Friday, 15 August 2014

ထိုင်းနိုင်ငံမှာ မော်ဒယ်အဖြစ် နာမည်ကြီးလာနေတဲ့ ရှမ်းပျိုမေ





ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဘဝကနေ မော်ဒယ်တဦးဖြစ်လာသူ ရှမ်းပျိုမေ တဦး အကြောင်း ထိုင်း အွန်လိုင်းသတင်းတွေမှာ နာမည်ကြီးလာနေပါတယ်။

မြန်မာနိုင်ငံ တောင်ကြီးမြို့က အသက် ၂၅ နှစ်အရွယ် နောင့်နိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့က လက်ပ်ယန်း စားသောက်ဆိုင် မှာ စားပွဲထိုးလုပ်ရင်း လူသိများလာကာ သူနဲ့ အတူဓာတ်ပုံတွေ တွဲရိုက်ကြရင်း အွန်လိုင်း မှာ နာမည်ကြီးလားခဲ့ရာကဓာတ်ပုံ အဖွဲ့တခုနဲ့ ချိတ်မိကာ မော်ဒယ်တဦးဖြစ်လာခဲ့ရတာပါ။

သူ့အလှက ထိုင်းနိုင်ငံ လှပျိုဖြူ တချို့လို ဖန်တီးထားတဲ့ အလှမျိုးမဟုတ်ပဲ မိခင်ဝမ်းက ကျွတ်လာက တည်းက အလှကို ပိုင် ဆိုင်ထားပြီး သူ့ ဘဝ ကံအကျိုးပေးကိုယ်က အလှစစ်ကို ပိုင်ဆိုင်ထားတာလို့ သတင်းတွေက ရေးကြပါတယ်။

ချင်းမိုင် လက်ပ်ယန်း စားသောက်ဆိုင်မှာ စားပွဲထိုးတော်တော်များများကလည်း မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်သူ လှပတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ စားပွဲထိုး မိန်းကလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြရင်လည်း တချို့က ပိုက်ဆံပေးကြတယ် လို့ ဆိုပါတယ်။ နောင့်နိုင်း ခေါ် နန်စီကလည်း သူ့အလှကြောင့် ဧည့်သည်
တော်တော်များများက သူနဲ့တွဲပြီး ဓာတ်ပုံရိုက်ပြီး ရင် စေတနာသဒ္ဒါကြေးပေးကြတော့ ဝင်ငွေ ပိုရပြီး သူ့အိမ် က မိသားစုကို ပိုပြီး ထောက်ပံ့နိုင်တယ်လို့ ဆိုတယ်။

ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ရောက်လာခဲ့ရင်း နောင့်နိုင်းဟာ အိမ်ဖော်လည်း လုပ်ခဲ့ဖူး သလို ဆောက် လုပ်ရေး လုပ်ငန်းတွေမှာလည်း ကြုံရာ ကျပန်း လုပ်ခဲ့ရသူပါ။

အဲဒီကနေ ချင်းမိုင်က စားသောက်ဆိုင်မှာ စားပွဲထိုး လုပ်ရင်း သူ့ အလှက နာမည် ကြီးလာလို့ အခုလို ဓာတ်ပုံ အဖွဲ့က မဂ္ဂဇင်း၊ အဝတ်အစားစတဲ့ ကြော်ငြာတွေ ရိုက်ပေးရတဲ့ မော်ဒယ် အဖြစ် ဓာတ်ပုံတွေ အွန်လိုင်းမှာ တင်ရင်း အခုဆိုတော်တော် နာမည်ကြီးလာတာပါ။

အထူးသဖြင့်တော့ ချင်းမိုင် သတင်းစာက ရှက်တတ်တဲ့ မျက်နှာလေးနဲ့ စားပွဲထိုး ရှမ်းပျိုမေ လေးအကြောင်း မကြာခဏ ဖော်ပြလေ့ရှိပါတယ်တဲ့။

သူ့ရဲ့ အလှကြောင့် စားသောက်ဆိုင်မှာလည်း လူစည်ကားပြီး ဈေးရောင်းကောင်းတာ တကြောင်း၊ အလုပ်ရှင် က လည်း သူ့ အပေါ် နားလည်ပေးတဲ့အတွက် တဖက်က မော်ဒယ်လုပ်နေပေမယ့် စားပွဲထိုးအလုပ်ကိုလည်း မစွန့်လွှတ်ပါဘူးတဲ့။

မိခင်ဖြစ်သူကလည်း ရာဘာ စိုက်ပျိုးရေး လုပ်ငန်းမှာ အလုပ်လုပ်နေတာပါတဲ့။ တလောကတော့ မြန်မာပြည် ခဏ ပြန်သွား ခဲ့ပြီး ပြန်လာကာ ရာဘာ လုပ်ငန်းခွင်ထဲ ပြန်ရောက်သွားပါပြီ။

From: ဧရာဝတီ

www.mmdailystar.com

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး အလှူငွေများ အလွဲသုံးစားလုပ်သည်ဟုဆိုကာ အဖွဲ့ခေါင်းဆောင် အပါအဝင် သုံးဦးကို အမှုဖွင့်





ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သော ခရီးစဉ်တစ်လျှောက်တွင် အများပြည်သူ လှူဒါန်းခဲ့သော အလှူငွေများအနက် ကျပ်သိန်းနှစ်ရာကျော်ကို အလွဲသုံးစား ပြုခဲ့သည်ဟုဆိုကာ လမ်းလျှောက်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို သြဂုတ်လ ၁၁ ရက်နေ့က ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဒေါ်သက်သက်မာက ပြောကြားသည်။

မြန်မာနိုင်ငံရေး အကျဉ်းသားများမှ အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ပြည်သူများ ပါဝင်သော လူ ၇၀ ခန့်က မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့မှစတင်၍ ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း၊ ပုဂံမြို့သို့ ရောက်ရှိစဉ် လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင်နှင့် နောက်လိုက်အဖွဲ့ဝင်များ သဘောထား ကွဲလွဲခဲ့ပြီး အဖွဲ့နှစ်ခု ကွဲခဲ့ကြောင်း၊ လမ်းတစ်လျှောက်ရှိ အလှူရှင်များ၏ လှူဒါန်းခဲ့သော ငွေစာရင်းကို တိကျစွာ မရှင်းလင်းနိုင်သဖြင့် ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို ကျန်အဖွဲ့ဝင်များက အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အလှူရှင်တစ်ယောက်က သိန်း ၉၀ ကို မြစ်ကြီးနားဘဏ်မှာ လွှဲပို့ထားတာ။ သူ့တို့ဘာသာ ထုတ်ယူခဲ့သလို အခြားအလှူရှင်တွေရဲ့ ငွေတွေလည်း စာရင်း မမှန်မကန် ဖော်ပြခဲ့တယ်။ အခု လမ်းလျှောက်အဖွဲ့ကို လှူဒါန်းခဲ့တဲ့ အလှူရှင်တွေနဲ့ အဆက်အသွယ် ပြန်ရပြီ။ ဘယ်နေ့ ဘယ်ရက်က ဘယ်မြို့မှာ အလှူငွေ ဘယ်လောက် ထည့်ခဲ့တယ်ဆိုတဲ့ စာရင်းတွေရှိတာကြောင့် သူ့တို့သုံးယောက်ကို အမှုဖွင့်ပြီး တရားစွဲသွားမှာပါ” ဟု ရဲစခန်းတွင် တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့သူ ဒေါ်သက်သက်မာက ရှင်းပြသည်။

အဆိုပါ ငွေကြေး အရှုပ်အရှင်းနှင့် ပတ်သက်၍ ဇူလိုင်လဆန်းပိုင်းက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ သုံးရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း၊ ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို လမ်းလျှောက်အဖွဲ့၌ ပါဝင်ခဲ့သူများက အလှူငွေရရှိမှု လက်ခံစာရင်း ဇယားများကို တိကျစွာ ပြန်လည် ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လာရောက် ဖြေရှင်းမှု မရှိခဲ့သောကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့တွင် ပါဝင်ခဲ့သူများထံမှ သိရှိရသည်။

“လမ်းလျှောက် အဖွဲ့ဝင်တွေက လမ်းမှာ ပြည်သူတွေကျွေးတဲ့ ထမင်းစားပြီး ဒုက္ခခံကြိုးစားခဲ့ရတာ။ ရတဲ့ အလှူငွေတွေကို ကချင်စစ်ဘေး ဒုက္ခသည်တွေအတွက် လှူခဲ့မယ် ဆိုတော့လည်း လက်မခံခဲ့ဘူး။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးဖို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူတွေအပေါ် လှူဒါန်းခဲ့တဲ့ ငွေတွေကို ပြည်သူအကျိုးရှိမယ့် နေရာမှာ သုံးစေချင်တာကြောင့်ပါ” ဟု ဒေါ်သက်သက်မာက ရှင်းပြသည်။

ယင်းတိုင်ကြားချက်နှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် အဆိုပါ အလှူငွေများ အလွဲသုံးစားပြုသည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားခံရသူ ကိုရဲထွဋ်ခေါင်နှင့် ၎င်း၏ဇနီး အပါအဝင် မြန်မာနိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်၏ လက်ကိုင်ဖုန်းများထံသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်ခဲ့သော ဒေါ်သက်သက်မာက ငွေအလွဲသုံးစားပြုမှုဖြင့် ကိုရဲထွဋ်ခေါင်တို့ သုံးဦးကို တရားလိုပြု တိုင်ကြားခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
From: the voice

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှု သတ္တမမြောက်နေ့၌ တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ် ခဲ့

ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှု သတ္တမ မြောက်နေ့တွင် ခေါင်းလောင်းကြီး ဆယ်ယူသည့် နေရာအထက် မိုး ကောင်းကင်ပေါ်တွင် တိမ်တိုက်များက ခေါင်းလောင်းပုံသဏ္ဌာန် ထူးခြားစွာ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း လာရောက် ကြည့်ရှုသည့် ရဟန်းရှင်လူပြည်သူ အပေါင်းက ဆိုသည်။

''ပထမစက်ဝိုင်းပုံသဏ္ဌာန်ပေါ် ပြီး တဖြည်းဖြည်းနဲ့ခေါင်းလောင်းပုံ သဏ္ဌာန်ပေါ်လာတာ။ အချိန်ကခဏ လေးပဲ။ သုံးမိနစ်လောက်တော့ကြာ မယ်ထင်တယ်''ဟုခေါင်းလောင်းဆယ် ယူနေမှုအား ဒလမြို့နယ်မှလာရောက် ကြည့်ရှုသည့်အသက် ၆၇နှစ်အရွယ် ဦးဇော်မြင့်က ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးအား ဆယ်ယူနေစဉ် သြဂုတ်လ ၁၄ ရက် သတ္တမမြောက်နေ့ ညနေ၃ နာရီတိတိတွင် ခေါင်းလောင်းတော် ကြီးဆယ်ယူနေသည့် မိုးကောင်းကင် အလယ်တည့်တည့်တွင် တိမ်တိုက် များက ခေါင်းလောင်းပုံသဏ္ဌာန်၊ အချိန်အားဖြင့် ၅မိနစ်ခန့် ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''ခေါင်းလောင်းကြီး ဆယ်ယူနေ တုန်း ဒီလိုထူးခြားမှုဖြစ်စဉ်တွေဖြစ် လာမယ်ဆိုတာကို ကြိုတွက်ထားပြီး သားပါ။ ဒါကြောင့် ဒီလက္ခဏာက ကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ခေါင်းလောင်းတော် ကြီးပြန် ဆယ်ယူရရှိမယ်လို့ယုံလဲ ယုံကြည်ပါ တယ်'' ဟုပဲခူးမှလာရောက်ကြည့်ရှု သည့် ဒေါ်စန်းစန်းမြင့်က ဆိုသည်။

ခေါင်းလောင်းတော်ကြီးဆယ် ယူမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းပြန်ကြားရေးမှ တိကျသေချာ သည့် သတင်းထုတ်ပြန်ချက်များမရှိ သည့်အတွက် ခေါင်းလောင်းတော် ကြီးနှင့်ပတ်သက်၍အပြင်၌ ကြီးမား သည့်ကောလာဟလသတင်းများဖြစ် ပေါ်လျက်ရှိသည့်အတွက် သတင်း မီဒီယာသမားများနှင့် လာရောက် ကြည့်ရှုသည့် လူထုပရိသတ်အပေါင်း အား တိကျသေချာသည့် သတင်း ထုတ်ပြန်ချက်များ ဆောင်ရွက်ပေး သင့်ကြောင်း အလုံမြို့နယ်မှ လာ ရောက်ကြည့်ရှုသည့် ဦးခင်မောင်ရှင်း က ဆိုသည်။

''ကျွန်တော်က ဒီနေ့ကထွက်တဲ့ ပုဂ္ဂလိကသတင်းစာ တစ်ခုမှာ ခေါင်း လောင်းကြီးက သင်္ဘောနဲ့အုပ်နေတယ်လို့ရေးသားထားတော့ ပြန် တွေ့ပြီထင်လို့ လာကြည့်တာပါ။ ဒီရောက်မှ သတင်းနဲ့ပတ်သက်ပြီး ဘာ တစ်ခုမှ သတင်းပြန်ကြားရေးအဖွဲ့ ကထုတ်ပြန်ထားခြင်းမရှိဘူးလို့ သိရ တယ်။ တကယ်အပြင်မှာလဲ ခေါင်း လောင်းကြီးက တွေ့နေပြီလို့၊ နှစ်ပတ် နဲ့အပြီးဆယ်မှာတို့စသည်ဖြင့်ပေါ့၊ ကောလာဟလတွေ ပြောနေတော့ ခေါင်းလောင်းဆယ်ယူမှုအဖွဲ့သတင်း ပြန်ကြားရေးအနေနဲ့ တိကျတဲ့သတင်း အချက်အလက်ကို ပေးသင့်ပါတယ်။ ဒီအတိုင်းဆို အပြင်ကပြောနေတဲ့ ကောလာဟလတွေကို တကယ်လိုလို ထင်ကုန်လိမ့်မယ်'' ဟု၎င်းကဆက် လက်ပြောသည်။

ရှာဖွေရေးအဖွဲ့သည် သက်သတ် လွတ်စားသောက်ပြီး ခေါင်းလောင်း တော်ကြီးကို ရှာဖွေ ဆယ်ယူနေခြင်း ဖြစ်သည့်အတွက် အေးရှားပွိုင့် ဘိုး လိန်းစင်တာမှ သက်သတ်လွတ်ကြာဇံ ထုပ်များနှင့် သစ်သီးများကို သြဂုတ် ၁၅ရက်တွင် သွားရောက်လှူဒါန်း ပေးသွားမည်ဖြစ်ပြီး လာရောက်ကြည့် ရှုသူ ပြည်သူလူထုအတွက်လည်း သောက်ရေသန့်များ၊ လုံခြုံရေးအစောင့် များ၊ နားနေစရာနေရာများကိုယနေ့ မှစကာ စီစဉ်ပေးထားသည်။

''ကျွန်တော်တို့က ဆယ်ယူတဲ့ အဖွဲ့တွေအနေနဲ့လဲ အကုန်လုံးသက် သတ်လွတ်စားပြီးမှ လုပ်တာပါ။ သတင်းပြန်ကြားချက်နဲ့ပတ်သက်ပြီး သေချာတဲ့ အချက်အလက်ကိုပေးဖို့ အတွက် ခေါင်းလောင်းကြီးဆယ်ယူ မှုမှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ပြောလို့မရသေးပါဘူး''ဟု ခေါင်း လောင်းဆယ်ယူမှုအဖွဲ့သတင်းပြန် ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီးဆယ်ယူနေသည့် ရက်မှာသတ္တမ မြောက်နေ့ ရောက်ရှိလာပြီဖြစ်သော် လည်း ခေါင်းလောင်းတော်ကြီး ဆယ် ယူမှုနှင့်ပတ်သက်ပြီး သတင်းအ ချက်အလက်များကို တာဝန်ရှိသူ များက ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ခေါင်းလောင်း ကြီးဆယ်ယူရရှိနိုင်မည်ဆိုသည့် ယုံ ကြည်ချက်ဖြင့် ကြည့်ရှုသူ ပရိသတ် များမှာ ယခင်နေ့များထက် ပိုမိုများ ပြားစွာလာရောက်ကြည့်ရှုနေကြောင်း သိရသည်။

''သူတို့ဘက်က တိကျတဲ့အခါ ကြေငြာပေးမယ် ပြောတယ်။ ဒါပေမဲ့ ဆယ်ယူမှုနဲ့ပတ်သက်ပြီး အနည်းငယ် လောက်ပဲဖြစ်ဖြစ်သိချင်တယ်။ ပြီး တော့ ဆယ်ယူမှုကိုလဲ အားမရဘူး။ ဒါပေမဲ့ ဆယ်လို့ရမယ်လို့ထင်မိတယ်။ ဒါကြောင့် သူတို့ဘက်က သတင်း မထုတ်ပြန်လဲ ခေါင်းလောင်းကြီး ဆယ်လို့ရပါစေဆိုတဲ့စိတ်နဲ့ပဲ ငါးရက် ဆက်တိုက်ရှိပြီလာကြည့်တာ''ဟု ကွမ်းခြံကုန်မြို့နယ်မှ ဦးဇော်မြင့်က ဆိုသည်။

ခေါင်းလောင်းတော်ကြီးကို သြဂုတ်လအတွင်းအပြီး ဆယ်ယူမည် ဟုကြေညာထားသည့်အတွက် ယင်း ရက်အတွင်း ဆယ်ယူရရှိနိုင်မှု ရှိမရှိ ကိုလည်း ပြည်သူများအနေဖြင့် အထူး ပင်စိတ်ဝင်စားလျက်ရှိသည်။

''လာကြည့်တဲ့လူတွေကတစ်နေ့ ထက်တစ်နေ့ပိုပိုလာတယ်။ ယခုအ ချိန်ထိမထူးခြားသေးဘူးဆိုပေမယ့် လဲ တွေ့ပါစေဆိုတဲ့စိတ်နဲ့ပဲလာကြည့် ကြတာပါ။ ရေငုပ်တာဆိုလဲ ဒီနေ့ တစ်ကြိမ်ပဲငုပ်တယ်။ သူတို့အချိန်နဲ့ သူတို့ငုပ်တာလို့လဲ ပြောကြတယ်''ဟု ဒေါပုံမြို့နယ်မှဒေါ်ခင် ကြည်ကဆို သည်။

ခေါင်းလောင်းရှာဖွေရေးရေငုပ် အဖွဲ့သည်လည်း ယနေ့ သြဂုတ်လ ၁၄ရက်တွင် တစ်ကြိမ်သာရေငုပ် ရှာဖွေခဲ့ပြီးရှာဖွေမှုပြုလုပ်သည့်အချိန် များတွင်လည်း ထူးထူးခြားခြား မိုး ရွာသွန်းလေ့ရှိကြောင်း သိရသည်။

ထို့ပြင် ရှာဖွေရေးနေရာကိုသွား ရောက်ရန်အတွက် လာရောက်ပြေး ဆွဲနေသည့် ငါးဖမ်းစက်လှေများကို လည်း အန္တရာယ် တစ်စုံတစ်ရာဖြစ် ပေါ်မည်စိုးသဖြင့် ပြေးဆွဲခွင့်မပြု ထားကြောင်း တူးဖော်နေသည့်နေရာ များကိုသွားလိုပါက အသက်ကယ် အင်္ကျီများပါရှိသော သမ္ဗန်များကိုသာ ပြေးဆွဲခွင့်ပြုထားသည်။

ရှာဖွေရေးပြုလုပ်နေသောနေရာ အနီးတစ်ဝိုက်တွင် ဝဲဂယက်ရှိသည့် အတွက် သမ္ဗန်များဖြင့် ပြည်သူများ သွားရောက်လေ့လာခြင်းမှာအန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်နိုင်သည့်အတွက် မသွားရောက်သင့်ကြောင်းလည်း လာ ရောက်ကြည့်ရှုသူဘုန်းတော်ကြီးအချို့ နှင့်ပြည်သူအချို့မှ အကြံပေးပြောကြား သည်။

''ခေါင်းလောင်းဆယ်တာကိုတော့ ရစေချင်ပါတယ်။ ဒါပေမဲ့အနားကို သွားပြီးကြည့်တာမျိုးတော့ မလုပ်သင့် ဘူး။ အန္တရာယ်များတယ်။ သမ္ဗန်တွေ ကတော့ ဘာမှမဖြစ်ဘူးပြောမှာပဲ။တကယ်တမ်းဖြစ်သွားရင် ကိုယ်ပဲခံ ရမှာ။ အကောင်းဆုံးကတော့ မသွား သင့်ပါဘူး''ဟုတောင်ဒဂုံမြို့နယ်မှ ကိုလင်းဦးက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကြီး နစ်မြုပ်နေသည်မှာ နှစ်ပေါင်း ၄ဝဝ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးဆယ်ယူနေ သည့်နေရာကို ရန်ကုန်တိုင်းဒေသ ကြီးမှသာမက ပဲခူးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်းစသည့်နယ်ဝေး မှ လာရောက်ကြည့်ရှုမှု ပိုများလျက်ရှိ ကြောင်း သိရသည်။

From: YMG

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းပေါ်ရှိသင်္ဘောပျက်ကို ဖယ်ရှားနေကြောင်း ဆယ်ယူရေးအဖွဲ့ပြော





ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည်မှာ ငါးရက်ရှိပြီဖြစ်သော်လည်း ခေါင်းလောင်းပေါ်တွင် ဖုံးအုပ်နေသော သင်္ဘောပျက်တစ်စီးကို ဖယ်ရှားနေသည့်အဆင့်သာ ရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ထံမှ သတင်းရရှိသည်။

ဓမ္မစေတီခေါင်းလောင်းကြီး အပေါ်တွင် သင်္ဘောပျက်တစ်စီး က  ဖုံးအုပ်လျက်ရှိနေသော ကြောင့် ယင်းသင်္ဘောကို ဖယ်ရှား နေသည့်အချိန်ဖြစ်နေပြီး ရေ အောက်တွင် ခေါင်းလောင်းအမှန် တကယ်တွေ့ရှိပြီလားဆိုသည့် မေးခွန်း နှင့်ပတ်သက်၍ ဆယ်ယူရေးအဖွဲ့က နောက်မှသတင်းထုတ်ပြန်မည်ဖြစ်၍ ပြောကြားခဲ့ခြင်းမရှိချေ။


ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ငန်းကို ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန် မြစ်ဆုံစည်းရာ  မြစ်ဝတွင် အမှတ်အသားပြုစည်းဝိုင်းတားကာ ရေငုပ်သမားများနှင့်အလှည့်ကျ လုပ်ဆောင်နေခြင်းဖြစ်သည်။ ရန်ကုန်မြစ်ဝတွင် သုံးထပ်သင်္ဘောတစ်စီးက ကျောက်ချရပ်နားထားပြီးယင်းအနီးတွင် စက်လှေငယ်တစ်စီးက ထပ်မံရပ်နားထားကာ ပရိတ်ရွတ်ခြင်း၊ စောင့်ကြည့်ခြင်းများကို  အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။

 ‘‘အသေးစိတ်အချက် အလက်ကို ရေးမှတ်ထားပါတယ်။ အခုချိန်မှာတော့ ပြောပြလို့မရ သေးပါဘူး။ မကြာမီသတင်းထုတ် ပြန်သွားမှာပါ’’ဟု ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ဦးဆောင်သူ ဦးစံလင်းက ပြောသည်။

ဆလုံရေငုပ်သမား ၁၀ ဦး၊ ဆယ်ယူရေးအဖွဲ့တွင် လူဦးရေ ၇၀ စုစုပေါင်း လူပေါင်း ၈၀ ဖြင့် ဆယ်ယူနေကြပြီး တစ်ရက်လျှင် ရေထချိန်မနက်၊ ညနေတစ်ကြိမ် စီငုပ်ပြီး ရေစီးကြမ်းသည့်နေ့တွင် တစ်နေ့တစ်ကြိမ်သာ ငုပ်နိုင်ခဲ့ သည်ဟု သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ခွင့်ပြုချက်ပေးသည်နှင့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရေးလုပ်ငန်းကို ဩဂုတ် ၉ ရက် က စတင်ခဲ့ပြီး သုံးရက်ရှိပြီဖြစ် ကြောင်း ဦးစံလင်းက ပြောသည်။

သင်္ဘောနှစ်စီးဖြင့် ဆယ်ယူ မည်ဖြစ်ပြီး  တစ်ရက်ဆယ်ယူ စရိတ်သည် ကျပ်သိန်း ၂၀၀ နီးပါးရှိသည်ဟုဆိုသည်။

‘‘ခေါင်းလောင်းရဲ့အပေါ်မှာ ဂျပန်ခေတ်တုန်းက နစ်မြုပ်ခဲ့တဲ့ သံထည်နဲ့လုပ်ထားတဲ့ သင်္ဘော တစ်စီးရှိတယ်။ အဲဒီအောက်မှာမှ ခေါင်းလောင်းရှိတယ်။  အဲဒီ သင်္ဘောကို ဖယ်နိုင်မှသာ ခေါင်း လောင်းကိုဆယ်လို့ရမယ်။ ခေါင်း လောင်းကြီးရဲ့အပေါ်မှာ  ပုစွန် တုပ်ကွေးအကွင်းမရှိတော့ဘူး။ ခေါင်းလောင်းက အောက်ကို ၄၅ ဒီဂရီစောင်းပြီး အဝကအပေါ်မှာ ရှိနေတယ်။ ရေစီးကြမ်းတဲ့အချိန် က ဆယ်လို့အကောင်းဆုံးအချိန် ဖြစ်လို့ အဲဒီအချိန်ရွေးလိုက်တာ ပါ’’ဟု ဦးစံလင်းက ရှင်းပြသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်း များကို  အထက်ပါပုဂ္ဂိုလ်က ၁၉၉၇ ခုနှစ်ကတည်းကပြုလုပ်ခဲ့ ပြီး ၁၉၉၈ ခုနှစ်တွင် ခေါင်း လောင်းတည်ရှိရာနေရာကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်တွင် စာနယ်ဇင်းမီဒီယာများက စတင်ဖော်ပြခဲ့ပြီးနောက် ခွင့်ပြုချက်ဖြင့် ဆယ်ယူရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည် ယခုသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်းဆယ်ယူရန် ခွင့်ပြုချက်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပစိတ်ဝင်စားသူများက ထပ်မံကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

ပင်လယ်အောက်တွင် နစ်မြုပ်နေသော ရှေးဟောင်းပစ္စည်းများကို ရှာဖွေသည့်စင်ကာပူအခြေစိုက်အဖွဲ့အစည်းတစ်ခုသည် ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဆက်သွယ်ခဲ့ပြီး ဆယ်ယူရာတွင် ဂျီပီအက်စ်စနစ် ဖြင့် နည်းပညာကူညီမည်ဟုဆိုခဲ့ သော်လည်း အစီအစဉ်မဖြစ်ခဲ့ပေ။



ကမ်းစပ်မှ မှုန်ပျပျသာမြင်ရ သည့် ရန်ကုန်မြစ်ရေပြင်တွင် ရပ် တန့်နေသော သင်္ဘောတစ်စီးကို လက်ညှိုးထိုးပြနေသည့် ကလေး တစ်သိုက်ဖြစ်သည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် နေရာဖြစ်ပြီး ယင်းနေရာသို့ သမ္ဗန်စက်လှေဖြင့် လိုက်ပို့ပေးမည်ဖြစ်ကာ အနီးကပ်လေ့လာ၍ရကြောင်း (၁၀) နှစ်အရွယ် ကလေးငယ်က ရှင်းပြသည်။

လူတစ်ဦး တစ်ထောင်နှုန်း ဖြင့် လိုက်ပါပို့ဆောင်ပေးကြောင်း၊ လိုက်ပါသူများ အသက်အန္တရာယ် အတွက် ပူပင်ရန်မလိုကြောင်း  ကလေးငယ်များက လာသမျှ လူ တွေကို ရှင်းပြနေသည်။
နှစ်ပေါင်း ၄၀၀ ကျော်က တည်းက ရေထဲတွင် နစ်မြုပ်နေ သည်ဟု ယူဆရသော ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုကို ကြည့်ရှုရန် ပြည်သူများသည် သာကေ တ ရှုခင်းသာ ကစားကွင်းအနီးရှိ ကုမ္ပဏီတစ်ခု၏ ဂိတ်ဝင်ပေါက်မှ ၀င်ရောက်လာသော လူအုပ်စုမှာ နေ့စဉ် လူရာချီရှိပြီး သက်ကြီး ပိုင်းအရွယ်များ၊ လူငယ်များ၊ အ မျိုးသမီးများ၊ ကိုယ်ပိုင်ကားဖြင့် လာရောက် လေ့လာသူများစ သည်ဖြင့် ရှိသည်။
လာရောက်ကြည့်ရှုသော အချို့လူများမှာ လှေမစီးရဲသော ကြောင့် ကမ်းစပ်မှနေ၍ မြစ်လယ် ရှိ သင်္ဘောနေရာကို မှန်ပြောင်းဖြင့်ကြည့်သည်။ အချို့ကမူ သမ္ဗန်စက်လှေဖြင့် သွားရောက် ကြည့်ရှုသူများ၏ ပြန်လည်ပြောပြချက်ကို စောင့်၍ နားထောင်ကြသည်။
သွားရောက် ကြည့်ရှုလိုသူ များသည် စက်လှေကို နှစ်မျိုး ရွေးချယ်နိုင်ပြီး တစ်ဦးလျှင် ငွေ ကျပ် တစ်ထောင်ဖြင့် ပြေးဆွဲနေ ရာမှ ယခု ငွေကျပ် ၂၀၀ ဖြင့် လိုက်သည့် ငါးဖမ်းလှေများနှင့် အသက်ကယ်အင်္ကျီပါသည့် လူ ဆယ်ယောက်ဆံ့ စက်လှေကြီးဖြင့် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် အ ပြိုင်အဆိုင် ပြေးဆွဲနေသည်။
‘‘ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ ဆယ်နေတာပဲ။ သင်္ဘောတော့ တွေ့သွားပြီ။ ခေါင်းလောင်းကြီး က သင်္ဘောအောက်မှာ ရှိတယ်’’ ဟု ဆယ်ယူသည့် နေရာသို့ လိုက် ပို့ပေးသည့် လှေသမ္ဗန်သမား များက လှေပေါ်ရှိ ဧည့်သည်များ ကို ရှင်းပြနေသည်။
ဓမ္မစေတီခေါင်းလောင်းကြီး စတင်ဆယ်ယူသည့် ပထမနေ့ တွင် သမ္ဗန်သုံးစီးဖြင့် စတင်ပို့ ဆောင်ခဲ့ရာမှ သွားရောက်ကြည့် ရှုလိုသူ တစ်နေ့တခြား များလာ ၍ သမ္ဗန်လှေအစီး ၃၀ ခန့်ထိ တိုးချဲ့ပြေးဆွဲလျက်ရှိသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူသည့် အချိန်နှင့်တိုက် ဆိုင်၍ ငါးဖမ်းလှေသမားများမှာ ငါးမဖမ်းတော့ဘဲ လာကြည့်သူ များကို စက်လှေဖြင့် လိုက်ပို့သည့် အလုပ်ပြောင်းလုပ်လာကြခြင်း ဖြစ်သည်။
သမ္ဗန်စက်လှေစတင်ထွက် ခွာပြီး ၁၀ မိနစ်ခန့်အကြာတွင် သာသနာ့အလံ လွှင့်ထူထားကာ သင်္ဘောတစ်ဝိုက်တွင် ငှက်ပျော ရွက်များ ချည်နှောင်ထားသော သုံးထပ်သင်္ဘောတစ်စီးကို ရေ လယ်တွင် တွေ့ရမည်ဖြစ်သည်။ သင်္ဘောပေါ်ရှိ အဖြူရောင်ဝတ် ဆင်ထားသော လူများက သမ္ဗန် စက်လှေဖြင့် လာရောက်ကြည့်ရှု သူများကို လက်ပြနှုတ်ဆက်ကြ သည်။ သမ္ဗန်ပေါ်မှ လာရောက် ကြည့်ရှုသူ လူအများကလည်း ပြန်လည်လက်ပြ နှုတ်ဆက်ကြ သည်။
ယင်းသင်္ဘောပေါ်တွင် သာ သနာ့အလံ၊ ငှက်ပျောပွဲ၊ အုန်းပွဲ တို့ဖြင့် ကန်တော့ပွဲများပေး၍ အ စီအရင်များထားရှိထားကြောင်း သင်္ဘောပေါ်သို့ လူစိမ်းလုံးဝ အ တက်မခံကြောင်းလည်း သိရ သည်။
ထိုသင်္ဘော အကျော်တွင် ဓမ္မစေတီ ခေါင်းလောင်းရှိသည် ဟု ယူဆရသော နေရာ၌ လုပ်ငန်းခွင်ဝင်မည့် သင်္ဘောတစ်စီးကို ထပ်မံတွေ့ရှိရသည်။ ယင်းသင်္ဘောဘေးပတ်လည်တွင် ရေပေါ်တွင် ပေါ်နေသော လိမ္မော်ရောင် ဗော်ယာများ တွေ့ရသည်။
‘‘ခေါင်းလောင်းကြီးရယ်၊ ခုနစ်ပေမြင့်တဲ့ ဘုရားနှစ်ဆူ၊ ရတ နာသေတ္တာ ခုနစ်လုံးရှိသေးတယ်။ စာအုပ်ထဲမှာ အဲဒီလို ရေးထား တယ်’’ ဟု လာရောက်ကြည့်ရှုသူ တစ်ဦးက ဆိုသည်။
သမ္ဗန်စက်လှေဖြင့် ရန်ကုန် မြစ်အတွင်း မိနစ် ၃၀ ခန့်ထိ စီးရ ပြီး ယင်းနေရာတစ်ဝိုက်တွင် ရေ စီးသန်သော ရန်ကုန်မြစ်ရေ၏ လှိုင်းလုံးကြီးများ ပုတ်ခတ်နေ သည်ကို တွေ့ရသည်။
‘‘ဘာမှ ထွေထွေထူးထူး မ တွေ့ဘူး။ သင်္ဘောနဲ့ ဗောတွေပဲ တွေ့တယ်’’ ဟု သံလျင်မြို့တွင် နေထိုင်သည့် ကိုရဲနိုင်က ခေါင်း လောင်းဆယ်ယူရာသို့ သွား ရောက်ပြီး သမ္ဗန်လှေပေါ်မှ အ ဆင်းတွင် ပြောသည်။
နေ့စဉ် နံနက် ၈ နာရီမှ ည နေ ၆ နာရီအထိ လာရောက်ကြည့် ရှုသူများကို ပို့ဆောင်ပေးနေရပြီး သမ္ဗန်လှေတစ်စီးလျှင် ၀င်ငွေ ကျပ်တစ်သောင်းခွဲကျော် ရရှိနေကြောင်း သမ္ဗန်သမားများထံမှ သိရသည်။
‘‘အစတစ်စလောက် ပေါ် ထွက်လာလိုက်၊ ရန်ကုန်တစ် တိုင်းလုံးက လူတွေ ဒီနားမှာ စုပြုံ ပြီးကြိတ်ကြိတ်တိုးမှာ။ ခေါင်း လောင်းကို အုပ်နေတဲ့ သင်္ဘော ကြီးအစကို ဆွဲဖယ်လို့ရပြီဆိုရင် လူတွေဒီထက်တောင် လာကြည့် ဦးမှာ။ အခု ဘာမှမတွေ့သေး တာတောင် လာကြည့်တာ’’ ဟု လေးရက်ဆက်တိုက် ကမ်းတွင် လာကြည့်သူတစ်ဦးက မှတ်ချက် ပြုသည်။
ယခု သမ္ဗန်စက်လှေများမှာ ငါးဖမ်းလှေနှင့် ဒလဘက်မှ လာ ရောက်ပြေးဆွဲနေသည့် လူ ၁၀ ယောက်ဆံ့ စက်လှေများဖြစ်ပြီး လာရောက်ကြည့်ရှုသူ များပြား လာသဖြင့် စနစ်တကျနှင့် အရေး ပေါ်ဆောင်ရွက်နိုင်ရန် သက်ဆိုင် ရာက ကြီးကြပ်ဆောင်ရွက်သင့် ကြောင်း လာရောက်ကြည့်ရှုသူ အချို့က မှတ်ချက်ပေးသည်။
‘‘စလုပ်တည်းက လာကြည့် တာ။ လှေနဲ့တော့မသွားဘူး။ အန္တ ရာယ်များလို့’’ ဟု မြစ်ကမ်းနား တွင် ရပ်ကြည့်နေသည့် ဒေါပုံမြို့ နယ်မှ အသက် (၃၀) အရွယ် အ မျိုးသားက ဆိုသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန် တောင်ချောင်းတို့ဆုံရာ ရန်ကုန် မြစ်တွင် အမှတ်အသားပြုလုပ်ပြီး ဒီရေတက်ချိန်တိုင်း ဆလုံလူမျိုး ရေလုပ်သား ၁၀ ဦးနှင့် သြဂုတ် ၉ ရက် မှစတင်၍ ခေါင်းလောင်း ကြီးကို ရေငုပ်ရှာဖွေလျက်ရှိရာ သြဂုတ်လ ၁၂ ရက်အထိ ခေါင်း လောင်းကြီးအပေါ်ရှိ သင်္ဘော ကို တွေ့ရပြီး ကြိုးချည်မှတ်သား ထားပြီဖြစ်ကြောင်း ခေါင်း လောင်းဆယ်ယူရေးအဖွဲ့က ပြောကြားထားသည်။
တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ရေငုပ်ရှာဖွေကြပြီး သြဂုတ် ၁၂ ရက်တွင် တစ် ကြိမ်သာ ရေငုပ်နိုင်ခဲ့ကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းမြင့်က မီဒီ ယာတစ်ခုအား ဖြေကြားထား သည်။
‘‘မနေ့က တွေ့တာ။ ခု သင်္ဘောမြုပ်ကိုတွေ့တယ်လို့ ယူ ဆတဲ့ ဒီနားဧရိယာ၊ သင်္ဘော မြုပ် တာကို ကြိုးချည်ထားပြီးပြီ။ ရေ ငုပ်သမားတွေက ဆလုံလူမျိုး တွေ။ ဘာကိရိယာမှမပါဘူး။ ဒီ တိုင်းငုပ်တာ။ လူတစ်ယောက်ကို တစ်ခါငုပ်ရင် ၁၅ မိနစ်လောက် ငုပ်တယ်။ ရေငုပ်သမား ၁၀ ယောက်လောက်ရှိတယ်။ ရေငြိမ် တဲ့အချိန် ငုပ်ရတာ။ ရေကျတဲ့အ ချိန်ပေါ့။ ရေတအားစီးရင် လုပ် လို့မရဘူး’’ ဟု ရေလုပ်သား ဦးစံ လွင်က ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူသူ ဦးစံလင်းသည် ၁၉၉၇ခုနှစ်မှစတင်၍ ခုနစ်ကြိမ် ခန့်အထိယင်းခေါင်းလောင်းကြီး ဆယ်ယူရရှိရေး ကြိုးပမ်းခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပေ။
ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်သည့် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ဓမ္မစေတီမင်းက ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းရန် ခေါင်း လောင်းကြီးကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြေး၊ ရွှေ၊ ငွေနှင့် သံ ဖြူစုစုပေါင်း တန် ၂၉၀ ကျော် အ သုံးပြုထားပြီး ကမ္ဘာပေါ်တွင် အ လေးချိန် အများဆုံးအဖြစ် မှတ် တမ်းဝင်ခဲ့သော ၁၁၆ မက်ထရစ် တန်ရှိသည့် ၂၀၀၀ ပြည့်နှစ်က သွန်းလုပ်သော တရုတ်နိုင်ငံမှ ကံ ကောင်းခြင်းခေါင်းလောင်း (Bell of Good Luck) ၏ အလေးချိန် ထက် နှစ်ဆရှိသည်။
From: https://www.facebook.com/pages/Myanmar-Review/331160473718185

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်း ရှာနေသူများ သံသင်္ဘော စတင်တွေ့ရှိ

 
ခေါင်းလောင်း ရှာဖွေဖော်ယူရေး လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသည့် သောင်တူးသင်္ဘောကို ယခုလ ၁၂ ရက်နေ့က တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဓမ္မစေတီမင်းခေါင်းလောင်း ဆယ်ယူရေး လုပ်ငန်းနှင့် ပတ်သက်ပြီး မတူကွဲပြားသည့် အမြင်များ
ထွက်ပေါ်နေသော်လည်း ခေါင်းလောင်းနစ်မြုပ်ရာနေရာဟု ယူဆရသည့် အပေါ်ဘက်တွင်
ပေ ၁၁၀ အရှည်ရှိ သည့် သံသင်္ဘောကို စီမံကိန်းစတင်ပြီး တတိယမြောက်ရက်တွင်
တွေ့ရှိထားကာ ထိုသင်္ဘောကို ဆယ်ယူနိုင်ရန် နုန်းမြေများကို ဖယ်ရှားရှင်းလင်းလျက်ရှိနေကြောင်း
ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ကော်မတီဝင် (မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ
ဒုတိယ ဥက္ကဋ္ဌ) ဦးနိုင်မင်းအောင် ကပြောသည်။

"လောလောဆယ်မှာတော့ သံသင်္ဘော တွေ့ထားပြီ။ ဒါပေမဲ့ နုန်းတွေဖယ်နေတာ
ဘယ်လောက်ကြာမလဲ မသိရသေးဘူး" ဟု ၎င်းကပြောသည်။

ယခုဆယ်ယူရေးအဖွဲ့ကို ဦးဆောင်သူ သုဓမ္မမဏိဇောတဓရ ဦးစံလင်းမှာ အဆိုပါခေါင်းလောင်းကြီး
ကို ဆယ်ယူရန် ငါးကြိမ်တိုင် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုတစ်ဖန် ဆယ်ယူရေး
စီမံကိန်းကို ဩဂုတ်လ ၉ ရက်နေ့က ပြန်လည်စတင်နေခြင်း ဖြစ်သည်။

"နောက်ဆုံးဆယ်ယူခဲ့တဲ့ အချိန်တုန်းက ခေါင်းလောင်းကြီးကိုတွေ့ပေမယ့် ဆယ်ယူဖို့
အချိန်မတန်သေးဘူးလို့ ပုဂ္ဂိုလ်တစ်ပါးပါးက ကျောကို ထိတွေ့ပြီး ပြောလိုက်တယ်။
တစ်စုံတစ်ရာက လာထိလိုက်တယ် ပေါ့နော်။ မြင်တော့မမြင်ရဘူး။ အချိန်မတန်သေးဘူး
ဆိုတာကိုပဲ ခေါင်းထဲရောက်နေခဲ့တယ်။ အခုတော့ ရမယ်ဆိုတာ သေချာပြီလို့ ပြောနိုင်ပါတယ်။
အခုဆယ်ယူတဲ့ နေရာမှာ ခေတ်မီနည်းပညာတစ်ခုမှ မသုံးပါဘူး။ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ပဲ
လုပ်တာပါ။ သီလသမာဓိကို ထူထောင်ပြီး လုပ်တာဖြစ်ပါတယ်။ တကယ်တော့ မေးနေလို့သာ
ပြောနေရတာ။ ဒါတွေက မပြောဘဲနေတာ ပိုကောင်းတယ်။ ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း
မပြောစေချင်ဘူး"ဟု ၎င်းက ဆယ်ယူရေး စီမံကိန်းတွင်းသို့ မရောက်မီ မြန်မာတိုင်း(မ်)ကို
ပြောကြားခဲ့သည်။

လက်ရှိ ဆယ်ယူရေးလုပ်ငန်းခွင်အတွင်း ပါဝင်သူများမှာ ငါးပါးသီလနှင့် နေရပြီး
သက်သတ်လွတ်စားကာ အပြောအဆိုပါ စောင့်ထိန်း နေထိုင်နေရသည်။

အဖွဲ့တွင် ဆရာတော်အပါအ၀င် ခေါင်းဆောင်အဖွဲ့၊ အလှူရှင်အချို့၊ ရေငုပ်သမားများ အပါအ၀င်
သင်္ဘောထိန်းများ၊ ထမင်းချက်များ စုစုပေါင်း ၈၀ ခန့်လိုက်ပါသွားပြီး ရေငုပ်သမား ၁၀ ဦးမှာ
အလှည့်ကျ ငုပ်နေကြကာ ရေစီးသန်သည့် ရာသီဖြစ်သဖြင့် တစ်နေ့လျှင် တစ်ကြိမ်မှ
နှစ်ကြိမ်အထိသာ ငုပ်နိုင်သည်။

ခေါင်းလောင်းဆယ်ယူရေး စီမံကိန်းအနီးဝန်းကျင်တွင် ဆယ်ယူသည့်နေ့မှ စတင်၍
လာရောက်ကြည့်ရှုသူများ နေ့စဉ် ပိုမိုများပြားလာလျက်ရှိနေပြီး ဒီရေအတက်အကျ
လှိုင်းလေယိမ်းမှုများကြောင့် စက်လှေများ တိမ်းမှောက်နိုင်သည့် အန္တရာယ်ရှိသည့်အတွက်
သွားရောက်ကြည့်ရှုသူများ အနေဖြင့် ဂရုစိုက်စေလိုကြောင်း ခေါင်းလောင်းဆယ်ယူရေးစီမံကိန်းသို့
သွားရောက်ကြည့်ရှုခဲ့သူ ဧရာဝတီတိုင်းဒေသကြီးမှ ဦးဝင်းညွန့်က ပြောသည်။ မြစ်သုံးခွဆိုင်ရှိ ခေါင်းလောင်း ဆယ်ယူနေသည့် သင်္ဘောများရှိရာသို့ သွားရောက် လေ့လာကြည့်ရှုလိုသူများအား စောင့်ဆိုင်းနေသည့် ကူးတို့လှေများကို ယခုလ ၁၂ ရက်နေ့က တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်) ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင် ချောင်းဝတို့ ဆုံသည့်နေရာရှိ အဆိုပါ ခေါင်းလောင်းပြန်လည်
တူးဖော်နေသည့် လုပ်ငန်းခွင်ရှိရာသို့ သာကေတမြို့နယ် ရှုခင်းသာ ဘိုးလင်းစင်တာ
အနောက်ဘက်ရှိ ကူးတို့ဆိပ်မှတစ်ဆင့် စက်သမ္ဗန် အသေးစားများဖြင့် သွားနိုင်ပြီး စက်လှေ
တစ်စင်းငှားရမ်းခမှာ ကျပ် သုံးထောင်မှ ငါးထောင်အထိ ရှိသည်။

ပန်းဆိုးတန်းဆိပ်ကမ်းမှလည်း သွားရောက်သူ အများအပြားရှိပြီး ကူးတို့လှေခမှာ
ကျပ်တစ်သောင်းနှင့် အထက်ရှိသည်။

မြစ်ဆုံတွင် သံသယရှိသော ခေါင်းလောင်း နစ်မြုပ်ရာနေရာသို့ အမှတ်အသားတိုင် တစ်ခု
စိုက်ထားပြီး ရေငုပ်သမားများသည်လည်း အဆိုပါ ပတ်ဝန်းကျင်တွင် ရေငုပ်ကာ
ရှာဖွေနေကြသည်။

ခေါင်းလောင်းကြီး ဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လ ၁၄ ရက်နေ့
တွင် ခွင့်ပြုမိန့်ပေးခဲ့ပြီး ကော့သောင်းမြို့မှ ရေငုပ်သမားများနှင့် ပညာရှင်များ စုစုပေါင်း အယောက်
၈၀ ခန့်နှင့် သောင်တူးသင်္ဘောများကို အသုံးပြု၍ ဆယ်ယူလျက်ရှိသည်။

ခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၁ မှ ၁၄၉၂ ခုနှစ်တွင် ဓမ္မစေတီမင်းက သွန်းလုပ်ခဲ့ခြင်းဖြစ်သည်
ဟုဆိုကာ ခရစ်နှစ် ၁၄၇၆ ခုနှစ်၊ အောင်တိုဘာလတွင် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းခဲ့၍
ခေါင်းလောင်းကြီး၏ ကြေးတန်ချိန်ပေါင်း ၁၈၀,၀၀၀ ပိဿာ အလေးချိန်ရှိကြောင်း၊ ကမ္ဘာ့အကြီးဆုံး
ခေါင်းလောင်းများတွင် တစ်လုံးအပါအ၀င်ဖြစ်ပြီး အဆိုပါ ဓမ္မစေတီခေါင်းလောင်းကို ၁၆၁၂ ခုနှစ်၊
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပေါ်တူဂီလူမျိုး ငဇင်ကာ (ဖီးလစ်ဒီဘရစ်တို)က သင်္ဘောဖြင့်
သယ်ဆောင်စဉ် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် သမိုင်းပညာရှင်အချို့ကမူ အဆိုပါ ခေါင်းလောင်း အမှန်တကယ် ရှိမရှိ ကို သံသယ
ရှိနေကြပြီး မေးခွန်းထုတ်မှုများလည်း ရှိနေသည်။

ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် သမိုင်းအထောက်အထားများသည် သိပံ္ပနည်းကျ
တွက်ချက်မှုများနှင့် လက်တွေ့ သဘောတရားများကြောင့် ယနေ့အချိန်တွင် စဉ်းစားဖွယ်ကိစ္စများ
ဖြစ်နေကြောင်း စာတမ်းရှင် ဦးမြင့်သူ (တမ္ပ၀တီ)က ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက
ကျင်းပခဲ့သည့် ဓမ္မစေတီခေါင်းလောင်းစာတမ်း ဖတ်ပွဲတွင် တင်ပြဆွေးနွေးခဲ့ဖူးသည်။

"ဓမ္မစေတီ ခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်ပေါ်မှာ လှူဒါန်းခဲ့တယ်လို့
သမိုင်းအယူအဆတွေက ဆိုတယ်။ အမှန်တကယ် လှူဒါန်းခဲ့ရင်လည်းကြေးပိဿာချိန်
တစ်သိန်းရှစ်သောင်း ရှိတယ်ဆိုတာကော ဟုတ်သလား။ ဘယ်နည်းနဲ့ တွက်ချက်ထားတဲ့
ပမာဏ ဖြစ်မလဲ။ ခေါင်းလောင်းကြီးကို ပေါ်တူဂီ လူမျိုး ငဇင်ကာ ဖြုတ်ယူသွားတယ်၊ ဒေါပုံမြစ်ထဲ
နစ်မြုပ်ခဲ့တယ်ဆိုတဲ့အချက် တကယ်ပဲ မှန်ကန်မှု ရှိနိုင်မလား။ သူများတွေက ဆင်ကြီး
မြင်နေရတာတောင် ဆင်ခြေရာ ရှာစရာလိုလားလို့ ကျွန်တော့်ကိုပြောကြပေမယ့် ကျွန်တော့်
တစ်ဦးတည်းရဲ့ အမြင်ကတော့ အဲဒီဆင်ကြီးကို အခုတွေ့ပြီလားဆိုတာ စဉ်းစားဖို့ကောင်းတယ်" ဟု
၎င်းက ပြောသည်။

သို့သော် မွန်အမျိုးသားတို့ အနေဖြင့် မွန်သမိုင်းအထောက်အထားများကို အခြေခံ၍
ဓမ္မစေတီ ခေါင်းလောင်းသည် အမှန်တကယ် တည်ရှိခဲ့သည်၊ နစ်မြုပ်ခဲ့သည်ဟူသော
အချက်များကို ယုံကြည်နေကြသည်။


From: Myanmar Times

www.mmdailystar.com

ဇနီးဖြစ်သူကို ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံလို့ ထောင်ကျသွားသူအမျိုးသား

စင်ကာပူ အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက် The Straits Times သတင်းတပုဒ်က ဖော်ပြပါတယ်။

အကျဉ်းချခံလိုက်ရတဲ့ စင်ကာပူ အမျိုးသားရဲ့ ကာမ ကျူးလွန်တာ ခဲ့လိုက်ရသူ အသက်မပြည့်သေးတဲ့ မိန်းကလေးက တော့ အခု အဲဒီ စင်ကာပူ အမျိုးသားရဲ့ တရားဝင် ဇနီးဖြစ်သွားခဲ့ပါပြီ။

တရားသူကြီးက ပြောတာမှာတော့ အသက်မပြည့်သေးသူကို ကာမကျူးလွန်ပြီး အဲဒီမိန်းကလေးနဲ့ ကျူးလွန်သူ တို့ဟာ တရားဝင် ဇနီးမယားဖြစ်သွားတဲ့ ဖြစ်စဉ်မျိုးကတော့ သူကြားဖူးတဲ့အထဲ ပထမဆုံး ပါဘဲ လို့ လည်း ပြောထားပါတယ်။

အိမ့်သံစဉ် ~
From: ဧရာဝတီ

www.mmdailystar.com

ယောင်္ကျားများ မိန်းမယူစရာမလိုအောင် လူအစစ်နဲ့ လိင်ဆက်ဆံသလို အရသာပေးမဲ့ မိန်းမအရုပ်

ဂျပန်ကုမ္ပဏီ Oriental Industry က လူ့အရွယ်အစားနဲ့ အရုပ်မတွေကို ထုတ်လုပ်လိုက်ပါတယ်။
အရုပ်မဆိုပေမဲ့ မိန်းကလေးတွေအတွက် မဟုတ်ပါဘူး။ ယောက်ျားလေးတွေအတွက်ဆိုပေမဲ့ ကလေးတွေအတွက် မဟုတ်ပါဘူး။ လူကြီးတွေ အတွက်ပါ။
ဂျပန်လို “Dutch Wives” လို့ခေါ်တဲ့ ဒီအရုပ်မဟာ အိပ်ရာထဲကကိစ္စကို တကယ့်လူတစ်ယောက်လို စွမ်းဆောင်ပေးနိုင်မယ်လို့ဆိုပါတယ်။
တကယ့်လူနဲ့ တူလွန်းတာကြောင့် တစ်ကောင်လောက် ဝယ်ထားလိုက်ရင် ဘယ်မိန်းကလေးမှ မလိုတော့ဘူးလို့ဆိုပါတယ်။

အထိအတွေ့အတွက် တကယ့်လူအသားကို ထိတွေ့ရသလို ခံစားရအောင် ဆီလီကွန်တွေနဲ့ အထူးဖန်တီးပြုလုပ်ထားပါတယ်။

မျက်လုံးကိုလည်း အသေကြီးဖြစ်မနေဖို့ တကယ့်လူအစစ်နဲ့ တူအောင် ဖန်တီးထားပါတယ်။
ခန္ဓာကိုယ် အနေအထားကိုလည်း တကယ့်လူအစစ်အတိုင်း အမျိုးမျိုးပြောင်းလဲလို့ရပါတယ်။
မျက်နှာအမျိုးမျိုး စတိုင်အမျိုးမျိုးနဲ့ရနိုင်ပြီး ဈေးကတော့ ဒေါ်လာ ၂၀၀၀ လောက်ကျမယ်လို့ဆိုပါတယ်။


From: ဖိုးသူတော်

www.mmdailystar.com

Taxi တွေပေါ်မှာ လုပ်စားနေတဲ့ အမျိုးသမီး


ရှယ်ပေးကြပါ....

၁၂ရက်နေ့ နေ့လည်၂နာရီခန့်က ရပ်ထားသောကားပေါ်မှ လဲကျ ချင်ယောင်ဆောင် ပီး ငွေညှစ်တဲ့မိန်းမပါ လုပ်စားနေတာကြာပီ ထင်ပါတယ် ကျွန်တော့်ကို လက်အကောင်းကြီးကို ကျိုးပီဆိုပီး ဆေးခန်းပို့ပေး မပေးရင် ရဲတိုင်မယ် ဘာ ညာ နဲ့ ပြောတော့ ကျွန်တော်က ပို့ပေးမယ်ဆိုပီး ရဲစခန်းထဲမောင်း ၀င်လိုက်တော့ ရဲရှေ့ရောက်တော့ လက်ကမကျိုးဘူး နာပဲနာတာ လို့ပြောတယ် ရဲကလိပ်စာတောင်းတော့ အိမ်နံပတ်မရှိဘူး လမ်းနံမည်မသိဘူး ကျူးကျော်တဲလေးထိုးပီးနေတယ်ဘာညာနဲ့ ရဲ က မော်တော်ပီကယ်ရုံးကို သွားပါဆိုတော့ ထပ်သွား တယ် ရုံးရောက်တော့ ဆေးရုံ ကြီးကိုထပ်သွားတဲ့ဆေးစစ်ချက်ယူ ဓာတ်မှန်ရိုက်တဲ့ အဖြေပေါ်မှ အမှားအမှန်ဆက်လုပ်ရမယ်တဲ့ အဲ့မှာတင် မှောင်တော့မယ် ကျွန်တော်လဲ အလုပ်ကိစ္စချိန်းထားတာတွေမဖျက်ချင်တာကတကြောင်း ပီးတော့ဒီမိန်းမက စစ်လိုက်ရင်လက်ဘာမှမဖြစ်ဘူးဆိုတာ ပေါ်မှာစိုးလို့ ခေါင်းကလဲမူးတယ်လုပ်လာတယ်

ခေါင်းကချက်ချင်းစစ်လို့မရတာလဲသိတယ် ဆရာကျနေပီသူက ဒါနဲ့ကျွန်တော်လဲဆေးရုံ သွားတဲ့လမ်းမှာ ပေါ်တင်မေးလိုက်တယ် ခင်များဘယ်လောက် တောင်းမလဲဆို တော့ တစ်သိန်းပေးတဲ့ ကျွန်တော်လဲ တစ်သိန်း တော့မပေးဘူး တစ်သောင်းခွဲပေးမယ် ယူချင်ယူမယူချင်ရင် ဆေးလိုက်စစ် ဆေးစစ်ပီး ရင်တော့ ခင်ဗျားနောက်ဆုတ်လို့မရတော့ဘူးနော် ကို့ကိုယ်ကိုသိ ခင်များမှန်တယ်ဆိုရင်လိုက်စစ်လိုက် တစ်သိန်းတော့မရဘူး ဆိုတော့ ဆေးရုံရှေ့လည်းရောက်ရော တစ်သောင်းခွဲ ယူပီးထလစ်ရောလက်ကချက်ချင်းအကောင်းဖြစ်သွားတယ်။

ဒါမျိုးတွေအများကြီးရှိပါတယ် နဂိုထဲကကျိုးနေတဲ့ လက်ကိုအကြောင်းပြပီးလုပ်စားတဲ့ငနဲတစ်ကောင်လဲရှိသေးတယ်. ကိုယ်ပဲဖြစ်ဖြစ်ကိုယ့် Friend ထဲမှာပဲဖြစ်ဖြစ် ကားနဲ့ပတ်သတ်နေရသူတွေသိထားသင့်လို့ဝိုင်းရှဲပေးကြပါ

မှတ်ချက်။ ။ မယုံကြည်သူများ အဲ့မိန်းမ ဈေးညှိတဲ့ အသံဖိုင်များလာရောက်နားဆင်နိုင်ပါတယ် ကျွန်တော်အကုန် record လုပ်ထားပါတယ် ဗဟန်းရဲစခန်းမှာလည်း မေးကြည့်နိုင်ပါတယ်.

From:Sat Naing

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...