Wednesday, 6 August 2014

ဘားမားကမ်ပိန်းအဖွဲ့ ရေးသား ချက် မြန်မာအစိုးရ ချေပ

မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK ရဲ့ ရေးသားချက်တွေ ဟာ နိုင်ငံတကာအသိမှတ်ပြုနေတဲ့  သမ္မတ ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ထိခိုက် ပျက်စီးစေဖို့သာဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
Burma Campaign UK အဖွဲ့ရဲ့ မနေ့က နေ့စွဲနဲ့ ထုတ်ပြန်တဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ Facebook လူမှုရေးစာမျက်နှာကနေ အခုလို တုန့်ပြန်လိုက်တာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ (၈) လေးလုံး ဒီမိုကရေစီအရေးအခင်းကာလအတွင်း ရှမ်းပြည်တောင်ပိုင်း၊ ကလောအခြေစိုက် တပ်မ (၅၅) ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ်နဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ အရေးအခင်းကာလအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက်၊ ခြေလျင်တပ်ရင်း  (၈၉) မှာ တပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသ တည်ငြိမ်ရေးကို ညင်ညင်သာသာ ကိုင်တွယ်ခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

အမေရိကန် သံတမန်လျှို့ဝှက် ကြေးနန်းစာတွေကို ဖွင့်ချနေတဲ့ Wikileaks အင်တာနက်စာမျက်နှာမှာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ကြေးနန်းကို ဖော်ပြထားပြီး ဒီကြေးနန်းစာမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကို တပ်မ ၅၅ ခြေမြန်တပ်မရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က နှိမ်နင်းခဲ့တယ် လို့ ရေးသားဖော်ပြထားပါတယ်။ ဒီဖော်ပြချက်ကို ကိုးကားပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နှစ်ပတ်လည်အချိန်ကာလ မှာ ၈၈ အရေးအခင်းအပါအ၀င်  ဦးသိန်းစိန်ရဲ့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့မှု မှတ်တမ်းအပြည့်အစုံကို ထုတ်ပြန်ပေးဖို့၊ Burma Campaign UK က မနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၈၈ အရေးအခင်းကာလမှာ ကလေးမြို့မှာတာဝန်ကျပြီး ဒေသတည်ငြိမ်ရေးကို ညင်သာစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ စစ်တပ်က အာဏာသိမ်းအပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ဦးစီးမှူးနဲ့ စစ်ဆင်ရေးမှူး တာဝန်များထမ်းဆောင်ခဲ့ကြောင်း ဦးရဲထွဋ်က ပြောကြားခဲ့ပြီး၊ သမ္မတရဲ့ ကိုယ်ရေးမှတ်တမ်းအကျဉ်းကိုလည်း ဒီကနေ့ နေ့စွဲနဲ့ သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာ ထုတ်ပြန်ကြေညာထားပါတယ်။
From:Rfa

www.mmdailystar.com

တယ်လီနော မကြာခင် လာတော့မည်.....

Telenor Sim Card များကိုစက်တင်ဘာလအတွင်းတွင် စတင်ဖြန့်ချီသွားမည်ဖြစ်ပြီး မည့်သည့်ကွန်ယက်မဆို တစ်မိနစ်လျင် ၂၅ ကျပ်နှုန်းသာ သတ်မှတ်ထားကြောင်း မနေ့ညနေပိုင်းကကျင်းပခဲ့တဲ့ Net Monday အခမ်းအနားတွင် CEO Mr. Petter Furberg ကပြောဆိုလိုက်ပါတယ်။ Telenor Network သည် 2G ကိုကျောရိုးပြုပြီး ယင်းမှတစ်ဆင့် မြှင့်တင်ယူသည့်စနစ်ဖြစ်သည့်အတွက် မည်သည့် GSM ဟန်းဆက်နှင့်မဆို အသုံးပြုနိုင်ပါကြောင်း၊ 3G စနစ်တွင် Internet Speed အမြင့်ဆုံး 7.2Mbps အထိရရှိနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

ဖြန့်ချီမှုနောက်ကျနေခြင်းနှင့်ပတ်သက်သော မေးခွန်းကိုဖြေကြားရာတွင် ပြိုင်ဖက်ကုမ္ပဏီက ၆ လအတွင်းကွန်ရက်စတင်ရန်အတွက် စာချုပ်ချုပ်ဆိုခဲ့သည်ဟု သိရပါကြောင်း၊ ကွန်ယက်တစ်ခုစတင်လည်ပတ်နိုင်ရန် ၆ လဆိုသောအချိန်သည် အင်မတန်တိုတောင်းပါကြောင်း၊ မိမိတို့အနေဖြင့် ၈ လအတွင်းကွန်ရက်စတင်ရန်သာချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း၊ နောက်ကျသည့်အတွက်မစိုးရိမ်ကြရန်နှင့် သုံးစွဲသူများက ဈေးကွက်ကိုအဆုံးအဖြတ်ပေးသွားလိမ့်မည်ဟု ယုံကြည်ပါကြောင်း ထပ်မံပြောဆိုသည်။

ကြော်ငြာအားအရမ်းနည်းနေခြင်းနှင့်ပတ်သက်သော မေးခွန်းကိုဖြေကြားရာတွင် မိမိတို့အနေဖြင့် ကြော်ငြာအတွက်အသုံးစရိတ်ကို အမြောက်အမြားသုံးစွဲခြင်းမပြုပါကြောင်း၊ ၄င်းငွေများကို နည်းပညာဆိုင်ရာရင်းနှီးမြှပ်နှံမှုများတွင်သာ အသုံးပြုနေပါကြောင်း၊ အရည်အသွေးမြင့်မားသောကွန်ရက်တစ်ခုဖြစ်ရန်သာ လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့ပါသည်။

From:Telenor Myanmar

www.mmdailystar.com

ယောက်င်္ကျားမရှိဘဲ ကလေးရလိုတဲ့ ကေတီပယ်ရီ (Katy Perry)

 
 
အဆိုတော် ကေတီပယ်ရီသည် ယောင်္ကျား တစ်ဦးမရှိဘဲ ကလေးရလိုသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး မိမိတို့သည် လက်ရှိ အနာဂတ်တွင် နေထိုင်နေသူများ ဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့ သည်။ ကေတီပယ်ရီသည် ယခုနှစ် အစောပိုင်းက ဂျွန်မေရာနှင့် လမ်းခွဲခဲ့ပြီးနောက် လတ်တလော တွင် တေးထုတ် လုပ်သူ ဒစ်ပလိုနှင့် တွဲလျက် ရှိသည်။ ၎င်းအနေဖြင့် မိခင်တစ်ဦး ဘဝမျိုး ခံယူရန် ဆန္ဒမရှိသေးဟု ဝန်ခံထားသည်။ အသက်၂၉နှစ် ရှိပြီဖြစ်သည့် အေတီပယ်ရီသည် ကလေးယူရန် အဆင်သင့် မဖြစ်သေးခြင်းကြောင့်၂ဝ၁၁ခုနှစ် အတွင်းက ခင်ပွန်းဟောင်း ရက်ဆဲလ်ဘရန်း နှင့် ကွဲခဲ့ခြင်း ဖြစ် သည်ဟုလည်း ယခင်က ဝန်ခံပြောကြား ခဲ့ဖူးသည်။


“ကျွန်မအတွက် ယောက်င်္ကျားကောင်း တစ်ယောက် ရဖို့မလိုပါဘူး ။အခု၂ဝ၁၄ခုနှစ်ကို ရောက်နေပြီ။ကျွန်မ တို့ အကုန်လုံးက အနာဂတ်ကာလ ထဲမှာ နေထိုင်နေ တဲ့သူတွေပါ ကျွန်မတို့အတွက် ဘာမှမလိုပါဘူး။ ကျွန်မက ယောင်္ကျား မုန်းတီးရေး ဝါဒရှိနေတဲ့ သူတော့ မဟုတ်ပါဘူး။ ကျွန်မ ယောင်္ကျားတွေကို ချစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်မကို ကာကွယ်ပေးနိုင်မဲ့ သူမျိုးမရှိဘူး ဆိုရင်လည်း ရွေးချယ်စရာတွေ ရှိပါတယ်။”ဟု ကေတီပယ်ရီက Rolling Stone Magazine ကိုပြောကြား ခဲ့သည်။

ကေတီပယ်ရီသည် ယခုလထုတ် Rolling Stone Magazine မျက်နှာဖုံးတွင် အစိမ်းရောင် ဆံကေသာဖြင့် အရောင်စုံ အဆင်များပါသည့် အင်္ကျီကို ဝတ်ဆင်ကာ ညှို့အားပြင်းသည့် နှုတ်ခမ်း တစ်စုံပေါ်တွင် ၎င်း၏ လက်ချောင်း ကိုတင်၍ မျက်နှာဖုံးရှင် အဖြစ် သရုပ်ဆောင် ပေးထားသည်။
ကေတီ အစ်မ အင်ဂျဲလာဟတ်ဆန်သည် ဖေဖော်ဝါရီလ အတွင်းက ၎င်း၏ ပထမဆုံး ကလေးကို မွေးဖွား ခဲ့ပြီး ယင်းကိစ္စသည် ကေတီအနေဖြင့် မိခင်တစ်ဥိး ဘဝကို ခံယူရန် အသင့်မဖြစ်သေးသည်ကို မီးမောင်း ထိုးပြလိုက် သကဲ့သို့ ဖြစ်စေခဲ့သည်ဟု daily mirror သတင်းစာက ရေးသားထားသည်။

From: Mizzima

www.mmdailystar.com

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် သောကြာနေ့တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့်တို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက် အငယ်ဆုံးဖြစ်ပြီး အစ်မဖြစ်သူမှာ ဒေါ်ရင်လှိုင်နှင့် အစ်ကိုဖြစ်သူမှာ ဦးထွန်းမြင့်တို့ ဖြစ်သည်။ ဆင်းရဲသော ကျေးလက် မိသားစုဘဝတွင် ရှင်သန်ကြီးပြင်းခဲ့ပြီး မိဘများ၏ အားပေး ထောက်ပံ့မှုဖြင့် ပညာရေးကို ကြိုးစားသင်ယူခဲ့သည်။

မူလတန်းပညာကို ကျုံကူးကျေးရွာရှိ ဆရာ ဦးမောင်ဦးကျောင်း၌ သင်ကြားခဲ့သည်။ အလယ်တန်းပညာရေးကို မိဘများ ဆင်ရဲနွမ်းပါးမှုကြောင့် တစ်နှစ်နောက်ကျမှ တက်ရောက်ခွင့်ရခဲ့ပြီး အလက (၁) ပုသိမ်နှင့် ပြင်ခရိုင် ချောင်းဝ အလယ်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ အထက်တန်းပညာရေးအား အထက (၁) ပုသိမ်တွင် တက်ရောက် သင်ကြားခဲ့သည်။ (၁၀)တန်း (ယခုအခေါ် တက္ကသိုလ်ဝင်တန်း)အား သင်ကြားနေစဉ် စာသင်နှစ် နှစ်ဝက်၌ DSA ဝင်ခွင့် ဖြေဆိုအောင်မြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ အပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A (DSA) ဘွဲ့အား အောင်မြင်ခဲ့သည်။ စစ်တက္ကသိုလ်မှ သင်တန်းဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၈ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီး အဆင့်ဖြင့် လည်းကောင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ဒေါ်ခင်ခင်ဝင်းနှင့် အိမ်ထောင်ပြုပြီး သမီး (၃) ဦး ထွန်းကားခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှတိုင်းပြည်အာဏာ ရယူပြီးနောက် တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။

စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် နတခနှင့် ကက (ကြည်း) တွင် လည်းကောင်း ၁၉၉၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယင်းနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ကို ချီးမြှင့်ခြင်း ခံရသည်။ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များ ဖွင့်လှစ်သည့် အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ (၄) တွင် တပ်မမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြစ်လာခဲ့သည်။

၁၉၉၇ ခုနှစ်တွင် တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ်မှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး ရရှိခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၌ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စစ်ရေးချုပ် တာဝန်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂) တာဝန်နှင့် ၂၀၀၄ ခုနှစ်တွင် အတွင်းရေးမှူး (၁) တာဝန်များအား ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာပြီး၊ အောက်တိုဘာလတွင် တရားဝင်ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဒဏ်ခံ ပြည်သူများထံ အစိုးရအကြီးအကဲ များထဲမှ ပထမဆုံးသွားသူဖြစ်ပြီး အမျိုးသားသဘာဝဘေး ကာကွယ် တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို ပူးတွဲတာဝန် ထမ်းဆောင်ခဲ့သည်။

၂၄-၄-၂၀၁၀ တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲအများဆုံးဖြင့် အနိုင်ရရှိပြီး သမ္မတ ဖြစ်လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံ၍ နိုင်ငံတော်၏ အနာဂတ် ဆောင်ရွက်ချက်များ အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများ၏ ဆန္ဒဖြင့် ၎င်း၏အစိုးရသက်တမ်း ကာလအတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ ကတိပြုပြောကြားခဲ့ပြီး မြစ်ဆုံစီမံကိန်း ဆောင်ရွက်နေမှုများကို အမှန်တကယ် ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့ပါသည်။

သံတမန် ဆက်ဆံရေး အေးစက်နေခဲ့သော မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခြင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သကဲ့သို့ နိုင်ငံတော်သမ္မတ သည်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် မေလတွင် တစ်ကြိမ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့သည်။

၂၀၁၁ ခုနှစ် မေလ ၁၆ ရက်၊ အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နှင့်၁၂ ရက်၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်၊ မေလ ၁၇ ရက်နှင့် ဇူလိုင်လ ၂၃ ရက်တို့တွင် ထင်ရှားသော နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသား ပေါင်းများစွာ တို့အား နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့် ရရေး အတွက် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း ယခင်ကုန်သွယ်မှုကောင်စီကို ဖျက်သိမ်းခြင်း၊ ပို့ကုန် အခွန်ကောက်ခံမှု ရာခိုင်နှုန်းလျော့ချခြင်းမှ လုံးဝကင်းလွတ်ခွင့် ပေးခဲ့ခြင်း အငြိမ်းစား ဝန်ထမ်းတို့၏ ပင်စင်လစာအား ခေတ်ကာလနှင့်အညီ ဖြစ်အောင် တိုးမြှင့်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ကြာမြင့်ယာဉ်များအား ပယ်ဖျက်၍ မော်တော်ယာဉ်များ တင်သွင်းခွင့်ကို အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၂ ဧပြီလ ၂၆ ရက်နေ့တွင် TIME မဂ္ဂဇင်း အွန်လိုင်းက စီစဉ်သည့် ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမှတ်စဉ် ၆၇ တွင် ရွေးချယ်ဖော်ပြခံရသည်။ ၎င်းအပြင် TIME မဂ္ဂဇင်း၏ Special Report အဖြစ် ရေးသားဖော်ပြခြင်း ခံခဲ့ရသည်။

မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်အား တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းက ၂ဝ၁၂ ခုနှစ် အတွက် ‘ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် ၁ဝဝ’ 100 Global Thinkers စာရင်းကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် ပူးတွဲပထမ ရရှိခဲ့သည်။

The Inter-national Crisis Group က ၂၀၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award ကို မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်း စိန်ကို The Straits Times သတင်းစာက Asian of the Year အဖြစ် ရွေးချယ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သမ္မတသက်တမ်း တစ်ဝက်ကျော်ကာလအတွင်း အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့ပေးသည့် အခြေအနေ သို့ ရောက်ရှိခဲ့ပြီး ဥရောပသမဂ္ဂမှလည်း လက်နက်ရောင်းဝယ်မှုမှအပ ကျန်ပိတ်ဆို့မှု အလုံးစုံကို ဆိုင်းငံ့ပေးခြင်းဖြင့် ပိတ်ဆို့မှုများ ဖယ်ရှားပေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ကန့်သတ်မှုများအားလုံးကို ရုပ်သိမ်း ပေးခဲ့ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်အသိအမှတ်ပြုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကြိုတင်သတ်မှတ်ချက် မထားဘဲ စေ့စပ် ညှိနှိုင်းရေး မူဝါဒဖြင့် ဆောင်ရွက်ခဲ့ရာ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် သဘော တူညီချက်ပေါင်း ၃၇ ခု ချုပ်ဆိုနိုင်ခဲ့ပြီး မကြာခင်ကာလတွင် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် စသည့် နိုင်ငံတကာမှ သြဇာရှိ ပုဂ္ဂိုလ်များ တက်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

ခေတ်အဆက်ဆက်က တင်ရှိနေသော နိုင်ငံခြားကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော် ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့် ရရှိခဲ့ပြီးဖြစ်သည့်အပြင် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေများကိုလည်း ရရှိတော့မည် ဖြစ်သည်။
 
 
From: နိုင်ငံတော်သမ္မတ၇ုံး

www.mmdailystar.com

ရှစ်လေးလုံး အရေးအခင်းကာလအတွင်း လူအုပ်ဖြင့် အကြမ်းဖက်ရက်စက်မှုများ(၁)



(ရှစ်လေးလုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်)

Tuesday, August 5, 2014

(ညွန့်အောင်လတ်)
၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများ၏ ဖြစ်ရပ်မှန်များ၊ မလိုလားအပ်သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသော စရိုက်၊ ခက်ထန်သော စိတ်၊ ကြမ်းတမ်းသောအမူအရာများနှင့် မင်းမဲ့စရိုက်ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ၂၀-၉-၉၀ ရက်နေ့တွင် လုပ်သားပြည်သူ နေ့စဉ် သတင်းစာတွင် ကိုယ်တွေ့ကြုံသူတစ်ဦးက ၄-၉-၈၈ နေ့ စီမံကိန်း (၁) အရေး အခင်း ဖြစ်ရပ်အမှန်များ ဆောင်းပါးဖြင့် ပြည်သူများအား အဖြစ်မှန်ကို ရေးသား တင်ပြခဲ့ပါသည်။ ထိုဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါသည်။
ထိုဖြစ်ရပ်မှန်တွင် မြတ်ဗုဒ္ဓတရားတော်အရ လူသားချင်းထားရှိကြရမည့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ ကြရပါသည်။ ယင်းဖြစ်ရပ်ထက် ပိုမိုရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ်တစ်ခု ရှိပါ သေးသည်။ ထိုဖြစ်ရပ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိပါသေးသည် ဆိုလျှင် ပြည်သူများ ယုံကြည်မည်ဟု မထင်ပါ။

တန့်ဆည် (၁၃-၉-၈၈)

သို့ရာတွင် ယင်းဖြစ်ရပ်သည် အမှန်တကယ်ပင် ရှိခဲ့ပါသည်။ ဖြစ်ပွား ပေါ်ပေါက် ခဲ့သည်ဒေသမှာ စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလ ရှစ်လေးလုံးနေ့တွင်လည်း ဆန္ဒပြ ဆူပူမှု မရှိခဲ့။ အေးဆေးငြိမ်သက်စွာ ရှိနေခဲ့သော မြို့တစ်မြို့ဖြစ်ပါသည်။ အသည်းကို ကြော်၊ လူသားကို မီးကင်စာခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ် ပေါ်ပေါက်ရန်အတွက် အစပျိုးခဲ့သောနေ့က ၁၀-၉-၈၈ ရက်နေ့က စသည်ဟု ဆိုရပါမည်။
၁၀-၉-၈၈ ရက်နေ့တွင် ဒီမိုကရေစီတောင်းဆိုခဲကြသော ပြည်သူများသည် တန့်ဆည်မြို့၌ လှည့်လည်ဆန္ဒပြခဲ့ကြပါသည်။ တန့်ဆည်မြို့၏ အနောက်ဘက် နှစ်မိုင်ခန့် အကွာ လမ်းဆုံရှိ ရွှေကတော်ဘုရားဝင်းအတွင်းတွင် အထွေထွေသပိတ်စခန်းများ ဖွင့်လှစ်ကာ ကျောင်းသားများ ပါဝင်သည့် ကျောင်းသားသမဂ္ဂ၊ သံဃာတော်များ ပါဝင်သည့် သံဃာသမဂ္ဂများကို ဖွဲ့စည်းခဲ့ကာ ဆန္ဒပြ လှည့်လည်မှုများ ပြုလုပ်ခဲ့ကြပါသည်။
တန့်ဆည်မြို့နယ်အတွင်းရှိလူထုအား သပိတ်စခန်းခေါင်းဆောင်များက ကွင်းဆင်း စည်းရုံး ဟောပြောခဲ့ကြသည်။ အချို့ကျေးရွာလူထုက “ဒီမိုကရေစီဆိုတာဘာလဲ” ဟု မေးမြန်းခဲ့ရာ၌ သပိတ်ခေါင်းဆောင်များက “ဒီမိုကရေစီဆိုတာ ကိုယ်လုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတယ်”ဟု အဓိပ္ပာယ်ဖွင့်ပေးခံကြသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်ပေးခဲ့ရုံသာမက ပါတီ၊ ကောင်စီမှ ပုဂ္ဂိုလ်များ၏ အိမ်များကို ဖျက်ကြရန် တီးတိုးလှုံ့ဆော် လက်ညှိုးထိုးပြခဲ့ကြသည်။ ကျေးရွာလူထုက ထိုအိမ်များကို ဖျက်ဆီးခဲ့ ကြသူများရှိကြ သကဲ့သို့ ပရိဘောဂပစ္စည်းများ ယူဆောင်သွားကြသူများလည်း ရှိကြသည်။ ကျေးရွာများရှိ ရပ်ကွက် ကောင်စီဥက္ကဋ္ဌ နေအိမ်များ၊ ရပ်ကွက်သမဝါယမ အသင်းများကို ဖျက်ဆီး ကြသည်။ အရေးယူသူ မရှိသည့်အခါ သပိတ်ခေါင်းဆောင်များ အနက်အဓိပ္ပာယ် ဖွင့်ပေးခဲ့သည့်အတိုင်း “ဒီမိုကရေစီဆိုသည်မှာ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတာ တယ်မှန်ပါလား”ဟု ဆိုကာ နေ့စဉ် ရက်ဆက် လွတ်လွတ်လပ်လပ် ဖျက်ဆီး ယူဆောင်ခဲ့ကြပါသည်။

ထိုသို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်တရာရုံး၊ မြန်မာ့စီပွားရေးဘဏ်တို့အပြင် ကျေးရွာသမဝါယမ အသင်း ၁၉ သင်း၊ တန်ဖိုးငွေကျပ် ၂ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။ ၂၂-၈-၈၈ ရက်နေ့တွင် ဧရိယာ ၃၀၀၀ ကျော်ရှိ ဝက်တိုး နိုင်ငံပိုင်စိုက်ကွင်းရှိ ခိုင်ခံ့သော အဆောက်အဦများ၊ ဂိုထောင်များကို ဖျက်ဆီးခဲ့ကြသည့်အပြင် စိုက်ကွင်းရှိ သီးနှံပင်များ၊ ထွန်စက် ခုနှစ်စီးနှင့် ထရေလာ ခုနှစ်စီး ကို ဖျက်ဆီးခဲ့ကြသည့်အတွက် တန်ဖိုးငွေကျပ် ၂၈ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။
ထိုသို့ လူအုပ်ဖြင့် အကြမ်းဖက်ရာမှ မင်းမဲ့စရိုက်ဝင်လာကြရာ၌ ၂၉-၈-၈၈ ရက်နေ့ တွင် တန့်ဆည်မြို့အတွင်းရှိ ဒေါင့်ကြီးကျေးရွာ၌ ရွာသားအချို့က ယခင်ရန်ငြိုးရှိခဲ့သည့် ရွာသားဖြစ်သူ ဦးငြိမ်းအား ဝိုင်းဝန်းရိုက်နှက်၍ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခဲ့ကြသည်။ ဦးငြိမ်း၏ ဇနီးဒေါ်ဌေးနှင့် သားဖြစ်သူ မောင်ကိုတို့က အမျိုးမျိုး ငိုယိုတောင်းပန် အသနားခံ သော်လည်း မရဘဲ ဦးငြိမ်းအား သုဿာန်သို့ ဒရွတ်တိုက် ဆွဲယူသွားကာ ဓား၊ လှံများဖြင့် ရက်စက်စွာ ခုတ်သတ်လိုက်ကြသည်။ ဦးငြိမ်းအား ဤကဲ့သို့ ရက်စက်စွာ သတ်ဖြတ် လိုက်သည့် အကြောင်းရင်းကို တင်ပြရမည်ဆိုပါလျှင် ကျောင်းတော်က ရန်စဟု ဆိုရမည် ဖြစ်ပါသည်။ ဒေါင့်ကြီးကျေးရွာ ချယားပင် ကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရာ ကျောင်းတိုင်ဆရာတော်အသစ် တင်မြှောက်နိုင်ရေးအတွက် ကျေးရွာသားများ သဘောထား ကွဲခဲ့ကြသည်။ ခိုက်ရန် ဖြစ်ကြမည်စိုး၍ ကျောင်းကို သက်ဆိုင်ရာက ချိတ်ပိတ်ထားခဲ့သည်။

လအတန်ကြာ ချိတ်ပိတ်ပြီး ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာက တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့ကြသည့်အတွက် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ကာ အရေးယူခဲ့သည်။ ထိုသို့အရေးယူခဲ့သည့်အတွက် အရေးယူခံရသူများက ဦးငြိမ်း၏ သတင်းပေးမှုကြောင့်ဆိုကာ ရန်ငြိုးထားခဲ့ကြသည်။ ထိုကျောင်းတော်က ရန်စကို ယခုကဲ့သို့ အရေးအခင်းကာလ အတွင်း၌ လုပ်ချင်တာလုပ်နိုင်သည်။ ဘယ်သူမှ အရေးမယူဘူး ဆိုသည့် သပိတ်ခေါင်းဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ယုံကြည်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများမှာလည်း ရက်ကြာလာသည် နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် အယူအဆများ၊ လုပ်ရပ်များ ကွဲလွဲလာကြသည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု နည်းပါးလာခဲ့ကြသည်။
ထို့သို့ သဘောထားကွဲလွဲခဲ့ကြသည့်အတွက် ဒီမိုကရေစီကြွေးကြော်သံများ၊ တစ်ပါတီစနစ် ဖြုတ်ချရေး ကြွေးကြော်သံများ ဆိတ်သုဉ်းကွယ်ပျောက်ကာ အကြမ်းဖက်ရန်အတွက် စစ်သင်တန်းများ ပို့ချကြသည်။ သပိတ်ခေါင်းဆောင်များ သဘောထားကွဲလွဲ ခဲ့ကြသည့် နည်းတူ အောက်ခြေတွင်လည်း သဘောထားကွဲလွဲ လာခဲ့ကြသည်။ မြို့ပေါ်ရှိ လုံခြုံရေးကင်းများအနက် တန့်ဆည်မြို့တွင်းနှင့် လမ်းဆုံလုံခြုံရေး ကင်းအဖွဲ့တို့ သိပ်မကြည်ကြ။ ထိုသို့သော အခြေအနေတွင် တန့်ဆည်မြို့နယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များက မြို့လူထုလုံခြုံရေးအတွက် ကင်းလှည့်မြဲပင်။
သပိတ်ခေါင်းဆောင်များသည် လက်နက် ဘယ်ကရမလဲ၊ ဘယ်မှာရှိနိုင်သလဲ ဆိုသော မေးခွန်းကို အဖြေရှာကြရာ၌ အနီးအနားတွင် သေနတ်ရနိုင်သော နေရာသည် ရဲစခန်းပင်ဖြစ်သည်။ လွယ်လွယ်ကူကူ တောင်းကြည့်မည်။ မရပါလျှင် ရဲစခန်းကို တိုက်ခိုက်၍ လက်နက်ရယူမည်။ ရဲတပ်ဖွဲ့တွင် သေနတ်များ ရှိသည့်အတွက် သပိတ် အဖွဲ့အား တစ်နေ့ တန်ပြန်တိုက်ခိုက် ဖြိုခွဲနိုင်သည်ဟုသော အဖြေကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၁၂-၉-၈၈ ရက် သပိတ်အဖွဲ့မှ ဘုန်းကြီး ဦးကောဝိဒ ခေါင်းဆောင်သော သံဃာတော် လေးငါးပါးနှင့် ကျောင်းသား လေးငါးယောက်တို့သည် ယခင်မြို့နယ်ပြည်သူ့ ကောင်စီဥက္ကဋ္ဌ အသုံးပြုသော မာဇဒါဂျစ်ကားဖြင့် ရဲစခန်းသို့ ရောက်ရှိလာကာ သိမ်းထားသော လိုင်စင်ဖြင့် ကိုင်ဆောင်သည့် လက်နက်များ ပေးအပ်ရန် တောင်းဆိုခဲ့ ပါသည်။ ထိုအခါ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက “အရှင်ဘုရားတို့ လက်နက် ကိုင်ဆောင် တာဟာ အင်မတန် အန္တရာယ်များလှပါတယ်။ အရေးအကြောင်းရှိရင် အရှင်ဘုရားတို့ လုံခြုံရေးအတွက် လိုအပ်တယ်ဆိုရင် တပည့်တော်တို့ လာရောက် စောင့်ရှောက် ပေးပါမယ်”ဟု လျှောက်ထားခဲ့ရာ လက်နက်တောင်းဆိုသော အဖွဲ့မှာ မကျေမနပ်ဖြင့် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားကြပါသည်။ ထိုသို့ ထွက်ခွာသွားရာ၌ မြို့နယ်တရားရုံး အနီးသို့ ရောက်ရှိခဲ့ရာ၌ လုံခြုံရေးကင်းစောင့်သူများက ကားကို တားဆီးခဲ့ကြသည်။ ထိုစဉ် ကျေးရွာမှ လူများ ထပ်မံရောက်ရှိ၍ ဝိုင်းဝန်းကြပြန်ပါသည်။ ထိုအချိန်တွင် ပြဿနာဖြစ်မည်စိုးရိမ်၍ လိုက်လာသော မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများ လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာရာ ကားပေါ်မှ ဘုန်းကြီးနှစ်ပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားကြသည်။

ကျန်ရှိနေသော သံဃာတော်များနှင့် ကျောင်းသားများအား မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးက ညမိုးချုပ်နေပြီဖြစ်၍ ဆက်လက်သွားရန် မသင့်တော့သဖြင့် စခန်းတွင် ညအိပ်ရန် ပြောကြားခဲ့ပြီး ရဲစခန်းသို့ ခေါ်သွာသည်။ ညအိပ်ရန်အတွက် စောင်၊ ဖျာ၊ ခေါင်းအုံးများ ငှားရန်းပေးခဲ့ကြသည်။ ထိုအချိန်တွင် ထွက်ပြေးသွားသော သံဃာ ၂ ပါးက သပိတ်စခန်းသို့ ရောက်ရှိသွားရာ၌ “ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေကို ရဲက ဖမ်းချုပ် ထားလိုက်သည်”ဟု ပြောပြရာ သပိတ်စခန်းမှ မကျေမနပ်ဖြစ်ကာ အင်အား ၂၀၀ ခန့် လူစုပြီး လိုက်လာခဲ့ကြသည်။ တန့်ဆည်မြို့ရှိ လုံခြုံရေးကင်းများကလည်း “ဒီကောင်တွေ သိပ် လူပါးဝတယ်” ဟု ဆိုကာ အင်အား ၂၀၀ ကျော် လူစုပြီး သပိတ်စခန်းသို့ လိုက်သွား ကြရာ ယခင်မြို့နယ်ပြည်သူ့ကောင်စီရုံးရှေ့၌ ရင်ဆိုင်တွေ့ခဲ့ကြပါသည်။ ထိုအချိန်မှာ ည ၉ နာရီခွဲကျော်နေပြီ ဖြစ်ပါသည်။

ရင်ဆိုင်တွေ့ကြသော နှစ်ဖက်အုပ်စုသည် တစ်ဖက်နှင့်တစ်ဖက် ခွများ၊ ခဲများဖြင့် ပစ်ခတ် တိုက်ခိုက်ကြတော့သည်။ ထိုတိုက်ခိုက်မှုသတင်းကို ကြားသိရသော မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ရဲသား ၁၅ ယောက်ခန့်တို့ လိုက်လာကာ သေနတ်ပစ်၍ လူစုခွဲခဲ့ရာ သပိတ်စခန်းမှ တစ်ဦး ပေါင်တွင် ထိမှန်ခဲ့သည်။ လူစုလည်းကွဲသွားခဲ့ပါသည်။ သို့ရာတွင် သပိတ်အဖွဲ့က ရဲသားများသည် တန့်ဆည်မြို့ဘက်မှ ပါဝင်၍ မိမိတို့ကို တိုက်ခိုက်ခဲ့သည်ဟု မကျေမနပ်ဖြစ်ခဲ့ကြပါသည်။ ထို့ကြောင့် ညတွင်းချင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လှည့်လည်၍ “ ဘုန်းကြီးနဲ့ ကျောင်းသားများကို ရဲတွေက သတ်ပစ်လိုက်ကြောင်း၊ ရဲစခန်းကို စီးနင်းရန်အတွက် တစ်အိမ်တစ်ယောက် ဓားတစ်ချောင်း၊ လှံတစ်ချောင်း ကိုင်ဆောင်လိုက်ပါကြရမည်ဖြစ်ကြောင်း၊ မလိုက်ပါသော အိမ်ကို မီးရှို့” ပစ်ပြီး သတ်ပစ် မည်ဟု ခြိမ်းခြောက်စည်းရုံးမှုကို အသံချဲ့စက်များဖြင့် ပြုလုပ်ကြသည်။ ရဲစခန်းတွင် ညသိပ်ထားသော ဘုန်းကြီးနှင့် ကျောင်းသားများကို မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက ၁၃-၉-၈၈ ရက်နေ့ နံနက်စောစော နှစ်နာရီခန့်တွင် သပိတ်စခန်းသို့ပြန်ရန် စေလွှတ်ပေးခဲ့ကြ ပါသည်။
၁၃-၉-၈၈ ရက်နေ့ကား တန့်ဆည်မြို့နယ်၏ အလှအပများကို အကျည်းတန် အရုပ်ဆိုးစေ သောနေ့၊ ရက်စက်ကြမ်းကြုတ်မှုများ သရဖူဆောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့ရပါသည်။ ထိုနေ့ နံနက် ၆ နာရီခန့်တွင် သပိတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ရာ၌ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့််သည် မြို့လူထုဘက်မှ ဘက်လိုက် ခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းအား စီးနင်းတိုက်ခိုက်ရန်နှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲအုပ်ကျော်ဆွေတို့အား ရှင်းလင်းပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်နံနက် ၇ နာရီခွဲခန့်တွင် ခြိမ်းခြောက်စည်းရုံးခဲ့သော ရွာသားများ တုတ်၊ ဓား၊ လှံကိုင်ဆောင်၍ ချီတက်လာသော အင်အားတစ်သောင်းကျော်တို့ဖြင့် စခန်းအား ဝိုင်းခဲ့ကြသည်။

ရဲစခန်းကို ဝိုင်းနေသော လူအုပ်ကြီးကို ခေါင်းဆောင်သူမှာ သပိတ် စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၂၃ နှစ်ရှိ ချိုထွန်းဆိုသူဖြစ်သည်။ ချိုထွန်းက ရဲစခန်းကို ဝိုင်းထားပြီးဖြစ်သဖြင့် ရဲသားများအားလုံး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများသည် မိသားစုများကိုခေါ်၍ ကာဘိုးဆည်ရှိ တပ်မတော်စစ်ကြောင်းနှင့် သွားရောက် ပူးပေါင်းရန် ဆုံးဖြတ်ကြသည်။ ထို့သို့ဆုံးဖြတ်ခဲ့ရသည်မှာလည်း သံဃာတော် တစ်ချို့နှင့် မြို့မိမြို့ဖ အချို့က ဆန္ဒပြသူများကို ပြန်လည်ပစ်ခတ်ပါက မြို့လူထု နစ်နာမည် ဖြစ်ကြောင်း၊ ယခုလာသူတို့တွင် အကြမ်းဖက်သူများ ပါသဖြင့် ရဲကပစ်ခတ်ခြင်း မပြုပါရန် လာရောက် မေတ္တာရပ်ခံခဲ့ကြသည့်အတွက် မြို့နယ်ရဲမှူးက မြို့လူထုကို ငဲ့ညှာသော အားဖြင့် ရဲစခန်းကိုစွန့်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်ဟု သိရသည်။
မြို့နယ်ရဲမှူးနှင့် ရဲသားများ၊ မိသားစုများ စခန်းကိုစွန့်ခွာ၍ လယ်ကွင်းအတွင်း ရောက်ရှိ သည် ဆိုလျှင်ပင် အကြမ်းဖက်သမားအချို့က ရဲစခန်းကို မီးရှို့ကြသည့်နည်းတူ တချို့ရဲတန်းလျားများကို မီးရှို့ဖျက်ဆီးကြသည့်အပြင် ပရိဘောဂ ပစ္စည်းများကိုပါ လုယက်ယူငင်ခဲ့ကြ ပါသည်။

မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရဲစခန်း၏အရှေ့ဘက် တစ်ဖာလုံခန့် အကွာ လယ်ကွင်းထဲသို့ ရောက်ရှိကြရာ၌ အကြမ်းဖက်လူအုပ်က ရဲတပ်ဖွဲ့ဝင်များအား ထပ်မံဝိုင်းခဲ့ကြသည်။ မိသားစုများကို အလယ်တွင်ထားကာ ရဲတပ်ဖွဲ့ဝင်များက သေနတ် ဖြင့်ပစ်ခတ် လူစုခွဲရန် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးထံ ပစ်မိန့်တောင်းခံခဲ့ကြပါသည်။ ထို အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ ဝိုင်းဝန်းဖမ်းဆီးရာ၌ ပါဝင်ခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတင်အောင်နှင့် ကိုနေဝင်းတို့က “ကျွန်တော်တို့ရဲစခန်းနဲ့ တန်းလျားတွေကို မီးရှို့တာတွေ့ရတော့ အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြန်ပစ်မယ်လို့ အချင်းချင်းပြောကြတဲ့အခါမှာ မြို့နယ်မှူးနဲ့ ရဲအုပ်ခင်မောင်သန်းတို့က မပစ်ကြဖို့ ပြောခဲ့တဲ့အတွက် လူငယ်တွေနဲ့ အငြင်းပွား ခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးက အမိန့်မပေးခဲ့တဲ့အတွက် အထက်အရာရှိရဲ့ အမိန့်ကိုနာခံကြတဲ့ ကျွန်တော်တို့ အနေနဲ့ သေနတ်နဲ့ပြန်မပစ်ခဲ့ကြပါဘူး၊ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချိုထွန်းဟာ ရဲတပ်ဖွဲ့မှူးအနားကို ကပ်လာပါတယ်။ ချိုထွန်းက “ဦးသန်းမြင့်၊ စဉ်းစားပါအုံး၊ လက်နက်ချပါ။ လူထုနဲ့ပေါင်းရင် ဘာမှမဖြစ်နိုင်ဘူး။ ကလေးတွေ၊ မိန်းမတွေ ဒုက္ခရောက်ကုန်ပါလိမ့်မယ်။ လက်နက်ချရင် တပ်ဖွဲ့ဝင် အားလုံးကို ကျွန်တော်တို့ တာဝန်ယူပါတယ်”ဟု ထပ်ခါတလဲလဲ ပြောနေခဲ့ပါတယ်။ “ဆရာလည်း ဘယ်လိုဆုံးဖြတ်လိုက်သလဲတော့ မသိပါဘူး။ ဆရာ့ခြောက်လုံးပြူးကို ချိုထွန်းလက်ထဲ ပေးလိုက်တာ တွေ့လိုက်ရပါတယ်”ဟု လည်းကောင်း၊ ဒုရဲအုပ် အောင်ကျော်မိုး က “ဆရာက ချိုထွန်းကို သူ့ခြောက်လုံးပြူးပေးလိုက်တော့ ချိုထွန်းက လူအုပ်ဘက်ကို ခြောက်လုံးပြူး မြှောက်ပြလိုက်ပါတယ်။ ဓားတွေ၊ လှံတွေကိုင်ထားတဲ့ အကြမ်းဖက် သမားတွေဟာ ရှေ့ကိုတိုးလာကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ တစ်တွေကို လှံနဲ့တေ့ထားကြပါတယ်။ ကျွန်တော်တို့သေနတ်တွေကို ဆွဲယူကြပါတယ်။ ကျွန်တော်တို့ လည်း ဆရာက သေနတ်ပေးလိုက်တော့ ဘာလုပ်ရမယ်မသိဘူး၊ ဒါနဲ့ကျည်ဆံကဒ်တွေ ဖြုတ်ပြီး သေနတ်ကို ပေးလိုက်ကြပါတယ်။ ကျွန်တော်တို့နဲ့ ပါလာတဲ့ ကျည်ဆံတွေကိုတော့ အောက်ကိုပစ်ချပြီး ရွှံ့ဗွက်ထဲရောက်သွားအောင် ခြေထောက်နဲ့ နင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ဆရာ့အနားရောက်လာခဲ့ကြတဲ့ အကြမ်းဖက်သမား အချို့ဟာ ဆရာ့ကို ဓားနဲ့လှမ်းခုတ်လိုက်တဲ့အတွက် ဆရာ့ပါး တစ်ခြမ်းမှာ အသားမရှိတော့ဘဲ သွားတွေတောင် ပေါ်လာတာ တွေ့ရပါတယ်။ တချို့ကလည်းဆရာ့ကို ဓားနဲ့ဝိုင်း ခုတ်ကြပါသေးတယ်။ ကျွန်တော်တို့ကိုလည်း လောက်လေးခွ၊ ခဲတွေနဲ့ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ အရောက် ပြေးခဲ့ကြပါတယ်။ ကျောင်းပေါ် တက်ပြေးကြသူတွေရှိသလို ကျောင်းအောက်မှာ ပုန်းနေ ကြတဲ့သူတွေလည်း ရှိပါတယ်။ ဆရာဦးသန်းမြင့်လည်း ဒဏ်ရာတွေနဲ့ နောက်ကလိုက် လာတာတွေ့ရပါတယ်။ ဆရာ ဦးသန်းမြင့်ကို ဒုရဲအုပ် ဦးခင်မောင်မြင့်လို့ ထင်ပါတယ်၊ ကျောင်းပေါ်ကို တွဲပြီးခေါ်လာခဲ့တာ ကို တွေ့ရပါတယ်”ဟု ပြောပြကြပါသည်။

ထိုသို့ အခြေအနေများ ရှုပ်ထွေးနေချိန် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းမှာ ကျောင်း လှေကားအပေါ်သို့ ပြေးတက်လာစဉ် အကြမ်းဖက်သမားအချို့တို့က ဓားလှံများဖြင့် ဝိုင်းဝန်းထိုးသတ်ခဲ့ကြပါသည်။ ထိုးခုတ်ထားသော ဓား၊ လှံဒဏ်ရာများဖြင့် မသေမရှင် ဖြစ်ကာ လဲကျတော့မည့် ဦးခင်သိန်းအား ချိုထွန်းက ခြေက်လုံးပြူးဖြင့် နှစ်ချက်ဆင့် ပစ်ခဲ့ပြန်ပါသည်။
ရဲတပ်ဖွဲ့ဝင်များ ဘုန်းကြီးကျောင်းပေါ်သို့ တက်ရောက်ပုန်းအောင်းနေရာ၌ အကြမ်းဖက် သမားများက ကျောင်းကိုဝိုင်းထားကာ လောက်လေးခွများ၊ ခဲများ၊ ဂျင်ကလိ စသည် များဖြင့် ပစ်ပေါက်နေကြပါသည်။ ထိုအတောအတွင်း ငှက်ပျောခြံအနီး၌ ပုန်းအောင်းနေသော ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က တွေ့ရှိ သွားခဲ့ပြန်ပါသည်။ ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က ဆွဲခေါ် လာပြီးနောက် ဘုန်းကြီးကျောင်းလှေကားရင်း၌ ဓား၊ လှံ စသည့် လက်နက်များဖြင့် ဝိုင်းဝန်းခုတ်သတ်လိုက်ကြသည်။ ထို့နောက် အသတ်ခံရသည့် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းနှင့် ရဲတပ်သား ကိုဘိုမောင်တို့၏ ခေါင်းများကိုဖြတ်ကာ အောင်ပြီအောင်ပြီဟု အော်ဟစ်ကြပြီး သပိတ်စခန်းသို့ ယူဆောင်သွားခဲ့ကြပါသည်။
ရဲတပ်သားကိုဘိုမောင်အား အကြမ်းဖက်သမားအချို့ တွေ့ရှိ ဆွဲထုတ် ခေါ်ယူ သွားခြင်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူ အသက် ၅၄ နှစ်ရှိ ဒေါ်ကျင်ရီ ( ရဲတပ်သား များက ဒေါ်ရှမ်းဟုခေါ်သူ) က “ကျွန်မလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာ ကလေးတွေနဲ့ ကွဲသွားပါတယ်။ တစ်နေရာရောက်တော့ ကျွန်မဝပ်နေတုန်းမှာ ကျွန်မ ယောင်္ကျား ကိုဘိုမောင်က ရောက်လာပါတယ်။ ကျွန်မကရှင်မပြေးဘူးလား၊ ပြေးလေလို့ ပြောတော့ ကိုဘိုမောင်က ငါ့မှာ ဘာအပြစ်မှ မရှိပါဘူး ကွာ၊ မပူပါနဲ့၊ သူတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး၊ မင်းသာ လွတ်အောင်ပြေးလို့ ပြန်ပြော ပါတယ်။ ကျွန်မက ရှင်ဝတ်ထားတဲ့ စစ်စွပ်ကျယ်ကို ချွတ်လိုက်အုံးဆိုတော့ ကိုဘိုမောင်က စွပ်ကျယ်ချွတ်ပေးတဲ့အပြင် ဆေးလိပ်တွေပါ ပေးပါတယ်။ အဲဒီအချိန်မှာဘဲ ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ချို့ ရောက်လာပြီး ဒီကောင်လည်း ရဲပဲ ၊ ဖမ်း ဖမ်းဆိုပြီး ခြေထောက် နဲ့ကန်ကြ၊ ကြိုးနဲ့ တုပ်ပြီး ရိုက်နှက် ခေါ်သွားကြပါတယ်။ ကျွန်မက မလုပ်ကြပါနဲ့၊ အဘိုးကြီးဖြစ်နေပြီ၊ သက်သက်ညှာညှာ လုပ်ကြပါလို့ တောင်းပန်တဲ့အခါ ခင်ဗျားပါ သေချင်သလားဆိုပြီး ကျွန်မကို တွန်းပစ်ခဲ့ ပါတယ်ရှင်၊ အဲဒီအချိန်ကစပြီး ကျွန်မယောင်္ကျားကို မတွေ့ရတော့ပါဘူး”ဟု မျက်ရည် စမ်းစမ်းဖြင့် ပြောပြခဲ့ပါသည်။
ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေကြသော ရဲတပ်ဖွဲ့ဝင်များအနက် တပ်ဖွဲ့ဝင် အချို့ကို ယူနီဖောင်းများ ချွတ်ခိုင်းကာ အကြမ်းဖက်သမားများ မသိအောင်သပိတ်စခန်းသို့ ခေါ်ထုတ်သွားကြသည်။ ဒုတိယအသုတ်အဖြစ် ကျန်တပ်ဖွဲ့ဝင် များကို ခေါ်ထုတ်ရာ၌ အကြမ်းဖက်သမားများက သိရှိသွားကာ လှံ၊ ဓားများဖြင့် ထိုးနှက်မည် ပြုလုပ်သဖြင့် ချိုထွန်းက သေနတ်နှစ်ချက် ပစ်ဖောက်၍ ဟန့်တားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များအား လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ထားစေပြီး ကျန်လက်တစ်ဖက်ကို ဝါယာကြိုးများဖြင့် ပူးတွဲချည်နှောင်၍ ခေါ်ဆောင်သွားကြရာ လမ်းတစ်လျှောက်လုံး တစ်ယောက်တစ်ချက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ကိုမူ ဒဏ်ရာများရှိသဖြင့် ထွန်စက်ကားဖြင့် ခေါ်ဆောင် လာခဲ့ကြသည်။ ရွှေကတော်ဘုရားဝင်းအတွင်း ဖွင့်လှစ် ထားသော သပိတ်စခန်းသို့ ရောက်ရှိကြရာ၌ သပိတ်စခန်းအပြင်မှ အကြမ်းဖက်သမား များက ရဲမှူးအားထုတ်ပေးရန် အော်ဟစ် တောင်းဆိုကြပါသည်။ ရဲမှူးအား သတ်ဖြတ်ရန် ကြိုတင်စီစဉ်ထားသည်မှာ အကြမ်းဖက်သမားများရှေ့တွင် စားပွဲတစ်လုံးနှင့် ဓားတစ်ချောင်း ချထားပါသည်။ အသတ်ခံရမည့် သူသည် စားပွဲပေါ်တွင် မှောက်လျက် အနေအထား လည်စင်း ပေးသည့်အခါ ခေါင်းဖြတ်သတ်ရန် စီစဉ် ထားပါသည်။

အကြမ်းဖက်သမားများက ရဲမှူးအား အော်ဟစ်တောင်းဆိုနေစဉ် သပိတ်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဇော်ရဲနိုင်က အသံချဲ့စက်ဖြင့် “ဦးသန်းမြင့်ကို ခင်ဗျားတို့ ခွင့်မလွှတ်နိုင်ဘူးလား” မေးမြန်းရာ အကြမ်းဖက်သမားများက ခွင့်မလွှတ်နိုင်ဘူး၊ အခုချက်ချင်း ထုတ်ပေးပါဟု အော်ဟစ်တောင်းဆိုကြသည်။ ထိုအခါ ရဲမှူးသန်းမြင့်က စကားပြောခွင့် ပြုရန် တောင်းခံပြီး အသံချဲ့စက်ဖြင့် “ကျွန်တော်ဟာ ပြည်သူလူထုဘက်ကို ဘယ်တော့မှ ပြောင်းဝမလှည့်ခဲ့ပါဘူး၊ အခုလည်းကျွန်တော့်မှာ ဒဏ်ရာတွေ အပြင်းအထန် ရရှိနေပါပြီ၊ ဒီလောက်နဲ့ကျေနပ်ကြစေလို ပါတယ်၊ ကျွန်တော်အသက်ကို ချမ်းသာ ပေးကြပါ” ဟု တောင်းပန်စကား ပြောဆိုခဲ့ရာ ဇော်ရဲနိုင်က “ဦးသန်းမြင့် တောင်းပန်တာ ခင်ဗျားတို့ ကျေနပ်ကြသလား”ဟု သုံးကြိမ် မေးမြန်းရာ အကြမ်းဖက် သမားများက “လုံးဝ မကျေနပ်ဘူး” ဟု ပြန်လည်အော်ဟစ်ခဲ့ကြပါသည်။ အတိုင်အဖောက် ညီညီဖြင့် မေးမြန်းမှုပြီးဆုံးသွားသည့်အခါတွင် ဇော်ရဲနိုင်က “ခင်ဗျားတို့ အထဲက အမာခံတွေ ဦးသန်းမြင့်ကို လာပြီးခေါ်ထုတ်ပါ” ဟု ကြေညာလိုက်ရာ အကြမ်းဖက် သမားနှစ်ဦးက ရဲမှူးကို လာခေါ်ထုတ်သွားကြပါသည်။ သတ်ရန်ပြင်ဆင်ထားသည့် စားပွဲအထိပင် မစောင့်တော့ဘဲ ဘုရားဝင်းအပြင် ရောက်သည်နှင့် တစ်ပြိုင်တည်း အကြမ်းဖက် သမားများက ဓား၊ လှံများဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ရဲမှူး၏ ခေါင်းကို ဖြတ်လိုက်ကြသည်။ ဤမျှရက်စက်ကြမ်းကြုတ် ယုတ်မာလှစွာသော မြင်ကွင်းကို တွေ့မြင်ကြရသည့်အခါ လူအုပ်ကြီးမှာ စိတ်မချမ်းမသာစွာဖြင့် ပြန်သွားကြပါသည်။
သို့ရာတွင် အကြမ်းဖက်သမားလူတစ်စု ကျန်ရှိနေခဲ့ပါသေးသည်။ ထိုလူစုက ဒုရဲအုပ် ခင်မောင်သန်းကို ထုတ်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြပြန်ပါသည်။ အချိန်ကား ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ရှိပါသည်။ ဇော်ရဲနိုင်က “ခင်မောင်သန်းမှာ ဘာအပြစ်ရှိလို့လဲ”ဟု အသံချဲ့စက်ဖြင့် မေးမြန်းရာ အကြမ်းဖက်သမားတစ်စုက ခြေထောက်တစ်ဖက် ဖြတ်ထားသော ကလေးငယ်တစ်ဦးကို မြှောက်ပြခဲ့ပါသည်။ ထိုကလေးငယ်မှာ အထက်တွင် ဖော်ပြထားသည့် ဒေါင့်ကြီးကျေးရွာ ချယားပင်ကျောင်းကိစ္စနှင့် ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခဖြစ်ကြစဉ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရာ၌ ကလေးငယ်၏ ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုစဉ်က တာဝန်ကျခဲ့သူမှာ ဒုရဲအုပ် ခင်မောင်သန်း ဖြစ်သည့်အတွက် ခင်မောင်သန်းအား အော်ဟစ်တောင်းဆို ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

(ဆက်ပါဦးမည်)

From:ပြည်သူ့အာဏာ

www.mmdailystar.com

မီဒီယာသမားများ ကျင့်ဝတ်မညီမှုများ ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားနိုင်ပြီ



 ပည်တွင်းရှိ အယ်ဒီတာများနှင့် သတင်းထောက်မျာသည် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သတင်းမီဒီယာကျင့်ဝတ်များနှင့် စာဖတ်သူများ၏ အခွင့်အရေးများကို လေးစားလိုက်နာရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေနဲ့ သက်ဆိုင်ရာ ဂျာနယ်တိုက်များနှင့်ပါတ်သက်၍ နစ်နာမှုနှင့် မကျေနပ်မှုတစ်စုံတရာရှိပါက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီဖြစ်ကြောင်းသိရသည်။

မီဒီယာလောကအတွင်း အကျင့်ပျက်ခြစားမှုများ၊ ပိုက်ဆံပေး၍မိမိလိုသော သတင်းအား ရေးသားခိုင်းစေမှုများ၊ ငွေညှစ်ခြိမ်းခြောက်၍ သတင်းရေးမှုများ၊ တံစိုးလက်ဆောင်ယူ၍ သတင်းရေးသားမှုများ၊ ကျင့်ဝတ်နှင့်မညီသော အရေးအသားများဖြင့် ယုတ်ညံ့စွာရေးသားမှုများ၊ နိုင်ငံတော်လုံခြုံရေးနှင့် တည်တံ့ခိုင်မြဲရေးကို ဖြစ်ပေါ်စေမည့်ရေးသားမှုများ
ဂျာနယ်တိုက်များနှင့် သတင်းထောက်အများအပြားတွင် တွေ့ရှိလာရ၍
ပြည်သူလူထုမှ မကျေမနပ်ဖြစ်ကာ သတင်းမီဒီယာသမားများအပေါ်
ဝေဖန်မှုပြင်းထန်လာသည့်အချိန်တွင်မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ
နိုင်ငံတော်သမ္မတကြီးထံ သွားရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်
ယခုကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကျင့်ဝတ်နှင့်မညီသော ရေးသားမှုများ၊ သက်ဆိုင်ရာဂျာနယ်တိုက်များ၏ အဆင်အခြင်မဲ့စွာရေးသားဖော်ပြမှုကြောင့် နစ်နာသွားရသူများ၊ လာဘ်ပေးလာဘ်ယူကိစ္စများဖြင့် သတင်းရေးသားဖော်ပြစေမှုများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အချိန်နှင့်တပြေးညီ တိုင်ကြားနိုင်ပြီဖြစ်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။
From:ME

www.mmdailystar.com

သတင်းစာရှင်းလင်းပွဲတွင် အရှက်မရှိ ဖုန်းလုခဲ့ကြသည့် စတုတ္ထမဏ္ဍိုင်အပေါ် ပြည်သူတို့အမြင်များ (၂)


Innwa Gonyi ဦးဝင်းတင်နဲ့ကိုစိန်ဝင်းလေး
ခင်ဗျားတို့နှစ်ယောက်
သေသွားတာခပ်ကောင်းကောင့်း့
ခင်ဗျားတို့ချစ်တဲ့သတင်းလောကသားတွေရဲ့အောက်တန်းကျပုံကိုမသိရတော့ဘူး
မကြားရတော့ဘူးလေ့
ဘယ့်လောက်ရှက်လိုက်ကြမလဲ

Kaunghtetwin Jc
ဝဋ်ဆိုတာ ဒါမျိုးလား?
မြန်မာမီဒီယာ.

Khu Balao ခွက် ပျောက် သွား လို့ လုကြတာ နေ မှာ ပါ...အလ ကား ကောင် တွေ....အလကား ပေး တောင် မ ယူ ဘူး...ကုလား ဖုန်းကဒ်

Win Zaw မီဒီယာ အားလုံးတော့မဆိုလိုပါဘူး ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာအတွက်အရမ်းရှက်ပါတယ်။ ဘယ်လိုဓာတ်ပုံမျိုးမှမတင်စေချင်ဘူး ဒီလိုတင်ရင်ကာယကံရှင်တွေပါအရှက်ရမှာစိုးလို့ပါ။ ဆင်ချင်နိုင်ပါစေလို့ဆန္ဒပြုပါတယ်။

Iris Moon ဟိုးထား! သူတို့သိတာနည်းနေသေးသလားလို့

Kanaung Kanaung မသိလို့မေးပါရစေမီဒီယာဆိုတာအရှက်ရှိလို့ လားငွေရရင်ကိုယ်ပါရောင်းစားငှါး စားနေတဲ့လူမျိုးတွေလို့သိထားလို့ပါ


 Zaw Zin $ ရှက်ကတော့ ကမ်းကုန်×××××££££

Lynn Ko ဒီလိုလုတဲ့မီဒီယာသမားတွေဟာတတ်လို့တော့မဟုတ်ဘူးငတ်လို့လုပ်နေတာ

Lynn Ko အဲလိုစောက်ဆင့်မရှိလို့ထောင် ၁၀ နှစ်ချခံရတာ

Si Thu Soe သေလိုက်ပါလားးးးကွာ
ဖုန်းမကိုင် ဘူးကြဘူးလားးး
ဒီထောင်ချက်ကိုတောင် မကျော်နိုင်ဘူးလားးးးးး
တကယ် စိတ်ပျက်မိတယ်

Tun Lu မြန်မာတိုင်းအလကားလိုချင်တဲ့ လူကြီးပဲ လို့တော့မထင်နဲ့ ။ ကိုယ်မရထိုက်တဲ့ပစ္စည်း ဘယ်အရာမှအလားမလိုချင်ဘူဲး

Pro Fool မီဒီယာဖိနှိပ်မှုချက်ချင်းရပ်

သက် ပိုင် မှူးဇော် အော်... မီဒီယားလား.... အင်း... ဒီကောင်တွေ.. အလကားရရင်.. .တောမီးတောင်ချွေးထွက်အောင် လှူံကြတာလေ...

Aung Latt ပုံတွေများများတင်ပါဗျ

အချစ် နတ်ဆိုး လိုချင်တက်မက်မှုများရင်သိက္ခာဆိုတာ
ကွယ်ပျောက်သွားတယ်
လောဘရမက်ကြောင့်ဖြစ်မှာပေါ့

Soe Aung သေတောင် မသုံးဘူးကွ
အူလဒူးကို

Ko Barbar လုလို့မရရင် သတ်တောင်သတ်မလားမသိဘူးနော်

Nay Thway Mediaလွတ်လပ်ခွင့်လေ

Nay Thway အဲဒါမြန်မာလို့ခေါ်တယ်

Thant Zin လုတောင်းနေတဲ့ပုံတွေ
များများတင်ပေးပါ
ဒါမှမရှက်တတ်သေးရင်
မြို့လယ်ကောင်မှာ
လိုက်ပြီးပုံတွေကပ်ပေးမယ်

Zaw Naing Htun တတ်လို့လုပ်တာမဟုတ်ဘဲ ငတ်လို့လုပ်တဲ့သူတွေ ဆိုတာ သိသာတာပေါ့နော်

Myo Myat Thant Naing ကိုယ်ကျင့်သိက္ခာစောင့်ထိန်းဖို့လို
နေပြီနော်

Zaw Win Aung တစ်ချို့မီဒီယာသမားတွေကသူများကိုသာ ရေးချင်တာ၊သူတို့ကိုရေးရင်နာတယ်ဗျ၊ မီဒီယာအရည်အသွေးတွေများများမြှင့်တင်ပေးဖို့လိုနေပါပြီ

Thar Thar Popo အလကားရရင် လိုချင်ကြတာ လူ့သဘာဝပါ အပြစ်လို့မဆိုသာပါဘူး သို့သော်
ဒီလို အခန်းအနား
ဒီလိုနေရာမှာ
သိက္ခာ အဆင့်အတန်း ကိုယ်ကျင့်တရားတွေ သတိရကြပါ

Serious Chit အစိုးရမှာအားနည်းချက်တွေရှိနေ သေးတာကိုထောက်ခံပေမဲ့ တို့ တိုင်းပြည်ဆင်းရဲတယ်ဆိုတဲ့
အချက်ကိုလက်မခံနိုင် ပါ။ အ ချောင် လိုက်
အ ချောင် လိုချင် စိတ် ရှိသူများသာဆင်းရဲနေတာပါ။ု

Kanaung Kanaung အဲဒီပုံတွေကိုအခုရှာပြီးတင်ပေးမယ်

Serious Chit ဘယ်လောက်ဆင်းရဲဆင်းရဲ အမှားအမှန်ခွဲခြားမသိနိုင်လောက်အောင်
ငတ်ကြီးကြတာက တော့လွန်လွန်းတာပေါ့။


Hein Htet Win အဆင့်မရှိဘူး


သတင်းစာရှင်းလင်းပွဲတွင် အရှက်မရှိ ဖုန်းလုခဲ့ကြသည့် စတုတ္ထမဏ္ဍိုင်အပေါ် ပြည်သူတို့အမြင်များ (၁) 
 
 
From:MEG

www.mmdailystar.com

"ပြည်ထောင်စုမယ်တဖြစ်လဲ မင်းသမီးခင်သန်းနု"

ခင်သန်းနုသည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။
ခင်သန်းနုသည် ပျဉ်းမနားမြို့၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ် ဆောင်ခဲ့သည်။
"၀င်းဦးနှင့် ညွန့်ဝင်းနှင့်"
တင့်လှပေဟန် ရိုက်ကူး နေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က `ချစ်သောသူ တစ်ယောက်´ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာခဲ့ရာ၊ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ၀င်းဦးတို့နှင့် တွဲဖက် ပါဝင်ဖြစ်ခဲ့သည်။ စာရေးဆရာ ၀င်းဦးသည်လည်း မြတ်မော်ဦး ရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးခဲ့သည် `နှစ်ယောက်တည်းနေချင်တယ်´ ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နှင့် ရိုက်ကူး နေဆဲအချိန် ဖြစ်သည်။
ချစ်သောသူ တစ်ယောက် ဇာတ်ကားသည် ၀င်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြသည့် ရုပ်ရှင်ကားဖြစ်သော်လည်း ပထမကားများက နောက်ကျပြီး ချစ်သောသူ တစ်ယောက်က အရင် ရုံတင်နိုင်ခဲ့သည်။ ထို့ကြောင့် ၀င်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်ပါသည်။
ထိုကားများမှအစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာခဲ့သည့် ခင်သန်းနုသည် ထိုခေတ်တွင် ရေပန်းစားနေဆဲ ဖြစ်သော ရွှေဘ၊ တင်ညွန့်တို့နှင့် တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးသေးပြန်သည်။ ၀င်းဦး၊ ခင်သန်းနုတို့ အတွဲသည် ပရိသတ်များ အတွက် အတွဲညီခဲ့သည့်သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့သည် ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားသော အတွဲဖြစ်ခဲ့ပြန်သည်။
"အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု"
ခင်သန်းနုသည် ရုပ်ရှင် လောကမှာ မင်းသား အတော် များများနှင့် တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူ ဖြစ်ပါသည်။ ရွှေဘ၊ တင်ညွန့်၊ ၀င်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ် အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါသည်။ ၁၉၆၇ ခုနှစ်မှာ အေ၀မ်း ရုပ်ရှင်မှ ဒါရိုက်တာ အေ၀မ်းဦးတင်မောင် ရိုက်ကူး ခဲ့သော ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့သည်။
"မိသားစုဘဝ"
၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နှင့် အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့သည်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူးအဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောကနှင့် အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုသည် သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရသည့် အချိန်များမှာတောင် ကိုယ်ဝန် ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါသည်။
ခင်သန်းနု၏ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်သည်လည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးသည်။ သို့သော် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ၀ါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြချေ။
"ကျော်ဟိန်းနှင့်"
ရုပ်ရှင်လောကမှာ အမျိုးသား သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာတဲ့ ကျော်ဟိန်းနှင့်လည်း ခင်သန်းနုသည် ဇာတ်ကားပေါင်း များစွာမှာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့သည်။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိသော ကားများသည် သူတို့နှစ်ဦး၏ နာမည်ကြီး ကားများ ဖြစ်ခဲ့သည်။
"သရုပ်လည်းနိုင် အဆိုပိုင်"
ခင်သန်းနု မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်မှာ ၂၀ ရာစု ကိုကျော်ညွန့်၏ ဖိတ်ခေါ်မှုနှင့် မြန်မာ့အသံမှာ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးသည်။ အဲဒီသီချင်း နာမည်က နှောင် လို့ အမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့သည်။ သို့သော် သရုပ်ဆောင် အလုပ်က တစ်ဖက် ဖြစ်တာကြောင့် အဆိုဘက်မှာ အာရုံ မစိုက်နိုင်ခဲ့ဖူးလို့ ခင်သန်းနုက ဆိုသည်။
ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သော မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်သည့်ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြသော်လည်း ၁၉၇၀ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ၀င်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားဖြင့် ထူးချွန်ဆု ရရှိသွားခဲ့သည်။
"ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆု"
၁၉၉၀ ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးခဲ့သော ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့သည်။ မှုံရွှေရည် ၏အဆက် ဖြစ်သော ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်သည့်အတွက် ၀င်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါသည်။ သို့ရာတွင် ရိုက်လက်စတန်းလန်းမှာ ၀င်းဦး ကွယ်လွန်သွားသည့်အတွက် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးပြီး ၀င်းဦး နေရာမှာ ရန်အောင်က သရုပ် ဆောင်ခဲ့ရသည်။ ၁၉၉၂ ခုနှစ်မှ ခိုင်မာလာနှင်းဆီကို ရုံတင်နိုင်ခဲ့ပြီး ထူးချွန်ဆုပေးပွဲမှာ နှစ်ကိုယ်ခွဲ ပိုင်ပိုင်နိုင် နိုင်သရုပ်ဆောင်ခဲ့သော ခင်သန်းနုကို မျှော်လင့်ခဲ့ကြသော်လည်း ထူးချွန်ဆုနဲ့ လွဲခဲ့သည်။
၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နှင့် ကွာရှင်းပြတ်စဲပြီး၊ ခင်သန်းနုသည် ဒေါက်တာမြတ်သူရစိုးနှင့် ဒုတိယအိမ်ထောင် တည်ထောင်ခဲ့သည်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့သည်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလအတွင်းမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးသော သမီးတစ်ကောင် နွားတစ် ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့ပြန်သည်။
ခင်သန်းနုသည် ရုပ်ရှင် လောကထဲဝင်ရောက်လာသည့် အမျိုးသား သရုပ်ဆောင်သစ် များစွာတို့ကို လက်တွဲခေါ်ယူ စင်တင်ပေးခဲ့သူလည်း ဖြစ်သည်။ ဥပမာ လင်းအောင်၊ ဇော်လင်း၊ ထွန်းထွန်း ၀င်း၊ မောင်သန်းဝင်းတို့သည် ခင်သန်းနုနှင့် တွဲဖက်ခဲ့ကြသည့် သရုပ်ဆောင်သစ်များ ဖြစ်သည်။ ယင်းနောက်ပိုင်းမှာ ခင်သန်းနုသည် သူ့အရွယ်နှင့် လိုက်ဖက်သောအမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာခဲ့သည်။
"တတိယမြောက် အမျိုးသမီးဇာတ်ပို့ဆု"
၂၀၀၀ ပြည့်နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုး သိမ်းထွဋ်တို့ ရိုက်ကူးတဲ့ သမီးရှင် ဇာတ်ကားမှာ သမီးများကိုမွေးထားသည့် အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ထိုဆု အပါအ၀င် ခင်သန်းနုသည် အကယ်ဒမီ သုံးထပ်ကွမ်းဖြစ်ပြီး ယနေ့အချိန်အထိ ကျရာ ဇာတ်ရုပ်များမှာ ပါဝင် သရုပ်ဆောင်နေဆဲဖြစ်ပြီး ကျန်းမာရေး အခြေအနေအရ စိတ်ကြိုက်ဇာတ်ကား များကိုသာ ရွေးချယ်ရိုက်ကူးရင်း ကမ္ဘောဇရိပ်သာ နေအိမ်မှာ သမီးမြတ်သန်းနုစိုးနှင့်အတူ နေထိုင်လျက်ရှိသည်။

Ref:sites.google.com
Photo By: cedricarnold.com
From: Credit @ရှားရှားပါးပါးဗဟုသုတများ

www.mmdailystar.com

Facebook တွင်ပျံ့နှံ့နေသော အီဘိုလာ ရောဂါတစ်ဦး စစ်တွေဆေးရုံတွင် တက်ရောက် ကုသဆိုသည့် သတင်း မမှန်ကန်ပါ

မင်းပြားမြို့နယ်မှ အီဘိုလာ လူနာတစ်ဦး စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ကုသနေရကြောင်း အင်တာနက် Facebook ပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ စစ်တွေ အထွေထွေရောဂါကု ဆေးရုံးကြီး ကလေးဖျားနာဆောင် တွင် ကုသမှု ခံယူလျက်ရှိသော မောင်မျိုးလင်းနိုင် (၆)နှစ် (အဘအမည်- ဦးငလုံးချေ) ကမ်းနီကျေးရွာ မင်းပြား မြို့နယ်သည် မင်းပြားမြို့နယ် ပြည်သူ့ ဆေးရုံ မှ Stevens Johnson’s Syndrone ရောဂါဖြင့် လွှဲပြောင်းပေးခဲ့ရာ R/N – 8085 / 14 ဖြင့် (၂၄-၇-၂၀၁၄) ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စစ်တွေ ပြည်သူ့ဆေးရုံးကြီး ကလေး အထူးကုဆရာကြီး၏ ရောဂါ အတည်ပြု လက်ခံ ကုသပေးလျက်ရှိသော လူနာဖြစ်ပါသည်။

ယခုလက်ရှိ ၎င်း မောင်မျိုးလင်းနိုင်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန် လာပြီဖြစ်၍ မနက်ဖြန် ၆-၈-၂၀၁၄ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့် ပေးရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။
 
From:OE

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...