Tuesday, 26 August 2014

ပေးဆပ်နေသူတို့ရဲ့ ဘ၀များ....


( Photo - ကျွန်တော့် စီနီယာ အကိုကြီး တစ်ယောက်ရဲ့ ခြေထောက် )
 စစ်အစိုးရလက်ထက် …
၂၂ နှစ်အတွင်း …
နောက်ထပ် တက်လာတဲ့  ပြသနာတစ်ခုကတော့ …
အပြင်လောကမှာ ….
မိုးကျရွှေကိုယ် လို့  ….
ခနဲ့ တဲ့ တဲ့  ရွဲ့ တဲ့ တဲ့  ပြောခံရတဲ့  ….
အသွင်ပြောင်း စစ်သည်တွေ ရဲ့ ပြသနာပဲ ….

ဘယ်ဘက်ကမှ မလိုက်ဘဲ…
ကြားကနေ သုံးသပ်စတမ်းဆိုရင် ….
ဒီ ပြသနာဟာ …
တိုင်းပြည်ရဲ့  လက်ရှိအနေအထားနဲ့  …
အတော် ဖြေရှင်းရ ခက်တယ် ….

တစ်ဖက်က ကြည့်ရင် …
အရပ်ဖက် ၀န်ထမ်းတွေက မကျေနပ်ဘူး ….
တစ်ဖက်က ကြည့်တော့လဲ …
တိုက်ပွဲမှာ ဒဏ်ရာရ ဆေးအဆင့်နိမ့် …
ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့် …
စစ်မှုထမ်းဆောင်ဖို့  မသင့်တော်တော့တဲ့  စစ်သည်တွေကို ….
ဘာအလုပ်အကိုင်မှ မစီစဉ်ပေးပဲ …
မျက်နှာလွဲ ခဲပစ် …
တပ်ထဲက မောင်းထုတ်ပြစ်လိုက်ဖို့  ကလဲ ...
မသင့်တော်ဖြစ်နေတယ် ….

ဒီပြသနာ ဘာကြောင့်ဖြစ်ရလဲလို့  …
သေချာပြန်သုံးသပ်ကြည့်ချိန်မှာ ….
အဓိက အကြောင်းက တစ်ချက်ပဲရှိတယ် …
အဲဒါကတော့ …
တိုင်းပြည်က ၁၉၉၀ ခုနှစ်လောက်မှ ….
ဈေးကွက်စီးပွားရေး စနစ် စတာမို့ လို့ …
တိုင်းပြည်ရဲ့  ပုဂ္ဂလိက စီးပွားရေးအင်အားစုတွေ …
ကောင်းကောင်း မဖွံ့ ဖြိုးသေးတာပဲ …

အမှန်ကတော့ …
အသွင်ပြောင်းတယ်ဆိုတာ …
ဘာမှ ထူးဆန်းတဲ့  ကိစ္စတော့ မဟုတ်ဘူး …
တစ်ခြားနိုင်ငံတွေမှာလဲ …
တပ်က ထွက်လာတဲ့  စစ်သည်တွေကို …
အရပ်ဖက် လုပ်ငန်းတွေမှာ ပြန်ခန့် ကြတာပါပဲ …

လူ့ စွမ်းအားအရင်းအမြစ် ရူထောင့်က …
သေချာပြန် စဉ်းစားကြည့်ရင် …
ဒီလူတွေဟာ သူ့ အဆင့်လိုက် ..
ရုပ်ပိုင်း စိတ်ပိုင်း …
စနစ်တကျ လေ့ကျင့်ပေးထားပြီးသား လူတွေဖြစ်တယ် ….
အဲတော့ ဒီလူတွေကို …
လုပ်ငန်းခွင်မှာ ဘာမှ ပြန်ပြီး …
အသုံးမချနိုင်စရာ အကြောင်းမရှိဘူး …

ပြသနာက…
ခုနက ပြောခဲ့သလို …
ဈေးကွက်စီးပွားရေး စနစ်က ...
ကောင်းစွာ မဖွံ့ ဖြိုးသေးတဲ့ အတွက် ….
အရပ်ဖက် လုပ်ငန်း ကုမ္ပဏီတွေ …
အမြောက်အများ မရှိတဲ့ အတွက် …
အစိုးရ ဌာနတွေမှာ ....
ပြန်ခန့် နေရတဲ့  ပြသနာဖြစ်တယ် …

အဲဒီအခါမှာ …
၈၈ အရေးအခင်းရဲ့ အရှိန် နဲ့  …
စစ်တပ်အပေါ် အမြင်မကြည်လင်ကြတဲ့ အချိန် …
လူတွေကြားထဲမှာ ….
ဒီ ပြသနာဟာ …
လူအတော်များများ လက်ညိုးထိုးစရာ ဖြစ်လာရတယ် ….

ကောင်းပါပြီ …
ဒါဆို တစ်ခြားနိုင်ငံတွေမှာရော …
ဒီ စစ်မှုထမ်းဟောင်းတွေ အတွက် …
ဘယ်လို အလုပ်အကိုင်စီစဉ်ပေးလဲ ….
အမေရိကန်ကို …
ကျွန်တော်တို့  စ စဉ်းစားကြည့်ရအောင် …

အမေရိကန် အစိုးရက …
သူ့ ဆီက စစ်ထွက်တွေကို …
ကုမ္ပဏီတွေက အလုပ်ခန့် ပေးပါလို့  …
သူက မတိုက်တွန်းဘူး …
ဒါပေမယ့် ခန့် ချင်အောင် လုပ်ထားတယ် …

ဘယ်လိုလုပ်လဲ …
အခွန်လျော့ပေးတယ် …
စစ်ထွက် တစ်ယောက်ကို အလုပ်ခန့် ရင် …
အဲလို အလုပ်ပြန်ခန့် တဲ့ အတွက် …
အခွန်သက်သာခွင့် ရာခိုင်နူန်းတစ်ခု …
ကုမ္ပဏီ အပေါ် အစိုးရက ပြန်လျှော့ပေးတယ် …
အဲတော့ …
အလုပ်လျှောက်တဲ့ သူနှစ်ယောက် ….
အရည်အချင်း ခြင်းတူရင် ….
စစ်ထွက် က အလုပ်ရဖို့  ….
အခွင့်အလမ်း ပိုများတယ် ….

Walmart ကုမ္ပဏီကြီးဆိုရင် …
စစ်ပြန် ၁၀၀၀၀ အလုပ်ခန့် မယ်လို့  …
မနှစ်က ကြေငြာဖူးတယ် ထင်တယ် ….

အဲ အစိုးရ ဌာနတွေကို သွားတာကျတော့ …
လုပ်ငန်းသဘာဝ နီးစပ်တဲ့  …
ရဲတပ်ဖွဲ့  ၊ CIA ၊ FBI စတာတွေကို …
သွားကြတာများတယ် ….
သူ့ သက်ဆိုင်ရာ …
အရည်အချင်းစစ် စာမေးပွဲကိုတော့ ပြန်ဖြေရတယ် ….

အမေရိကန် ပြည်နယ်တွေက …
ပြည်နယ် ရဲတပ်ဖွဲ့ ဝင် အတော်များများဟာ …
စစ်ထွက်တွေပဲ များတယ် ….
သက်ဆိုင်ရာ ဌာနအနေနဲ့  ကြည့်ရင်လဲ …
အရပ်သား တစ်ယောက်ကို ခန့် တာထက်စာရင် …
ဒီ စစ်ထွက်ကို ခန့် တာက …
လေ့ကျင့်ပေးရ သက်သာတယ် …
အစအဆုံး ပြန်သင်ပေးစရာ မလိုတော့ဘူး ….

တစ်ခါ ဘယ်ကုမ္ပဏီတွေက …
စစ်ထွက်တွေကို အရမ်းလိုချင်လဲဆိုရင် …
ကာကွယ်ရေး နဲ့  ဆိုင်တဲ့  ပစ္စည်းထုတ်တဲ့  ….
ကုမ္ပဏီတွေက အရမ်းလိုချင်တယ် ….
ဘာလို့ လဲ …

သူက ကျတော့ အခွန်သက်သာခွင့်ကို …
မက်တာမဟုတ်ဘူး …
အဲဒီ စစ်ထွက်ရဲ့  Security Clearance ကို မက်တာ …
နောက်ကြောင်း ကင်းရှင်းမှုကို မက်တာ ….

ကာကွယ်ရေး နဲ့ ဆိုင်တဲ့ ကုမ္ပဏီတွေမှာ …
အလုပ်လုပ်တဲ့  ၀န်ထမ်းတွေရဲ့  နောက်ကြောင်းကို …
သေချာ စစ်ဆေးပြီးမှ အလုပ်ခန့် ဖို့  …
ကုမ္ပဏီက တာဝန်ရှိတယ် …
အစိုးရက ဒီကိစ္စကို ….
ဥပဒေနဲ့  အတော်တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ် …

အဲလို လူတစ်ယောက်ရဲ့ နောက်ကြောင်းကို …
စနစ်တကျ စစ်ဆေးဖို့ ဆိုတာ …
အချိန်ရော ငွေပါ အများကြီးကုန်တယ် …
စစ်ထွက်တစ်ယောက်ကို အလုပ်ခန့် မယ်ဆိုရင် …
အဲဒီ စစ်ဆေးတဲ့ ကိစ္စဟာ ….
တစ်ဝက်လောက် သက်သာသွားတယ် …
ဒါဟာ ကုမ္ပဏီ ရဲ့ အသုံးစားရိတ်ကို ……
အများကြီး လျော့ကျသွားစေတယ် …
ဒါကြောင့် အရည်အချင်းခြင်းတူရင် …
စစ်ထွက်က အလုပ်ရဖို့  ပိုသေချာတယ် …
Boeing လို ကုမ္ပဏီကြီးမျိုးမှာ ...
စစ်ထွက်ဟာ ရာခိုင်နူန်း ၇၀လောက်အထိ ရှိတယ် .....

ဒါဆိုရင် ….
အရာရှိ မကြီးတကြီးတွေ ကျတော့ …
စစ်တပ်က ထွက်ရင် ဘာလုပ်လဲ …
သူတို့ လဲ ထိုနည်းလည်းကောင်းပဲ …
ကာကွယ်ရေး နဲ့ ဆိုင်တဲ့ ကုမ္ပဏီတွေက …
ခေါ်ကြတာများတယ် ….
သူတို့ ကျတော့ ကုမ္ပဏီရဲ့ အရာရှိပိုင်း ….
စစ်တပ်နဲ့ ကုမ္ပဏီကြား ဆက်ဆံရေးကို ….
ဆောင်ရွက်တာများတယ် ….

ကာကွယ်ရေး ၀န်ကြီးဌာန က…
အမျိုးမျိုးသော ကန်ထရိုက်တွေ ရဖို့ အတွက် …
အရပ်သား ကို လွှတ်ပြီး ….
လုပ်ငန်းဆောင်ရွက်စေတာထက်စာရင် …
စစ်သားချင်း စကားပြောတာက …
ပိုပြီး အဆင်ပြေချောမွေ့ စေတယ် ….
ကန်ထရိုက်ရဖို့  ပိုပြီး ရာခိုင်နူန်းများတယ် ….

အဲ …. ဗိုလ်ချုပ်အဆင့်တွေလောက်ကတော့ …
တပ်ကထွက်လို့  …
နိုင်ငံရေးလောကထဲ ၀င်ရင်ဝင် …
မ၀င်ရင်လဲ …
သူ ၀ါသနာပါတာလေးတွေ …
ကိုယ်ပိုင် လုပ်ငန်းမျိုးလေးတွေပဲ လုပ်လေ့ရှိကြတယ် ….

ကောင်းပြီ … ဒါဆို
ကျွန်တော်တို့ မြန်မာပြည်ရဲ့ အသွင်ပြောင်းပြသနာကို …
ဘယ်လို ဖြေရှင်းရင် သင့်တော်မလဲ …

လတ်တလောကတော့ ….
ဘာမှ သိပ်လုပ်နိုင်အုန်းမယ် မထင်ဘူး ….
အဓိက ကတော့ …
ပုဂ္ဂလိက ကုမ္ပဏီကြီးတွေ …
များများ ဖွံ့ ဖြိုးလာဖို့ လိုတာပဲ ….

ဒီနေရာမှာ စိတ်ကူးတစ်ခုရတာက …
တပ်မတော် အနေနဲ့  ….
စစ်လက်နက် နည်းပညာနဲ့  မပတ်သက်တဲ့  …
စစ်ဝတ်လို ရိက္ခာလို ဟာမျိုးတွေကို …
တပ်က ကိုယ်တိုင်မထုတ်တော့ပဲ ….
ပုဂ္ဂလိကကို ကန်ထရိုက်ပေးသင့်တယ် …

ဒါဆိုရင် ကာကွယ်ရေး နဲ့  ပတ်သက်တဲ့  ….
ကုမ္ပဏီတွေ အများအပြား ပေါ်လာမယ် …
အလုပ်အကိုင် နေရာအများအပြားပေါ်လာမယ် …
တိုင်းပြည် စီးပွားရေးကိုလဲ …
တစ်ဖက်တစ်လမ်းက ….
အထောက်အကူပြုရာ ရောက်တယ် …
တပ်အနေနဲ့ လဲ …
နည်းပညာ ပိုင်းကို ပို အာရုံစိုက်နိုင်လာမယ် …
မလိုအပ်တော့တဲ့  စက်ရုံအလုပ်ရုံတစ်ချို့ ကိုလဲ ….
ပိတ်သိမ်းလိုက်နိုင်မယ် ….

စစ်မှုထမ်းဟောင်း ….
ရဲမှုထမ်းဟောင်းတစ်ဦးကို အလုပ်ခန့် ရင် …
အခွန်ဘယ်လောက် သက်သာခွင့်ရှိမယ်ဆိုတဲ့  …
ဥပဒေမျိုးလဲ ထုတ်သင့်တယ် …
ဒါဆို ပုဂ္ဂလိကမှာ ….
စစ်မှုထမ်းဟောင်း …
ရဲမှုထမ်းဟောင်းကို အလုပ်ခန့် တဲ့ ဦးရေများလာမယ် ….
အစိုးရ ဌာနတွေမှာ ခန့် အပ်နေရတဲ့  …
စစ်မှုထမ်းဟောင်း ဦးရေ ကိုလဲ …
လျှော့ချသွားနိုင်လိမ့်မယ် …

တစ်ခုတော့ရှိတယ် …
နိုင်ငံရေးအရ လဲ စဉ်းစားရအုန်းမှာပဲ ….
ဥပမာ ရဲတပ်ဖွဲ့ လိုဟာမျိုးက …
လက်နက်ကိုင်တပ်ဖွဲ့  ဖြစ်နေတော့ …
နိုင်ငံရေး မတည်ငြိမ်သေးတဲ့ အချိန်မှာ ….
ဒီ အင်အား သိန်းဂဏန်းနီးပါး ရဲတပ်ဖွဲ့ ဝင်တွေကို …
တပ်ရဲ့ ကွပ်ကဲမှုအောက်က ဖယ်ထုတ်ပြစ်ဖို့ လဲ …
တပ် အနေနဲ့  စိုးရိမ်စရာ ကောင်းလှတယ် …

၁၉၆၂ ခုနှစ်မှာ …
နိုင်ငံရေးသမားတွေက …
ပျူစောထီးတပ်တွေ …
သစ်တောကာကွယ်ရေး လက်နက်ကိုင်အဖွဲ့ တွေ …
ရဲတပ်ဖွဲ့ ဝင်တွေကို ….
ရန်ကုန်ကို ၀င်နေရာယူခိုင်းခဲ့တဲ့  ဖြစ်စဉ်တွေကိုလဲ …
တပ်က ပြန်စဉ်းစားမှာ အသေအချာပဲ ….

ဖြစ်နိုင်ရင် စစ်ပွဲတွေရပ် …
တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ကိစ္စလဲ ပြေလည် …
အမြန်ဆုံး နိုင်ငံရေး တည်ငြိမ်ချင်လှပြီ …..
ဒါဆို အတော်များများ အဆင်ပြေသွားမယ် ထင်ပါရဲ့  …. ။ ။

( ရဲမိုး )

From:Ye Moe

www.mmdailystar.com

ခေါင်းလောင်းကြီးကို နဂါးအကူအညီနဲ့ ရှာတွေ့ပြီ... ( ထုတ်ပြန်ချက် အပြည့်အစုံပါ )

ဓမ္မစေတီ ခေါင်းလောင်းရှာဖွေဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်း ၏ သတင်းထုတ်ပြန်ချက်
===========================================

ဓမ္မစေတီ ခေါင်းလောင်းရှာဖွေဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်း မှ ခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိထား သည့် အကြောင်း တရားဝင်ထုတ်ပြန်သည့် ထုတ်ပြန်ချက်မူရင်း စာရွက်ကို အများပြည်သူများ ဖတ်ရှုနိုင်စေရန် ဖော်ပြပေး လိုက်ခြင်းဖြစ်သည်။

ယင်းစာရွက်ကို ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်း ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။

From: YMG

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်သောကြောင့် ညပိုင်းအချိန် ပြည်သူများ လာရောက်ကြည့်ရှု

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်ဟု သတင်းများထွက်ပေါ်သောကြောင့် ညပိုင်းအချိန် ပြည်သူများ လာရောက်ကြည့်ရှုသည်ကို ၂ဝ၁၄ခုနှစ် ၂၅ရက် ညပိုင်း ၁၁ကျော်က ရန်ကုန်မြိုက ရှုခင်းသာ ပန်းခြံအနီး ဆိပ်ကမ်းတွင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ခေါင်းလောင်းအား ဆယ်ယူခြင်း မပြုလုပ်ခဲ့ပေ။

From:Mizzima

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီ၊ ရွှေတိဂုံစေတီပေါ် ပြန်လည် ပို့ဆောင်မည်

ဓမ္မစေတီ ခေါင်းလောင်းကြီးကိုရှာဖွေတွေ့ရှိပြီ ဖြစ်၍ ရွှေတိဂုံစေတီတော်
ကုန်းတော်ပေါ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရှိရသည်။

၁၃၇၆ ခုနှစ် တော်သလင်း လဆန်း ၂ ရက်(အင်္ဂါနေ့) တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိပြီဖြစ် ကြောင်း
ခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်း (ကော့သောင်း)မှ
တရားဝင် သတင်းထုတ်ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရွှေတိဂုံစေတီကုန်းတော်ပေါ်သို့ ပြန်လည် ပို့ဆောင်ခြင်းမှာ နိုင်ငံတော်အစိုးရက ဆက်လက် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရှာဖွေခြင်းအပိုင်းကိုသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရှာဖွေ တွေ့ရှိလျှင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရန် ပြောကြားထားပြီး
ဖြစ်ကြောင်း၊ တိုင်းတပါးနယ်ချဲ့များကြောင့် ရေအောက်သို့ နှစ်ပေါင်းများစွာ
ရောက်ရှိခဲ့ရသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူ၍ မူလတည်ရှိရာ စေတီတော် ကြီးထံသို့ ပြန်လည်ပို့ဆောင်သည့် မြင်ကွင်းကို
တွေးကြည့်ရုံနှင့်ပင် ၀မ်းမြောက်မိကြောင်း ဦးစံလင်းက ပြောသည်။

“အေးဗျာ....တစ်ကယ် ဖြစ်ပါစေဗျာ။ ဒီခေါင်းလောင်းကြီးသာ
ရွှေတိဂုံပေါ် ပြန်ပြီး တင်နိုင်ပြီ ဆိုရင် စဉ်းစားကြည့်ဗျာ။ ဘယ်လောက် ကြည်နူးဖို့ ကောင်းတဲ့ မြင်ကွင်း ဖြစ်လိမ့်မလဲဗျာ။ လောကကြီးမှာ လူတွေ
မသိနိုင် မမြင်နိုင်တဲ့ အကြောင်းတရားတွေ ရှိပါတယ် ဆိုတာ လက်တွေ့ပါပဲ” ဟု ခေါင်းလောင်းကြီး ဆယ်ယူနေသည့်နေရာသို့ ရောက်ရှိနေသော
လေ့လာသူ တစ်ဦးက ဆိုသည်။

“ဒီခေါင်းလောင်းကြီး တစ်ကယ် တွေ့ပြီ ဆိုရင်တော့ ဟိုတလောက
ထွက်လာတဲ့ တဘောင်အတုတွေ၊ မဖြစ်နိုင်ဘူး ပြောခဲ့တဲ့ ပညာရှင် အတုတွေ၊ ဗေဒင်ဆရာအတုအယောင်တွေ၊ နိုင်ငံရေးသမားတွေ
ငုတ်တုပ်မေ့ပြီပေါ့” ဟု မွန်အမျိုးသား တစ်ဦးက ပြောသည်။

From: ပြည်သူ့အာဏာ

www.mmdailystar.com

ဓမ္မစေတီ ခေါင်းလောင်းနဲ့ သတင်းအစအနများ

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး လုပ်နေတဲ့ ကိစ္စမှာ သတင်းတွေကလည်း အမျိုးမျိုး အဖုံဖုံ။ အခုနောက်ဆုံး အွန် လိုင်းမှာ လူပြောများနေတဲ့ကိစ္စကတော့ တူမောရိုးဂျာနယ်က ရေးထားတဲ့ ကျပ်သိန်း ၅ဝဝ အလှူရှင် အမျိုးသမီးကို နဂါး ဝင်ပူးပြီး သတင်းမထုတ်ပြန်ဖို့ ပြောတဲ့ကိစ္စပါဘဲ။

 
 
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုကို သွားကြည့်ချင်သူတွေအတွက် သမ္ဗာန်သမားတွေက အဆင်သင့်
 
 နဂါးက တလောက ဝင်ပူးတုန်းက အမြီးကို သောင်တူးစက်ဖိမိထားလို့ ဆိုတယ်။ အခုတခါ နဂါး ဝင်ပူးပြီး ပြောတာက သတင်း မထုတ်ပြန်ဖို့တဲ့။ 
ဒီတော့ နဂါးကလည်း ဆင်ဆာအဖွဲ့ဝင်တဦး ဝင်စားတာလား လို့ ဝေဖန်တဲ့သူလည်း တွေ့ရတယ်။ မလုပ်ပါနဲ့ ပြောရင် လူတွေက လုပ်ချင်ကြတာ ဓမ္မတာဘဲ။ ဒါဟာ ပိုပြီးစိတ်ဝင်စားစေဖို့ ဖမ်းစားလိုက်တဲ့ စကားစုလည်း ဟုတ်မယ်။ 
တဆက်တည်း ခေါင်းလောင်းကို တွေ့ပြီဖြစ်ပြီး ကြိုးတွေနဲ့ ဆိုင်းထားကာ သြဂုတ်လ ၂၅ ရက်နေ့ည ၁၂ နာရီ အခါရောက် မှ ခေါင်းလောင်း ဆယ်ယူမှု လုပ်ငန်းစမှာတဲ့။ 
ဒီကိစ္စတွေက အွန်လိုင်းလောကသားတွေအတွက် နေ့စဉ်နဲ့အမျှ ယုံတမ်းစကားလိုလို၊ ပြောဆိုဝေဖန်မှုတွေ ကို ဖြစ်စေ တဲ့ သတင်းတွေပါဘဲ။ 
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ကာမှ အွန်လိုင်းပေါ်လည်း ဓမ္မစေတီ၊ လူတွေပါးစပ်ဖျားမှာ လည်း ဓမ္မစေတီ ဖြစ်နေကြတယ်။ ထောက်ခံသူက ထောက်ခံ၊ ကန့်ကွက်သူက ကန့်ကွက် လောကဓမ္မ ပီသပါပေတယ်။ 
 ခေါင်းလောင်းဆယ်ယူရေး အလှူငွေတွေလည်း လက်မနှေးသူတွေရှိ၊ ကမ်းနားတလျှောက် ဈေးသည်တွေ လည်း အလုပ် ဖြစ်၊ သမ္ဗာန်သမားတွေလည်း နေ့တွက်ကိုက်ရုံသာမက ဝမ်းဝ ခါးလှ ရှိကြတယ်။ ဝမ်းသာစရာပါဘဲ။ 
အသိတယောက်နဲ့ ဒီအကြောင်း စကားစမြည်ပြောတော့ ဓမ္မစေတီဆိုတာကို သူက အဓိပ္ပာယ်ဖွင့်ပြတယ်။ စိတ်ဝင်စားစရာပါ။ 
ဓမ္မ ဆိုတာ စစ်မှန်ခြင်းတရားလို့ အဓိပ္ပာယ်ရပြီး စေတီ ဆိုတာ တည်ထားခြင်း၊ တည်ဆောက်ခြင်းလို့ အဓိပ္ပာယ်ရတယ်တဲ့။ ဒီတော့ ဓမ္မစေတီဆိုတဲ့ အစစ်အမှန်တရား တည်ဆောက်မှုကို ဆယ်ယူကြမှသာ လုပ်ရပ်အမှန်ဖြစ်ပါသတဲ့။ 



From:ဧရာဝတီ

www.mmdailystar.com

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခံရ

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာဟာ ဘုရင် ဘူမိဘော-အဒ္ဒူရာဒတ်ရဲ့ထောက်ခံ အတည်ပြုမှု တရားဝင်ခန့်အပ်လွှာကို လက်ခံရယူပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။

ဒီအခွင့်အရေးတွေ လက်ခံရရှိမှုနဲ့အတူ ထိုင်းပြည်သူတွေကို ကျနော် ကတိပေးပါတယ်။ ပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ တိုင်းပြည်အရေးကို ရှေ့ရှုပြီး ရိုးသားစွာနဲ့ တိုင်းပြည်အတွက် ပေးဆပ်သွားပါမယ်၊ ထိုင်းနိုင်ငံ ညီညွတ်ရေး၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နိုင်ဖို့အတွက် ကျနော့်ဘက်က ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်သစ် ပရာရွတ်၊ ချန်အိုချာက ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ကျန်းမာရေးသိပ်မကောင်းလှတဲ့ သက်တော် (၈၆) နှစ်အရွယ် ဘုရင် ဘူမိဘောကိုတော့ ဒီနေ့အခမ်းအနားမှာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ဦးဆောင်တဲ့ စစ်တပ်က လူထု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာသိမ်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်အနေနဲ့ ရှေ့လထဲမှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူမှာ ဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်အထိကတော့ ဗိုလ်ချုပ်ကြီးရာထူးနဲ့အတူ ဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
From:

www.mmdailystar.com

အားသွင်းထားသည့် iPhone နှင့် အိပ်ပျော်နေစဉ် အမျိုးသမီးတစ်ဦး ရင်သားအပူလောင်ခံရ

အင်္ဂလန်နိုင်ငံ အက်ဆစ်ခ်ကောင်တီ ပါးဖလိမြို့တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အိပ်ယာပေါ်တွင် အားသွင်းထားသည့် iPhone နှင့် အိပ်ပျော်သွားစဉ် ကပ်မိပြီး ဘယ်ဘက်ရင်သားတွင် အပူလောင်သွားခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဒိုနီဘက်ဇတာ၏ အဆိုပါ မီးလောင်ဒဏ်ရာသည် ငါးလက်မခန့်ရှိပြီး အနာရင်းသွား ခဲ့သောကြောင့် နောက်တစ်ကြိမ်ကလေးမွေးပါက နို့မတိုက်နိုင်မည်ကို စိုးရိမ်ပူပန်လျက် ရှိသည်။

ကုန်လှောင်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဘက်ဇတာက “အဲဒီညက ကျွန်မအကျီင်္မ၀တ်ဘဲ အိပ်ခဲ့ပါတယ်။ အိပ်ရာထဲမှာ အားသွင်းထားတဲ့ ဖုန်းက ပူလာပြီး ကပ်မိသွားရာကနေ အခုလို ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်” ဟု The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

ဆေးရုံမှ ဆရာဝန်များက သူမ၏ ဒဏ်ရာအား ပိုးသတ်ဆေးပါသည့် လိမ်းဆေးများ၊ အကိုက်အခဲ ပျောက်ဆေးများဖြင့် ကုသပေးလိုက်သည်။

“တော်တော်ကို ကြောက်စရာကောင်းပါတယ်။ တကယ်လို့ ကျွန်မသမီးလေးသာ ဖုန်းထားတဲ့ဘက်မှာ အိပ်နေမယ်ဆိုရင် သူ့မျက်နှာကို လောင်သွားမှာပါ” ဟု ဘက်ဇတာက ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Apple ကုမ္ပဏီက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးကြောင်း သိရသည်။

သြဂုတ်လအစောပိုင်းကလည်း အသက် ၁၈ အရွယ် ဂျိတ်ပါကာသည် သူ၏ iPhone 5 မှ အပူလောင် မှုကြောင့် လက်မောင်းတွင် ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီလအတွင်းကလည်း အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း မိန်းပြည်နယ်မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ တစ်ဦးသည် ကျောပိုးအိတ် အတွင်းထည့်ထားသည့် iPhone မီးလောင်ပြီး ခါးနှင့် ပေါင်တို့တွင် ဒဏ်ရာရခဲ့သည်။
Ref:Daily Mail

From: Mizzima

www.mmdailystar.com

MPT က (၁၅၀၀) တန် ဆင်းကတ်များကို လမ်းဘေးဆိုင်များတွင် လစဉ် ကတ် (၁)သန်းရောင်းချမည်



မြန်မာ့ဆက်သွယ်ရေး MPT မှ ကျပ် (၁၅၀၀) တန် ဆင်းကတ်များကို လမ်းဘေးတွင် လစဉ် ကတ်တစ်သန်း ရောင်းချမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန အကြံပေး ဒေါက်တာသိန်းဝင်းက ပြောသည်။

MPT က အခုအချိန်မှာ မဲဖောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းအလိုက်၊ ပြည်နယ်တွေ တိုင်းတွေထဲက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် အုပ်ချုပ်ရေး channelကနေ မဲဖောက်ပြီးတော့ ရောင်းတယ်။ လူတိုင်းဝယ်ချင်လို့ မရဘူး။ ဒါပေမယ့် ရှေ့လမှာ အလွန်ဆုံး အောက်တိုဘာလမှာ MPT က ဆင်းကတ် တစ်လတစ်သန်း ရောင်းဖို့ရှိတယ်။ အုပ်ချုပ်ရေး channel က ရောင်းမှာ မဟုတ်ဘူး။ လမ်းဘေးဆိုင်က နေရောင်းမှာ ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ အစီအစဉ်ရှိ သော်လည်း ချက်ချင်း မရောင်းချနိုင်ခြင်းမှာ MPT သည် အစိုးရပိုင်ဖြစ်နေ သောကြောင့် အစိုးရထံမှ ခွင့်ပြုချက်ယူနေရ သဖြင့် လုပ်ထုံးလုပ်နည်းအရ ကြာမြင့်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း၌ MPT အပြင် ပြည်ပ ဆက် သွယ်ရေး ကုမ္ပဏီများ ဖြစ်သော ကာတာ အခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ကို ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းလိုင်စင်များ ချထားပေးပြီး ဖြစ်ကာ Ooredoo ကုမ္ပဏီသည် ဇူလိုင်လကုန်မှ စတင်ကာ ဆင်းကတ်များ ရောင်းချပေးနေပြီ ဖြစ်သည်။ Telenor ကုမ္ပဏီသည်လည်း စက်တင်ဘာလတွင် စတင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ကုမ္ပဏီက ဆင်းကတ်များ ကို (၁၅၀၀) ကျပ်ဖြင့် ရောင်းချခဲ့ သော်လည်း မူလ ဈေးထက် တိုးမြှင့် ရောင်းချမှုများ ရှိနေခြင်း၊ အင်တာနက် သုံးစွဲခများ သတ်မှတ်ရာတွင် အင်တာနက် သုံးစွဲခများ နေခြင်းနှင့်၊ ဆင်းကတ်ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်ခြင်း မရှိသည့် အခြေ အနေ များနှင့် ကြုံတွေ့နေရသည်။ 
 
From: The Messenger

www.mmdailystar.com

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဝန်ကြီးချုပ် ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ဘုရင်မင်းမြတ် အသိအမှတ်ပြု


အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ်က ဝန်ကြီးချုပ် ရာထူးတွင် အတည်ပြု အပ်နှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်တပ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည့် အမျိုးသား ညီလာခံက ပရာယွတ်သ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေး ရွေးချယ်ပြီးနောက် လေးရက်အကြာ ဩဂုတ် (၂၅)ရက်တွင် ထိုင်းဘုရင်မင်းမြတ်က ၎င်းကို ထောက်ခံ အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်သ်သည် ဝန်ကြီးချုပ် ရာထူးအတွက် ပြိုင်ဘက်မရှိဘဲ အမျိုးသား ညီလာခံတွင် အရွေးခံခဲ့ရာ ကိုယ်စားလှယ် (၁၉၇)ဦးအနက် (၁၉၁)ဦးက ၎င်းကို မဲပေးခဲ့ကြသည်။ ဘုရင်မင်းမြတ် ဘူမိဘိုလ် အက်ဒူလ်ယာဒက်ဂ်ျထံမှ ကောင်းချီးပေး အသိအမှတ် ပြုမှုကို ရရှိလိုက်ပြီးနောက် ပရာယွတ်သ် အနေဖြင့် ဝန်ကြီးချုပ် တာဝန်ကို စတင်ထမ်းဆောင်ခွင့် ရရှိသွားပြီဖြစ်ပြီး ကြားဖြတ် အစိုးရ အဖွဲ့ကို လာမည့် သီတင်းပတ်များအတွင်း ဖွဲ့စည်းဖွယ် ရှိနေသည်။ အဆိုပါ အခြေအနေများကြောင့် ထိုင်းနိုင်ငံရေး အာဏာသည် စစ်တပ်အစိုးရ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ကြောင်း ပေါ်လွင်စေခဲ့သည်။

ပရာယွတ်သ်ကို တော်ဝင်မိသားစုက အခမ်းအနားဖြင့် အသိအမှတ်ပြုမှုကို ဩဂုတ်(၂၅)ရက်တွင် ဘန်ကောက်ရှိ စစ်ဌာနချုပ်၌ ခံယူခွင့် ရဖွယ် ရှိနေသည်။ ၎င်းသည် မေ(၂၂)ရက်၊ စစ်တပ်အာဏာသိမ်းမှုကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပရာယွတ်သ် အနေဖြင့် စစ်တပ် အကြီးအကဲ ရာထူးမှ စက်တင်ဘာလတွင် အနားယူပြီး အရပ်သား အစိုးရ အဖွဲ့သည်ကို ဦးဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။

_Ref: Channelnewsasia
From: 7Day

www.mmdailystar.com

မလေးရှားလေယာဉ် အမှုထမ်းအကြီးအကဲက သြစတြေးလျအမျိုးသမီးခရီးသည်ကို မဖွယ်မရာပြုလုပ်ကြောင်း တိုင်ကြားခံရ

မလေးရှားလေကြောင်းလိုင်း၏ MH 20 လေယာဉ်ခရီးစဉ်မှ လေယာဉ်အမှုထမ်းအကြီးအကဲက သြစတြေး လျအမျိုးသမီးခရီးသည်တစ်ဦးကို လေယာဉ်ပေါ်တွင် မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း တိုင်ကြား ခံခဲ့ရသည်။


အသက် ၂၆ နှစ်အရွယ် လော်ရာဘူရှ်နီသည် သြဂုတ် ၄ ရက်က မလေးရှားနိုင်ငံ ကွာလမ်လမ်ပူ မှ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ၎င်း၏ ချစ်သူထံ အသွား လေယာဉ်ပျံသန်းပြီး ၃ နာရီအကြာတွင် အသက် ၅၄ နှစ် အရွယ် အမျိုးသားလေယာဉ်အမှုထမ်းအကြီးအကဲ မိုဟာမက် ရိုစလီဘင်ကာရင်က ဈေးသက် သာသောအတန်းရှိ သူမထိုင်ခုံနံ ဘေး နေရာအလွတ်တွင် လာရောက်ထိုင်က မဖွယ်မရာပြုကျင့်ခဲ့ ကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရိုစလီက လေယာဉ်စီးရသည်ကို ထိတ်လန့်နေသည့် သူမ၏ပေါင်အား လာကိုင်ပြီးနောက် ၎င်း၏ လက်များကို သူမ၏ စကတ်အောက်သို့ ထည့်ခဲ့ပြီး သူမအကြောက်ပြေစေရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ထို့နောက် အောက်ခံဘောင်းဘီအတွင်းသို့ လက်များ ရောက်လာပြီး မဖွယ်မရာ ဆက် လုပ် ခဲ့ကြောင်း ဘူရှ်နီက ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြုလုပ်သည်ဟု စွပ်စွဲထားသော အသံဖိုင်နှင့် ဗီဒီယိုဖိုင်တို့ကို ဘူရှ်နီက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်နေစဉ် ဘူရှ်နီက ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း ရိုစလီက ရဲများထံ ထွက်ဆိုခဲ့သည်။

ရိုစလီက ယင်းကဲ့သို့ နှစ်ကြိမ်လာလုပ်ခဲ့သော်လည်း သူမအနေဖြင့် အလွန်ထိတ်လန့်နေသောကြောင့် မအော်နိုင်ခဲ့ကြောင်း ဘူရှ်နီက တိုင်ကြားခဲ့သည်။

“သူက ကျွန်မလက်ကို ဆွဲပြီး ကျွန်မကို လှဲပြီး နားနေဖို့ ပြောပါတယ်။ တစ်ခုခုသောက်ဖို့လည်း ကျွန်မကို ပြောပါတယ်။ ခဏနေတော့ နောက်တစ်ခေါက် ပြန်ရောက်လာပြီး ကျွန်မခြေထောက်ကို သူ့ပေါင်ကြားထဲ ထည့်လိုက်တော့ ကျွန်မလန့်သွားပြီး ဘာပြောရမှန်းမသိတဲ့ အချိန်မှာ ကျွန်မ ခြောက်ထောက်တွေကို လာပွတ်တော့တာပါပဲ” ဟု ဘူရှ်နီက ပြောကြားသည်။

ရိုစလီ ထသွားသည့်အချိန်တွင် ဘူရှ်နီက ရှေ့ခုံတွင် ထိုင်နေသည့် ကနေဒါခရီးသည် မိန်းကလေးကို အကူအညီတောင်းခံခဲ့သည်။အဆိုပါ မိန်းကလေးက ယခုဖြစ်စဉ်ကို ရဲသို့ တိုင်ကြားရန် တိုက်တွန်းခဲ့သည်။

Sunday Night သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုကဲ့သို့ လုပ်ခြင်းသည် မုဒိမ်းမှုတစ်ခုလို့ သတ်မှတ်ပါသလားဟု မေးမြန်းမှုအပေါ် ယင်းကဲ့သို့ သတ်မှတ်ကြောင်း ဖြေဆိုခဲ့သော် လည်း ရိုစလီအား ဟန့်တားရန် ကြိုးပမ်းခဲ့ပါသလားဟု မေးမြန်းရာတွင် မဟန့်တားခဲ့ကြောင်း ဖြေဆိုခဲ့သည်။

“အဲဒီလို လုပ်ပြီး မကြာပါဘူး သူထသွားပါတယ်။ သူဘာလုပ်လိုက်တယ်ဆိုတာ သူကိုယ်တိုင်သိသွား သလိုပါပဲ။ အဖြစ်အပျက်က အရမ်းမြန်တော့ ကျွန်မလည်း ကြောက်လန့်ပြီး မအော်နိုင်ခဲ့ပါဘူး” ဘူရှ်နီက ပြောကြားသည်။

ယင်းကဲ့သို့ ပြုလုပ်ခဲ့ရမှုအပေါ် ဘူရှ်နီက လေယာဉ်အမှုထမ်းများထံ စာဖြင့် ရေးသားတိုင်ကြားခဲ့ရာ သူမအား အထူးတန်း သို့ ရွှေ့ပေးခဲ့ပြီး လေယာဉ်မှူးကလာရောက် စကားပြောခဲ့သော်လည်း လေယာဉ် အမှုထမ်းများက ရိုစလီကို ဟန့်တားခြင်းမရှိခဲ့ကြောင်း ဘူရှ်နီက ပြောကြားသည်။


ရိုစလီက မိမိအားခွင့်လွှတ်ရန်နှင့် နောက်နောင်ကို ယခုကဲ့သို့ မဖြစ်စေရန် တောင်းပန်နေပုံလည်း ဘူရှ်နီ ရိုက်ယူခဲ့သည့် ဖုန်းကင်မရာ မှတ်တမ်းတွင် ပါရှိခဲ့သည်။

ပါရီမြို့လေဆိပ်သို့ ရောက်ရှိသည့်အချိန်တွင် ရိုစလီအား မေးမြန်းရန် ရဲများက လာရောက်ခေါ်သွားပြီး ဘူရှ်နီ၏ ခန္ဓာကိုယ်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဘူရှ်နီအနေဖြင့် လိမ်လည်တိုင်ကြားမှုဖြစ်ပါက သူမအနေဖြင့် ပြဿနာကြီးမားနိုင်ကြောင်း လေကြောင်းလိုင်းအရာရှိတစ်ဦးက သတိပေးခဲ့သော်လည်း ဘူရှ်နီက ပြင်သစ်ရဲများထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရိုစလီက သူမအား မုဒိမ်းမှု ကျူးလွန်ခြင်းဖြစ်ကြောင်း ဘူရှ်နီက စွပ်စွဲခဲ့သော်လည်း ရိုစလီက ယင်းသို့ ပြုလုပ်ရန် မရည် ရွယ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုင်ကြားမှုပေါ်ပေါက်ခဲ့ကြောင်းကိုလည်း မလေးရှားလေကြောင်း လိုင်းက အတည်ပြုချက် ထုတ်ပြန်ခဲ့သော်လည်း ဘူရှ်နီ အား တောင်းပန်မှု၊ဆွေးနွေး နှစ်သိမ့်မှုနှင့် လျော်ကြေးပေးခြင်းတို့ ပြုလုပ်ရန် ကမ်းလှမ်းခြင်းမရှိခဲ့ကြောင်း သိရသည်။

ရိုစလီအနေဖြင့် ပြင်သစ်တွင် ၆ လမှ ၇ လအထိ အမှုရင်ဆိုင်ရဖွယ်ရှိပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ်ရှိသည်။

မလေးရှားလေကြောင်းလိုင်းအနေဖြင့် ယခုနှစ်အတွင် ပြဿနာများ မကြာခဏကြုံတွေ့ခဲ့ရာတွင် ခရီးသည်များ တင်ဆောင်လာသည့် MH370 ခရီး စဉ်လေယာဉ် ပျောက်ဆုံးနေမှု၊ ယူကရိန်းနယ်စပ်တွင် MH17 ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုတို့လည်း ဖြစ်ပွားခဲ့သည်။
Ref:Daily Mail
 
From: မဇ​ၥ ်ိမ

www.mmdailystar.com

မိန်းကလေးများ ဆေးခတ်ပြီး လိင်အစော်ကားမခံရအောင် ဘယ်လိုကာကွယ်မလဲ

အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။

(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက
• ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။
• ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။
• Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။
• တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပါနဲ့။ ရေလောင်းဆေးခြင်း၊ ရေချိုးခြင်း၊ သို့မဟုတ် အဝတ်အစားလဲခြင်း၊ မပြုလုပ်ပါနဲ့။ ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုတဲ့ သက်သေများ ဖြစ်ပါသည်။
• အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊၊အပြစ်ရှိသလို ခံစားရခြင်း၊၊ ကြောက်လန့်ခြင်း၊နဲ့ တုန်လှုပ်ခြင်းတို့သည် ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်တဲ့ ပညာရှင်များ၏ အကြံဉာဏ် ရရှိရန် အရေးကြီးပါသည်။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနဲ့။ သူငယ်ချင်းများ စုပေါင်း သွားခြင်း၊ဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။
• သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနဲ့ ခပ်ဝေးဝေးတွင်သာနေပါ။
• သင် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသူထံမှ ဘယ်တိုက်ကျွေးမှုကိုမျှ လက်မခံပါနဲ့။
• သင်သောက်နေသော ခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနဲ့။
• အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနဲ့ချောကလက်ဖျော်ရည်အပူ စတာထဲမှာ ထည့်ခတ်နိုင်ပါတယ်။ ခုခံနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်တဲ့ဆေးဝါး များစွာရှိပြီး အများစုဟာ သောက်သုံးတဲ့ အရည်ထဲ အလွယ်တကူ မသိရှိနိုင်ပါ။
• ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအဝကို သင့်လက်မနဲ့ပိတ်ထားခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုလင်းကို စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့ရင် ပုလင်းအတွင်း ဘယ်သူက ဘာတွေ ထည့်လိုက်တယ်လို့ သိရှိနိုင်စွမ်း မရှိတော့ပေ။
• အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာတဲ့အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊၊ ပုံစံပြောင်းနေခြင်း၊၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း၊ သို့မဟုတ် အရသာ ထူးခြားနေခြင်း၊တို့ တွေ့ရှိရပါကဆက်လက်သောက်သုံးခြင်း၊ မပြုပါနဲ့။
• အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနဲ့အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
• တစ်ခွက်၊ နှစ်ခွက်မျှနဲ့ မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရတဲ့ မိတ်ဆွေ၊ ကလပ်ကလုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံကအကူအညီ ရယူပါ။ လုံခြုံစိတ်ချရတဲ့နေရာကို ဖြစ်နိုင်သမျှ မြန်မြန် ရောက်ရှိဘို့ အရေးကြီးပါတယ်။
• သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူလုံးဝယုံကြည်ရသူ ဟုတ် မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။
• ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါတယ်။

ဒါတွေက ဆေးဝါး အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်းအန္တရာယ်ကို လျှော့ချဘို့ နည်းလမ်းတွေ ဖြစ်ပါတယ်။ သင်အပြင်သွားတဲ့အခါတိုင်း အဲဒီအချက်အလက်တွေကို မှတ်မိနိုင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ဒါကြောင့် ဘယ်အချိန်မှာမဆို အထူးဂရုပြုသင့်ပါကြောင်း။

From:  ဒေါက်တာတင့်ဆွေ

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...