Monday, 8 September 2014

မေမြတ်နိုးကို ရဲတိုင်ပြီး အရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး

ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ် မေမြတ်နိုးကို လိမ်ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့်   အရေးယူရန် တောင်းဆိုသွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင်အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

အဆိုပါအချက်များတွင် အဆက်မပြတ်လိမ်ညာမှုများ၊ မိခင်ကို သုံးလနေထိုင်ခွင့်မပြုပါလျှင် သူကပါ သူ၏တိုင်းပြည်သို့ ပြန်မည်ဆိုသည့် ရိုင်းပျသော တစ်ကိုယ်ကောင်းဆန်သော အပြုအမူနှင့် ကော်မတီ၏စကားကို နားမထောင်ခြင်း စသည်တို့ဖြစ်သည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက ထောက်ပြထားသည်။

ထို့အပြင်မေမြတ်နိုးကို နိုင်ငံတကာယဉ်ကျေးမှုမသိသူ နိုင်ငံကြီးသား မပီသသူ၊ ယဉ်ကျေးမှုချင်းခြားနားချက်ကို မကျော်လွှားနိုင်ခြင်းဖြင့် ကိုရီးယားနိုင်ငံယဉ် ကျေးမှုကို လိုက်မမီသူအဖြစ် လည်း ၎င်းတို့က စွပ်စွဲထားသည်။  ကော်မတီက မေမြတ်နိုး၏ ကိုရီးယားခရီးစဉ်နှင့် ပတ်သက်၍ သြဂုတ် ၁၉ ရက်မှ ၂၇ ရက်ထိအသေးစိတ်ထုတ်ပြန်ခဲ့ပြီး၊ သူမက ရင်သားခွဲစိတ်မှု မပြုခဲ့ဟုဆိုသော်လည်း သြဂုတ် ၂၀ တွင် ခွဲစိတ်ခဲ့ကာ သြဂုတ် ၂၃ အထိ ဆေးရုံတွင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ သြဂုတ် ၂၉ တွင် မေမြတ်နိုးနှင့် ကော်မတီ ထိပ်တိုက်တွေ့ကာ သြဂုတ် ၂၅ ရက်တွင်ဆေးရုံက ဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများက သူတို့ ကော်မတီနှင့် မေးမြန်းပြီး အခြေအနေမှန်ကို သိရှိသော်လည်း မြန်မာပြည်က သတင်းမီဒီယာများသည် စက်တင်ဘာ ၂ ရက်က အလှမယ် မေမြတ်နိုးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကိုသာ အခြေခံပြီးရေးသားထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အခြေခံရေးသားထားသော သတင်းမီဒီယာများသည် မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံလုံး၏ ပုံရိပ်ကို ဖျက်ဆီးနေသည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက စွပ်စွဲပြောကြားသည်။ မေမြတ်နိုးကို အဆိုပါကြေညာချက်နှင့်ပတ်သက်၍ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Miss Asia Pacific World ကော်မတီသည် တစ်ကိုယ်လုံးခွဲစိတ်ရန် ပြောဆိုပြီး၊ လုပ်ငန်းရှင်များကိုဖျော်ဖြေရန် ပြောခဲ့ကြောင်းမေမြတ်နိုးက ပြောကြားခဲ့သည်။

ဘီဘီစီနှင့် တခြားသတင်းမီဒီယာများတွင် ဖော်ပြခဲ့သော သတင်းများအရ ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီသည် တခြား နိုင်ငံတကာ အလှမယ်များနှင့် အလားတူပြ ဿနာများရှိခဲ့သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ယူကျူ့ဘ်ဗီဒီယိုတွင်လည်း အဆိုပါအဖွဲ့အစည်းနှင့် နိုင်ငံတကာမယ်များ ပြိုင်ပွဲတွင် မရိုးသားမှုကြောင့် စကားများ ငြင်းခုံနေကြသည့် ဗီဒီယိုဖိုင်ကိုလည်း တွေ့ရသည်။ မယ်ဆု ပြိုင်ပွဲဆိုသော်လည်း ဆုငွေပေးခြင်းမရှိဘဲ ဆုရသူမယ်ကို အဆိုတော် မင်းသမီးဖျော်ဖြေသူ ဖြစ်အောင်သာ စပွန်ဆာအဖွဲ့အစည်း များဖြင့် ကူညီပေးလေ့ရှိပါသည်ဟု သူတို့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားပါသည်။

ကိုရီးယားနိုင်ငံတွင် သရုပ်ဆောင်များ၊ မော်ဒယ်များ၊ မင်းသမီးများကို သူတို့၏အဖွဲ့အစည်းများ၊ မန်နေဂျာများက လုပ်ငန်းရှင်များဖြင့် ဖိအားပေးပြီး ဖျော်ဖြေခိုင်းသည်မှာ ထုံးစံဖြစ်သည်။
မြန်မာပရိသတ်များသိရှိကြသည့် နာမည်ကျော်ကိုရီးယားမင်းသမီး Jang-Ja-Yeon သည် ထိုကဲ့သို့ ပြဿနာများကြောင့် ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက် တွင် ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့သည်။ သူသည် ကိုရီးယားလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများက လုပ်ငန်းရှင်များနှင့် ဖျော်ဖြေရန် ဖိအားပေးခံရမှုကြောင့် စိတ်ဓာတ်ကျကာ သတ်သေခြင်းဖြစ်သည်ဟု ကိုရီးယားသတင်းဌာနများက ရေးသားဖော်ပြခဲ့ဖူးပါသည်။

From:7day

www.mmdailystar.com

ဘယ်လောက်တန်တယ် ဆိုပြီး ဈေးခေါ်ရအောင် ညီမက ကုန်ပစ္စည်း မဟုတ်ဘူးဟုဆိုလိုက်တဲ့ မြန်မာမော်လ်ဒယ်မလေး

အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် အနုပညာလောကထဲ ဆင့်ကာဆင့်ကာ ၀င်ရောက်ခဲ့ပြီး ဇာတ်ကားတွေ တော်တော်များများမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ရိုက်လာရတဲ့ ဖူးပွင့်သခင် က အနုပညာပျိုးခင်းမှာလဲ ၀င်ပြိုင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကတော့ “အနုပညာပျိုးခင်း ကဖောင်တော့တင်ထားပါတယ်။ သူများတွေက သွားတင်လို့ ပြောတာနဲ့တင်တော့ တင်ထားကြည့်တယ်။ ကံပေါ့နော်”တဲ့။

ကာရိုက်တာရွေးချယ်တဲ့အပိုင်း၊ ဇာတ်ကားလက်ခံရိုက်ကူးရေးပိုင်းကိုတော့ “ကိုယ်လဲအသစ်ကနေ လာရတာပဲဆိုတော့ တတ်နိုင်သမျှ ဇာတ်ကောင်းပြီးကိုယ်လဲလုပ်ကွက်ရမယ်ဆိုရင်တော့ ညီမ ရိုက်ပါတယ်။ ခုခေတ်က မင်းသားစွဲလဲ မရှိတော့ဘူး။ အသစ်လဲ အားပေးကြတော့ ကိုယ့်အတွက် လုပ်ကွက်ရမယ်ဆို ဘယ်မင်းသားနဲ့မဆို ညီမ ရိုက်မှာပါ။ ကိုယ်ကိုယ်တိုင်ကတော့ ကားတိုင်းမှာ အကောင်းဆုံးနဲ့ အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ သရုပ်ဆောင်ဆိုတာ အပြင်မှာ ဖြစ်နေတဲ့ဟာတွေ အားလုံးကို လေ့လာထားရတယ်။ ကိုယ်ကျရာ ဇာတ်ရုပ်ကို အရုပ်ရယ် အ၀တ်အစား ဆင်ယင်မှု အိုက်တင်ပိုင်းရောအကုန်လုံးကို perfect ဖြစ်အောင်လုပ်ရတာပေါ့နော်။ အဓိက အ၀တ်အစားက၂၅ ရာခိုင်နှုန်းပါတယ်။ အိုက်တင်ပိုင်းကတော့ ၇၅ ရာခိုင်နှုန်း ပါမယ်လို့ ညီမကတော့ထင်တယ်။”လို့ သူမက ပြောပါတယ်။

တက်သစ်စ မင်းသမီးတစ်ယောက်ရဲ့အနုပညာကြေးနဲ့ပတ်သတ်ပြီးတော့လဲ သူမက “ညီမ စရိုက်ကတည်းက ဘယ်ရွေ့ ဘယ်မျှ မသတ်မှတ်ထားဘူး။ ကိုယ့်လုပ်ရည်ကိုင်ရည်ကို ပရိသတ်ကပဲ ဝေဖန်ပေးမယ်။ ပရိသတ်ကပဲ ဒီကောင်မလေးက ဘယ်လောက်ထိ ပေးဆပ်ထားလဲ ဘယ်လောက်ထိ တန်လဲဆိုတာ အမှတ်ပေးပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် ငါကတော့ ဘယ်လောက်တန်တယ် ဆိုပြီး ဈေးခေါ်ရအောင် ညီမတို့ကကုန်ပစ္စည်းလဲ မဟုတ်ဘူး။ ဈေးသည်တွေလဲ မဟုတ်ဘူး။ ကိုယ့်ရဲ့ကြိုးစားမှု အပေါ်ပဲ ဆုံးဖြတ်တယ်။ ညီမစရိုက်ကတည်းက ကုမ္ပဏီကပဲ စညှိပေးတာ။ သူတို့ပြောတဲ့အတိုင်းပဲ ညီမယူတယ်။ ခင်တဲ့သူကျတော့လဲ ခင်တဲ့သူအလျောက်ပေါ့။ အတတ်နိုင်ဆုံးတော့ ညီမ ဈေးဘယ်တော့မှ စမခေါ်ပါဘူး။ ကိုယ့်ရဲ့ကြိုးစားမှုကိုပဲ အဓိကထားတယ်။ ပိုက်ဆံကတော့ လူတိုင်း လိုချင်တာပေါ့နော်။ များများလိုချင်ရင် ကိုယ့်ရဲ့ကြိုးစားမှုကို များများ ထားရမယ်။ ငါကတော့ ဒီဈေးတန်တယ်ပြောပြီးမှ ကိုယ့်ဖက်က ဘာမှမလုပ်ပေးနိုင်ရင် ကိုယ်က အလကားသက်သက် ပိုက်ဆံယူနေသလိုဖြစ်မှာစိုးလို့ ညီမကိုယ်ညီမ ဈေးကို မသတ်မှတ်ထားပါဘူး”တဲ့။

From: Trend Myanmar

www.mmdailystar.com

ဝတ်ရုံနက်ကြီး ၀တ်ပြီး တစ်နိုင်ငံလုံး ခြေလျင် သွားလာနေသည့် အမျိုးသမီး

လျှို့ဝှက်ဆန်းကြယ်နှင့် ဂမ္ဘီရ၀တ္ထုများထဲမှ ဇာတ်ကောင်များအတိုင်း အမျိုးသမီးတစ်ဦးသည်
ဝတ်ရုံအနက်ဖြင့် တစ်ဦးတည်း အမေရိကန်နိုင်ငံမြို့ကြီးများသို့ တစ်မြို့ဝင်တစ်မြို့ထွက် ခြေလျှင်
ခရီးသွားလာနေကြောင်း သတင်းမီဒီယာများနှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီး
အဆိုပါအမျိုးသမီး မည်သူမည်ဝါ ဖြစ်သည်ကို လူအများ စိတ်ဝင်စားလာကြသည်ဟု Oddity
Central သတင်းဌာနက ဖော်ပြသည်။

ယင်းအမျိုးသမီး၏ ဓာတ်ပုံအများအပြားကိုလည်း အင်တာနက်တွင် လူအများက တင်ကြပြီး
ဖေ့စ်ဘုတ်ခ် လူမှုကွန်ယက်တွင်ပင် အဆိုပါအမျိုးသမီးအား ရည်ညွှန်းသည့် “Where is the
Mysterious Woman in Black” ဟူသည့် စာမျက်နှာတစ်ခုပင် ပေါ်ထွက်လာခဲ့သည်။

ထို့အတူ အခြားလူမှုကွန်ယက်များ ဖြစ်ကြသည့် အင်စတာဂရမ်၊ တွစ်တာတို့တွင်လည်း ယင်း
အမျိုးသမီး၏ ဓာတ်ပုံများနျင့် ၎င်းမည်သူမည်ဝါ ဖြစ်နိုင်ကြောင်း ထင်မြင်ရေးသားချက်များ
အသုံးပြုသူများအကြားတွင် ရေပန်းစားလာခဲ့သည်။ ၎င်းအမျိုးသမီးသည် လမ်းလျှောက်ရာတွင်
မည်သူမျှနှင့် စကားသိပ်ပြောလေ့မရှိပဲ တစ်ဦးတည်းသာ လမ်းလျှောက် လေ့ရှိပြီး ယင်းအချက်
ကြောင့်ပင် ၎င်းကို လူအများ ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။

လူအချို့ ကမူ ယင်းကို သာသနာပြုနေသူတစ်ဦးအဖြစ် ထင်မြင်ရေးသားကြပြီး အချို့ကယင်းမှာ
ပင်တဂွန်စစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။ လူအချို့ကလည်း
၎င်းကို မဟူရာနတ်မိမယ်အဖြစ် တင်စားပြောဆိုကြပြီး အမျိုးသမီးတစ်ဦးကမူ သူ၏ သမီးငယ်လေး
က မဟူရာနတ်မိမယ်၏ ဦးခေါင်းတစ်ဝိုက်တွင် ရောင်စဉ်များ ထင်ဟပ်နေသည်ကို တွေ့ရှိခဲ့ရ
ကြောင်းနှင့် ယင်းနောက်ပိုင်းတွင် ၎င်းတို့ မိသားစုမှာ အေးချမ်းမှုများနျင့် ပျော်ရွှင်မှုများ ပိုမို
များပြားလာသည် ဟုပင် ရေးသားပြောဆိုခဲ့သည်။

သို့ရာတွင် အဆိုပါအမျိုးသမီးနှင့် မောင်နှမတော်စပ်သူ ရေမွန်ပိုးလ်စ်ဆိုသူ၏ ရှင်းလင်းချက်များ
ထွက်ပေါ်လာမှသာ ယင်းထင်မြင်ယူဆချက်နှင့် ရေးသားချက်များမှာ အခြေအမြစ်မရှိသည့်
အရာများ ဖြစ်ကြောင်းကို သေချာစေခဲ့သည်။ စစ်ပြန်တစ်ဦးနျင့် အသက်၅၆နှစ်ရှိပြီဖြစ်သော
အဲလီးဇဘတ်ပိုးလ်စ်တွင် သားသမီးနျစ်ယောက်ရှိပြီး အယ်လဘားမားပြည်နယ်၊ မော့သ်မြို့တွင်
နေထိုင်သူဖြစ်သည်။

၂၀၀၈ခုနှစ်တွင် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း
တွင် အဲလီးဇဘတ်တွင် စိတ်ရောဂါစွဲကပ်လာခဲ့သည်။ ယင်းနောက်ပိုင်းတွင် မိသားစုဝင်ဖြစ်သူများ
က ၎င်းအား စစ်ပြန်ကြီးများဆေးရုံသို့ တက်ရောက်ကုသမှု ခံယူစေခဲ့သည်။

ယင်းဆေးရုံတွင် တက်ရောက်ကုသမှုခံယူစဉ်အတွင်း ၎င်း၏ စိတ်ကျန်းမာရေးအခြေအနေမှာ
သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သော်လည်း ယင်းမှာ ကြာရှည်ခံခဲ့ခြင်းမရှိပေ။ နောက်
ပိုင်းတွင် ၎င်း၏ အခြေအနေမှာ ပြန်လည်ဆိုးရွားလာခဲ့ပြီး နောက်ဆုံးတွင် ၎င်းမှာ ဆေးရုံမှ
ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ အဲလီးဇဘတ်သည် အမေရိကတစ်ခွင်
တစ်ကိုယ်တည်းလမ်းလျှောက်ခြင်းခရီးစဉ်ကို စတင် ခဲ့သည်။

"နောက်ပိုင်း သူ့ရဲကခရီးစဉ်ကို စတင်ခဲ့တဲ့ နေရာက သူတက်ခဲ့တဲ့ ဆေးရုံကနေဆိုရင် တစ်မိုင်
လောက်ပဲဝေးတယ်။ အဲဒီနေရာကို သူသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက ကျွန်တော့်အိမ်ကို
ရောက်လာတယ်။ ဘ၀င်မကျတဲ့ ပုံစံနဲ့ ညည်းညူကြိမ်းမောင်းတယ်။ တစ်ညကျတော့ သူရောက်
လာတယ်။ နောက်ပြီး ကျိန်စာတိုက်တဲ့ပုံစံနဲ့ ပါးစပ်က ဆက်တိုက်ဆိုသလို ရွတ်ဆိုတယ်။

တနင်္ဂနွေတစ်နေ့မှာတော့ သူ့ဆံပင်တွေ အကုန်ရိတ်ပစ်ပြီးတော့ ဘုရားကျောင်းလည်းမသွားတော့
ဘူး။ အဲဒီနောက်ပိုင်း လတော်တော်ကြာအောင် သူလုံးဝ ပျောက်သွားခဲ့တယ်" ဟု ရေမွန်က
ပြောသည်။

သို့တိုင် ၎င်း၏အစ်မဖြစ်သူသည် စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူဖြစ်ကြောင်း
ရေမွန်က ထုတ်ဖော်ပြောဆိုခဲ့သည်။ "အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို
အိမ်ပြန်လာစေချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ သူ့ကို ကုသစောင့်လျှောက်မှုတွေ ပေးနိုင်မှာ
ဖြစ်ပါတယ်" ဟု ယင်းက ပြောသည်။

ယခုအခါတွင် အဲလီးဇဘတ်အတွက် ရည်ညွှန်းထားသည့် ဖေ့စ်ဘုတ်အကောင့်ကို follow
လုပ်ထားသူ နျစ်သောင်းနီးပါးခန့်ရှိပြီး ၎င်းတို့က အဲလီးဇဘတ်ကို ၎င်း၏ ခရီးစဉ်တစ်လျှောက်
မျက်ခြည်မပြတ် စောင့်ကြည့်ရန် ကြိုးစားနေကြသည်။

"တကယ်လို့ သင့်အနေနဲ့ အဲဒီအမျိုးသမီးကို တွေ့ရှိခဲ့လို့ရှိရင် စားစရာဖြစ်ဖြစ်၊ သောက်စရာဖြစ်ဖြစ်၊
ဒါမှမဟုတ် သူ့မှာလိုအပ်နေတယ်လို့ သင်ထင်တဲ့အရာတစ်ခုခုကို လှူဒါန်းပြုစုလိုက်ပါ။
ကျေးဇူးပြုပြီးတော့ သူ့ကို နွေးထွေး စွာ ဆက်ဆံပေးကြပါ။ သူ့ကို ကူညီပေးကြပါ" ဟု
အသုံးပြုသူတစ်ဦးကလည်း ၀င်ရောက်ရေးသားခဲ့သည်။

From: The Myanmar Times

www.mmdailystar.com

ထူးနှင့်တရုတ်ကုမ္ပဏီပူးပေါင်းပြီး တပ်နယ်အားကစားကွင်းကို ဒေါ်လာနှစ် သန်းခန့် ကုန်ကျခံတည်ဆောက်ပေး

ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးတေဇက တပ်နယ်အားကစားကွင်းအား လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ−Htoo FB)
 
ထူးကုမ္ပဏီအုပ်စုနှင့်တ ရုတ်နိုင်ငံမှ Guandong Zhenrong Energy ကုမ္ပဏီတို့ပူးပေါင်း ကာ ပြင်ဦးလွင်၊ တပ်မတော်နည်း ပညာတက္ကသိုလ်တွင် တပ်နယ် အားကစားကွင်းကို ဒေါ်လာနှစ် သန်းခန့် အကုန်အကျခံတည် ဆောက်လှူဒါန်းခဲ့ကြောင်း   သ တင်းရရှိသည်။

‘‘တရုတ်နိုင်ငံGDZRကုမ္ပဏီ နဲ့ ပူးပေါင်းလှူဒါန်းခဲ့ခြင်းက ကောင်းမွန် တဲ့ နှစ်နိုင်ငံဆက် ဆံ ရေးတည်ဆောက်ရာမှာ အ ထောက်အပံ့ဖြစ်စေနိုင်သလို ပ ညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်လာစေရန် တစ်ဖက်က တတ်နိုင်သမျှဆောင်ရွက်နေသ ကဲ့သို့ အားကစားကဏ္ဍကိုတိုး တက်လာစေရန်အတွက်လည်း ယခုလိုလှူဒါန်းရခြင်းဖြစ်ပါ တယ်’’ဟု ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အားကစားဖွံ့ဖြိုးတိုးတက် စေရန်အခြေခံအဆောက်အအုံ မြှင့်တင်လိုသည့်ရည်ရွယ်ချက်နှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည် ရေးရင်းနှီးမြှုပ်နှံမှုကို ပြသရန်ရည် ရွယ်၍ အဆိုပါတပ်နယ်အားက စားကွင်း ကိုတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အားကစားကွင်း၌ အလျား ၁၀၅ မီတာ၊ အနံ  ၈၆မီတာရှိ ဘောလုံးကွင်းတစ်ကွင်း၊ မီတာ ၄၀၀ပြေးလမ်း ရှစ်လမ်းပါနိုင်ငံတ ကာအဆင့် မီရော်ဘာပြေးလမ်း၊    မီးလင်းတိုင် ၁၀တိုင်၊ အ၀ီစိတွင်း၊ ပတ်လည်ရေနုတ်မြောင်း၊ မြက် ခင်းရေဖျန်းစနစ်၊ ခြံစည်းရိုး၊ရေ စင်တို့ပါဝင်ပြီးအမေရိကန်ဒေါ် လာနှစ်သန်းခန့်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ် သည်။

ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦး တေဇက အားကစားကွင်းဆက် လက်မွမ်းမံထိန်းသိမ်းနိုင်ရန် ကျပ်သိန်းတစ်ရာနှင့်  တပ်နယ်အား ကစားကွင်းလွှဲပြောင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၅ရက်တွင်ကျင်းပခဲ့ပြီး    ပန်းပွားအကဖြင့် လာရောက်ဖျော်ဖြေသည့် ကျောင်းသားကျောင်း သူများအတွက် ငွေကျပ် သိန်းငါးဆယ်     လှူဒါန်းခဲ့ ကြောင်းသတင်းရရှိသည်။


From:7day

www.mmdailystar.com

ငြိမ်းချမ်းရေးဖလားရ လက်ရွေးစင်ဘောလုံးအသင်းအား ကြိုဆိုပြီး ဂုဏ်ပြုငွေချီးမြှင့်

ရန်ကုန်- ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား(PFF Peace Cup 2014)ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၈ရက်၊ နံနက် ၉နာရီခွဲ ၀န်းကျင်က ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိ လာရာ ပြည်သူများက ကြိုဆိုခဲ့ကြသည်။

အောင်ပွဲရ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား လေဆိပ်မှတစ်ဆင့်ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားပြုလုပ်မည့်
သုဝဏ္ဏကွင်းသို့သွားရာလမ်းတစ်လျှောက်တွင်ပြည်သူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

မြန်မာ့လက်ရွေးစင်အသင်းအားဂုဏ်ပြုကြိုဆိုပွဲနှင့်ဖလားအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်တွင် သုဝဏ္ဏကွင်း၌ ပြုလုပ်ခဲ့သည်။
အောင်ပွဲရကစားသမားများအားလောလောဆယ်တွင်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့်လုပ်ငန်းရှင်ကြီးများက ကျပ်သိန်း ၁,၂၀၀ကျော် ဂုဏ်ပြုပေးအပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ၂၀၀၆မာဒေးကားဖလားပြိုင်ပွဲ၌ ဗိုလ်စွဲပြီးနောက်
ရှစ်နှစ်အကြာတွင်နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခု ပြန်လည်ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။

From:

www.mmdailystar.com

အောက်တိုဘာလကုန်မှာ တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးမည်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် အောက်တိုဘာလကုန် မှာ နေပြည်တော်မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောပါတယ်။

01075
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပုံ

ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီးဦးအောင်မင်းက RFA ကို အခုလို ပြော လိုက်တာပါ။
“ကျနော်တို့ ဆွေးနွေးရန်ကျန်တာကတော့ ၁ဝ ချက်လောက်ပဲ ကျန်တော့တယ်၊ အဲဒီ့ ၁ဝ ချက်လောက် ကိုပဲ ကျနော်တို့က လာမယ့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ မှာ ဆွေးနွေးချင်ပါတယ်ဆိုပြီးတော့ ကျနော်တို့က စာပို့တယ်၊ သူတို့ဖက်ကတော့ အဖြေမရသေးဘူး၊ အဲ့နေ့မှာ ဆွေးနွေးပွဲဖြစ်သွားလို့ရှိရင် တတိယမူကြမ်း ထဲက ကျန်တဲ့ ၁ဝ ချက်လောက်ကို ကျနော်တို့ က ဆွေးနွေးမယ်၊ ဆွေးနွေးလို့ အားလုံးသဘောတူသွားပြီ ဆိုလို့ရှိရင်တော့ လက်မှတ်ရေးထိုးမယ့်ရက်ကို ကျနော်တို့ သတ်မှတ်မယ်၊ လက်မှတ်ရေးထိုးတာကလည်း ကျနော်မှန်းကြည့်တာကတော့ အောက်တိုဘာ လကုန်လောက်မှာပဲ ဖြစ်မယ်လို့ ဒီလိုပဲမှန်းပါတယ်”

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တတိယမူကြမ်းကို လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ အပြီးသတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရင် လာမယ့်နှစ် ဇန်န၀ါရီလလောက်မှာ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် နိုင်ငံရေးပါတီတွေ အတော်များများပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်မယ်လို့ ခန့်မှန်းကြောင်းလည်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။


From: RFA

www.mmdailystar.com

၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ ဖျက်သိမ်း

၂၀၁၄ နိုဝင်ဘာလလောက်မှာ ပြည်ထောင်စုလွှတ်တော်က လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပေးမယ်လို့ ပြည်ထောင်စုရွေးကော်မရှင် ပြောဆိုထားရာကနေ အခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်တဲ့အကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။


ပြည်သူ့လွှတ်တော်မှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ၊ အမျိုးသားလွှတ်တော်မှာ  လစ်လပ် ၆ နေရာနဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာ ၁၆ နေရာ စုစုပေါင်း ၃၅ နေရာ ရှိနေတဲ့အတွက် အစောပိုင်းကာလတုန်းက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတယ်ဆိုပြီး ကြေညာခဲ့တာဖြစ်ပေမယ့် တိုတောင်းတဲ့ ကာလအတွင်း အချိန်လုပြီး လုပ်ရမယ့်အနေအထားရှိပြီး  ငွေကြေး ကုန်ကျစရိတ်တွေ မြင့်လာမယ့် သဘောတွေကြောင့် မကျင်းပတော့တာလို့ သူက ပြောပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော် လုပ်ဖို့ မရှိတော့ပါဘူး။ သို့သော်လည်းပဲ ဒီလို ဒီဇင်ဘာနောက်ဆုံးပတ်ထဲမှာ လုပ်မယ်ဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်မှာလည်း အခက်အခဲ ရှိပါတယ်။ ပါတီတွေမှာလည်း အခက်အခဲ ရှိပါတယ်။ ကျနော်တို့မှာလည်း အခက်အခဲ ရှိပါတယ်။ အဲဒီတော့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ ပြီးသွားလို့ရှိရင်လည်း ဒီရဲ့ result က - ဒီရဲ့ အနိုင်အရှုံးသည် လွှတ်တော် မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ထိခိုက်မှု မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီဟာ အသာစီးရနေတဲ့ပါတီပဲ၊ သို့သော်လည်းပဲ ဒီနေ့ လွှတ်တော်ထဲကို ကြည့်မယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ နောက်ပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးကိစ္စတွေ လုပ်နေတဲ့ကိစ္စကို လွှတ်တော်က တော်တော်လေး အလုပ်တွေများတဲ့ကာလလည်း ဖြစ်ပါတယ်။ တကယ်လို့သာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ် ဆိုလို့ရှိရင် လွှတ်တော်ထဲမှာရှိနေတဲ့ ပါတီခေါင်းဆောင်တွေ၊ တချို့ကိုယ်စားလှယ်တွေဟာ ကြားဖြတ်ရွေးကောက်ပွဲအတွက် လုံးပမ်းနေရမယ်ဆိုရင် အလုပ်တွေများတဲ့ -- တွေဟာ ကြားဖြတ်စည်းရုံးရေးအတွက် ဝန်ထုတ်ဝန်ပိုးပိမှာ ကျနော့်အနေနဲ့ စိုးရိမ်တဲ့အတွက်ကြောင့် ဒါကိုလည်း ကျနော် တွေးပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတော့ဘူးဆိုတဲ့ သတင်းကို ဒီကနေ့ မနက်အစောပိုင်းမှာ ကော်မရှင်က ပြည်တွင်း နိုင်ငံရေးပါတီ ၃၅ ခု နဲ့ တွေ့ဆုံပြီး အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ မကျင်းပတော့ဘူး လို့ ပြောဆိုတဲ့အပေါ်မှာ နိုင်ငံရေးပါတီအချို့က လက်ခံတဲ့အကြောင်း ဦးတင်အေးက ပြောပါတယ်။

မနေ့တုန်းကတော့ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတွေ့ဆုံမှုမှာလည်း ကော်မရှင်ဥက္က ဋ္ဌက ဒေါ်အောင်ဆန်းစုကြည်ကို  ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ပြောဆိုသလို   ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအပေါ်မှာ တစ်စုံတစ်ရာ မကန့်ကွက်ခဲ့ဘူးလို့ ဦးတင်အေးက ပြောပါတယ်။

“အခုနက ပြောပြသလို ကျနော့်အနေနဲ့ ဒီလို..ဒီလို..ဒီလို..ဒီလို… အခြေအနေရှိနေတယ်၊ လွှတ်တော်ထဲမှာ SEAT နေရာတွေ ရှိတယ်။ ပါတီတွေမှာ ဒီလို ရှိနေတယ်။ ကော်မရှင်မှာ ဒီလိုရှိတယ်။ အဲဒီအတွက်ကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ သင့်မသင့် သုံးသပ်ဖို့ လိုလာပါပြီ။ လိုလာနေတယ်။ ကျနော့်အနေနဲ့တော့ ပေးထားတဲ့အာဏာအရ မလုပ်တော့ဘူးလို့ပဲ ဆုံးဖြတ်ပါတယ်။ သဘော ဘယ်လိုရှိပါသလဲ-ဆိုတော့ ကျနော့်ရဲ့ သုံးသပ်ချက်က မှန်ပါတယ်-တဲ့။ အဲဒါကြောင့် သူ့အနေနဲ့လည်း ဘာမှ ငြင်းစရာမရှိပါဘူး-တဲ့။ ဒီလိုပြောတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာဟာ ပါတီကြီးတွေအတွက် ရွေးကောက်ပွဲဝင်ဖို့ ပြဿနာ ကြီးကြီးမားမား မရှိပေမယ့် ပါတီငယ်တွေအတွက်တော့ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် ၂၀၁၄ ခုနှစ် အတွင်းမှာ ရွေးကောက်ပွဲ ထပ်မလုပ်တော့တဲ့အချက်ကို ကန့်ကွက်ဖို့ မရှိဘူးလို့ NLD ပြောခွင့်ရှိသူ ဦးထွန်းထွန်းဟိန်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဘက်က ပြန်ကြည့်လိုက်လို့ရှိရင်လည်း ဒီဥစ္စာက ဘာမှ သိသာထင်ရှားတဲ့အပြောင်းအလဲပေါ့လေ။ အပြောင်းအလဲကြီး မဖြစ်နိုင်ဘူးပေါ့ ဆရာရယ်။ အမြတ်သိပ်မရနိုင်ဘူးပေါ့။ ဒီလိုပဲ ပြောရမှာပေါ့။ အဲလိုဆိုလို့ရှိရင် ဒီလိုဖြစ်တဲ့အတွက်ကြောင့် အဘက်ဘက်က ပင်ပမ်းသွားမယ့်အတူတူ ၂၀၁၅ မှာ အင်တိုက် အားတိုက် ပြိုင်ကြမယ်ပေါ့။”
ဒါပေမယ့် တဖက်မှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မူလက ကျင်းပပေးမယ်လို့ ပြောထားလျက်နဲ့ အခုလို ပြန်ဖျက်တဲ့လုပ်ရပ်ဟာ မသင့်လျော်ဘူး လို့ ရခိုင်အမျိုးသားပါတီရဲ့ ပထမခေါင်းဆောင် ဦးအေးသာအောင်က ရှုမြင်ပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်ပြီးတော့ ပြောပြန်တယ်။ အခုတော့ မရှိဘူး ဆိုပြီး ပြောတယ်။ ဒါက မဖြစ်သင့်ဘူးလို့ထင်တယ်။ ဘာလို့လဲ ဆိုတော့ ဗဟိုရွေးကောက်ပွဲကော်မရှင်ဆိုတာ လုပ်ဖို့၊ မလုပ်ဖို့ဆိုတာ အတိအကျ ဆုံးဖြတ်ပြီးမှ ထုတ်ပြန်သင့်တယ်၊ ထုတ်ဖော်ပြောသင့်တယ်လို့ ကျနော်က မြင်ပါတယ်။”
၂၀၁၄ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တော့မှာဖြစ်ကြောင်း ဦးတင်အေးက ပြောပါတယ်။ လက်ရှိ အချိန်မှာတော့ မဲဆန္ဒရှင် စာရင်းပြုစုတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ရှိပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်အောင် ကြိုးစားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ကတိပေးခဲ့ပါတယ်။

တပ်မတော်သား ဗိုလ်ချုပ်ကြီးဟောင်း ဘ၀ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် ရွေးကောက်ခံခဲ့တဲ့ စစ်အစိုးရ လက်ထက် ၂၀၁၀ ရွေးကောက်ပွဲတုန်းက မှာ လိုအပ်ချက်တွေ ရှိခဲ့တာကိုတော့ မငြင်းနိုင်တဲ့အကြောင်း ဗွီအိုအေ မေးမြန်းတဲ့အခါမှာ ဦးတင်အေးက ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြု PR စနစ်ကို သမ္မတနဲ့ လွှတ်တော်က အတည်ပြု ပေးလာရင်တော့ ကျင်းသုံးပေးဖို့ တာဝန်ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်ခင်ဗျား။
From:Voa

www.mmdailystar.com

မေမြတ်နိုးပြဿနာ ဘာသင်ခန်းစာ ယူမလဲ

အလှမယ် မေမြတ်နိုးနဲ့ တောင်ကိုးရီးယား အေးရှားပစိတ်ဖိတ်မယ် အဖွဲ့ ဖြစ်ပွားရတဲ့ ပြသနာ အကျဉ်းချုပ် ပြန်ဖော်ပြပါမယ်။ လွန်ခဲ့တဲ့ ၃ လ အဲဒီ မယ်ရွေးပွဲ တောင်ကိုရီးယားမှာ သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာပြည်ကိုယ်စား တာဝန်ယူရသူဟာ Miss Global Myanmar Organization တည်ထောင်ထားသူ ဒေါ်လှနုထွန်းပါ။ သူ့ရဲ့ အဓိက စီးပွားရေးဟာ နိုင်ငံတကာက အလှမယ် ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာပြည်ထဲက အလှမယ် တစ်ယောက်ရွေး၊ လေ့ကျင့်ပေးပြီး၊ သွားရောက် ယှဉ်ပြိုင်ခိုင်းစေတာမျိုးပါ။ သူ့အဖွဲ့က ရွေးချယ်လိုက်ပြီဆိုတာနဲ့ အဲဒီ မယ်ဟာ မြန်မာပြည် ကိုယ်စားပြု မယ် ဖြစ်သွားပြီး ဒေါ်လှနုထွန်းရဲ့ Organization နဲ့ ၃ နှစ်တာ စာချုပ်ချုပ်ရလေ့ရှိပါတယ်။ အဲဒီစာချုပ်မှာ မြန်မာပြည် ကိုယ်စားပြုမယ် ရမယ့် အခွင့်အရေး အကျိုးစီးပွားတွေကို Organization က အချိုးကျ ခွဲဝေယူဖို့ ထည့်သွင်း ချုပ်ဆိုလေ့ရှိပါတယ်။

          ပြောရရင် ဒေါ်လှနုထွန်းရဲ့ Organization ဟာ ကိုရီးယားမှာ ကျင်းပမယ့် Miss Asia Pacific World ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စား မေမြတ်နိုးကို ရွေးချယ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်စေပါတယ်။ အဲဒီ ပြိုင်ပွဲမှာ မေမြတ်နိုး “မယ်” အဖြစ် သရဖူ အပ်နှင်း အရွေးခံရပါတယ်။ မယ်သရဖူ ရပြီး နောက်တော့ မြန်မာနိုင်ငံ ပြန်လာပါတယ်။ မြန်မာနိုင်ငံပြန်အရောက် ဒေါ်လှနုထွန်းရဲ့ Organization ဟာ မေမြတ်နိုးနဲ့ စာချုပ်ချုပ်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် အဆင်မပြေဖြစ် စာချုပ် မချုပ်နိုင်တော့တဲ့အခါ နှစ်ဖက် အခြေအတင် အပစ်တင် စကားများကြပါတယ်။ နောက်ပိုင်း ဒေါ်လှနုထွန်းက မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်အပ်ရအောင် လုပ်မယ်လို့ ပြောဆိုပြီး ကိုရီးယား အဖွဲ့ဘက်ကိုလည်း မေမြတ်နိုး ဟာ စည်းကမ်းလိုက်နာသူ မဟုတ်တဲ့အကြောင်း၊ သရဖူ ပြန်သိမ်းသင့်ကြောင်း အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် သရဖူ ပေးထားတဲ့ ကိုရီးယား အဖွဲ့က ပြန်ရုပ်သိမ်းတာမျိုး မလုပ်ခဲ့ပါဘူး။ မေမြတ်နိုးနဲ့ မြန်မာပြည် ဒါရိုက်တာ တာဝန်ယူထားသူ ဒေါ်လှနုထွန်း တို့သာ အကွဲအပြဲ ဖြစ်ခဲ့ပြီး ဒေါ်လှနုထွန်းက မေမြတ်နိုးကိစ္စ သူနဲ့ လုံးဝ မသက်ဆိုင်တော့ဘူး ကြေငြာသည် အထိ ဖြစ်ခဲ့ပါတယ်။

          နောက်ဆုံး သရဖူ ပေးအပ်ထားတဲ့ အဖွဲ့က မေမြတ်နိုးကို ကိုရီးယား ခေါ်ပါတယ်။ နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေမှာ မေမြတ်နိုးရဲ့ ပြန်လည် ရှင်းပြချက်အရ အဲဒီ အဖွဲ့ဟာ သူ့ကို ရင်သားကအစ တစ်ကိုယ်လုံး ပလပ်စတစ် ဆာဂျရီနည်းနဲ့ ခွဲစိတ် ပြုပြင်ပေးမယ်၊ အဲဒီအတွက် အကုန်အကျ ခံပေးမယ်၊ ခွဲစိတ်ပြုပြင်ပြီးရင် ပို လှလာမယ်၊ လှလာရင် မေမြတ်နိုးအနေနဲ့ ကိုရီးယားမှာ နေထိုင်တဲ့ စားရိတ်၊ အနုပညာ အလုပ်တွေ လုပ်ဖို့ စားရိတ်တွေအတွက် စပွန်ဆာ ရှာရတာ ပိုလွယ်ကူမယ် လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ စပွန်ဆာ ရှာတဲ့နည်းကလည်း ကိုရီးယားက အဲဒီမယ်ကို သဘောကျတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေခေါ်ရင် အဖော်ပြုပေးရမယ် ဆိုတဲ့ သဘောမျိုးပါ။ နောက် ကိုရီးယား ဗီဇာ အချိန်ကြာကြာရအောင် ဂျပန်ကို စတေးရှောင်ပြီး ဂျပန်ကနေ တစ်ခါ ဗီဇာ ပြန်လျောက်ရမယ်၊ ဂျပန်မှာလည်း ကိုရီးယားမှာလို စပွန်ဆာ ရှာရမယ်လို့ ဆိုပါတယ်။ ဒီအတွက် ကိုရီးယားကို မေမြတ်နိုးနဲ့ အတူ လိုက်ပါသွားတဲ့ မိခင်ဖြစ်သူကို မြန်မာနိုင်ငံ ပြန်ခိုင်းပြီး မေမြတ်နိုး တစ်ယောက်တည်း နေရစ်ခဲ့ရမယ်လို့ တောင်းဆိုပါတယ်။

          အဲလို တောင်းဆိုမှုတွေ ရှိခဲ့ပြီးနောက်ပိုင်း မေမြတ်နိုးနဲ့ သူ့မိခင် ကိုရီးယားက ပြန်လာခဲ့ကြတာပါ။ သူတို့ ပြန်လာပြီးနောက် ကိုရီးယား Miss Asia Pacific World Organization ဟာ မေမြတ်နိုးဟာ စည်းကမ်းတွေ မလိုက်နာဘူး၊ သူတို့ရဲ့ ဒေါ်လာ တစ်သိန်းတန် သရဖူ ခိုးပြေးတယ် ဆိုပြီး ကြေငြာချက် ထုတ်ပြန်ပါတယ်။ တစ်ဆက်တည်း အဲဒီ သရဖူ မြန်မာပြည် ဒါရိုက်တာ ဒေါ်လှနုထွန်းကို အပ်ပေးဖို့ တောင်းဆိုပါတယ်။ အဲဒီကနေ တဆင့် မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ရှင်းရတဲ့ အဆင့်အထိ ရောက်သွားတာပါ။

          မေမြတ်နိုး ကိစ္စ အပါအ၀င် အခြား မယ်တွေ ဖြစ်တဲ့ ပြသနာတွေနဲ့ ပါတ်သက်ပြီး ထောက်ပြစရာ အချက်တစ်ချို့ တွေ့ရပါတယ်။ တကယ်ဆို မေမြတ်နိုးဟာ အသက် ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ လာမယ့် ၂၀၁၄ အောက်တိုဘာ ထဲမှာမှ ၁၆ နှစ် ပြည့်မှာပါ။ ဒါကို မိခင်ဖြစ်သူက မယ်ပြိုင်ပွဲ ၀င်ခိုင်းပါတယ်။ အလွန်မှားယွင်းတဲ့ လုပ်ဆောင်ချက်ပါ။ နေရှင်နယ် ဒါရိုက်တာ ဒေါ်လှနုထွန်းကလည်း ဒီအချက်ကို သိပါလျက် ကိုရီးယား Organization နဲ့ ညှိပြီး အသက်လိမ် ပြိုင်ပွဲဝင်စေပါတယ်။ ကိုရီးယား Organization ကလည်း ဒါကို သိသိကြီးနဲ့ ပြိုင်ပွဲမှာ လက်ခံလိုက်ရုံမက မယ်အဖြစ်ပါ ရွေးချယ်ပေးလိုက်ပါသေးတယ်။ ဒီ ကိစ္စ ပါဝင်ပါတ်သက်သူ အားလုံး မရိုးသားကြတဲ့ ပြသနာပါ။ ကြားထဲက ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ပြသနာပေါ် နစ်နာမှု ဖြစ်စေခဲ့ပါတယ်။

          နောက်တစ်ချက်က ကိုရီးယား အခြေစိုက် Miss Asia Pacific World Organization ပြသနာပါ။ အဖွဲ့တည်ထောင်တာ ၄ နှစ်လောက်အတွင်း ပြသနာနဲ့ အပုပ်နံ့ထွက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ၂၀၁၁ ခုနှစ် ပထမဦးဆုံး မယ်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရတဲ့ တောင်ကိုရီးယား အလှမယ် ဂျန်အန်းအာ ဟာ ထိပ်ဆုံးအဆင့်ရွေးချယ်ခံရဖို့ ကာမနဲ့ လဲလှယ်ခံရတယ် ဆိုပြီး စွတ်စွဲမှုတွေ ရှိခဲ့တဲ့အတွက် ပြိုင်ပွဲက နှုတ်ထွက်ခဲ့ဖူးပါတယ်။ တစ်ဆက်တည်း ဗြိတိန်အလှမယ် အေမီဝီလာတန်ကလည်း ပွဲစီစဉ်တဲ့ လူတွေ သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ထွက်ပြေးရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး ဟိုးလေးတကြော် ဖြစ်ခဲ့ဖူးပါတယ်။ နောက် သူတို့ ပြိုင်ပွဲ ထူးခြားချက်ကလည်း သရဖူရတဲ့ မယ်ကို ဘာ ဆုကြေးမှ မပေးဘူး ဆိုတာပါ။ အနုပညာ အလုပ်တွေ လုပ်ဖို့ မြေတောင်မြှောက်ပေးမယ် ဆိုတဲ့ မက်လုံးပဲ ရှိပါတယ်။ ပြောရရင် မြန်မာပြည်ထဲက အလှမယ် Organization တွေဟာ ဒီလို အပြည့်အ၀ မယုံကြည်ရတဲ့ အဖွဲ့အစည်းတွေက ကျင်းပတဲ့ အလှမယ် ရွေးပွဲတွေကို သွားရောက် ယှဉ်ပြိုင်ခိုင်းဖို့ မသင့်တော်ပါဘူး။ နောင်ဒါမျိုး မဖြစ်အောင် ဆင်ခြင်ကြဖို့ လိုပါမယ်။

          နောက်ဆုံးပြသနာက အလှမယ်တွေနဲ့ ပြည်တွင်းက Organization တွေ စာချုပ်ချုပ်တဲ့ ကိစ္စပါ။ လျှို့ဝှက်ပြီး ချုပ်ကြတယ်၊ စာချုပ်ကို မပေါက်ကြားစေရဘူး ဆိုပေမယ့် စီးပွားရေး အရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ မျှတတဲ့ စာချုပ်တွေ ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် အခု မေမြတ်နိုး၊ ထားထက်ထက်၊ ခင်ဝင့်ဝါ တို့လိုပဲ နောက်ထပ် အလှမယ်တွေဟာလည်း ပြသနာပေါင်းစုံ ဖြစ်လာနိုင်တဲ့ အနေအထား ရှိနေသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

From:Voa

www.mmdailystar.com

ထိပ်လန့်စရာကောင်းတဲ့ ကောင်းကင်ယံထက်မှ ဓာတ်ပုံများ








အမြင့်ပေ များစွာရှိတဲ့ ကျောက်တောင်ကြီးတွေ အထက်မှာ ကြိုးများဖြင့် ချဉ်နှောင်၍ နေထိုင် နေပုံများကို ဖော်ပြပေးလိုက်ပါတယ်။

ထိုမြင့်မားသော ကျောက်တောင်ကြီးများ အထက်တွင် စာအုပ်ဖတ် နေသူများ အရက် ဝိုင်းဖြင့် စားသောက်နေသူ များနှင့် ဆော့ကစား နေသူများကို ဖော်ပြပါ ပုံတွင် ကြည့်ရှုနိုင် ပါတယ်။


From:၇ိုးရာလေး

www.mmdailystar.com

ချစ်သူမိန်းကလေးကို ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်ပြီး ကိုယ်တိုင်သေကြောင်းကြံ


ချစ်သူမိန်းကလေး နောက်ရည်းစားထား၍ ရည်းစား ဟောင်းက ကုမ္ပဏီရုံးသို့ လိုက် လာပြီး ဓားဖြင့် အချက် ၂၀ ခန့် ထိုးသတ်ခဲ့ပြီးနောက် ကိုယ်တိုင်သေကြောင်းကြံစည်ခဲ့ကြောင်းလှိုင်မြို့နယ်(၁၆)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

 လှိုင်မြို့နယ်(၁၆)ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ ပုဂ္ဂလိက ငွေချေးလုပ်ငန်း  ကုမ္ပဏီတစ်ခု တွင်  အလုပ်လုပ်ကိုင်လျက်ရှိ သည့် ၀န်ထမ်းအမျိုးသမီးတစ်ဦး ကို စက်တင်ဘာ ၅ ရက် နံနက်က၎င်း၏ ရည်းစားဖြစ်သူက ကုမ္ပဏီရေချိုးခန်းအတွင်း၌ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး ၎င်းကိုယ်တိုင် သေကြောင်းကြံစည်သော်လည်း အထမြောက်ခြင်းမရှိပေ။

သေကြောင်းကြံစည်ခဲ့သော ယင်းအမျိုးသားမှာ ယခုအခါ ခွဲ စိတ်ကုသမှုခံယူခဲ့ပြီး မစိုးရိမ်ရတော့ကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
၎င်းအမျိုးသားသည် ယခင် က အဆိုပါကုမ္ပဏီမှ ၀န်ထမ်း ဟောင်းတစ်ဦးဖြစ်ပြီး အခင်းဖြစ် ပွားချိန်က ၎င်းတို့နှစ်ဦး စကား များရန်ဖြစ်ခဲ့ပြီး ကုမ္ပဏီရုံးအတွင်းရှိ ရေချိုးခန်း၌ အမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
‘‘ရုံးစဖွင့်တဲ့ အချိန်လောက်ပဲ။ကောင်မလေးနဲ့ သူနဲ့က ကုမ္ပဏီရေချိုးခန်းထဲ တံခါးချက်ထိုးပြီးစကားများ ရန်ဖြစ်နေတာ။နောက် ကောင်မလေးက ကယ်ကြပါဦးလို့ အော်တယ်။ ခဏနေတော့ အသံငြိမ်ကျသွားတယ်။ အဲဒီအချိန်ကောင်လေးက ထွက်လာပြီး စခန်းကို  အကြောင်းကြားထား တယ်ပြောပြီး ရေချိုးခန်းထဲ တံ ခါးပြန်ပိတ်ပြီး ၀င်သွားတယ်။ ပြီး တော့ သူ့ရဲ့ ဘယ်လက်ကောက် ၀တ်ကို ဓားနဲ့ဖြတ်လိုက်တယ်’’ ဟု အခင်းဖြစ်ပွားချိန်တွင် လိုက်ပါ ဆောင်ရွက်ခဲ့သော ယင်းရပ်ကွက် မှ ဆယ်အိမ်မှူးတစ်ဦးက ပြော သည်။

 စမ်းချောင်းမြို့နယ်နေ အ သက် ၂၀ ကျော်အရွယ် အဆိုပါ အမျိုးသားမှာ ထိုကုမ္ပဏီတွင် ဧည့်ကြိုဝန်ထမ်းအဖြစ် လုပ်ကိုင် ခဲ့ပြီး လွန်ခဲ့သော သုံးလခန့်က အလုပ်ထွက်ခဲ့သူ ဖြစ်သည်။ အသတ်ခံရသူ အမျိုးသမီးနှင့် ၎င်းမှာ သီတင်းကျွတ်ပြီးပါက လက်ထပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
‘‘ကောင်မလေး အဖေက ဆေး ရုံတက်နေတဲ့ ကောင်လေးကို မနေ့က လာကြည့်သွားတယ်။ အဲဒီမှာဘာပြောခဲ့လဲဆိုတော့ သီတင်းကျွတ်ရင် သူတို့ကို လက်ထပ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားတယ်’’ ဟု အထက်ပါ ဆယ်အိမ်မှူးက ဆိုသည်။

သေဆုံးသူ အမျိုးသမီးမှာ မိခင်က သဘောတူသည့် စစ်ဆေးတက္ကသိုလ်ကျောင်းဆင်း ဗိုလ်တစ်ဦးနှင့် ခင်မင်ရင်းနှီးလျက်ရှိသည်ဟု ဆိုသည်။
 ‘‘လှိုင်စခန်းမှူးနဲ့ နယ်ထိန်း တွေ ရောက်လာပြီးမှ တံခါးကို ဖွင့်ရတယ်။ အခင်းဖြစ်ပြီး သိပ်မ ကြာဘူး။ ဗိုလ်ကြီးဆိုတာလည်း ရောက်လာတယ်။ ကောင်မလေး ကို အတင်းဖက်ငိုတာ။ နောက်သူ က လည်ပင်းကို စမ်းကြည့်တော့ သေပြီလို့ ပြောတယ်’’ ဟုအဆိုပါရပ်ကွက်မှ ရာအိမ်မှူးက ပြောကြားသည်။
  ‘‘ဖြစ်စဉ်အသေးစိတ်ကို တော့ မစစ်ရသေးဘူး။ ဆရာဝန် က စစ်ဆေးခွင့် မပေးသေးဘူး။ သူစကား နည်းနည်းပြောနိုင်မှ မေးလို့ရမယ်။ အခုတော့ ကျန်းမာရေး မစိုးရိမ်ရတော့ပါဘူး’’ ဟု လှိုင်မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကြည်စိုးသန့်က ပြောသည်။

ရန်ကုန်မြို့တွင် သြဂုတ်လ ၂၅ ရက်ကလည်း အသက် (၁၉) နှစ်အရွယ် သရုပ်ဆောင်မော်ဒယ် အေးချမ်းမြတ်မိုးကို ၎င်းနေထိုင် ရာ တိုက်ခန်းအတွင်း အသက် (၂၂) နှစ်အရွယ် အံ့ဖြိုးပိုင်က စကားများရန် ဖြစ်ပြီး လည်ပင်းကို ဓားဖြင့်ထိုး၍ အသတ်ခံရမှုဖြစ်ပွားခဲ့သည်။

From:7day
photo : Google

www.mmdailystar.com

သဘာထားကွဲလွဲမှုကြောင့် ABSDF၏ စစ်ရေးကော်မရှင်အတွင်းရေးမှူး သီးခြားတပ်ဖွဲ့ထူထောင်

 
ABSDF (ကျောင်းသားတပ်မတော်)စစ်ရေးကော်မရှင်အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ကိုခင်ကျော်(ဓာတ်ပုံ − အောင်ခိုင်)
 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)နှင့်သဘောထား ကွဲလွဲမှုများဖြစ်ပေါ်သဖြင့် ABSDFစစ်ရေးကော်မရှင်အတွင်းရေး မှူးအဖြစ် တာဝန်ယူဖူးသော ကို ခင်ကျော်က စစ်ဦးစီးချုပ်အဖြစ်ဦး ဆောင်၍သီးခြားအဖွဲ့တစ်ဖွဲ့ ဖွဲ့ စည်းလိုက်ကြောင်း သတင်းရရှိ သည်။
ယခင်အဖွဲ့အစည်းကို မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦးဟုသာ ခံယူထားသော်လည်းလက်နက် ကိုင်တပ်ဖွဲ့ကိုမူ ကျောင်းသားတပ်မတော်အစား ပြည်ထောင်စု ကာကွယ်ရေးတပ်မတော်(UNR A)ဟုပြောင်းလဲသတ်မှတ်လိုက် ကြောင်း စက်တင်ဘာ ၆ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်း လင်းပွဲတွင် ယင်းအဖွဲ့တာဝန်ရှိ သူများကပြောသည်။

  သီးခြား ဖွဲ့စည်းခဲ့သော ABSDFကို စစ်ဦးစီးချုပ်ကိုခင် ကျော်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ ၍ ဦးဆောင်ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ မူလ ABSDF သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဦးတည်ချက်များယိမ်း ယိုင်လာခြင်း၊ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခြင်းတို့ကြောင့် သီးခြားရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဦးစီးချုပ်ကိုခင်ကျော်ကပြော သည်။
‘‘သဘောထား ကွဲလွဲတာ တွေရှိလို့ စိတ်ဝမ်းကွဲတာတော့မ ဟုတ်ဘူး’’ဟုဆိုသည်။

သီးခြားရပ်တည်ခဲ့သော မြန် မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး၏ စစ်ဌာနချုပ်ကိုကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် အခြေစိုက်မည်ဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။
မူလ ABSDFကို ၈၈အရေး တော်ပုံအပြီး ၁၉၈၈ခုနှစ် နိုဝင် ဘာ၁ရက်က တည်ထောင်ခဲ့ကာ လက်ရှိဥက္ကဋ္ဌမှာ ကိုသံခဲဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ်တွင် စခန်းခု နစ်ခု၊ အိန္ဒိယ-မြန်မာနယ်စပ်တွင်စခန်းသုံးခုနှင့် တရုတ်နယ်စပ်တွင် စခန်းသုံးခုတည်ရှိကာ ပြည်ပနိုင်ငံများတွင် ဌာနခွဲများတည်ရှိသော ABSDF အဖွဲ့သည် ယမန်နှစ်က အစိုးရနှင့်အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
ABSDF ၏ လက်ရှိအင်အားမှာ ခုနစ်ရာခန့်ရှိကြောင်း နိုင်ငံတကာစစ်တမ်းများက ခန့်မှန်းသည်။

From:7day

www.mmdailystar.com

အယ်လ်ကိုင် ဝင်ရောက်လာမည်ဆိုလျှင် ဘာတွေပြင်ဆင်ထားသင့်သလဲ

အယ်လ်ကိုင်ဒါခေါင်းဆောင် ဇဝါဟရီက အိန္ဒိယ တိုက်ငယ် အယ်လ်ကိုင်ဒါ ဖွဲ့စည်းပြီး ဂျီဟာ့ဒ်မယ်
လို့ ဆိုပြီးနောက်မှာ အိန္ဒိယရော မြန်မာမှာပါ တကယ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်သူနည်းပြီး လှန့်လုံးတစ်ခုအနေနှင့်ပဲ သဘောထားကြပါတယ်။



အိန္ဒိယရော မြန်မာပါ လုံခြုံရေးတိုးမြှင့်ကြတယ်ဆိုပေမယ့် လုပ်ရိုးလုပ်စဉ်ကနေ ပိုပြီးတင်ကျပ်လိုက်တဲ့ သဘောသာဖြစ်ပြီး တကယ်တမ်း အယ်လ်ကိုင်ဒါ ဝင်လာချိန်မှာ ဒီလုံခြုံရေးအစီအစဉ်တွေသည် မလုံလောက်ဘူး၊ မကာကွယ်နိုင်ဘူး ဖြစ်သွားပါလိမ့်မယ်။ အယ်လ်ကိုင်ဒါ သက်တမ်းတစ်လျှောက်မှာ အထူးသဖြင့် ဇဝါဟရီလက်ထက်မှာ ၎င်းတို့ပိုင်ပြီဆိုတဲ့ အနေအထားမှ ကြေငြာတတ်၊ ဝန်ခံတတ်၊ ထိုးစစ်ဆင်တတ်တာတွေကို သတိပြုရပါမယ်။

ဇဝါဟရီက အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် အယ်လ်ကိုင်ဒါ ဖွဲ့စည်းမယ်လို့ ကြေငြာလိုက်တာသည် အိန္ဒိယတိုက်ငယ် ဒေသတွင်းမှာ အယ်လ်ကိုင်ဒါတွေ ခြေကုပ်ရယူထားပြီးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ ကျွန်တော်တို့ သိရမှာက ဘယ်သူတွေလဲ၊ ဘယ်မှာလဲ၊ ဘယ်လိုကာကွယ်ကြမလဲ။

 တစ်နည်းပြောရလျှင် ဘာတွေသိထားသင့်ပြီး ဘာတွေပြင်ဆင်ထားရမလဲ။
ကျွန်တော်တို့ အနေနှင့် သိထားသင့်တဲ့ အကြောင်းအရာ ၃ ခု ပြင်ဆင်ထားရမယ့် လုပ်ငန်းစဉ် ၃ ခု ရှိပါမယ်။

၁။ သိထားသင့်သော အကြောင်းအရာ ၃ ခု
၁.၁။ အယ်လ်ကိုင်ဒါ စတင်ထိုးဖောက်နိုင်သည့် နိုင်ငံ
၁.၂။ အယ်လ်ကိုင်ဒါ သူလျှို ဝင်ရောက်နိုင်သည့် နည်းလမ်း
၁.၃။ အယ်လ်ကိုင်ဒါ၏ လက်ရှိ စစ်အင်အား
၂။ ပြင်ဆင်ထားရမည့် အကြောင်းအရာ ၃ ခု
၂.၁။ အကြမ်းဖက်မှုအားပေးသူ၊ အဖွဲ့အစည်းအား ထိရောက်စွာ အရေးယူမည့် ဥပဒေ
၂.၂။ အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများအချင်းချင်း နည်းပညာ၊ သတင်းအချက်အလက်၊ စစ်လက်နက်အင်အား ပူးပေါင်းဖလှယ်ခြင်း
၂.၃။ အကြမ်းဖက်မှု အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်
၁.၁။ အယ်လ်ကိုင်ဒါ စတင်ထိုးဖောက်နိုင်သည့် နိုင်ငံ

အယ်လ်ကိုင်ဒါပစ်မှတ်ထားတဲ့ အိန္ဒိယတိုက်နယ် နိုင်ငံတွေက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသမ်၊ ဂူဂျရတ်၊ အာမက်ဒဘတ် နှင့် ကက်ရှ်မီးယားတို့ ဖြစ်ပါတယ်။ မှန်တန်းစဉ်းစားလျှင်တော့ သူပုန်နယ်မြေ ကက်ရှ်မီးယားကို အရင်ဆုံး ထိုးဖောက်နိုင်တယ် စဉ်းစားစရာပါ။ ဒါပေမယ့် တကယ်ဖြစ်နိုင်တာက ကက်ရှ်မီးယားသည် နောက်ဆုံးဖြစ်နိုင်ပြီး မဝင်မှာတောင် ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့အင်အားကြီး စစ်အင်အား ပိုင်ဆိုင်ထားတဲ့ နိုင်ငံနှစ်နိုင်ငံကြား အယ်လ်ကိုင်ဒါ မရပ်ရဲပါဘူး။ ပါကစ္စတန်ရော အိန္ဒိယပါ အယ်လ်ကိုင်ဒါကို ချေမှုန်းနေကြတာကလည်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။

တစ်ခါ ဒေသခံ ကက်ရှ်မီးယား သူပုန်ကလည်း အယ်လ်ကိုင်ဒါကို လက်မခံပါဘူး။ အထက်ပါအချက်တွေအရ ကက်ရှမီးယားကနေ အယ်လ်ကိုင်ဒါ မစနိုင်ဘူး။ ကက်ရှမီးယား မဖြစ်နိုင်လျှင် မူဆလင်အများစု နိုင်ငံတွေ (တစ်ချို့ အိန္ဒိယပြည်နယ်တွေ) ဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂူဂျရတ် ကို စဉ်းစားရမယ်။ ဒီအထဲမှာ မြန်မာဘက်က မူဆလင်နယ်မြေနှင့်လည်း ဆက်စပ်တယ်၊ ပါကစ္စတန် အကြမ်းဖက်နယ်တွေနှင့်လည်း ဆက်စပ်တယ်၊ တိုင်းပြည်ကိုယ်၌ကလည်း မူဆလင်တိုင်းပြည်ဖြစ်ပြီး စစ်အင်အားမှာလည်း လျော့တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ကို အယ်လ်ကိုင်ဒါ စတင်မည့် နေရာအဖြစ် တွေးလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်က စတယ်ဆိုလျှင် မြန်မာက ပြင်ဆင်ချိန် ရပါသေးတယ်။


၁.၂။ အယ်လ်ကိုင်ဒါ သူလျှိုများ ဝင်ရောက်နိုင်သည့် နည်းလမ်းများ
အယ်လ်ကိုင်ဒါရဲ့ ဒေသတစ်ခုအတွင်း ဝင်ရောက်လာခဲ့ဖူးသမျှကို လေ့လာကြည့်လျှင် ပထမ plot လို့ ခေါ်တဲ့ လျှို့ဝှက်ကြံစည်မှုတွေ နှင့် တိုက်ခိုက်တာကို တွေ့ရပါမယ်။ ကားဗုံးခွဲခြင်း၊ အသေခံဗုံးခွဲခြင်း၊ ပြန်ပေးဆွဲခြင်း တွေနှင့် စပါတယ်။ နောက်မှ military ခေါ်တဲ့ စစ်အင်အားက တွဲဖက်ပါတယ်။ ပထမ အစီအစဉ်ဖြစ်တဲ့ plot မှာ အကြမ်းဖက်သမားများက ပြည်ပက ဝင်ရောက်လာပြီး ပြည်တွင်းနေများနှင့် ပူးပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနှင့် သိထားရမှာက ပြည်ပက ဝင်လာတတ်တဲ့လမ်းကြောင်းပုံစံ နှင့် ပြည်တွင်းနေတွေကို ဘယ်လို radicalize လုပ်မယ်၊ သင်တန်းပေးမယ် ဆိုတဲ့ ပုံစံတွေပါ။


အကြမ်းဖက်သမားတွေ ပြည်တွင်းကို ဝင်ရောက်ရာမှာ နည်းသုံးနည်းကတော့
- နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ပိုက်ဆံပေး လာဘ်ထိုးဝင် (သို့မဟုတ်) ခိုးဝင်
- ပြည်ပက ဗီဇာဖြင့် ဝင်လာပြီး ပြည်တွင်းနေတစ်ယောက် ၎င်း၏ နေရာတွင် ဝင်ရောက်ကာ လူချင်းလဲလိုက်ခြင်း

- ပြည်ပ NGO အဖွဲ့ဝင်များအဖြစ် ဝင်ရောက်လာခြင်း တို့ ဖြစ်ပါတယ်။
ခုအချိန်မှ ဒီဝင်ပေါက်တွေကို ပိတ်မယ်ဆိုလည်း အချိန်မမီလောက်တော့ပါဘူး။ အယ်လ်ကိုင်ဒါ ဖွဲ့စည်းမယ်လို့ ကြေငြာကတည်းက အကြမ်းဖက်သမားတွေ စိမ့်ဝင်နေပြီး ဖြစ်မှာပါ။
သူတို့တွေ ဘယ်နေရာမှာ ပုန်းအောင်းနေမလဲ။ ဗလီတွေနှင့် မူဆလင်အိမ်တွေမှာပဲ ပုန်းခိုနေမှာပါ။ တစ်ချို့ဆိုလျှင် နှစ်လတာရှည်ကတည်းက ရောက်နေတာ ဖြစ်နိုင်ပြီး တစ်ချို့သော ပါတီ၊ အဖွဲ့အစည်းများရဲ့ အကာအကွယ်ကို ရယူဖို့ အသင်းဝင်တစ်ယောက်တောင် ဖြစ်နေနိုင်ပါတယ်။


၁.၃။ အယ်လ်ကိုင်ဒါ၏ လက်ရှိစစ်အင်အား
အယ်လ်ကိုင်ဒါက အကြမ်းဖက်မှုကျူးလွန်လျှင် plot ကျူးလွန်မှာလား၊ စစ်အင်အားပြ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲမှာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အယ်လ်ကိုင်ဒါ စစ်အင်အားကို မှန်းဆနိုင်ဖို့ လိုပါတယ်။ အယ်လ်ကိုင်ဒါရဲ့ စစ်အင်အားက ၎င်းနှင့် ချိတ်ဆက်ထားတဲ့ အဖွဲ့တွေကို အားကိုးအားထားပြုနေရတာပါ။ တစ်ဖက်မှာလည်း ဘဂ္ဂဒက်ဒီရဲ့ အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့က အယ်လ်ကိုင်ဒါဆီက လူအင်အား ဖဲ့ယူနေလို့ အယ်လ်ကိုင်ဒါသည် အရင်လို အင်အားမရှိတော့ပါဘူး။

 အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါရဲ့ အင်အားဆိုတာသည်လည်း အင်ဒီးယန်း မူဂျာဟစ်ဒင် ကို အယ်လ်ကိုင်ဒါ နာမည်ပြောင်း ဖွဲ့စည်းရန်သာ ဖြစ်နိုင်ပါတယ်။ အဆိုပါ စစ်အင်အားနှင့် ဆိုလျှင်ကတော့ အင်အားကြီးမားလှတဲ့ အိန္ဒိယ စစ်တပ်၊ မြန်မာစစ်တပ်ကို မထိုးဖောက်နိုင်သေးပါဘူး။ အယ်လ်ကိုင်ဒါရဲ့ အဓိက ရည်ရွယ်ချက်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအခြေပြု လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားများနှင့် ဖောက်ခွဲရေး၊ ထိပ်ပိုင်းပုဂ္ဂိုလ်များအား လုပ်ကြံခြင်းတို့သာ ဖြစ်နိုင်ပါတယ်။


၂.၁။ အကြမ်းဖက်မှုအားပေးသူ၊ အဖွဲ့အစည်းအား ထိရောက်စွာ အရေးယူမည့် ဥပဒေ
ပြည်ထောင်စုလွှတ်တော်မှာ မဖြစ်မနေ အမြန်ပြဌာန်းရပါမယ်။ အယ်လ်ကိုင်ဒါ၏ အကြမ်းဖက်မှု ဖြစ်ပေါ်လာလျှင် ကိုယ့်တုတ်နှင့် ကိုယ့်ကို ပြန်ရိုက်တယ် ဆိုသလို ကိုယ့်နိုင်ငံသား မူဆလင်တွေကို အကြမ်းဖက်သင်တန်းပေးပြီး ဒီအကြမ်းဖက်သင်တန်းဆင်း မူဆလင်တွေက အယ်လ်ကိုင်ဒါနာမည်ခံပြီး အကြမ်းဖက်တာတွေ ဖြစ်ပါမယ်။ ဒါကို ကာကွယ်ဖို့အတွက် အကြမ်းဖက်မှုနှင့် ပတ်သက်သမျှကို အရေးယူဖို့ လိုပါတယ်။ လက်ရှိ criminal law, penal code, အထူးဥပဒေများအရ အကြမ်းဖက်မှု ဖြစ်ရပ်များကို အရေးယူရာမှာ လက်တစ်လုံးခြား ရှောင်တိမ်းနိုင်မှုတွေ ရှိနေပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဗလီများ၊ ဘာသာရေးအဖွဲ့အစည်းများ ရဲ့ အကာအကွယ်ယူ လွတ်မြောက်နေတာတွေ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည်ဟု ယူဆရသူများကို ရက်အကန့်အသတ်မရှိ ထိန်းသိမ်းထားခြင်း၊ ဗလီများကို အပြီးအပိုင် ပိတ်သိမ်းခြင်း၊ မသင်္ကာလျှင် ထိန်းသိမ်းကာလာအဖြစ် ပိတ်သိမ်းခြင်း၊ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သူများကို ကြီးလေးသော ပြစ်ဒဏ်များ စီရင်ခြင်းတို့ကို ပြဌာန်းသင့်ပါတယ်။


၂.၂။ အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများအချင်းချင်း နည်းပညာ၊ သတင်းအချက်အလက်၊ စစ်လက်နက်အင်အား ပူးပေါင်းဖလှယ်ခြင်း
အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများ ဆိုရာဝယ် အိန္ဒိယ ပြည်နယ်အစိုးရအချို့၊ အိန္ဒိယ ဗဟိုအစိုးရ နှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အစိုးရများကို ဆိုလိုပါတယ်။ အထူးသဖြင့် အိန္ဒိယထောက်လှမ်းရေးနှင့် မြန်မာ၊ ဘင်္ဂလားထောက်လှမ်းရေးများ ပူးတွဲ အလုပ်လုပ်ကြရန် ဖြစ်ပါတယ်။

 မြန်မာအစိုးရ၊ အိန္ဒိယအစိုးရတို့သည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နယ်စပ်ရေးရာကိစ္စ မပြေလည်မှုများ ရှိသည်ဆိုလင့်ကစား အယ်လ်ကိုင်ဒါကာကွယ်ရေးကိစ္စ၌ သုံးနိုင်ငံ သဘောတူညီ အလုပ်လုပ်နိုင်သော ဘုံသဘောတူညီမှုတစ်ခုကို ညှိနှိုင်းထားရှိရပါမယ်။ အယ်လ်ကိုင်ဒါတပ်ဖွဲ့များအား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သံသယရှိသူအား နယ်စပ်ဖြတ်ကျော် ဖမ်းဆီးခြင်းတို့၌ ကြိုတင်ညှိနှိုင်း၍ သဘောတူညီချက် ယူထားကြရပါမယ်။


၂.၃။ အကြမ်းဖက်မှု အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်
ဖွဲ့စည်းရန် စောလွန်းသေးသည်၊ ၎င်းအတွက် ကုန်ကျမည့် ဘတ်ဂျက်ကို နိုင်ငံတော်မှ ချမပေးနိုင် ဆိုသည့် အကြောင်းပြချက်များ ရှိနိုင်ပါတယ်။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ law enforcement agencies များ၏ စွမ်းဆောင်ရည်အရ အယ်လ်ကိုင်ဒါ ရုတ်တရက် ဝင်ရောက်လာပါလျှင် ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် မရှိပါ။ အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ရန်၊ အယ်လ်ကိုင်ဒါ၏ ရှုပ်ထွေးပွေလီသော လျှို့ဝှင်ကြံစည်မှုများကို ဖော်ထုတ်တားဆီးကာကွယ်နိုင်ရန် အကြမ်းဖက် အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ပါတယ်။

မျိုးမင်းသန့် ဘာသာပြန်ပြီးရေးသားသည်။
From:Myo Min Thant

www.mmdailystar.com

MPT ဆင်းမ်ကတ်များ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ်ဆိုင်များကို အရေးယူမည်

မြန်မာ့ဆက်သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့်  ရောင်းချရန် ချထားပေးသော်လည်း တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင် အချို့က သတ်မှတ်ဈေးအတိုင်း မရောင်းချမှုများ ရှိသောကြောင့် အဆိုပါ အရောင်းကိုယ်စား လှယ်များကို အရေးယူရန် စီစဉ်လျက်ရှိကြောင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MPT ၁၅၀၀ ကျပ်တန် ဆင်းမ်းကတ်များကို စတင် ရောင်းချပေးလျက်ရှိရာ အချို့ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်များက တယ်လီဖုန်း ဟန်းဆက် ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေးခြင်း၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်း၊ ငွေဖြည့်ကတ် တန်ဖိုး အမြောက်အမြား ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေးခြင်းများ ရှိသောကြောင့် ယင်းသို့အရေးယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ချထားပေးကတည်းက ၁၅၀၀ နဲ့ပဲ ရောင်းချဖို့ ပြောထားပါတယ်၊ ဆိုင်တွေကို စစ်ဆေးတဲ့အဖွဲနဲ့ လိုက်စစ်သွားမှာပါ၊ စည်းကမ်း ချိုးဖောက်တဲ့ ဆိုင်တွေကို အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက စည်းကမ်း ချိုးဖောက်သည့်ဆိုင်များ တွေ့ပါက သင့်လျော်သလို အရေးယူသွားမည်ဟု ပြောဆိုသော်လည်း မည်ကဲ့သို့ အရေးယူမည်ကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

“MPT ဆင်းမ်ကတ် ချပေးတဲ့ အရေအတွက်နည်းလို့ မှောင်ခိုဈေးကွက် ဖြစ်လာတာပါ။ MPT အနေနဲ့ ဒါကို မဖြစ်ချင်ဘူးဆို ဆင်းမ်ကတ် အလုံအလောက် ချပေးဖို့ လုပ်သင့်တယ်” ဟု ရန်ကုန်မြို့လယ်ရှိ MPT ဆင်းမ်ကတ်များကို တရားဝင် ရောင်းချခွင့် ရရှိထားသော အရောင်းကိုယ်စားလှယ် ဆိုင်ခွဲတစ်ခုမှ အထွေထွေ မန်နေဂျာတစ်ဦးက ထောက်ပြ ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ရောင်းချရန် တရားဝင် လုပ်ပိုင်ခွင့် ပေးထားသော ကိုယ်စားလှယ်ဆိုင်များ စည်းကမ်းချိုးဖောက်မှသာ အရေးယူနိုင်မည် ဖြစ်ပြီး ထိုကိုယ်စားလှယ်များထံမှ တစ်ဆင့်ခံ ဝယ်ယူရောင်းချနေသော အခြားတယ်လီဖုန်း ဆင်းမ်ကတ်ဆိုင်များကိုမှု အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချသော ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ဆိုင်အချို့မှာသာ ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြပြီး ဆိုင်အများစုမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင်းမ်ကတ်များကို အမြတ်ထုတ် ရောင်းချလျက်ရှိကြောင်း ဖုန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လေးလအတွင်း ဆင်းမ်ကတ် အရေအတွက် ၅ သန်းအထိ ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

From: The Voice Weekly

www.mmdailystar.com

ဒီမိုကျောင်းသား အကောင်းစား













ဒီမိုကျောင်းသား အကောင်းစား
စာခိုးချတာ ဆရာမိသွားလည်း
တောင်တောင် အီအီတွေးနဲ့ကွယ်
ဘွဲ့ဝတ်စုံတွေ အခန့်သားနဲ့
ဆိုက်ကားနင်းပြီး ရင်းပြမယ်။

ဂျာနယ်ရောင်းကာ အိုက်တင်ထုတ်လို့
ပဲပြုပ်အော်ပြီး နွှဲပါ့မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
ရေစည်လှည်းလေးတွန်းပြမယ်။
စာကျက်ရတာ အလွန်ပျင်းသမို့
မကျက်ဘဲ တတ်အောင်သင်ကြကွယ်
ကျောင်းသားဆိုရင် လာမထိနဲ့
သမဂ္ဂဟေ့ သိသွားမယ်။
ကွန်ရက်စုံစွာ ငါတို့တိုင်းမှာ
ခေတ်သမိုင်းတွေ ပြောင်းကြတယ်
လုပ်စားရတာ လွယ်လွန်လွန်းလို့
စာကျက်ချင်ဘူး ပျင်းလှတယ်။
ပျင်းလွန်းလှတာ အရည်ထွက်သမို့
ငါးပိကောင်လေး ဖြစ်တော့မယ်
အလုပ်ခေါ်ရင် ငါ့မှာမရှိတဲ့
အရည်အချင်းတွေ စစ်တော့မယ်။
အလုပ်မရမှာ ပူပန်မတွေးနဲ့
ဆန္ဒပြစားလို့ရတယ်
နေ့တွက် ၃၀၀၀ စရိတ်ငြိမ်းတဲ့
စခန်းပွဲသိမ်း ကိုက်လှတယ်။
ပါမစ်မလို ထင်ရာစိုင်းလိုက်
သူတို့ဆွဲမှာ ကြောက်နဲ့ကွယ်
အထဲရောက်ကာ စာရင်းတိုးတော့
နိုင်ကျဉ်း/ နိုင်ကျယ်ဖြစ်သွားတယ်။
မြစ်မင်းဧရာ လက်ပံတောင်းနဲ့
ကျန်ကျောင်းအမျိုးတွေ ရှိသေးတယ်
ခွင်မတည့်မှာ စိုးရိမ်ကြောက်နဲ့
လမ်းကြောင်းအများကြီး ကျန်သေးတယ်။
ပညာတတ်ရင် လွန်ပင်ပန်းသမို့
တစ်ဝက်တစ်ပျက်ပဲ သင်ကြကွယ်
ဒိုမိုခေတ်မှာ အလွန်ခွင်တည့်သမို့
တားတား သောက်ပျင်း ပျော်ရတယ်။
သံချပ်.....
မိုးမိုး မိုးလားမောင်တို့
လေလေ လေလားမောင်တို့...............
ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ
ဘွဲ့ဝတ်စုံတွေ လမ်းပေါ်ထုတ်ကြ.......................
အကြောင်းမရှိ အကြောင်းရှာ
ကြောင်ယီးသန်းရှာ ငါတို့ကျောင်းသား.....................
ရန်ပုံငွေတွေ ပုံထားတယ်
ကြိတ်လိုက်စမ်းကွယ် မေ့သားမောင်တို့.........................
ကံမကောင်းလို့ ဝင်ရရင်
မင်းဟာချက်ခြင်း သူရဲကောင်းပဲ................
ဖွလို့ ရှုပ်လို့ ခွင်ဖန်မယ်
တက်လူငယ်ဟာ တို့ပဲ တို့ပဲ..................
ခေတ်သစ်ကျောင်းသား ဝေလေလေ
အဖေအမေ ဘာတွေလဲဟ.................
လက်ဦးဆရာ မည်ထိုက်စွာ
လုပ်စားခဲ့တာ သားတို့မိဘ.................
လူပေါ်လူဇော်လုပ်ဖို့ရာ
လမ်းမပေါ်ကို အုပ်လိုက်ထွက်စို့...................
အရှက်အကြောင်းမကြားချင်
စားဝင်အိပ်ပျော် ခွင်တွေပေါလို့................
တပည့်မြှောက်ပေးတဲ့ ဆရာတွေ
နားရွက်တွေမှာ ကာဘာတပ်ထား...........
သရဲမွေးပြီး မနိုင်ရင်
ခင်ဗျားတို့ဖင်ကို သရိုးကိုင်ထား..................
ဒီမိုခေတ်မှာ ပျော်လိုက်တာ
လုပ်စားရတာ ခွင်ပဲ ခွင်ပဲ........
(ဟေ့ကောင်...ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့၊ ကြွေးထည့်လိုက်မယ်....ဘာမှတ်လဲ။)
ဟေ့ စိန်လား၊ ဟေ့မြလား၊ ဟေ့မြလား၊ ဟေ့စိန်လား၊ စိန်လား မြလား၊ မြလား စိန်လား၊ အားလုံးအကုန်မှား.....
ကျွန်တော်တို့မှာ ဒေါ်လာစား
ဒီမိုခေတ်ကျောင်းသား.......
မိုးမိုး မိုးလားမောင်တို့....
လေလေ လေလား မောင်တို့......
ဟေးလာ မောင်ရို့....ဝါး......................


From: ရဲကျော်သူရ

www.mmdailystar.com

ဒါရိုက်တာ မိုက်တီး ဘယ်လဲ ? ဘာလဲ ?

ဒါရိုက်တာ မိုက်တီးက NLD ကို လော်ဘီလုပ်တဲ့အနေနှင့် အယ်လ်ကိုင်ဒါက မြန်မာပြည်ကို ဂျီဟာ့ဒ်လုပ်မယ့် ကိစ္စကို သူက (NLD ရဲ့ ကိုယ်စားပြုသဘောထင်ဟပ်စွာ) ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး မည်သူမည်ဝါတွေကို အယ်လ်ကိုင်ဒါက သတ်ပါလို့ recommend ပေးတယ်လို့ ကြားရပါတယ်။
ဒီစကားက မပြောသင့်တဲ့ စကားပါ။ သို့သော် သူကိုယ်တိုင်ကမှ ဒီစကားထွက်ရဲတယ်ဆိုရင်တော့လည်း မိုက်တီးရဲ့ စိတ်နေစိတ်ထားနှင့် အဆင့်အတန်းကို သိရလိုက်ရတာပေါ့။

မိုက်တီးဒီလိုပြောတာမှာ အကြောင်းရင်းခံ နှစ်ချက်ရှိတယ်လို့ ယူဆရတယ်။
ပထမတစ်ချက်က
မိုက်တီးနှင့် မူဆလင်ကုလားက ပတ်သက်ဆက်စပ်မှု ကြီးကြီးမားမား ရှိနေပုံရတယ်။ မိုက်တီးပုံစံက မူဆလင်ကုလားနှင့် ပတ်သက်လာလျှင် တော်တော်လေး ရိုသေကြောက်ရွံ့နေပုံပဲ။ မိုက်တီးရဲ့ စပွန်ဆာ၊ ဒါမှမဟုတ် မိုက်တီးကို တနည်းနည်းနှင့် ထောက်ပံ့ထားတာ ဖြစ်နိုင်တယ်။ အော်ရီဒူးကိစ္စမှာလည်း မိုက်တီးလော်ဘီလုပ်တာ အတော်နာမည်ကြီးသွားပေမယ့် အော်ရီဒူးကိုယ်တိုင်က လိုင်းမကောင်း နတ်ဈေးကြီးဆိုတော့ adverse affect အနေနှင့် မိုက်တီးလည်း သူ့စကားအတိုင်း "စွပ်ကနဲ စွပ်ကနဲ" မဟာအရှက်တော်ကွဲသွားတယ်။ ဒါကို မကျေနပ်တဲ့ အခံကလည်း ကြီးမားနေ၊ ဒီအချိန်မှာ အယ်လ်ကိုင်ဒါ ဝင်လာမယ့် အချိန်ကလည်း တိုက်ဆိုင်နေဆိုတော့ ကလေးများ ပြသနာတစ်ခုခုမှာ ကိုယ့်အဖေလာလျှင် ဝမ်းသာအားရတိုင်ပြောကြသလို အခုလည်း သူခံနေရတုန်း သူ့အဖေကုလား အယ်လ်ကိုင်ဒါလာလို့ အယ်လ်ကိုင်ဒါကို အားကိုးပုံပါပဲ။ "အဖေ အယ်လ်ကိုင်ဒါ သားကိုပြောတဲ့ မျိုးချစ်တွေကို ဆုံးမပေးပါ" ပေါ့။
နောက်တစ်ကြောင်းက
အယ်လ်ကိုင်ဒါဆိုတာ လူ့အသိုင်းအဝန်း အပြင်ဘက်က အဖွဲ့အစည်း။ ဗုဒ္ဓဘာသာဝင်တွေလို အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ အသိုင်းအဝန်းထားလို့။ မူဆလင်အချင်းချင်းတောင် လက်ခံတာ မဟုတ်ဘူး။ ဒီလိုအဖွဲ့မျိုးကို မိုက်တီး (နောက်ကွယ်က NLD ပါ) က လိုလားတယ်။ ကိုယ့်ပြည်သူကို ဒုက္ခပေးမယ့် ဘယ်သူကမှ လက်မခံတဲ့ အယ်လ်ကိုင်ဒါကို ကြိုဆိုတယ်။ ဒါဆိုလျှင် တွေးစရာ ရှိလာတယ်။ ဘာ့ကြောင့် လက်ခံသလဲ။ အဖြေက တစ်ခုတည်းပဲ ရှိပါတယ်။ တစ်မျိုးသားလုံးကို ဒုက္ခပေးမယ့်၊ မူဆလင်ချင်းတောင် လက်မခံတဲ့ အယ်လ်ကိုင်ဒါကို မိုက်တီးက ကြိုဆိုလက်ခံလော်ဘီလုပ်တာသည် မိုက်တီးကိုယ်တိုင် သို့မဟုတ် မိုက်တီးရဲ့ ဆက်စပ်အဖွဲ့အစည်း NLD သည် အယ်လ်ကိုင်ဒါ နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေလို့ပါ။

ပထမ ground နှင့် မိုက်တီးက အယ်လ်ကိုင်ဒါကို အားကိုးတယ်၊ လော်ဘီလုပ်တယ်ဆိုလျှင်တော့ အကြောင်းမဟုတ်ပါဘူး။ မိုက်တီးရဲ့ မရင့်ကျက်သေးတဲ့ စိတ်ထားနှင့် အောက်တန်းကျတဲ့ အဆင့်အတန်းကိုတောင် သိခွင့်ရပါသေးတယ်။
သို့သော် ဒုတိယ ground ကြောင့် မိုက်တီးက ဒီလိုပြောတယ်ဆိုလျှင်တော့ မိုက်တီး နှင့် NLD ကို အမျိုးသားအန္တရာယ်အဖြစ် ရှုမြင်ပြီး လိုအပ်လာလျှင် အရေးယူမှုတွေပါ ပြုလုပ်ရပါမယ်။
From:Myo Min Thant

www.mmdailystar.com

ငြိမ်းချမ်းရေးဖလားရ မြန်မာဘောလုံးအသင်း စက်တင်ဘာ ၈ ရက် နံနက်ပြန်ရောက်မည်

မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
 
ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်၌ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အောင်ပွဲရမြန်မာ့လက်ရွေးစင်အသင်းအား ကြိုဆိုမည့် အစီအစဉ်များနှင့် ပတ်သက်၍ စီစဉ်နေဆဲဖြစ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူက စက်တင်ဘာ ၇ ရက် နေ့လယ်တွင်ပြောသည်။
ပြိုင်ပွဲဝင် လေးသင်းပါဝင်ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကြိုဗိုလ်လုပွဲတွင် ပါလက်စတိုင်းအသင်းကို  (၄-၁) ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင်  အိမ်ရှင်ဖိလစ်ပိုင် အသင်းကို (၃-၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။
 
 
From:7day

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...