Thursday, 31 July 2014

ပြန်ကြားရေးနဲ့ ကျန်းမာရေးဝန်ကြီးသစ်တွေ ခန့်အပ်ဖို့ သမ္မတ အဆိုပြု

လစ်လပ်နေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနေရာအတွက် ဒုတိယ၀န်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာ အတွက် ဒုတိယ၀န်ကြီး ဒေါက်တာသန်းအောင်ကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုလွှတ်တော်ထံ မနေ့ကရက်စွဲနဲ့ သ၀ဏ်လွှာပေးပို့ အဆိုပြုလိုက်ပါတယ်။
သမ္မတဦးသိန်းစိန် အဆိုပြုထားသူတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။
"ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာတွင် ၄င်းဌာန၏ ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာထူးနေရာမှာ ၄င်းဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာ သန်းအောင် တို့အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားတဲ့စာမိတ္တူများကို ကိုယ်စားလှယ်များထံသို့ ဖြန့်ဝေထားပါတယ်၊ အခြေခံဥပဒေပုဒ်မ ၁၃၂ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသော အရည်အချင်းများ မပြည့်စုံပါက သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုသူရှိပါက အရည်အချင်းအမည် စာရင်းပေးပို့နိုင်ကြောင်း ကြေညာပါတယ်"
ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန်နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးကြရမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် တို့ကို နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မနေ့က နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတရုံးရဲ့ ကြေညာချက်မှာ အဲ့ဒီဝန်ကြီး ၂ ဦးကို သူတို့ရဲ့ သဘောဆန္ဒအလျှောက် ရာထူးကနေ နှုတ် ထွက်ခွင့်ပြုလိုက်တယ်လို့ ဖေါ်ပြထားပါတယ်။
From:RFA

www.mmdailystar.com

Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ဖိုး တစ်လ ၁ သိန်းအနည်းဆုံးဖြစ်





Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ကိုကိုယ်သုံးစွဲတဲ့ Data ပမာဏအလိုက်ကောက်ခံမှာဖြစ်ပြီး Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ်လို့သိရပါတယ်။ အခု ကျွန်တော် လက်ရှိ ဖုန်းအင်တာနက်ကိုနေ့စဉ်ပုံမှန်သုံးနေတာ တစ်ပတ်ကို Data 1GB နီးပါး လောက်ကုန်ပါတယ်။ အဲ့ဒါ ဖိုင်အကြီးကြီးတွေ Download မလုပ်ပါဘူး။ Youtube ကြည့်တယ် ၊ Facebook သုံးတယ် ၊ Viber , Skype ပြောတယ် ၊ Website တွေကြည့်တယ် ၊ အဲဒါပဲလုပ်ပါတယ်။ တစ်လကို 4GB လောက်ပုံမှန်ကုန်ပါတယ် ။ ဒီက Mobile Operator "Singtel" ကရောင်းတာ တစ်ပတ်စာ 1GB plan ကို Singapore Dollar ၇ ဒေါ်လာဖြစ်တဲ့အတွက် မြန်မာငွေအားဖြင့် ၅၄၀၀ ကျပ်ခန့်ကုန်ကျပါတယ်။

တစ်လကို မိုဘိုင်းအင်တာနက်ဖိုး ၂၈ ဒေါ်လာ ၊ မြန်မာငွေအားဖြင့် ၂၁၈၄၀ ကျပ်ခန့်ကုန်ကျပါတယ်။ အခု မြန်မာပြည်မှာ Ooredoo ကယူမယ့် Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ် ပမာဏအတိုင်းဆိုရင် တစ်လကို 4 GB ပုံမှန်သုံးတဲ့အနေအထားဆို တစ်လကို ၁ သိန်းကုန်ကျနေပါမယ်။ တခြားနိုင်ငံတွေမှာတောင် Mobile အင်တာနက်ကြေး ဒီလောက်မများတာ အခုကောက်ခံနေတဲ့နှုန်းထားတွေက မြန်မာပြည်အနေအထားနဲ့ဆို
- တော်တော်ကြီးကိုများနေပါတယ်။ သာမန်သုံးမယ့် Users တွေအတွက်ကိုက ဈေးအလွန်များနေပါတယ်။

Ooredoo ရဲ့ Mobile Internet နဲ့ File အကြီးကြီးတွေ Download လုပ်ဖို့အားခဲထားတဲ့ User တွေဆိုရင် တစ်လတစ်လ ပိုက်ဆံလေးငါးသိန်းလောက် Internet Bill ဖိုးပေးဖို့ အိတ်ထဲမှာဆောင်ထားရပါလိမ့်မယ်။ ယခုသုံးသပ်ပြသွားတာဟာ လက်ရှိ Ooredoo အစမ်းကဒ်တွေမှာ Internet သုံးစွဲနေကြတဲ့ သူတွေ Internet ဖိုး ငွေဖြတ်ခံရတဲ့ တကယ့်အခြေအနေတွေပေါ်မှာမူတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ်။ Users တွေက နှစ်ခြိုက်မှုမရှိရင်တော့ ဒီနှုန်းထားတွေကို လျော့ပေါ့ပေးဖွယ်ရှိနိုင်ပါတယ်။

Ooredoo မှလက်ရှိကောက်ခံနေသော Mobile Internet Data နှုန်းထား

1 MB = ၂၅ ကျပ်
10 MB = ၂၅၀ ကျပ်
100 MB = ၂၅၀၀ ကျပ်
1 GB = ၂၅၀၀၀ ကျပ်

From: သက်နိုင်စိုး

www.mmdailystar.com

“ထမင်းချက်ကောင်းတဲ့ လူကိုသဘောကျရင် အန်တီ့သားကို အိမ်ဖော်နဲ့ပဲ ပေးစားလိုက်ပါတဲ့ ”

မနေ့က စပြီး အဲ့ စတေးတပ်တစ်ခု ကျွန်တော်စတွေ့ တယ် ဗျ နောက်တော့ သတိထားမိသွား တာ ဖဘ ကမိန်းကလေး တော်တော်များများ ရှဲ ကြတာနဲ့ သတိထားမိနေတာ ဗျာ အဲ့ စတေးတပ် ကဘာတဲ့
“ထမင်းချက်ကောင်းတဲ့ လူကိုသဘောကျရင် အန်တီ့သားကို အိမ်ဖော်နဲ့ပဲ ပေးစားလိုက်ပါတဲ့ ”
သိပ်နည်းလမ်းမကျ သလိုပဲဗျ ကျွန်တော်မှားတယ် မှန်တယ်မပြောဘူးနော် နည်းလမ်းမကျဖူးလို့ပဲပြောချင်တာ ဒီစတေးတပ် ကို ဘယ်သူက စရေးသလဲ ဆရာမဂျူးတော့ဟုတ်ဟန်မတူဘူး အမေရိက က သမီးတော်ကြီးပဲလား ဟိုမိန်းမဝါဒီ ပေ့ခ်ျ ကပဲလား ခပ်ပေါပေါမြန်မာကားတကားကပဲလား
တင်စီးတဲ့ ယောက္ခမလောင်းကို ကြည့်မရတာနဲ့ ခပ်ရွဲ့ ရွဲ့  ပြောလိုက်တင်လိုက်တာ နေမှာပါ ကြီးကြီးမားမား တွေးထား ရည်ရွယ်ထားဟန်မတူာဘူး ကျွန်တော်မသိပါဘူး ။
ကျွန်တော် သည် လည်း မဟာပုရိသ ယောကျာင်္း ဝါဒီ မဟုတ်သလို
ယောကျာင်္းမုန်းဝါဒ မဟာ ကုတ္တိယ ဝါဒကိုလည်း အားမပေးပါဘူး ။ ယောကျာင်္း မကောင်းဘူးတွင်တွင်ရေးပြီး ယောကျာင်္းနဲ့ မကင်းနိုင် ပရိုဖိုင်ထဲတောင် ယောကျာင်္း ပုံကြီးတကားကား နဲ့ အကိုးကွယ်ခံ U S မျေက်မောင်းမ အခွက်နဲ့ မယ်တော်ကြီးတွေကလည်း ရှိသကိုး။ ကိုယ်ကမကင်းနိုင်ဘူးလေ မကောင်းမပြောဘူးပေါ့ခိခိ ..
တကယ်တော့ ယောကျာင်္းမှကောင်းတယ် မိန်းမမကောင်းဘူး ဘာညာ မရှိပါဘူး ကောင်းတယ်ဆိုးတယ်ဆိုတာလည်း လူတွေပါပဲ လိင် နဲ့မဆိုင်ပါဘူး ကျွန်တော်တို့တောင် အမေနဲ့ အဖေ ၂ယောက်ပေါင်းပြီး မှလူဖြစ်လာရတာ မလား ?
ထားတော့ ခုနစတေးတပ်စ် ကိုပြန်ကြည့်ရအောင် ရေးတဲ့သူကို ထားလိုက် သောင်းသောင်းဖြဖြ Like ကြတဲ့ မမများကို ကျွန်တော်မေးချင်တာ က ….
မြန်မာပေါပေါကားတွေ ကိုယီးယား အိမ်ထောင်ရေးကားတွေကြည့်ပြီ ချွေးမဟူသည် ယောက္ခမ နဲ့ ever ရန်သတ်ရမယ် ဆိုတဲ့ idea သူတို့ သစ်ကြားသီးသာသာ ဥနှောက်ကလေးထဲ build in များပါနေသလား ?
ထမင်းဟင်းအချက်အပြုတ်ကောင်းတဲ့အမျိုးသမီးတိုင်းသည် အိမ်ဖော်လား ?
အလှအပမကြိုက် big eyeမ တပ် တကိုယ်လုံးဘရန်းဆင် သူဌေးသားဘဲကိုထား ကလပ်ကိုသွား လှလှပပ ကြွကြွ ရွရွ မနေပဲ မီးဖို ချောင်ထဲ ဆီးဂျီးပေ မီးသွေးပေ တကုပ်ကုပ်နဲ့နေနေရင်ပဲ တောကျနေ date out နေပြီလား ခေတ်မမှီတောဘူးလား အိမ်ဖော်ဆန်နေပြီလား?
်ထမင်းဟင်းချက်ကောင်းတဲ့ နင်တို့အမေ အဘွား ကကော အိမ်ဖော်မ ကြီးတွေ ဟုတ်ခဲ့လို့လား လို့ ငပေါက်တို့ မေးလိုက်ချင်တာ နှုတ်ခမ်းပေါ် ခူယားနဲ့ ဘောက်ဖတ် discoတွဲကနေ သလိုပဲ ပါးစပ်ကိုယားလို့ …
ထားလိုက်ပါ တခါကဟာသ လေးတောင်ကြားဖူးပါတယ် “ကျွန်မ လက်ရာက ရှင့်အမေ တဝက်တောင်မကောင်းဖူး ဆိုရအောင်ရှင့်ဝင်ငွေ ကကောကျမအဖေ လေးပုံတပုံတောင်ရှိလို့လား ဆိုတဲ့စကားလေးပါ ” ဟုတ်ပါတယ် အခုခေတ် က အိမ်ထောင်ဦးစီး တယောက်အလုပ် လုပ်ရင် တမိသားစုလုံးစားလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး လင်ရောမယားရောယဉ်ဘောင်တန်း အလုပ်သွား ရှိတာ ဝယ်စား ချိုင့်ဆွဲစား နေရတဲ့ ခေတ် အဲလိုမျိုး မအားလို့ ရုန်းကန်ရလို့ ဆိုရင်တမျိုးလေ
အခုဟာက ” ဟင်နင်ယောကျာင်္း ယူတော့မလို့လား ထမင်းရောဘယ်လို လုပ်မလဲ ဘယ်သူချက်မလဲ ?”ဆိုရင် “သိပုလေ သာမီးက ထမင်းချက် အိမ်ဖော် အဒေါ်ကြီးတယောက်လောက်ခေါ်ထားမပေါ့ ” ဆိုတဲ့ ခပ်တိမ်တိမ် အတွေးနဲ့ ဘော်ကြော့ ကလေးမတွေများလာတဲ့ခေတ် တကယ့်လွယ်ကြောခေတ် ထမင်းဟင်းချက်တတ်ရင်ကို အောက်တန်းကျတယ် သေးနှပ်တယ်လို ထင်နေတဲ့သူဌေးသမီးဘော်ကြော့မမတွေ ရဲ့ခေတ်ဗျ။
ဘာပဲပြောပြော ယောကျာင်္း ဆိုရင်တော့ ကိုယ့်အိမ်သူသက်ထား လက်ရာလေး စားဖူးကြ ချင် ကောင်းတယ်ကြွားဖူးချင် သူငယ်ချင်းတွေအိမ်ခေါ် ကြွေးဖူးချင် ကြတာချည့်းပဲ မယုံရင် ကြိုက်တဲ့ယောကျာင်္း ဘီယာတိုက်ပြီးမေးကြည့် ဗျာ ။
ကိုယ်တိုင်ချက်တတ် ပြုတ်တတ်ထားတော့ ဟော ဟိုဟင်းကဘယ်လို လူဘယ်ရောက်စာ ဘယ်နှစ်နပ်ဆို ဆန်က နို့ဆီဘူး ဘယ်လောက်ကုန်မယ် ကြက်သွန် အာလူး ကဘယ်ဈေး ဘာကြော်ရင်ဘာဆီ ဘယ်လောက်ကုန်မယ် ပုဇွန်ခြောက်က ဘယ်လို ကိုက အသေးစိတ်သိထား တတ်ထား ချက်တတ်ထားတော့ အိမ်ဖော် ဘတ်တာ အလုပ်သမား ချိုတာ ခိုးတာ မခံရတော့ဘူးပေါ့ ။ မဟုတ်ဖူးလား
ကျွန်တော့အမေအပါ အဝင် သူငယ်ချင်းအမေတော်တော်များများဆိုရင် အိမ်မှူကိစ္စ အတော်နိုင်နင်းတယ် အဝတ်လျှော် မီးပူတိုက် အိမ်သန့်ရှင်းရေး မှန်တိုက်တာ ကြမ်းတိုက်တာ ကအစ အိမ်ဖော်အသစ်တွေလာရင် သူတို့က အရင်သင်ပေး လုပ်ပြပေး ခဲ့တာ ချည်းပဲ ကျွန်တော်သိရသလောက် တော့ ။ အဲ့တော့ အိမ်ဖော်ကလဲရှိန်တယ် ခိုင်းရင်မကပ်ရဲတော့ဘူး မခိုးရဲဘူး ။
အခုခေတ် မိန်ကလေးများကတော့ မဟုတ်ဖူး ဘာတွေ သွေးကြီးနေကြလည်းမသိဘူး မီးဖိုချောင် ကိစ္စ ကို အိမ်ဖော်ကိစ္စ လို့ တရားသေတံဆိပ်ကပ် ကုန်ကြပြီ ။ ကြည့်နေ ပါ သူတို့ ကသာ မိန်းမတို့ တပ်အပ်သော အိမ်ထောင် ထိမ်းသိမ်းမှူအတတ် မသင်ချင်ကြတာ အောက်ကျတယ် ထင်ချင်ကြတာ လိုချင်လိုက်ရင် ဖြင့် ငွေရှာတော် ချစ်ခင်ယုယ တတ် ကြင်နာတတ် ဘာသာရေးကိုင်းရှိုင်း ယောကျာင်္းပီပီသသ တာဝန်ယူတတ် စောင့်ရှောက်တတ် တဲ့ အားလုံးပါဖက် ဖြစ်တဲ့ ၃၆ ပစ်ကင်း အပွန်းအခြစ်ရာ မပါတဲ့ လူမျိုး လိုချင်ပြပါလိမ်မယ်ဗျား ။
သူတို့ကသာ ထမင်း မချက်ချင်ကြတာ ယောကျာင်္းလေးကြ ရည်းစားဘဝ ကထဲ က “ယောကျာင်္းဖြစ်ပြီး ငါ့ဖုန်းလေးတောင် မပြင်တတ်ဖူးလား”တို “အိမ်ကကွန်ပျူတာ ပြတင်းပါက်ကျကွဲ သွားလို့ လာပြန်တင်ပေးပါဦး” “ဖောမက်ရိုက်ပါဦး ပါတေးရှင်းလုပ်ပါဦး
ဖုန်း ကို Factory restart လုပ်ပေးပါဦး” “တို့ ဘယ်လမ်းမှာ ကားပျက်နေတယ်လာနှိုက်ပေးဦး ကားစက်ဖူံး ဖွင့်ပြီးတော့ ”
“ခေါင်မိုးပေါ်က ကြောင်လေး ပြန်ဖမ်းပေးပါဦးတို့ ” ခိုင်းပြပါလိမ့်မယ်
” မလုပ်တတ်ဖူး “တခွန်း ပြောကြည့်ပါ့လား ယောကျာင်္းဂျီး ဖြစ်နေပြီး ဒီစက်ကလေးတောင်မလုပ်တတ်ဖူးလား အားမကိုးရဘူး ဘာညာ ဘော်လီစက်စမိုင်နာ အဲလေ ဘော်ဘီဆော့ဆာ ရှူံးအောင် ပတောက်ပတောက်ပြောပြပါ လိမ့်မယ် ကြည့်နေ ။
ရှေးရှေးကြမ်းတွေမှာ မိန်းမတယောက်ရဲ့ ကောင်းခြင်း အင်္ဂါရပ်တွေထဲမှာ ဆံပင်ရဲ့ကောင်းချင်း အသားအရေ အပြောအဆိုအနေအထိုင် မျက်လုံးမျက်ခုံး ဘာညာ အစ အစချီပြီး အိမ်ထောင်နိုင်နင်းမှုနဲ့ အရေးတကြီး အဆုံးသတ် ပါ တယ် ။ ကိုယ့်ဖက် က ပြည့်အောင်မဖြည့်ဘဲနဲ့ တော့ ပြည့်စုံ တဲ့ အိမ်ထောင်ဖက်ရဖို့ မလွယ်ပါဘူး ။ ကိုယ့်ဖက်က ကိုယ့်လက်တွဲဖော်ကို ဘာလေးလုပ်ပေးလိုက်မယ် ဆိုတဲ့ စိတ်မရှိဘဲ ဘာအခွင့်အရေးပဲ သူဆီက ယူလိုက်မယ် ဆိုတာပဲတွေးနေရင်တော့ ကိုယ့်လို လက်တွဲဖော်နဲ့ပဲတွေ့ မှာပါပဲ ။
ခုဏ က “အန်တီသားကို အိမ်ဖော်နဲ့ ပဲ့ ပေးစားလိုက်ပါ “လို့ ပြောတဲ့ မမ များလဲ ထမင်းမချက်ခိုင်းပဲ ထမင်းဖိုးဈေးဖိုး ပေး အိမ်တလုံးဝယ်ပေး အိမ်ဖော်တွေထားထားကလေးဖိုးပေးပြီး ပြီး ကိုယ့်ကို မချစ်တတ် မယုယတတ် ပွဲထုတ် မပြတတ်တဲ့ လက်ပါတတ် တဲ့ ငွေဝယ်အရုပ်လို ယောကျာင်္း နဲ့ညားရင်ရော ဘယ်လိုလုပ်မလဲ
“ချစ်ကလေး ထမင်းမချက်နဲ့  မောင့်ကိုထိုင်ကြည့် ထမင်းဝတယ် မောင်ချစ်ပြ ယုယပြ မယ် ကိုယီးယားမင်းသား လို နုရွ အုကြွ ဖုထ (ကြွက်သားတွေပြောပါတယ် ) လုပ်တတ် တယ် ပိုက်ဆံတော့ မရှာတတ်ဖူး အိမ်ထောင်မထိမ်းသိမ်း တတ်ဖူး ချစ်မှန်တင်ခုံပဲ လုတတ်တယ် ကိုယ့်ကိုလှအောင်ပဲ လုပ်တတ်တယ် ” ဆိုတဲ့ ယောကျာင်္း မျိုးရော လိုချင့်ပါ့ မလား စဉ်းစားရင် မေးရင် အများကြီးပါ ….
ဟုတ်ကဲ့ အထက် ကstatus ကို like ကြ share ကြတဲ့ မမ များထမင်းမချက်တတ်ပဲ အိမ်ထောင်မထိမ်းသိမ်း တတ်ပဲ ယောကျာင်္း အကောင်းစား လိုချင်ရင်တော့ သူဌေးမယားငယ်ပဲ လုပ်လိုက်ပါ လို့ မရေးချင် ပေမဲ့ မိုက်မိုက် ရိုင်းရိုင်း ပြန်ရေးပါရစေ ခင်ဗျာ ။
ဘဝ မှာ လူရယ်လို့ဖြစ်လာရင် ကိုယ်စိုက်ပျိုးတာ ပဲ ကိုယ် ရိတ်သိမ်း ရတာပါ။ချစ်မှုကြိုက်မှု အိမ်ထောင် ပြု တဲ့အမှုမှ မဟုတ်ပါဘူး ဘယ်အလုပ်မဆို ကိုယ့်ဖက်ကအရင်ပြည့်စုံအောင်ကြိုးစားမှ ပြီးပြည့်စုံချင်းကကိုယ့် ကိုလက်ကမ်း မှာပါ ဒါတောင်မှာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး လူ့ဘဝ ရလာဒ် ကအမျိုးမျိုး ပြောင်းလဲ နိုင်ပါသေးတယ် ။မသေချာပါဘူး …
မရင့်ကျတ်သေးတဲ့ ဖဘပေါ်က မမများ ကလေးမများ သမီးပျို အပေါင်းကိုပြောချင်တာ ကိုယီးယားကား မြန်မာကား များ နတ်တမျှဗြမ္မာတမျှ လှပကျော့ရှင်း စိတ်ကူးရင် ဝထ္တု များ အိပ်ယာဝင် နတ်သမီး ပုံပြင်များ ကနေ နိုးထပြီး တကယ့်လောကကြီးကို တချက်လောက် မျက်စောင်းထိုးကြည့်ပေးကြပါဦးလို့ ။
မောင်ပေါက်
( အမျိုးသမီး ထုကို လေးစား သမှု စေတနာအစု ဖြင့် အမုန်းခံကာတင်သည် ကလော် တုပ်လိုက စလာတုပ်နိုင်ပါပြီ )
 
 
 
From: Mg Pouk Se

www.mmdailystar.com

အိချောပိုကို ဟိန်းဝေယံခိုးပြေးသည် ဆိုသည့် သတင်း ပြန်ဖြေရှင်းပြီ

အွန်လိုင်းပေါ်တွင် သရုပ်ဆောင် ဟိန်းဝေယံနှင့် မင်းသမီးတစ်ဦး ခိုးပြေးသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ကြောင့် ဟိန်းဝေယံ၏ မာန်ထက်ချီ ရုပ်ရှင်ထုတ် လုပ်ရေးကို မဇ္ဈိမမှ သွားရောက် မေးမြန်းရာတွင် ဖခင်ဖြစ်သူ ဦးဝင်းကို က ကောလဟလ သာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

သရုပ်ဆောင် ဟိန်းဝေယံသည် ရိုက်ကူးရေး ထွက်သွားခြင်းကြောင့် နေအိမ်၌ မရှိခြင်းကြောင့် သားဖြစ်သူ ကိုယ်စားဖြေပေး ခဲ့ခြင်းဖြစ်သည်။

" အဲဒီသတင်းက ကြာပါပြီ။ ဦးကို မေးတာထက်စာရင် သားငယ် ဟိန်းဝေယံကို မေးတာ က ပိုကောင်း လိမ့်မယ်။ ခုရက်ပိုင်းမှ အဲဒီသတင်းက ပြန်ထွက် လာ တာပါ။ အမှန်အတိုင်း ပြောရရင် လုံးဝကို မဟုတ်ပါဘူး။ အဲဒီလို ပြောတာပဲ ကောင်းလိမ့်မယ်။ တစ်ပါး သူတွေကိုလည်း လုံးဝ မထိခိုက်စေချင်ပါဘူး။ ပြောချင် တာကတော့ ကောလာဟလပါ။ လုံးဝကို မဟုတ်ပါဘူး။ " ဟု မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဟိန်းဝေယံ၏ ဖခင် ဦးဝင်းကိုက ပြောသည်။

လက်ရှိတွင် ဟိန်းဝေယံမှာဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးနေသည့် ယောက်ဖ
 တောင်ပေါ်ကျော်၍ ယောက္ခမပင်လယ်ဖြတ်မည် ဇာတ်ကားတွင် ဖူးပွင့်သခင်၊ သီးလေးသီး တို့နှင့်အတူ ရိုက်ကူးလျက်ရှိသည်။

From: Mizzima

www.mmdailystar.com

၂ လ မှ ၁ ခါပဲ ရာသီလာနေလို့ (အမျိုးသမီးများဖတ်ရန် သီးသန့်)

ရာသီကတော့ အခုတခါလာပြီးပါပြီ ၁ လခြားမလား မခြားမလား စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ ရာသီလာခါနီး အရမ်းငိုတာပဲဆရာ။ အသက်မပြောခဲ့ဖူးဘူး ၂၉ နှစ်ပါ။ ရာသီလာရင် ကီလိုကျတတ်တာရယ်၊ ကျောမှာ အဖူတွေ ပေါက်တာရယ်၊ ဆေးသောက်မှားဖူးလို့ ရာသီမရပ်ဖြစ်ခဲ့ဘူးတာရယ်၊ အခု ၂ လမှ ၁ ခါ ရာသီ လာနေတာရယ်ကြောင့် ၂၈ လုံးဆေးသောက်နေပါတယ် ၁ ကတ် ကုန်သွားရင် ဆက်တိုက်သောက်ရမှာလား။ ဆေးဆိုင်ကလာတဲ့နေ့ကနေ စသောက်ခိုင်းပါတယ်။ ရာသီလာရင် နေမကောင်းဖြစ်တာ မသက်သာပါ။ ဆေး ၁ ကတ်တောင် မကုန်သေးလို့ စောင့်ကြည့်နေဆဲပါ။

ရာသီ မမှန်တာကို မှန်အောင်၊ ရာသီလာလို့ မခံမရပ်နိုင်ဖြစ်တာတွေ သက်သာအောင် Menstrual adjustment ရာသီကို တားဆီးနည်းကို သုံးနိုင်တယ်။ Menstrual suppression ရာသီမလာအောင်နှိမ်တာ ဖြစ်တယ်။ တချို့မှာ ခရီးသွားချိန်၊ အလုပ်များချိန်မှာ ရာသီလာလို့ဖြစ်ရမဲ့ ဒုက္ခသုက္ခကို ရှောင်ချင်လို့လဲ ရာသီလာမှာကို တားဆီးတာမျိုး လုပ်နိုင်တယ်။ (ဟန်းနီးမွန်း) ထွက်ချိန်၊ အပျော်ခရီးထွက်ချိန်မှာ လုပ်နိုင်တယ်။ စိတ်မမှန်သူတွေ၊ စစ်မှုထမ်း-အမျိုးသမီးတွေ၊ အားကစား-မယ်တွေ ပါမယ်။ ရာသီကြောင့် ရှိနေပြီးသား ရောဂါ ပိုဆိုးတာကို ရှောင်ချင်လို့လဲ လုပ်လို့ရပါတယ်။

အမေရိကားမှာ အသက် ၁၈-၅ဝ အတွင်း အမျိုးသမီး ၂့၅ သန်းမှာ ရာသီနဲ့ပတ်သက်ပြီး တခုခုတော့ ဖြစ်ကြရတယ်။ ၃၁% ဟာ တနှစ်မှာ ၉့၆ ရက်ကြာအိပ်ရာထဲ နေကြရတယ်။ ဒီနည်းကို သုံးနေတာ နှစ်တွေကြာပါပြီ။ အဲလို လုပ်သင့်တယ် ဆိုတာကိုရော မလုပ်သင့်ဘူး ဆိုတာအတွက်ပါ အထောက်အထားတွေ မပြည့်စုံပါ။

Benefits of Menstrual Suppression အကျိုးတွေ -
• Dysmenorrhea ရာသီလာလို့ နာတာ သက်သာစေမယ်။
• Menorrhagia ရာသီဆင်းများတာ သက်သာစေမယ်။
• Premenstrual syndrome ရာသီမလာခင်ဖြစ်ချင်တာတွေ သက်သာစေမယ်။
• Perimenopausal symptoms သွေးမဆုံးခင်ဖြစ်တာတွေ သက်သာစေမယ်။
• Menstrual migraines ရာသီလာချိန်ဖြစ်တဲ့ (မိုင်ဂရင်း) အမူး-အကိုက်ရောဂါ၊ Endometriosis သားအိမ်ရောဂါ၊ Acne ဝက်ခြံပေါက်တာတွေ နည်းစေမယ်။
• Sense of well-being နေကောင်းတယ်လို့ ခံစားရသေးတယ်။
• ရင်သားတင်း-နာတာ၊ ရင်ပြည့်တာ၊ စတာတွေ သက်သာစေတယ်။

Disadvantages မလိုလားအပ်တာတွေလဲ ရှိပါမယ်။
• Unpredictable breakthrough bleeding မထင်မှတ်ဘဲ သွေးဆင်းတာ ကြုံရနိုင်တယ်။ များမှာတော့ မဟုတ်ဘူး။ ဆေးသောက်ကာစ အစပိုင်းလတွေမှာ ဖြစ်မယ်။
• တကယ်လို့ ကိုယ်ဝန် ရှိနေမယ်ဆိုရင် ကိုယ်ဝန် ဟုတ်-မဟုတ် သိရတာ ခါတိုင်းလောက် မလွယ်နိုင်ဘူး။
• Abdominal pain ဗိုက်အတင်းနာရင်၊ Chest pain ရင်ပတ်နာရင်၊ Heavy bleeding သွေးဆင်းတာ များရင်၊ Vision changes မျက်စိကြည့်ရတာ မကောင်း ဖြစ်လာရင်၊ Severe leg pain ခြေထောက်ထဲက နာလာရင် ဆရာဝန် ပြရမယ်။

Methods of Menstrual Suppression နည်းလမ်းတွေ
၁။ Combined oral contraceptive (COC) ဟော်မုန်း ၂ မျိုးတွဲ တားဆေးတွေကို အများဆုံး သုံးတယ်။ တားဆေးတွေက ၂၁-၂၈ ရက်သောက်ရတယ်။ အစပိုင်း ၂၁ ရက် သောက်ရတဲ့ဆေး ကုန်တာနဲ့ အရောင်ရင့် ဆေးပြား ၇ ပြားကို မသောက်တော့ဘဲ၊ နောက် ဆေးကပ်သစ်ကို ဆက်သောက်ရတယ်။ ဆရာဝန်တွေ ညွှန်လေ့ရှိတာက ဆေးကပ် ၃ ကပ် (၂၁ X ၃ = ၆၃) ပြား ဆက်တိုက် သောက်ခိုင်းတာ ဖြစ်ပါတယ်။ နောက် ၇ ရက်အတွင်းမှာ Withdrawal bleeding ရာသီ ပြန်လာမယ်။

• Seasonale® ဆေးဟာ ၈၄ ရက်ကို ဟော်မုန်းတွေပါပြီး၊ နောက် ၇ ရက်အတွင်းမှာ ရာသီ ပြန်လာမယ်။
• ၁၉၇ဝ ကျော်ကတည်းက သုတေသနတွေ လုပ်ခဲ့ပါတယ်။ သုတေသနမှာ Seasonale နဲ့ Nordette® (Ethinyl estradiol 30 mg နဲ့ Levonorgestrel 150 mg) ကို ဒေသ အမျိုးမျိုးမှာ နေတဲ့ အသက် ၁၈-၄ဝ အရွယ် အမျိုးသမီးတွေကို ၁ နှစ်တာ စနစ်တကျ လေ့လာခဲ့တယ်။ Nordette® ကနေ မထင်မှတ်ဘဲ သွေးဆင်းတာ ပိုနည်းတယ်။
• ဒီလိုတားဆေးကို မရပ်မနား ဆက်တိုက် သောက်နေတာကလဲ ရာသီမလာဘဲနေမယ်။ ၁၂ လသုံးသူထဲက ၅၃% မှာ စိတ်လဲ ချရတာတွေ့ရတယ်။
• Lybrel TM ဆေးကို FDA က အသိအမှတ်ပြုထားတဲ့ တနှစ်တာအတွက်ဆေး ဖြစ်တယ်။

၂။ တခြားနည်းတွေလဲ ရှိတယ်။
• Depot-medroxyprogesterone actetate injections (Depo-Provera®) (တနှစ်သုံးရင် ၅ဝ%၊ ၂ နှစ်သုံးရင် ၉ဝ% ရာသီမလာဘူး။)
• Levonorgestrel intrauterine system (Mirena®) (၈ဝ-၉ဝ% သွေးထွက်တာ နည်းတယ်။ တနှစ်သုံးရင် ၂ဝ% ရာသီမလာဘူး။)
• Etonogestrel implantable contraceptive (ImplanonTM) (ရက် ၉ဝ သုံးပြီးရင် ၂၁% ရာသီမလာဘူး။)
• ImplanonTM အရေပြားအောက် ထားရတဲ့ ဆေးချောင်းတွေကိုလဲ သုံးနိုင်တယ်။
• Vaginal ring (NuvaRing®) ကွင်းနဲ့ Contraceptive patch (Ortho Evra®) ဆေးကပ်ခွါတွေကို FDA ကနေ အသိအမှတ် ပြုမထားသေးပါ။

Counseling Women သုံးချင်တဲ့ အမျိုးသမီးတွေကို ဆွေးနွေး-အဖြေရှာပေးသင့်တယ်။ ရာသီ မလာဘဲနေရင် လာရမဲ့ သွေးတွေဟာ အထဲမှာ အောင်းနေမယ်ထင်တာ မဟုတ်တဲ့အကြောင်း ရှင်းပြရမယ်။ နောင်မှာ ကလေးမရတာလဲ မဖြစ်စေဘူး။ ဆင်းတဲ့သွေးက ပိုအရောင် ရင့်မယ်။ စေးတာပျစ်တာလဲ ခါတိုင်းနဲ့ မတူဘူး။

Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု နဲ့ တွဲဖတ်ပါ။

From: ဒေါက်တာတင့်ဆွေ (၂-၁၂-၂ဝ၁၁)
HIM

www.mmdailystar.com

ဝတဲ့သူတွေ ပြိုင်တဲ့ ၀ယဉ်ကျေးမယ်ပြိုင်ပွဲ

  အေသင်အောင်

ခန္ဓာကိုယ် အချိုးအစား လှပသူတွေကတော့ လှယဉ်ကျေးမယ်ပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲတတ်ကြပါတယ်။ ဒါပေမဲ့ အ၀လွန်သူတွေအတွက် ကတော့ ၀င်ရောက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ မရှိသလောက် ရှားပါးပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဗြိတိန်မှာ အ၀လွန်တဲ့ သူတွေသာ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အလှမယ်ပြိုင်ပွဲ တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ဒီပြိုင်ပွဲကို အခြား အလှမယ်ပြိုင်ပွဲတွေလို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ စုစုပေါင်း ပြိုင်ပွဲ ၀င် (၃၀) ဦးရှိပြီး Size ၁၄ ကနေ ၂၆ အထိ ရှိသူတွေသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ပြိုင်ပွဲကို အဆင့်ဆင့် ကျင်းပပြီး ညနေခင်းဝတ်စုံ ၀တ်ဆင် ခြင်း၊ ရေကူးဝတ်စုံ ၀တ်ဆင်ခြင်းစတဲ့ အရာတွေကိုလည်း ပြုလုပ်ရပါတယ်။ ပြိုင်ပွဲရဲ့ အလှမယ် ဆုကိုတော့ အသက် (၂၄)နှစ် အရွယ် အီမီလီဘလိတ်က ရရှိသွားခဲ့ပါတယ်။ Size ၁၆ ရှိတဲ့ အီမလီဘလိတ်ဟာ ဆွဲဆောင်မှု အားကောင်းခဲ့ပြီး အ၀ါရောင် ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ခဲ့ရာမှာ လက်ခုပ်သံတွေ ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံးဖိုင်နယ်မှာ အီမီလီဘလိတ်ဟာ အနီရောင်ဝတ်စုံနဲ့ လှသွေးကြွယ်ခဲ့ပြီး အလှမယ်ဆုကိုရခဲ့လို့ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။

အီမီလီဘလိတ်က အိပ်မက်လိုဖြစ်နေပါတယ်။ ယုံလည်းမယုံနိုင်ပါဘူး။ အလှမယ်ဆုကို ရခဲ့လို့ ဂုဏ်ယူမိပါတယ်။ ကျွန်မကတော့ ဒီခန္ဓာကိုယ် ကိုပဲ ကြိုက်တယ်။ ဒီဆုဟာ ကျွန်မကိုယုံကြည်မှု ရှိစေခဲ့ပါတယ်။ လူတွေ အတော်များများဟာ ခန္ဓာကိုယ်သေးသွယ်တဲ့သူ၊ ခြေတံလှတဲ့သူတွေကို ချော မောသူ အဖြစ် ထင်နေကြတာပါ။ ဒါပေမဲ့ ကျွန်မဟာ ကျန်းမာရေးအတွက် အစားတွေစားခဲ့တယ်။ကျန်းမာအောင်လည်း လေ့ကျင့်ခန်းတွေပြု လုပ်ပါတယ်။ ကျွန်မရဲ့ သဘာဝအလှကို ထုတ်ပြခဲ့ပါတယ်။ ကျွန်မဟာ ပြီးပြည့်စုံတဲ့ အလှမယ် မရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ် လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် တွေမှာ အလှမယ်ဆုရထား သူတွေက ဒိုင်လူကြီးအဖြစ် ၀င်ရောက်ဆောင်ရွက်ပေးခဲ့ပါတယ်။ တတိယနေရာရခဲ့တဲ့ အသက် (၂၉) နှစ်အရွယ် ဒီအိုနီက ထူးခြားတဲ့ အတွေ့အကြုံကို ခံစားမိပါတယ်။ ဒီပြိုင်ပွဲဟာ အမျိုးသမီးတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။ ကျွန်မ ဒီပြိုင်ပွဲကို နှစ်သက်ပြီး ရေကူး ၀တ်စုံနဲ့ လမ်းလျှောက်ရတဲ့အချိန်ကို အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ် လို့ ဆိုသွားခဲ့ပါတယ်။

From: Messenger

www.mmdailystar.com

အိုဘယ့်...မီဒီယာ


လောကတွင် လူအမျိုးမျိုးစိတ်အထွေထွေရှိကြသည်။
လူတိုင်းအကြိုက်တစ်မျိုးစီရှိကြသည်။
ထိုအထဲမှ ကျွန်တော့် အကြိုက်ကတော့ သတင်းပင်ဖြစ်သည်။
မနက်ဆိုလျှင် အမြဲတမ်း သတင်းစာလေးဖတ်မှ နေသာထိုင်သာရှိသည်။
အခုတော့ အင်တာနက်ဆိုတာကြီးပေါ်လာသဖြင့် အဆင်ပြေသည်။
ယခင်ကလို ဂျာနယ်တွေစာစောင်တွေကို တစ်ပါတ်တခါ စောင့်နေစရာမလိုတော့။
နိုင်ငံနှင့်အ၀ှန်း ဖြစ်ပျက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပေသည်။
သတင်းခေတ်တွင် သတင်းဆာလောင်ကြသူများ ဖြစ်လာကြသည်။

အခုတလော လတ်တလောမှာ ရေပန်းစားခဲ့တာကတော့ အားလုံးသိကြသည့်အတိုင်း
၄၃၆ ဖြစ်သည်။ တစ်နိုင်ငံလုံး မြို့နယ်ကြီးတွေမှာ ၄၃၆ ပြင်ဆင်ရေး 
လက်မှတ်ကောက်ခံပွဲတွေလုပ်ကာ ၄၃၆ ပြင်ဆင်ရန် လက်မှတ်စုဆောင်းကြသည်။
လှုံ့ဆော်ကြသည်။ သို့ရာတွင် မနက်ဖြန်ပဲ ကြည့်ရတော့မလိုလို၊ 
အခုပဲကြည့်ရတော့မလိုလို မစားရ၀မခန်းပြောခဲ့သော ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကဲ့သို့ပင်
အခြေအနေကားမကောင်း။ ရလာဒ်ကို အားလုံးက စိတ်ဝင်စားကြသည်။ 
လူထုတစ်ခဲနက်ထောက်ခံသည်ဟု ၄င်းတို့ကိုယ်၎င်းတို့ ကြွေးကြော်ထားသော 
ပါတီကြီးတစ်ခုအနေဖြင့် လက်မှတ်အတော်များများ ရရှိမည်ဟု ယုံကြည်ကြသည်။

ဤသို့ဖြင့် ဂျာနယ်များ စာစောင်များတွင် လက်မှတ် မည်၍မည်မျှ ကောက်ခံရရှိသည်ကို 
သိရှိလိုကြသဖြင့် စောင့်ဖတ်ကြသည်။အဖြေမှာ အမျိုးမျိုးဖြစ်နေပေသည်။ 
စာဖတ်သူများ မျက်စိလည်ကုန်ကြသည်။
ဘယ်ဟာ အမှန်လဲမသိကြတော့။

မြစ်မခမီဒီယာတွင် ရေးထားသည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ယူကောက်ခံခဲ့သည့် 
၄၃၆ ပြင်ဆင်ရေးပြည်သူ့ထောက်ခံဆန္ဒမဲ လက်မှတ်ပေါင်း တစ်ဆယ့်ခုနှစ်သိန်းကျော်ရရှိပြီးဖြစ်သည်ဟု တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဇူလိုင်လ (၂၅)ရက်နေ့အထိ ကောက်ခံရရှိသည့်စာရင်းများအရ သိရှိရသည်။

“ ဒီနေ့အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကောက်ယူထားတဲ့လက်မှတ်ပေါင်း

၁၇၀၂၈၅၄ ရရှိပြီး ဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည် ဆိုပြီး ရေးထားတဲ့သတင်းပါ။ အားလုံးပေါင်း ဇူလိုင်လ ၂၅ ရက်နေ့အထိ တစ်သန်းနဲ့ ခုနှစ်သိန်းပေါ့။

ဒါနဲ့ NLD ရဲ့ ဒီလှိုင်း website ကိုသွားဖတ်တော့ ကောက်ခံရရှိသော လက်မှတ်ပေါင်း ၅ သန်းတဲ့။ ဟ....သောက်ကျိုးနည်း လေးသန်းနီးပါးတောင် ကွာနေပါလားပေါ့။ ခေါင်းတောင်ခြောက်သွားသည်။

ဘယ်လိုမှ စဉ်းစားမရ။ တရုတ်သိုင်းကားထဲကလို မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ 
လက်မှတ် လေးသန်း အော်တိုမက်တစ် တိုးလာသည်ဟုသာ ဆိုရတော့မည်ဖြစ်သည်။
အော်...ဘာပဲဖြစ်ဖြစ် NLD ပါတီရဲ့
website ဆိုတော့လည်း သူတို့ရဲ့အရှုံးကို လူကြားကောင်းအောင် ငါးသန်းလို့
အဖတ်ဆယ်တာလည်း ဖြစ်နိုင်တာပေါ့...နောက်သတင်းဆိုဒ်တစ်ခုမှာ ကြည့်လိုက်မယ်ဆိုပြီး
Eleven Media Group မှာသွားကြည့်တော့ ၃၂ သိန်းတဲ့။
စာဖြင့်ပြောရမည်ဆိုလျှင် သုံးသန်းကျော်ပေါ့။အဲဒီမှာတင် မသောက်ပဲခေါင်းမူးတော့သည်။
လေးစားလောက်ဖွယ်ရာ စတုတ်ထမန်ဒိုင်ကြီးများပင်ဖြစ်တော့သည်။

မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ၏ လူဦးရေ သန်း (၆၀) နှင့် ယှဉ်လိုက်လျှင်
နဲတာကတော့ နဲသည်သာဖြစ်တော့သည်။

ဤနေရာတွင် ပြောစရာတစ်ခုရှိလာသည်မှာ စတုတ်ထမန်ဒိုင်များ၏ ပြည်သူများသို့
သတင်းတင်ပြပုံနဲ့ မိမိတို့ တင်ပြလောက်သော သတင်း၏ မှန်ကန်မှုအား တာဝန်ခံနိုင်မှုပင်ဖြစ်သည်။ ယခုအခါ အထက်ပါအချက်များ ပျောက်ဆုံးနေသည်။
သတင်းဖြစ်လျှင် ပြီးရော၊ လူကြိုက်များလျှင် ပြီးရော လုပ်နေကြသည်ကိုသာ တွေ့ရှိနေရသည်။ ကွယ်လွန်သွားသော ဆရာကြီးလူထုစိန်ဝင်းတို့သာ ရှိနေလျှင် 
မည်သို့ ဝေဖန်မည်နည်း မပြောတတ်။ ယခု ၄၃၆ နှင့်ပါတ်သက်သော လက်မှတ်ထုတ်ပြန်မှုပင်လျှင်သတင်းရင်းမြစ် ၃ ခုမှာ ၃ မျိုးဖြစ်နေသည်။ 
ဒါတောင် ကျန်တဲ့ ဂျာနယ်တွေ စာစောင်တွေမကြည့်ရသေး။ ပိုဆိုးဖို့သာရှိတော့သည်။

ဒီမိုကရေစီခေတ်သို့အကူးအပြောင်းမှာ မိမိတို့ကိုယ်မိမိတို့ စတုတ်ထမန်ဒိုင်ဟု ကြွေးကြော်လာခဲ့ကြသော သတင်းမီဒီယာသမားများအနေဖြင့် စတုတ်ထမန်ဒိုင် ပီသစွာ ပြည်သူလူထုအား သတင်းအမှန်များကို ဘက်မလိုက်ပဲ ဖြန့်ဝေကြဖို့လိုအပ်ပေသည်။

ထိုသို့မဟုတ်ပဲ စတုတ်ထမန်ဒိုင်ကြီးကိုယ်က တိမ်းစောင်းနေပါက မြန်မာ့မီဒီယာလောက၏ ရှေ့ရေးမှာ ရင်မောဖွယ်ရာ အတိဖြစ်ပါကြောင်း မီဒီယာလောက၏ကိုယ်စား အမုန်းခံ တင်ပြလိုက်ရပါသည်။
 
 
From:ME

www.mmdailystar.com

KIA ပြန်ပေးဆွဲသွားသော ဒေသခံအမျိုးသမီး(၄)ဦးအား သိန်း(၂၀)ဖြင့် ပြန်ရွေးခဲ့ရ



ဇူလိုင် ၃၀ ရက်

ကချင်ပြည်နယ် မဘိမ်းမြို့နယ်၊ မိုးလှိုင်းကျေးရွာနေ အမျိုးသမီး(၄)ဦးအား ဇူလိုင်(၁၅)ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ငွေသိမ်း(၂၀)ဖြင့် ပြန်ရွေးခဲ့ ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

``မနေ့က ရွာကိုပြန်ရောက်လာပြီ၊ တစ်ယောက် ၅ သိန်းနှုန်းနဲ့ သိန်း(၂၀)ပေးခဲ့ရတယ်၊ အကြောင်းရှာပြီး လူတွေဖမ်း၊ ပြီးတော့ ငွေနဲ့ပြန်ရွေးခိုင်းဒါဟာ ပြန်ပေးဆွဲတာပဲလေ´´ ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော အမျိုးသမီး(၄)ဦးမှာ မိုးလှိုင်းရွာနေ မအေး၊ မလွမ်း၊ မခင်နှင်းဆီနှင့် မနှင်းနန္ဒာဌေး တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ KIA အဖွဲ့သည် ၎င်းကျေးရွာသို့ ၀င်ရောက်လာပြီး မူးယစ်ဆေးဝါးရောင်းချနေသည်ဟု စွပ်စွဲကာ ယင်းအမျိုးသမီးများ၏ နေအိမ်အသီးသီး၌ ၀င်ရောက်ရှာဖွေခဲ့ကြကြောင်း၊ အထောက်အထားမူးယစ် ဆေးဝါးမတွေ့သော်လည်း အတင်းဝန်ခံခိုင်းပြီး ငွေတောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

``မူးယစ်ဆေးရောင်းတယ်ဆိုပြီး အိမ်ပေါ်တက်ရှာတယ်၊ မတွေ့တော့ အတင်းဝန်ခံခိုင်းပြီး ငွေတောင်းတယ်၊ မပေးတော့ အတင်းဖမ်းခေါ်သွားပြီး ဟိုမှာ အချုပ်ခန်းထဲထည့်ထားတယ်၊ ထမင်းလည်း နည်းနည်းပဲကျွေးတယ်၊ ငွေမပေးရင် ပြန်မလွှတ်ဘူးပြောလို့ ရွာကို ဆက်သွယ်ရတာပါ´´ ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ယင်းအမျိုးသမီး(၄)ဦးအား KIA အဖွဲ့မှ မူးယစ်ဆေးဝါးရောင်းသည်ဟု အကြောင်းပြကာ ဖမ်းဆီးသွားပြီး ငွေသိန်း(၂၀)တောင်းကာ ဒဏ်ခတ်သည်ဟု အသံလွှင့်ထားသော်လည်း အမှန်တကယ်တွင် အကြောင်းရှာ လူဖမ်းပြီး ငွေတောင်းခြင်းသာဖြစ်ကြောင်း သိရသည်။

``ဟိုးအရင်က ဆက်ကြေးကောက်တယ်၊ လူသစ်စုတယ်၊ အခုလူဖမ်းပြီး ငွေတောင်းတဲ့ ပြန်ပေးဆွဲတဲ့ အလုပ် လုပ်လာပြန်ပြီ၊ KIA အဖွဲ့ကြောင့် ဒေသခံတွေလည်း ဖွတ်ဖွတ်ညက်ညက်ကျေနေပါပြီ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာကို ဘာမှ ပြန်မလုပ်နိုင်တော့ ခံနေရတာပေါ့၊ ဖြစ်နိုင်ရင် ဒီကောင်တွေဆီမှာ လက်နက်မရှိတာ အကောင်းဆုံးပဲ၊ သေနတ်ကိုကြောက်တော့ ဒေသခံတွေလည်း သူတို့လုပ်သမျှ ခံနေရတာပဲလေ´´ ဟု မဘိမ်း မြို့ခံတစ်ဦးက ပြောကြားသွားသည်။


From:OE

www.mmdailystar.com

ဓါးကိုင်တိုက်ခိုက်သူ ဒါဇင်ပေါင်းများစွာကို တရုတ်ရဲများက အသေပစ်သတ်

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန် ဒေသရှိမြို့နှစ်မြို့တွင် ဓါးကိုင်တိုက်ခိုက်သူ ဒါဇင်ပေါင်းများစွာကို တရုတ်ရဲတပ်ဖွဲ့ဝင်များက တနင်္လာနေ့တွင် အသေပစ်သတ်ခဲ့ကြောင်းနိုင်ငံပိုင် ရှင်ဟွာ သတင်းအေဂျင်စီက အင်္ဂါနေ့တွင် အစီရင်ခံခဲ့သည်။

ဓါးကိုင်ဂိုဏ်းတစ်ခုသည် ပထမဦးစွာ စာချီ ကောင်တီ၊ အေလစ်ကူမြို့ရှိ ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို တိုက်ခိုက်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ရှင်ဟွာကဖော်ပြခဲ့သည်။

၎င်းအဖွဲ့မှ ဓါးကိုင်အချို့သည် အနီးရှိ ဟွမ်တီမြို့သို့ သွားရောက်ကာ အရပ်သားများကို တိုက်ခိုက်၍ ယာဉ်ခြောက်စီးကို မီးရှို့ခဲ့ကြသည်။

Ref: Routers
From:YMG

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...