Wednesday, 13 August 2014

လိုချင်ပေမဲ့ ကလေးမရနိုင်သေးတဲ့ အမေးအဖြေများ(ကလေးလိုချင်သူ စုံတွဲများအတွက်)

ဆရာ ကျွန်တော်အမည့့်၊ အသက်က (၂၉)နှစ်၊ မန္တလေးတိုင်း၊့ မြို့နယ်မှာနေပါတယ်။ ကျွန်တော်ဇနီးကအသက် (၃၃)ပါ။ အိမ်ထောင်ကျတာ (၆)လရှိပါပြီ။ ကလေးမရသေးလို့ပါ။ ဘယ်ဆေးခန်းမှမပြရသေးပါဘူး။ ဆရာဆီမှာ အကြံဥာဏ်တောင်းတာပါ။ ကျွန်တော်တို့တားဆေးမသုံးပါဘူးဆရာ။ အဲ့ဒါ ဘယ်ဆေးသုံးရမလဲဆိုတာ ကျေးဇူးပြု၍ ပြောပေးပါဆရာ။

ကိုယ်ဝန်မရစေတဲ့ အကြောင်းတွေမှာ ၃ ပုံ ၁ ပုံက အမျိုးသား၊ နောက် ၃ ပုံ ၁ ပုံက အမျိုးသမီးနဲ့ ကျန် ၃ ပုံ ၁ ပုံက နှစ်ယောက်လုံးနဲ့ ဆိုင်တာ တွေ့ရတယ်။ ကလေးမရ ဖြစ်ကြရတဲ့ အဓိကအကြောင်းရပ် ၃ ခု ရှိတယ်။ ၈ဝ% စုံတွဲတွေမှာ တွေ့ရရမှာက -
၁။ အမျိုးသမီးက လစဉ် မျိုးဥထွက်တာ၊
၂။ အမျိုးသား သုက်ပိုး ပြဿနာ နဲ့
၃။ အမျိုးသမီး သားအိမ်ပြွန် ပြဿနာတွေ ဖြစ်တယ်။
၎။ ဒါတွေအပြင် သားအိမ်အဝ၊ မျိုးဥအိမ် နဲ့ ရောဂါပြီး-စနစ်တွေကိုပါ လေ့လာနေကြတယ်။

မျိုးဥထွက်ခြင်း
သန္ဓေရတာရဲ့အခြေခံဟာ မမျိုးဥနဲ့ ကျားသုက်ပိုး တွေ့ကြဘို့ ဖြစ်တယ်။ ကလေးမရနိုင်သေးသူတွေ အလွယ်ဆုံး စလုပ်နိုင်တာက မျိုးထွက်-မထွက်သိဘို့ဖြစ်တယ်။ အိမ်မှာတင်ကိုယ်တိုင်စမ်းနိုင်တယ်။ မျိုးဥထွက်စေတဲ့ဆေးကိုလဲ ဝယ်သောက်နိုင်သေးတယ်။ မျိုးဥဆိုတာ ရာသီလတလရဲ့ အလည်ရက်မှာ တလမှာ တခါ၊ တခါမှာ တဥသာ ထွက်တယ်။ ၂၈ ရက်တခါ ရာသီလာသူက ၁၄ ရက်၊ ၃ဝ ရက်တခါဆိုရင် ၁၅ ရက်မှာ ထွက်လိမ့်မယ်။ မျိုးဥထွက်မဲ့ ရက်ရဲ့ရှေ့ ၄-၆ ရက်မှာ အတူနေတာက ကိုယ်ဝန်ရဘို့ အဖြစ်နိုင်ဆုံးရက်တွေ ဖြစ်တယ်။ (စာသပ်သပ်ရေးထားပါတယ်။)

သုတေသနအရ တိတိကျကျ ပြောရရင် -
• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “အတူမနေသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “အတူနေသူ” တွေထဲက (ကွန်ဒွမ်) နည်း သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ အတူနေသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အတူနေနည်း
ကျားအင်္ဂါက (ဗဂျိုင်းနား) အတွင်းထဲ ရောက်နိုင်သမျှ ရောက်နေရင်း သုက်ထွက်စေတာ ကောင်းတယ်။ ဆက်ဆံပြီးတာနဲ့ မိနစ် ၁၅-၂ဝ ပက်လက် အနေအထား၊ တင်ပါး အောက်မှာ အခုအခံတခုတားပြီး ဆက်လှဲနေပါ။ ခြေထောက်ကိုလဲ ပက်လက်အနေအထားမှာ ခေါင်းဖက်ဆီ ထားနိုင်အောင် ပြုပြင်ထားပါ။ ဆက်ဆံနေတုံးမှာလဲ တင်ပါးအောက်မှာ အခုအခံ ထားသင့်တယ်။ ဒီနည်းကို သိပ်မထူးဘူးလို့ ပြောသူကတော့ ပြောပါတယ်။

ကိုယ်ဝန်ရစေဘို့ ဆက်ဆံနည်းလမ်းများ
• (ကွန်ဒွမ်) မသုံးပါနဲ့။
• စိတ်မလောပါနဲ့၊ စိတ်မစောပါနဲ့၊ အချိန်ယူပါ။
• လိင်စိတ်တိုးဆေးတွေ၊ အစာတွေကို အားမကိုးပါနဲ့။ လိင်စိတ်များတာ၊ သန်တာနဲ့တော့ ကလေးမရပါ။
• ကလေးရအောင် ရက်ရွေးပြီးသာ ဆက်ဆံတာလဲ အားမကိုးပါနဲ့ ပုံမှန် လင်-မယားတွေလိုသာ ပြုမူ-ဆက်ဆံပါ။
• မရရအောင် ခဏခဏဆက်ဆံမယ်လို့လဲ စိတ်မကူးပါနဲ့။ သုက်ပိုးနည်းနေသူဖြစ်နေရင် မကောင်းပါ။
• စိတ်နည်းပါစေ ရက်ကောင်းတယ်လို့ သတ်မှတ်ထားပြီးရင် ဆက်ဆံပါလေ။
• စိတ်တင်းအားတွေ လျှော့ချလိုက်ပါ။
• ဆက်ဆံတယ်ဆိုတာ တာဝန်အရလုပ်ရတာမျိုး မဖြစ်သင့်ပါ။ ပြင်ပြင်ဆင်ဆင် ကြိုတင်ဆောင်ရွက်စရာတွေလဲ လုပ်ဘို့ မမေ့ပါနဲ့။
• ချောမွေ့အရည်-ဆီ သုံးစရာလိုရင် Preseed ဆိုတဲ့ အမျိုးအစားကလွဲရင် မသုံးပါနဲ့။ သုက်ပိုးသတ်ဆေး ပါတတ်တယ်။
• မျိုးဥထွက်ချိန် ရက်တွေ ရွေးထားပါ။ အသုံးပြုတာက လက်တွေ့ကျပါတယ်။
• ဖြစ်နိုင်ရင် နှစယောက်လုံး ကျေနပ်အားရမှု ဖြစ်စေအောင်လဲ ကြိုးစားပါ။
• ဆက်ဆံတဲ့အနေအထား ရွေးတတ်ပါ။ မိန်းမ-အထက်ကနေနည်း နည်းလဲပါတယ်။
• သုက်ပိုးက ကျားအင်္ဂါကနေထွက်ပြီးနောက် ၄၈-၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ဒါ့ကြောင့် မျိုးဥထွက်တာနဲ့ အတိအကျ တွေ့စေရအောင် နေ့တိုင်း ဆက်ဆံနေသင့်တယ် ဆိုတာလဲ မဟုတ်ပါ။ ဒီရက်ကိုမှ မဆက်ဆံမိရင် မရနိုင်ဘူး ဆိုတာလဲ မမှန်ပါ။

သုက်ရည်ပြန်ထွက်ခြင်း
ဆက်ဆံပြီးချိန် သုက်ရည်အပြင်ထွက်တိုင်း ကလေးမရစေတဲ့ အကြောင်းမှန်လို့ အသေအခြာ မပြောနိုင်ပါ။ (ဗဂျိုင်းနား) အဝကနေထွက်တာတိုင်းလဲ သုက်ရည် ဟုတ်ချင်မှ ဟုတ်မယ်။ အမျိုးသမီးက ထွက်တဲ့ အရည်လဲ ဖြစ်နိုင်သေးတယ်။ ဆက်ဆံပြီးချိန် ထွက်တဲ့ အရည်မှာ ၅% သာ သုက်ရည်ဖြစ်ပြီး၊ ၉၅% က တခြားအရည် ဖြစ်တယ်။ ပိုတဲ့ ပုံမှန်သုက်ရည် လျှံထွက်တာလဲ ရှိနိုင်တယ်။ မကောင်းတဲ့-မလိုတဲ့ ခပ်ညံ့ညံ့တွေ၊ ခပ်လေးလေး သုက်တွေ ထွက်တာလို့ ပြောသူတွေက ပြောတယ်။ သန်စွမ်း-မြန်ဆန်တဲ့ သုက်တွေက အထဲကို ဝင်သွားတယ်တဲ့။ သုက်ရည်အပြင်ထွက်တဲ့စာ မဖတ်ရသေးရင် ဖတ်ပါ။ လိုက်နာပါ။

သားအိမ်အနေအထား
အမျိုးသမီးတယောက် ပက်လက်အိပ်နေတာကို ဘေးတိုက်ကြည့်ရင် မွေးလမ်းအဝကနေ အတွင်းထဲ ဆက်သွားတဲ့ ပြွန်လိုလမ်းကြောင်း (ဗဂျိုင်းနား) ဟာ အောက်ဖက်ဆီကို ဦးတည်နေတယ်။ (ဗဂျိုင်းနား) အဆုံးမှာ သားအိမ်ဝရှိတယ်။ သားအိမ်ဝနဲ့ တဆက်တည်းက သားအိမ်။ သားအိမ်လည်ပင်းပိုင်းနဲ့ ကိုယ်ထည်က တဖြောင့်တည်းမဟုတ်ဘဲ ဒေါင့်ချိုးရှိတယ်။ ပိုများများမှာတော့ AV ဒေါင့်ချိုးဟာ အထက်ဖက်ဆီ သွားကြတယ်။ (RV) သားအိမ်က နောက်ပြန် ဖြစ်နေတာနဲ့ ကလေးမရစေတာ မဟုတ်ပါ။ ၅ ယောက်မှာ ၁ ယောက်က အဲလိုဖြစ်နေကြတာပါ။ နှစ်မျိုးလုံးကနေ ကိုယ်ဝန် ရစေပါတယ်။ ကလေးရဘို့ခက်-မခက်ကို လေ့လာမှုတွေအရ RV နောက်ပြန်ဖြစ်နေသူတွေမှာ နည်းနိုင်တယ်လို့တော့ ဆိုပါတယ်။ ကလေးမရစေဘူးပြောတာ မဟုတ်ပါ။ ဆရာ့ဆေးခန်းလေး RV နဲ့လာမွေးသူတွေ မနည်းရှိပါတယ်။ AV ထဲကလဲ ကလေးမရနိုင်သေးသူတွေ တပုံတပင်ရှိတယ်။

RV ဖြစ်ဖြစ် AV ဖြစ်ဖြစ် အမျိုးသမီးဟာ ပက်လက်အနေအထားနေချိန်မယ် သုက်ရည်ကို ဗဂျိုင်းနားအဝ နေရာမှာသာ စွန့်ထုတ်တယ်ဆိုရင်တောင်မှ အောက်ဖက်ဆီကို ဆင်းဝင်စေနိုင်တယ်။ RV ဖြစ်နေသူ ပက်လက်အနေအထားမှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင်လဲ ဖိုနဲ့မ ဆွဲအားသဘောအရ အလွယ်တကူ ဝင်လာစေမယ်လို့လဲ ယူဆတယ်။ AV မှာ သုက်ရည်ကို ဗဂျိုင်းနားအတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင် ဖိုနဲ့မ ဆွဲအားသဘောအပြင် ကမ္ဘာဆွဲအား သဘောနဲ့ (ဂဲသြမေထရီ) သဘောတရားတွေအရ ပိုလို့တောင် လွယ်စရာအကြောင်း ရှိမယ်လို့ ယူဆနိုင်တယ်။ သုက်လွှတ်ချိန်မှာ RV ဖြစ်နေသူ အမျိုးသမီးရဲ့ တင်ပါးအောက်မှာ ခပ်နိမ့်နိမ့် အခုအခံလေး ထားပါ။ ခါးက တင်ပါးရဲ့ အောက်မှာရောက်နေပါစေ။ အတူနေခြင်း အဆုံးသတ်ပြီးချိန်မှာ ပက်လက် ဆက်နေပါ။ ဆေးကြောတာကို ချက်ချင်းမလုပ်ပါနဲ့။ စိတ်ထဲမှာ သန်စွမ်းလှတဲ့သုက်ပိုးတွေဟာ ကူးခတ်ပြီး အတွင်းထဲကို ဝင်နေကြတယ်လို့ ခိုင်မာတဲ့ စိတ်ကူးထားပေးပါ။

ဆေးစစ်ခြင်း
လိုအပ်လာရင်တော့ မျိုးပွါးအထူးကုဆရာဝန်ဆီသွားပါ။ ဒါတွေ လုပ်ပါလိမ့်မယ်။
1. ယောက်ျား-သုက်ပိုး စစ်ဆေးခြင်း၊
2. အမျိုးသမီးသွေးစစ်ခြင်း၊ ရာသီရက် ၃ မှာ FSH, LH, PRL and TSH လုပ်မယ်။
3. ရာသီရင် ၈ မှာ Hysterosalpingogram, X-ray of the uterus and tubes လုပ်မယ်။
4. ရာသီရက် ၁ဝ-၁၃ မှာ Vaginal ultrasound scan လုပ်မယ်။

တခြားနည်းတွေ
မရသေးရင် (IVF) ဆိုတဲ့ ခန္ဓာကိုယ်အပြင်မှာ မ-မျိုးဥနဲ့ ကျား-သုက်ပိုး ပေါင်းစပ်စေပြီး၊ သားအိမ်ထဲ ထည့်ပေးနည်း လုပ်ရတော့မယ်။ ဒီနည်းကို စပယ်ရှယ်လုပ်တဲ့ ဆေးရုံတွေက IVF လုပ်ဘို့ တခြားနိုင်ငံကနေလာရင် သူတို့ တိုင်းပြည်မှာ ရက် ၂ဝ ကြာနေရမယ်၊ ဆေးခန်းကို ၄-၇ ခါလာရမယ် ပြောတယ်။ (စာသပ်သပ်ရေးထားပါတယ်။)

အကြံပေးချက်
ဗီတာမင်တွေနဲ့ သဘာဝ သုက်ပိုးအားပေး အစာတွေ စားသုံးနိုင်ပါတယ်။ သွပ်ဓါတ်နဲ့ ဖေါလစ်အက်စစ်ပါအားဆေးက သုက်ပိုးအရည်အသွေးကို အထောက်အကူ ပြုစေတယ်။ (မာစတာဘေးရှင်း) နဲ့ ကလေးမရနိုင်တာ မဆိုင်ပါ။ ကလေးမရတာ မျိုးရိုးလိုက်တယ်လို့ထင်ခဲ့တာ မှားပါတယ်။ စိတ်တင်းအားများနေလို့ ကလေးမရဘူးဆိုတာလဲ မမှန်ပါ။ လိင်စိတ် သန်-မှန်နေယုံနဲ့ ကလေးရစေမယ်ဆိုတာ မမှန်ပါ။ လိင်စိတ် နည်းနေတာနဲ့လဲ မဆိုင်ပြန်ပါ။ စစ်တာဆေးတာတွေ အားလုံး ကောင်းနေပေမဲ့လဲ ရှင်းမပြနိုင်တဲ့ ကလေးမရနိုင်သေးတာ ရှိတယ်။ ကလေးမရသေးလို့ တယောက်ယောက်၊ နှစ်ယောက်လုံးကို အပြစ်တင်-ထင် မနေသင့်ပါ။ တရားစာရွတ်တာဟာ တိုက်ရိုက် အထောက်အကူ ပြုတာကို သက်သေမပြနိုင်ပေမဲ့ အပြုသဘောဆောင်တယ်ဆိုတာ ကောင်းပါတယ်။

 ဒေါက်တာတင့်ဆွေ
From: HIM

www.mmdailystar.com

ရှစ်တန်းကျောင်းသူလေးကို ဓားပြကာ အချစ်ဓားပြတိုက်တဲ့ ၁၀ တန်းကျောင်းသားနှင့် နောက်လိုက် ၂ ဦးကို ရဲစခန်းမှ အရေးယူပြီ

ကျောင်းမှပြန်လာသည့် ရှစ်တန်းကျောင်းသူတစ်ဦးအား ခလုပ်ဓါးဖွင့်ကာ ခြိမ်းခြောက်အဖြေတောင်းခဲ့သည့် (၁၀)တန်းကျောင်းသားနှင့်အပေါင်းအပါနှစ်ဦးကို မိဘများ၏တိုင်တန်းချက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဒူးယားရဲစခန်းမှ သြဂုတ်လ(၄)ရက်နေ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဇူလိုင်လ(၂၉)ရက်နေ့ညနေ(၄)နာရီအချိန်က ဟင်္သာတမြို့နယ်၊ကုက္ကိုလ်စုကျေးရွာနှင့် အုတ်ဖိုချောင်ကျေးရွာအ ကြားလမ်းမပေါ်၌ ကျောင်းမှပြန်လာသည့်ရှစ်တန်းကျောင်းသူကို ဒူးယားအထက်တန်းကျောင်းမှ(၁၀)တန်း ကျောင်းသားမောင်ဝေလင်းထက်နှင့် အပေါင်းအပါနှစ်ဦးတို့ နောက်မှလိုက်၍လက်ကိုဆွဲကာ ခလုပ်ဓါးဖွင့်၍ ခြိမ်းခြောက်အဖြေတောင်းခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတိုင်ကြားချက်အရသိရသည်။

ထိုသို့အဖြေတောင်းနေစဉ် ရှစ်တန်းကျောင်းသူ၏ဖခင်ဖြစ်သူမှ အခြားကျောင်းသား၊ကျောင်းသူများ ရန်ဖြစ် နေသည်အထင်ဖြင့် အနီးသို့သွားရောက်ကြည့်ရှု့ရာမှ ၄င်း၏သမီးဖြစ်သူအားနှောင့်ယှက်နေခြင်းဖြစ်ကြောင်း သိရှိရာမှတဆင့် ရဲစခန်းသို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။
“အခင်းဖြစ်ပြီး တစ်ပါတ်လောက်အကြာ (၄)ရက်နေ့မှာမှ ရဲစခန်းမှာအမှုလာဖွင့်တာပါ၊ ဆယ်တန်း ကျောင်းသားအပြင်၊ရှစ်တန်းကျောင်းသားတစ်ယောက်၊ ကြပ်ကလေးရွာမှာနေတဲ့အပြင်က လူငယ်တစ်ယောက် စုစုပေါင်းသုံးယောက်ကို ရဲစခန်းမှာ ထိန်းသိမ်းစစ်နေပါတယ်” ဟုဒူးယားနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါကိစ္စအား ဦးဌေးဝင်းမှ ဥပဒေနှင့်အညီအရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့် ဒူးယားနယ်မြေရဲစခန်းမှ (ပ)၂၁/၂၀၁၄ပြစ်မှုပုဒ်မ(၃၅၄၊၅၀၆၊၁၁၄)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

From: မျိုးမင်းထွန်း-ဧရာဝတီတိုင်း (မြစ်မခ)

www.mmdailystar.com

မိန်းကလေးများရဲ့ ပေါင် ၂ လုံးကြားကြည့်ပြီး မိန်းမ ပီသမှု ရှိ မရှိ စမ်းသပ်နည်း


ဒီစမ်းသပ်နည်းက ၂၀၁၃ မှာ အင်တာနက်မှာ ခေတ်စားခဲ့တဲ့ စမ်းသပ်နည်းဖြစ်ပါတယ်။ မနေ့က ဖြော်ပပေးခဲ့တဲ့ တရုတ်ပြည်မှာ ခေတ်စားနေတဲ့ရုပ်ချော၊မချော စမ်းသပ်နည်းကို ပြောရင်း သတိရသွားလို့ ဒီနေ့ မိန်းမ ပီသမှု ရှိမရှိ ဘယ်လို စမ်းသပ်ရမလဲ ကြည့်ရအောင်နော်။

အဲဒီစမ်းသပ်နည်းကိုတော့ Thigh Gap လို့ခေါ်ပါတယ်။ မြန်မာလိုတော့ ပေါင်တစ်ခုနဲ့ တစ်ခုကြားက အကွာအဝေးကို ကြည့်ပြီး စွဲဆောင်မှု ရှိမရှိ စမ်းသပ်နည်းလို့ ပြောရမှာပေါ့။ ပေါင်နှစ်လုံးကြား ကွာဟနေတာကို တိုင်းတာတဲ့။ ပုံမှာ ပြထားတဲ့အတိုင်း မတ်တတ်ရပ် ခြေဆန့်ပြီး၊ ဒူးချင်း ထိထားချိန်မှာ ပေါင်အတွင်း နှစ်ဖက်က ကွာဟနေတာကို ကြည့်ပါတယ်။ ပေါင်အတွင်းသားတွေ ထိနေရင် ဆွဲဆောင်မှုနည်းတယ်လို့ သတ်မှတ်ပြီး ကွာနေရင်တော့ Femininity မိန်းမပီသတယ်၊ Fragility ကွဲကျေလွယ်တယ်လို့ အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။

ပေါင်နှစ်ဖက်ကြားက အကွာအဝေးကျယ်လေ စွဲဆောင်မှု ရှိလေ၊ ကိုယ်လုံးလှလေ လို့ပြောကြပြီး သူမကို ချောတယ်၊ စွဲဆောင်နိုင်တဲ့ ကိုယ်လုံးရှိတယ်လို့ ပြောနိုင်ပါတယ်။ ပေါင်အတွင်းသားတွေ ထိနေရင်တော့ အဆီပိုတွေ ရှိနေပြီး ကြည့်မကောင်းဘူးလို့ ပြောနိုင်ပါတယ်။

အလှမယ် ပြိုင်ပွဲတွေမှာ ဘာကြောင့် ဘီကနီဝတ်ပြီး ပြိုင်ရလဲ လို့ ပြောရင် အခုပြောပြခဲ့တဲ့ Thigh Gap ကိုကြည့်ပြီး ဘယ်လောက် မိန်းမပီပီ စွဲဆောင်မှု ရှိမရှိ သိဖို့အတွက် ဖြစ်မယ်လို့ ယူဆမိပါတယ်။


From: World-Myanmar News

www.mmdailystar.com

၈၈ အကြောင်းကို ချရေးတိုင်း … အွန်လိုင်းမှာ အပြင်းအထန် ငြင်းကြခုန်ကြ … ဆဲကြဆိုကြ ဖြစ်ကြရပါတယ် …


၈၈ အကြောင်းကို ချရေးတိုင်း …
အွန်လိုင်းမှာ အပြင်းအထန် ငြင်းကြခုန်ကြ …
ဆဲကြဆိုကြ ဖြစ်ကြရပါတယ် …

ကောင်းပါပြီ …
ဒါဆိုလဲ အငြင်းပွားမယ့် ကိစ္စတွေကို ရှောင်ပြီး …
လက်ခံနိုင်လောက်တဲ့  ကိစ္စတွေ …
ပြန် ဆွေးနွေးကြည့်ရအောင်ပါ ….

ပထမဆုံး အချက်က …
၈၈ အရေးအခင်းမှာ ….
ဗကပလို မြေအောက်အဖွဲ့ အစည်းတွေ …
ပါဝင် ပတ်သက်မှု ရှိခဲ့တယ်ဆိုတာ …
လက်ခံပါသလား …..?

ဒုတိယ အချက် …
၈၈ အရေးအခင်းအတွင်းမှာ …
ကောလဟာလတွေ …
အမြောက်အများ ပြန့် နှံ့ ခဲ့ ...
ဖြန့် ဖြူးခဲ့ကြတယ် ဆိုတာကို …
လက်ခံပါသလား …. ?

တတိယ အချက် ….
၈၈ အရေးအခင်းအတွင်း တစ်ပြည်လုံးမှာ …
သပိတ် အဖွဲ့ အစည်းပေါင်းစုံ …
သမဂ္ဂပေါင်းစုံ ပေါ်ထွက်ခဲ့ပြီး …
အဲအဖွဲ့ တွေအားလုံးဟာ …
ကိုယ့်ဒေသ အလိုက် ….
ကိုယ်ထင်ရာ ကိုယ်လုပ် ခဲ့ ကြတယ်ဆိုတာကို …
လက်ခံပါသလား …..?

စတုတ္ထအချက် ….
ဒေါက်တာမောင်မောင် အစိုးရ ပြုတ်ကျသွားတဲ့ အချိန် …
တိုင်းပြည်ဟာ ခေတ္တမင်းမဲ့ တိုင်းပြည် ဖြစ်သွားခဲ့ပါတယ် …
တစ်မြို့ နဲ့ တစ်မြို့ ကူးသန်းဖို့ တောင်…
အတော်ခက်ခဲသွားပြီး …
လမ်းခရီးမှာ ဒုတ်ဓားလက်နက်ကိုင်ဆောင်ထားတဲ့  …
သပိတ်စခန်းတွေ အသီးသီးက …
ပိတ်ဆို့  စောင့်ကြပ်နေကြပြီ ဆိုတာ …
လက်ခံပါသလား ….?

ပဉ္စမအချက် …
ကူးသန်းရောင်းဝယ်ရေးတွေ ရပ်ဆိုင်းသွားလို့  …
ဆန်တစ်ပြည် ၃၅ ကျပ်ထိ ဖြစ်သွားပြီး …
လူအတော် များများ …
ဆန်ပြုတ် စသောက်လာရတဲ့  အခြေအနေအထိ …
ရောက်ရှိလာပြီ ဆိုတာကို လက်ခံပါသလား …?

ဆဋ္ဌမအချက် …
တစ်ပြည်လုံးမှာ ဥပဒေမဲ့ လုပ်ရပ်တွေ ….
အကြမ်းဖက်မှုတွေ …
အများအပြားဖြစ်ပွားလာပြီး …
အဲဒီကိစ္စတွေကို …
ဘယ် သမဂ္ဂ ၊ ဘယ်သပိတ်အဖွဲ့ အစည်းကမှ …
နိုင်နိုင်နင်းနင်း မထိန်းချုပ်နိုင်တော့ဘူးဆိုတာ …
လက်ခံပါသလား …. ?

သတ္တမ အချက် ….
တောတွင်း လက်နက်ကိုင် အဖွဲ့ တွေ နဲ့  …
ဗမာပြည် ကွန်မြူနစ် ပါတီက …
တပ်မတော် စခန်းတွေကို ….
တစ်ပြိုင်နက် ၀ိုင်းတိုက်နေပြီဆိုတာ ….
လက်ခံပါသလား…?

အဋ္ဌမ အချက် …
အစိုးရ ယန္တရား အားလုံးရပ်ဆိုင်းလုနီးပါး ဖြစ်သွားပြီး …
ကိုယ့်မြို့ လိုက် အတော်များများ …
သပိတ်ခေါင်းဆောင်တွေက …
အစိုးရ ယန္တရားတွေကို ၀င်ရောက်စွက်ဖက် …
အမိန့် ပေးလာကြပြီဆိုတာ …
လက်ခံပါသလား ….?

န၀မ အချက် …
အဲဒီအခြေအနေကို ပြန်တည်ငြိမ်အောင် …
အရပ်ဖက် ဘယ်အဖွဲ့ အစည်းကမှ …
ဘယ်နိုင်ငံရေးသမားကမှ …
မထိန်းချုပ်နိုင်တော့ဘူးဆိုတာ …
လက်ခံပါသလား ….?

ဒီအဓိက အချက် ၉ ချက်ကို ...
မဟုတ်ဘူး လက်မခံနိုင်ဘူး ဆိုရင်လဲ ...
ဘယ်လို မဟုတ်သလဲ ...
ဘယ်ဟာကို လက်မခံသလဲ ဆိုတာ ...
တိတိကျကျ လာ ရှင်းပြပေးစေချင်ပါကြောင်း ...... ။ ။

( ရဲမိုး )
From:Ye Moe

www.mmdailystar.com

ပီအာ ဟာ ထွက်ပေါက်တစ်ခုလား ????



ပီအာ စနစ်ကို …
ရွေးကောက်ပွဲတွင် အသုံးပြုရန် …
လွှတ်တော်တွင် အဆိုတင်သွင်းသည့်အခါ …
အတိုက်အခံ ဘက်မှ ကန့် ကွက်သံများ …
စီကနဲ ညံသွားပါသည် ….

အဘယ်ကြောင့် …
ဘယ်လိုကြောင့် …
ဒီလိုကြောင့် ….
စသဖြင့် အကိုးအကားများ ဝေေ၀ဆာဆာဖြင့် ….
ကန့် ကွက် တားမြစ်ကြပါသည် …

ကျွန်တော်ကတော့ စိတ်မ၀င်စားတော့ပါ …
ပီအာ စနစ် ၊ FPTP စနစ် စသည့် ကိစ္စများထက် …
နိုင်ငံရေးထွက်ပေါက် ရရှိဖို့ ကို သာ …
ပို စိတ်ဝင်စားပါသည် …

လက်ရှိ နိုင်ငံရေးအခြေအနေကြီးကိုလည်း ..
ကျွန်တော်တို့  ငြီးငွေ့ လွန်းလှပါပြီ ….
၁၉၈၈ နောက်ပိုင်းက စခဲ့သော …
အန်အယ်လ်ဒီ နှင့် တပ်မတော် အစိုးရတို့ ၏ …
စစ်အေးတိုက်ပွဲကြီးကိုလည်း …
စက်ဆုပ် မုန်းတီးလို့ လာနေပါပြီ ….

တစ်ဖက် နှင့် တစ်ဖက် …
အပြန်အလှန် တိုက်ခိုက်နေကြသော …
မပြီးဆုံးနိုင်သည့် …
တစ်ထောင့်တစ်ည နိုင်ငံရေး တိုက်ပွဲများသည် …
တိုင်းပြည်ကို မည်ကဲ့ သို့ အကျိုးပြုနိုင်ပါမည်နည်း ….

အရင်ကတော့ …
ကျွန်တော်တို့ မျှော်လင့်ခဲ့ဖူးသည်…
အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရင် …...????
ညီညွှတ်ရေးကို တည်ဆောက်နိုင်ရင် …....?????
စသဖြင့် အိပ်မက်များစွာ မက်ခဲ့ဖူးသည်…

ယခုကတော့ …
ဒီမိုး ဒီလေ ဒီလူတွေနှင့် …
ဒီ အိပ်မက်များမှာ …
ဆောင်းတွင်းအိပ်မက် ….
ကယောက်ကယက် အဆင့်ထက် မပိုတော့ပါ …

ယခု ပီအာ အသံ ကြားလာရသောအခါ ….
ပထမတော့ နည်းနည်း ခေါင်းထောင်ကြည့်မိပါသည်…
ခေါင်းထဲဝင်လာသည့် အတွေးက …
နောက်ထပ် နိုင်ငံရေးတိုက်ကွက်တစ်ခု ဟု …
ခပ်ပေါ့ပေါ့ ပင် တွေးလိုက်မိပါသည် ….

တစ်ခါ သေချာပြန်စဉ်းစားကြည့်ရင်း …
ခေါင်းထောင်ရုံ မဟုတ် …
ထထိုင်မိပါသည် ….
ပီအာဟာ ထွက်ပေါက်တစ်ခုများ ဖြစ်နေပါသလား ????
တင်းမာမှု လျော့ကျသွားမည့် …..
အခြေအနေတစ်ခုကို ရောက်ရှိသွားရန် ….
ပီအာက စွမ်းဆောင်နိုင်ပါသလား ….?????

သေချာပြန်သုံးသပ်ကြည့်တော့ …
ပီအာ စနစ်တွင် …
ကျွန်တော် သဘောကျသည့် အချက် နှစ်ချက်ရှိပါသည် …
ပထမအချက်က လူထု၏ ဆန္ဒအားလုံး …
လွှတ်တော်ထဲ ရောက်သွားသည့် အချက်ဖြစ်ပါသည် …

ပါတီတစ်ခုက …
မဲ ဆန္ဒနယ် အားလုံးတွင် အနိုင်ရသွားသဖြင့် …
လွှတ်တော်ထဲတွင် နေရာအားလုံး ယူလိုက်သည့် ကိစ္စ နှင့် …
မဲဆန္ဒနယ် အသီးသီးမှ …
ကိုယ် ရရှိသော မဲရာခိုင်နူန်း အလိုက် …
အချိုးကျ လွှတ်တော်ထဲတွင် နေရာယူရသော ကိစ္စ …
ဘယ်စနစ်က လူထု၏ ဆန္ဒကို ပို ကိုယ်စားပြုနိုင်သည်ကို ….
ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း …
တွေ့ မြင်နိုင်ပါသည် ….

ဒုတိယ အချက်ကတော့ …
ကျွန်တော့် အတွက် ပိုလို့ ပင် ....
သဘောကျစရာကောင်းပါသည် …
၂၀၁၅ တွင် …
အန်အယ်လ်ဒီ ၄၀ ရာခိုင်နူန်း …
အခြားပါတီများ ၂၀ ရာခိုင်နူန်း …
တိုင်းရင်းသားပါတီ ၁၅ ရာခိုင်နူန်း …
တပ်မတော် ၂၅ ရာခိုင်နူန်း …
စသည့် အနေအထားမျိုး ဖြစ်စေချင်ပါသည် ဟု …
အရင်ကတည်းက ပြောခဲ့ရေးခဲ့ ဖူးပါသည် …

ဒါပေမယ့် ကိုယ့်လူမျိုးတွေရဲ့  …
သူဖြူရင် ငါမည်း ဆိုသည့် …
ရယ်ဒီကယ် အစွဲများကြောင့် ….
ဖြစ်နိုင်ပါ့မလားလို့  ….
မယုံရဲရဲ သံသယလဲ ဖြစ်မိပါသည် …

ဒါပေမယ့် ပီအာ စနစ် အရ ဆိုရင်တော့ …
ဒီမျှော်လင့်ချက် ….
ဒီမဲ ရာခိုင်နူန်း ….
အများကြီး ဖြစ်နိုင်ချေ ရှိလာပါပြီ …

ကျွန်တော့်အမြင်မှာ …
အန်အယ်လ်ဒီ သည် အုပ်ချုပ်ရေး တာဝန်ကို မယူဖူးပါ ….
ပါတီ စထောင်ကတည်းက ….
တောက်လျှောက် တော်လှန်ရေးလုပ်လာရသဖြင့် …
ပြောလိုက်သောစကားများ အားလုံးက …
အစိုးရ ဆန့် ကျင်ရေး နှင့် …..
တော်လှန်ရေး အငွေ့ အသက် ဘယ်တော့မှ မစင် ….

ဟောပြောပွဲ များကို နားထောင်လိုက်တိုင်း...
ဟိုးယခင်က ခေတ်စားခဲ့သည် ...
" ဓနရှင် မှန်သမျှ တော်လှန်ရမည် " ဟူသော ...
ကွန်မြူနစ် ဇာတ်ပျက် မိန့် ခွန်းဆန်ဆန် လို ...
အမြဲ ခံစားရပါသည် ....

ဒီလိုကိစ္စတွေ ပျောက်ဖို့  …
အန်အယ်လ်ဒီကို အုပ်ချုပ်ရေးတာဝန်များ ….
ခွဲဝေပေးမှကို ရမည် ….

ကိုယ့်ပါတီက အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးမှာ …
အထိုက်အလျောက် တာဝန်ရှိလာရင် …
အန်အယ်လ်ဒီပါတီဝင်များရော …
ဒီမို အုပ်စုများပါ …
အစိုးရ လုပ်သမျှ ထိုင်ဆဲနေသည့် ယဉ်ကျေးမှု …
ဆက်ထွန်းကား ၍ မရတော့ ….

ဒါဆို တစ်ဖက် နှင့် တစ်ဖက် …
အပြန်အလှန် လက်ညိုးထိုး …
ဆော်ပလော်တီး နေကြသည့် ..
မြန်မာ့ စစ်အေးတိုက်ပွဲ ….
အရှိန် အတော်လျှော့ကျသွားမည် ….

ပြသနာက အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးတွင် …
အန်အယ်ဒီကို နေရာဘယ်လောက်ပေးမလဲ ….
ဟူသည့် မေးခွန်းဖြစ်သည်….

အန်အယ်လ်ဒီက အားလုံးလိုချင်သည် …
တစ်ဖက်ကလည်း လုံးဝ မပေးနိုင် …
အကန့် အသတ်နှင့်သာ ပေးလိုသည် …

ဒီလို စစ်အုပ်ချုပ်ရေး မုန်းတီးမှု နှင့် …
ကလဲ့ စား ချေလိုစိတ် အရှိန်မသေသေးသည့်ကာလမှာ …
အန်အယ်လ်ဒီ အာဏာအပြည့်အ၀ ရလာရင် …
အပြန်အလှန် ဆော်ကြနှက်ကြ နှင့် ….
တိုင်းပြည် မတည်မငြိမ်ဖြစ်မှာတော့ ….
အသေအချာဖြစ်သည် …

ဘာလို့ လဲဆိုတော့ …
အန်အယ်လ်ဒီ အဓိကထား တိုက်ခိုက်နေသည့် ..
အဖွဲ့ အစည်းကြီးများသည် …
အန်အယ်လ်ဒီ လုပ်သမျှ လည်စင်းခံနေရလောက်အောင် …
အင်အားသေးငယ်လှသူများ မဟုတ်သည့်အတွက် …
တန်ပြန် နိုင်ငံရေး ထိုးနှက်ချက်များကို ဖန်တီးပြီး ….
အစိုးရ အကျပ်အတည်း ဖြစ်အောင်…
ပြန်လည်တိုက်ခိုက်မည်မှာ သေချာသလောက်ဖြစ်သည် ….

ရှင်းနေအောင် ဥပမာပေးရလျှင် …
လက်ရှိ အခြေအနေအတိုင်း …
အစိုးရ နေရာတွင် အန်အယ်လ်ဒီ ရောက်လာကာ …
အတိုက်အခံနေရာတွင် ….
ပြည်ခိုင်ဖြိုး နှင့် သူ၏ မဟာမိတ် အဖွဲ့ များ ရောက်လာမည် ဖြစ်သည် …
တိုင်းပြည်ကတော့ ထုံးစံအတိုင်း …
အပြန်အလှန် နိုင်ငံရေး တိုက်ခိုက်မှု ၀ဲဂယက်များအတွင်း …
ထူးမခြားနားသာ ဖြစ်မည် ….

ဒါကြောင့် …
ယခု လက်ရှိအခြေအနေတွင် …
အစိုးရ နှင့် အတိုက်အခံ ရင်ကြားစေ့ရေးအတွက် …
အရေးအကြီးဆုံးမှာ ….
အာဏာကို ခွဲဝေရယူခြင်းဖြစ်သည် …
ပါတီတစ်ခုတည်းက ….
အာဏာကို လက်ဝါးကြီးအုပ်ထားခြင်းသည် ….
မဆုံးနိုင်သော နိုင်ငံရေး တိုက်ပွဲများကိုသာ ….
ဆက်လက် ဖြစ်ပေါ်စေလိမ့်မည် …

ပီအာစနစ်ကို ကျင့်သုံးရင်တော့ …
ဒီအခြေအနေက လွန်မြောက်သွားနိုင်သည် …
ပါတီအားလုံး လူထုထောက်ခံမှုအတိုင်း ....
အချိုးကျ နေရာရမှတော့ ...
ဘာမှ မကျေနပ်စရာမရှိ ....
ဒါကြောင့် ပီအာကို ထွက်ပေါက်လားဟု …
ကျွန်တော် စဉ်းစားလာရခြင်း ဖြစ်သည် ….

ပီအာကြောင့် ဖြစ်ပေါ်လာနိုင်သည့် ..
အခြား ပြသနာလေးများ ရှိကောင်းရှိနိုင်သော်လည်း …
အတိုက်အခံ နှင့် အစိုးရ ကြားမှ
ဘယ်လိုမှ စေ့စပ်မရသည့် …
၂၅ နှစ် စစ်အေးတိုက်ပွဲကြီးတော့ ပြီးဆုံးသွားနိုင်သည် …

တစ်မတ်သား ရှိနေလျှင် …
ပီအာကို လက်မခံနိုင်ဆိုသည့် သူများလဲ တွေ့ ရသည် …

တစ်မတ်သား ကိစ္စကတော့ …
အရင်ကတည်းက ပြောခဲ့ပြီးပါပြီ …

ပီအာဖြစ်ဖြစ် ၊ FPTP ဖြစ်ဖြစ် …
ဘုရင် စနစ်ပဲ ဖြစ်ဖြစ် …
ပြည်တွင်းစစ် အပြီးမသတ်သေး…
လက်နက်ကိုင်များအရေး မဆုံးသေးရင်တော့ …
တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ …
ကြိုက်ကြိုက် မကြိုက်ကြိုက် …
ဝင်ပါနေအုန်းမှာမို့  …
နဂို ပေးထားချက်တစ်ခု ဟုသာ …
သဘောထားစေချင် ပါသည် ….

Ps ။ လက်မခံနိုင်သော ….
တော်လှန်ရေးသမားများကိုလဲ မတားပါ ….
မိမိသဘောကျ ဆက်လက်တိုက်ပွဲဝင်…
တော်လှန်နိုင်ပါကြောင်း …..

( ရဲမိုး )
 
From:Ye Moe

www.mmdailystar.com

လူတန်းစားတိုက်ပွဲမှိုင်းတိုက်၍ “ဂ”ငယ်ကွေ့ ဖြစ်လာနိုင်

မြန်မာနိုင်ငံ၏ အပြောင်းအလဲများတွင် NLD နှင့် ၈၈ တို့ကြောင့် အဆိုးဘက်သို့ ဦးတည်ကာ ၂၀၁၅ မတိုင်မီ “ဂ”ငယ်ကွေ့ ကွေ့သွားနိုင်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်း တစ်ဦးက ခန့်မှန်းပြောကြားလိုက်သည်။

“အခုအချိန်က နိုင်ငံရေးဘက်ကို ကြည့်လိုက်ရင် တင်းမာတာတွေ အများကြီး ရှိနေတယ်။ ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း ကြည့်လိုက်ရင် NLD နဲ့ ၈၈ တွေက ဆူပူအုံကြွမှုတွေ ပြုလုပ်နိုင်ဖို့ မျိုးစေ့လေးတွေ ချထားတာ အညှောင့်လေးတွေ ထောင်နေပြီ။ လယ်သမားဘက်မှာရော၊ အလုပ်သမား ဘက်မှာရော။ ကျောင်းသားတွေဘက်မှာရော။ လူထုကို အခြေပြုထားတဲ့ အုံကြွမှုကို ပုံဖော်ထားတယ်။ ဒါက သိပ်ကြောက်စရာ ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ ဦးတည်ချက်က ပြည်သူ့အကျိုး မဟုတ်ဘူး။ ခု အနေအထားက ၈၈ နဲ့ မတူတော့ဘူး။ ၈၈ ဆိုတာက ကိုယ်တို့ ဗကပက သေသေချာချာ ဗျူဟာဆွဲပြီး ချခဲ့တာ။ မဆလပြုတ်ကျဖို့အဓိကပဲ။ အခု NLD နဲ့ ၈၈ ရဲ့ ဦးတည်ချက်ကို ကြည့်ရင် ဒေါ်စု သမ္မတ ဖြစ်ရေးတစ်ခုတည်းကိုပဲ တည်ထားတယ်။ လူထုအကျိုး မဟုတ်ဘူး။ ရှင်းရှင်း ပြောရရင် ဒေါ်စု သမ္မတ မဖြစ်ရင် ဒီနိုင်ငံ ဘာဖြစ်မလဲ။ သမ္မတ ဖြစ်ရင် ဘာဖြစ်မလဲ။ သေသေချာချာ စဉ်းစားကြည့်ဖို့ လိုတယ်။ သူ သမ္မတ ဖြစ်လည်း ချက်ချင်းကြီး ပဒေသာပင် ပေါက်လာမှာ မဟုတ်ဘူး။ သခင်စိုး ပြောထားတာက ကုန်ထုတ်သတ္တိကို မြှင့်တင်ပြီး လူတန်းစားကွာဟချက်ကို လျှော့ချဖို့။ သခင်သန်းထွန်းပြောတာက စနစ်ကို မြေလှန်ပစ်ဖို့ မတူဘူးနော်။ ကိုယ်တို့က သခင်စိုး အုပ်စုထဲမှာပါတယ်။ အစိုးရတစ်ရပ် လူထုကို ဦးတည်လာပြီ ဆိုရင် ပေါ်လစီကို ပြောင်းလဲလာအောင် ကစားလို့ ရတယ်။ အခု ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ အုပ်စုက ပေါ်လစီကို ဖွင့်ပေးထားတယ်။ ဒါကို ဒီမိုကရက်တွေ အကျိုးရှိရှိ သုံးနိုင်ဖို့ လိုတယ်” ဟု ဗကပဟောင်းတစ်ဦးက ပြောသည်။

“၈၈ မှာ ဒို့ လုပ်ခဲ့တာက ယူဂျီတွေ ကြိုပြီး ချိတ်ဆက်စုဆောင်းရတာ။ အခု NLD နဲ့ ၈၈ တွေက အိုဂျီတွေနဲ့ ချလို့ ရနေပြီ။ ဆိုလိုတာက မြေအောက်တော်လှန်ရေး လုပ်စရာ မလိုတော့ဘူး။ ဒါကို သူတို့က မြေပေါ်နိုင်ငံရေးကို မြေအောက်တော်လှန်ရေး အတွေးအခေါ်နဲ့ လုပ်နေကြတာ မြင်ရတော့ စိတ်ပျက်ဖို့ သိပ်ကောင်းတယ်။ အညမည ဆိုတာ အဲဒါကို ပြောတာ။ ပါတီတွေနဲ့ လူ့အဖွဲ့အစည်းကြားက အမှီသဟဲ ပြုမှုဆိုတာ ခေါင်းဆောင်တွေရဲ့ အတွေးအခေါ်ပေါ်မှာ မူတည်နေတယ်။ ခု မြင်ရတဲ့အတိုင်း ပြောရရင် လွှတ်တော်နိုင်ငံရေးနဲ့ မြေပေါ်နိုင်ငံရေးခေတ်ကြီးထဲမှာ မြေအောက်တော်လှန်ရေး သမားတွေ များနေတယ်။ ၈၈ တွေ နိုင်ငံရေးသဘောတရား ဘယ်လောက်ပြည့်ဝပြီလဲ။ ဒေါ်စုနဲ့ NLD ဘာတွေ လုပ်ပြခဲ့ပြီးပြီလဲ။ ၂၁ ရာစုမှာ ၈၈ အရေးအခင်းမျိုးကို အားသန်နေတာပဲ တွေ့ရတယ်။ NLD အမတ်တွေရဲ့ အရည်အချင်းက လွှတ်တော်ထဲမှ သိပ်သိသာတယ်။ ထိုးထွက်မလာဘူး။ တစ်ယောက်ပဲ ရှိရှိ နှစ်ယောက်ပဲရှိရှိ NLD ဆိုတာ ဒါမျိုးကွ ဆိုတဲ့ အမတ် မတွေ့ရဘူး။ ဒါက ဘာကို ဖော်ပြနေသလဲ ဆိုရင် တက်ကြွလှုပ်ရှားတာနဲ့ နိုင်ငံရေးနဲ့ မကွဲပြားဘူး။ NLD ရော ၈၈ ရော ဒီကနေ့အထိ နှစ်ပေါင်း ၂၀ ကျော်မှာ နိုင်ငံရေး ဆိုတာ မလုပ်ခဲ့ဖူးဘူး။ တက်ကြွလှုပ်ရှားတာတွေပဲ လုပ်လာခဲ့တာ။ အစိုးရကို ဆန့်ကျင်ပြတာ၊ ဆန့်ကျင်ရဲတာ၊ ဆန့်ကျင်နေတာ နိုင်ငံရေး မဟုတ်ဘူး။ NLD ရော ၈၈ ရော ဒါကို နားမလည်သေးဘူး” ဟု ၄င်းက ဆိုသည်။

“ဒီပုံအတိုင်း ဆိုရင် ၂၀၁၅ မတိုင်ခင် လူထုလမ်းပေါ်ထွက်တာတွေ လုပ်လာလိမ့်မယ်။ အခြေအနေအရ ဒေါ်စု သမ္မတ မဖြစ်နိုင်တော့ဘူး။ ဒါဆိုရင် ဘာလုပ်မလဲ။ ဒေါ်စုက စွန့်လွှတ်နိုင်မလား။ သူလည်း မဖြစ်ရင် မဟာအရှက်တော် ကွဲမယ်။ အရှက်ကွဲမခံနိုင်ရင် လူထုကို လမ်းပေါ်တင်ဖို့ပဲ လုပ်တော့မယ့် သဘော မြင်နေရတယ်။ ၈၈ ရော NLD ရော လမ်းပေါ်တင်ပြီးရင် ဘာဖြစ်လာမလဲ ခုထိ စဉ်းစားထားတာ မရှိသေးဘူး။ သူတို့ကို လမ်းပေါ်တင်ခဲ့တဲ့ ဒို့ ဗကပတွေတောင် ၈၈ မှာ အကြမ်းဖက်တာတွေ၊ မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ ဖြစ်လာတော့ ဘယ်လိုထိန်းရမှန်း မသိတော့ဘူး။ မထိန်းနိုင်တော့ဘူး။ အစက ဒေါ်စုကို တင်လိုက်ရင် ငြိမ်သွားမယ် ထင်တာ မရဘူး။ ခု အခြေအနေက ၈၈ ထက် ပိုပြီး ဆိုးနိုင်တယ်။ လူမျိုးရေး၊ ဘာသာရေး ထိပ်တိုက်တွေ့နေတာတွေက အကင်းမသေသေးဘူး။ ပြီးတော့ လူထုက အကြမ်းဖက်မှုတွေမှာ လက်ယဉ်သလိုမျိုးကို ဖြစ်နေတာ။ ဒီအချိန်မှာ NLD နဲ့ ၈၈ က လူထုကို လမ်းပေါ်တင်လိုက်ရင် တိုင်းပြည် ငါးပါးမှောက်သွားလိမ့်မယ်။ သေချာတယ်။ တစ်နိုင်ငံလုံး သွေးချောင်းစီးတော့မယ့် အနေအထားကို ရောက်လာနိုင်တယ်” ဟု ၄င်းက ပြောသည်။

“ဒါဆို ဘာဆက်ဖြစ်မလဲ ပြောရရင်တော့ စစ်တပ်က မဖြစ်မနေ ထိန်းရတော့မယ်။ ဒီတစ်ခါ ထိန်းပြီးရင် ထိုင်းပုံစံလိုမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒါမှ တကယ် “ဂ”ငယ်ကွေ့ ကွေ့သွားမှာ။ ဒီလို ဖြစ်လာရင် တရားခံက NLD နဲ့ ၈၈ ဖြစ်လာလိမ့်မယ်။ သူတို့ အမြင်ကျယ်ဖို့ လိုတယ်။ သူတို့ အမြင်ကျဉ်းပြီး ကိုယ်ကျိုးစီးပွား အလေးပေးရင် ကျိန်းသေပေါက် နောက်ကြောင်း ပြန်လှည့်တော့မယ်။ ဒါဆိုရင် စစ်တပ်က စဉ်းစားရတော့မယ်။ ဒီမိုကရေစီကို ခုလိုမျိုး လမ်းဖွင့်ပေးလိုက်တဲ့အခါမှာ သတ်ဖြတ်တာတွေ၊ အကြမ်းဖက်တာတွေ ဖြစ်လာတယ်။ ဒီတော့ ဒီလို ဖွင့်လို့တော့ မရတော့ဘူး။ ဘယ်ပုံစံသွားမလဲ ဆိုရင် ခု ထိုင်းသွားနေတဲ့ လမ်းကြောင်းကိုပဲ ပြန်သွားမှ ဆိုတာမျိုး ဖြစ်လာလိမ့်မယ်။ ထိုင်းနဲ့ မြန်မာက နိုင်ငံရေး ယဉ်ကျေးမှုချင်း တူတယ် လို့ ပြောလို့ရတယ်” ဟု ၄င်းက သုံးသပ်ပြောကြားသည်။

“၈၈ ထက်ပိုပြီး ကောင်းနေတာက တိုင်းရင်းသားတွေနဲ့ အပစ်ရပ်နိုင်ဖို့ လုပ်နေတာပဲ။ ဒို့တုန်းက လက်နက်ကိုင်တွေကို ချိတ်ဆက်ပြီး စည်းရုံးလို့ရတယ်။ ဒါ့ကြောင့် ဗိုလ်သိန်းစိန်က တိုင်းရင်းသားတွေကို စည်းရုံနေတာ ဖြစ်နိုင်တယ်။ တကယ်လည်း ငြိမ်းချမ်းရေး လိုချင်တာလည်း ပါလိမ့်မယ်။ ဗိုလ်သိန်းစိန်က အမျိုးသားညီလာခံကို တောက်လျှောက် တာဝန်ယူလာတော့ တိုင်းရင်းသားကိစ္စတွေ သိပ်ပြီး အလေးထားတာ တွေ့ရတယ်။ ခုချိန်ကတော့ ပြောရရင် အချိန်ကောင်းပဲ။ NLD နဲ့ ၈၈ မိုက်လုံးမကြီးဖို့ပဲ ဆုတောင်းရမယ်။ ဒို့နိုင်ငံက ကံဆိုးတယ် ပြောရမယ်။ နိုင်ငံရေးသမားတွေက ရင့်ကျက်မှု၊ အမြော်အမြင် ရှိမှု သိပ်နည်းတယ်။ အခု လူတန်းစား ပဋိပက္ခတွေကို သွေးထိုးနေတာ NLD နဲ့ ၈၈ ကအဖွဲ့တွေ။ ဒါမျိုးက မီးနဲ့ ကစားတာမျိုး ဖြစ်နေတယ်။ လူတန်းစား တိုက်ပွဲကို တော်ရုံတန်ရုံ အင်အားနဲ့ ဖန်တီးဖို့ မကြိုးစားလေနဲ့။ ဘယ်လိုမှ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်။ သူတို့ ဒါတွေကို နားမလည်ဘူး။ ဒို့တုန်းက လူတန်းစားတိုက်ပွဲကို ရှေ့တန်းတင်လို့ တိုင်းပြည် ပြည်တွင်းစစ်ထဲ ရောက်ခဲ့ရတယ်။ နှောင်းလူတွေ ဒါတွေကို သင်ခန်းစာ ယူဖို့ ကောင်းတ.်။ NLD နဲ့ ၈၈ တွေ ဂငယ်ကွေ့ မကွေ့ရအောင် ၀ိုင်းထိန်းမယ့် လူလည်း မရှိဘူး။ အနောက်အုပ်စုကတော့ မြှောက်ပင့်ပေးနေမှာပဲ။ ပြည်သူကိုပဲ အားကိုးရမယ်။ ပြည်သူတွေ အသိအမြင် ပွင့်လာအောင် ဖွင့်ပေးမှပဲ ရတော့မယ်။ လူထုကို လူတန်းစားတိုက်ပွဲမှိုင်းတိုက်ရင်တော့ အမှားကြီးမှားလိမ့်မယ်” ဟု ၄င်းက ပြောသည်။ 


From:ပြည်သူ့အာဏာ

www.mmdailystar.com

ယနေ့ ဖတ်စရာ Taxi မောင်းသူတစ်ဦးထံမှရတဲ့ အသိပညာတစ်ခု




တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာအသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေးတပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောင်ချာကို ဗလာစာအုပ်တစ်အုပ်မှာတွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာအစုံပါလာသဗျာ..

ဒါနဲ့စကားတွေစမိလိုက်ပါတယ်ပေါ့..
အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ်တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင်မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့မာတိကာထုတ်ထားပါတယ်။ တစ်နေ့ခြင်းစာရင်းသွားပါတယ်။
ဥပမာ-
ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံးပေးထားပါတယ်။
လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ ---- အနုတ်လေးလုံးပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + - တွေနဲ့မှတ်တမ်းရေးပါတယ်တဲ့။
ဗဟုသုတရစရာကတော့ မဖြစ်မနေကိစ္စအသုံးတွေကို + ပြပါတယ်။ အပိုသုံးအဖြုန်းတွေကို - ပြပါတယ်။ ညအိမ်ပြန်ရင် တစ်ရက်စာစာရင်းချုပ်လို့ အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး -- တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့ အနုတ်တွေကိုညီအောင် မသုံးပဲနေပါတယ်တဲ့။
အတန်းကတော့ ၇ တန်းပဲသင်ဖူးပါတယ်တဲ့ဗျာ။ စာ၇င်းထားတာနဲ့ တွက်တာ Account သမားတွေဆလံသရပါလိမ့်မယ်။
တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့တွက်ထားသဗျာ
၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ
- အ၀တ်ပွန်းခ ၅၀၀
- အသက်ရှင်ကြေး ၁၀၀၀
- အချိန်ကုန်ခ ၅၀၀၀
ဒီသုံးခုကို သီးသန့်ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ - တွေကိုအစားချေပါတယ်တဲ့
သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ်ပေါက်မိသွားပါတယ်။
ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ်အ၀တ်ပြန်ဝယ်ပါတယ်။ အဟောင်းကိုအပေါင်ဆိုင်ပို့ပြီးမရွေးပဲထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သ
လောက်မလွယ်သလို တန်ဖိုးလည်းမရလို့ပါတဲ့။ သူ့မှာအ၀တ်အား ၅ စုံထက်ပိုမထားပါတဲ့။
အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီးတစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့်အသက်ရှင်နေရလို့ပါတဲ့ဗျာ..
အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့်အချိန်အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။ ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ
ဒါဆိုမင်းတွက်တဲ့အထဲပါ Owner ကြေးမတွေ့ပါလားလို့မေးတော့
နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့..

အများကြီးပြောချင်ပါသေး၊ စာတစ်အုပ်ရေးလို့ရတယ်ဗျာ
အမှတ်တရ
From: သန်းထိုက်(ရွှေရိပ်)

www.mmdailystar.com

လမင်းကြီးကို အားနာလိုက်တာဗျာ

ငွေစန္ဒာ လရထားသို့ (August 10-11, 2014)
သြဂုတ်လ(၁၀)ရက်ည နဲ့ (၁၁)ရက် နံနက်ပိုင်းတွေမှာ Supermoon လမင်းကြီးရဲ့ အလှသဘင် ဆင်ယင်ပွဲကို အခုလိုအောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာကို ဂုဏ်ယူပါတယ်ဗျာ။ ကမ္ဘာ့နိုင်ငံ အသီးသီးက မိတ်ဆွေများနဲ့အတူ မြန်မာနိုင်ငံက ကျွန်တော်တို့ကလည်း ပါဝင်ဆင်နွဲခွင့် ရခဲ့တာကိုလည်း ဂုဏ်ယူလျက်ပါ။

ဂင်းနစ်စံချိန်ဝင်လောက်တယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်တွေက supermoon ကြီးဖြစ်လာခဲ့ရင် မြေငလျင်ကြီးတွေ လှုပ်တော့မယ်၊ ဆူနာမီရေလှိုင်းကြီးတွေဖြစ်မယ်၊ မုန်တိုင်းတွေ ၀င်တော့မယ် စတဲ့ကောလဟာလတွေက ကြီးထွား လာခဲ့လေတော့ အနယ်အနယ် အရပ်ရပ်က ကြောက်လန့်တကြား စိုးရိမ်တကြီးနဲ့ မေးလာသမျှ တွေကို ကျွန်တော့ပါးစပ်က "မဟုတ်ပါဘူး (No)" လို့ပြောရတဲ့ အကြိမ်ပေါင်းဟာ ဂင်းနစ်စံချိန် ၀င်လောက် တယ်ဗျ။

ငထွားကြီးခါးနာနေခဲ့ရပါတယ်။ ညီလေးကိုသတိရမိတယ်။
ကျွန်တော့ ညီအငယ်တစ်ဦးရှိခဲ့တယ်။ အခုတော့ ကွယ်လွန်ရှာပါပြီ။ ငယ်ငယ်က အလွန်ဆိုး ခဲ့တယ်ပေါ့။ငယ်ငယ်ကဆိုးတယ်ဆိုတော့ ကြီးတော့လည်း မလိမ္မာပါဘူး။ ငယ်ငယ်က အလွန်စွာ တယ်။ ခဏခဏလည်း ရန်ဖြစ်တယ်။ ရန်ဖြစ်တိုင်းလည်း ပြောလေ့ရှိတယ်။ "မိုက်ရင် ငါ့အစ်ကိုနဲ့ ချမလား" တဲ့။
အခုလည်းsupermoonအကြောင်းရှင်းရတာ၊ ပြောရတာ ကျွန်တော် ပါးစပ်က အမြုပ် ထွက်တော့မယ်။ ကျွန်တော်လည်းမစခဲ့ပါဘူး။ ဘယ်ညီလေးကများ အချစ်စမ်းသွားတယ် မသိပါဘူး။ ရှင်းလို့မပြီး၊ အစ်ကိုကြီးမှာတော့ ချလို့မပြီးနိုင်သေးပါဘူး။ ခက်တယ်ဗျာ။ အခုခေတ် တွေ့တွေ့ နေရတာတွေက
"မိုက်ရင်…ငါ့အစ်ကိုနဲ့ ချမလား"တို့၊ "ဆရာမရိုမသေ ကျွန်တော့ဖိနပ်လေး ဒီဖက်ရွှေ့လိုက် စမ်းပါ"တို့၊ "ဆရာနင်းမလား ကျွန်တော် ညောင်းမယ်လေ" တို့ စတာတွေကဘဲ များနေပါတယ်ဗျာ။

နမူနာပါဘဲရှင်။
ကမ္ဘာပေါ်မှာ ဘယ်နေရာက မြေငလျင်လှုပ်လှုပ်သိနိုင်တဲ့ဌာနတွေ ဥပမာ USGS, CEA, JEA ။ ကမ္ဘာပေါ်မှာ ဘယ်နေရာက ဆူနာမီဖြစ်ဖြစ် သိနိုင်တဲ့ဌာနတွေ ဥပမာ PTEWS, ITEWS, NASA, RIMES။ ဘယ်နေရာက မုန်တိုင်းဖြစ်ဖြစ်သိနိုင်တဲ့ဌာတွေ ဥပမာ။ JTWC, NOAA, NASA, CMA, JMA, IMD, TMD စတဲ့ ကမ္ဘာကြီးကို ခါးစောင်းတင်ပြီး လွှမ်းခြုံကြီးစိုးထားတဲ့ Network ကြီးတွေနဲ့ အလုပ်လုပ်နေကြတဲ့ဌာနကြီးတွေကရော..။
အခြားခြားသော ကမ္ဘာကြီးကို စောင့်ကြည့်နေတဲ့ ဌာနတွေကရော...။ ကမ္ဘာကြိးကို သတင်းတွေ မပြတ်ဖြန့်ဝေနေတဲ့သတင်းဌာနကြီးတွေကရော...။အားလု့း...အားလုံး...က supermoon နဲ့ပတ်သက် လို့ ဘယ်လိုဘေးအန္တရာယ်တွေ ရှိနိုင်တယ်ဆိုတာကို ဘယ်သူကမှ ဘာဆိုဘာမှ မပြောကြပါဘဲနဲ့ မြန်မာပြည် မှာသာ မြေငလျင်ကြီးလှုပ်မယ်၊ မုန်တိုင်းကြီးတွေဝင်မယ်၊ ရေလှိုင်း ကြီးတွေတက်မယ်၊ ဆူနာမီရေလှိုင်းကြီးတွေဖြစ်မယ်ဆြို့ပီး ကမ္ဘာကြီးပျက်မတတ် ထိန်းမနိုင် သိမ်းမရ၊ အုတ်အော် သောင်းနင်း၊ အုန်းအုန်းကြွက်ကြွက်၊ စီစီညံညံ ဖြစ်နေတာကတော့ "နမူနာပါဘဲရှင်" လို့သာ ပြောလိုက်ချင်ပါတော့တယ်....။ :

မိတ်ဆွေတစ်ယောက်ကတော့ ပြောဘူးတယ်။
တိုင်ပြည်တပြည်မှာ နတ်တွေ ဗေဒင်တွေ သိပ်အလုပ်ဖြစ်လာရင် အဲဒီတိုင်းပြည်က လူတွေဟာ တော်တော်ချွတ်ချုံ ကျလာလို့ဘဲတဲ့။

လမင်းကြီးကို အားနာလိုက်တာ။ အဲဒါ..မြန်မာပြည်
သြဂုတ်လ(၁၀)ရက်နေ့ညဟာ Supermoon Day ဖြစ်ပါတယ်။ နေ၊လ၊ကမ္ဘာ တို့ တစ်တန်းတည်းကျတဲ့ အနေအထားရောက်နေခဲ့တဲ့အပြင် လဟာကမ္ဘာနဲ့ အနီးဆုံး အကွာအဝေး ဖြစ်တဲ့ 221,765 miles (356,896 kilometers) အကွာကို ရောက်လာခဲ့ပါတယ်။ ပုံမှန်ထက် မိုင်(၃၀၀၀၀)လောက် ပိုနီးလာပါမယ်။ ဒီအချိန်မှာ လမင်းကြီးဟာ ပုံမှန်ထက် ၁၆% ပိုကြီးလာပြီး၊ ၃၀%ပိုတောက်ပလာမှာ ဖြစ်ပါတယ်။ အခြား supermoon ဖြစ်စဉ်တွေထက် August 10, 2014 မှာဖြစ်ပေါ်ခဲ့တဲ့ supermoon က လဟာ ကမ္ဘာနဲ့အနီးဆုံးဖြစ်လို့ ဒီ supermoon ကို extra-supermoon လို့တောင် ခေါ်ကြပါတယ်။ ဒီနေ့လမင်းကြီးရဲ့အလှပဆုံးအချိန်ကို လပြည့်ချိန် 18:10 UTC (00:40 MST ၁၁-၈-၂၀၁၄)ျမှာ တွေ့ကြရပါမယ်။ လမင်းကြီးဟာ အိန္ဒိယသမုဒ္ဒယာအပေါ်မှာ တည့်တည့် ကျရောက်နေ မှာဖြစ်ပြီး ဒီနေ့လို extra-supermoon မျိုးကို နောက်တစ်ကြိမ်အဖြစ် ၂၀၃၄ ခုနှစ် မှာမှ
တွေ့မြင်နိုင်ကြမှာ ဖြစ်ပါတယ်။
Supermoon ဖြစ်စဉ်နဲ့အတူ ပွဲထွက်လာမှာကတော့ Meteor Showers တွေပါဘဲ။ တစ်နာရီကို shooting stars 100 နှုန်းလောက်နဲ့ ကောင်းကင်ယံမှာ ပွဲဆင်ယင် ကျင်းပနေမယ့် အဲဒီညမှာ အကောင်းဆုံးတွေ့နိုင်တဲ့အချိန်ကတော့ နံနက်(၂)နာရီ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ၀ါသနာရှင်တွေ၊ လေ့လာသူတွေ၊ ပညာရှင်တွေ၊ အများပြည်သူတွေဟာ ဒီနေ့ညမှာ အဝေးကြည့်မှန်ပြောင်းတွေ၊ ဓါတ်ပုံရိုက် ကရိယာတွေနဲ့" ငွေစန္ဒာလရထား" ရဲ့အလှပြပွဲကို အမိအရ ရိုက်ယူကြည့်ရှုခဲ့ကြတယ်။

အဲဒီလို လမင်းကြီးက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဆီကို အနီးကပ်ဆုံးအကွာအဝေးအထိ ချဉ်းကပ်လာပြီး ကမ္ဘာသူကမ္ဘာသားတွေကို နှုတ်ဆက်နေတဲ့အခိုက် တကမ္ဘာလုံးက လူသားတွေ က သောင်းသောင်းဖြဖြ ကြိုဆိုနေကြတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံ မှာတော့ ပရိတ်တွေရွတ်ရ၊ အသံချဲ့စက်တွေနဲ့အော်ရ၊ လူတွေဟာလည်းမြေငလျင်တွေ လှုပ်တော့မယ်၊ ဆူနာမီတွေဖြစ်တော့မယ်၊မုန်တိုင်းတွေဝင်တော့မယ်နဲ့ကျီးလန့်စာစား ခြောက်ခြောက်ခြားခြားဖြစ်နေကြပြီးမကောင်းဆိုးဝါးတစ်ကောင်ကို တွေ့ကြရတော့မယ့်အလား ဖြစ်နေခဲ့ကြရတာကို မြင်ရလေတော့ ကျွန်တော်လေ

"လမင်းကြီးကို အားနာလိုက်တာဗျာ။"

From: မောင်ထွန်းလွင်(မိုးလေ၀သ)

www.mmdailystar.com

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုတွင် ပထမဆုံးရေငုပ်ရှာဖွေခဲ့သော ရေငုပ်သမား၏ ပြောဆိုချက်

ရန်ကုန်မြို့နှင့် မလှမ်းမကမ်း မြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ်ခဲ့သော နှစ်ပေါင်း ၄ဝဝ ခန့် ကြာမြင့်ပြီ ဖြစ်သည့် ဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို သြဂုတ် ၁ဝ ရက်တွင် ဒုတိယအကြိမ် ရေငုပ်သမား များဖြင့် ရှာဖွေလျက်ရှိရာ သာကေတ မြို့နယ် ရှုခင်းသာနှင့် အေးရှားပွိုင့် ဘိုးလင်းစင် တာဝင်း အနောက်ဘက်ကမ်း မှ လာရောက်ကြည့်ရှု လေ့လာသူ များပြားလျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးတွင် ဦးစံလင်းက ဦးဆောင်၍ ဆလုံ ရေငုပ်သမားများ၊ ကော့သောင်းမှ ရေငုပ်သမားများနှင့် တပ်မတော်မှ ရေငုပ်စစ်သည်များ အပါအဝင် စုစုပေါင်း လူအင်အား ၈ဝ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် ခေါင်းလောင်း ဆယ်ယူမည့် နေရာသည် မြစ်လယ်၌ ရှိပြီး သြဂုတ် ၁ဝ ရက်တွင် ပထမနေ့ အဖြစ် စတင်ကာ နံနက် ၁၁ နာရီခွဲတွင် မြစ်ရေတက်ပြီး ရေလည်ချိန် ၁၂ နာရီတွင် တစ်ကြိမ်၊ ရေပြည့်ချိန် ၂ နာရီတွင် တစ်ကြိမ် ငုပ်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ဒုတိယနေ့ အဖြစ် အဆိုပါ အချိန်ဇယား အတိုင်း ထပ်မံငုပ်ခဲ့ကြောင်း ထိုခေါင်းလောင်း ဆယ်ယူရေး စီမံကိန်းမှ သိရသည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ၁၉၈၈ ခုနှစ် မတိုင်မီ ပထမဆုံး ပုဂ္ဂလိက သီးသန့်တူးဖော်ခြင်း အဖြစ် ရှာဖွေခဲ့သော ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသနဌာနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန မြန်မာ့သမိုင်း အဖွဲ့မှ ပါမောက္ခ(ငြိမ်း) ဦးကျော်က ''ကျွန်တော်တို့အဖွဲ့က ၁၂ ဦး အဖွဲ့ဖြစ်ပြီး ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်းကြီး ရှိခဲ့တာလည်း မှန်ကန်ကြောင်း၊ မြစ်ဆုံမှာ နစ်မြုပ်ခဲ့ပြီး ဆယ်ယူမည့်သူ မရှိခဲ့တာလည်း မှန်ကန်တဲ့အတွက် ၁၉၅၂-၅၃ ခုနှစ်မှာ နိုင်ငံတော် အကြီးအကဲထံ တူးဖော်ရှာဖွေခွင့် စာတင်ပြီး ပထမဆုံး ဆယ်ယူရေး လုပ်ခဲ့ကြပါတယ်'' ဟု ပြောကြားသည်။

''အဲဒီဆယ်ယူရေးမှာ သုံးပတ်ကြာပြီး ရေအောက်မှာ သင်္ဘောပျက်လို တွေ့ခဲ့ရတယ်။ ''တစ်ရက်မှာတော့ သင်္ဘောပျက် တွေ့ခဲ့ပြီး ဘေးမှာ ဂျင်ပုံလို့ ထင်ရတဲ့ မြေဝါကျောက် စရစ်တွေ ဖုံးအုပ်နေတဲ့ အရာတစ်ခုကို နင်းမိ စမ်းမိကြောင်း ရေနောက်ကျိနေတဲ့ အတွက် ရှင်းရှင်းလင်းလင်းတော့ မတွေ့ရပါဟု ကျွန်တော်တို့ အဖွဲ့ရဲ့ ရေငုပ်သမား တစ်ဦး ပြောလာတဲ့ အတွက် သေချာသိရအောင် ကျွန်တော်ကိုယ်တိုင် ဆင်းပြီး ငုပ်ခဲ့ပါတယ်။ အဲဒီအခါ ရေအောက်မှာ ရေစီးသန်ပြီး ရေတွေက နောက်ကျိနေတော့ ကိုင်စရာမရှိတဲ့ အတွက် ထိုဂျင်ပုံသဏ္ဌာန် အဝိုင်းကို ကိုင်တွယ်စဉ် ချော်သွားပါက သူ့ရဲ့နံဘေးမှာရှိတဲ့ သင်္ဘောပျက်အတွင်း ကျသွားရင် ပြန်ထွက်ဖို့ မလွယ်ဘူး၊ အောက်ခြေအထိ ငုပ်ရန်လည်း မလွယ်ကူတာကြောင့် ပြန်တက်ခဲ့ပါတယ်'' ဟု ပြောသည်။

အဆိုပါ ရေငုပ်သမား၏ ထပ်မံပြောကြား ချက်အရ ရေငုပ်ခဲ့စဉ် ထွေထွေထူးထူးတွေ့ ကြုံခဲ့မှုမရှိဘဲ ခေါင်းလောင်းလို့ ယူဆရသော ဂျင်ပုံသဏ္ဌာန် အလုံးကြီးနှင့် စီဘီပျက် (သင်္ဘောပျက်) ရှိနေတာကတော့ အခိုင်အမာ ဖြစ်ကြောင်း ရွှေဆင်းတု ရုပ်ပွားတော်တွေနဲ့ ရတနာပစ္စည်းတွေ၊ အခြားခေါင်းလောင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကိုတော့ မတွေ့ခဲ့ရကြောင်း ဦးကျော်၏ ပြောကြားချက် များအရ သိရသည်။

နာဂစ်မုန်တိုင်း အပြီးတွင် ရန်ကုန်မြစ်ကြောင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် သင်္ဘောပျက်များ ရှာဖွေဆယ်ယူရေး၌ အမေရိကန် ခေတ်မီ သင်္ဘောများဖြင့် ဆယ်ယူခဲ့မှုများတွင် အဆိုပါ ခေါင်းလောင်းနှင့် ပတ်သက်၍ မည်သည့် အချက်အလက် တစ်စုံတစ်ရာမှ မတွေ့ရကြောင်း သိရသည်။ ရေငုပ်သမား ဦးကျော်တို့အဖွဲ့ ဆယ်ယူပြီးနောက် ထပ်မံ၍ အဖွဲ့(၁၂)ဖွဲ့ ဆယ်ယူခဲ့ပြီး ပြည်ပမှ အဖွဲ့(၃)ဖွဲ့ ပါဝင်ကြောင်း သိရသည်။ အစိုးရသစ် လက်ထက် ယခုနှစ်ဆန်းပိုင်းတွင် ကျိုက်ထီးဆောင်း ဆရာတော်ကြီးမှ ရှာဖွေခဲ့ပြီး ယခုအခါ ဦးစံလင်းမှ ထပ်မံရှာဖွေ ဆယ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသည်ဟု ယူဆရသော မြစ်ဆုံနေရာတွင် အင်္ဂလိပ် လက်ထက်၌ ပုစွန်တုပ်ကွေး ခေါင်းပိုင်း ပေါ်နေပြီ ဟူ၍ ပြောဆိုခဲ့ဖူးကြောင်း၊ အင်္ဂလိပ်နှင့် ရုရှားမှ သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းများဖြင့် ရှာဖွေ ထောက်လှမ်းခဲ့ရာတွင် သံထည်ပစ္စည်း ရှိကြောင်း သိရှိခဲ့ပြီး သင်္ဘောပျက်များ ရှိသည်ကိုလည်း လက်ခံကြောင်း၊ ပြည်ပ အကူအညီဖြင့် ခေါ်ယူကာ တူးဖော် မည်ဆိုလျှင် ငွေကြေးကုန်ကျမှု များပြားနိုင်ပြီး စင်ကာပူ ကုမ္ပဏီမှ အကုန်အကျခံ၍ တူးဖော် ရေး ကိစ္စအား ညှိနှိုင်းခဲ့ရာ တောင်းဆိုချက်များ များပြားသည့်အတွက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သမိုင်း သုတေသန၏ အစီအစဉ်ဖြင့်သာ ရှာဖွေလေ့လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

From:   မြ၀တီ

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်နေပြီ၊ Skynet ကလည်း တောက်လျှောက်မှတ်တမ်းတင်၊ လာကြည့်သူတွေ ထောင်ချီရှိ



ရန်ကုန် ။ ။ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်မှုဒုတိယ နေ့ဖြစ်သော သြဂုတ်လ ၁ဝရက် တွင် ယခင်နေ့က ထက်ပြည်သူအ များ စိတ်ဝင်တစားလာရောက်ကြည့် ရှုကြရာထောင်ချီအထိရှိပြီး၊ ခေါင်း လောင်းကြီးအပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကိုစတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့မှ သတင်း ပြန်ကြားရေး တာဝန်ခံဦးကြည်ဝင်း က ပထမနေ့ခေါင်းလောင်းဆယ်ယူ မှုအခြေအနေကို ပြောပြသည်။

ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ တွင်ပါဝင်သော ဦးဝင်းမြင့် (ရွှေ အုန်းပင်စားသောက်ဆိုင်)က ''ခေါင်း လောင်းတော်ကြီး ဆယ်ယူမှု လုပ်ငန်း ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ဦးတို့ဘာမှပြောလို့မရ ပါဘူး။စကိုင်းနက်ကတော့ တောက် လျှောက်မှတ်တမ်းတင်နေပါတယ်။
အစီအစဉ်အတိုင်း ဆက်လုပ်သွား မှာပါ'' ဟုပြောသည်။

ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းဒုတိယမြောက်နေ့တွင် ဆယ် ယူမှုကို စိတ်ဝင်တစားလာရောက် ကြည့်ရှု သူပေါင်းထောင်ဂဏန်း အထိ မြင့်တက်လာကာ ခေါင်းလောင်း တော်ဆယ်ယူမှုကို အနီးကပ်ကြည့်ရှု နိုင် သည့် အေးရှား ပွိုင့်ဘိုးလိန်း စင်တာဝင်းအတွင်းရှိ ကမ်းနားတွင် လာရောက်ကြည့်ရှုသူများမှာ တစ် ထောင်ကျော်ခန့်ရှိနေကာ အောင်ကံ တလူဘုန်းကြီးကျောင်းနှင့် တပ်ဦးဘုန်း ကြီးကျောင်း၏ကမ်းနားများတွင် လည်း ကြည့်ရှုသူ များနှင့်ပြည့်နှက် နေကြောင်း ခေါင်းလောင်း ဆယ်ယူ မှုကိုဒေါပုံမြို့နယ်မှလာရောက် ကြည့်ရှုသူ ကိုဝင်းနိုင်ကပြောသည်။

''လာကြည့်တဲ့သူတွေကတော့ များတယ်။ ဆယ်ယူမှုကတော့ဘာမှ မထူးခြားသေးဘူး။ ဘုန်းကြီးကျောင်း နှစ်ခုနဲ့ ဘိုးလိန်းဝင်းထဲ ကလူတွေ ပေါင်းရင် တစ်ထောင်ကျော်မကဘူး။ ပြန်သွားတဲ့သူတွေရှိလဲ လူကထပ်တိုး လာတာပဲရှိတယ်''ဟု ယင်းကဆက် လက်ပြောသည်။

ခေါင်းလောင်းဆယ်ယူမှုကို သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သန်လျင်မြို့နယ်တို့မှ အများဆုံး လာရောက်ကြည့်ရှုကြပြီး ရပ်နီးရပ် ဝေးမှလာရောက်ကြည့်ရှုသူများလည်း ရှိကြောင်းသိရသည်။

ခေါင်းလောင်းဆယ်ယူမှုကို ကြည့် ရှုရန်သွားရောက်လိုသူများ အတွက် ကမ်းနားမှ ဆယ်ယူမှု ပြုလုပ်ရာ အနီးကို တစ်ဦးလျှင် ငွေကျပ်တစ် ထောင်ခန့်ဖြင့် လိုက်လံပို့ဆောင်ပေး သောသမ္ဗန်ငယ်လေးများလည်းရှိ ကာ သွားရောက်သူ များပြားကြောင်း လည်း သိရသည်။

ခေါင်းလောင်းဆယ်ယူရာနေ ရာသည် မြစ်အလယ်တွင်ရှိနေကာ ယနေ့သြဂုတ်၁ဝရက်တွင် မြစ်ရေ မှာ ၁၂နာရီခန့်မှစတင် တက်လာပြီး ညနေ၄နာရီခန့်တွင် မြစ်ရေမှာအေးရှား ပွိုင့်ဘိုးလိန်းစင်တာဝင်း အတွင်း ပြည့်လျှံလာပြီးလာရောက်ကြည့်ရှု သူများမှာ ပိုမိုများပြားလာကြောင်းသိ ရသည်။

မြစ်ရေတက်လာသည်နှင့် ခေါင်းလောင်းဆယ်ယူမှုပြုလုပ်ရန် အထိုင်သင်္ဘောနှစ်စင်းမှ သမ္ဗန် နှစ်စင်းထွက်လာ ကာ ခေါင်းလောင်း ကြီး တည်ရှိရာဟုယူဆမှတ်သားထား သောနေရာသို့သွားရောက်က ခေါင်းလောင်း ဆယ်ယူမှု ကိုဆောင် ရွက်နေကြကြောင်း သိရသည်။

''ရေတက်ချိန်ဆို သမ္ဗန်နှစ်စင်း ထွက်လာတယ်။ ဒီနေ့က လပြည့်နေ့ လဲဖြစ်တော့ သူတို့ညအထိဆယ် မယ်လို့ထင်တယ်'' ဟုဒေါပုံမြို့နယ် မှ လာရောက်ကြည့်ရှုသူ ကိုလွင်ဦးက ပြောသည်။

ခေါင်းလောင်းတော်ကြီးတူး ဖော်မှုကို လူအင်အား ၈ဝခန့်နှင့် ဆောင်ရွက်နေပြီး ဦးစံလင်းကိုယ် တိုင် ရေငုပ်၍ကော့သောင်း မှရေ ငုပ် သမား၁ဝဦး၊ ဆလုံလူမျိုးများ၊ ရေတပ် နှင့်အနီးမှ ရေငုပ်သမားများပါပါ ဝင်ကြောင်း သိရသည်။

ခေါင်းလောင်းတော်ရှိနိုင်သော နေရာကို သြဂုတ်လ ၉ရက်က နှစ် ကြိမ်ခန့်ဆင်းပြီးကြောင်းနှင့် ပါဝင် သောလူအားလုံးမှာ ကိုးပါးသီလ ဆောက်တည်၍ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

''ခေါင်းလောင်းရပြီး ရွှေတိဂုံ ဘုရားပေါ်ပြန်ရောက်မယ်ဆိုတော့ စိတ်ထဲမှာအရမ်းရစေချင်တယ်'' ဟုသန်လျင်မြို့နယ် မှ ကိုအောင်မျိုး က ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးကို ဟံသာဝတီပြည့်ရှင်ဓမ္မစေတီ မင်းကြီးမှ ခရစ်နှစ်၁၄၇၆ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး ရန်ကုန်မြို့နှင့်မလှမ်း မကမ်းမြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ် နေသည်မှာ နှစ်ပေါင်း၎ဝဝခန့်ရှိပြီ ဖြစ်ကာ ဦးဆောင်ဆယ်ယူ သူဦးစံလင်း က ဆယ်ယူရရှိပါက ရွှေတိဂုံစေတီ တော်တွင် ပြန်လည်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။


From: Myanmar News Network

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...