Tuesday, 2 September 2014

ပြည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၂ (ဇာတ်သိမ်း)


သုံးသပ်ချက် အပိုင်း
--------------------

၂၈.၅.၂၀၁၂ ရက်နေ့  ရဲ့ ညနေခင်းတစ်ခုမှာ ….
ရခိုင်ပြည်နယ် ကျောက်နီမော် ကျေးရွာက …
အသက်၂၆ နှစ်အရွယ် ရခိုင်အမျိုးသမီးငယ် မသီတာထွေးကို …
ဘင်္ဂါလီ လူငယ်သုံးဦးက ..
အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တဲ့ ကိစ္စဟာ…
လူမျိုးစု နှစ်ခုလုံး ….
ဘိုးဘွား အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့ တဲ့ …
အမုန်းတရား နဲ့ သံသယ ဗုံးကို …
ဝုန်း ကနဲ ပေါက် သွားစေခဲ့ပါတယ်….

တရားခံ လူငယ် ၃ ဦး ကို …..
ရဲတပ်ဖွဲ့ က မြန်မြန်ဆန်ဆန်ပဲ ဖမ်းဆီးပြီး ….
ဇွန်လ ၈ ရက်နေ့ မှာ ....
စတင် ရုံးထုတ် စစ်ဆေးခဲ့ပေမယ့် ….
အချိန်အတော် နောက်ကျလို့ နေပါပြီ ….
အပြန်အလှန် ဂလဲ့ စားချေ ...
အကြမ်းဖက် တိုက်ခိုက်မှုများ ဟာ…
ရခိုင်ပြည်နယ် နေရာ အနှံ့ ဖြစ်ပွားလို့  နေခဲ့ပြီ ဖြစ်ပါတယ်….

၂၀၁၂ ဇွန်လ ရခိုင်ပြည်နယ် အရေးအခင်းဟာ….
အရေးပေါ် အခြေအနေ ကြေငြာပြီး …
စစ်တပ်များ ၀င်ရောက်လာခဲ့ မှု ကြောင့် …
လူပေါင်း ၉၈ ဦးသေဆုံး ၊ ၁၂၃ဦး ဒဏ်ရာ ရ …
အိမ်ခြေပေါင်း ၅၃၀၀ ကျော် ပျက်စီးမှု နဲ့ အတူ …
သြဂုတ်လ အတွင်းမှာ ရပ်တန့် သွားခဲ့ ပေမယ်….
အောက်တိုဘာ တတိယပတ်အတွင်းမှာ ..
ပြန်လည် ဖြစ်ပွားခဲ့ပြီး…
လူပေါင်း ၉၄ ဦး ထပ်မံ သေဆုံးကာ ...
၁၂၄ ဦး ဒဏ်ရာ ရရှိပြီး ….
အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးဆုံးရှုံး မှု နဲ့ …
အဆုံးသတ်သွားခဲ့ပါတယ်….

ဒါပေမယ့် ...
ကျွန်တော်တို့ အားလုံး သတိမမူ လိုက်မိတဲ့  …
ကိစ္စ တစ်ခု ကျန်ခဲ့ ပါတယ်….
အဲဒါကတော့ …
ဒီ အရေးအခင်းဖြစ်တဲ့  နှစ်ဟာ…..
၁၉၄၂ ခုနှစ် မဟုတ်ဘူးဆိုတာပါပဲ….

၂၀၁၂ ခုနှစ် မြန်မာပြည် ဟာ ….
လူလတ်တန်းစား တစ်ဦးအနေနဲ့ …
လက်ကိုင်ဖုန်း တစ်လုံး ပိုင်ဆိုင်ဖို့ …
သိပ်မခက် လှတော့သလို …
အဲဒီဖုန်းတွေ မှာလဲ အင်တာနက် ရရှိနေပြီ ဖြစ်တဲ့ အတွက်…
သတင်းအချက်အလက်တွေ ဓာတ်ပုံတွေ …
ဗီဒီယိုဖိုင်တွေဟာ…
လျှင်လျှင်မြန်မြန် ပဲ ပြန့် နှံ့ စီးဆင်းပါတယ်…..
မီဒီယာ လွတ်လပ်ခွင့် အတော်အတန် ရရှိနေပြီ ဖြစ်လို့  ….
အပတ်စဉ်ထုတ် ဂျာနယ်တွေဟာလဲ …
ကျေးလက် တောနယ် အနှံ့  ....
ခရီးဆက် ခြေဆန့် ပါတယ်….

အကျိုးဆက်ကတော့ ….
မြန်မာပြည် ဒေသ အသီးသီးက …
ကျန်တဲ့ တိုင်းရင်းသားတွေရဲ့ စိတ်မှာ….
မခံချင်စိတ် ... ဒေါသစိတ် …
အိမ်ရှင်ကို ဧည့်သည်က စော်ကားတယ်ဆိုတဲ့ စိတ်နဲ့ ….
တောက် တစ်ခေါက်ခေါက် ဖြစ်ကုန်တော့တာပါပဲ …
ဒါပေမယ့် ရခိုင်ဒေသဟာ …
ဝေးကွာလွန်းပြီး လမ်းပန်းဆက်သွယ်ရေးကလည်း …
သိပ် လွယ်ကူလှတယ် မဟုတ်လို့ ……
အံတင်းတင်းကြိတ် တာနဲ့ ပဲ အဆုံးသတ်လိုက်ရပါတယ်….
ဒါဟာ….
၂၀.၃.၂၀၁၃ ရက်နေ့  မိတ္ထီလာ မြို့ မှာတော့ …
ကိုယ်ထိလက်ရောက် ….
ဖောက်ခွဲဖို့ အခွင့်ကြုံလာပါပြီ…..

ရွှေဆိုင် မှာ စကားများတာက အစပြုခဲ့ တဲ့ ….
၂၀၁၃ မတ်လ မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်ကြောင့် ….
သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၆၄ ဦး …
အိမ်ခြေပေါင်း ၁၄၉၈ လုံး ….
ကား ၃၃ စီး၊ ဆိုင်ကယ် ၁၀ စီး ….
ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပြီး …
လူပေါင်း ၁၂၇ ဦးဟာ….
ပြစ်မှုပေါင်း ၉၅ မှုအတွက် တရားစွဲဆို အရေးယူ ခံခဲ့ရပါတယ်…

မတ်လ ၂၂ ရက်နေ့ မှာ …
အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေငြာလိုက်တဲ့ အတွက်….
ပတ်ဝန်းကျင် ဒေသတွေ ကနေ ….
မိတ္ထီလာကို ဦးတည်ဝင်ရောက်ဖို့ ကြိုးစားခဲ့ ကြတဲ့ …..
လူအုပ်စု အများအပြားကို တားဆီးနိုင်ခဲ့ပေမယ့်….
ပြသနာဟာ ရခိုင်ပြည်နယ် ကိစ္စကနေ ….
ပြည်တွင်းနေ နိုင်ငံသား ....
အစ္စလာမ် ဘာသာဝင်များ ဘက်ကိုပါ …..
အဖျားခတ် လာပါပြီ….
ဒါ ဘာကြောင့်ပါလဲ…..

တကယ်တော့ ဒီပြသနာတွေဟာ ..
ရခိုင်ပြည်နယ်က ပြသနာက ...
မူလအကြောင်းခံ ဖြစ်ပါတယ်…
ရခိုင်ပြည်နယ် က အစပြုလိုက်တဲ့ ပြသနာ ရဲ့ အမုန်းတရားဟာ…
တစ်ပြည်လုံး ကို ကျယ်ကျယ်ပြန့် ပြန့် ...
ကူးစက်သွားပါတယ်…

မောင်တောမြို့ နယ် သရေကုန်းဘောင်ရွာက …
ရခိုင်ကျောင်းဆရာ ဦးအောင်ချမ်းသာကို ..
သူတပည့် ဘင်္ဂါလီ လူမျိုး ၃ ဦးက ပြန်သတ်လိုက်တဲ့ ဖြစ်စဉ်….
ပြည်ပရောက် မြန်မာလူမျိုးများ တိုက်ခိုက်ခံရမှု ဖြစ်စဉ် …
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားက …
ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ် …
ဒါတွေဟာ တစ်ပြည်လုံးက ဗုဒ္ဒဘာသာဝင်တွေစိတ်မှာ ….
အတော် စိတ်ထိခိုက်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်…
ရခိုင်ပြည်နယ်မှာ ပြသနာ တစ်ခါတက်လိုက်တိုင်း …
တစ်ပြည်လုံးက ...
ကျန်တဲ့ မြန်မာလူမျိုးတွေ စိတ်မှာ မခံချင်ဖြစ်ကြပါတယ်….
အဲဒီ အခါမှာ …
အနီးနားမှာ ရှိတဲ့  ....
ဘာသာတူ နိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေကို ….
လှညှ့် ရန်လုပ်ချင်တဲ့ ပုံစံမျိုး ....
ပေါ်ပေါက်လာတာကို တွေ့ ရပါတယ်….

ဒီဖြစ်စဉ်တွေ နဲ့ ...
အစွန်းရောက် မြန်မာ လူအုပ်စုတစ်ချို့ နဲ့ ပေါင်းစပ်တဲ့ အချိန်မှာ…
မြန်မာပြည် အနှံ့ အပြားမှာ ဖြစ်ပွားခဲ့ တဲ့ ….
အဓိကရုဏ်းတွေ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ …
ပေါ်ပေါက်လာရပါတော့တယ်…

ဒါကြောင့် ....
မူလ အရင်းခံ ရခိုင်ပြည်နယ် ပြသနာကို ....
အောက်ပါအတိုင်း ဖြေရှင်းဖို့ ….
လိုတယ်လို့  ယူဆပါတယ်...

အစိုးရ အား အကြံပြုချက်
================

၁။ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ ….
တစ်ဖက်နိုင်ငံက ဘင်္ဂါလီများ ထပ်မံ မခိုးဝင်လာနိုင်ရေးပါ….
တစ်သက်လုံး လုပ်သွားရမယ့် ကိစ္စပါ….
သက်ဆိုင်ရာ ဌာနများ နဲ့ တပ် နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်…
ဖြစ်နိုင်ရင် ၀န်ကြီးဌာန တစ်ခု သီးခြားဖွဲ့ စည်းပြီး ….
သီးခြားဘတ်ဂျက်နဲ့  နယ်စပ်ဒေသ အားလုံးမှာ လုပ်ဆောင်စေချင်ပါတယ်…
နယ်စပ်ကို စည်းရိုးခတ်တာ ….
လူ အီလက်ထရောနစ် ကိရိယာတွေနဲ့ စဉ်ဆက်မပြတ်စောင့်ကြည့်တာ ….
ကင်းလှည့် တာ ၊
အမြန်ကင်းလှည့်ရေယာဉ်များ ….
ကင်းလှည့် တပ်ဖွဲ့ များ အများအပြား တိုးချဲ့ ဖွဲ စည်းတာ ….
စသဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်…

၂။ နစကလို အဖွဲ့ အစည်းမျိုး ကို အဲဒီဝန်ကြီးဌာနက တာဝန်ယူဖွဲ့ စည်းပြီး ….
နစက လုပ်ခဲ့တဲ့  ဆွဲတင်စစ် စီမံချက်လို လုပ်ငန်းမျိုးတွေ ….
ဖိဖိစည်းစည်း လုပ်ဖို့ လိုပါတယ်….
( နစက ကို ဖျက်ရတဲ့ အဓိကအကြောင်းက ….
ကာကွယ်ရေး ၀န်ကြီးဌာန ….
ပြည်သူ့ စစ်နဲ့  နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးအောက်မှာ ရှိနေပြီး ….
ဝန်ကြီးဌာန ၃ခုလောက်က ၀န်ထမ်းတွေ စုပေါင်းဖွဲ့ စည်းထားတာ ဖြစ်တဲ့ အတွက် …..
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်ပြီး ….
ဒီမိုကရေစီ အရပ်သားအစိုးရ နဲ့ အံဝင်ခွင်ကျ မဖြစ်လို့ လို့ သိရပါတယ် …)
ရခိုင်စုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့ အဆိုအရ ….
ဒေသခံ ရခိုင် ၆၈ ရာခိုင်နူန်းက ..
နစက ရှိနေဖို့ လိုလားတယ်လို့ ဆိုတဲ့ အတွက်…
နစက ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိရောက်တယ်လို့ သုံးသပ်နိုင်ပါတယ်…

၃။ ရဲတပ်ဖွဲ့ က သတင်းတပ်ဖွဲ့ တပ်ဆွယ်တစ်ခုကို ….
စနစ်တကျ ဖွဲ့ စည်းပြီး တစ်ဖက်နိုင်ငံ အဖွဲ့ အစည်းတွေနဲ့ …
ဘဂ်ါလီများ ဆက်သွယ်မှု ကိစ္စတွေကို …
မျက်ခြေမပြတ်စောင့်ကြည့် ထောက်လှမ်းသင့်ပါတယ်….
ဌာနေ ဘင်္ဂါလီများကြားမှာလဲ သတင်းပေးတွေ ….
အမြောက်အများ မွေးမြူထားသင့်ပါတယ်….
ရရှိလာတဲ့ သတင်းတွေပေါ် မူတည်ပြီး ..
လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သင့်ပါတယ်…

၎။ စုံစမ်းရေးကော်မရှင်က အကြံပြုခဲ့တဲ့  ….
မိမိနိုင်ငံကို တရားမ၀င် ခိုးဝင်ရောက်ရှိလာသူ အားလုံး နဲ့  ….
သူတို့ က မွေးဖွားလာတဲ့ အဆက်အနွယ်တွေအားလုံးဟာ…
မည်သည့် အခါမှ နိုင်ငံသား ဖြစ်ခွင့်မရှိစေရ ဆိုတဲ့ ဥပဒေမျိုးကို…
ချက်ချင်း အတည်ပြု ပြဋ္ဌာန်းပေးသင့်ပါတယ်…
ဒါဟာ တစ်ဖက်က နောက်ထပ်ခိုးဝင်လာမယ့် ဘင်္ဂါလီများ နဲ့ ပတ်သက်ပြီး ….
ထပ်ပေါ်ပေါက်လာမယ့် အနာဂတ် ပြသနာတွေကို ….
အလိုအလျောက် တားဆိးသလို ဖြစ်သွားစေမှာ ဖြစ်ပါတယ်..

၅။ နဂါးမင်း စီမံချက်လို စီမံချက်လို စီမံချက်မျိုး ထပ်လုပ်သင့်ပါတယ်…
ဒါပေမယ့် ၁၉၇၈ ခုနှစ်တုန်းကလို ….
ဘင်္ဂလားဒေ့ရှ်က …..ကမ္ဘာက ….
အပြင်းအထန်ဖိအားပေးတာမျိုး မဖြစ်ရအောင် …
သတင်းမှားတွေ ထုတ်လွှင့်ဝါဒဖြန့် တာမျိုး မဖြစ်အောင် …
ကုလသမဂ္ဂအရာရှိ တွေ ၊ မီဒီယာ သမားတွေကိုပါ …
တစ်ပါတည်း ခေါ်ဆောင်သွားပြီး ….
နေ့ စဉ် အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးကာ….
ခိုးဝင်များ အားလုံးကို စစ်ဆေး အရေးယူသင့်ပါတယ်….

၆။ စစ်ဆေး ပေါ်ပေါက်လာတဲ့  ခိုးဝင်များ အားလုံးကို …
ဒုက္ခသည်စခန်းများ မှာ သီးခြား ထားရှိ နေထိုင်စေရပါမယ်…
ဥပဒေစည်းမျဉ်း ၊ နိုင်ငံတကာ စံနူန်းများနဲ့ အညီ …
စနစ်တကျ အုပ်ချုပ်ပြီး နေထိုင် သွားစေ သင့်ပါတယ်…
နိုင်ငံသား ဖြစ်ခွင့် ပြုခွင့် ဧည့်နိုင်ငံသား လုံးဝ မပေးသင့်ပါဘူး…..

၇။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ တိတိကျကျ စိစစ်ပြီး …
နိုင်ငံသားဖြစ်ခွင့် အရည်အချင်းပြည့်မီသူ ဘင်္ဂါလီများကို …..
နိုင်ငံသား ဖြစ်ခွင့်ပြုရေး စီမံချက် နဲ့  ပြုလုပ်ဆောင်ရွက်သင့်ပါတယ်…
နိုင်ငံသား ဖြစ်ပြီး ဘင်္ဂါလီများကိုလဲ …
ကျန်တဲ့ တိုင်းရင်းသား နိုင်ငံသားများ နည်းတူ ….
တန်းတူ အခွင့်အရေးပေးအပ်သင့်ပါတယ်…

====================================
ပြည်တွင်းနေ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ နှင့်
ရခိုင်ဒေသနေ နိုင်ငံသား ၊ ပြု နိုင်ငံသား …..
ဧည့်နိုင်ငံသား အရည်အချင်းကိုက်ညီသူ ဘင်္ဂါလီများအပေါ် အကြံပြုချက်
==========================================

၁။ ခိုးဝင် ဘင်္ဂါလီများ ကို အားပေးခြင်း ၊ ကူညီခြင်း များ မလုပ်ဖို့ လိုပါတယ်….
အကယ် ၍ ကိုယ်နဲ့ ဘာသာတူမို့ လို့  …
လူသားချင်းစာနာတဲ့ အကူအညီမျိုး ပေးလိုလျှင် ….
သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များက တစ်ဆင့် ပဲ ….
ဆောင်ရွက်သင့်ပါတယ်…

၂။ ရိုဟင်ဂျာ လူမျိုး ဆိုတဲ့  ကိစ္စကို ….
အစိုးရကရော ….အတိုက်အခံ ခေါင်းဆောင်ကပါ …..
တရားဝင် ငြင်းပယ်ထားပြီး ဖြစ်လို့  …
လုံးဝ လက်လျော့ဖို့ လိုပါတယ်…..
မြန်မာနိုင်ငံသား ဖြစ်ခွင့်က ဥပဒေ နဲ့ ကိုက်ညီလျှင် ရနိုင်ပါတယ်….
ဒါပေမယ့် …တိုင်းရင်းသား ဖြစ်ခွင့် ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ပါဘူး……
ဘယ်သူကမှ လက်မခံတဲ့ ကိစ္စကို …
တကျီကျီ လုပ်နေတာဟာ ….
ကြာလေ… လူမုန်းလေ ဖြစ်လာပါတယ်…

၃။ ဒီ ဘင်္ဂါလီ ကိစ္စ ကို စနစ်တကျ စီမံချက်ချပြီး ….
ပြည်တွင်း ပြည်ပ ကနေ ….
တစ်ပြိုင်နက် ကြိုးကိုင် လှုပ်ရှားနေတယ် ဆိုတဲ့  ….
အထောက်အထားတွေ အထင်အရှားတွေ့ ရပါတယ်….

(က) ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ဟာ ….
မောင်တော ၊ အုန်းတော နှင့် ညောင်ချောင်းဒေသများရှိ ဘင်္ဂါလီများကို ….
အင်တာဗျူး ပြုလုပ်တဲ့ အခါမှာ….
ကျောက်နီမော် မသီတာထွေး ကိစ္စကို လုံးဝ မသိရှိကြပဲ …
တောင်ကုတ် လူ ၁၀ ဦး သတ်ခံရတဲ့  ဖြစ်စဉ်ကိုသာ ..
သိရှိကြကြောင်း တွေ့ ရတဲ့ အတွက် ….
ကိုယ်လို ချင်တဲ့ သတင်းကိုသာ အသိပေးခဲ့တဲ့  ….
အနေအထားမျိုး ရှိ တယ်လို့ သုံးသပ်ခဲ့ပါတယ်…

(ခ) ၈.၆.၂၀၁၂ ရက်နေ့ …..
မောင်တောမြို့ မအနောက် ဂျာမေဗလီက ……
ဝတ်ပြုပြီး ပြန်ထွက်လာတဲ့ ဘင်္ဂါလီလူအုပ်စုကြီး ဟာ ….
မြို့ မ ရပ်ကွက်ကို စတင် တိုက်ခိုက်ခဲ့ပါတယ်……
အဲဒီ တစ်ချိန်တည်းနီးပါးမှာပဲ …
ဒေသတွင်း နေရာ ၁၆ နေရာမှာ ….
တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေ စတင်တဲ့ အတွက်…
ဒီကိစ္စကို နောက်ကွယ်က စီစဉ်ခဲ့တဲ့ သူတွေ ရှိတယ်လို့ …
သေချာပေါက် ဆိုနိုင်ပါတယ်…

(ဂ) ရခိုင်စုံစမ်းရေးကော်မရှင် ရဲ့ သုတေသနအဖွဲ့ က …
ဘင်္ဂါလီများကို အင်တာဗျူးတဲ့ အခါ …
ပထမဆုံး လူကိုမေးပြီးတာနဲ့ မေးခွန်းတွေကို …
ရန်ကုန်ကို ဖုန်းနဲ့ သတင်းပို့ ကြောင်း …
နောက်ရက်များမှာ အဖြေတွေက သင်ထားတဲ့ အတိုင်း ….
အားလုံး တစ်ပုံစံတည်း ဖြစ်သွားကြောင်း ….
မေးခွန်းတွေကို ရှေ့ နောက်လွှဲ မေးလျှင် …
မဖြေနိုင်တော့သည်ကို တွေ့ ရှိရကြောင်း ….
ဖော်ပြထားပါတယ်….

(ဃ) ရခိုင်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ …
INGO ၂၀ ကျော် နဲ့ ပတ်သက်လို့  …..
စစ်တမ်းကောက်တဲ့ အချိန်မှာ ….
ဘင်္ဂါလီ ၈၆ ရာခိုင်နူန်းက ….
အဲဒီအဖွဲ့ တွေအပေါ် ကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ….
ရခိုင် ၈၀ ရာနူန်းက မကျေနပ်ကြောင်း ပြောခဲ့တဲ့ အတွက် ….
ဘက်လိုက်မှု ဟာ သိသာထင်ရှားစွာ ရှိနေတာကို တွေ့ ရပါတယ်….
ရခိုင်လူမျိုးတစ်ဦးကတော့ …
စစ်တမ်းကောက်တဲ့ အဖွဲ့ ဝင်ကို …
နာဂစ်လို …သဘာဝဘေး အကြီးအကျယ် ဖြစ်ခဲ့တဲ့  …
ဧရာဝတီတိုင်းမှာတောင်…
INGO တွေက ၃ နှစ်အကြာမှာ …
အကူအညီတွေ ရပ်ဆိုင်းခဲ့တယ်…
ရခိုင်မြောက်ပိုင်းမှာ ၁၉၉၂ ကတည်းက …
ယခု အချိန်အထိ INGO တွေ ရှိနေတာ ဘာကြောင့်လဲ ဆိုပြီး ….
မေးခွန်း ပြန် ထုတ်ခဲ့ တယ် လို့  ဆိုပါတယ်…

(င) ပြည်ပက အဖွဲ့ အစည်း ကြီးငယ်အများအပြား …
နိုင်ငံ အများအပြားဟာ …
ရိုဟင်ဂျာ လူမျိုးဆိုတဲ့ ကိစ္စကို လက်ခံဖို့  …
မြန်မာနိုင်ငံကို ထင်ထင်ရှားရှားကို …
ဖိအားအများအပြားပေးလျက် ရှိနေပါတယ်….
ပြည်တွင်းမှာ လက်ရှိ ရှိနှင့်ပြီးသား …
တိုင်းရင်းသား ၁၃၅ မျိုးလုံးက …
ဒါကို မနှစ်မျို့ တဲ့  အတွက်…
ဒီ ပြည်ပ က ဖိအားပေး ၀င် စွက်နေတဲ့ ကိစ္စတွေကို ..
ကိုယ်က ထောက်ခံခြင်း အားပေးခြင်း မလုပ်မိဖို့ လိုပါတယ်…

၎။ ရခိုင်ဒေသမှာ ပြုလုပ်တဲ့ စစ်တမ်းတွေအရ….
ဘင်္ဂါလီ လူမျိုးအများစုဟာ…
မြန်မာစကားကို ကောင်းမွန်စွာပြောဆိုနိုင်ခြင်း မရှိ …
မြန်မာစာကို ရေးနိုင်ဖတ်နိုင်ခြင်း မရှိပေမယ့်…
ဘင်္ဂါလီ နဲ့ အာရဗီ စာကိုတော့ …..
ကောင်းကောင်းမွန်မွန် ရေးဖတ်နိုင်တာကို တွေ့ ရှိရပါတယ်…
ကျေးလက်မှာ နေထိုင်သူ အများစုဟာ …
ဦးသိန်းစိန် နဲ့  ဒေါ်အောင်ဆန်းစုကြည် နာမည်ကိုတောင် …
မကြားဖူးတာကိုလဲ တွေ့ ရှိရပါတယ်….
စစ်တမ်းမှာ ပါတဲ့ ဘင်္ဂါလီ ၅ ရာခိုင်နူန်းကပဲ …
နိုင်ငံတော် အလံကို အလေးပြုနိုင်တယ်လို့  ဖြေကြားခဲ့ပြီး…
ဘူးသီးတောင် နှင့် မောင်တော မြို့ နယ်မှ ဘင်္ဂါလီများဟာ…
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ အားကစားပွဲများ…
နယ်စပ်ပြသနာများမှာ ….
ဘင်္ဂလားဒေ့ရှ် ဘက်က ရပ်တည်ထောက်ခံအားပေးတာကို …
စိစစ်တွေ့ ရတယ်လို့  ဆိုပါတယ်….
ဒီလို ကိစ္စတွေဟာ ….
ဒေသတွင်း မှာရှိတဲ့ အခြားလူမျိုးများစုများ နဲ့ …
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့  …
အများကြီး ပြသနာရှိတာမို့ …
အရေးတကြီး ပြင်ဆင်သွားဖို့ လိုအပ်ပါတယ်…

၅။ ဘင်္ဂါလီ ၈၀၀ ဦးကို …
သူတို့ အလေးစားဆုံး ပုဂ္ဂိုလ် အမည်ကို မေးတဲ့ အခါ….
၈၀၀ လုံးက သူတို့ ရဲ့ မော်လ၀ီ ဆရာဖြစ်တယ်လို့ …
ဖြေဆိုပါတယ်….
ထိုမော်လ၀ီ ဆရာများက …
ရခိုင်လူမျိုးများ မကောင်းကြောင်းကို …
အမြဲပြောတယ်လို့ ဖြေဆိုသူ ၆၀ ရာခိုင်နူန်းရှိပြီး …
ရံဖန်ရံခါ ပြောတယ်လို့ ဖြေဆိုသူ ၃၀ ရာခိုင်နူန်း နဲ့ 
မသိပါလို့ ဖြေဆိုသူ ၁၀ ရာခိုင်နူန်း ရှိတယ်လို့  ဆိုပါတယ်…
သဘောထား ပျော့ပြောင်းတဲ့  …
မျိုးဆက်သစ် မော်လ၀ီ ဆရာများ ပေါ်ပေါက်လာရေးကို …
ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင်များ အားလုံး…
ဝိုင်းဝန်းကြိုးပမ်း သင့်ပါတယ်…

အချုပ်အနေနဲ့ ဆိုရလျင်တော့ …
ဒီ ရခိုင်ပြည်နယ်က …
ခိုးဝင် ဘင်္ဂါလီများ ပြသနာ နဲ့ ..
သူ နဲ့ ဆက်နွယ်ပြီး ပေါ်ပေါက်လာရတဲ့ ..
အကြမ်းဖက် တိုက်ခိုက်မှု အများအပြားဟာ…
ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် ရဲ့ အကြံပြုချက်များ အတိုင်း ..
လိုက်နာကျင့်သုံးသွားမယ်ဆိုရင် …
တဖြည်းဖြည်း တည်ငြိမ်အေးချမ်းမှု …
ရလာမယ်လို့ ယုံကြည်ပါတယ်….

ဒီပြသနာကို ချဉ်းကပ်တဲ့ အခါမှာ ….
ဒီမိုကရေစီ နဲ့ လူ့ အခွင့်အရေးဆိုတဲ့ ရူထောင့်က ဆိုတာထက်…
ကိုယ့် အမျိုးသား အကျိုးစီးပွား နဲ့ ….
တိုင်းရင်းသားတွေ ရဲ့ ခံစားချက် ရူထောင့်က ….
ချဉ်းကပ် ဖြေရှင်း သင့်တယ်လို့ …
အစိုးရ အဆက်ဆက်ကို အကြံပြုလိုပါတယ်….

ခိုးဝင်လာတဲ့ ဘင်္ဂါလီကို ဆက်ဆံရမယ့်ပုံစံ နဲ့ ….
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေ နဲ့  စိစစ်ပြီး …
နိုင်ငံသား အရည်အချင်း နဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီများကို …
ဆက်ဆံရမယ့် ပုံစံ မတူညီနိုင်ပါဘူး …

အထူးသဖြင့် …
လူ့ အခွင့်အရေး ရူထောင့် က ပဲ ဖြစ်ဖြစ်….
လူနည်းစု ကိုညှာတာတဲ့  ရူထောင့်က ကြည့်လို့ ပဲ ဖြစ်ဖြစ်…
ပြည်ပ ဖိအားပေးမှုကြောင့်ပဲ ဖြစ်ဖြစ် …
ခိုးဝင်လာတဲ့ ဘင်္ဂါလီများကို …
နိုင်ငံသားများ နဲ့ တန်းတူ ….
စေ့စပ်မယ် ..ဆွေးနွေးမယ်...
အခွင့်အရေးပေးမယ်…
အပေးအယူ လုပ်ပြီး ဖြေရှင်းမယ်ဆိုရင်တော့ …..
အဲဒီလို လုပ်တဲ့ အစိုးရဟာ …
ရခိုင်လူမျိုး ၂သန်း ကျော် နဲ့ ….
မြန်မာပြည်သူ ၅၈ သန်း ကျော် ကို …
သစ္စာဖောက် ပြီး…..
အနောက်ဖက်တံခါးရဲ့ ပတ္တာ တစ်ချပ်ကို ..
ဆွဲဖြုတ်ပြစ်လိုက်တာ ဖြစ်တယ်လို့  ….
အလေးအနက် ယုံကြည်ပါတယ် ခင်ဗျား….။

From: (ရဲမိုး)

www.mmdailystar.com

ပြည်တွင်းနေ နှင့် ဘင်္ဂါလီများ အရှုပ်တော်ပုံ အပိုင်း - ၁



( သမိုင်းကြောင်း )

သမိုင်းနဲ့ ချီပြီး ပြန်ပြောရရင်တော့ ….
ဒီပြဿနာတွေဟာ…
အင်္ဂလိပ်အစိုးရ လက်ထက်ကပဲ စရမှာ ဖြစ်ပါတယ်….

ပထမ အင်္ဂလိပ်မြန်မာစစ်အပြီး
အောက်မြန်မာပြည်ကို သိမ်းပိုက်ထားတဲ့ အင်္ဂလိပ်တွေဟာ
၁၈၃၉ ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး အတွက်
ရခိုင်ပြည်နယ်မှာ မြေယာဥပဒေအသစ် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ် …
အဲဒီ ဥပဒေအရ ....
မြေယာ အမြောက်အများ ပေါ်ထွက်လာခဲ့ ပြီး ...
မြေပိုင်ရှင်များ အနေနဲ့ ....
မြေအမြောက်အများ ပိုင်ဆိုင်လာတဲ့ အတွက်
အလုပ်သမား အများအပြား လိုအပ်လာရာက
စစ်တကောင်းမှ ဘင်္ဂါလီများကို
အမြောက်အများ စတင် ခေါ်ယူခဲ့ပါတယ် …

၁၈၆၉ ခု စူးအက် တူးမြောင်း ဖွင့်ပြီး နောက်ပိုင်းမှာတော့
ရခိုင်ဒေသရဲ့  ဆန်စပါး စိုက်ပျိုး ထုတ်လုပ်တင်ပို့မှု ပမာဏဟာ
ပိုမို ကြီးမားလာတဲ့ အတွက်
စစ်တကောင်းနယ်ဘက်က ဘင်္ဂါလီလယ်ကူလီတွေ အမြောက်အများကို
ထပ်မံ ဝင်ရောက် လုပ်ကိုင် ခွင့်ပေးခဲ့ပါတယ် ….

အုပ်ချုပ်ရေး ကော်မရှင်နာ R.B Smart ရဲ့ 
၁၈၇၂ ခုနှစ်ထုတ် စစ်တွေခရိုင် စာအုပ်မှာ ဖော်ပြထားချက်အရ
၁၈၂၄ ခုနှစ် ဗြိတိသျှတို့ သိမ်းပိုက်စ ရခိုင်ဒေသမှာ
ဘင်္ဂါလီ ဦးရေ (၃၀၀၀၀) ခန့်သာရှိခဲ့ရာမှ
၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းမှာ ...
စစ်တကောင်းသား ဘင်္ဂါလီ ဦးရေ (၅၈၂၃၅) ယောက်ထိ တိုးလာခဲ့ပြီး
၁၉၁၁ ခုနှစ် အရောက်မှာ တော့
လူဦးရေ (၁၇၈၆၄၇) ယောက် ၇၇ ရာခိုင်နူန်း ထိ
ဝင်ရောက်မှု များပြားလာခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ် …

၁၉၁၆ ခုနှစ်မှ ၁၉၁၈ ခုနှစ်အတွင်း မှာတော့
Martin & son Company ဟာ
ဘူးသီးတောင်နှင့် မောင်တောကြားမှာ မီးရထားလမ်းဖောက်လုပ်ဖို့ အတွက် ဈေးပေါသော ဘင်္ဂါလီ အလုပ်သမား အများအပြား
ရခိုင်နယ်သို့ ထပ်မံ ခေါ်ယူစေခဲ့ပါတယ်…..

အင်္ဂလိပ် ပြည်သူ့ ကျန်းမာရေးဝန် ရဲ့ ၁၉၃ဝ/၃၁ အစီရင်ခံစာအရ ….
ရခိုင်ဒေသသို့ သာမန်အားဖြင့် တစ်နှစ်လျှင်
စစ်တကောင်းသား ကူလီများ (၄ဝဝဝဝ) ကျော် ဝင်ရောက်လေ့ရှိပြီး ….
၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ
စစ်တွေခရိုင်တွင် ဘင်္ဂါလီ ယောက်ျားပေါင်း
(၂၅ဝဝဝဝ) ကျော် ရှိကြောင်း သိရှိရပါတယ်
စစ်တွေခရိုင်မှာ နေထိုင်တဲ့ အိန္ဒိယသားများအနက် ...
၈၈ % မှာ...
စစ်တကောင်းသား ဘင်္ဂါလီ များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်…

ရခိုင်ပြည်နယ် ရဲ့ အကြီးမားဆုံး အိပ်မက်ဆိုးကြီးတစ်ခုကတော့
၁၉၃၅ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်…
မြန်မာပြည်ကို အိန္ဒိယ ရဲ့ လက်အောက်ခံပြည်နယ်တစ်ခု အဖြစ်က
ခွဲထွက်ဖို့ ချုပ်ဆိုခဲ့ရတဲ့ 
ဦးစော-ဆာကာ စာချုပ် ဖြစ်ပါတယ်…

မြန်မာဘက်က နန်းရင်းဝန်ဦးစော နဲ့ 
အိန္ဒိယခေါင်းဆောင် ဆာကာတို့ ချုပ်ဆိုခဲ့တဲ့ ဒီစာချုပ်အရ
မြန်မာပြည်ကို အိန္ဒိယ က ခွဲထွက်ချိန်က အစပြုပြီး
သုံးနှစ်တိတိ ...
မြန်မာပြည်တွင်း ၀င်လာတဲ့  အိန္ဒိယက လူ မှန်သမျှကို
လက်ခံ ခွင့်ပြုခဲ့ ရပါတယ်….
အဲဒီသုံးနှစ် အတွင်း မှာပဲ
အိန္ဒိယကနေ မြန်မာပြည် ကို ပြောင်းရွေ့ အခြေချခဲ့ကြတဲ့  လူဦးရေဟာ
မူလကထက် သုံးလေးဆ ပိုမို များပြားသွားခဲ့ရပါတယ် ....

၁၉၃၉ ခုနှစ်မှာ
အင်္ဂလိပ်အစိုးရဟာ အဲဒိပြသနာကို စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းခဲ့ကြပြီး
မင်းကြီး မစ္စတာ ဂျိမ်းအက်စ်တာ က ဥက္ကဋ္ဌ ....
ဦးတင်ထွဋ် နှင့် မစ္စတာ ဒေဆိုင်း(ရန်ကုန်တက္ကသိုလ်)တို့ က
အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြပါတယ် …

ကော်မရှင် ရဲ့ အစီရင်ခံစာအရ
ခရိုင်အလိုက် ပျံ့နှံ့နေတဲ့ အိန္ဒိယလူမျိုးများ စာရင်းမှာ
စစ်တွေခရိုင်မှာ (၂၁ဝ၉၉ဝ)...
ရခိုင်တောင်တန်းဒေသမှာ (၅ဝဝ)....
ကျောက်ဖြူခရိုင်မှာ (၄၃၂၁)....
သံတွဲခရိုင်မှာ (၁၉၉ဝ) တို့ဖြစ်ပြီး ...
စုစုပေါင်း (၂၁၇၈ဝ၁) ဦး ဖြစ်သည်ကို တွေ့ရှိရပါတယ်....

၎င်း အစီရင်ခံစာမှာပဲ...
ရခိုင်သို့ နှစ်စဉ်နှစ်တိုင်း ...
စစ်တကောင်းမှ ဘဂ်ါလီ အများအပြား ဝင်ရောက်လာခြင်းကို
ရခိုင်လူမျိုးများသာမက
ရခိုင်တွင် ရောက်ရှိ နေထိုင်လျက်ရှိသော
လက်ရှိ ဘင်္ဂါလီ များကပင် မနှစ်သက်ကြောင်း တင်ပြခဲ့ပါတယ်….

ယခုလို ရခိုင်ဒေသကို
စစ်တကောင်း ဘင်္ဂါလီ များ
အဆက်မပြတ် ဝင်လာနေခြင်းကို မတားဆီးနိုင်ခဲ့လျှင်
အနာဂတ်တွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားလာမည်ကို စိုးရိမ်ရကြောင်း....
သက်သေများ အားလုံးက ...
စစ်တကောင်း ဘင်္ဂါလီများ ဝင်ရောက်မှုကို တားဆီးသင့်ကြောင်း
အကြံပြုခဲ့ ကြတယ်လို့ တင်ပြ ခဲ့ ပါတယ် ….

ဒါပေမယ့် ဒုတိယကမ္ဘာစစ်ရဲ့ စစ်ရိပ်စစ်ငွေ့ တွေက ....
အုံ့ ဆိုင်းမှုန်မှိုင်းနေပြီ ဖြစ်လို့ .....
ဘယ်သူမှ ဘာမှ မတတ်နိုင်ကြ တော့ပါဘူး….

၁၉၄၁ ခုနှစ် အရောက် မှာတော့ .....
စစ်တွေ ခရိုင်မှာ ...
လူဦးရေ ခုနှစ်သိန်းခွဲကျော်အထိ တိုးပွားလာပြီး
အများစုဟာ ဒေသခံ ရခိုင်များ မဟုတ်ကြတော့တဲ့ အခြေအနေကို
ရောက်ရှိလို့ နေခဲ့ပါပြီ …..

၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် အဖြစ် ....
ရခိုင်ဒေသ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားချိန် မှာတော့ ....
လက်နက်ခဲယမ်းတွေက နေရာအနှံ့ ပြန့် နှံ့  ....
နဂို ပြသနာအခံလေးတွေကလည်း ရှိနေတာ ဖြစ်လို့ ....
ကြိုတင်မှန်းဆထားတဲ့ အတိုင်း
ကုလား-ရခိုင် အဓိကရုဏ်း စတင်လာပါတော့တယ် …

အဓိကရုဏ်း ဟာ ...
ရခိုင်ပြည် တစ်ခုလုံးနီးပါး ကျယ်ပြန့် စွာဖြစ်ပွားခဲ့ပြီး
မြေပုံ၊မင်းပြား၊ပေါက်တော၊မြို့ ဟောင်း၊ကျောက်တော် ဒေသများ မှာ
ရခိုင်တွေက အရေးသာခဲ့ ကာ .....
ဘူးသီးတောင်၊မောင်းတော၊ ရသေ့တောင် စတဲ့ ဒေသများမှာတော့ ...
ဘင်္ဂါလီများက အရေးသာခဲ့ပါတယ်…..

၁၉၄၂ မေလ ၇ ၇က်နေ့ မှာ...
ဗိုလ်ရန်အောင် ခေါင်းဆောင်တဲ့  ဘီအိုင်အေတပ်ဟာ
စစ်တွေမြို့ ကို သိမ်းပိုက်လိုက်ပါတယ် …
အဓိကရုဏ်း အတွင်း ...
ဘူးသီးတောင်နဲ့ မောင်တောမှာ ပိတ်မိနေတဲ့  ရခိုင်တွေကို ကယ်တင်ဖို့ ...
တပ်ကူတွေ စေလွှတ်ခဲ့ရာ ...
မောင်တောကို စေလွှတ်ခဲ့ တဲ့  တပ်ဖွဲ့ ဟာ ....
ဘဂ်ါလီများရဲ့ တိုက်ခိုက်မှုကြောင့် ...
တပ်ဖွဲ့ တစ်ခုလုံး ကျဆုံးသွားခဲ့ပေမယ့် ...
ရခိုင်အများစုကတော့ ...
အိန္ဒိယနိုင်ငံထဲက ဒိန္နာစပူရ် စစ်ပြေးစခန်းကို
ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်…

ဘူးသီးတောင်ကို ပေးပို့ ခဲ့တဲ့  လက်နက်တွေကတော့ ...
ဂျပန်စစ်တပ်ရဲ့ သိမ်းဆည်းခြင်းကို ခံလိုက်ရပါတယ်…
၁၉၄၂ ဇွန်လထဲမှာတော့ ..
ဗိုလ်ရန်အောင် ဦးစီး တပ်ခွဲ နှစ်ခွဲဟာ ဘူးသီးတောင်ထိ ချီတက်ကာ
မြို့ ပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်ပြီး
ငွေတိုက်ထဲက ငွေတွေကို
ဒိုင်းနက် စစ်ပြေးဒုက္ခသည်တွေကို ခွဲဝေပေးခဲ့ပါတယ်…

မကြာခင်ပဲ ဂျပန်က ....
ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေ ဖွဲ့ ဖို့ အတွက် ....
တပ်တွေကို ရန်ကုန်မှာစုဖို့ အမိန့် ရောက်လာပြီ ဖြစ်လို့  ....
၁၉၄၂ ဇွန်လ ၂၆ ရက်နေ့ မှာ ...
ဘီအိုင်အေ တပ်တွေ စတင်ဆုတ်ခွာပါတယ် …

မြို့ မှာ ကျန်မနေရဲလို့  တပ်နဲ့ အတူ လိုက်ပါဖို့ ကြိုးစားတဲ့  ....
ရခိုင်ဒုက္ခသည်တွေ ပါဝင်တဲ့ မီးသင်္ဘောတစ်စီးဟာ ...
မြစ်လယ်မှာ နစ်မြုပ်တဲ့ အတွက် ....
လူ၄၀၀ကျော် တစ်ပြိုင်နက်သေဆုံးသွားခဲ့ပြီး ...
ရခိုင်ခေါင်းဆောင် ဦးပညာသီဟ အပါအ၀င် ...
လူ၅၀ကျော်ပဲ အသက်ရှင်ခဲ့တယ်လို့  ...
သမိုင်းမှတ်တမ်းတွေမှာ အတိအကျတွေ့ ရပါတယ်….

ဘူးသီးတောင် မြို့ ဟာ ...
ဘင်္ဂါလီတွေ လက်ထဲ ကျရောက်သွားပြီး
အဲဒီဒေသတွင်းက ရခိုင်တွေဟာ
ရခိုင်ဒေသ တောင်ပိုင်းကို အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ အတွက်
အဓိကရုဏ်း ရဲ့ အရှိန်ဟာ
တဖြည်းဖြည်း လျော့ကျ အေးဆေးလာပါတော့တယ်...

၁၉၄၈ ခုနှစ်မှာ
မွတ်ဆလင် လွတ်မြောက်ရေး အဖွဲ့ (MLO) ညီလာခံကို
မောင်တော မြို့နယ်၊ “ဂရဗျင်”ရွာ မှာ ကျင်းပခဲ့ပါတယ် ….
ဒီညီလာခံကနေ အဖွဲ့အမည်ကို ...
မူဂျာဟစ် ပါတီ လို့ တရားဝင် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး...
အဖွဲ့ ရဲ့ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal နဲ့ ...
လက်ထောက်မှာ ဟူစိန် တို့ ဖြစ်ကြပါတယ် ….
နောက်ပိုင်းမှာတော့ အဖွဲ့ ခေါင်းဆောင်အဖြစ် ...
အဗ္ဗဒူကာစင် က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်…

မူဂျာဟစ်ပါတီဟာ ....
၁၉၃၆ ခုနှစ်ကတည်းက ရှိနှင့်ပြီးဖြစ်တဲ့  ...
ဂျမေတူ အူလမား ဘာသာရေး အသင်းရဲ့ ....
တရားမ၀င် မြေအောက်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ...
“မူဂျာဟစ်”ဟူသော စကားရဲ့ အဓိပ္ပာယ်မှာ ....
“မိမိတိုင်းပြည်နှင့် ဘာသာရေးအတွက် တိုက်ခိုက်သူ”ဟု အဓိပ္ပာယ်ရရှိပါတယ်…

မူဂျာဟစ် များဟာ ...
ယူနီဖောင်းဝတ်ဆင်ပြီး ကြယ်တံဆိပ်ပါသော ဦးထုပ်ကို အသုံးပြုကာ ....
တစ်ဖက်နိုင်ငံက လက်နက်ကိုင် ကုလားဆိုးများ နဲ့ ...
ပူးပေါင်းလုပ်ရှားလေ့ ရှိပါတယ်…
ရည်ရွယ်ချက်ကတော့ ...
ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် နယ်များကို ...
မြန်မာနိုင်ငံအတွင်းမှ ခွဲထုတ်ပြီး ....
ပါကစ္စတန်နှင့် ပူးပေါင်းနိုင်ဖို့  ...
လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်ရေး ဖြစ်ပါတယ်…

မကြာခင်ပဲ မူဂျာဟစ်များဟာ ....
အင်အား ထောင်ဂဏန်းထိ တိုးတက်များပြားလာပြီး ..
အဲဒီဒေသက ရခိုင်ရွာအများစု နဲ့ ဘုရားကျောင်းကန်တွေဟာ ....
မြေလှန် အပြတ်ရှင်းခံရတဲ့ အခြေအနေကို ...
ရောက်ရှိလာပါတော့တယ်….

၁၉၅၁ ခုနှစ် နှစ်ဦးပိုင်း မှာ ...
လွတ်လပ်ရေးရစကတည်းက ...
တောက်လျောက် ချာလပတ်ရမ်းနေခဲ့တဲ့ မြန်မာ့ တပ်မတော်ဟာ ...
အသက်ရူချောင်စ ပြုလာပါတယ်..
ဒါဟာ မူဂျာဟစ်တို့ ဇာတ်သိမ်းခန်း ရဲ့ အစ စာမျက်နှာ ဖြစ်သလို ....
မကြာခင်မှာပဲ ရခိုင်ဒေသ ကို ချီတက်လာတော့မယ့် ....
တပ်မတော် စစ်ကြောင်းတွေရဲ့  စစ်ခရာမှုတ်သံ လို့ လဲ ဆိုနိုင်ပါတယ်….

၁၉၅၂ အောက်တိုဘာမှာ ...
မြန်မာ့တပ်မတော် ဟာ ..
မေယုစစ်ဆင်ရေးကို စတင်ပါတယ် ….
ရာနဲ့ ချီတဲ့ တပ်ဖွဲ့ တွေဟာ ...
ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ....
နိုဝင်ဘာလမှာတော့ ....
မူဂျာဟစ်ဌာနချုပ်ရှိရာ ...
လက်ပန်တောင် (မပည ပီအမ် ၂၅၈၇) ကို...
တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်…

၁၉၅၄ နိုဝင်ဘာမှာ ....
ဘူးသီးတောင် နဲ့ မောင်းတော နယ်မြေတွေမှာ ...
မုတ်သုန်စစ်ဆင်ရေးကို ဆင်နွဲခဲ့ပြီး…
မူဂျာဟစ်တွေကို ကောက်သင်းကောက် လိုက်လံချေမှုန်းပြစ်ခဲ့တဲ့ အတွက် ....
၁၉၅၅ နှစ်ဦးမှာတော့ ....
မူဂျာဟစ် အင်အားဟာ ၂၀၀ ခန့် ပဲ ကျန်ရှိပြီး ...
နယ်စပ်မှာပဲ ခိုလှုံနေရတော့တဲ့ အနေအထားကို ...
ရောက်ရှိသွားပါတော့တယ်…..

ဦးနု အစိုးရ လက်ထက် ...
၁၉၅၁ ခုနှစ် ပါလီမန်ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူဘော်ရှော် ...
မောင်းတောမဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် အာမတ် ....
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စစ် ဇူရာဘေဂေါမ် (ခ) ဒေါ်အေးညွန့် တို့ ...
ဝင်ရောက် အရွေးချယ်ခံကြရာမှာ ....
အားလုံး အနိုင်ရခဲ့ပါတယ်….

ဘယ်ပါတီပဲ ဖြစ်ဖြစ် ...
ဘင်္ဂါလီလူမျိုး အမတ်လောင်း မဟုတ်ရင် ...
လူများစုဖြစ်တဲ့ ဘင်္ဂါလီမဲကို မရရှိနိုင်တဲ့အတွက် ....
ဖဆပလ အနေနဲ့ ...
အဲဒီဒေသမှာ ရွေးကောက်ပွဲ နှစ်ကြိမ်လုံး ရှုံးနိမ့် ခဲ့ရပါတယ် …

အခြားရခိုင်ဒေသတွေမှာလည်း ..
ဖဆပလဟာ ရခိုင်တိုင်းရင်းသားပါတီ ဖြစ်တဲ့  ...
ရတည ကိုလည်း မနိုင်နိုင်တဲ့ အတွက် ...
တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲမှာ ...
ရခိုင်ပြည်နယ်မှ အနိုင်ရရှိရေးအတွက် …
ပြည်ထဲ ရေးဝန်ကြီး ....
မစ္စတာ အဒူ လာဒစ် (ခ) ဦးအေးမောင် ရဲ့ ထောက်ခံ ချက် နဲ့ ...
ဘင်္ဂါလီများကို ယာယီနိုင်ငံသားကဒ်များ ထုတ် ပေးခဲ့ပြီး ....
မဲစာရင်းများမှာ ထည့်သွင်းပေးခဲ့ပါတယ်….

အဲဒီလို လုပ်ဆောင်ပေးခဲ့မှုများကြောင့် ....
၁၉၅၆ ခုနှစ် တတိယအကြိမ် ပါလီမန် ရွေးကောက်ပွဲမှာ ..
ဘူးသီးတောင်မဲဆန္ဒနယ် (၁) မှ မစ္စတာ အဲဇာရ်မီယာ ...
ဘူးသီးတောင် မဲဆန္ဒ နယ် (၂) မှ မစ္စတာ အဘူ ဘော်ရှော ...
မောင်တောမဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် အာမတ် ...
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူ ခိုက်ရ် ...
အထက်လွှတ်တော်၌ မစ္စတာ ဂဖားတို့ အနိုင်ရရှိခဲ့ ပြီး ....
ကြားဖြတ်ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မြောက်ပိုင်းမဲဆန္ဒနယ်မှ ...
မစ္စတာ စူလတန် မာမွတ် အရွေးခံခဲ့ ရပါတယ်…

ဦးနု အစိုးရဟာ ...
အစိုးရ အဖွဲ့ အတွင်းမှာ ...
မစ္စတာ စူလတန် မာမွတ် ကို ပညာရေးဝန်ကြီး ...
ကျန်းမာ ရေးဝန်ကြီးရာထူးများ ပေးအပ်ခဲ့ ပြီး ....
မစ္စတာ စူလတန် အာမတ်ကိုတော့ ...
လူမျိုးစု ရေးရာဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ရာထူး ..
( ဒုဝန်ကြီး အဆင့်နှင့်ညီသည်) ကို ပေးအပ်ခဲ့ ပါတယ် ….

၎င်းတို့အပြင် ....
မစ္စတာ ဂဖား နှင့် မစ္စတာ အဘူ ဘော်ရှော်တို့ကိုလည်း ...
ကျန်းမာရေး ဝန်ကြီးဌာန ပါလီမန်အတွင်းဝန်ရာထူးများ ...
အသီးသီးပေးအပ်ခဲ့ပါတယ်….
များမကြာခင်မှာပဲ ....
မြန်မာ့အသံကနေ ရိုဟင်ဂျာ အသံ ဆိုပြီး ...
စတင် ထုတ်လွှင့်ခွင့် ပြုလိုက်ပါတော့တယ်….

၁၉၆၁ ခုနှစ် ပါလီမန် ရွေးကောက်ပွဲမှာတော့ ...
ဘူးသီးတောင် မဲဆန္ဒနယ် (၁) မှ မစ္စတာ စူလတန် မာမွတ် ..
ဘူးသီးတောင်မဲဆန္ဒနယ် (၂) မှ မစ္စတာ အဘူ ဘော်ရှော် ...
မောင်တောမဲဆန္ဒနယ် (၁) မှ မစ္စတာ ရာရှစ် ...
မောင်တောမဲဆန္ဒ နယ် (၂) မှ မစ္စတာ အဘူ ခိုက်ရ်နှင့် ...
အထက်လွှတ်တော်အတွက် မစ္စတာ အဒူ ဆူဗန်တို့ ရွေးချယ်ခံခဲ့ရပြီး ....

၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ...
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ ....
ဘူးသီးတောင်မဲဆန္ဒနယ် (၁) မှ မစ္စတာ အဘူ ဟူစိန်နှင့် ....
မောင်တောမဲဆန္ဒနယ် (၁) မှ ဒေါက်တာ အဒူ ရဟင် ...
၁၉၇၈ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာတော့ ...
မောင်တောမဲဆန္ဒနယ် (၂) မှ မစ္စတာ အဒူဟိုက် (ခ) ဦးထွန်းအောင်ကျော် ..
ရွေးချယ်ခံရသည်ကို တွေ့ရှိရပါတယ်….

၅.၅.၁၉၇၈ ၇က်နေ့ မှာ ....
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟာ ....
နဂါးမင်း စီမံချက် ....
(အိမ်ထောင်စုကဒ်ပြားနှင့် မှတ်ပုံတင် စစ်ဆေးခြင်းစီမံကိန်း) ကို ...
စတင်ပါတယ်….
အဲဒီ စီမံကိန်းကြောင့် ...
တရားမ၀င်ခိုးဝင်သူ အများအပြားထွက်ပြေးခဲ့ရပြီး ....
ဟသာင်္ စိမံချက် နဲ့  မှ မူလ နေထိုင်ခွင့်ရှိသူများကို ....
ပြန်လည် စိစစ် လက်ခံစေခဲ့ပါတယ် ….

၁၉၈၂ ခုနှစ်မှာတော့ …
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ ....
ပညာရှင်ပေါင်းစုံ ပါဝင်တဲ့ အဖွဲ့ က ....
၆ နှစ်တိတိ လေ့လာရေးဆွဲခဲ့တဲ့  ...
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ....
ပြည်သူ့ လွှတ်တော် ဥပဒေအမှတ် ၄ အဖြစ်နဲ့  ...
အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်….
ဒီဥပဒေအရ ...
နိုင်ငံသား ဖြစ်ခွင့် အရည်အချင်းကို တင်းကြပ်ပြစ်ခဲ့ ပြီး ...
နိုင်ငံသား အရည်အချင်း မပြည့်မီတဲ့  ဘင်္ဂါလီများကို ....
လွှတ်တော်အမတ်များအဖြစ် ...
ဝင်ရောက်အရွေးခံခွင့်က ကန့် သတ်ပြစ်ခဲ့ပါတယ်….
ဒါဟာ အဲဒီဒေသက ခိုးဝင် ဘင်္ဂါလီအများအပြားအတွက်တော့ ...
အိပ်မက်ဆိုးကြီး တစ်ခုလို့ ဆိုနိုင်မှာလည်းဖြစ်ပါတယ်….

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ မှာ ....
တပ်မတော်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူ ခဲ့ပါတယ်…
တပ်မတော်အစိုးရ ဟာ ...
ပြည်တွင်းဆူပူမှုတွေ ...
တဖြည်းဖြည်း တည်ငြိမ်လာတော့တာနဲ့ တစ်ပြိုင်နက် ...
ရခိုင်ဒေသမှာ ...
နယ်စပ်ဒေသ လူဝင်မှု ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ ကို ...
စတင် ဖွဲ့ စည်းလိုက်ပါတယ်….…

အဲဒီ နစက အဖွဲ့ ဟာ ...
တပ်မတော်ထောက်လှမ်းရေး ၊ရဲ ၊လ၀က နဲ့ တပ်တို့  ...
ပူးပေါင်းဖွဲ့ စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး ....
နိုင်ငံတကာ ဥပဒေတွေအရ ...
စစ်တပ်ချထားလို့ မရတဲ့  နယ်စပ်မျဉ်းတစ်လျောက်မှာ ....
နယ်မြေကြီး ၉ခု စခန်း၂၅ ခု အဖြစ် ဖွဲ့ စည်းပြီး ....
တစ်ဖက်နိုင်ငံက လူဦးရေ စိမ့်ဝင်မှုကို ...
စတင်ထိန်းချုပ်ပါတော့တယ်…

နစက အဖွဲ့ ရဲ့ နာမည်ကြီး လုပ်ငန်းတစ်ခုကတော့ ….
ဆွဲ တင် စစ် စီမံချက် လို့  လူသိများပါတယ်…..
မြေပုံရေးဆွဲခြင်း ……
မှတ်တမ်းတင်ခြင်း ….
စစ်ဆေးခြင်း တွေ ပြုလုပ်တာပါ…..

မြေပုံရေးဆွဲမှုဟာ ...
နယ်မြေဒေသ ကျေးရွာ လမ်း တွေအပြင် ...
ရွာအတွင်းက အိမ်တစ်လုံးခြင်းကိုပါ ...
အသေးစိတ်မြေပုံ ရေးဆွဲပါတယ်….
မှတ်တမ်းတင်တာကတော့ ပိုပြီးအသေးစိတ်ပါတယ်….
မိသားစု တစ်စုချင်း တစ်ယောက်ချင်း ...
ဓာတ်ပုံ ရိုက်ပြီး ...
ကိုယ်ရေးအချက်အလက်အတိအကျနဲ့ ...
အသေးစိတ်မှတ်တမ်းတင်ပါတယ်…
မွေးဖွားလာတဲ့  ကလေးကိုပဲ ...
မွေးစာရင်းနဲ့ စိစစ်အင်အားတိုးခွင့်ပြုပြီး ...
အခြားမည်သည့်ကိစ္စ မည်သည့်အကြောင်းနဲ့ မှ ...
အင်အားတိုးလို့ မရပါဘူး …

စိစစ်တဲ့ကိစ္စကတော့ ...
မိသားစုအလိုက် အိမ်အလိုက် ရွာအလိုက် ....
နယ်စပ် စခန်း ဂိတ်တွေ လှည့်ကင်းတွေ နဲ့  ...
တိတိကျကျ စိစစ်တာဖြစ်တဲ့ အပြင်
သတင်းပေးတွေ အမြောက်အများမွေးမြူထားတဲ့ အတွက် ..
ရွာတွေမှာ လူစိမ်း ရောက်လာပြီး ...
နာရီပိုင်းအတွင်းမှာပဲ ...
သတင်း တန်းရတဲ့ အနေအထားအထိ ဖြစ်လာပါတယ်…..

နစက လက်ထက်မှာ ...
တစ်ဖက်နိုင်ငံက လူသစ်စိမ့် ဝင်မှုဟာ ...
လုံးဝ မရှိသလောက် ဖြစ်သွားခဲ့ပေမယ့် ...
အရင်ကတည်းက ရောက်ရှိပြီးသား ဘင်္ဂါလီ တစ်ချို့ ဟာ ...
ဌာနေ အကျင့်ပျက် ၀န်ထမ်းအချို့ နဲ့ ပူးပေါင်းပြီး ...
ပြည်တွင်းကို ခိုးဝင်တဲ့ ဖြစ်စဉ် တစ်ချို့ ကတော့ ...
အနည်းငယ် ရှိမြဲ ရှိနေသေးတာကို တွေ့ ရပါတယ်….

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ ...
တပ်မတော်အစိုးရ ထဲက ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ချို့ ဟာ ....
အသစ်ဖွဲ့ စည်းလိုက်တဲ့ သူတို့ ပါတီ မဲရဖို့ အတွက် ....
ဦးနူအစိုးရ လက်ထက်တုန်းက ဆန်ဆန် အမှားမျိုးကို ...
ထပ် ကျူးလွန်ခဲ့ပါတယ်….

အဲဒါကတော့ ဘင်္ဂါလီ ငါးသိန်းရဲ့ မဲကို လိုချင်တဲ့ အတွက် ...
ဘင်္ဂါလီ တွေကို မဲပေးခွင့် ပြုလိုက်တဲ့ ကိစ္စပါပဲ …
ဒီကိစ္စ ဟာ ပြည်ခိုင်ဖြိုးပါတီအတွက် ...
သမိုင်းမှာ အရှက်ရစရာ ကိစ္စ ကြီးတစ်ခုအဖြစ် ....
မှတ်တမ်းတင် ကျန်ခဲ့တော့မှာလည်း ....
အသေအချာ ဖြစ် ပါတော့တယ်…

From: ( ရဲမိုး )

www.mmdailystar.com

မီတာခတွေ အွန်လိုင်းကနေ ပေးချေနိုင်တော့မယ်

ရန်ကုန်မြို့တော်အတွင်းက မြို့နယ်တချို့မှာ လျှပ်စစ်မီတာ အသုံးပြုခတွေကို Online ငွေပေးချေစနစ်နဲ့ ပေးနိုင်ဖို့ Easy Pay ကုမ္ပဏီက ဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။

ခုလို အွန်လိုင်း ငွေပေးချေစနစ် ပေးချေနိုင်တဲ့ မြို့နယ်တွေက ကြည့်မြင်တိုင်၊ အလုံ၊စမ်းချောင်း၊ လှိုင်နဲ့ ကမာရွတ်တို့ပဲ ဖြစ်ပါတယ်။

ချိတ်ဆက် အသုံးပြုနိုင်အောင် စီစဉ်နေတဲ့ ဘဏ်တွေကတော့ ဧရာဝတီဘဏ်၊ CB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တွေပဲ ဖြစ်ပါတယ်။

“အွန်လိုင်းကနေ ဆောင်မယ်ဆိုရင် မီတာရုံးကို အရင်စာရင်းပေးရတဲ့အတွက် မီတာပိုင်ရှင်နာမည်၊ နံပါတ်၊ အညွှန်းစာရင်းနဲ့ ဘယ်မြို့နယ်ကလဲ ဆိုတာကို easypay.mm@gmail ဒါမှမဟုတ် ဖုန်း ၀၉ ၄၅၀၀၀၅၈၈၅ ကို တစ်လကြိုပြီး စာရင်းပေးထားရင် လတိုင်း ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အွန်လိုင်းကနေ ဆောင်လို့ရတယ်။ ၂၄ ရက် နောက်ပိုင်းဆိုရင်တော့ မီတာရုံးတွေက ရက်လွန်အဖြစ် သတ်မှတ်လို့ သက်ဆိုင်ရာ မီတာရုံးမှာပဲ ဒဏ်ကြေးနဲ့တကွ ဆောင်ရမှာပါ”လို့ Easy Pay ကုမ္ပဏီ တာဝန်ရှိသူက ဆိုပါတယ်။

ခုလို အွန်လိုင်းကနေ လျှပ်စစ်မီတာ အသုံးပြုခ ပေးသွင်းတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ရတနာပုံတယ်လီပို့နဲ့ Easy Pay ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး အွန်လိုင်းကနေ လျှပ်စ်စမီး အသုံးပြုခ ပေးသွင်းလိုရင် သတ်မှတ်ထားတဲ့ ဘဏ်တွေမှာ အွန်လိုင်း ငွေပေးချေစာရင်းဖွင့်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဘဏ်စာရင်းအမည်၊ အမှတ်နဲ့ နိုင်ငံသားမှတ်ပုံတင် အမှတ်တွေကို သုံးပြီး ebilling.ypay.com.mm ကနေတစ်ဆင့် ငွေပေးချေနိုင်ပြီး မီတာတစ်လုံးကို ဝန်ဆောင်ခ ငါးရာကျပ်ပေးရမယ်လို့ Easy Pay ကုမ္ပဏီဆီကနေ သိရပါတယ်။
 
From:The Voice

www.mmdailystar.com

တောင်းပန်စာရမှ သရဖူကိုပြန်အပ်မယ်လို့ မေမြတ်နိုး ပြော



မေမြတ်နိုး အနေနဲ့ ကိုရီးယားအဖွဲ့အစည်းက စပွန်ဆာရှာခိုင်းသလို စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုအပ်ချိန်မှာ အဖော်အဖြစ်နေရမယ်လို့ တောင်းဆိုခဲ့တာကြောင့် ငြင်းဆိုပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာလို့ ဆိုပါတယ်။
ယခင်ပြောဆိုထားတဲ့မိန်းကလေး kpop အဖွဲ့ လည်း မလုပ်တော့သလို အစီအစဉ်ပြောင်းလဲ လိုက်ကြောင်း| ခေါင်းအစခြေအဆုံး လှပအောင် ပလတ်စတစ် ဆာဂျရီလုပ်ပြီး ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များထံ စပွန်ဆာ ရှာခိုင်းကြောင်း| ကိုရီးယားတင်မက kpop လွှမ်းမိုးမှု ရှိတဲ့ ဂျပန်နိုင်ငံ မှာပါ စပွန်ဆာ ရှာခိုင်းတာကြောင့် လက်မခံဘဲပြန်လာတာ လို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ မေမြတ်နိုးက ပြောပါတယ်။
မေမြတ်နိုးက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး ပြိုင်ပွဲမှာတော့ အသက်ဆယ့်ရှစ်နှစ်အနေနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အာရှပစိဖိတ်ဝေါ အဖွဲ့အစည်း က ကြေညာချက်ကို မြန်မာနိုင်ငံရောက်မှ သိရှိခဲ့တာကြောင့် crown ပြန်မပေးဖြစ်ခဲ့ကြောင်း ခိုးလာတာမဟုတ်ကြောင်းရှင်းပြပါတယ်။
ကိုရီးယားအဖွဲ့အစည်းအနေနဲ့ သူတို့ အမှားကို သမီးအမှားပါလို့ ပုံချပြီး မြန်မာနိုင်ငံ ကိုရှုံ့ချတဲ့အတွက် တောင်းပန်စာလိုချင်ပါတယ်။ တောင်းပန်စာရမှ crown ကို အဖွဲ့အစည်းကို ပြန်အပ်မယ်။ သမီးဘက်က မမှားလို့ တောင်းပန်စရာမရှိဘူး။ သူတို့မတောင်းပန်ရင် သက်ဆိုင်ရာကနေ ဆက်လုပ်သွားမယ်´ လို့လည်း မေမြတ်နိုးက ဆိုပါတယ်။

Author ရဲလင်းလင်းသန်း
photo ကိုမျိုးခိုင်
From:ကုမုဒြာ

www.mmdailystar.com

AIDS ရန်ပုံငွေအတွက် ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ ရင်သားကိုင်ခွင့် ပေးပြီး အလှူခံ


ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ အဖွဲ့တစ်ဖွဲ့သည် အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး ရန်ပုံငွေ မြှင့်တင်နိုင်ရန်အတွက် ၎င်းတို့၏ ရင်သားများကို ကိုင်ခွင့်ပေးကာ အလှူခံခဲ့ကြသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

၁၈ နှစ်အောက် မကြည့်ရ ရုပ်ရှင်ကားများတွင် ပါဝင် သရုပ်ဆောင်လျက် ရှိသော ဂျပန်အမျိုးသမီး ကိုးဦးသည် ပြီးခဲ့သော စနေနေ့က Boob Aid ဟု အမည်ရသော အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး ရန်ပုံငွေမြှင့်တင်ပွဲတွင် အဝါရောင် တီရှပ်များ ဆင်တူဝတ်ဆင်ကာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သည်။

ထိုကဲ့သို့ လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ အလှူခံရာနေရာသို့ အမျိုးသားများ အများဆုံး လာရောက်ကြည့်ရှုပြီး အမျိုးသမီးအချို့လည်း လာရောက် အားပေးသည်ကို တွေ့ရှိရသည်။

ပရိသတ်များသည် ၎င်းတို့၏ လက်များကို သန့်စင်ဆေးရည် ဖျန်းပြီးမှ အမျိုးသမီး သရုပ်ဆောင်များ၏ ရင်သားကို မထိရဲ၊ ထိရဲနှင့် ဖြည်းညင်းစွာသာ ထိတွေ့ခဲ့ကြသည်ကိုလည်း တွေ့ရသည်ဟု CNA သတင်း၌ ဖော်ပြထားသည်။

ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များသည် ၂၄ နာရီကြာ ပြုလုပ်သည့် Stop!! AIDS အမည်ရှိ ရန်ပုံငွေပွဲ၏ အစိတ်အပိုင်းတစ်ရပ် အနေနှင့် Boob Aid အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ အစီအစဉ်ကို ၁၈ နှစ်အထက် သီးသန့် ဂျပန်ရုပ်သံလိုင်း တစ်လိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

တနင်္ဂနွေနေ့ နေ့လယ်အရောက်တွင် Boob Aid ရန်ပုံငွေ မြှင့်တင်ပွဲတွင် ပါဝင်ဆင်နွှဲသူပေါင်း ၄၂၀၀ ခန့်အထိ ရှိပြီဖြစ်ပြီး အလှူငွေ ယန်းလေးသန်း (အမေရိကန်ဒေါ်လာ ၄၀၀၀၀) ခန့် ရရှိထားပြီးပြီ ဖြစ်ကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။

အလှူရှင်တစ်ဦးလျှင် ယန်း ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၀) ခန့် လှူဒါန်းလိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် Boob Aid အစီအစဉ်ကို ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းအမျိုးသမီး သရုပ်ဆောင်အဖွဲ့က ပြောကြားသည်။

ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ ပါဝင်သည့် Boob Aid အစီအစဉ်ကို အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ရေး ဖောင်ဒေးရှင်း၊ ဂျပန်၏ ထောက်ပံ့ပေးမှုဖြင့် ၂၀၀၃ ခုနှစ်မှ စတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

From: The Voice Weekly

www.mmdailystar.com

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူရာတွင် လူစောင့်လဲနိုင်သည့်အတွက် တနင်္ဂနွေ သားသမီးများအား သွား ရောက်ကြည့်ရှုခြင်း မပြုရန် ကောလဟလ သတင်းများထွက်ပေါ်

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ဦးစံလင်း ဦးဆောင်သော ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့မှ ခေါင်းလောင်းတော်ကြီးအား ဆယ်ယူရန်အတွက် ရှာဖွေမှုများ ပြုလုပ်ရာတွင် လူစောင့်လဲနိုင်ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် တနင်္ဂနွေ သားသမီးများအား အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူသည့် နေရာသို့ သွားရောက် ကြည့်ရှုခြင်း မပြုရန်အပ်ဟု ကောလဟလ သတင်းများ ထွက်ပေါ် နေကြောင်း သိရသည်။

“ဒါကတော့ ရှေးအယူအဆ တစ်ခုလို့ထင်တယ်။ တနင်္ဂနွေဆိုတာ အောင်အတိတ်လေ။ ကျွန်တော်တို့ ဟိုးတုန်းကလည်း ကြုံခဲ့ဖူးတယ်။ တံတားဆောက်တယ်၊ ဘုရားတည်တယ်။ အဲလိုဟာမျိုး အဆောက်အဦးကြီးကြီး ဆောက်တယ်ဆိုရင် တနင်္ဂနွေ သားသမီးတွေကို မိဘတွေက မသွားဖို့ဆိုတာ အောင်အတိတ်ကို ယူတာကိုး။ ဗုဒ္ဓဘာသာ မြန်မာတွေက အဲဒါကြောင့် တနင်္ဂနွေ သားသမီးတွေကို အဲလို နေရာတွေကို မသွားဖို့တားကြတာ။ ဒါကတော့ ရှေးအစွဲရှိတယ်လေ” ဟု အေးရှားပွိုင့် ဘိုလင်း စင်တာ မန်နေဂျာ ဦးလှတင်က ပြောကြားသည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်တော်ကြီးကို ဦးစံလင်း ဦးဆောင်သော ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့မှ ဆယ်ယူရန် ရှာဖွေမှုကို သြဂုတ် ၈ရက် ၀ါခေါင်လဆန်း ၁၄ရက်နေ့မှ စတင်ကာ တူးဖော်ခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ရာ ၁၇ ရက်တိုင်တိုင် ရှိခဲ့ပြီး ဆယ်ယူရန်အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုထားသည့် သြဂုတ်လ ၂၆ ရက် တော်သလင်းလဆန်း ၂ ရက်နေ့သို့ ရောက်ရှိရန် ၂ ရက်သာ လိုတော့သော်လည်း ၁၇ ရက်တိုင်တိုင် ရှာဖွေခဲ့မှု၏ ကြားအချိန် ကာလတွင် ဆယ်ယူမှုနှင့် ပတ်သက်၍ ထူးခြားဆန်းကြယ်သည့် ဖြစ်စဉ် တစ်စုံတရာ မရှိခဲ့သော်လည်း သြဂုတ်လ ၂၁ရက်တွင် လှည်းကူးမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်ရှိ သီတာအေး ၅လမ်းတွင် နေထိုင်သည့် အသက် ၆၇နှစ်ရှိ အဖွားအို ဒေါ်စိန်ကြည်အား နဂါးမောင်နှမ သုံးဖော်အနက်မှ နဂါးအမဖြစ်သူ စောသိုက်ရွှေ ၀င်ရောက် ပူးကပ်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီကောလဟလ ဆိုတာက မယုံကြည်လို့လည်း မရဘူး။ အခုမှ ဒီလိုသတင်းတွေ ထွက်တာ မဟုတ်ဘူး။ ဟိုးရှေးအစဉ်အဆက်တည်းက ဒါတွေကရှိခဲ့တာ။ ဘာပဲဖြစ်ဖြစ် လိုက်နာတာတော့ အန္တရာယ် ကင်းတာပေါ့”ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူရာ နေရာသို့ လာရောက်ကြည့်ရှုသူ တစ်ဦးဖြစ် သူဒေါ်ကျင်ဝေက ပြောကြားသည်။

ထို့အပြင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုနှင့် ပတ်သက်၍ အချို့သော ယုံကြည်သက်ဝင်မှု ရှိသူများက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူရရှိနိုင်သည်ဟု ထင်မြင် ယူဆကြသော်လည်း၊ အချို့သော သူများကမူ ဆယ်ယူမှုအား မရရှိနိုင်ဟုဆိုကာ လောင်းကြေးများ ဖွင့်ကာ စတင် ဆယ်ယူသည့် ပထမ ရသတ္တပတ်တွင် ခေါင်းလောင်းဆယ်ယူမှု ရနိုင်မရနိုင် လောင်းကြေးများတွင် ဆယ်ယူရရှိပါက လောင်းကြေးငွေ ပမာဏ ဆယ်ဆ ရရှိမည်ဖြစ်ပြီး ဆယ်၍ မရပါက လောင်းကြေးငွေ တစ်ဆ ပေးရမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အဆိုပါ လောင်းကြေးများသည် ဆယ်ယူရရှိပါက အဆ နှစ်ဆယ် ရရှိမည်ဖြစ်ပြီး မရရှိပါက တစ်ဆ ပေးရမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

“ကျွန်တော်လည်း အဲဒါကို ကြားပါတယ်။ ဆယ်လေး တစ်လေးတို့ အဆနှစ်ဆယ် တစ်ဆတို့ ကြားတယ်။ ဒါတွေကတော့ ၀ိဇ္ဇာလိုင်းရယ်၊ သိပ္ပံလိုင်းရယ် ရှိတယ်လေ။ သိပ္ပံလိုင်းက လူတွေကတော့ အယုံအကြည် သိပ်မရှိကြဘူး။ ၀ိဇ္ဇာလိုင်းကို လက်ခံသူတွေ ကျတော့လည်း ပရလောကဆိုတာ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့။ အဲတော့ ပြောလို့မရဘူးဆိုတဲ့ ယုံကြည်မှုတွေကြောင့်ပါ”ဟု အေးရှားပွိုင့် ဘိုးလင်းစင်တာ၏ မန်နေဂျာ ဦးလှတင်က ပြောကြားသည်။

From: Tomorrow

www.mmdailystar.com

အကြွေးနဲ့ ၀ယ်ထားတဲ့ကားဖိုးငွေ အတွက် ၁၄ နှစ်အရွယ် မိမိ သမီးကို ကားရောင်းသူနှင့် လိင်ဆက်ဆံခိုင်းတဲ့ မိဘအပါအ၀င် ကမ္ဘာ့ အဆိုးဝါးဆုံး မိဘ ၅ ယောက်

တစ်ခါတလေမှာတော့ အဖေနဲ့အမေက သူတို့ရဲ့လမ်းညွှန်မှုတွေ၊ ဘဝသင်ခန်းစာတွေ၊ လူရှေ့မှာချစ်ခင်မှုပြသတာတွေ ဒါမှာမဟုတ်အရိုးရှင်းဆုံးအနေနဲ့ သူတို့ရဲ့တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ကလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ချစ်ခြင်းကို ဘယ်လိုမျိုးပဲပြပြ မိဘတွေက သူတို့ရဲ့ကလေးတွေအတွက် အကောင်းဆုံးဆိုတာကို အမြဲအလိုရှိကြတယ်ဆိုတာကိုတော့ ငြင်းဆန်လို့မရပါဘူး။ ဒါပေမယ့် အရာရာတိုင်းမှာတော့ ခြွင်းချက်တွေရှိတတ်တာဖြစ်ပြီး အုပ်ထိန်းမှုကို မှားယွင်းစွာလုပ်ဆောင်နေတဲ့ မိဘတွေရှိပါတယ်။ ကိုယ့်ကလေးတွေကို ငယ်ရွယ်တုန်း ဘယ်အရာမဆိုလုပ်ဖို့ခွင့်ပြုတာက ကလေးရဲ့ဘယ်အပိုင်းမှာပဲဖြစ်ဖြစ် ဖွံ့ဖြိုးမှုကိုထိခိုက်စေပါတယ်။ အခုဖေါ်ပြမှာကတော့ သူတို့ကိုယ်သူတို့ ဟုတ်နေမှန်နေပြီလို့ ယူဆနေကြတဲ့ ကမ္ဘာ့အဆိုးဝါးဆုံးမိဘတွေထဲကအချို့ဖြစ်ပါတယ်။

၁။ ၇နှစ်အရွယ်သမီးကို ရင်သားပစ္စည်းထည့်သွင်းခွဲစိပ်နိုင်ဖို့ ဒေါ်လာ ၁၀၀၀၀ တန်ဘောက်ချာ လက်ဆောင်ပေးခဲ့တဲ့ မိခင်



ဒါဟာ ၇ နှစ်သမီးကိုတော့ ခွဲစိပ်တာမဟုတ်ပါဘူး ဒါပေမယ့် မိခင်ဖြစ်သူဟာသူမရဲ့ ၇နှစ်အရွယ်သမီးဖြစ်သူ ရင်သားကြီးထွားစေရေးခွဲစိပ်မှုအတွက် ဒေါ်လာ ၁၀၀၀၀ တန်ဘောက်ချာ လက်ဆောင်ပေးခဲ့ပါတယ်။

Sarah Burge ကသူမကိုယ်သူမ လူသားဘာဘီအဖြစ်ကြေငြာခဲ့ပြီး အလှအပပိုင်းဆိုင်ရာခွဲစိပ်မှုတွေမှာ ဒေါ်လာရာ၊ ထောင်ပေါင်းများစွာသုံးခဲ့တဲ့အတွက် အဓိကနာမည်ကြီးတာဖြစ်ပါတယ်။

သူမရဲ့ ၇နှစ်သမီးက သူမအသက် ၁၆ နှစ်ပြည့်တဲ့အခါ ရင်သားခွဲစိပ်မှုပြုလုပ်ချင်တယ်လို့ တောင်းဆိုခဲ့တယ်လို့ အဆိုပါအမျိုးသမီးကပြောခဲ့ပါတယ်။ တကယ်လို့သူ့သမီးမှာ သဘာဝအတိုင်းကြီးလာတဲ့ ရင်သားတွေရှိတယ်ဆိုရင် အခြားပလပ်စတစ်ဆာဂျရီတွေလုပ်ဖို့ ဒီ ချက်လက်မှတ်ကို အသုံးပြုနိုင်ပါတယ်လို့ သူမကပြောခဲ့ပါတယ်။ ဒါ့အပြင် သူမက သမီးဖြစ်သူကို တိုင်ပတ်တဲ့အက သင်ပေးခဲ့ပါတယ်။

၂။ မွေးစားသားကို ရုရှားပြန်ပို့ခဲ့တဲ့ မိခင်



အမေရိကန်နိုင်ငံ တန်နက်ဆီကအမျိုးသမီးတစ်ယောက်ကမွေးစားခဲ့တဲ့ ၇နှစ်သားကောင်လေးကို မော်စကိုအပြန်လေယဉ်ခရီးစဉ်မှာ တစ်ယောက်ထဲပြန်ပို့လိုက်အပြီးမှာ အမေရိကန်မိသားစုတွေ ကလေးမွေးစားတာကိုရပ်တန့်ဖို့ ရုရှားက သတိပေးခဲ့ပါတယ်။ ကောင်လေးက သူဟာအကြမ်းဖက်တတ်ပြီး စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိတယ်လို့ရေးထားတဲ့ စာတစ်ဆောင်နဲ့ပြန်လာတာဖြစ်ပါတယ်။ ၇နှစ်သား Artyom Savelev ကို သူ့မွေးစားအဖွားဖြစ်သူက လေယဉ်ပေါ်တင်ပေးလိုက်တာဖြစ်ပါတယ်။ တန်နက်ဆီက အာဏာပိုင်တွေကတော့ မွေးစားအမေဖြစ်သူကို စုံစမ်းစစ်ဆေးနေခဲ့ပါတယ်။ မွေးစားအမေရဲ့အဆိုအရ ကလေးက စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုမရှိ၊ အကြမ်းဖက်တတ်ပြီး ပြင်းထန်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြသနာတွေရှိတယ်လို့သိရပတယ်။ သူတို့မိသားဟုဟာ မော်စကိုလေဆိပ်ကနေကောင်လေးကိုခေါ်ယူပြီး ရုရှားပညာရေးနဲ့သိပ္ပံဝန်ကြီးဌာနကိုပို့ဖို့ လူတစ်ယောက်ကို ဒေါ်လာ ၂၀၀ ပေးခဲ့ပါတယ်။ မွေးစားမိခင်က သူမက လေယဉ်ပျံသန်းနေတုန်း လေယဉ်မယ်တစ်ယောက်နဲ့ Artyom ကိုကြည့်ရှုဖို့ နဲ့ ဂုဏ်သိက္ခာရှိတဲ့လူကောင်းတစ်ဦးကို ရုရှားမှာလာကြိုဖို့အတွက်တောင်းဆိုခဲ့တဲ့အတွက် ဒါဟာကလေးစွန့်ပစ်မှုမဟုတ်ကြောင်းပြောပါတယ်။

၃။ ရှစ်နှစ်သမီးကို ပိုပြီးလှအောင်ဆိုပြီး Botox ဆေးထိုးပေးတဲ့မိခင်



အမေရိကရဲ့တောင်ပိုင်းပြည်နယ်တွေက အလှမယ်မိခင်တွေကသူတို့ရဲ့သမီးငယ်တွေကို ဖယောင်းသုံးအမွေးနှုတ်ခြင်း၊ နေလောင်ခံထားတဲ့ အသားအရေပုံပေါက်အောင် လိမ်းဆေးများလိမ်းခြင်း၊ မိတ်ကပ်တန်ပေါင်းများစွာလိမ်းချယ်ခြင်းစတဲ့ ရူးကြောင်ကြောင်အလုပ်တွေလုပ်တတ်ကြတဲ့ အတွက်နည်မည်ကြီးပါတယ်။ ကာလီဖိုးနီးယား၊ ဆန်ဖရန်စစ္စကိုက ဗြိတိသျှမိခင်တစ်ဦးက သူမရဲ့ ၈ နှစ်သမီးရဲ့ ပါးရေအတွန့်တွေပျောက်ဖို့ဆိုပြီး Botox ဆေးထိုးသွင်းခဲ့ပါတယ်။ သူမကတော့ ကလေးအလှမယ်တွေရဲ့ ဆိုးဆိုးဝါးဝါးပြိုင်ဆိုင်မှုပြင်းထန်တဲ့ လောကထဲ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် သမီးဖြစ်သူ Britney ကိုကူညီခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ကလေးမလေးက မိခင်ဖြစ်သူ သူမမျက်နှာကိုပထမဆုံးအကြိမ် Botox အထိုးခံရတုန်းက ငိုကျွေးခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ သူမရဲ့သမီးဟာ ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်စေတဲ့ bacterial botulinum toxin ထိုးသွင်းမှုတွေနဲ့ ကျင့်သားရနေပြီလို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိခင်ဖြစ်သူက ဒီဇာတ်လမ်းက သတင်းမှားတစ်ခုဖြစ်ပြီး ဗြိတိသျှသတင်းစာ The Sun ကဒီသတင်းမှားကိုဖန်တီးဖို့ သူမကိုငွေပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေဟာ မှန်မှန်မမှန်မှန် မိခင်တွေက သူတိုရဲ့ကလေးအသက်နဲ့မလိုက်အောင် အလှအပရေးဆိုင်ရာနည်းစနစ်တွေသုံးပြီး ဒုက္ခပေးနေတတ်တဲ့ ဒီလိုအဖြစ်အပျက်မျိုးကကမ္ဘာကြီးကို မကြာခဏလှုပ်ခါနေကျပါ။

၎။ ငွေမပေးချေရသေးတဲ့ကားအတွက် သမီးကိုလိင်ဆက်ဆံခိုင်းတဲ့ မိဘနှစ်ဦး



မိဘနှစ်ဦးက သူတို့ရဲ့ တစ်ပတ်ရစ် မီနီဗန်ကားအတွက် ငွေအကျေဖြစ်ဖို့ သူတို့ရဲ့ ၁၄ နှစ်သမီးကို လူတစ်ယောက်နဲ့လိင်ဆက်ဆံခိုင်းခဲ့ပါတယ်။ အဲဒီ့မိဘနှစ်ဦးက သူတို့ဘယ်တုန်းကမှ သမီးကိုအလွဲသုံးစော်ကားခဲ့တာမျိုးမလုပ်ခဲ့ပေမယ့် ဒီလိုရည်ရွယ်ချက်နဲ့ သူမကို လိင်ဆက်ဆံဖို့ တိုက်တွန်းဖူးပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ သူတို့ကို ထောင်ဒဏ် ၆ လနဲ့ အာဏာပိုင်အရာရှိနဲ့ပုံမှန်တွေဆုံပြီး ငြိမ်းချမ်းစွာနေထိုင်ခွင် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီ့မိဘနှစ်ဦးဟာ သူတို့ဝယ်ယူခဲ့တဲ့ ၁၉၉၈ Dodge Caravan ကားအတွက် လစဉ်ကြေး ၂၈၁ ဒေါ်လာကိုပေးချေစရာမလိုတော့အောင် Eastman မှာရှိတဲ့ Shorty’s Used Cars ကားအရောင်းအဝယ်လုပ်ငန်းရဲ့ မန်နေဂျာ Bearden ကိုသူတို့သမီးနဲ့လိင်ဆက်ဆံခွင့်ပေးခဲ့တာဖြစ်ပါတယ်။

၅။ ကလေးငယ်ကို ကားရပ်နားရာနေရာမှာ မေ့ကျန်ခဲ့တဲ့ မိဘတွေ



ဒေါသတကြီးရန်ဖြစ်နေကြတဲ့ လင်မယားနှစ်ဦးဟာ သူတို့ကားရပ်နားနေရာကနေ တစ်ယောက်တစ်လမ်းစီစွန့်ခွာသွားပြီး သူတို့ရဲ့ ၈ နှစ်အရွယ်ကလေးငယ်ကို မေ့ကျန်ခဲ့တာဖြစ်ပါတယ်။ မိခင်ဖြစ်သူအိမ်ပြန်ရောက်ပြီး သူမရဲ့လင်ယောကျာ်းမှာလဲကလေးမပါသွားဘူးဆိုတာသိခဲ့တဲ့အချိန်ထိတော့ မဟုတ်ပါဘူး။ နေရောင်အောက်က ပူပြင်းတဲ့ကွန်ကရစ်ပေါ်မှာထိုင်နေတာကိုတွေ့ရတယ်လို့ ကလေးကိုတွန်းလှည်းထဲမှာတွေ့ခဲ့တဲ့လူက ပြောပါတယ်။ ဒါကမတော်တဆမှုလို့ပြောနေတဲ့ မိဘတွေကို ရဲကဖမ်းဆီးခဲ့ပါတယ်။

Ref:trendingpost.net


From: Trend Myanmar

www.mmdailystar.com

“အိုင်အက်စ်(IS) အဖွဲ့ကို ဘယ်လို အထိရောက်ဆုံး တုန့်ပြန်ကြမလဲ”


အိုင်အက်စ်(IS)အိုင်အက်စ်အိုင်အက်စ်(ISIS)အုပ်စုအဖွဲ့ဝင်များ စီစဉ်ပြုလုပ်သည့် ထိတ်လန့်စရာ အကြမ်းဖက် သတင်းများက တစ်ကမ္ဘာလုံးကို အံ့အားသင့်ချောက်ချားခဲ့ရပါသည်။ သူတို့အဖွဲ့သည် မွတ်စလင်၊ ခရစ်ယာန်နှင့် တခြားလူနည်းစုများအပေါ် အကြမ်းဖက်မှုများဆက်တိုက်ဆိုသလို
ဆောင်ရွက်နေသူများဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းမှာ အိုင်အက်စ်(IS)အဖွဲ့သည် အမေရိကန် သတင်းစာဆရာ ဂျိုးဇက်ဖိုလီကို ခေါင်းဖြတ်သတ်ခဲ့သလို ခရစ်ယာန်ဘာသာသာဝင်များနှင့် အီရတ်မြောက်ပိုင်းယာဇီဒီလူမျိုးများကို မုဒိမ်းကျင့်ခြင်း၊ ခေါင်းဖြတ်ခြင်းဖြင့် ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ သတ်ဖြတ်ရာတွင် အိုင်အက်စ်(IS)အဖွဲ့က လူမှုရေးအင်တာနက်စာမျက်နှာများကို အသုံးပြုကာ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်နေသော ဓာတ်ပုံများကို တင်ပြီး သူ၏ အကြမ်းဖက်မှုလုပ်ဆောင်ချက်များကို အရှိန်မြှင့်လာခဲ့၏။
ထိုအခြေအနေတွင် အိုင်အက်စ်(IS)အဖွဲ့မှာ ပါဝင်တိုက်ခိုက်နေသော အမေရိကန်နိုင်ငံသားတစ်ဦး တိုက်ပွဲမှာ သေဆုံးသွားသည့် သတင်းက စိုးရိမ်မှုများကို နှစ်ဆတိုးလာစေသည်။ ထိုသူသည် အမေရိကန်နိုင်ငံ မနီပိုလစ် က ဒေါက်ကလစ်မက်အာသာမက်ကိန်းဆိုသူဖြစ်ကြောင်း အမေရိကန်အစိုးရက အတည်ပြုခဲ့သည်။

သူက အီရတ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့တာဖြစ်ပြီး သူနှင့်အတူ တခြားအမေရိကန်တစ်ဦးလည်း သေဆုံးခဲ့သည်။တကယ်တမ်းတွင်မူ တစ်ကမ္ဘာလုံးမှ မွတ်စလင်များမှ အိုင်အက်စ်(IS)အဖွဲ့ကို မွတ်စလင်များမဟုတ်ပါဟု ရှုတ်ချအပြစ်တင်ထားပါသည်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ သီးခြား မွတ်စလင်နိုင်ငံတော်အဖြစ် ကြေညာထား၏။ အီဂျစ်နိုင်ငံက သြဇာကြီးမားသည့် မွတ်စလင်ဘာသာရေးခေါင်းဆောင် မုဖနီရှော်ကီအာလမ် က အိုင်အက်စ်(IS)အဖွဲ့ကို အစ္စလာမ်ဘာသာနှင့် မွတ်စလင်ဘာသာဝင်များကို ဒုက္ခပေးမည့် အစွန်းရောက် သွေးဆာနေသူအုပ်စုတစ်စုဟု ပြောကြားလိုက်သည်။ထိုကဲ့သို့ ရှုတ်ချပြစ်တင်မှုတွေရှိသော်ငြား ဆီးရီးယားနိုင်ငံက အိုင်အက်စ်(IS) အဖွဲ့တွင် နိုင်ငံခြားသား တိုက်ခိုက်သူတပ်ဖွဲ့သားများက အရေအတွက် ၁၁၀၀၀ အထိ ရှိလာနေပြီဟု ခန့်မှန်းရသည်။ ထိုအထဲတွင် အမေရိကန်နိုင်ငံသားတွေ ဒါဇင်နှင့်ချီပြီးပါနေသည်။ တချို့ အမေရိကန်များကလည်း အိုင်အက်စ်(IS) အဖွဲ့ထဲ က ရာထူးအမြင့်တွေကို မျှော်မှန်းရင်း တိုက်ပွဲများတွင် တိုက်ခိုက်ပြီး သေဆုံးကြသည်။ အိုင်အက်စ်(IS)အဖွဲ့ သည် တကယ့်ကို အလေးထားဂရုပြုစရာ ခြိမ်းခြောက်မှုကြီးဖြစ်ပြီး သူတို့ကို ရပ်တန့်တားဆီးရန် စစ်အင်အား လည်း လိုပါသည်။ အီရတ်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုက ကာဒတ်စ်သူပုန်းများ၊ အီရတ်တပ်ဖွဲ့များနှင့် ပေါင်းပြီး လေကြောင်းက တိုက်ခိုက်သလိုမျိုး ဆီးရီးယားမှာ အိုင်အက်စ်(IS)အဖွဲ့များကို တိုက်ခိုက်ဖို့လည်း စဉ်းစားနေကြပါသည်။

သို့သော်လည်း နယူးယောက်အခြေစိုက် အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ အစ်ဟူစိန်က စစ်အင်အား သုံးခြင်းက ရေရှည်ဖြေရှင်းနည်းမဟုတ်ဘဲ အိုင်အက်စ်(IS)အဖွဲ့၏တပ်သားသစ် စည်းရုံးထောက်ပံ့နေသည့် လိုင်းများကိုသာ ဖြတ်တောက်ဖို့က ပိုအရေးကြီးသည်ဟု ဆိုပါသည်။ စစ်ရေးကရေတိုသာဖြစ်ပြီး ဉာဏ်ရည်ဖြင့် ယှဉ်ပြိုင်ရမည်ဟု သူကဆိုပါသည်။

ဟူစိန်က အိုင်အက်စ်(IS)အဖွဲ့သည် နောက်ခံတောင့်တင်းမှုအားနည်းသည့် အသက်(၁၈)နှစ်ကနေ (၂၅)နှစ်အတွင်း လူငယ်များကို ရှာဖွေနေသည်ဟု ဆိုပါသည်။ လူငယ်တွေကို ကမ္ဘာပေါ်က မတရားမှုများကို ထောက်ပြကာ အိုင်အက်စ်(IS)အဖွဲ့ကိုဝင်ပြီး ကမ္ဘာပေါ်က မတရားမှုတွေကို တိုက်ဖျက်ဖို့ စည်းရုံးပါသည်။ သူတို့၏ ပစ်မှတ်ကတော့ အနောက်နိုင်ငံများနှင့် အကျင့်ပျက်သည်ဟု သူတို့ယူဆသော မွတ်စလင်နိုင်ငံများမှ အစိုးရများဖြစ်သည်။

တချို့ပညာရှင်များကတော့ အိုင်အက်စ်(IS)အဖွဲ့ကို ချေမှုန်းရင်း တခြားနည်းလမ်းများကိုလည်း ထောက်ပြပါ သည်။ အင်္ဂလန်နိုင်ငံမှ နိုင်ငံရေးအကြံပေး မက်ဒီဟန်ဆန်က တချို့လူများက အိုင်အက်စ်(IS)အဖွဲ့ကို ဝင်ဖို့ စိတ်အားထက်သန်ရခြင်းမှာ အိုင်အက်စ်(IS)အဖွဲ့သည် အစ္စလာမ်ဘာသာ၏ အခြေခံများကို လျစ်လျူရှုခြင်း ကြောင့် ဖြစ်သည်ဟုဆိုသည်။ ကမ္ဘာပေါ်ကလူငယ်များ၏ ပြဿနာကို မိဘအသိုင်းအဝိုင်းက လက်ခံနားထောင် မပေးကြ။ လောကကြီး တရားမမျှတမှုများကို ဖြေရှင်းဖို့ လူငယ်တွေကို ကူညီလမ်းပြခြင်းမရှိကြဟု ဆိုသည်။ ထို့ကြောင့် လူငယ်တွေအတွက် အိုင်အက်စ်(IS)အဖွဲ့လိုမျိုးတွေက ကယ်တင်ရှင်တွေလိုဖြစ်လာ၏။ ထို့ကြောင့် လူငယ်များ၏ ပြဿနာများကို ဖြေရှင်းကူညီမှုကသာလျှင် အိုင်အက်စ်(IS)အဖွဲ့က လူငယ်များအား စည်းရုံးမှု များကို တားဆီးနိုင်မည်ဟု သူကဆိုသည်။

“အဲဒီ လူငယ်မျိုးဆက်သစ်တွေကို အဓိပ္ပါယ်ရှိတဲ့ဘဝကို ရှာဖွေဖို့ ဗဟုသုတနဲ့ ပံ့ပိုးမှုတွေကိုပေးရမှာက ကျွန်တော်တို့ အားလုံးရဲ့တာဝန်ပါ”

ယခုအခါမှာ ကမ္ဘာပေါ်ရှိလူငယ်များကို သေဆုံးမှုနှင့် ဘဝကို ဖျက်ဆီးမည့် လမ်းကြောင်းကို ခေါင်းထဲ ရိုက်ထည့်ပေးဖို့အတွက် အိုင်အက်စ်(IS)အဖွဲ့နှင့် အစွန်းရောက်အဖွဲ့များက လူငယ်တွေဆီကို အသည်းအသန် ရှောက်ရှိဖြားယောင်းရန် ကြိုးစားနေပါပြီ။ ထို့ကြောင့် လူငယ်အများစုဆီကို ကမ္ဘာကြီးပေါ်က သာယာလှပလာ အောင် မတရားမှုများကို တိုက်ဖျက်ပေးမည်မှာ အိုင်အက်စ်(IS) အဖွဲ့မဟုတ်ဘဲ မိသားစုဝန်းကျင် အသိုင်း အဝန်းသာဖြစ်ကြောင်း သတင်းစကားပြသနိုင်ရန် အရေးကြီးလှပါသည်။

ထားထားမြင့်


(ကိုးကား The Huffington Post သတင်းစာပါ ISIS and the Crisis of Meaning ဆောင်းပါး)
 
From:OE

www.mmdailystar.com

ထိုင်းဝန်ကြီးချုပ် က အစိုးရအဖွဲ့ကို စစ်အရာရှိများဖြင့် ဖွဲ့စည်း


ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် နဲ့ ၀န်ကြီချုပ်သစ် ဖြစ်တဲ့ ပရာယွတ်ချန်အိုချာ ဟာ အစိုးရ အဖွဲ့ကို စစ်သားတွေနဲ့ ဖွဲ့စည်းဖို့ ဘုရင့်ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးနယ်ပယ်ထဲ   နေရာချဲ့ထွင်လာပြီ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၃၂ဦးပါ အစိုးရအဖွဲ့အတွင်း သုံးပုံတစ်ပုံနီးပါးက စစ်တပ်အကြီးတန်း အရာရှိတွေ ဖြစ်ပါတယ်။

စစ်တပ်အင်အားကြီးပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့ထဲထည့်သွင်းခြင်းဟာ နိုင်ငံမှာ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေတဲ့ သဘောထားကွဲပြားမှုတွေကို အဖတ်ဆည်ပေး နိုင်ပါ့မလားလို့ ဝေဖန်သူ
တွေက မေးခွန်းထုတ်နေကြပါတယ်။


Ref: AFP
From:OE

www.mmdailystar.com

Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ( ၂ ) ( ဓါက်ပုံ ၁၂၆ ပုံ ) 18+






























































































































ဆိုက်ဘာ အဖျက်သမား Hacker များ၏ လက်ချက်ဟု ယူဆရသည့် အခြေအနေကြောင့် အမေရိကန်မှ ရုပ်ရှင်နှင့် ဂီတကြယ်ပွင့် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်(၃၁)ရက် နံနက်ပိုင်းမှ စတင်ကာ အော်စကာဆုရှင် မင်းသမီး ဂျနီဖာလောရင့်စ်နှင့် Pop ဂီတစတား ရီဟားနားတို့၏ ဓာတ်ပုံများ အပါအဝင် နာမည်ကျော်တို့၏ အဖော်အချွတ်ဓာတ်ပုံ အများအပြား Social Media များပေါ် ရောက်လာခြင်း ဖြစ်သည်။

 Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ( ၁ )
အား  ကြည့်ရှု့လိုပါက   ဒီမှာ    ကြည့်နိုင်ပါတယ်။


www.mmdailystar.com
Related Posts Plugin for WordPress, Blogger...