Thursday, 14 August 2014

စစ်တပ်သတင်းပေးယောင်ဆောင်သည့် ကုလား.အား ဖော်ထုတ်ခြင်း


ဆေးရုံ အကြောင်းကို ...
ဆရာဝန်က အသိဆုံးပါ ...

ဆောက်လုပ်ရေးဆိုဒ် အကြောင်းကို ...
အင်ဂျီနီယာက အသိဆုံးပါ ...

ဒီလိုပါပဲ ....
တပ်မတော် အကြောင်းကို လဲ ...
စစ်သားက အသိဆုံးပါ ပဲ ....

ဗဟုသုတ ပြောပြပါမယ် ….
မှတ်ထားပါ ....

စစ်နည်းဗျူဟာတွေမှာ ....
အခြေချ နည်းဗျူဟာ နဲ့  ....
လှုပ်ရှား နည်းဗျူဟာ ဆိုပြီး နှစ်မျိုး ရှိပါတယ် ...

အခြေချ နည်းဗျူဟာတွေဟာ ...
နယ်မြေတွေမှာ အသေထိုင်ပြီး ....
ကွပ်ကဲရတဲ့  ဗျူဟာတွေ ဖြစ်ပါတယ် ...
တိုင်း စစ်ဋ္ဌာနချုပ် တွေမှာပဲ ရှိပါတယ် ...

ဥပမာ - အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လက်အောက်မှာ ...
မန်းလေးဗျူဟာ ၊ မကွေးဗျူဟာ နဲ့  ...
မိုးကုတ်ဗျူဟာ ဆိုပြီး အခြေချ ဗျူဟာ သုံးခုရှိပါတယ် ...
အဲဒီ နယ်မြေမှာ အမြဲတန်း အခြေချပြီး ...
ကွပ်ကဲနေရတဲ့ ဗျူဟာတွေဖြစ်လို့  ...
သတင်းပေး တွေ ရှိကောင်း ရှိနိုင်ပါတယ် ...
တကယ် လိုလဲ လိုအပ်ပါတယ် ….

ခြေမြန် တပ်မတစ်ခုမှာ တော့ ...
လှုပ်ရှား စစ်နည်းဗျူဟာ သုံးခု ပါရှိပါတယ် ...
နည်းဗျူဟာတစ်ခုမှာ ....
ခြေလျင်ခြေမြန် တပ်ရင်း သုံးရင်း ပါဝင်ပါတယ် ...
ဗျူဟာမှူးဟာ ဗိုလ်မှူးကြီး အဆင့်ဖြစ်ပါတယ်
အခြေချ နည်းဗျူဟာ လုံးဝ မပါရှိပါဘူး ...

ခြေမြန်တပ်မ တစ်ခုရဲ့  တာဝန်ဟာ ...
မြန်မာတစ်နိုင်ငံလုံးက မည်သည့်နေရာကို မဆို ...
အချိန်တို အတွင်း အလျှင်အမြန် ….
ချီတက်တိုက်ခိုက်နိုင်အောင် ဖွဲ့ စည်းထားတဲ့  ...
အပေါ့စား တပ်မတွေ ဖြစ်ပါတယ် ....

မြန်မာ့တပ်မတော်ရဲ့  ...
အဓိက တိုက်ခိုက်ရေးအင်အားစုဟာ ….
ဒီတပ်မတွေပဲ ဖြစ်ပါတယ် …
ခြေမြန်တပ်မ ဆိုတဲ့  စကားလုံးဟာ ...
အပျင်းပြေ ပေးထားတာ မဟုတ်ပါ ....

ခြေမြန်တပ်မ တစ်ခုက ....
နည်းဗျူဟာ တစ်ခုရဲ့ တာဝန်ဟာ ...
တပ်ရင်း သုံးရင်းကို ကွပ်ကဲတိုက်ပွဲဝင်ဖို့ ဖြစ်ပါတယ် ...

ဥပမာ - အခု လက်ရှိမှာကို ...
တပ်မ ၇၇ ဟာ ရှမ်းမြောက် မှာ ...
တာဝန်ကျ နေပါတယ် ....

နည်းဗျူဟာ ၇၇၁ က မုံးစီးဆိုရင် ...
နည်းဗျူဟာ ၇၇၂ က ဟိုပန် ...
နည်းဗျူဟာ ၇၇၃ က ချင်းရွှေဟော် ...
တပ်မ ဋ္ဌာနချုပ်က ကွမ်းလုံ ....
စသဖြင့် ဒီလို နေရာယူ ....
စစ်ဆင်ရေးလုပ်တာ ဖြစ်ပါတယ် ...

ဒီစစ်ဆင်ရေးမှာ ...
ရှမ်းမြောက်မှာ တာဝန်ကျပေမယ့် ….
နောက် စစ်ဆင်ရေးကျရင် …
ပဲခူးရိုးမကို ၀င်ချင်လဲ ၀င်ရမှာပါ ….

ခြေမြန်တပ်မ က နည်းဗျူဟာရုံးဆိုလို့  …
ကြီးကြီးကျယ်ကျယ် လျှောက်မတွေးပါနဲ့  ….
တစ်နာရီအတွင်း Faw ကား နှစ်စီးနဲ့  …
နောက်တစ်နေရာကို ရွေ့ ပြောင်းနေရာချနိုင်တဲ့  …
ရွေ့ လျား ကွပ်ကဲမှု ဌာနချုပ်တွေ ဖြစ်ပါတယ် …

အဲဒီ နည်းဗျူဟာတွေဟာ ….
တာမွေက ကုလားကို ....
အားအားယားယား ....
သတင်းပေး မွေးဖို့ နေနေသာသာ …
ဒီ တစ်ပတ် ရှမ်းမြောက် …
နောက်တစ်ပတ် ကချင် စသဖြင့် …
သူ့ ဖာသာသူတောင် ယားလို့ မကုပ်အားပါ ….

ဗျူဟာ သုံးခု ရှိတဲ့အတွက် ...
တပ်မ ၇၇ က နည်းဗျူဟာ ဆိုရင် ...
နည်းဗျူဟာ ၇၇၁ ၊ ၇၇၂ ၊ ၇၇၃ စသဖြင့် ဖွဲ့ စည်းပါတယ် ...

တပ်မ ၈၈ က နည်းဗျူဟာ ဆိုရင် ....
နဗဟ ၈၈၁ ၊ ၈၈၂ ၊ ၈၈၃ စသဖြင့် ...
ဖွဲ့ စည်းပါတယ် ...

တပ်မ ၇၇ က နည်းဗျူဟာဆိုတာနဲ့  ....
အမှတ် ၇၇ နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ လို့  ...
ထပြီး ကွန်ပြူတာ စာစီလိုက်ရင်တော့ ....
အလွဲကြီး လွဲသွားပါလိမ့်မယ် ....

နောက်တစ်ခါ ကဒ် အတုလုပ်ပြီး …
တပ်မတော် နဲ့  ပြည်သူကို သွေးခွဲသပ်ရှိုမယ် ဆိုရင်တော့ …
တပ်မတွေက ဗျူဟာတွေနဲ့  မလုပ်ပါနဲ့  ...
တစ်နှစ်မှာ ၈လလောက် ...
ရှေ့ တန်း ထွက်နေရတဲ့  ...
တပ်မ က လူတွေ ငိုချင်းချကုန်ပါလိမ့်မယ် ...

သေချာတတ်ကျွမ်း နားလည်တဲ့ သူနဲ့  ….
တိုင်ပင်ပြီးမှ လုပ်ပါလို့ ပဲ ပြောပါရစေ…
ဒီလောက်ပါပဲ ။ ။
 
 
From:Ye Moee

www.mmdailystar.com

၁၂ နှစ်အရွယ်သားနဲ့ လိင်ဆက်ဆံသူ မိခင် ထောင်ကျ

သူမရဲ့ အဖေါ်က အင်တာနက်ကင်မရာပေါ်ကနေ ညွှန်ကြားကြည့်ရှုနေချိန်မှာ ၁၂ နှစ်အရွယ်သားနဲ့ လိင်ဆက်ဆံခဲ့တဲ့ မိခင်တစ်ဦးထောင်ဒဏ်ကျခံခဲ့ရပါတယ်။

သူမရဲ့သားကို အိပ်ရာထဲ လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှုပြုလုပ်နေချိန်မှာ သူမက နားကြပ်ကို တပ်ဆင်ထားပြီး သူမရဲ့ချစ်သူက အင်တာနက်နဲ့ နိုင်ငံရပ်ခြား အဝေးတစ်နေရာကနေ ကြည့်ရှုနေတာဖြစ်ပါတယ်။

သူ့ကို မိခင်ဖြစ်သူက လိင်သင်ခန်းစာပေးနေချိန်မှာ သူ့အမေကို ဘယ်လိုလုပ်ရမလဲညွှန်ကြားနေတဲ့ အသံကို ကြားခဲ့ရတဲ့ကြောင်း အဲဒီ့ကောင်လေးက ရဲကိုပြောပြပါတယ်။

သူမရဲ့သားနှစ်ဦးထဲက သားကြီးဖြစ်သူကို အလွဲသုံးစားပြုလုပ်ဖူးကြောင်း အလွဲသုံးစားပြုလုပ်ခံရသူများကိုကူညီတဲ့ဌာနေ ရန်ပုံငွေအဖွဲ့အစည်းတစ်ခုကို အမှတ်တမဲ့ ပြောမိခဲ့တဲ့အတွက် ဒီပြစ်မှုအကြောင်း လူသိခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အဖျက်စွမ်းအားပြင်းတဲ့ ချစ်သူဟာ အခုအချိန်ထိ ဥပဒေပြင်ပမှာ လွတ်မြောက်နေသေးကြောင်း တရားရုံးကကြားသိရပါတယ်။

ကလေးရဲ့ကိုယ်ရေးကိုယ်တာကို ကာကွယ်တဲ့အနေနဲ့ အမည်မဖေါ်ထားတဲ့ အဲဒီ့အမျိုးသမီးကို Bristol Crown တရားရုံးကနေ ထောင်ဒဏ် သုံးနှစ်နဲ့ သုံးလကျခံစေခဲ့ပါတယ်။

တရားသူကြီး Michael Longman က ‘ခင်ဗျားသားပေါ်ခင်ဗျားရဲ့အပြုအမူက လူသား သဘာဝပင်ကိုယ်ဗီဇ၊ အခြေခံ ကာအိနြေ္ဒတို့နဲ့ဆန့်ကျင်နေခဲ့တယ်’ လို့သူမကိုပြောပါတယ်။

ဒီပြစ်မှုကျူးလွန်ခဲ့တဲ့အချိန်မှာ အဲဒီ့ကောင်လေးအသက်က ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်သာရှိသေးကြောင်း တရားရုံးကကြားနာခဲ့ပါတယ်။

တရားရုံးကြားနာမှုတစ်လျှောက် ငိုကြွေးနေခဲ့တဲ့ အဆိုပါမိခင်က သူမရဲ့သားနဲ့လိင်ဆက်ဆံမှုမှာ မပါဝင်ခဲ့ကြောင်း ငြင်းဆန်ပါတယ်။

သားနှစ်ဦးကိုတော့ လူမှုရေးအဖွဲ့အစည်းတွေက အုပ်ထိန်းခဲ့ပြီး အခုအခါမှာတော့ မွေးစားမိဘတွေနဲ့ နေထိုင်နေတယ်လို့ဆိုပါတယ်။

အဆိုပါ အင်တာနက်ကညွှန်ကြားသူဟာ နိုင်ငံရပ်ခြားမှာရှိနေဆဲဖြစ်ပြီး ရဲကတော့ သူ့ကိုဖမ်းဆီးစစ်ဆေးဖို့အတွက် အဲဒီ့နိုင်ငံရဲ့အာဏာပိုင်တွေဆီကနေ သတင်းရယူနေဆဲဖြစ်ပါတယ်။ တရားဥပဒေရေးရာအကြောင်းပြချက်တွေကြောင့် အဲဒီ့နိုင်ငံအမည်ကိုတော့ မပြောပါဘူး။

From: Trend Myanmar

www.mmdailystar.com

မော်ဒယ်ဖြစ်ချင်၍ ပြည့်တန်ဆာလုပ်တုန်းက ရခဲ့သည့် ကိုယ်ဝန်ကို ဖျက်ချခဲ့သည့် မိန်းကလေး ဝေဖန်ခံနေရ

အသက်(၂၃) နှစ် အရွယ်ရှိတဲ့ ဗြိတိန် နိုင်ငံ သူ ဂျိုဆီကန် နင်ဟမ် ဟာ မော်ဒယ် ဘ၀ ကို ရောက်ရှိ လို တာ မို့ လက်ရှိ ဆောင်ထားတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ စီစဉ် ခဲ့တာကြောင့် ဝေဖန် မှုတွေနဲ့ ရင်ဆိုင် နေရ တယ်လို့ သိရ ပါတယ်။ ကန်နင်ဟမ် ရဲ့ ကိုယ်ဝန်ဟာ (၁၈) ပတ်ရှိ သွား ခဲ့ပြီဖြစ် ပါတယ်။

 ဗြိတိန် နိုင်ငံမှာ ကိုယ်ဝန်(၂၄) ပတ် အထိ တရားဝင် ဖျက်ချ ခွင့် ရှိပါတယ်။ ကန်နင်ဟမ်ဟာ မော်ဒယ်ဘ၀ကို မကူးပြောင်း မီမှာ ပြည့်တန်ဆာ အဖြစ်နဲ့ အသက်မွေး ၀မ်း ကျောင်းပြုလုပ်ခဲ့ဖူးပါတယ်။ ကန်နင်ဟမ်ရဲ့ ကိုယ်ဝန်ဟာလည်း ဘယ်သူနဲ့ ရထားမှန်း မသိပါဘူး။ သူ့ဆီလာ နေတဲ့ ဘောလုံးသမား တစ်ဦး (သို့မဟုတ်) ဖောက်သည် တစ်ဦး ဆီ ကနေ ရရှိလာတဲ့ ကိုယ်ဝန်လို့ ယူဆရပါ တယ်။

 ကန်နင်ဟမ်ဟာ ကိုယ်ဝန်ဆောင်ပြီး တဲ့ နောက်ပိုင်းမှာ ဗြိတိန်ရဲ့ ရုပ်သံအစီအစဉ် တစ်ခု ဖြစ်တဲ့ Big Brother မှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဒီအစီ အစဉ် မှာ ပါဝင်နိုင်ဖို့ အတွက် ကန်နင်ဟမ်ဟာ သူဆောင်ထားတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။ ကန်နင်ဟမ်က သူ့အနေ နဲ့ ကျော်ကြားတဲ့ဘ၀ကို ရောက်လို တာမို့ ဒီလို ဆုံးဖြတ် လိုက်ရခြင်း ဖြစ်တယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျော်ကြားလိုစိတ် တစ်ခုတည်းကိုတွေးတောပြီး ကိုယ်ဝန်ကို အလွယ် တကူ ဖျက်ချခဲ့တဲ့ ကန်နင်ဟမ်ရဲ့ လုပ် ရပ်ကို အားလုံးက ၀ိုင်းဝန်းဝေဖန်ခဲ့ကြပါ တယ်။

From:  Messenger

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ရာဇဝင်အကျဉ်း

ဓမ္မစေတီခေါင်းလောင်းကြီး (အဖိုးမဖြတ်နိုင်သော ဆုံးရှုံးနေသော အမွေကို ) ဓမ္မစေတီခေါင်း လောင်းကြီးမှာကမ္ဘာပေါ် တွင် အကြီးဆုံးသော ခေါင်းလောင်းတော်ကြီး ဖြစ်ပြီး ၁၄ ရာစုတွင် မွန်ဘုရင် ဓမ္မစေတီမင်းမှရွှေတိဂုံ ဘုရားသို့ သွန်းလုပ် လှူဒါန်း ခဲ့သည်။

၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာမှ ခေါင်းလောင်းကြီးကို ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ အဓမ္မ ယူငင် သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြို့နှင့် သံလျှင်မြို့အကြား မြစ်သုံးခု ဆုံရာ နေရာတွင် နစ်မြုပ် သွားခဲ့သည်။ ၎င်းခေါင်လောင်းတော်ကြီးမှာ ယခု ထက်တိုင် မြစ်အောက်တွင် နစ်မြုပ်နေဆဲ ဖြစ်ပြီး ဆယ်ယူရန် ကြိုးပမ်းမှုများမှာ အောင်မြင်ခြင်း မရှိသေးပေ။

သမိုင်းကြောင်းမြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်းသည် ဟံသာဝတီ (ယခုပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀-ခု တွင် လူဦးရေ စစ်တမ်းကောက်ယူ ခဲ့သည်။ သို့သော် သူ့ခန့်အပ်ထားခဲ့သော ဥပိုက်၊ သမန္တရာဇ်၊ တုရင်းရာဇာ ၊ စွန္တရာဇ်အမတ် ၄ ယောက်တို့သည် အိမ်ထောင်စု စာရင်းသာ မကပဲ အခွန်ပါ ကောက်ယူ ခဲ့ကြရာ ကြေးနီ ပိဿချိန် ၁၈၀ဝဝဝ ရရှိသည်။ ဓမ္မစေတီ မင်းအား ဆက်သသော အခါတွင် ဘုရင်က စိတ်ဆိုးပြီး ၎င်းကြေးများကို ပြည်သူတို့ထံ ပြန်လည် ပေးအပ်စေသည်။
ပြည်သူတို့က ဘုရင်အား သူတို့ပြန်မယူလိုဘဲ သင့်တော်ရာ ကောင်းမှုပြုရန် ဘုရင်အား ပြောသဖြင့် အမတ်ကြီး ဗညားအိန်အား ခေါင်းလောင်း အဖြစ် သွန်းစေခဲ့သည်။

ပဲခူးမြို့ရွှေမော်ဓောဘုရား၏ ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်တွင် ၁၄၈၄ ခုဖေဖော်ဝါရီလ၅ရက်နေ့(မြန်မာသက္ကရာဇ် ၈၅၁-ခုနှစ်၊တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့) တွင် စတင်၍ ပွဲသဘင် ကျင်းပ၍ သွန်းလောင်း ခဲ့သည်။ အခါပေးခဲ့သော ဆရာတို့မှာ ဇေယျာဗာဟု၊ ရာဇာဗာဟု၊ ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သံဃရာဇာဆရာတို့ ဖြစ်သည်။

လောကညဏပဏ္ဏိတ် အမတ်က ခေါင်းလောင်းသွန်းလောင်းသော အချိန်မှာ မိချောင်း နက္ခတ် ဖြစ်သဖြင့် အသံကောင်းစွာ မမြည်နိုင်ဟု ဟောကြား ခဲ့သည်။ ဘုရင်ကဟောကြားချက် မမှန်လျှင် ဆွေခုနှစ်ဆက် မျိုးခုနစ်ဆက် အပြစ်ပေးမည်။ ဟောကြားချက် မှန်လျှင် သူကောင်းပြုမည်ဟု ပြောကြား ခဲ့သည်။ ခေါင်းလောင်းကြီး ပြီးသော အခါတွင် အသံမမည်သောကြောင့် လောကညဏပဏ္ဏိတ် အမတ်အားရာ ဇပရောဟိတဘွဲ့ချီးမြင့် ခဲ့သည်။

ခေါင်းလောင်း၏ ပုံသဏ္ဌာန်ခေါင်းလောင်းကြီးမှာ စောက် (၁၂) တောင်အဝ (၇) တောင်ရှိသည်။ ခေါင်းလောင်းကြီး၏ အလယ်ဖောင်းရစ်တွင် နှစ်ကျိပ်ရှစ်ဆူပါသော ဖောင်းကြွ ဘုရား (၂၈) ဆူပါပြီး ၎င်း၏ အပေါ်ဖက်တွင် အတွဲ တစ်တွဲလျှင် ကျောက်သံ ပတ္တမြား (၄၅) လုံး ပါရှိသော အတွဲ (၄၅) တွဲ၊အတန်း (၂) တန်းပါရှိသဖြင့် (၄၅လုံးx ၄၅တွဲx ၂တန်း) စုစုပေါင်း ကျောက်သံ ပတ္တမြားပေါင်း ၄၀၅၀ လုံး ပါရှိသည်။ ယခု လက်ရှိ အခြေအနေတွင် ခေါင်းလောင်းကြီး၏ ကွင်းမှာ အနည်းငယ် ကွဲအက်လျှက် ရှိပြီး ကျောက်သံ ပတ္တမြား ဒုတိယတွဲမှာ အနည်းငယ် ပြုတ်လျှက် ရှိသည်။

လှူဒါန်း
ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို သွန်းလောင်းပြီးသော အခါတွင် ရွှေလှေ ရွှေလှောင်း ရွှေဖောင်တို့ဖြင့် တင်ဆောင် လာပြီး မြန်မာ သက္ကရာဇ် ၈၅၂ ခုနှစ် ကဆုန်လဆန်း ၃ ရက်နေ့တွင် ဒဂုံ (ယခုရန်ကုန်) ရှိရွှေတိဂုံ စေတီတော်သို့ မတင် လှူဒါန်းခဲ့ရာ ကဆုန်လဆန်း ၉ ရက်နေ့တွင် ပြီးစီး၍ ကဆုန်လဆန်း ၁၁ ရက်တွင် ရေစက်ချ လှူဒါန်းခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ၅၀ဝ ပိဿာ ရှိခေါင်းလောင်း အသေးလည်း သွန်းလောင်း လှူတန်း ခဲ့သည်ဟု ဆိုသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး သည် ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်တွင် ၁၂၃ နှစ် တိတိ တည်ရှိခဲ့သည်။

နိုင်ငံခြားသားများ ရောက်ရှိခြင်း
နောင်နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီ ကျောက်ကုန်သည် ဂစပါရို ဘယ်ဘီသည်ရွှေတိဂုံ ဘုရားသို့ ရောက်ရှိခဲ့ပြီး ရွှေတိဂုံ ဘုရားကို အသေးစိတ် မှတ်တမ်း တင်ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ်တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့် အလွန်ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာ အားဖြင့် ခြောက်လှမ်းနှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံး တစ်ခုနှင့် တစ်ခု ပူးကပ်နေသော စာများ အပြည့်ရေးထားပြီး ဖက်ရမည် ပုံမပေါ်ပေ။"

၁၅၃၀ ခုတွင်မွန် ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅ ခုတွင် အောက်ပြည်သည် အထက် ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပ ကုန်သည်နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည်သို့ရောက်လာကြသည်။ ၁၅၉၀ ခုနှစ်များတွင် ပေါ်တူဂီ လူမျိုး စွန့်စား ရှာဖွေသူ ဖီလစ်ဒီ ဘရုတ်တိုရ နီကုတ်အား စီရမ် (သန်လျင်) တွင် အောက်မြန်မာပြည် အုပ်ချုပ်သူများက ကုန်သွယ်ရုံး ဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀ဝ ခုတွင် သူ၏ ဩဇာမှာ မြစ်ကြောင်း တစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံအထိရောက်သည်။

ဆယ်ယူရန် ကြိုးပမ်းမှုများ
ရန်ကုန်ရှိ သမိုင်း အထောက်အထားများ အရ ၁၈၀ဝ ခုတွင် ခေါင်းလောင်းကြီး ကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှ တပါး ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိခြေ။ ယခု ခေတ်လူကြီးများပင် ၄င်းဝဲ ကတော့ ကိုမျက်မြင် ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ ၄၀ သာ ရှိပြီး ရေအောက် ရွှံ့နွန်းများမှာ နောက်ထက်ပေ ၄၀ လောက် ရှိမည် ဖြစ်ပြီး ၄င်းရွှံ့ညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဘိုးတော် ဘုရားခေါင်းလောင်း ခေါ် ခေါင်းလောင်း အသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆ ခုတွင်ရွှေတိဂုံ စေတီတော်မှ ချကာ မြစ်ထဲ ကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူ ခဲ့ပြီး စေတီတော် ထက်သို့ ပြန်ပို့ခဲ့သည်။

ဗြိတိသျှတို့ ကြိုးပမ်းမှု
ဗြိတိသျှတို့ ခေါင်းလောင်းကြီးအား ဆယ်ယူရန် ကြိုးပမ်းရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလ တည်ရှိရာ စေတီတော် သို့ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှ တို့လည်း မစဉ်းစားပဲ ခေါင်းညိတ် ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက် ရှိသည်။ ရေငုတ် သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်း သယ်ယူ ထဲ့ပြီး စုပေါင်း တွဲချည်ကာ ရေပေါ်ပေါ်စေသည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေး ရစေခဲ့သည်။

မြန်မာ အစိုးရသည်အင်္ဂလိပ် ရေငုတ်၊ဇီဝ၊ရှေးဟောင်းနှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher) အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည် ပို့ဆောင်ရန် အကူအညီ ရယူ ခဲ့ပါသည်။ ဂျပန် ၊ဩစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၄င်းလုပ်ငန်းကို ဟက်ခြာက သဘော တူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ်ဂရီက အားတက် သရော ပါဝင်၍ ရံပုံငွေ ရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည် ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယ ရှိစရာမလိုပါ။ ဂျာမန် ရုပ်ရှင် ကုမ္ပဏီ တစ်ခု ကလည်း ၄င်းစွန့်စားခန်းကို ရုပ်ရှင် ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒါဟာ ခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ" ဟုဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည် ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ကံပြန်လည် ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သော မင်းနှင့်သူ၏ ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည် ရရှိကြမှာ သေချာပါသည်။ ထို့အပြင် ၄င်းခေါင်းလောင်းတွင် ရေးထိုးထားသော စာများက သမိုင်းနှင့် ဘာသာ စကား ပညာရှင်တို့ အတွက် အဖိုး မဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။

ဦးစံလင်း ဦးဆောင်သော အဖွဲ့မှ အကြိမ်ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။ ပထမအကြိမ်မှာ ၁၉၉၇ ခုနှစ် ဩဂုတ်လ ၁၀ ရက်မှ ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အထိ၃၂ရက်ကြာခဲ့သည်။ ရေငုပ်သမား အခက်အခဲကြောင့် ပထမ အကြိမ် ဆယ်ယူခြင်းကို လက်လျှော့ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင်လ၂၆ ရက်နေ့တွင် သောင်တူးစက် (၁၅၀၂) ဖြင့် ရှာဖွေရန် ကြိုးပမ်း ခဲ့ရာ ၁၉၉၈ ခုနှစ် ဩဂုတ် ၁၁ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် ခေါင်းလောင်းကြီး ရှိသော နေရာကို တွေ့ရှိ ခဲ့သည်။

၁၉၉၈ ခုနှစ်အောက်တိုဘာလတွင် သောင်တူးစက် (၁၀ဝ၀) ဖြင့်ဆယ်ယူရန် ကြိုးပမ်း ခဲ့သော်လည်း လုပ်အား မနိုင်သဖြင့် ရပ်တန့် ခဲ့သည်။ထိုအဖွဲ့မှာ ယခုတိုင် ဆယ်ယူရန် ကြိုးပမ်းဆဲ ဖြစ်သည်။
မိုက်ဟက်ခြာနှင့် ၄င်း၏ အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို၂၀ဝ၁ တွင် စရန်ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်း ကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စား ခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက် အရ ၂၀ဝဝ ဂျူလိုင်လတွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာကြောင့် ကြံ့ကြာ ခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာ စခဲ့လျှင် ရေငုတ် သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက် များဖြင့် အတူ copper sulfate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

ခေါင်းလောင်းကြီးမြုပ်နေသောနေရာ

ဂြိုဟ်တုမှတွေ့ရှိ
၂၀၁၂-ခု၊မတ်လ(၁၆) ရက်တွင် ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၄၀ဝကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသောနာဆာLand Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီဖြစ်သည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာခေါင်းလောင်းရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက်ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည် ဆည်ယူဖို့ခန့်မှန်းခြေ ဒေါ်လာငါးသိန်းဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့နိုင်ငံတော် အနေနဲ့ ဘယ်သူ့ကိုမှလုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒအငြိမ်းစားပါမောက္ခဦးစိုးသိန်းက ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်းကဩစတြေးလျနိုင်ငံမှ ပညာရှင်များကSonar System နှစ်မျိုးဖြစ်သည့်Lowlarce HDS 7 Structure Scan Star Fish Side Scan စနစ်တို့ကို အသုံးပြုပြီးလာရောက်စမ်းသပ် ဖော်ထုတ် ခဲ့ကြရာ ခေါင်းလောင်းရှိမည့် နေရာနှစ်နေရာကို စမ်းသပ်ဖော်ထုတ်ခဲ့ကြသော်လည်း နေရာ အတိအကျကိုမူ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိကြောင်း ယင်းက ထပ်မံပြောသည်။ ဩစတြေးလျနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုက ခေတ်မီ ပစ္စည်း ကိရိယာများ အသုံးပြု၍ ရှာဖွေမှုများပြုလုပ်ခဲ့ရာခေါင်းလောင်း တော်ကြီး၏ပုံရိပ်ဟုယူဆရသောနေရာနှစ်နေရာကိုဖမ်းယူရရှိခဲ့ကြောင်း၊ သို့သော်သေချာစွာ အတည်ပြုပေးနိုင်ရေး အတွက် ရေငုပ် စမ်းသပ် အတည်ပြုရန် လိုအပ်ကြောင်းသိရသည်။

“ဩစတြေးလျပညာရှင်တွေက ဓမ္မစေတီခေါင်းလောင်း ရှိမယ့်နေရာကိုအသံလှိုင်းနဲ့စမ်းသပ်ခဲ့ကြတာ။ ကျွန်တော်ကမြစ်အတွင်းမှာ ရှိတဲ့သံဓာတ်အနည်းအများပမာဏကိုLand Sat 7 နာဆာဂြိုဟ်တုနဲ့ ကြည့်ရှုစမ်းသပ်ပြီးခေါင်းလောင်းကိုဖော်ထုတ်တွေ့ရှိခဲ့တာပါ” ဟု ဦးစိုးသိန်းကပြောသည်။

ရွှေတိဂုံစေတီတော်နှစ်၂၆၀ဝ ပြည့်တွင် လူအများ အဆိုပါ ဓမ္မစေတီခေါင်းလောင်းကြီးကို ဖူးမြော်စေချင်သည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့Land Sat 7 နာဆာဂြိုဟ်တုဖြင့် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်ဟု ယင်းကထပ်မံပြောသည်။“ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းကို လူကြီးသူမတွေ ပြောတာပဲ ကြားဖူးတယ်။ တစ်ခါမှ မမြင်ဖူးဘူး။

အခုလိုဂြိုဟ်တုနဲ့ ခေါင်းလောင်း ပုံရိပ်ကို အတိအကျ မြင်ရပြီ ဆိုတော့ ဘယ် အချိန်ကုန်းပေါ်ကို ပြန်ရောက် မလဲ ဆိုတာ စိတ်ဝင်စားမိတယ်” ဟုအဆိုပါ ခေါင်းလောင်း အကြောင်းကို စိတ်ဝင်စားသည့်ပုဇွန်တောင်မြို့နယ်နေသူတစ်ဦးက ပြောသည်။

ကျမ်းကိုး

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ရာဇဝင်အကျဉ်း(ဦးစံလင်း)
ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ရာဇဝင်အကျဉ်း (ဦးစံလင်း)
ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ရာဇဝင်အကျဉ်း (ဦးစံလင်း)
လျှပ်တပြက်ဂျာနယ်၂၀၁၀-ခုနှစ်၊မတ်လ(၅)ရက်နေ့ထုတ်
Flower News Journal၂၀၁၂-ခု၊မတ်လ(၁၆)ရက်


From:Nay Min

www.mmdailystar.com

မျိုးစောင့်ဥပဒေကို တပ်မတော်က လက်ခံမှာလား

သမ္မတကြီးက မျိုးစောင့်ဥပဒေရေးဆွဲခွင့်ကို ခွင့်ပြုပေးပြီးနောက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို ဘာသာခြားများနှင့် ထိမ်းမြားမှု၏ နောက်ဆက်တွဲဆိုးမွေများ မခံစားနိုင်စေရန်အတွက် ရည်ရွှယ်ခဲ့တဲ့ ဒီဥပဒေဟာ အသက်ဝင်လာဖို့တဖြည်းဖြည်းနီးကပ်လာပါပြီ ။ နယ်ပယ်အသီးသီးက နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးပါတီတစ်ချို့   ကလည်း ကန့်ကွက်နေတဲ့ကြားမှာ မေးစရာရှိလာတာကတော့ တပ်မတော်ကရော အမျိုးစောင့် ဥပဒေ ကိုထောက်ခံ ဖို့ရှိပါ့မလားဆိုတာပဲဖြစ်ပါတယ်။



လွပ်လပ်ရေးရပြီးကတည်းက ဘာသာအလိုက် ထိမ်းမြားခြင်းဥပဒေတွေ သတ်မှတ်ပေးခဲ့ပါတယ်( စာကြွင်း။ အစ္စလာမ်  ဘာသာရဲ့ ရှရီယာဥပဒေ ကိုတော့ သတ်မှတ်ထားပေးခြင်းမတွေ့ရပါဘူး ) ။ဘာသာများအလိုက်ဥပဒေ  ပြဌာန်းရာမှာ အထူးအရေးကြီးတာကတော့ သက်ဆိုင်ရာ ဘာသာဝင်တွေကို မနစ်နာစေရေးနဲ့ ဘာသာရေးစော်ကား  ခံရမှုမရှိစေရေး အထူးအလေးပေးထားတာကိုတွေ့နိုင်ပါတယ်။ခရစ်ယာန်မှာဆိုရင်လည်း ဘုန်းတော်ကြီးနဲ့လိုင်စင်ရ  ခွင့်ပြုသူရှေ့မှာလက်ထပ်ရပြီး ဟိန္ဒူမှာဆိုရင်လည်း ဘာသာခြားနဲ့ထိမ်းမြားခွင့်ကို လုံးဝ တားမြစ်ထားပါတယ်။မွတ်ဆ  လင်ဘာသာမှာဆိုလည်း ဘာသာပြောင်းပြီးမှ လက်ထပ်ခွင့်ပြုထားပါတယ်။ဗုဒ္ဓဘာသာမှာတော့ မိမိနှစ်သက်ရာသူနဲ့   ထိမ်းမြားနိုင်ပြီး ပတ်ဝန်းကျင် ၇ နှစ်အိမ်အတည်ပြုရင်ကို ထိမ်းမြားမှုမြောက်ပါတယ်။ဒီလို ပေါ့ပါး ညှာတာတဲ့ ဘာသာ  အနေနဲ့ အခြားဘာသာခြားများနဲ့ ပေါင်းဖက်ရာမှာ အတင်းအကျပ်ဘာသာပြောင်းခံရခြင်းတွေ ၊ ဘာသာပြောင်းပြီးမှ မတူညီမှုများ(ပတ်ဝန်းကျင်/ခံယူချက်)ကြောင့် အမျိုးသမီးများဟာ အခွင့်အရေးတွေဆုံးရှုံးနေရတာကြောင့် အမျိုး ၊ ဘာသာ၊သာသနာ အဖွဲ့တွေ ဦးဆောင်ပြီး မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်ဖို့ ကြိုးစားလာတာ အောင်မြင်လုနီးပါးတွေ့လာ  ရပါပြီ။ ပါတီကြီးနှစ်ခုကလည်း ထောက်ခံသူကတစ်ဖက် ၊ကန့်ကွက်သူကတစ်ဖက် ဖြစ်နေတဲ့ကြားမှာ တပ်မတော်ရဲ့  သဘောထားကရော ဘယ်လိုရှိနိုင်သလဲ ဆိုတဲ့ မှန်းဆမှုတွေနဲ့ စောင့်ကြည့်နေသူတွေလည်းရှိပါတယ် ။ ဆိုရှယ်နက် ၀ပ်တွေမှာတော့ တပ်မတော်သားတော်တော်များများက ထောက်ခံရေးသားမှုတွေ မြင်နေရပါတယ်။

လွတ်တော်မှာ အတည်ပြုဖို့ရှိလာရင် တပ်မတော်သားအမတ်တွေရဲ့ ၂၅ရာခိုင်နှုန်းသော အားလည်းရှိပါသေး  တယ်။တပ်မတော်အနေနဲ့ ကမ္ဘာ့နိုင်ငံရေး/စစ်ရေး ပြောင်းလဲမှုတွေကို အမြဲမပြတ်လေ့လာစောင့်ကြည့်နေရတဲ့ သဘောရှိတဲ့အတွက် ယနေ့အချိန်အခါမှာ ဖြစ်ပွါးလာတဲ့ ဘာသာရေးအစွန်းရောက်မှုတွေ ပျံ့ နှံ့လာမှုအန္တရာယ်ကို ပို  မိုသတိထားမိနေမှာတော့ သေချာပါတယ် ။ဖခင်ဘာသာကိုမပြောင်းလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေဒဏ် ပေးတာတွေ၊ လင်ယောကျာင်္းရဲ့ ဘာသာကိုမပြောင်းလို့ နှိပ်စက်ခံရတာတွေလည်း နိုင်ငံတကာ သတင်း တွေမှာ အများအပြား တွေ့နေရပါတယ် ။အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီဘာသာရေးပြဿနာဟာ အတော်လေးကို လှုပ်ခတ်နေပြီး အစိုးရနဲ့သင့်တင့်စွာပေါင်းလျှက်ရှိတဲ့ အိမ်နီးချင်း အိန္ဒိယမှာဆို အမျိုးသားရေး ဝါဒီတွေ အာဏာရ  သွားပါတယ်။ဒီလို ပြဿနာတွေ ရှိလာတဲ့အချိန်မှာလည်း အနောက်ဘက်ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအရေးဟာပြေ  လည်မှုမရှိသေးတဲ့အပြင် RSO အစွန်းရောက်အဖွဲ့ကျူးကျော်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ကျဆုံးသွားခြင်းတွေဖြစ်ပေါ်  လာခြင်းဟာ တပ်မတော်ရဲ့ မျိုးစောင့်ဥပဒေကို လက်ခံခြင်း/လက်မခံခြင်း ဆုံးဖြတ်ချက်ကို မှန်ကန်စွာဆုံးဖြတ်နိုင်ဖို့  တွန်းအားတစ်ခုဖြစ်လာမှာပါ ။ကမ္ဘာမှာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံရယ်ဆိုလို့ မြန်မာနဲ့ထိုင်းနှစ်ခုတည်းပဲကျန်ပါ   တော့တယ် ။ ထိုင်းမှာဆိုရင်လည်း နိုင်ငံတောင်ပိုင်းဟာ မွတ်ဆလင်သောင်းကျန်သူတွေရဲ့ ကျုးကျော်မှုကိုခံလိုက်ရပြီ   မြန်မာနိုင်ငံမှာလည်း အလားတူ အဖြစ်မျိုးဖြစ်မလာနိုင်ပေမယ့် ရခိုင်ပြည်နယ်ဟာ အလားအလာများတဲ့နေရာမှာ ရှိနေပါတယ်။ဗုဒ္ဓဘာသာဝင် ၈၉ ရာခိုင်နှုန်းရှိတဲ့နိုင်ငံမှာ ဘာသာကြီး ၄ခုရှိတဲ့အနက် ၃ ခုက ဘာသာရေးဥပဒေရှိပြီး ဗုဒ္ဓဘာသာအတွက် လိုအပ်နေတာကို တပ်မတော်က မသိချင်ယောင်ဆောင်မှာမဟုတ်ဘူးဆိုတာကို ယုံကြပါတယ်။ လက်ခံပြီးသားဖြစ်နေမှာပါ။သုံးသပ်ကြည့်မယ်ဆိုလျှင်လည်း မျိုးစောင့်ဥပဒေထောက်ခံလက်  မှတ်တွေကောက်ခံစဉ် တုန်းက တစ်သန်းနဲ့၃သိန်းကျော် ရရှိပြီး ကန့်ကွက်ခြင်းကတော့ အဖွဲ့ ၁၀၀ ကျော်ပဲရှိတာကိုတွေ့ရပါတယ် ။  

သမ္မတကြီးကိုယ်တိုင် ခွင့်ပြုပေးခဲ့သလို တပ်မတော်ကလည်း ငြင်းပယ်မှာမဟုတ်ဘူးလို့ စစ်ဘက်အရာရှိတွေရဲ့ အသိုင်းအဝိုင်းဆီက ပြန်ကြားရတာတွေရှိပါတယ် ။  တပ်မတော်ထိပ်ပိုင်းအရာရှိကြီးတွေဟာလည်း ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်သူတွေများပြီး မကြာခဏ သာသနာပြုလုပ်ငန်းတွေ အကြီးအကျယ် ပြုလုပ်နေတာ ကို တွေ့ရမှာပါ။ ဒီလိုသူတွေရှိတဲ့ တပ်မတော်ဟာ မျိုးစောင့်ဥပဒေကို ပါးစပ်ကမပြောတောင် စိတ်ထဲကတော့ လက်ခံပြီး သားဖြစ်နေမှာပါ။ တပ်မတော်ဘက်ကိုပြန်ကြည့်မယ်ဆိုရင် အင်အား ၅ သိန်းကျော်ရှိတဲ့ တပ်မတော်မှာ ဗုဒ္ဓဘာသာ မိသားစုတွေ တော်တော်များမှာပါပဲ ။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် အကျိုးပြုစေမယ့် ဒီဥပဒေကို တပ်မတော် က လက်ခံမယ်လို့ ယူဆလို့ရပါတယ် ။ ဒီနေရာမှာ နိုင်ငံရေးအနေနဲ့ ထည့်ပြောရမယ်ဆိုရင် ကန့်ကွက်သူ တွေဟာ ဥပဒေပြုဖို့  ကြိုးပမ်းနေသူတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး အစိုးရနဲ့တပ်မတော် စနက် မကင်းဘူးလို့ ပြင်းထန်တဲ့ စွပ်စွဲမှုတွေဟာ တပ်မတော်ကို မျိုးစောင့်ဥပဒေ လက်ခံသူတွေဘက်ကို တွန်းပို့လိုက် သလိုလည်း ဖြစ်သွားစေနိုင် ပါသေးတယ် ။ ယခင်ကထက် ပိုမိုသဘောထားပျော့ပြောင်းလာတဲ့ တပ်မတော် ဟာလည်း ဒီဥပဒေကို နိုင်ငံတကာနဲ့ ပြည်တွင်းဖြစ်ရပ်တွေကို လေ့လာပြီး ထောက်ခံလာပါလိမ့်မယ်။ တပ်မတော် ထိပ်သီးပိုင်း တွေကတော့ မျိုးစောင့် ဥပဒေနဲ့ပတ်သတ်ပြီး ဖွင့်ဟပြောကြားခြင်းမရှိပေမယ့် တပ်မတော်အတွင်း မှာတော့ မျိုးစောင့်ဥပဒေဟာ လူပြောများနေပြီ ဖြစ်တယ်လို့ အရာရှိငယ်တွေဆီကလည်း ပြန်ကြားရတာတွေရှိပါတယ် ။ နိုင်ငံစည်းရိုးလုံခြုံမှု ဘက် က ကြည့်မယ်ဆိုလျှင်လည်း တပ်မတော်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်မှာပဲ ဘာသာခြားတွေရဲ့  ကျုးကျော်မှု ကို ခံစားနေရတာကို  ပြည်သူတွေရဲ့စိတ်ထဲ သံသယမဖြစ် စေဖို့ တပ်မတော်ဟာ မျိုးစောင့်ဥပဒေကို လက်ခံခြင်း အားဖြင့် အနောက်ဘက်ဒေသရဲ့ ယုံကြည်မှုကိုရရှိ နေပါလိမ့်မယ်။ နိုင်ငံရေးဘက်က ကြည့်မယ် ဆိုလျှင်လည်း ကန့်ကွက်သူထက် ထောက်ခံသူများနေတဲ့ ဒီဥပဒေကို လက်ခံလိုက်ခြင်းအားဖြင့် တပ်မတော်ဟာ နိုင်ငံရေး ထောက်ခံမှုမှာ မျက်နှာပန်းလှစေမှာဖြစ် တဲ့ အချက်တွေ ရှိလာပါတယ် ။

အချုပ်အနေနဲ့ ညွှန်းရမယ်ဆိုရင် ဘာသာပေါင်းစုံလွပ်လပ်စွာကိုးကွယ်ခွင့်ပြုထားတဲ့ နိုင်ငံဖြစ်လင့်ကစား    ဗုဒ္ဓဘာသာလူဦးရေ အများဆုံးရှိပြီး ဒီဥပဒေဟာ ဗုဒ္ဓဘာသာတွေအတွက် ရည်စူးတာပဲမို့ ဘာသာရေးအဓိကရုဏ်း  တွေဖြစ်မလာစေတဲ့အပြင် လူအများထောက်ခံပြီးသားဥပဒေဖြစ်တဲ့အတွက် တပ်မတော်ကပါ ဝင်ရောက်ထောက်ခံ  လိုက်မယ်ဆိုရင် နိုင်ငံရေးအရရော ၊ နိုင်ငံတော် လုံခြုံမှုအရရော အရေးသာတဲ့ ဘက်မှာရှိနေလို့ တပ်မတော်ဟာ ဒီအခွင့်အရေးကို လက်လွတ်ခံမယ် မထင်ဘူးလို့ သုံးသပ်မိပါတယ် ။
From: ဦးစိန်သန်း


www.mmdailystar.com

ဗုဒ္ဓဆင်းတုတော်မှ ဆံတော်နှင့် မွှေးညှင်းတော်များ ထွက်ရှိ

 ဗုဒ္ဓဆင်းတုတော်မှ ဆံတော်နှင့် မွှေးညှင်းတော်များ ထွက်ရ 

























ရွှေဘိုမြို့ အမှတ်(၂)ရပ် ရန်ကြီးအောင်လမ်း (ရေဦးလမ်း) မှာရှိတဲ့ ကိုစိုးကြည်+မခင်မာကြည် (ဝါးကပ်ရောင်း ဝယ်ရေးနဲ့ ကွန်ကရစ် လုပ်ငန်း) နေအိမ်မှာ ဗုဒ္ဓဆင်း တုတော်နှစ်ဆူမှ ဆံတော်နှင့် မွှေးညှင်းတော်များ ထွက်ရှိနေပါတယ်။ ဗုဒ္ဓဆင်းတုတော် နှစ်ဆူမှာ ဆံတော်နှင့် မွှေးညှင်းတော် ထွက်ရှိနေတဲ့ အနက် မှိုကိုးပွင့် ဗုဒ္ဓဆင်း တုတော်မှာ သိသိသာသာကို ဖူးမျှော်တွေ့ရှိ ရပါတယ်။


ကျနော်တို့ ရွှေဘိုမြို့မှာ ထူးထူးခြားခြား ဖြစ်ပေါ်နေ တာကတော့ အိမ်သုံးအိမ်မှ ဗုဒ္ဓဆင်းတုတော်များမှာ ဆံတော်နဲ့ မွှေးညှင်းတော်များ ထွက်ရှိနေတာကို ထူးခြားစွာတွေ့ရှိ ရပါတယ်။ ဗုဒ္ဓဆင်း တုတော်များမှ ဆံတော်နဲ့ မွှေးညှင်း တော်များ တွေ့ရှိရတဲ့ အနက်မှ ကိုစိုးကြည်+မခင်မာကြည် တို့အိမ်မှတွေ့ရှိ ဖူးမျှော်ရသော မှိုကိုးပွင့် ဗုဒ္ဓဆင်းတုတော်မှ ဆံတော်နဲ့ မွှေးညှင်းတော်များ များပြားစွာ ထွက်ရှိနေတာကို အံ့သြဖွယ် ဖူးမျှော်တွေ့ ရှိ ရပါတယ်။ ထိုမှိုကိုးပွင့် ဗုဒ္ဓဆင်းတုတော် အကြောင်းကိုလဲ ကိုစိုးကြည်+မခင်မာကြည် တို့မှ ယခုလို ပြောပြထား ပါတယ်။

"အိမ်ဆောက်ရန် အိမ်ကွင်းရှင်းတာ မြေညှိတဲ့ လုပ်သား တစ်ယောက်က ဘုရားဆင်းတုတော် လေးတွေ့ပြီး လက်ထဲမှာ ဆော့ကစားနေတာ ကိုမြင်လိုက် တာနဲ့ ဟေ့ကောင်လေး မင်းလက်ထဲက ဘုရားဆင်း တုတော်လေးမလား ဘုရားဆင်း တုတော်ကို အဲလို မဆော့ရ ဘူးဟ ပေးပေး ဆိုပြီး ယူကာရေ သပ္ပါယ်ပြီး ဘုရားစဉ်မှာ ကိုးကွယ် ထားတာ "လို့ပြောပြ ပါတယ်။

မှိုကိုးပွင့် ဗုဒ္ဓဆင်းတုတော်ဟာ ရှေးဟောင်း ဆင်းတုတော် တစ်ဆူ ဖြစ်တယ်လို့လဲ ကိုစိုးကြည်မှ ဆက်လက်ပြောကြား ပါတယ်။ ကိုစိုးကြည်+မခင်မာကြည်တို့ အိမ်မှာတော့ အနီးနား ပတ်ဝန်းကျင်နှင့် နယ်မှ လာရောက်သော ဘုရားဖူးများနဲ့ စည်ကားလို့ နေပါတော့တယ်။ ကိုစိုးကြည်+မခင်မာကြည်တို့ အိမ်နည်းတူ ဗုဒ္ဓဆင်း တုတော် များများမှာ ဆံတော်နဲ့ မွှေးညှင်းတော် ပေါက်နေတဲ့ အခြားအိမ်နှစ် အိမ်မှာလဲ ဘုရားဖူးများနဲ့ စည်ကားနေတာ တွေ့ရှိရပါတယ်။

Ref - ဘိုဘိုဟန်
From:ရိုးရာလေး

www.mmdailystar.com

တိရိစ္ဆာန်နှင့် လိင်ဆက်ဆံသော တိမွေးကု ဆရာဝန် တရားစွဲခံရ

အင်္ဂလန် အရှေ့ဘက်မှာတည်ရှိတဲ့ Suffolk နိုင်ငံက တိမွေးကု ဆရာဝန်တစ်ဦးဟာ ၄င်းဟာတိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှု ၊တိရိစ္ဆာန်နဲ့ လိင်ဆက်ဆံတဲ့ ညစ်ညမ်းစာအုပ၊်အခွေများ   မြောက်များစွာ လက်ဝယ်ပိုင်ဆိုင်ထားရှိမှု စတာတွေနဲ့ ဆက်စပ်ပြီး အမှု ၅ ခုနဲ့ မိမိအသက်မွေးဝမ်းကျောင်း ကို အလွဲသုံးစား လုပ်ဆောင်မှုကြောင့် အပြစ်ရှိကြောင်း တွေ့ ရှိသွားတဲ့နောက်မှာ တိမွေးကု ခွဲစိပ် ဆရာဝန်များ တော်ဝင် ကောလိပ်အဖွဲ့ ဝင်အဖြစ်မှ ပယ်ထုတ်ခြင်းခံခဲ့ရပါတယ်။

Oliver Fraser Lown ဟာ ၄င်းရဲ့ ဖခင်ဟာ ကျန်းမာရေးချို့ တဲ့နေပြီး လူသိရှင်ကြားဖြစ်သွားပါက ၄င်းဖခင်ရဲ့ ကျန်းမာရေးကို ပိုမိုဆိုးရွားသွညးစေနိုင်တဲ့အတွက် တိမွေးကုဆရာဝန်များ စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီအား ယင်းအမှုကို တိုးတိုးတိတ်တိတ် ကြားနာဖို့ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ကော်မတီက ၄င်းရဲ့ အမှုဟာ ၂၀၁၂ခုနှစ်မှာ တရားရုံးတက် အမှုကြားနာစဉ်ကတည်းက အသေးစိတ် လူသိရှင်ကြားဖြစ်နေပြီးသားဖြစ်တဲ့အတွက် ၄င်းရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့ပါတယ်။

၎င်းအပြစ်ရှိကြောင်းထင်ရှားတဲ့ ပြစ်မှုတွေ ၅ ခုကတော့ -

၁။၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့ မှာ ၄င်းထံတွင် လူများနှင့် တိရိစ္ဆာန်များ လိင်ဆက်ဆံနေခြင်းကို အသားပေးထားတဲ့ ညစ်ညမ်းဗွီဒီယို ဓာတ်ပုံများ လက်ဝယ်တွေ့ ရှိရခြင်း။

၂။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တွင် တိရိစ္ဆာန်များပါဝင်ပတ်သက်နေတဲ့ ညစ်ညမ်းဓာတ်ပုံများ လက်ဝယ်တွေ့ ရှိရခြင်း။

၃။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ တွင် ယောင်္ကျားတစ်ယောက်နဲ့ သိုးတစ်ကောင် လိင်ဆက်ဆံနေတဲ့ ဗွီဒီယို ဓာတ်ပုံတစ်ခုကို လက်ဝယ်တွေ့ ရှိရခြင်း။

၎။ ၂၀၀၉ ခုနှစ် ဧပြီလ ၁ရက်နေ့ကနေ ဖွန်လ ၂၅ရက်နေ့ အတွင်း ၄င်းသည် တိရိစ္ဆာန်များနှင့် လိင်ဆက်ဆံခဲ့ခြင်း။

၅။ ၂၀၁၁ ခုနှစ် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ၄င်းဟာ အွန်လိုင်းပေါ်တွင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံရတဲ့ ကိစ္စတွေနဲ့  ယင်းသို့  ပြုလုပ်ရန်စိတ်ဝင်စားကြောင်း ရေသားပြောဆိုခဲ့ခြင်း စတာတွေပဲဖြစ်ပါတယ်။

တိမွေးကုဆရာဝန်များ စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီဟာ ၂၀၁၂ ခုနှစ်မှာ ၄င်း အယူခံဝင်ခဲ့ပြီး ဖြေလျှော့ပေးခံခဲ့ရတဲ့ပြစ်မှုစွဲချက် ၅ ခုအပြင် ၄င်းဟာ မြင်းတစ်ကောင်၊ခွေးတစ်ကောင်တို့ နဲ့ လိင်ဆက်ဆံခဲ့ပြီး အဲ့လိုမျိုး လိင်ဆက်ဆံပုံကို ဗွီဒီယို ရိုက်ယူကာ အွန်လိုင်းပေါ်တွင် တင်၍ ကြွားခဲ့ကြောင်းကို လည်း ကြားနာ သိရှိခဲ့ပါတယ်။

Budapest ရှိ Szent Istvan ကနေ ဘွဲ့ ရရှိခဲ့တဲ့ မစ္စတာ Lown ဟာ အမှုကြားနာဖို့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။၎င်းရဲ့ ရှေ့  နေက ကိုယ်စားတက်ရောက်ပေးခဲ့ပါတယ်။

တွေ့ ရှိကြားနာချက်တွေကို သုံးသပ်ရာတွင် စည်းကမ်းထိန်းသိမ်းလိုက်နာရေးဆိုင်ရာ ကော်မတီဟာရဲ့  ဥက္ကဌ Noreen Burrows ဟာ “ ဒီလိုလုပ်ဆောင်မှုတွေဟာ အရမ်းကို အပြစ်ကြီးလေးပါတယ်ဆိုတာ ကော်မတီအနေနဲ့  သံသယရှိစရာမလိုပါဘူး။သူလက်ဝယ်ပိုင်ဆိုင်ထားတဲ့  အရာတွေနဲ့ သူ့ ရဲ့ လုပ်ဆောင်ချက်တွေဟာ တိရိစ္ဆာန်တွေကို တလွဲအသုံးချပြီး ၄င်းတို့ ရဲ့ ကျန်းမာရေးကို လည်း ဘာမှ အလေးမထားရရောက်ပါတယ်” လို့ ဆိုပါတယ်။

“ ကော်မတီက ဆုံးဖြတ်ရာမှာ စွဲချက်တစ်ခုစိတိုင်းဟာ အများလက်မခံနိုင်စရာ အကျည်းတန်တဲ့ လုပ်ရပ်နဲ့  ညီမျှပါတယ်။ တိရိစ္ဆာန်တွေ ရဲ့ ကျန်းမာရေး အခြေအနေတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် ၊ လူထုရဲ့ ယုံကြည်မှုကို ဆက်လက်တည်တံ့စေနိုင်မယ့်၊ မှန်ကန်တဲ့ ကျင့်သုံးလုပ်ဆောင်မှုတွေကို တည်ရှိနေစေဖို့ အတွက် တစ်ခုသော နည်းလမ်းကတော့ တရားခံကို သူ့ ကို တိမွေးကု တိရိစ္ဆာန် မှတ်ပုံတင် စာရင်းထဲကနေ ပယ်ထုတ်ဖို့ ပဲ ရှိတယ်ဆိုတာကို ကော်မတီက သံသယဖြစ်စရာ မရှိပါဘူး” လို့ သူမက ထပ်ပြောပါတယ်။

မစ္စတာ Lown ကလည်း ၂၀၁၃ မှာ သူဟာ တိမွေးကု ဆရာဝန်များ တောင်ဝင်ကော်လိပ် အသင်းဝင်အဖြစ် မှတ်ပုံအတင်ခံခဲ့ရပေမယ့်လည်း သူဟာ ဘယ်တုန်းကမှ တိမွေးကုတစ်ယောက် အဖြစ် မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။

Ref:vetsonline.com

From: Trend Myanmar

www.mmdailystar.com

လာမည့် ပညာသင်နှစ်မှ စတင်ကာ ကျောင်းပိတ်ရက် နှစ်လသာ ရှိမည်

၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ ဆယ့်နှစ်တန်းပညာရေးစနစ် ကျင့်သုံးမည်ဖြစ်သောကြောင့် စာသင်ချိန် တိုးမြှင့်နိုင်ရန် နွေရာသီကျောင်းပိတ်ချိန်ကို တစ်လလျှော့ချမည်ဟု ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားအဆင့်ပညာရေးကျွမ်းကျင် ပညာရှင် ဦးတင်လှိုင်က မဇ္ဈိမကို ပြောသည်။

“စာသင်ချိန် တိုးလိုက်တာ ကျောင်းသားတွေအတွက်ပါပဲ။ စာသင်ချိန်တိုးတော့ကော ဘာဖြစ်လာမှာလဲ ပြောလာကြပါလိမ့်မယ်။ မူတစ်ခုချမှတ်တာကို ကျောင်းသားမိဘတွေ စောင့်ကြည့်စေချင်ပါတယ်။ ပညာရေးပြောင်းလဲမှုလုပ်တာ နိုင်ငံနဲ့လူမျိုး ကောင်းလာဖို့ပါ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံကို ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR) အတွဲ(၂) အစီရင်ခံစာမူကြမ်းပါ အခြေခံပညာသင်ကျောင်းများ၏ စာသင်နှုန်း လေ့လာချက်အရ တစ်နှစ်လျှင် ၁၈၅ ရက်သာ စာသင်ချိန်ရှိပြီး အားလပ်ရက်များ ပိတ်ပေးခြင်း၊ အခါကြီးရက်ကြီးများကို ပိတ်ပေးခြင်းများကြောင့် စာသင်ချိန် လျော့နည်းသည့်အတွက် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စာသင်ရက်တစ်လကျော် ကွာဟနေသည်ဟု ၎င်းက ဆိုသည်။

ထို့အတွက်ကြောင့် သင်ရိုးညွှန်းတမ်းများကို လအလိုက် ပြီးပြတ်စွာ သင်ကြားနိုင်စေရန် လအလိုက် သင်ရိုးများ ပြင်ဆင်ပြီး ကျောင်းတက်ချိန် တစ်လတိုးမြှင့်ကာ နွေရာသီကျောင်းပိတ်ရက် သုံးလအစား နှစ်လသာ ပိတ်ပေးတော့မည်ဖြစ်သည်။

လာမည့်စာသင်နှစ်မှစ၍ ၂၀၁၅ခုနှစ် ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဧပြီလအထိ သူငယ်တန်းမှ ဆယ့်နှစ်တန်းပညာရေးစနစ်အထိ သင်ကြားရမည် ဖြစ်ပြီး နိုင်ငံတကာပညာရေးပိုင်း တူညီလာသောကြောင့် ကျောင်းများ၏ စာသင်ချိန် ပိုမိုတိုးမြှင့်ရခြင်းဖြစ်သည်ဟု ဦးတင်လှိုင်က ဆိုသည်။

အဆိုပါ ဆယ့်နှစ်တန်းပညာရေးစနစ် ပီပြင်စေရန် တိကျသည့် စီမံကိန်းများ၊ ကျောင်းများတွင် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ အငြင်းပွားစရာမရှိသည့် သင်ရိုးညွှန်းတမ်းများ၊ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမ အင်အားလုံ လောက်စွာ ဖြည့်တင်းရေးနှင့် ဆရာ၊ ဆရာမ သင်ကြားရေးဆိုင်ရာ အထောက်အကူပြု သင်တန်းများကို အစိုးရက ဦးစားပေးဖြည့် ဆည်းပေးရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သည့် အကောင်အထည်ဖော်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီ ဗဟိုအလုပ်မူဆောင် ဦးဟန်သာမြင့်က “အစိုးရအနေနဲ့ ပညာရေး ပြုပြင်တဲ့အခါ မိဘတွေ၊ ကျောင်းသားတွေနဲ့ အရပ်ဘက်ပညာရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ အဲဒါမှ အားလုံးရဲ့ ဆန္ဒဟာ ဘာလဲဆိုတာ သိမှ ပညာရေးလုပ်ငန်းဖော်ဆောင်ရာမှာ အကျိုးရှိစေမှာပါ။ စာသင်ချိန်တိုးခြင်းထက် ဘယ်လိုသင်ရင် အဆင်ပြေမလဲဆိုတာသာ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

From: mizzima

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမှု ဘာတွေ ထူးခြားနေပြီလဲ


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်းကို သြဂုတ်လ ၉ ရက်နေ့ကနေ စခဲ့ပြီး နောက်ဆုံးအခြေအနေ ကတော့ ခေါင်းလောင်းကြီးပေါ်မှာ တင်နေတဲ့ နစ်မြုပ်သဘောင်္တစ်စင်း ပေါ်က ရွှံ့နွံတွေကို ဖယ်ရှားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့မှာ ရေတက်နေတာမို့ ရေငုပ်သမားတွေဟာ တစ်ကြိမ်ထဲပဲ ရေထဲကို ဆင်းနိုင်တယ်လို့ ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဦးဝင်းမြင့်က ဆိုပါတယ်။

သိပ္ပံနည်းတွေကို မသုံးဘဲ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆယ်မယ်ဆိုပြီး ခေါင်းလောင်းကြီးရှာဖွေမှုကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံတဲ့နေရာမှာ လုပ်ဆောင်နေတာ ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးက ဆလုံလူမျိုး ရေငုပ်သမား ၁၀ ဦးအပါအဝင် လူအင်အား ၈၀ ခန့်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ခရစ်သက္ကရာဇ် ၁၄ ရာစုအတွင်းတုန်းက မွန်ဘုရင် ဓမ္မစေတီမင်း သွန်းလုပ်ခဲ့ပြီး သန်လျင်မြို့စား (ပေါ်တူဂီလူမျိုး) ငဇင်ကာခေါ် ဖိလစ်ဒီဘရစ်တိုက ၁၆ ရာစုနှစ်မှာ သန်လျင်ကို သယ်ဆောင်ရာကနေ မြစ်ထဲ ပြုတ်ကျခဲ့တယ်လို့ အဆိုရှိတဲ့ ဒီခေါင်းလောင်းကြီးရဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ခုလို ဂမ္ဘီရဆန်ဆန် ဆယ်ယူနေမှု အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
ခုဆယ်ယူနေမှုကို အများပြည်သူတွေရဲ့ လှူဒါန်းငွေတွေနဲ့ ဆယ်ယူမှာဖြစ်ပြီး ကျပ်သိန်းပေါင်း နှစ်ထောင်ခန့် ကုန်ကျမှာဖြစ်တယ်လို့ ခေါင်းလောင်းဆယ်ယူရေး ဦးဆောင်သူတွေက ဆိုပါတယ်။

“အခုဟာက တကယ့်ကျွမ်းကျင်တဲ့ ပညာရှင်တွေ ခေါ်ပြီး စနစ်တကျရှာဖွေတာမျိုး မဟုတ်ဘူး၊ ပြီးတော့ ဒီခေါင်းလောင်းကြီးက တကယ်ပဲ ရှိခဲ့သလား၊ တကယ်ပဲ အဲဒီနေရာမှ ကျခဲ့သလား ဆိုတာကို သေချာအောင် အရင်ဆုံးလေ့လာရမှာ” လို့ စာရေး ဆရာချစ်စံဝင်းက The Voice ကို ပြောပါတယ်။

From: The Voice Weekly

www.mmdailystar.com

မြစ်ဆုံလမ်းလျှောက်အဖွဲ့များသို့ လှူဒါန်းငွေများ အဖွဲ့ခေါင်းဆောင်ဖြစ်သူက လိမ်လည်ဟု တိုင်တန်း

ဧရာဝတီမြစ်ဆုံဒေသတွင် ရေကာတာ ဆောက်လုပ်မည့် စီမံကိန်းကို အပြီးအပိုင် ရပ်စဲရေးလမ်းလျှောက် ဆန္ဒပြပွဲတွင် အများပြည်သူများ လှူဒါန်းခဲ့သည့်ငွေများကို
လမ်းလျှောက် အဖွဲ့ခေါင်းဆောင်က လိမ်လည်သွားသဖြင့် သြဂုတ် ၁၁ ရက်က တိုင်တန်းလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သည့် တရားလို ဒေါ်သက်သက်မာသည် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ခရီးစဉ်တစ်လျှောက် ပြည်သူများ လှူဒါန်းခဲ့သည့် ငွေများကို ဦးမြင့်ဝင်းမောင်က သိမ်းဆည်းထားသည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။

ယင်းသို့ သိမ်းဆည်းထားသည့် လှူဒါန်းငွေများထဲမှ ငွေကျပ် ၂၁၇ သိန်းကျော်ကို လမ်းလျှောက်အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင်၊ ဘဏ္ဍာရေးမှူး ဒေါ်မေမျိုးစုနှင့် ဦးမြင့်ဝင်းမောင်တို့က ငွေစာရင်းများ မမှန်မကန် ဖော်ပြပြီး ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အဖွဲ့ ခေါင်းဆောင်များဖြစ်သည့် ဦးရဲထွဋ်ခေါင်နှင့် ဦးမြင့်ဝင်းမောင်တို့ကို
မဇ္ဈိမက ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပိတ်ထားခဲ့သည်။

ဆန္ဒပြပွဲတွင် ပြည်သူများ၏လှူဒါန်းငွေများကို အလွဲသုံးစားပြုလုပ်ထားသည့် ဦးရဲထွဋ်ခေါင်ပါ သုံးဦးကို အရေးယူပေးပါရန် ဒေါ်သက်သက်မာ၏ တရားလိုပြုတိုင်တန်းချက်ကို ကျောက်တံတားမြို့မရဲစခန်းက (ပ)၃၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် သြဂုတ်လ ၁၁ ရက်က အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆထားသူများကို စုံစမ်းလျက် ရှိသည်။

From: Mizzima news daily

www.mmdailystar.com

ဂျပန်ကုမ္ပဏီတစ်ခု ထုတ်လုပ်သော Sex Doll များအကြောင်း







ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှု ပေးစွမ်းမည့် အမျိုးသမီး အရုပ်များကို လူသားအစစ်နှင့်မခြား အလွန်တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။

ရုပ်များမှာ လူအစစ်နှင့် တူညီလှသလို အသားအရေကို ထိတွေ့ကြည့်သည့်အခါတွင်လည်း လူသားတစ်ဦးနှင့် မခြားအောင် ဖန်တီးထားသည်။ ထို့အပြင် အရုပ်များ၏ မျက်လုံးများမှာလည်း အစစ်အမှန်နှင့် နီးစပ်တူညီလှသည်။

Orient Industry က အဆိုပါ အရုပ်များသည် အထီးကျန် အဖော်မဲ့နေသော အမျိုးသားများအတွက် အကောင်းဆုံး လက်ဆောင်မွန် ဖြစ်လာစေမည်ဟု ဆိုသည်။ အရုပ်၏ ကိုယ်ထည်ကို အရည်အသွေး အမြင့်ဆုံး ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက လူသားအစစ်ဟု ထင်ယောင်မှားလောက်အောင် တူညီစေမည်ဟုလည်း ကုမ္ပဏီက ကြွေးကြော်ထားသည်။

အဆိုပါ အရုပ်များကို Dutch Wife များ ဟု ကုန်စည် အမည်တပ်ပြီး ရောင်းချနေသည်။ Dutch Wife သည် ဂျပန်တွင် Sex Doll ဆိုသော စကားလုံးကိုပင် ရည်ညွှန်းထားခြင်း ဖြစ်သည်။ Orient Industry က မိမိတို့၏ အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ဖူးသော အမျိုးသားတစ်ဦးသည် သက်ရှိမိန်းကလေးတစ်ဦးကိုပင် အလိုရှိတော့မည်မဟုတ်ဟု ညွှန်းဆိုထားသည်။ အဆိုပါ အရုပ်တစ်ရုပ်၏ တန်ကြေးသည် စတာလင်ပေါင် (၁၀၀၀)ကျော်မျှ ကျသင့်သည်။

အရုပ်ကို ဝယ်ယူပြီးချိန်တွင် လက်ရွေးစင် ဖက်ရှင်နှင့် အတွင်းခံ အဝတ်အထည်များပါ ပါရှိပြီး အရုပ်ပိုင်ရှင်အနေဖြင့် အမျိုးသမီး အဝတ်အထည်ဆိုင် သွားရောက်ပြီး အရုပ်အတွက် လိုအပ်သည်များကို ဝယ်ယူစရာ လိုတော့မည် မဟုတ်ချေ။ ထို့အပြင် အရုပ်များ၏ ခန္ဓာကိုယ် အချိုးအစား၊ မျက်နှာသွင်ပြင်နှင့် ဆံပင်အရောင်တို့ကိုလည်း ဝယ်ယူသူစိတ်ကြိုက် မှာယူနိုင်မည်ဟု သိရှိရသည်။

ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အိုဆာမီဆီတိုက “အရုပ်ကို လူနဲ့တူအောင် ဖန်တီးရာမှာ အရေးအကြီးဆုံးအပိုင်းတွေက အရေပြားနဲ့ မျက်လုံးပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ လူအစစ်နဲ့ ယှဉ်ရပ်နေရင်တောင် ကွဲပြားမှု မရှိတဲ့ လက်ရာမျိုးကို ဖန်တီးနိုင်ခဲ့တယ် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် Sex Doll များသည် လူသုံးများသော ကုန်စည်တစ်ခုသဖွယ် ဖြစ်နေပြီး စက်မှုလုပ်ငန်းများကလည်း လူသားအစစ်နှင့် တူသထက်တူအောင် ကြိုးစား ထုတ်လုပ်နေကြသည်။ နောက်ဆုံးပေါ် အရုပ်များတွင် အရိုးအဆစ် နေရာများ၌ ရွေ့လျားနိုင်အောင် ဖန်တီးပေးထားရာ အရုပ်များကို စိတ်တိုင်းကျ ကိုယ်နေဟန်ထားမျိုး ပြောင်းလဲနိုင်မည် ဖြစ်သည်။

_ Ref: Dailymail
From: 7day

www.mmdailystar.com

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးနှင့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်သည့် အခမဲ့ မျက်စိကုသစောင့်ရှောက်မှုကို ကြည့်ရှုအားပေး

နေပြည်တော် သြဂုတ် ၁၃
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးနှင့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်သည့် ဒုတိယအကြိမ် အခမဲ့ မျက်စိကုသ စောင့်ရှောက်မှုကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဆေးရုံကြီး၌ ပြုလုပ်ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကြည့်ရှုစစ်ဆေး အားပေးသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များနှင့်အတူ ဇမ္ဗူသီရိဆေးရုံ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ဇမ္ဗူသီရိဖောင်ဒေးရှင်းမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ဆေးရုံခွဲစိတ်ကုသဆောင်၌ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဆွေဦးလွင်၊ ဒေါက်တာ ဇေဇီကျော်နှင့် ဒေါက်တာ ဝင်းပပအောင်တို့က မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသ ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး မျက်စိခွဲစိတ် ကုသရန် စောင့်ဆိုင်း နေသည့် မျက်စိ ဝေဒနာရှင်များနှင့် ခွဲစိတ်ကုသပြီး မျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ယင်းနောက် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများနှင့် ဝေဒနာရှင်များအတွက် နိုင်ငံတော်သမ္မတ ကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်က အလှူငွေကျပ် ၁၀ သိန်းကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် မျက်စိ စမ်းသပ်ကုသမှု ခံယူပြီးနောက် အနီးမှုန်၊ အဝေးမှုန်ကြသည့် မျက်စိဝေဒနာရှင်များအား ပါဝါမျက်မှန်များ တပ်ဆင်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့်အဖွဲ့သည် မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များအတွက် နေကာမျက်မှန်များကို လက်ဆောင်အဖြစ် ပေးအပ်၍ အားပေးစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် လည်ပင်းကြီးရောဂါ ခွဲစိတ်ကုသမှုခံယူပြီး လူနာ သုံးဦးအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ယင်းနောက် မျက်စိစမ်းသပ် ကုသမှုခံယူကြမည့် ဝန်ထမ်းများနှင့် မှီခိုသူဝန်ထမ်း မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ဆက်လက်၍ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ မျက်စိအထူးကု ဆရာဝန်ကြီး ဗိုလ်မှူး တိုးနိုင်ထက်နှင့် ပျဉ်းမနားပြည်သူ့ ဆေးရုံကြီး ခုတင်(၂၀၀)မှ ဒေါက်တာ ဒေါ်ယဉ်နွယ်ဦးတို့ ဦးဆောင်သည့် အဖွဲ့မှ မျက်စိဝေဒနာရှင်များအား စမ်းသပ် စစ်ဆေးနေမှုကို ကြည့်ရှုအားပေးသည်။

သြဂုတ် ၄ ရက်မှ စတင်၍ အဆိုပါဆေးရုံ၌ မျက်စိရောဂါဝေဒနာရှင်များအား မျက်စိရောဂါ စမ်းသပ်ကုသပေးလျက်ရှိပြီး ယနေ့အထိ ဝေဒနာရှင် ၁၂၃၀ ကို စမ်းသပ်ကုသပေးခဲ့ရာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင် ၁၀၀ ရှိကြောင်း၊ ၎င်းတို့ အနက် ဝေဒနာရှင် ၄၀ အား ယနေ့ ခွဲစိတ်ကုသပေးခဲ့ပြီး ကျန်ဝေဒနာရှင်များအား ဆက်လက်ခွဲစိတ် ကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မျက်စိရောဂါ စမ်းသပ်ကုသရန် ကျန်ရှိသူ ၇၄၀ အားလည်း ဆက်လက် စမ်းသပ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု မျက်စိရောဂါ စမ်းသပ်ကုသရာတွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်  နှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ဝန်ထမ်းများနှင့် မှီခိုသူဝန်ထမ်း မိသားစုဝင်များအား အခမဲ့ စမ်းသပ် ကုသပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဆေးရုံ၌ သြဂုတ် ၈ ရက်မှ ၉ ရက်အထိ လည်ပင်းကြီးရောဂါသည် ၈ ဦးအား စင်ကာပူနိုင်ငံမှ အထူးကုဆရာဝန်ကြီး တစ်ဦးနှင့် မြန်မာနိုင်ငံမှ အထူးကု ဆရာဝန်ကြီးတစ်ဦးတို့ ဦးစီး၍ ခွဲစိတ်ကုသပေးခဲ့ကြောင်းသိရှိရသည်။

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးနှင့် ဇမ္ဗူသီရိဖောင်ဒေးရှင်းတို့၏ ပထမအကြိမ် အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၁၄ ခုနှစ် မေ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိမျက်စိဝေဒနာရှင် ၁၈၈ ဦးကို စမ်းသပ်ကြည့်ရူပေးခဲ့ကာ ၃၅ ဦးအား ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိအထူးကုဆေးရုံကြီးကို  ၂၀၁၂ ခုနှစ် မေ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဇမ္ဗူသီရိဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြု၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာတော်၊ သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ကျန်းမာရေး စောင့်ရှောက် မှုပေးခြင်း၊ ဆေးဝါးထောက်ပံ့ လှူဒါန်းခြင်းနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းများတွင် လိုအပ်သည်များကို ပံ့ပိုးကူညီခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဖောင်ဒေးရှင်းကို စတင်တည်ထောင်ချိန်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိသက်တော် (၇၀) နှင့် အထက် ဆရာတော်ကြီးများနှင့် ချို့တဲ့သံဃာတော်များအား ဆေးဝါးနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းကို စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိသည်။ ထို့အပြင် ဘာသာရေးဆိုင်ရာ တရားပွဲများ ကျင်းပပေးခြင်း၊ တရားစခန်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စောင့်ရှောက်မှု ပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

From:သမ္မတရုံး

www.mmdailystar.com

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေနေမှု မြင်ကွင်း










လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်က နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သြဂုတ်လ ၉ ရက်နေ့က စတင်ပြီး ရန်ကုန်မြစ်ဝမှာ ရှာဖွေနေတာ ဒီနေ့ဆို ၅ ရက်ရှိပြီဖြစ်ပါတယ်။
From:DVB

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...