Thursday, 4 September 2014

ဒုတိယမြောက် အမေရိကန် ဓားစာခံ တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်


အစ္စလာမ်မစ် နိုင်ငံတော် (IS)အဖွဲ့သည် ၎င်းတို့ ဖမ်းဆီးထားသည့် ဒုတိယမြောက် အမေရိကန် နိုင်ငံသား တစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

အသက်(၃၁)နှစ်ရှိ စတီဗန်ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်နေသည့် ဗီဒီယိုကို IS အဖွဲ့က ထုတ်ပြန် ပြသခဲ့သည်။ ဆော့လော့ဖ်သည် သတင်းထောက် ဂျိမ်းစ်ဖိုလေအပြီး IS တို့၏ ခေါင်းဖြတ်သတ်ဖြတ်မှုကိုခံရသည့် ဒုတိယမြောက် အမေရိကန် နိုင်ငံသား ဖြစ်လာသည်။ ထို့အပြင် IS တို့က မိမိတို့ ဖမ်းဆီးထားသည့် ဗြိတိန် နိုင်ငံသား တစ်ဦးကိုလည်း ခေါင်းဖြတ်ပစ်မည်ဟု ဗီဒီယိုထဲတွင် ခြိမ်းခြောက်ထားသည်။

အမေရိကန်က အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် IS စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်နေမှုကို IS အဖွဲ့က ယခုကဲ့သို့ လက်တုံ့ပြန်နေခြင်း ဖြစ်သည်။ ဖိုလေကို သတ်ဖြတ်သည့် ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဆော့လော့ဖ်၏ မိခင်က မိမိ၏ သားဖြစ်သူကို အသက်ချမ်းသာပေးရန် IS aခါင်းဆောင် အဘူဘေကာ အယ်လ်ဂ္ဂဒက်ဒီကို ရည်ညွှန်း တောင်းပန်ခဲ့ဖူးသည်။ ဆော့လော့ဖ်သည် (၂၀၁၃)ခုနှစ် ကတည်းက ဆီးရီးယားတွင် ပြန်ပေးဆွဲ ခံခဲ့ရသူ ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနက်စ်က အမေရိကန် အစိုးရအနေဖြင့် ယခုကိစ္စကို မှန်ကန်ခြင်းရှိ၊ မရှိ စိစစ်နေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ လေကြောင်းထိုးစစ်များက IS အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်သွားစေပြီး အီရတ်နှင့် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများကို စစ်ရေး သာလာစေသည်။ အမေရိကန် တိုက်လေယာဉ်များကို တိုက်ရိုက်တုံ့ပြန်ရန် မဖြစ်နိုင်သည့်နောက် IS တို့သည် အနောက်နိုင်ငံများကို တုန်လှုပ်စေမည့် သတင်းအချက်အလက်ဖြင့် စစ်ဆင်ခြင်း နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

(၂)မိနစ်ခွဲမျှ ကြာမြင့်ပြီး A Second Message to America ဟု အမည်ပေးထားသည့် ဗီဒီယိုကို သဲကန္တာရ တစ်ခုအတွင်း ရိုက်ကူးထားသည်။ အဆိုပါ ဗီဒီယိုတွင် ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်သည့် IS စစ်သွေးကြွမှာ ဖိုလေကို သတ်ဖြတ်သူပင် ဖြစ်နိုင်ကြောင်း ယူဆမှုများ ရှိနေသည်။ ဗီဒီယိုထဲတွင် လူသတ်သမားသည် အနက်ရောင်ဝတ်စုံကို အလွန်လုံခြုံစွာ ဖုံးဖိဝတ်ဆင်ထားပြီး ဆော့လော့ဖ်မှာ လိမ္မော်ရောင် ဝတ်စုံနှင့် ရှိနေသည်။

ဆော့လော့ဖ်သည် အသတ်မခံရမီ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားထံ လိပ်မူသည့် အမေရိကန်ဆန့်ကျင်ရေး ဝါဒဖြန့် စာတစ်စောင်ကို ဖတ်ကြားပြခဲ့ရသည်။ ထို့နောက် ဖိုလေကို သတ်ဖြတ်စဉ်ကအတိုင်း ဗြိတိသျှ လေသံဖြင့် စကားပြောသည့် လူသတ်သမားက “ငါပြန်လာပြီ အိုဘားမား။ ငါပြန်လာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ အလေးအနက် သတိပေးထားလျက်နဲ့ အစ္စလာမ်မစ် နိုင်ငံတော်အပေါ် အထက်စီးဆန်ဆန် မူဝါဒမျိုး မင်းက ထားရှိခဲ့တဲ့ အတွက်ပဲ”ဟု ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ဗြိတိသျှ ဓားစာခံတစ်ဦးကိုလည်း အလားတူ ခေါင်းဖြတ်သတ်မည်ဆိုသော ခြိမ်းခြောက်မှုဖြင့် အဆုံးသတ်သွားသည်။

အားနက်စ်က အမေရိကန် အစိုးရသည် ဆော့လော့ဖ်၏ မိသားစုနှင့်အတူ ဝမ်းနည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက “ဒီဗီဒီယိုသာ အမှန်တကယ် ဖြစ်တယ်ဆိုရင် ကျွန်မတို့ အနေနဲ့ အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးကို အင်မတန် အော်ဂလီဆန်မိပါတယ်”ဟု ပြောကြားခဲ့သည်။ သူမက IS တို့လက်တွင် အမေရိကန် နိုင်ငံသား နောက်ထပ် အရေအတွက် အနည်းငယ် ဖမ်းဆီးခံထားရဆဲဟု ယုံကြည်ရကြောင်းလည်း ဆက်လက် ပြောဆိုသွားသည်။

အမေရိကန်သည် ပြီးခဲ့သည့်လက အီရတ်မြောက်ပိုင်းရှိ IS အဖွဲ့၏ စစ်ရေးပစ်မှတ်များကို အကြိမ်(၁၂၀)မျှ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

_Ref: BBC

From:7day

www.mmdailystar.com

ဆေးကြောင်သူ၏ သားကောင်မဖြစ်ကြစေလို

စိတ်ကြွမူးယစ်ဆေးသုံးစွဲမှု သရုပ်ဖော်ထားပုံ [ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)]
 
‘‘ညဥ့်သန်းခေါင် အိပ်ရာနိုးလို့ ဖေကြီးမရှိတော့မှန်း အသိဝင်လာရင် ချောက်ချားပြီး လူက ချောက်ကြီးထဲကျနေသလိုပဲ။ ပင်ပန်းတယ်။ အားငယ်တယ်။ ဖေကြီးမရှိတော့ဘူးဆိုတဲ့အတွေး မတွေးရဲဘူး’’ဟု ဆေးကြောင်နေသော လူတစ်ယောက်က ကားဖြင့်ဝင်တိုက်သောကြောင့် ဖခင်တစ်ယောက်ဆုံးရှုံးခဲ့ရသူ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနှင်းဝေလှိုင်ကပြောပါသည်။

သြဂုတ် ၁၉ ရက်က မန္တလေးမြို့ ၆၂ လမ်းပေါ်တွင် ဆေးကြောင်နေသူ အမျိုးသားတစ်ယောက် မောင်းလာသော ကားက လမ်းဘေးရပ်နေသူများကို ၀င်တိုက်မိသောကြောင့် နေရာတွင်ပင် လူလေးဦးသေဆုံးခဲ့သည်။ သေဆုံးသူလေးဦး တွင် ဒေါက်တာနှင်းဝေလှိုင်၏ ဖခင်ဖြစ်သူပါဝင်ခဲ့ပြီး အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် မိသားစုထဲမှ ရုတ်တရက် ထွက်ခွာသွားခဲ့သောကြောင့် ကျန်ရစ်သူမိသားစုဘ၀လေးမှာ     ခြောက်ကပ်ညှိုးရော်နေပြီဖြစ်ကြောင်း ဆိုပါသည်။

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုကဲ့သို့ပင် မူးယစ်ဆေးကြောင်နေသူတို့၏ မိုက်ရူးရဲဆန်သော လုပ်ရပ်တို့ကြောင့် အပြစ်မဲ့သူများ သေဆုံးခဲ့ရသည့် ဟိုးလေးတကျော်ကျော်ဖြစ်သွားသော နာမည်ကျော်မှုခင်းများ မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပွားနေပါသည်။ ညအချိန် ထမင်းလက်စုံစားနေသည့် မိသားစုတစ်စုကို ဆေးကြောင်နေသည့် လူငယ်တစ်ယောက်က ၀င်ရိုက်ခဲ့မှု၊ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သလို ပြည်လမ်းမပေါ် ပြည်သူ့ရင်ပြင်အနီးတွင် မူးယစ်ဆေးသုံးထားသူ အမျိုးသားတစ်ယောက်က လမ်းဘေးတွင် ရပ်ထားသော ကားရှစ်စီးကို ၀င်တိုက်မှု ယခုနှစ်ထဲတွင်ပင် ဖြစ်ခဲ့သည်။

မူးယစ်ဆေးနှင့် လောင်းကစားလုပ်ငန်းများကြောင့် ဒုစရိုက်မြို့တော်ဟု ကင်ပွန်းတပ်ခံထားရသည့် မူဆယ်မြို့တွင် ခြောက်နှစ်အရွယ် ကလေးတစ်ယောက် ရင်ခွဲအသတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာလည်း ဆေးကြောင်နေသူ၏ လက်ချက်ပင် ဖြစ်ခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင် တက်သစ်စ မော်ဒယ်မင်းသမီး အေးချမ်းမြတ်မိုးကို သတ်သွားသူအား မူးယစ်ဆေးသုံးထားခြင်း ရှိ၊ မရှိ ရဲက စစ်ဆေးနေသည်။
ယခုနောက်ပိုင်းတွင် ဆေးကြောင်နေသူကြောင့် အပြစ်မဲ့ပြည်သူများ အချောင်ဒုက္ခရောက်ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ပိုတွေ့လာရသည်။ မူးယစ်ဆေးကြောင့် လူမသိသူမသိဖြစ်ခဲ့သည့် အနိဌာရုံအဖြစ်ဆိုးများ နိုင်ငံတစ်ဝန်းရှိနေပါသည်။

‘‘ကိုယ့်ဘာသာကိုယ် အေးဆေးနေရင်း အဲဒီလိုလူတွေကြောင့် အဖေတွေ၊ အစ်ကိုတွေ ဆုံးရှုံးသွားတာကို ဘယ်လိုပြန်ဖြေသိမ့်ရမလဲ။ နောက်ထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက တာဝန်ယူမလဲ။ မူးယစ်ဆေးပြဿနာကို အရေးကြီးဆုံးအဖြစ် သတ်မှတ်ပြီး အရေးယူပေးပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ဒေါက်တာနှင်းဝေလှိုင်ကပြောသည်။
မည်သည့်နိုင်ငံခေါင်းဆောင်မဆို သူအုပ်ချုပ်ရာ နိုင်ငံနှင့် တာဝန်ယူထားရာ အစိုးရသက်တမ်းတွင် မူးယစ်ဆေးဝါးပြဿနာ ကြီးမားနေကြောင်း ထုတ်ပြောချင်မည် မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကတော့ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးများ ပျံ့နှံ့နေပြီး နိုင်ငံသားများအတွက် စိုးရိမ်စရာကောင်းနေကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။

သမ္မတတစ်ဦး၏ မူးယစ်ဆေးနှင့်ပတ်သက်၍ ထုတ်ဖော်ဝန်ခံမှုနောက်တွင် နိုင်ငံသားများ၏ ဘ၀လုံခြုံရေးအတွက် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရအဖွဲ့တွင် အဖြေတစ်ခုရှိရပါလိမ့်မည်။ အုပ်ချုပ်ရေးတာဝန်မဲ့မှုနှင့် လျစ်လျူရှုခံထားရသလို ဖြစ်နေသည့် မူးယစ်ဆေးပြဿနာကို သမ္မတတစ်ယောက်အနေနှင့် ဆိုခဲစေမြဲစေဟူသည့် စကားအတိုင်း ဦးစားပေးဖြေရှင်းသင့်နေပြီဖြစ်ကြောင်း သေဆုံးသူ မော်ဒယ်မင်းသမီး၏ ဖခင်ဖြစ်သူ အငြိမ်းစားဗိုလ်မှူး ဦးဝဏ္ဏက ပြောပါသည်။
‘‘သမ္မတ ပြောတာဆိုတဲ့အတွက် အစိုးရပိုင်းက တာဝန်ယူမှုအပြည့်ရှိရမယ်။ ပြတ်သားရမယ်။ ပတ်သက်ဆက်နွှယ်မှုတွေကြောင့် အရေးမယူဘဲ မသိချင်ဟန်ဆောင်နေတာတွေမျိုး မဖြစ်သင့်တော့ပါဘူး’’ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ယခင်ခေတ်အဆက်ဆက်က အစိုးရ၏ အလွဲအချို့နှင့်ယှဉ်၍ ဦးဝဏ္ဏကပြောသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် မူးယစ်ဆေးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ သိသာထင်ရှားသော စီမံချက်အချို့ကို လုပ်ဆောင်နေသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လက်တွေ့လုပ်ဆောင်နေရသည့် မူးယစ်ဗဟိုကလည်း တရားဝင်သတင်းထုတ်ပြန်၍ရသည့် စီမံချက်အချို့ကို အရှိန်မြှင့်လာသလို ပြည်ထဲရေးဝန်ကြီးဌာနတွင်း လ/၀ ဟုခေါ်သည့် လျှို့ဝှက်စီမံချက်များလည်း ဆက်တိုက်အကောင်အထည်ဖော်သွားရန်ရှိကြောင်း နေပြည်တော်မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတမှသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့ကလည်း မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ မကြာခဏ သတိပေးခြင်းမျိုးပြုလုပ်သည်။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာတရားရုံး (UNODC)က မူးယစ်ဆေးဝါးအန္တရာယ်သည် မြန်မာနိုင်ငံကို အဓိကခြိမ်းခြောက်နေပြီး ဒေသတွင်းနိုင်ငံများတွင် အဆိုးရွားဆုံးဖြစ်နေကြောင်း အတိအလင်းသတိပေးထားသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးသည် အမျိုးသားရေးအန္တရာယ်ဟု ကြွေးကြော်နေရုံနှင့် မပြီးတော့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နမ့်စန်မြို့နယ်ရုံး တာဝန်ခံကိုခွန်ညွန့်ဝေက သတိပေးသည်။
‘‘မူးယစ်ဆေးပြဿနာက လက်ရှိအစိုးရဘက်ကလည်း တော်တော်ခေါင်းခဲမယ့်ကိစ္စပဲလို့ မြင်ပါတယ်။ မူးယစ်ဆေးတိုက်ဖျက်တဲ့နေရာမှာ လူငယ်တွေကို အမှန်တကယ် လမ်းမှန်ရောက်အောင် ညွှန်ပြပေးနိုင်မယ့် ၀န်ကြီးဌာန (သို့မဟုတ်) Department တစ်ခုဖွဲ့စည်းပြီး လူငယ်တွေအတွက် သတင်းတွေ Message တွေကို Virus မပါဘဲ ပို့ပေးနိုင်ဖို့လည်း လိုအပ်မယ်ထင်ပါတယ်။ ဒါမှ အမှန်အမှား သိမြင်ခွဲခြားနိုင်ပြီး မှုခင်းတွေ ကျဆင်းစေနိုင်မှာပါ’’ဟု ကိုခွန်ညွန့်ဝေက ပြောသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် ဒုတိယသမ္မတက ဦးဆောင်ညွှန်ကြားတော့မည်ဖြစ်ပြီး ယခင်ကကဲ့သို့ ၀န်ကြီးဌာနချင်း ချိတ်ဆက်၍ အကောင်အထည်ဖော်သည်ထက် ပိုကောင်းသောရလဒ်များ မြင်တွေ့ရမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်)မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
‘‘အရင်က ဌာနဆိုင်ရာအကြီးအကဲအချင်းချင်းဆိုတော့ ပါဝါပြိုင်တာမျိုးတွေရှိခဲ့တယ်။ ဒီတော့ အလုပ်က သိပ်မတွင်ကျယ်ဘူး။ အခုကတော့ နိုင်ငံအကြီးအကဲတစ်ယောက်က ဦးဆောင်မှာဆိုတော့ ဒီပြဿနာကို အင်တိုက်အားတိုက် ဖြေရှင်းတော့မယ်လို့ သုံးသပ်လို့ရတယ်’’ဟု ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အငြိမ်းစားရဲအရာရှိတစ်ဦးဖြစ်သူ ဦးမြတ်သူဟိန်းက ‘‘မူးယစ်ဆေးပပျောက်ဖို့ ရဲချည်းပဲလုပ်လို့မရဘူး။ အစိုးရချည်းပဲ အားကိုးလို့မရဘူး။ ဒါအမျိုးသားရေးပြဿာနာတစ်ခုလို ဖြစ်နေတယ်။ မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ကျော်ရှိတယ်။ အဲဒီအထဲကမှ မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးသူ၊ လောဘဇောတိုက်နေတဲ့သူဦးရေက ဘယ်လောက်ရှိမှာလဲ။ အလွန်ဆုံးအယောက် ၁၀၀၀ ထား။ ကျန်တဲ့လူတွေက ဒီအယောက်တစ်ထောင်လောက်သာရှိတဲ့ မူးယစ်ရာဇာတွေကို နှိမ်နင်းချင်တဲ့ဆန္ဒရှိရင် သတင်းပေးခြင်းနဲ့ကူညီပါ။ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးမယ်ဆိုရင် အောင်မြင်မှာပါ’’ဟု အကြံပြုသည်။

အောက်မြန်မာပြည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ခွဲ(၃)မှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးမြင့်အောင်က ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် မူးယစ်ဆေးဝါးပြဿာနာ လျော့ပါးရေးအတွက် အဓိကအရေးပါနေပြီး စီမံချက်ချ၍ အသိပညာပေးမှုများ အရှိန်မြှင့်ထားကြောင်း ဆိုသည်။
‘‘အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ မူးယစ်ဆေးသုံးနေတဲ့ လူတွေ့ရင် ပြည်သူတွေကိုယ်တိုင်ဖမ်းပြီး ရဲလက်ကိုအပ်လို့ရတယ်။ ဥပဒေက ဒီအတိုင်းပြထားတယ်။ ဒါကြောင့် ဥပဒေကို နားလည်ဖို့လိုတဲ့အပြင် ကျွန်တော်တို့ဘက်ကလည်း ပညာပေးမှုတွေ ဆက်တိုက်လုပ်နေတယ်။ အဓိကတော့ ပြည်သူတွေကိုယ်တိုင် ပူးပေါင်းဖြေရှင်းပေးဖို့ မေတ္တာရပ်ခံပါတယ်’’ဟု ဒုတိယရဲမှူးကြီးမြင့်အောင်ကပြောသည်။
အငြိမ်းစားရဲအရာရှိတစ်ဦးဖြစ်သူ ဦးမြတ်သူဟိန်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အားလုံးတာဝန်သိသိဖြင့် ပူးပေါင်းပါက အပေါင်းလက္ခဏာဆောင်သော အဖြေထွက်လာမည်ဟု ယုံကြည်ကြောင်း ပြောသည်။
‘‘ဆေးကြောင်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတဲ့သူတွေအတွက် သူ့မိဘသူ့အသိုင်းအ၀ိုင်း သူ့ပတ်ဝန်းကျင်က ပထမဆုံးတာဝန်ရှိတယ်။ ကိုယ့်သားသမီးခြေလှမ်းကို သိနေရမယ်။ ကျောင်းဆရာက သူစာသင်ပေးနေတဲ့ ကျောင်းသားတွေရဲ့ ဓလေ့စရိုက်ကို သိနေရမယ်။ အတိအကျမဟုတ်တောင် အရိပ်အကဲလောက်တော့ ခတ်နေရမယ်။ ဒီလိုပြောလို့ ကိုယ်က ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်လို့ ရဲတပ်ဖွဲ့ကို ကာကွယ်ပေးပြီး မိဘတွေ၊ ကျောင်းဆရာတွေအပေါ် အပြစ်ပုံချနေတယ်လို့ မထင်ပါနဲ့။ ထိရောက်နိုင်တဲ့နည်းလမ်းကို လက်တွေ့ကျကျ တွေးကြည့်တာပါ’’ဟု သုံးသပ်ပေးသည်။

မူးယစ်ဆေးအမှုဖြင့် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့်အတူ နှစ်ရှည်ထောင်ကျခဲ့ပြီး မူးယစ်ဆေးလောကကို ထဲထဲဝင်ဝင်သိခဲ့သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက နာမည်ကြီးစီးပွားရေးသမားများ ဘိန်းလောကနှင့် ပတ်သက်နေသည်ကို အစိုးရက မျက်ကွယ်ပြုမနေသင့်တော့ကြောင်း ပြောသည်။
‘‘မူးယစ်ရာဇာတွေဖြစ်ခဲ့မှန်း သိသိကြီးနဲ့ အစိုးရက တခြားလုပ်ပိုင်ခွင့်တွေ ပေးလိုက်တာမျိုးတွေ ရှိတယ်။ သဘောကတော့ မင်းတို့ ဘိန်းမထုတ်နဲ့တော့၊ လမ်းတွေဖောက် တံတားတွေဆောက်ဆိုပြီး ပြောလိုက်တဲ့ သဘောပါပဲ။ တံတားတစ်စင်းဆောက်လို့ နှစ်နဲ့ချီကြာပြီးမှ ရလာတဲ့အကျိုးအမြတ်က ဘိန်းဖိုတစ်ဖိုစာလောက်မှမရှိပဲ။ ဒီတော့ နောက်ကွယ်ကနေ ပြန်လုပ်နေကြတဲ့သဘောပါ။ ရှေ့မှာတော့ စီးပွားရေးလုပ်ငန်းရှင်ပေါ့။ ဟန်ပြထားတဲ့သဘောပါ’’ဟု ၎င်းကဆိုသည်။
နိုင်ငံခေါင်းဆောင်များ အပါအ၀င် မည်သည့်နိုင်ငံရေးသမားမဆို မူးယစ်ဆေးပြဿနာ အရေးတကြီးဖြေရှင်းရန် လိုအပ်နေကြောင်း ပြောကြားခြင်းမှာ ၂၀၁၅ ရွေးကောက်ပွဲအမီ မဲတစ်ပြားရလိုမှုဖြင့် သံယောင်ပေးမဲဆွယ်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ နေထိုင်မှုဘ၀အေးချမ်းရေးအတွက် လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း (၆)နှစ်အရွယ် ကလေးတစ်ယောက် ဆေးကြောင်နေသူ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် မူဆယ်မြို့မှ ဒေသခံဦးလွန်းမြိုင်က ပြောပါသည်။
မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနှင်းဝေလှိုင်က ‘‘ဖေကြီးမရှိတော့တဲ့နောက် အေးချမ်းနေတဲ့ မိသားစုဘ၀လေးလည်း ပြိုကွဲသွားပါပြီ’’ဟု ဆို့နင်စွာပြောပါသည်။     ။
 
 
From:7day

www.mmdailystar.com

လူတွေကို ဖမ်းစားသွားတဲ့ ဓမ္မစေတီ ခေါင်းလောင်း ဇာတ်လမ်း

ဓမ္မစေတီ ခေါင်းလောင်း
ဦးစံလင်းက နဂါးအကူအညီဖြင့် ခေါင်းလောင်းကို ရှာဖွေမည်ဟု ပြောဆိုသည်ကို ကာတွန်းဆရာက သရုပ်ဖော်ထားပုံ (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)
ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနဲ့ ရန်ကုန်မြစ်တို့ပေါင်းဆုံရာ ရေထဲမှာ နှစ် ၄၀ဝ လောက် နစ်မြုပ်နေတယ်လို့ ဆိုကြတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဦးစံလင်းနဲ့အဖွဲ့က ဆယ်ယူဖို့ကြိုးစားနေတာ ဩဂုတ်လ ၉ ရက်နေ့ ကစပြီး ဩဂုတ်လ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၂၀ ကျော်လာပေမယ့် ခုချိန်ထိ ဘာမှမထူးခြားသေးပါဘူး။ ခေါင်းလောင်းကြီးကို ဆယ်ယူပြီး ရွေတိဂုံကုန်းတော်ပေါ်ကို ပြန်တင်မယ်လို့ သူတို့အဖွဲ့က ကတိပြု ကြုံးဝါးခဲ့ ပေမယ့်  လက်တွေ့မှာ ဘာမှ ဖြစ်မလာသေးပါဘူး။
နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ ခေါင်းလောင်းကြီးကို မဆယ်နိုင်တဲ့ အကြောင်းအရင်းက ခေါင်းလောင်းကြီးကို နတ်နဂါးတွေက ပူဇော်နေလို့ ဆယ်မရသေးတာလို့ သတင်း ထုတ်ပြန်ခဲ့ပြီး  ခေါင်းလောင်းကြီးကိုလည်း ရေအောက်မှာ စမ်းမိပြီးတော့ ကြိုးချည်ထားနိုင်ခဲ့ပြီ လို့ ဆိုပါတယ်။
ဦးစံလင်းနဲ့အဖွဲ့ ခေါင်းလောင်းဆယ်ဖို့ နောက် ဆုံး သတ်မှတ်ရက်က ဩဂုတ်လ ၂၆ ရက်နေ့ ဖြစ်ပေမယ့်  နောက်ထပ်  ၁၇ ရက် အထိ သက်တမ်းတိုး ဆယ်ယူဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြခဲ့ တဲ့အပြင် နိုင်ငံတော်အစိုးရဆီက စက်ပစ္စည်း အကူအညီပါ ရယူမယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ရခိုင်တိုင်းရင်းသား တဦးလည်းဖြစ် တပ်မ တော် ရေတပ်က အငြိမ်းစားတပ်သားတဦး ဖြစ်တဲ့ ဦးစံလင်းက ခေါင်းလောင်းကြီး ရရှိရေးကို ၁၉၉၇ ခုနှစ်က စတင် ရှာဖွေခဲ့ပြီး အခုတကြိမ်နဲ့ဆိုရင် ၈ ကြိမ်အထိ ရှိလာပါပြီ။ ဆယ်ယူတဲ့ အချိန်တိုင်း ခေါင်းလောင်း ကြီးတွေ့ပြီဆိုပြီး မကြာခဏ ပြောဆို ပေမယ့် လက်တွေ့မှာတော့ ဆယ်ယူနိုင်ခဲ့ခြင်း မရှိ သေးပါဘူး။
အခုလည်း ခေါင်းလောင်းကြီး တွေ့ပြီဆိုတဲ့ သတင်း ထုတ်ပြန်မှု အပေါ်မှာ လူတချို့က ယုံကြည်မှု ရှိခဲ့ကြ ပေမယ့် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူ ရရှိဖို့ ဖွဲ့ထားတဲ့ အထောက်အကူပြုကော်မတီက မွန်အမျိုးသား  ဦးမင်းကွန်စွန်း ကိုယ်တိုင်ကတောင် ဒီတွေ့ရှိမှုဟာ ဆလုံလူမျိုး ရေငုပ်သမားတွေ ရေ အောက်မှာ စမ်းမိတာကို အခြေခံ ပြောတာသာဖြစ် ပြီး ခေါင်းလောင်းကြီး ဟုတ်၊ မဟုတ်ကတော့ ဆယ် ယူပြီး ကုန်းပေါ်ရောက်မှ သေသေချာချာပြောနိုင်မယ် လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။
ခေါင်းလောင်းကြီး ရှာဖွေတွေ့ရှိပြီလို့ ထုတ်ပြန် တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ ည ၁၂ နာရီမှာ ခေါင်းလောင်းကြီး ကို ရေပေါ်ဆွဲတင်တော့မယ်ဆိုတဲ့ သတင်းကြောင့် ရန်ကုန်မြို့မှာ ရှိတဲ့ ပြည်သူတွေဟာ ခေါင်းလောင်းကြီး ဆယ်ယူတဲ့ နေရာနဲ့ အနီးဆုံးဖြစ် တဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမှာရှိတဲ့ ဘောလင်း စင်တာနားက မြစ်ကမ်း စပ်မှာ အပြည့် လာရောက် ခဲ့ကြပေမယ့် ခေါင်းလောင်းကြီး ဆယ်ယူတာမတွေ့ရ ဘဲ လူတွေ အိပ်ရေးပျက်တာပဲ အဖတ်တင်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဦးစံလင်းနဲ့အဖွဲ့က ရန်ကုန် မြစ်ဝမှာ သောင်တူးစက်ကြီးနဲ့ သဲတွေကို စုပ်ယူတဲ့ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လျက်ရှိပြီး ခေါင်းလောင်းကြီး ပေါ်မှပဲ သတင်းထုတ်ပြန်တော့မယ်လို့ ဦးစံလင်းနဲ့အဖွဲ့က ပြောဆိုပြန်ပါတယ်။
ဦးစံလင်းက ၁၉၉၈ ခုနှစ်တုန်းကလည်း ခေါင်းလောင်းကြီး ဆယ်ယူရေး လုပ်ဆောင်ခဲ့ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရေအောက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ စုစုပေါင်း ၅၂ ပေမှာ ရှာဖွေတွေ့ရှိထား ကြောင်း၊ ခေါင်းလောင်းကြီးနဲ့အတူ ပေါ်တူဂီ သင်္ဘောပျက် ၂ စီး ၊ အခြားခေါင်းလောင်း တလုံး၊ ညဏ်တော် ၇ တောင်စီရှိ ရွှေသားအစစ် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ကျောက်သံပတ္တမြားတွေပါတဲ့ သေတ္တာ ၁၁ လုံး ဒီနေ့အထိ ရန်ကုန်မြစ်ထဲမှာ ရှိနေကြောင်း၊ ခေါင်းလောင်းကြီးကို မကြာမီကုန်းပေါ်ကို ဆယ်တင်မှာ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဦးစံလင်းက ခေါင်းလောင်းကို စတင်ဆယ်ယူဖို့ ကြိုးစားကတည်းက နဂါးတွေနဲ့ အဆက်အသွယ်ရှိ တဲ့ပုံစံမျိုး ပြောဆိုတဲ့အပြင်  ပုစွန်တောင် ချောင်းဝ၊ ရေအနက် ၅၂ ပေမှာ ခေါင်းလောင်းကြီး ရှိနေတယ် ဆိုတာကို  နဂါးကပြလို့ သူသိထားတဲ့ပုံစံမျိုး သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဦးစံလင်းရဲ့ ၈ ကြိမ် မြောက် ခေါင်းလောင်းရှာဖွေမှုက အများပြည်သူ လှူဒါန်းတဲ့ ငွေကြေးတွေနဲ့ ရှာဖွေတာဖြစ်သလိုတရက် ကုန်ကျစရိတ် ကျပ်သိန်း ၆၀ ခန့်နဲ့ ကျပ်သိန်း ၂၀ဝ၀ လောက်အထိ သုံးမယ်လို့ ဆိုပါတယ်။
ဦးစံလင်းရဲ့ ခေါင်းလောင်း ရှာဖွေမှုဟာ သိပ္ပံ နည်းကျ ရှာဖွေမှုမျိုး မဟုတ်ဘဲ အသက် ၄၀ ဝန်း ကျင်လောက်ရှိ မယ့် ဘိုးတော်တပါးက အခါပေးတဲ့ အပေါ်မှာ မူတည်ပြီး ရှာဖွေတာတွေ သတင်းထုတ် ပြန်တာတွေ ပြုလုပ်နေ တာ ဖြစ်ပါတယ်။ အဲဒီဘိုး တော်ဟာ အခုလူတွေကြားမှာ ရေပန်းစားနေတဲ့ ရွှေ ရောင်နဂါးမင်းက ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပူဇော်နေလို့ ခေါင်းလောင်းဆယ်လို့ မရသေးတာ၊ နဂါးတွေစိတ်ဆိုးမှာစိုးလို့ သတင်း မထုတ်ပြန်နိုင် တာဆိုတဲ့ ကိစ္စတွေထွက်လာရတဲ့ ပင်ရင်းဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရာမှာ အတွင်း စည်းကနေ အခါပေးနေတဲ့ ဘိုးတော်တပါးပဲ ဖြစ်ပါ တယ်။
ဦးစံလင်းအဖွဲ့မှာ ခေါင်းလောင်းရှာဖွေရေး အတိုင်ပင်ခံဘိုးတော် ရှိတယ်ဆိုတာကို ခေါင်းလောင်း ကြီး ဆယ်ယူရရှိရေး အထောက်အကူပြု အဖွဲ့ထံက သိရှိခဲ့ရတာဖြစ်ပြီး ဘိုးတော်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံ တချို့လည်း ဧရာဝတီက ကြည့်ရှုခွင့်ရခဲ့ပါတယ်။
အဲဒီဘိုးတော်ရဲ့ အခါပေးမှုကြောင့် ဩဂုတ်လ ၂၆ ရက်နေ့မှာ ဦးစံလင်းက အောက်ပါအတိုင်း ထုတ်ပြန် ချက်တစောင် ထုတ်ခဲ့ပါတယ်။
“၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၂ ရက် ၊ ( ၂၀၁၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ – အင်္ဂါနေ့) ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကျနော်မောင်စံ လင်း(မြေပုံ) ကော့သောင်းအဖွဲ့မှ တွေ့ရှိထားပြီး ဖြစ်သည်။ နဂါးများမှ အကြီးဆုံး ရွေရောင်နဂါးမင်း ကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီခေါင်း လောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနား နား ဆီမီးပူဇော်နေသည့်အတွက် သတ်မှတ်ရက်တွင် သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်း ဖြစ်သည်။ ကျနော်တို့၏ မြန်မာနည်း မြန်မာ့ဟန် မြန်မာအဆင့် နည်းပညာသည် လျှို့ဝှက်ချက်များစွာ ရှိနေခြင်း ကြောင့် နုတ်မှဖွင့်ပြော၍ မရပါ။ အရိယာ ဝိဇ္ဇာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်းတွေ့ရှိပြီး ဖြစ်ကြောင်း အတိအလင်း ကြေညာခြင်းဖြစ်သည်” ဆိုတာပါပဲ။
ဒါပေမယ့် ဦးစံလင်းနဲ့ သူ့ကို အခါပေးနေတဲ့ ဘိုးတော်ရဲ့ ထုတ်ပြန်ချက်တွေကြောင့်ပဲ လူတွေဟာ နဂါးတကယ် ရှိတယ်၊ မရှိဘူးဆိုတာတွေ ငြင်းခုံ ကြပြီး နောက်ဆုံး ဘရာဇီးက မြစ်ထဲမှာ သေဆုံးနေတဲ့ မြွေကြီး တကောင်ရဲ့ပုံကို ရန်ကုန် မြစ်ဝမှာ နဂါးတွေ့တယ် ဆိုတဲ့ ဓာတ်ပုံအဖြစ် ပုံမှားရိုက်ပြီး ဖြန့်ချိရောင်းချတဲ့ အထိ ဖြစ်လာပါတယ်။
မြန်မာရေတပ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ် ခဲ့ပြီး ရေငုပ်ခြင်း ၊ သင်္ဘောဆယ်ယူခြင်း လုပ်ငန်းတွေ မှာ  အတွေ့အကြုံ များစွာရှိတဲ့  ဗိုလ်ကြီးဟောင်း ဦးကျော်သိန်းလွင်ကတော့ “ အခုဆလုံရေငုပ်သမား တွေ စမ်းမိထားတဲ့အရာဟာ ခေါင်းလောင်းကြီးဆို တာထက် ဒုတိယကမ္ဘာစစ် အတွင်းနဲ့နောက်ပိုင်း မှာ အကြောင်း အမျိုးမျိုးကြောင့် ရန်ကုန်မြစ်ထဲကို မြုပ်သွားတဲ့ သင်္ဘောကြီးတွေကို ကြိုးချည်တဲ့နေရာ မှာသုံးတဲ့ ဗောယာ ကြီးတွေလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ဦးကျော်သိန်းလွင်ရဲ့ အဆိုအရ ဓမ္မစေတီခေါင်း လောင်းကြီး တကယ်ရှိခဲ့ရင်တောင် မြစ်ကြောင်း သဘောအရ မြစ်ကြောင်း ၃ ပွင့်ဆိုင်မှာ ဖြစ်လို့ဝဲဖြစ် နေပြီး ရေအောက်မှာလှုပ်ရှားမှုပြင်းထန်တာကြောင့် ဆယ်ယူဖို့ မလွယ်တဲ့အပြင် ခေါင်းလောင်းကြီးရဲ့ လက်ရှိအလေးချိန်အရ ကုန်းပေါ်တင်ဖို့ မဖြစ်နိုင် ဘူးလို့ ဆိုပါတယ်။
ဦးစံလင်းရဲ့ ခေါင်းလောင်းဆယ်ယူမှု သတင်း ထုတ်ပြန်မှုတွေကြောင့် ပြည်သူတွေကြားမှာ ဂမ္ဘီရ ဆန်ဆန် ပြောဆိုမှုတွေ တော်တော်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်လာပြီး လက်ဖက်ရည်ဆိုင် အများစုမှာလည်း ခေါင်းလောင်း ကြီးဆယ်ယူရေး ကိစ္စကိုသာ ပြောဆို ငြင်းခုံလာကြပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင် ရေး၊ ရွေးကောက် ပွဲကိစ္စ အပါအဝင် နိုင်ငံရေး ကိစ္စတွေကို ပြည်သူတွေ စိတ်မဝင်စားတော့ဘဲ ဓမ္မစေတီ ခေါင်းလောင်း အကြောင်းကိုသာ တခုတ်တရ ပြောဆိုလာ ကြတာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့ အလားအလာ တခုတော့ မဟုတ်ပါဘူး။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလမှာ ဓမ္မစေတီခေါင်းလောင်းကို ဂမ္ဘီရဆန်ဆန် ဆယ်ယူ နေတယ်ဆိုတဲ့ သတင်းတွေက ပြည်သူတွေ နိုင်ငံရေး ဘက် စိတ်မလည်လာအောင် ဖန်တီးတဲ့လုပ်ရပ်တခု အဖြစ် သုံးသပ်မှု တွေ ရှိနေပါတယ်။
“ ဦးစံလင်းတို့ လှိမ့်ချင်တိုင်း လှိမ့်နေတဲ့ ကိစ္စ ကို အစိုးရကအခုလို လျစ်လျုရှုထားတာ တော်တော် လေးကို အံ့ဩတယ်။ အခုလို ပုံစံကျတော့ အစိုးရရဲ့ စနစ်ကင်းရဲ့လားလို့တောင် သံသယ ဖြစ်မိတယ်။ အခုက လူတွေ ကြားထဲမှာ ၄၃၆ ပြင်ဆင်ရေးလည်း မပြောတော့ဘူး။ ၂၀၁၅ မှာ သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတာလည်း စိတ်မဝင်စားတော့ဘူး။ လူတွေက ဦးစံလင်း ခေါင်းလောင်းတွေ့မလား ၊ မတွေ့ဘူးလား ဆိုတာပဲ စိတ်ဝင်စား တော့တယ်” လို့ သတင်းစာ ဆရာ ကိုဝင်းဇော်လတ်က သုံးသပ်ပါတယ်။
အခုလို တိုင်းပြည်က ဒီမိုကရေစီ အသွင်ကူး ပြောင်းပြီး ပြုပြင်ပြောင်းလဲရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေရမယ့် အချိန်မှာ ဓမ္မစေတီ ခေါင်းလောင်း ကြီး ဆယ်ယူရေးဆိုတဲ့ သတင်းတွေကြောင့် ပြည်သူ တွေကြားမှာ ထင်ယောင်ထင်မှား ဖြစ်နေတာတွေကို ဖြေရှင်းဖို့ တာဝန်အရှိဆုံးက လက်ရှိ တည်ဆဲအစိုးရ ဖြစ်ပေမယ့်  လွတ်လပ်စွာ ခေါင်းလောင်းရှာဖွေခွင့် ပြုထားတာက အစိုးရကိုယ်တိုင် ပြည်သူတွေကို နိုင်ငံရေး အာရုံမစိုက် စေချင်တဲ့ ရည်ရွယ်ချက်ရှိနေတဲ့ ပုံပါပဲ။
“ကျမတို့ဆီမှာ အရေးမပါတဲ့ ကိစ္စနဲ့ ၊ အရေးပါ တဲ့ ကိစ္စတွေနဲ့ရောပြီး ရှုပ်ယှက်ခတ်နေတယ်။ နိုင်ငံ အတွက် နိုင်ငံရေး အလှည့်အပြောင်းက အရေးကြီး နေတဲ့ အချိန်မှာ ဒါတွေဟာ မကောင်းဘူး။ ၅၉(စ) အသံနည်းနည်း လေး မြည်လာတဲ့အချိန်မှာမျိုးစောင့် ဥပဒေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ နောက် ပြီး ၄၃၆ ကန်ပိန်း (လှုပ်ရှားမှု) တွေ မပြီးခင်မှာပဲ။ အရှိန်အဟုန် ရနေတုန်းမှာပဲ၊ မန္တလေးကိစ္စက ဖြစ် ပါတယ်။ PR ကိစ္စ ဆွေးနွေးမယ်ကြံရုံရှိသေး ခေါင်း လောင်းက ဆယ်နေကြပြန်ပြီ “ လို့ စာရေး ဆရာမ ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)က ဧရာဝတီကို ပြော ပါတယ်။
အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီးလည်းဖြစ်၊ မွန်တိုင်းရင်းသားတဦးလည်းဖြစ်တဲ့  ဦးနိုင်ရဲဇော်ကလည်း ခေါင်းလောင်းကြီး ဆယ်ယူမှုက ပြည်သူတွေ နိုင်ငံရေး အာရုံလွှဲတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ပါတယ်။
“ဒီခေါင်းလောင်း ပြဿနာကို နိုင်ငံတော်အနေ နဲ့ ဖြေရှင်းမယ်ဆိုရင် လွယ်လွယ်လေး။ ရေတပ်က စက်ကိရိယာ တွေနဲ့ ရှာဖွေလို့ ရတယ်။ ဖြေရှင်းပေးလို့ ရတယ်။ အဲဒါကို မဖြေရှင်းပေးဘဲနဲ့ ပြည်သူလူထု ထဲမှာ သို့လော သို့လော ဖြစ်စေတဲ့ ခံစားမှုတခုရ အောင် ဘာကြောင့်လုပ်ထားတာလဲ “ လို့ ဦးနိုင်ရဲ ဇော်က မေးခွန်းထုတ်ပါ တယ်။
ဦးစံလင်း အပါအဝင် ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ရှာဖွေခဲ့သူ စုစုပေါင်း အနည်းဆုံး   ၇ ဦး ရှိပြီး ရှာဖွေခဲ့တဲ့ အကြိမ် ပေါင်းကတော့  ၅၀  နီးပါး ရှိနေပါပြီ။
ဒီဓမ္မစေတီ ခေါင်းလောင်းကြီး စတင်ရှာဖွေမှုက တော့ ၁၉၈၇ ခုနှစ် အစောပိုင်းမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း တွေ ပေါင်းပြီး ခေါင်းလောင်းကြီး တည် နေရာ ရှာဖွေဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါဘူး။ ဒီဓမ္မစေတီ ခေါင်းလောင်းကြီးကို ၁၉၉၅ ခုနှစ်မှာ အမေရိကန် ရေငုပ်သမား ဂျင်ဘလန့် ဆိုသူက ရန်ကုန်မြစ်ထဲကို ၁၁၆ ကြိမ်တိုင်တိုင် ရေငုပ် ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူရှာဖွေတဲ့ အကြောင်း မှတ်တမ်းရုပ်ရှင်တခု ထွက် လာတာက လွဲလို့ ဘာမှ မရခဲ့ပါဘူး။
ခေါင်းလောင်း ရှာဖွေသူ နောက်တယောက်က တော့ ဒေါ်ခင်အေးသိန်းလို့ ခေါ်တဲ့ အမျိုးသမီး တဦးပါပဲ။ ၁၉၉၈ ခုနှစ်မှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရှာဖွေခဲ့ရာမှာ အခုဦးစံလင်းတို့ အဖွဲ့ကပြောသလိုပဲ ခေါင်းလောင်းကြီးရှိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပေမယ့် လက်တွေ့မှာတော့ ခေါင်းလောင်းကို မဆယ်နိုင်ခဲ့ပါဘူး။
၂၀ဝ၁ ခုနှစ်မှာ မြန်မာအစိုးရရဲ့ အကူအညီနဲ့ အင်္ဂလိပ်ရေကြောင်း သိပ္ပံပညာရှင် မိုက်ဟန်ခြာ ဦးဆောင်တဲ့ အဖွဲ့တခုဟာ ခေတ်မီနည်းပညာတွေနဲ့ ခေါင်းလောင်း ဆယ်ယူရရှိဖို့ ကြိုးစားခဲ့ပါသေးတယ်။
စမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေဖို့ ကြိုးစားနေတဲ့ သမိုင်းသုတေသီ စာရေးဆရာ ဦးချစ်စံဝင်းက ဧရာဝတီ မြစ်ရဲ့ ပို့ချမှုနှုန်းက နှစ် ၁၀ဝ ကြာတိုင်း မြစ်ရဲ့အရှေ့ဘက်ကို ၃ မိုင် ပို့ချ နေတဲ့အတွက် အခုနှစ်ပေါင်း ၄၀ဝ ဆိုရင် ၁၂ မိုင် နှုန်း ပို့ချပြီးဖြစ်လို့ ဒီခေါင်းလောင်းကြီးဟာ ကုန်း ပေါ်မှာလား ၊ မြေကြီးထဲမှာလား ၊ ရေထဲမှာ လားဆိုတာ အင်မတန် မှန်းရ ခက်တယ်လို့ သုံးသပ်ပါတယ်။ သူက ဦးစံလင်းရဲ့ နဂါးအကူအညီယူပြီး ခေါင်း လောင်း ရှာဖွေနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို လည်း ဝေဖန်ပြောဆိုပါတယ်။
“အခုလို နဂါး အကူအညီ ယူရမယ်။ မြန်မာ့ နည်း မြန်မာ့ဟန် လုပ်မယ်ဆိုတာမျိုးတွေက ဖြစ်နိုင် ပါ့မလား။ ကျနော်တို့လို နိုင်ငံမျိုးမှာ ၂၁ ရာစုမှာ ပေါ့ဗျာ ။ အဲလို အတွေးအခေါ်တွေနဲ့ နေနေသမျှ ကျနော်တို့ အနေနဲ့ အမှားတွေ လုပ်မိနေဦးမှာပဲ။ ဆင်းရဲမွဲတေ နေဦးမှာပဲ ။ ဒါကတော့ ကျနော်တို့ရဲ့ ကုသိုလ်ကံပေါ့ ။ ဘယ်လိုမှ မတတ်နိုင်ဘူး “ လို့ စာရေးဆရာ ချစ်စံဝင်းက မှတ်ချက်ပြုပါတယ်။
၂၀၁၂ ခုနှစ်မှာ စာရေးဆရာချစ်စံဝင်း ကိုယ် တိုင် ခေါင်းလောင်းကြီးကို သိပ္ပံနည်းကျ ရှာဖွေဖို့ စင်ကာပူနိုင်ငံက  SD Mark International LLP  ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပေမယ့် အစိုးရက ခွင့်ပြုချက် မပေးလို့ ဆယ်ယူ မှု လုပ်ငန်းတွေ မလုပ် နိုင်ခဲ့ပါဘူး။
ခေါင်းလောင်းကြီး ဆယ်ယူဖို့ ကြိုးပမ်းနေသူ တွေထဲမှာ မွန်တိုင်းရင်းသားတချို့လည်း ပါဝင်နေ ပါတယ်။
ဒီခေါင်းလောင်းကြီးဟာ မွန်ဘုရင် ဓမ္မစေတီ မင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ ခေါင်းလောင်းကြီး ဖြစ်လို့ ခေါင်းလောင်း ရှာဖွေဖို့ မွန်တိုင်းရင်းသား တွေရဲ့ အမျိုးသားရေး တာဝန်တရပ် ဖြစ်တယ်လို့ မွန်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး နိုင်ရဲဇော်က ဧရာဝတီကို ပြောပါတယ်။
ခေါင်းလောင်းရှာချင်တဲ့သူတွေထဲမှာ ပါဝင်တဲ့ နောက်တဦးက ဇေကမ္ဘာ ဦးခင်ရွှေလို့ လူသိများတဲ့ ခရိုနီ နိုင်ငံရေး သမားကြီးတဦး လည်းပါဝင်ပြီး ဦးခင်ရွှေက ကျိုက်ထီးဆောင် ဆရာတော်ကြီးရဲ့ နည်းပေး လမ်းပြမှုနဲ့ ဆယ်ယူ မယ်လို့  သတင်းထုတ်ပြန် ပြောဆိုပါတယ်။
မြန်မာလူမျိုးတွေသာမက ကမ္ဘာကပါ စိတ်ဝင် တစား ရှာဖွေနေကြတဲ့ ဒီခေါင်းလောင်းကြီးရဲ့ အမည်ဟာ ၁၄၇၁ ခုနှစ်ကနေ ၁၄၉၂ ခုနှစ် (၁၅ ရာစု) အတွင်း ဟံသာဝတီ မွန်ဘုရင်နိုင်ငံကို အုပ်စိုး ခဲ့တဲ့ ဓမ္မစေတီမင်းရဲ့ အမည် ကို အစွဲပြုထားတာ ဖြစ်ပြီးတော့ ဒီဓမ္မစေတီ မင်းကြီးက ရွှေတိဂုံစေတီမှာ ထားရှိဖို့ သွန်းလုပ်လှူဒါန်းခဲ့တာဖြစ် တယ်လို့ သမိုင်း စာအုပ်တွေ တော်တော်များများမှာ ဖော်ပြထားပါ တယ်။
ခေါင်းလောင်းကြီး သွန်းလုပ်ပြီးလို့ နှစ်ပေါင်း ၁၀ဝ ခန့်အကြာမှာ အီတလီလူမျိုး ကုန်သည် ဂစပါရိုဘယ်ဘီ ဟာ ရွေတိဂုံဘုရားကို ရောက်ရှိလာ ပြီး ဘုရားအကြောင်းကို မှတ်တမ်းတင်တဲ့အခါမှာ ဓမ္မစေတီ ခေါင်းလောင်းနဲ့ ပတ်သက်လို့ စာတ ကြောင်းပဲ ရေးခဲ့ပါတယ်။
“ကျနော်တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန်ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာအားဖြင့် ခြေလှမ်းဖြင့် ၃ ဖန် ၊ အထက်မှ အောက်သို့ စာလုံး တခုနဲ့တခု ပူးကပ်နေသော စာများအပြည့် ရေးသား ထားပြီး ဖတ်ရမည့်ပုံ မပေါ်ပေ “ ဆိုတာပါပဲ။
အဲဒီနောက်ပိုင်း ၁၆၀၈ ခုနှစ် (၁၇ ရာစု အစပိုင်း)မှာတော့ ပေါ်တူဂီလူမျိုး ကြေးစားစစ်သား Filipe de Birtoe Nicote ( မြန်မာ အခေါ် ငဇင် ကာ ) ဟာ အမြောက်သွန်းလုပ်ဖို့အတွက် ရွှေတိဂုံ ကုန်းတော်ပေါ်မှာ ရှိတဲ့ ဓမ္မစေတီ ခေါင်းလောင်း ကြီးကို အောက်ချလာပြီး သန်လျင်ကို ပို့ဆောင်ဖို့ ရန်ကုန်မြစ်ထဲကို အချမှာ အခုမြစ် ၃ ခု ဆုံတဲ့နေရာ မှာ ဖောင်ကွဲပြီး ခေါင်းလောင်းကြီး ပြုတ်ကျသွား တယ်လို့ ခေတ်သစ် သမိုင်းစာအုပ်တချို့မှာ ဖော်ပြ ထားပေမယ့် ရှေးမြန်မာစာဆိုတွေ ရေးသားခဲ့တဲ့ မှန်နန်းရာဇဝင် ၊ တွင်းသင်းရာဇဝင် ၊ ဦးကုလား ရေးတဲ့ မဟာ ရာဇဝင်တော်ကြီးတွေမှာ ဒီဓမ္မစေတီ ခေါင်းလောင်းကြီးအကြောင်း တစုံတခုမှ ရေးသား ဖော်ပြထားခြင်း မရှိတဲ့အပြင် ဒီခေါင်းလောင်းကြီး သွန်းလုပ်တယ် ဆိုတာတောင် မပါခဲ့ပါဘူး။
ခေါင်းလောင်းသွန်းလုပ်ခဲ့တယ်ဆိုတဲ့ ဓမ္မစေတီ မင်းကြီးက ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီးတိုင်း ကမ္ဗည်း ကျောက်စာတွေ ထိုးလေ့ရှိပြီး ကလျာဏီ သိမ် ကျောက်စာ၊ အခု ရွေတိဂုံ ဘုရားပေါ်မှာ ရှိနေတဲ့ ကျောက်စာ ၃ ချပ် အပါအဝင် မွန်ပြည်နယ်ဘက် မှာလည်း သူရေးထိုးခဲ့တဲ့ ကျောက်စာတချို့ရှိပေမယ့်   ဓမ္မစေတီခေါင်း လောင်းနဲ့ ပတ်သက်တဲ့ အကြောင်း အရာ ဖော်ပြထားတဲ့ ကျောက်စာမျိုးတော့ မရှိခဲ့ပါဘူး။
ဓမ္မစေတီ ခေါင်းလောင်း ရန်ကုန်မြစ်ဝမှာ နစ်မြုပ်သွားတယ်ဆိုတဲ့ သမိုင်းဆိုင်ရာ အထောက် အထားတွေ တိကျ စွာ မရှိပေမယ့် ဓမ္မစေတီခေါင်း လောင်း ရှာပုံတော်က မြန်မာပြည်သူတွေရဲ့ စိတ် အာရုံကို ဖမ်းစားနိုင်တာ အသေအချာပါပဲ။ ထင် ပေါ်ကျော်ကြားလိုသူတွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွား ရေးသမားတွေနဲ့ ဂမ္ဘီရလိုင်း ယုံကြည်မှု ပြင်းထန် သူတွေအတွက် ဓမ္မစေတီခေါင်းလောင်း ရှာပုံတော် က ထင်ပေါ်ကျော်ကြားမှုနဲ့ ကိုယ်ကျိုး စီးပွားအကျိုး အမြတ်များစွာ ဖြစ်ထွန်းရရှိနိုင်တဲ့ နေရာကြီးတခု ဖြစ်လာတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။
From: ဧရာဝတီ


www.mmdailystar.com

သမ္မတဦးသိန်းစိန်နဲ့ ဂျာမန်ဝန်ကြီးချုပ် မြန်မာ့အရေးဆွေးနွေး

တတိယအကြိမ် ဥရောပ ၃ နိုင်ငံ ခရီးစဉ်အစအဖြစ် ဂျာမနီနိုင်ငံကို ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဘာလင်မြို့မှာ ဂျာမန်ဝန်ကြီးချုပ် Angela Markel နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေး နှစ် (၆၀) ပြည့်အဖြစ် ဂျာမနီအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်လာတဲ့ သမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး အစီအစဉ်တွေကို ဂျာမနီနိုင်ငံက ထောက်ခံကြောင်း ၀န်ကြီးချုပ် မာခဲလ်က ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ရှေ့နှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတဖို့ အပါအ၀င် စိန်ခေါ်မှုတွေ အများအပြား ရှိနေတာတွေကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း ဘာလင်မြို့က သတင်းစာ ရှင်းလင်းပွဲမှာ ဂျာမန်ဝန်ကြီးချုပ်က စကားပြန်ကတဆင့် ပြောကြားသွားပါတယ်။
“အခု မြန်မာနိုင်ငံမှာ သာယာငြိမ်းချမ်းသော တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့အတွက်၊ နောက်ပြီးတော့ တိုင်းရင်းသား လူမျိုးတွေရဲ့ တိုးတက်မှုကို ရှေ့ရှုဖို့လည်း စကားပြောခဲ့ပါတယ်။ နောက်ပြီးတော့၊ Press နဲ့ ပတ်သက်ပြီးတော့လည်း လွတ်လပ်မှု ရှိဖို့အတွက်လည်း ဒီအကြောင်းတွေကို ကျမတို့ ပြောခဲ့တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကျမတို့ စကားပြောခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီမှာလည်း ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေ အကြောင်းကို၊ မြန်မာနိုင်ငံမှာ ဖြစ်နေတာကိုလည်း ကျမတို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီလို ရွေးကောက်ပွဲတွေ ဖြစ်တဲ့နေရာမှာလည်း အကုန်လုံး တိတိကျကျ ဖြစ်ဖို့အတွက်လည်း အရေးကြီးပါတယ်။”

သမ္မတဦးသိန်းစိန် ဂျာမန်ဝန်ကြီးချုပ်နဲ့အတူဂုဏ်ပြုတပ်ဖွဲ့ အလေးပြုခံယူစဉ် စက်တင်ဘာ ၃၊ ၂၀၁၄
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခြေအနေတွေ ရှိနေပေမဲ့လည်း လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုး ဖြစ်ဖို့ လိုအပ်တာကိုလည်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အခုခရီးစဉ်ကနေ ၂ နိုင်ငံ သံတမန် ဆက်ဆံရေးသာမက စီးပွားရေးအရ အဆက်အဆံတွေပါ တိုးမြှင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။
“ကျနော့်ရဲ့ ခရီးစဉ်ဟာ ဒီ ၂ နိုင်ငံမှာ ရှိပြီးဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖို့အတွက် ကျနော်လာရောက်ခြင်း ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဒီဂျာမနီကို မိတ်ကောင်းဆွေကောင်း အဖြစ်တင် မကပါဘူး၊ ကျနော်တို့ရဲ့ စီးပွားမိတ်ဘက် အဖြစ်လည်းကောင်း၊ နိုင်ငံတွင်းမှာ ခုနကလို ရင်းနှီးမြှုပ်နှံသူ အဖြစ်လည်းကောင်း ကျနော်တို့ ကမ်းလှမ်းလိုပါတယ်။ အဲဒီတော့ ကျနော်တို့ အနေနဲ့ ဂျာမနီနိုင်ငံ ထံကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အစိုးရစနစ်၊ နောက်တခါ ကျနော်တို့ မြို့ပြတိုးတက်မှုပုံစံ၊ နောက် ကျနော်တို့ စီးပွားရေး လုပ်ငန်းတွေ၊ နောက်တခါ သုတေသန လုပ်ငန်းတွေ အပေါ်မှာ ကျနော်တို့ အားထုတ်မှု၊ နောက် အဆင့်မြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်မှု၊ အဆင်အလာကောင်းတဲ့ ပညာရေးစနစ်၊ နောက်တခါ စည်းကမ်းရှိမှုနဲ့ အလုပ်ကြိုးစားမှု၊ ဒါတွေကို ကျနော်တို့ အများကြီး လေ့လာယူဖို့အတွက် ကျနော်တို့မှာ လိုအပ်နေပါတယ်။”
မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ လုပ်ဆောင်လာရာက နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံလာရာမှာ  ဂျာမာန်သမ္မတ Joachim Gauck ဟာလည်း ဒီနှစ်ဆန်းပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အထိ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို မြန်မာအစိုးရနဲ့ ဆက်ဆံမှုတွေမှာ ဂျာမနီအစိုးရအနေနဲ့ သတိထားသင့်တာတွေ ရှိတယ်လို့လည်း ဂျာမနီနိုင်ငံက ဦးနွယ်အောင် တို့လို မြန်မာ့အရေးလှုပ်ရှားသူတွေက မြင်ပါတယ်။


“ကျနော်တို့ကတော့ ဂျာမန်အစိုးရကို အကြံပြုထားတာ ကြာပါပြီ။ ဟိုတခေါက် ဒေါ်အောင်ဆန်းစုကြည် လာတုန်းကလည်း ဂျာမန်အစိုးရကို အကြံပြုထားတာတွေရှိတယ်၊ ကျနော်တို့ ဘက်ကနေပြီးတော့။ အခုလည်းပဲ ကျနော်တို့က ထပ်ပြီးတော့ အကြံပြုရမယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတဦးသိန်းစိန် ပေးခဲ့တဲ့ ကတိအတိုင်း အားလုံးကိုလွှတ်ပါ ဆိုတဲ့ဟာမျိုးကို ကျနော်တို့က ဂျာမန်အစိုးရကိုလည်း ပြောထားတယ်။ အဲဒီလိုပဲ တောင်းဆိုဖို့လိုတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေ ဆိုရင်လည်း အပြည့်အ၀ပေးပါ။ ပါးစပ်ကတော့ မီဒီယာကို လွတ်လပ်ခွင့်တွေ ပေးထားတယ် ဆိုပြီးတော့ တဘက်က လိုက်ဖမ်းပြီးတော့ နှစ်ပေါင်းများစွာ ချတာတွေ ရှိနေတယ် ဆိုတာကိုလည်း ဂျာမန်အစိုးရက သိထားပြီးသားဖြစ်တယ်။ ကျနော်တို့ကလည်း ပြောထားပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ထပ်ပြီးတော့ တိုက်တွန်းဦးမှာပါ။”

သမ္မတ ဦးသိန်းစိန်ရဲ့ အခုနောက်ဆုံး ဥရောပ ၃ နိုင်ငံ ခရီးစဉ်အတွင်း သောကြာနေ့မှာ ဆွစ်ဇာလန်နိုင်ငံကို ခရီးစဉ်ဦးမှာပါ။ ဒီနောက် နယ်သာလန်နိုင်ငံကိုလည်း ဆက်လက် သွားရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက ထိပ်တန်းခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။


From:VOA

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်းတော်ကြီး တွေ့ရှိသောနေရာအား စည်းများတားကာ ဆယ်ယူနေ

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး တွေ့ရှိသော နေရာအားစည်းများ တားကာ ခေါင်း လောင်းတော်ကြီးအား ဆယ်ယူမှု များ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးသန်းစိန်က ဒီမို ကရေစီတူဒေးသတင်းစာသို့ ပြော သည်။

''အခုလက်ရှိက ခေါင်းလောင်း က တွေ့ရှိသွားပြီဆိုတော့ ခေါင်း လောင်း ရှိတဲ့နေရာမှာ လာကြည့်တဲ့ သူတွေကြောင့် ဆယ်ယူမှု အနှောင့် အယှက်ဖြစ်မှာစိုးလို့ စည်းတားပြီး နုန်း တွေကို ဖယ်ထုတ်ရှင်းလင်းနေတာ။ အခုလက်ရှိ ကြိုးသိုင်းတဲ့အဆင့်ပြီး တာနဲ့ ပြည်သူတွေကို ခေါင်းလောင်း ကြီးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိအောင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်သွားမယ်''ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် ဓမ္မစေတီခေါင်း လောင်းကြီး ဆယ်ယူမှုပြုလုပ်သည့် ရက်ပေါင်း ၂၄ရက်မြောက်တွင် ခေါင်း လောင်းတော်ကြီး တွေ့ရှိသောနေရာ တွင် စည်းများတားကာ ခေါင်းလောင်း တော်ကြီးအား ဆယ်ယူမှု ဆက် လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''အရင်တုန်းက ခေါင်းလောင်း ဆယ်ယူမှုနေရာကို အနီးကပ်ကြည့် လို့ရတယ်။ အခုကျတော့ သူတို့သတ် မှတ်ထားတဲ့စည်းနေရာကပဲ ကြည့်ရ တော့တယ်။ ရပါစေလို့ပဲ ဆုတောင်း ပေးနေပါတယ်''ဟု ခေါင်းလောင်း တော်ကြီး ဆယ်ယူမှုအား တတိယ အကြိမ် လာရောက်ကြည့်ရှုသည့် အလုံမြို့နယ်မှ ကိုရှိုင်းထက်အောင် က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ခေါင်းလောင်းတော်ကြီးဆယ် ယူမှု ၂၄ရက်နေ့မြောက်သည့် တိုင် အောင်အေးရှားပွိုင့်ဘိုးလိန်းစင်တာ အနီးတွင် ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုအား လာရောက်ကြည့်ရှု သည့်ပြည်သူများနှင့် မပြတ်စည်ကား လျက်ရှိပြီး ရွာဦးဓနသိန္ဓိဆရာတော် ဦးစန္ဒောဘာသ ဦးဆောင်သည့်အဖွဲ့မှ လည်း လာရောက်ကြည့်ရှုသည့် ရဟန်း ရှင်လူ ပြည်သူအပေါင်းတို့အား မုန့် ဟင်းခါးအချိန်တစ်ရာကျွေးကာ အလှူ ဒါနပြုလုပ်ပြီး ခေါင်းလောင်းတော် ကြီးအား အမြန်ဆုံး ကုန်းပေါ်သို့ ရောက်ရှိစေရန် ဆုတောင်းပေးလျက် ရှိကြောင်းကိုလည်း တွေ့ရသည်။

''မနက် ၃နာရီကတည်းက မုန့် ဟင်းခါးစတုဒိသာကျွေးဖို့ လာနေ တာပါ။ ဓမ္မစေတီခေါင်းလောင်း အောင်မြင်စွာ ကုန်းပေါ်အရောက် ခုနစ်ရက် သား၊ သမီးတွေ ဖူးနိုင် အောင် ဦးစံလင်းလုပ်တဲ့အလုပ်ကို လာရောက်အားပေးကူညီတာပါ'' ဟု မုန့်ဟင်းခါးအလှူကျွေးမွေးသည့် ရွာဦး ဓနသိန္ဓိ ဆရာတော်ဦးစန္ဒောဘာသ ဦးဆောင်သည့်အဖွဲ့မှ ဆရာလေး ဒေါ်ခေမာစာရီက ပြောသည်။

ခေါင်းလောင်းတော်ကြီးအား ရှာဖွေတွေ့ရှိပြီဟု ခေါင်းလောင်းဆယ် ယူရေးအဖွဲ့မှ သြဂုတ် ၂၆ရက်တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံအဝန်းရှိ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုအား စိတ်ဝင်တစား လာ ရောက် ကြည့်ရှုသူဦးရေ ပို၍မြင့်တက် လာခဲ့ပြီး မိမိတို့ဘာသာဓလေ့ထုံး တမ်းများနှင့် ခေါင်းလောင်းတော်ကြီး ပြန်လည်ရရှိရန် ဆုတောင်းပွဲများလည်း အဆက်မပြတ် ပြုလုပ်လာခဲ့သည်။

''ဓမ္မစေတီခေါင်းလောင်းက အိပ် မက်ပဲဖြစ်ဖြစ်၊ ဒဏ္ဍာရီပဲဖြစ်ဖြစ်၊ ဟုတ် သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တွေ့ ချင်တာလဲပါလို့ စိတ်ဝင်စားလို့ ပဲခူး ကနေတောင် လာရောက်ကြည့်ရှုတာ ပါ''ဟု ပဲခူးမြို့မှဒေါ်သန္တာက ပြော သည်။

စက်တင်ဘာ ၂ရက် ခေါင်း လောင်းတော်ကြီးဆယ်ယူမှု ၂၄ရက် မြောက်သည့်နေ့တွင် ခေါင်းလောင်း တော်ကြီးအားဆယ်ယူရေးအဖွဲ့မှ မနက်ပိုင်းရေတက်ချိန်တွင်တစ်ကြိမ်ကြိုးသိုင်းခြင်းလုပ်ငန်းများ ပြုလုပ် ကာ၊ ညနေပိုင်းတွင်ရေကျချိန်ဖြစ် သည့်အတွက် ခေါင်းလောင်းတော် ကြီး တွေ့ရှိထားသည့်နေရာတစ်ဝိုက် မှ နုန်းများအား သောင်တူးစက်ဖြင့် စုပ်ထုတ်ခြင်းလုပ်ငန်းများ ပြုလုပ်လျက် ရှိပြီး လာရောက်ကြည့်ရှုသည့် ပြည် သူများမှာလည်း မိုးတဖွဲဖွဲကျသည့် တိုင်အောင် လူစုမကွဲ အုန်းအုန်းကျွက် ကျွက်နှင့် ခေါင်းလောင်းတော်ကြီး ဆယ်ယူနေမှုအပေါ်တွင် စိတ်ဝင်စား စွာ စောင့်ကြည့်လျက်ရှိကြသည်။

NMK, TST
From: Democracytoday

www.mmdailystar.com

ဘင်္ဂါလီများ ပြန်လက်ခံမည့်ကိစ္စ ဘင်္ဂါလားဒေ့ရှ်အစိုးရ ပြောကြားချက်အပေါ် မြန်မာအစိုးရကန့်ကွက်

မြန်မာနိုင်ငံက ဘင်္ဂါလီဒုက္ခသည်များ စိစစ်လက်ခံမည့် သတင်းနှင့်ပတ်သက်၍ ဘင်္ဂလား ဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်၏ ပြောကြားချက်မှာ မရိုးမသား လုပ်ဆောင်မှုများ ရှိနေပြီး နိုင်ငံ တကာဆက်ဆံရေးတွင် မလို လားအပ်သည့် နိုင်ငံရေးအမြတ် ထုတ်မှုများမှာ ချစ်ကြည်ရင်းနှီးမှု ကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံ တော်သမ္မတရုံးအကြီးတန်း အရာ ရှိတစ်ဦးက ပြောကြားသည်။

ထို့အပြင် အတွင်းဝန်၏လုပ် ရပ်နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သတိထောက်လွှာပေး အပ်သင့်၊မသင့်ကိုလည်း သမ္မတ ရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ က စတင်စဉ်းစားနေကြောင်း ၎င်း က ပြောကြားသည်။

သြဂုတ် ၃၁ ရက်က ဘင်္ဂ လားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့ သည့် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ် နိုင်ငံ ဒုဝန်ကြီးအတွင်းဝန်များ ဆွေးနွေးပွဲ၌ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် သုံးသောင်းကျော် လက်ခံရန် ပြောကြားခဲ့ခြင်း ဖြစ် သည်။ မြန်မာဘက်က ၂၀၀၅ ခု နှစ်ကတည်းက သဘောတူစိစစ်ပြီးသား ၂၄၁၅ ဦးကိုသာ နှစ်လအ တွင်း နှစ်ဖက်စိစစ်ရေးအဖွဲ့များ ဖွဲ့၍ လက်ခံမည်ဟု အကြောင်း ပြန်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်ကမူ နှစ်လအတွင်း အား လုံးလက်ခံမည်ဟု သတင်းထုတ် ပြန်ခဲ့ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။

‘‘နိုင်ငံချင်းပူးပေါင်းဆောင် ရွက်တဲ့ ကိစ္စတွေမှာ ဒီလိုမျိုး ဟို တစ်မျိုး ဒီတစ်မျိုး မပြောသင့်ပါ ဘူး။ နိုင်ငံတွေပါဝင်တဲ့ ကြေညာချက်တွေမှာ စကားလုံးတစ်လုံး နှစ်လုံးကအစ အထူးသတိထားရပါ တယ်။ နှစ်နိုင်ငံ သဘောတူညီ ထားခြင်း မရှိတဲ့ အချက်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြော ကြားတိုင်း မြန်မာနိုင်ငံက သဘော တူ လက်ခံမှာလည်း မဟုတ်ပါ ဘူး’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်အ တွင်းဝန်က ဒုက္ခသည်များကို ရိုဟင်ဂျာဟု သုံးနှုန်းကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော် ပြခဲ့ပြီး ယင်းစကားလုံးမှာ နှစ် နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေ သော သံတမန်ရေး ပျက်ပြားစေ သည့် ပြောကြားချက်ဟု ၎င်းက ပြောသည်။

‘‘ဆွေးနွေးပွဲ မတိုင်ခင်က တည်းက ရိုဟင်ဂျာလို့သုံးရင်တော့ ပူး ပေါင်းဆောင်ရွက်ဖို့ အဆင်မပြေဘူးလို့ ကြိုပြောထားခဲ့တာ ပါ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ တွေ့တော့လည်း ရိုဟင်ဂျာ ဆို တဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး မြန်မာတိုင်းရင်းသား စာရင်းမှာ ရော၊ သမိုင်းကြောင်းအရရော ရိုဟင်ဂျာလူမျိုး မရှိဘူးလို့ ပြော ကြားခဲ့တာပါ’’ ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုဝန်ကြီးဦးသန့်ကျော်ကပြောကြားသည်။

၁၉၉၀ နောက်ပိုင်းတွင် ခိုး ၀င်ဘင်္ဂါလီများကို မြန်မာနိုင်ငံ သားဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး ရုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဖိအားပေးခဲ့ပြီး မြန်မာဘက်တွင် လည်း တိကျသည့် စာရင်းဇယား မရှိဘဲ မတတ်သာ၍ လက်ခံလိုက် ရသည့်အဖြစ်မျိုး အဖြစ်မခံနိုင် ကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဒေါက်တာအေး မောင်က ပြောသည်။
From:OE

www.mmdailystar.com

Oral practice and STDs ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း (+၁၈)

အရင်က ဒီလိုဆေးပညာစာမျိုးကို အများဖတ်တဲ့ ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါဆေးပညာစာများ ‘ဘလော့ခ်’ ပျက်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးစေလိုပါတယ်။

Q: ကျွန်တော်သိချင်တာလေးရှိလို့ မေးပါရစေဆရာ။ Oral Practice and STDs ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ရနိုင်တဲ့ ကူးစက်ရောဂါတွေအကြောင်းသိချင်လို့ပါ။

လိင်ဆက်ဆံရာမှာ ပါးစပ်ကိုသုံးလို့လဲ လိင်ကတဆင်းကူးစက်တဲ့ရောဂါတွေရနိုင်တယ်။
(၁) HIV
လိင်ကတဆင့်ကူးစက်ရောဂါရဘို့ နှိုင်းယှဉ်ရင် အန္တရာယ်နည်းတယ်။ ဗဂျိုင်းနားနဲ့ စအိုလမ်းတွေထက် နည်းတယ်။ ကူးစက်ဘို့ မဖြစ်နိုင်တာတော့ မဟုတ်ပါ။ Latex လေးတက်စ် ကွန်ဒွမ်၊ Polyurethane ပေါ်လီယူရီသိန်း ကွန်ဒွမ်၊ အမျိုးသမီးသုံး ကွန်ဒွမ်တွေကနေ ကူးစက်ဘို့အခွင့်အလမ်းကို ထိထိရောက်ရောက် ကာကွယ်နိုင်တယ်။ ပြုလုပ်ပေးသူရဲ့ ပါးစပ်နေရာမှာ ပြတ်ရှတာ၊ အနာအဆာရှိတာဆိုရင် ပိုပြီးကူးစက်လာစေနိုင်တယ်။ သုက်ရည်ကို ပါးစပ်ထဲထည့်ရင်လဲ အတူတူဘဲ။ သွားရောဂါအတွက် ခွဲစိတ်ထားရရင်လဲ ဖြစ်နိုင်တယ်။ တခြား လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ အတူတူဘဲ။ အဓိကကတော့ ပြုလုပ်ပေးသူဖြစ်တယ်။

(၂) Herpes ရေယုံ
Genital herpes လိင်လမ်းရေယုံကိုဖြစ်စေတာက HSV-2 နဲ့ ပါးစပ်-နှုပ်ခမ်းရေယုံကိုဖြစ်စေတာက HSV-1 ဗိုင်းရပ်စ် အမျိုးအစား မတူကြပါ။ ဒါပေမဲ့ ၂ မျိုးလုံးဟာ ပါးစပ်ကို ဆက်ဆံရာမှာသုံးလို့ နေရာ ၂ ခုလုံးကို ကူးစက်လာနိုင်တယ်။ ရေယုံဟာ မျက်စိနဲ့မမြင်ရဘဲလဲရှိနေနိုင်တာကို သတိပြုရပါမယ်။ ကာကွယ်တဲ့အနေနဲ့ Zovirax (acyclovir) ဆေးသုံးရင် အခွင့်အလမ်းကို နည်းစေပေမဲ့ ရာခိုင်နှုန်းပြည့်မဟုတ်ပါ။ ကွမ်ဒွမ်ကနေလဲ အပြည့်အဝမကာကွယ်နိုင်ပါ။ အရေပြားကနေ အရေပြားကို ကူးစက်နိုင်လို့ဖြစ်ပါတယ်။

(၃) HPV ကြွက်နို့
ကူးစက်နိုင်တယ်။ ခံတွင်းကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေကိုလဲ ဒီဗိုင်းရပ်စ်ကနေဆက်ဖြစ်လာနိုင်တာကို သတိပြုရပါမယ်။ HPV ပိုးဟာ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကိုလဲ မွေးဖွါးဖြစ်စဉ်အတွင်းမှာ ကူးစက်နိုင်တယ်။ ကွန်ဒွမ်နဲ့ Dental dams သွားတပ်စရာတွေကနေ ကူးစက်မဲ့အခွင့်အလမ်းကို နည်းစေနိုင်တယ်။ ဒါလဲ ရာနှုန်းပြည့် မဟုတ်ပါ။

(၄) Gonorrhea ဂနိုးရီးယား
ကနေ့ကာလမှာ လငယ်လူရွယ်တွေ လည်ချောင်းနာလို့လာရင် ဂနိုးရီးယားပိုးကြောင်ဖြစ်နေသူတွေ တိုးလာတယ်။ ကုသရလဲ အတော်ခက်ခဲလှတယ်။ ဆက်ဆံသူနှစ်ဦးမှာ အပြန်အလှန် ကူးစေတယ်။ ကွန်ဒွမ်နဲ့ Dental dams သွားတပ်စရာတွေကနေ ကူးစက်မဲ့အခွင့်အလမ်းကို ကောင်းကောင်းကာကွယ်နိုင်တယ်။

(၅) Chlamydia ကလာမိုင်းဒီးယား
ပြုလုပ်ပေးသူကိုရော အပြုခံသူကိုပါ ကူးစေနိုင်တယ်။

(၆) Syphilis ဆစ်ဖလစ်
အလွန်ကူးစက်နိုင်တယ်။ အမေရီးကားမှာ ဆစ်ဖလစ်ဖြစ်သူတွေရဲ့ ၁၅% ဟာ ပါးစပ်သုံးရာကနေကူးတာဖြစ်တယ်။ ရောဂါလက္ခဏာတွေရှိနေချိန် (အဆင့် ၁ + ၂) မှာ ကူးစက်တယ်။ သတိပြုဘို့က မနာတဲ့အနာဖြစ်လို့ ရောဂါရှိနေတာကို မသိဘဲ နေတတ်တယ်။ VDRL သွေးစစ်မှာသာ ပိုးရှိ-မရှိသိတယ်။

(၇) Hepatitis B ဘီပိုး
သုတေသနတွေလုပ်မေဲ့ အချုပ်ပြောဘို့ မသေခြာသေးပါ။ Oral-anal contact (ပါးစပ်+စအို) လမ်းကနေဆိုရင်တော့ Hepatitis A ကူးစက်မှာ သေချာတယ်။ Hepatitis B အတွက်လဲ မကူးဘူးလို့ ပြောမရပါ။ (အေ) ရော (ဘီ) ရောကို ကာကွယ်ဆေးထိုးထားနိုင်ပါတယ်။

(၈) Yeast Infection မှိုပိုး
Fungal infection (ဖန်းဂတ်စ်) လို့လဲခေါ်တယ်။ မှိုပိုးတွေက လူတိုင်းလိုလိုမှာရှိနေနိုင်တယ်။ နေရာအများအပြားမှာ နေနိုင်တယ်။ လိင်ဆက်ဆံမှုကနေကူးနိုင်တာ နှစ်နေရာရှိတယ်။ (၁) ပါးစပ်နဲ့ (၂) ဗဂျိုင်းနားဖြစ်တယ်။ ပါးစပ်ထဲမှာ ပိုးရှိနေပေမဲ့ ဘာမှမဖြစ်သလိုနေနိုင်လို့ ပြောမရဘူး။ ဥပမာ ကလေးငယ်လေးတွေကို နို့တိုက်ရင် လျှာမှာ ‘မှက်ခရု’ ဖြစ်တာက မိခင်နို့ကနေကူးလာတာဖြစ်တယ်။ အမျိုးသမီးတွေ ‘ဗဂျိုင်းနား’ ကနေ အဖြူဆင်းတာလဲ အတော်များများက Vaginal yeast infection မှို (ဖန်းဂတ်စ်) ကြောင့်ဖြစ်တယ်။ အဲတာလဲ ပိုးရှိနေပမဲ့ ဘာမှမဖြစ်သလိုနေတတ်သေးတယ်။ အပျိုတွေမှာလဲဖြစ်နိုင်တယ်။ ဗက်တီးယားသေဆေးသောက်တာ၊ ရာသီဥတုပူအိုက်စွပ်စိုတာကနေဖြစ်တတ်တယ်။ ဝတဲ့သူတွေ၊ ဆီးချိုရှိသူတွေ၊ HIV ရှိသူတွေနဲ့ သွေးဆုံးသူတွေမှာ ပိုဖြစ်တတ်တယ်။ ဒါပေမဲ့ ဆေးကုရတာမခက်ပါ။

 ဒေါက်တာတင့်ဆွေ

From: HIM

www.mmdailystar.com

ကျွန်တော်နဲ့ဘွဲဝတ်စုံဝတ်သောလူများ



Facebook ဖွင့်ဖွင့်ချင်းမှာပဲ စိတ်မကောင်းစရာပုံတွေတက်လာတယ်။ အထူးသဖြင့် B-Tech ဘွဲဝတ်စုံနဲ့ ကလေးတစ်ယောက်က ၀တ်ပြီးဆိုက်ကားနှင်းနေတာ ရင်ထဲကိုနှင့်နေအောင်ခံစားလိုက်ရပါတယ်။ ကိုယ်တိုင်က အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက်ဖြစ်နေတာမို့ ပိုထိခိုက်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

နိုင်ငံတော်ရဲ့ မူဝါဒလမ်းစဉ်တွေက ကျောင်းသူကျောင်းသားတွေအတွက် တင်းကြပ်ကောင်းတင်းတြပ်ပါလိမ့် မယ်။ ဒီအတွက် ကျောင်းသားကျောင်းသူတိုင် ကျောင်းထားပေးသူမိဘတိုင်း အမြတ်တနိုးတန်ဖိုးထားတဲ့ ဘွဲဝတ်စုံတွေကို လမ်းဘေးမှာဖြစ်ကလက်ဆန်စွာ အသုံးချနေတာမျိုးကို သဘောမကျမိပါဘူုး

အဆင့်တန်းမှီတဲ့ ပညာရေးစနစ်ကိုလိုချင်ရင် လူငယ်အားလုံးက ခေတ်စနစ်တစ်ခုရဲ့ အပြောင်းအလည်းကို ထိုင်ဆောင်မ့နေပဲ ကြိုးစားကြရမှာပါဖြစ်ပါတယ်။ ပညာရေးအပိုင်းမှာ ဗဟိုကချုပ်ကိုင်ထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လူတွင်ပါလို့ နွားကျားကိုက်ခံကြရတာပါ။ စည်းမဲ့ကမ်းမဲ့ ကျောင်းသူတွေ စည်းကမ်းပျက်တဲ့ သူတွေ များစွာရှိနေလို့ ဒီလိုစည်းကမ်းတွေနဲ့ကိုင်တွယ်နေတယ်လို့ထင်ပါတယ်။ ဟိုအတိတ်တစ်ချိန်က တက္ကသိုလ်နယ်မြေတွေက လွတ်လပ်ခြင်းနဲ့အတူ တာဝန်ယူမူတွေ ပြည့်နက်ခဲ့တာလူတိုင်းအသိပါ။ ခုခေတ်မှာ တော့အခွင့်ေ၇းကိုသာ အသုံးချချင်ပြီး တာဝန်ယူခြင်းကိုမသိဟန်ဆောင်နေကြတာများပါတယ်။

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက ဘယ်ကျောင်းမှာဖြစ်ဖြစ်စဉ်မျဉ်းတွေ ဥပဒေတွေ ရှိပါတယ်။ (အထူးသဖြင့် အသက်မွေးကျောင်းတွေမှာပိုသိသာပါတယ်)။
မိမိကိုယ်တိုင်တောင်မှ ကျောင်းမှာ (ပြောပြောနေတဲ့ အဆင်မမီတဲ့ ပညာရေးစနစ်) မှာတောင် 75% ပြည့်မီ အောင်မတတ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေ ဒုနဲ့ဒေးပါ။ တက္ကသိုလ်နယ်မြေက လွတ်လပ်ခွင့် အောင်မြင်ခွင့်ကို သူအပိုင်းအခြားနဲ့ သူရရှိနေပါသေးတယ်။ လုံးဝကြီး လူအခွင့်အရေးတွေကို ချုပ်ကိုင်ခဲ့တယ်လို့ မမြင်မိပါဘူး။

ဘွဲဝတ်စုံနဲ့ ပဲပြုတ်ရောင်းတဲ့သူ ဆိုက်ကားနင်းတဲ့သူ ဂျာနယ်ရောင်းတဲ့သူ ရှိကောင်းရှိပါ့မယ်။ (အကြောင်းတစ်စုံတစ်ခုကြောင့် အောင်မြင်မူလမ်းကြောင်းပေါ်ရောက်အောင် ခဏတာ အလုပ်ရွေးချယ်ခဲ့ခြင်းပါ။ ဘယ်ဘွဲရကများ တစ်ချိန်လုံး ဒီလိုအလုပ်တွေကို လုပ်နေတာမြင်ဖူးကြပါလဲ)။

ဒါဟာ ဘွဲနဲ့သက် ဆိုင်တဲ့ အကျိုးတရားမဟုတ်ပါဘူး။ ဘယ်ပညာရေးစနစ်မှာမှ ကိုယ်တိုင်မလုပ်ပဲ မကြိုးစားပဲ ရေသာခို အချောင်လိုက်နေလို့မရပါဘူး။ ကိုယ်တွေလို တိုးတက်မူနောက်ကျတဲ့ ဖွံဖြိုးမူနည်းတဲ့ နိုင်ငံမှာနေတဲ့ လူငယ် တွေ ပိုပြီးသဘောထားကြီးစွာနဲ့ ပညာရေးစနစ်ကောင်းအောင် တိုးတက်အောင် မိမိကိုယ်တိုင်ကြိုးစားကြရ မှာပါ။

ခုလို ၀တ်စုံဝတ်ပြီး လုပ်ချင်တာလုပ်နေ တဲ့ပါဖောင့်မန့်တွေ လုပ်ပြနေယုံနဲ့ ပညာရေးစနစ်ကြီကလည်း မတိုးတတ်လာသလို ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း တိုးတက်လာမှာမဟုတ်ပါဘူး။ မိမိတို့က ဒီလိုလုပ်နေပေမဲ့ မိမိတို့နဲ့ တန်တူဘွဲတွေ ပိုင်ဆိုင်ထားတဲ့ သူတွေ နိုင်ငံရပ်ခြားမှာကော ပြည်တွင်မှာပါ တင့်တင့်တဲ့ဝင်ငွေ( နိုင်ငံအလိုက်သာတွက်ချက်ရန်) နဲ့ အောင်မြင်မူတွေရနေကြပါတယ်။ကိုယ်တိုင် မကြိုးစားပဲ စနစ်တစ်ခုကို လက်ညှိုးထိုးနေပြီး လူမြင်ကောင်းအောင်လုပ်ပြနေတဲ့သူတွေကိုမေးချင်ပါ တယ်။

မိမိကိုယ်တိုင်ဘယ်လောက်ထိ နိုင်ငံအတွက်၊ ပညာရေးစနစ်အတွက်၊ နောက် ကျောင်း
ဂုဏ်သိက္ခာအတွက် ဘောင်ထဲက ဘယ်လောက်ကြိုးစားပြီးပြီလည်းဆိုတာ စဉ်းစားစေချင်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရှေ့တောင်အာရှမှာ ဖွံဖြိုးမူအနည်းဆုံး နိုင်ငံ သုံးနိုင်ငံမှာပါဝင်နေတဲ့ ကိုယ်နိုင်ငံကို ဒီလိုအတွေးအခေါ်နဲ့ လူငယ်တွေလက်ထဲကိုေ၇ာက်ရှိသွားရင်ဖြင့် အဘယ်သို့သောပြောင်လဲမူ တွေ ဖြစ်ပေါ်လာမယ်ဆိုတာ စဉ်းကိုမစဉ်းစားနိုင်ပါဘူး။

ကိုယ်တွေလည်း နယ်ကျောင်းကဆင်တဲ့ အင်ဂျင်နီယာဘွဲရပါပဲ။ အစိုးရစနစ်တစ်ခု မကောင်းတာကို အချိန်ပြည့် အမြင်စောင်းနေယုံနဲ့ ပညာရေးစနစ်ကြီးကလည်းမပြောင်းလည်းသွားနိုင်သလို မိမိတို့ရဲ့ ပညာရေးအရည်အချင်း တွေကလည်း တိုးတက်လာမှာမဟုတ်တာတော့ဧကံပါ။

တိုင်းပြည်ကိုတိုးတက်အောင်ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေပူးပေါင်းပါဝင်လာတာကိုလက်သင့်ခံပေမဲ့ ကိုယ်နိုင်ငံရဲ့ ပုံရိပ်ကို နိုင်ငံတကာမှာကျဆင်းအောင်လုပ်ဆောင်နေတာတွေကိုတော့ လုံးဝလက်သင့်မခံနိုင်တာ အမှန်ပါ။ အမှန်ဆို မကောင်းတဲ့စနစ်မှာ ကိုယ်တိုင်ကောင်းကောင်ကြိုးစားပြီး ညီလေးတွေ ညီမလေးတွေ ဒီလိုကြိုးစားပြီး ဒီလိုအောင်မြင်မူတွေရအောင်ယူကြဆိုပြီး စံပြနိုင်တဲ့ စီနီယာအစ်ကိုတွေ အစ်မတွေဖြစ်အောင် ကြိုးစားပြီး တိုင်ပြည်ရဲ့ ဖွံဖြိုးတိုးတက်မူလမ်းစဉ်မှာ တစ်ဖက်တစ်လမ်းက ဂုဏ်သိက္ခာရှိရှိပါဝင်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။

(အမှန်တော့မရေးတော့ဘူးဆိုပြီးနေနေတာ။အမြင်မတော်လို့ ခုတော့အမုန်းခံပြီးရေးလိုက်ပါတယ်။ ကိုယ်တွေတန်ဖိုးထားတဲ့ဘွဲဝတ်စုံတွေကို မတော်အသုံးချနေတာမို့။ ဘယ်နေရာရောက်ရောက် ကျွန်မသားက ဆရာဝန် ကျွန်မသားက အင်ဂျင်နီယာ ကျွန်မသမီးက နိုင်ငံခြားဘာသာကပြီးတာ။ အဘိုးမြေးက ကွန်ပျူတာနဲ့ ကျောင်းပြီးတာ။ စသည်ဖြင့် ဂုဏ်ယူစွာပြောနေတာကိုက သိက္ခာရှိတဲ့ ၀တ်စုံကိုဝတ်ဆင့်ခဲ့ဖူးတာကြောင့်ဆိုတာ ဘယ်သူများငြင်းချင်ကြမလည်းခင်ဗျာ)



From: ကိုဇော်ညီညီ

www.mmdailystar.com

ရှက်တတ်ကြစမ်းပါ



ကျွန်တော် အနေနဲ့ မှတ်မိသလောက်ဆို ဗကသ ဆိုတဲ့ လူတွေကို သမ္မတကြီး ဦးသိန်းစိန်က အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့တုန်းက လူရာသွင်းပြီး ဖိတ်ကြားခဲ့ဖူးတယ်။အဲ့ဒီ
အချိန်တုန်းက သမ္မတကြီးအနေနဲ့ ၊ နိုင်ငံတော် အစိုးရ အနေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အားပေးမယ် ထောက်ပံ့မှုတွေ လိုအပ်ရင် လုပ်ပေးမယ် ဒါကြောင့် တရားဝင် မှတ်ပုံတင်မထားတဲ့ အဖွဲ့တွေ တရားဝင်မှတ်ပုံတင် ပေးပါလို့ပြောခဲ့တယ်။အဲ့ဒီတုန်းက သမ္မတကြီး ဖိတ်တာတောင် မလာပဲနဲ့
ဂျာနယ်ကနေ သမဂ္ဂ ဆိုတာ ဘာမှ မှတ်ပုံတင်စရာမလိုဘူး ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အဲ့တုန်း အခု ကျော်ကိုကို တို့ ဒီငြိမ်းလင်း တို့ပဲ ငြင်းဆန်ခဲ့ကြတာ မှတ်မိသေးတယ်။

ကောင်းပြီ ဒါဆို သမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကို ဘယ်သူတွေက ထောက်ခံထားပြီး ဘယ်သူတွေက ဖွဲ့စည်းပေးထားတာလဲ ဆိုတာ စဉ်းစားကြည့်ဖို့လိုပါတယ်။အမှန်တော့ ဖဲသမား စကားလိုပဲ ကိုယ်ဝေ ကိုယ်ချိုး ဆိုသလို ကိုယ်တိုင်ပဲ ရွေး ကိုယ်တိုင်ပဲ ဥက္ကဌ တက်လုပ်နေကြတာ တော်ရုံတန်ရုံ မျက်နှာပြောင်
တိုက်ရဲတယ်ဆိုတဲ့သူတောင် စဉ်းစားလေ ရှက်လေ ဖြစ်မိမှာပါ။ဒါတောင် သမ္မတ အနေနဲ့ လူရာသွင်းပြီး အဖွဲ့အစည်း အဖြစ် မှတ်ပုံတင် ခိုင်းတာတောင် အရိုးများသလေး ၊ ချေးခါးသလေးနဲ့ လူတွင်ကျယ်ကြီး
တွေလုပ်ခဲ့တာ မှတ်မိကြသေးတယ်မဟုတ်လား။

နောက်တစ်ခု ဗကသ သမဂ္ဂ ဆိုတဲ့သူတွေက ကျောင်းသားအရေး ဘာတွေဆောင်ရွက်ခဲ့ပြီးပြီလဲ။
မလုပ်ဖူး မပြောဘူး လုပ်တော့လုပ်တယ်။ဘာတွေလဲ ။ဘဏ်ဖောက်တဲ့ ကောင်ကို ကာကွယ်တယ် ။အပြာခွေထွက်လာတဲ့ ကျောင်းသား စုံတွဲတွေကို ရှေ့နေလိုက်တယ်။မောင်ရင်တို့ ပြောတဲ့ ကျောင်းသား
အရေးဆိုတာ ဒါမျိုးတွေလား။လူလို သူလို တရားဝင်လမ်းကြောင်းအရ မှတ်ပုံတင်ပြီး ဆောင်ရွက်ဖို့ ဖိတ်ခေါ်တုန်းကတော့မလုပ်ချင်ဘူး ။ တည့်တည့်ပြောရရင် အဲ့လို လူလိုသူလို မလုပ်တတ်ဘူး။ဆန္ဒပြ
မယ် ၊ ဆူပူ မယ်လောက်ပဲ သိတယ်။ တကယ်ဆို ပညာရေး ဥပဒေကြမ်း ရေးဆွဲတဲ့အချိန်မှာ မောင်ရင်တို့
ဆီက အကြံပြုချက်တွေ မလိုအပ်ဘူးလား။ သိပ်ကို လိုအပ်တာပေါ့။ ဒါပေမယ့် တရားဝင် အဖွဲ့အစည်း မဟုတ်တဲ့ ဆန္ဒပြပွဲ အငှားလိုက်တဲ့ အဖွဲ့အစည်းသာသာ ဆီက အကြံမျိုးတော့ ဘယ်သူမှ လာတောင်းမှာမဟုတ်ဘူးဆို နားလည်ထားသင့်ပါတယ်။

နောက်တစ်ခု က ဘွဲ့ရဆိုက်ကားနင်းရတယ် ။ နင်းရတော့ ဘာဖြစ်လဲ ဆိုက်ကားနင်းတာလဲ အလုပ်ပဲ ။ ပဲပြုတ်ရောင်းတာလဲ အလုပ်ပဲ ။ ဒီအလုပ်တွေ လုပ်ပြီး ရိုးရိုးသားသား ငွေရှာတယ်။ ဒါဟာ
အလုပ်ဂုဏ်ပဲ။ ဆိုက်ကား နင်းရတဲ့ အလုပ်မို့ အောက်ကျတယ် ထင်လား ၊ပဲပြုတ်ရောင်းရတဲ့အလုပ်မို့
လို့ အောက်တန်းကျတယ် ထင်နေတာလား။ မင်းတို့အမေတွေ ပဲပြုတ်မရောင်းဖူးပေမယ့် ပဲပြုတ်ရောင်း ၊
ဆိုက်ကားနင်းပြီး ကျောင်းထားပေးတဲ့ မိဘတွေကို စော်ကားရာ ရောက်တယ်။ အလုပ်ဆိုတာ လုပ်ချင်တဲ့
သူအတွက်ပဲ ရှိတယ် ။ မလုပ်ချင်တဲ့ လူအတွက် အလုပ်ဆိုတာ မရှိဘူး။အလုပ်ဆိုတာ လုပ်ချင်ဖို့ပဲ လိုတယ်။

အလုပ်လုပ်တဲ့သူက ထိုက်တန်တဲ့ ဂုဏ်တစ်ခုတော့ ရှိပြီးသားပါ။ကိုယ်နဲ့အတူတူ ကျောင်းတက်
ခဲ့တဲ့သူတွေရော ကိုယ့်လိုပဲလားလို့ တစ်ချက် လေ့လာကြည့်ကြပါအုံး.။ ကိုယ့်တက်လမ်း
ကိုယ်ဘ၀ လမ်းကြောင်းဆိုတာ ကိုယ့်ဘာသာပဲ ဖောက်ရတာ။အလုပ်မလုပ်ချင်သူအတွက် အလုပ်မရှိ
ဘူး။ ဒါအစိုးရကြောင့်လို့ပြောရင် ပြောတဲ့သူက ပက်လက်လှန်တံတွေး ထွေးနေတဲ့သူပဲ။အချို့က ပြော
တယ် ကျောင်းက ဘာမှ မတက်ခဲ့ဘူးတဲ့။ မှန်တယ် ပရယ်တီကယ်လဲ မတက် ၊ ကျောင်းခေါ်ချိန်လဲ မတက်
စာမေးပွဲဖြေတော့ မှ အသည်းအသန် ခိုးချကြ ။ ဒီအရည်အချင်းနဲ့ ဘယ်လုပ်ငန်းရှင်က အလုပ်ပေးကြ
မလဲ။ကိုယ့်အရည်အချင်းကိုလည်း ဆန်းစစ်ကြပါအုံး။ ကိုယ့်အရည်အချင်း ကိုယ့် အတွေ့အကြုံနဲ့ကိုက်
ညီတဲ့အလုပ်ပဲ ရမှာပေါ့။အခုမှ B.Sc ရပြီး လစာ ၇ သိန်းလောက်အောက်ခြေလိုချင်လို့တော့ ဘယ်ရမလဲ။ ရတဲ့အလုပ် ကိုက်ညီတဲ့အလုပ်တော့ လုပ်ရမှာပဲ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့ ကြားဖူးကြမယ်ထင်တယ်။ ကိုယ်ရတဲ့အလုပ်ကိုယ်လုပ်တာဟာ ရှက်စရာမဟုတ်ဘူး။ အေး တကယ်ရှက်ရမှာက ကျောင်းသား သမဂ္ဂလိုလို ၊ နိုင်ငံရေးသမားလိုလို နဲ့
အလုပ်မလုပ်ပဲ မိဘပိုက်ဆံ လက်ဝါးဖြန့်တောင်းနေတဲ့ကိုယ့်ကိုယ်ကိုပဲ ရှက်ရမှာ။ခြေကောင်း
လက်ကောင်းကြီးနဲ့ မိုးလင်းတာနဲ့ လဘက်ရည်ဆိုင်ထိုင် ၊ ဘောပွဲလောင်း ၊ နိုက်ကလက် တက်နေပြီး
အလုပ်ရအောင်မရှာပဲ အချောင်လိုက်၊ ဆန္ဒပြ စားနေတဲ့ထောက်ပံ့ကြေးစားမောင်ရင်တို့အဖွဲ့အစည်းက
ပဲရှက်ရမှာ။မရှက်ဘူးလား။ မင်းတို့လိုအတန်းပညာမတတ်တဲ့လူတွေတောင် ဆိုက်ကား နင်းပြီး ကိုယ့်ဝင်ငွေကိုယ်ရှာနေတဲ့အချိန် မောင်ရင်တို့ခုထိ သောက်အလုပ်မလုပ်ပဲ အချောင်လိုက်နေတာ လူငယ်တွေတဲ့ မင်းတို့မရှက်ကြဘူးလား။ရှက်တတ်ကြစမ်းပါ ။ 
 
 
From:OE

www.mmdailystar.com

မူးယစ်ဆေး၊ လက်နက်ဖမ်းမိမှုနဲ့ တိမ်းရှောင်နေသူ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းမိပြီ

လွန်ခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ မူးယစ်ဆေး၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိတဲ့ အမှုကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံလို့ ရဲတပ်ဖွဲ့က ဆိုတဲ့ ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖမ်းဆီး ရမိပြီလို့ သိရပါတယ်။ 



 ဦးရဲထွန်းကျော်၊ ဓာတ်ပုံ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ

မူးယစ်ဆေးဝါးလုပ်ကိုင်တယ်ဆိုတဲ့ ဦးရဲထွန်းကျော်ကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။ 

“သြဂုတ် ၂၉ ရက်က ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၁,ဝဝဝ ပြား၊ ဘိန်းဖြူ ဘလောက်တုံး တစ်တုံး(အလေး ချိန် ၃၅ဝ ဂရမ်) နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသော အမှုမှ မူးယစ်ဆေးဝါးများ
ရောင်း ချခိုင်းသူ Natural Force Co.,Ltd. ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော် သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်သို့ တိမ်းရှောင်သွားကြောင်း သတင်းအရ သြဂုတ် ၃၁ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၄၇)စစ်တွေ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်း- ကျောက်တော်သွား ၅ မိုင်အကွာ ယိုးငူဆိပ်ကမ်းတွင် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရဲထွန်းကျော်သည် သြဂုတ် ၂၉ ရက် ညပိုင်း တွင် YGN-2E/8123 Kluger မော်တော်ယာဉ်ဖြင့် အမ်းမြို့သို့ ထွက်ခွါ သွားကြောင်း သတင်းရရှိပါသည်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာက ဆိုသည်။ 

ဆက်လက်ပြီး ရဲတပ်ဖွဲ့က ရေးသားချက်အရ သြဂုတ် ၃၁ ရက် ၂၂၁ဝ အချိန်တွင် ပူးပေါင်းအဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်နေ ဒေါ်ကြာဇံလှ နေအိမ်တွင် ရဲထွန်းကျော် စီးသွားသည့် YGN-2E/8123 Kluger မော်တော်ယာဉ်အား တွေ့ရှိ စုံစမ်းရာမှ ရဲထွန်းကျော်သည် သြဂုတ် ၃ဝ ရက်နေ့ ဝ၇၁ဝ အချိန် တွင် မြောက်ဦးမြို့ရှိ သူငယ်ချင်းဖြစ်သူ ဦးကျော်ဆန်း ၏ နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအတိ အကျရရှိသဖြင့် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ချိတ်ဆက်၍ မြောက်ဦးမြို့၊ တောင် ရပ်(၂)လမ်း၊ အမှတ် (တ၇/၂၂၄)နေ ဦးကျော်ဆန်း ၏ နေအိမ်အား စက်တင်ဘာ ၁ ရက် ၁၈၄၅ အချိန် ဝင်ရောက် ရှာဖွေရာ ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ရဲထွန်းကျော် (၃၅ နှစ်) အား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်အစကတော့ မူးယစ်ဆေးပြားတွေ သယ်ဆောင်လာတဲ့ လူ ၂ ဦးကို ရဲက ဖမ်းဆီးရမိပြီး စစ်ဆေးရင်း သူတို့ရဲ့ ဖော် ထုတ် စစ်ဆေးချက်အရ ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည့် Natural Force Co.,Ltd. ကုမ္ပဏီ ပိုင်ရှင် အိမ်ကို သွားရောက်စစ်ဆေးတဲ့အခါ နောက်ထပ် မူးယစ်ဆေးဝါးတွေနဲ့ သေနတ်နဲ့အတူ ပိုင်ရှင် အမျိုးသမီးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ 

ကုမ္ပဏီပိုင်ရှင် ဦးရဲထွန်းကျော်ကတော့ အဲဒီတုန်းက ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ သိရပါတယ်။ 

Natural Force Co.,Ltd. ကို ၂ဝဝ၇ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ 
 
From:ဧရာဝတီ

www.mmdailystar.com

ယောင်္ကျားလေးများ အပျို နဲ့ အအို ရင်သားခွဲခြားတတ်စေဖို့ ဗဟုသုတ

တစ်နေ့တုန်းက ဒေါက်တာ (…) ရဲ့စာအုပ်ကို ဖတ်မိတော့ သူ့ဆောင်းပါးထဲမှာ အပျိုဆိုတဲ့ ကောင်မလေးတစ်ယောက်က ဆေးခန်းလာပြတာ ကလေးပျက်ကျမှု ဖြစ်နေတယ်တဲ့။ အဲဒါနဲ့ သူလည်း ရင်သားတွေကို လှန်ကြည့်တော့မှ အပျို မဟုတ်ဘူးဆိုတာ သိသွားတယ်တဲ့။ အပျိုရဲ့ ရင်သား၊ အိမ်ထောင်သည် ရင်သားနဲ့ ကလေးအမေ ရင်သားတွေက ဘယ်လောက်တောင် ကွာခြားမှုရှိလို့လဲ။ အဲဒါလေးသိချင်ပါတယ်ဆရာ။

ကျွန်တော့်ဆီ ရောက်လာတဲ့ မေး(လ်)လေးတစ်စောင်ပါ။ တော်တော်တော့ ဟုတ်နေပြီဗျ။ ကလေးပျက်ကျမှု ဖြစ်နေတယ်၊ ဒါနဲ့ သူလည်း ရင်သားကို လှန်ကြည့်တယ်ဆိုတော့ တော်တော် လန့်သွားတယ်။ အပျိုလို့ ပြောရင် ရင်သား လှန်ကြည့်ရမှန်း ကျွန်တော်တော့ အခုမှ သိရပါတယ်။ အံ့ဘွယ်သုတပါပဲ။ (ကလေး ပျက်ကျတာ သိနေပြီးမှတော့ ဘာပြုလို့ ရင်သားကို လှန်ကြည့်တာလဲ မသိဘူးနော်။ ကလေးပျက်ပါတယ်ဆိုမှ အပျိုမဟုတ်တော့တာ သေချာနေပြီပဲဟာ…)

ထားပါတော့လေ… မေးခွန်းကို ဖြေရရင်တော့ ကလေးပျက်ကျတာလို့ ဆိုထားတဲ့အတွက် ကိုယ်ဝန်ဆောင် မိန်းကလေးဖြစ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ သဘာဝတရားက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရင်သားကို ပြုပြင်ပါတော့တယ်။  သည်အခါမှာ ရင်သားဟာ မူလကထက်လည်း ကြီးထွားလာပါတယ်။ အလေးချိန်အားဖြင့် တစ်ဖက်ကို တစ်ပေါင် နှုန်းလောက်အထိတောင် ကြီးထွားလာနိုင်တယ်လို့ အဆိုရှိတယ်။ တချို့အမျိုးသမီးတွေမှာ အဲသလို ရင်သား ကြီးထွားလာလို့ ရင်သားမှာ အကြောပြတ်သလို အရာမျိုးတွေ ရှိလာတတ်တယ်။ (အပျိုပေမယ့် ၀လွန်း၊ ရင်သား ထွားလွန်းရင်လည်း အလားတူပဲ အကြောပြတ်တတ်တာကို သတိချပ်ကြစေလိုပါတယ်။)
ဒါ့အပြင် ရင်သားများဆီကို သွေးပို့လွှတ်မှုကလည်း တိုးပွားလာတဲ့အတွက် ရင်သားပေါ်က သွေးကြောတွေရဲ့ အရောင် ပိုရင့်လာသလို မြင်လည်း ပိုမြင်သာလာပါတယ်။ ဒါ့အပြင် နို့သီးခေါင်း အောက်ခြေက အမည်းဝိုင်းကလည်း အရောင် ပိုရင့်ပြီး နက်မှောင်လာပါတယ်။ ကလေးအနေနဲ့ မအေ့နို့သီးခေါင်းကို အလွယ်တကူ တွေ့နိုင်အောင် သဘာဝတရားက ဖန်တီးလိုက်တာပါ။

ကိုယ်ဝန် သုံးလကနေ ခြောက်လအတွင်းမှာတော့ ခပ်ပျစ်ပျစ်နဲ့ အ၀ါရောင်သမ်းတဲ့ နို့ဦးရည် စထွက်လာတတ်ပါတယ်။ အများကြီး မဟုတ်တဲ့အတွက် တချို့ဆို သတိတောင် မထားမိဘူး။ တချို့ကျတော့လည်း အရည်အနေနဲ့ သတိထားမိတာ ရှိသလို တချို့ကျတော့လည်း နို့သီးခေါင်းမှာ ခြောက်နေတဲ့ အဖတ် အဖတ်လေးတွေ အဖြစ် တွေ့ရတတ်တယ်။
အဲဒါတွေဟာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားမှန်း သိသာစေတဲ့ အပြောင်းအလဲပါပဲ။ အဲတော့ အပျို့ရင်သားနဲ့ ကိုယ်ဝန်ဆောင့်ရင်သား ကွဲပြားမှုမှာ ကိုယ်ဝန်ဆောင်ရဲ့ ရင်သားက တအား တင်းနေမယ်၊ ထွားနေမယ်၊ အကြောတွေကို သိသိသာသာ ထင်းထင်းကြီး မြင်နေရမယ်၊ နို့သီးခေါင်းနဲ့ အောက်ခြေအမဲဝိုင်းတို့လည်း တအား နက်မှောင်နေမယ်ဆိုတာလောက်ပဲ မျက်စိနဲ့ ကြည့်ပြီး ပြောနိုင်ပါတယ်။

အိမ်ထောင်သည့်ရင်သားကတော့ တကယ်လို့သာ ကလေး မမွေးဖူးသူ၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက် မွမ်းမံ ထိန်းသိမ်းတတ်သူမျိုးဆိုရင် အပျို့ရင်သားနဲ့ ဘာမှ သိသိသာသာ မကွဲပြားပါဘူး။ ကလေးအမေ ရင်သားဖြစ်ဦးတောင်မှ ကလေးကို နို့ခွဲပြီးချိန်ကစပြီး သူ့ရင်သား အလှအပကို မွမ်းမံ ထိန်းသိမ်းသွားမယ်ဆိုရင်လည်း အပျိုနဲ့ မခြားနိုင်တဲ့ ရင်သားမျိုးကို ပြန်ရနိုင်ပါတယ်။ (အခုခေတ်မှာ အဲသလို ရင်သားကို ပြုပြင်နိုင်တဲ့ အလှကုန်ပေါင်းစုံ ပေါ်ထွန်းလို့ နေပါပြီ။ ခွဲစိတ် ကုသနည်းနဲ့ ရင်သားအလှကို ထိန်းသိမ်းကြတာမျိုးလည်း ရှိနေပါတယ်။ ဘာအလှကုန်တွေလဲ၊ ဘယ်မှာ သွားခွဲရမှာလဲတွေတော့ ဆက်မမေးကြပါနဲ့တော့ဗျာ၊ ကိုယ့်ဘာသာ ကိုယ်သာ စုံစမ်းယူကြပါတော့။ မေးလည်း မဖြေဘူးလို့ အခုကတည်းက တစ်ခါတည်း ပြောထားလိုက်မယ်နော်…)

အသက်ကလေး ရလာရင်တော့ ရင်သားက ပျော့လာတယ်၊ အိတွဲလာပါတယ်။ သွေးဆုံးချိန်မှာတော့ ရင်သားက တဖြည်းဖြည်းနဲ့ ပြန်ကျုံ့သွားတတ်ပါတယ်။ ယောက်ျားရင်ဘတ်လို လုံးလုံးကြီး ပြားချပ်ချပ်တော့ ဖြစ်မသွားပေမယ့် ငယ်တုန်းကထက် အများကြီး ကျုံ့သွားတာတော့ အမှန်ပါပဲ။
သည်လောက်ဆိုရင် အပျို၊ အိမ်ထောင်သည်နဲ့ ကလေးအမေတို့ကြားက ရင်သားများ ခြားနားပုံကို သိချင်သူများ စိတ်အထာကျလောက်ပြီထင်ပါတယ်။
From: liankam

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...