Wednesday, 20 August 2014

မလေးရှားသို့ ပင့်ဆောင်ကိုးကွယ်သည့် ဘုရားတစ်ဆူမှ မျက်လုံးတော်ပွင့်

မလေးရှား နိုင်ငံရှိ မြန်မာလူမျိုးအိမ်တွင် ကိုး ကွယ်ထားသည့် ပန်းပေါင်းစုံဘုရား ဆင်းတုတော်မှ ယာဘက်မျက်လုံး တော်ပွင့်လာကြောင်း သိရသည်။

အဆိုပါဆင်းတုတော်မှ မျက် လုံးတော်ပွင့်နေခြင်းကို သြဂုတ်လ ၁၇ရက်တွင် စတင်ဖူးမြော်ရခြင်းဖြစ် ပြီး ကိုးကွယ်သူ မြန်မာနိုင်ငံသား ဦးကျော်ကျော်တိုးမှာ ဃမပျအွေျှူသမွှိုမလေနျူ ရွှသကမ ကုမ္ပဏီဖွင့်လှစ် ထားပြီး ယင်းကဲ့သို့ မျက်လုံးတော်ပွင့် နေသည်ကို မိသားစုဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ကျော်တိုးက ရှင်းပြပြောဆိုသည်။

''ကျွန်တော်တို့အိမ်မှာ အတူနေ တဲ့ညီလေးကစတွေ့တာ ညနေအလုပ် ကပြန်လာတော့ ဘုရားဆီမီးရေချမ်း ကပ်မယ်ဆိုတော့ တွေ့တာ။ ပျော်လဲ ပျော်တယ်။ ကိုယ့်အိမ်မှာ ထူးထူး ခြားခြားဖြစ်တယ်ဆိုတော့ စီးပွားရေး သမားတစ်ယောက်အနေနဲ့ အလုပ် အကိုင်တွေ အဆင်ပြေမယ်လို့ မျှော် လင့်တယ်'' ဟု ဦးကျော်ကျော်တိုးက ပြောသည်။

ယခုလက်ရှိတွင် ဘုရားဆင်းတု တော်ကို ယင်းတို့ကိုးကွယ်သည့် ဆရာ တော်မှပဋ္ဌာန်းရွတ်ခြင်း၊ ဘုရားအနေ ကဇာတင်ခြင်းများကိုပြုလုပ်ထားပြီး မလေးရှားနိုင်ငံရှိ မြန်မာလူမျိုးများ ဖူးမြော်နိုင်ရန် ဆောင်ရွက်ပေးထား ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ တွင် ဘုရားဆင်းတုတော်အချို့မှ မျက်လုံးတော်ပွင့်ခြင်း ဖြစ်ရပ်များမှာ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး မြန်မာ လူမျိုး ဗုဒ္ဓဘာသာများအနေဖြင့် အကျိုးထူးပေးတတ်သည်ဟုလည်း ယုံကြည်ကြကြောင်း သိရသည်။

''နယ်ဘက်တွေမှာတော့ မျက်လုံး တော်ပွင့်တာတို့၊ မွေးညင်းထွက် တာတို့က မကြာခဏဖြစ်ပေါ်တတ် တယ်။ ဒီလိုဖြစ်ရပ်တွေက ဘာပဲဖြစ် ဖြစ်ထူးခြားပြီး အမြဲတမ်းကောင်း တာတွေပဲ ဖြစ်တတ်ပါတယ်'' ဟု အသက် ၅ဝကျော်အရွယ်ရှိ အဘဥာဏ်က ပြောသည်။

ယင်းဆင်းတုတော်ကို မြန်မာ နိုင်ငံမှ မလေးရှားသို့ ပင့်ဆောင်ကာ ကိုးကွယ်ထားခြင်းဖြစ်ပြီး ဥာဏ်တော် တစ်ပေခန့်ရှိကာ ၂ဝဝ၂ခုနှစ်မှစတင် ကိုးကွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

KTM

#Democracytoday

From:YMG

www.mmdailystar.com

(၃)ရက်အတွင်း IS စစ်သွေးကြွ ပစ်မှတ်(၉၀)ကျော်ကို အမေရိကန် တိုက်လေယာဉ်များ ဖျက်ဆီး


အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်နေရာတွင် (၃)ရက်အတွင်း ပစ်မှတ်နေရာ (၉၀)ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့သည်။

ISIS အဖြစ်မှ အမည်ပြောင်းလဲခဲ့သည့် IS စစ်သွေးကြွများကို
အမေရိကန်က ဩဂုတ်(၈)ရက်တွင် စတင်ပြီး ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ IS တို့သည် အမေရိကန်၏ စစ်ရေးမဟာမိတ် အီရတ်နိုင်ငံ မြောက်ပိုင်းဒေသများကို သိမ်းပိုက်ထားရာ ယင်းတို့၏ စစ်ရေးပစ်မှတ်များကို အမေရိကန် တိုက်လေယာဉ်များက ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် (၃)ရက်အတွင်း တိုက်ခိုက်မှုများသည် လေကြောင်းထိုးစစ် စတင်ပြီးနောက်ပိုင်း အရှိန်အမြင့်ဆုံး စစ်ဆင်ရေး တစ်ရပ်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

“ခြုံငုံဆန်းစစ်ကြည့်တဲ့အခါ ကျွန်တော်တို့ဟာ ပစ်မှတ်(၉၀)ကျော်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ စစ်သွေးကြွတွေရဲ့ ယာဉ်တွေ၊ လက်နက်ခဲယမ်းတွေ၊ ခံတပ်နေရာတွေ ပါဝင်ပါတယ်”ဟု ၎င်းက ဆိုသည်။ ထို့အပြင် အီရတ် အစိုးရကို အကူအညီ ပေးနေသည့် ကာ့ဒ်တပ်ဖွဲ့များသည် နိုင်ငံ၏ အကြီးဆုံး ရေကာတာကြီး တစ်ခုကို သူပုန်များလက်မှ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း သတင်းများကိုလည်း ကာဘီက အတည်ပြုသွားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂယ်လ်က အမေရိကန် အနေဖြင့် ISတို့အပေါ် နောက်ထပ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်သွားရန် အစီအစဉ် ရှိနေကြောင်း ပြောကြားထားသည်။ ဩဂုတ်(၁၈)ရက် လေကြောင်းထိုးစစ် အတွင်းတွင် IS တို့၏ စစ်ဆေးရေးစခန်း တစ်ခု၊ လက်နက်တပ်ဆင်ထားသည့်ယာဉ် ခြောက်စီး၊ သံချပ်ကာယာဉ်တစ်စီး၊ လေကြောင်းပစ် စက်အမြောက်တစ်လက် အပါအဝင် စစ်လက်နက်များကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပင်တဂွန်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။


From:7day

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုစတင်ခေါင်းလောင်းဟုတ်၊ မဟုတ် အတည်မပြုနိုင်

 ရေငုပ်သမား၏ပြောပြချက်အရ ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုလုပ်ငန်းစတင်လုပ်ဆောင်နေပြီဖြစ်
  ကြောင်း နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက သြဂုတ် ၁၈ ရက်တွင် စံတော်ချိန်သို့ မိန့်ကြားသည်။ 'ရေငုပ်သမားက ခေါင်းလောင်းတွေ့တယ်ဆိုလို့ ဒီနေ့
စတူးဖော်နေတယ်။ အဖြူအမည်းတော့ မသဲကွဲသေးဘူး' ဟု
ဆရာတော်က မိန့်ကြားသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး လုပ်ငန်းစတင် သည့် ခုနစ်ရက်မြောက်နေ့ (သြဂုတ် ၁၅ ရက်) တွင်
ခေါင်းလောင်းကြီးကို တွေ့ခဲ့သည်ဆိုသည့် ရေငုပ်သမား၏ ပြောပြချက်အရ ခေါင်းလောင်းတူးဖော်မှု ကို သြဂုတ် ၁၈ ရက် တွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

'ရေငုပ်သမားရဲ့အပြောပဲရှိသေးတယ်။ ခေါင်းလောင်းဟုတ်၊မဟုတ်ကျွန်တော်တို့လည်း သေချာ

အတည်မပြုနိုင် သေးဘူး။ ဆယ်ပြီးမှပဲ ခေါင်းလောင်း ဟုတ်၊ မဟုတ်သိမယ်' ဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအထောက်အကူပြု လူထုဗဟိုပြုစီမံကိန်းအတွက် ဘဏ္ဍာရေးအကူအညီများအဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်မင်းအောင်က ပြောဆိုသည်။

ခေါင်းလောင်းကြီးကို မီးပြတိုက်အနီး တွေ့ရှိခဲ့သည်ဟု ခေါင်းလောင်း ရှာဖွေရေးလုပ်ငန်း
ဆောင်ရွက်နေသည့် ရေငုပ်သမားက ပြောပြသဖြင့် ဆယ်ယူရေးလုပ်ငန်းစတင်နေခြင်း
ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

'ခေါင်းလောင်းတွေ့လို့ တူးဖော်ရေးလုပ်ငန်းလုပ်နေတာမဟုတ်ဘူး။ ခေါင်း
လောင်းရှိတယ်လို့ ယူဆတဲ့နေရာမှာ သင်္ဘောပျက်ရဲ့ အစိတ်အပိုင်းတွေ့လို့ တူးဖော်နေ
တာပါ'ဟု ခေါင်းလောင်းရှာဖွေတူးဖော်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောပြသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်ရေးလုပ်ငန်းကို သြဂုတ် ၁၈ ရက် မွန်းလွဲ
ပိုင်း၌ စတင်လုပ်ဆောင်ခဲ့ပြီး ယင်းသို့တူးဖော်မှုမှာ ခေါင်းလောင်းတွေ့၍ တူးဖော်နေ
ခြင်းမဟုတ်ဘဲ ရှိနိုင်သည်ဟု ယူဆရသည့်နေရာတွင် တူးဖော်နေခြင်းဖြစ်ကြောင်း ဂမ္ဘီရ၊
ဗေဒင်ပညာရှင် ဆရာဇင်ယော်နီက ပြောဆိုခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရရှိရေးအတွက် ဦးစံလင်းခေါင်းဆောင်သော
ခေါင်းလောင်းဆယ်ယူရေးအဖွဲ့သည် သြဂုတ် ၉ ရက်မှစ၍ ပဲခူးမြစ်အတွင်း ရှာဖွေရေး
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သြဂုတ် ၂၆ ရက်အပြီး ဆယ်ယူနိုင်မည်ဟုလည်း
ကြေညာထားသည်။

အဆိုပါခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ဖိလစ်ဒီဘရစ်တို(ခ)ငဇင်ကာသည်
ခရစ်နှစ် ၁၆၁၂ ခုနှစ်တွင် ရွှေတိဂုံဘုရားပေါ်မှ သန်လျင်သို့ လှေဖောင်များဖြင့် သယ်ယူခဲ့
သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်း သုံးသွယ်ဆုံစည်းရာ နေရာတွင်
ဖောင်ပျက်ပြီး ခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့ပြီး ရေအောက်နစ်မြုပ်နေ
သည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိနေပြီ ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။



From: စံတော်ချိန်

www.mmdailystar.com

အသံနဲ့ ဖုန်းအားသွင်းနိုင်ပြီ

လန်ဒန်မြို့ Queen Mary တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ အသံကို လျှပ်စစ်အားအဖြစ် ပြောင်းလဲနိုင်မယ့် နည်းစနစ် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသံနဲ့ ဖုန်းအားသွင်းနိုင်မယ့် ကိရိယာကို Nokia ကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ကြပါတယ်။ အသံနဲ့ ဖုန်းအားသွင်းတဲ့ ကိရိယာမှာ zinc oxide ရဲ့ အစွမ်းသတ္တိက အဓိကပါပဲ။ အဲဒီကိရိယာထဲမှာ အဆမတန်သေးငယ်တဲ့ သတ္တုချောင်းလေးတွေ ပါဝင်ပြီး အသံရဲ့ တုန်ခါမှုကြောင့် သတ္တုချောင်းလေးတွေ ရွှေ့လျားသွားတဲ့အခါ zinc oxide မျက်နှာပြင်ကို ထိခတ်မိရာကနေ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးတာဖြစ်ပါတယ်။

အဲဒီအတွက် ကားပေါ်က ဆူညံသံတွေ၊ လက်ဘက်ရည်ဆိုင်ထဲက တေးဂီတသံတွေ၊ စကားသံတွေကနေ ဖုန်းကို အားသွင်းနိုင်တော့မှာပါ။ Queen Mary တက္ကသိုလ်နဲ့ Nokia ကုမ္ပဏီတို့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ အသံနဲ့ အားသွင်းစက် နမူနာဟာ Nokia Lumia 925 အရွယ်အစားရှိပြီး ဗို့အား ၅ ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ အသံနဲ့ အားသွင်းနိုင်မယ့် နည်းစနစ် တွေ့ရှိပြီးတဲ့နောက်မှာ ဖုန်းအပြင် Laptop နဲ့ တခြားလျပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသံနဲ့ အားသွင်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
Ref: Dailymail
From:  ရိုးရာလေး

www.mmdailystar.com

ကျောင်းသူ ကျောင်းသားများအတွက် အထူးသတိထားရမည့် အင်တာနက်က လိင်ကိစ္စ

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို စိတ်ဝင်စားသွားနိုင်ပါတယ်။ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့ စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။ မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထားဖို့ လိုပါတယ်။

ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့ နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့ ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။

နောက်ပြီး သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။ ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။

ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။

From: Mizzima

www.mmdailystar.com

ရွှေသမင် ဘယ်ကထွက် မင်းသမီးတာကထွက်



အခုတလော ဖေစ့်ဘွခ်မှာ screen shot အတုတွေ ပြန့်နေပါတယ်။ ဦးရဲထွဋ်၊ ဘူးလက်လှဆွေ တို့ အပါအဝင် မနေ့ကဆိုရင်ဖြင့် ဆရာတော် ဦးဝီရသူရဲ့ အမေးအဖြေအင်တာဗျူးကဲ့သို့ အတုပြုလုပ်ထားတဲ့ ဖြေကြားချက်တွေ အများကြီးပြန့်နှံ့နေတာတွေ့မြင်မိပါတယ်။ ဝန်ကြီး ဦးရဲထွဋ်ကတော့ သူပြောတာမဟုတ်ဘဲ အတုတွေသာဖြစ်ကြောင်း ပြန်ရှင်းထားတာ ဖတ်ရပါတယ်။ အစကတော့ သန္တာကိုယ်တိုင်လည်း အစစ်လို့တောင် ထင်မိပါတယ်။ ကိုယ်လို အစစ်ထင်တဲ့သူတွေ ဘယ်နှစ်ယောက်များ ရှိနေလိမ့်ဦးမလည်း။ အတုကိုမှ ပီပီပြင်ပြင် အသေးစိတ်လုပ်ထားတာပါ။ Like ထားတာတွေများဆိုရင် အဘ ဥက္ကာကိုကို တို့ Ye Moeတို့တောင်ထည့်ပေးထားလိုက်သေးတယ်။ အချိန်ကုန်ခံပြီးတော့ကို စနစ်တကျလုပ်ထားတာပါ။
=
ဒါဆို ဒါတွေကို ဘယ်သူလုပ်နေလဲ။ ဘယ်က ဖြန့်နေသလဲ??????
=
ဘယ်သူလုပ်တယ်တော့ သန္တာလဲ မသိပါဘူး။ ဘယ်က ဖြန့်နေသလဲ ဆိုတာကိုတော့ သိခဲ့ပါပြီ။ ဒေါ် အေးမြမြမျိုး ဆိုတဲ့ အမျိုးသမီးရဲ့ အကောင့်မှာ အောက်ပုံထဲက စခရင်ရှော့နှစ်ခုကို တင်ထားတာတွေ့ပါတယ် ။ ရှဲလုပ်ထားတာမဟုတ်ပါ။ Upload လုပ်ပြီး တင်ထားတာပါ။ (အခုထိ တင်ထားပါတယ်။ အခုလေးတင် ရိုက်ခဲ့တာပါhttps://www.facebook.com/aye.mya.391/photos) ။ သူ့ရဲ့ ပရိုဖိုင်ကိုကြည့်လိုက်တော့။ NLD အနောက်ပိုင်း ခရိုင်မှာ လုပ်တယ်လို့ သိရပါတယ်။ တင်ထားတဲ့ပုံတွေထဲမှာလဲ ပါတီကလုပ်တဲ့ အစည်းအဝေးပွဲတွေ ဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတဲ့ပုံတွေတင်ထားတာ အများကြီးတွေ့ရပါတယ်။
=

ဒါဆို မန္တလေး အသုဘ ဖိတ်စာ အတုကကော????
=

ဒါတွေကို ဒေါ်အောင်ဆန်းစုကြည် သိနေလား????
=

သန္တာတို့အနေနဲ့ စဉ်းစားစရာတွေ ပေါ်လာပြီ။ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် လို့ပြောနေကြသူတွေ....... စာချိုးပြောင်းဆိုရပါတော့မယ်။ ရွှေသမင် ဘယ်ကထွက် မင်းသမီးတာကထွက်.....
=

ဆိုရှယ်မီဒီယာတွေမှာ သတင်းအတုဖြန့်တာမျိုးတွေ နေ့စဉ်နဲ့အမျှတွေ့ဖူးပေမယ့် ဒါမျိုးက ကာယကံရှင်တွေရဲ့ ဓါတ်ပုံပါတဲ့ ဖေစ့်ဘွတ်ပါဆင်နယ်ပရိုဖိုင်ကို ယူပြီး ကာယကံရှင်ကိုယ်တိုင် သူ့ဖေစ့်ဘွတ်စတေးတက်ကနေ တကယ်ရေးသားတာသည့်နှင့်တူအောင် အတုပြုလုပ်ရေးသားထားတာဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ သတင်းအတုဖြန့်ခြင်း၊ ဝါဒဖြန့်ခြင်းမျိုးကို၊ အစိုးရအပါအဝင် တခြားဘယ်ပါတီဝင်ကမှ လုပ်တောင်တာ မတွေ့ဖူးပါ။ ဒါပထမဆုံးဖြစ်ပါ။
=
ဇာတ်လိုက်က ဇာတ်ကွက် ဗီလိန် ဖြစ်နေသလား???
=

အဲဒီတော့ NLD လို ဒီမိုကရေစီအိုင်ကွန်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌပြုတဲ့ ပါတီကြီးက ဘာကြောင့်များ ဒီလို အောက်တန်းကျတဲ့ စခရင်ရှော့အတုတွေ လုပ်ပြီး ပြည်သူကြား၊ ဆိုရှယ်နက်ဝက် ကြားကို ဖြန့်နေပါသလဲ။ ဒါ အပုတ်ချတယ် ဆိုတာထက်ကို ကျော်လွန်သွားပါတယ်။ ဒါလီဆယ်ယုတ်မာ တယ်လို့ ဆိုနိုင်တဲ့ မရိုးမသား ပြုကျင့်မှုပါ။ NLD လို ပါတီကြီးက ဒါမျိုးတွေလုပ်နေတယ်ဆိုတာ မယုံနိုင်အောင်ပါပဲ။ သန္တာတို့ထင်ထားတဲ့ ဇာတ်လိုက်က ဇာတ်ကွက် ဗီလိန် ဖြစ်နေပါတယ်။ သန္တာတို့ ပြည်သူတွေမျှော်လင့်ထားတဲ့ အတိုက်အခံဆိုတာ ဒီလို လီဆယ်ဝါဒဖြန့်တဲ့ အတိုက်အခံမျိုးမဟုတ်ပါ။ ကျန်တဲ့စွမ်းဆောင်ရည်ဘာမှ မရှိရင်တောင်မှ ရိုးသားမှုလေးတော့ ရှိစေချင်ပါတယ်။ ရိုးသားမှုလေးကိုတော့ မျှော်လင့်မိပါတယ်။ ရိုးသားမှုရှိစေချင်ပါတယ်။ နောက်ပြီး အစိုးရအဖွဲ့နဲ့ အတိုက်အခံပါတီကို တိုက်ခိုက်တာမှ နိုင်ငံရေးမဟုတ်ပါ၊ ဒီမိုကရေစီအရေးမဟုတ်ပါ။ ဒီလောက်နဲ့ မရပါ။ မဟာဗျူဟာကျကျနှင့် အဆင့်အတန်းရှိရှိသာ ဝေဖန်သင့်၊ ယှဉ်ပြိုင်သင့်တယ်လို့ ပြောပါရစေရှင်။

From: သန္တာညိုညို

www.mmdailystar.com

အရွယ်မရောက်သေးသူ တပည့်နှင့် အတူအိပ်ခဲ့သည့် အမေရိကန်ဆရာမ တရားစွဲခံရ



အမေရိကန်နိုင်ငံ အာကန်ဆတ်ပြည်နယ်မှ အသက် ၃၂ နှစ်အရွယ် ဆရာမတစ်ဦးသည် ခြောက်တန်းကျောင်း သား အသက် ၁၃ နှစ်အရွယ် ၎င်း၏ တပည့်ဖြစ်သူနှင့် အတူအိပ်ခဲ့သောကြောင့် တရားစွဲဆိုခံထားရသည်။



ဆရာမ မာရီဖေ့သ်မက်ကောမစ်၏ အပေါ်ပိုင်းဗလာကျင်းကာ ရိုက်ထားသည့်ဓာတ်ပုံအား ကျောင်းသားဖြစ်သူ၏ လက်ကိုင်ဖုန်းအတွင်း အသက် ၁၂ နှစ်အရွယ် သူငယ်ချင်းအမျိုးသမီးငယ်တစ်ဦးက တွေ့ရှိခဲ့ရာမှ ယခုအမှုပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။

ကလေးတစ်ဦးမိခင်ဖြစ်သူ မက်ကောမစ်သည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ထားသည့် စာသားများနှင့် ဓာတ်ပုံများ ကို အသက်မပြည့်သေး သူ ကျောင်းသားငယ်ထံ ပေးပို့ခဲ့သည်။

တရားရုံးထွက်ဆိုချက်များအရ အဆိုပါ ကျောင်းသားငယ်နှင့် သူငယ်ချင်းဖြစ်သူတို့သည် ဆရာမအိမ်သို့ ရုပ်ရှင်ကြည့်ရန် သွားခဲ့ကြပြီး သူငယ်ချင်းဖြစ် သူ ပြန်သွားချိန်တွင် ဆရာမက ကျန်ရစ်သည့် ကျောင်းသားနှင့် အတူစတင်အိပ်ခဲ့ကာ ဇွန်လမှ သြဂုတ်လအထိ သုံးလကြာ ကာလအတွင်း နှစ်ဦးသဘော တူလိင်ဆက်ဆံမှု နှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြားမျက်မြင်သက်သေတစ်ဦး၏ ထွက်ဆိုချက်အရ ဆရာမသည် ကျောင်းသား၏ ဖုန်းအတွင်းမှ ဓာတ်ပုံတစ်ပုံတွင် ဆံပင်များရေစိုနေကာ ရင်သား များကိုပြထားသည့် ပုံကိုလည်း ပေးပို့ထားပြီး “ငါ သန့်ပြန့်သွားပြီ” ဆိုသည့် စာကိုလည်း ထည့်သွင်းပေးပို့ခဲ့သည်။


မက်ကောမစ်၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသည့် အချက်အလက်များအရ သူမတွင် ခင်ပွန်းနှင့်က လေးတစ်ဦးရှိပြီး သူမ၏ ဖခင်မှာလည်း အဆို ပါပြည်နယ်အတွင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြဿနာစတင်ပေါ်ပေါက်သည့် ညတွင် သူမအား ဘန်တွန်ကောင်တီ အချုပ်ထောင်အတွင်း တစ်ညထားပြီးနောက် အာမခံ ဒေါ်လာ ၅၀၀၀၀ ဖြင့် လွှတ်ပေးထားသည်။ သူမအား လစာဖြင့် အလုပ်တာဝန်မှ ရပ်ဆိုင်းထားကြောင်း ကျောင်းအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အာကန်ဆတ်ပြည်နယ် ဥပဒေအရ အသက်မပြည့်သေးသူ ကလေးတစ်ဦးနှင့် လိင်ဆက်ဆံခြင်းသည် မုဒိမ်းမှုမြောက်ကြောင်း သိရသည်။ မက်ကော မက်၏အမှုအား စက်တင်ဘာလတွင် နောက်တစ်ကြိမ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Ref:Daily Mail
From: မဇ္ဈိမ

www.mmdailystar.com

အဆက်မပြတ်လူသတ်နေသည့် အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့ကို အမေရိကန် ထိန်းချုပ်နိုင်မည်လော



၁၆ ရာစု ပြင်သစ်ဥပဒေပညာရှင် ယန်းဘိုဒင်က စစ်ကိုလိုအပ်သော မိစ္ဆာဟု တင်စားခဲ့သည်။ ယခုတော့ အီရတ်တွင် မိစ္ဆာများ ကခုန်နေသည်ဟု ဆိုရမလို ဖြစ်နေသည်။ 
အတောမသတ်သော စစ်ပွဲများ။

၂၀၀၃ ခုနှစ် အမေရိကန်က အီရတ်တွင် တစ်ကိုယ်တော်ကြိတ်ဝါဒဖြင့် လူကြိုက်မများသော စစ်ကို ဆင်နွှဲခဲ့သည်။ အီရတ်ကို ၀င်တိုက်ခါနီးတော့ ၀ါရင့်သမ္ဘာရင့်ပဂေးကြီး ဟင်နရီကစ်ဆင်းဂျားက ယခုလို သတိပေးခဲ့ဖူးသည်။ အီရတ်ကို ၀င်တိုက်ပါက အရှေ့အလယ်ပိုင်းတွင် နိုင်ငံရေးချိန်ခွင်လျှာ ပြောင်းသွားနိုင်သည်ဟု။ ယခုလည်း ကြည့်ပါက အရှေ့အလယ်ပိုင်းတွင် အီရန်ကို အထိန်းအထေလုပ်နိုင်သော စုစည်းအားကောင်းသည့် အီရတ်မရှိတော့။ ယိမ်းယိုင်ကာ အားနည်းနေသော အီရတ်ပင် နိုင်ငံက ပြိုကွဲလု။ ဗဟိုအစိုးရအား မကောင်းခြင်းနှင့် အစိုးရမူဝါဒများ မှားယွင်းခြင်းက အီရတ်နံဘေးကို ပိတ်သလေးဖြင့် ပစ်သလို။ အင့်ခနဲ။ ဗဟိုအားနည်းတော့ လူနည်းစုများ ထကြွကြသည်။ အထူးသဖြင့် ဆွန်နီစစ်သွေးကြွများ။ အတိအကျ ပြောရလျှင် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့။

အစ္စလာမ်မစ်နိုင်ငံတော် IS ဟု ယခုခေါ်ဆိုနေသော ယင်းအဖွဲ့သည် ယခင်က အစ္စလာမ်မစ် အီရတ်နိုင်ငံတော်နှင့် မြေထဲပင်လယ်အနီးအနားရှိ နိုင်ငံများအဖွဲ့ ISIS ဟုခေါ်ပြီး ယင်းအဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအချို့ကို သိမ်းပိုက်ကာ တရားဝင်အသိအမှတ်ပြုခြင်း မခံရသော နယ်ပယ်တစ်ခုကို နိုင်ငံအဖြစ် တည်ထောင်ထားပြီး အစ်္စလာမ်ဘာသာရေး ဥပဒေများဖြင့် သိမ်းပိုက်နယ်မြေများကို အုပ်ချုပ်နေသည်။ အထူးသဖြင့် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားနိုင်ငံများတွင် လှုပ်ရှားမှုလွှမ်းမိုးထားသော ဂျီဟတ် စစ်သွေးကြွအုပ်စုတစ်ခု ဖြစ်သည်။

ထို့အပြင် အသိအမှတ်ပြုခြင်း မခံထားရသော ၎င်း၏လွတ်လပ်သော ပြည်နယ်အဖြစ် ကြေညာချက်တွင် ၎င်းတို့၏ နိုင်ငံသည် အီရတ်နှင့် ဆီးရီးယားနယ်မြေများနှင့် မြေထဲပင်လယ်ဒေသများဖြစ်သည့် လက်ဘနွန်၊ အစ္စရေး၊ ဂျော်ဒန်၊ ဆိုက်ပရပ်စ်နှင့် တူရကီတောင်ပိုင်းဒေသများ ပါဝင်ကြောင်း ကြေညာထားသည်။

ယင်းအဖွဲ့သည် အီရတ်စစ်ပွဲအစောပိုင်းကာလများတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် အယ်လ်ကိုင်ဒါအဖွဲ့၏ သစ္စာတော်ခံအဖွဲ့ ဖြစ်လာခဲ့သည်။ ယင်းအဖွဲ့ကို စစ်သွေးကြွအဖွဲ့ကြီးများဖြစ်သော အီရတ် အယ်လ်ကိုင်ဒါ (AQI)၊ မူဂျာဟေဒင် ဆူရာကောင်စီနှင့် မြောက်မြားလှသော ဆွန်နီအစ္စလာမ်အဖြစ် ခံယူထားသော အဖွဲ့ပေါင်းများစွာက အထောက်အပံ့ ပေးထားကြသည်။

ယင်းအဖွဲ့သည် အီရတ်နိုင်ငံရှိ ဆွန်နီဘာသာဝင်များ နေထိုင်ရာ ဒေသများ၌ ဘာသာရေးအရ ဦးဆောင်မည့် နိုင်ငံတော်တည်ထောင်ရန် ရည်ရွယ်ခဲ့ကြပြီး နောက်ပိုင်းတွင် ဆီးရီးယားနိုင်ငံသို့ ပျံ့နှံ့လာခဲ့သည်။ ရှစ်လကြာ အာဏာလုမှုများအပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အယ်လ်ကိုင်ဒါနှင့် ယင်း ISIS နှင့် ချိတ်ဆက်ထားမှုများကို ဖျက်သိမ်းခဲ့သည်။ အီရတ်စစ်ပွဲပြင်းထန်လာချိန်တွင် ISIS သည် အီရတ်နိုင်ငံဒေသများဖြစ်သော အယ်လ်အန်ဘာ၊ နီနာဝါနှင့် ဘာဘယ်လ် စသော ဒေသများတွင် အဓိကကျသော အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။

ဆီးရီးယားတွင်မူ မြောက်ပိုင်း တောနယ်ဒေသနှင့် အရှေ့ပိုင်းနယ်များကို သိမ်းပိုက်ထားရာ နိုင်ငံသုံးပုံ တစ်ပုံခန့် ၎င်းတို့ လက်တွင်း ကျရောက်၍ တင်းကျပ်စွာ အုပ်ချုပ်နေသည်။ IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်ရှိနယ်မြေများကို သိမ်းပိုက်ခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ နယ်နိမိတ်များကို ပြင်ဆင်ရေးဆွဲလျက်ရှိသည်။

၂၀၁၄ ခုနှစ်၊ အစောပိုင်းက စတင်၍ ယင်းအဖွဲ့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားနယ်မြေများကို သိမ်းပိုက်ပြီး ကာလီဖိတ်ဘာသာရေးနိုင်ငံအဖြစ် ဇွန်လ ၂၉ ရက်က ကြေညာခဲ့သည်။ ထို့နေ့မှ စတင်ကာ အစ္စလာမ်မစ် အီရတ်နိုင်ငံတော်နှင့် မြေထဲပင်လယ်အနီးအနားရှိ နိုင်ငံများအဖွဲ့ ISIS ဟူသော အမည်အစား အစ္စလာမ်မစ်နိုင်ငံတော် IS ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ဆီးရီးယားနှင့်အီရတ်တွင် အောင်မြင်မှုများ ဆက်တိုက်ရနေသော IS အဖွဲ့သောင်းကျန်းသူများသည် လက်ဘနွန်နယ်စပ်မြို့တစ်ခုကို ယခုလအတွင်း သိမ်းပိုက်ခဲ့ပြီး လက်ဘနွန်ရှိ ဆွန်နီများနှင့် ရှီးယားများအကြား ဂိုဏ်းဂဏစစ်ပွဲ ဖြစ်လာအောင် ဖန်တီးနေသည်။ ယခုကဲ့သို့ တစ်စတစ်စ IS အဖွဲ့ အတင့်ရဲလားခြင်းကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်သည်။ သို့မဟုတ်က IS အဖွဲ့သည် တဖြည်းဖြည်းအနီးနားရှိ နိုင်ငံများကို ပါဝင်ရောက်တိုက်ခိုက်မည့် အလားအလာ ရှိနေသည်။

IS အဖွဲ့က အီရတ်နှင့်ဆီးရီးယား အပါအ၀င် ဒေသတွင်း တိုက်ပွဲများတွင် အောင်ပွဲများ ဆက်လက်ဆောင်ကျဉ်းနိုင်ပါက အခြားဆွန်နီစစ်သွေးကြွများကလည်း တစ်စခန်းထလာနိုင်သည်။

ယခုပင် IS အဖွဲ့စစ်သွေးကြွများသည် ကာ့ဒ်ဒေသတပ်ဖွဲ့များကို တိုက်ခိုက်မောင်းထုတ်ပြီး ခရစ်ယာန်နှင့် ယာဇီဒီလူမျိုးအများစုကိုလည်း တိုက်ထုတ်နေသည်။ ထို့ကြောင့် IS အဖွဲ့၏ ရည်မှန်းချက်သည် ဒေသတွင်းတွင် ဆွန်နီအစွန်းရောက် ဘာသာရေးကို တည်ထောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ၎င်းတို့ ဘာသာသို့ မကူးပြောင်းသော လူများကိုလည်း သတ်ဖြတ်သည်အထိ ပြုမူနေသည်။ အထူးသဖြင့် ဆီးရီးယား အရှေ့ပိုင်းတွင် ပြီးခဲ့သည့်သီတင်းပတ် နှစ်ပတ်အတွင်း တိုက်ပွဲများဖြစ်ပွားရာ လူ ၇၀၀ ကို အစ္စလာမ်မစ်နိုင်ငံတော် စစ်သွေးကြွများက ကွပ်မျက်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် ယာဇီဒစ်မျိုးနွယ်များကိုလည်း ဆွန်နီဘာသာသို့ အတင်းအကျပ် ကူးပြောင်းခိုင်းနေသည်။ ယင်းယာဇီဒစ်များသည် ၎င်းတို့ မျိုးနွယ်စုများ၏ ရိုးရာ ယုံကြည်မှုကိုသာ ဘာသာတစ်ခုအဖြစ် ကိုးကွယ်နေကြသူများ ဖြစ်သည်။

အဆိုပါ လူနည်းစုမျိုးနွယ်ဝင်များသည် စစ်သွေးကြွများ၏ တိုက်ခိုက်ခံနေရမှုကြောင့် အီရတ်နှင့်အမေရိကန် လေယာဉ်များက အစားအစာနှင့် ရေများကို လေကြောင်းမှ ထောက်ပံ့ပေးနေရသည်။

ထို့ကြောင့် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ထိရောက်သော တုံ့ပြန်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အမေရိကန်နှင့် အနောက်အုပ်စုသည် ယင်း IS အဖွဲ့ကို ပြင်းထန်စွာ တုံ့ပြန်အရေးယူရမည် ဖြစ်သည်။ အီရတ်နိုင်ငံအတွင်းရှိ ယင်း IS အဖွဲ့ကို တိုက်ခိုက်နေသည့် ကာ့ဒ်လူမျိုးများနှင့် အခြားအုပ်စုများကိုလည်း လက်နက်၊ ရိက္ခာနှင့် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြင့် အကူအညီပေးရမည်ဖြစ်သည်။

အမေရိကန်ဝင်ရောက် စွက်ဖက်ခြင်းက နိုင်ငံတကာစည်းမျဉ်းများအရ ကာကွယ်ပိုင်ခွင့်ရှိခြင်းကြောင့် ဖြစ်သည်။ ဥပဒေကြောင်းအရ၊ တရားဝင်ဖြစ်မှုအရလည်း အကျုံးဝင်သည်။ အမေရိကန်က အီရတ်ကို ၂၀၀၃ ခုနှစ် တိုက်ခိုက်ခဲ့စဉ်က နိုင်ငံအများအပြားက လက်မခံခဲ့သော်လည်း ယခုအခြေအနေတွင်တော့ အမေရိကန်က ထိရောက်သော ခေါင်းဆောင်မှုပေးနိုင်ပါက အနောက်အုပ်စု၏ အကူအညီကို ကောင်းစွာ ရရှိနိုင်သည်။ ယင်းမှာ အီရတ်ကို ကျူးကျော်ခြင်းမဟုတ် နိုင်ငံတကာ လုံခြုံရေးအတွက် အကြမ်းဖက်သမားများကို တိုက်ခိုက်နေခြင်း ဖြစ်သည်။ အမေရိကန်က အီရတ်အစိုးရတပ်များ၊ အခြားလူမျိုးစုတပ်များနှင့် အနောက်အုပ်စု၏ အကူအညီဖြင့် တိုက်ပါက ယင်း IS အဖွဲ့ကို တဖြည်းဖြည်း ချေမှုန်းနိုင်မည်မှာ အမှန်ပင် ဖြစ်သည်။
 
 
From: မဇ္ဈိမ

www.mmdailystar.com

အမျိုးသမီးတွေက အမျိုးသားတစ်ယောက်ကို ကြည့်တဲ့အခါ ဘာကို အဓိက ထားကြည့်တတ်ကြသလဲ





သင် အမျိုးသမီးတွေကို ကြည့်တဲ့အခါ သူတို့ရဲ့ ရင်သားတွေ၊ တင်ပါးနဲ့ တင်ပါးဆုံတွေကို ကြည့်မိတတ်ပါတယ်။ ဒါဆို သူတို့က သင့်ရဲ့ဘယ်အရာကိုများ အဓိကထားကြည့်ကြသလဲ။ သင်ခု ဖျတ်ခနဲတွေးလိုက်တဲ့ နေရာတော့ မဟုတ်ပါဘူး။

လန်ဒန်ကုမ္ပဏီ Think Eye Tracking ရဲ့ လေ့လာချက်တစ်ခုမှာ ရေချိုးဝတ်စုံနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ဓါတ်ပုံကို ကြည့်တဲ့လူတွေရဲ့မျက်လုံးရွေ့ရှားမှုများကို လိုက်လံလေ့လာခဲ့ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ အချိန်အများကြီး အကုန်ခံပြီး တစိမ့်စိမ့်ကြည့်တဲ့အချိန်မှာ (ဘာကို ကြည့်နေတတ်ကြတယ်ဆိုတာ ယောက်ျားလေးတွေသိကြပါတယ်) အမျိုးသမီးတွေကတော့ အဲဒီနေရာကို အချိန်ကုန်ခံပြီး မကြည့်တတ်ကြပါဘူး။ အဲဒီအစား သူတို့က အမျိုးသားတွေရဲ့ ဗိုက်ချပ်သားတွေ နောက်ပြီး သူ့ မျက်နှာ၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေကိုသာ အာရုံစူးစိုက်ကြည့်တတ်ကြပါတယ်တဲ့။

အမျိုးသမီးတွေဟာ သူတို့အတွက် အထောက်အပံ့ ရနိုင်တဲ့သူ၊ အကာအကွယ်ပြုနိုင်တဲ့သူတွေ ဟုတ်သလားဆိုတာကို လိုက်ကြည့်တတ်ကြပါတယ်။ သင့်လိင်အင်္ဂါကိုတော့ အဓိက မဟုတ်ပါဘူး။ ကျောက်ခေတ်အမျိုးသမီးတွေရဲ့ ဦးနှောက်စဉ်းစားဥာဏ်လိုပါပဲ။ သူတို့က ကောင်လေးတစ်ယောက်ကို သုံးသပ်ပြီဆိုရင် ဒီကောင်လေးက သစ်ပင်တွေတက်ပြီး ငါအတွက် အသီးလေးများ ခူးပေးနိုင်မလား၊ ငါ့အတွက် သားကောင်များ လိုက်ဖမ်းပေးနိုင်မှာလားဆိုတာကိုပဲ သူတို့ သိချင်နေတတ်ကြပါတယ်။

သင့် ဗိုက်သား၊ ပခုံးနဲ့  လက်မောင်းဟာ ကျွန်တော်တို့ ကျောက်ခေတ်ဘိုးဘွားတွေအတွက် အမျိုးသမီးတစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရာမှာ အဓိက အသုံးပြုတဲ့ ကြွက်သားတွေဖြစ်နေတဲ့အတွက် သူမက သင့်ရဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျွန်တော်တို့ခေတ်က အမဲလိုက်ပြီး သားကောင်တွေ လိုက်ဖမ်းတဲ့ ခေတ်မဟုတ်တော့ပေမဲ့ အမျိုးသမီးတွေက သူတို့နဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားတွေမှာရှိတဲ့ အဲဒီအရည်အချင်းတွေကို စိတ်ဝင်စားနေကြဆဲပဲဖြစ်ပါတယ်။

သင့်မျက်နှာအမူအရာကနေတဆင့် အမျိုးသမီးတွေက ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကြင်နာတတ်တဲ့စိတ်ကို သိရအောင်လည်း  လိုက်လံကြည့်ရှုတတ်ပါတယ်။ ကဲ အခု သင်ဘာလုပ်ရမှာလဲ ဆိုတာတဲ့ အထောက်အပံ့တွေ ရသွားပြီမလား။ သင့်မှာ အဲ့ဒီအချက်အတွက်ရော ပြည့်စုံမှုရှိနေပြီလား။
 
 
From: trend

www.mmdailystar.com

ပီအာရ်စနစ်သုံးမည့်နည်းလမ်း ဆုံးဖြတ်တော့မည်





ပါတီအလိုက်ရရှိသည့် ဆန္ဒမဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းပေါ်မူတည်၍ အမတ်ဦးရေ အချိုးကျရရှိမည့် ပီအာရ်ကို မည်သို့သောနည်းလမ်းဖြင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အသုံးပြုမည်ဆိုသည်ကို သြဂုတ် ၁၈ ရက် ကျင်းပမည့် အစည်းအဝေးတွင် အပြီးသတ်ရွေးချယ်တော့မည်ဟု အမျိုးသားလွှတ်တော်ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်အဖွဲ့ဝင်တချို့က မဇ္ဈိမကို ပြောသည်။

“တစ်ရက်နဲ့ ဆွေးနွေးလို့ မပြတ်ရင် ပြတ်တဲ့အထိ ဆွေးနွေးသွားမှာပါ”ဟု မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇) ဒေါက်တာဗညားအောင်မိုးက ပြောသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုတွင် မဲအများဆုံးသူ အနိုင်ရစနစ်မှ အနာဂတ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု ခွင့်ရမည့် ပီအာရ်စနစ်ကို ပြောင်းသုံးရန် ကော်မရှင်ဖွဲ့ ဆွေးနွေးနေကြခြင်းဖြစ်သည်။ ကော်မရှင်သည် ပီအာရ်နှင့် ပတ်သက်သည့် ရွေးကောက်ပွဲ ပုံစံလေးမျိုးကို ရေးဆွဲထားပြီး ယင်းတို့အနက် အားသာချက်၊ အားနည်းချက်များကို နှိုင်းယှဉ်ရွေးချယ်ရန်သာ ရှိတော့သည်ဟု ၎င်းက ပြောသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ ဘယ်မှာ ကျင့်သုံးမလဲဆိုတာ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ မပြတ်ရင် လွှတ်တော်တင်တဲ့အခါမှာ ပြန်ဆုံးဖြတ်လို့ရပါတယ်” ဟု ဦးဗညားအောင်မိုးက ဆိုသည်။ ၎င်းက တစ်နိုင်ငံလုံး သို့မဟုတ် တိုင်း(သို့မဟုတ်) ပြည်နယ် မည်သည့်နေရာများအတွက် ပီအာရ်စနစ် ကျင့်သုံးမည်ဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲဖွယ်ရှိသည်ဟု ယူဆထားသည်။

တိုင်းရင်းသားပါတီတို့က နိုင်ငံတစ်ဝန်းရရှိသည့် စုစုပေါင်းမဲအရေအတွက်ဖြင့် အချိုးချပါက ကိုယ်စားပြုခွင့် လျော့နည်းနိုင်ပြီး တန်းတူအခွင့်အရေးမရနိုင်၊ ဒီမိုကရေစီစနစ်ကျင့်သုံးမှု နုနယ်သေးချိန်တွင် မသင့်လျော်သေးစသဖြင့် မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုကာ ကန့်ကွက်ထားကြပြီး ၃၆ ဦးပါ ကော်မရှင်တွင် ရှစ်ဦး နုတ်ထွက်ထားကြသည်။

“ခုတော့ သူတို့ရဲ့အသံတွေ ပျောက်သွားတာပေါ့”ဟု အခြားသော ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် (၃) အမတ်ဦးဖုန်းမြင့်အောင်က ဆိုသည်။

၎င်းသည် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေး လွှတ်တော်သို့ အဆိုတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် တစ်ဦးလည်းဖြစ်သည်။ ၎င်းနှင့်တစ်ပါတီတည်းဖြစ်သူ ရန်ကုန်တိုင်း၊ မဲဆန္ဒနယ် အမှတ်(၁)၊ အမတ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လအတွင်း အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းခြင်းဖြစ်သည်။

“ဒါပေမဲ့ လွှတ်တော်ကို ပြန်တင်လာရင် ကန့်ကွက်လို့ အကျိုးမရှိဘူးဆိုပေမယ့် ကန့်ကွက်စရာရှိတာကိုတော့ ကန့်ကွက်သွားမှာပါ”ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

၎င်းသည် ကော်မရှင်အဖွဲ့မှ နုတ်ထွက်ထားသူဖြစ်ပြီး ဥပဒေကြမ်းအဖြစ် တင်သွင်းလာလျှင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ထပ်မံကန့်ကွက်သွားမည်ဟု ပြောသည်။ အမျိုးသားလွှတ်တော် ပီအာရ်စနစ် အကောင်အထည်ဖော်ရေးကော်မရှင်သည် လာမည့် စက်တင်ဘာတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းအဖြစ် တင်သွင်းရန် တာဝန်ယူထားသည်
From: https://www.facebook.com/MyanmarElection2015

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...