Tuesday, 5 August 2014

၈၈ အရေးအခင်း မှာ … သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..?????? ။

ဒီကနေ့  ဘီဘီစီက ရေးသားဖော်ပြလိုက်တဲ့ …
၈၈ခုနှစ် အရေးအခင်းမှာ ….
လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နှင်းခဲ့သလားဆိုတဲ့ ဆောင်းပါးဟာ …
ဖော်ပြပြီး ၅နာရီလောက်အကြာမှာပဲ ….
ဘီဘီစီ ပေ့ခ်ျမှာ ၀ိုင်းဝန်းအားပေး ထောမနာပြုကြတဲ့ …
ဖေ့စ်ဘုတ်ကာတွေရဲ့ ကောမန့် များအောက်မှာ …
ဘီဘီစီ အနေနဲ့  အတော်ကို ဂွမ်းသွားခဲ့ပါတယ် …

အဓိပ္ပာယ်ကတော့ …
ဒီကနေ့ လူထုဟာ …
၁၉၈၈ ခုနှစ် လူထု မဟုတ်တော့သလို …
ဒီကနေ့ ခေတ်ဟာလဲ ….
စတုတ္ထမဏ္ဍိုင် တစ်ခုတည်းသာမက ….
ပဉ္စမ မဏ္ဍိုင် လူမှုကွန်ယက်တွေ ပါ ….
ပေါ်ပေါက်နေတဲ့ ခေတ်ကို …
ရောက်ရှိနေပြီမို့ လို့ ပဲ ဖြစ်ပါတယ် ….

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၆ နှစ် အချိန်ကာလကတော့ …
ဒီလိုမဟုတ်ခဲ့ပဲ ….
ဘီဘီစီ ပြုသမျှ …
ကျွန်တော်တို့ နုခဲ့ရဖူးပါတယ် ….

တိတိကျကျ ပြောရရင်တော့ …
၁၉၈၈ခုနှစ် သြဂုတ်လ ၆ရက် …
ည ၈ နာရီ ၄၅ မိနစ် မြန်မာပိုင်းအစီအစဉ် ကဏ္ဍ …
ထုတ်လွှင့်ချက်ပါ ….

သတင်းကတော့ ….
အင်းစိန်ထောင်ထဲမှာ …
လုံထိန်းများက အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံခဲ့ရပါတယ်ဆိုတဲ့  …
မိန်းကလေးများနဲ့  တွေ့ ဆုံခန်းကို ထုတ်လွှင့်လိုက်တာပါ ….

ကျွန်မ ဘေးအခန်းက မိန်းကလေးတွေရဲ့ ….
သနားစဖွယ် အော်ဟစ် ငိုရှိုက် ….
တောင်းပန်သံတွေကို ကြားနေရတယ် …
ကျွန်မတို့ ကို ….
တစ်ယောက်ပြီး တစ်ယောက် …
အကြိမ်ကြိမ် ၀င်လာ မုဒိန်းကျင့်နေတယ် …
မုဒိန်းကျင့်ခံရတဲ့  မိန်းကလေး ကိုးယောက်မှာ …
သုံးယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး ….
ကျန်တဲ့သူတွေမှာ ကိုယ်ဝန်ဖျက်ချတဲ့သူဖျက်ရ …
ဘ၀ပျက်တဲ့ သူ ပျက်ရ ဆိုတဲ့ အကြောင်း …
ကာယကံရှင် မိန်းကလေးကိုယ်တိုင် ရှင်းပြနေတာကို …
ထုတ်လွှင့်ပေးလိုက်တာပါ ….

တစ်ပြည်လုံးက ပြည်သူတွေဟာ…
သတင်းကို နားထောင်နေရင်း နားထောင်နေရင်း …
ခြေဖျားလက်ဖျားတွေ အေးစက်လာပါတယ် ….
ပတ်ဝန်းကျင်လေထုဟာ ရုတ်တရက် ငြိမ်ကျသွားတယ် …

လူတွေအားလုံးရဲ့ မျက်နှာဟာ …
တစ်စ တစ်စ တင်းမာလာကြတယ်…

တစ်ချက်တစ်ချက် ကျတော့ …
စုပ်သပ်သံလေး သဲ့သဲ့ ကြားရတယ် ….
နားဆင်နေရင်းပဲ ….
တစ်ချို့ ကတော့ မျက်ရည်တွေကျနေကြတယ်
သတင်းအပြီးမှာတော့ …
အားလုံးရဲ့ မျက်နာဟာ အံကြိတ်ထားလို့ …
မေးကြောကြီးတွေ ထောင်ထောင်ထ …
မျက်လုံးတွေကလဲ …
မီးတောက်မီးလျှံတွေလို ရဲရဲနီ ကုန်ကြပါပြီ ….

ဒီလောက်ဆိုရင်တော့ …
နောက်တစ်နေ့  လမ်းမတွေပေါ်မှာ …
ဘာတွေဆက်ဖြစ်ကုန်မလဲ ….
ကျွန်တော်တို့ မှန်းဆလို့ ရနိုင်ပါပြီကော ….

ကောင်းပါပြီ …
ဒီသတင်း ဘယ်လိုဖြစ်လာခဲ့ပါသလဲ ….
ဘယ်လို အသံသွင်းယူခဲ့ကြသလဲ ….
ကျွန်တော်တို့ တစ်ချက် လောက် …
နောက်ကြောင်းပြန် ကြည့်ကြရအောင်ပါလား ခင်ဗျာ ….

ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂါးနက်ဟာ …
၁၉၈၈ခုနှစ် သြဂုတ်လထဲမှာ …
စမ်းချောင်းမြို့ နယ် ၊ ကျွန်းတောတောင်ရပ်ကွက်
ချမ်းသာလမ်း ၊အိမ်အမှတ် ၁၈ …
ကိုအောင်မျိုးထွန်း ရဲ့ နေအိမ်မှာ …
ဒီရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို …
အသံသွင်းဖို့ လုပ်ခဲ့ကြပါတယ် ….

စီစဉ်သူက ကိုနေမင်း …
ဝိုင်းဝန်း ကူညီဆောင်ရွက်သူတွေက …
ကိုတင်မောင်ထွေး ၊ ကိုဌေးအောင်၊ကိုဌေးကြွယ် နဲ့  ….
ကို ကိုကိုလတ်တို့ ဖြစ်ကြပါတယ် …
အမျိုးသမီး တွေကတော့ …
မအေးငြိမ်းသူ နဲ့ တစ်ခြားကျောင်းသူ တစ်ဦး ဖြစ်ပါတယ် ….

မအေးငြိမ်းသူ က အကူအညီတောင်းလို့  …
ဘုမသိ ဘမသိ အသံသွင်းခဲ့တဲ့သူပါ ….
အသံလွှင့်အစီအစဉ် မစတင်မီ …
အဲဒီ မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးတွေနဲ့  ….
တွေ့ ချင်တယ်လို့ ပြောတော့….
အသံသွင်းပြီးရင် လိုက်ပို့ ပေးမယ်လို့ ပြောပြီး …
စာရွက်မှာရေးထားတာတွေကို ဖတ်ပြ …
စိတ်တိုင်းကျ အသံသွင်းပြီးတဲ့ နောက်မှာ …
အချိန်မရတော့လို့ ….
နောက်မှပဲ ပို့ တော့မယ်လို့ ပြောပြီး …
မလိမ့်တပတ်လုပ် …
ရှောင်ထွက်သွားခဲ့တယ်လို့  ဆိုပါတယ် …

ဘယ်လိုပဲ ဖြစ်ဖြစ် အသံသွင်းတာကတော့ …
အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ …
ကြိုတင် နှပ်ကြောင်းပေး လှုံ့ ဆော်နေတဲ့  …
၈.၈.၈၈ ရက်နေ့ မတိုင်မီ တစ်ရက်အကျော် …
၆.၈.၈၈ ရက်နေ့ မှာ ..
ဒီအသံလွှင့်ဇာတ်လမ်းကို ဗုံးခွဲသလို …
ဖောက်ခွဲ ထုတ်လွှင့်ပြစ်ခဲ့ပါတယ် ….

နောက်ပိုင်း ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာတော့…
၈၈ ကို မီတဲ့သူတွေ အားလုံး သိကြပါတယ် …

သမိုင်းဟာ ညာလို့ မရပါဘူး …
ဒီကိစ္စထဲပါခဲ့တဲ့  ၈၈ မျိုးဆက် ကိုဌေးကြွယ်တို့ လဲ …
အခု လက်ရှိ ငုတ်တုတ်ကြီး ရှိနေတာပါပဲ …

ဟုတ်မဟုတ် ဆိုတာ ….
သမိုင်းအမှန်ကို သိချင်စိတ်ရှိတဲ့  …
သတင်းထောက် တစ်ယောက် က ….
သွားမေးကြည့်ရဲဖို့ ပဲ လိုပါတယ် ….

၈၈ အရေးအခင်း မှာ …
သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..?????? ။

From: Ye Moe

www.mmdailystar.com

အီဗိုလာ ရောဂါ မြန်မာနိုင်ငံတွင် ကူးစက်မှုမရှိကြောင်း ပြန်ကြားရေး ၀န်ကြီးပြောကြား

အင်တာနက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ရခိုင်ပြည်မှာ Ebola Virusရောဂါမျိုး အလားတူကပ်ဆိုးကြီးဖြစ်နေပါပြီ ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ထံ ဆက်သွယ်စုံစမ်းခဲ့ပါတယ်။

အင်တာနက်သတင်းမှာ ဖော်ပြထားတဲ့လူနာဟာ မောင်မျိုးလင်းနိုင် အသက် (၆) နှစ်၊ ကမ်းနီရွာ ၊ မင်းပြားမြို့နယ်က ဖြစ်ကြောင်း၊ ရွာမှာ ဇူ ၂၁ ရက်နေ့က ဖျားလို့ ဆေးသောက်ခဲ့ပြီး နှစ်ရက် အကြာမှာ အနာများဖြစ်လာတဲ့အတွက် ဇူ ၂၃ ရက်နေ့မှာ မင်းပြား မြို့နယ်ဆေးရုံ ဆေးရုံ က တဆင့် စစ်တွေ ပြည်နယ်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။

ပြည်နယ်ဆေးရုံမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်များပါဝင်တဲ့ အဖွဲ့ရဲ့ စစ်ဆေးချက်အရ Ebola Virus Disease မဟုတ်ဘဲ ဆာလဖာဆေးနဲ့ မတည့်တဲ့ Stevens - Johnson Syndrome ရောဂါဖြစ်ပြီး ကလေး ကုသဆောင်မှာ ဇူ ၂၄ ရက်နေ့က စတင်ကုသပေးလျှက်ရှိပါတယ်။ သက်သာမှုရှိတယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အီဘိုလာရောဂါစောင့်ကြည့်ရေးလုပ်ငန်းများကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်များအတိုင်း စောင့်ကြည့်လျှက်ရှိပါ တယ်။

ဒါ့ကြောင့် အင်တာနက်ပေါ်က တဆင့် ပြည်သူများစိုးရိမ်ပူပန်မှုများဖြစ်အောင် လှုံ့ဆော်နေမှု များကို သတိပြုဖို့နဲ့ အလားတူသတင်းများကို အလွယ်တကူ ယုံကြည်ပြီး ဆက်လက် ဖြန့်ဝေ မှုများ မလုပ်ကြဖို့ မေတ္တရာရပ်ခံအပ်ပါတယ်။

From: Ye Htut (ပြန်ကြားရေးဝန်ကြီး )

www.mmdailystar.com

အော်ရီဒူး ၏များပြားလှသော ဆိုးကျိုးများ....

အနီရောင်ဇယားက ထိုင်းနိုင်ငံ dtac ရဲ့ မိုဘိုင်းအင်တာနက်အသုံးပြုမှုဈေးနှုန်းပါ။




အပြာရောင်ဇယားက အင်တာနက်ဈေးအသင့်ဆုံးထိပ်ဆုံးနိုင်ငံတွေပါ။

 Ooredoo က ဒီနေ့ သြဂုတ် ၂ရက်မှာ သူ့ရဲ့ဝန်ဆောင်မှုတွေကိုရှင်းပြသွားတယ်။ ဖတ်ကြည့်ရသလောက်တော့ ဖုန်းပြောခတွေက ပြဿနာမရှိလှပေမယ့် အင်တာနက်က 1Mb ကို ၂၅ကျပ်နှုန်းသာဆိုရင်တော့ အတော်လေးဆိုးမယ့်သဘောမှာရှိတယ်။

ဘာမှဒေါင်းလုပ်မလုပ်ဘဲနဲ့ ၀က်ဆိုဒ်တွေကြည့်တာမျိုး၊ သတင်းဆိုဒ်တွေလိုက်ဖတ်တာမျိုးလုပ်မယ်ဆိုရင်တောင် လူတစ်ယောက်သုံးတဲ့ တစ်နေ့တာ ဒေတာလစ်မစ်ဟာ 200Mb လောက်ရှိတယ်။ 1Mb ကို ၂၅ကျပ်နှုန်းနဲ့သာတွက်ရင် တစ်နေ့ကို ၅၀၀၀လောက်၊ ဖုန်းပြောခမပါ တစ်လကို တစ်သိန်းခွဲလောက်ကုန်မယ့်ပုံစံဖြစ်နေတယ်။ 1Gb ကို ၂၅၀၀၀လောက်ကျသင့်နေတော့ အဲဒီနှုန်းနဲ့သာ အူရီဒူးသုံးရရင် ဒေ၀ါလီခံရလိမ့်မယ်။ တစ်ခုစောင့်ကြည့်ရမှာက သူတို့ Data Plan ကို ဘယ်လောက်နဲ့လုပ်မလဲဆိုတာပါ။ အခုလောလောဆယ်မှာ အင်တာနက် ဈေးနှုန်းတအားများနေတယ်လို့တော့ ပြောဖို့စောသေးပေမယ့် ထွက်လာမယ့် Data Plan ဟာ အခုသတ်မှတ်ထားတဲ့ 1Mb ကို ၂၅ကျပ်နှုန်းဆိုတာရဲ့ ငါးပုံတစ်ပုံလောက်ထိသာ မလျှော့ချဘူးဆိုရင်တော့ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် အတော်လေးဈေးကြီးတယ်လို့ ပြောရလိမ့်မယ်။ သုံးရတာဘယ်လိုမှ တန်မှာမဟုတ်တော့ဘူး။

ပုံမှာပါတာက မိုဘိုင်းဖုန်းအင်တာနက် နိုင်ငံတကာ Data Plan တွေပါ။ နိုင်ငံတကာဈေးနှုန်းနဲ့ ယှဉ်ကြည့်ရင်လည်း တော်တော်လေးကို ဈေးကြီးနေတာကို မြင်နိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံအတွက်ဆို စဉ်းစားဖို့က တိုင်းပြည်အနေအထား၊ ၀င်ငွေ၊ လူတစ်ယောက်ချင်းစီရဲ့ သုံးနိုင်မယ့် ငွေကြေးပမာဏတွေကိုပါ တွက်ချက်ရပါလိမ့်မယ်။ မြန်မာနိုင်ငံထက် အများကြီးချမ်းသာတဲ့နိုင်ငံတွေမှာ အင်တာနက်အသုံးပြုခနှုန်းက မြန်မာနိုင်ငံထက် အများကြီးသက်သာနေပြီး မြန်မာနိုင်ငံမှာတော့ ဒီလောက်ဈေးနှုန်းဆိုရင် နှစ်ခါနာရမယ့်ပုံစံဖြစ်နေပြီ။ MPT ကိုစိတ်ကုန်လွန်းလို့ အင်တာနက်အတွက် အူရီဒူးကိုစဉ်းစားခါမှ ဈေးနှုန်းကြောင့် မွဲရမယ့်ကိန်းဆိုရင်တော့ သိပ်မနိပ်သေးဘူး။ သူ့ဈေးနှုန်းက ဟိုတစ်ခါ MPT လုပ်မယ်ဆိုလို့ ၀ိုင်းပြီးဆဲကြတဲ့နှုန်းနဲ့ ဘာမှ သိပ်မကွာဘူးဖြစ်နေတယ်။ အင်တာနက်အသုံးပြုခ MPT ထက် ဈေးလျော့မယ်ဆိုတဲ့ တယ်လီနောပဲ မျှော်ရတော့မယ်ထင်တယ်။




From: Thurein Hlaing Win

www.mmdailystar.com

မိန်းမပျိုလေးများ ချိုင်းမွေးမနုတ်ရပြိုင်ပွဲ လူစိတ်ဝင်စားမှုများနေ





 တရုတ်နိုင်ငံမှာ လတ်တလော စိတ်ဝင်စားမှုအရှိဆုံး အကြောင်းအရာကတော့ မိန်းမပျိုတွေ ချိုင်းမွေးမနုတ်ရပြိုင်ပွဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရဲ့ လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်ဖြစ်တဲ့ Weibo မှာ ဒီပြိုင်ပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး ၀င်ရောက်ကြည့်ရှုတဲ့ ပရိသတ်အရေအတွက်က (၂၈) သန်းကျော်ရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အမျိုးသမီးငယ် ထောင်ပေါင်းများစွာ ၀င်ရောက်ဆင်နွှဲခဲ့တဲ့ ဒီပြိုင်ပွဲမှာ ပထမဆုရရှိမယ့်သူဟာ ဘာဆုမှရရှိမှာ မဟုတ်ပေမယ့် စိတ်ဝင်တစားဝင်ရောက် ယှဉ်ပြိုင်ခြင်းက ထူးခြားမှုတစ်ခု ဖြစ်ပါတယ်။ ပြိုင်ပွဲအမည်ကို မိန်းမပျိုတွေ ချိုင်းမွေးမနုတ်ရလို့ ပေးခဲ့ရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ ရှိနေပါတယ်။ အဲဒါကတော့ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမွေးတွေကို ရဲဝံ့စွာ ထားရှိနိုင်ဖို့ ဖြစ်ပါ တယ်။ တရုတ်မိန်းမပျိုလေးတွေဟာ သတိ္တအပြည့်နဲ့ ဒီပြိုင်ပွဲကို -၀င်ရောက်ဆင်နွှဲခဲ့ပါတယ်။ မိမိမှာရှိတဲ့ ချိုင်းမွေးတွေကို ပုံစံအမျိုးမျိုးနဲ့ Selfies ဓာတ်ပုံ ရိုက်ကူးကာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အချို့ချိုင်းမွေးတွေဟာ အလွန်ရှည်လျားနေတာ တွေ့မြင်ခဲ့ရပါတယ်။

ဒီဓာတ်ပုံတွေကို ပြိုင်ပွဲစီစဉ် ကျင်းပတဲ့ သူက အကောင်းဆုံး (၁၀)ဦးစာရင်း ရွေးချယ်ထုတ်ပြန်သွားမှာဖြစ်ပြီး ဘာဆုမှပေးသွားမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာ သဘာဝ အလှတရားနဲ့ ပတ်သက်ပြီး အခုလို လံှု့ဆော်ပေးတဲ့ပြိုင်ပွဲတွေ မကြာခဏ ကျင်းပပြုလုပ် ပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လက ခြေထောက်မွေးနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပပြု လုပ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေဟာ သူတို့ရဲ့ ခြေထောက်မွေးတွေကို မရိတ်ဘဲ ရှည်လျားတဲ့ ခြေထောက်မွေးတွေနဲ့ ဓာတ်ပုံရိုက်ကာ ၀င်ရောက်ယှဉ်ပြိုင်မှု ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားတက္ကသိုလ်ကလည်းကျောင်းသူတွေကို စာမေးပွဲရှိတဲ့ကာလမှာ ချိုင်းမွေး နုတ်စရာ မလိုဘူးလို့ ကမ်းလှမ်းမှု တစ်ခုပြုလုပ်ခဲ့ကြောင်းလို့ သိရပါတယ်။ လူမှုပတ်ဝန်းကျင်မှာစံနှုန်းအဖြစ် သတ်မှတ်ထားမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း လန်ဒန်မြို့အခြေစိုက် ဓာတ်ပုံဆရာတစ်ဦးဟာ အမျိုးသမီးမော်ဒယ်တွေနဲ့ ခန္ဓာကိုယ်အမွေးတွေ ကို ရိုက်ကူးမှု ပြုလုပ်ခဲ့ပါတယ်။

From: Messenger

www.mmdailystar.com

လူမှုကွန်ယက်တွင်ပျံ့နေသော ထိတ်လန့်ကြောက်ရွံဖွယ် လူသတ်မှုဗီဒီယိုဖိုင် နှင့် ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်

လှိုင်သာယာမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားခဲ့သည့် CCTV မှတ်တမ်း Video file အား လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြလာခဲ့ရာ ၎င်းအမှုနှင့်
ပတ်သက်၍ ရဲတပ်ဖွဲ့မှဆောင်ရွက် ထားရှိမှုအားသိရှိစေရန်နှင့် နောင်တွင် အလားတူ မှတ်တမ်းများကို ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံခြင်း

ရန်ကုန်၊ သြဂုတ် ၎

၉.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်အော်ကျော်လမ်း
ရှိ လ္ဘက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၎င်းဆိုင်ရှိ CCTV မှ မှတ်တမ်း Video file အား လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခဲ့
သဖြင့် ပြန့်နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၎င်းခိုက်ရန်ဖြစ်ပွားမှုတွင် ကိုသန်းဇော်ဦးမှာ ဓါးဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင် ပေါက်ပြဲဖူးရောင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှု
ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်း (ပ)၈၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်
ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေ ဖြိုးကိုကို၊(၁၈)နှစ်၊ (ဘ)ဦးခင်သန်း၊ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊(၁၈)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ မျိုးဇော်၊ (၂၄)နှစ်၊(ဘ)ဦးတင်ဝင်း၊ အရှည်ကြီး(ခ)နိုင်လင်းထွန်း၊(၁၇)နှစ်၊(ဘ)ဦးတရုတ်ကြီး၊
တင်မောင်မျိုး၊ (၁၃)နှစ်၊ (ဘ)ဦးမျိုးတင့်တို့(၅)ဦးအား ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် အခင်းဖြစ်ပွားပြီး (၅)နာရီ အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီးဖြစ်
ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ၁၀.၆.၂၀၁၄ ရက်နေ့တွင် Yangon Police လူမှုကွန်ယက် စာမျက်နှာမှ သတင်းထုတ်ပြန်ပေးခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအားစစ်ဆေးရာ ခိုက်ရန်ဖြစ်ပွားစဉ် ငြိမ်းချမ်း(ခ) သက်မောင်မောင်မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်လူများမှ ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါတ်ဘူး၊ ပန်းကန်လုံးများဖြင့် ရိုက်နှက်၊ ပစ်ပေါက်ခဲ့ကြ
ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးပေါ်ပေါက်ချက်များအရ မြောက်ပိုင်းခရိုင်ဥပဒေရုံးသို့ ဥပဒေ
အကြံပြုချက်တောင်းခံခဲ့ပြီး အကြံပြုချက်နှင့်အညီ ပြစ်မှုပုဒ်မ-၃၀၂/၃၂၃/၁၁၄
ဖြင့် ၁၈.၇.၂၀၁၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုကိုတို့(၃)ဦးအား ရဲစခန်းစွဲချက်အမှတ် (၇၉၉/၂၀၁၄) ဖြင့်
မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှတ်(၁၂၁/၂၀၁၄)
ဖြင့်လည်းကောင်း၊ ကလေးသူငယ်များဖြစ်သည့် ပြစ်မှုကျူးလွန်သူ တင်မောင်မျိုး
နှင့် အရှည်ကြီး(ခ) နိုင်လင်းထွန်းတို့(၂)ဦးအား ရဲစခန်းစွဲချက်အမှတ်-၇၉၉(က)/၂၀၁၄ ဖြင့် လှိုင်သာယာမြို့နယ်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ ကလေးသူငယ်ပြစ်မှုကြီးအမှတ်(၁၈/၂၀၁၄) ဖြင့်လည်းကောင်း လက်ခံစစ်ဆေး လျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အခင်းဖြစ်လ္ဘက်ရည်ဆိုင်ရှိ CCTV Camera မှတ်တမ်း video file အား တစ်ဦးတစ်ယောက်မှ လူမှုကွန်ယက်စာမျက်နှာတွင်
ဖော်ပြခဲ့သည့်အတွက် ကြည့်ရှုသူ ပြည်သူများအနေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်းများဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ်သော
ပြဿ နာများဖြစ်ပွားလာနိုင်ပြီး တစ်ဦးတစ်ယောက်၏လုံခြုံရေးကို ထိခိုက်နိုင်ဖွယ်
ရှိသဖြင့် အလားတူ video file များအား နောင်တွင်ဖ်ာပြခြင်းမပြုပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

မကြည့်ရသေးသူများအတွက်....








From: Yangon Police

www.mmdailystar.com

ဘင်္ဂါလီကို တိုင်းရင်းသားဖြစ်ခွင့်ပေးရန် ပြောခဲ့သည့် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်သစ်၏ ကြေညာချက်ကို အစိုးရကန့်ကွက်


 မြန်မာ့သမိုင်းတွင် မည် သည့်အခါကမှမရှိခဲ့သော ရိုဟင် ဂျာစကားလုံးကို သုံးနှုန်းခဲ့ပြီး ဘင်္ဂါလီများကို တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်ပေးရန် ပြောဆို ခဲ့သည့် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ သတင်း ထုတ်ပြန်ချက်မှာ လက်ခံနိုင်ဖွယ် မရှိကြောင်း မြန်မာအစိုးရက တုံ့ ပြန်ပြောကြားလိုက်သည်။

ထို့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့်ဥပဒေတွင် ၁၈၂၃ မတိုင်မီကတည်းက နိုင်ငံတွင်း အမြဲတမ်းအခြေချနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသာ မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ် ပြန်ကာ ရန်ဟီလီ၏ သတင်းထုတ် ပြန်ချက်ကို တုံ့ပြန်ခဲ့သည်။

‘‘သူက ဘင်္ဂါလီတွေကို တိုင်းရင်းသားဆိုပြီး အသေစွဲကိုင် ပြီးပြောသွားတာ။ ကျွန်တော်တို့ က ဥပဒေအတိုင်း ၁၈၂၃ နောက် ပိုင်းရောက်လာပြီး တတိယမျိုး ဆက်အထိရောက်လာရင် နိုင်ငံ သားလျှောက်ခွင့်ပေးထားတယ်။ ဒါပေမဲ့ တိုင်းရင်းသားနဲ့ နိုင်ငံသား က မတူဘူး။ ၁၈၂၃ နောက်ပိုင်းမှ ရောက်လာသမျှ ဘင်္ဂါလီကို တိုင်း ရင်းသားလို့သတ်မှတ်ရင် သူတို့နဲ့ အတူတူရောက်လာခဲ့တဲ့ တရုတ် လူမျိုးတွေ၊ အိန္ဒိယကရောက်လာ သူတွေကပါ တိုင်းရင်းသားပါလို့ ပြောလာရင် ဘယ်လိုလုပ်ကြ မလဲ’’ဟု သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးအခြေအနေကို အစီရင်ခံ စာတင်သွင်းသူ ကုလကိုယ်စား လှယ်မစ္စရန်ဟီလီ  မြန်မာနိုင်ငံ သို့ ၁၀ ရက်ကြာလာရောက်သည့် ခရီးစဉ်အဖြစ်    သတင်းထုတ် ပြန်ချက်တွင် မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်း လဲမှုများကို အသိအမှတ်ပြု ကြောင်းနှင့် တစ်ချိန်တည်းတွင် နောက်ကြောင်းပြန်လှည့်စေမည့် စိုးရိမ်ဖွယ်အခြေအနေများကို စိစစ်ဟန့်တားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားရေးနှင့် ဘာသာရေးအကြောင်းပြုဥပဒေ ကြမ်းများကို ရုပ်သိမ်းရန်လိုလား ပြီး သတင်းမီဒီယာကို အရေးယူ သည့်တရားစီရင်ရေး၊ လွတ်လပ် စွာထုတ်ဖော်ပြောကြားခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်တို့ သုံးသပ် ပြင်ဆင်ရန်လိုကြောင်းနှင့် ရိုဟင် ဂျာဟု သုံးနှုန်းပြောဆိုခြင်းမှာ ကုလသမဂ္ဂ၏ Agenda ထဲတွင် တရားဝင်ပါသည့်အသုံးအနှုန်းကို သုံးစွဲခြင်းသာဖြစ်သည်ဟု ဆို သည်။

‘‘အင်္ဂလိပ်က နှစ်ပေါင်း ၁၂၄ နှစ် ကိုလိုနီလုပ်ခဲ့စဉ်မှာ အင်္ဂလိပ်အစိုးရကောက်တဲ့သန်း ခေါင်စာရင်း၊ ဂေဇက်လို့ခေါ်တဲ့ အစီရင်ခံစာမှာရော ထုတ်ပြန် ချက်တွေမှာပါ တရားဝင်ရိုဟင် ဂျာလို့သုံးခဲ့တာ တစ်ခုမှမရှိဘူး။ ဒါအထောက်အထားတွေလည်းရှိ တယ်။ ဒီရိုဟင်ဂျာက ကုလ Agenda ထဲဝင်သွားတာ ၁၉၉၃-၉၄ လောက်မှာ ပြည်ပရောက် နိုင်ငံရေးအသုံးချသူတချို့    လုပ် သွားတဲ့ကိစ္စကြောင့်ပဲ’’ဟု ဦးရဲ ထွဋ်က ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း ရိုဟင်ဂျာဆိုသော အသုံးအနှုန်း မှာ မြန်မာ့သမိုင်းတစ်လျှောက် လုံးဝမရှိခဲ့ကြောင်း ၎င်း၏ပြည်ပ ခရီးစဉ်များတွင် မကြာခဏထုတ် ဖော်ပြောကြားခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအများစုနေထိုင်သော ဒေသနှစ်ခုတွင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့်ဥပဒေနှင့်အညီ စိစစ် ခြင်းလုပ်ငန်းများကို စတင်ဆောင် ရွက်နေသည်။
 
From: 7day

www.mmdailystar.com

လူသေအလောင်းများထည့်ထားသည့် ရှေးခေတ်ကြပ်ဂူ




ဂူဆီသို့သွားရာလမ်းတွင် ခရီးသွားများကို တွေ့ရစဉ်
ကယားပြည်နယ်၌ ယခုနှစ်အစောပိုင်းက ရှေးဟောင်းကျောက်ဂူ သင်္ချိုင်းတစ်ခု ထပ်မံ တွေ့ရှိ
ထားကာ ဂူထဲတွင် ရှေးဟောင်း အခေါင်း ၁၅ လုံးခန့် တွေ့ရှိခဲ့ရကြောင်း သွား ရောက်လေ့လာ
ခဲ့သည့် သုခမိန်ပြည်တွင်း ခရီးသွားလုပ်ငန်းက ဦးမျိုးက ပြောသည်။ လွိုင်ကော်မြို့မှ ၁၀ မိုင်ခန့်
အကွာတွင် တည်ရှိသော ၎င်းကျောက်ဂူထဲတွင် ရှေးဟောင်း လူသေအလောင်းများထည့်သည့်
အလျားကိုး ပေခန့်အရှည်ရှိသော အခေါင်းများကို တွေ့ရှိ ရသည့်အတွက် ဒေသခံများက
'ကျတ်ဂူ' ဟု အမည်ပေးထားကြောင်း ၎င်းက ပြောသည်။

သို့သော် ရှေးဟောင်းသုတေသနဌာနက သုတေသနလုပ်ငန်းများ မပြုလုပ်ရသေးသည့်အတွက်
၎င်းကျတ်ဂူ၏ သက်တမ်း၊ တွေ့ရှိရသည့် အခေါင်းများထဲတွင်ရှိသည့် လူမျိုးများသည် မည်သည့်
လူမျိုးများဖြစ်နိုင်ကြောင်း၊ ဘာကြောင့်၎င်းကျောက်ဂူထဲတွင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြောင်းအစရှိသည်
များကို မည်သူမှ တိတိကျကျ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

"စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်နိုင်ငံ မှာ ဒီလိုရှေးဟောင်းအမွေအနှစ်ဂူတွေ ရှိနေသေးတယ်
ဆိုတာ ၀မ်းသာဂုဏ်ယူဖို့ ကောင်း ပါတယ်။ ရှေးဟောင်းသုတေသနဌာနက သေသေချာချာလေ့
လာဆန်းစစ်မှုတွေ ပြုလုပ် ပြီးသွားရင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ တစ်ခုဖြစ်လာနိုင်တယ်
လို့ထင်ပါတယ်"ဟု ဦးမျိုးက ပြောသည်။

ပင်လယ်ရေမျက်နှာပြင်မှအထက် ပေ ၁၀၀ ခန့်တွင် တည်ရှိနေသော ၎င်းကြပ်ဂူ၏ အ၀င်ဝသည်
ေ ပ ၈၀ ခန့်အကျယ်ရှိပြီး အမြင့် မှာ ပေ ၃၀ မှ ၃၅ ပေခန့် အထိရှိကြောင်း သိရ သည်။

လာရောက်လေ့လာသူ နည်းနေသေး သော ကြပ်ဂူတွင် လျှပ်စစ်မီးတပ်ဆင်ထားခြင်း မရှိသေး
သည့်အတွက် သစ်သားဖြင့် ပြုလုပ်ထားသော အခေါင်းများကို ဓာတ်မီး အလင်းရောင်ဖြင့်သာ
ကြည့်ရှုလေ့လာခဲ့ရကြောင်း ဦးမျိုးက ပြောသည်။

မြန်မာလူမျိုးများ၏ ရှေးဟောင်းသမိုင်း ၀င်အမွေအနှစ် နေရာများနှင့် ပစ္စည်းများ အပေါ် စိတ်ပါဝင်
စားမှုအားနည်းခြင်း၊ အသိ ပညာပေးမှုအားနည်းခြင်းတို့သည် ရှေးဟောင်း သမိုင်းဝင်နေရာများ
ပျက်စီးရခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမျိုး က ပြောသည်။

"ခရီးစဉ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက မရောက်ဖူးတဲ့ နေရာဒေသတစ်ခုမို့ လာရောက်ခြင်း
သာဖြစ်ပြီး သမိုင်းနဲ့ပတ် သက်ပြီး လေ့လာမှုအားနည်းတာ ၀မ်းနည်း စရာ ကောင်းပါတယ်။
နိုင်ငံခြားသားတွေရဲ့ ခရီးစဉ်တစ်ခုအပေါ် လေ့လာမှုအားနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် လိုက်မမီဘူး
လို့ ထင်ပါ တယ်"ဟု ၎င်းက ပြောသည်။
 
From:  မြန်မာတိုင်းမ်

www.mmdailystar.com

မီဒီယာများ အတုယူသင့်သည့် သံချောင်းပါတီမှ သမ္မတဂျီး...

မစာနာဘဲဖွတယ် ပြောတယ် ။ လက်ဆောင်ယူတဲ့ သူတော်တော်များများက လစာနည်းလို့ တိုက်က မထောက်ပံလို့ ယူရတာ ဆိုတယ်။လွန်ခဲ့တဲ့ နှစ်နှစ်လောက် က လည်း တော်ဝင်နှင်းဆီမှာ သတင်းထောက်တစ်ယောက် ကွိုင်လာရှာတယ် သူလည်း ဒီစကားလုံးတွေဘဲပြောသွားခဲ့တာဘဲ ။အဲဒီအချိန်သူကတောင်လစာများတယ်။ ကျွန်တော်က တိုက်ပျောက်နေတဲ့ အပုဒ်စား သတင်းထောက် ။

ကျွန်တော်ပြောချင်တာ ကျွန်တော်တို့လည်း လေးသောင်းလောက်ကတည်းက ဘာလက်ဆောင်ပဏ္ဍာမှ မယူဖြစ်ခဲ့ပါဘူးဗျ လက်ဆောင်ယူဖို့မပြောနဲ့ အစားအသောက်တောင် မစားခဲ့ဖူးဘူး ။source က ညီလေး မင်းဂျာနယ်မှာပါဖို့ ဘယ်လောက်ပေးရမလဲ ။သူကို မုန့်လိုက်ကြွေးလိုက်ကွာဆိုရင် မျက်ရည်ဝဲပြီး ပြန်ခဲ့ရတာဘဲ ။ ဒီလိုဘဲ ကားခမရှိ ရထားခိုးစီးပြီး သတင်းလိုက်ခဲ့တာပါဘဲ ။ စာမှုခဆိုတာတောင် တစ်ပါတ်တစ်ပါတ်မှင်နီတွေကြားထဲက ဖြတ်လာတဲ့ နှစ်ထောင်သုံးထောင်ဘဲ မက်ခဲ့ရတာ ။ခင်ဗျားတို့လို နေ့စဉ် စာမူပါ နေတာတောင်မဟုတ်ဘူး ။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ ဒီအလုပ်ကို တန်ဖိုးထားလို့ တန်ဖိုးထားလာစေချင်လို့ လစာနဲ့စာမူခကလွဲပြီး ဘာမှကို မမျော်ကိုးခဲ့ဘူး ။ သတင်းထောက်အလုပ်က ချမ်းသာမှာမဟုတ်တာ ၀င်လားကတည်းက သိထားကြပြီးသားမဟုတ်လား ။

လက်ဆောင်ယူတာမယူတာက ခံယူချက်နဲ့ဘဲဆိုင်တယ်။အဓိက တွေးရမှာ ကိုယ်ဘယ်လိုမီဒီယာသမားဖြစ်ချင်လဲဆိုတာ ။ ယူချင်တဲ့လူကတော့ ဆပ်ပြာမှုန့် တို့ အချဉ်ရည်ဗူးတို့လာပေးလည်း ယူတာဘဲ ။ ဒီတော့ မီဒီယာအလုပ်ဒီအလုပ်ကို တကယ်တန်ဖိုးထားရင် တကယ် မြတ်နိုးတယ်ဆိုရင် ကြုံကြုံလာတတ်တဲ့ ကိုယ့်ရှေ့က လက်ဆောင်တွေစာအိပ်တွေ ကနေ လွတ်မြောက်အောင် ကြိုးစားနိုင်ပါစေ လို့ ဆုတောင်းပါတယ်။


From:Ko Thura Myo

www.mmdailystar.com

အချိုးကျကိုယ်စားပြုစနစ် အောင်မြင်မည်ဟု ပြည်ခိုင်ဖြိုးအမတ် ဦးလှဆွေပြောကြား





ပြည်သူ့လွှတ်တော်တွင် ဆွေး နွေးလျက်ရှိသည့် အချိုးကျကိုယ်စား ပြုစနစ် (PR) မြန်မာနိုင်ငံတွင် ကျင့် သုံးမည်ဆိုပါက အောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်း မကွေးတိုင်း ဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားလိုက်သည်။

“အခုသုံးနေတဲ့ FPTP စနစ်ဆိုတာ မြင်းပွဲလိုပဲ နှာတစ်ဖျားသာတာနဲ့ ကျန်တဲ့မြင်းတွေက ဘာဆုမှ မရတော့ဘူး။ အဲဒီတော့ မျှတမှုမရှိဘူး လေ။ ဒါပေမဲ့ အခုဆိုရင် PR စနစ်သာ အကောင်အထည်ပေါ်မယ်ဆို ရင် ဒီလိုပြဿနာတွေ မရှိတော့ဘူး။ အဓိကက တိုင်းရင်းသားတွေနဲ့လည်း အဆင်ပြေနိုင်မယ့် PR စနစ်ကိုပြန်ပြီး ရေးဆွဲရမှာပေါ့”ဟု မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ် စားလှယ်ဦးလှဆွေက ဆိုသည်။

လက်ရှိ ပြည်သူ့လွှတ်တော်တွင် PR အမျိုးအစား ၄ မျိုးကို ပီအာစ နစ်ကျင့်သုံးရေး လေ့လာမည့်ကော်မရှင်က အဆိုပြုထားပြီး တိုင်းရင်းသားများနှင့် အဆင်ပြေနိုင်သည့် ပုံစံမျိုး ဖြစ်သင့်သည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ ရွေးကောက် ပွဲများတွင် မဲအများဆုံးရသော ကိုယ် စားလှယ်က အနိုင်ရသော First Pass The Post (FPTP) စနစ်အားစ ကျင့်သုံးနေပြီး ယခုအခါ အချိုးကျ ကိုယ်စားပြုမှုစနစ် Proportional Representation (PR) စနစ်အား ကျင့်သုံးရန် အငြင်းပွားနေခြင်းဖြစ်သည်။
ပီအာရ်စနစ်ကို ဇွန်လ ၁၁ ရက် နေ့က အမျိုးသွားလွှတ်တော်တွင် အတည်ပြုလိုက်ပြီး ယခု ပြည်သူ့လွှတ်တော်တွင် အဆိုပါစနစ်အား ကျင့်သုံးရန် လေ့လာသုံးသပ်သည့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
 
 
From: TLN

www.mmdailystar.com

သတင်းစာရှင်းလင်းပွဲတွင် အရှက်မရှိ ဖုန်းလုခဲ့ကြသည့် စတုတ္ထမဏ္ဍိုင်အပေါ် ပြည်သူတို့အမြင်များ (၁)


ခွာ ညို ဒီအဆင့်မရှိတဲ့မီဒီယာတွေ
အရှက်ကလည်းမရှိ
ရတဲ့သူက ကောင်းတာရေးမယ်
မရတဲ့သူ မကောင်းတာဘဲရေးမယ်
အော်
ဒါနဲ့များ
ပြည်သူ့ အကျိုးပြုမီဒီယာတဲ့


Sai Hla Kyaw စောက်ရှက်မရှိတဲ့ကောင်တွေ ဒီသတင်းဂျာနယ်မှာထည့်ကြလေ
သမ္မတကြီးကိုကြတော့ပါးစပ်ကြက်ခြေခတ်ပြီးဆန္ဒပြတယ်
အလကားရမယ်ဆိုတော့အလုအယက်သူတို့စရိုက်ကိုပြတော့တာပဲ

ကို ကို ထွန်း အခြောက်ပါဆိုနေမှ စောက်ရှက်ရှိပါ့မလား

TSquare Tun T I M ( That is Myanmar Media)

Lion Lion ခွေးလွှတ်လိုက်ပါ(မီဒီယာ)!

Shan Lay အရှက်မရှိကြတော့ဘူးလား
ပြောတော့ရေးတော့ကုလားကဘာဖြစ်ညာဖြစ်တ်ာနဲ့
အခုတော့ သူတောင်းစားတွေခွက်ပျောက်တဲ့အတိုင်းလိုက်လုနေတယ်

Ko Kklinn မီဒီယာများဆောက်ဆင့်သရုပ်မှန်

Koko Chan အရှက်ခွဲတာခံလိုက်အုံးတဲ့
မြန်မာပြည်ကို မီဒီယာတွေ
အရက်ခွဲလာတာ ကြာပေါ့
ခုမှ အရှက်ပြန်ခွဲခံရတာ
ထင်တယ်နော်
ပြည်သူအပေါ် မှန်ကန်တဲ့
မီဒီယာပဲလိုချင်တယ်ဟေ့
ကလားဘောမ မီဒီယာတော့
အရှက်သာမက အသက်ပါ
ခွဲသင့်တယ်

Koko Chan ဒါပဲလေ မြန်မာပြည် မီဒီယာ
အဆင့်တန်းမြင့်မားပုံကတော့
သြချရလောက်အောင်ကို
မြင့်မားတယ်ဗျာ
ကိုယ်မြန်မာပြည်ဆို မြူမှုံလောက်ဟာလေးလဲ
ဆင်ကောင်ကြီးလောက်

ဆင်ကောင်လောက်ဆို
နိုင်ငံကြီးလောက်ရေးကြတဲ့
မီဒီယာ

တက်သိလို့ မဟုတ်ပဲ
ဝမ်းရေးအတွက် ကလားငွေပေး လိုက်ရေးတဲ့
ကလားဘောမ မီဒီယာတွေ

အဆင့်တန်းကတော့

Jack Kokanyapl ဤသတင်းရေးသားမှုက တိ
ကျတယ် ခိုင်လုံတယ် ရေး
သားသူရော သတင်းတက်
ယူတာဆိုတော့ နည်းနည်း
တော့ရမှာပေါ့နော်

Htet Myo Thandar Ko
ဘာလို့ အလကားပေးသလဲ ပေးနိုင်လို့လား အားလုံးကို ။မီဒီယာသမားမှမဟုတ်ပါဘူး ။ အလကားရရင်လိုချင်တာချည်းပဲ။ ပေးကတည်းက လုစေချင်လို့ပေးတာ လုပါစေ ။ ဒီတခါတော့ မီဒီယာတွေ ခံလိုက်အုံး အရှက်ခွဲတာ။

Tuntun Khine သရုပ်မှန်ပေါ်သွားဘီ။

Shwe Ukkam အလုအယက်

Aungkyaw Thu မီဒီယာတွေက ဖင်ပါခံချင်ခံမှာ

Waiyan Oo
$ရေမပါတဲကောင်တွေပဲ $ရှက်မရှိတာ

Aye Tun သူ တောင်းစားနဲဘု၇င်
လူချင်းတူ ပေမဲ့

ကို ကို မီဒီယာသမားတော်တော်များများက ကုလားချေး(ချီး)တွေစားနေကြတာ

Ko Lay အောက်တန်းကျလို့ ဒီအလုပ်လုပ်နေတာ

ထုင်. သ၊မ်လေုး စောက်ရှက်ကိုမရှိလိုက်တာလူကြီးဖြစ်ပြီးတော့မ

Sky Blue ကုလား က ဒေါ် လာ ပေး ပြီး ဘော မခိုင်းရင်တောင် အလု အယှက်နဲ့ ပြေးမမယ့် သူတွေလေ။ ထီးလေး တောင် ဒီလောက်ဖြစ်နေရင် ။ ကိုယ်အဖေ ခေါင်းမှာ ကျောက်စိမ်းရှ်လို့ ကတော့ ပေါက်ဆိန်နဲ့ ကို ထုခွဲကြမှာ။ ဘနှဖူး သိုက် တူးမယ့် မီဒီယာတွေ ပါဗျာ။

Win Naing သိက္ခာကျလိုက်တာကွာ မြန်မာဖြစ်ရတာတောင် ရှက်တယ်

Thet Naing Oo စောက်ဆင့်တွေ လေကြီးမိုးကြီး

Aung Ko Hein မင်းတို့စောက်ဆင့်က အဲလောက်ဘဲလားကွာ ကုလားကပိုက်ပိုက်ပေးပြီး ခိုင်းစာရင်တောင် ရမှန်း သိသာလွန်းပါတယ်

Min Soe မီဒီယာသမားလုပ်နေတာလည်းအဆင့်မရှိသူတွေအများကြီးပါ
 
From:Myanmar Media Witch

www.mmdailystar.com

၁၂၅ နှစ်အကြာ ပဟေဠိ ဖြစ်ခဲ့တဲ့ ဂန္တ၀င်လူသတ်သမားကို ထိပ်သီး စုံထောက်များမှ စုံစမ်းဖော်ထုတ်နိုင်ခဲ့


ဝိတိုရိယ ဘုရင်မကြီး အုပ်စိုးစဉ်လက်ထက် လန်ဒန်မြို့ ရဲ့ လမ်းတွေထဲမှာ Jack The Ripper ဆိုတဲ့ လူသတ်သမားက ပထမဆုံးအကြိမ် လူသတ်မှုကို စတင်ကျူးလွန်ခဲ့စဉ်ကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်တစားရှိနေခဲ့ကြတဲ့ ပဟေဠိကို ယင်းလူသတ်သမား ကျူးလွန်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်မှုများရဲ့  ၁၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ မှာ လူသတ်မှုစုံစမ်းထောက်လှမ်းရေး စုံထောက်ဟောင်းမှ အဖြေညှိဖော်ထုတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံရဲ့ အဆိုးရွားအရက်စက်ဆုံးသော ဒီကွင်းဆက်လူသတ်သမား အမှန်တော့ တကယ်မရှိခဲ့ဘူးဆိုတဲ့ ဒီသတင်းဟာ ကမ္ဘာတစ်ဝှမ်းက ယင်းလူသတ်သမား ဘယ်သူ ဘယ်ဝါဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေခဲ့ကြတဲ့ ၀ါသနာရှင် စုံထောက်တွေအတွက်တော့ သတင်းဆိုးပါပဲ။

အရက်သမားတစ်ဦးဖြစ်တဲ့ စာနယ်ဇင်းသတင်းသမား Thomas Bulling ဆိုသူဟာ ဒီလူသတ်သမားကို ဖန်တီး လုပ်ကြံခဲ့တာ ဖြစ်ပြီး ၄င်းဟာ ၁၈၈၈ ခုနှစ်မှာ Jack The Ripper ကနေ အင်္ဂလန် ဗဟို ရဲဌာနချုပ်ကို စာပေးပို့ တဲ့ ပုံစံဖန်တီးခဲ့ပြီး သူဟာ အဲပို့  စာသတင်းအတွက် သတင်းဦး၊သတင်းထူး ဆုကြေးတွေရရှိခဲ့ပါတယ်။

စာအုပ်ပေါင်း ၃၀၀ ကျော်နဲ့ မြောက်များစွာသော ရုပ်ရှင် တီဗွီအစီအစဉ်တွေမှာ ယုံကြည်ဖို့ ခက်ခဲတဲ့ သက်သေအထောက်အထားတွေနဲ့ အမျိုးသမီး ၅ ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ကလီစာတွေ ဆွဲထုတ် သတ်ဖြတ်ခဲ့တဲ့ Whitechapel ရဲ့ ညဘက်လမ်းမတွေထက်ဆီကို အကြောက်တရားတွေ သယ်ဆောင်လာခဲ့တဲ့ Jack The Ripper လို့ သံသယ ရှိသူ ယောင်္ကျားပေါင်း ၁၀၀ လောက်ကို အမည်တပ် စွပ်စွဲခဲ့ကြပါတယ်။

ယင်းသံသယရှိ စွပ်စွဲခံရသူတွေထဲမှာ ၀ိတိုရိယ ဘုရင်မကြီးရဲ့  မြေးတော်ဖြစ်တဲ့ Duke of Clarence ကနေပြီးတော့ Alice in Wonderland စာအုပ်ကိုရေးသားသူ Lewis Carroll အထိ ပါပါတယ်။

၁၈၈၀ ခုနှစ်မှာ ကျွဲရိုင်းစီးသူ Buffalo Bill ဆိုသူက Wild West Show ပြသဖို့ အတွက် အင်္ဂလန်ကို သူနဲ့ အတူပါလာခဲ့သူ အမေရိကားတိုက်မှ လူနီလူမျိုး စစ်သူရဲ Black Elk ဆိုသူပင်လျှင် လူသတ်သမားဖြစ်နိုင်တယ်လို့  အချို့က ပြောကြသလို ချို့ တဲ့ ကလေးများအတွက် ရန်ပုံငွေလှူဒါန်းရေး စည်းရုံးလှုံ့ ဆော်ရေးမှူး ဒေါက်တာ Barnardo ဟာ Jack ဖြစ်တယ်လို့  ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် Bedfordshire ရဲဌာနမှာ လုပ်ခဲ့တဲ့ ယခင် လူသတ်မှု စုံစမ်းဖော်ထုတ်ရေး စုံထောက်ဟောင်းဖြစ်သူ Trevor Marriott ဟာ ဒီအမှုမပေါ်တဲ့ လူသတ်မှုတွေရဲ့  အသေးစိတ်အချက်အလက်တွေကို ၁၁နှစ်ကြာအောင် ပြန်လည်သုံးသပ်လေ့လာနေခဲ့ပါတယ်။ သူဟာ ဗဟိုရဲဌာနချုပ်ရဲ့ ဖိုင်တွဲတွေကို လှန်လှောရှာဖွေ ဖတ်ရှုပြီး ခေတ်မီ ရဲဌာန နည်းစနစ်တွေနဲ့ မှုခင်းလေ့လာဆန်းစစ်ရေး အတတ်ပညာတွေကို ပေါင်းစပ်အသုံးချခဲ့ပါတယ်။

“င်္ဒီအမှုတွေရဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကြံဖန်တီးပြောဆိုနေခဲ့ကြတယ်” လို့  Marriott ကဆိုပါတယ်။

“ လူထုကြီးက စာရေးဆရာတွေနဲ့  ထုတ်ဝေသူ မြောက်မြားစွာတို့ရဲ့  လမ်းလွှဲမှုကို ခံနေခဲ့ကြရတယ်။ Jack က ဒီလူသတ်မှုငါးခု အတွက် တာဝန်ရှိခဲ့တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဗြိတိန်မှာတင်မဟုတ်ပဲ အမေရိကမှာရော ဂျာမနီလိုနိုင်ငံမျိုးတွေမှာပါ သူကျူးလွန်ခဲ့တဲ့ အမှုလိုမျိုး ပုံစံတူ ရှေ့ ရော နောက်ရောမှာ ကျူးလွန်ခဲ့ကြတာတွေလည်းရှိပါတယ်” လို့  သူကဆိုပါတယ်။

Marriott ဟာ ၁၈၆၃ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ Jack The Ripper နဲ့ အလားသဏ္ဍန်တူ မှုခင်းပေါင်း စုစုပေါင်း ၁၇ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Carl Feigenbaum ဆိုသူ ဂျာမန်လူမျိုး ရေကြောင်း ကုန်သွယ်ရေးသမား က ယင်းမှုခင်း အချို့အတွက် တာဝန်ရှိတယ်လို့ သူက ယုံကြည်ပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။

Feigenbaum ဟာ Whitechapel နားမှာ ပုံမှန် ကျောက်ချလေ့ရှိတဲ့ သဘောင်္များမှာ တာဝန်ထမ်းဆောင်တဲ့ သဘောင်္သားတစ်ဦးပါ။ သူဟာ နယူးယောက်မြို့မှာ Ripper ပုံစံဆန်ဆန် လူသတ်နေတာကို အမေရိကန်ရဲတွေက ဖမ်းမိသွားပြီးနောက် ၁၈၉၆ ခုနှစ်မှာ ယင်းနယူးယောက်မြို့ မှာပဲ ကွပ်မျက်ခံခဲ့ရပါတယ်။

“အမှန်တရားကတော့ အမှုမပေါ်နိုင်တဲ့ လူသတ်မှုတွေ အတော်များများရှိနေခဲ့တယ်။ အဲ့အမှုတွေတော်တော်များများက လူတွေ မမှတ်မိကြတော့ဘူး။ဒါပေမယ့် Thomas Bulling ဆိုတဲ့ စာနယ်ဇင်းသမားလက်ထဲရောက်သွားတဲ့အခါကျတော့ တစ်မျိုးဖြစ်သွားတာပေါ့”

Bulling ဟာ ဗဟိုရဲဌာနချုပ်က ရဲတော်တော်များများနဲ့ အဆက်အသွယ်ရှိတဲ့ အရက်သမား စာနယ်ဇင်းရှင် တစ်ဦး ဖြစ်ပါတယ်။၁၈၈၈ ခုနှစ်မှာ လန်ဒန်အခြေစိုက် ဗဟိုသတင်းအေဂျင်စီမှာ အလုပ်လုပ်ခဲ့တယ်။သတင်းစာတွေထဲမှာထည့်တဲ့ မှုခင်းတွေအတွက် သူ့ကိုပိုက်ဆံပေးရပါတယ်။

“ Jack The Ripper လို့  Bulling က လက်မှတ်ထိုးရေးသားထားတဲ့ စာတစ်ဆောင်ကို ရဲတွေရခဲ့တယ်။ဒီလုပ်ရပ်ဟာ ယင်းပဟေဠိကို နှစ်ပေါင်း ၁၂၅ နှစ်လောက် ရှင်သန်နေအောင် ထိန်းသိမ်းထားခဲ့တဲ့ အရမ်းကို ပါးနပ်လှတဲ့ ဇာနယ်ဇင်းပညာရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ Jack The Ripper ဆိုတာဟာ ယနေ့ခေတ် ပါးစပ်ရာဇ၀င်ဟုတ်မဟုတ်ဆိုတာ ခင်ဗျားတို့ ကို ခင်ဗျားတို့  မေးကြည့်ဖို့ လိုတယ်။ သူ့အကြောင်းရေးတဲ့ စာအုပ်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက်မှာ သူ့ ပုံစံက အနက်ရောင် ၀တ်ရုံရှည်ကြီးကိုဝတ်ထားပြီး ဦးထုပ် အရှည် အနက်ရောင်ကြီးနဲ့ လန်ဒန်မြို့ရဲ့ လမ်းမတွေထက်မှာ လျှောက်လှမ်းနေတဲ့ ပုံစံမျိုးကို အမြဲပြသထားတယ်။ အ၀တ်အစားတွေက အထက်တန်းစား လူချမ်းသာတွေဝတ်တဲ့ ပုံစံမျိုး။ဒါပေမယ့် ၁၈၈၈ ခုနှစ် လောက်မှာတုန်းက အဲ့လို လူချမ်းသာအ၀တ်အစား ပုံစံမျိုးနဲ့ ညသန်းခေါင်ယံကြီး Whitechapel တ၀ိုက်မှာ လမ်းလျှောက်နေခဲ့တယ်ဆိုရင် အဲ့လူဟာ ၅ မိနစ်တောင် ခံမှာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်

“ Whitechapel ဟာ လန်ဒန်မြို့ ရဲ့  မပေါ်နိုင်တဲ့ အမှုတွေနဲ့ ပြည့်နေတဲ့ နေရာလေးသာသာတစ်ခု မဟုတ်ပါဘူး။ အဲနေရာဟာ အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ အဆိုးရွားဆုံးနေရာတွေထဲက တစ်ခုပါ။ဒါဟာ ဟောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်ရေးသမားတွေ အကြိုက်ဖန်တီးထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ အချက်အလက် အသစ်တွေလည်း ခုရှာတွေ့ခဲ့ပါပြီ။ လူသတ်သမားဟာ အခင်းဖြစ်ပွားရာနေရာမှာတင်ပဲ ကလီစာကို ဆွဲထုတ်တာမျိုးမဟုတ်ခဲ့ပါဘူး။အလောင်းထားတဲ့အဆောင်ထဲကို ရောက်မှာ အသတ်ခံရသူရဲ့ ကလီစာတွေကို ထုတ်ယူခဲ့တာပါ။ Jack က အဲ့လိုမျိုးသတ်ခဲ့တယ်ဆိုတဲ့အဆိုကို ပယ်ဖျက်ရမှာပါ။ဒါပေမယ့် Jack The Ripper ရဲ့ ပဟေဠိက သိပ်ကို ပြင်းထန်လွန်းနေပါသေးတယ်” လို့  Marriott ကဆိုပါတယ်။

Ref:express.co.uk

From: Trend Myanmar

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...