Friday, 22 August 2014

လှည်းကူးမြို့မှ အသက် ၆ဝကျော်အမယ်အိုတစ်ဦးအား ဓမ္မစေတီခေါင်းလောင်းကို စောင့်ရှောက်နေသည်ဟုဆိုသောနဂါး ဝင်ပူးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဟုဆို


ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ဆယ်ယူရန် ကြိုးစားနေသည်မှာ ၁၃ရက်တိုင်ရှိ လာခဲ့ပြီဖြစ်သည်။

ယင်းသို့ သာကေတမြို့နယ်အ နီး လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင် ချောင်းတို့ဆုံသည့်နေရာ၌ ဓမ္မစေတီ ခေါင်းလောင်းတူးဖော်မှု လုပ်ဆောင် နေခြင်းကို စိတ်ဝင်စားသူအမြောက် အမြားရှိနေချိန်၌ ရန်ကုန်မြို့နှင့် မိုင်၂ဝကျော်ကွာဝေးသည့် လှည်းကူး မြို့နယ်တွင် ခေါင်းလောင်းကြီးနှင့် ပတ်သက်၍ နဂါးဝင်ပူးသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်မှာ ခေါင်းလောင်း ကြီးကို စောင့်ရှောက်နေသည်ဟုဆို သော နဂါးမောင်နှမသုံးဖော်ထဲမှ တစ်ဦးက လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် သီတာအေး (၅)လမ်းတွင် နေထိုင်သည့် အမယ် အိုတစ်ဦး ဘုရားဝတ်ပြုဆုတောင်း နေချိန်တွင် နဂါး ဝင်ရောက်ပူးကပ် သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအမယ်အို၏ အမည်မှာ ဒေါ် စိန်ကြည်ဖြစ်ပြီး အသက်၆၇နှစ်ရှိပြီ ဖြစ်သည်။ ဖြစ်ပွားပုံမှာ အမေအို ဒေါ်စိန်ကြည် သြဂုတ် ၂၁ရက်၊ နံနက် ၆နာရီ ဘုရားရှိခိုးချိန်တွင် ဓမ္မ စေတီခေါင်းလောင်းတော်ကြီးကို စောင့်ရှောက်နေကြသော နဂါးမောင် နှမသုံးဖော်မှ တစ်ဦးဖြစ်သည့် စော သိုက်ရွှေအမည်ရှိ နဂါးမက ဝင် ရောက်ပူးကပ်ခြင်းဖြစ်ကြောင်း သိရ သည်။

ထိုသို့ အမယ်အို ဒေါ်စိန်ကြည် အား နဂါးမ စောသိုက်ရွှေ ဝင်ရောက် ပူးကပ်နေချိန်တွင် ပြောကြားချက်များ အရ ခေါင်းလောင်းကြီးကို စောင့် ရှောက်နေသော ယင်းတို့နဂါးမောင် နှမသုံးယောက်၏အပေါ်တွင် သြ ဂုတ် ၁၈ရက်မှ စတင်၍ သောင်တူး ဖော်နေသော သောင်တူးစက်ဖိထား သဖြင့် အမြန်ဆုံးဖယ်ရှားပေးရန် ငို ယိုတောင်းဆိုနေသည်ကို တွေ့ရ သည်။

ထိုအချိန်တွင် အမယ်အိုသည် ရှိုက်ကြီးတငင်ငိုကြွေး နေပြီး ပါးစပ် မှလည်း ''ငါတို့အပေါ်မှာ ပိနေတဲ့ သောင်တူးစက်ကြီးကို အမြန်ဆုံးရွှေ့ ပေးပါ။ ရွှေ့ပေးရင် ခေါင်းလောင်းကြီး ကို တွေ့မယ်'' ဟု ပြောကြားရင်း အမယ် အိုသည် နာကျင်သည်ဟု ပြောကြား ကာ သူ့ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တွင် လူးလှိမ့်အော်ဟစ်နေတော့သည်။

ထိုသို့လူးလှိမ့်အော်ဟစ်နေရင်း က ''အရပ်ရှည်ရှည်နဲ့ ဘုန်းကြီးက ငါတို့သုံးယောက်ကိုချုပ်ထားတယ်။ ငါတို့တင်မကဘူး။ အဲဒီမှာရှိတဲ့သူ တွေအားလုံးကို ချုပ်ထားတာ''ဟု ပြောရင်းမှ ''ဘုန်းဘုန်း ဘာဖြစ်လို့ တပည့်တော်တို့ကို ချုပ်ထားရတာ လဲ''ဟု ငိုကြီးချက်မဖြင့် ပြောဆိုသည် ကို တွေ့ရသည်။

ထို့ပြင် ''သောင် တူးစက်ကိုလဲ ရွှေ့ပေး၊ ငါတို့မောင်နှ မကိုလည်း လွှတ်ပေး၊ မလုပ်ပေးဘူး ဆိုရင် ဘုန်းဘုန်းဆီကို ငါကိုယ်တိုင် နဂိုအလုံးအထည်ဖော်ပြပြီး လာမယ်။ ငါဒေါသထွက်ရင် မလွယ်ဘူးနော်။ တခြားလူတွေပါ ဒုက္ခရောက်ကုန် မယ်။ ငါတို့ကို ဖြေပေးပြီးရင် ခေါင်း လောင်းကြီး ဘယ်နေ့တွေ့မယ်ဆိုတာ ဘုန်းဘုန်းကို အိပ်မက်ပေးလိုက်မယ်။ ငါတို့ကို ချုပ်ထားတာကို ဖြေချင်ဖြေ မဖြေချင်နေ။ သူတို့လဲ ကြာမှာပဲ။ငါတို့ ဒီအတိုင်းသေသွားရင် ခေါင်း လောင်းကြီးကို နောက်ဘဝမှာလဲ ဆက်စောင့်ရှောက်မှာ'' ဟု ဒေါသတ ကြီး ရေရွတ်ပြောဆိုနေသည်ကိုတွေ့ ရသည်။

ယင်းအပြင် အမယ်အိုက ဆက် လက်၍ ''ခေါင်းလောင်းရှိတဲ့နေရာ ကို ဘုန်းဘုန်းပဲ မြင်ရတယ်။ ပြီး တော့ အခုလုပ်နေတဲ့ သိုက်ပွဲတွေ၊ ကန် တော့ပွဲတွေက မှားနေတယ်။ အကုန် လုံးအသစ်ပြန်လဲရမယ်။ ဒီလိုလဲပြီး မှ သင်တို့ လွတ်ရာကျွတ်ရာကို သွား နိုင်ပြီလို့ ပြောရမယ်။ အဲလိုကျမှ အစစအရာရာ အဆင်ပြေမယ်။ ငါ တို့ကိုသာ ဖြေပေးပါ၊ သူတို့လိုချင် တာ အကုန်ရမှာပဲ။ ငါတို့က ခေါင်း လောင်းကြီးကို စောင့်ရှောက်ဖို့ တာ ဝန်ပေးခံထားရတာ။ ခေါင်းလောင်း ကြီး ဆယ်ပြီးသွားရင် ကျိုက်ခေါက် ဘုရားကိုသွားပြီး ငါတို့အမျိုးတွေနဲ့ အတူ နောက်ဘုရားပွင့်ချိန်ကို သာ သနာပြုရင်းစောင့်ရမှာ''ဟု ပြော ကြားသည်ကို တွေ့ရသည်။

ယင်းနောက် ခေါင်းလောင်းကြီး အောင်မြင်စွာ ဆယ်ယူနိုင်ရေးအ တွက် '' ရေနဲ့ပဲ ထိပြီး၊ စနေ အရင် ဆုံးဆင်း၊ ပြီးတော့ ဗုဒ္ဓဟူးသားဆင်း၊ ပြီးတော့ ကြာသပတေးဆင်း ၊ အောင်ပြီ ဟေ့''ဟု အော်ဟစ်လူးလွန့်ရင်းက ''ဖိထားတာ ငါက နာတယ်''ဟု နာကျင်စွာ အော်ညည်းနေသည်ကို တွေ့ရသည်။

ထိုဖြစ်စဉ်များဖြစ်နေစဉ်အ တွင်း အမယ်အို၏ ပုံပန်းသဏ္ဌာန် မှာ လွန်စွာမောဟိုက်ပင်ပန်းနာကျင် ခံစားနေရသည်ကို တွေ့မြင်ရပြီး အမောပြေ ရေတိုက်ရာတွင် သာမန် လူတစ်ယောက် ရေသောက်သလို မ သောက်ဘဲ မြွေတစ်ကောင် (သို့မ ဟုတ်) နဂါးတစ်ကောင် ရေသောက်သ လိုမျိုး လျှာဖြင့်လျက်၍ သောက်နေ သည်ကို ထူးဆန်းစွာတွေ့မြင်ရသည်။

ထိုသို့ ရေသောက်နေစဉ်တွင် အမေအို၏ သားမက်ဖြစ်သူက ကာ ယကံရှင်မှာ ကျန်းမာရေးမကောင်း သဖြင့် ပြောချင်သည်များကို ပြော ၍ပြီးပါက ထွက်သွားပေးပါရန် တောင်းပန်သဖြင့် ရေသောက်ပြီးသည် နှင့် ချက်ချင်းပြန်ထွက်သွားသည်ကို တွေ့ရသည်။

ထိုအဖြစ်အပျက်နှင့်ပတ်သက် ၍ အမယ်အို ဒေါ်စိန်ကြည်က ပြန် လည်ပြောပြရာတွင် '' ဘုရားသောက် တော်ရေကပ်၊ ဘုရားရှိခိုးနေရင်းနဲ့ ကို မသိတော့တာ''ဟု နဂါးဝင်အပူး ခံရသည့်အခြေအနေကို ပြောပြသည်။

ထိုသို့ဖြစ်ပြီးနောက်ပိုင်း ''သိပ်နေမ ကောင်းတော့ဘူး။ ရင်ထဲ နေလို့မ ကောင်းတော့ဘူး''ဟု ပြောကာ ထို သို့ နောက်ထပ်ခဏခဏ နဂါးလာ ဝင်ပူးမည်ကို ကြောက်ရွံ့နေကြောင်း ပြောပြသည်။

ယင်းဖြစ်စဉ်များ မဖြစ်ပေါ်မီ သြဂုတ်လ ၂ဝရက် ညနေပိုင်းအ ချိန်က နေအိမ်ရှေ့တွင် မြွေသုံးကောင် ကို အမယ်အိုက တွေ့မြင်ခဲ့ရကြောင်း ပြောပြသည်။

အမယ်အိုမှာ ပုံမှန်အား ဖြင့် ကိုယ်တိုင် လမ်းကောင်းကောင်း မလျှောက်နိုင်သဖြင့် လူတွဲ၍လျှောက် ရသည့်အနေအထားဖြစ်သည်။ သို့ရာ တွင် နဂါးဝင်အပူးခံရချိန်တွင် သန်သန် မာမာနှင့် လူးလှိမ့်လှုပ်ရှားနိုင်ပြီး စ ကားပြောပုံမှာလည်း လူသန်သန်မာမာ တစ်ဦးကဲ့သို့ ပြောဆိုနိုင်သည်ကို တွေ့ရသည်။

ထိုကဲ့သို့ပင် အမယ်အို၏ သမီး ဖြစ်သူ၏ အိမ်တွင်လည်း မြွေတစ် ကောင်က အိမ်အတွင်း လာရောက် ခွေနေသဖြင့် တုတ်ဖြင့်ခြောက်လှန့် မောင်းထုတ်သည့်တိုင် ထွက်မသွား သဖြင့် တုတ်ဖြင့်ကော်,မ၍ ဖယ်ထုတ် ပစ်ခဲ့ရသည့်ဖြစ်ရပ်တစ်ခု သြဂုတ် ၂ဝ ရက်မှာပင် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

နဂါးအပူးခံရသည်ဆိုသော အမယ်အို ဒေါ်စိန်ကြည်သည် ဓမ္မ စေတီခေါင်းလောင်းတူးဖော်သည့် နေရာသို့ ရောက်ဖူးခြင်းလဲမရှိ၊ ခေါင်းလောင်းတူးဖော်မှုနှင့်လဲ ပတ် သက်ခြင်းမရှိ၊ ခေါင်းလောင်းနှင့် ပတ်သက်သည့်အကြောင်းအရာအ ချို့ကို နေ့စဉ်ထုတ်သတင်းစာများ တွင်ဖော်ပြထားသည်ကိုသာ ဖတ်ရှု ခြင်းသာရှိသည်။ ယင်းအခြေအနေ တွင် ခေါင်းလောင်းကိုစောင့်ရှောက် သည့် နဂါးဝင်ပူးသည်ဆိုသည်မှာ ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုဖြစ် သည်။ လက်ရှိအချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းတူးဖော်ရာနေရာသို့ အိပ်မက်အရ လာရောက်လှူဒါန်း နေသူများလည်း ရှိနေကြောင်း သိ ရသည်။

#Democracytoday

From:YMG

www.mmdailystar.com

လိုက်ဘေးရီးယားတွင် အီဘိုလာကြောင့် ဆရာဝန် ၆၀ ကျော်သေဆုံး၊ ကျန်မာရေးဌာနများပိတ်





အနောက်အာဖရိကနိုင်ငံတွေက ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကြောင့် အစိုးရတွေ ဟာ အီဘိုလာဗိုင်းရပ်စ် ထိန်း မရအောင် ကူးစက်နေတာကို ရပ်တန့်ဖို့ အလူးအလဲ ကြိုးစားနေပါတယ်။

လိုက်ဘေးရီး ယားနိုင်ငံ ဆေး ဘက်ဝန်ထမ်းတွေဟာ အလုပ်ကို လာဖို့ ကြောက် လန့်နေကြတဲ့အတွက် ကျန်းမာရေးဆေး ကုဌာနအများအပြားကို ပြီးခဲ့တဲ့ သြဂုတ်၎ ရက်နေ့က ပိတ်လိုက်ပါတယ်။

လိုက်ဘေးရီး ယားနိုင်ငံတွင်း ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကြိုးစားရင်း အီဘိုလာကူးစက်လို့ ဆရာဝန်အယောက် ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးဟာ ကျန်းမာရေးစနစ် အားနည်းမှုကြောင့် ထိန်းချုပ်နိုင်တာထက် ပိုပျံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရင်အပတ်က သတိပေးခဲ့တယ်။

ဆီရီယာလီယွန်နဲ့ လိုက်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံထားရတဲ့ရပ်ကွက်တွေကို သီးသန့်ထားဖို့ သြဂုတ် ၄ ရက်နေ့က ရာနဲ့ချီတဲ့ စစ်သားတွေကိုတာဝန်ချ ထားရပါတယ်။

အဆိုးရွားဆုံး ကူးစက်မှုကြောင့် သေဆုံးသူ ၈၈၇ ယောက်ရှိပြီး နိုင်ဂျီးရီးယားနိုင်ငံမှာတော့ ကူးစက်မှုအသစ် ၃ ခု ထပ်ဖြစ်တယ်လို့ အစီရင်ခံထားပါတယ်။လိုက်ဘေးရီးယားနဲ့ဆီရီယာလီယွန်၂ နိုင်ငံလုံးကအီဘိုလာရောဂါကုထိပ်တန်းဆရာ
ဝန်တွေလည်း လူနာအများအပြားကို ကုသအပြီး ဒီရောဂါနဲ့ပဲ အသက်ဆုံးရှုံးခဲ့ပါတယ်။

နှစ်နိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ၀န်ထမ်းတွေကတော့လူနာတွေကို ကိုင်တွယ်ကုသဖို့၊ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့၊ အစိုးရတွေဆီကလုံလောက်တဲ့ အထောက်အပံ့ မရဘူးလို့ ပြောပါတယ်။

အရာရှိတွေကတော့ အီဘိုလာပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ကိုသာမက ဒေသခံတွေရဲ့မယုံကြည်မှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းနေရတာပါ။

အစိုးရက ဂျွန်ဆင်ဗေလီရပ်ကွက်မှာ အီဘိုလာကူးစက်ခံတွေကို မြေမြှုပ်ဖို့ နေရာစီစဉ်ပေးရေး ကြိုးစားခဲ့လို့ အနားက ဒေသခံတွေ ဆန္ဒပြခဲ့ပါတယ်။ တပ်တွေကလည်းအရေးပေါ် အခြေအနေ ကိုင်တွယ်မှုကို ကူညီဖို့ အားဖြည့်နေရပါတယ်။

အီဘိုလာဗိုင်းရပ်စ်ဟာကူးစက်ခံရသူရဲ့ကိုယ်ကထွက်တဲ့အရည်တွေကိုတိုက်ရိုက်ထိတွေ့မှုကနေတဆင့် ကူးစက်နိုင်ပြီး ရှူသွင်းတဲ့လေ ဒါမှမဟုတ် ရိုးရိုးထိတွေ့မှုကနေတဆင့် မကူးစက်နိုင်ပါဘူး။

ကူးစက်ခံရသူ သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်း ရှိတဲ့ အီဘိုလာဟာ လောလောဆယ်မှာတော့ ကူးစက်ခံရသူ သေဆုံးနှုန်း ၆၀ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိနေပါတယ်။ရောဂါလက္ခဏာတွေက အော့အန်ပြီးဝမ်းလျော့တာနဲ့ကိုယ်တွင်းကိုယ်ပြင်သွေးထွက်တာ တွေ ဖြစ်လေ့ရှိတာ ဖြစ်ပါတယ်။

ကူးစက်ခံရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု သေသေချာချာ မခံရရင်၂ ရက်ကနေ ၂၁ ရက်အတွင်း သေဆုံးနိုင်ပြီး ကုသဆေးနဲ့ ကာကွယ်ဆေးပါမရှိသေးပါဘူး။
 
 
From: Ko Ko

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား





ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။

နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စောနေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။

''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။ တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်းလောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။
တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော် ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။

နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာလေးတွေရှိတယ်''ဟု ပြောသည်။

အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေတီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။

''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီးရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်းလောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။ ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရားကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များသည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီထံမှ သိရ သည်။
 
 
From: YMG

www.mmdailystar.com

စစ်သားတွေအားလုံး မုဒိမ်းကျင့်နေရင်တော့ ရှင်းပါတယ် တစ်တိုင်းပြည်လုံး စစ်မျိုးဖြစ်ကုန်မပေါ့

မြန်မာပြည်မှ ဆရာဝန်သည် မိုးရေထိုးသည် ၊ ကုလျှင်မပျောက် ၊ ပျောက်လျှင်လဲ ဆေးဘိုးဝါးခ မတန်မတစ်ဆတောင်းသည်။ အဲလိုစကားတွေကြားတော့ ကျတော်ပြန်ပြောချင်တယ် ။

ဟိုတစ်လောက ကျတော် တောင်ငူက ဆရာဝန်လေးတစ်ယောက်ရဲ့ အကြောင်း ရေးခဲ့ဖူးတယ်
ပိုက်ဆံမရှိလို့ ဆေးမထိုးနိုင်တဲ့ ရွာက အမေအိုတစ်ယောက်ကို သူ့ အိတ်ထဲရှိတဲ့ နောက်ဆုံးလက်ကျန် ပိုက်ဆံတစ်သောင်းခွဲလုံး စိုက်ပြီး ဆေးဝယ်ထိုးပေးခဲ့တဲ့ဆရာဝန်လေးတစ်ယောက်အကြောင်းပါ ။

ဒီလိုပါပဲ သူပြောင်းသွားလို့ တစ်မြို့ လုံးငိုကြတဲ့ ပင်းတယ မြို့ က မြို့ နယ်ဆရာဝန်ကြီးအကြောင်းတွေ

ချင်းတောင်တန်းပေါ်မှာ ကိုယ့်စားရိတ်နဲ့ ကိုယ်ဆေးဝယ် နှင်းတောထဲ ကားလမ်းမပေါက်လို့ ခြေကျင်လျှောက်ပြီးဆေးကုတဲ့ဆရာဝန်တွေ

နှစ်ပါတ်အတွင်းမှာ သွေးတစ်ခါလှူခဲ့ပြီးပေမယ့် လူနာအရေးအရမ်းကြီးလို့  သူ့ သွေးကိုထပ်မံဖောက်ထုတ်ပြီးလှူကာ လူနာကိုရောဂါကုသခဲ့တဲ့
သာယာဝတီမြို့ နယ် ရွာလေးတစ်ရွာက
ကျန်းမာရေးမှုး ဆရာအေး လို ဆရာမျိုးတွေ

နာရီပေါင်းများစွာခွဲခန်းထဲမှာ ထမင်းမစားဟင်းမစားနဲ့ 
အသက်တစ်ချောင်းကိုလုနေကြတဲ့ ပါမောက္ခဒေါက်တာကြီးတွေ

ဒါတွေကြတော့ သူတို့  နားတွေမျက်လုံးတွေ အလုပ်မလုပ်ကြတာလား ?????

မြန်မာပြည်မှ ကျောင်းဆရာမတွေ ကျောင်းဆရာတွေ ကျူရှင်သင်တယ်
စေတနာမပါဘူး မျက်နှာလိုက်တယ် ငွေမျက်နှာကြည့်သည်ဟုပြောကြသည်။ အဲလိုစကားတွေပြောတော့ ကျတော်ပြန်ပြောချင်သည်။

ကျတော် ဗထူးမှာသင်တန်းတက်တော့ ရှမ်းပြည်က
ရွာပေါင်းများစွာကိုရောက်ဘူးခဲ့တယ်။ ရွာတစ်ရွာဆို ကားလမ်းတောင်မရှိ ၊ လှည်းလမ်းမှသွားရတယ် ။
အဲရွာမှာ ကျတော်တို့ စာသင်ကျောင်းမှာအိပ်တော့ ဆရာမလေးကို ကျတော်မေးဘူးတယ် ဆရာမလေးက ဒီရွာသူလား ဆိုတော့
မဟုတ်ပါဘူး ကျမ ရန်ကုန်ကပါတဲ့။ အော် တာဝန်ကျနေတာပေါ့
မပြန်ချင်ဘူးလား ဒီလောက်ခေါင်တာ လို့ ကျတော်ဆက်မေးတယ်
အစက တော့ ငိုတောင်ငိုမိကြောင်း အခုတော့ ဒီလိုဒေသက
တပည့်လေးတွေ ပညာတတ်တွေဖြစ်ချင်တဲ့စိတ်နဲ့ ကျမပျော်နေပြီဖြစ်ကြောင်း၊ သူတို့ ကိုပညာတတ်စေချင်လွန်းလို့ ကျောင်းဆင်းရင် သူနေတဲ့ကျောင်းဘေးက အိမ်လေးမှာ ကလေးတွေကို အချိန်ပိုထပ်သင်ပေးကြောင်း ၊တစ်ချို့ ကမလာလို့ အိမ်လိုက်ခေါ်ရကြောင်း၊ လာသင်တဲ့ကလေးတွေကိုလဲ သူ့ လခထဲကပဲ ထမင်းကျွေးကြောင်း ပြောပြခဲ့ဘူးတယ် ။
လူသူအရောက်နည်းတဲ့ ရွာလေးတွေမှာ ရှားရှားပါးပါး တစ်ယောက်တည်းနဲ့ တစ်ကျောင်းလုံးကိုစေတနာအပြည့်နဲ့ 
စာသင်နေကြတဲ့ဆရာတွေဆရာမတွေ ဘယ်လောက်များရှိမလဲ ။ကျူရှင်ဘိုးမပြောနဲ့ ကိုယ့်ထမင်းကိုယ်တောင် မနည်းစားနေကြတဲ့နေရာမှာ ကျောင်းတွင်သာမက အိမ်မှာပါ စေတနာနဲ့ ရွာသူရွာသားတွေကို
စာသင်ပေးတဲ့ဆရာဆရာမတွေအများကြီးပါ။
သူတို့ အတွက် ကျူရှင်တစ်ဝိုင်း ၅၀၀၀၀ ကျပ်ဆိုတာ
ရယ်စရာ ဟာသတစ်ပုဒ်ပါပဲ ။
တပည့်တစ်ယောက် ပညာတတ်ဖြစ်ပြီး သွားကန်တော့ရင်
ဝမ်းသာလွန်းလို့ ငိုနေတတ်တဲ့
ဆရာမအိုကြီးတွေရဲ့ မျက်နှာကိုကျတော်ပြန်မြင်မိတယ်။
ဒီလိုဆရာ ဆရာမတွေအတွက် သူတို့  နှုတ်တွေဆွံ့ အနေသလား။

မြန်မာပြည်ကမီးသတ်တွေ မီးငြိမ်းမှလာတယ် ပိုက်ဆံမပေးရင်မီးမသတ်ဘူး
သူတို့ ငြှိမ်းမှ ပိုလောင်တယ် ဘာညာပြောကြတယ်။

ရတနာပုံဈေးမီးလောင်တော့ အသက်စွန့်ပြီးငြှိမ်းခဲ့တဲ့ မီးသတ်ဝန်ထမ်း၆ ယောက်၊

ကျောက်တံတားက တိုက်ခန်းမယ် ပိတ်မိနေတဲ့ခလေးကို ၀င်ကယ်ပြီး အသက်စွန့် ခဲ့တဲ့မီးသတ်ရဲဘော်လို လူမျိုးတွေ ၊
သူတို့ တွေအတွက်စကားလုံးတွေ သူတို့ ရှာမရခဲ့သလား

မြန်မာပြည်က ယာဉ်ထိန်းရဲတွေ ပိုက်ဆံတောင်းသည် ငွေညှစ်သည်
လမ်းမရှင်း လိုင်စင်သိမ်းသည် အစုံဝိုင်းပြောကြသည်။ အဲလိုစကားတွေပြောတော့ကျတော်ပြန်ပြောချင်သည်။

မိုးထဲရေထဲမှာ တစ်နေကုန် လမ်းရှင်းနေတဲ့ မြေနီကုန်းမီးပွိုင့်က
ယာဉ်ထိန်းတပ်ကြပ်လို လူမျိုးတွေ ၊
မန္တလေးမှာ မီးပွိုင့်ထိပ်ကားပျက်နေလို့ 
တွန်းပေးဘို့ လာခဲ့တာကို ဖမ်းမည်မှတ်ပြီး ၀ိုင်းရိုက်လိုက်လို့ 
ဆေးရုံရောက်ခဲ့ရတဲ့ ယာဉ်ထိန်းရဲ အကြောင်းတွေ ၊ ဟံသာဝတီ မီးပွိုင့်မှာ ကားတွေအားလုံးသတိပြုမိတဲ့အထိ သူ့ တာဝန်သူ
ရိုးသားစွာထမ်းဆောင်နေသော ယာဉ်ထိန်းရဲတွေ

သူတို့ အတွက် စကားသံတွေ နားတိုင်းမှာ ပျောက်ဆုံးနေခဲ့တယ်။

မြန်မာပြည်ကစစ်သားတွေက အာဏာရှင်ဆန်တယ် ရိုင်းတယ် မိုက်တယ်
စစ်ခွေးတွေဟု ပြောကြသည်

အထွေအထူးမပြောလိုဘူးဗျာ ခြေလျင်တပ်က ဘားတိုက်ထဲ ခြောက်ရက်လောက်ပဲနေကြည့်ပါ
အာဏာရှင်နဲ့ စစ်သားခင်ဗျား ခွဲခြားပြီး သိပါလိမ့်မယ်

နေရာတိုင်းတော့ အဆိုးချည်းမရှိ၊အကောင်းချည်းမရှိပါဘူး၊
အားလုံးကဒွန်တွဲနေတာပါ။ ဆရာဝန်လောကမှာ
မကောင်းတဲ့ဆရာဝန်တွေရှိသလို သမားစစ်စစ် ဆရာဝန်တွေရိုက်သတ်လို့ မကုန်ဘူး။
နေရာတိုင်းမှာပေးဆပ်နေကြတဲ့ဆရာဝန်တွေထုနဲ့ ဒေး။

ဆရာတွေဆရာမတွေအားလုံးကောင်းတယ်မပြောလိုဘူး အာစရိယ စစ်စစ် တွေမြန်မာပြည်မှာ လက်ညှိုးထိုးမလွဲပါဘူးဗျာ။

စစ်သားတွေအားလုံးဆိုးရင်တော့ ရှင်းပါတယ်၊ အားလုံးသေကုန်မပေါ့။ စစ်သားတွေအားလုံးမုဒိမ်းကျင့်နေရင်တော့ ရှင်းပါတယ် တစ်တိုင်းပြည်လုံး စစ်မျိုးဖြစ်ကုန်မပေါ့။
သူ့ နေရာနဲ့ သူမှာ ဆိုးသူကောင်းသူဆိုတာရှိနေတာပါပဲ ။

ပြောချင်တာကတော့ အစိုးရတစ်ခုကိုမကျေနပ်တာနဲ့  အစိုးရ၀န်ထမ်းမှန်သမျှ
သမ္မတ ကနေ ဒလ၀မ် အဆုံး အမျိုးယုတ်ချည်းတော့မထင်ကြပါနဲ့ ဗျာ။

လာဘ်စားတဲ့တရားသူကြီးရှိမယ်၊ပိုက်ဆံတောင်းတဲ့ရဲလဲရှိမယ်၊ ပိုက်ဆံရမှမီးသတ်မယ်ဆိုတဲ့မီးသတ်လဲရှိမယ်၊စေတနာမပါပဲ မျက်နှာလိုက်တဲ့ဆရာဆရာမလဲရှိမယ်၊လူသတ် မုဒိမ်းကျင့်တဲ့စစ်သားလဲရှိမယ်၊
ကုရင်မပျောက်ပဲ အဖိုးခပိုတောင်းတဲ့ ဆရာဝန်လဲရှိမယ်၊
ဒါတွေက နေရာတိုင်းက ကြွတ်ချေးတွေ။

ဒီလူတွေကိုကြည့်ပြီး အစိုးရ၀န်ထမ်းဆိုတာနဲ့ လူယုတ်မာတွေလို ရေးသားဖော်ပြနေတာတွေ့ တော့ တကယ်ခံစားပြီး တကယ်စေတနာထားပြီး တကယ် ပေးဆပ်ပြီး လုပ်နေတဲ့ နိုင်ငံတစ်ဝှမ်းက ၀န်ထမ်းတွေကတော့
စိတ်မကောင်းဖြစ်သလို စိတ်လဲနာကြမှာပဲ ။

ခင်ဗျားတို့ ပြောတဲ့ပြည်သူ့ ဆန် ဘယ်သူမှ အလကားစားနေတာမရှိပါဘူးဗျာ
သူကျရာတာဝန်မှာ တန်အောင်တော့ပြန်ပေးနေကြပါတယ်။
ဆိုးတဲ့လူတွေအတွက် ပလူပျံအောင်ရေးနေတဲ့အချိန်
ကောင်းတဲ့လူတွေအတွက်ကျတော့ သူတို့ တုံ့ ပြန်မှုတွေက အေးစက်လွန်းတယ်။

ပြည်သူ့ ဆန်စားတာပဲ လုပ်ပေါ့၊ အားလုံးအကောင်းချည်း ဖြစ်ရမှာပေါ့ဆိုရင်တော့ တစ်ခုပဲ တောင်းဆိုပါမယ် ကျတော် သွားခိုင်းတဲ့ မြို့ ကိုသွားပြီး နိုင်ငံဝန်ထမ်း သုံးလလောက်လုပ်ကြည့်လိုက်ပါ ။

ထူးဝေ

From: Htoo Wai

www.mmdailystar.com

#OoredooMyanmar ဘာလဲ ? ဘယ်လဲ ? " Brand name ထိရင် မချိအောင်နာကြသူ အပေါင်းဖတ်ဖို့စာ . . . "


#Ooredoo အကြောင်းကို စိတ်ထဲ မကြေနပ်လွန်းလို့ Post တွေတင်ပြီးနောက်မှာ
ဘော်ဒါတွေကပါ အထင်လွဲလာကြလို့ ဒီစာကိုရေးပါတယ်။
#Ooredoo နဲ့ပါက်သက်ပြီး ဘယ်လိုပဲ ရေးရေး အကြံပေးပေး
ကုလားကုပ္မဏီမို့ ရေးတာပါဆိုပြီး အမြင်စောင်းနေမယ်ဆိုရင်တော့ ဒီစာကို မဖတ်ဖို့ အကြံပေးပါရစေ . . . ကျနော်ရေးသမျှ Ooredoo နဲ့ ပါက်သက်တဲ့ Post. တွေထဲမှာ လူမျိုးရေး ဘာသာရေးမပါပဲ Service နဲ့ ပါက်သက်ပြီး မကြေနပ်ကြောင်းကိုပဲ အဓိက ရေးပါတယ်။

ကျုပ်မကြေနပ်တဲ့ အချက်တွေကို ချရေးလိုက်တယ် . . .
အဲဒါတွေက မတရားစွပ်စွဲ အပုတ်ချနေတာပါလို့ ယူဆ ယုံကြည် ရင်ရှင်းပြပေးပါ။

1 - #Ooredoo ဟာ နိုင်ငံပေါင်းစုံမှာ Telecom service တွေပေးနေပြီး မြန်မာနိုင်ငံမှာ လိုမျိုး လိုင်းမမိသေးပဲ တရာဝင် Sim Card ထုတ်ရောင်းတာရှိသလား ?
မရှိခဲ့ဘူးဆိုရင် ဘာလို့ မြန်မာပြည်မှာ လုပ်တာလဲ ?

2- Beta testing ကာလမှာ Customer တွေကို #OoredooMyanmar ရဲ့ Mobile network အရည်အသွေး စမ်းသပ်စစ်ဆေးရန်အတွက် စမ်းသပ်သုံးစွဲပေးကြပါလို့ တရားဝင် သတင်းမထုတ်ပြန်ပဲ Promotion သက်သက်ပေးထားသလိုမျိုးနဲ့ ဖြန်ဝေခဲ့တာ ဘာကြောင့်ပါလဲ ? အခြားနိုင်ငံတွေမှာရော အဲ့ သလိုလုပ်ခဲ့ကြပါသလား ?

3- Beta Testing ကာလမှာ လိုင်းမမိ သလို Official Sale ကာလမှာလည်း လိုင်းမမိတာကို ဘာကြောင့် တရားဝင် သတင်းပြန်ကြားတောင်းပန်မှု မလုပ်ပါသလဲ ?
ကျုပ်အိမ်မှာ Aug 2 ကနေ ယနေ့အထိ လိုင်းမမိသေးပါ။
ကျုပ်လို လူတွေလည်း ဒုနဲ့ ဒေးပါပဲ . . .
အဲ့ဒီအတွက် အများလက်ခံနိုင်မယ် ဖြေရှင်းချက် ဘာကြောင့် မလုပ်သေးတာလဲ

ဥပမာ - ရန်ကုန်မြို့ရဲ့ ဘယ်မြို့နယ်တွေမှာ လိုင်းမိနေပါပြီ မကြာခင်မှာ ဘယ်မြို့နယ်တွေ လိုင်းမိပါတော့မယ် စသည်ဖြင့် sms လေးတစ်စောင်တောင် မပို့နိုင်ကြဘူးလား ?
ကိုယ့်ဘက်က အကြီး ကြီးမှားပေမယ့် မတောင်းပန်တာမျိုးကို အခြားနိုင်ငံတိုင်းမှာရော လုပ်ခဲ့ကြဘူးပါသလား ?

4- အသံကွာလတီမှာ #Ooredoo sim card အချင်းချင်း ဖုန်း ၂ လုံး ဘေးချင်းကပ် ခေါ်တာတောင် ကလုံ ကလုံ သံစုံမြည်နေတာကို အရည်အသွေးကောင်း Service လို့ထင်ပါသလား ?

5- အခြေခံလူတန်းစားတွေအတွက် 2G မလုပ်တော့ပဲ 3G ကိုသာ Service ပေးပေမယ့် 3G service တစ်ခုဖြစ်တဲ့ Video Call မရသေးတဲ့အပြင် 2G တွေမှာပါရတဲ့ MMS service တောင် မရသေးတာ ဘာကြောင့်ပါလဲ ?

6- Internet Data Package တွေမှာ ရရှိတဲ့မြန်နှုန်း နဲ့ တည်ငြိမ်မှု ကို အခြား SEA နိုင်ငံတွေနဲ့ပဲ ယှဉ်ဦးတော့ ဈေးနှုန်းပိုင်း ကြီးမြင့်နေတာအတွက် ပြန်ပြင်သင့်တယ်လို့ မထင်ကြဘူးလား ?
ဈေးနှုန်းတွေဟာ မြန်မာနိုင်ငံလိုမျိုးအတွက်တော့ ဈေးကြီးနေသေးတယ်လို့ ထင်ပါတယ်။
ဒီနေရာမှာ ဈေးနှုန်းတွက်ဖို့ per MB or GB တွေချည်း မသုံးသပ်ပဲ မြန်နှုန်းနဲ့ တည်ငြိမ်မှုကိုပါ ထည့်သွင်းသုံးသပ်ကြပါစေလို့ မျှော်လင့်ပါတယ်။
ကျနော့် ရုံးခန်းနဲ့ Meter 50 လောက်အကွာမှာ #Ooredoo Tower တိုင်ရှိပေမယ့် နေ့စဉ် ၂ နာရီ နဲ့ ၄ နာရီ ကြားမှာ အင်တာနက်မကြာခဏ ပြတ်တောက်ပါတယ်။
သြော် . . . Internet speed လား ?
မမြင်ဘူး မူးမြစ်ထင်နေကြသူတွေ အတွက် ကောင်းလှ ပြီထင်နေကြပေမယ့် ကျနော့်အတွက်တော့ ဒီလောက်ပဲလားဟ လို့မြင်ပါတယ်။
တစ်ထပ်အိမ်အများစုရှိတဲ့ နေရာမျိုးက တာဝါတိုင်နဲ့ Meter 50 အကွာမှာသုံးတာ Max 300kb/S ဆိုတာက ပေးရတဲ့ဈေးနှုန်းနဲ့ဆိုရင် တန်တယ်လို့ ဘယ်လို ဘယ်ပုံနဲ့ ယူဆကြပါသလဲ ?

7- အောက်ခြေဝန်ထမ်းတွေက ခိုင်းတာလုပ်ရတာ Management က လူတွေ ကို သွားပြောကြဆိုရင်လည်း ဘော်ဒါတစ်ယောက်ရေးသလို အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ မဟုတ်တော့ပြန်တဲ့ အတွက် Management က လူတွေကို အဓိကထားပြောချင်ပါတယ် . . .
ဆက်သွယ်နိုင်မှာများရှိရင် message ပို့ပေးကြပါ။

ထပ်ရေးချင်တာတွေ ရှိသေးပေမယ့် နောက်မှရေးပါမယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက အခုရက်ပိုင်းအတွင်း #OoredooMyanmar က ဝန်ထမ်းတွေ Third person အနေနဲ့ ရေးတယ်လို့ ယူဆလို့ရတဲ့ စာတွေထဲက လိုမျိုး
"၁၅၀၀ ကျပ်ထဲနဲ့ ဘယ်လောက်တောင် လိုချင်နေကြတာလဲ . အလကား လိုချင်နေကြတာလား . . . "
ဆိုတဲ့ အတွေးအခေါ် အကျင့်စရိုက်နဲ့ လုပ်ဆောင်မှုတွေ ဝန်ထမ်းတွေဆီမှာ ဖြစ်နေကြပြီလား ?

#Ooredoo ဆိုတဲ့ Brand Name ကို ထိရုံနဲ့ မချိအောင် နာနေလောက်အောင် ချစ်မြတ်နိုးနေကြမှတော့ SERVICE ဆိုတဲ့ စကားစုကို အသည်းထဲက လေးလေးနက်နက် နားလည်အောင် အရင် မကြိုးစားသင့်ကြဘူးလား ?

သြော် . . .
Customer တွေ ရဲ့ များပြားလှတဲ့ တောင်းဆိုမှုတွေကို လွန်လွန်းတယ်ဆိုရင်လည်း " Customer always right" ဆိုတာကြီးကို ကြက်ခြေခတ်ပြီး #OoredooMyanmar ရဲ့ ရုံးချုပ်နဲ့ ဌာနခွဲတွေမှာ ချိတ်ထားကြပါလို့ အကြံပေးလိုက်ပါရစေတော့လို့ . . .ု

#Ooredoo ဂုဏော အနန္ဏော သမားများအားလုံး လွန်တာရှိ ကိုယ့်ကိုယ်ကို ပြန်ကြည့် အဲလေ ဝန္နာမိ ပါဗျားးးးးးးး

အရှင်ကိုယ်တော်ကိုင်း

From: Pho La Pyae

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...