Sunday, 7 September 2014

၂၀၁၅ တွင် ဆွတ်ဇာလန် သမ္မတက မြန်မာနိုင်ငံတွင် လေယာဉ်တစ်ထောက်နားလိုကြောင်း ကမ်းလှမ်း


ရက်နေ့မှာ နိုင်ငံတော်သမ္မတက နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse ကို သွားရောက်လေ့လာပြီး လေယာဉ်မှူးများနဲ့ ရင်းရင်းနှီးနှီးစကားပြောခဲ့ပါ တယ်။

မနေ့ က ဆွစ်ဇာလန်သမ္မတနဲ့တွေ့တဲ့အချိန်မှ ဆွစ်ဇာလန်သမ္မတက ၂၀၁၅ မတ်လ အဲဒီ လေယာဉ် ကမ္ဘာတစ်ပတ်ပျံသန်းတဲ့အခါ မြန်မာနိုင်ငံမှာ တစ်ထောက်နားလိုကြောင်း ကမ်းလှမ်း ခဲ့ပါတယ်။
သမ္မတကြီးက အဲဒီအဆိုပြုချက်ကိုလက်ခံခဲ့ပြီး လေယာဉ်ခရီးစဉ်အောင်မြင်ရေးအတွက် ကူညီ ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

အဲဒီလေယာဉ် မြန်မာနိုင်ငံမှာ ရပ်နားစဉ်ကာလအတွင်း နေရောင်ခြည်စွမ်းအင်နဲ့ပတ်သက်ပြီး အများပြည်သူများကို အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ဖို့လည်း စီစဉ်ထားပါတယ်။
လေယာဉ်ကိုတော့ မန္တလေးမြို့မှာ တစ်ထောက်နားဖို့ လျာထားကြောင်းနဲ့ အာဆိယံ ဒေသတွင်းမှာ မြန်မာတစ်နိုင်ငံတည်းမှာပဲ တစ်ထောက်နားဖို့ စီစဉ်ထားကြောင်းသိရပါတယ် ။
From:Ye Htut( ပြန်ကြားရေး ၀န်ကြီး )

www.mmdailystar.com

ပဋိပက္ခပြေလည်စေလိုသူ နန်းခင်ဇေယျာ

လတ်တလော အများပြောနေကြတဲ့ မေမြတ်နိုးသရဖူအကြောင်းနဲ့ ပတ်သက်ပြီး အလှမယ်နန်းခင်ဇေယျာ ဆီက အသံ ထွက်လာပါတယ်။


စနေ မနက် ၁းဝဝ နာရီ သူ့ဖေ့စ်ဘုတ်မှာ တင်လိုက်တာကို ကူးယူ ဖော်ပြလိုက်ပါတယ်။


နန်းခင် ခုရေးတဲ့ စာလေးက သိလွန်း တတ်လွန်းလို့ရေးထားတာ မဟုတ်ပါဘူးရှင်။ အားလုံးအတွက် စိတ်မကောင်းဖြစ်ရလို့ ကာယကံရှင်တွေကိုလည်း အားပေးစကားလေးပြောချင်လို့ ရေးလိုက်တာပါ။
ခုဖြစ်ပေါ်နေတဲ့ ညီမလေး မေမြတ်နိုး သရဖူပြန်အပ်ရမယ့် ကိစ္စမှာ ဘယ်သူမှန်လို့ ဘယ်သူမှားတယ်ဆိုတာ နန်းခင် လည်း မသိပါဘူး။

မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး သရဖူ ရခဲ့တဲ့ အတွက် မြန်မာပရိသတ်နဲ့အတူ ဝမ်းမြောက်ဂုဏ်ယူခဲ့ပါတယ်။ ဒီ့အတွက် ကြိုးစားခဲ့ကြတဲ့ ညီမလေး မေမြတ်နိုးရော အမလှနုထွန်းရော ၂ ယောက်လုံးအတွက် မြန်မာပရိသတ်များနဲ့အတူ ဝမ်းမြောက်ခဲ့ရတာပါ။ မည်သို့သော အကြောင်းတရားတွေကြောင့်

သဘောထားမတိုက်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ရတယ်၊ စေ့စပ်ညှိနှိုင်းမရဖြစ်ခဲ့ရတယ် ဆိုတာ ကာယကံရှင်တွေထက် နန်းခင် တို့ ပိုမသိနိုင်ပါဘူးရှင်။ ခု အဖွဲ့ကြီးက သရဖူပြန်လည်အပ်ဖို့ တောင်းဆိုမှု ၊ စွပ်စွဲချက်တွေ အတွက် ညီမလေး မေမြတ်နိုး ဘယ်လိုခံစားနေရမယ်ဆိုတာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ချင်းစာမိပါတယ်။ ဒီလိုပဲ မလှနုထွန်း လည်း စိတ်ဆင်းရဲနေရမယ် ဆိုတာ တွေးမိပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။ အားလုံးကိုလည်း အဆင်မပြေမှုတွေ အမြန်အဆုံးသတ်ပြီး စိတ်ချမ်းသာစေချင်ပါတယ်။


မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်ကာကွယ်ဖို့ နန်းခင်တို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်လို့ နန်းခင် ရဲ့ အမြင်လေးကို ပြောပါရစေ။
အခက်အခဲတွေ ကြုံနေရတဲ့သူတွေလည်း အမြန်ပြေလည်ပြီး စိတ်ငြိမ်းချမ်းစေဖို့ ဆန္ဒပြုပါတယ်။
ညီမလေး မေမြတ်နိုး စိတ်အားမငယ် စိတ်ဓာတ်မကျပါနဲ့။ ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းအတွက် စိတ်ဓာတ်ခွန်အားတွေမွေးမြူပြီး ကြိုးစားပါ ညီမလေး။ညီမလေး ပူပင်သောကတွေ ချုပ်ငြိမ်းပြီး အမြန်စိတ်အေးချမ်းသာပါစေ။

အရည်အချင်းတွေပြည့်စုံတဲ့ အမ လှနုထွန်းလည်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ၊ စိတ်ဆင်းရဲမှု သောကတွေကနေလွတ်မြောက်ပြီး အမြန်စိတ်ချမ်းသာမှုတွေ ကြုံတွေ့ရပါစေလို့ နန်းခင် ဆန္ဒပြုပါတယ်။

ဖြစ်ပြီးတဲ့ကိစ္စတွေကနေ သင်ခန်းစာယူပြီး နောက် ယှဉ်ပြိုင်ကြမယ့် ညီမလေးတွေ အတွက် မှာချင်တာက မပြိုင်ခင် သေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်ယူပြီး သေချာလေ့လာပါလို့ မှာချင်ပါတယ်။
အမှားကင်းတဲ့သူ ဘယ်သူမှမရှိပါဘူး။ မှားပြီးတဲ့ အမှားမျိုး ထပ်မမှားအောင် အမှားကနေ သင်ခန်းစာယူတတ်ကြရင် အောင်မြင်မှု အမှန်တရား အသီးအပွင့်တွေ ရရှိပါလိမ့်မယ်လို့ နန်းခင် တို့ အားလုံး ယုံကြည်ထားပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးစားကြပါစို့နော်။

အားလုံးပဲ သောကတွေကင်းဝေးပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ နန်းခင် ဆုတောင်း မေတ္တာပို့သရင်း
From:နန်းခင်ဇေယျာ

www.mmdailystar.com

တယ်လီနော ဆင်းမ်ကတ်များ စက်တင်ဘာ ၁၅ စတင်ဖြန့်မည် အင်တာနက်နှုန်း သက်သာမည်ဟုဆို


တယ်လီနောဆင်းမ်ကတ်များတွင် အသုံးပြုနိုင်မည့်ခန့်မှန်းခြေဒေတာပမာဏ
နှင့်အင်တာနက်အသုံးပြုနိုင်မှုများကိုစက်တင်ဘာ၅ရက်ကထုတ်ပြန်ကြေညာ
လိုက်သော်လည်းကောက်ခံမည့်ဒေတာနှုန်းထားများကိုမထုတ်ပြန်သေးသော
ကြောင့်သုံးစွဲသူများက အူရီဒူးကလက်ရှိသတ်မှတ်ထားသည့်ဒေတာနှုန်းထား
ထက်သက်သာသည့်ဈေးနှုန်းမျိုး ဖြစ်စေလိုကြောင်းတယ်လီနောဆင်းမ်ကတ်
ကိုအသုံးပြုလိုသူများက စက်တင်ဘာ ၅ ရက်၌ ပြောဆိုကြသည်။
ယင်းအတိုင်းအတာကိုအင်တာနက်ဒေတာစနစ်ကောက်ခံမှုနှုန်းထားကိုမထုတ်
ပြန်မီ အင်တာနက်ဒေတာစနစ် ကို သုံးစွဲမည့် ပြည်သူများအနေဖြင့်နှိုင်းယှဉ်
လေ့လာဆန်းစစ်နိုင်ရန် ချပြထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်ကြောင်းတယ်လီနောမှ
သိရသည်။

တယ်လီနောထုတ်ပြန်ထားသည့်ခန့်မှန်းခြေပမာဏများအရ တယ်လီနောအင်
တာနက်ဒေတာစနစ်100 MB လျှင်ဝက်ဘ်ဆိုက်စာမျက်နှာ ၃၀၀ ခန့်ကိုဝင်
ရောက်ကြည့်ရှုနိုင်ခြင်း(သို့) သီချင်း ၁၀ ပုဒ်(သို့) လေးမိနစ်စာ ဗီဒီယိုဖိုင် ၁၀ ခု
ကြည့်ရှုနိုင်ခြင်း၊အပလီကေးရှင်း ၃၂ ခုဒေါင်းလုတ်ဒ်ချနိုင်ခြင်းတို့ကိုဆောင်ရွက်
နိုင်မည်ဖြစ်ပြီး 500 MB လျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၁၅၀၀ ခန့်ကို ၀င်ရောက်
ကြည့်ရှုနိုင်ခြင်း(သို့) သီချင်းအပုဒ် ၅၀ (သို့) လေးမိနစ်စာဗီဒီယိုဖိုင် ၅၀ ကြည့်ရှု
နိုင်ခြင်း၊ အပလီကေးရှင်း ၁၅၀ ဒေါင်းလုတ်ဒ်ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
အင်တာနက်အသုံးပြုမှု 1GBလျှင် ၀က်ဘ်ဆိုက်စာမျက်နှာ ၃၀၀၀ ခန့်ကိုဝင်
ရောက်ကြည့်ရှုနိုင်ခြင်း(သို့)သီချင်းအပုဒ် ၁၀၀ (သို့) လေးမိနစ်စာ ဗီဒီယိုဖိုင်
၁၀၀ ကြည့်ရှုနိုင်ခြင်း၊ အပလီကေးရှင်း၃၂၀ ကို ဒေါင်းလုတ်ဒ်ချနိုင်မည်ဖြစ်
ကြောင်း တယ်လီနောမြန်မာက ထုတ်ပြန်ထားသည်။

"တယ်လီနောနဲ့ ပတ်သက်ပြီးတော့ ဆင်းမ်ကတ်ဖြန့်ဝေမယ့် စက်တင်ဘာလအ
တွင်းကိုရောက်ရှိလာပါပြီ။တယ်လီနောသုံးစွဲဖို့စောင့်မျှော်နေသူတွေအတွက်သက်
သာတဲ့ ခေါ်ဆိုခနဲ့သက်သာတဲ့ အင်တာနက်ဈေးနှုန်းတွေကိုမကြာမီရက်ပိုင်းအ
တွင်းမှာပဲ အံ့သြ၀မ်းသာစရာ အသိပေးသွားတော့မှာပါ"ဟုတယ်လီနောမှတာဝန်
ရှိသူတစ်ဦးကပြောသည်။တယ်လီနောဆင်းမ်ကတ်များကိုယခု စက်တင်ဘာ ၁၅
ရက်တွင်စတင်ဖြန့်ချိသွားမည်ဖြစ်ကာဖုန်းခေါ်ဆိုခမှာတယ်လီနောကွန်ရက်အချင်း
ချင်းဖြစ်ပါက ၁၅ ကျပ်သာ ကျသင့်မည်ဖြစ်ပြီးအူရီဒူးနှင့် MPT ကဲ့သို့ အခြားကွန်
ရက်များကိုခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ကျသင့်မည်ဖြစ်ကြောင်း၊ မှတ်ပုံ
တင်တစ်ခုလျှင် တယ်လီနောဆင်းမ်ကတ် ငါးကတ်ခန့် ရောင်းချပေးသွားမည်ဖြစ်
ကြောင်း၊၀န်ဆောင်မှုစတင်ချိန် တစ်လအခမဲ့အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း
တယ်လီနောမြန်မာက အရောင်းဆိုင်များထံ မိတ်ဆက်စဉ် ပြောကြားခဲ့ကြောင်း
အရောင်းကိုယ်စားလှယ်အချို့ထံမှသိရသည်။ယင်းနှင့်ပတ်သက်၍တယ်လီနော
မြန်မာထံ အတည်ပြုချက်ရယူခဲ့သော်လည်း ရက်ပိုင်းအတွင်းအတိအကျကြေညာ
ပေးသွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်ကတော့ဖုန်းခေါ်ဆိုခဈေးသက်သက်သာသာနဲ့ဖြစ်ရုံမကအင်တာနက်
အသုံးပြုမှုကလည်း ဒေတာနဲ့ကောက်မယ်ဆိုရင် အားလုံးအဆင်ပြေပြေအသုံးပြု
နိုင်မယ့်အနေအထားတစ်ခုဖြစ်စေချင်တယ်ဒီခေတ်ကလူမှုကွန်ရက်ဝက်ဘ်ဆိုက်
တွေကလည်း အရေးပါလာပြီးလိုအပ်တဲ အပလီကေးရှင်းတွေ သီချင်းတွေက
လည်းအင်တာနက်လိုင်းကောင်းကောင်းနဲ့ဒေါင်းလုတ်ဒ်ချနိုင်မယ့်အနေအထား
တစ်ခုကိုမျှော်လင့်ခဲ့တာကြာပြီ။အူရီဒူးကတော့ အင်တာနက်ကောက်ခံနှုန်းက
မြင့်တော့ သုံးတာတောင် ရင်တမမဖြစ်နေရတယ်။ ဒါကြောင့် တယ်လီနောကို
တော့ဒီလိုမဖြစ်စေဖို့နဲ့ 1MB ကိုအများဆုံး နှစ်ကျပ်လောက်ထိတော့ထားပေးဖို့
မျှော်လင့်ထားတယ်။ ဒါဆိုရင် အားလုံးအဆင်ပြေပြေ သုံးနိုင်မယ်လို့ ထင်ပါ
တယ်။ တယ်လီနောအနေနဲ့လည်း သုံးစွဲသူတွေတတ်နိုင်တဲ့နှုန်းထားဖြစ်အောင်
လုပ်ပေးစေလိုပါတယ်" ဟုလှည်းတန်းနေအသက်(၂၉)နှစ်အရွယ်ကိုသက်အောင်
က ပြောဆိုခဲ့သည်။

တယ်လီနောမြန်မာသည် ယခုလတွင်း ဖြန့်ဝေမည့် ဆင်းမ်ကတ်များကို 2G နှင့်
3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် အောက်ခြေလူတန်း
စားများ အသုံးပြုနိုင်သည့်ဖုန်းဟန်းဆက်များ၌်လည်း ထည့်သွင်းအသုံးပြုနိုင်စေ
မည်ဖြစ်ကြောင်း အာမခံထားသည်။

From: စံတော်ချိန်

www.mmdailystar.com

သတိထားရတော့မယ့် ကလေးသူငယ် လိင်ခရီးသွားလုပ်ငန်း




လက်ဖက်ရည်ဆိုင်ရှေ့ရှိ ကွမ်းယာဆိုင်မှ ခပ် ရွယ်ရွယ် အမျိုးသမီး နှစ်ဦးသည် စူးရိုင်းသော မျက်လုံး များဖြင့် သူတို့ကိုကြည့်နေ၏။ တစ်ဦးက ခါးထောက်ထား၏။ ဆိုင်တွင်းရှိ အခြားသော စားပွဲ တွင် ထိုင်နေကြသူများလည်း အလားတူပင်။

သူတို့တစ်တွေ အာရုံစူးစိုက် ကြည့်နေကြသည်မှာ အခြား မဟုတ်။ အသက်(၇၀)ခန့် နိုင်ငံခြားသားအဘိုးကြီးတစ်ဦးက(၁၃) နှစ်အရွယ် ကလေးမလေးနှင့်အတူတွဲထိုင်နေ၍ဖြစ်သည်။

ထိုနိုင်ငံခြားသားအဘိုးကြီး ၏ ညာလက်သည် ကလေးမလေး ၏ ထိုင်ခုံနောက်မှီကို အပြည့်တင် ထားကာ ကိုယ်ကိုလည်း ကလေးမလေးဘက်သို့ ယိုင်ထား၏။

ကလေးမလေးက ကိုယ်ကို ယို့ကာ အရှေ့သို့ တိုးထိုင်နေရင်း လက်ထဲက ဇွန်းကလေးဖြင့် သူမ ရှေ့မှ လက်ဖက်ရည်ပန်းကန်ကို အဓိပ္ပာယ်မဲ့ ထပ်ခါထပ်ခါ မွှေနေ လေသည်။ ကလေးမလေးမှာ အထက်မြန်မာပြည်တွင် တွေ့ရ တတ်သော သာမန်(၁၃)နှစ်သမီး လေးများအတိုင်းပင်။ အရပ်မနိမ့် မမြင့်၊ ကိုယ်ခန္ဓာသေးသေးသွယ် သွယ်နှင့် သူမ၏ ဆံပင်နီကြောင် ကြောင်လေးများကို သပ်ရပ် အောင် ကြိုးစားပြီး စည်းနှောင် ထားသည်။

မျက်နှာတွင် သနပ်ခါးထူထူ လူးထားပြီး သစ်ရွက်ပုံ ပါးကွက် တင်ထားလေသည်။ မိမိအိမ်မှာ ရှိသော အသစ်လွင်ဆုံး၊ အကောင်းဆုံး အ၀တ်အစားကို ၀တ်ဆင်လာ ပုံ ရှိသော်လည်း ကလေးမလေး ၏ မျက်နှာသည် နွမ်း၏။ ညှိုး၏။ ရှက်ဟန်၊ စိတ်ကျဉ်းကျပ်ဟန်ပေါ် ၏။ ထိုစဉ်တွင် ကျောင်းဆင်းလာ သည့် အဖြူ၊ အစိမ်းဝတ် ကျောင်းသူ၊ ကျောင်းသားလေးများသည် လက်ဖက်ရည်ဆိုင်ရှေ့မှ အုပ်စု လိုက် ဖြတ်လျှောက်သွားကြ၏။

ကလေးများ၏ တခစ်ခစ် ရယ်သံ၊ စနောက်သံ၊ ပြေးလွှားသံ တို့ဖြင့် လမ်းမထက်တွင် စီစီညံ ၏။ ကလေးမလေးသည် သူမနှင့် ရွယ်တူ ကျောင်းသူ၊ ကျောင်းသား ကလေးများကို ငေးကြည့်နေ၏။

သူမ၏ မျက်လုံးကလေးများ သည် ဖျတ်ခနဲ တဖျပ်ဖျပ်လက် သွားပြီး ချက်ချင်းပြန်လည် ဖျော့ မှိန်သွား၏။ ကျောင်းသူ၊ ကျောင်း သားကလေးများကလည်း နိုင်ငံ ခြားသားကြီးနှင့် တွဲထိုင်နေသော သူတို့နှင့် ရွယ်တူကလေးမလေး ကို ၀ိုင်းကြည့်ကြ၏။ အချင်းချင်း လက်ညှိုးထိုးပြကြ၏။ တီးတိုးဆို ၏။ ပြီး တခစ်ခစ် ရယ်မောကြ ပြီး ရှေ့ဆက်လျှောက်သွားကြ ကာ စက္ကန့်ပိုင်းအတွင်း ထိုအ ကြောင်းအရာသည် သူကလေးတို့ ၏ ခေါင်းထဲတွင် မရှိတော့ချေ။ ကလေးမလေး အဖို့ကား နာကျင် ကာကျန်ခဲ့ပုံရလေသည်။

အရွယ်တူ ကလေးငယ်များ ကျောင်းတက်နေချိန်တွင် ကြီးစွာ သော မိသားစုဝန်ထုပ် ၀န်ပိုးကြီး ကြောင့် နိုင်ငံခြားသားကြီးအား ဧည့်ထောက်ခံနေရသည့် သူမ ကိုယ်သူမ ၀မ်းနည်းနေမည်လား မသိပေ။

ပုဂံမြို့တွင် ထိုသို့သော မြင် ကွင်းမျိုးက မထူးဆန်းတော့ပြီ။ အလားတူ ကမ္ဘာလှည့်ခရီးသွား များ ၀င်ထွက်သွားလာနေသော မြန်မာပြည်၏ အခြားမြို့များတွင် လည်း အလားတူ အဖြစ်အပျက် များ မြင်တွေ့ရလွန်းချေပြီ။

ရန်ကုန်မြို့လယ်တွင်လည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မြင်တွေ့ခဲ့ရသည်မှာ မြန်မာခရီး သွားလုပ်ငန်း ပြန်လည်စန်းထ လာခဲ့သည့် ၂၀၁၁ ခုနှစ်လောက် ကပင် ဖြစ်သည်။

ထို အဖြစ်အပျက်သည် ကျွန်မတို့အား မြန်မာပြည်ခရီး သွားလုပ်ငန်း တိုးတက်လာမှု၏ ဘေးထွက်ဆိုးကျိုး တစ်ခုအား မီးမောင်းထိုးပြနေသကဲ့သို့ပင်။ မကြာမီပင် ကျွန်မတို့ မြန်မာပြည် မှာ Child Sex Tourism (ကလေး သူငယ်လိင်ခရီးသွားလုပ်ငန်း) ကူးစက်လာချေတော့မည်လားဟု တွေးတောမိလေသည်။

ထိုကဲ့သို့ စိုးရိမ်ရခြင်းမှာ လည်း အခြားသော ဆက်စပ်နေ သည့် အကြောင်းအရာများ ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံရှိ လူငယ်များ တွင် အလုပ်လက်မဲ့နှုန်းမြင့်မားနေ ခြင်းတို့ကြောင့် ဖြစ်သည်။ ၀မ်း ရေးအတွက် ကောင်းရာမွန်ရာ လုပ်ကိုင်စားသောက်ကြသော် လည်း အဆင်မပြေကြသဖြင့် ရရာ အလုပ်လုပ်ကိုင်ရာမှ အမျိုးသမီး ငယ်အချို့ ကေတီဗီနှင့် အနှိပ် ခန်းများသို့ ရောက်သွားကြသည် မှာ ယခုအချိန်ထိပင် ဖြစ်သည်။

ကျွန်မတို့ရှေ့တွင် နမူနာ များစွာ တွေ့ခဲ့ရပြီးလေပြီ။ အထူး သဖြင့် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီး ယားနိုင်ငံတို့တွင် ဖြစ်သည်။ ထိုင်းနိုင်ငံ၏ နာမည်ကြီးလှသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း သည် အရွယ်မရောက်သေးသော ကလေးငယ်များစွာ၏ ဘ၀ကို Child Sex Tourism အနေအ ထားသို့ တွန်းပို့ခဲ့သည်။

ထိုင်းနိုင်ငံ၏ လူကြားသူ ကြားတွင် ထူးပြီးမဆန်းလှသည့် လိင်ဇာတ်လမ်း များစွာတွင် အသက်မပြည့်သေးသော ကလေးငယ် လိင်လုပ်သားများစွာသည် နိုင်ငံအနှံ့အပြားတွင် အလုပ်လုပ် ကိုင်နေကြလေသည်။ အချို့ထိုင်းနိုင်ငံ၏ လိင်လုပ်သား ကလေး ငယ်များသည် ဆင်းရဲသော အိမ်နီးချင်း နိုင်ငံများမှ ၀င်ရောက်လာ ခြင်း ဖြစ်သည်။

အဓိကသူတို့၏ ဖောက် သည်များမှာ ကမ္ဘာလှည့်ခရီးသည် များ (လိင်ခရီးသွားတိုးရစ်များ-Travelling Sex Offenders) ဖြစ် လေသည်။

အများအားဖြင့် ဆင်းရဲ သော နိုင်ငံများရှိ ကလေးလိင် လုပ်သားတို့သည် ဆင်းရဲလွန်း ခြင်း၊ အမြဲငွေလိုနေပြီး ပညာ မတတ်သော၊ ကျန်းမာရေး မကောင်းသော မိဘဆွေမျိုးများ ကို လုပ်ကိုင်ကျွေးမွေးနေရခြင်း၊ ပတ်ဝန်းကျင်၏ လျစ်လျူရှုခံရ ခြင်းစသည့် တူညီသော အခြေခံ အချက်များ နောက်ခံအကြောင်း များကြောင့် ယင်းဘ၀သို့ ရောက်ရှိကြရလေသည်။

ထို့အပြင် အချို့သော ကလေးငယ်များမှာ မိဘများ၏ ကြွေးမြီတို့ကို ဆပ်ပေးရန် အလို့ ငှာလမ်းပေါ်ရောက်ခြင်း၊ ရောင်း စားခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့ ရသည်။ လိင်လုပ်သားကလေး ငယ် တစ်ဦးသည် တစ်နေ့လျှင် အရွယ်ရောက်သူ ၃၀ ခန့်အထိနှင့် ပင် အလုပ်အကျွေးပြုနေကြရပြီး အချို့ ကလေးငယ်များသည် အသက် ငါးနှစ်ကျော်ကျော်အ ရွယ်မျှသာ ရှိကြသေးလေသည်။

ငွေကြေးဖြင့် ကလေးလိင် လုပ်သား(၀ါ) ကလေးလိင်ကျွန် အဖြစ် ခိုင်းစေခြင်းသည် ကမ္ဘာ ပေါ်တွင် လွန်စွာဆိုးရွားလှသော ရာဇ၀တ်မှု ဖြစ်လေသည်။

၁၉၉၆ ခုနှစ်က စတော့ဟုမ်း မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် ကမ္ဘာ့ညီလာခံက လည်း ငွေကြေးဖြင့် ကလေးလိင် လုပ်သား (၀ါ)ကလေးလိင်ကျွန် အဖြစ် ခိုင်းစေခြင်းကို ပြင်းထန် စွာ ဆန့်ကျင်ရှုတ်ချခဲ့လေသည်။

ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) အချက် အလက်များအရ ကမ္ဘာအနှံ့ လိင် လုပ်သားများမှာ ၁၂ ဒသမ ၃ မီလီယမ်ရှိပြီး ၎င်းပမာဏ၏ ၄၀ (သို့) ၅၀ ရာခိုင်နှုန်းမှာ အတင်း အဓမ္မ ခိုင်းစေခြင်းခံရသော ကလေးသူငယ် လိင်လုပ်သားများ ဖြစ်လေသည်။

Child Sex Tourism တည် ရှိရာ နိုင်ငံအများစုမှာ အာရှ၊ အာဖရိက၊ အရှေ့ဥရောပ၊ လက်တင်အမေရိကနှင့် ပစိဖိတ်ကျွန်း နိုင်ငံများ ဖြစ်ကြလေသည်။

ယင်းနိုင်ငံတို့တွင် ဈေးချို ပြီး ရောဂါကင်းသော လိင်လုပ် သားကလေးငယ်များ ရနိုင်ခြင်း သည် လိင်ရည်ရွယ်ချက်ဖြင့်လာ သော ခရီးသွားများအတွက် ဆွဲ ဆောင်မှုတစ်ခု ဖြစ်ပြန်လေသည်။

ထို့အပြင် HIV/AIDS ဖြစ် ပွားခြင်းမှ ရှောင်ရှားနိုင်ရန် ရည် ရွယ်ခြင်းကလည်း ကလေးများ၏ ငယ်ရွယ်၊ သန့်စင်မှုကို ခြိမ်း ခြောက်လေသည်။

တိုးတက်ခေတ်မီလာသော အင်တာနက်နှင့် လူမှုကွန်ရက်က လည်း ကလေးလိင်အပြာကား များကို ကမ္ဘာအနှံ့သို့ ပိုမိုပျံ့နှံ့စေ ပြီး အသက်မပြည့်သော ကလေး ငယ်များစွာအား လိင်လုပ်သား အဖြစ်သို့ စောစောစီးစီးရောက်ရှိ စေလေသည်။

မိမိတို့ မိခင်နိုင်ငံများရှိ တင်း ကျပ်လှသည့် ကလေးသူငယ် ကာကွယ်တားဆီးထားသော ဥပဒေများကြောင့် နိုင်ငံများစွာမှ လိင်ခရီးသွားကမ္ဘာလှည့်များ သည် ဆင်းရဲသော နိုင်ငံများသို့ ခြေဦးလှည့်ကြလေသည်။

အနည်းဆုံး ကမ္ဘာ့ ၂၅ နိုင်ငံ မှ လိင်ခရီးသွား ကမ္ဘာလှည့်များသည် Child Sex Tourism တည်ရှိရာ နိုင်ငံများသို့ ၀င်ထွက်သွားလာနေကြပြီး ကမ္ဘာလှည့်ခရီးသွားနှင့် ဆက်နွှယ်သည့် Child abuse (ကလေးသူငယ်လိင်အလွဲသုံးစား ပြုလုပ်ခြင်း) ရာဇ၀တ်မှုခင်းပေါင်း ၏ ၃၁ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံ တွင် ဖြစ်ခဲ့လေသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၌ ၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့သော ဆန်းစစ်ချက်များအရ အရှေ့ တောင် အာရှရှိ မဲခေါင်ဒေသ လိင်လုပ်သားအားလုံး၏ ၃၅ ရာ ခိုင်နှုန်းသည် အသက်(၁၂)နှစ်မှ(၁၇)နှစ်အရွယ် ကလေးလိင်လုပ် သားများ ဖြစ်ကြလေသည်။

လိင်ရည်ရွယ်ချက်ဖြင့် အရှေ့တောင်အာရှသို့ လာ ရောက်သော ဧည့်သည်အများစု သွားလေ့ရှိသော နိုင်ငံများမှာ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသို့ ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံရှိ Sex Worker လိင်လုပ်သားများ၏ သုံးပုံတစ်ပုံမှာ အရွယ်မရောက် သေးသော ကလေးငယ်များဖြစ် လေသည်။ ထိုသို့ဆိုလျှင် မြန်မာ ပြည်မှာကောဟု မေးစရာ မေးခွန်းရှိလာလေသည်။

ထို Child Sex Tourism မြန်မာပြည်ကို ဘယ်လိုဝင်လာ နိုင်သလဲ။ ဘယ်လိုသတိထား စောင့်ကြည့်ကြမလဲ။ ဘယ်လို ကာကွယ်မလဲ။ အကယ်၍ ယင်း ပြဿနာဖြစ်လာခဲ့သော် ဘယ်လို ဖြေရှင်းကြမလဲ စသည့် မေးခွန်း များ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာ ရလေသည်။

Child Sex Tourism, Child Abuse မြန်မာပြည်ကို ဘယ်လို ၀င်လာနိုင်သလဲ။ ဘယ်လိုသတိ ထား စောင့်ကြည့်ကာကွယ်ကြ မလဲ။ ဟိုတယ်နှင့် ခရီးသွားလာ ရေး ၀န်ကြီးဌာန၏ ထုတ်ပြန် ထားသော စာရင်းဇယားများအရ မြန်မာပြည်သို့ ၂၀၁၃-၁၄ ကမ္ဘာလှည့်ရာသီတွင် ဧည့်သည် နှစ်သန်းကျော် ၀င်ရောက်ခဲ့သည်ဟု ဆိုသည်။

၂၀၁၄-၁၅ ခရီးသွားရာသီ ချိန်အတွက် ဧည့်သည် သုံးသန်း ၀င်ရောက်မည်ဟု ခန့်မှန်းထားကြ ၏။

ထိုသို့ အလုံးအရင်းဖြင့် တိုး တက်ဝင်ရောက်လာသော ဧည့် သည်များကြောင့် ဖြစ်လာနိုင် သော နောက်ဆက်တွဲ ဆိုးကျိုး ပြဿနာများအား ခရီးသွားလုပ် ငန်းခွင်မှ လုပ်ငန်းကျွမ်းကျင်သူ များက စတင်စိုးရိမ်လာကြလေ သည်။

အထူးသဖြင့် Child Sex Tourism မြန်မာပြည်သို့ သိမ်မွေ့ စွာ ၀င်ရောက်လာမည်ကို ဖြစ် လေသည်။

အဓိက သတိထားပြီး စောင့် ကြည့်ကာကွယ်သင့်သော နေရာ များသည် နိုင်ငံ၏ မြို့ကြီးများဖြစ် ပြီး ယင်းမြို့ကြီးများတွင် Sex Worker များ အလုံးအရင်းဖြင့် ရှိနေကြပြီဖြစ်လေရာ ငယ်ရွယ်သူ ကလေးငယ်လေးများ ရောနှော ၀င်ရောက်လာရန် မခဲယဉ်းတော့ ချေ။

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့တို့သည် သတိ ထားစောင့်ကြည့်သင့်သည့် အဓိက မြို့ကြီးများဖြစ်သည်။ ကျန်သည့် ပုဂံဒေသ၊ မင်းကွန်း ဒေသတို့သည်လည်း အထူးစောင့် ကြည့်သင့်သည့် ခရီးသွားဒေသ (Touristic Area) များဖြစ်ကြပြီး တစ်ဖန် ရှမ်းပြည်နယ် Trekking ဒေသများတွင် ခရီးကြမ်းလမ်း လျှောက် ညအိပ်ခရီးစဉ်များတွင် လည်း အရွယ်မရောက်သေးသူ ကလေးငယ်များအား အသုံးပြု လာမည်ကို သတိထားစောင့် ကြည့် ကာကွယ်သင့်ပါသည်။

ပို့စကတ်၊ သော့ချိတ်၊ ပန်းချီကား၊ မုန့်၊ သစ်သီးမျိုးစုံ စသည်ဖြင့် ဈေးရောင်းဈေးဝယ် ပြုကာ အသက်မွေးဝမ်းကျောင်း နေကြသည့် ကလေးငယ်များ၊ နိုင်ငံခြားဘာသာစကားများကို နှုတ်ရေးတက်တက် ရွတ်ဆိုကာ ကမ္ဘာလှည့်ခရီးသွားများနှင့် တွဲသွားတွဲလာပြုလုပ်နေကြသည့် ကလေးငယ်များစွာ မျက်စိအောက်တွင် မြင်နေကျမို့ မိမိတို့အတွက် မဆန်းလှသော်လည်း အခွင့်အလမ်းရှာနေသူများအတွက်မူ အခြေအနေကောင်းဖြစ်လာနိုင်သ ဖြင့် ထိုကလေးငယ်များအားလည်း နည်းလမ်းရှာဖွေစောင့်ရှောက် ခြင်း၊ ပညာပေးခြင်းများ ပြုလုပ်သင့်လေသည်။

ယင်းသို့ သတိထားစောင့် ကြည့် ကာကွယ်ရာတွင် ပတ်ဝန်းကျင်ရပ်မိရပ်ဖများ၏ ကာကွယ်စောင့်ရှောက်မှုနှင့် ကြိုတင်သတိ ပေးမှုသည်လည်းကောင်း၊ နိုင်ငံ ခြားသားများ တည်းခိုရာနေရာ များမှ တာဝန်ရှိသူများ၊ ၀န်ထမ်း များ၏ ပူးပေါင်းပါဝင် သတင်း ပေးမှုသည်လည်းကောင်း၊ ခရီး သွားအ၀င်အထွက်များရာ နေရာ များတွင် ဆိုင်းဘုတ်များ စိုက်ထူ ပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းဖြင့်လည်းကောင်း၊ သတင်းရုပ်သံမီဒီယာများတွင် အပတ်စဉ် သတင်းထုတ်ပြန်မှုဖြင့် လည်းကောင်း ဆောင်ရွက်အ ကောင်အထည်ဖော်သင့်လေ သည်။

အကယ်၍ ယင်းပြဿနာဖြစ် လာခဲ့သော် ဘယ်လိုဖြေရှင်းကြ မလဲ။ Child Sex Tourism ကို ကာကွယ်တားဆီးရေးအတွက် လွန်ခဲ့သော ၂၀၀၄ ခုနှစ်ခန့်မှ စတင်ကာ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သော သြစတြေးလျနိုင်ငံ အခြေစိုက် Child Wise Tourism(CWT) Program ပူး ပေါင်းပြီး ပညာပေးအစီအစဉ်များ ကို ရန်ကုန်၊ ပုဂံနှင့် ပုပ္ပားဒေသ တို့တွင် နယ်ပယ်စုံမှ တက်ရောက် သူများဖြင့် ပြုလုပ်ခဲ့ဖူးလေသည်။

ယခုကဲ့သို့ မြန်မာပြည် ခရီး သွားလုပ်ငန်း တိုးတက်လာချိန် တွင် Stakeholders (သက်ဆိုင် သူအားလုံး) အားလုံးပူးပေါင်း ကာ အရှိန်မြှင့်တင်ပြီး CWT ကဲ့ သို့သော ပညာပေးအစီအစဉ်များ၊ ဖိုရမ်များ၊ တွေ့ဆုံပွဲများ၊ ပြန် လည်လေ့လာတွေ့ဆုံခြင်းများ စသည်တို့ ပြုလုပ်သင့်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်း၊ လုံခြုံရေး ရဲတပ်ဖွဲ့ (Tourist Police) ၏ လုပ်ငန်းတာဝန်များမှ အမှတ်စဉ် နံပါတ် (၆)တွင် ‘‘Tourist များမှ Child Sex၊ လူကုန်ကူး၊ Sexual Tour လုပ်ငန်းများ ဆောင်ရွက်မှု မရှိ ရေး၊ ဟိုတယ်ခရီးဌာနမှ သတ် မှတ်ချက်ဖော်ထုတ်မှုများ ရှိ၊ မရှိ စောင့်ကြည့်ထိန်းသိမ်းခြင်း’’ဟူ၍ ထည့်သွင်းပါရှိလေသည်။

ပုဂံမြို့ရှိ Tourist Police ရုံး နှင့် လုပ်ငန်းခွင်သို့ သွားရောက် လေ့လာခဲ့ရာတွင် အဆိုပါ တာ ၀န်ကို ဂရုပြုဆောင်ရွက်လျက် ရှိနေပြီး Child Abuse အခြေခံ သဘောတရားအား နားလည်နေ ကြသည်ကို တွေ့ရလေသည်။ Tourist Police များ ကိုယ်တိုင် လိုလိုလားလားဖြင့် မြို့နေလူထု နှင့် လက်တွဲအကောင်အထည် ဖော် စောင့်ကြည့်နေခြင်း၊ အကာ အကွယ်ပေးနေခြင်းတို့ကိုလည်း တွေ့မြင်ခဲ့ရလေသည်။

သို့သော်လည်း မပြဋ္ဌာန်းရ သေးသော၊ အားနည်းသော ဥပဒေများကြောင့် အကယ်၍ Child Abuse ဖြစ်စဉ်ဖြစ်ပွားလာ ပါက မည်ကဲ့သို့ ဖမ်းဆီး၊ တရား စွဲဆိုကာ မည်သည့်ဥပဒေ ကြောင်းအရ အရေးယူရမည်ကို တိတိကျကျ မသိရှိပါကြောင်းနှင့် လောလောဆယ်တွင် ပုဒ်မ-၃၇၂ အရ အရွယ်မရောက်သေးသော ကလေးသူငယ်များအား ပြည့် တန်ဆာ ကိစ္စအလို့ငှာ ခိုင်းစေ ခြင်းစသည့် ပုဒ်မဖြင့်သာ အရေး ယူဆောင်ရွက်ခွင့်ရှိသကဲ့သို့ ဖြစ် နေသဖြင့် အခက်အခဲရှိပါ ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ် ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့လေ သည်။

ထိုအချက်သည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဥပဒေပြန်လည်ပြင်ဆင်ရေးဆွဲရာ တွင် ပါဝင်သင့်သည့် Substai−nable Tourism ဆိုင်ရာ အရေးကြီးအချက်အလက် ဖြစ်ပေသည်။

ပညာရှင်များ၏ ခြုံငုံသုံး သပ်ချက်အရ ‘‘မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ ကြောင့် ကာလတိုအတွင်း Child Sex Tourism (၀ါ) Child Abuse လျင်လျင်မြန်မြန်ဖြစ်ပွား ကူးစက် လာဖွယ် မမြင်သေးကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများမှာ ဒေသခံ များ၏ မျက်လုံးထဲတွင် စိမ်းနေ သေးကြောင်း၊ ပတ်ဝန်းကျင်က သတိထားစောင့်ကြည့်မိနေကြ ကြောင်း၊ ထိုအခြေအနေသည် Child Abuse ကို အတားအဆီး တစ်ခုဖြစ်စေကြောင်း၊ လိင်ခရီး သွားတိုးရစ်များ၏ မသမာသော အပြုအမူရှိလာပါက ထင်သာမြင် သာရှိကြောင်း၊ သို့သော်လည်း ရေရှည်တွင် အိမ်နီးချင်းနိုင်ငံများမှ ယင်းပြဿနာသည် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်လာနိုင် ကြောင်း၊ ပြည်ပနိုင်ငံအချို့တွင် မြန်မာလိင်လုပ်သားကလေးငယ် များလည်း ရှိနေနိုင်ကြောင်း၊ ၎င်းတို့သည် လူကုန်ကူးမှုနှင့် ဆက်နွှယ်ပတ်သက်နေခဲ့ကြပြီး ပြည်ပနိုင်ငံများတွင် စီးပွားရှာရန် အခြေအနေ မပေးတော့ပါက မိမိတိုင်းပြည်တွင်း ပြန်လည်ဝင်ရောက် အလုပ်လုပ်ခိုင်းခြင်းများ ရှိလာနိုင် ကြောင်း တွက်ဆကြလေသည်။

မြန်မာလူမျိုးတို့၏ အမြင် တွင် နိုင်ငံခြားသားဟူသည် အမြင်မဆန်းတော့သော တစ်နေ့ သို့ ရောက်လာပါက ယင်း Child Abuse ပြဿနာမှာ တွဲလျက်သား ကြီးထွားဖြစ်ပေါ်လာနိုင်မည့် ပြဿနာဖြစ်ကြောင်း မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၏ အလား တူအဖြစ်အပျက်နှင့် နှိုင်းယှဉ်ကာ သုံးသပ် သတိပေးလိုက်ရပါ သည်။

From:OE

www.mmdailystar.com

ခေါင်းဆောင်ကောင်း ဟူသည်..



ဒီနေ့ ဒီမို သူငယ်ချင်းတစ်ယောက်နှင့် အတွေ့မှာ ပဋိပက္ခမဖြစ်ချင်လို့ စကားရှောင်နေပေမယ့် သူကပဲ ထိပ်တိုက်တိုးနေတာကြောင့် စကားတစ်ခွန်း နှစ်ခွန်း ပြန်ပြောလိုက်ရာက အခုတော့ တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင်မရအောင် ဖြစ်သွားပြီ။

သူက ဦးသိန်းစိန် ဂျာမဏီမှာ အင်ဂျလာ မာကယ်လ်နှင့် တွေ့ဆုံမှု အဆင်ပြေနေတာကို အတော် မရှုစိမ့် ဖြစ်နေပုံ ရတယ်။ "ပြောင်ကြီး နိုင်ငံခြားထွက်လျှင် မျက်နှာငယ်နဲ့၊ စကားမပြောတတ်နဲ့ မြန်မာသိက္ခာကျပါတယ်ကွာ.... မေစုတို့ သွားရင် ဝက်ဝက်ကွဲ ကြိုကျတာ ပြောင်ကြီးမြင်ရတာ အလကား ကျက်သရေမရှိဘူး...."

အထက်ပါ စကား သုံးကြိမ်လောက်ကျော့အပြီးမှာ နားကလောလာတာနဲ့ ကျွန်တော် ပြန်ပြောတယ်။ "အင်း.... ဒါပေမယ့် ကျနော်ကတော့ ဦးသိန်းစိန် ပြည်ပခရီးစဉ်တွေကို ဒေါ်စုပြည်ပခရီးစဉ်တွေထက် ပိုကြိုက်တယ်...."

ဘာမှ သူပြောစကား နားမထောင်၊ မကန့်ကွက် နေရာက ဒီလိုပြောလာတော့ အံသြသွားပုံ ပေါ်တယ်။ သိလည်း သိချင်လာပုံ ပေါ်ပါတယ်။ ကျွန်တော့်ကို ပြန်မေးတယ်။

"အင်း အင်း လုပ်ပါဦး ဘာတွေကြောင့် ပြောင်ကြီးကို ကြိုက်...."

ကျွန်တော် ကောင်းကောင်းမွန်မွန်ပဲ ဖြေပါတယ်။

"ကျွန်တော်က ပြည်သူတစ်ယောက်အနေနှင့် ကိုယ်ပြည်သူအတွက် အလုပ်လုပ်ပေးသူကို ပိုကြိုက်တယ်......"

ကျွန်တော့် စကားမဆုံးခင်မှာ သူဒေါသထွက်လာပုံရပြီး ကျွန်တော့်ကို လေသံမာမာနဲ့ စကားဖြတ်ပြောတယ်။

"ဘာရယ်.... ဘာတွေ ပြောင်ကြီးက ပြည်သူတွေအကျိုး လုပ်ပေး...."

ကျွန်တော် ကျွန်တော့်စကားကို ပြန်ဆက်ပါတယ်။

"ပြောမယ်လေ..... ကျွန်တော်က ပြည်ပခရီးစဉ်ကိစ္စမှာ ပြည်သူတစ်ယောက်အနေနဲ့.... ဦးသိန်းစိန်ကို ပိုကြိုက်တယ်။

ဦးသိန်းစဉ် ခရီးစဉ်တွေ နှင့် ဒေါ်စုခရီးစဉ်တွေ နှိုင်းယှဉ်တဲ့ အခါမှာ

၁။ ဒေါ်စု ပြောသမျှ သူ့အတွက်ချည်းပဲ။ သူသမ္မတဖြစ်ရေးနဲ့ ပတ်သက်တာတွေချည်းပဲ။ ဦးသိန်းစိန်ပြောသမျှ နိုင်ငံတော်အတွက်၊ ပြည်သူအတွက်ချည်း။ သူ့ဖို့ တစ်ခုမှ မပါဘူး။

၂။ ဒေါ်စုက ကိုယ့်နိုင်ငံအကျိုးယုတ်စေမယ့် ဆန်ရှင်တွေ ပိတ်ဖို့ပြောတယ်။ ဦးသိန်းစိန်က ကိုယ့်နိုင်ငံအကျိုးရှိစေမယ့် ဆန်ရှင်ဖွင့်ဖို့ ငွေအကြွေးကြေဖို့ ပြောတယ်။ ကိုယ့်ပြည့်သူအကျိုးဘက်ကချည်း ပြောတယ်။ ဒေါ်စုပြောတာကြောင့် ကိုယ့်ပြည်သူ နာ တယ်။ ဦးသိန်းစိန် ပြောတာက ကိုယ့်ပြည်သူ အကျိုးရတယ်။

၃။ ဒေါ်စု က ကိုယ့်ကိုယ်ကျိုးအတွက် ပြည်သူ့အကျိုးစီးပွားကို စတေးရဲတယ်။ ဦးသိန်းစိန်က ပြည်သူ့အကျိုးစီးပွားအတွက် ကိုယ့်ကိုယ်ကို စတေးရဲတယ်။"


From: မျိုးမင်းသန့်

www.mmdailystar.com

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ



 အစ္စလာမ္မစ်နိုင်ငံအဖွဲ့ တပ်သားတွေ

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာက အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့တဖွဲ့ ဖြစ်ပြီး ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတလျှောက် နယ်မြေအတော်များများကို သိမ်းယူထိန်းချုပ်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

လူအများအမြောက် သတ်ဖြတ်မှုတွေ၊ သာသာရေးလူနည်းစု၊ တိုင်းရင်းသား လူနည်းစုတွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ နဲ့ စစ်သားတွေ သတင်းသမားတွေကို
ခေါင်းဖြတ်သတ်ဖြတ်မှုတွေ အပါအဝင် သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကြောင့် ကမ္ဘာတဝန်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကြောင့်လည်း အမေရိကန်တို့ရဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်လာခဲ့ရပါတယ်။


အိုင်အက်စ်တို့ ဘာကိုလိုချင်တာလဲ





အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ ဘက်ဒါဒီ

အိုင်အက်စ် အဖွဲ့ရဲ့ ရည်ရွယ်ချက်က တဦးတည်းသော နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်က ရှာရီယာ အစ္စလာမ္မစ်ဥပဒေကို ကျင့်သုံးအုပ်ချုပ်တဲ့ သူတို့အခေါ် caliphate လို့ ခေါ်တဲ့ အစ္စလာမ္မစ် နိုင်ငံကို ထူထောင်ဖို့ ဖြစ်ပါတယ်။

လောလောဆယ် သူတို့ရဲ့ အင်အားဟာ အီရတ်နဲ့ ဆီရီးယားမှာပဲ ရှိနေပေမယ့် အိုင်အက်စ်တို့က နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဂျော်ဒန်နဲ့ လက်ဘနွန်တွေအထိ သူတို့အင်အားကို ဖြန့်ကျက်ကာ ပါလက်စတိုင်းကို လွတ်မြောက်အောင် လုပ်မယ်လို့ ဂတိပြုထားပါတယ်။

ဒီလို ဂတိစကားဟာ ကမ္ဘာတဝန်းမှာရှိတဲ့ မွတ်ဆလင်တွေရဲ့ ထောက်ခံမှုရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နောက်ပြီး သူတို့ရဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi.အဘူ ဘာကာ အဲ ဘက်ဒါဒီ ကို သစ္စာခံကြဖို့ အိုင်အက်စ်တို့က တောင်းဆိုနေကြပါတယ်။

အိုင်အက်စ် အစ ဘယ်ကလဲ



ဇာကာဝီ စထူထောင်စဉ်ကတည်းက သူတို့ရဲ့ နည်းလမ်းတွေကို အယ်လ်ကိုင်ဒါးက ဝေဖန်ခဲ့

အိုင်အက်စ်ရဲ့ ဇစ်မြစ်ကို ခြေရာခံမယ်ဆိုရင် ကွယ်လွန်သူ ဂျော်ဒန်နိုင်ငံသား အဘူ မူဆာဘ် အဲ ဇာကာဝီ ၂၀၀၂ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ တော်ဟစ် ဝါအဲ ဂျီဟတ်အဖွဲ့ဟာ အိုင်အက်စ်ရဲ့ အစလို့ ပြောနိုင်ပါတယ်။

အီရတ်ကို အမေရိကန်တို့ ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး တနှစ်အကြာမှာ မစ္စတာ ဇာကာဝီဟာ အယ်လ်ကိုင်ဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သစ္စာခံပြီး အီရတ်မှာ AQI လို့ ခေါ်တဲ့ အီရတ်အယ်လ်ကိုင်ဒါး အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ဒီအဖွဲ့က အဲဒီအချိန်ကစလို့ အီရတ်မှာ နိုင်ငံတကာတပ်ဖွဲ့တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အဓိကကျတဲ့ အင်အားစု ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ဇာကာဝီ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ်မှာ AQI အဖွဲ့ဟာ တခြားအဖွဲ့တွေကို စုစည်းပြီး အိုင်အက်စ်အိုင် လို့ ခေါ်တဲ့ Islamic State in Iraq (ISI) အီရတ် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ ကို ထူထောင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ အိုင်အက်စ်အိုင်ရဲ့ ရက်စက်မှုတွေကို မကြိုက်ကြတဲ့ ဆွန်နီ အာရပ်မျိုးနွယ်စုတွေက Sahwa ရှဝါကောင်စီဆိုတာကို သီခြားဖွဲ့စည်းခဲ့ကြတာတွေကြောင့် အိုင်အက်စ်အိုင်ရဲ့ အင်အားဟာ တဖြေးဖြေးလျော့နည်းသွားခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ အဘူ ဘာကာ အဲ ဘက်ဒါဒီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက် သူဟာ အိုင်အက်စ်အိုင်ရဲ့ အင်အားကို ပြန်တည်ဆောက်ယူခဲ့ပါတယ်။

၂၀၁၃ နှစ်ကစလို့ အိုင်အက်စ်အိုင်ဟာ အီရတ်မှာ တလကို တိုက်ခိုက်မှုတွေ အတော်များများ ပြန်လုပ်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး အိုင်အက်စ်အိုင်ဟာ ဆီရီးယားက သမ္မတ ဘာရှာ အဲ အာဆတ်ကို ဆန်ကျင်တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်လာခဲ့ပြီး al-Nusra အဲ နုဆရာ တပ်ဦးကို ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၃ ဧပြီလမှာတော့ ဘာဂါဒီဟာ အီရတ်နဲ့ ဆီရီးယားမှာရှိတဲ့ သူ့ရဲ့ တပ်တွေကို ပေါင်းပြီး ISIS အိုင်စစ်လို့ ခေါ်တဲ့ အီရတ်နဲ့ လဲဗန့်ဒေသဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

လဲဗန့်ဒေသဆိုတာကတော့ ဆီရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ ဆိုက်ပရပ် နိုင်ငံတွေပါတဲ့ ဒေသဖြစ်ပါတယ်။

ဒီလို အိုင်စစ်ဖွဲ့စည်းတာကို al-Nusra အဲ နုဆရာ တပ်ဦးနဲ့ အယ်လ်ကိုင်ဒါး ခေါင်းဆောင်တွေ လက်မခံကြပါဘူး။

ဒါပေမယ့် ဘက်ဒါဒီကို သစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေက အဲ နုဆရာ ကခွဲထွက်ပြီး အိုင်စစ် ဆီရီးယားနိုင်ငံထဲမှာ ဆက်လက်ရှင်သန်အောင် ပံ့ပိုးကူညီခဲ့ကြပါတယ်။

၂၀၁၃ ဒီဇင်ဘာလအကုန်မှာ အိုင်စစ်ဟာ အီရတ်ကို ပြန်အာရုံစိုက်ပြီး ရှီအိုက်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ ဆွန်နီအာရပ် လူနည်းစုတွေကြား နိုင်ငံရေးတင်းမာမှုကို ကောင်းကောင်း အသုံးချပါတော့တယ်။

ဒီနောက်မှာ အိုင်စစ်အဖွဲ့ဟာ မျိုးနွယ်စုတွေရဲ့ အထောက်အကူနဲ့ အီရတ်နိုင်ငံအလယ်ပိုင်းက ဖါလူဂျာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၂၀၁၄ ဇွန်လမှာ အိုင်စစ်တို့ဟာ အီရတ်မြောက်ပိုင်းက မိုဆူးလ် မြို့ကို ဝင်သိမ်းလိုက်ပြီး အဲဒီကနေ တောင်ဘက်မှာရှိတဲ့ ဘဂ္ဂဒက်မြို့တော်ဆီ ရှေ့တိုးချီတက်လာခဲ့ကြပါတယ်။

ဇွန်လအကုန်မှာ မြို့ကြီး မြို့ငယ်အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အင်အားတွေကိုစုစည်းကာ အစ္စလာမ္မစ်နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပြီး သူတို့ အိုင်စစ်အဖွဲ့ကိုလည်း အိုင် အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့လို့ အမည်ပြောင်းခဲ့ပါတယ်။
နယ်မြေဘယ်လောက်များများ အိုင်အက်စ်တို့ ထိန်းချုပ်ထားသလဲ


အထူးသဖြင့် အီရတ်က ယာဇီဒီဘာသာရေး လူနည်းစုတွေကို အိုင်အက်စ် ပစ်မှတ်ထားခဲ့

အိုင်အက်စ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ အီရတ်နဲ့ ဆီရီးယားနိုင်ငံပေါင်း စတုရန်းမိုင်ပေါင်း ၁၅၀၀၀ လောက်ရှိတယ်လို့ တခိျု့က ခန့်မှန်းကြပါတယ်။ ဒါဟာ အကြမ်းအားဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံ အရွယ်အစားလောက်ရှိပါတယ်။

တခိျု့ကလည်း ဂျော်ဒန်နိုင်ငံ အရွယ် စတုရန်းမိုင် ၃၅၀၀၀ လောက်လို့ ပြောကြပါတယ်။

သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အီရတ်က မိုဆူးလ်၊တီကရစ်၊ဖါလူဂျာနဲ့ တယ်လ်အာဖါ မြို့တွေ နဲ့ ဆီရီးယားက ရေနံတွင်းတွေ၊ ဆည်ကြီးတွေ၊ အဓိက လမ်းမကြီးတွေနဲ့ နယ်စပ်ဖြတ်စခန်းတွေရှိတဲ့ Raqqa ရက္ကာမြို့တို့ပါဝင်ပါတယ်။

အိုင်အက်စ်တို့ရဲ့ အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ လူဉီးရေက ၈ သန်းလောက်ရှိမယ်လို့ ယူဆရပါတယ်။

အဲဒီနယ်မြေတွေမှာ အိုင်အက်စ်တို့ဟာ တင်းကြပ်တဲ့ ရှရီယာဥပဒေကိုပြဌာန်းအုပ်ချုပ်နေပြီး အမျိုးသမီးတွေကို အတင်းအကျပ် ခေါင်းမီးခြုံခိုင်းတာတွေ၊ မွတ်ဆလင်မဟုတ်သူတွေကို အထူးအခွန်ဆိုပြီးဆောင်ခိုင်းတာတွေ ဒါမှမဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခိုင်းတာတွေ နဲ့ ကြိမ်ဒဏ် သေဒဏ်တွေနဲ့ အပစ်ပေးတာတွေ လုပ်နေကြပါတယ်။
လူအင်အားဘယ်လောက်ရှိလဲ



အထူးသဖြင့် အီရတ်က ယာဇီဒီဘာသာရေး လူနည်းစုတွေကို အိုင်အက်စ် ပစ်မှတ်ထားခဲ့

ဆီရီးယားနဲ့ အီရတ်မှာ အိုင်အက်စ်မှာ ဝင်တိုက်နေတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီရှိ

အိုင်အက်စ်မှာ တကယ်တန်း တိုက်ခိုက်နေသူ ၁၅၀၀၀ လောက်ရှိမယ်လို့ အမေရိကန်အရာရှိတွေက ယူဆကြပါတယ်။

ဒါပေမယ့် သြဂုတ်လအစောပိုင်းမှာ အီရတ်ကျွမ်းကျင်သူ ဟီရှမ် အဲ ဟာရှီမီ Hisham al-Hashimi က ၃၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီထဲမှာ ၃၀ ရာခိုင်နှုန်းက လောက်ကပဲ အိုင်အက်စ်ရဲ့ အတွေးအခေါ်ကို လက်ခံယုံကြည်သူတွေဖြစ်ပြီး တခြားလူတွေကတော့ အတင်းအဓ္ဓမ ဝင်ခိုင်းလို့ ကြောက်လို့ ဝင်ကြရသူတွေလို့ ဆိုပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေးသမားအတော်များများဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံသားတွေ မဟုတ်ကြပါဘူး။ နိုင်ငံပေါင်း ၈၁ နိုင်ငံထက်မနည်းက နိုင်ငံခြားသား ၁၂၀၀၀ ကျော် အိုင်အက်စ်မှာ ပါဝင်တိုက်ခိုက်နေကြပြီး အဲဒီထဲက ၂၅၀၀ ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆီရီးယားကို လာပြီးတိုက်ခိုက်နေကြတဲ့ အနောက်နိုင်ငံတွေက လူ တွေ ဖြစ်တယ်လို့ လေ့လာပြုစုတဲ့ Soufan Group က လောလောဆယ်ခန့်မှန်းပါတယ်။
သူတို့မှာ ဘယ်လို လက်နက်မျိုးတွေ ရှိသလဲ



အိုင်အက်စ်ဟာ အင်အားအတောင့်ဆုံး ဂျီဟတ်ဒစ်အဖွဲ့တခု ဖြစ်လာ

အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ထရပ်ကားပေါ် တင်ပစ်လို့ရတဲ့ စက်သေနတ်တွေ ၊ ရော့ကက်လောင်ချာတွေ၊ လေယာဉ်ပစ်သေနတ်တွေ၊ အလွယ်တကူ သယ်ယူပစ်ခတ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေအပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို ရရှိနေကြပြီး ပစ်ခတ်နိုင်စွမ်းလည်း ရှိကြပါတယ်။

သူတို့ဟာ အီရတ်နဲ့ ဆီရီးယားစစ်တပ်က တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကိုလည်း သိမ်းဆည်း ရမိထား ကြပါတယ်။

သူတို့ကို လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အဆက်မပြတ်အောင် ပို့ပေးနေတဲ့ အဖွဲ့တခုရှိလိမ့်မယ်လို့ ယူဆရပါတယ်။

သူတို့ရဲ့ ဒီလိုလက်နက်စွမ်းရည်တွေကြောင့် သြဂုတ်လမှာ အီရတ်တောင်ပိုင်းက ကာဒ်လူမျိုးပြည်သူ့စစ်စခန်း အတော်များများကို ဝင်စီးခဲ့နိုင်ခဲ့ပါတယ်။
သူတို့ကို ဘယ်သူတွေက ငွေကြေးထောက်ပံ့နေလဲ


သိမ်းထားတဲ့ နယ်မြေက ရေနံနဲ့ ဓါတ်ငွေ့ ရောင်းတာ၊ အခွန်အကောက်တွေနဲ့ ဝင်ငွေသန်းချီ

သတင်းတွေအရ အိုင်အက်စ်မှာ ငွေသားနဲ့ တခြားပိုင်ဆိုင်မှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀၀၀ လောက်ရှိတယ်ဆိုတော့ ကမ္ဘာမှာ အချမ်းသာဆုံး စစ်သွေးကြွအဖွဲ့လို့ ပြောနိုင်ပါတယ်။

အစပိုင်းမှာ ငွေကြေးထောက်ပံ့မှု အများစုကို အာရပ် ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ပုဂ္ဂိုလ် တဉီးချင်း တယောက်ချင်းဆီက ရတာ ဖြစ်ပေမယ့် ဒီနေ့အခါမှာတော့ အိုင်အက်စ်ဟာ ကိုယ်ဖါသာ ကိုယ် ငွေကြေးရှာဖွေ ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာနေပါပြီ။

သူတို့ ထိန်းချုပ်ရာ ဒေသတွေမှာရှိတဲ့ ရေနံနဲ့ ဓါတ်ငွေ့တွင်းတွေကနေ တလ တလကို ဒေါ်လာ သန်းချီ ဝင်နေသလို အခွန်အကောက်တွေ၊ မှောင်ခို အရောင်းအဝယ်တွေ၊ ငွေညှစ်မှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေကလည်း ဝင်ငွေတွေ ရနေပါတယ်။

အီရတ်က တိုက်ခိုက်မှုတွေအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ကြီးမြို့ငယ်တွေမှာရှိတဲ့ ဘဏ်တွေကနေလည်း ငွေကြေး အမြောက်အများ ရထားခဲ့ပါတယ်။
သူတို့ဘာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို သုံးကြတာလဲ





သိမ်းထားတဲ့ နယ်မြေက ရေနံနဲ့ ဓါတ်ငွေ့ ရောင်းတာ၊ အခွန်အကောက်တွေနဲ့ ဝင်ငွေသန်းချီ
ရက်စက်မှုတွေနဲ့ လူတွေကို ထိတ်လန့်အောင်လုပ်

အိုင်အက်စ်တွေဟာ ဆွန်နီ အစ္စလမ်ဘာသာကို အစွန်းရောက်အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို လက်ခံ ကျင့်သုံးကြတဲ့ ဂျီဟတ်ဒစ်တွေဖြစ်ပါတယ်။

နောက်ပြီး သူတို့ကမှ တကယ်တန်း အစ္စလမ်ဘာသာကို အစစ်အမှန် သက်ဝင်ယုံကြည်သူတွေလို့ ကိုယ့်ကိုကိုယ် မှတ်ယူကြပါတယ်။

သူတို့လွဲပြီး ကျန်တကမ္ဘာလုံးဟာ အစ္စလမ်ဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေကြတဲ့ အစ္စလမ်ဘာသာကို မယုံကြည်သူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒီလို အကြောင်းပြချက်တွေနဲ့ တခြားမွတ်ဆလင်တွေရော မွတ်ဆလင်မဟုတ်သူတွေကိုပါ တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်တာတွေ ၊ လက်ဝါးကပ်တိုင်မှာ သုတ်သင်တာတွေ နဲ့ အစုလိုက်အပြုံလိုက်ပစ်သတ်မှုတွေဟာ ရန်သူကို ကြောက်လန့်တုန်လှုပ်အောင် လုပ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုရမ်ကျမ်းစာပါ ဖေါ်ပြရေးသားချက်အရ မယုံကြည်သူတွေအပေါ် ဒီလို လုပ်တာဖြစ်တယ်လို့ အိုင်အကိစ် အဖွဲ့ဝင်တွေ အကြောင်းပြပေမယ့် မွတ်ဆလင်တွေကတော့ သူတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြပါတယ်။

အယ်လ်ကိုင်ဒါးခေါင်းဆောင် Ayman al-Zawahiri အေမန် အဲ ဇာဝါဟီရီကတောင် ဖေဖေါ်ဝါရီလက ဆီရီးယားမှာ လုပ်ခဲ့ အိုင်အက်စ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူတာဝန်မယူဘူးလို့ ပြောခဲ့သလို ၂၀၀၅ ခုနှစ်ကလည်း ဒီလိုရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မွတ်ဆလင်တွေရဲ့ လေးစားချစ်ခင်မှုကို ဆုံးရှုံးနိုင်တယ် လို့ အဲဒီအချိန်က ခေါင်းဆောင် ဖြစ်တဲ့ ဇာကာဝီကို သတိပေးခဲ့ဘူးပါတယ်။
 
 
From:OE

www.mmdailystar.com

ကျွန်တော် ကို ဆက်သွယ်လိုက်ပါ



ဘွဲရ ဆိုတာကို စုတ်ပြတ် သတ်နေအောင် လုပ်နေတဲ့ ကျောင်းသားဆိုတဲ့ ချာတိတ်တွေ အတော် ဥာဏ်နုံတဲ့ ကလေးတွေပါလားလို့ ဂရုဏာ သက်မိပါတယ်..။

ကျွန်တော် ဥပဒေ ဒုတိယနှစ်မှာ ဆယ်တန်းအမှတ်နဲ့ GTI လျှောက်တာ အင်းစိန်မှာ မြို့ပြ ရတော့ ကျောင်းသွားတက်တယ်ပေါ့။


အဲ့ဒီတုန်းက သေသေချာချာ ပြန်စဉ်းစားတော့ AGTI ဒီပလိုမာတွေ အတော်ဖောင်းပွနေပါပြီ။ ဒီလောက်ပေါတဲ့ ဒီပလိုမာ ငါမယူရင်ကောင်းမယ်ဆိုပြီး ဦးလေးတစ်ယောက်ကို တိုင်ပင်ပါတယ်။

ဦးလေးက ကျွန်တော့်ကို ဂရုဏာအပြုံးနဲ့ ကြည့်ပြီး။ ငါ့တူ အဲ့လောက်ပေါတဲ့ဟာ တစ်ခုတောင် မင်းရမထားရင် မင်းက ပေါတဲ့လူတွေထဲမှာတောင် မပါသေးဘူးမှတ်ပါ တဲ့။

ကျွန်တော့် ခေါင်းထဲမှာ အသိဥာဏ်တစ်ခု ပွင့်လင်းသွားခဲ့ပါတယ်။ အင်းစိန်မှာ တက်ခဲ့တယ် အင်းစိန်မှာ ၅ နှစ်လောက် ကျောင်းပိတ်ခံရပြီး သန်လျှင်ကို ပင်ပင်ပန်းပန်း ကျောင်းတက်ခဲ့ပြီးမှ အဲ့ဒီပေါပါတယ်ဆိုတဲ့ ဒီပလိုမာတစ်ခုရခဲ့တာပါ။

ဒီပလိုမာအကျိုးနဲ့ ပြင်ပမှာ အင်/ယာ ပညာတွေပိုလေ့လာဖြစ်ခဲ့ပါတယ်။ အစိုးရ၀န်ထမ်း အင်/ယာ အနေနဲ့လည်း ၅ နှစ်လောက် လုပ်ခဲ့ပြီး လမ်းခင်းတဲ့ ပညာကို အတော်ကျွမ်းကျင်ခဲ့ပါတယ်။

ပြင်ပ ဆရာတွေနဲ့ စာအုပ်တွေဖတ်ပြီး ကိုယ်အိမ်တွေ ကိုယ်ဆောက်ခဲ့တယ်။ ဘုန်းကြီးကျောင်းတွေ ကုသိုလ်ဖြစ် ဆောက်ပေးနိုင်ခဲ့တယ်။ အကြီးစား ပြင်ဆင်မှုတွေ လုပ်ပေးနိုင်ခဲ့တယ်။ မိတ်ဆွေ ကုမ္ပဏ္ဍီတွေမှာ ကန်ထရိုက်အနေနဲ့ အဆောက်အဦးတွေ ဆောက်တာ ပြင်တာ အစုံလုပ်နိုင်ခဲ့ပါတယ်။

အလုပ် လုပ်ရင် ပိုက်ဆံက ရတာပါပဲ။ ပညာနဲ့ လုပ်စားတာကို ဥာဏ လုပ်သားခေါ်ပြီး။ ကိုယ်အားစိုက်ပြီး လုပ်တာကို ကာယ လုပ်သားလို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အသိပညာရှင် ဥာဏလုပ်သားတွေဟာ အတက်ပညာရှင် ကာယလုပ်သားတွေထက် ၀င်ငွေကောင်းကြပါတယ်။

ကာယပဲဖြစ်စေ ဥာဏပဲဖြစ်စေ ကိုယ်ပိုင်လေ့လာအားနဲ့ လုပ်ရည်ကိုင်ရည် စီမံခန့်ခွဲနိုင်မှု စွမ်းရည်ပေါ်လိုက်ပြီး ၀င်ငွေနဲ့ အောင်မြင်မှုဆိုတာ ကွာခြားသွားမှာပါ။ GTI ဒီပလိုမာ ကျေးဇူးရယ် တခြားစီးပွားရေး လုပ်ငန်းငယ်အချို့ကျေးဇူးကြောင့် အဖေမရှိတော့တဲ့ ကျွန်တော့် အမျိုးသမီးကို YTU မှာ ကျောင်းထားနိုင်ခဲ့တယ်။ ME ဘွဲအထိ ယူနိုင်ခဲ့ပါတယ်။

ကျွန်တော်မြင်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ကျွန်တော့်အမျိုးသမီး လျှောက်လှမ်းစေရင်း ခုဆို အထိုက်အလျှောက်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာခဲ့ပြီး ကျွန်တော့်ထက်ကို ၀င်ငွေ ကောင်းလာခဲ့ပါပြီ။ ကျွန်တော်က အတက်ပညာရှင်ဒီပလိုမာလောက်မှာ ရပ်နေခဲ့ပြီး ပညာပိုတက်တဲ့ သူက အသိပညာရှင်အနေနဲ့ ၀င်ငွေပိုကောင်းတာ မဆန်းပါဘူး။

ဆိုလိုရင်းက ဘွဲ့ဆိုတာ ပညာရပ်တစ်ခုရဲ့ မာတိကာပါ။ အဲ့ဒီမာတိကာမှ အထူးပြုတွေအပေါ်လိုက်ပြီး ကျွမ်းကျင် တက်မြောက်အောင် လေ့လာသင့်ပါတယ်။ တကယ်ကျွမ်းကျင်လို့ ပညာရှင်အဆင့် ရောက်လာခဲ့မယ်ဆိုရင် ဆိုက်ကားလည်း နင်းစရာမလိုပါဘူး ရေစည်လှည်းလည်းတွန်းစရာမလိုပါဘူး ပဲပြုတ်လည်းရောင်းစရာမလိုပါဘူး။ တကယ့် အနှစ်ကိုမြင်အောင် မလေ့လာနိုင်ရင်တော့ ကျွန်တော့်ဆီကို ဆက်သွယ်လိုက်ပါ လူကြမ်းနေ့စား တရက် ၅၀၀၀ ပေးပါ့မယ် ခင်ဗျာ..

From: ကိုရင်သူ

www.mmdailystar.com

ဒေသခံခိုလုံလီရှောတိုင်းရင်းသား (၂)ဦးအား KIA နှင့် TNLA အဖွဲ့မှ ခြိမ်းခြောက်ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်၊ ကုန်ကန်ကျေးရွာနေ ရွာသား(၂)ဦးအား စက်တင်ဘာ(၃)ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)
ပူးပေါင်းအဖွဲ့မှ ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါအဖွဲ့မှ ဖမ်းဆီးသွားသော ရွာသားနှစ်ဦးမှာ ဦးဝမ်လော(ဘ)ဦးရှန်ရှင်း၊
(၅၅)နှစ်၊ ခိုလုံလီရှော/ ဗုဒ္ဓနှင့် မောင်ဝမ်အန်း (ဘ)ဦးကျင်အန်း၊(၂၁)နှစ်၊ခိုလုံလီရှော /ဗုဒ္ဓတို့ဖြစ်ကြောင်း သိရသည်။

`` ငါတို့ကို လူနည်းစုတိုင်းရင်းသားတွေဆိုပြီး အနိုင်ကျင့်တာလေ၊ ငါတို့လူမျိုးတွေက လက်နက်ကိုင်ပြီးသူပုန်မလုပ်တော့ ကာကွယ်ပေးမယ့်သူမရှိဘူး၊ သူတို့လုပ်သမျှခံနေရတာဟု ´´ ကုန်ကန်ရွာသားတစ်ဦးက ပြောသည်။

KIA နှင့် TNLAအဖွဲ့သည် ဦးဝမ်လောအား ဒေသခံများအပေါ် ၄င်းတို့အဖွဲ့မှ လူသစ်စုဆောင်းနေမှုနှင့် ပတ်သတ်ပြီး လိုက်ပါခြင်းမပြုရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်နေခြင်းကြောင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူမောင်ဝမ်အန်းကိုလည်း ၄င်းတို့တောင်းခံထားသော လူသစ်အမည်စာရင်းတွင် ပါဝင်နေသောကြောင့် လာရောက် အပ်နှံခြင်းမပြုသည့်အတွက် ယင်းအဖွဲ့မှ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

KIA နှင့် TNLA အဖွဲ့(၂)ဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မပြုလုပ်နိုင်သော အဖွဲ့များဖြစ်ပြီး ယခုကဲ့သို့ လူနည်းစုတိုင်းရင်းသားများအပေါ် အနိုင်ကျင့်နေမှုများက မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ကိုယ်ပိုင်ဖက်ဒရယ်ပြည်ထောင်စု ၊ ကိုယ်ပိုင်တပ်မတော်များ ပေးလိုက်ပါက ၄င်းတို့၏ဖိနှိပ်အုပ်ချုပ်သမျှကို လူနည်းစု တိုင်းရင်းသားများ ခံကြရမည်သာဖြစ်ကြောင်း ၊ သို့ဖြစ်၍ KIA နှင့် TNLAတို့၏ လုပ်ရပ်များကို ခိုလုံလီရှော တိုင်းရင်းသား များက ကျေနပ်မှုမရှိကြောင်း နမ့်ခမ်းမြို့ခံ ခိုလုံလီရှော တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။

နန်းနုနုရွှေ
From: Kachin Daily News

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...