Friday, 1 August 2014

အော်ရီဒူးဖုန်းလိုင်းများ သြဂုတ် ၁၅ ရက်မတိုင်ခင် Error များရှိနိုင်

အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။
အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး အသုံးမှု အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချ သည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည့်အပြင် အမျိုးအစားတူ ဆင်းမ်ကတ်များအချင်းချင်း မိနစ် ၉၀၀ အခမဲ့ဖုန်းလိုင်းခေါ်ဆိုခြင်းနှင့် စာတိုစနစ် အစောင် ၉၀၀ ပေးပို့ခွင့်တို့ပါရှိသည်။

သြဂုတ်လ ၁၅ ရက်နေ့အထိ အင်တာနက်စနစ်ကို 20MB အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သော်လည်း ကန့်သတ်ရက် ကျော်လွန်ပါက 1MB လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း အော်ရီဒူးအရောင်း ကိုယ်စားလှယ်များက ပြောဆိုထားသည်။ အဆိုပါ အင်တာနက်ဈေးနှုန်းသည် အသုံးပြုသူများအတွက် များပြားသည့်နှုန်းထားဖြစ်သည်ဟုလည်း အင်တာနက်အသုံးပြုသူများ က ဝေဖန်ထားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဒေတာစနစ်ကူးပြောင်း၍ အင်တာနက်အသုံးပြုခကောက်ခံမည်ဟု ကြေညာခဲ့သောဈေးနှုန်းသည် ယခုကဲ့သို့များပြားခြင်းမရှိခဲ့ကြောင်း အင်တာနက်အသုံးပြုသူများက ဝေဖန် ထောက်ပြခဲ့သည်။

အော်ရီဒူးသည် ၎င်းတို့၏ဖုန်းလိုင်းများအချင်းချင်း ခေါ်ဆိုမှုကို ၂၅ ကျပ်အဖြစ် သတ် မှတ်ပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းများဆီသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ခဲ့သည်။ စာတိုပို့စနစ်၌လည်း အော်ရီဒူးသည် မြန်မာ့ဆက်သွယ်ရေး ကောက်ခံသည့်နှုန်းထားများအတိုင်း စာတိုတစ်စောင်လျှင် ၂၅ ကျပ်သာ ပြန်လည်သတ်မှတ်ပေးခဲ့သည်။ ထူးခြားမှုအနေဖြင့် အော်ရီဒူးသည် ၎င်းတို့မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် ငွေဖြည့်ကတ်များကို ၁ ထောင်ကျပ်မှစတင်၍ ၂ သောင်းကျပ်အထိ ၀ယ်ယူအသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

From: Internet Journal

www.mmdailystar.com

လေယာဉ်ဆီမှာ မှိုပါတယ်ဆိုတဲ့....ဆိုတဲ့ တလွဲမီဒီယာများ သိစေရန်....

လေယာဉ်ဆီ(Jet Petroleum JP) ဆိုတာက
ကားထဲထည့်တဲ့ လမ်းဘေးဆိုင်က Filter မပါဘဲ
ထည့်ကောင်းတိုင်းထည့်နေတဲ့ ဓါတ်ဆီမဟုတ်ပါဘူး ....
လေယာဉ်ဆီ(JP)က ရေနံဆီသန့် Pure Kerosine ပါ ...
အဲဒီထဲမှာ ဘာမှိုမျိုးစိတ်က ပေါက်ဖွားတာပါလိမ့် ..

လေယာဉ်အင်ဂျင် အတွင်း သံပြားဆိုတာက
အင်ဂျင် အပူချိန် ၃ဝဝဝ ဒီဂရီ စင်တီဂရိတ်လောက်အထိ
အပူခံနိုင်တဲ့ သတ္ထုမျိုးနဲ့ လုပ်ထားတာပါ -
လွယ်လွယ် သံချေးတက်တက်တဲ့ သံပြား -
သံဖြူပြားနဲ့ လုပ်ထားတာ မဟုတ်ပါ ...

လေယာဉ်ဆီထဲ ရေပါတယ်ဆိုရင်
အပူချိန်အလွန်မြင့်တဲ့ ....
ဂျက်အင်ဂျင်ကြီးများရဲ့ Compressor တွေထဲမှာ
လွယ်လွယ်လေး အငွေ့ပျံပြီး ပျောက်သွားမှာပါ ...

မီဒီယာများကို လေးစားပါတယ်။
ဒါပေမဲ့ ဒီသတင်းရေးတဲ့ မီဒီယာကတော့
ကိုယ် မကျွမ်းကျင်တဲ့ ဘာသာရပ် -
Aviation Knowledge လုံးဝ မရှိတဲ့အပြင်
မှန်သလား မှားသလား ခွဲခြား မသိနိုင်တဲ့ ဦးဏှောက်နဲ့
ရေးတာလို့ပဲ သုံးသပ်ပါတယ်။

ဆက်ပြီးတော့ ဗဟုသုတအနေနဲ့ နည်းနည်းရှင်းပြပါဦးမယ်၊
လေယာဉ်ဆီထဲမှာ ရေ အမျိုးအစား ၂ မျိုး ပါတတ်ပါတယ်၊
ရိုးရိုးရေ(ရေချို)နဲ့ ရေငံ ၂ မျိုးဖြစ်ပါတယ်။
အဲသလို ရေပါလာတဲ့အခါ မြေပြင်မှာ ဆီကို လေယာဉ်ထဲ မထည့်ခင်
လေယာဉ်ကြီးတွေနဲ့ အတူပါလာတဲ့ အင်ဂျင်နီယာက
ရေစစ်တဲ့ ကိရိယာ(Water contamination tester)နဲ့ စစ်ဆေးပြီး ....
လက်ခံမှ လေယာဉ်ထဲကို ထည့်ခွင့်ပေးတာ ဖြစ်ပါတယ် ....

အင်ဂျင်နီယာက လက်မခံရင် ....
လေယာဉ်ထဲကို ဖြည့်မယ့်ဆီ သန့်/မသန့် ...
သူ့စိတ်တိုင်းကျသည်အထိ အထပ်အထပ်အခါခါ စစ်ပေးပြီးမှ
လေယာဉ်ကို ဆီ စ ဖြည့်ပေးရတာပါ။

လေယာဉ်ဆီထဲမှာ ပါတဲ့ ရေမှုန်လေးတွေ အားလုံး
ဖယ်ပစ်ဘို့ ဆိုတာ မဖြစ်နိုင်တဲ့အတွက်
လေယာဉ်ဆီထဲမှာ ရေပါသွားရင် ပါသွားတဲ့ ရေဟာ
ဆီိုင်ကီထဲမှာ တဖြည်းဖြည်း အောက်ကို အနည်ထိုင်ပြီး
ဆီတိုင်ကီအောက်မှာ သွားစုပါတယ်....

အဲသလို စုပြီး အမြင့်ပေ သောင်းနဲ့ချီမြင့်လာတဲ့အခါ
ရေခဲမှတ်အောက်အထိ အပူချိန်ကျဆင်းသွားတာကြောင့်
ဆီထဲက ရေမှုန်လေးများ စုစည်းပြီး ရေခဲမှုန်လေးတွေ ဖြစ်သွားပါတယ်၊
အဲဒီရေခဲ့မှုန်လေးတွေက ...
အင်ဂျင်ကို ပို့တဲ့ ဆီလိုင်း ပိတ်ပြီး အင်ဂျင် ရပ်သွားတဲ့အတွက်
လေယာဉ် ပျက်ကျရတာမျိုးတွေ ဖြစ်ဘူးပါတယ်။
(http://en.wikipedia.org/wiki/British_Airways_Flight_38

 


)

ဒါကြောင့် လေယာဉ်ဆီဖြည့်တဲ့အခါ ပါလာတဲ့ အင်ဂျင်နီယာက
သူ့လေယာဉ်ထဲကို ဒီက ဆီ ဖြည့်သင့် မဖြည့်သင့် ....
ဆုံးဖြတ်ပြီးမှ လက်ခံတာ ဖြစ်တဲ့ အတွက်
အခု ရေးထားတဲ့ သတင်းသည် ...
ယုတ္တိတန်/မတန်၊ ဖြစ်နိုင်/မဖြစ်နိုင်
ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြည့်နိုင်ပါတယ်ဗျာ....

Low cost Airliners တွေမှာ ....
ကုန်ကျစားရိတ်ကို ချွေတာဘို့အတွက်
Destination Airport တွေမှာ ဆီ မဖြည့်တတ်ပါဘူး ....

သူ့ကွင်းက မတက်ခင် ဆီအပြည့်ဖြည့်လိုက်ရလို့
ခရီးသည် ခုံပြည့် မတင်ဘူးဆိုတာလဲ အဓိပ္ပါယ် မရှိပါဘူး....
Cargo ကိုဘဲ လျှော့ချတာ လုပ်ကြပါတယ်....

သူ့ကွင်းက တက်တဲ့ အချိန်မှာ Cargo များနေပြီး ...
တင်မသွားလို့လဲ မဖြစ်တော့ရင် ...
Weight And Balance Officer က ဆီကို လျှော့ထည့်ပါတယ်...
တဘက်ကွင်းကိုရောက်မှ လိုတဲ့ ဆီပြန်ထည့်ပါတယ်....
Cargo မများရင်....
နောက်လေယာဉ်နဲ့မှ တင်လို့လဲ ဖြစ်တယ်ဆိုရင်တော့
ဆီကို Return flight အတွက်ပါ ထည့်ပါတယ် ....
သူဆင်းတဲ့ ကွင်းမှာ ဆီ ထပ်မထည့်တော့ပါဘူး....

ကိုယ့်ကွင်းမှာ ကိုယ်ထည့်ရင် ...
အကြွေးစံနစ်နဲ့ ထည့်နိုင်ပြီး
သူများကွင်းမှာထည့်ရင် ....
cash-down ချေရတာကြောင့်လဲ ဖြစ်နိုင်ပါတယ်... ။ ။

From: Win Naing

www.mmdailystar.com

Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်

Ooredoo အသုံးပြုရန်အတွက် ဒီ using guide လေးကို ဖတ်ပေးစေချင်ပါတယ်။ Ooredoo sim card တွေ အသုံးပြုဖို့အတွက် ဘာတွေသိသင့်လဲ ဘာတွေလိုအပ်လဲ ဆောင်ရန်ရှောင်ရန်လေးပါ။

Ooredoo Sim Card ဆိုသည်မှာ GSM အမျိုးအစားဖြစ်ပါတယ်။ ရန်ကုန် မန္တလေး နေပြည်တော် ၃ နေရာပဲ အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။ Ooredoo Sim Card ကိုအသုံးပြုဖို့အတွက် Huawei ဖုန်းတွေနဲ့ သုံးလို့သိပ်အဆင်မပြေကြောင်းသိရပါတယ်။ Samsung တွေနဲ့ဆိုရင်တော့ အိုခေတယ်လို့ပြောကြပါတယ်။ ထူးခြားမှုတစ်ခုကတော့ Ooredoo Sim Card အသုံးပြုတဲ့ ဟန်းဆက်တွေမှာ Root မဖောက်ခိုင်းပါဘူးခဗျာ … သူပေးထားတဲ့ဖုန်းတွေက မြန်မာဖောင့် auto ပါလာပြီးသား မို့ဖြစ်ပါတယ်။ သူဖုန်းပေးထားတဲ့ default ဖုန်းဆိုတာကတော့ SINGTECH အမည်ရတဲ့ Touch အမျိုးအစားဖုန်းပဲဖြစ်ပါတယ်ခဗျာ … ဖုန်းအဝင်အထွက်ဈေးနှုန်းတွေကတော့ ၂ မျိုး ရှိကြောင်းသိရပါတယ်။ Ooredoo to Ooredoo ခေါ်ရင် ၂၅ ကျပ် ဖြစ်ပြီး Ooredoo to Other Network ကိုခေါ်ရင် ၃၅ ကျပ် ဖြစ်ပါတယ်ခဗျာ။ Keypad နဲ့ရတဲ့ဖုန်း၁ခုပဲရှိသေးကြောင်းသိရပါတယ်။ ထို Keypad ဖုန်းတွင် video calling ပါရရှိကြောင်းသိရပါတယ်။ ထို Keypad အမျိုးအစားဖုန်းမှာ ၂ သောင်း ၂ ထောင်ကျပ် သာရှိကြောင်းသိရပါတယ်။

Ooredoo Sim Card အားဝယ်ယူရန် မှတ်ပုံတင် ရယ် Sim Card ဖိုး ၁၅၀၀ ရယ် ငွေဖြည့်ကတ်ဖိုး ၃၀၀၀ ရယ်ယူလာရပါမယ်။ စုစုပေါင်း ၄၅၀၀ ကြပါမယ်ခဗျာ။

Ooredoo Sim Card ဝယ်ပြီးလို့ မီမိလက်ထဲကို ရောက်လာပြီဆိုပါတော့ … မိမိဝယ်ယူလာသော ဖုန်းနာပတ် နှင့် လိုင်းကို Activate ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကတော့ လွယ်ကူပါတယ် … Ooredoo/ QRdroid/Barcode scanner ထို Apk ၃ ခုလိုပါတယ် … အသုံးခုကို install ပြုလုပ်ပြီးပါက Ooredoo Sim Card ကို စတင်အသုံးပြုလို့ရပြီဖြစ်ပါတယ် … Ooredoo/ QRdroid/Barcode scanner apk ၃ ခုလုံးမှာ Ooredoo Activation APK တစ်ခုထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။ အဓိအနေဖြင့် Ooredoo Activation ကို install ပြုလုပ်ပြီး အဆင့်ဆင့်လုပ်သွားဖို့ပါပဲ …

Ooredoo ရဲ့ အင်တာနက် Setting အနေနဲ့ကတော့ Sim Card ကို မိမိ၏ ဟန်းဆက်ထဲထည့်လိုက်တာနဲ့ အင်တာနက် setting ချိန်ပြီးသားဖြစ်ပါတယ်။ name နဲ့ apn မှာ internet ဖြစ်ပြီး username password မလို Authentication type မလို apn type မှာ default ပဲဖြစ်ပါတယ်ခဗျာ … အခြားသောအပိုင်းများအား စာရေးသူ ထပ်မံသိရှိရပါက ဆက်လက်ဝယ်မျှပါဦးမည်။

From: မိုးစက် ကို

www.mmdailystar.com

သရဖူပြန်ရဖို့ ဆွေးနွေးညှိနှိုင်းလိုတဲ့ ဂျူးစံသာ

စာနယ်ဇင်းရှင်းလင်းပွဲမှာ တွေ့ရတဲ့ ဂျူးစံသာ။ အောင်ဌေးလှိုင်
မစ္စ Globe Myanmar သရဖူဆု ရရှိထားပြီး နိုင်ငံတကာပြိုင်ပွဲကို သွားရောက်ဖို့အတွက်လေ့ကျင့်မှုတွေ ပြုလုပ်နေရာက သရဖူပြန်လည် ရုပ်သိမ်းခံရတယ်ဆိုတဲ့ အလှမယ် ဂျူးစံသာရဲ့
သတင်းဟာ အင်တာနက်မှာ ဒီသီတင်းပတ်အတွင်း ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်
ဖြစ်လို့နေပါတယ်။သရဖူရုပ်သိမ်းတယ်ဆိုတဲ့ သတင်းကို ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်ကနေတစ်ဆင့် ကြေညာခဲ့သူ
ကတော့ Globe Myanmar ပွဲစီစဉ်သူလည်းဖြစ်၊ ဂျူးစံသာရဲ့ National Director လည်းဖြစ်တဲ့
မလှနုထွန်း ပဲဖြစ်ပါတယ်။သရဖူရုပ်သိမ်းလိုက်ရတဲ့ အကြောင်းရင်းကိုလည်း တခြားအဖွဲ့အစည်းနဲ့ ဆက်သွယ်မှု၊ မက်ဆေ့ခ်ျမှရိုင်းပြစွာပြောဆိုမှု၊ စာချုပ်အတွက် လာရောက် ဆက်သွယ်ရန် ပြောခဲ့သော်လည်း ပျက်ကွက်မှု
တို့ကြောင့်ဖြစ်တယ်လို့ မလှနုထွန်းက ရေးသားထားပါသေးတယ်။အဲဒီသတင်းကို မလှနုထွန်းက ဇူလိုင်လ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပြီး နောက်တစ်နေ့မှာပဲအလှမယ် ဂျူးစံသာ က ပါ့ခ်ရွယ်ရယ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ သူ့အနေနဲ့ ရည်ရွယ်ထားတဲ့အတိုင်း နိုင်ငံတကာအလှမယ်ပွဲကြီးဖြစ်တဲ့ Miss Globe International ပွဲကြီးမှာ
သွားရောက် ယှဉ်ပြိုင်ချင်တာကြောင့် မလှနုထွန်းနဲ့ ဆွေးနွေးညှိုနှိုင်းလိုပါတယ်လို့ ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။
Miss Globe International အလှမယ်ပွဲကို ဩဂုတ်လ ၁၁ ရက်နေ့မှာ Azerbaijan နိုင်ငံမှာစတင်ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
စာနယ်ဇင်းပွဲမှာ ဂျူးစံသာက ခုလိုမျိုး ဖေ့စ်ဘွတ်ခ်သတင်းကြားရတဲ့အခါ ထင်မှတ်မထားတာ
ကြောင့် အံ့ဩခဲ့ရပါတယ်လို့ ၀မ်းနည်းဟန် မျက်ရည်အ၀ဲသားနဲ့ ဆိုခဲ့ပါသေးတယ်။
"စာချုပ်မူကြမ်းကို အခုလို သရဖူသိမ်းကြောင်း မကြေညာခင် တစ်ရက်အလိုမှာ အိမ်ကိုပို့ခဲ့ပေမယ့်အဖေနေမကောင်းလို့ ခဏစောင့်ပေးဖို့ ပြောခဲ့ပါတယ်။ သုံးနှစ်စာ ချုပ်ဆိုရမယ့်စာချုပ်ကို
ခဏအတွင်းမှာ သမီးတစ်ယောက်တည်းပဲ ဖတ်ခဲ့ပြီး အမေတို့နဲ့ မတိုင်ပင်ရသေးတဲ့အချိန်ဆိုတော့ဆုံးဖြတ်ချက် မချနိုင်ခဲ့လို့ပါ"လို့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ဂျူးစံသာက ပြောပါတယ်။

သူ့ကို ဖေ့စ်ဘွတ်ခ်ကနေ သရဖူသိမ်းကြောင်း ကြေညာထားပေမယ့် တရားဝင်အကြောင်းကြားစာတော့ မရသေးပါဘူးလို့လည်း ညှိုနှိုင်းမှုအပေါ် စိတ်အားထက်သန်နေတဲ့ မစ္စ Globe Myanmar ကဆိုပါတယ်။

"ပြိုင်ပွဲက ဘယ်နှရက်မှ မလိုတော့ပါဘူး။ အကုန်ပြင်ဆင် ပြီးသွားပြီဆိုတော့ သမီး သွားပြိုင်ချင်ပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့ကိုလည်း ကြိုးစားသွားမှာပါ။ တကယ်လို့ ဒီတစ်ခေါက်ပြိုင်ခွင့်မရခဲ့ရင်လည်း သမီးဝါသနာပါတဲ့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားမှာပါ"လို့လည်း ဂျူးစံသာကပြောပါတယ်။

မလှနုထွန်းက စာချုပ်ကို ဇူလိုင် ၂၃ ရက်နေ့တွင် ပေးပို့ခဲ့ပြီး ၂၄ ရက်နေ့ ညနေတွင် လက်မှတ်လာရောက်ထိုးဖို့ ပြောပေခဲ့ပေမယ့် ဂျူးစံသာရဲ့ဖခင် နေမကောင်းတာကြောင့် စာချုပ်လက်မှတ်မထိုးနိုင်ခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်သင်းသင်းရီ ကလည်း ထပ်လောင်းပြောဆိုပါတယ်။

"ဂျူးလေး အဖေနေမကောင်းလို့ အရမ်းအလုပ်ရှုပ်နေရတဲ့ အချိန်ပါ။ စာချုပ်ကိုလည်း နားလည်တဲ့သူတွေနဲ့ ပြချင်ပါသေးတယ်။ လက်မှတ်မထိုးဘူးလို့ ကျွန်မတို့ မပြောပါဘူး။ အချိန်လေးပဲပေးပါလို့
ပြောခဲ့ပါတယ်။ တစ်နေ့ကထိ (ဖေ့စ်ဘွတ်စ်ပေါ် ပို့စ်တင်တဲ့နေ့ မတိုင်ခင်) ကို ကျွန်မတို့ ဆက်ဆံရေးက အေးအေးဆေးဆေးပါ။ ဘာမှမဖြစ်ခဲ့ပါဘူး"လို့လည်း သူက ဆိုပါတယ်။

စာချုပ်မူကြမ်းမှာ ဖော်ပြထားတဲ့ အချက်တွေထဲမှာ ဂျူးစံသာရဲ့ အနုပညာဝင်ငွေ သုံးဆယ်ရာခိုင်နှုန်းကို နေရှင်နယ်ဒါရိုက်တာဖြစ်သူ မလှနုထွန်းကို သုံးနှစ်အထိ ခွဲပေးရမှာဖြစ်ပြီး အဖွဲ့အစည်းအပေါ် ရိုင်းပြစွာ စကားမဆိုရ၊ ကျိန်စာမတိုက်ရ၊ ဆေးလိပ်၊ ကွမ်းနဲ့ အရက် အပါအ၀င်
မူးယစ်ဆေးဝါး မသုံးစွဲရ၊ ကလပ်များသို့ သွားရောက် ကခုန်ခြင်း မပြုလုပ်ရ စတာတွေပါဝင်ပြီး အရမ်းတင်းကျပ်လွန်းတာမို့ ညှိနှိုင်းဖို့ အတွက် အချိန်ယူရတာပါလို့လည်း ဒေါ်သင်းသင်းရီကပြောပါတယ်။

မိခင်စကားကို ထောက်ခံတဲ့ ဂျူးစံသာကလည်း "မစ္စမြန်မာတွေအားလုံး တစ်နှစ်စာချုပ်ပဲ ချုပ်ကြပါတယ်။ သုံးနှစ်ဆိုတဲ့ကာလကို ဘယ်သူမှ စာချုပ် မချုပ်ကြပါဘူး။ မေမြတ်နိုးလည်း သုံးနှစ်စာချုပ်ကို လက်မှတ်မထိုးသေးပါဘူး။ နားလည်တဲ့ သူတွေနဲ့ တိုင်ပင်ချင်လို့ စာချုပ်ချုပ်မယ့်
ရက်ထပ်တိုးပေးဖို့ တောင်းဆိုတာပါ"လို့ ဆိုပါတယ်။

ဖြစ်ရတဲ့ပြဿနာရဲ့ အဓိကအကြောင်းက စာချုပ် ချုပ်ဆိုဖို့ ကိစ္စဖြစ်တာကြောင့် Miss Globe Myanmar ပြိုင်ပွဲစတင်ကတည်းက ဆုရရှိတဲ့ အလှမယ်အနေနဲ့ ပြုလုပ်ရမယ့် အချက်အလက်တွေကို အေဂျင်စီအနေနဲ့ ကြိုတင်မပြောခဲ့ဘူးလား၊ စာချုပ်ကိုရော ပြိုင်ပွဲသွားခါနီးမှ ဘာကြောင့်
ချုပ်ဆိုရသလဲဆိုတဲ့ မေးခွန်းတွေကို တွေးတောစရာဖြစ်လာခဲ့ပါတယ်။

"စာချုပ်ကို ပွဲပြီးပြီးချင်းမချုပ်တာက သူတို့ အမေတွေရော၊ သူတို့ကရော စာချုပ်ကိုကြိုက်တဲ့အချိန်ချုပ်ပါ။ လက်မှတ်ကို အချိန်မရွေးထိုးပါ့မယ်။ ၃၀ ရာခိုင်နှုန်းလည်း ပေးပါ့မယ်လို့ ပြောထားတာကို
ယုံလို့ပါ။ ပြီးတော့ မစ္စတစ်ယောက်ဆိုတာ တခြားသူတွေရော တူသလား၊ ကတိတည်ရဲ့ လားဆိုတာ စမ်းသပ်တာပါပဲ။ ခုတော့ လှနု သိလိုက်ပါတယ်။ နောက်ကျရင် စာချုပ်ချုပ်ဖို့ အရင်လုပ်ရပါတော့မယ်"လို့ မလှနုထွန်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မလှနုထွန်းဟာ ပြီးခဲ့တဲ့မေလက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific World ပြိုင်ပွဲမှာ သရဖူရရှိခဲ့တဲ့ အလှမယ် မေမြတ်နိုးရဲ့ နေရှင်နယ်ဒါရိုက်တာလည်းဖြစ်ပြီး လတ်တလောမှာ မေမြတ်နိုး နဲ့လည်း အဆင်မပြေမှုတွေ ကြုံနေရတာဖြစ်ပါတယ်။

"ဂျူးလေးကိုရော သူ့မိသားစုကိုရော ကျွန်မ အတန်တန်မှာထားပါတယ်။ တခြားအဖွဲ့အစည်းတွေနဲ့မဆက်သွယ်ဖို့ကိုပါ။ ဒါပေမဲ့ ကျွန်မပြောတာကို နားမထောင်ခဲ့ပါဘူး။ တခြားအဖွဲ့အစည်းနဲ့
ရိုက်ထားတဲ့ ဓာတ်ပုံတွေ တင်ပါတယ်။ ခုစာချုပ်ကလည်း အကြမ်းပဲ ရှိပါသေးတယ်။ သူ့ကို လက်မှတ်ချက်ချင်း ထိုးခိုင်းတာ မဟုတ်ပါဘူး။ ဆွေးနွေးဖို့ပဲ ခေါ်နေတာပါ။ နောက်ပိုင်းရက်တွေမှာ
လှနု မအားပါဘူး။ ဒါကြောင့် ဆွေးနွေးဖို့လာခဲ့ပါလို့ ပြောတာပါ။ ခု သရဖူသိမ်းရတာကလည်း သူနဲ့ဆက်ပြီးလက်တွဲလုပ်ဖို့ အဆင်မပြေတော့လို့ပါ။ သူ့အဖေ နေမကောင်းဘူးလို့ စာချုပ်မချုပ်နိုင်သေးဘူးလို့ ပြောပေမယ့် သူတခြား အစီအစဉ်တစ်ခုအတွက် လုပ်နေတယ်ဆိုတာ လှနု
သိနေပါတယ်။ ရှေ့မှာ မေမြတ်နိုးကိစ္စကလည်း ရှိထားတော့ လှနု နောက်တစ်ခေါက် အရှက်ကွဲခံလို့ မရပါဘူး"လို့ မလှနုထွန်း ကဆိုသလို သူ့ဘက်က မှားတာ မရှိတဲ့အတွက်ဂျူးစံသာ တို့ဘက်မှ တရားစွဲမယ်ဆိုလည်း စွဲလို့မရပါဘူးလို့လည်း ဆိုပါတယ်။ ဖုန်းမက်ဆေ့ခ်ျ
ကနေတစ်ဆင့် ရိုင်းပြစွာပြောဆိုတယ်လို့ မလှနုထွန်း ရေးသားခဲ့တာနဲ့ ပတ်သတ်ပြီး ပြဿနာရှိခဲ့တာ မှန်ပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ အဆင်ပြေပြီးခဲ့သားဖြစ်တယ်လို့ ဂျူးစံသာက
ဆိုပါတယ်။

"တီချယ်(လှနုထွန်း) ခရီးသွားနေတုန်းက ၀တ်စုံမလောက်ငတဲ့အတွက် Miss Golden Myanmarက ကိုဟန်ဇော်လတ်ဆီမှာ အကူအညီတောင်းခဲ့မိပါတယ်။ တီချယ်ကိုလည်း ဘာမှမလုပ်ပေးဘဲနဲ့လို့ မက်ဆေ့ခ်ျကနေ ပြောမိပါတယ်။ အဲဒီအတွက်လည်း တောင်းပန်ပြီးပါပြီ။ တီချယ်ကလည်း
အဲဒါတွေ မေ့လိုက်ပြီး ရှေ့ဆက်သွားကြမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ခုလို ဘာဖြစ်လို့လုပ်ရတယ်ဆိုတာ ဂျူးလည်း မသိပါဘူး။ သမီး ဖုန်းဆက်ပေမယ့် တီချယ်က လုံးဝမကိုင်ပါဘူး"လို့ ဂျူးစံသာက ပြောပါတယ်။

မြန်မာတိုင်း(မ်)နဲ့ နောက်ဆုံး စကားပြောခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့အထိ မလှနုထွန်း ဘက်မှ ဆက်သွယ်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖေ့စ်ဘွတ်ခ်မှာ Miss Globe ဆုရှင်ဂျူးစံသာမှာစိတ်ကစဥ့်ကလျား ရောဂါရှိနေတဲ့အတွက် ပြိုင်ပွဲကိုစေလွှတ်တော့မှာ မဟုတ်ဘူးလို့
ရေးတင်ခဲ့တယ်လို့ ဒေါ်သင်းသင်းရီက ပြောပါတယ်။

"အန်တီတို့ဘက်က ခုချိန်ထိတော့ ဘာမှမလုပ်သေးပါဘူး။ သူတို့က သမီးလေးကို စိတ်ဝေဒနာရှင်ပုံစံနဲ့ ပြိုင်ပွဲကျင်းပတဲ့ဆီကို အကြောင်းကြားတဲ့စာကို တွေ့ရပေမယ့် အဲဒီအဖွဲ့အစည်းနဲ့ အန်တီတို့
ဘာအဆက်အသွယ်မှ မရှိတော့ ရှင်းပြဖို့ အခက်တွေ့နေပါတယ်။ သူတို့ဘက်က ကြားခံလုပ်ပေးခဲ့ပြီး အန်တီတို့နဲ့ တစ်ကြိမ်မှ တိုက်ရိုက်ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး"လို့ ဒေါ်သင်းသင်းရီကပြောပါတယ်။

မလှနုထွန်း ကတော့ "Miss Tourism International ပွဲအတွက်လည်း လှနု စီစဉ်နေပါတယ်။Miss Globe ပွဲက အရမ်းကပ်နေတော့ နောက်တစ်ယောက်အစားထိုးဖို့ မီ မမီလည်း
မသေချာပါဘူး။ ကံကောင်းလို့ ပွဲရက်ရွှေ့သွားမယ်ဆိုရင် ဂျူးစံသာနေရာမှာ တစ်ယောက် အစားထိုးဖြစ်ရင် ဖြစ်မှာပါ။ Miss Tourism International အတွက် လာလျှောက်ထားတဲ့ကလေးတွေလည်း ရှိပါတယ်။ ခုတော့ လှနု စိတ်ရှုတ်နေလို့ ရွေးဖြစ်မရွေးဖြစ် သေချာမပြောနိုင်သေးပါဘူး"လို့ဆိုပါတယ်။

Miss Globe Myanmar ပြိုင်ပွဲကြီးကို မတ်လ ၄ ရက်နေ့က ကရ၀ိက်နန်းတော်ဟိုတယ်မှာပြုလုပ်ခဲ့ကာ မစ္စအဖြစ် ဂျူးစံသာက ရွေးချယ်ခံခဲ့ရပြီး Miss Absolute Beauty Skin ဆုကိုလည်းရရှိခဲ့ပါတယ်။

From: မြန်မာတိုင်း(မ်)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...