Sunday, 10 August 2014

TV အစီအစဉ်တင်ဆက်သူမိန်းကလေးရဲ့ ဖင်ကို သဲပွတ်ပေးရသူ ၂ ဦးရဲ့  ဘူးထစရာအခိုက်အတန့် လေး

နာမည်ကြီး အကျော်အမော် တစ်ဦးရဲ့  အကူ တစ်ဦးဖြစ်ရတာ တကယ့်ကို ခက်ခဲတဲ့ဘ၀ပါပဲ။ဒါပေမယ့် Kim Kardashian ရဲ့  အကူ နှစ်ဦးအတွက်ကတော့ သူတို့ ရဲ အလုပ်ဟာ တကယ့်ကို အဓိပ္ပါယ်အသစ်တစ်မျိုး သက်ရောက်သွားပါတယ်။

ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ နောက်ပိုင်းတင်သားအလှကြောင့် လူသိများတဲ့ ဖြစ်ရပ်မှန်အစီအစဉ်တင်ဆက်သူ Kim Kardashian ဟာ လှပတဲ့ ဓာတ်ပုံအလှရိုက်ကွင်းတစ်ခုမှာ ဓာတ်ပုံအရိုက်ခံနေစဉ် သူမရဲ့ အကူ အမျိုးသား ၂ဦးက သူမရဲ့ တင်ပါး နှစ်ဖက်ပေါ်မှာ သဲတွေ နဲ့ ပွတ်လိမ်းပေးနေရတာကို မြင်တွေ့ ခဲ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ် အကျော်အမော်ဟာ သိပ်မကြာခင်က ထိုင်းနိုင်ငံ ဖူးခက်ကျွန်းကို မိသားနဲ့ ခရီးထွက်နေတဲ့ အချိန်အတွင်းမှာ ရွှေရောင် ရေကူးဝတ်စုံလေးကို ၀တ်ဆင်ရင်း သူမရဲ့  ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ဖေါ်လှစ်ပြသရင်း ရိုက်ကူးထားတဲ့ ဒီဆွဲအားပြင်းတဲ့ ဓာတ်ပုံတွေကို တနင်္ဂနွေညတိုင်းမှာ အပိုင်းလိုက် ထုတ်လွှင့်ပြသနေတဲ့ Keeping up with the Kim Kardashian ဆိုတဲ့ အစီအစဉ်မှာ ပြသခဲ့ပြီးဖြစ်ပါတယ်။

ဖြူလွှလွှ သဲသောင်ပြင်ထဲမှာ လူးလှိမ့်ပြီး သူမရဲ့ တင်သားတွေကို ကင်မရာဘက်ကို ပေးထားရင်း Kim ဟာ သူ့ ကိုယ် သူ အရမ်းကို ကျေနပ်ပျော်ရွှင်နေပုံရပါတယ်။ သူမရဲ့ Instagram ၀က်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သူမရဲ့ ဓာတ်ပုံတစ်ပုံနဲ့တွဲပြီး “ထိုင်းနိုင်ငံ အမှတ်တရ။ ရှင်တို့ တွေ ဒီည ပြခဲ့တဲ့ ထိုင်းမှာရိုက်ခဲ့တဲ့ KUWTK အစီအစဉ် တစ်ပိုင်းကို ကြိုက်ကြရဲ့လား”လို့  ရေးထားပါတယ်။

ဒါပေမယ့် မနေ့ က လော့စ်အိန်ဂျလိစ်မှာ ဓာတ်ပုံရိုက်ကူးရေး တစ်နေရာကိုသွားရမှာ ကလေးတစ်ယောက်အမေ ဖြစ်သူ Kim ဟာ လုံလုံခြုံခြုံဝတ်စားလာခဲ့ပြီး ယဉ်ကျေးသိမ်မွေ့ နေသယောင် ထင်ရပါတယ်။

အလှပဂေးဟာ အသားအရောင်ခပ်ဖျော့ဖျော့ ရှိပြီး လည်ပင်းနားတွင် ဗွီပုံသဏ္ဍန် ချုပ်ထားသောဝတ်စုံကို ၀တ်ဆင်လာခဲ့ပါတယ်။ ယင်း ဗွီပုံသဏ္ဍန် ရင်အဟိုက်ဟာ သူမရဲ့ ဖွံထွားစွဲမက်စရာကောင်းတဲ့ ရင်ကြားအလှကို လည်းပေါ်လွင်စေပါတယ်။

Kim Kardashian, Keeping Up With The Kardashians, bum, photoshoot, Kanye
သူမရဲ့ ဆံပင်စတိုင်ဟာ ၁၉၄၀ခုနှစ်လောက်က လှိုင်းတွန့် ပုံစံမျိုးကို ပုံသွင်းထားပြီး ပန်းရောင် နှုတ်ခမ်းနီ ခပ်ဖျော့ဖျော့ကိုလည်း ဆိုးထားပါသေးတယ်။

Keeping up with Kim Kardashian ဟာ နောက်တစ်ပတ် တနင်္ဂနွေနေ့ ည ၉နာရီမှာ ပြန်လည်တင်ဆက်မှာပါ။

Ref:express.co.uk

From: Trend Myanmar 

www.mmdailystar.com

နှစ်ယောက်အတူလက်ထပ်ပြီး ကလေးတစ်ယောက်ရတော့မှ မောင်နှမအရင်းဖြစ်နေမှန်းသိလိုက်ရတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်

 ဆွေမျိုးသားချင်းတွေ ပြန်လည် ပေါင်းသင်းယူခဲ့ရင် ဉာဏ်ရည် မဖွံ့ဖြိုးတဲ့ ကလေးတွေ မွေးဖွားတတ်တယ်လို့ ဆေးပညာလောကမှာ သတ်မှတ်ထားမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်နိုင်ငံက မောင်နှမနှစ်ဦးဟာ ဆွေမျိုးတော်စပ်မှန်း သိခဲ့ခြင်းမရှိဘဲ လက်ထပ် ပေါင်းသင်းခဲ့ကြပါတယ်။ လက်ထပ်ပြီး ကလေးရပြီးတဲ့အခါမှ မောင်နှမတွေဆိုတာ သိလိုက်ရလို့ စိတ်ပျက် ၀မ်းနည်းသွားခဲ့ကြပါတယ်။ အသက် (၃၇) နှစ်အရွယ်ရှိ လီယိုနာဒိုနဲ့ အသက် (၃၉)နှစ်အရွယ်ရှိ အက်ဒရီယာနာတို့ဟာ ပေါင်းသင်းလက်ထပ်ခဲ့တာ ခုနစ်နှစ်ရှိခဲ့ပြီး အသက်ခြောက်နှစ်အရွယ် သမီးတစ်ယောက်တောင် ရရှိ ထားပြီးဖြစ်ပါတယ်။ သူတို့ဟာ ငယ်စဉ်ကတည်းက ပျောက်ဆုံးသွားတဲ့ မိခင်ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ထူးခြားတိုက်ဆိုင်တာက သူတို့ ရှာဖွေနေတဲ့ မိခင်ရဲ့ အမည်ကလည်း တူညီနေခြင်းဖြစ်ပါတယ်။ သူတို့ဟာ မာရီယာဆိုတဲ့ အမည်နဲ့ မိခင်ဖြစ်သူကို လိုက်လံရှာဖွေခဲ့တာဖြစ်ပါတယ်။

အက်ဒရီယာနာဟာ အလှကုန်ပစ္စည်းတွေကို ရောင်းချပြီး အသက်တစ်နှစ်အရွယ်က စတင်ပြီး မိခင်ဖြစ်သူကို မြင်တွေ့ဖူးတော့ ခြင်းမရှိပါဘူး။ လီယိုနာဒိုကလည်း အသက်ရှစ်နှစ်အရွယ်မှာ မိခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ ရပြီး မိထွေးဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လီယိုနာဒိုနဲ့ အက်ဒရီယာနာတို့ ဟာ ဆော်ပေါ်လိုမြို့မှာ မွေးဖွားခဲ့တာခြင်း တူညီခဲ့ပါတယ်။ အက်ဒရီယာနာဟာ နေအိမ်က ထွက်ခွာပြီး နောက်အခြားတစ်နေရာမှာ အိမ်ဖော် လုပ်ကိုင်ရင်း အသက် (၁၅)နှစ် အရွယ်မှာ အိမ်ထောင်ကျပြီး ကလေးသုံးယောက် ရခဲ့ပါတယ်။ ဒီနောက် အက်ဒရီယာနာဟာ သူ့ မွေးဖွား ခဲ့တဲ့မြို့ကို ပြန်ရင်း လီယိုနာဒိုနဲ့ ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ လက်ထပ် ပေါင်းသင်းပြီးနောက် ပြီးခဲ့တဲ့လမှာ အက်ဒရီယာနာက ဒေသခံရေဒီယို အသံလွှင့်ဌာနကို အကူအညီတောင်းပြီး မိခင်ဖြစ်သူကို ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ မိခင်ဖြစ်သူ မာရီယာက သူ့မှာ လီယိုနာဒိုတဲ့ သားတစ်ဦးရှိခဲ့ဖူးကြောင်း ပြောကြားခဲ့တာမို့ အက်ဒရီယာနာဟာ မောင်နှမတွေဖြစ်မှန်း သိရှိသွားပြီး ၀မ်းနည်းစွာ ငိုကြွေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ဟာ မိခင်ဖြစ်သူနဲ့ ပြန်လည်နေထိုင်ပြီး ဖြစ်ပျက်ခဲ့သမျှကို မိခင်ဖြစ်သူအား အပြစ်တင်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

From: Messenger

www.mmdailystar.com

ဗြိတိန်နိုင်ငံက အသက်၅၈နှစ် အရွယ်အမျိုးသမီးကြီးကို တဏှာကြီးသော သရဲတစ်ကောင်လိုက်ခြောက်နေသဖြင့် သရဲနှင်ဆရာခေါ်ပြီးနှင်လိုက်ရဟုဆို

(ဓါတ်ပုံ- သရဲခြောက်ခံရသည့်အမျိုးသမီးကြီးပေါ်လင်း)
ဗြိတိန်နိုင်ငံ၊အရှေ့ယောက်ရှိုင်းယားစီရင်စု၊ဟူးလ်မြို့က အသက်၅၈နှစ်အရွယ် ပေါ်လင်းဟစ်ဆင်ဆိုတဲ့ အမျိုး သမီးကြီး တစ်ယောက်ကို တဏှာကြီးလွန်းတဲ့သရဲတစ်ကောင်က တစ်ကောက်ကောက် လိုက်ခြောက်နေ လို့ သရဲနှင်ဆရာကိုခေါ်လိုက်ရတယ်လို့ အင်္ဂလန်ထုတ် ကြေးမုံသတင်းစာကြီးကရေးသားလိုက်ပါတယ်။

အဲဒီသရဲဟာ ပေါ်လင်းရဲ့ အတွင်းခံတွေကိုပဲ လိုက်ဝှက်နေတယ်လို့ ပေါ်လင်းကပြောပါတယ်။သူ့အနေနဲ့ အဲဒီ တဏှာကောင်သရဲလက်ကလွတ်ချင်လို့ ၂နှစ်အတွင်းမှာ အိမ် ၇ခါပြောင်းခဲ့ပေမယ့် သရဲက ပြောင်းတဲ့အိမ်တွေ အထိလိုက်ပြီး အတွင်းခံဘောင်းဘီနဲ့ဘရာစီယာတွေကို လိုက်ဝှက်နေတယ်လို့ဆိုပါတယ်။
`ကျွန်မတော့ရူးတော့မှာပဲ။ ဘာဖြစ်လို့ အဲသလိုဖြစ်နေရသလဲ ကျွန်မမသိဘူး။အလုပ်သွားပြီးအိမ်ပြန်ရောက် တာနဲ့ ကျွန်မရဲ့အတွင်းခံတွေ မွှေနှောက်ခံထားရတော့တာပဲ။အတွင်းခံတွေပျောက်ကုန်တယ်။ရေချိုးခန်းထဲမှာ တစ်ယောက်ယောက်ရေ၀င်ချိုးသွားသလိုပဲ။ရေချိုးခန်းကြမ်းပြင်တွေကစိုနေတယ်`လို့ပေါ်လင်းကပြောပါတယ်။

လွန်ခဲ့တဲ့ (၂)နှစ်က ဟူးလ်မြောက်ပိုင်းက ဘန်ဂလိုကို သူအိမ်စပြောင်းကတည်းက အဲဒီအဖြစ်အပျက်စခဲ့ တယ်လို့ဆိုပါတယ်။ အဲဒီအိမ်ရောက်ပြီးသိပ်မကြာခင်မှာပဲ သူအိမ်မှာမရှိတဲ့အခါ အိမ်ထဲမှာ ထူးထူးဆန်းဆန်း တွေတစ်ခုခုဖြစ်ခဲ့တယ်လို့ သူအလိုလိုသိနေပြီး ရှင်းလဲမပြတတ်ဘူးလို့ ပေါ်လင်းကပြောပါတယ်။ဓါတ်ပုံတွေက နံရံမှာရွဲ့စောင်းကျန်ခဲ့တယ်။ရေချိုးခန်းက တစ်ယောက်ယောက်သုံးသွားပုံရတယ်။တံခါးတွေမှာ အပေါ်အောက် အစင်းကြီးတွေကျန်ခဲ့တယ်လို့ပေါ်လင်းကပြောပြပါတယ်။အိမ်ပြန်ရောက်ပြီဆိုတာနဲ့သူ့ပစ္စည်းတွေမွစာကြဲနေတယ်။အပူချိန်တွေကို မြှင့်ထားတာ ဒါမှမဟုတ်ချထားတာ တွေ့ရတယ်။လက်ဖက်ရည်ပန်းကန်နဲ့ဇွန်းကအပြင်ရောက်နေပြီး လက်ဖက်ရည်သောက်ဖို့အသင့်ပြင်ပေးထား သလိုဖြစ်နေတယ်လို့ဆိုပါတယ်။

သရဲနှင်ဆရာ စတိဗ်နီရှောက ပေါ်လင်းကိုအိပ်မွေ့ချပေးပြီး မကောင်းဆိုးဝါးကိုနှင်ပါတယ်။အဲဒီအခါထူးခြားမှု တွေ့ရတယ်လို့စတိဗ်ကပြောပါတယ်။လေအေးတစ်ချက်ဝုန်းခနဲတိုက်သလိုသူခံစားလိုက်ရပြီးမကြာမီမှာပဲ လူ ကောင်ကြီးကြီးတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်လေး တို့သူ့ရှေ့က ဖြတ်ပြီးပျံသွားကြတာကို စတိဗ်ကမြင် လိုက်ရတယ်လို့ပြောပါတယ်။အဲဒီနောက်ပိုင်းမှာတော့ ပေါ်လင်းတစ်ယောက် သရဲထပ်ခြောက်တာမခံရတော့ ပါဘူး။

အဲဒီသရဲဟာ ဘန်ဂလိုကိုသူမပြောင်းခင်ဝယ်လာတဲ့ မှန်တင်ခုံအဟောင်းကြီးနဲ့ဆက်စပ်နေလိမ့်မယ်လို့ ပေါ်လင်းကထင်နေပါတယ်။အဲဒီမှန်တင်ခုံအဟောင်းကြီးဝယ်တုန်းက ပတ္တမြားရတုမင်္ဂလာပွဲဖိတ်စာနဲ့ အခြား ကိုယ်ပိုင်ပစ္စည်းအချို့ကိုပါအဲဒီမှန်တင်ခုံထဲမှာတွေ့ရတယ်လို့ပေါ်လင်းကဆို ပါတယ်။ယုံချင်ယုံမယုံချင်နေ၊ သြဂုတ် ၈ရက်ထုတ် အင်္ဂလန်ကကြေးမုံ သတင်းစာထဲပါလာတဲ့အရင်းအတိုင်း ပရိသတ်အတွက်ပြန်လည်ဖောက် သည်ချလိုက်ရခြင်းဖြစ်ပါတယ်။

Source: Daily Mirror
From: Yangon Media Group

www.mmdailystar.com

The Supermoon Story ( စူပါမွန်းကိုစိတ်ဝင်စားနေကြသူတွေအတွက်)




၂၀၁၁ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ supermoon ဖြစ်စဉ်နဲ့ ၂၀၁၀ ဒီဇင်ဘာလ(၂၀) ရက်နေ့ကဖြစ်ပေါ်နေခဲ့တဲ့ သာမာန်လတို့ကို နှိုင်းယှဉ်ကြည့်တဲ့အခါ supermoon က အရွယ်အစားမှာ ၁၅% ပိုကြီးလာပြီး တောက်ပမှုမှာ ၂၀% ပိုလာကြောင်းတွေ့ခဲ့ကြရပါတယ်။


Supermoon ဖြစ်နေချိန်မှာ လနဲ့ကမ္ဘာနဲ့အကွာအဝေးဟာ 356,577 kilometers (221,566 miles) အကွာမှာရှိနေခဲ့ပါတယ်။ အခုလို လပြည့်ညလဟာ ကမ္ဘာနဲ့အနီးဆုံးရောက်ရှိခဲ့ဘူး တဲ့နောက်ဆုံးအကြိမ်ဟာ ၁၉၉၃ ခုနှစ်ကဖြစ်ပါတယ်။

လနဲ့ပတ်သက်တဲ့ ပင်လယ်ရေနဲ့ဒီရေအဖွဲ့အစည်းတွေကတော့ supermoon ဖြစ်စဉ် နဲ့ မြေငလျင်ကြီးတွေလှုပ်ရှားမှု နဲ့ မီးတောင်ပါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်မှုတို့ဟာ ဆက်စပ်နေ တယ်လို့ ပြောဆိုမှုတွေရှိခဲ့ကြပေမယ့်၊ ကမ္ဘာတလွှားရှိ ပညာရှင်အသိုင်းအ၀ိုင်းကတော့ ဒီအဆိုအပေါ်မှာ လက်ခံပြီး ထောက်ခံပြောဆိုမှုမှရှိခဲ့ကြပါဘူုး။

လာမယ့်သြဂုတ်လ(၁၀)ရက်မှာကြုံတွေ့လာတော့မယ့် supermoon ဖြစ်စဉ်မှာ အများဆုံးကြုံတွေ့နိုင်တဲ့ ထူးခြားဖြစ်စဉ်ကတော့ (အမှန်ကတော့ သိပ်မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်ပါ) ဒီရေ (၇)ပေလောက် တက်လာနိုင်တယ်လို့ သက်ဆိုင်ရာက ခန့်မှန်းထားကြောင်းပါဗျာ။

လက်ရှိအချိန်မှာတော့ supermoon ဖြစ်စဉ်ကိုနောက်ဆုံးကြုံတွေ့ခဲ့ရတဲ့ အကြိမ်က (၂၀-၇-၂၀၁၄) နေ့ကဖြစ်ပြီး နောက်တစ်ကြိမ် အနီးကပ်ဆုံးကြုံတွေ့ရမယ့် အကြိမ်ကတော့ (၁၀-၈-၂၀၁၄)ရက်နေ့ ဖြစ်ပါတယ်။

8-8-2014
6:38 am

From: (ဒေါက်တာ ထွန်းလွင် - MCCW)

www.mmdailystar.com

တော်ဝင်နှင်းဆီမှာ ဒီနေ့ ပြတဲ့ The Open Sky အကြောင်း ...

အဲဒီကား မလေးမှာ တရားဝင်ပြရင် အဲဒီကမြန်မာတွေပိုအန္တရာယ်ရှိတယ်ဒီနေ့ နေ့လည် ၁ နာရီက တော်ဝင်နှင်းဆီမှာ The Open Sky ပြသွားပါတယ်။ ဒါပေမယ့် လူနည်းနည်းလေးဘဲ ကွက်ပြီး ဖိတ်ကြားသွားတယ်လို့သိရပါတယ်။ အဓိက က မီဒီယာတွေကို ပြချင်တာဖြစ်ပါလိမ့်မယ်။ မီဒီယာတွေတော်တော်များများကတော့ အဲဒီကားပြပြီးတာနဲ့ထပြန်သွားကြတယ်လို့ သိရပါတယ်။ အထူးသဖြင့် ပုံနှိပ်မီဒီယာတွေ(ဂျာနယ်)ပြန်သွားတယ်။ပြည်တွင်း ဧရာဝတီဂျာနယ်(တေဇပိုင်) နဲ့ ပေါ်ပြူလာ ဂျာနယ် အစောကြီးပြန်သွားတယ်။ ကမာရွတ်မီဒီယာ၊ ဧရာဝတီ မီဒီယာ(ပြည်ပအခြေစိုက်)၊DVB တို့ကျန်ခဲ့တယ်။ ဖိတ်ကြားခံရသူတွေအားလုံး နာရီပိုင်းသာကြိုသိကြပြီး The Open Sky ပြမယ်လို့မပြောထားဘူး၊ တချို့ကတော့ တစ်ရက်ကြိုသိတယ်လို့ကြားတယ်။

ဒါပေမယ့် The Open Sky ပြမှာတော့ မသိကြပါဘူး။ စင်မြင့်ပေါ်မှာ စကားဝိုင်းပါတာကိုလည်း
ကြိုမသိကြဘူးလို့ဆိုပါတယ်။ ဗုဒ္ဓဘာသာဆရာတော်တစ်ပါး၊အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ယောက်၊ ဗုဒ္ဓဘာသာခေါင်းဆောင် တစ်ယောက်၊ ၈၈ က မြအေး နဲ့ နေဘုန်းလတ်တို့ ဆွေးနွေးကြတယ်။ ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးထဲက လွဲပြီး ကျန် ၄ ယောက်က ဒီကားကို ယခုအချိန်မှာပြသသင့်တယ်လို့ ပြောကြတယ်၊ မွန်မွန်မြတ် နဲ့ မင်းထင်ကိုကိုကြီး၊ပဲ့တင်သံဂျာနယ်က မျိုးမြင့်ငြိမ်း၊မသီတာ(စမ်းချောင်း)တို့က သူတို့ပိုင်တဲ့ သူတွေကိုစင်ပေါ်တင်ပြီး ပြောခိုင်းတာ။

ဆရာတော်တစ်ပါးထဲ ဒီအချိန်မျိုးမှာမပြသသင့်သေးဘူးလို့ မှတ်ချက်ချတယ်။ ပြီးတော့ဆရာတော်က Documentary ဆိုတာ သတင်းအချက်အလက်မှန်ကန်ပြည့်စုံရမယ် လို့ပြောတယ်။ သံဃာတော်ဦးသောဘိတ ကို ဘာသာခြားတွေက ရက်စက်စွာ သတ်ဖြတ်လိုက်လို့ မြို့ခံလူထုက Emotion နဲ့တုန့်ပြန်ရာကနေ မိတ္ထီလာမြို့မှာနေသူအားလုံး ထိခိုက်ကြရတာဖြစ်လို့ အဓိက အကြောင်းရင်းဖြစ်တဲ့ ဦးသောဘိတ အသတ်ခံရတဲ့အကြောင်း(ကျန်ခဲ့တာဖြစ်စေ၊တမင်မထဲ့တာ ဖြစ်စေ)မပါတာတော့ မဖြစ်သင့်ဘူးလို့ပြောသွားတယ်။ စင်ပေါ်ဆွေးနွေးမှုပြီးတော့ တက်ရောက်လာသူတွေထဲကအချို့ကို သဘောထားမေးရာမှာ ဟိန္ဒူ ဘာသာဝင်တစ်ဦးက အဲဒီ မိတ္ထီလာပဋိပက္ခမှာ ထိခိုက်ဒုက္ခရောက်ကြတာ ဗုဒ္ဓဘာသာဝင် နဲ့ အစ္စလာမ်ဘာသာဝင် နှစ်မျိုးထဲမဟုတ်ဘဲ ခရစ်ယန်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်တဲ့အတွက် ရိုက်ကူးတင်ပြရာမှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြောင်းသာမတင်ပြဘဲ ကျန်ဘာသာဝင်တွေရဲ့ခံစားမှုတွေကိုပါ တင်ပြသင့်တယ်လို့ဆွေးနွေးသွားပါတယ်။

၁၉၈၈ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ခေါင်းဆောင် ကိုမြတ်စံ ကတော့ ဒီကားကို ခုလိုကာလမျိုးမှာအများပြည်သူကိုမပြသသင့်ဘူး၊ ပြသမှုကိုတားဆီးကန့်ကွက်သူတွေက ခုလိုပဋိပက္ခတွေ ဒီကားကြောင့် ထပ်မံဖြစ်ပွါးမှာကိုမလိုလား ကြလို့ပါ လို့ ပြောသွားခဲ့ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ မူလက ဝဇီယာရုံမှာပြသဖို့ လုပ်ထားတဲ့ မူရင်းကားကိုအနည်းငယ်ပြုပြင် ထားခြင်းပါဘဲ၊ အချို့အခန်းတွေဖြုတ်ထားပြီး အချို့အခန်းတွေက အသစ်ထပ်မံတည်းဖြတ်ထားတာ လို့ အဲဒီကားကိုရိုက်တဲ့ လူငယ်ဒါရိုက်တာ ၃ ဦးဆီကနေ သိရပါတယ်။

စက်တင်ဘာလထဲမှာ ကြယ်ရီလင်းဆစ် တို့အဖွဲ့ မလေးရှားနိုင်ငံကို သွားရောက်ကြမှာဖြစ်ပါတယ်။ အဲဒီမှာ ဒီကားကိုတရားဝင်ပြသနိုင်အောင် ခုလို မင်းထင်ကိုကိုကြီး နဲ့ မွန်မွန်မြတ်တို့က အားစမ်းကြည့် တာဖြစ်
တယ်လို့ ပြည်တွင်းမီဒီယာတွေကမှတ်ချက်ပြုကြပါတယ်။ ရိုးသားမှုမရှိတဲ့တစ်ချက်ကတော့ အဲဒီကားကိုပြသတဲ့အချိန်မှာ မီဒီယာသမားတွေကို ကင်မရာကိုင်ခွင့်၊ ရိုက်ကူးခွင့်၊ကင်မရာထောင်
ထားခွင့်တွေပါမပြုခဲ့ခြင်းဖြစ်ပါတယ်။

From:OE

www.mmdailystar.com

မြန်မာနိုင်ငံနှင့် ပတ်သက်၍ အမေရိကန်၏စိုးရိမ်ပူပန်မှုများအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ရှင်းလင်းသွားမည်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဩဂုတ် ၈ ရက်မှစတင်၍ နေပြည်တော်တွင် လက်ခံကျင်းပလျက်ရှိသည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွက် ဇူလိုင် ၃၀ ရက်က အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ် ၇၀ က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများသည် မြန်မာ အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သောကြောင့် မြန်မာနိုင်ငံအား ဖိအားပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တိုက်တွန်းတောင်းဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံ အပေါ် ထားသည့် နိုင်ငံခြားရေးမူဝါဒနှင့် အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ် ၇၀ ကျော်က တောင်းဆိုထားသည့် မြန်မာနိုင်ငံအပေါ် သဘောထားများနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အား ယနေ့မွန်းလွဲပိုင်းက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ (ပထမနေ့) အစည်းအဝေးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားများက မေးခွန်း ထုတ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် နိုင်ငံခြားရေး မူဝါဒသည် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒကို အသိအမှတ်ပြုလက်ခံပြီး အကူအညီပေးနေခြင်းအတွက် ကျေနပ်အားရမှု ရှိကြောင်း၊ အမေရိကန်ကွန်ဂရက် အတွင်းတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု သိရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်ဘက်မှ ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများ ပြေပျောက်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား ပကတိအခြေအနေမှန်များကို ရှင်းပြသွားမည်ဖြစ်ပြီး အမေရိကန်လွှတ်တော် အမတ်များ ထံမှ သိရှိလိုသည်များကိုလည်း မြန်မာနိုင်ငံအနေဖြင့် ရှင်းပြသွားရန် အသင့်ရှိ ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော်တို့အစိုးရ တာဝန်ယူခဲ့တဲ့ သုံးနှစ်တာကာလ အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အောင် မြင်မှုအများအပြား ရရှိခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ကလည်း ကြုံတွေ့နေရတဲ့ ပြဿနာအားလုံးကို သုံးနှစ်တာ အချိန်ကာလလေးနဲ့ အားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာကို တစ်ဖက်ကလည်း နားလည်ဖို့လိုပါတယ်။

အမေရိကန်လို နိုင်ငံမျိုးမှာလည်း လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြဿနာတွေ၊ အမေရိကန်တောင်ပိုင်းပြည်နယ် တွေမှာဆိုရင် ကလေးလုပ်သား ပြဿနာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေရဲ့ ဝေဖန်မှုတွေကို ခံနေရဆဲပါ။ ဒါကြောင့် မြန်မာအပေါ်မှာ ၁၉၄၈ မတိုင်ခင်ကတည်းက ရှိနေတဲ့ ပြဿနာ အားလုံးကို သုံးနှစ်တာ အတောအတွင်းမှာ တစ်ချိန်တည်းမှာ ဖြေရှင်းဖို့ တောင်းဆိုတာဟာ မျှတပါရဲ့လား။ ကွန်ဂရက်က လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အခြေ အနေမှန်ကို ပိုမိုနားလည် သင့်ပါတယ်။ ကျွန်တော်တို့အပေါ်ကို အပြစ်တင်မှုတွေ ပြုလုပ်နေမယ့်အစား ပြဿနာတွေကို ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတဲ့ အဖြေကို ပြည်သူတွေအတွက် ကူညီရှာဖွေပေးသင့်ပါတယ်” ဟု အမေရိကန် နိုင်ငံ၏ စိုးရိမ်နေမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆက်လက်ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီသည် ဩဂုတ် ၈ ရက် နံနက်ပိုင်းက နေပြည်တော်သို့ ရောက် ရှိလာပြီး အာဆီယံ အမေရိကန်ဝန်ကြီးအဆင့် အစည်းအဝေး၊ (၇)ကြိမ်မြောက် မဲခေါင်မြစ်အောက်ပိုင်း အစီအမံ ဝန်ကြီးအဆင့် အစည်းအဝေး၊ မဲခေါင်မြစ်အောက်ပိုင်း အစီအမံ၏ မိတ်ဆွေများ ဝန်ကြီးအဆင့် အစည်းအဝေး၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်၊ (၄)ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်မည်ဖြစ်သည်။
 
 
From:ME

www.mmdailystar.com

အလွဲလွဲအမှားမှား မြန်မာ မီဒီယာများ...

Myanmar Times ရေ.... ခင်ဗျားတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ပုံထဲက စစ်သားက KIA ကမဟုတ်ဘူး ဗျ။ မြန်မာ့တပ်မတော်သားစစ်စစ်။ ပုံထဲမှာ မြန်မာ့တပ်မတော်ထုတ်သေနတ်တွေ၊ တပ်မတော်ထုတ် ကျည်ကာခမောက်နဲ့ ကျည်ကာ အင်္ကျီကို လေ့လာထားမယ်ဆိုရင်သိနိုင်ပါတယ်။ 

အနွေးထည်ဂျာကင် ဝတ်ထားလို့သာ လက်မောင်းတံဆိပ်မမြင်ရတာပါ။ Media သမားတွေဖြစ်ပြီး မသိတဲ့ပြည်သူတွေကို မလိမ်ပါနဲ့ဗျ။ Myanmar Times ကို အဆင့်ရှိတဲ့ Media အဖြစ်သတ်မှတ်ထားတာ။ အခုတော့ ဘယ်လို ယုံကြည်ရမလဲ။

(Photo Credit - Myanmar Times အတွဲ ၃၅၊ အမှတ် ၆၈၄၊ (၈-၁၄၊၈၊၂၀၁၄))
 
From: Ye Naung Latt

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...