခဲ့ပါတယ်။  



ယခုအခါ တပ်မတော်သားများမှ အရေးပါသည့် PR ဆွေးနွေးရေး မဲခွဲမှုတွင် ဝင်မပါတော့ပဲ ကျောက်ချထိုင်နေခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၄၂ ဦးသာ မတ်တက်ရပ်ကန့်ကွက်ခဲ့တာကြောင့် ဝက်ဝက်ကွဲအောင် ရှုံးနိမ့်ခဲ့ရပါတယ်။


ဇူလိုင်လ ၂၈ ရက် လွှတ်တော်အစည်းအဝေးမှာလည်း NLD ပါတီမှ ဒေါက်တာ အောင်မိုးညိုက  တပ်မတော်သားတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀(စ) တွင်၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်သိမ်းကာကွယ်စောင့်လျှောက်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည်ကို ကန့်ကွက်ဖို့လိုကြောင်း၊ ကြားနေလို့မရကြောင်း ဆွေးနွေးသွားပါတယ်။ 


အမျိုးသားလွှတ်တော်မှာ PR အရေးဆုံးဖြတ်ချိန်က တပ်မတော်သားအားလုံးမှ မတ်တက်ရပ် ကန့်ကွက်ခဲ့ပြီး မဲအနည်းအကျဉ်းသာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ မဲခွဲပါက တပ်မတော်သားများ ကန့်ကွက်လျှင် PR ကန့်ကွက်မှု အတွက် နိုင်ချေအများအပြားရှိကြောင်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ကြပါတယ်။ ပြည်သူ့လွှတ်တော်မှာ PR အရေး ဆွေးနွေးမှုများ ပြီးပါက မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အမျိုးသားလွှတ်တော်ကဲ့သို့ အတည်ပြုတော့မှာ ဖြစ်တာကြောင့် တပ်မတော်သားတွေရဲ့ ကန့်ကွက်မှုက အလွန်အရေးတကြီး လိုအပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ရက်ပိုင်းအတွင်း ပြန်လည်တောင်းပန်လိုက်ပါက တပ်မတော်သားလွှတ်တော်အမတ်များ မဲပေးခြင်းကို ပြန်လည် လုပ်ဆောင်သွားနိုင်ပြီး တပ်မတော်သား၊ တိုင်းရင်းသား နှင့် NLD ကိုယ်စားလှယ်များပူးပေါင်းကာ ပြည်ခိုင်ဖြိုးနှင့် NDF ၏ PR အကောင်အထည်ဖော်မှုကို တားဆီးနိုင်မယ်လို့ ကိုယ်စားလှယ်အများအပြားက ယုံကြည်နေကြပါတယ်။ 


“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဌေးနိုင် တို့ ၂ ယောက် ဆွေးနွေးသွားတာ ကောင်းတယ်.. အချိန်မတန်သေးဘူးပေါ့.. လုံခြုံမှု၊ တိုင်းရင်းသားစည်းလုံးမှု ပြဿနာတွေရှိမယ်ပေါ့.. ဆွေးနွေးတာဆွေးနွေးပြီး ကန့်ကွက်မဲမပေးဘူးဖြစ်နေတယ်.. သတင်းကြားတာက ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောနေကြတာပဲ.. တောင်းပန်လိုက်ရင်တော့ ဒီကိစ္စအဆင်ပြေသွားမှာ.. ” လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။


အကယ်၍သာ ၂၄ ရက်နေ့က လွှတ်တော်မတက်သူ ၆၆ ဦး၊ မတ်တတ်ရပ်ကန့်ကွက်သူ ၄၂ ဦး နှင့် တပ်မတော်သား ၁၁၀ သာ ပူးပေါင်းလိုက်ပါက ၂၁၈ ဦးက တစ်ဖက်၊ ပြည်ခိုင်ဖြိုးပါတီက တစ်ဖက် ဖြစ်သွားကာ ပြည်သူ့လွှတ်တော်မှာ PR စနစ် ကျင့်သုံးရေးအဆို ရှုံးနိမ့်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ် ၂၀ ကျော်ရှိပါသေးတယ်။ နိုင်ငံအတွက်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် သာမက ပြည်သူ့အတွက်ပါ အရေးကြီးတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မာန်မာနများကို အောက်ချက တပ်မတော်အနေနဲ့ အရေးပါတဲ့ ကိစ္စများမှာ မဲမပေးပဲ ငြိမ်မနေဖို့ နဲ့ ယခင်ပြောခဲ့ဖူးတာတွေကို ပြန်ရုတ် သိမ်းကြောင်း ပြောဆိုဖို့ ပြည်သူ့လွှတ်တော်သာမက အမျိုးသားလွှတ်တော်က တိုင်းရင်းသားကိုယ်စားလှယ်အများအပြားက မျှော်လင့်နေကြကြောင်း သတင်းရရှိပါတယ်။
 
 
From: မင်းဒင်

www.mmdailystar.com

MPT မှ တစ်မိနစ် ၂၅ကျပ်နှုန်းဖြင့်မိုဘိုင်းဖုန်းနံပါတ်သုံးခုကို ခေါ်ဆိုနိုင်တဲ့ဝန်ဆောင်မှုစပေး



တစ်မိနစ် ၂၅ ကျပ်နှုန်းနဲ့ MPT မြန်မာ့ဆက်သွယ်ရေးက ယနေ့ (ဇူလိုင် ၂၉) ကစပြီး သြဂုတ်လ ၃၁ ရက်ထိ Friends and Family (သူငယ်ချင်း/ မိတ်ဆွေ/ မိသားစုဝင်) မိုဘိုင်းဖုန်းများကို ၀န်ဆောင်မှုပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးကကြေညာချက်ထုတ်ပြန်ပါတယ်။

၁) GSM နဲ့ WCDMA တွေမှာသုံးနိုင်ပါတယ်။

၂) ၀န်ဆောင်မှုရလိုသူတွေဟာ 1331 ကို Message ပေးပို့ရပါမယ်။


၃) တစ်မိနစ် ၂၅ ကျပ်နှုန်းနဲ့ မိုဘိုင်းဖုန်းနံပါတ် ၃ ခုကို ခေါ်ဆိုခွင့်ရမှာဖြစ်ပြီး ၂၅ ကျပ်နဲ့ခေါ်ချင်တဲ့ ဖုန်းနံပါတ် ၃ခုကို 1331 သို့ ADD နဲ့ (ပေးပို့လိုသောဖုန်းနံပါတ်)ကိုရိုက်ပြီး Message ပေးပို့ရမှာဖြစ်ပါတယ်။


၎) ဖုန်းနံပါတ်တွေပေးပို့ပြီးတဲ့အခါ "Success! You can call 09…… for 25 kyat/min until 2014-8-31" ပြန်လည်လက်ခံရရှိမှာဖြစ်ပါတယ်။ ဖုန်းနံပါတ်သုံးခုထက်ကျော်ပြီး ပေးပို့လို့မရပါ။

၅) စာရင်းသွင်းထားပြီးတဲ့ ဖုန်းနံပါတ်သုံးခုကိုအခြားမိုဘိုင်းဖုန်းနံပါတ်နဲ့အစားထိုးပြောင်းလဲလိုပါက မိမိဖုန်းမှာ MODIFY (ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုတဲ့ဖုန်းနံပါတ်အသစ်) ကို 1331 သို့ Message ပေးပို့ပြောင်းလဲနိုင်ပါတယ်။


၆) ၀န်ဆောင်မှုအတွက် မှတ်ပုံတင်ကြေးအဖြစ် ကျပ် ၂၅၀၀ကို ၀န်ဆောင်မှုအသုံးပြုမယ့်သူရဲ့ မိုဘိုင်းဖုန်းလက်ကျန်ငွေကနေ နုတ်ယူမှာဖြစ်ပါတယ်။
လောလောဆယ် CDMA ဖုန်းတွေပါဝင်ခွင့်မရသေးဘဲ မကြာခင်အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။ အသေးစိတ်သိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့ှ်ုရှုနိုင်ပြီး 1876 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
 
 
From: The Modern News Journal

www.mmdailystar.com

ရဲမိုးနဲ့ ထောက်လှန်းရေး....


ဒီနေ့ တော့ …
ထောက်လှမ်းရေး အော်ပရေးရှင်း တစ်ခုမှာ ….
ကျွန်တော် ပထမဆုံး စယူရတဲ့  တာဝန်အကြောင်း ….
နည်းနည်းလောက် ပြောကြည့်ကြမလား….?

အဲဒီတုန်းက အော်ပရေးရှင်းတွေက …
ကကလှမ်း ရဲ့  ညွှန်ကြားချက် …
ဒါမှမဟုတ်ရင် …
NIB ( အမျိုးသားထောက်လှမ်းရေး အဖွဲ့ ) ရဲ့ ညွှန်ကြားချက်နဲ့  …
လုပ်လေ့ရှိကြတယ် ….
အော်ပရေးရှင်း အများစုကတော့ …
NIB အနေနဲ့  လုပ်ကြတာ များတယ် …

အော်ပရေးရှင်းတစ်ခု လုပ်ပြီဆိုရင် …
အမှုပေါ်မူတည်ပြီး …
စစ်ဆေးရတဲ့  လူ အနည်းအများပေါ်မူတည်ပြီး …
အချိန်ကြာလေ့ရှိတယ် …
တစ်ချို့  အော်ပရေးရှင်းတွေက ...
နှစ်နဲ့ ချီပြီး ကြာတာတွေလဲ ရှိတတ်တယ် …
ကဲပါ …. ဒါတွေ ထားလိုက်ပါတော့ ….

ကျွန်တော် ပထမဆုံး ကြုံရတဲ့  အော်ပရေးရှင်းက …
NIB အော်ပရေးရှင်း ….
စသုံးလုံး နဲ့  ပေါင်းပြီး လုပ်ရတာ …
NIB အမျိုးသားထောက်လှမ်းရေး အဖွဲ့ ရဲ့  ပရိုဆီဂျာက …
အမှုပေါ် မူတည်ပြီး Team ကို ဖွဲ့ ပေးတာ …

ဥပမာ နိုင်ငံရေးနဲ့  နွယ်ရင် …
SB သတင်းတပ်ဖွဲ့  နဲ့ ပေါင်းလုပ် …
စီးပွားရေး နဲ့ နွယ်ရင် စသုံးလုံးနဲ့ ပေါင်းလုပ် ….
အဲဒီလို …..

Incharge ကတော့ သူတို့ တာဝန်ပေးတဲ့ အတိုင်းပဲ …
ကိုယ့် တပ်မှူးက Incharge ဆိုရင် …
ကိုယ့်တပ်မှာ အခြေပြုတယ် …
စသုံးလုံး က Incharge ဆိုရင် …
သူတို့ ရုံးမှာ အခြေပြုတယ် …
SB ဆိုရင်လဲ အောင်သပြေမှာ အခြေပြုတာပေါ့ …

အခု သတင်းဂျာနယ်တွေကို …
SB က ခေါ်စစ်လို့  ….
မစစ်သင့်ဘူးတို့  …
အမှန်က စသုံးလုံးက ပဲ စစ်ရမှာတို့  …
ထင်ရာမြင်ရာ ပြောနေတဲ့  သူတွေက …
နားမလည်လို့  လျှောက်ပြောနေကြတာ …

SB က ကိုင်တယ်ဆိုကတည်းက …
အဲဒီကေ့စ်ဟာ နိုင်ငံရေး နဲ့  နွယ်လို့  …
နိုင်ငံရေး အသွေးအရောင် ရှိလို့ ပဲ …

မေးတဲ့ မေးခွန်းတွေက ….
ဂျာနယ်တွေရဲ့ ငွေရေးကြေးရေး အချက်အလက် ….
ငွေပင်ငွေရင်း အရှုံးအမြတ် …..
ငွေရေးကြေးရေး ဒေတာတွေကို မေးတယ်ဆိုလဲ …
ဒီ ငွေကြေးတွေဟာ စီးပွားရေးမသမာမှု …..
ဒါမှမဟုတ် ငွေကြေး ခ၀ါချမှု နဲ့ မဆိုင်ဘဲ …
နိုင်ငံရေးနဲ့  ဆက်နွယ်နေလို့  …
ဒါမှ မဟုတ် နိုင်ငံရေး အသင်းအဖွဲ့  တစ်ခုက ….
ရည်ရွယ်ချက်တစ်ခုခု နဲ့  ….
ဒီလောကထဲမှာ ….
ထိုးဖောက်ဝင်ရောက် ပတ်သက်မူရှိနေတယ်လို့  …
သူတို့ သတင်းရလို့ ပဲ ….

အစိုးရကသာ ဂျာနယ်တွေကို တကယ်ကြပ်ချင်ရင် …
စသုံးလုံး ကို စစ်ခိုင်းမှာပေါ့ …
စသုံးလုံး က အဲလိုကိစ္စတွေမှာ စပယ်ရှယ်လစ် ….
ဘယ်စီးပွားရေး သမားက ဘယ်လို …
ဘယ်သူနဲ့ ဘယ်သူက ပါတနာ …
ဘယ်သူတွေက မတည့်ကြဘူး…
ဘယ်သူက ဘယ်သူ့ ကို …
ဘယ်လုပ်ငန်း ကိစ္စနဲ့ ပတ်သက်လို့  အခဲမကျေဘူး …
စသဖြင့် သူတို့ က သတင်းတွေ အမြဲစုထားတယ် …
ဘယ်လုပ်ငန်းရှင်မှ သူတို့ ကို ပတ်လို့ မရဘူး ….
အဲလို ကိစ္စတွေနဲ့ ပတ်သက်ရင် ဆရာတွေ …

တကယ်တန်း ပြောရရင်ကတော့ …
လူတွေက ….
လူကြားကောင်းအောင် အသံကောင်း ဟစ်နေတာ …
မယုံရင် အခု SBက ခေါ်စစ်တာ မဖြစ်သင့်ဘူးလို့  …..
ဟောင်ဖွာဟောင်ဖွာလုပ်နေတဲ့  …
ဂျာနယ်တိုက် ပိုင်ရှင်တွေကို မေးကြည့် …

SB က စစ်တာ ခံမလား …????
စသုံးလုံးက စစ်တာ ခံမလား …????
ဘယ်ဟာ ခံမလဲလို့  ….????
သူတို့ ဘာဖြေကြမယ် ထင်လဲ …????

NIB အမျိုးသား ထောက်လှမ်းရေး အဖွဲ့  ဋ္ဌာနချုပ် က ….
ဝန်ကြီးများရုံးမှာ ရှိတယ် …
NIB ရဲ့  ဥက္ကဌ က ၀န်ကြီးချုပ် …
အတွင်းရေးမှူး က ပြည်ထဲရေးဝန်ကြီး …

ပြသနာ ရဲ့ အစက ….
ဒီလို စတယ် …

၈၈ အရေးအခင်းအပြီး …
တပ်မတော်က တာဝန်ယူလိုက်ပြီးနောက်မှာ….
ဆိုရှယ်လစ် စနစ်ကို ဖျက်သိမ်းလိုက်တယ် …
ဈေးကွက်စီးပွားရေး စနစ် စကျင့်သုံးတယ် …
တံခါးတွေ ဖွင့်ချလိုက်တယ် …

Fail State တိုင်းပြည်တစ်ခုက တံခါးဖွင့်လိုက်တော့ ….
ပြည်တွင်းက လူတွေ ပြည်ပကို ထွက်ကုန်ကြတယ် ….
အခု ပြည်ပအလုပ်သမား ၄သန်းလောက်ရဲ့ အစဟာ …
အဲဒီ ၁၉၉၀ - ၉၁ ၀န်းကျင်လောက်မှာ စတာ …

ကုမ္ပဏီ တွေ ထောင်ခွင့် ပြုလိုက်တော့…
ကုမ္ပဏီ လီမီတက် ဆိုတဲ့  ဆိုင်းဘုတ်တွေ …
အလျိုလျို ပေါ်လာတယ် ….
အမှန်က သူများ လီမီတက်ဆိုလို့ သာ …
လိုက် လီမီတက် လိုက်ရတာ …
အများစုက ဘာမှမသိဘူး ….
သူတို့ သိတာက …
ဆိုရှယ်လစ်ခေတ်တုန်းက တန်းစီရတယ် …
အခွင့်အရေးဆိုတာ နှစ်ခါမရ …
အဲတော့ ကုမ္ပဏီ လိုင်စင်တွေ ချပေးတယ် …
ပြေးတန်းစီတယ် …
ကုမ္ပဏီ ထောင်ထားလိုက်ကြတယ် …

ရာနဲ့ ထောင်နဲ့ ချီတဲ့ ဒီကုမ္ပဏီတွေ ထဲမှာ …
တကယ် အလုပ်လုပ်ကြတဲ့  ကုမ္ပဏီက …
အနည်းစု လက်တစ်ဆုပ်စာ ပဲ ရှိတယ် ….
အများစုက အူကြောင်ကြောင်ရယ် …
အဲဒီမှာ လိုင်စင်ရပြီး ဘာမှလဲ မလုပ်တတ်ကြတော့….
တစ်လ တစ်သောင်း နှစ်သောင်း လောက်နဲ့  ….
ကုမ္ပဏီ လိုင်စင်ကို ပြန် ဌားစားကြတယ် …

တစ်ရက်ကျတော့ ….
ကုမ္ပဏီ တစ်ချို့ အလိမ်ခံရတယ် ….
ပြည်ပက ကုမ္ပဏီ နှစ်ခု သုံးခု လဲ ပါတယ် …
ဆော်သွားတဲ့ ပုံက ….
အုပ်စုတစ်ခုတည်းရဲ့  လက်ရာမျိုး ….
ဒါနဲ့ အဲကိစ္စက အမျိုးသားထောက်လှမ်းရေး အဖွဲ့ ရဲ့  ….
ခေါင်းပေါ်ရောက်လာပါလေရော…
အမျိုးသားထောက်လှမ်းရေးက အဖွဲ့ ဖွဲ့ ပေးလိုက်တယ် …
Incharge က ကိုယ်တွေ တပ်မှူး …

တပ်မှူးက တပ်က စစ်ဆင်ရေးဌာနခွဲမှူးကို ..
ဆက်တာဝန်ပေးတယ် …
ပြီးတော့ မှာလိုက်တယ် …
ဟို ကောင် ရဲမိုး လဲ အတွေ့ အကြုံ ရသွားအောင် …
မင်းတို့  ခေါ်သုံးလိုက်တဲ့  …
အဲမှာ ကိုယ်တွေက ….
ကန့် လန့်  ကန့် လန့်  နဲ့  စ ပါလာတာပဲ ….

လိမ်တဲ့ ကုမ္ပဏီ နာမည်တွေက လေးငါးခု လောက်ရှိတယ် …
ဖြစ်ဖို့ များတာ …
လူတစ်ချို့ က …
ကုမ္ပဏီ လိုင်စင်တွေ ဌားပြီး ပတ်လိမ်တာ ဖြစ်မယ်လို့ ….
ဌာနခွဲမှူးက သုံးသပ်တယ် ….

ဒါနဲ့  စစ်ဆင်ရေးဌာန က …
ပထမဆုံး အဲဒီလူတွေ သုံးသွားတဲ့  ….
ကုမ္ပဏီ လိုင်စင် အမည်ပေါက်လူတွေကို …
စပြီး ဆွဲစိပါလေရော ….

စစ်ဆင်ရေး ဌာနမှူးက ဗိုလ်မှူး …
စီနီယာ အတော်ကျတယ် …
OTS ၅၆ က …
မာလဲ အတော်မာတယ် …
အဲဌာနကို နှစ်ပွင့် ဘ၀ က စရောက်တာ …
စရောက်ကတည်းက ဆို ၁၄ နှစ်ရှိပြီ …
ဘယ်မှ မပြောင်းရဘဲ တစ်ဆက်တည်း လုပ်လာပြီး ….
အဲမှာပဲ ဌာနမှူး ပြန်ဖြစ်တာ …
လုပ်ရည်ကိုင်ရည် စဉ်းစားသာ ကြည့်ပေတော့ …
ရန်ကုန်မှာ အပ်ကျတာက အစ …
သိတယ်ဆိုတဲ့ လူမျိုး ….
တကယ့် ထောက်လှမ်းရေး သမား အစစ် ….

အော်ပရေးရှင်းမှာ စီနီယာ အရာရှိ နှစ်ယောက်ပါတယ် …
တစ်ယောက်က DSA ၃၄ က …
တစ်ယောက်က OTS ၈၈ က ….

အော်ပရေးရှင်းမှာ အဖွဲ့ တွေခွဲတော့ …
ကိုယ်တွေက ဖမ်းဆီးရေး အဖွဲ့  …
အဲဒီမှာ ၃၄ က အကိုကြီး က ပြောတယ် …
ကဲ … ညီလေး …
မင်း ဒီလူကို သွားခေါ်ချည် …
ဒီမှာ ဒါ သူ့ လိပ်စာ …
အာ့မှာမရှိလဲ ဆက်စုံစမ်းပြီး ….
ရအောင်သာ ခေါ်ခဲ့ ပေတော့ …
ဆရာကြီး အုန်းမြင့်တို့ အဖွဲ့ က ….
ဗိုလ်ကြီးရဲမိုးနဲ့ လိုက်သွား တဲ့  …

ပြီးမှ တပ်ကြပ်ကြီး အုန်းမြင့်ကို …
အခန်းထဲ ခေါ်ပြီး …
အသေးစိတ်မှာနေတာ တွေ့ တယ် …
ကိုယ်တွေကို ဘေးက ထိန်းပေးဖို့  ဖြစ်မယ် …
အချိန်ကလဲ ည ၁၂ နာရီ ထိုးပြီ ရော …..

ဒါနဲ့  တပ်က ထွက်လာခဲ့ကြတယ် …
ကားက ဆူပါဆလွန်း အပြား အဖြူလေး ….
ရှေ့ ခန်းမှာ ကိုယ်နဲ့ တပ်ဖွဲ့ ဝင်တစ်ယောက် ..
နောက်ခန်းမှာ တပ်ကြပ်ကြီး အုန်းမြင့် နဲ့  တပ်ဖွဲ့ ဝင်တစ်ယောက် ….

ထုံးစံအတိုင်း ခေါင်းစွပ် တွေ …
လက်ထိပ်တွေ ပါတယ် …
လက်ထိပ်ကတော့ ခုခံမှ ခတ်တာ …
ခေါင်းစွပ်ကတော့ အများအားဖြင့် စွပ်လေ့ရှိတယ် …

ဘာလို့ စွပ်လဲဆိုတော့ …
ထိန်းသိမ်းလာတဲ့ သူကို …
စိတ်ဓာတ် ခြောက်ခြားစေချင်တာ …
Breakdown ဖြစ်သွားစေချင်တာ …
ဒါကြောင့် စွပ်တာ….

Breakdown ဖြစ်သွားပြီဆို စစ်ဆေးရ လွယ်တယ် …
သူသိသမျှ အကုန်ပြောပြတယ် …
စစ်တဲ့ သူလဲ မပင်ပန်းသလို …
စစ်ခံရတဲ့ သူလဲ သက်သာတယ် …

လူတစ်ယောက်ဟာ …
ညနက်သန်းခေါင် လာခေါ်ခံရပြီး …
ဘယ်ကို ခေါ်သွားမှန်းမသိ …
ဘယ်ရောက်မှန်း မသိ …
မျက်လုံး ဖွင့်ကြည့်လိုက်တော့ …
မီးလုံးဝါကျင့်ကျင့် နဲ့  အခန်းလေးထဲ ….
ရောက်နေတာ တွေ့ ရတယ် …

မီးကလဲ အမြဲထွန်းထားတယ် …
နေ့ လား ညလား ခွဲမရတော့ဘူး …
ဘယ်အချိန်မှန်းလဲ မသိရတော့ဘူး ဆို …
လူ့ စိတ်က စပြီး အားငယ်လာတာပဲ …
ဒါဟာ စိတ်ဓာတ်ပြိုကွဲမှု Breakdown ဖြစ်သွားဖို့ ရဲ့ အစပဲ ….

အပြင်မှာတော့ လူတွေက …
ထောက်လှမ်းရေးက လာခေါ်ပြီဆိုတာနဲ့ …
ကျဉ်စက်နဲ့ တို့ ခံရတာလိုလို ...
ဆေးထိုးခံရတာလိုလို …
ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောကြတယ် …

ကျွန်တော် သိသလောက်တော့ …
အာ့လိုလုပ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး…
ကိုယ်တွေနဲ့ ရင်းနှီးတဲ့  စီနီယာကြီးတွေ မေးကြည့်တော့ …
သူတို့ လဲ တစ်ခါမှ မလုပ်ဖူးဘူး …
ပြီးတော့ သူတို့ က ရယ်ပြီး ပြန်မေးတယ် …
နေပါအုန်း ရဲမိုး ရ ……
ဘယ်သူကပြောတာတုန်း …
သူ အာ့လို စစ်ခံရပါတယ်လို့  ဆိုတော့ …
ကိုယ်တွေလဲ အီလည်လည် ဖြစ်သွားတယ် …

ဟုတ်သားပဲ …
ဘယ်သူတော့ဖြင့် …
သူ့ ကို ထောက်လှမ်းရေးက အာ့လိုလုပ်လိုက်ပါတယ်လို့  …
တိတိကျကျ ပြောတဲ့ သူ ..
တစ်ယောက်မှ မှ မတွေ့ ဘူးတာ…
သွားမေးမိတာ ကိုယ်တွေအမှား …

ကားလေးက ညနက်သန်းခေါင် တရိပ်ရိပ်ပြေးနေတယ် ….
တောင်ဥက္ကလာ ဘေလီ တံတားထိပ်နား ရောက်လာတယ် …
တံတားကုန်းဆင်းကျတော့ ဗယ်ဘက်ကို ချိုးကွေ့ လိုက်တယ် ….
ကိုယ်တွေ နည်းနည်းတော့ မျက်စိလည်စ ပြုလာပြီ …
သွားခေါ်ရမှာက ကုမ္ပဏီ ပိုင်ရှင်သူဌေး မဟုတ်ဘူးလား ?????
အခုတွေ့ တာက အိမ်တွေက ပိုပို စုတ်လာတယ် …

လိပ်စာကို တစ်ချက်ပြန်ကြည့်တယ် …
မြိုင်ဟေ၀န် အိမ်ယာ …
တိုက် ( ) ၊ အခန်း ဘယ်လောက် …
မြိုင်ဟေ၀န် အိမ်ယာထဲကို ၀င်တော့ …
ပို စဉ်းစားရခက်လာတယ် …
တန်တော့ ကုမ္ပဏီ ပိုင်ရှင် သူဌေးက …
လာပုန်းနေတာ များလား….????

အမှန်က ကိုယ်တွေက ရန်ကုန်ရောက်ခါစ …
မအူမလည် တောသား ထောက်လှမ်းရေးဆိုတော့ …
ခုနကပြောတဲ့ …
ကုမ္ပဏီ လိုင်စင်ဌားစားတဲ့  ကိစ္စကို ကြားမှ မကြားဘူးတာ …
အဲတော့ စိတ်ထဲ ..
ကုမ္ပဏီပိုင်ရှင်ဆို သူဌေးပဲ ထင်မိတယ် …
အခု ရပ်ကွက်က အတော်စုတ်နေတော့ …
( အဲတုန်းက ပြောတာ ၊ အခုမဟုတ် )
ကွကို စိတ်ထဲ နားမလည်နိုင်အောင် ဖြစ်နေတာ…

လိပ်စာပါတဲ့ တိုက်ရှေ့ ရောက်တော့ ….
ကားပေါ်က ဆင်းကြတယ် …
ကားထဲမှာ တစ်ယောက်နေခဲ့ပြီး …
သုံးယောက်က လှေကားအတိုင်း ဆက်တက်သွားကြတယ် …
တပ်ကြပ်ကြီး အုန်းမြင့်က ရှေ့ ဆုံးက…
ကိုယ်တွေက အလယ် …..
အချိန်က ည တစ်နာရီ ….

ဆရာကြီး အုန်းမြင့်က …
အသားမည်းမည်း ထောင်ထောင်မောင်းမောင်း …
မျက်နှာက အမြဲ ခပ်ပြုံးပြုံး နဲ့  ...
လွယ်အိတ်လေးတစ်လုံး အမြဲ လွယ်တတ်တယ် ….
သူ့ သား လွယ်အိတ်လားတော့ မသိ …
လွယ်အိတ်က ခပ်သေးသေးလေးရယ် ….

သူနဲ့ လဲ မတွေ့ တော့တာ ကြာလှပေါ့ …..
ထောက်လှမ်းရေးတွေ အနားပေးခံရပြီးနောက်ပိုင်း …
တစ်ပတ်အတွင်း လိုင်းခန်းတွေက ဖယ်ခိုင်းတော့ …
မိသားစု ချက်ချင်း နေစရာ ရှာမရလို့ 
တပ်စည်းရိုး ဘေးနားမှာပဲ ခွင့်တောင်းပြီး …
လင်မယား နှစ်ယောက် …
ထမင်းဆိုင်လေး ကပ် ဖွင့်သေးတယ်ထင်တယ် …
နောက်ပိုင်း ခွင့်မပြုတော့တာလား တော့ မသိ …
အဲဒီကတည်းက စပြီး မတွေ့ မိတော့ဘူး …

ဒီအခန်းပဲ ဗိုလ်ကြီး ….
ဆရာကြီး အုန်းမြင့်က ….
ဖြေဖြူနဲ့  ရေးထားတဲ့  အခန်းနံပါတ်ကို …
ဓာတ်မီး အသေးလေးနဲ့  ထိုးကြည့်ပြီး ပြောတယ် …
ဒါနဲ့  ကိုယ်တွေလဲ တံခါးစခေါက်လိုက်တယ် …

ဒေါက်…ဒေါက်..ဒေါက် …
အိမ်ရှင်တို့  အိမ်ရှင်တို့  …
……………………..
သုံးခါလောက် ခေါက်လိုက်တော့ …
အထဲမှာ မီးလင်းလာတယ် ….

ဘယ်သူလဲ ဆိုတဲ့  အသံနဲ့ ..
တံခါးပွင့်လာတယ် …
အထဲမှာတော့ သံတံခါးတစ်ချပ် ကျန်သေးတယ် …
လာဖွင့်ပေးတဲ့သူက အသက် ၄၅ လောက်…
အသားမည်းမည်း ခပ်၀၀ …
အကျီ င်္ချွတ်ကြီးနဲ့  …
ပုဆိုးက ရင်ဘတ်လောက်ထိ တက်ဝတ်ထားတယ်…
အခန်းထဲကို လှမ်းအကဲခတ်လိုက်တော့ …
သံမံတလင်းပေါ်မှာ ဖျာတစ်ချပ်တွေ့ တယ် …
သူက အာ့ မှာအိပ်နေတာ…

ဘေးက ကုတင်ပေါ်မှာက သူ့ အမျိုးသမီး….
သူ့ ဘေးမှာ ကလေးငယ်လေး နှစ်ယောက် …
ခြေကားယား လက်ကားယား အိပ်ပျော်နေကြတယ် …
အမျိုးသမီး က နားမလည်နိုင်တဲ့  မျက်လုံးအစုံနဲ့  ..
ကိုယ်တွေ အဖွဲ့ ကို လှမ်းကြည့်နေတယ်….

ကိုယ်တွေ ပါးစပ်က ခြောက်ကပ်နေတယ် …
အသံက ချက်ချင်းမထွက်တော့ဘူး …
သူတို့ ပုံတွေကြည့်ရတာ ခပ်ရိုးရိုး မိသားစုလေး…
ကုမ္ပဏီ ပိုင်ရှင် သူဌေးပုံ နဲ့ လဲ မတူ ....
ကိုယ်တွေ ဘယ်လို ခွန်အားနဲ့ များ …
ကိုယ့်တာဝန်ကို ကိုယ် ဆက်လုပ်ရမှာပါလိမ့် ….

နောက်ဆုံးမှာတော့ …
ကိုယ်တွေ အသံက ကွဲအက်အက် နဲ့ ထွက်လာတယ် ….
ကျွန်တော်တို့ အမျိုးသား ထောက်လှမ်းရေး ကပါ …
ခင်ဗျား နာမည် ဘယ်သူလဲ …
ခင်ဗျား မှတ်ပုံတင်နဲ့  အိမ်ထောင်စု ဇယားလေး ….
တစ်ချက်လောက် ကြည့်ပါရစေ….

ခုနက နွေးနွေးထွေးထွေး အခန်းလေးရဲ့ လေထုဟာ …
ချက်ချင်း အေးစိမ့် သွားသလိုပဲ …
လာခေါ်တဲ့ သူရဲ့  စိတ်မကောင်းဖြစ်စိတ် နဲ့ …
လာခေါ်ခံရသူ ရဲ့ အကြောက်တရား …
လေထုထဲမှာ အားပြိုင်နေကြတယ် ….
ကိုယ့် ရှေ့ က ခပ်၀၀ မျက်နှာဝိုင်းဝိုင်း တစ်ခုဟာ …
ချက်ချင်း ဇီးရွက်သာသာလောက် ပဲ ရှိတော့တယ် …
ကုတင်ပေါ်က မျက်နှာသွယ်သွယ် တစ်ခုကတော့ …
သွေးဆုတ်ဖြူလျော်လို့  …

ဆရာကြီး အုန်းမြင့်က …
မှတ်ပုံတင် နဲ့  လူကို တိုက်စစ်နေတယ် …
သေချာတော့မှ သူစ ပြောတယ် …
ခင်ဗျား ကျွန်တော်တို့ နဲ့ ခဏလောက်လိုက်ခဲ့ပါ …
ကျွန်တော်တို့  မေးစရာလေးတွေ ရှိလို့ ….
ခုနက အေးစက်နေတဲ့ လေထုဟာ …
အခု ရေခဲမှတ်အောက် ကျဆင်းသွားသလား..???

ဒါပေမယ့် အဲဒီလူ တော်တယ် …
သူက အိမ်ထောင်ဦးစီး ဆိုတဲ့  အသိဝင်လာပုံရတယ် …
ချက်ချင်းပဲ အိနြေ္ဒဆည်တယ် …
ဟုတ်ကဲ့  ..ဟုတ်ကဲ့  …
ကျွန်တော် ဘာယူခဲ့ ရအုန်းမလဲ ဆရာ လို့  ပြန်မေးတယ် …
ဒီတစ်ခါတော့ ကိုယ်ကပဲ ..
ခင်ဗျား အ၀တ် နှစ်စုံ လောက်ထည့်ခဲ့ပါလို့ …
ဝင်ပြောလိုက်မိတယ် …

ဆရာကြီး အုန်းမြင့်က …
ကိုယ့်ကို တစ်ချက် ဖျတ်ကနဲ လှမ်းကြည့်တယ် ….
Rule တစ်ခုကို ကိုယ်တွေ ချိုးဖောက်လိုက်ပြီ …
စစ်ဆေးခံရမယ့်သူဟာ …
သူ ၂ရက် ၃ရက် ကြာကောင်း ကြာနိုင်တယ်လို့  သိသွားပြီ….
ဒါဟာ Breakdown ဖြစ်ခြင်းကို …
အနှောက်အယှက်ပေးသော အချက်တစ်ချက် ……
ကိုယ်က ခပ်တည်တည်နဲ့  …
ဆရာကြီး အုန်းမြင့်ကို မကြည့်ဘဲ ….
မသိချင်ဟန်ဆောင်နေလိုက်တယ် ….

ဟိုဆရာကတော့ အ၀တ်ထည့်ရင်း …
အလွဲလွဲ အမှားမှားတွေ ဖြစ်နေလို့  …
သူ့ မိန်းမက ထ ထည့်ပေးနေတယ် ….
အ၀တ်ထည့်ပြီးတော့ ခဏပါကွာလို့  ….
သူ့ မိန်းမ လက်ကို တစ်ချက်ညှစ်တယ် …
ပြီးတော့ ကျွန်တော်တို့ နဲ့  လိုက်လာတယ် …
တံခါးထပိတ်ပေးတဲ့ သူ့ မိန်းမ ရဲ့ နူတ်ခမ်းဟာ …
တဆတ်ဆတ် တုန်ယင်နေတယ် ….
သူ့ မျက်နှာမှာ လဲ မျက်ရည်စတွေနဲ့ …

ဒီမြင်ကွင်းကို …
ကျွန်တော့် ဘ၀ တစ်လျှောက် ….
ဘယ်တော့မှ မေ့လို့ မရတော့ဘူး …. ။ ။

( ရဲမိုး )

=======================

( ဒါတွေ ကျွန်တော် ပြန်ရေးပြနေတာဟာ …
လုံခြုံရေး အဖွဲ့အစည်းတွေအပေါ် …
အဖြစ်မှန်ထက် လွန်လွန်ကဲကဲ ပုံကြီးချဲ့ အပုတ်ချပြီး. …
နိုင်ငံရေး အမြတ်ထုတ်နေတာတွေကို …
ပြန်ရှင်းပြလိုတဲ့  ရည်ရွယ်ချက်ပါ ….

တစ်ဖက်က ပြောစကားတွေပဲ တွင်ကျယ်နေလို့  …
ကိုယ်တွေက ဒီဘက်ကလူတွေ ဘ၀ကို …
ပြန်ရေးပါတယ်….
နှစ်ဖက်မျှ စဉ်းစားနိုင်ဖို့ ပေါ့ …

တစ်ခုပြောလိုတာက …
ကျွန်တော့်အနေနဲ့ ကတော့ ….
မည်သည့်ထောက်လှမ်းရေး ဖိုင်ကိုမှ ....
ဖွင့်ချမည် မဟုတ်ပါ …
ခြေလျင်စစ်သား ဘ၀ …
လုံခြုံရေး တပ်ဖွဲ့ ဝင်တွေ ဘ၀ …
သူတို့ ရဲ့ စဉ်းစားပုံ စဉ်းစားနည်း …
ဘ၀ ဖြတ်သန်းမှု ….
ဒါတွေကိုပဲ အဓိကထားရေးမှာပါ ….

သဘောမတွေ့ ရင်လဲ …
ကျော်ဖတ်သွားနိုင်ပါတယ်….

အပေါ်အမှုက ခေါ်ခဲ့တဲ့ သူကိုတော့ …
မေးစရာ ရှိတာမေးပြီး …
ညနေပိုင်းမှာပဲ….
ပြန်လွှတ်ပေးလိုက်တယ်လို့  ..
သိရပါတယ် … )
 
 
From:Ye Moe

www.mmdailystar.com

" မေးခွန်းများကို ဖြေပါ "


==============
ဒီရက်ပိုင်းမှာ …
လူမှုကွန်ယက်ပေါ်က စာရေးသူ တစ်ချို့ ဟာ ….
တပ်မတော် နဲ့  ပြည်သူ အပေါ် ….
သွေးကွဲအောင် လုပ်နေတယ်လို့  ….
စွပ်စွဲတဲ့ ရေးသားချက်လေးတွေ ….
ခပ်စိပ်စိပ်လေး တွေ့ လာရပါတယ် ….

ကောင်းပါပြီ ….
ဒီ စာရေးသူတွေဟာ ….
တပ်မတော် နဲ့  ပြည်သူကို သွေးခွဲနေတယ်ဆိုရင် ….
ခင်ဗျားတို့ က ….
ဘယ် အချက်အလက် ဘယ်စံနူန်းတွေနဲ့  ….
တိုင်းတာပြီးပြော သလဲ လို့  ….
ကျွန်တော်တို့  ပြန်မေးရမှာပါပဲ …

ကျွန်တော် ခင်ဗျားတို့ ကို ….
ဒီ မေးခွန်းလေးတွေ မေးချင်ပါတယ် …
ကျေးဇူးပြုပြီး ဖြေလို့ ရရင် ....
ဖြေပေးပါ .....

၁။ လူတိုင်းမှာ တစ်ယောက်နဲ့  တစ်ယောက် ….
မတူကွဲပြားခြားနားတဲ့  အယူအဆတွေရှိတယ် ဆိုတာ ….
ခင်ဗျားတို့  လက်ခံပါ သလား …?

၂။ လူတိုင်းဟာ တည်ဆဲ ဥပဒေကို မချိုးဖောက်ရင် …
ကိုယ့် အယူအဆ ကိုယ် ….
လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့် ရှိတယ်ဆိုတာ ….
လက်ခံပါသလား…?

၃။ ပုံနှိပ် မီဒီယာတွေ က ….
ဖေ့စ်ဘုတ် အကောင့်အတုတွေထက် …
ပိုပြီး တာဝန်ယူ တာဝန်ခံမှု ရှိတယ်ဆိုတာ …
အငြင်းပွားစရာ မရှိပါ….

ဒါပေမယ့် ဖေ့စ်ဘုတ်အကောင့် အတု ….
သုံးစွဲနေသူတွေ အများစုဟာ …
အစိုးရ ကို ထောက်ခံတဲ့ သူတွေ …
အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ သူတွေ ဆိုတဲ့  …
စွပ်စွဲချက်ဟာ တရားမျှတ သဘာဝ ကျပါရဲ့ လား ….

သဘာဝကျတယ်လို့ ဆိုလာရင် …
အချက်အလက် နဲ့  ပြောတာလား … ?
ထင်ကြေး နဲ့  ပြောတာလား …. ?

အချက်အလက် နဲ့  ပြောတာဆိုရင် …
အစိုးရ ထောက်ခံသူ အကောင့် ဘယ်နှစ်ခုရှိလဲ …
အတိုက်အခံ ထောက်ခံသူ အကောင့် ဘယ်နှစ်ခု ရှိလဲ …?
ဘယ်သူက ဘယ်တုန်းက ဘယ်လို စာရင်းပြုစုတာလဲ …?

နောက်ဆုံး ကုန်ကုန် ပြောရရင် …
လူမှုကွန်ယက် ပေါ်က ရေးသားချက်တွေကို ….
ပုံနှိပ် မီဒီယာတွေပေါ်မှာ ….
ဘယ်လို ဘယ်ချမ်းသာ ဝေဖန်နေသူတွေ ကိုယ်တိုင် …
လူမှုကွန်ယက်ပေါ်မှာ အကောင့်အတု တစ်ခုနဲ့  …
Hate Speech တွေ ရေးမနေပါဘူးလို့  ….
ဘယ်သူ တာဝန်ယူပါသလဲ ….?
ဘယ်သူ အာမခံ နိုင်ပါသလဲ ….?

၎။ လူမှုကွန်ယက်ပေါ်မှာ က ….
ကိုယ့် ထင်မြင်ချက် အယူအဆတွေ အားလုံးကို ….
လွတ်လွတ်လပ်လပ် …
အပြန်အလှန် ရေးသားခွင့် ရှိပါတယ် ….
ဒီလို ရေးသားတဲ့ အခါမှာ …
မီဒီယာ ကျင့်ဝတ်နဲ့  မညီတဲ့  ရေးသားချက်တွေ ….
အများကြီး ပါဝင်နေတယ် ဆိုတာ လက်ခံပါတယ် …

ဒါပေမယ့် ပုံနှိပ်မီဒီယာတွေ ဘက်ကရော …
ဘယ်လို အခြေအနေ ရှိနေပါပြီလဲ ….
နှစ်ဖက် အပြန်အလှန် ပြောကြကြေးဆို …
လူမှုကွန်ယက် ဒီလောက် မတွင်ကျယ်သေးတဲ့  …
ရခိုင်အရေးအခင်းမှာ ….
မသီတာထွေး မုဒိန်းကျင့်ခံရပြီး သေဆုံးနေတဲ့ ပုံကို ….
ဂျာနယ်တစ်ခုမှာ မျက်နှာဖုံးပြည့် ထည့်သွင်းဖော်ပြခဲ့လို့  …
လူတွေအားလုံး ဒေါသတွေ အလိပ်လိပ်တက် …
အမုန်းတရား ဒီဂရီမြင့်တက်ခဲ့ရတာတွေ ….
ဟုတ်ပါသလား ….?
မဟုတ်ပါဘူးလား …?

၅။ ပုံနှိပ်မီဒီယာ ဆိုတာဟာ ….
သူ ထည့်သွင်းဖော်ပြ သလောက်သာ …
ပြည်သူက သိခွင့်ရတဲ့  အနေအထားပါ …

လက်ရှိ အခြေအနေမှာ …
ပုံနှိပ် မီဒီယာတွေအားလုံးဟာ …
သတင်းအချက်အလက်တွေကို ….
ပြည်သူလူထုထံ ချပြတဲ့ အခါမှာ ….
ဘက်လိုက်မှု တကယ်ကင်းပါရဲ့ လား …?

ကင်းတယ် ဆိုရင် ….
လောလောလတ်လတ် ဥပမာ အနေနဲ့  …
လွှတ်တော်ထဲမှာ အပြန်အလှန်ဆွေးနွေးကြတဲ့  ….
PR စနစ်အကြောင်း ရေးသားဖော်ပြတဲ့ အခါမှာ …
ပုံနှိပ်မီဒီယာ အများစုဟာ ….
PR စနစ်ကို ကန့် ကွက်တဲ့သူတွေရဲ့  ဆွေးနွေးချက်တွေကိုပဲ …
အသားပေး ထည့်သွင်းဖော်ပြသွားပြီး ….
ထောက်ခံဆွေးနွေးတဲ့ ဘက်က အဆိုတွေကို …
ဖော်ပြတာ သိပ်မတွေ့ ရပါဘူး…
ဘာဖြစ်လို့ ပါလဲ ….

ဒါဟာ ….
ခင်ဗျားတို့ တစ်ချိန်လုံး ကြွေးကြော်နေတဲ့  …
စာနယ်ဇင်း ကျင့်ဝတ်နဲ့ ရော ညီပါ ရဲ့ လား…?

၆။ လူမှုကွန်ယက်ပေါ်က ….
အကောင့်အတုတွေကို ထိန်းချုပ်ဖို့ ဆိုတာ ….
ဖွံဖြိုးပြီး နိုင်ငံတွေမှာတောင် မလွယ်ကူကြောင်း …
လူမှုကွန်ယက် အသုံးပြုနေသူအားလုံး …
သိထားတဲ့ ကိစ္စပါ …

အသံထွက်ရ ခက်တဲ့  အင်္ဂလိပ်နာမည် တစ်ခု….
မိန်းကလေး ပရိုဖိုင် နဲ့  …
သူ့ ဂျီမေးကို ဆက်သွယ်ပေးဖို့  ခဏခဏပြောလာတဲ့  …
ချက်ဘောက်ထဲက မက်ဆေ့တစ်ချို့ ကို …
လူတိုင်း ကြုံဖူးကြမှာပါ ….

အကောင့်အတု တစ်ခုဖွင့်ဖို့  …
၅မိနစ်ပဲ ကြာတဲ့  ဒီနေ့  ဒီအချိန်မှာ ….
အကောင့်အစစ်နဲ့  မိမိ ဘယ်သူဘယ်ဝါဆိုတာဖော်ပြပြီး …..
သူ ယုံကြည်ရာ ရေးသားနေတဲ့ သူတစ်ချို့ ကို …
ကိုယ်နဲ့  နိုင်ငံရေးအယူအဆ မတူတာနဲ့  ….
နာမည် နဲ့ တကွ ဖော်ပြရေးသား ....
ဖိအားပေးလာမယ် ဆိုရင် ….
အလွန်ကို စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်တစ်ခုလို့  …
ကျွန်တော်တို့ ခံစားရပါတယ် ...

ဒါဟာ တကယ်ရော ....
တရားနည်းလမ်း ကျ ပါရဲ့ လား ….?

၇။ နောက်ဆုံး မေးခွန်းတစ်ခု ကတော့ ….
ကျွန်တော် အခု လတ်တလော ခံစားမိနေတာလေး ပါ …

ပုံနှိပ်မီဒီယာတွေဟာ ကျွန်တော်တို့ ကို …
ဖေ့စ်ဘုတ် မသုံးစေချင်တော့ဘူးလား ????

ဒါမှမဟုတ် ဖေ့စ်ဘုတ်မှာ …
အတိုက်အခံ အုပ်စုတွေကိုပဲ ရှိနေစေချင် ….
ရေးနေစေချင်တာ ပါလား ????

ဒါမှမဟုတ် …
လူမှုကွန်ယက်ကြီး တစ်ခုလုံးကို ပိတ်ပြစ်လိုက်ပြီး …
ပုံနှိပ်မီဒီယာတွေပဲ ရှိနေစေချင်တာပါလား ????

ကျွန်တော်တို့  ကိုယ်ယုံကြည်တာ ကိုယ်ရေးလို့ မရဘူးလား ..???
အခုခေတ်က စစ်အုပ်ချုပ်ရေး ခေတ်လား ????
ဒီမိုကရေစီစနစ် အရပ်ဖက်အုပ်ချုပ်ရေးခေတ် မဟုတ်ဘူးလား …???

ကျွန်တော်တို့  က လွတ်လပ်တဲ့ သူတွေ မဟုတ်ဘူးလား …????

ကိုယ့်စိတ် နဲ့ ကိုယ့် ကိုယ် ….
အစိုးရကို ထောက်ခံတော့လဲ ဘာဖြစ်ပါသလဲ ….???
အတိုက်အခံကို ထောက်ခံတော့လဲ ဘာဖြစ်ပါသလဲ …???
ဘယ်သူ့ ကိုမှ မထောက်ခံတော့လဲ ဘာဖြစ်ပါသလဲ…???

ကျေးဇူးပြုပြီး ….
မေးခွန်းများကို ဖြေပေးပါ ….. ။ ။

From: ( ရဲမိုး )

www.mmdailystar.com

ပင်စင်စား အောက်ခြေအဆင့်တပ်မတော်သားများအတွက် အထပ်မြင့်အိမ်ရာ တည်ဆောက်ပေးရန် စီမံချက်ရေးဆွဲနေပြီ




တပ်မတော်မှ အသက်ခြောက်ဆယ်ပြည့် ပင်စင်ယူထားသော အောက်ခြေတပ်မတော်သားများကို အထပ်မြင့် စစ်မှုထမ်းအိမ်ရာ တည်ဆောက်ပေးသွားမည်ဟု အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

အထပ်မြင့် စစ်မှုထမ်းအိမ်ရာများကို အောက်ခြေအနိမ့်ဆုံးအဆင့် ရိုးရိုးတပ်သားမှစပြီး အရာခံဗိုလ်အဆင့်အထိရှိသူများအတွက်သာ ဆောက်လုပ်ပေးခြင်း ဖြစ်သည်။

“အသက် ၆၀ ပြည့်ဖြင့် အငြိမ်းစားယူ နုတ်ထွက်ခွင့်ရရှိသူများအပါအ၀င် စစ်ဆင်ရေးတွင် ရန်သူလက်နက်ဖြင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးအဆင့်နိမ့်ဖြင့် အငြိမ်းစားနုတ်ထွက်ခဲ့သူများအား ကိုယ့်အိုးကိုယ့်အိမ်ဖြင့် အေးချမ်းစွာ ဘ၀ရပ်တည်နိုင်ရေးအတွက် အထပ်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ ဆောက်လုပ်ပေးရန် စီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒု-၀န်ကြီးက ဆက်ပြောသည်။

ထို့အပြင် စစ်ဆင်ရေးတွင် ကျဆုံးသေဆုံးခဲ့သူများ၏ မှတ်တမ်းဝင်အမွေခံ မိသားစုဝင်များလည်း အဆိုပါအထပ်မြင့် စစ်မှုထမ်းအိမ်ရာများတွင် ရရှိမည် ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါစီမံချက်အရ ၂၀၀၃ မှ ၂၀၁၂ ခုနှစ်အထိ အသက် ၆၀ ပြည့်ဖြင့် နုတ်ထွက်ခွင့်ရရှိခဲ့သူ စစ်မှုထမ်းအရေအတွက်အပေါ် အခြေခံတွက်ချက်ရာတွင် တစ်နှစ်လျှင် ၁,၁၂၃ ဦးခန့် ရှိသည်ဟု ဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို အသက်စွန့်၍ ၂၄ နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သား အခြားအဆင့်များ အသက် ၆၀ ပြည့် အငြိမ်းစားယူသည့်အခါ ရရှိသည့် အငြိမ်းစားလုပ်သက်ဆ ကြေးငွေဖြင့် ၀ယ်ယူနေထိုင်သော တန်ဖိုးနည်းအိမ်ခြံမြေ သို့မဟုတ် တိုက်ခန်းများကို တပ်မတော်က သော်လည်းကောင်း သို့မဟုတ် နိုင်ငံတော်အစိုးရကသော်လည်းကောင်း စီစဉ်ပေးရန် ရှိ၊ မရှိ မေးမြန်ခဲ့ခြင်း ဖြစ်သည်။

“တပ်က အသက်ခြောက်ဆယ်ပြည့်လို့ အပြင်ရောက်တော့ အိမ်နဲ့ခြံနဲ့ ရပ်တည်နိုင်သူ မရှိသလောက်ပါပဲ။ အပြင်ရောက်ပြီးတော့လည်း ၀င်ငွေရဖို့ အလုပ်လုပ်ဖို့က ခွန်အားရင်းနှီးပြီးလုပ်ဖို့က နုပျိုတဲ့၊ ပြည်ဝတဲ့ခွန်အားတွေဟာ တိုင်းပြည်အတွက် ပေးဆပ်ကုန်ခမ်းသွားပြီး ပုံမှန်ရတာကတော့ အငြိမ်းစားလစာတစ်ခုပဲဖြစ်တယ်။ နေစရာမရှိ၊ အငြိမ်းစား လစာကလေးနဲ့ ရပ်တည်ရပါတယ်။ အငြိမ်းစားလခထဲက အိမ်ငှားနေဖို့ ခက်ပါတယ်။ အသက်ခြောက်ဆယ်ပြည့်ရင်တော့ အိမ်ကလေးတစ်လုံးတော့ အမှန်လိုအပ်ပါတယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမန်းကံညွန့်က ပြောသည်။

အဆိုပါ အငြိမ်းစားယူသူများကို တိုက်ခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိတိုက်ခန်း ဆောက်လုပ်မည်ဆိုပါက ၁,၁၂၃ ဦးအတွက် ကျပ်သန်း ငါးထောင်ကျော် (၅,၀၂၁,၃၇၁,၆၆၆ ဒသမ ၂၆ ကျပ်) ကုန်ကျမည်ဖြစ်ပါသည်။ သို့မဟုတ် ကျပ်သိန်း ၁၂၀ တန်းဖိုးရှိ တိုက်ခန်း ဆောက်လုပ်မည်ဆိုပါက ကျပ်သန်း ခုနစ်ထောင်ကျော် (၇,၂၆၇,၃၇၁,၆၆၆ ဒသမ ၂၆) ကုန်ကျမည်ဟု ခန့်မှန်းထားသည်ဟု ဒု-၀န်ကြီးက ဆက်ပြောသည်။

“အဆိုပါကုန်ကျစရိတ်များကို တပ်မတော် အထွေထွေသက်သာချောင်ချိရေး ရန်ပုံငွေက စိုက်ထုတ်သုံးစွဲသွားမှာ ဖြစ်ပါတယ်”ဟု ဒု-၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

အထပ်မြင့် စစ်မှုထမ်းအိမ်ရာများ ဆောက်လုပ်ပေးပြီး ကုန်ကျစရိတ်များကို တပ်မတော်မှ စစ်မှုထမ်းသက် ၃၅ နှစ်မှ ၄၂ အထိ သက်ပြည့်နုတ် ထွက်ခွင့်ရရှိသူများကို စစ်မှုထမ်းများ၏ လုပ်သက်ဆုကြေးငွေများကို တွက်ချက်ရာတွင် ကျပ်သိန်းငါးဆယ် ကျော်ရရှိမည်ဖြစ်သည့်အတွက် အဆိုပါငွေကြေးများထဲမှ ခုနှိမ်သွားမည်ဟု ဖြေကြားခဲ့သည်။

အဆိုပါစီမံကိန်း ရေးဆွဲဆောင်ရွက်လျက်ရှိသည်ဟုသာ ဖြေကြားခဲ့ပြီးမည်သည့် အချိန်၊ မည်သည့်တည်နေရာများတွင် တည်ဆောက်သွားမည်ကို ပြောကြားခဲ့ခြင်း မရှိပေ။ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူနုတ်ထွက်ခွင့် ရရှိသူများသည် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် စစ်မှုထမ်းဟောင်း အိမ်ရာများတွင် နေထိုင်လိုကြောင်း တင်ပြလာသူများရှိသည်ဟု ဒု-၀န်ကြီးက ပြောသည်။

တပ်မတော်မှ အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းအိမ်ရာများကို ၂၀၀၉ ခုနှစ် မေလမှ ၂၀၁၄ ခုနှစ်၊ မေလအချိန်အထိ စုစုပေါင်း ၃၁၁ ဦး နေရာချထားပေးပြီးဖြစ်သည်ဟု ဖြေကြားခဲ့သည်။


www.mmdailystar.com

ဗိုလ်ချုပ်နှင့် မလုပ်စားစေချင်


ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းခေါင်းဆောင်၊ လွတ်လပ်ရေးဖခင် တစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း သေဆုံးမှုသည် အမျိုးသားရေး ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း ဆရာချစ်ဦးညိုမှ ပြောခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင် ဒေါက်တာဆွန်ယက်ဆင်၊ ဗီယက်နမ်နိုင်ငံတွင် ဟိုချီမင်း၊ အိန္ဒိယနိုင်ငံတွင် မဟတ္တမဂန္ဒီ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုကာနီ၊ ဖိလစ်ပိုင်နိုင်ငံတွင် ဟိုဆေးရီဇာ စသည့်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ နိုင်ငံများတွင် နိုင်ငံ့ဂုဏ်ဆောင်သူများ၊ လွတ်လပ်ရေးဖခင်နှင့် အမျိုးသားရေးဖခင်များ ဖြစ်ကြသည်။ ၎င်းတို့ကို တစ် နိုင်ငံလုံးကပိုင်ဆိုင်ပြီး ၎င်းတို့ဆုံးရှုံးမှုကို နိုင်ငံတော်ဆုံးရှုံးမှုဟု ခံယူထားကြသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူ ဖြစ်သည်။

ဗိုလ်ချူပ်အောင်ဆန်းအပေါ်ထားရှိသည့် မြန်မာလူထု၏ သဘောထားမှာ ဂန္ဒီ၊ ဆွန်ယက်ဆင်၊ ဟိုချီမင်း၊ ရီဇာ တို့အပေါ် ၎င်းတို့နိုင်ငံသားများထားရှိသည့် သဘောထားထက် ပိုမိုလေးနက်သည်။ ထိုအချက်သည် လက်ရှိနိုင်ငံရေးသမား အချို့အတွက် အခွင့်ကောင်းဖြစ်လာသည်။ ထို့ကြောင့် တစ်မျိုးသား လုံးပိုင်ဆိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းကို ပါတီပိုင် အဖြစ်အသုံးချလာသည်ကို စိတ်မကောင်းဖွယ် တွေ့လာ ရသည်။

NLD ပါတီမှ ပါတီရုံးများ၊ ပါတီအလံအောက် နှင့် ပါတီဆိုင်းဘုတ်များ အောက်တွင် ဗိုလ်ချုပ်ပုံ ချိတ်ဆွဲခြင်းများ၊ ပါတီ ဆိုင်ရာ မဲဆွယ်ပွဲများ၊ ပါတီဟောပြောပွဲများတွင် NLD ပါတီနှင့် တစ်သီးတစ်ခြား လုံးဝမသက်ဆိုင်သည့် ဗိုလ်ချုပ် အောင်ဆန်းပုံကို ချိတ်ဆွဲမှုများ ပြုလုပ်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဗိုလ်ချုပ်ပုံပြကာ အလှူခံမှုများ ပြုလုပ်နေသည်ကိုတွေ့ရပြီး တစ်ခါတစ်ရံတွင် ဗိုလ်ချုပ်ပုံများကို မြေပြင်ပေါ်ချရောင်းကာ ရံပုံငွေရှာဖွေ နေမှုများကို စိတ်မကောင်းဖွယ် တွေ့ရသည်။

ဗိုလ်ချုပ်သည် NLD ပါတီဝင်တစ်ဦးမဟုတ်သလို NLD ဆိုင်းဘုတ်နှင့် အလံအောက်တွင် ရှိသင့်သည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာ၏ဖခင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးဖခင်တစ်ဦး ဖြစ်သည်။ သို့သော် ရှိက်ဟာဆီနာသည် ဖခင်ဓာတ်ပုံဖြင့် မဲဆွယ်ခြင်း၊ ၎င်း၏ ရုံးရှေ့တွင် ဖခင်ဓာတ်ပုံ ချိတ်ခိုင်းခြင်း မျိုးမရှိပေ။ အခြားနိုင်ငံများတွင်လည်း အလားတူဖြစ်သည်။ ကမ္ဘာပေါ်တွင် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေး ဖခင်ကို ပါတီတစ်ခု၏ အလံနှင့် ဆိုင်းဘုတ်အောက်သို့ သွတ်သွင်းသည့်နိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံသာရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးပါတီ ၂ ခုသာ ရှိသော်လည်း သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ပါတီပေါင်းကလည်း ၆၀ ကျော်ကွဲပြားနေရာ ပါတီတစ်ခုမှ ဗိုလ်ချုပ်အောင်ဆန်းကို ပါတီ ပိုင်သတ်မှတ်ကာ ပါတီဆိုင်ရာကိစ္စများတွင် အပိုင်စီးအသုံးချခြင်းသည် ကျန်ပါတီပေါင်း ၆၀ ကျော်၏ ဗိုလ်ချုပ်အပေါ် ထားရှိသည့်လေးစားမှုကို လျော့ကျစေလိမ့်မည် ဖြစ်သည်။

NLD ပါတီသာမက အခြားတက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးနေမျိုးဇင်၊ ဦးဝင်းချို တို့အပါအဝင် အမည်မျိုးစုံနှင့် အဖွဲ့များ၊ သမဂ္ဂများ၊ ကွန်ယက်များနှင့် ဖောင်ဒေးရှင်းများအနေဖြင့်လည်း ခေါင်းစဉ်မျိုးစုံဖြင့် ပြုလုပ်သည့် ဆွေးနွေး ပွဲများ၊ ဆန္ဒပြပွဲများ ပြုလုပ်ချိန်၌ မလိုအပ်ပဲ ဗိုလ်ချုပ်ပုံများ ပေါပေါလောလော သုံးစွဲနေခြင်း မပြုသင့်ပေ။ အလားတူ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများအနေဖြင့်လည်း ဆန္ဒပြပွဲများတွင် မသုံးသင့်သလို ပြည်တွင်းရှိ ကွမ်းယာ ဆိုင်၊ အရက်ဆိုင်ရှေ့တွင် ချိတ်ဆွဲခြင်းများ မပြုလုပ်သင့်ပေ။

ဤကဲ့သို့သော လုပ်ဆောင်မှုကို အခြား တာဝန်သိ ပြည်သူများနှင့် အဖွဲ့အစည်းများက တားမြစ်ခြင်းများ၊ ကြေညာချက် ထုတ် ကန့်ကွက်ခြင်းများ ပြုလုပ်သင့်သလို ပါတီများ၏ လုပ်ဆောင်မှုကိုလည်း ရွေးကောက်ပွဲကော်မရှင်မှ သတိပေး ခြင်းများ၊ အရေးယူခြင်းများ ပြုလုပ်သင့်သည်။ သို့သော် ယနေ့အထိ ကန့်ကွက်သူ၊ ကြေညာချက်ထုတ်သူ၊ တားမြစ် သူဟူ၍ မတွေ့ရသေးပေ။ ရွေးကောက်ပွဲကော်မရှင်အပါအဝင် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ် တစ်ဦးအား သိက္ခာညှိုးနွမ်းစေမည့် လုပ်ဆောင်မှုများကို ကြည့်မနေသင့်ပေ။ နိုင်ငံတော်ကိုယ်စားပြု ခေါင်းဆောင် တစ်ဦး၏ ရုပ်ပုံကို လွတ်လပ်ရေးနေ့အခမ်းအနား၊ ပြည်ထောင်စုနေ့အခမ်းအနား၊ အာဇာနည်နေ့အခမ်းအနား စသည့် နိုင်ငံတော် အခမ်းအနားများတွင်သာ အသုံးပြုသင့်သည်။ ကျရာကြုံရာပွဲလမ်းအသေးအဖွဲတိုင်းမှာ ဖောဖောသီသီ မသုံးသင့်ပေ။ သို့မှသာ အခမ်းအနားလည်း ပိုမို ထည်ဝါသွားမည်ဖြစ်ပြီး လွတ်လပ်ရေးဖခင်ကြီး၏ ဂုဏ်ရောင်မှာလည်း ပိုမို တောက်ပြောင်လာမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်သည်။ မည်သူနှင့်မျှ တုနှိုင်းယှဉ်စရာ မရှိသလို မည်သည့် အရောင်မျှ မဆိုးသင့်၊ မည်သည့်အလံအောက်ကိုမှ မထားသင့်သည့် သီးသန့်ပုဂ္ဂိုလ် ဖြစ်သည်။ ယနေ့ခေတ်မှာ ပွင့်လင်းလာပြီဖြစ်ပြီး ပြည်သူအားလုံးက ကျိုးကြောင်းစီလျော်စွာ တွေးခေါ်နေကြပြီဖြစ်ရာ NLD ပါတီနှင့် အခြား နိုင်ငံရေးလှုပ်ရှားသူများအနေဖြင့် ဗိုလ်ချုပ်ဓာတ်ပုံသုံးကာ နိုင်ငံရေး အမြတ်ထုတ် လုပ်စားနေခြင်းများကို ရပ်တန်းက ရပ်ကြဖို့ အချိန်ရောက်ပြီ ဖြစ်ပါသည်။

(ဗိုလ်ချုပ်ကို လေးစားသူ လူငယ်တစ်ဦး)
From:Sitt Naung

www.mmdailystar.com

ဒေသခံ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်


ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။`` သမီးကို ဖမ်းသွားပြီး အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့ ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက ၀ိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု ၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။
KIA တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ………… လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။

`` မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့ လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

မူကြိုဆရာမ မ………… သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။

From: ညီသစ် (မြစ်ကြီးနား)

www.mmdailystar.com

တပ်မတော်သားများမှ လမ်းနှင့် တံတား ပျက်စီးနေမှုအား ပြုပြင် ဆောင်ရွက်ပေး






ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်း မြို့နယ်တွင် ဇူလိုင် ၂၃ ရက်မှ စတင်၍ မိုး အဆက်မပြတ် ရွာသွန်း မှုကြောင့် မိုင်းဖြတ်-မိုင်းယောင်းသွား ကားလမ်းရှိ မုန်းလိုက်တံတားမှာ ရေတိုက်စားပြီး တံတား အဝင် ချဉ်းကပ်လမ်း အလယ်နေရာ အထိ အရှည် ၅ ပေ၊ အောက်ခြေ အနက် ၅ ပေ၊ အကျယ် ၈ လက်မ မြေကျွံမှုနှင့် ဘယ်ဘက် ကမ်းကပ်ခုံ ကွန်ကရစ် အက်ကွဲမှု ဖြစ်ပွား ခဲ့သောကြောင့် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ၍ မရဘဲ နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်လျက် ရှိသည်။

အဆိုပါ တံတား ပျက်စီးမှုအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ ပူးပေါင်းကာ ဇူလိုင် ၂၇ ရက်မှ စတင်၍ ပြင်ဆင်လျက် ရှိပြီး ယနေ့တွင် နှစ်တန်အောက် ယာဉ်ငယ် များဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
 
 
 
 
From:Sitt Naung

www.mmdailystar.com

ဝေဖန်ခံနေရသည့် g-string ၀တ်ပြီး တင်ပါးအလှပြ ထားသော သီချင်းခွေ ကာဗာဓာတ်ပုံအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ အဆိုတော်

Nicki Minaj တစ်ယောက် သူမရဲ့နောက်ဆုံး single သီချင်း Anaconda အတွက် cover art မှာ ဘာမှမဖုံးကွယ်ထားသလောက် ၀တ်ဆင်ထားပြီး အရိုက်ခံထားတဲ့ ဓာတ်ပုံတစ်ပုံကိုအသုံးပြုခဲ့ပါတယ်။ အင်္ဂါနေ့က သူမရဲ့ Instagram စာမျက်နှာမှာအဲဒီ့ပုံကို တင်ခဲ့တာဖြစ်ပြီး ပန်းရောင်း g-string အဆင့်ရှိအောက်ခံဘောင်းဘီကိုဝတ်ဆင်ပြီး သူမရဲ့တင်ပါးအလှအပြည့်အစုံကို ပြသထားတဲ့ပုံဖြစ်ပါတယ်။ အဲဒီ့ပုံကြောင်း များစွာသော ဒေါ်သထွက်နေတဲ့ tweet တွေနဲ့ မှတ်ချက်တွေ Instagram မှာပြည့်လျှံခဲ့ပါတယ်။ ဒါပေမယ့် အခြားဓာတ်ပုံတွေကိုတင်ပြီး အမျိုးသမီးတွေရဲ့ဗလာကျင်းနောက်ခြမ်းကို ပြသပြီး လူ့အဖွဲအစည်းထဲမှာ လက်သင့်ခံတဲ့အတွက် ဘယ်သူတွေဘာထင်ထင် ဂရုမစိုက်ကြောင်းပြောပါတယ်။ Nicki ရဲ့မကြာမီထွက်ရှိမယ့် album The Pink Print မှာပါဝင်တဲ့ Anaconda ကို iTunes ကနေ ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်မှာဖြစ်ပါတယ်။

Ref:starpulse.com

From: Trend Myanmar

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...