Wednesday, 3 September 2014

သမ္မတ ရဲ့ ဥရောပ ခရီး နှင့် ပြည်သူတစ်ယောက်၏ အမြင်



ပထမအချက်ကနိုင်ငံသားတိုင်းဟာဒီမိုကရေစီကို ယုံကြည်
ရင် နိုင်ငံတော်အကြီးအကဲ ဘယ်သူပဲဖြစ်ဖြစ်လေးစားသမှု
ရှိရမယ်။

သူက နိုင်ငံတော်ရဲ့ မျက်နှာစာ။နိုင်ငံတော်ရဲ့ပုံရိပ်။

သမ္မတ က ဘယ်သူ ဘယ်ဝါဖြစ်ဖြစ်နိုင်ငံတော်ရဲ့အထွတ်
အထိပ်ပဲ။

ကြိုက်ချင်ကြိုက်မကြိုက်ချင်နေနိုင်ငံတော်မျက်နှာကိုတော့
အိုးမဲမသုတ်ဖို့ ပြောချင်တယ်။

လုပ်ချင်တယ်ဆိုရင်တော့လည်း ဆက်လုပ်ပါ။မြန်မာနိုင်ငံ
သားလို့ကိုယ့်ကိုယ်ကိုယ်ဆက်မပြောဖို့တော့လိုမယ်။

သမ္မတဖြစ်လာရင်ဒေါ်စု ဖြစ်ဖြစ် ဦးသိန်းစိန်ဖြစ်ဖြစ်တခြား
ဘယ်သူဘယ်ဝါဖြစ်ဖြစ်နိုင်ငံသားမှန်ရင်သမ္မတ ဆိုတဲ့ဂုဏ်
ကို တော့လေးစားကြဖို့ လိုမယ်။

အစိုးရရဲ့ အားနည်းချက်တွေကို ဝေဖန်တာထောက်ပြတာ
က တစ်ပိုင်းပဲ။

ကျနော်ကိုယ်တိုင်လည်း အစိုးရအဖွဲ့ကိုလုံးဝမကြိုက်ပါဘူး။
အရင်လူတွေက အရင်အတွေးတွေနဲ့အရင်ပုံစံတွေ ခေါက်
ရိုးကျိုးနေလို့ အခုအောင်မြင်မှုမရတာပဲ။

ဒါပေမယ့်
နိုင်ငံကြီးသားတွေရဲ့အမူအကျင့်ကောင်းတွေကိုလေ့ကျင့်
ပျိုးထောင်မှနိုင်ငံကြီးတစ်ခု ဖြစ်လာနိုင်မှာပေါ့။

ဒုတိယ တစ်ချက်ကနိုင်ငံခြားတိုင်းပြည်တွေ မှာနိုင်ငံရေး
အကြောင်းရင်းခံနဲ့ သွားအခြေချနေကြပြီးသမ္မတလာတာ
နဲ့ ဆန္ဒပြလိုက်မယ်ဆိုတာမျိုးကအသရေဖျက်လိုက်မယ်ဆို
တာမျိုးက၂၀၁၀ နောက်ပိုင်းမှာ တော်တော် အကျည်းတန်
သွားပြီ။

နိုင်ငံတော်ကို အသရေဖျက်ရာရောက်တယ်ဆိုတာ မသိ
ကြတာလား။

ကိုယ်က ဘယ်လောက်နိုင်ငံအတွက် စေတနာမှန်မှန်နဲ့
လုပ်ခဲ့သလဲလုပ်နေသလဲ ပြန်ဆန်းစစ်ဖို့လည်းလိုမယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကမြန်မာနိုင်ငံ ရဲ့ နိုင်ငံ
ရေး အပြောင်းအလဲ ကို အသိအမှတ်ပြုပြီး ပြောင်း သထက်
ပြောင်းကောင်းသထက်ကောင်းဖို့ဝိုင်းကူညီနေကြတဲ့အချိန်
မှာ ဝိုင်းတွန်းနေကြချိန်မှာမြန်မာနိုင်ငံ ကို ချစ်လှပါချည်ရဲ့ဆို
တဲ့ နိုင်ငံသားတချို့ကနိုင်ငံခြားထွက် ဇိမ်ခံနေပြီးမြန်မာနိုင်ငံ
မှာ ဘာ အပြောင်းအလဲ မှ မရှိဘူး။ လေပဲလို့ ပြောနေတာ
လည်းတော်တော် ရယ်စရာကောင်းတဲ့ ကကွက် တစ်ခုဆို
တာလေးပါ။

ပြောချင်တာကတော့ အခြေအနေတွေ ကို မှန်မှန်ကန်ကန်
မြင်အောင်ကြည့်ဖို့နဲ့တိုင်းပြည်နဲ့လူထုကို ချစ်ကြတယ်ဆို
ရင်လည်းမှန်မှန်ကန်ကန်လေးချစ်ကြရင် ပိုများအဆင်ပြေ
မလားလို့ပါ။အထင်ကြီးတာလေးစားတာ ခံယူချင်ကြတယ်
ဆိုရင် ပြောတာပါ။ ။
From:
(စာရေးသူ-ဆရာပိုက်တင်)၊(ဓာတ်ပုံ-ဦးရဲထွဋ်)

www.mmdailystar.com

ကမ္ဘာကျော်သွားသည့် မေမြတ်နိုး၏ ပြန်လည်ဖြေရှင်းချက်

ယနေ့နံနက်ပိုင်းက House of Memories တွင် ကျင်းပခဲ့သော အလှမယ်
မေမြတ်နိုး၏ စာနယ်ဇင်းရှင်းလင်းပွဲ၌ ကမ္ဘာ့မီဒီယာများသို့ ထုတ်ပြန်ကြေငြာချက်ကို မြန်မာဘာသာဖြင့် ပြန်လည်တင်ပြအပ်ပါသည်။

.............................................................................................

ကိုးရီးယားသမ္မတနိုင်ငံမှ သတ်မှတ်လျာထားချိန်ထက် စောစီးစွာပြန်လာခဲ့သည့်အပေါ် လွန်ခဲ့သော ရက်ပိုင်းအတွင်းက ကျွန်မကိုရည်ရွယ်ပစ်မှတ်ထားလျက် မဟုတ်မမှန်စွပ်စွဲချက်များဖြင့် အုံလိုက်ကျင်းလိုက် တိုက်ခိုက်ထိုးစစ်ဆင်လာသည်ကို တွေ့ရပါသည်။ ထိုကဲ့သို့သော အခြေနေတွင် ကျွန်မ၏ ပထမဆုံးတုံ့ပြန်ချက်အနေဖြင့် မြန်မာနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ အားပေးနှစ်သိမ့်ကြသူများ၏ တစ်ခဲနက်သော စေတနာမေတ္တာများအတွက် ကျွန်မ၏ရင်တွင်းမှ ကျေးဇူးတင်ပါကြောင်းနှင့် လှိုက်လှဲစွာ အသိအမှတ်ပြု တန်ဖိုးထားပါကြောင်း တင်ပြလိုပါသည်။ ယခုကဲ့သို့ တင်ကူးကြံစည်မှုများဖြင့် အကွက်ကျကျ စီစဉ်ကာ ကျွန်မ၏ဂုဏ်သိက္ခာကို ထိပါးရန် ကြိုးစားအားထုတ်နေချိန်တွင် ကိုယ့်အပေါ် ယုံကြည်ခြင်း၊ စာနာသနားခြင်းတို့ဖြင့် ရပ်တည်ပေးနေသော ပရိတ်သတ်ကြီး၏ အားပေးသံများကြောင့်သာ ကျွန်မအနေဖြင့် ရှင်သန်ရပ်တည်နိုင်စွမ်းရှိနေသည်ဟု ဆိုနိုင်ပါသည်။ ထိုကာလများအတွင်း ကျွန်မအနေဖြင့် ပြန်လှန်ချေပခြင်းမပြုတော့ဘဲ ခပ်မဆိပ်သာနေရန်ရည်ရွယ်ထားသော်လည်း ယခုလို တစ်ဖက်၏ ထိုးနှက်ချက်တို့မှာ ကျွန်မတို့ချစ်သော ပြည်ထောင်စုကြီးကိုပါ စော်ကားမော်ကားပြုသည့် အနေအထားသို့ရောက်လာချိန်တွင်မူ ကျွန်မအနေဖြင့် ဆက်လက်၍ရေငုံနှုတ်ပိတ်နေမည်ဆိုပါက ခွင့်လွှတ်ရခက်လောက်အောင်ကို တာဝန်ကင်းမဲ့စွာဖြင့် အပြင်းအထန် မျိုးချစ်စိတ်ကင်းမဲ့ရာရောက်ပါချေတော့မည်။ ဤတွင် မြန်မာအမျိုးသမီးတစ်ဦးအနေဖြင့် စိတ်ပျက်တုန်လှုပ်မှုအဖြစ်ရဆုံး အချက်မှာ ကျွန်မတို့ မြန်မာနိုင်ငံကိုယ်စားပြု ဒါရိုက်တာဇနီးမောက်နှံနှစ်ဦးတို့၏ လေသံများတွင် ကိုယ့်မွေးရပ်မြေအပေါ် သိက္ခာကျဆင်းအောင် တစ်ဖက်က ပြောဆိုနေသော ထိုးနှက်ချက်များနှင့် ပတ်သက်ပြီး သူတို့ကပါ အားပေးထောက်ခံနေသည့် သဘောသဘာများကို မဖုံးနိုင်မဖိနိုင် တွေ့နေရခြင်းပင်ဖြစ်ပါသည်။

ကျွန်မအပေါ်သူတို့ဖက်မှ စွဲချက်တင်ထားသည့် အချက်ပေါင်းများစွာတို့အနက် တစ်ချက်မှာ ကျွန်မသည် မိမိကို ယခုလို သရဖူအနိုင်ရှိအောင် အားပေးမြှောက်စားခဲ့သည့် စာနယ်ဇင်းဆရာများနှင့် ပရိသတ်အပေါ် လိမ်လည်လှည့်ဖျားသည်သာမက မလေးမစား ရိုင်းစိုင်းခဲ့သည်ဟုဖြစ်ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်မတုံ့ပြန်လိုသည်မှာ ယခုလို ကျွန်မက လိမ်ညာတတ်ကြောင်း မောက်မာကြောင်း သူတို့စွပ်စွဲချက်အတိုင်း ပြုကျင့်ခဲ့ပါသည်ဟု မည်သည့်အခါကမျှ မည်သည့် မီဒီယာအဖွဲ့အစည်းကရော လူထုပရိသတ်ကြီးကပါ ကျွန်မအပေါ် မကျေမနပ် ဝေဖန်အပြစ်တင်တာမျိုးခံခဲ့ရသည်ဟူ၍ လုံးဝမရှိခဲ့ပါ။ တကယ်တော့ လိမ်တတ် ညာတတ်သည့်အကြောင်း ပြောကြကြေးဆိုပါက ကျွန်မကို အဆိုတော်လုပ်ရန် ကိုးရီးယားသို့ ခေါ်ရန် ချုပ်ဆိုခဲ့သော စာချုပ်တွင် သုံးလနေထိုင်ရမည်ဖြစ်သည်နှင့်အညီ ကျွန်မတို့ သားအမိနှစ်ယောက်နေထိုင်ရန် တိုက်ခန်းတစ်ခု ငှားရမ်းပေးမည်ဟု ဆိုခဲ့သော်လည်း အမှန်တကယ်ရောက်သွားချိန်တွင် ဆိုခဲ့သော နေရာထိုင်ခင်းမျိုး စီစဉ်ထားပေးခဲ့ခြင်း လုံးဝမရှိသည်ကို အံ့အားသင့်ဖွယ် ကြုံတွေ့လိုက်ရပါသည်။ ထို့အပြင် ကိုရီးယားအဖွဲ့အစည်းဖက်မှ ကျွန်မအပေါ်စွပ်စွဲသည့်နောက်တစ်ချက်မှာ ကျွန်မိခင်သည် တရားမ၀င်သော နည်းဖြင့် (၃) လဗီဇာကို ထုတ်ယူခဲ့သည်ဟုဖြစ်ပါသည်။ သူတို့ဖက်မှ ခေါ်စာပို့ရာတွင် သြဂုတ်လ (၂၉) ရက်နေ့အထိလာရောက်နေထိုင်ရန် ရေးသားပေးခဲ့သည်ကားမှန်ပါသည်။ ထိုစာကိုလည်း ကျွန်မတို့က ပြင်ပြီး တင်တာမဟုတ်ခဲ့ပါလျက် သံရုံးက (၃)လတိုင်အောင် ဗီဇာထုတ်ပေးလိုက်တာသာ ဖြစ်ပါသည်။ ဗီဇာလျှောက်ထားသူတစ်ဦးကို မည်သည့်ကာလတိုင်အောင် ဗီဇာပေးအပ်မည်ဆိုသည်မှာ ရန်ကုန်မြို့ရှိ ကိုရီးယားသံရုံးဖက်မှ လုပ်ပိုင်ခွင့်အာဏာသာဖြစ်ပါသည်။ ထို့အပြင် ကျွန်မကို မယ်အဖြစ်မှ ဖယ်ရှားပြီးချိန်တွင် ဆုသရဖူကို ကျွန်မကပြန်မပေးဘဲ ခိုးယူထွက်ပြေးလာသည်ဟုပင် စွပ်စွဲချက်မျိုးကိုလည်း သူတို့ဖက်က ရေးသားခဲ့ပါသေးသည်။ အမှန်တကယ် သူတို့က ကျွန်မကို မယ်အဖြစ်မှ ရပ်စဲသော ကြေငြာချက်ကို ထုတ်ပြန်ချိန်တွင် ကျွန်မသည် ရန်ကုန်သို့ပြန်ရန် လေယဉ်ပေါ်သို့ လမ်းခုလပ်မှာ ရောက်နေပြီဖြစ်ပါသည်။ ဆိုလိုသည်မှာ ကိုးရီးယားနိုင်ငံမှ ကျွန်မပြန်လာသည့်အချိန်အထိ ကျွန်မသည် အလှမယ်တစ်ဦးအဖြစ် သူတို့ကိုယ်တိုင်က အသိအမှတ်ပြုလျက်ပင် ရှိသေးသည့်အလျောက် ကိုယ်နှင့်သက်ဆိုင်သည့် ပစ္စည်းကို တစ်ပါထည်းပြန်ယူလာသည်မှာ ခိုးသည်ဟုမဆိုနိုင်ကြောင်းတင်ပြအပ်ပါသည်။

ယင်းတို့ဖက်မှ ထုတ်ပြန်သော စာရွက်စာတမ်းများတွင် ကျွန်မဘာကြောင့် ပြန်ခဲ့ရသည်ဆိုသည့် အကြောင်းနှင့် ပတ်သက်၍ အမှန်တရားကို ဖုန်းကွယ်ရန် ကြိုးစားထားသည်ကို ကျွန်မ မအံ့သြမိသော်လည်း သူတို့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင် ကျွန်မကပဲ မှားနေသည့်အလား ပြောဆိုရေးသားကာ မျက်နှာပြောင်ဝံ့ကြသည်ကတော့ ထူးဆန်းနေပါသည်။ သူတို့အဖွဲ့အစည်းများနှင့် ဆက်ဆံခဲ့သည့်ကာလတစ်လျောက် လုပ်ငန်းပိုင်းဆိုင်ရာ အပါအ၀င် မလျော်ကန်သော အနေအထားများကို တွေ့နေခဲ့သည်မှာ ကြာပါပြီ။ သို့ရာတွင် အောက်တွင်ဖော်ပြထားသော မျက်လုံးပြူးစရာအချက်များမှာ ကျွန်မကိုးရီးယားမှ အမြန်ပြန်ပြေးချင်လာအောင်တွန်းပို့ခဲ့သည့် အချက်များဖြစ်နေသည့်အတွက် ပရိသတ်ကြီး အမှန်အတိုင်းသိရှိနိုင်ပါစေရန် လေးစားစွာတင်ပြလိုက်ရပါသည်။ ကျွန်မကိုးရီးယားက ပြန်လာခဲ့ရသည့် အဓိကအကြောင်းအရင်းများမှာ
- ဦးခေါင်းမှ ခြေဖျားအထိ ခွဲစိတ်ပြုပြင်ရန် အတင်းအကျပ် ဖိအားပေးတာ ခံခဲ့ရခြင်း
- တရားဝင်ဗီဇာ (၃) လနှင့် လိုက်ပါလာသောမိခင်အား အတင်းအကျပ်ပြန်လွှတ်မည်ဟုဆိုသည်သာမက သူတို့နှင်ထုတ်တိုင်းမပြန်ပါက ကျွန်မနှင့် ချုပ်ဆိုထားသော စာချုပ်ကိုဖျက်သိမ်းပစ်မည်ဟုခြိမ်းခြောက်ခဲ့ခြင်း၊ အမှန်တော့ အဆိုပါစာချုပ်တွင်ပင် မိသားစုအဖော်အဖြစ် လိုက်ပါနေထိုင်ရန်ခွင့်ပြုသည်ဟု ပါသည်ကို မသိကျိုးကျွံပြုခြင်း
- ခိုင်လုံသော အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ ဗီဇာသက်တမ်းတိုးရန်ဟုဆိုကာ သူတို့ခေါ်ရာ ဂျပန်သို့ အမေကိုထားခဲ့ပြီး ကျွန်မတစ်ယောက်ထဲ လိုက်ရမည်ဟု ပြောလာခြင်း
- အရင်က ထုတ်လုပ်သူတာဝန်ကို သူတို့ကယူပါမည်ဆိုခဲ့သော်လည်း ကျွန်မထုတ်မည့် တေးစီးရီးအတွက် ငွေအရင်းအနှီးကို ကျွန်မကပဲ ရှာပေးမှ ထုတ်လုပ်ပေးမည်ဟု ပြောလာသည့်အပြင် ထိုသို့ ငွေရှာရန် ကျွန်မသည် ငွေကြေးပြည့်စုံသော လုပ်ငန်းရှင်ကြီးများ လိုအပ်လို့ ခေါ်သည့်အခါ အဖော်အဖြစ် မည်သည့်အချိန်တွင်မဆို သွားရောက်ဧည့်ခံပေးရမည်ဟု ဆိုလာခြင်း တို့ဖြစ်ပါသည်။

ထို့အပြင် ကျွန်မသည် အလှမယ်တစ်ဦး၏ အခွင့်အရေးကို အလွဲသုံးစားပြုကာ တန်ဖိုးကြီးမားသော ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်းစွပ်စွဲထားပါသည်။ သူတို့၏ စွပ်စွဲချက်ဟုတ်မဟုတ်ကို ကျွန်မက အသရေဖျက်မှုဖြင့် ပြန်လည်သက်သေခံရမလို ဖြစ်နေပါသည်။ တကယ်တော့ ကျွန်မနောင်တရမိခဲ့ရသည့် တစ်ခုထည်းသောအချက်မှာ ကျွန်မ၏အသက်ကို (၁၆) နှစ်မှ (၁၈) နှစ်အထိ ပြင်ဆင်ခဲ့သော ကိုယ်စားလှယ် ဒါရိုက်တာများကို ထိုထက်ပို၍ခိုင်ခိုင်မာမာ သဘောမတူဘဲ တားမြစ်ခဲ့ဖို့ ကောင်းလေခြင်းဟုဖြစ်ပါသည်။

ယခုထက်ပိုသော အသေးစိတ် ရှင်းလင်းချက်များကို များမကြာမီကာလတွင် မြန်မာပြည်တွင်း စာနယ်ဇင်းများတွင် ဖော်ပြနိုင်ရန် မိခင်ဘာသာစကားဖြင့် ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ ကံကောင်းသည်က ကိုးရီးယားရှိ အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်ဒါရိုက်တာများနှင့် စကားပြောသည့်အခါ မူမမှန်သည့် ပြောကြားမှုမျိုး ကြားလာရသည့်အခါတိုင်းတို့တွင် ကျွန်မတို့သားအမိက သက်သေခံကျန်ရှိစေရန် အသံဖမ်းထားလိုက်နိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ကျွန်မဖက်မှ အလှမယ်တစ်ဦး၏ ဂုဏ်ပုဒ်နှင့် ဆန့်ကျင်၍ သရဖူပြန်သိမ်းရလောက်အောင် အကျင့်ပျက်ယွင်းသည့် အပြုအမူ အပြောအဆိုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း အလျဉ်းမရှိကြောင်း သံသယကင်းရှင်းစွာ အာမခံနိုင်သော်လည်း ယခုကဲ့သို့သော အဖွဲ့အစည်းမှ ပေးအပ်ခဲ့သော သဖူကို ပိုင်ဆိုင်ဝတ်ဆင်ခြင်းဖြင့် ကျွန်မ၏ဂုဏ်သိက္ခာ အတွက် အကျိုးဖြစ်ထွန်းစရာမရှိတော့သည့်အလျောက် အဆိုပါပစ္စည်ကိုလည်းမက်နေစရာအကြောင်းမရှိတော့ပါ။ ထိုသို့ဆိုသော်လည်း ထိုသရဖူကို မြန်မာနိုင်ငံရှိ ကိုယ်စားလှယ် ဒါရိုက်တာများထံသို့တော့ ကျွန်မကပြန်လည်အပ်နှံရန် လုံးဝသဘောမတူနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ဇနီးမောင်နှံ၏ အကျင့်စရိုက်နှင့် အပြုအမူတို့ကြောင့် ယခုကျွန်မနှင့် ပတ်သက်သော ကိစ္စတွင်သာမက နောက်နောင်တွင် ကျင်းပလတ္တံသော အလှမယ်ရွေးချယ်ပွဲများတွင်ပင် ပါဝင်ပတ်သက်ရန်လုံးဝမသင့်တော့ဟု ခိုင်ခိုင်မြဲမြဲ ယုံကြည်မိသော ကြောင့်ဖြစ်ပါသည်။ တစ်ဖက်၏ လိမ်ညာလှည့်ဖြားမှုများကြားဝယ် ကျွန်မသည်သာမက ကျွန်မ၏ နိုင်ငံကပါ အများအမြင်တွင် သိက္ခာကျဆင်းမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ကျွန်မကို အပုပ်ချလိုဇောဖြင့် ပြောခဲ့သော သူတို့စကားများကြောင့် ယခုအခါတွင် မြန်မာနိုင်ငံကလှမယ်က သဖူခိုးယူထွက်ပြေးတယ်ဟုပင် မီဒီယာအချို့တွင် ရေးသားလာကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုကဲ့သို့ မဟုတ်တမ်းတရားပြောဆိုခဲ့သော အဖွဲ့အစည်းအနေဖြင့် ကျွန်မတို့နိုင်ငံအပေါ် သူတို့ဖက်က မှားကြောင်းပြန်လည်တောင်ပန်စကားဆိုရန် အကြွေးတင်နေပြီဟု ယူဆမိသည်မှာ သဘာဝကျကြောင်း လက်ခံကြလိမ့်မည်ထင်ပါသည်။ သို့ဖြစ်ရာ ၄င်းတို့ဖက်မှ မြန်မာနိုင်ငံအပေါ် သိက္ခာကျဆင်းအောင် ပြောဆိုမိသည်နှင့်ပတ်သက်၍ မှားယွင်းမိကြောင်း တောင်းပန်စကားဆိုလာသည်ကို တွေ့ရမည်ဆိုပါက ကျွန်မအနေဖြင့် သူတို့ပေးအပ်ခဲ့သောသရဖူကို လိုလိုလားလား ပြန်လည်စွန့်လွှတ်ကာ ပေးအပ်မည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ အချိန်မအားလပ်သည့်ကြားမှ လာရောက်သော လူကြီးမင်းများအတွက် ကျွန်မဒီနေရမှာပင် နိဂုံးချုပ်လိုက်ပါရစေ။ နောက်ဆုံးအနေဖြင့် အခုလို ပြောခွင့်ရသည့်အချိန်တွင် ကျွန်မကို အားပေးချီးမြှောက်ကြသော လူထုပရိသတ်ကြီးကို အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါသည်ရှင်။

From: May Myat Noe

www.mmdailystar.com

ခေတ်သစ် ၈၈ များပေလော... ? ( ၂ )

( အော်တော်တော်အားနေကြတယ်ထင်တယ် မြန်မာပြည်မှာ ဆန္ဒပြတာကတစ်ခေတ်ထ ဆန်းနေပါလား ပေါ်ပြူလာကိုဖြစ်နေကြပါလား နေအုန်းငါလည်း အိမ်ကခွေးလေးပိုးထိသေသွားတာကို မြွေတွေလမ်းပေါ်မတက်ရေး အစိုးရကို ထုတ်ဖော်ဆန္ဒဖော်ထုတ်အုံးမှပဲ။ ) 

(
သူတိုဘာလုပ်နေတာလဲဟင် Apal Khan ပြောသလို အရည်အချင်း မရှိတာ သိအောင်လုပ်နေသလိုပဲ ဘွဲရအလုပ်လုပ်နေသူတွေကဘာဖြစ်လို့အလုပ်ရတာလဲ ဆရာတင်ပြီမေးကြည်လေ ဘာတွေလုပ်နေမှန်းမသိ သူးများအော်တိုင်းလိုက်အော်ချင်ရင် စပယ်ရာလုပ် အကျယ်ကြီးအော်လိုရတယ် စောက်ရူးတွေ နိုင်ငံဆူတယ် အလုပ်မရှိ ဆိုက်ကားနင်း ဆရာတော့ဖြစ်တယ် ဆိုက်ကားဆရာ )  

(
ဘွဲ့ဝတ်စုံနဲ့ဘာလုပ်ပြနေတာလဲမင်းတို့ဒီလိုဝတ်ပြီးဆန္ဒပြတော့ရောအလုပ်ကရဖို့သေချာသလားအလုပ်ရချင်ရင် ဒုစရိုက်ကလွဲရင်အကုန်လုးံရွေးမနေနဲ့ရတဲ့အလုပ်သာကောင်းအောင်လုပ်ဒါမှအလုပ်ခေါ်တယ် ) 

(
ကမ္ဘာပေါ်မှာတော့ ဘယ်နိုင်ငံကမှ ဘွဲ့ရတွေကို အလုပ်အကိုင်ကောင်းတွေ ပေးပါမယ်လို့ ပြောတာ မကြားမိပါဘူး။ ဘယ်မှာမှ တာဝန် မခံဘူး။ အားလုံး ကိုယ့်ဒူး ကိုယ်ချွန် ကြိုးစားလာရတာချည်းပဲ။ အနောက် နိုင်ငံ ဘွဲ့ရတွေလည်း အတူတူပဲ။ သူတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ များလာလို့ ဒီပြင်နိုင်ငံတွေ သွားပြီး အလုပ် ရှာကြရတာ။ အရေးကြီးတာ ကြိုးစားခြင်စိတ် နဲ့ ကိုယ့်ကိုကိုယ် အားကိုးခြင်စိတ် ရှိဖို့ပဲ။ ) 

(
နိုင်ငံခြားမှာတက်ကျောင်းပြီး အလုပ်မရတွေအများကြီး။ဘာကြောင့်လဲသိလား။အရည်အချင်းမရှိလို့၊ဘွဲ့ဝတ်စုံနဲ့ဓာတ်ပုံတော့ရိုက်ခဲ့ကြပါတယ်။ဘွဲ့ရ ကျောင်းပြီးရင်အလုပ်ပေးမယ်လို့ အစိုးရ မပြောခဲ့ပါဘူး။ဘွဲ့ဆိုတာအမျိုးမျိုးရှိတယ်။ B Sc.။BA.ဘွဲ့ရပြီးအလုပ်မရနိုင်ပါ။အပြင်မှာ ကိုယ့်အားကိုယ်ကိုးပြီးအလုပ် လုပ်ကြပေါ့။MBBS.။BE.။BA Eco.။အသက်မွေးဝမ်းကြောင်းဘွဲ့တွေကကျောင်းပြီးရင်လုပ်စားလို့ရပါတယ်။ဘွဲ့ဝတ်စုံးဝတ်ပြီးဒီလိုလုပ်တာ စော်ကားရရောက်ပါတယ်။ဘွဲ့ဝတ်စုံနဲ့ဘွဲ့ ဦးထုပ်လေးစားသင့်ပါတယ်။တို့လည်း ဘွဲ့ရတစ်ယောက်ပါ။ဒါပေမဲ့ အပြင်စီးပွားရေးကိုအောင်မြင် အောင်လုပ်လျှက်ပါ။ဆန္ဒပြနေသောသူများသည်ဘွဲ့ရများဟုတ်ရဲ့လား။ ) 




www.mmdailystar.com

ခေတ်သစ် ၈၈ များပေလော... ?



( ယောက်ျားကြီးတန်မဲ့ ကိုယ်အစွမ်းအစ မဲ့တိုင်း အစိုးရကို ခလုတ်တိုက်နေတယ် ငါလိုမိန်းမတောင် တနေ့ ထမင်းတနပ်ပဲစား ပိုက်ဆံစုပြီး အခြေအနေတခု ဖြစ်အောင် တည်ဆောက်လာတာ အာ့လိုမျိုးတော့ သနားဖို့ ဝေးသေးး )
( ၆ တန်းတောင်မအောင်ဘဲနဲ့ အောင်မြင်နေတဲ့သူတွေအများကြီး အဓိက က မင်းတို့စောက်စိတ်ဓာတ်တွေ Practical ချိန်ဆိုလစ်ချင်တယ် စာကခိုးချချင်တယ် ကိုယ့်ဟာကိုယ်ပြန်မေးကြည့်ကျဦး စောက်ရေးမပါတဲ့အလုပ်တွေကျတော့ ကြီးကြီးကျယ်ကျယ် ဖင်ယားပြနေတယ် မင်းတို့ကောင်တွေ ကောင်မတွေ ကို ကျောင်းထားပေးနေရတဲ့မိဘတွေကို တကယ်သနားမိတယ် )
( ကျောင်းသွားပါဆိုတော့ ကျောင်းမတတ်ပဲ ဟိုနေရာသွားပြီး ဟိုဒင်းလုပ်နေကြတယ် )
( ကျမ ရိုးရိုးတက္ကသိုလ်မှ ရူပဗေဒ နဲ့ဘွဲ့ရခဲ့ပါတယ် ပဲပြုတ်မရောင်းရပါ ပြင်ပဗဟုသုတစာများဖတ်ပါတယ် လေ့လာပါတယ် သင်ယူပါတယ် အခု Management level တစ်ခုရောက်လာပါပီ.... ဟုတ်ကဲ့ မြန်မာပြည်မှပေးသော သာမန်ရိုးရိုးဘွဲ့သာကျမရခဲ့ပါသည်.. ပဲပြုတ်မရောင်းရပါ )

( ကျောင်းတက်တုန်းက သူတို့ ရဲ့ အဆင့်တွေကို ပြန်ကြည့်သင့်တယ်... စာသင်ခန်းထဲမှာ သင်ကြားကြတာခြင်းအတူတူ တစ်ချို့ က 1 2 3 ရကြတယ်.. တစ်ချို့ က ဗိတ်ချီး ရကြတယ်.... ဘာဖြစ်လို့ လဲ.. အပြင်လောက လုပ်ငန်းခွင်မှာလည်း ကြိုးစား အားထုတ်မှု့ နဲ့  ကိုယ်ရည်ကိုယ်သွေး ရှိတဲ့သူက သာမှာဘဲ.. အဲ့ဒီ့လို အကျိုးမရှိ ဝေလေလေနဲ့ လုပ်ပြီး အချိန်ရှိခိုက် ကိုယ့်ဝမ်းစာကို မဖြည့်ဘဲ အချိန်ဖြုန်းနေမယ် ဆိုရင် နောက်ဘယ်လောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာလာ အလုပ်လက်မဲ့ နဲ့ လူရာမ၀င် ဘယ်သူမှ မလိုချင်တဲ့ အမှိုက်တွေဘဲ ဖြစ်နေမှာဘဲ.. သူတို့ လိုသာ ဆိုရင် ကျန်တဲ့သူတွေက အလုပ်ရပြီး သူတို့ ဘာလို့ မရလဲ.. အသုံးမကျ ၊ အရည်အချင်းမရှိ၊ သုံးစားလို့ မရလို့  အလုပ်ခန့် မဲ့သူ မရှိတာပေါ့... ကိုယ့်အထုပ်ကိုယ်ပြန်ဖြည်နေတယ်.. ရှက်ဖို့ သာကောင်းသေးတယ်... )

( ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းကမွေးထားတဲ့ဘွဲ့ရတစ်ယောက် ထစ်ခနဲရှိ ဓားတရမ်းရမ်းလုပ်တာမြင်ဖူးတယ်။ ဘွဲ့ကဘွဲ့ပဲ။စိတ်ဓာတ်နဲ့ စရိုက်မကောင်းရင် ဘာမှဖြစ်မလာနိုင်ဘူး။ ) 

(
အရှက်မရှိလိုက်ကြတာ..မွေးထားတဲ့မိဘကိုအားမနာဘူး..ကိုယ်အသုံးမကျတာကို တခြားသူကိုပုံချနေတယ်....ကိုယ်အစွမ်းအစမရှိတိုင်းသူများကိုသာပုံချနေရင်ဒွတ်ခပဲ..နိုင်ငံကိုအုပ်ချုပ်တဲ့လူမှာဘာတာဝန်ယူလဲလို့မေးမဲ့အစားနိုင်ငံအတွင်းမှာနေတဲ့သူတွေကဘာာတာဝန်တွေများကျေပွန်နေကြလဲလို့မေးသင့်တာ....အစိုးရကိုခလုပ်တိုက်မယ်..အတိုက်အခံလုပ်မယ်...ကန့်လန့်နေမယ်ချည်းပဲလုပ်နေရင်တော့ ဘယ်သူ့မှအကျိုးမရှိတာသေချာတယ်...နောက်ဆုံးနံရံကိုခေါင်းနဲ့တိုက်သလိုကိုယ်ပဲနာပြီးကိုယ်ပဲအရှက်ကွဲရမှာ ရာနှုန်းပြည့်ပဲလေ ) 



www.mmdailystar.com
Related Posts Plugin for WordPress, Blogger...