Saturday, 16 August 2014

ဘရာဇီးကျောင်းသူ အပျိုစင်လေလံပွဲမှာ ဂျပန်အမျိုးသားရသွား


အသက် ၂၀ အရွယ် ဘရာဇီးကျောင်းသူအပျိုစင်ဘ၀ ပန်းဦးဆွတ်ခွင့် လေလံတင်ရောင်းချပွဲမှာ ဂျပန်နိုင်ငံ က Ronald Densetsu (Natsu ) အမည်ရ အမျိုးသားက အမေရိကန်ဒေါ်လာ ၇၈၀, ၀၀၀ နဲ့ ရယူသွား ပြီဖြစ်ပါတယ်။
ဘရာဇီး ကျောင်းသူ မစ္စ Catarina Migliorini က သူ့ အပျိုစင် မိန်းမသားဘ၀ကို အင်တာနက် အွန်လိုင်း စနစ်နဲ့ လေလံ တင်ရောင်းချခဲ့တာပါ။
သြစတေးလျ လူမျိုး ရုပ်ရှင် ဒါရိုက်တာ Justin Sisely ရဲ့ “Virgins Wanted” ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်ကား ရဲ့ အစိပ်အပိုင်းအနေနဲ့ Catarina Migliorini ရဲ့ အပျိုစင် ပန်းဦးဆွတ်ခွင့်ကို ဈေးပြိုင်တင်ခဲ့တာ မှာ ဈေးပြိုင်ပေးခဲ့တာ ၁၅ ခု တောင် ရှိတယ်လို့ ဆိုပါတယ်။
အသက် ၂၀ အရွယ် သူ့ အပျိုစင်ဘ၀ကို ၀ယ်ယူခဲ့သူ ဂျပန်အမျိုးသားကို သူ့အနေနဲ့ အမေရိကားနဲ့ သြစတေးလျ ခရီးစဉ်မှာ လေယာဉ်ပေါ်မှာ ပေးဆပ်မှာဖြစ်ပါတယ်။ အဲဒီလို ပေးစပ်မှု မပြုမီနဲ့ ပေးဆပ် အပြီးကိုလည်း အင်တာဗျူး ပေးမှာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ပန်းဦးပျော်မွေ့မှုကိုတော့ ရုပ်ရှင် ရိုက်ကူးမှာ မဟုတ်ပါဘူး။ အခု လေလံနိုင်သွားသူ ဂျပန်အမျိုးသားဟာ အမေရိကန်က Jack Miller နဲ့ Jack Right တို့ရဲ့ ဈေးပြိုင်ပေးမှုကို လည်း ကျော် လွှားနိုင်ခဲ့သလို ဈေးပြိုင် အမြင့်ဆုံး ပေးခဲ့တယ်ဆိုတဲ့ အိန္ဒိယ က Rudra Chatterjee ကိုလည်း ကျော် လွှားပြီး ပေးနိုင်လို့ အခုလို လေလံအောင်ပွဲ ဆင်ခဲ့တာဖြစ်ပါတယ်။
ဆင်းရဲတဲ့ မိသားစုတွေအတွက် အိမ်တွေဆောက်ပေးဖို့ ငွေကို အသုံးပြုမှာဖြစ်တယ်လို့ မစ္စ Catarina က ပြောပါတာကို The Australian News ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့သတင်းတခုမှာ ဖော်ပြ ထားပါတယ်။
“ကျမ ဒါကို စီးပွားရေးလုပ်ငန်းတခုလို မြင်ခဲ့မိတယ်။ ရှင်တို့ဘ၀မှာ ဒါမျိုး တကြိမ်ပဲ လုပ်လို့ ရမယ့်ဟာဆိုရင် ရှင်တို့ လည်း ပြည့်တန်ဆာ တဦး ဘယ် ဖြစ်သွားမလဲ။ အံ့သြဖွယ် ဓာတ်ပုံလေး တပုံလောက် ရှင် ရိုက်လိုက် ရုံနဲ့ ရှင်က တ ကယ့် ဓာတ်ပုံ ဆရာ တဦးဖြစ်သွားတာမှ မဟုတ်ပဲ” လို့ မစ္စ Catarina က ပြောပါတယ်။

သူက ရုပ်ရှင်ရိုက်ကူးရန် အပျိုစင်များ ရှာဖွေနေတဲ့ ကြော်ငြာ တခုကို သတိထားမိတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက် က သူဟာ အငြင်းပွားဖွယ် စီမံကိန်းတခုကို လက်မှတ်ရေးထိုးခဲ့တာပါပဲတဲ့။
ဒီရုပ်ရှင်မှာ ပါဝင်ခွင့် ရဖို့အတွက် လေလံ ဈေးပြိုင်အောင်လို့ ရမယ့် ပမာဏထဲက ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၂၀၀၀၀ ရမှာပါ။ လေလံဈေးခေါ်တဲ့ ကြော်ငြာတွေ ပိုလုပ်လာရင်း လူသိများ လာ
တော့ လေလံဈေးတွေလည်း အပြိုင်ပေးခဲ့ကြရင်း အခုလို ဒေါ်လာ ၈ သိန်းနီးပါးထိ ဖြစ်လာခဲ့တာပါပဲ။
“ကျမနှလုံးသားမှာ ချစ်ခြင်းမေတ္တာတရားအပေါ်လည်း ယုံကြည်တဲ့ အချစ်အပေါ် စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးပါ။ ဒါပေမယ့် ဒါဟာ ကျမ အခု လက်တွေ့ နယ်ပယ်မှာ လုပ်လိုက်တာနဲ့ တကယ့်ကို ကြီးမားတဲ့ ကွာခြားမှုကြီးဖြစ်တယ်ဆို တာပါပဲ” လို့ မစ္စ Catarina က ဆိုပါတယ်။
ဘရာဇီး ကျောင်းသူလေး မစ္စ Catarina က သူရတဲ့ ငွေထဲကနေ မိသားစုအတွက် အိမ်သစ်တလုံး ၀ယ်ပေး ဖို့လည်း ရှိပါတယ်။


From: lwin Pyin

www.mmdailystar.com

ကိုရီးယားမှာ ကျင်းပတဲ့ လူငယ်ဘောလုံးပွဲတွင် နာမည်ကြီးအသင်းများကို အနိုင်ယူပြီး မြန်မာအသင်း ပထမရပြီ

2014 Asian Youth Football Fasta လူငယ်ဘောလုံးပွဲ တော်ကြီးတွင် မြန်မာယူ ၁၂ အသင်းရှုံးပွဲ မရှိဖြင့် အုပ်စု ပထမ ရရှိခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ် မှ သိရ သည်။

အဆိုပါ လူငယ် ဘောလုံး ပွဲတော် ကို ယခုလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ တောင်ကိုရီးယားနိုင်ငံတွင် ကျင်း ပခဲ့ခြင်းဖြစ်ပြီး မြန်မာ အပါအဝင် နိုင်ငံ ပေါင်း ၁၆ နိုင်ငံမှ လူငယ် အသင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

”အုပ်စု ပတ်လည် ကစားခဲ့တဲ့ ပြိုင် ပွဲတစ်ခုပါ။ မြန်မာ လူငယ် အသင်းက တော့ သူကျတဲ့ အုပ်စုမှာ အမှတ်အများ ဆုံးနဲ့အုပ်စုပထမ ရရှိခဲ့တာပါ”ဟု ဘော လုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာယူ ၁၂ အသင်းသည် လူ ငယ် ဘောလုံး ပွဲတော်ကြီးတွင် အုပ်စု (B) တွင် ပါဝင်ခဲ့ပြီး ထိုင်း၊ ကိုရီးယား ကလပ်ဝမ်ဆမ် FC၊ တရုတ်ကလပ် ကွမ်ဖူးနှင့် ကိုရီးယား ကလပ် ယွန်ဂျူး ဝင်းစ် အသင်း တို့နှင့် ယှဉ်ပြိုင်ခဲ့ရသည်။

ပြိုင်ပွဲတွင် ထိုင်းအသင်းကို နှစ်ဂိုး၊ ယွန်းဂျူးဝင်းစ်ကို သုံးဂိုး၊ ဝမ်ဆမ် င်္ဃ အသင်းကို ငါးဂိုး တစ်ဂိုးနှင့် တရုတ် ကလပ် အသင်းကို တစ်ဂိုး တစ်ဂိုး ရလဒ် များဖြင့် သုံးပွဲနိုင် တစ်ပွဲ သရေရမှတ် ၁ဝ မှတ်ဖြင့် အုပ်စု ပထမ ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသို့ နိုင်ပွဲများ ရယူနိုင်ခဲ့ခြင်း ကြောင့် မြန်မာ လူငယ်ကစား သမားများ အနေဖြင့် တောင်ကိုရီးယားနိုင်ငံ သို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရသည့် ဘောလုံး ပွဲတော် များတွင် ပထမဆုံး အနေဖြင့် အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်ပြီး ယခင် အင်ချွန် လူငယ် ပွဲတော်များတွင် ရှုံးနိမ့်မှု ကို အဖတ် ဆယ်နိုင်ခဲ့ကြောင်း သိရ သည်။

ကိုရီးယားအာရှ လူငယ်ဘောလုံး ပွဲတော်ကြီးကို တောင်ကိုရီးယား အမျိုး သားအဆင့် လူငယ်ဘောလုံး အဖွဲ့ချုပ် မှ ဘောလုံးနှင့် ပညာရေး ယဉ်ကျေးမှု များ တိုးတက်ရေး အတွက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူငယ် ကစားသမား စုစုပေါင်း ၁၃ဝဝ ပါဝင်ခဲ့ကြောင်း သိရသည်။

From: Popular Myanmar News

www.mmdailystar.com

လိင်ဆက်ဆံခြင်းကြောင့် ကူးစက်သောရောဂါများ အခြေခံ (လင်မယားများဖတ်သင့်သည့် ဆေးစာ)

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကိုဆေးပညာမှာ Sexually Transmitted Diseases (STDs) နဲ့ Sexually Transmitted Infections (STIs) လို့ အခုခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာလဲ အရင်က ‘ကာလသားရောဂါ’ လို့ ခေါ်ခဲ့ပြီး၊ ရောဂါတိုက်ဖျက်ရေးဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ ‘ကာလသား’ ဆိုတာ လူပျိုပေါက်ထက် ကြီးပြီး၊ များသောအားဖြင့် အိမ်ထောင်လဲမကျသေးတဲ့ ယောက်ျားသား လူရွယ်တွေကို ခေါ်တာပါ။ STDs တွေက ကာလသားတွေသာမဟုတ်ဘူး၊ အရွယ်မရွေး ဖြစ်နိုင်တယ်။ မွေးစကလေးတွေတောင် ကူးတာ။ ကာလသမီး အမျိုးသမီးများတွေမှာပါ ဖြစ်တယ်။ ဖြစ်မှာပေါ့ မဆင်ခြင်ကြလို့ တယောက်ကနေ နောက်တယောက်ကို ကူးတာကိုး။

Venereal လို့ ခေါ်တာကလဲ Venus ‘ဗီးနပ်စ်’ ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ‘ဗီးနပ်စ်’ ကို အချစ် နဲ့ အလှကိုကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။ ရောမသာမကပါ၊ ဂရိနတ်သမီး ‘အဖရိုဒိုက်’ နဲ့ပါ ဆက်စပ်မှု ရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ ‘လှတာမက်တော့ ညစာခက်’ ဆိုသလို ရောဂါက အတော်ကိုကြောက်ဘို့ ကောင်းတယ်။

ဆေးတွေ မပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ ဒီလိုရောဂါတွေကုဘို့ ပဌမဆုံးဆေးရုံကို ၁၇၄၆ ကျမှ လန်ဒန်မှာ စဖွင့်တယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ဒီရောဂါမျိုးဟာ ‘ရန်သူ့ကျည်ဆံလို ကြောက်ဘို့ ကောင်းတယ်’ လို့ ပိုစတာတွေ ကပ်ခဲ့ကြသေးတယ်။

လိင်ဆက်ဆံရာ အသုံးပြုတဲ့နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြောထိုးနည်းတွေကနေလဲကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားနေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေကပိုဆိုးတယ်။ Systemic STDs တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက HIV, Hepatitis B (ဘီ) ပိုး၊ Hepatitis C (စီ) ပိုးနဲ့ Herpes လိင်လမ်းရေယုံတွေ ဖြစ်တယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
(၁) Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ ‘Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD’ ကို ရေးထားပါတယ်။
(၂) Gonorrhea ဂနိုရီးယားက ဒုတိယအများဆုံးဖြစ်တယ်။ ‘Gonorrhea ဂနိုရောဂါ’ ကိုလဲရေးထားပါတယ်။
(၃) ‘Syphilis ဆစ်ဖလစ်’ ကိုလဲ ရေးထားပါတယ်။
(၄) ‘Genital herpes လိင်လမ်းရေယုံ’ ကိုလဲ ရေးထားပါတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ (HSV-2) ဗိုင်းရပ်စ် ကနေဖြစ်တာ။ အရည်ကြည်ဖုတွေ ဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့် ကလေးကိုကူးနိုင်တယ်။
(၅) ဗဂျိုင်းနားရောင်ခြင်းကိုဖြစ်စေတဲ့ (၃) မျိုးထဲမှာ(ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)နဲ့ (ကင်ဒီဒိုင်ယေးဆစ်) တွေက လိင်နည်းနဲ့မဆိုင်ဘဲ ဖြစ်ပေမဲ့ (ထွိုင်ကိုမိုးနပ်စ်) ကတော့ လိင်ကနေကူးစက်တယ်။
(၆) Chancroid ‘ရှန်ကာ’ ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာအနာ၊ အကြိတ် ပေါ်လာမယ်။ ပေါင်ခြံကအကြိတ်တွေ ရောင်လာတယ်။
(၇) LymphogranulomaVenereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမယ် မနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။
(၈) ‘Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)’ နဲ့ ‘Genital Warts (2) လိင်အင်္ဂါကြွက်နို့ (၂)’ တွေကိုလဲ ရေးထားပါတယ်။
Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကနေတချိန်မှာသားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။
(၉) အသဲရောင် (ဘီ) ကိုတော့ အများကြီးရေးထားပါတယ်။
(၁ဝ) HIV/AIDS ကိုလဲ အများကြီးရေးထားပါတယ်။

ဒီလိုကူးစက်ရောဂါတွေကနေလဲ ဖြစ်နိုင်တယ်။
Pubic Lice သန်း။ Parasites ‘ပါရာဆိုက်’ ခေါ်တယ်။ ဆီးစပ်မွှေးမှာလဲ ဆံပင်တွေမှာလို သန်းတွေ ရှိနိုင်တယ်။ ပုံစံမတူတတ်ဘူး။ ဒါကြောင့် Crabs ခေါ်တယ်။ ယားမယ်။ ဥတွေအုချတယ်။ ပွါးမယ်။ ကူးမယ်။
Scabies ဝဲ (ယားနာ)။ Mite ခေါ်တယ်။ ဒါပေမဲ့ STD ဟုတ်ချင်မှဟုတ်မယ်။ ယားမယ်။ နီရဲလာမယ်။ ကူးမယ်။
Ring worm ပွေး။ တခြားနေရာကပွေးလဲ ဆီးစပ်နေရာတဝှိုက်မှာ ဖြစ်နေရင် တယောက်ကနေတယောက် ကူးမယ်။
Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း။ လိင်ကတဆင့်ကူးတာဟုတ်ချင်မှဟုတ်မယ်။ အသေအခြာဆေးမကုရင် အမျိုးမီးမှာကလေးမရတာဖြစ်နိုင်တယ်။ ဗိုက်အောက်ပိုင်းနာနေမယ်။ ကိုယ်ပူမယ်။ ဆက်ဆံရင် နာမယ်။ ဆီးအောင့်မယ်။ ကြားရက် သွေးဆင်းမယ်။လိင်ကတဆင့်ကူးစက်ရောဂါလဲဖြစ်နိုင်တယ်။ဆက်ဖြစ်၊ ထပ်ဖြစ်ရာကနေ အတွင်းအင်္ဂါတွေ (သားအိမ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်နဲ့ အတီးအတားကနေရာတွေ) ရောင်တာ ဖြစ်တယ်။ Chlamydia နဲ့ Gonorrhea ကနေလဲဖြစ်စေတယ်။ ဆီးစပ်နေရာနာမယ်။ တခုခုဆင်းမယ်။ ‘Pelvic Inflammatory Disease (PID) အမျိုးသမီးတင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း’ ကိုရေးထားပါတယ်။

STDs ဘယ်လိုကာကွယ်မလဲ။ လိင်မဆက်ဆံဘဲနေပါလို့ပြောတာ အမှန်ဆုံးဘဲ။ လက်တွေ့မကျလို့ အကြံကောင်း ပေးတာကို လိုက်နာပါ။ အဖေါ်ကို ပွင့်ပွင့်လင်းလင်းမေးပါ။ ဆေးစစ်ကြပါ။ (ကွန်ဒွမ်) အမြဲသုံးပါ။ လက္စဏာရှိရင် မြန်မြန် ထိထိရောက်ရောက် ဆေးကုပါ။

Condoms (ကွန်ဒွမ်) ကနေအကုန်လုံးကိုမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasisတွေကိုတော့ ကောင်းကောင်းကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ ကောင်းကောင်းမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) မဖုံးတာကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို လုံးဝ မကာကွယ်နိုင်ပါ။

ကိုယ်ဝန်ဆောင်ရင် အထူးသတိထားပါ။ စောမွေးတာ-ပျက်တာလဲ ဖြစ်နိုင်တယ်။ အထဲကကလေးကိုထိခိုက်နိုင်တယ်။ အသေမွေးနိုင်တယ်။ အလေးချိန်မပြည့်ကလေးမွေးနိုင်တယ်။ ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ရှိနိုင်တယ်။ အများစုရောဂါတွေက တခါဖြစ်ပြီး၊ ရောဂါပြီးသွားသလို မဖြစ်စေနိုင်ပါ။ Gonorrhea, Syphilis, Chlamydia နဲ့ Trichomoniasis တွေကို ဆေးကုရင် ရှိနေတာတွေ ကောင်းသွားမယ်။ ဒါပေမဲ့ နောက်ထပ်ဖြစ်ရင် နောက်တခါ ဆေးထပ် ကုရလိမ့်မယ်။ ကိုယ်ကဆေးကုပေမဲ့ အဖေါ်ကဆေးမကုရင် ပြန်ကူးလာမယ်။

 ဒေါက်တာတင့်ဆွေ

From: HIM

www.mmdailystar.com

မြန်မာပြည်မှာ မီဒီယာတွေ ဖိနှိပ်မခံရဘဲ လွတ်လပ်မှုရှိကြောင်း 8Days က ကိုယ်လုံးတီးပုံ ဖော်ပြ၍ သက်သေပြပြီ



ကျင့်ဝတ်ကောင်းတဲ့ မီဒီယာတွေကို တော့ အားတော့နာပါတယ်။ ဒါပေမဲ့ ပြောသင့်ပြောထိုက်တဲ့ သူတွေကိုတော့ ပြောရမှာပါပဲ။ မြန်မာပြည်မှာ မီဒီယာသမားတွေ အော်ကြတယ်။ အစိုးရက မီဒီယာကို ဖိနှိပ်တယ်။ လွတ်လပ်ခွင့် မရှိဘူး ဘာညာ။ သူတို့သာ အော်နေတာ မီဒီယာတွေ ဘယ်လောက်လွတ်လပ်လာလဲ။ ဘယ်လောက် ဗရမ်းဗတာ
လာနိုင်လဲ ဖတ်နေတဲ့ စာဖတ်သူတွေ အသိပါ။ သူတို့ တွေ ဘယ်အချိန်ထထ အော်တတ်လဲ ဆိုတော့
မီဒီယာသမားကို တရားမစွဲလိုက်နဲ့။ စွဲလိုက်တာနဲ့ နောက်ကနေ မီဒီယာသမား တပြုံတမကြီး ဆန္ဒတွေပြကုန်ပြီ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိနဲ့လို့ သာ မီဒီယာတွေ ရေးရေးနေတာ။ သူတို့လုပ်ပေါက်က ဥပဒေ အထက်မှာ မီဒီယာပဲ ရှိသလိုလိုနဲ့။ အရေးမယူခံချင်ရင် ကျင့်ဝတ်နဲ့ ညီအောင်ရေး။ မရေးရင်တော့ ဥပဒေက မီဒီယာအပေါ် ပလီပလာ လုပ်နေမှာ မဟုတ်ဘူး။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှာပဲ။ ဒါက မြန်မာပြည်တစ်ခုတည်း မဟုတ်ဘူး။ ကမ္ဘာ့မီဒီယာလည်း ဒီအတိုင်း လုပ်နေတာပဲ။
ခု မြန်မာပြည်က မီဒီယာတွေ ဖြစ်နေတာက ကိုယ်ကလည်း  ကျင့်ဝတ်မရှိ မဟုတ်တဲ့ သတင်းတွေ
ဖော်ပြသေးတယ်။ ကျင့်ဝတ်နဲ့ မညီလို့ အရေးယူမယ်လုပ်တော့ တပြုံတမကြီး ထဆန္ဒပြတယ်။ မီဒီယာ
ဖိနှိပ်မှု ရပ်တွေဘာတွေနဲ့။  ဖိနှိပ်မှု ရပ်အလုပ်ကောင်းလို့ မီဒီယာဖုန်းလုမှု ရပ်ဆိုပြီး မီဒီယာသမားတွေ
အရှက်ကွဲခဲ့ပြီးပြီ။ ခုလည်း ကြည့် သူတို့သာ ဖိနှိပ်တာရပ် လွတ်လပ်ခွင့်ပေးလုပ်နေတယ်။ 8Day ဂျာနယ်ကတော့ လွတ်လပ်နေတာကြာပြီပေါ့။  ဘယ်လောက်လွတ်လပ်လဲဆို ဘာမှကို မ၀တ်တော့တာ။
ကိုယ်လုံးတီးတွေ နဲ့ ဂျာနယ်စာမျက်နှာပေါ် ရောက်လာပြီ။ ကဲ လွတ်လပ်လား မလွတ်လပ်လား စာဖတ်သူတွေသာ စဉ်းစားကြည့်တော့။ သြော်.... မေ့လို့ ဂျာနယ်တွေဖော်ပြတာ လွတ်လပ်လွန်းအားကြီးလို့ အိမ်က အမေရှေ့၊ နှမရှေ့တောင် မဖတ်ရဲတော့ဘူး။ ဒီလောက်ထိ လွတ်လပ်ပြီး ပရမ်းပတာ ဖြစ်လာတာကိုတော့ စာဖတ်သူတို့ ကြိုက်မယ် မထင်ဘူး။
 
 
From: မိုးမြင့်ထက်

www.mmdailystar.com

ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို




ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘောတစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူး

ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

၂၀၁၃ ဇူလိုင် ၁၂ ရက်က နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန (နစက)ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခင်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)၊ အကောက်အခွန်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နစကအဖြစ် ရေကြောင်းလုံခြုံရေးကို နယ်မြေစခန်း ၁၁ ခုတွင် စခန်း ၃၁ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ဖူးသည်။

ရေကြောင်းတပ်ဖွဲ့အသုံးပြုရန် အမြန်ရေယာဉ်နှစ်စင်းကို ပြည်ပမှ ၀ယ်ယူမည်ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ရခိုင်မှာက ရေကြောင်းက အဓိကကျတယ်။ အခုက လုံခြုံရေးအတွက် အထူးအလေးထားရမယ့် အခြေအနေ၊ဒါကြောင့်လည်း တိုးဖို့ပြောတာ”ဟု ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ပင်လယ်ရေထွက်ပေါက်များရှိသော်လည်း မြို့နယ်အားလုံးတွင် ရေကြောင်းရဲတပ်ဖွဲ့များ ချထားခြင်းမရှိသေးဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူးတိုးတိုးက ပြောသည်။

“ဘူးသီးတောင်၊ မောင်တောမှာတော့ ရေကြောင်းရဲတပ်ဖွဲ့ မရှိသေးဘူး။ တပ်ဖွဲ့ရှိလာမယ်ဆိုရင် လုံခြုံရေးအတွက် ပိုအားရှိတာပေါ့”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေပြီး မောင်တောနယ်စပ် ဂိတ်ပေါက်များတွင် အဆိုပါရေကြောင်း တပ်ဖွဲ့များထားသင့်သည်ဟုလည်း စခန်းမှူးတိုးတိုးက သုံးသပ်သည်။

ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်သည် ပင်လယ်ရေကြောင်းကို အဓိကအားထားရပြီး ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဓိကကုန်စည်ကူးသန်းနေခြင်းဖြစ်သည်။
From: မဇ္ဈိမ

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု လေ့လာသူများ ထူးခြားမှုအချို့ မြင်တွေ့ရသည်ဟုဆို





 ရပ်နီးရပ်ဝေးမှ ပြည်သူများနှင့် ပြည်ပသတင်း မီဒီယာများ၊ ပြည်တွင်းရုပ်သံနှင့် သတင်းမီဒီယာ များက လေ့လာ စောင့်ကြည့်နေသော ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုတွင် ဩဂုတ် ၁၃ ရက်တွင် ထူးခြားမှုအချို့ကို မြင်တွေ့ နေရကြောင်း လေ့လာကြည့်ရှုနေသော ဧည့်ပရိသတ်များက ပြောကြားကြသည်။

မြစ်ဆုံအနီး ပင်လယ်ကူးသင်္ဘောများကို အချက်ပြသောမီးပြ တိုင်အနီး ကိုက် ၂၀ ကျော်တွင် ယနေ့ နံနက်ပိုင်းက ရေအောက်တွင်ရှိသော အရာဝတ္ထုတစ်ခုနှင့် ချိတ်၍ထိုချိတ်ထားသော အမှတ်အသား အဖြစ် ရေပေါ်တွင်ဘောလုံး အမည်းနှစ်ခု ကိုက် ၃၀ အကွာ တစ်ဖက်တစ်ချက်၌ ပြထားပြီး သံဃာတော်များ ပရိတ်ရွတ်ဖတ် သရဇ္ဈာယ်သည့် ဗညားလတ် သုံးထပ် သင်္ဘောဦးပိုင်းတွင် ငှက်ပျောပင်၊ ကြံပင်များ စိုက်ထူထား ကာယခင်ရပ်နားသည့် နေရာတွင်မဟုတ်ဘဲ ရေပေါ်အမှတ်အသားပြုလုပ်ထားသော ဘောလုံးအနက်နှစ်လုံး အနီးတွင် သင်္ဘောရပ်နားထားသည့် အတွက် ယခင်နေ့များနှင့်မတူသော အပြင်အဆင်ကို တွေ့မြင်ရ သောကြောင့် ထူးခြားမှုတစ်ခုရှိနေပြီဟု သုံးသပ်ဝေဖန်ကြခြင်းဖြစ်သည်။

အဆိုပါ အမှတ်အသားပြုလုပ် ထားသော ဘောလုံးအနက်နှစ်လုံး အလယ်သို့ မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ဗညားလတ်သင်္ဘောမှ ပရိတ်ရွတ်ဖတ်သော သမ္ဗန်စက်လှေ တစ်စင်း၊ ရေငုပ်အဖွဲ့ရေယာဉ် တစ်စင်းဖြင့် သာသနာ့အလံကို သမ္ဗန်တွင် စိုက်ထူကာ ထွက်ခွာလာခဲ့ပြီး ရေစစ်နေချိန်တွင် စတင်ရေငုပ်ကာ ဆရာတော်လေးပါးက သမ္ဗန်ခေါင် မိုးပေါ်မှမေတ္တာပို့ပရိတ်ရွတ်ဖတ် ၍ထိုနေရာကို လှည့်လည်လျက် ရှိသည်။ မွန်းလွဲ ၁ နာရီခွဲတွင် ပင်လယ်ဝဘက်မှ မိုးမှောင်ကျလာပြီးလေတိုက်ခတ်လာကာ ရေပြင်တွင် လှိုင်းထန် လာခြင်းကြောင့် အနီးပတ် ဝန်းကျင်မှ ကြည့်ရှုနေသောစက်လှေများ ကမ်းသို့ ပြန်လည်ထွက်ခွာစဉ် ရန်ကုန်မြစ်ဝဘက်မှ ရွေ့လာသော မိုးရွာချလိုက်သည့်အ တွက် မြစ်ဆုံတွင် လှိုင်းထန်၊ လေတိုက်၊ မိုးရွာ လျက်ရှိသည်။ သို့သော်လည်း ပရိတ်ရွတ်ဖတ်နေသော စက်သမ္ဗန်ပေါ်မှသံဃာတော်မှာ ဆက်လက်ရွတ် ဖတ်နေပြီး ရေငုပ်အဖွဲ့က ဘောလုံးအစိမ်းတစ်လုံးထပ်မံချည်နှောင်ကာ ရေပေါ်အမှတ်အသားအဖြစ်သတ် မှတ်လိုက်ပြီး ပဲခူးမြစ်အတွင်းသို့ စတင်ရေတက်နေ၍ မြစ်လယ်တွင် လှိုင်းထန်လျက်ရှိသည်။ အဆိုပါ ဖြစ်စဉ်များကို ပြည်ပသတင်းဌာန တစ်ခုမှ မှတ်တမ်းတင်လျက်ရှိပြီး ၁၀ မိနစ်ခန့်အကြာတွင် မိုးစဲသွား သော်လည်း လေတိုက်၍ လှိုင်းထန်လျက်ရှိပြီး ရေငုပ်အဖွဲ့များ ဆက်လက်၍ မြစ်အောက်သို့ အလှည့်ကျ ရေငုပ်လျက်ရှိသည်။

သာကေတဆိပ်ကမ်းတွင် ပရိသတ်များစည်ကားလျက်ရှိပြီး သွားရောက်ကြည့် ရှုလို သောသူများက မြစ်ပြင်သို့ အနီးကပ် ကြည့်ရှုကြကာအချို့က မှန်ပြောင်းဖြင့်ကြည့်ရှုခြင်း၊ အဝေးမှ လေ့လာခြင်းဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှုကို စိတ်အားထက်သန်လျက်ရှိသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး ယခင်ဆယ်ယူမှု များကို စိတ်ဝင်တ စားစောင့်ကြည့်ခဲ့ဖူးသော လမ်း မတော်သရက်တောအင်းဝကျောင်း မှ ဆရာတော်တစ်ပါးက “ယနေ့ မြင်ရတာအားရတယ်။ သူတို့ဆယ်နေတာ အဆင်ပြေကြတယ်။ ဦးပဉ္စင်းလည်း ဒီလာကတည်းက မေတ္တသုတ်၊ သမ္ဗုဒ္ဓေရွတ်လာခဲ့တာ၊ တို့မြန်မာတွေ ရကိုရရမယ်လို့ ယုံကြည်တယ်။ ဒါဟာ မြန်မာတင် မဟုတ်ဘူး။ ကမ္ဘာ့အမွေအနှစ်ပဲ။ နှစ်ပေါင်း ၄၀၀ ကျော်မှ ဆယ်ယူနိုင် ခဲ့ရင် မြန်မာကို ကမ္ဘာကအံ့ဩမှာ သေချာတယ်။ ရင်ထဲမှာလည်း ပီတိဖြစ်ရတယ်။ အတွင်းရေးမှူး(၁) ဆယ်တုန်းကလည်း ရှုခင်းသာကလှမ်း ကြည့်ခဲ့ရတယ်။ အခုလို အနီးကပ်မြင် ခွင့်မရခဲ့ဘူး။ အခုလို မြင်တွေ့ရတာ အားရပါတယ်” ဟု ပျော်ရွှင်စွာ မိန့်ကြားသည်။

မည်သို့ဆိုစေ မြန်မာ့အမွေ အနှစ်အဖြစ် သမိုင်းမှတ်တိုင်စိုက် ထူနိုင်ရန် ဓမ္မစေတီခေါင်းလောင်း ကြီးကို ဩဂုတ် ၁၃ ရက် ညနေ ၃ နာရီကျော်သည့်တိုင် ဆက်လက် ကြိုးစားရှာဖွေခဲ့ပြီး ယနေ့တွေ့ရှိ ထားသော ရေအောက်မှ အရာဝတ္ထုသည်လည်း မည်သည့်အရာဖြစ်ကြောင်းကို ဆယ်ယူရေးအဖွဲ့မှ ထုတ် ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။


From: MOI

www.mmdailystar.com

အွန်လိုင်းတွင် နာမည်ကြီးနေသော မော်ဒယ် မာရီနာ၏ ဘ၀ဇတ်ကြောင်း


အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မော်ဒယ် မာရီနာ ရဲ့ ထင်မြင်ချက်များ ။
နာမည်ကြီးမယ်တချို့ နဲ့ မော်ဒယ်တွေကလည်း သူရဲ့ status တွေကို LIKE ထားတာတွေ့ ရပါတယ်။

၁။ နောက်ဆုံးတော့လည်းအကောင်ကြီးကြီးအမြီးရှည်ဖြစ်ဖို့ပဲလိုတယ်..မျက်နှာကြီးရာဟင်းဖတ်ပါပါပဲ ...စိတ်ထားမကောင်းလည်းရတယ်ဟန်ဆောင်ပြုံးအပေါ'ယံတွေလုပ်တတ်ရမယ် ..
ဖားတတ်ရမယ်,body beauty ကလည်းလှဖို့မလိုဘူးပေါင်တွင်းကြောတွေပြတ်လည်းဖြစ်တယ်,
talent လည်းမလိုဘူး yes or no ဆိုဖြစ်တယ်,နောက်ခံbackgroundလည်းကောင်းစရာမလိုဘူး..တောင့်ဖို့ပဲလိုတယ် အကောင်ကြီးကြီးထဲကဖြစ်ဖို့ပဲလိုတယ်,စည်းကမ်းလည်းရှိစရာမလိုဘူး ဒါတွေပြည့်ဆုံရင်
miss တစ်ရောက်ဖြစ်ဖို့ဆိုတာတစ်ရေးအိပ်ပြီးပြိုင်လည်းရတယ် ..ကဲကျန်တဲ့ညီမလေးတွေစိတ်ဓာတ်မကျနဲ့ကိုယ့်အရည်အချင်းနဲ့ထိုက်တန်တဲ့
မှန်မှန်ကန်ကန်ပွဲလေးတွေလာပါစေလို့သာဆုတောင်းပေတော့,
ကိုတွေကတော့အမှန်တရားပဲပြောတယ်,အမှန်တရားကိုမြတ်နိုးတယ်...
နာဂတိုင်းရင်းသူပွင့်ပွင့်လင်းလင်းပဲ,မှတ်ချက်-တိုက်ဆိုင်သွားရင်sorry

၂။ ကျွန်မသည် ဘယ်သောအခါမှ သူတစ်ပါးအပေါ' မတရားတာ မလုပ်ဘူး, မတရားတာမပြောဘူး, တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ်ချင်းစာတရားကိုရှေ့ထားပြီး
အမြဲစဉ်စားပြီးမှလုပ်တယ်,သူတစ်ပါးထိခိုက်အောင် ဘယ်သောအခါမှမလုပ်ဘူး ,စိတ်ထားကိုးလည်း အတက်နိုင်ဆုံးကောင်းအောင်ထားတယ်, ဘုရားတရားလည်းဘယ်တော့မှမမေ့ဘူး,မိဘကိုလည်း ကျွန်မ ငယ်ငယ်လေးထဲက တတ်နိုင်တဲ့အလုပ်နဲ့ရှာကျွေးခဲ့တယ်, ကျွန်မ၅တန်းနှစ်ကတည်း အမေကိုဈေးရေင်းကြွေးတယ်, မနက်လေးနာရီလောက်ဆိုထပြီး စက်ဘီးနောက်ဈေးခြင်းတောင်းထဲ ငှက်ပြောသီးသင်းသီး,ငှက်ပြောဖူး, ချဉ်ပေါင်တွေထည့်ပြီး တစ်နာရီလောက်နင်းပြီးသွားရတဲ့ခရီးကို စက်ဘီးနင်းပြီးသွားရောင်းတယ်,နွေရာသီကျောင်းပိတ်ရက်ဆိုရင် မြေပဲသွားနုတ်တယ်,

ပုရံတွေလိုက်လုပ်တယ် ,လေယာဉ်ကွင်းလမ်းဖောက်, ဗန်းမော် တက္ကသိုလ် ကျောင်းစဆောက်တော့လည်း ကျွန်မပုရံလုပ်ခဲ့တယ် နေ့ဆိုင်းကောညဆိုင်းကော ကျွန်မဆင်းခဲ့တယ် မနက်9နာရီကနေ ည12နာရီအထိ ပုရံဆင်းတယ်,ကျွန်မအမေကလည်းငယ်ငယ်လေးထဲက အကုန်သင်ပေးတယ် စိတ်ဓါတ်ရေးရာကော,အလုပ်အကိုင် ကော ,စည်းကမ်းလည်းအရမ်းကြီးတယ်,
အရမ်းလည်ကြောက်ရတယ် အိမ်မှာခြံခတ်ဖို့ကအစ ကိုယ်တိုင်တောထဲသွားပြီးဝါးခုတ်ရတယ် ,ကိုယ်တိုင်ဝါးထရံ ယက်ပြီးကိုယ်တိုင်ခြံခတ်ရတယ်,ကျွန်မတို့တပ်ထဲမှာ လျှပ်စစ်မီးနဲ့ချက်တယ်ဆိုတာမရှိဘူး , ထင်းခုတ်ရတယ်,ထင်းဆိုတာ ကိုယ့်အိမ်အတွက်လောက်ရုံတင်မကဘူး ရောင်းပါစားရတယ် ကျွန်မတို့ညီမတွေအလုပ်ကို
အဲ့လိုလုပ်ခဲ့တယ် ..ကျွန်မကအိမ်မှာအကြီးဆုံးဆိုတော့အမေကလည်း
ယောက်ကျားလေးတစ်ယောက်လိုအားကိုးခဲ့တယ် လင်ပန်းခါင်းပေါ'တင်ပြီး
တပ်ထဲဈေးပတ်ရောင်းတာဆိုရင် ဆယ်တန်းအောင်ပြီးတဲ့အထိပဲ...

သန့်ရှင်းတဲ့ငွေလုပ်အားခနဲ့မိဘကိုကိုတတ်နိုင်သလောက်နဲ့လုပ်ကြွေးခဲ့တယ်...
ကျွန်မ မလုပ်တတ်တာမရှိသလောက်ပဲ ..အနုပညာကိုငယ်ငယ်လေးထဲကဝါသနာပါတဲ့ကျွန်မက
ပထမနှစ်E major နဲ့အောင်ပြီး ရမ်ကုန်ကို အသိတစ်ယောက်ဖြစ်တဲ့အဖွားယောရဲ့အကူအညီနဲ့ ရန်ကုန်ရောက်ပြီး talents & models မှာသင်တန်းတက်ပြီး သင်တန်းဆင်းလက်မှတ်မရခင်
အဒေါ' တွေဆီသွာံးပြီး အဲ့ဒီမှာခင်တဲ့သူငယ်ချင်းနဲ့အတူရောင်းပြီးပိုက်ဆံစုတယ် 6 လလောက်နေပြီး စုလို့ရတဲ့ငွေနဲ့ ရန်ကုန်ပြန်လာတယ်အဆောင်နေတယ် သင်တန်းဆင်းလက်မှတ်ရပြီးtalents&models နဲ့၃နှစ်စာချုပ်ခဲ့တယ် ကြားမှာအမေလည်းရှိတဲ့ပိုက်လေးတွေ့ပို့ပေးခဲ့ပါတယ်

နောက်ပိုင်းကျွန်မ showပွဲတွေလျှောက်လာရတော့ မတောင်းဖြစ်တော့ဘူး မမိုးက စည်းကမ်းအရမ်းကြီးတယ် အမြဲလဲဆုံးစကားပြောတယ် မမိုးပြောတဲ့စကားအခုထိရင်ထဲမှာရှိပါတယ် သမီးကိုယ့်မိဘကိုရှာကြွေးတဲ့ငွေဟာဖြူစင်သန့်ရှင်းတဲ့ငွေနဲ့ပဲရှာကြွေးပါတဲ့ အဒီစကားကိုအခုထိလက်ကိာင်ထားပါတယ် အဲ့ဒျါကြာင့်ကျွန်မစဥါးစားလိုက်တယ် သြော်ငါငယ်ငယ်လေးထဲကအခုထိသန့်ရှင်းတဲ့လပ်အားနဲ့ရတဲ့ငွေနဲ့ရှာကြွေးခဲ့လို့အရမ်းကြည်နူးတယ် နောက်ပိုင်းပြိုင်ပွဲတွေပြိုင်တယ် miss latacyd. ဆုတွေအခြားtitle ဆုတွေလည်းရတယ်


နောက်ဆုံးရခဲ့တဲ့ဆုကတော့ အာဆီဆယ်နိုင်ငံပြိုင်ပွဲ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှာကျင်းပတဲ့ပွဲကနောက်ဆုံးပွဲပါ မြန်မာပြည်ကိုာယ်စားပြုအနေနဲ့နှစ်ရောက်သွားပြိုင်ပါတယ်အွန်ဆိုင်းနဲ့မာရီနာ ငါ အဲ့ဒီအချိန်တုန်းကfbလည်းခေတ်မစားသေးဘူး နိုင်ငံခြားပွဲဆိုတာမာရီနာတို့အရင်သွားပြိုင်ခဲ့တာပါ အဲံဒီတုန်းကလည်းအခတ်ခဲတွေအများကြီးပါ

မာရီနာကိုရမှာမဟုတ်ပါဘူးလို့ပြောတာတွေလည်းကြားပါတယ်
တစ်ခုခုဆိုကိုကိုယ်တိုင်ပဲလုပ်ရတယ်
သူများနိုင်ငံတွေRehearsalအကြိမ်ကြိမ်လုပ်ရပါတယ်မာရီနာမှာ
နှစ်မိနစ်လောက်ပဲအပြေးအလွားလုပ်ရတယ် အင်္ကျီလည်းအစဉ်မပြေလို့လည်း
အကြိမ်၂ငိုခဲ့ရပါတယ် ဒါပေမယ့်စင်ပေါ'မှာအျကာငါးတုံးယှဉ်ပြိုင်ခဲ့ပါတယ် နောက်ဆုံးစကာတင်၅ယောက်အထိဝင်ခဲ့တယ်မေးခွန်းဖြေတာအားနဲခဲ့လို.
ပ,ဒု,တနဲ့လွဲခဲ့ပေမဲ့အကောင်းဆုံး the best talent ဆုကိုရရှိခဲ့ပါတယ် ...
အဲ့ဒီပွဲကတော့နောက်ဆုံးပေါ့ အခုတော့ သရုပ်ဆောင်အလုပ်တွေ,photo တွေရိုက် ,သီချင်းလည်းဆိုတယ်,ကြော်ငြာတွေ,ပြက္ခဒိန်.,အနုပညာမှန်သမျှအကုန်လုပ်ပါတယ်,
ဒီနိုင်ငံမှာကတစ်ခုထဲနဲဖ့ရပ်တည်လို့မှမရတာနော်..

အဲ့ဒီတော့အကုန်တတ်အောင်လုပ်ထားရတာပေါ့နော်..ပြောချင်တာကကျွန်မသန့်ရှင်းစင်ကြယ်တဲ့ငွေ လုပ်အားခနဲ့ အခုတော့ ကျွန်မမိသားစုကို ကျွန်မတက်နိုင်သလောက် လိုလေသေးမရှိအောင်ထားနိုင်တယ် အဲ့ဒီအတွက်ကျွန်မဂုဏ်ယူတယ် ..ကျွန်မမိဘလည်းဂုဏ်ယူတယ်..ကျွန်မဘယ်လောက်ပင်ပမ်းပါစေ မတရားနည်းနဲ့မချမ်းသာချင်ဘူး မတရားတာနည်းနဲအသက်မမွေးဘူး ကျွန်မမိဘတွေလည်းအဲ့ဒီစိတ်ဓါတ်တွေရိုက်သွင်းထားပြီးသားအရင်တုန်းကတော့ကိုယ့်ပေါ'
မတရားလပ်လည်းခေါင်းငုံ့ခံခဲ့တယ် ခံရပါများလာတော့မခံစားနိုင်တော့ဘူး

အခုတော့မရတော့ဘူးမတရားတာဆိုရင်လက်ပိုက်ကြည့်နေတော့ဘူး ကျွန်မလည်းပုထုစဉ်လူသားပဲလေဘယ်လောက်ထိသည်းခံနိုင်မှာလည်းနော်...သူငယ်ချင်းတို့လည်းတရားသဖြင့်ရပြီးဖြူစင်တဲ့ငွေနဲ့ကိုယ့်မိသားစု ကိုယ့်လူမျိုးကိုယ့်တိာင်းပြည်အတွက် အကျိုးပြုနိုင်ပါစေ...
 
 
From:ME

www.mmdailystar.com

၂၀၀၈ ပြင်ဆင်ရေးမှ အလုံးစုံပျက်သုဉ်းရေးသို့ (အပိုင်း-၂)

မေး-ဘာဖြစ်လို့ ဒီလို ဖြစ်ရတယ် ထင်ပါသလဲ။

ဖြေ-ဒေါ်စုက သူ့ဘာသာသူ ဘာမှ လုပ်ဘူးတာမှ မဟုတ်တာ။ ၈၈ မှာ ဒို့ ဗကပတွေက ဇာတ်ကွက်ချခဲ့တာ။ အခု ဗကပ မရှိတော့ဘူး။ အစပိုင်းမှာ သူ ဘာလုပ်ရမှန်း မသိဘူး။ ဦးဝင်းတင်တို့ လုပ်တဲ့နောက်ကို မှိန်းပြီး လိုက်လာတာ။ ညောင်နှစ်ပင်ကို လက်မခံတဲ့ ၀င်းတင်တို့က ဒေါ်စု ၂၀၀၈ ကို လက်ခံလိုက်ပြီ ဆိုတော့ သူတို့ စိတ်ကုန်သွားတယ်။ ၀င်းတင် စိတ်ပျက်သွားပြီး စိတ်လျှော့သွားတာ။ စိတ်လျှော့လိုက်တော့ ဘာမှ မရှိတော့ဘူး။ အဲဒါနဲ့ သေရရှာတာပဲ။ ၀င်းတင်က ကွန်မြူနစ်ဟောင်း ဖြစ်လို့ သစ္စာတော့ စောင့်တယ်။ ဒေါ်စု မှားသွားပြီ ဆိုတာ သိတယ်။ သူ မပြောဘူး။ အနီးကလူတွေကိုပဲ ရင်ဖွင့်တယ်။ ဘာဖြစ်လို့ ဒီလို ကွဲရသလဲ ဆိုရင် တစ်ကြိမ် ဖောက်ပြန်သွားပြီ ဆိုရင် တစ်သက်လုံး သစ္စာဖောက်ဆိုပြီး ငါတို့က သတ်မှတ်တယ်။ ၀င်းတင်လည်း ဒီလိုပဲ ခံစားရမှာပေါ့။ ဒါပေမယ့် ဒေါ်စုက နာမည်ကြီးချင်တာက ပိုများနေသလား။ ဒီလိုပဲ မြင်မိတယ်။ လူထုအကျိုးကို ဘာလုပ်ပေးခဲ့သလဲ။ ရီယယ်လတီကို လက်ခံရင် လူထုချမ်းသာအောင် သူ မြန်မြန် လုပ်ပေးရမယ်။ သူက သူ့လက်ထက်ရောက်မှာ လူထု ပြေလည်သွားတာမျိုး လိုချင်တာ။ ကြားထဲက လူထုက ခံပေတော့ပေါ့။ ဒါမျိုးကိုတော့ ငါတို့လည်း မကြိုက်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းက ဒီလိုစိတ်မျိုး မရှိဘူး။ သူ့မှာ ဒေါ်ခင်ကြည် ဗီဇလည်း ရောပြီးပါလာမှာပဲလေ။ ဒီလိုပဲ တွက်ရမှာပေါ့။ ဒါပေမယ့် သေချာတာကတော့ ဒေါ်စုက အောင်ဆန်းမဟုတ်ဘူး။ အောင်ဆန်းကို မမီဘူး။ ဘာဖြစ်လို့လဲ မေးလာရင် အင်္ဂလိပ် ဒီလောက်မုန်းတဲ့ အောင်ဆန်းသမီးက အင်္ဂလိပ်ကို ယူလိုက်ပြီ ဆိုကတည်းက ဇာတ်ပျက်သွားပြီ လို့ ငါဒို့ တွက်ထားပြီးသား။ ဒါဆို ငါမေးပါမယ်။ အောင်ဆန်းဦး ဘာဖြစ်လို့ အင်္ဂလိပ်မ မယူဘဲ မြန်မာမကို ယူရသလဲ။ ကျန်တာတွေ မပြောတော့ပါဘူး။ မင်းတို့ လူငယ်တွေ လေ့လာကြည့်ရင် အများကြီး သိလာပါလိမ့်မယ်။ တစ်ခုတော့ မှတ်ထား။ ဒီလောက်တော်တဲ့၊ ထက်မြက်တဲ့ သခင်စိုး ကျဆုံးရတာ သူ့ကိုယ်ရေးစာရိတ္တကြောင့်ကွဲ့။ ပြောချင်တာကတော့ ဒါပဲ။

မေး-ပိုပြီး ရှင်းအောင် ရှင်းပြပါလား။

ဖြေ-ဒီကိစ္စ ဒီမှာတင်ရပ်တော့။ နောက်ဘာမေးချင်သလဲ။

မေး-အခုဆိုရင် မြန်မာ့နိုင်ငံရေးက ဝေ့လည်လည် အီလည်လည်ကြီး ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်နေတာလဲ။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

ဖြေ- အခုအနေအထားက ဒေါ်စုကို အလယ်မှာထားပြီး မင်းတို့အားလုံး စဉ်းစားနေလို့ ဒီလို အီလည်လည် ဖြစ်နေတာ လို့ ထင်နေရတာ။ ဒေါ်စု ကွက်ရှင် ဖြစ်နေတာ။ မဖြစ်နိုင်တဲ့ဟာကို အင်ပွတ်ထည့်ထားတော့ ဘယ်လိုလုပက် အဖြေထွက်တော့မလဲ။ မှတ်ထား ဒေါ်စုက မသိကိန်းမဟုတ်ဘူး။ သူ့ကို လျစ်လျူရှုလိုက်။ အိုမစ် လုပ်လိုက်။ ဒါဆိုရင် ဘာဖြစ်မလဲ တွက်ကြည့်။ ဆိုလိုတာက သူ ရှိရှိ၊ မရှိရှိ ဘာသက်ရောက်မှုမှ မရှိတဲ့အနေအထားမျိုး တွက်ကြည့်လိုက်။ ဒါဆိုရင် မင်းတို့ လိုချင်တဲ့ အဖြေထွက်ပြီ။ အခု ကစားနေကြတာက ရှင်းအောင် ထပ်ပြောရရင် မြန်မာ့နိုင်ငံရေးဇာတ်ခုံကနေ ဒေါ်စုကို ဖယ်လိုက်။ ဒေါ်စု သမ္မတ ဖြစ်ဖို့တို့၊ ဒေါ်စု ဘာဖြစ်ဖို့တို့ ကြိုပြီး မစဉ်းစားနဲ့တော့။ ဒါဆိုရင် ၄၃၆ တွေ ၅၉(စ)တွေက အကြောင်း မဟုတ်တော့ဘူး။ ဟုတ်တယ် မလား။ စဉ်းစားကြည့်လေ။ ဒေါ်စုအတွက် အဲဒါတွေ လိုက်ပြီး စဉ်းစားနေတာ။ ဒေါ်စုက အားလုံး အဲဒီလို သူ့အတွက် စဉ်းစားလာအောင် ဖန်တီးနေတာ။ ဒီတော့ ဒေါ်စုကို ထည့်မစဉ်းစားဘူးကွာ။ ဘာခက်မလဲ။ ဘာမှ မခက်တော့ဘူး။

မေး-ဆိုလိုတာက ဒေါ်စုက ဒီတိုင်းပြည်အတွက် အနှောက်အယှက် ဖြစ်နေတယ်လို့ ပြောချင်တာလား။

ဖြေ-အနှောက်အယှက် တော့ မဟုတ်ဘူး။ သူ့အခြေအနေ သူ့ဘာသာ နားလည်အောင် လုပ်စေချင်တာပါ။ မညှာတမ်း ပြောရရင် စောင့်လေမျိုးနွယ် ဆိုတာကို မစောင့်ထိန်းနိုင်တဲ့ အမျိုးသမီးတစ်ယောက်က ဒီတိုင်းပြည်ကို စောင့်ထိန်းလိုက်နာဖို့ မယုံရဘူး။ ငါးဒို့က ရှင်းရှင်းပဲ။ ဒီလိုပြောလို့ ဘယ်ဘက်ကမှ မဟုတ်ဘူး။ ဒို့ ကွန်မြူနစ်တွေ အာဏာရဖို့ လူထုကို စစ်ပွဲထဲ ဆွဲသွင်းခဲ့တာ။ အခုထိ အကင်းမသေသေးဘူး။ ဒေါ်စုလဲ အလားတူပဲ။ သူ အာဏာ ရဖို့ လူထုကို နင်းမှာလား။ စဉ်းစားဖို့ လိုတယ်။ လူထုက တစ်ကယ်တော့ သနားစရာကွ။ ခုချိန်အထိ နိုင်ငံရေးကို သေသေချာချာ နားလည်တာ မဟုတ်ဘူး။ ကွန်မြူနစ်ဆို ကွန်မြူနစ်ခဲ့တာ။ ဗိုလ်နေ၀င်းက ဆိုရှယ်လစ် ဆိုတော့လည်း လိုက်ပြီး ဆိုရှယ်လစ်ပဲ။ ၈၈ မှာ ဒို့ဗကပက ဒီမိုကရေစီ ဆိုပြီး အော်လိုက်တော့လဲ လိုက်ပြီး ဒီမိုကရေစီတာပဲ။ အခု ဒေါ်စု လုပ်တာ လိုက်ပြီး လှုပ်ကြမှာပဲ။ ပုဂ္ဂိုလ် အရမ်းခင်တဲ့ လူမျိုးလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ခင်တဲ့မင်တဲ့ ပုဂ္ဂိုလ်ကို မုန်းမိပြီ ဆိုရင်လည်း တစ်သက်လုံး အခဲမကြေဘူး။ ဒေါ်စု အချိန်မီ အသိတရား ၀င်ဖို့ လိုတယ်။

မေး-အသိတရား ၀င်ဖို့ ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ရှင်းရှင်းလင်းလင်း ပြောပါ။

ဖြေ- ရှင်းရှင်းပြောရရင် မတန်မရာ မမှန်းနဲ့ပေါ့ကွာ။ ဒါပါပဲ။ အင်္ဂလိပ်ကို ယူထားပြီး မျက်နှာဖြူလေးတွေ မွေးထားတဲ့လူကို နို်င်ငံ့ခေါင်းဆောင်အဖြစ် ငါကတော့ မသတ်မှတ်နိုင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ကုလားဖြူနဲ့ ပေါင်းပြီး ယူတဲ့ လွတ်လပ်ရေးမို့လို့ ဒို့ လက်မခံခဲ့တာ။ ဓနရှင် ဖောက်ပြန်ရေးလူတန်းစားနဲ့ ထိမ်းမြားထားတဲ့ အမျိုးသမီးကို နိုင်ငံတော်သမ္မတအဖြစ် မမြင်ချင်ဘူး။ သူက မလျှော့ဘဲ ဆက်တိုးရင်တော့ တိုင်းပြည်အဓိကရုဏ်း ဖြစ်မယ်။ မီးဟုန်းဟုန်း တောက်သွားတယ်။ ၂၀၀၈ ပြင်ဆင်ရေး ဆိုတာ အလကား လျှောက်ပြောနေတာ။ သူ သမ္မတ ဖြစ်အောင် ပြင်ဆင်ပေးဖို့ပဲ။ အင်္ဂလိပ်က ပေါ်ပေါ်ထင်ထင်ပဲ ဒါပြင်ပေးပါ ဆိုပြီး ပြောတယ်။ ဒေါ်စု သမ္မတ ဖြစ်ရင် အင်္ဂလိပ် ခိုင်းတာ လုပ်ရမယ့် နိုင်ငံ ဖြစ်သွားမှာပဲ။ ဒေါ်စုကို တစ်သက်လုံး စောင့်ရှောက်လာတာ အင်္ဂလိပ်ပဲ။ ဒီတော့ သူ့နိုင်ငံအပေါ် သူ သစ္စာ စောင့်မှာပဲ။ ဒီလို ဆုံးဖြတ်ချက် ရှိထားလို့လဲ အင်္ဂလိပ်ကို ယူတာပေါ့။ ဒါမျိုးကို ရိုင်းရိုင်း ပြောရရင် သစ္စာခံတယ် လို့ ခေါ်တယ်ကွဲ့။

ဒေါ်စုက မလျှော့ဘဲ ဆက်တိုး လူထုကို ချနင်းပြီ ဆိုရင်တော့ အလုံးစုံ ပျက်သုဉ်းကိန်းဆိုက်ပြီပဲ။ နေရှင်နယ်လစ်တွေက ခံမှာ မဟုတ်ဘူး။ တက်ကြွသမားနဲ့ နေရှင်နယ်လစ်တွေ ထိပ်တိုက်တိုးမယ်။ လူမျိုးရေးတွေ ပါလာမယ်။ ဒီတော့ ရှင်းရှင်းလေးပဲ တိုင်းပြည်ကို စစ်တပ်ပဲ ပြန်ထိန်းရမယ်။ နိုင်ငံတွေဟာ သူတို့နဲ့ ထိုကတန်တဲ့ အစိုးရမျိုး ရတတ်တာပဲ။ ယိုးဒယားကို ကြည့်။ မြန်မာနမူနာ ယူပြီး အကောင်းဆုံး ဖြစ်အောင် လုပ်နေတယ်။

မေး-နိဂုံးချုပ်အနေနဲ့ လူငယ်တွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ-လူငယ်တွေကို ပြောချင်တယ်။ အရေးကြီးတာ တစ်ခုပေါ့။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ဒီမိုကရေစီတွေ အရေးမကြီးဘူး။ ဒါတွေက လူတွေရဲ့ ရွေးချယ်မှုပဲ။ အဓိကအချက်က ဒီတိုင်းပြည်၊ ဒီနိုင်ငံသားတွေ စီးပွားရေး ပြေလည်ပြီး ချမ်းသာဖို့၊ ကြွယ်ဝဖို့။ ဒါပဲလေ။ ဒါကိုပဲ ဒီမိုကရေစီတွေ၊ လူ့အခွင့်အရေးတွေ ပတ်လည်ရိုက်မနေနဲ့။ ပန်းတိုင်ကတော့ တစ်ခုတည်းပဲ။ နိုင်ငံနဲ့ လူမျိုး ချမ်းသာကြွယ်ဝဖို့။ ဒီလမ်းကို လျှောက်တဲ့အခါမှာ အစိုးရက စည်းမျဉ်းတွေ သတ်မှတ်ပေးမယ်။ ပြည်သူတွေက ဒါကိုလိုက်နာရမယ်။ မလိုက်နာရင် မလိုက်နာတဲ့သူကို အပြစ်ပေးပြီး နောင်မဖြစ်အောင် လုပ်ပြတယ်။ လူတွေ စားဝတ်နေရေြးေ့ပလည်အောင် စက်ရုံ၊ အလုပ်ရုံတွေ ထူထောင်ပေးတယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်ပေးတယ်။. အဖြေက ရှင်းရှင်းလေး။ မင်းဘာသာ ဒီမိုကရေစီမကလို့ အော်တို ကရေစီပဲ ဖြစ်ဖြစ် လူထု ချမ်းသာဖို့ အဓိကပဲ။

အမေရိကန် ပုံစံကတော့ ပြည်သူကို အုပ်ချုပ်တဲ့အခါ ပြည်သူကို နားလည်အောင် ရှင်းပြပြီး ပြည်သူရဲ့ သဘောတူညီချက်ကို ရအောင်ယူတယ်။ သူတို့လူ့အဖွဲ့အစည်းက အများကြီးရင့်ကျက်နေပြီ။ ဒို့အာရှဘက်မှာ ပြည်သူကို ရှင်းပြဖို့ မလွယ်ဘူး။ ပြည်သူကို ရဲရဲတင်းတင်း ဦးဆောင်မှ ရမယ်။ ဒါကို နားလည် ဖို့ လိုတယ်။. ဒို့လူငယ်တွေ အမြင်ကျယ်ဖို့ လိုတယ်။ ဒို့နိုင်ငံ ဒို့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကို ဖော်နိုင်ဖို့ လိုတယ်။ ဒို့လူငယ်တွေ အရေးကြီးတယ်။ ဒေါ်စု နောက်ထပ် အလွန်ဆုံးနေနိုင်လှ ၁၀ နှစ်ပေါ့။ ဒီထက်ကျော်ရင် ကျန်းမာရေး ကောင်းနိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ လူငယ်တွေ ကြိုးစားပါ။ ဘယ်သူကိုမှ အားမကိုးပါနဲ့။ ဒေါ်စုကိုလည်း အားမကိုးပါနဲ့။ တိုင်းပြည်နဲ့ လူထုအကျိုးကို ကြည့်ပါ လို့ပဲြေ့ပာချင်ပါတယ်။ 

From:ပြည်သူ့အာဏာ

www.mmdailystar.com

၂၀၀၈ ပြင်ဆင်ရေးမှ အလုံးစုံပျက်သုဉ်းရေးသို့

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကွန်မြူနစ်ဝါဒ အသက်ဝင်ခဲ့သည်မှာ ၇၅ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်၊ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ အရှေ့ပိုင်းရပ်၊ ၄၈ လမ်း နေအိမ်တစ်လုံးတွင် မက်စ်ဝါဒ ယုံကြည်သူ မြန်မာလူငယ်တစ်စုက ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်းခဲ့ပါသည်။ ပါတီစတင်ထူထောင်သူများမှာ သခင်စိုး (လူထုခေါင်းဆောင်)၊ ရဲဘော်ဂိုရှယ်
(စည်းရုံးရေးမှူးနှင့် လျှို့ဝှက်လုပ်ငန်း)၊ သခင်ဗဟိန်း (ကျောင်းသားစည်းရုံးရေး)၊
သခင်လှဖေ (ဘဏ္ဍာရေးမှူး)၊ ရဲဘော်နတ် (စာကြည့်တိုက်မှူး)နှင့်
သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူး) တို့ဖြစ်ကြပါသည်။

ယခုသော် အခြေအနေများ ပြောင်းပြန်ကွာခြားခဲ့ပြီး မက်စ်ဝါဒသည် မြန်မာနိုင်ငံတွင် ရေပန်းမစားတော့ပါ။ သို့သော် တစ်ချိန်က မက်စ်ဝါဒီအဖြစ် ပြင်းထန်စွာ ယုံကြည်ခဲ့ကြသော ကွန်မြူနစ်အိုကြီးများ၏ နေ၀င်ချိန်တွင်တော့ နောင်တတရားတို့နှင့် ရောပြွမ်းနေသော အတွေးအမြင်များကို ရရှိခဲ့ပါသည်။ စာဖတ်သူများ ဝေဖန်ဆန်းစစ်နိုင်ရန် မေးမြန်းတင်ပြလိုက်ရပါသည်။

မေး-ဦးအနေနဲ့ ကွန်မြူနစ်ဟောင်းတစ်ယောက်လည်း ဖြစ်တဲ့အပြင် လက်ရှိ လွှတ်တော်နိုင်ငံရေးအထိ သိမှီခဲ့သူတစ်ဦးအနေနဲ့ အလေးစားဆုံး နိုင်ငံရေးသမားတစ်ဦးကို ပြောပြပါ။

ဖြေ- တစ်ယောက်တည်း ပြောရမယ် ဆိုရင်တော့ သခင်စိုးပဲ။ နိုင်ငံရေးသီအိုရီနဲ့ သဘောတရားအရ ပြောတာနော်။ ကိုယ်တို့က သခင်စိုးကို ဘုရားတစ်ဆူလို ကိုးကွယ်ခဲ့တာ။ သူ့အမူအကျင့်ကို ပြောတာ မဟုတ်ဘူးနော်။ သခင်စိုးအပြင် နောက်တစ်ယောက် ဆိုရင်တော့ သခင်အောင်ဆန်းပဲ။ သူကတော့ ရှင်းပြစရာ လိုမယ် မထင်ပါဘူး။

မေး-ကွန်မြူနစ်ဝါဒ ဘာကြောင့် ကျဆုံးခဲ့ရတာလဲ။

ဖြေ- ကွန်မြူနစ်ဝါဒကို ပြန်ကြည့်။ ပြင်သစ်က စတာ။ စာရွက်ပေါ်က အတွေး အခေါ်ပေါ့။ ဒါပေမယ့် လက်တွေ့ကျင့်သုံးတာက ဆိုဗီယက်၊ တရုတ်၊ အနောက်ဥရောပ ။ ကဲ.စဉ်းစားကြည့်မယ် ဆိုရင် မက်စ်က လူတွေကို ကလပ်စ် ခွဲပြီးကြည့်လိုက်တယ်။ အလျားလိုက်ကြည့်တာပေါ့။ ဓနရှင်စနစ်က လူတွေကို ဒေါင်လိုက်ခွဲပြီး ကြည့်တယ်။ မက်စ်ရော အိန်ဂျယ်ရော တစ်ကယ်တမ်းမှာ စိတ်ကူးထဲမှာ နိုင်ငံတည်ဆောက်ကြည့်ခဲ့တာ။ လူတန်းစား ခွဲခြားပြီး ကြည့်မြင်တဲ့အခါမှာ ငါ မဟုတ်ရင် မင်း ဆိုတဲ့ အမြင် ထွက်လာတယ်။ လူတန်းစားညှိတယ် ဆိုတာက သဘာဝကို လွန်ဆန်နိုင်ဖို့ ကြိုးစားတာပဲ။ ချမ်းသာတဲ့သူက ချမ်းသာမယ်။ ဆင်းရဲသူက ဆင်းရဲမယ်။ ဒါကို လူတွေက အတင်း အဓမ္မ လူတန်းစားညီမျှရေး လုပ်ဖို့ ကြိုးစားတယ်။ စိတ်ကူးထဲမှာတော့ ဘုံလူ့အဖွဲ့အစည်းကြီး တည်ဆောက်တာပေါ့။ တစ်ကယ်တမ်း လက်တွေ့မှာတော့ သဘာဝနဲ့ ကင်းကွာလို့ သရုပ်မမှန်ခဲ့တာလို့ ပြောနိုင်တယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ကိုယ်တို့လည်း ဒါကို ယုံကြည်တယ်။ ဒါကို သခင်စိုးက အရင်းကျမ်းနဲ့ ခွဲခြမ်းစိတ်ဖြာပြတယ်။ အမှန်က ဘယ်ရယ်ဒီမိတ် အင်္ကျီ မဆို အားလုံးနဲ့ တော်မယ် ဆိုတာ မဖြစ်နိုင်ဘူး။ မက်စ်ဝါဒီတွေက တစ်ပုံစံတည်း ချုပ်ပြီးသား ယူပြီးဝတ်ကြတာ။ ဒီတော့ မတော်တာတွေ၊ ကျပ်နေတာတွေ၊ ချောင်နေတာတွေ ဖြစ်ကုန်တာပဲ။ အမှန်ကန် ကိုယ့်ခန္ဓာကိုယ်နဲ့ တော်မယ့် ပုံစံ ပြန်ပြင်ရမယ်။ အဓိကအချက်က အဲဒါ။ အဲဒီ မူလဗီဇ သမူဟနဲ့ လွဲလို့ ကျဆုံးခဲ့တာပဲ။

မေး-ဒါဆို ဒီနေ့ တရုတ်ပြည် အောင်မြင်နေတာ ကွန်မြူနစ်ပါဒကြောင့်လား။

ဖြေ-တရုတ်ပြည် အောင်မြင်နေတာက တရုတ်ကိုယ်တိုင်းနဲ့ တော်အောင် ပြင်ပြီး ချုပ်ပစ်လိုက်လို့ပါပဲ။ ဒီကနေ့ တရုတ်ပြည် ဒီလမ်းကြောင်းပေါ် ရောက်လာတာက တိန့်ရှောင်ပင်းကြောင့်ပဲ။ တိန့်က ဥာဏ်ကြီးရှင်။ ဒါတွေပဲ စဉ်းစားနေတာ။ ယဉ်ကျေးမှု တော်လှန်ရေးကတည်းက တိန့်က ဘေးကကြည့်ပြီ ဘာမှားနေသလဲ စဉ်းစားနေတဲ့လူ။ အဲဒီအချိန်မှာ ကိုယ်တို့က တိုက်ရဲ၊ သတ်ရဲ၊ သေရဲတဲ့ အလံနီ လုပ်နေကြတာ။ တိန့်ရဲ့ သဘောတရားက နိုင်ငံရေးမှာ လူတန်းစားညှိမယ်။ စီးပွားရေးမှာ တံခါးဖွင့်ပေးမယ် ဆိုတဲ့မူပဲ။ အဲဒါကလည်း ဒို့ဆီမှာ ၈၈ သူတို့ဆီမှာ တိန်အင်မင် ဖြစ်ပြီးတော့ ပြောင်းပစ်တာ။ မပြောင်းလို့ မရတော့ဘူး။ လူတွေက ငတ်နေပြီ။ လမ်းပေါ်ထွက်နေပြီ။ အစိုးရကို ဖြုတ်ချနေပြီ။ စီးပွားရေးကို ပြောင်းမှကို ရတော့မယ်။ အဲဒီအချိန်မှာ ဗမာပြည်က ကျဆုံးသွားပြီ။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်နဲ့ ကျဆုံးသွားတာ။ ဒီတော့ တရုတ်နည်းတရုတ်ဟန် ကွန်မြူနစ်ဆိုပြီး ပြောင်းလုပ်တယ်။ အဓိကအချက်ကတော့ ၀တ်မယ့် ကိုယ်ခန္ဓာနဲ့ လိုက်ဘက်အောင် အင်္ကျီကို ပြင်လိုက်တာပဲ။ ဒါကြောင့် အောင်မြင်တာ။ ဒါပေမယ့် တရုတ်ပုံစံအတိုင်း တရုတ်အင်္ကျီ ကောင်းတယ် ဆိုပြီး ယူပြီး ဗမာပြည်မှာ ၀တ်ကြည့်။ ဘယ်ရမလဲ။ အဖြေက အဲဒါပဲ။

မေး-ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုမြင်သလဲ။

ဖြေ-စိတ်ဓါတ်မာတယ်။ တော်တယ်။ ဘာသာစကားရတယ်။ နိုင်ငံတကာက လက်ခံတယ်။ ခေါင်းမာတယ်။ နိုင်ငံရေးသမား ပီသတယ်ပေါ့။ ဒါပေမယ့် နိုင်ငံရေးသမား မဆန်ဘူး။ နိုင်ငံရေးသမား မဟုတ်ဘူး။ သူက ဘယ်လိုမျိုးနဲ့ ကိုက်မလဲ ဆိုရင် အိန္ဒိယက ဂန္ဓီကြီးလို Moral Leader ပေါ့။ စံပြုထိုက်တဲ့ ခေါင်းဆောင်ပေါ့။ သူ့လိုလူမျိုးက ကုလသမဂ္ဂလိုနေရာမျိုးမှာ လူ့အခွင့်အရေးတွေ ကာကွယ်ပေး၊ ကလေးတွေ၊ အမျိုးသမီးတွေအတွက် တောင်းဆိုပေး ဆိုတာမျိုးနဲ့ ကိုက်တယ်။ ဒို့မြန်မာနိုင်ငံမှာ သမ္မတ လုပ်ဖို့၊ ခေါင်းဆောင်လုပ်ဖို့တော့ မတော်လှဘူး။ ဗမာပြည်မှာ ခေါင်းဆောင်လုပ်ရင် အနု အကြမ်း စွယ်စုံရဖို့လိုတယ်။ ဗမာတွေက မင်းလောင်းမျှော်သလို ကိုးကွယ်တတ်ကြတယ်။ ဒါပေမယ့် ရေရှည်မှာ ဘယ်သူက ဘာ ဆိုတာ သိတတ်ကြတယ်။ နောက်ပြီးတော့ ဒီလောက်ရှုပ်ထွေး ပွေလီတဲ့ ဗမာပြည်နိုင်ငံရေးကို ဦးဆောင်ပြီး ရှင်းမယ် ဆိုရင်တော့ သူသာ ရူးသွားရင် ရူးသွားမယ်။ ထူးပြီး ကောင်းလာဖို့ မမြင်ဘူး။ ဒို့လူတွေက ဒေါ်စုကို ပိုတွက်ထားကြတယ်။ ဒေါ်စုမှာ ၁၀ လောက်ပဲ ရှိနေတာကို ၁၀၀ လောက်ဆိုပြီး တွက်ပစ်လိုက်တယ်။ စိတ်ချမ်းသာအောင် စိတ်နဲ့ပဲ ဖန်တီး လှည့်စားပစ်ကြတာ။ ပြီးတော့ ဘာပဲ ပြောပြော သူ့သားတွေက အင်္ဂလိပ်တွေ ဖြစ်နေတယ်။ ဒါတွေက သူ တစ်ကယ်လို့ သမ္မတ ဖြစ်ရင် ပိုဆိုးလိမ့်မယ်။ သူ့သားတွေက သမ္မတ အိမ်တော်လိုနေရာမျိုးမှာ အခမ်းအနားတွေ လုပ်ကြလို့ တက်တယ် ဆိုပါစို့။ ပြည်သူတွေ စိတ်ထဲ ဘယ်လို နေမလဲ။ နောက် နိုင်ငံခြားဆက်ဆံရေးမှာလည်း တစ်ခုခု ဆိုရင် အင်္ဂလိပ်တွေ နောက်က ဘာတွေ ညွှန်ကြားနေသလဲ ဆိုတာမျိုး စိတ်ထဲမှာ ၀င်လာမှာ သေချာတယ်။ ဒေါ်စု သမ္မတဖြစ်ရင် ပိုဆိုးလိမ့်မယ်။ ဘင်္ဂလီကိစ္စ ဆိုရင် ဒေါ်စု ဘယ်လို ကိုင်မလဲ။ သူ ဘယ်လောက်ပဲ မှန်တဲ့ဘက်က လုပ်ပါတယ် ပြောပြော။ သူ့ကို လူတွေက မယုံတော့ဘူး။ အဲဒီအခါ လူထုက မုန်းတီးသွားရင် ပိုဆိုးမယ်။ ဒီတော့ ဒေါ်စုအနေနဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးကို ကျင့်ကြံတတ်ဖို့ပဲ လိုမယ်။ ဒါဆိုရင် သူ့အတွက်ရော..နိုင်ငံအတွက်ပါ အရမ်းကောင်းသွားမယ်။

မေး-ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လို အမှတ်ပေးချင်သလဲ။

ဖြေ- ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် မဟာဗျူဟာကျကျ နိုင်ငံရေးကစားတတ်ဖို့ အများကြီး လိုတယ်။ သူ့မှာ နိုင်ငံတကာ နိုင်ငံရေးအကြံပေးတွေ၊ ပြည်တွင်းအကြံပေးတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့အထိတော့ လောက်လောက်လားလား ကစားကွက် မမြင်ရသေးဘူး။ ဒီချုပ်ရဲ့ နိုင်ငံရေးသဘောတရားက ဘာလဲ။ ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား မဟုတ်ဘူးလေ။ ဒါနဲ့ ရောကြိတ်လို့ မရဘူး။ ဒီသဘောတရားမှာ အခြေခံပြီး နိုင်ငံကို ဘယ်လမ်းကြောင်းအတိုင်း သွားမလဲ ဆုံးဖြတ်ရတာမျိုး။ အထင်ကြီးလောက်တဲ့၊ သမိုင်းမှာ ကျန်ရစ်လောက်မယ့် နိုင်ငံရေးလှုပ်ရှားမှု ဘာတစ်ခုမှ မရှိသေးဘူး။ ဒီလိုပြောလို့ စိတ်ဆိုးရင်လည်းဆိုးစေတော့။ (ဆက်ရန်)


From:ပြည်သူ့အာဏာ

www.mmdailystar.com

ကမ္ဘာပတ်လို့ ၆၆ ကြိမ် မင်္ဂလာဆောင်ပြီးတော့ အတည်ဆောင်တော့မယ် လင်မယား

.
Alex Pelling နဲ့ Lisa Gant တို့ရဲ့ ကမ္ဘာပတ် မင်္ဂလာဆောင်ခဲ့ကြတဲ့ သတင်းကို ဖတ်ဖူးသူများလည်း ရှိကြမှာပါ။ ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ သူတို့ဟာ ၈ နှစ်ကြာ ချစ်သူ ရည်းစား ဖြစ်ပြီးမှ အိမ်ထော င်ပြုကြခြင်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာကိုလည်း အခြား သာမန်လူများနဲ့ မတူပဲ ၃ နှစ်တာ ကာလ အ တွင်း ကမ္ဘာပတ်လို့ မတူကွဲပြားတဲ့ ၆၆ မျိုးသော နည်းလမ်းနဲ့တောင် မင်္ဂလာ ဆောင်ခဲ့ကြ ပါတယ်။ Lisa ဟာ ကုမ္ပဏီတစ်ခုမှ မန်နေဂျာ အဖြစ် လုပ်ကိုင်ပြီး Alex ကတော့ ကားပြင်ဆင်တဲ့ ကိုယ်ပိုင် လုပ်ငန်း ရှိသူ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး ခရီးထွက် မင်္ဂလာဆောင်နိုင်ဖို့အတွက် ကိုယ်ပိုင်အိမ်ကော၊ လုပ်ငန်းများ ကိုရော ရောင်းချ ခဲ့ပြီး ၂၀၁၁ ခုနှစ်ကနေ ခရီးထွက် မင်္ဂလာဆောင်လာလိုက်တာ ၂၀၁၄ ခုနှစ် မေ လ လောက်မှာပဲ ပြီးဆုံးသွား ပါတယ်။ 
ကုန်ကျစရိတ် ဘယ်လောက်ရှိတယ် ဆိုတာ မဖော်ပြပေမယ့် သူတို့ ရောက်ခဲ့တဲ့ နိုင်ငံ က နိုင်ငံပေါင်း ၃၀ ကျော် ပါတ်။ ပါစ္စတန်လို နိုင်ငံငယ်တောင် မချန်ပါဘူး။ မင်္ဂလာပွဲ တစ်ခုတိုင်း အတွက် ဓာတ်ပုံများကို ရိုက်ကူးမှတ်တမ်းတင်ပြီးတော့ သူတို့ရဲ့ ဝဘ်ဆိုဒ်မှာ ပြန်တင်ပါတယ်။ ဒါကြောင့်မို့ ၃ နှစ်တာ သူတို့ လုပ်လာတဲ့ ဘလောဂ်လေးဟာ ကြည့်ရှုသူ သန်းကျော် ရှိပြီး ကြော်ငြာ စီးပွားလုပ်ငန်း လုပ်စရာ နေရာ တစ်ခုလည်း ဖြစ်လာပါတယ်။

အင်္ဂလန်ကို ပြန်ရောက်လာပြီးတေ့ ယခု မန်ချက်စတာမှာပဲ နောက်ဆုံးပိတ် မင်္ဂလာဆောင် ပြု လုပ်တော့ မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ကမ္ဘာပတ် မင်္ဂလာဆောင်ထားတဲ့ ချစ်စဖွယ် ဓာတ်ပုံများကို http://www.dailymail.co.uk/femail/article-2724738/We-crazy-romantics-Globe-trotting-British-couple-wed-66-TIMES-traditional-marriage-ceremony-place-theyve-visited-three-years.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

From: အောင်ခမ်း (ရိုးရာလေး)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...