Sunday, 17 August 2014

ဝန်ကြီးချုပ်တစ်ယောက် ရေထဲဆင်းလမ်းလျှောက်၍ ကျောင်းများကို လိုက်စစ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေသည် အမှတ်(၃)အခြေခံပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာနှင့် ငွေနံ့သာကျေးရွာများရှိ ရေလွှမ်းမိုးခံရသည့် စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဘားလားကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး လှည်းကူးမြို့နယ် ဒုတိယပညာရေးမှူး ဒေါ်စန္ဒာဦးနှင့် တာဝန်ရှိသူများက စာသင်ကျောင်းအတွင်းသို့ ရေများဝင်ရောက်နေမှု အခြေနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဘားလားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မူလတန်း(၂၅၉)ဦး၊ အလယ်တန်း(၁၃၅)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၃၉၄)ဦးအား ဆရာ၊ ဆရာမပေါင်း(၁၃)ဦးတို့ဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။

ထို့နောက် လှည်းကူးမြို့နယ် ငွေနံ့သာစံပြအခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်ခင်နှင့် တာဝန်ရှိသူများက စာသင်ကျောင်း၏ လက်ရှိအခြေအနေ များအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ငွေနံ့သာစံပြအခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း(၂၆၃)ဦး၊အလယ်တန်း(၂၅၄)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ(၅၁၇)ဦးအား ဆရာ ဆရာမပေါင်း(၁၈)ဦးတို့ဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးရေချိန်(၉၃)လက်မကျော်ရှိခဲ့ပြီး မှော်ဘီမြို့နယ်အတွင်းရှိ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်နှင့် လှည်းကူးမြို့နယ်ဘားလားကျေးရွာနှင့် ငွေနံ့သာကျေးရွာအနီးတဝိုက်တွင် ရေလွှမ်းမိုးမှုများရှိခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် မှော်ဘီမြို့နယ် အမှတ်(၃) ရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၄) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ ကွက်သစ်အခြေခံပညာမူလတန်းကျောင်းများနှင့် လှည်းကူးမြို့နယ်အတွင်းရှိ ဘားလားကျေးရွာအခြေခံပညာမူလတန်း လွန်ကျောင်း ငွေနံ့သာစံပြအခြေခံပညာအလယ်တန်းကျောင်းတို့ ခေတ္တပိတ်ထားခဲ့ရပြီး ယခုအခါ (၃)ရက်ခန့် မိုးရွာသွန်းမှုမရှိတော့သဖြင့် မှော်ဘီမြို့နယ်အတွင်းရှိ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီးဖြစ်သည်။

လှည်းကူးမြို့နယ် ဘားလားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ငွေနံ့သာစံပြအခြေခံပညာ အလယ်တန်းကျောင်းတို့ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဘားလားကျေးရွာ ရေထွက်ချောင်းဖြစ်သည့် ဦးတိုက်ရိုးချောင်းအား Amphibious Excavator မြေတူးစက်(၂)စီးဖြင့် ပေ(၁၄ဝဝဝ) တူးဖော်လျက်ရှိရာ ယနေ့အချိန်အထိပေ(၇ဝဝဝ)တူးဖော်ပြီးစီးခဲ့ပြီး ဆက်လက်တူးဖော်ဆောင်ရွက်သွားမည်ဖြစ်၍ မကြာမီ ရေများပြန်လည်ကျဆင်းသွားမည်ဖြစ်ပြီး ရေကျသွားသည်နှင့် ကျောင်းများအမြန်ဆုံးဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ပျက်စီးမှုများအား စစ်ဆေးပြုပြင်ဆောင်ရွက်ရေး တိုင်းဒေသကြီးဝန်ကြီးချုပ်က စီစဉ်ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

From: မြန်မာ့အလင်း

www.mmdailystar.com

လူငယ် ၂ ဦးမှ ယောင်္ကျားကို ကြိုးတုတ်ထားပြီး၎င်းရှေ့တွင်ပင် မိန်းမဖြစ်သူကို မုဒိန်းတက်ကျင့်

ပြီးခဲ့တဲ့ ဇူလိုင် နောက်ဆုံးပတ်အတွင်း တညနေမှာ ဒေသခံလူငယ် နှစ်ဦးက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၊ Chawl hmun ရပ်ကွက်မြို့ပြင်နေ အသက် ၃၇ အရွယ် အိမ်ထောင်ရှင် ချင်းအမျိုးသမီး Pi Kap Hlei Zing အား ၄င်း၏ ယော င်္ကျား (၆၄) ရှေ့မှောက်မှာ အဓမ္မ ပြုကျင့်ခဲ့ကြောင်း သိရပါတယ်၊

အဘ C. Laltanpuia ရဲ့သား Zarzoliana(20) နဲ့ အဘ PC Vanlalruata ရဲ့သား PC Lalhruaitluanga (19)တို့ဟာ မြို့ပြင်မှာ ခြံစောင့်နေတဲ့ လင်မယား နေ အိမ်တွင်း ၀င်ရောက်ပြီး Pi Kaphleizing ယောင်္ကျားကို ရိုက်နှက်တဲ့ အပြင် ကြိုးနဲ့တုတ်ပြီး Pi Kaphleizing ကို ရိုက်နှက်ပြီး နှစ်ဦးစလုံးက အဓမ္မပြုကျင့်ခဲ့တာလို့ ချင်းအမျိုးသမီး အဖွဲ့ချုပ် ဥက္ကဌ Pi Sangpui က ပြောပြပါတယ်၊

“ကျမတို့ သတင်းရရချင်း ချက်ချင်းလိုက်သွားတယ်၊ မြို့ပြင် ခြံထဲမှာ ဆိုတော့ အခင်းဖြစ်တာကို ချက်ချင်းသိလို့ ရမှာ မဟုတ်ဘူး၊ လင်မယား နှစ်ဦးစလုံး မျက်နှာ၊ နှုတ် ခမ်းတွေ ယောင်ကိုင်းနေတယ်၊ သူတို့အနေအထားက ဘယ်လိုမှ မ လုံခြုံဘူး” လို့Pi Sangpui က ပြောပြတာပါ၊

အမှုကျုးနလွန်သူ နှစ်ဦးကို သက်ဆိုင်ရာ နယ်မြေခံရဲတွေက ချက်ချင်းဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်၊ အမှုကျုးလွန် နေစဉ် အရက်ဖြူနဲ့ alprazolum ခေါ် မူး ယစ်ဆေးပြား ကို သောက်ထားကြတယ်လို့ သိရပါတယ်၊

” ဒီ လူဆိုး နှစ်ဦးဟာ အိမ်ရှင်မ Pi Kaphleizing ဆီက ရူပီးငွေ ၆၄၀ ကိုလဲ အတင်းလုယူထားပါတယ်” ဟု ချင်းအမျိုး သမီးအဖွဲ့ချုပ် ဥက္ကဌ Pi Sangpui က ထပ်ပြော ပါတယ်၊

အမှု ကျုးလွန်ခဲ့ကြတဲ့ Zarzoliana နဲ့ PC Lalhruaitluanga တို့အား ရဲက တရားစွဲထားပြီး ယခုလ အတွင်း ပြန်လည် ရုံးထုတ် စီရင်ချက်ချဘွယ်ရှိပါတယ်၊

Pi Kaphleizing တို့လင်မယားဟာ မြို့ပြင်ရှိ ခြံတခုမှာ ခြံစောင့်အဖြစ် သုံးနှစ်ခန့် အခမဲ့နေထိုင်ကြပြီး ခြံထဲမှာ အသီးအနှံတွေကို စိုက်ပျိုးကာ အသက်မွေး ၀မ်းကျောင်းပြုကြပေမဲ့ လက်ရှိမှာ ၄င်းတို့ လုံခြုံမှုအတွက် အိုင်ဇောလ်မြို့ ပေါ်ရှိ အသိ ဆွေမျိုးထံမှာ ယာယီနေထိုင်ခဲ့ကြပါတယ်၊

မီဇိုရမ်ပြည်နယ်ရှိ ချင်းအမျိုးသမီးများဟာ အိမ်ဖော်အလုပ်၊ နေ့စားအလုပ်၊ ယက္ကန်းအလုပ်များကို အဓိက လုပ်ကိုင်ကြ ရာမှာ ဘ၀ လြုံခုံမှု ကင်းမဲ့နေတယ်လို့ အမျိုးသ မီး ဥက္ကဌက ထပ်လောင်းဆိုပါတယ်၊

From: Khonumthung News Group

www.mmdailystar.com

အိပ်မက်အရ ဓမ္မစေတီခေါင်းလောင်းကို ကြည်ညိုမှုဖြင့် အလှူငွေများ လာရောက်လှူဒါန်းသူများရှိ၊ လှူဒါန်းသူများအပေါ် လိမ်လည်အလှူခံအဖွဲ့များရှိနေဟု ဆယ်ယူရေးအဖွဲ့ပြော

ဓမ္မစေတီ ခေါင်းလောင်းတော်ဆယ်ယူမှုနှင့် ပတ်သက်၍ အလှူခံအဖွဲ့များကိုပြင် ပတွင် ဓမ္မစေတီခေါင်းလောင်းတော် ကို ကြည်ညိုမှုဖြင့်လှူဒါန်းသူများ အပေါ် လိမ်လည်အလှူခံသည့်အဖွဲ့ များရှိနေကြောင်းခေါင်းလောင်းဆယ် ယူရေးအဖွဲ့မှဘဏ္ဍာရေးမှူးဦးသန်းစိန် ကပြောသည်။

''အလှူခံအဖွဲ့လဲမလွှတ်ထား ဘူး။ အပြင်မှာ ဓမ္မစေတီခေါင်း လောင်းအတွက်ဆိုပြီး အလှူခံအဖွဲ့ ဖွဲ့ထားတာလဲမရှိဘူး။ ကိုယ့်ယုံကြည် ချက်နဲ့ ကိုယ့်ဘာသာကိုယ်လာလှူတာ ကိုပဲ လက်ခံတာကြေညာထားခြင်း လဲမရှိဘူး။ အခုအပြင်မှာ သတင်းတွေ ကြားနေတယ်။ အလှူခံအဖွဲ့တွေရှိ တယ်။ လိုက်ပြီးအလှူခံနေတယ်ဆို ပြီး လာပြောတဲ့သူတွေလဲ ရှိတယ်။ ပြည်သူတွေအနေနဲ့ သတိထားစေ ချင်လို့ပါ'' ဟု ယင်းကပြောသည်။

လက်ရှိတွင် ခေါင်းလောင်းဆယ် ယူရေးအဖွဲ့ရုံးခန်းကို မဟာဗန္ဓုလ လမ်း ၅၃လမ်းနှင့် ၅၄လမ်းကြား၊ မြသရဖူ ပရိဘောဂဆိုင်အပေါ် ပထမထပ်တွင် ဖွင့်လှစ်ထားသည်။

ခေါင်းလောင်းဆယ်ယူမှုအပေါ် တွင် ယုံကြည်သူများနှင့်ဆယ်ယူမှု ကို တစ်ထောင့်တစ်နေရာမှပါဝင် ကူညီချင်သူများက မိမိတို့၏ယုံကြည် ချက်ဖြင့် လာရောက်လှူဒါန်းသူများ ရှိနေကာ အချို့မှာလည်းအိပ်မက် အရ လာရောက်လှူဒါန်းသူများ လည်းရှိကြောင်း သိရသည်။

''တောင်ဥက္ကလာပကနေ အိပ် မက်မက်လို့ဆိုပြီးလာလှူတဲ့သူလဲရှိ တယ်။ သြဂုတ်၁၅ရက်မှာလဲဆန္ဒ ရှိလို့ဆိုပြီး တစ်ဦးကသိန်း ၅ဝ လာ လှူသွားတယ်။ လှူတဲ့နေရာကိုလဲ သူတို့တွေ စုံစမ်းပြီးလာတာ။ ဘာမှ ကြေညာထားတာမရှိဘူး။ အလှူခံ တာလဲမရှိဘူး''ဟု ခေါင်းလောင်း ဆယ်ယူရေး ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောသည်။

MTZ
From: Democracytoday

www.mmdailystar.com

အချုပ်အခြာအာဏာ ထိပါးမည့် ကိစ္စရပ်အား နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်း မဆွေးနွေးရန် သမ္မတက မူဝါဒချမှတ်



အချုပ်အခြာအာဏာ ထိပါးမည့် ကိစ္စရပ်နှင့် တိုင်းပြည်က ခွဲထွက်ခြင်းတို့ကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ထည့်သွင်း မဆွေးနွေးရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မူဝါဒနှစ်ရပ် ချမှတ် လိုက်ကြောင်း ယမန်နေ့က မြန်မာ့ ငြိမ်းချမ်းရေး စင်တာတွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးကော်မတီ (NCCT) တွေ့ဆုံပွဲမှ သတင်းရရှိသည်။ ယခု လ(၁၄) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို ကော်မတီ အစည်းအဝေးက ငြိမ်းချမ်းရေးအတွက် မူဝါဒနှစ်ရပ် ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း UPWC မှ သိရသည်။ နိုင်ငံတော်သမ္မတကြီး အနေနဲ့လည်း နောင်ဖြစ် ပေါ်လာမယ့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများမှာ ဒီမူဝါဒနှစ်ရပ်မှ လွဲပြီး၊ ကျန်အချက်များကို ဆွေးနွေးနိုင်ဖို့ တံခါးဖွင့်ထားပြီး ဖြစ်ပါတယ်။ ပြင်ဆင်နေတယ် ဆိုတာကို အကြိမ်ကြိမ် ပြောကြားပြီး ဖြစ်ပါတယ် ဟု UPCW ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။

လက်ရှိ အချိန်တွင် နှစ်ဖက် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ချက်ကောင်းများဖြင့် ကြိုးစားနေ သော်လည်း နှစ်ဖက် လုံးတွင် စိုးရိမ်မှုများ ရှိကြောင်း၊ ယင်းကိစ္စမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဖြစ်လေ့ဖြစ်ထ ရှိကြောင်း၊ တစ်ဖက်မှ လှည့်ဖြား သွားမလား၊ ငြိမ်းချမ်းရေးကို အခွင့်ကောင်းယူပြီး အမြတ် ထုတ်မလား၊ စစ်ပြန်တိုက်ရန် လူသူလက်နက် စုမလားဆိုသည့် စိုးရိမ်စိတ်များ နှစ်ဖက်စလုံးတွင် ရှိကြောင်း ဦးအောင်မင်းက ဆက်ပြောသည်။

နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ခင် ဘာတွေထည့်မယ်၊ ဘာတွေ လုပ်မယ်ဆိုပြီး အစီအစဉ်ဆွဲကြ မယ်လေ။ သမ္မတက ဒီနှစ်ချက်ကို မထည့်နဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပြင်၊ အသစ် ဆွဲချင်ဆွဲ၊ ဒီလို တောင်းဆိုလို့ ရတယ်ဆိုတဲ့ သဘောပါ ဟု NCCT ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Messenger Media သို့ ပြောသည်။

တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အတွက် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းအား UPWC နှင့် NCCTတို့ ပူးပေါင်း ရေးဆွဲနေပြီး၊ လက်ရှိအချိန်တွင် တတိယမူကြမ်းအား ရေးဆွဲနေပြီ ဖြစ်သည်။ ယနေ့ ဆွေးနွေးမည့် တတိယမူကြမ်းရေးဆွဲ ပွဲတွင်လည်း အပြီးသတ်ရေးဆွဲနိုင်မည် မဟုတ်သော်လည်း (၉၀) ရာခိုင်နှုန်း ကျော်ခန့် ပြီးစီးနိုင်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက မီဒီယာများကိုပြော သည်။ 
 
 
From: The Messenger

www.mmdailystar.com

အမှန်တကယ် မြေမဲ့ယာမဲ့ပြည်သူများအား မြေယာချထားပေးခြင်းကို အစိုးရအနေဖြင့် အလေးထားဆောင်ရွက် သွား မည်ဟု နိုင်ငံတော် သမ္မတ ပြောကြား


အစိုးရ အနေဖြင့် အမှန်တကယ်မြေယာမဲ့ နေ သည့် ပြည်သူများအား မြေယာ များချထားပေးကာ ဆင်းရဲ မှုလျှော့ ချရေးကို အစိုးရအနေဖြင့် အလေး ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့သည်။

ဩဂုတ် ၁၅ရက် နံနက်ပိုင်း တွင် နေပြည်တော် (MICC-2) ၌ ကျင်းပသည့် မြို့ပြကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများ အား မြေအ သုံးချမှုမူဝါဒနှင့်အညီ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အ ဖွင့်မိန့်ခွန်းပြောကြားရာ၌ ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

''အမှန်တကယ်မြေမဲ့ယာမဲ့ဖြစ် နေသည့်ပြည်သူများအား မြေယာ ချထားပေးခြင်း သည် ပြည်သူတို့၏ လူမှုစီးပွားတိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ်တွင်အရေး ပါသည့်လုပ် ငန်းဖြစ်ပြီး ပြည် သူဗဟို ပြုဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွား တိုးတက်ရေးဦး စားပေး ဆောင်ရွက်နေသည့် မိမိတို့အစိုးရ အနေဖြင့် ယင်းလုပ်ငန်းကို အလေး ထားဆောင် ရွက်သွား မည်ဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

၎င်းအပြင် နိုင်ငံတော်သမ္မတ က အိုးပိုင်အိမ်ပိုင်မရှိသေးသည့် ဝင်ငွေနည်းပြည်သူများအတွက် တန် ဖိုးနည်းအိမ်ရာစီမံကိန်းများ ထည့်သွင်းစီမံသွားရမည်ဖြစ်ကြောင်း၊ အစိုးရ ပိုင်မြေများ အသုံးပြုရာမှာ စုပေါင်း ရုံးများအဖြစ် ဖွဲ့စည်းတည်ဆောက် ပြောင်း လဲခြင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ မီးသတ်၊ ဈေးနေရာ များတိုးချဲ့ရန်လိုအပ်လာခြင်းကြောင့် အထပ်မြင့်စဉ်းစား ရတော့မည်ဖြစ် ကြောင်း၊ သို့မဟုတ်ပါက မြေနေရာ ခက်ခဲမှုကြောင့် မြို့ပြင်ပသို့ ပြောင်း ရွှေ့ဆောက်လုပ်ပါက ပြည်သူများ အတွက် သွားလာရေးခက်ခဲမှုပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ မြို့ပြတွင် ဖြစ်စေ ၊ ကျေးလက်တွင်ဖြစ်စေ မြို့ပြ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း များရေးဆွဲပါက ယာယီတာဝန်ကျ သောဌာနဆိုင်ရာ များကသာ ရေး ဆွဲခြင်းမျိုးမဖြစ်စေဘဲ မြို့မိမြို့ဖ၊ မြို့လူထုနဲ့ လွှတ်တော်ကိုယ်စား လှယ်များအပါအဝင် ပူးပေါင်း ညှိနှိုင်း ရေးဆွဲ မှုမျိုးဖြစ်စေရန်လိုအပ်ပါ ကြောင်း၊ ကျေးရွာတွင်လည်း အလား တူပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့် ညှိနှိုင်းရေးဆွဲရမှာဖြစ်ပါကြောင်း၊ မြို့ပြကျေးရွာစီမံကိန်းများကို ပွင့် လင်းမြင်သာမှု ရှိအောင် မြို့လူထု အား ချပြအသိပေးခြင်း၊ ဆိုင်းဘုတ် ကြီးများ စိုက်ထူကြေညာထားခြင်း တို့ကို ပြုလုပ်ရမည့်အပြင် လက်တွေ့ မြို့ကွက်ရွာကွက်ချဲ့ထွင်ပါက လည်း ပြည်သူလူထုနဲ့ပူးပေါင်းညှိနှိုင်းပြီး အ များဆန္ဒဖြင့် မြေယာပြဿ နာများ မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

''မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများအား မြေအသုံးချမှု မူဝါဒနှင့်အညီ စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဟာ ပြည်သူတို့ ရဲ့လူမှုစီးပွားရေး ရေ ရှည်ဖွံ့ဖြိုးတိုး တက်မှုအတွက် မြေသယံဇာတအ ရင်းအမြစ်အသုံးချရာမှာ မူဝါဒ၊ ဥ ပဒေ၊ လုပ်ထုံးလုပ်နည်းများကိုအခြေ ခံအုတ်မြစ်အဖြစ် ချမှတ်နိုင်စေရန်နှင့် ပြည် သူတို့၏နေ ထိုင်မှုလိုအပ်ချက်၊ သောက်သုံးရေလို အပ်ချက်နှင့် အ လုပ်အကိုင် အခွင့်အလမ်းလိုအပ်ချက်၊ သွားလာရေးလိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ ကူးသန်းရောင်းဝယ်ရေး စတဲ့ လူမှုစီးပွားလိုအပ် ချက်ကိစ္စအဝဝတို့ ကို မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်မှုစီ မံကိန်းများရေးဆွဲပြီး အကောင်အ ထည်ဖော်ဖြည့်ဆည်းရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါတယ်''ဟုနိုင် ငံတော် သမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် သစ်တောမြေ၊ မြေ လွတ်မြေရိုင်း၊ လယ်ယာမြေ၊ အစိုးရ စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေ၊ မြို့ပြ ကျေးရွာမြေများနဲ့စပ် လျဉ်းပြီး မြေ အ သုံးချရေးစီမံခန့်ခွဲမယ် ဆိုရင် ဌာန ဆိုင်ရာအသီးသီးက သူ့ကဏ္ဍနှင့်သူ ရှိပြီးဖြစ်တဲ့ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနဲ့ လုပ်ငန်းအဆင့်ဆင့်ဖြေရှင်း ဆောင် ရွက်ရာမှာ နှောင့်နှေးကြန့်ကြာ နေကြောင်းတွေ့ရှိရကြောင်း၊ ဥပဒေ လုပ်ထုံးလုပ် နည်းတွေ လွယ်ကူရှင်း လင်းအောင်နဲ့ လုပ်ငန်းအဆင့် ဆင့် တွေလျှော့ ချနိုင်မယ့်နည်းလမ်းနဲ့ အ ကြံပြုချက်များကိုလည်း ဆွေးနွေး ညှိ နှိုင်းဖော် ထုတ်ပေးကြစေလိုပါကြောင်း၊ သို့မှသာ လက်ရှိမြေယာပြဿ နာ များ ဖြေရှင်းဆောင် ရွက် ရာမှာ လည်း ကောင်း ၊ မြေမဲ့ ယာမဲ့များအတွက် မြို့ကွက်ရွာကွက် ချဲ့ထွင်ခြင်းနှင့် မြေ ယာအခင်းအကျင်းများ ပြင်ဆင်စီမံ ချထားရာ မှာလည်းကောင်း လွယ် ကူလျင်မြန်ချောမွေ့မှာဖြစ်ပါကြောင်း ကိုလည်း ထည့်သွင်းပြောကြားခဲ့ သည်။

ယင်းအပြင် ''မိမိတို့နိုင်ငံ စီးပွား ရေးတံခါးဖွင့်ပြီးတဲ့အချိန်ကစပြီး ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ တိုးတက်လာသ လို မြေကစားမှု (Land Speculation) နဲ့အတူ မြေဈေးနှုန်း များ အဆမတန်တက်လာတာကိုတွေ့ ရမှာဖြစ်ပါ တယ်။ ငွေကြေြး ကွယ် ဝ သူများအနေနဲ့ နိုင်ငံရဲ့ကုန်ထုတ်လုပ် မှုတိုးတက်အောင် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြရမယ့် အစား ကားအရောင်းအဝယ်၊ မြေ အရောင်းအဝယ်၊ ဘဏ်လုပ်ငန်း၊ အ ဆောက်အအုံ ဆောက်လုပ်ရောင်း ချတဲ့လုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြှုပ် နှံလာကြတဲ့ အတွက် မြေဈေးနှုန်းများ ကြီးမြင့်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းများခက်ခဲတုံ့ဆိုင်း လာခြင်း ၊ ငွေ ကြေးဖောင်း ပွမှုအန္တရာယ်ရှိလာခြင်း တို့နဲ့ကြုံတွေ့လာနိုင်တဲ့အတွက် ကိုယ် ကျိုးနဲ့ အမျိုးသားအကျိုးစီးပွားကို ချိန်ဆလုပ်ကိုင် ကြဖို့ ပြောကြားလို ကြောင်း၊ တချို့ကလည်း မြို့စွန်၊ မြို့ ပြင်တွေမှာ လယ်ယာမြေတွေဝယ်ပြီး ကိုယ်တိုင်စက်ရုံအလုပ်ရုံထူထောင် ဖို့၊ စိုက်ခင်းထူထောင်ဖို့၊ ဟိုတယ်နဲ့ စားသောက်ဆိုင်၊ စက်သုံးဆီဆိုင်ထူ ထောင်ဖို့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့၊ ကြိုတင်ရင်းနှီးမြှုပ်နှံကြ ပြီး လယ်ယာ မြေကို တခြားနည်းနဲ့ ပြောင်းလဲသုံး စွဲခွင့်ရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်း ဆောင်ရွက်ကြလို့ လာဘ်ပေးလာဘ် ယူနဲ့ ဥပဒေနဲ့မညီသောလုပ်ရပ်များ ပါဝင်လာတာကိုတွေ့ရှိရပါတယ်။ အရေးကြီးဆုံးကတော့ မြို့ပြစီမံကိန်း နဲ့မညီညွတ်ခြင်းဖြစ်ပါ တယ်။ ဒါ ကြောင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများက ဥပဒေနှင့် အညီ ကြပ်ကြပ်မတ်မတ်စိစစ်ပြီး မြို့ပြစီမံကိန်းနှင့် အညီဖြစ်စေရန် တည့်မတ်သွားရန် မှာကြားလိုပါ ကြောင်း တစ်ယောက် တစ်မျိုးဆောက် ချင်တဲ့နေရာမှာ ဆောက်နေကြ လျှင် နောင်တစ်ချိန် မှာ ပြန်ဖျက်၊ ပြန်ပြင် ရ သည့်အခြေအနေမျိုးဆိုက်ရောက် နိုင်တာကို ကရုပြုကြရမှာဖြစ်ပါတယ်'' ဟု ထပ်လောင်းပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲဒုတိယပိုင်း တွင် ဒုတိယသမ္မတဦးဉာဏ်ထွန်း လည်း တက်ရောက်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေး ပွဲ ပြည်ထောင် စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက် ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြ ကာ အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း ခုနစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
 
 
From: YMG

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူနေမှု အခြေအနေ



ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် လုပ်ငန်း စတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်ပတ်ပြည့်ပြီ ဖြစ်သည်။ လာရောက်ကြည့်ရှုလေ့လာသည့် ပြည်သူများမှာလည်း တဖွဲဖွဲပင်ဖြစ်သည်။ ယနေ့ နံနက် ၆ နာရီ ရေပြည့်ချိန် မီးစိမ်းပြတိုင်အနီးရှိ ဘောလုံးအစိမ်းအနက် ပြထားသောအမှတ်အသား နေရာတွင် နံနက် ၈ နာရီအထိ ရေအောက်ရှာဖွေမှုကို လုပ်ဆောင်ကာ နောက်ထပ်ဘောလုံး အစိမ်း အနက် တစ်လုံးကို ထပ်မံချထားပြီး နံနက်ပိုင်းတွင် ခေတ္တနားခဲ့သည်။

နံနက် ၁ဝ နာရီတွင် ရပ်နီးရပ်ဝေးမှ လာရောက်ကြည့်ရှုသူများ၊ သတင်းမီဒီယာသမားများ၊ ပြည်ပသတင်းဌာနမှ မှတ်တမ်းယူသူတို့ဖြင့် စည်ကားစပြုလာပါသည်။ မြစ်ပြင်မြစ်ဆုံနေရာသို့ သွားရောက်လေ့လာသော မိဘပြည်သူများအသက် အန္တရာယ်မဖြစ်စေရန် ဒေါပုံမြို့နယ် ရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများက အသက်ကယ်အင်္ကျီဝတ်ကြရန်၊ စိတ်ချရသောစက်သမ္ဗန်ကို စီးရန် နှိုးဆော်ကြပ်မတ်ပေးလျက်ရှိသည်။ မြစ်ရေအကျတွင် ပင်လယ်ဝမှ လေတိုက်နေသည့်အတွက်ကမ်းစပ်တွင် မသိသာသော်လည်း မြစ်လယ်တွင် လှိုင်းထန်လျက်ရှိရာ စက်လှေအသေးဖြင့် စီးနင်း၍ ကြည့်ရှုခဲ့သောသူများမှာ လှိုင်းပုတ်ဒဏ်ကြောင့် အဝတ်အစားများ ရေစိုခြင်းကို ခံကြရသည်။

ပူဇော်ထား

မွန်းလွဲ ၁ နာရီတွင် ဧည့်ပရိ သတ်ပို၍စည်ကားလာပြီး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆရာတော်များ ပရိတ်ရွတ်ဖတ်ပူဇော်သော ဗညားလတ် သုံးထပ်သင်္ဘောပေါ်တွင် သာသနာပွဲများကို အစီအရီပူဇော်ထားပြီး အကြံအစည်အောင်မြင်မှုနှင့် သာသနာတော်ကို ဆည်းကပ်ကိုးကွယ်ရာအဖြစ် ကြံပင်နှင့် ငှက်ပျောပင်တို့ မညှိုးနွမ်းစေရန်စိုက်ထူပူဇော်ထားကြောင်း၊ သင်္ဘောပေါ်ရှိ သက်သတ်လွတ် စားသုံးနေသော လူဦးရေ ၈ဝ အတွက် အစားအသောက်များလှူဒါန်းပြီး ပြန်လာသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရှာဖွေလျက်

ညနေ ၃ နာရီ ၃ မိနစ်တွင် သုံးထပ်သင်္ဘောမှ မီးစိမ်းတိုင်အနီးရှိ ရေပေါ်အမှတ်အသား ပြုလုပ်ထားသည့် ဘောလုံးအစိမ်းအမည်းနေရာတွင် ရေငုပ်သမားများ စတင်ငုပ်ကြရာ မြစ်ကမ်းပေါ်မှ ကြည့်ရှုနေသူများ၊ စက်လှေဖြင့် တစ်ဖုံ၊ မှန်ပြောင်းဖြင့် တစ်သွယ် ကြည့်ရှုသူများ လှုပ်လှုပ်ရှားရှား ဖြစ်ကြသည်။ ထိုအချိန်တွင် မြစ်ဆုံနေရာသည် မိုးဖွဲဖွဲတစ်ကြိမ်သာ ရွာသွန်းခဲ့သည်။ ဆလုံ ရေငုပ်အဖွဲ့က လည်ပင်းတွင် ကြိုးချည်ထားသော သံတုံးကိုစွပ်၍ အသက်ရှူပိုက်နှင့် အချက်ပြကြိုး တစ်ချောင်းကိုကိုင်ကာ အလှည့်ကျဆင်း၍ ရှာဖွေလျက်ရှိပြီး ညနေ ၃ နာရီ ၁၅ မိနစ်တွင် တွန်းသင်္ဘော NAWATU ရောက်ရှိလာကာ တွန်းသင်္ဘောဦးပိုင်းတွင် ပါလာသောဆရာတော်ကြီးက ပရိတ်ရေများကို ငွေဖလားအတွင်းမှ မြစ်အတွင်းသို့ ပက်ဖျန်းကာ ဗညားလတ်သင်္ဘော ကြီးပေါ်သို့ ပြန်လည်ကြွရောက်၍ သင်္ဘောဦးခန်း လက်တန်းမှ မေတ္တာဘာဝနာ ပွားများလျက်ရှိသည်။

ဗညားလတ် သင်္ဘောပေါ်မှ လက်ကိုင်စပီကာဖြင့် ရေငုပ်ရှာဖွေနေသော လုပ်ငန်းခွင်အတွင်းသို့မဝင်ရောက်ရန်နှင့် ကိုက် ၅ဝ မှ ကြည့်ရှုလေ့လာကြရန် မေတ္တာရပ်ခံ အသိပေးလျက်ရှိသည်။ မီးစိမ်းတိုင်၏ ကိုက် ၃ဝဝ အကွာတွင် ထပ်မံငုပ် ကြပြီး ညနေ ၃ နာရီခွဲတွင် မီးစိမ်းတိုင်မှ ကိုက် ၅ဝဝ ခန့်ရှိသောနေရာတွင် ကျောက်ဆူးချ၍ ဆက်ငုပ်ကြသည်။ ပင်လယ်ဝမှ ရေတက်လာပြီဖြစ်၍ ပဲခူးမြစ်ရေအကျနှင့် မြစ်ဆုံတွင် ဆုံနေရာ လှိုင်းထလေတိုက်လျက်ရှိနေသည်။ လှိုင်းထန်လာသည့်အတွက် မြစ်ပြင်တွင် ကြည့်ရှုလေ့လာသော စက်လှေများကမ်းသို့ပြန်လှည့်သွား၍ ရှင်းလင်းလျက်ရှိပြီး ရေငုပ်သမားနှစ်ဦး ရေအောက်သို့ ထပ်မံဆင်းသွားသည်။

ညနေ ၄ နာရီအထိ ဓမ္မစေတီ ခေါင်းလောင်းရှာဖွေသော ရေငုပ်အဖွဲ့သည် မြစ်ဆုံတွင် ဆက်လက်ရှာဖွေလျက်ရှိသည်။

အဆိုပါ နေရာတွင် ခေါင်းလောင်းကြီးရှိလျှင် မြစ်ကမ်းပေါ်မှ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်တို့၏ ပို့သသောမေတ္တာနှင့် ရေလယ်မှဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်သည့် ပရိတ်တရားတော်တို့ ပေါင်းစည်းမိကာ ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးရရှိမည်ဟု ပြည်သူအချို့က ပြောဆိုသုံးသပ်လျက်ရှိသည်။
 
 
From:OE

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...