Friday, 8 August 2014

မြင်ကွင်းကမလှပ….. သည်ကားကြီး….. တုံးလုံးပက်လက်လဲပြီး….. သွေးရဲသံရဲဖြစ်နေပေမယ့်…. ကူညီမည့်သူ ဝေးနေခဲ့သည်…..













‘ ဂုဏ် ပြု ထိုက် သူ များ ’’

သည်တစ်ခါ…..။
ဖြစ်ပွားခဲ့သည့်
နိုင်ငံကျော်အမြန်လမ်းမ
ယာဉ်တိမ်းမှောက်မှုကတော့။
အဆင့်မြင့်တန်းဝင်
မှတ်တမ်းတင် Accident တစ်ခုအဖြစ်
သမိုင်းတွင်ကျန်ရစ်ခဲ့မည်ထင်သည်…..။

××××× ××××× ×××××

ဖြစ်စဉ်က….
သြဂုတ်လပထမပတ်အတွင်း……ညနေခင်း…..။
သုံးနာရီခွဲအချိန်ခန့်…..။
နေပြည်တော်-မန္တလေး အမြန်လမ်း.....
မိုင်တိုင် ၃၀၆ အ၀င်နားမှာ.....
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်......။
ကျွန်တော်က တိုက်တိုက်ဆိုင်ဆိုင်.....
ခရီးစဉ်တစ်ခုက.....
နေပြည်တော်သို့အပြန်.....
မိတ္ထီလာ Feel မှာရှိနေသည့်အချိန်ဖြစ်သည်…..။

××××× ××××× ×××××

ဖြစ်စဉ်မှာ …..
နေပြည်တော်ဘက်မှ……
မန္တလေး တောင်ပြုံးပွဲကိုထွက်လာသည့်…..
သရက်မြို့နယ်တွင်းမှ…….
ခရီးသည် ဆယ့်နှစ်ဦးပါ…..
ဒိုင်နာအဖြူလိုက်ထရပ်.ဘုရားဖူးကား…..
Over Speed ကြောင့်
အရှိန်နဲ့ တုန်းတွေတိုက်…..
တုန်းလုံးပက်လက်လဲ…..
လူအချို့ပိကျခဲ့ရသည့်……
ဆိုးဆိုးရွားရွားယာဉ်တိမ်းမှောက် မှု ဖြစ်စဉ်ပါ…..။

××××× ××××× ×××××

Accident တွေ……။
အန္တရာယ်ရှိသည့် ထူးခြားဖြစ်စဉ်တွေမှာ
ဖြစ်ဖြစ်ခြင်း ဆယ့်ငါးမိနစ်…..နာရီဝက်သည်
အသက်ရှင်ရေးအတွက်
အရေးကြီးဆုံးဖြစ်သည်…..။
သည်အချိန်မှာ
First Aid ပြုစုခြင်း။
ကယ်ထုတ်ခြင်း
ရွှေ့ပြောင်းခြင်း
လိုအပ်က
Search & Rate တို့
အလျင်အမြန်လုပ်နိုင်ပါမှ
အပျက်အစီး…..
နောက်ဆက်တွဲအန္တရာယ်တွေ
လျော့ပါးပေလိမ့်မည်…..။

××××× ××××× ×××××

မြင်ကွင်းကမလှပ…..
သည်ကားကြီး…..
တုံးလုံးပက်လက်လဲပြီး…..
သွေးရဲသံရဲဖြစ်နေပေမယ့်….
ကူညီမည့်သူ ဝေးနေခဲ့သည်…..။
ဝှီးကနဲ…၀ှိးကနဲ အသွားအပြန်…..
ကားများ…ဆိုင်ကယ်များ……
အများအပြားသွားလာနေပေမယ့်…..
အကြောင်းအမျိုးမျိုးကြောင့်…ရပ်မပေးကြ။
လှည့်ကြည့် ကျော်တက် ထွက်ခွာသွားကြသည်။
အနီးအနားရှိသူအချို့လည်း
ဘယ်ကစရမှန်းမသိသလို…..။
ဝိုင်းကြည့်ပြီး….
အချို့လည်းဖုန်းတစ်လုံးနဲ့
ဟိုဆက်ဒီဆက်…..
ဆက်သွယ်နေရင်း…..
လေ့လာနေကြသည်ဟုဆိုသည်…..။
ဆယ်မိနစ်….ဆယ့်ငါးမိနစ်….မိနစ်နှစ်ဆယ်…..နှစ်ဆယ့်ငါးမိနစ်……။

××××× ××××× ×××××

သည်အချိန်မှာ….
မန္တလေးဘက်မှ….
နေပြည်တော်ဘက်သို့…..
ဦးတည်လာနေသော…..
အရှိန်ပြင်းပြင်းမောင်းနှင်လာသည့်……
ကားသုံးစီးပါ ယာဉ်တန်းတစ်ခု…..
အခင်းဖြစ်ရာနေရာကို…..
ဝှီးကနဲကျော်ဖြတ်သွားသည်…..။

ကားမှောက်နေရာ အကျော်မှာ
တုန့်ကနဲရပ်သွားကြသည်.....။
ခဏအကြာမှာသုံးစင်းလုံး၊
လမ်းအလယ်မှာတားထားသည့်
Obstacle များကို
ကားဖြင့်တွန်းတိုက်ကျော်ဖြတ်ကာ
လူနာများရှိရာအထိ
တဟုန်ထိုး သွားရောက်ပြီး
ထိုးရပ်လိုက်ကြသည်။

သူတို့......။
ကယ်ဆယ်ရေးလုပ်ငန်းများ
အမြန်ဆောင်ရွက်ပေးကြသည်။

‘‘ ကြည့်လိုကောင်းလိုက်တာဗျာ။
အလယ်က လင်ခရုဇာကြီးက….
အလယ်ကျွန်းကိုတိုက်ပြီးတော့ကို…..
ဒီဘက်ဖြတ်ကူး လာကယ်တာ။
အချိန်မီအောင်နေမှာ။
ကားလည်းတော်တော်နာသွားမှာပါ၊
အဲဒီကားပေါ်က မျက်မှန်တပ်ထားတဲ့
ဦးလေးကြီးတစ်ယောက်….
ပြေးဆင်းလာပြီး….
လူနာတွေကိုကောက်တော့တာဘဲ……။
အသံလည်းကောင်းတယ်……
ဟိုတုံးကမင်းသားကြီး…ဇော်လင်းလိုဘဲ……
ရုပ်လည်းချောတယ်……။
သူကအကုန်လုံးကွပ်ကဲပြီး…..
ကယ်ဆယ်သွားတာ…..
ရုပ်ရှင်ကြည့်နေရသလိုဘဲ…..။
တစ်ရိပ်ရိပ်နဲ့….လုပ်သွား..ထုတ်သွားကြတာ ’’ ဟု…..
ဖြစ်စဉ် စ-ဆုံး ….
အနားမှာရှိနေခဲ့သော……
မိတ္ထီလာသား ကိုစံတင်ကဆိုသည်…..။

××××× ××××× ×××××

‘‘ ရှေ့ကပွိုင့်ကားမှာက…..
လ၀က ၀တ်စုံနဲ့ အရာရှိကြီးတစ်ယောက်၊
အစ်မချောချောတစ်ယောက်ပါတယ်ရှင့်၊
သူတို့နှစ်ယောက်လည်း ….
အရမ်းဖြောင့်တာဘဲ…..
တကယ့် Smart ဘဲ….
အမျိုးသားက Ray Ban နဲ့……
သူကအနီးကပ်….အမိန့်ပေးပြီး…..
လူနာတွေကိုဆွဲထုတ်တယ်။
အစ်မကြီးက ရှေးဦးသူနာပြုကျွမ်းတယ်….
ဆိုးရွားနေသူတွေကို……
First Aid နဲ့ …..
ပြုစုပေးနေတာတွေ့ရတယ်။
အဲဒီကျမှ
ပွဲကြည့်သလိုဝိုင်းကြည့်နေသူတွေ၊
ကူဖေါ်လောင်ဖက်ရလာပြီး
ဝိုင်းကူလာကြတာတွေ့ရတယ်။
ကျမလည်းဝိုင်းကူပေးပါတယ်။
ခုချိန်ထိ….
ဝိုင်းဆွဲထုတ်ပေးတုံးက…..
လက်မှာထိထားတဲ့…..
ကားကသံချောင်းနဲ့ထိထားတဲ့ဒဏ်ရာ……
မပျောက်သေးဘူး။’’
မူလတန်းပြဆရာမလေး…မကေသီက…..
ရှင်းပြနေခြင်းဖြစ်သည်…..။

××××× ××××× ×××××

သူတို့၏ ….
ကွပ်ကဲမှု…..
အမိန့်ပေးမှု…..
ဆက်သွယ်မှုအောက်တွင်…..
လက်မောင်းမှာ …..
လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဟု…..
အမှတ်တံဆိပ်တပ်ဆင်ထားသော
Uniform ၀တ် ၀န်ထမ်းများ
အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ....။
ကားအောက်မှာညပ်နေသော
ကားဘေးမှာ ပြန့်ကြဲနေသော
သွေးရဲ.သံရဲ..လူနာတွေကို
ကယ်ထုတ်ကြသည်။
ရှေးဦးသူနာပြုစုနည်းနှင့်ပြုစုပေးကြသည်။
မကြာမီအတွင်းဆေးရုံကားများ……
ရောက်လာတော့မည်ဖြစ်ကြောင်း…..
အားမငယ်ရန်အားပေးကြသည်။
ဖုန်းတွေ…..ဆက်သွယ်ရေးစက်တွေ…..
ကားပေါ်က Wireless တွေ…..
ရှိသမျှစက်တွေနှင့်မနားတမ်း……
ဆက်ပေးနေကြသည်……။

××××× ××××× ×××××

ဆယ့်ငါးမိနစ်အတွင်းမှာဘဲ။
High Way Police စာတမ်းတပ်ထားသော
ယာဉ်များ
Ambulance များ
မီးသတ်ယာဉ်
ကြက်ခြေနီယာဉ်များ
တန်းစီပြီး
ဝေါကနဲ….ဝေါကနဲ
ရောက်လာကြသည်။
ကြည့်လို့မှ..ကောင်းနေသေးတော့သည်…..။

××××× ××××× ×××××

ကားပေါ်ပါသူအားလုံး…..
ထိခိုက်ဒဏ်ရာရသူအားလုံးကို…..
ကွပ်ကဲသူ လူကြီးက…..
မိတ္ထီလာဆေးရုံအမြန်ပို့ရန်…..
လိုအပ်က…..
အချိန်မဆိုင်းဘဲ……
မန္တလေးဆေးရုံကြီးဆက်ပို့ရန်…..
မိတ္ထီလာက လိုက်လာကြိုသည့်……
လ၀က ၀တ်စုံဝတ်အရာရှိတစ်ဦးကို…..
အထပ်ထပ်မှာပြီး…..
လူနာတွေကို…..
သူကိုယ်တိုင်ကားပေါ်လိုက်တင်ပေးတာတွေ့ရသည်…..။
ကံအားလျော်စွာ……
မိတ္ထီလာက လိုက်လာသည့်ယာဉ်တန်းတွင်…..
ကျနော်ပါလာခဲ့သည်…..။
သွေးထွက်သံယိုလူနာများ…..
အော်ညည်းသံက…..
ဆူလို့ညံလို့……၀မ်းနည်းဘို့ကောင်းလိုက်တာ…..။

××××× ××××× ×××××

သည်အမြန်လမ်းမကြီးပေါ်တွင်
Car Accident ကြောင့်
သေကြေ..ဒဏ်ရာရသူတွေ…များခဲ့လှပါပြီ။
ပြည်ထဲရေးဝန်ကြီးဌာနနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊
တရားဝင်ကိန်းဂဏန်းများအရ
သည်လမ်းကြီးဖွင့်လှစ်ခဲ့သည့်
ငါးနှစ်ကျော်ကာလအတွင်း၊
မိုင် သုံးရာရှစ်ဆယ်ကျော်ရှည်လျားသည့်
ရန်ကုန်-မန္တလေး..High Way ပေါ်မှာ
Car Accident စုစုပေါင်း(၇၄၀)ကျော်ခဲ့ပြီး……။
သေဆုံးသူ သုံးရာရှစ်ဆယ်ရှိခဲ့ပြီ…….။
မိုင် တစ်မိုင်တိုင်း…….
လူတစ်ယောက်နှုန်း…..
သေဆုံးခဲ့ကြရပြီ……။

××××× ××××× ×××××

သည်နေ့…..သြဂုတ်လ(၇)ရက်ညပိုင်းမှာ……
သည်လူနာအားလုံး…..
မန္တလေးဆေးရုံကြီးမှာ…..
အတွင်းလူနာအဖြစ် …..
တက်နေဆဲဖြစ်ပေမယ့်……
Recovery ဖြစ်သွားကြပြီဟုဆိုသည်…..။
ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးကတော့
Semi Conscious အဆင့်
ရှိနေသေးသည်ဟု
ICU က ဆရာဝန်ကြီးများကပြောသည်။
သည်ည တာဝန်ရှိသူများ မန္တလေးဆေးရုံကြီးကို
သွားအားပေးကြတော့
လက်ကျိုးသွားသည့်လူနာတစ်ဦးဖြစ်သူ
မခိုင်က….
‘‘ ကျမတို့ကိုကယ်ထုတ်ပေးခဲ့တဲ့သူတွေကို
ကန်တော့ချင်လိုက်တာ။
အားလုံးက ကန်တော့ချင်တာပါ။
သူတို့ပေးတဲ့အသက်ပဲရှိပါတယ်။
နဲနဲနောက်ကျရင်
ကျမတို့သွေးလွန်ပြီးသေသွားမှာပါ ’’
ဟု မျက်ရည်လည်ရွဲနှင့်ပြောသည်။

အားလုံးအသက်ရှင်တာ
ဝမ်းသာစရာပါ..။

××××× ××××× ×××××

သည် High Way ပေါ်မှာဖြစ်သွားသမျှ
Car Accident တွေမှာ
တစ်ခုမှ ..သည်လို
တင်းပြည့်…ကျပ်ပြည့်
ပြည့်ဝလျင်မြန်သည့်
ကူညီကယ်တင်မှုမျိုး
မရှိခဲ့ဘူးသေးပါ…….။

××××× ××××× ×××××

အခြေအနေ…..
အကြောင်းအမျိုးမျိုးအရ…..
ကားတွေမီးလောင်ပြီးမှ….
ရောက်ချင်ရောက်မည်။
သေကျေပြီးမှရောက်ချင်ရောက်မည်။
ဖြစ်ဖြစ်ချင်း……..သိသိချင်း…..
သည်လိုလျင်မြန်သောကယ်တင်မှု…….
ထိရောက်သော..ရှေးဦးသူနာပြု Treatment နှင့် …..
လွတ်မြောက်သောနေရာ…..
စိတ်ချရသော…..
ကုသခံနေရာတို့သို့
ချက်ချင်းရွှေ့ပြောင်းပေးသော
ကယ်ဆယ်ရေးဆောင်ရွက်မှုတို့
မမြင်ဘူး…မကြည့်ဘူးခဲ့ပါ။

ဒါ…….။
ဂုဏ်ယူဖို့ကောင်းသည်…..။

သည် စွမ်းစွမ်းတမန်….
ကယ်တင်ရှင်များ…….
ဘယ်သူတွေလဲ……
ဘယ်ကလဲ…….။

××××× ××××× ×××××

ဤကားတိမ်းမှောက်ဒဏ်ရာရမှု ဖြစ်စဉ်ကို…..
မျက်နှာချင်းဆိုင်တွေ့ရှိရာမှ…..။
ယာဉ်တန်းပြန်လှည့်၍……
လူနာအားလုံးသွေးမလွန်မီ…..
အဖိတ်အစဉ်မရှိရလေအောင်…..
ကွပ်ကဲထိန်းချုပ်သွားသူကား…..
လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး….
ဦးခင်ရီ ကိုယ်တိုင်ပင်ဖြစ်ပါသည်။

××××× ××××× ×××××

ပြည်ထောင်စုဝန်ကြီးသည်
မန္တလေးတိုင်းအတွင်းရှိကျေးရွာများတွင်
မိုးပွင့်(၆)စီမံချက်ကို
သွားရောက်စစ်ဆေးကြည့်ရှု့ရာမှ
နေပြည်တော်သို့အပြန်
လမ်းမှာ……………
ကယ်သူမဲ့ဖြစ်နေသော
တုံးလုံးပက်လက်ကားကြီးနှင့်
သွေးရဲသံရဲ…မြင်ကွင်းကိုမြင်သည်နှင့်
ယာဉ်တန်းကိုချက်ချင်းပြန်လှည့်ကာ
ကိုယ်ဖိရင်ဖိကူညီခဲ့ခြင်းဖြစ်သည်……။

××××× ××××× ×××××

ဝန်ကြီးနှင့်အတူ……
လိုက်ပါကူညီခဲ့သူများကား……
မန္တလေးတိုင်း…လ၀ကဦးစီးမှူး……
ဗိုလ်မှူးကြီး သောင်းဇော်နှင့်ဇနီး ဒေါ်လွင်လွင်ညွန့်တို့……
ဇနီးမောင်နှံဖြစ်သည်။

ဝန်ကြီးထံမှ…..။
ဆက်သွယ်ရေးစက်ဖြင့်
ညွှန်ကြားချက်ရရှိသည်နှင့်
ချက်ချင်း ထက်ချပ်လိုက်ပါ၍
ကယ်ဆယ်ရေးယာဉ်တန်းကို
ခေါ်ဆောင်လာခဲ့သူက
မိတ္ထီလာခရိုင် လ၀ကမှူး
ဦးဌေးအောင်ကျော် ဆိုသူဖြစ်သည်။

သူတို့နှင့်အတူ
အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ
တစ်ပါတည်းလိုက်ပါကူညီခဲ့ခြင်းဖြစ်သည်။

××××× ××××× ×××××

ဝန်ကြီးသည်နေပြည်တော်တွင်၊
အရေးကြီး Meeting တစ်ခု
အချိန်မီတက်ရန်…..
အပြေးအလွှားပြန်လာရာမှ…….
ယာဉ်တန်းလှည့်ပြန်လာပြီး…..
လူတွေအသက်ကိုကယ်တင်ခဲ့ခြင်းဖြစ်သည်။
သည်ထဲမှာ….
နဲနဲနောက်ကျသွားသည်နှင့်……
အသက်အန္တရာယ်စိုးရိမ်ဘွယ်တွေ……
အများကြီးရှိနေခဲ့သည်…..။

××××× ××××× ×××××

သည် Operation မှာ…..
ဦးစီးဦးဆောင်ပြုခဲ့သူတွေကို…..
ကျနော်သိသည်…..။
တိုက်တိုက်ဆိုင်ဆိုင်……
တစ်တိုင်းတည်း…..
တစ်တပ်တည်းနေခဲ့ဘူးသူတွေပါ။

သည်ဝန်ကြီး စစ်ဗျူ ဟာမှူးဘ၀၊
အတူနေဘူးစဉ်ကပင်၊
လူမှုရေးအကျိုးပြုလုပ်ငန်းများ…..
အနစ်နာခံကြိုးစားဆောင်ရွက်မှုတွေကြောင့်…..
လူသိများသည်။
အမြဲတမ်းပြုံးပြုံးလေးနေတတ်သူ…..
လူတွေကိုကူညီတတ်သူအဖြစ်…..
ရဲဘော်တွေချစ်သည်။
သူ ဗျူဟာမှူးအဆင့်မှ…..
တစ်ဆင့်မြင့်ရာထူးနှင့်…..
အခြားတိုင်းစစ်ဌာနချုပ်တစ်ခုသို့အပြောင်းမှာ…..
ကျနော်သူ့ကိုကူညီခွင့်ရဘူးသည်။

××××× ××××× ×××××

ထိုစဉ်က…..။
ကျနော်ကစစ်တွေတွင်…...
တာဝန်ထမ်းဆောင်နေရာ…..
သူတို့မိသားစုရွှေ့ပြောင်းရန်…..
ကားစီစဉ်ပေးခွင့်ရခဲ့ဘူးသည်။
အဲသည်တုန်းက။
အမ်းတွင်လေယာဉ်ကွင်းမရှိသေး….
အမ်းတောင်ကြားလမ်းမှ….
ခဲရာခဲဆစ်ကားကြီးများဖြင့်…..
မြေပြန့်သို့ဆင်းရခြင်းဖြစ်သည်။
ကျနော်က ကုန်ပစ္စည်းတင်ရန်…..
ကားကြီးတစ်စီး……
ဗျူဟာမှူးစီးနင်းရန်…..
ကားငယ်တစ်စီး စီစဉ်ပေးရာ။
သူကကားငယ်ကိုငြင်းပယ်သည်။

‘‘ ဒီဒေသမှာ ကားရှားပါတယ်ဗျာ။
သူတို့လည်း…..
လမ်းကြမ်းကြမ်းကို……
ဘယ်လိုက်ချင်ကြမှာလည်း…..
ကျနော် ကားကြီးနဲ့ဘဲ လိုက်သွားပါ့မယ်….. ’’ ဟုဆိုကာ…….
ကားအကောင်းတစ်စီး…..
ကျနော်တို့ကိုပြန်ပို့သွားခဲ့သည်။

သူကိုယ်တိုင်လိုက်ပါသွားသည့်
ကားကြီးတစ်စီးကိုလည်း
အုပ်ချုပ်မှုကိစ္စအ၀၀……
သူကိုယ်တိုင်တာဝန်ယူ……
ကျွေးမွေး..ကျသင့်သရွေ့…….
ပေးချေသွားခဲ့သည်။
ဒါ…ကျနော်တို့ကို…..
သွယ်ဝိုက် သင်ခန်းစာပေး
သင်ကြားပေးသွားခြင်း ဖြစ်မည်…..။

သူကား……
သည်လိုလူမျိုး။
ဒါကြောင့်လည်း….
လူကြီးဖြစ်လာခဲ့တာပါ…..။

××××× ××××× ×××××

မှူးကြီး သောင်းဇော်တို့လင်မယားကတော့…..
တလုပ်စားဖူးသူ့ကျေးဇူး……
ကျနော်မိုင်းရယ်တပ်မှ…..
မှော်ဘီတပ်သို့
နှစ်ပွင့်ဖြင့်ပြောင်းလာရာ….
ထုံးစံအတိုင်း…..
လူပျိုအရာရှိ…စားစရာမရှိ…..
စားရေးသောက်ရေးဒုက္ခကို…..
ကယ်တင်ဖြေရှင်းပေးခဲ့သူ….
တပ်ရေးဗိုလ်ကြီး ဇနီးမောင်နှံဖြစ်သည်။

သူတို့လည်း..သူတို့ဝန်ကြီးလို
အပြုံးချိုချိုများနှင့်…..
လောကကြီးကို
အလှဆင်ကူညီပေးနေသူများဖြစ်သည်။
ပဌာန်းဆက်တွေ…..
ပြန်ဆုံကြခြင်းဖြစ်မည်……။

××××× ××××× ×××××

သည်ည ကိုးနာရီ
မန္တလေးဆေးရုံကြီးနှင့်အဆက်အသွယ်ရတော့
လူနာအားလုံး
အခြေအနေကောင်းပြီဖြစ်ကြောင်း။
ဆေးရုံက ခြောက်ယောက်
ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
ဝမ်းမြောက်ဘွယ်သတင်းရရှိသည်။

သူတို့တွေ
မိသားစုများနှင့်……။
ပျော်ရွှင်စွာ ပြန်လည်ဆုံစည်းကြပါစေ…..။

လူ …နတ် …
သာဓုခေါ်ဘွယ်ရာအမှုကို
အချိန်မဆိုင်းပြုခဲ့ကြသော
အစ်ကိုကြီး၊
အစ်ကို အစ်မများနှင့်
ဝန်ထမ်းများ…..။
ကယ်တင်ရာတွင်
ပါဝင်ခဲ့သူများအားလုံး
ပို မို ချမ်း မြေ့ ပျော် ပါ စေ...။

မောင်မောင်(ရန်ကုန်တက္ကသိုလ်)
Credit : မင်္ဂလာမြေ


From: Win Maung Maung

www.mmdailystar.com

ဆင်းမ်ကတ် ၁ဝ သန်းနှင့် တာဝါတိုင်တစ်ထောင် အသင့်ဖြစ်ပြီဟု တယ်လီနောဆို



မြန်မာနိုင်ငံ တွင် ပြည်ပဆက်သွယ်ရေး အော်ပရေ တာတစ်ခုဖြစ်သည့် တယ်လီနောမှ လာမည့် စက်တင်ဘာလတွင် ရောင်း ချရန် ဆင်းမ်ကတ် ၁ဝသန်းနှင့်တာဝါ တိုင်အင်အား ၁ဝဝဝအထိ အသင့်ဖြစ် နေပြီး ငါးနှစ်အတွင်း တာဝါတိုင် ၈ဝဝဝအထိ အသုံးပြုသွားမည် ဖြစ် ကြောင်း Mr. Petter Furberg က ပြောသည်။
စတင်ဝန်ဆောင်မှု ပေးချိန်တွင် 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြု နိုင်ရန် ဆောင်ရွက်ထားမည်ဖြစ်ပြီး အသုံးပြုသူများအတွက်ဈေးနှုန်းသက် သာသည့် ဟန်းဆက်များဖြင့် အသုံး ပြုနိုင်ရန် 2G ကွန်ရက်ကို ဝန်ဆောင်မှု ပေးထားခြင်းဖြစ်သည် ဟု သိရသည်။
''2G ဟန်းဆက်တွေက ဈေး သက်သာတဲ့အတွက် အလွယ်တကူ ဝယ်ပြီးသုံးနိုင်အောင်နဲ့လက်ရှိအသုံး ပြုနေတဲ့ ဟန်းဆက်တွေနဲ့ပဲသုံးနိုင် အောင် 2G ကို ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်တွေကို ကျပ်၁၅ဝဝနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ ဦးစားပေးရောင်း ချပေးသွားမှာဖြစ်ပါတယ်'' ဟုတယ်လီ နောမြန်မာ အမှုဆောင်အရာရှိချုပ် Mr. Petter Fuberg ကပြောသည်။
ဖုန်းခေါ်ဆိုမှုအတွက် တယ်လီ နောမှ မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ် ၂၅ ကျပ်ထက် မပိုသည့် ပမာဏကို ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း တယ်လီနောမှ သိရသည်။
အင်တာနက်အသုံးပြုရာတွင် 2G ဆိုပါက 150 KB မှ 250 KB အတွင်းမြန်နှုန်းဖြစ်ပြီး 3G ဆိုပါက 7.2 MB မြန်နှုန်းဖြင့် အသုံးပြုနိုင် မည်ဖြစ်ပြီး အင်တာနက်အသုံးပြုခနှင့် ပတ်သက်၍ ဆင်းမ်ကတ် စတင်ချ ထားပေးသည့် စက်တင်ဘာလတွင် ကြော်ငြာမည်ဖြစ်ကြောင်း သိရသည်။
တယ်လီနောအနေဖြင့် မြန်မာ နိုင်ငံတွင် 4G ကွန်ရက်အသုံးပြုနိုင် ရန်အတွက်မူ မြန်မာပြည်သူများ 4G လိုအပ်ချက်ရှိလာမှသာ စတင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


AKH (Myitmakha)
From: #‎Democracytoday‬

www.mmdailystar.com

WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည်





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်းရမည်ဖြစ်သည်။

ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

From: Internet Journal

www.mmdailystar.com

၈၈ ကိုယ်တွေ့ တစ်ဦး၏ ပြောပြချက်.. ( ၂ )




အဲဒီကာလ တပ်မ စစ်ဆင်ရေးတပ်ထုံးစံအတိုင်း ပုံမှန်ရှေ့ တန်း၅လ၆လထွက် ၁လ ၁လခွဲနား ပြီး ရှေ့ တန်းပြန်ထွက် သံသရာ လည်နေချိန်ဖြစ်လို့ စစ်ဆင်ရေးကိစ္စ ကိုအသားကျနေပြီးသား တပ်ဖြစ် ပေမယ့် ရန်ကုန်စစ်ဆင်ရေးကတော့ ခါတိုင်း စစ် ဆင်ရေး နဲ့ မတူလို့ တော်တော်ဦးနှောက်စားရပါတယ်။ အပြင်မှာ က ဆန္ဒပြသူ ပြ ခေါင်းဖြတ်သူဖြတ် အစိုးရ ကဘာမှ အစိုးမရတော့တဲ့ ကာလဖြစ်ပါ တယ်။ နေ့ စဉ်ပုံမှန် အထက်ဌာနသွား ၊တပ်ခွဲတွေ ရိက္ခာ လိုက်ပို့ ရတဲ့ ဒုက္ခက တော်တော်ကြီးပါတယ်။ ရဲဘော် အများစု ကရန်ကုန်မရောက်ဖူးကြသူတွေ ဖြစ်ပြီး ကိုယ့်ကို ရန်ပြုလာရင်တော့ သည်းခံအောင်ထိန်းဖို့  ခက်ပါတယ်။ (တကယ်အလေ့အကျင့် ရပြီးသားကတော့ ရန်သူကို ကိုယ်က လက်ဦးမှု ယူ ပြီး တိုက်နေကျ တပ်ဖြစ်ပါတယ်) ညဖက်ဆို တပ်ရင်းမှုးကိုယ်တိုင် ရဲဘော်တွေ ကို ဆွေးနွေးပါတယ်။ အခုကိစ္စဟာ ခါတိုင်းစစ်ဆင်ရေးတွေနဲ့ မတူကြောင်း အထက်က အမိန့် မရရင် မိမိကို ရန်လာပြုရင်လည်း သည်းခံဖို့ လိုကြောင်း ၊ကားပေါ်မှာသေ နတ်တွေ ကိုင်ထားစဉ်မှာ လည်း အပြင်ကို ချိန်တာ၊ သေနတ်ပြောင်းလှည့်ထားတာ မလုပ်ဖို့ က အစ အသေးစိတ်မှာပါတယ်။အဓိက ကတော့ အပြင် ထွက်သွားလာနေတဲ့ တပ်စုနဲ့ု လူထု ပြသနာဖြစ်ပြီး ပစ်ခတ်မှုဖြစ်မှာ အစိုးရိမ်ဆုံးဖြစ်ပါတယ်။ တကယ် အပြင်မှာ ဦးဆာင်ရသူ အရာရှိ အတွက်တော့ ပြသနာ ဖြစ်လို့ ပစ်ရင်လည်း ခုံရုံး မပစ်ရင်လည်း အရင်ဆုံး အသေခံရမယ့် အဖြစ်မျိုးပါဘဲ။

စစ်တပ်ထုံးစံအတိုင်း “ ဘာမေးစရာရှိလဲ “ ဆိုတဲ့ မေးခွန်းနဲ့ အမိန့် နိဂုံး ချုပ်ရမှာဖြစ်ပေမယ့် ပြည်လမ်း မြန်မာ့ အသံမှာရှိတဲ့ ကွပ်ကဲမှု တပ်မဌာနချုပ် စစ်ဆင်ရေး ဦးစီးအရာရှိတွေကတော့ “‘ဘာမေးစရာရှိလဲ” ဆိုတဲ့ စကားကိုဘယ်တော့မှ မပြော ပါဘူး။ ဂျင်ဂလိနဲ့  ပစ်ရင် ဘာလုပ်ရမလဲ၊ ဒါးနဲ့ ဝင်ခုတ်ရင် ဘာပြန် လုပ်ရမလဲ ၊တပ်စု တစ်စုလုံးကို ၀ိုင်းဖမ်းရင် ကော ပြန်ပစ်လို့ ရသလား၊အဖမ်းခံရမှာလား၊ ဆို တဲ့ မေး ခွန်းတွေ ကို ဖြေရမှာ ခက်နေကြပုံရပါတယ်။ နေ့  စဉ် ပုံသေ ညွှန်ကြားချက်ကတော့ လမ်းမှာ ဘာပြသနာမှ မတက်ပါစေနဲ့ ။ သူတို့ အမိန့် မရဘဲ လုံးဝ မပစ်ရ ဆိုတာပါဘဲ။ ဦးစီးတာဝန် နဲ့  မကိုက်ညီတဲ့ “ လုံလောက်သော အစောင့် အရှောက်ဖြင့် တို့  လိမ်မာပါးနပ်စွာဖြင့် တို့ ” ဆိုတဲ့စကားတွေ နဲ့  ပြသနာမဖြစ်အောင်ကြည့်လုပ်ဖို့ ပဲ ညွှန်ကြားနေပါတော့တယ်။

လမ်းမှာကြုံတွေ့ နေကျကတော့ ကားပေါ်က ရဲဘော်တွေ မြင်တာနဲ့ ဝိုင်းအော် ဟစ် ကောင်းချီးပေးတဲ့အဖွဲ့ ၊ ဆဲဆိုတဲ့ အဖွဲ့ ၊နဲ့ မျိုးစုံပါဘဲ။ဒီအထိဘာမှမဖြစ်ပေမယ့် ခဲတွေ ပစ္စည်းအတိုအစ တွေ နဲ့ ကိုယ်ထိလက်ရောက် ပစ်ခတ်လာတဲ့ အခါမျိုးမှာ ရဲဘော်တွေကိုတော်တော် ထိန်းရခက်ပါတယ်။ တချို့ လမ်းတွေမှာ သေနတ်တွေ ကားပေါ်ထားခဲ့ပြီးမှ လူပဲဝင်ခွင့်ပြုမယ်ဆိုပြီး လက်နက်မပါကြောင်း အစစ်ဆေးခံပြီးမှ ၀င်ရတာမျိုးလည်း ကြုံရပါတယ်။တစ်ရပ်ကွက်ကို အစိုးရတစ်ခုမဟုတ် ဘဲလမ်း တစ် လမ်းကိုအစိုးရတစ်ခုလုပ်နေကြချိန်ဖြစ်ပါတယ်။ အမှန်အတိုင်းပြော ရရင် တော့ ရန်ကုန်နဲ့ နီးစပ်တဲ့ တပ်တွေ က နေသားကျ ကောင်းကျနိင်ပေမယ့် တကယ်စစ် တိုက်နေတဲ့  တပ်တွေအတွက်တော့ တော်တော်ထိန်းရခက်ပါတယ်။ အရင်က ဒါးသမားကို သေနတ်သမားက ကြောက်နေရတယ် ဆိုတဲ့ စကား ကြားခဲ့ဖူးပေမယ့် အခုလက်တွေ့ အခြေအနေကတော့ အလွန်ကြမ်းတမ်းရိုင်းစိုင်းတဲ့ ဗကပ တပ်သားတွေ တောင်ကြောက်ရတဲ့  တပ်မစစ်သားတွေဟာ ရန်ကုန်မှာ မြင်သမျှ အားလုံးကြောက်နေရတဲ့ ဘ၀ ကို ရောက်နေရပါတယ်။

တစ်နေ့  ပြည်လမ်း မြန်မာ့ အသံ တပ်မ ကွပ်ကဲမှု ဌာနချုပ်ကိုသတင်းပို့ ပြီး တပ်စုရှိရာ အောက်ကိုပြန်ဆင်းအလာမှာကျောင်းဝတ်စုံအဖြူအစိမ်းနဲ့ဆရာမတွေကဦးဆောင်ပြီး ကျောင်းသူ လေး တွေ ပြည်လမ်း ပေါ်မှာတန်းစီရပ်လို့  ရဲဘော်တွေရှိရာ ဘက် ကို မျက်နှာမူပြီး ဆန္ဒပြ အော်ဟစ် နေရာကနေ “ ပစ်ရဲရင် ပစ်လေ ၊ ပစ်ရဲရင်ပစ်လေ” လို့ သံပြိုင် အော်နေပြီး (ကန်တော့ပါရဲ့ ) သူတို့ ရဲ့ ခါးအောက် ပိုင်း တွေကို လက်နဲ့ ပုတ်ပြီး ပြနေပါတယ်။ ကျောင်းတုံးက သင်ပေးခဲ့တဲ့ သင်ခန်း စာတွေမှာ ဒါတွေမသင်ခဲ့ရတော့ ရုတ်ချည်းတိုက်စစ် လေ့ကျင့်ခန်းမှာ တပ်စုမှုး ဘာလုပ်မလဲ ဆိုပြီး ခေါင်းကို တုတ်နဲ့  တဒေါက်ဒေါက် ခေါက်တတ်တဲ့ ဗိုလ်သင် တန်းကျောင်းနည်းပြ အရာရှိကို သတိရမိပြီး ဘယ်လိုမှ မထင်ထားတဲ့ မြင်ကွင်း ကို ကြောင်ကြည့်နေမိပါတယ်။ ။
(၈. ၈. ၂၀၁၄)

(ဆက်လက်ဖော်ပြပါမည်)
From: U Thaung Aye

www.mmdailystar.com

၈၈ နှင့်... အစိုးရအပေါ်မကျေနပ်ချက်များ....

ဒီရက်ပိုင်း ၈၈ အကြောင်းတွေ ပြန်ရေးတော့ …
ကျွန်တော့်ကို အတော်မုန်းကြပါသည် …
ကိစ္စမရှိပါ …
သမိုင်းအမှန်ကို …
မျိုးဆက်သစ်လူငယ်များ သိဖို့ လိုကို လိုပါသည် …

၈၈ အရေးအခင်း ဖြစ်ပွားရခြင်း၏ …
လတ်တလောအကြောင်း မှာ …
ဘုန်းမော် ကိစ္စ ဖြစ်ပြီး …
နောက်ခံအကြောင်းမှာ …
အစိုးရအပေါ် …
အထွေထွေ မကျေနပ်ချက်များကြောင့် ဖြစ်ပါသည် ……

အရေးအခင်း မှာ …
ရုတ်တရက် ထပြီး …
ဟတ်ချလောင်းဆို ဖြစ်ခဲ့ခြင်း မဟုတ်ပါ …
ဆူပူမှု မဖြစ်ဖြစ်အောင် …
ကြိုတင်ကြံစည်နေသော ….
မြေပေါ်မြေအောက် အဖွဲ့ အစည်းများစွာရှိပါသည် …

တက်ရောက်ခဲ့ဖူးသော ဗထလ သင်တန်း တစ်ခုတွင် …
နည်းပြ ဗိုလ်မှူး တစ်ဦးက …
သူလျို ပိုက်ကွန် စနစ် အကြောင်း သင်ကြားနေရင်း …
အမျိုးသားထောက်လှမ်းရေး အဖွဲ့  (မထဖ) ကသာ …
စွန်ရဲ စစ်ဆင်ရေးကို မပြုလုပ်ခဲ့လျှင် …
၈၈ အရေးအခင်းမှာ …
၈၆ သို့ မဟုတ် ၈၇ ခုနှစ်တွင် …
ဖြစ်ပွားလိမ့်မည်ဟု ….
မှတ်ချက်ပြုဖူးပါသည် ….

ဆိုလိုသည်မှာ ….
၈၈ အရေးအခင်းကြီး၏ နောက်ကွယ်တွင် ….
ကြိုးကိုင်သူများ လက်မဲကြီးများ …
အများအပြား ရှိခဲ့သည်ကို …
ပြောလိုခြင်း ဖြစ်ပါသည် …

၈၈ အရေးအခင်း အစပိုင်းတွင် ….
မည်သူမှ ဒီမိုကရေစီ ထမအော်ပါ …
အော်ရမှန်းလဲ မသိပါ …
လူတွေက လက်ရှိအစိုးရကို မကြိုက် …
ပါတီကိုလဲ မုန်းသည် …
ကောင်စီကိုလဲ မုန်းသည် ….
သူတို့ ကိုလဲ ပြုတ်သွားစေချင်သည် …
ဒါက အစပဲ ဖြစ်ပါသည် ….

မှတ်မှတ်ရရ …
ပါတီစုံ ဆိုသော စကားကို စပြောသူမှာ …
ဦးနေ၀င်း ဖြစ်ပါသည် ….
ဒီနောက်မှ ဘာချက်ချင်းပေး …
ညာချက်ချင်းပေး ..
ဒီမိုကရေစီ ရရှိရေး စသည့်ကြွေးကြော်သံများ …
ပေါ်ပေါက်လာခြင်း ဖြစ်ပါသည် …

၈၈ အရေးအခင်းကြီးသည် …
ရိုးသားသော လူထု၏ …
ဒီမိုကရေစီတောင်းဆိုမှုများ ပါဝင်ခဲ့သလို …
လူဆိုး လူမိုက် လူရမ်းကားများလည်း …
အများအပြား သောင်းကျန်းခဲ့ပါသည် …

နိုင်ငံရေးသမားတို့  ….
စားခွက်လုခဲ့ကြသော ကိစ္စများလည်း ..
အများအပြား ရှိခဲ့ပါသည် ….

မြေပေါ်မြေအောက် အဖွဲ့ အစည်းများစွာလည်း …
ဝင်ရောက်ခြေရှုပ်ခဲ့ပါသည် ….

လက်နက်ကိုင်အဖွဲ့ များကလည်း …
မြို့ သိမ်းတိုက်ပွဲကြီးများ …
အချိန်ကိုက် ဆင်နွှဲခဲ့ကြပါသည် ….

အရေးအခင်းအား …
စစ်တပ်မှ ပစ်ခတ်ဖြိုခွဲ ခဲ့သဖြင့် …
သေဆုံး ဒဏ်ရာရသူများလည်း …
များစွာရှိခဲ့ပါသည် ….

ဒါတွေက ၈၈၏ သမိုင်းမှန် သရုပ်မှန်တွေ ဖြစ်ပါသည် …

သို့ သော် ယခု ....
တစ်ဖက်အုပ်စုပြောနေသော ၈၈ က …
ဒီလို မဟုတ် ….
လူထုက ရိုးသားစွာ ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်း …
စစ်တပ်က မောင်းပြန်သေနတ်တွေနဲ့  အတွဲလိုက်ပစ် …
လူတွေအပုံလိုက်သေ …
မ၀င်းမော်ဦး …
ကိုဘုန်းမော် …
သူရဲကောင်းတို့ သွေး ဘာညာ…
ဒါတွေပဲ ပြော…
ကျန်တာတွေ ချန်ထားခဲ့တော့ ….
မနေနိုင်သူ ကျွန်တော့်မှာ …
သူတို့ ချန်ထားခဲ့သော အကြောင်းအရာများကို …
ချရေးဖို့ အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါသည် ….

၈၈ ကို လေ့လာမိသလောက် …
အစိုးရဖက်မှ …
စာရင်းဇယား အချက်အလက်များနှင့် ချပြထားပြီး …
ဆန့် ကျင်ဖက် အုပ်စုမှ …
ဘာစာရင်းဇယား အချက်အလက်မှ …
မတင်ပြနိုင်သည်ကို သတိပြုမိပါသည် …

ဥပမာ - တံတားဖြူ နှစ်ပတ်လည်တွင် …
ရမ်းသမ်း ပန်းခွေချနေမည့်အစား …
တံတားဖြူတွင် ကျဆုံးသွားသည့် လူများကို …
ကြေးရုပ် အမှတ်တရ ထုထားသင့်ပါသည် …
ယခု ၈၈ မျိုးဆက် အသစ်အဟောင်းများ …
တံတားဖြူ ကျဆုံးသူ အမည်စာရင်းကို …
ဘာလို့ ပြန်မပြုစုကြသလဲ ….
လုံးဝ နားမလည်နိုင်အောင် ဖြစ်ရပါသည် ….

ကျွန်တော် စဉ်းစားမရသည်က …
၈၈ အရေးအခင်းကြီးအပေါ်မှ ….
မျိုးဆက်သစ်လူငယ်များ ကောင်းတာကို အတုယူပြီး …
မကောင်းတာကို သင်ခန်းစာယူနိုင်ဖို့ …
ဘာကြောင့် ဖြစ်စဉ်ကြီးတစ်ခုလုံးကို …
ကျွန်တော်တို့ စုံစုံစေ့စေ့ မဖော်ပြနိုင်ရပါသလဲ ….????

ပညာရေးဆိုသည်မှာ …
အတွေ့ အကြုံကို လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည် …
ကိုယ်လိုချင်တာလေးပဲ ..
ကွက်ကွက်လေး အသိပေးခြင်းသည် …
နောက်မျိုးဆက်ကို ….
အကြီးအကျယ် သစ္စာဖောက်ရာ ရောက်ပါသည် ….

သမိုင်းကို အဆိပ်ခပ်ခြင်းသည် …
တိုင်းပြည်ကို အဆိပ်ခပ်ခြင်း မည်ပါသည် …
ကျွန်တော်တို့ သမိုင်းကို ….
ကျွန်တော်တို့ အမှန်အတိုင်းတင်ပြကြပါစို့  … ။

From: ( ရဲမိုး )

www.mmdailystar.com

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် …. သမိုင်းသစ်ကို တို့ ဖွင့်လှစ် …

၁၀.၈.၁၉၈၈ ရက်နေ့ …
အချိန်ကား ညနေ ၄နာရီခွဲခန့်  …
မိုးရွာပြီးကာစ ...

ရာသီဥတုကား ….
အုံ့ ဆိုင်း မှုန်မှိုင်းလို့ နေသည် …
ကောင်းကင်တစ်ခွင် တိမ်မဲညိုတို့ ကား …
အလိပ်လိပ် တက်လို့ လာနေပါပြီ …..

ဒီမိုကရေစီ ရရှိရေး ….
တို့ အရေး တို့ အရေး …..
..................
သင်္က္ကန်းကျွန်း သံသုမာလမ်းမကြီး အတိုင်း …
မြင်သာ လိုင်စင်ရုံးဘက်မှနေ၍ ချီတက်လာသော ….
ဆန္ဒပြလူအုပ်စု တစ်စု …
နဖူးစည်းများ ၊ အလံများ …
နောက် … ရဲရဲတောက်ကြွေးကြော်သံများ ….

ပထမ စံပြဈေးရှေ့  ….
နောက် စံပြ ၃ လမ်း …
အဲဒီကမှ ရန်မျိုးအောင် ဘုရားဝင်း ….
လူအုပ်က တဖြည်းဖြည်း …
များသထက် များလို့ လာနေပါပကော …

ကြောက်နေလား … ထမီဝတ်ထားကွ …
တော်လှန်ရေးကြီး အောင်ရမည် ….
……………………

ကြွေးကြော်သံတို့ ကား ရဲကနဲ ရဲကနဲ …
လူအုပ်ကလဲ မဲကနဲ မဲကနဲ …
တစ်ဖြည်းဖြည်းနဲ့  ….
တုတ်ဓားလက်နက်တို့ ကိုင်ဆောင်ကာ ….
သွေးကလဲ ဆူသထက် ဆူလာကြချိန် …..
……………………………
ကံဆိုးသူ မောင်ရှင်တစ်သိုက်ကား …
ကျရောက်အံ့ ဆဲဆဲ ကံကြမ္မာဆိုးကို …
မရိပ်စားမိလေသေး သမို့ …

မောင်ရှင်တို့ အဖွဲ့ က ….
စုစုပေါင်း ရဲတပ်ဖွဲ့ ဝင် ခုနှစ်ဦး ဖြစ်သည် …
တာဝန်က ငမိုးရိပ်တံတားကြီး ကို …
မသမာသူတို့  မဖျက်စီးနိုင်စေဖို့  …

ကင်းတာဝန်ကျသူမှ အပ ကျန်သူများကား …
အရပ်ဝတ်ဖြင့် …
စိတ်အေးလက်အေးပေါ့ပေါ့ပါးပါး ရှိနေကြသည် …

ရဲအရာခံကြီး ဆရာကြီးကြည်မြ က …
သီချင်းလေး တစ်ပုဒ်ကို ….
စိတ်အေးလက်အေး ညည်းလိုက်မိ၏ ….
………………….
" တောင်ကညို ပြိုတော့မယ် ….. "
…….

ဆရာကြီး လူတွေ ဒီဘက်လာနေတယ်ဗျ…
ဓားတွေရော ပါတယ် …
ဒါက ကင်းရဲဘော် ရဲ့  သတင်းပို့ သံ ….
…..

ဟေ ….အေးအေး …
ငါလာပြီ ….
……………..
သူတို့ ဖာသာ သူတို့  ဆက်သွားမှာနဲ့ တူပါရဲ့ ကွာ …
အရင်လဲ ဒီလို ဆန္ဒပြနေကြတာပဲဟာ …..
……………..

သတ် ……ချ ….
ရုတ်တရက် အခြေအနေက …
ချက်ချင်း ပြောင်းလဲသွားသည် ….
ဒုတ်ဓားများနဲ့  လူအုပ်က …
ရုတ်တရက် ပြေးဝင်လာသည် ….
မဲမဲမြင်ရာ ဓားများဖြင့် ၀င်ခုတ်သည် ….

တံတားအစောင့် ရဲတပ်ဖွဲ့ ဝင်များအားလုံး …
ခြေလွတ်လက်လွတ် …
ထပြေး ရပါလေတော့သည် ….
သို့ ပေသည့် ……

ရဲအရာခံကြီး ကြည်မြမှာ လူကြီးမို့  …
ဝေးဝေး မပြေးနိုင်ရှာ ….
တံတားအနီးတွင်ပဲ …
ဝိုင်းဝန်း ထိုးခုတ်ခံရကာ …
ပထမဆုံး သေပွဲဝင်သွား ရရှာလေသည် …..

ဒုတိယ နှစ်ယောက် …
ရဲတပ်သား တင်ထွန်းနှင့်  အောင်သန်းတို့ မှာ …
သံလမ်းနားအထိ ပြေးနိုင်သည် ….
သို့ သော်လည်း ချောင်းစပ်အရောက်တွင် …
လူအုပ်ကြီး လက်ဝယ် …
ခေါင်းတစ်ခြား ကိုယ်တစ်ခြား …..

တတိယ ရဲဘော် ကား …
ရဲတပ်သား ကိုဝင်းထိန် …
သူက (ဃ) ရပ်ကွက် …
သုဝဏ္ဏ ဘက် ထွက်ပြေးသည် ….
သူလည်း မလွတ်ပါ …
လမ်းမထက်မှာပင် …
နောက်က လိုက်လံထိုးခုတ်သူများ …
လိုက် မီ သွားခဲ့ပါလေသည် …

စတုတ္ထ ကံဆိုးသူတို့ ကား …
တံတားအနီး စီမံကိန်း ၂ ထဲ ၀င်ပြေးသူ …
ရဲသား ကိုစိန်မောင် နဲ့  ကိုလှသွင် …
သူတို့ က ( ဂ ) ရပ်ကွက် အနီး….
ခြုံများအတွင်း ၀င်ပုန်းနေသည် …

လူအုပ်က ၀င်ရှာသည် …
အချို့ ကလဲ ဆူးခြုံများအတွင်းသို့  …
ဓာတ်ဆီပုလင်းဗုံးများ မီးရှို့ ပြီး ပစ်ထည့်သည် …
နောက်ဆုံး မတတ်သာတော့ …
နှစ်ယောက် တကွဲတပြား ထပြေးရတော့လေသည် …

ပထမဆုံးမိသူမှာ ကိုလှသွင် ….
မျက်စိတစ်မှိတ် အတွင်း ….
ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်သွားရှာသည် …

ဒုတိယက ကိုစိန်မောင် …
ကိုစိန်မောင်မှာ …
လူအုပ်က ၀ိုင်းထားလို့ မပြေးနိုင်ရှာတော့ ….
အသက်ကို ချမ်းသာပေးဖို့  ….
လူအုပ်ကို အကြိမ်ကြိမ် ထိုင်ကန်တော့ရှာလေသည် …

ကိုစိန်မောင်လဲ ကြာကြာမခံ …
ဒူးထောက် ကန်တော့နေသော ကိုစိန်မောင်ကို …
လူအုပ်ထဲမှ ကြည်လွင်ဆိုသူက ပြေးကန်သည် …
နောက် စိုးသန်းဆိုသူက စပြီး ၀င်ရိုက်၏ ….
ဒီနောက်တော့ …
နောက်ထပ် ….
နောက်ထပ် ….
နောက်ဆုံး မှာကား ရဲတင်းတစ်ခုက လည်ပင်းထက်သို့  …..

အလောင်းများမှာကား ….
စီမံကိန်း (၂) သခင်ဖိုးလှကြီးလမ်း အဆုံး …
(ဂ) ရပ်ကွက် လမ်းမထက် ပြန့် ကြဲလျှက် ……

ကံကောင်းသူ တစ်ဦးသာ ရှိခဲ့လေသည် …
သူကား ရဲတပ်သား ကိုဝင်းမြင့် ….
သူက ပြေးမိပြေးရာ …
ဆောက်လုပ်ရေးဂိုဒေါင်များဘက် ထွက်ပြေးသည် …
ဆောက်လုပ်ရေးဝင်း လိုင်းခန်းများဘက် အရောက် ….
ဦးလှတင်၊ကိုတင့်လွင်တို့ က …
ဝိုင်းဝန်း ၀ှက်ထားပေးလိုက်သဖြင့် …
အသက်ချမ်းသာရာ ရသွားခဲ့သည် ….

၁၁.၈.၁၉၈၈ ရက်နေ့  နံနက်မှာတော့ …
သနက ၃ မှ စစ်သည်များ လိုက်လာကာ…
လမ်းပေါ်မှ ခေါင်းတစ်ခြား ကိုယ်တစ်ခြား အလောင်းများအား …
ငမိုးရိပ်ချောင်းဘေးတွင် ယာယီ မြုပ်နှံလိုက်သည် …

စစ်အုပ်ချုပ်ရေး ကြေငြာပြီးချိန်မှ…
သုဝဏ္ဏစခန်းမှူး ဦးကံထွန်း နှင့် မှုခင်းဆရာဝန်များ …
သက်သေလူကြီးများ နှင့်တကွ …
အလောင်းများအား ပြန်လည်တူးဖော်ကာ…
စစ်ချက်များရယူ….
စနစ်တကျ သဂြိုင်္ဟ် ခဲ့ရပြီး …

ထိုဖြစ်စဉ်အား …
ပုဒ်မ ၃၆၄ -၃၄ / ၁၁၄ / ၁၄၉ / ၂၀၁ အရ …
အမှုဖွင့် ကာ …
လူပေါင်း ၅၉ ဦးအား ဖမ်းဆီး …
တရားစွဲဆို အရေးယူခဲ့ရပါသည် …

========================

( Photo - ရေထဲတွင် အဆိပ်ခပ်သည်ဟု စွပ်စွဲကာ ....
ခေါင်းဖြတ်သတ်ခြင်း ခံရသော ...
ကံဆိုးသူ မောင်ရှင်တစ်စု ၏
ရန်ကုန်ဆေးရုံကြီးရှေ့  ကျောက်လမ်းမပေါ်မှ နောက်ဆုံး အချိန် ... )

From: Ye Moe

www.mmdailystar.com

မိန်းမကိုယ်က မခံနိုင်အောင်ယားနေလို့

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးစေလိုပါတယ်။

1. သမီး အိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က ၃၆ နှစ်ပါ။ ပြည်ပမှာနေပါတယ်။ သမီးရဲ့မေးခွန်းတွေကို မအားလပ်တဲ့ကြားက ဖြေပေးလို့ အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာ ကန်တော့ပါရှင့် သမီးအဖြူဆင်းပြီး ယားနေလို့ပါဆရာ။ ဘားဆေးသောက်ရမလဲဆရာ။ ပြီးတော့ သမီးအခု မျိုးဥကြွေ မကြွေ စမ်းရတဲ့ရက်ပါဆရာ။ OG က ဒီဇူလိုင်လ ၂-၃-၄-၅-၆ ရက်တွေ စစ်ခိုင်းထားပါတယ်ဆရာ။ ဆရာရဲ့ကျန်းမာရေးနှင့်ပတ်သက်တဲ့စာအုပ် ထုတ်တော့မယ်ဆိုလို့လည်း အတိုင်းမသိဝမ်းသာလျက်ပါဆရာ။

2. ဆရာရှင့် ကန်တော့နော့့် မိန်းမကိုယ်က မခံနိုင်အောင်ယားနေလို့။ တချိန်လုံးရေဆေးနေရတယ်။ ကိုယ်ဝန်ရှိနေရင် သက်သာမယ့်ဆေးသောက်ဘို့လိုပါသလား။ ဘယ်လိုသက်သာအောင်လုပ်လို့ရပါသလဲ။ ကလေးကိုထိခိုက်မှာစိုးရိမ်လို့ပါ။

Vagilan itchess ကို ဘာသာပြန်ရင် "(ဗဂျိုင်းနား) ယားခြင်း" ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ "မိန်းမကိုယ်" ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီး နဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

• ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်း-ကြွက်နို့၊ သားအိမ်-ကင်ဆာ တွေနဲ့ ပတ်သက်တယ်။
• ဝမ်းမလုံတဲ့ရောဂါ၊ (ဘိုဝင်) ရောဂါ၊
• ပိုးသေဆေးသောက်နေရရင်လဲ မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။
• ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်စေတယ်။ ဆီးချိုကိုယ်၌ကနေလဲ ယားတတ်တယ်။
• မှို၊ Threadworms သန်ကောင်၊ ဝဲ နဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။
• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလိုဖြစ်တာတွေ ရှိနေမယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ စတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။
• သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။
• ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလဲ တချို့ မိန်းမကိုယ် ယားတယ်။
• Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။

ဘယ်လို ဆင်ခြင်ကုသမလဲ -
- Antibiotics ပိုးဝင်တာတွေ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိရင် ပဋိဇီဝဆေးပေးမယ်။
- Antifungal drugs မှိုပိုးဆိုရင် ပေးမယ်။
- Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။
- Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။
- Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။
• Moisturisers (Emollients) ဆေးကို Cream ခရင် Ointment လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုတ်ရှားပါ။
• Yogurt (ရောဂတ်) ဒိန်ချဉ် စားသင့်တယ်။
• ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။

၁။ Metronidazole (မက်ထရိုနိုက်ဒဇိုး) 500 mg တနေ့ ၂ ကြိမ် ၅-၇ ရက်သောက်ပါ။ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးကိုအရက်နဲ့တွဲမသောက်ရပါ။

၂။ Clotrimazole (Gyne-Lotrimin, Mycelex-7) vaginal tablet မွေးလမ်းထည့်ဆေး ညတိုင်း ၆-၇ ရက်ထည့်ပါ။

၃။ Antihistamines (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ Topical anesthetics ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။ လိင်ကတဆင့် ကူးစက်တာတွေအတွက် ဆေးသပ်သပ်လိုပါမယ်။

ဒေါက်တာတင့်ဆွေ

From: HIM

www.mmdailystar.com

၈၈ ကိုယ်တွေ့ တစ်ဦး၏ ပြောပြချက်..




၈၈မတ်လ အရေးအခင်း စဖြစ်ချိန်မှာ အခု ၀ ဒေသ ဆိုတဲ့ မော်ဖ မှာ ဗကပ တွေရဲ့ ပန်ယန်းပန်ဆန်းရင်ဆိုင်ကုန်းတွေ မှာရှေ့ တန်းစစ်ဆင်ရေး တာဝန် ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်တုံးက ရှားရှားပါးပါး တပ်စုတစ်စု လုံးမှာ ရှိတဲ့ ရေဒီယိုလေး တစ်လုံးနဲ့  သတင်း နားထောင်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆိုရှယ်လစ်အစိုးရကို အားလုံးစိတ်ပျက်နေချိန် ဖြစ်လို့ အစိုးရပြုတ်ကျမယ့် အရေး ကို ရဲဘော် အများစုကလည်း သိပ်စိတ်မ၀င်စားကြပါဘူး။ ဘယ်အစိုးရ တက်တက် စစ် သားတွေ ကတော့ ရှိနေရမှာဘဲ လို့  သဘောထားကြပါတယ်။ဒါပေမယ့် တိုင်းပြည် အတွက် ကောင်းရာကောင်းကြောင်း တွေ ဖြစ်လာဖို့ တော့ မျှော်လင့်နေကြပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အကြပ်အတည်း တွေကို ပိုကောင်းအောင် လုပ်ပေးနိင်မယ့် အစိုးရ တစ်ရပ်ကိုတော့ ပေါ်ထွက်လာစေချင်နေကြပါတယ်။

တကယ်တော့ ဆိုရှယ်လစ် အစိုးရ ရဲ့ စီးပွားပျက်ဒဏ်ကို အခံရဆုံးက စစ် သားတွေ ဖြစ်ပါတယ်။မိသားစု စားဝတ်နေရေး က အစ ရှေ့ တန်း အစားအသောက် လက်နက်ခဲယမ်းကနေ ၀န်ထမ်းငှားရမ်းခ ဆိုတဲ့ အထမ်းသမားခ အထိ အကုန် ချိုြး ခံ ချွေ တာ နေရလို့ ပါတီကောင်စီနဲ့  အစိုးရ ကို စစ်သားတွေ ကိုယ်တိုင် လည်းတော်တော် စိတ်ပျက်နေကြချိန်ဖြစ်ပါတယ်။ အရပ်သား အစိုးရဖြစ်လာရင် စစ်တပ်က လိုအပ်ချက်တွေ တောင်း၊ မရရင် US ARMY လို လိုတဲ့ ထောက်ပံ့မှု မပေးရင်စစ်မတိုက်ဘူး လို့ ပြောပြီးထိုင်နေရုံပဲ လို့  ပြောဆို နေကြတဲ့အထိ စစ်တပ်ရဲ့ အုပ်ချုပ် ထောက်ပံ့မှု တွေ ညံ့ဖျင်းနေတာကို စိတ်ပျက်နေ ကြချိန် ဖြစ်ပါ တယ်။ဒါကြောင့်လည်း စစ်သည်အရာရှိ အများစု ဟာ အစိုးရအပြောင်းအလဲ ကို လိုလားခဲ့ကြပါတယ်။

မော်ဖဒေသ ဟာရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှပြီး အစား အသောက်ဆင်းရဲ လွန်းလို့  ပုံမှန်အားဖြင့် ရှေ့ တန်းတပ်တွေကို ၅လ၆လ ထက်ပို မထားကြပါဘူး။ အခု ၈၈ အရေးမှာတော့ နောက်တန်းက အစားထိုးလဲလှယ်မယ့် တပ်တွေတက်မလာလို့  (၈)လကျော်ခဲ့ရပြီး သြဂုတ်လ မှ နောက်တန်းကို ပြန်ဆင်းလာ နိင်ပါတော့တယ်။နောက်တန်း အပြန်လမ်းဖြစ်တဲ့ မိုင်းရှုး လဲချား က တောင်ကြီးမြို့ ကို ညဘက်ဖြတ်ချိန်မှာတော့ သြဂုတ်လ ၈ရက်ကျော် ကာစ ရက်တွေဖြစ်လို့  သမ္မတ ဦးစိန်လွင် ပြုတ်ကျရေး ပိုစတာတွေကား လမ်းဘေးဝဲယာ အနှံ့  ပလူ ပျံအောင် တွေ့ ခဲ့ရပါတယ်။ တပ်ရင်းဌာနချုပ် ကိုပြန်ရောက် ချိန် မှာတော့ ဒေါက်တာမောင်မောင် သမ္မတ ဖြစ်နေပါပြီ။

မိသားစု နဲ့ (၈)လကျော်ကွဲကွာခဲ့တဲ့ စစ်သည်တွေ ဟာ တပ်ရင်းမှာ (၃)ရက်သာ နေခဲ့ရပြီး ရန်ကုန် ကို ချီတက်ရပါတော့တယ်။ထောက်ကြံ့ မှာ ၂ရက်လောက်နေပြီး စစ်ကြောင်း တစ်ကြောင်းလုံး ကျိုက်က္ကဆံကွင်း ကိုရွှေ့ ခဲ့ကြပါတယ်။ရှေ့ တန်းစစ်မြေပြင်ဆိုတာ တောထဲ တောင်ထဲ မှာသာ ကြုံဖူးတဲ့ သူတွေ ဖြစ်လို့ မြင်တွေ့ ရသမျှအားလုံး အထူးအဆန်းတွေ ဖြစ်နေပါတယ်။ပါတီညီလာခံ လုပ်ခဲ့တဲ့ ခုံတွေ မှာအိပ်လိုက် တွေ့ သမျှ ဖုံးတွေ လျှောက်ဆက်လိုက် နဲ့ ကျိုက်က္ကဆံ ကွင်း ထဲကနေ ဘယ်မှ မသွားရပါဘူး။ဒေါက်တာမောင်မောင် အုပ်ချုပ်နေချိန်ဖြစ်ပြီး အားလုံး အုပ်ချုပ်မှု ယန္တယားတွေ ရပ်တန့် နေချိန်ဖြစ်ပါတယ်။နေ့ စဉ် နဲ့ အမျှဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲနေပြီး ကိုယ့်ရပ်ကွက် ကိုယ်အစိုးရ လုပ်နေ ရချိန်ဖြစ်ပါတယ်။အစိုးရဌာနတွေ ဘာမှ မလုပ်တော့တဲ့ အချိန်ဖြစ်လို့  စစ်စကားနဲ့ ပြောရရင်တော့ လုံခြုံရေးကျိုးပေါက်နေချိန်ဖြစ်ပါတယ်။ ရန်ကုန်မြို့ ထဲမှာ လက်နက်ခဲယမ်းတွေ ဘယ်လောက် ရောက်နေပြီလဲ လို့  မပြောနိင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ မြို့ တွင်းတိုက်ပွဲ တွေ အကြီးအကျယ် ဖြစ်ချင်လည်း ဖြစ်သွားနိင်တယ်လို့ ခန့် မှန်းရပါတယ်။ အမြဲတန်း ရှေ့ တန်းစစ်ဆင်ရေး ထွက်နေကြ အတိုင်း လက်နက်ကြီး လက်နက်ငယ် ဖွဲ့ စည်းပုံ အပြည့် နဲ့ ရန်ကုန်မြို့ ထဲ ၀င်ခဲ့ကြတာဖြစ်ပါတယ်။

ကျိုက်က္ကဆံ ကွင်းထဲမှာ နေရတာ ဘာမှပြသနာ မရှိပေမယ့် အုပ်ချုပ်မှု ကိစ္စ အပြင်ထွက်ရ တာ စစ်ရုံး နဲ့ သက်ဆိုင်ရာ ကွပ်ကဲမှု တွေ ဆီ သွားလာရာ မှာတော့ တော်တော် အခက်အခဲရှိပါတယ်။ အဓိက ကတော့ စစ်မြေပြင်မှာ လုပ်နေကြအတိုင်းမဟုတ်ဘဲ အမိန့် တိတိကျကျ မရှိတာပါဘဲ။ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ အမြဲ လေ့ကျင့် ခဲ့တဲ့ဘ၀ကနေ ဘာလုပ်ရမယ်ဆိုတာ အမိန့် တိတိကျကျ ကို ကွပ်ကဲမှု ဌာနက မပေးနိင်ပါဘူး။ မြန်မာ့ အသံ အသံလွှင့်ရုံမှာ ရှိနေတဲ့ ကွပ်ကဲမှု ဌာနက ပေးတဲ့ အမိန့် ကတော့ တစ်ခုတည်းပါဘဲ။ဘာတွေ ဘယ်လိုဖြစ်နေနေ သူတို့ ဆီက အမိန့် မရဘဲ လုံးဝ မပစ်ရ ဆိုတာပါဘဲ။တကယ်တော့ အပြင်ထွက်ရတဲ့ အုပ်ချုပ်မှု ကိစ္စတွေ ကို ရှေ့ တန်း ရေးထောက် (AQ) က လုပ်ရမှာ ဖြစ်ပေမယ့် အရာ၇ှိစီစစ်ရေးကဒ်မပါဘူးဆိုတော့ ရန်ကုန်မှာ အ၇ာရှိစီစစ်ရေး ကဒ် လိုကောင်းလိုနိင်မယ်လို့  ကြိုတင်မျှော်တွေး မှုကောင်းကောင်းနဲ့ ယူလာခဲ့မိသူ ကံဆိုးသူမောင်ရင်ဖြစ်ပြီး ပြသနာ ပေါင်းစုံ ကြုံရတဲ့ အပြင် ကို နေ့ စဉ် ထွက်နေရပါတော့တယ်။ ။
(၇.၈.၂၀၁၄)

( ဆက်လက်ဖော်ပြပါမည်)

From:U Thaung Aye

www.mmdailystar.com

ဂုဏ်ယူရမယ့်နေ့တစ်နေ့ ဖြစ်ထိုက်ရဲ့လား?


လွန်ခဲ့တဲ့ ၂၆ နှစ်ကျော် ၁၉၈၈ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား အချို့နှင့် အရပ်သားလူငယ်တစ်ချို့ လ္ဘက်ရည်ဆိုင်တစ်ခုမှာ ကိုယ်ရေးကိုယ်တာ ကိစ္စမှအချင်းပွားရာမှ အရေး အခင်းတစ်ခု စတင်ဖြစ်ပွားလာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား မောင်ဘုန်းမော် သေဆုံးတာနဲ့ပတ်သက်ပြီး အခွင့်ကောင်းစောင့်နေတဲ့ မြေပေါ်မြေအောက် အဖျက်သမား မသမာသူများက ရန်ကုန် စက်မှုတက္ကသိုလ်သာမက ရန်ကုန်တက္ကသိုလ်နှင့် အခြားကျောင်းများပါ ဆူပူအုံကြွမှု ကူးစက်ပျံ့နှံ့အောင်
လှုံ့ဆော်ခဲ့ကြပါတယ်။ ထို့ကြောင့် ၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ စလိုက်တဲ့ ဆူပူအုံကြွမှုဟာ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံး ပိတ်လိုက်ရသည့် အခြေအနေထိ ရောက်ခဲ့ရပါ တယ်။
ထိုအချိန်တွင် နိုင်ငံကိုအုပ်ချုပ်နေသော အစိုးရအဖွဲ့ကို ဆန်ကျင်နေသော မသမာလူများမှာ
ထိုကျောင်း သားများ ခိုက်ရန်ဖြစ်ပွားတာကို အခွင့်ကောင်းယူပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တည်ငြိမ်အေးချမ်း ရေးကို ဆန့်ကျင်လိုသူများဟာ နိုင်ငံပိုင်ပစ္စည်း၊ ပြည်သူပိုင် အဆောက်အဦးများ မင်းမဲ့စရိုက်ဆန်စွာ အကြောင်း မဲ့သက်သက် ဖျက်ဆီးမီးရှို့ ခဲ့ကြပါတယ်။
ဒီမိုကရေစီ ဆိုတဲ့စကားလုံးကို တလွဲသုံးပြီး မင်းမဲ့စရိုက်တွေ ဝင်လာချိန်ရဲ့ အထွတ်အထိပ်ကာလဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ကုန်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ယူထားကြတဲ့ လုံခြုံရေးတပ်စုကို မင်းမဲ့ဒီမိုကရေစီ ဝါဒီတွေ
ဝင်ရောက်တိုက်ခိုက် ရန်မူခဲ့ကြတယ်။ ဒါကို အဲဒီအချိန်က ဒီမို ကရေစီ ခေါင်းဆောင်ကြီးတွေလို့ အမည်ခံထားကြတဲ့ ဦးနု၊ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်စုစတဲ့ ပုဂ္ဂိုလ်တွေ ထိန်းနိုင်ခဲ့ပါသလား။ လက်နက်တွေက ပြည်သူတွေလက်ထဲ ရောက်ကုန်ပြီ။ ယခင်က ဂျင်ဂလိတွေ၊
တုတ်တွေ၊ ဓါးတွေ၊ သေနတ်တွေ၊ ဗုံးတွေ မင်းမဲ့ဒီမိုကရေစီသမားတွေ လက်ထဲရောက်ကုန်ပါတယ်။
 မြန်မာပြည် ဘယ်လို စခန်းသွားမလဲ။ ရန်ကုန်မြို့ကို အပိုင်းပိုင်းကန့်ပြီး လက်နက်ကိုင် သောင်းကျန်းရာကအစ၊ တစ်ပြည်လုံးကို လက်နက်ကိုင် သောင်းကျန်းကြလော့လို့ ဒီမိုကရေစီ
ခေါင်းဆောင်ကြီးတွေက မသိမသာ မျက်စိမှိတ်ပြီး နေလိုက်ကြတာလား။ ဒီအချိန်မှာ တိုင်းပြည်ရဲ့ ရှေ့ရေးကို လက်ပိုက်မကြည့်နိုင်တော့လို့ အမျိုးမျိုးသော ဆူပူ သောင်းကျန်းနေမှုတွေကို နိဂုံးချုပ်စေခဲ့တာ ဘယ်သူတွေလဲ။ ကျွန်တော်တို့ ပြည်သူတွေ အေးချမ်းစွာနဲ့ လူမှု ဘဝတွေ
ပြန်လည် ထူထောင်နိုင်ခဲ့ကြတယ်။ ဘယ်နေ့ ဘယ်အချိန်မှာ ငါ့ကိုလာခေါ်ပြီး ခေါင်းဖြတ်မလဲဆိုတဲ့ သောကတွေက ကင်းဝေးခဲ့ကြရတယ်။ ပင်လယ်ပြင်မှာ နိုင်ငံခြားက စစ်သင်္ဘောကြီးတွေက ဝိုင်းနေပြီ၊ ပြည်တွင်းမှာလဲ ဘယ်နေ့ ဘယ်နေရာကို လေယာဉ်ပျံနဲ့လာပြီး ဗုံးကြဲမယ်ဆိုတဲ့
ကောလာဟလတွေကို ပြည်သူတွေစိတ်ဓာတ် ခြောက်ခြားပြီး နေကြရတာ ဒီမိုကရေစီရဲ့ လွဲမှားသော စံထားချက်တွေကြောင့်သာ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ ပြည်သူ (People) ကို ဦးစားပေးရတယ်ဆိုတာ မှန်ပေမယ့် ပြည်သူတွေဆိုတဲ့ နေရာမှာလည်း ဘယ်လိုကိစ္စမျိုးကိုမဆို သဘောထား တိုက်ဆိုင်နိုင်သူတွေ ရှိသလို၊ သဘောထား မတိုက်ဆိုင်နိုင်သူတွေလည်း ရှိနိုင်တယ်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မဟောင်း
မြေ့နိုင်တဲ့ အတိတ်ကြောင်းကတော့ နှစ်စဉ်မေ့ဖျောက် ရနိုင်မှာမဟုတ်ပါဘူး။ ၈၈ ခုနှစ်က အရေးအခင်းအကြောင်းတွေ မီးမောင်းထိုးပြပြီး အနာဂါတ်ရဲ့ ခေတ်တစ် ခေတ်မှာ သမိုင်းမှတ်တိုင်စိုက်ထူခဲ့ကြပြီး စနစ်ပြောင်းလိုပေမဲ့ အရောင်မပြောင်းသည့် မင်းမဲ့ဒီမိုကရေစီ နိုင်ငံ
ရေးသမားတွေကြောင့် ယနေ့ချိန်ထိ ဒီမိုကရေစီ မရရှိသေးဘူးဆိုတာလဲ ပြည်သူများ နားလည်သဘောပေါက် ကြမှာပါ။ ကျွန်တော် တို့လိုချင်တောင့်တသည့် ဒီမိုကရေစီက တရားမျှတမှု လွတ်လပ်မှု တာဝန်ယူမှု တာဝန်ခံ မှုတွေနဲ့ ဥပဒေဆိုတာ ပြည်သူလူထုကို အကာအကွယ်
ပေးသော ဥပဒေဖြစ်ဖို့ ပြည်သူလူထု အားကန့်သန့် ချုပ်ချယ် သော ဥပဒေဆိုတာ မရှိရအောင်ပါ။ အချုပ်အခြာအာဏာသည် ပြည်သူကဆင်းသက်လာနိုင်အောင် နိုင်ငံတော် မှ တာဝန်ရှိသူများက ကြိုးစားလုပ်ဆောင်နေချိန်တွင် နိုင်ငံတော်အစိုးရနဲ့ ပြည်သူအကြား သွေးထိုးလှုံ့ဆော်နေ
တဲ့ ပါတီများလည်း ယခုချိန်ထိ ရှိနေဆဲပါပဲ။

လာမယ့်သြဂုတ်လ ၈ ရက်နေ့မှာလည်း ၈၈ ကျောင်းသားဟောင်း ဆိုတဲ့ ငြိမ်း/ပွင့် အဖွဲ့က ၈၈ အရေးတော်ပုံ အတွင်း ကျဆုံးသွားသော ရဟန်းရှင် လူ ကျောင်းသား ရဲဘော် ပြည်သူအပေါင်းတို့အား အလေးပြု ဦးညွတ် ဂုဏ်ပြု အခမ်းအနား ပြုလုပ်ကြပါဦးမယ်။ လမ်းပေါ်တွေမှာ
အခမ်းအနားတွေမှာ ကြီးကြီးကျယ်ကျယ် လျောက် ပြောကြပါဦးမယ်။ အမှန်တကယ် သေဆုံးသွားတဲ့ ရဟန်းရှင်လူတွေကို တခြားသူတွေ သတ်လို့သေတာမဟုတ် ပါဘူး။ ၈၈ ဆိုတဲ့ အခွင့်အရေးသမားတွေက မင်းမဲ့စရိုက်ဆန်စွာ သတ်ဖြတ်ခဲ့တာပါ။ ဒီလိုအခွင့်ကောင်းစောင့်နေတဲ့
နိုင်ငံရေးသမားတွေသာမရှိရင် ဒီတိုင်းပြည်မှာ ခုလိုဖြစ်စရာအကြောင်းမရှိပါဘူး။ပွဲလန့်တုန်း ဖျာခင်းတဲ့ နိုင်ငံရေး သမားတွေကြောင့်သာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် နိုင်ငံကို တိုးတက်ရာတိုးတက်ကြောင်း ခုချိန်ထိ ပြည်သူ ကောင်းစားဖို့အတွက် ဘာတစ်ခုမှ စွမ်းဆောင်နိုင်ရည်မရှိဘဲ
နိုင်ငံတော်အစိုးရလမ်းစဉ်ကို ဆန့်ကျင်ကာ ပြည်သူ တွေကို လမ်းပေါ်ရောက်အောင် ဆွဲတင်ချင်နေတုန်းပါပဲ။ ၈၈ ခုနှစ် အရေးအခင်းတုန်းကလို အပြစ်ကင်းစင်တဲ့ ကျောင်းသားတွေရဲ့ပြဿနာကို အကြောင်းပြုပြီးတော့ အခွင့်ကောင်းယူပြီး ဒီမိုကရေစီ အခွင့်အရေး သမားများ ကြောင့် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပ်ဖြစ်ခဲ့ရပါတယ်။ ယခုလည်းပဲ အပြစ်ကင်းစင်တဲ့ ပြည်သူတွေ ကိုအသုံး ချကာ မိမိပါတီ အာဏာရရေးကိုသာ အဓိကထားပြီး နည်းမျိုးစုံနဲ့ တိုင်းပြည်ဆူပူအုံကြွမှုဖြစ်အောင်လုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေကြတယ်လို့လည်း ကြားသိနေရပါတယ်။ ၈၈ အရေး
အခင်းလို နောက်တစ်ကြိမ် ထပ်ပြီး ဖြစ်ပေါ်လာမယ်ဆိုပါက မြန်မာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ နောက်ကောက်ကြသွားပါလိမ့်မယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ပြည်သူများလည်း မင်းမဲ့စရိုက်ဆန်သော လုပ်ရပ်များဖန်တီနေကြသော နိုင်ငံရေး အမြတ်ထုတ်လို သူများအား
အထူးဂရုစိုက် ရှောင်ရှားနိုင်ရန် တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဒဂုံမင်းဝေ
From: SNG

www.mmdailystar.com

ဂျွန်ကယ်ရီ သမ္မတဦးသိန်းစိန်နှင့် သီးသန့်တွေ့ဆုံမည်

အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် မြန်မာ၊ အမေရိကန်နှစ်နိုင်ငံဆက် ဆံရေးအပါအ၀င် မြန်မာ့ရေးရာ များနှင့်ပတ်သက်၍ သမ္မတဦးသိန်း စိန်နှင့် သြဂုတ် ၉ ရက်တွင် နေ ပြည်တော်၌ သီးသန့်တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။ဂျွန်ကယ်ရီသည် အာရှ ဒေသတွင်းဖိုရမ်နှင့် အာဆီယံ− အမေရိကန်အစည်းအဝေး၊ မဲ ခေါင်မြစ်ဝှမ်းမိတ်ဖက်နိုင်ငံများ အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ တက် ရောက်ရန် မြန်မာသို့ လာရောက်ခြင်းဖြစ်ပြီးဦးသိန်းစိန်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။သမ္မတနှင့်
 တွေ့ဆုံမှုတွင် ဆွေးနွေးနိုင်ဖွယ်ရှိသော မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို ဖိအား ပေးရန် ဂျွန်ကယ်ရီအား အထက် လွှတ်တော်အမတ်များ၏ တောင်း ဆိုမှုအပေါ် မြန်မာကစိုးရိမ်မှုမရှိ ကြောင်းလည်း သမ္မတ၏ ပြော ခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော ကြားသည်။ 

ထို့အပြင် ဂျွန်ကယ်ရီက သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပါ က သူအလေးထားပြောဆိုမည့် ကိစ္စမှာ မြောက်ကိုရီးယားနှင့် အ ဆက်အသွယ်ဖြတ်တောက်ရေး နှင့် နျူကလီးယားမပြန့်ပွားရေး ကိစ္စက ပိုမိုဖြစ်နိုင်ခြေများကြောင်း အာဆီယံရေးရာ ကျွမ်းကျင်သူ ထိုင်းသတင်းစာဆရာ မစ္စတာ က၀ီကပြောသည်။‘‘အထက်လွှတ်တော်အမတ် တွေ စာရေးတောင်းဆိုတဲ့ကိစ္စက အမေရိကန်ရဲ့ ဆီးနိတ်နဲ့ ကွန်ဂ ရက်လွှတ်တော်နှစ်ရပ်ကြားမှာ မြန်မာက ကြားညပ်တာပဲ။ အမေ ရိကန်မှာလည်း ဒီကိစ္စကို သူတို့ ၀န်ကြီးဌာနကို ရှင်းပြခဲ့တယ်။ ရီ ပက်ဘလေကန်အများစုရှိတဲ့ အ ထက်လွှတ်တော်က အိုဘားမားရဲ့နိုင်ငံခြားရေး မူဝါဒမှားယွင်းတယ် ဆိုတာကို ပုံဖော်ချင်တာနဲ့ မြန်မာ နဲ့ ဆက်ဆံရေးအပေါ် ဖိအား ပေးတာပဲ။ လက်ရှိ ၂၀၁၅ မှာ အ မေရိကန်လွှတ်တော်တွင်းမှာ ပြန် လည် ရွေးကောက်ပွဲတွေ ရှိနေ တယ်။ ဒါကြောင့်ကွန်ဂရက်မှာရှိ တဲ့ အထက်လွှတ်တော်အမတ် တွေက အိုဘားမားဟာ လစ်ဗျား တို့၊ ဆီးရီးယားတို့လိုပဲ မြန်မာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးမူဝါဒ မှားယွင်းတယ်ဆိုတာကို ပုံဖော် တာပါ’’ဟု ဦးရဲထွဋ်ကပြောကြား သည်။ထို့အပြင်ဂျွန်ကယ်ရီသည် နိုင်ငံခြားရေးဝန်ကြီးအဆင့်ဖြစ်၍ လွှတ်တော်အမတ်များက ၀ိုင်း ၀န်းလက်မှတ်ထိုးတောင်းဆိုရုံနှင့် မြန်မာကို ဖိအားပေး၍ မဖြစ်နိုင် ကြောင်း နိုင်ငံရေး အကျဉ်းသား ဟောင်း ဇာဂနာက ပြောသည်။‘‘ကျွန်တော်မြင်တာကတော့ လွှတ်တော်အမတ်တွေ လက်မှတ် ထိုးတယ်ဆိုတာလည်း လော်ဘီ လုပ်တာ တစ်မျိုးပဲ။ သူတို့ဆီက အမတ်နဲ့ ၀န်ကြီးက ဆက်ဆံရေး သိပ်မရှိကြဘူး။ ပြီးတော့ ကယ်ရီ က အမေရိကန်အာဆီယံအစည်း အဝေးကြောင့်လာတာ’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမေရိကန် အစိုးရ အလေးထား ပြောဆိုနေ သည့်ကိစ္စမှာ မြန်မာတွင် ရေးဆွဲ ပြဋ္ဌာန်းရန် စီစဉ်နေသည့် ဘာသာ ရေးဆိုင်ရာ ဥပဒေကြမ်းကိစ္စများ ဖြစ်ပြီး ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေတို့အပေါ် အထူးစိုးရိမ် ကြောင်း ထုတ်ပြောထားသည်။ အထက်လွှတ်တော် အမတ် များ၏ ဖိအားပေးရန် တိုက်တွန်း ချက်၌ မြန်မာတွင် ဘာသာ ရေး ပဋိပက္ခများဖြစ်ပွားနေခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းများရှိနေခြင်း၊ သတင်းမီဒီယာများ ဖမ်းဆီးဖိနှိပ်ခံနေရခြင်းစသည့် အချက်တို့ကို ထောက်ပြထားသော်လည်း ဂျွန်ကယ်ရီ၏ ယခုခရီးစဉ်တွင် မြန်မာကို ပြု ပြင် ပြောင်းလဲရန် ဖိအားပေးချဉ်းကပ် ခြင်းထက် ဒေသတွင်း လုံခြုံရေးနှင့်နျူအရေးကို အလေးထားဖွယ်ရှိ နေကြောင်း မစ္စတာက၀ီက ပြော ကြားသည်။

From:7day

www.mmdailystar.com

အမေရိကန်၏ဖော်ကောင် Snowden ကို ရုရှားက ၃ နှစ် ဆက်နေခွင့်ပြု


အမေရိကန် ထောက်လှမ်းရေး NSA က ဝန်ထမ်းဟောင်း Edward Snowden 

အမေရိကန် ထောက်လှမ်းရေး NSA က ဝန်ထမ်းဟောင်း Edward Snowden ကို ရုရှားနိုင်ငံမှာ နေထိုင်ခွင့် နောက်ထပ် ၃ နှစ် ထပ်ပေး လိုက်ပါပြီ။

စနိုဒန်ဟာ သတင်းနဲ့ နည်းပညာလုပ်ငန်းဆိုင်ရာ အလုပ်ကို လုပ်နေပြီး ဒီအလုပ်ကြောင့် ရုရှားမှာ ဆက်နေရမှာဖြစ်ကြောင်း စနိုဒန်ရဲ့ ရှေ့နေ အနာတိုလီ ကူချာရီနာ (Anatoly Kucharena) ကပြောပါတယ်။ အခုလို ရုရှားမှာ ဆက်လက် နေထိုင်ခွင့်ပြုတာအတွက် နိုင်ငံရေးခိုလှုံခွင့်နဲ့ နေသူအဖြစ် သတ်မှတ်မထားဘူးလို့လည်း ပြောပါတယ်။

စနိုဒန်ရဲ့ နိုင်ငံရေးခိုလှုံခွင့် တနှစ်သက်တမ်းဟာ သြဂုတ်လ ၁ ရက်နေ့မှာ ကုန်ဆုံး ခဲ့ပြီဖြစ်ပါတယ်။ စနိုဒန်ကို အမေရိကန်ပြည်ထောင်စုက နိုင်ငံတော် သစ္စာဖေါက်မှု အပြင် အစိုးရပိုင်ပစ္စည်း ခိုးယူမှုနဲ့ တရားစွဲဆိုထားပါတယ်။

အမေရိကန်နိုင်ငံသား ဝရမ်းပြေးဖြစ်နေသူ စနိုဒန်ဟာ ၂၀၁၃ ခုနှစ် မေလတုန်းက အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးဆိုင်ရာ လျို့ဝှက် အစီအစဉ် အသေးစိတ်တွေကို ဖေါက်ချပြီး ပြည်ပကို ထွက်ပြေးခဲ့သူဖြစ်ပါတယ်။
စနိုဒန်ရဲ့ လုပ်ရပ်ကို တချို့က လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူ သူရဲကောင်းအဖြစ် မြင်ကြသလို၊ တချို့ကတော့ ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် မြင်ကြပြီး ကမ္ဘာကျော်သွားစေတာပါ။

From: VOA

www.mmdailystar.com

ရှစ်လေးလုံး ပိတ်ကားနောက်မှ ဖြစ်ရပ်မှန်တစ်ခု




လွန်ခဲ့တဲ့ ၂၅ နှစ်က ဒလမြို့မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ ကျွန်တော်တို့ ဒလမြို့ဟာ ရန်ကုန်တဖက်ကမ်း မှာရှိပေမယ့် ၁၉၈၈ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာချိန်မှာ ဒလမြို့ကိုလည်း ရိုက်ခက်လာ ပါတယ်။ သြဂုတ်လအတွင်း ရန်ကုန်မြို့လယ် တစ်ခုလုံး အပျက်အဆီးပုံအောက် ရောက်ရှိသွားချိန်မှာ လမ်းပမ်း ဆက်သွယ်ရေးအားလုံးလည်း ပြတ်တောက်သွားပါတယ်။ အဓိကပြဿနာ ကတော့ ဆန်ပြဿနာပါ။ ဆန္ဒပြပွဲတွေက လည်း တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေတာကြောင့် ကုန်ဈေးနှုံးကလည်း ဆက်တိုက်တက်လာပါတယ်။ နောက်ပိုင်းမှာ ဆန်ဂိုဒေါင်၊ ပဲဂိုဒေါင် နဲ့ ဂျုံဂိုဒေါင် တွေဖောက်ပြီး ခိုးယူတဲ့ဖြစ်စဉ် တွေကလည်း နေရာအနှံ့ပါ။ ဂိုဒေါင်ထဲက ပစ္စည်းတွေကုန်တော့ အရပ်ထဲက လူနေအိမ်ထဲက ပစ္စည်းတွေကို ပြဿနာရှာလာကြပါတယ်။ ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ရဲစခန်း တွေကို မီးရှို့လိုက်တာကြောင့် ရပ်ကွက်တွင်း လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ အလှည့်ကျ ကင်းစောင့်နေကြရ ပါတယ်။  

ရှစ်လေးလုံး ကောင်းမှုကြောင့် ဒလမြို့တွင်းက မရှိဆင်းရဲသားအများအပြားဟာ ဆန်ကွဲများကို ပြုတ်ပြီး သောက်နေကြရ ပါတယ်။ ငတ်မွတ်မှုဒဏ်ကို မခံနိုင်ကြတဲ့နောက်မှာ ဒလမြို့ခံ ၈ ဦးဟာ ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သမ္ဗန်များနဲ့သွားပြီး ဆန်သင်္ဘော တစ်စီးပေါ်က ဆန်တွေခိုးယူဖို့ ထွက်သွားချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါ တယ်။ အဲဒီချိန်တုန်းက လူစိမ်းမြင်သမျှကို မီးရှို့မဲ့သူ၊ အကြမ်းဖက် မဲ့သူ၊ အဆိပ်ခက်မဲ့သူဆိုပြီး ဖမ်းဆီးသတ်ဖြတ်နေတဲ့ အချိန်ပါ။ ကံဆိုးစွာနဲ့ ဒလသား ငါးယောက်မှာ ဟာ ဗိုလ်တစ်ထောင်သား ၃၀ လောက်ရဲ့ ဖမ်းဆီးမှုကို ခံရလိုက်ပါတယ်။  


သုံးယောက်ကတော့ ရေထဲခုန်ချပြီးထွက်ပြေးသွားပါတယ်။ ဖမ်းခံရတဲ့ ဒလမြို့သား ငါးယောက်ကို သမ္မတကမ်းခြေ အနီးက ဆိပ်ခံဗောတံတားပေါ်မှာ စစ်မေးကြပါတယ်။ ဖမ်းမိသူ ငါးယောက်လုံးက ဒလမြို့သားများဖြစ်ကြောင်း၊ မီးရှို့ဖို့ လာသူ မဟုတ်ကြောင်း၊ မီးရှို့ဖို့ ဘာပစ္စည်းမှ မပါကြောင်း ပြောပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက တစ်ယောက် တစ်မျိုးအော်လိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခေါင်းကို ရိုက်လိုက်၊ ရင်ဘက်ကို ကန်လိုက်နဲ့ ဆူညံနေပါတယ်။ အစကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မေးရင်းမေးရင်း အလိုလိုဒေါသ ပိုထွက် လာပါတယ်။ အဲဒီနောက် တစ်ဦးက စ ပြီး ပါလာတဲ့ ရဲဒင်း နဲ့ စခုတ်လိုက်ချိန်မှာ နောက်လူတွေကလည်း ဓားနဲ့ ဝိုင်းခုတ်ကြပါတယ်။ မသေမရှင် ဖြစ်နေချိန်မှ တစ်ယောက်ချင်း တံတားစွန်း တရွတ်တိုက်စွဲသွားပြီး ခေါင်းကို သေသေချာချာ လှီးဖြတ်ပါတယ်။ အဲဒီနောက် ၅ ယောက်လုံးကို တံတားပေါ်က ပစ်ချပြီး ရေထဲချလိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီအလောင်း တွေထဲက အစိတ်အပိုင်းအများစုက ဒလဘက်က ကမ်းမှာ လာကပ်ပြီး ပုပ်ပွနေခဲ့ပါတယ်။  


အဲဒီချိန်တုန်းက ဒလမြို့သားတွေအားလုံး ဒီဖြစ်စဉ်ကို သိကြပါတယ်။ သူတို့တွေကို ရှစ်လေးလုံး အကြောင်းမေးရင် ပြန်မ ပြောချင်ကြပါဘူး။ ရှစ်လေးလုံးဆိုတာ တကယ့် အနိဌာရုံတစ်ခုလို့သာ မှတ်ချက် ပေးကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အိပ်မက်ထဲမှာတောင် ပြန်မတွေ့လိုကြတော့ပါဘူး။ ဒီဖြစ်စဉ်မျိုးတွေဟာ အဲဒီကာလက နေရာအနှံ့မှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တစ်မြို့ လုံးမှာ ဖြစ်ခဲ့ပါတယ်။ ရှစ်လေးလုံးကာလက ထဲထဲဝင်ဝင် လှုပ်ရှားခဲ့ဖူးသူ အားလုံးက ဒီလိုဖြစ်စဉ်တွေကို ပိုသိကြပါတယ်။ ဒီလိုမေ့ပစ်စရာကောင်းတဲ့ အတိတ်ဆိုးမျိုးကို စာစီကုံးပြီး ခမ်းခမ်းနားနား ကျင်းပနေကြတဲ့ သူတွေကိုလည်း စိတ်ပျက်ပါတယ်။ ရှစ်လေးလုံးဆိုတာ အရေးတော်ပုံပဲဖြစ်ဖြစ်၊ အရေးအခင်းပဲဖြစ်ဖြစ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ပါစေ ၊ ဘယ်လိုပဲ ပိတ်ကားလှလှတွေ ဆင်ထားပါစေ ပိတ်ကားနောက်မှာတော့ သွေးသံရဲနေတဲ့ အပြစ်မဲ့ပြည်သူများရဲ့ ခေါင်းပြတ်တွေ တန်းစီပြီး ရှိနေတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရ ပါဘူး…..။    


From: ကိုသန်းဝင်း (ဒလ)

www.mmdailystar.com

ကမ္ဘာ့အင်အားကြီး ခြောက်ပွင့်ဆိုင် အစည်းအဝေး မြန်မာတွင် ပြုလုပ်ဖွယ်ရှိ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပြင်ဆင်နေသော ရဲမေများကို သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

အာဆီယံအစည်း အဝေးများအတွင်း ပြုလုပ်ခြင်း နည်းပါးသည့် နာမည်ကျော် အင်အားကြီး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြေများနေကြောင်း သတင်းရရှိသည်။

ရုရှား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီး ယားနှင့် တရုတ်စသည့် ခြောက်နိုင်ငံတို့သည် ၁၉၉၄ နောက်ပိုင်းမှစ၍အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သီးသန့်တွေ့ ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ သို့သော်ပုံမှန်တွေ့ဆုံမှုမျိုးမရှိဘဲ အကြိမ်အရေအတွက်အလွန် နည်းပါးပြီး ယခုနောက်ဆုံး အစည်းအဝေးမလုပ်ဖြစ်သည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။
နျူကလီးယားမပြန့်ပွားရေး နှင့် နျူကလီးယားစွမ်းအင်လုံခြုံ ရေးဆိုင်ရာပြဿနာများအတွက် ခြောက်နိုင်ငံဆွေးနွေးပွဲမှာ အ လွန်အရေးပါနေသည်။ ထို့အပြင် တောင်နှင့် မြောက်နှစ်နိုင်ငံအစဉ် အငြင်းပွားနေသည့် ကိုရီးယား ကျွန်းဆွယ်ကိစ္စကလည်း ယင်း ဆွေးနွေးပွဲတွင် အဓိကအကြောင်းအရာတစ်ခုဖြစ်နေသည်။

‘‘ဒီခြောက်နိုင်ငံဆွေးနွေးပွဲ သာ နေပြည်တော်မှာ ဖြစ်မြောက် သွားရင် ဒါမြန်မာအတွက် သမိုင်း ၀င်ပဲ။ ဘာကြောင့် ဖြစ်ဖို့များလဲ ဆိုတော့ မြောက်ကိုရီးယားနဲ့ မြန် မာက ဆက်ဆံရေးရှိတယ်။ ဒီ အစည်းအဝေးကို မြန်မာကို ယုံကြည်ရင် မြောက်ကိုရီးယားက တက်ဖို့များတယ်။ ဒီတော့ အစည်းအဝေးဖြစ်၊ မဖြစ်က စိတ်ဝင်စား ဖို့ကောင်းတယ်။ မြောက်ကိုရီးယား တက်တယ်ဆိုရင် ဒါမြန်မာကို မြောက်ကိုရီးယားက အားကိုး ယုံကြည်တယ်ဆိုတာ ပြလိုက်တာပဲ’’ဟု အာဆီယံရေးရာ ကျွမ်းကျင်သူ ထိုင်းသတင်းစာ ဆရာ မစ္စတာက၀ီကပြောကြား သည်။

‘‘ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ (Six Parties Meeting) ကတော့ အခုထိတော့ ကျွန်တော်တို့ အ စည်းအဝေးအစီအစဉ်ထဲမှာ မပါ သေးဘူး။ ဒါပေမဲ့လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးတော့ သေချာမပြော နိုင်သေးပါဘူး’’ဟု အာဆီယံရေး ရာပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ကပြောသည်။

မြန်မာသည် ကိုင်တွယ်ရ ခက်ခဲပြီး ညှိနှိုင်းသဘောတူရန် ရုန်းကန်ရသည့် တောင်တရုတ် ပင်လယ်ကိစ္စတွင် အဖွဲ့ဝင် နိုင်ငံ အားလုံးကျေနပ်စေသည့် ထုတ် ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ခြင်း ဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ယုံကြည် မှုကို ရရှိထားသည်။ ထို့အပြင် လွန်ခဲ့သည့် ၂ နှစ်က ကမ္ဘောဒီးယားနိုင်ငံ ဥက္ကဋ္ဌရာထူးယူစဉ်ကထက် အဖွဲ့ဝင် အချင်းချင်းကြား ပြေ လည်ရန်ညှိနှိုင်းစေ့စပ်ဆွေးနွေးမှု များ ကောင်းစွာ လုပ်ထားခြင်း ကြောင့် အင်အားကြီးခြောက်နိုင်ငံ ကြား ညှိနှိုင်းမှုကောင်းကောင်း လုပ်နိုင်မည်ဟု မျှော်လင့်နိုင် ကြောင်း မစ္စတာက၀ီက ပြော သည်။

လက်ရှိတွင် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေး နှင့် အာရှဒေသတွင်းဖိုရမ်တို့သို့ တက်ရောက်ရန် အာဆီယံဒေသ တွင်းနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံနှင့် ဆွေးနွေးဖက် ၁၇ နိုင်ငံအနက် နိုင်ငံအချို့မှဝန်ကြီး များ နေပြည်တော်သို့ သြဂုတ် ၇ ရက်တွင် စတင်ရောက်ရှိနေပြီဖြစ် သည်။


From: 7Day Daily

www.mmdailystar.com

TNLA (ပလောင်)အဖွဲ့မှ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာကျေးရွာ အလက(၁) ကျောင်းအုပ်ဆရာမကြီးအား နေရပ်ပြန်ရန် ခြိမ်းခြောက်စာပေးပို့




TNLA (ပလောင်)အဖွဲ့မှ နမ့်ဖက်ကာ အလက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာမိုးထံသို့ `` အသက် ရှင်ချင်ရင် နေရပ်ကို အမြန်ပြန်´´ဟု အသက်အန္တာရယ်ကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ရေး သားထားသော  စာတစ်စောင်   ယခုလ ၅  ရက်နေ့ နံနက်  ၆  နာရီ ၄၅ မိနစ်တွင်   ကျောင်းအုပ်    ဆရာမကြီး ရုံးခန်းရှေ့တွင် လာရောက်ထားသွားကြောင်းသိရသည်။

 ခြိမ်းခြောက်စာတွင် အချက် ၆ ချက်ပါဝင်ပြီး စာနှင့်အတူ အမ်-၂၂ ကျည်ဆံ ၂ တောင့်အား ပလပ် စတစ် အိတ်ဖြင့် ထည့်ထားပြီး၆လက်မခန့်ရှိ ဓားမြောင် တစ်ချောင်းဖြင့် စိုက်ထားကြောင်းသိရသည်။ နမ့်ဖက်ကာကျေးရွာတွင် နေထိုင်သူအများစုမှာ ကချင်၊ ရှမ်း၊ ပလောင်၊ လီဆူး လူမျိုးများဖြစ်ကြောင်း သိရ သည်။အဝေးတစ်နေရာမှမိသားစုနှင့်ခွဲခွာပြီး လာရောက်သင်ကြားပေးသော ကျောင်းအုပ်ဆရာမကြီး   ဒေါ်စန္ဒာမိုးမှ တိုင်းရင်းသား ကျောင်းနေကလေးငယ်များအားစိတ်ဓာတ် မြင့်မားရေး၊အသိပညာ မြင့်မားစေ   ရေးစေတနာဖြင့် ပြောဆိုဆုံးမမှုများအား ကျေနပ်မှုမရှိ၍ယခုကဲ့သို့ ခြိမ်းခြောက်စာပေးပို့ခြင်း  ဖြစ်ကြောင်း သိရသည်။

 TNLA အဖွဲ့သည် ပလောင်လူမျိုး ကောင်းစားရေး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည်ဟုဆိုသော်လည်း TNLA အဖွဲ့၏ လုပ်ရပ်များမှာ ဒေသခံ ကချင်၊ ရှမ်း၊ ပလောင်၊ လီဆူး လူမျိုး ကလေးငယ်လေးများအား ပညာ ရေးနိမ့်ကျသထက် နိမ့်ကျအောင်၊ဒေသဖွံ့ဖြိုး တိုးတက်မှုနှောင့်နှေးအောင် ရည်ရွယ် လုပ်ဆောင်နေကြောင်း ၄င်းတို့ လုပ်ရပ်များက ဖော်ပြနေသည်ဟု ပလောင်လူမျိုးများအရေး လေ့လာသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ 


From: အိုက်လော့

www.mmdailystar.com

နေရတကာ ပါမှု ချက်ချင်းရပ်၊ အခွင့်ထူးခံမှု ချက်ချင်းရပ်

 မြန်မာပြည်ရဲ့ အထင်ကရ မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ ၊ သံလွင် ၊ စစ်တောင်းမြစ်တွေမှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာ ရေကြီးမှုတွေကြောင့် နေရတာကာပါတဲ့ စစ်သားများက ရေဘေး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။

မိုးများပြီး မြစ်ရေကြီးမှုတွေကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းနဲ့ ကရင်၊ မွန် ရခိုင် နဲ့ ရှမ်းပြည် နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ဒေသခံတွေ ရေဘေးဒုက္ခ ခံစားနေကြရတာပါ။

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း မနေ့မနက်ကစပြီး သံတွဲချောင်းရဲ့ တောင်ကျရေကြောင့် တမြို့ လုံးနီးပါး ရေနစ်မှုတွေဖြစ်ပေါ်နေပြီး ရေဘေးဒုက္ခသည်တွေကို စစ်တပ်ကပဲ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်ပေးနေပါတယ်။

ရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာလည်း အလားတူ မိုးများပြီး တောင်ကျရေကြောင့် မြို့တွင်းအနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ တာချီလိတ်မှာ မြေပြိုစဉ်ကလည်း စစ်သားများကပဲ ကူညီပေးခဲ့ပါတယ်။

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ်မှာတော့ မနေ့ သြဂုတ်လ ၆ ရက်နေ့က လေဆင်နှာ မောင်းတိုက် လိုက်မှုကြောင့် လူပေါင်း ၃၀ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ပဲခူးတိုင်းရွှေကျင်မြို့နုယ်မှာလည်း သြဂုတ် ၃ ရက်နေ့က လေပြင်းတိုက်သွားတာကြာင့် အိမ်ခြေ ၇၀ နီးပါး ပျက်စီးခဲ့ပါတယ်။

မိုးလေ၀သနဲ့ ဇလဗေဒ ညွန်ကြားရေးမှူးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ သံလွင်မြစ် ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေ အမှတ်အထက်ကျော်လွန်နေကြောင်း၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုရိမ်ရေမှတ်အထက် ကျော်လွန်နေသလို ပဲခူး မြစ်ရေဟာလည်း ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ၁ စင်တီမီတာကျော်လွန်ကြောင်း ထုတ်ပြန်ထားပါတယ်။ 


အခွင့်ထူးခံ စစ်သားများရဲ့ ပြည်သူများကို လှေပေါ်မှာတင်ပြီး ကိုယ်တိုင် ရေထဲမှာ တနေကုန်နေကာ သယ်ယူပို့ဆောင်ပေးနေပုံ ဓာတ်ပုံ (၃၀) ကျော်ကို    https://www.facebook.com/nayminnaing2012/posts/598914973552948


https://www.facebook.com/nayminnaing2012/posts/598861413558304

မှာ ကြည့်ရှုနိုင်ပါတယ်။ 
From:ME

www.mmdailystar.com

"ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်တွေ ဘာမှ မဖြစ်သေးဘူး" ~ ဦးလှရွှေ (၁၉၆၂ ကျောင်းသားသမဂ္ဂခေါင်းဆောင်)

သံတော်ဆင့်


ဘာမှ မဖြစ်သေးဘူးလေ။ အကြမ်းဖျင်း ကြည့်လိုက်ရင်တော့ ဘာမှ မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စ တွေကလည်း ဒီလို အချိန်ကာလ ချိန်ဆပြီးတော့ ဆောင်ရွက်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံရေး ကိစ္စတွေဆိုတာ အချိန်နဲ့ တွက်ဆလို့ မရဘူး။ ဒီနေ့လက်တွေ့ လိုအပ်ချက်ဖြစ်တဲ့ နံပါတ်(၁) ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးပေါ့။ နောက်တစ်ခု တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးပေါ့။ ဒါတွေဘာမှ မဖြစ် သေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကလည်း ဘာမှ မဖြစ်သေးသလို တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အမျိုးသား တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ တည်ဆောက်ဖို့ ဆိုတာလည်း ဘာမှမဖြစ်သေးဘူး။ မနှစ်က ချမှတ်ထားတဲ့ လုပ်ငန်းလေးတွေ ဒီနှစ်ဖြစ်ဘူးဆိုရင်တော့ No ပါပဲ။သံတော်ဆင့်

ဘာမှ မဖြစ်သေးဘူးလေ။ အကြမ်းဖျင်း ကြည့်လိုက်ရင်တော့ ဘာမှ မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စ တွေကလည်း ဒီလို အချိန်ကာလ ချိန်ဆပြီးတော့ ဆောင်ရွက်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံရေး ကိစ္စတွေဆိုတာ အချိန်နဲ့ တွက်ဆလို့ မရဘူး။ ဒီနေ့လက်တွေ့ လိုအပ်ချက်ဖြစ်တဲ့ နံပါတ်(၁) ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးပေါ့။ နောက်တစ်ခု တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးပေါ့။ ဒါတွေဘာမှ မဖြစ် သေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကလည်း ဘာမှ မဖြစ်သေးသလို တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အမျိုးသား တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ တည်ဆောက်ဖို့ ဆိုတာလည်း ဘာမှမဖြစ်သေးဘူး။ မနှစ်က ချမှတ်ထားတဲ့ လုပ်ငန်းလေးတွေ ဒီနှစ်ဖြစ်ဘူးဆိုရင်တော့ No ပါပဲ။သံတော်ဆင့်

ဘာမှ မဖြစ်သေးဘူးလေ။ အကြမ်းဖျင်း ကြည့်လိုက်ရင်တော့ ဘာမှ မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စ တွေကလည်း ဒီလို အချိန်ကာလ ချိန်ဆပြီးတော့ ဆောင်ရွက်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံရေး ကိစ္စတွေဆိုတာ အချိန်နဲ့ တွက်ဆလို့ မရဘူး။ ဒီနေ့လက်တွေ့ လိုအပ်ချက်ဖြစ်တဲ့ နံပါတ်(၁) ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးပေါ့။ နောက်တစ်ခု တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးပေါ့။ ဒါတွေဘာမှ မဖြစ် သေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကလည်း ဘာမှ မဖြစ်သေးသလို တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အမျိုးသား တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ တည်ဆောက်ဖို့ ဆိုတာလည်း ဘာမှမဖြစ်သေးဘူး။ မနှစ်က ချမှတ်ထားတဲ့ လုပ်ငန်းလေးတွေ ဒီနှစ်ဖြစ်ဘူးဆိုရင်တော့ No ပါပဲ။

သံတော်ဆင့်
Related Posts Plugin for WordPress, Blogger...