Tuesday, 9 September 2014

စေတီခေါင်းလောင်းတော်ဆယ်ယူမှု အစိုးရကလာရောက်စစ်ဆေးမည်ဆိုသည်မှာ မဟုတ်မှန်ဟုဆို

ဓမ္မစေတီခေါင်းလောင်းတွေ့ရှိပြီဟု ဦးစံလင်းက သတင်းထုတ်ပြန်ပြီး
နောက်ပိုင်း ယင်းခေါင်းလောင်းဟုတ်၊မဟုတ်ကို အစိုးရက လာရောက်စစ်ဆေး
တော့မည်ဆိုသည့် သတင်းထွက်ပေါ်မှုမှာ မဟုတ်မှန်ဘဲ ယခုလက်ရှိအခြေအနေ
မှာ ခေါင်းလောင်း ကုန်းပေါ်သို့ရောက်ရှိရေးအတွက် ဦးစံလင်းဦးဆောင်သော
အဖွဲ့က ကြိုးစားလုပ်ဆောင်လျက်သာရှိကြောင်း ခေါင်းလောင်းဆယ်ယူမှု သတင်း
ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းကစံတော်ချိန်သို့ စက်တင်ဘာ ၇ ရက်၌
ပြောဆိုခဲ့သည်။
'ခေါင်းလောင်းကို ဆယ်ယူဖို့အတွက် ကြိုးစားလုပ်ဆောင်နေတယ်။
ဦးစံလင်းက ပြောထားတယ်။ ဆယ်ယူပြီးရင် ရေတပ်စခန်းမှာ သုံးလလောက်ထား
မယ်။ သန့်စင်တဲ့ လုပ်ငန်းတွေ လုပ်မယ်။အခုချိန်မှာတော့ ရေထဲကနေ ကုန်းပေါ်
ကို အဆက်အသွယ် ဘာမှမလုပ်သေးဘူး'ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် ခေါင်းလောင်း ကုန်းပေါ်ရောက်ရှိသည့်အခါတွင် နိုင်ငံတော်
အစိုးရဘက်က လာရောက်စစ်ဆေးမှုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း၊ ဦးစံလင်းကလည်း ခေါင်းလောင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေး
နိုင်ရန် အစိုးရကို ဖိတ်ကြားသည့် သတင်းထုတ်ပြန်ရန် ညွှန်ကြားထားခြင်းမရှိ
ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
'အစိုးရက လာစစ်ဆေးမယ်ဆိုရင်တော့ ပြည်သူတွေ စိတ်ထဲမှာ ဖြစ်
နေတ့ဲသသံ ယတွေ လျောန့ ည်းသွားတာပေါ့။ အခုဟာက တွေ့တယ်၊ ကုန်းပေါ်
ရောက်ဖို့ လုပ်နေတယ်ဆိုတာလောက်ပဲသိရပြီး လာကြည့်တော့လည်း ထူးခြားမှု
ဆိုတာကိုမတွေ့ရဘူး'ဟု ခေါင်းလောင်းတူးဖော်မှုလုပ်ငန်းခွင်သို့ လာရောက်
ကြည့်ရှုသူ လှိုင်သာယာမြို့နယ်မှကိုကျော်စိုးက ၎င်း၏ ထင်မြင်ချက်ကို
ပြောဆိုသည်။
အဆိုပါခေါင်းလောင်းဆယ်ယူမှုကို သြဂုတ် ၈ ရက်မှ စတင်ဆောင်ရွက်ခဲ့
ပြီး သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများက ရှာတွေ့ခဲ့ကြောင်း သြဂုတ် ၂၆ ရက်
တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ခေါင်းလောင်း ဆယ်ယူမှုအခြေ
အနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိသည့်အတွက် ပြည်သူများ၏
စိတ်ဝင်စားမှုကလည်း တစ်နေ့တခြားလျော့နည်းလာလျက်ရှိသည်။

From: စံတော်ချိန်

www.mmdailystar.com

အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့်ရှုသူဦးရေ များပြားသဖြင့် အင်တာနက်လိုင်း ပြတ်တောက်

နယူးဇီလန်နိုင်ငံအတွင်း နာမည်ကျော် အနုပညာရှင်များ၏ ဖောက်ထွင်းခိုးယူခံခဲ့ရသော ၀တ်လစ်စလစ်ပုံများကို ၀င်ရောက်ကြည့် ရှုသူဦးရေ များပြားလွန်းသောကြောင့် နိုင်ငံအတွင်း အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည်ဟု စက်တင် ဘာလ ၇ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းဝတ်စလစ်ပုံများအတွက် အင်တာနက်တွင်ဖော်ပြထားသော ၀က်ဘ်ဆိုက်လိပ်စာသည် မှန်ကန်သော လိပ်စာမဟုတ်ပဲ ကလစ်နှိပ်ကာ ၀င်ရောက်ကြည့်ရှုသူများ၏ ကွန်ပျူတာထဲသို့ ဗိုင်းရပ်စ်ထည့်သွင်းရန် လုပ်ဆောင်ထားသော လိပ်စာဖြစ်နေခြင်းကြောင့် နိုင်ငံအတွင်း အင်တာနက်စနစ်ကို ထိခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် နယူးဇီလန်နိုင်ငံ၏ အင်အားကြီးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Spark သည် စက်တင်ဘာလ ၇ ရက်အထိ အသုံးပြုသူ ခြောက်သိန်းကျော် အသုံးပြုခဲ့ခြင်းအတွက် မနိုင်မနင်းဖြစ်ခဲ့ရသည့် အင်တာနက်စနစ် ကို ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဝတ်လစ်စလစ်ပုံများ iCloud မှ ဖောက်ထွင်းခံခဲ့ရသော အနုပညာရှင်များထဲတွင် ဂျနီဖာ လောရင့်၊ ရီဟားနားနှင့် အဆိုတော အဲဗယ်လ် လာဗင်း တို့လည်း ပါဝင်ခဲ့သည်။ ယင်းပုံများ အင်တာနက်တွင် ပျံ့နှံ့ခဲ့သည့်အချိန်တွင် Spark က အသုံးပြု သူများအနေဖြင့် မှားယွင်းသော ၀က်ဘ် ဆိုက်လိပ်စာကို နှိပ်မိသောကြောင့် နိုင်ငံတကာ ၀က်ဘ်ဆိုက်များသို့ အလွန်အမင်း ၀င်ရောက်ကြည့်ရှုမှုနှုန်း မြင့်တက်စေနိုင်သည့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ချေ ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာဖြစ်သော တွစ်တာမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ကွန်ပျူတာ လုံခြုံရေး အဖွဲ့ဖြစ်သည့် Trend Micro ကလည်း အင်တာနက်ပြတ်တောက်မှု မဖြစ်ခင် အသုံးပြုသူ များကို သတိပေးခဲ့သည်။ "ဒီအချိန်မှာ naked celebrity သို့မဟုတ် အီးမေးလ်ထဲမှာ ပါဝင်တဲ့ ဖိုင်ကို နှိပ်တာ က ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး၊ မသမာသူတွေက အကြံအစည်နဲ့ လုပ်ဆောင်တာပဲ ဖြစ်လိမ့်မယ်"ဟု ၎င်းတို့က သတင်းထုတ်ပြန်ခဲ့သည်။


နာမည်ကျော် အနုပညာရှင်များ၏ ဓါက်ပုံများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်.....




Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား ( ၁ )

Hacker များကြောင့် အမေရိကန် အမျိုးသမီး အနုပညာ ကြယ်ပွင့်တို့၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြား (၂)

From: Mizzima

www.mmdailystar.com

'မိအေး အော်တာပဲလူမြင်နေတာပါ…ကဏန်းညှပ်နေတာကို လူမသိဘူး'






မနေ့ညက ကစားခဲ့တဲ့ မြန်မာ U-19 နဲ့ ထိုင်းU-19 တို့ ပွဲအပြီးမှာတော့ ကျွန်တော်တို့မြန်မာအသင်းဟာ မြှားတစ်စင်းနဲ့ ငှက်သုံးကောင် ပစ်ပြလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ အာဆီယံဒါဘီ လို့တင်စားခေါ်ကြတဲ့ မဟာပြိုင်ဘက် ထိုင်း'ကို ခြေစွမ်းအသာနဲ့နှိပ်ကွပ်ပြီး ငယ်ကြောက်စိတ်ဓတ်ပြန်သွင်းပေးလိုက်တာရယ်…ဘောလုံးကိုအဆင့်အတန်းရှိရှိကစားပြီး အာရှရဲ့ဘောလုံးဘုရင်ကြီးပြန်နိုးထလာပြီဆိုတာ ဒေသတွင်းပြိုင်ဘက်တွေသတိပြုမိသွားတဲ့အချက်နဲ့ အားကစားစိတ်ဓတ်မရှိတာ ဘယ်သူတွေလဲဆိုတာ အာရှရဲ့ ဘောလုံးအင်အားကြီးနိုင်ငံ
တွေရဲ့ ရှေ့မှောက်မှာ မှတ်ကျောက်တင်နိုင်ခဲ့လို့ပါပဲ………။

လက်လှမ်းမီသလောက်အတိတ်ကိုပြန်ကြည့်လိုက်ရင်…၉၅ ဆီးဂိမ်းစ် အကြိုဗိုလ်လုပွဲမှာ ဗီယက်နမ်ကစားသမားဟာ မြန်မာဂိုးသမား အောင်ကျော်ကျော်'ရဲ့ ဗိုက်နဲ့ဆီးစပ် ကိုကန်ခဲ့ပေမယ့်မထိတထိ တုံ့ပြန်ခဲ့တဲ့ အောင်ကျော်ကျော်'သာအနီကဒ် ထိခဲ့ပါတယ် နောက်တစ်ခါ မြန်မာကစားသမား တင်ထွေး (ထင်ပါတယ်) ထပ်ပြီးအထုတ်ခံရပြီး ၉ယောက် ၁၁ ယောက်နဲ့ မို့လို့ မြန်မာရှုံးခဲ့ရပါတယ် ဒါတောင် မိနစ် ၉၀ သရေ အချိန်ပို မိနစ်၃၀ ဆက်ကစားမှ ရှုံးခဲ့ရတာပါ။

ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း စင်ကာပူ ကိုဦးဆောင်ဂိုးသွင်းပြီး နိုင်နေပေမယ့် လူချပြီး ညစ်တာ ဟန်ဆောင်တာ ပီပြင်တဲ့အတွက် စိတ်မထိန်းနိုင်တဲ့ မြန်မာ ၂ ယောက် ဆက်တိုက်အထုတ်ခံရပြီး ရှုံးခဲ့ရပါတယ်တကယ်ဆိုမြန်မာ့မြေပေါ်မှာကန်ရမှာဖြစ်ပေမယ့် ပေါက်ကရဆင်ခြေတွေပေးပြီး ငြင်းပယ်ခဲ့လို့
မြန်မာအသင်းဟာ အဝေးကွင်းချည်းကစားခဲ့ရပါတယ်။

နောက်တစ်ကြိမ် ဆူဇူကီးဖလားမှာလည်း မြန်မာအုပ်စုကမတက်အောင် ထိုင်း အင်ဒို စင်ကာပူဗီယက်နမ် တို့ဟာ လုပ်ပွဲညှိကစားကြလို့ အာရှဘောလုံးအဖွဲ့ချုပ်ကအရေးယူခဲ့ရပါတယ်။

မြန်မာနဲ့ပွဲမှာ ၁းဝ နဲ့ပဲကန်မယ်ဆိုပြီး လုပ်ပွဲကစားခဲ့ကြတာပေါ်လို့ ဗီယက်နမ်ကစားသမားတွေ
ထောင်ကျကုန်ပါတယ်။( ဆီးဂိမ်းစ်လို့ပဲထင်ပါတယ် ခုနှစ်မမှတ်မိတော့ပါ )

ကလပ်အသင်းပြိုင်ပွဲ အာရှအဆင့် ကစားတော့လည်း မြန်မာ Custom'အသင်းဟာ တရုတ်ကလပ်အသင်းနဲ့ကစားနေစဉ် တရုတ်ကလပ်မှ ကစားသမားဟာ မြန်မာကစားသမားကို လက်သီးနဲ့
ထိုးခဲ့ပါတယ် ဘာအနီကဒ်မှမထိပါဘူး။ ဂျပန်ကလပ်နဲ့ ကန်ခါနီးမှာလည်း မြန်မာအသင်း ၂၅ ဂိုးသွင်းခံရမယ်လို့ ဂျပန်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။နှိမ်တာကိုထောက်ပြချင်တာပါ။

မြန်မာ့လက်ရွေးစင်အသင်း အဝေးမြေမှာသွားကန်ရတိုင်း ကြုံတွေ့ရတဲ့မရိုးသားမှုတွေကတော့…
လေ့ကျင့်ရေးကွင်းမကောင်းခြင်း တည်းခိုခန်းမကောင်းခြင်း ထိုနေရာနှစ်ခု အလွန်
ဝေးစွာထားခြင်း ဗိုက်ဒုက္ခရောက်စေမယ့် အစားအသောက်များကျွေးခြင်း ညဘက်အိပ်မရအောင်
လုပ်ခြင်း ဘောလုံးကွင်းထဲ ဂိုးတိုင်နောက်၌ ထမီစုတ်မြှုပ်ခြင်း အောက်လမ်းအစီအရင်များပြုလုပ်
ခြင်းတို့ ကြုံခဲ့ရပါတယ်။အထူးသဖြင့် ထိုင်း'နိုင်ငံပါ။

ထိုင်းလက်ရွေးစင်ဂိုးသမားဟာ ၉၇ ဆီးဂိမ်းစ်မှာ မြန်မာကစားသမားကို ဘောလုံးသမားဘဝ
ပျက်စီးစေလောက်တဲ့ ဖျက်ထုတ်မှုလုပ်ခဲ့ပေမယ့်ဘာအနီကဒ်မှ အပြမခံခဲ့ရပါဘူး။

ပြီးခဲ့တဲ့ ဆီးဂိမ်းစ် (မြန်မာအိမ်ရှင်) နဲ့ပွဲမှာ ချေပဂိုးသွင်းပြီးတော့ မြန်မာပရိသတ်တွေဖက်လှည့်ပြီး ရန်စခဲ့တာ ထိုင်း'ကစားသမားပါ။ ပွဲချိန်ပြီးခါနီး မြန်မာကစားသမားမျက်နှာကို အသားလွတ်ကြီး တံတောင်နဲ့တွတ်တာ ထိုင်း'ပါပဲ တကယ်ဆိုအနီကဒ်ပါ ဒါပေမယ့် အဝါပဲပြခံရပါတယ် နာကျင်အချိန်ပိုမှာ ကြောက်ဒူးတုန်ပြီး အချိန်ဆွဲခဲ့လို့ အဝါကဒ်တွေ ဆက်တိုက်အပြခံရတာလည်း ထိုင်း'အသင်းပါပဲ။

မြန်မာအမျိုးသမီးနဲ့ထိုင်းအမျိုးသမီးတို့ပွဲမှာလည်း လူချတာသူတို့ ထမ်းစင်ခေါ်တာလည်းသူတို့ ပါပဲ။

မနေ့ညက ပွဲမှာ သန်းပိုင်'ကိုဆောင့်တွန်းတယ်လဲအကျမှာ အင်္ကျီကိုဆွဲထားတယ် လဲနေတဲ့အချိန်မှာ ခေါင်းကိုခြေထောက်နဲ့ကန်တာ ထိုင်းရဲ့ကျောနံပါတ် ၃၁ ပါ။

ဒါလောက်ဆိုအားလုံးသဘောပေါက်ပါပြီ။

ထစ်ခနဲရှိ မြန်မာကစားသမားတွေ အားကစားစိတ်ဓာတ်မရှိဘူးတို့…ပြိုင်ပွဲစည်းကမ်းတွေနားမလည်ဘူးတို့…
အတွေ့အကြုံနုနယ်တယ်တို့…စိတ်မထိန်းနိုင်ဘူးတို့…အရှုံးကိုလက်မခံနိုင်ဘူးတို့…ပြောဆိုနေတာတွေဟာ ဆင်ခြင်သင့်ပါပြီ။တကယ်တော့ သူတို့ပြောတာတွေဟာ ၃၀% ပဲမှန်ပါတယ်။ကျန်တာတွေကတော့ 'မိအေး အော်တာပဲလူမြင်နေတာပါ…ဂဏန်းညှပ်နေတာကို……လူမသိကြသေးလို့'ဆိုတာ။

( ခုနှစ်သက္ကရာဇ်များ အနည်းငယ်လွဲချော်နိုင်သော်လည်း အချက်အလက်များမှန်ကန်ကြောင်းကိုတော့ သိမီသူများ သက်သေခံပါလိမ့်မည် )


From: ကိုဒေါက်ကြီး

www.mmdailystar.com

ပြည်သူ့ဆန္ဒပေါ် မူတည်၍ သမ္မတနောက်တစ်ကြိမ် ထပ်လုပ်ရန် ဆုံးဖြတ်သွားမည်ဟု ဦးသိန်းစိန်ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆွစ်ဇာလန်သမ္မတနှင့်အတူ စက်တင်ဘာ ၅ ရက်ကတွေ့ရစဉ် (PETER SCHNEIDER/ EPA)
တိုင်းပြည်အခြေအနေ နှင့် ပြည်သူလူထု၏ စိတ်ဆန္ဒရှိမှုအပေါ် မူတည်၍ သမ္မတသက်တမ်း နောက်တစ်ကြိမ်လုပ်ကိုင်ရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။
သမ္မတဦးသိန်းစိန်အနေဖြင့် ဒုတိယသက်တမ်း ဆက်လက်လုပ်ကိုင်ရန် ရှိ၊ မရှိ သမ္မတသက်တမ်း သုံးနှစ်ကျော်လာသည်အထိ တရားဝင် တိတိကျကျပြောကြားခဲ့ခြင်းမရှိခဲ့ဘဲ ယခုဥရောပခရီးစဉ်အတွင်း ဥရောပခေါင်းဆောင်များနှင့် ဥရောပသတင်းဌာနများ ၏ မေးမြန်းမှုများကို ပထမဆုံး ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
 ဂျာမနီ ဝန်ကြီးချုပ်နှင့် သမ္မတ၊ ဆွစ်ဇာလန်သမ္မတတို့နှင့် တွေ့ဆုံရာ၌ ၂၀၁၅ တွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် မည်သို့ဆက် လက်လုပ်ဆောင်မည်နည်းဆိုသည့် မေးခွန်းများကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ဂျာမနီမှာရော ဆွစ်ဇာလန်မှာပါ ခေါင်းဆောင်တွေ၊ မီဒီယာတွေက သမ္မတကြီး ၂၀၁၅ မှာ ဘာဆက်လုပ်မလဲဆိုတဲ့အချက်ကို အရမ်းသိချင်ကြတယ်။ ဒါပဲ မေးနေတယ်။ ၂၀၁၅ မှာ သမ္မတ အဖြစ် ဆက်ပြီးတာဝန်ယူဖို့ စိတ်ဆန္ဒရှိ၊ မရှိ မေးတဲ့မေးခွန်းတွေနဲ့ ကြုံတိုင်း သမ္မတကြီးက တိုင်းပြည်ရဲ့အခြေအနေနဲ့ ပြည်သူတွေ ရဲ့ ဆန္ဒပေါ်မူတည်ပြီး ဆုံးဖြတ်မယ်လို့ဖြေခဲ့တယ်’’ဟု ၎င်းက ပြောကြားသည်။
ယခင်က သမ္မတဦးသိန်းစိန်အား ၂၀၁၅ အလွန် နိုင်ငံရေး မျှော်မှန်းချက်ကို မေးမြန်းတိုင်း လက်ရှိအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကောင်းဆုံးအာရုံစိုက်ထားပြီး ၂၀၁၅ အတွက် ကြိုတင်စဉ်းစားထားခြင်းမရှိဟု မကြာခဏဖြေကြားခဲ့ သည်။
ယခု ဥရောပခရီးစဉ်တွင်မူ သမ္မတဒုတိယသက်တမ်းအတွက် တိုင်းပြည်နှင့် ပြည်သူလူထုဆန္ဒ ပေါ် မူတည်ဆုံးဖြတ်မည်ဟု ပြော ကြားလာခြင်းဖြစ်သည်။
ထို့အပြင် သမ္မတဦးသိန်းစိန်သည် ယခုဥရောပခရီးစဉ်အတွင်း ဖက်ဒရယ်ပြည်ထောင်စုစနစ် အကြောင်းကိုလည်း စိတ်ဝင်တစား လေ့လာနေပြီဖြစ်သည်။ အထူးသဖြင့် စီရင်ပိုင်ခွင့်အာဏာကို အစိုးရနှင့် ဖက်ဒရယ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဖက်ဒရယ်စနစ်အပေါ် စက်တင်ဘာ ၅ ရက် နံနက်တွင် အချိန်သီးသန့်ပေး၍ ဆွေးနွေးလေ့လာခဲ့သည်။
‘‘ဖက်ဒရယ်ကိစ္စမှာ မှတ်သားစရာကတော့ ဆွစ်ဇာလန်မှာ ၁၈၄၈ လောက်ကစပြီး အဆင့်ဆင့်ပြောင်းခဲ့ရတယ်။ နောက်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်ထောင်စုဖွဲ့စည်းပုံကို ၂၀၀၈ မှာ အကြီးဆုံး အပြောင်းအလဲလုပ်ခဲ့တယ်။ အဲဒီလိုလုပ်ဖို့အတွက် ၁၅ နှစ်လောက် ပြင်ဆင်ရတယ်။ ဒါ တောင်မှ ပြင်ပြီးသားအချက် တချို့ကို ချက်ချင်းမလုပ်နိုင်ဘူး။ ဘဏ္ဍာရေးကိစ္စတချို့ကို ဆယ်နှစ်ကျော်လောက် အချိန်ဇယားဆွဲ ပြီး လုပ်ရမယ်လို့ပြောတယ်။ သူတို့ဆိုလိုတာက ကျွန်တော်တို့ဆီမှာလည်း ရေတို ချက်ချင်းလုပ်ရမယ့်ကိစ္စ၊ ရေရှည် အဆင့်ဆင့် လုပ်ရမယ့်ကိစ္စစသဖြင့် စဉ်းစားသင့်တယ်လို့ဆိုတယ်’’ဟု ဦးရဲ ထွဋ်က ဆွစ်ဇာလန်ဖက်ဒရယ် ကောင်းမှုကို ပြောကြားသည်။
ပြီးခဲ့သည့် အာဇာနည်နေ့က အာဇာနည်ခေါင်းဆောင်များအား သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွမ်းကပ်လှူပွဲတွင် သမ္မတဦးသိန်းစိန်က အနားယူသည့်အခါ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆွမ်းကပ်ပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးအသိုင်းအဝိုင်းအား ပြောကြားခဲ့သည်။
၂၀၁၅ တွင် သမ္မတဖြစ်လိုကြောင်း ပြောကြားထားသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက သမ္မတဦးသိန်းစိန် အနေဖြင့် နောက်တစ်ကြိမ်သက်တမ်းအတွက် ဝင်ရောက်လုပ်ကိုင်မည်မဟုတ်ကြောင်း ပြောကြားစဉ်ကလည်း နောက်သက်တမ်း ဆက်လုပ်၊ မလုပ်ကို သမ္မတကိုယ်တိုင်သာ ပြည်သူသို့ အသိပေးမည်ဖြစ်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် သမ္မတဦးသိန်းစိန်က တုံ့ပြန်ခဲ့သည်။
ပြည်ပခရီးစဉ်သွားတိုင်း ဝေဖန်ခံရသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ယခုဥရောပခရီးစဉ်မတိုင်မီကတည်းက ဒုက္ခသည်နှစ်ထောင်ကျော် ပြန်လည်စိစစ်လက်ခံရန် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူလိုက်ခြင်းကလည်း ယခုဥရောပခရီးစဉ်အတွင်း ဆွေးနွေးပွဲများကို ပိုမိုချောမွေ့စေခဲ့သည်။
‘‘ဒီတစ်ခေါက်ခရီးစဉ်မှာ နှစ် နိုင်ငံလုံးမှာ မြန်မာလို့ပဲသုံးတယ်။ ရခိုင်ကိစ္စ ဆွေးနွေးတဲ့အခါမှာလည်း ရိုဟင်ဂျာစကားလုံး မသုံးဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေလို့ပဲ သုံးတာ သတိထားမိတယ်’’ဟု ဦးရဲ ထွဋ်က ဆိုသည်။
လာမည့်ရွေးကောက်ပွဲအတွင်း သမ္မတဖြစ်လိုကြောင်း ပြောကြားထားသူများမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ) ကြောင့် သမ္မတဖြစ်ခွင့် ကန့်သတ်ခံနေရသည်။
 
From:7day

www.mmdailystar.com

တပ်မတော် ထိပ်ပိုင်း ရာထူးတချို့ အပြောင်းအလဲ လုပ်

တပ်မတော်, ရာထူးအပြောင်းအလဲ, ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး, ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ, စစ်ဦးစီးအရာရှိချုပ်(ကြည်း), ဗိုလ်ချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများကို တပ်မတော် ဘောလုံးပြိုင်ပွဲ တခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – မြ၀တီ)
မြန်မာ့တပ်မတော် အတွင်း ထိပ်ပိုင်းရာထူးနေရာ အပြောင်းအလဲများ စက်တင်ဘာလ ၈ ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နှင့် ဗိုလ်ချုပ်အဆင့် တပ်မတော် အရာရှိတချို့ကို ရာထူး တာ ၀န် ပြောင်းရွှေ့မှုများ ပြုလုပ်ကြောင်း သတင်းရှိရသည်။
စစ်ဦးစီးအရာရှိချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးကို  စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာချုပ် (စရဖ) အဖြစ် ခန့် အပ် လိုက်သည့်အပြင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ (၆ ) နေပြည်တော်သို့ ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း၊ ယခင် စစ်ဘက် ဆိုင်ရာလုံခြုံရေးအရာချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို စစ်ဦးစီးအရာချုပ် (ကြည်း) တာဝန်ယူရန် ပြောင်းရွှေ့ လိုက်ပြီး စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ ၅) ကိုပါ တာဝန်ယူရမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးသည် စစ်ရေးချုပ်အဖြစ် တိုးမြှင့် ခန့်အပ် ခံရပြီး ယခင် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှာ စစ်ဆင်ရေးအထူးအဖွဲ့မှူး ကစထ(၄) သို့ ပြောင်းရွှေ့ တာဝန် ပေးခြင်း ခံခဲ့ရ ကြောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်း နောင် သည် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံရကြောင်း စစ်ဘက် ဆိုင်ရာ သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး အနာဂတ် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် အဖြစ် အလားအလာကောင်းနေသည်ဟု သတင်းထွက်ပေါ်နေသူ ဖြစ် ကြောင်း၊ စစ်ဦးစီး အရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး လက်ရှိ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှာလည်း စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ကျောင်းဆင်း ဖြစ်ကြောင်း သိရှိ ရသည်။

From:ဧရာဝတီ

www.mmdailystar.com

Sexy မော်ဒယ်လ်တွေ ပါတဲ့ Dance For Life ပါတီပွဲ ကျင်းပမယ်

Sexy, မော်ဒယ်လ်
ရန်ကုန်မှာ ကျင်းပမယ့် Dance For Life ပါတီပွဲ ကြော်ငြာ
လူမှုကွန်ရက် မီဒီယာတွေမှာ လူသိများတဲ့ Sexy Post မော်ဒယ်လ်တွေဖြစ်တဲ့ ဇွန်သဉ္ဇာ၊ ဇာဇာထက် နဲ့ ကဗျာကိုတို့ ပါဝင်တဲ့ Dance For Life ပါတီပွဲကို ရန်ကုန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီ ပါတီပွဲကိုတော့ လာမယ့် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ GTR 2 ကလပ်မှာ ပြုလုပ်မှာလို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
ဇွန်သဉ္ဇာ၊ ဇာဇာထက်နဲ့ ကဗျာကိုတို့လို Sexy lady တွေနဲ့ ဆုံတွေ့နိုင်ကြမှာ ဖြစ်ကြောင်း၊ တခြားပါတီပွဲတွေနဲ့ မတူဘဲ ထူးခြားတဲ့ အစီအစဉ်တချို့လည်း ပါဝင်မှာဖြစ်ကြောင်း ရေးထားတဲ့ ပွဲကြော်ငြာ စာစောင်ကို ပွဲစီစဉ်သူတွေနဲ့ ကူညီသူ တွေက သူတို့ရဲ့ facebook စာမျက်နှာတွေထက်မှာ တင်ထားတာ တွေ့ရပါတယ်။

“သူတို့တွေနဲ့ ကြော်ငြာဖြစ်တာကတော့ ပွဲကို လူစိတ်ဝင်စားမှု များစေချင်တာလည်း ပါတယ်၊ ပုဂ္ဂိုလ်ရေးအရလည်း ခင်နေတော့ ကူညီပေးတယ်၊ သူတို့က ပွဲရဲ့ Intro Sexy Dance တွေ ကပြမှာပါ” လို့ ပွဲစီစဉ်သူတဦး ဖြစ်တဲ့ DJ Japan က ဧရာဝတီကို ရှင်းပြပါတယ်။
Dance for life ဆိုတာတော့ အမေရိကန်နိုင်ငံ ချီကာဂိုမြို့အခြေစိုက် အကအဖွဲ့တခုရဲ့ နာမည်ကို မူပိုင်ခွင့်တင်ပြီး အသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။
“နိုင်င်ငံခြား က အဖွဲ့အစည်းတခုရဲ့နာမည်ကို Copy Right ယူပြီး လုပ်တဲ့ ပထမဆုံးပွဲလို့ ပြောလို့ရမယ်၊ နိုင်ငံခြားမှာက ခေတ်စားနေတာကြာပြီ၊ ဒီမှာကတော့ အခုမှ စမှာ” လို့ DJ Japan က ပြောပါတယ်။

Dance for life ဆိုတာကတော့ ချီကာဂို မြို့မှာရှိတဲ့ အကပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး အဲဒီ အဖွဲ့က
သူတို့ရဲ့ အကဖျော်ဖြေမှုတွေကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို HIV၊ AIDS ဝေဒနာရှင်တွေအတွက် ကူညီထောက်ပံ့ ပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။
“ကျနော်တို့တတွေလည်း နောက်ပိုင်းမှာ ဖျော်ဖြေပွဲတွေလုပ်ပြီး ရလာတဲ့ ငွေတွေနဲ့ မြန်မာနိုင်ငံက HIV/ AIDS
ဝေဒနာရှင်တွေကို ထောက်ပံ့မှုတွေ လုပ်ပေးဖို့ အစီအစဉ်တွေ ရှိတယ်” လို့ DJ Japan က ရှင်းပြပါတယ်။
Dance for life ပါတီပွဲပြုလုပ်မယ့် အကြောင်း ကြော်ငြာခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လက်မှတ်ဝယ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေ အများအပြား ရှိနေပြီလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ ၆၀၀၀၀ ကျပ်တန် VIP ဝိုင်း ၅ ဝိုင်းစာ အကြိုစာရင်း ရထားပြီး ပွဲလက်မှတ် ၃၀၀ ခန့်သာ ရောင်းချပေးမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။
ပါတီပွဲအတွက် သာမန်လက်မှတ်တစောင်ကိုတော့ ၁၀၀၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပြီး VIP လက်မှတ် တစောင် ၆၀၀၀၀ ကျပ်၊ VVIP လက်မှတ် ၇၀၀၀၀ ကျပ်နဲ့ VVVIP လက်မှတ်အတွက် ၉၀၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။

အောက်တိုဘာ ၃ ရက်မှာ ပြုလုပ်မယ့် Dance for life ပါတီပွဲ ကျင်းပပြီးရင်တော့ ပြည်မြို့မှာလည်း DJ Concert တခု ကျင်းပဖို့ စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။
“Sexy lady တွေ ဆုံတဲ့ညလို့ ပြောလို့ရမလား၊ မြင်မကောင်းအောင် ပွဲက လှတော့မှာ” ဆိုပြီး ပါတီပွဲမှာ Intro Sexy Dance ကပြမယ့် မော်ဒယ်လ် ကဗျာကိုက သူ့ရဲ့ facebook စာမျက်နှာမှာ ပါတီပွဲနဲ့ ပတ်သက်ပြီး ကြေညာထားပါတယ်။

လူမှုမီဒီယာတွေထက်မှာတော့ ဒီပွဲပြုလုပ်မယ့် ကြော်ငြာပုံစံတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး၊ ရပ်ကွက်တွင်း တရားပွဲတွေ အတွက် ခွင့်ပြုချက်ယူရခက်ပေမယ့် ဒီလို ပါတီပွဲတွေပြုလုပ်တာကို သက်ဆိုင်ရာက ခွင့်ပြုတယ် ဆိုတဲ့ ဝေဖန်သံတွေ ရှိနေပါတယ်။
“ကျနော်တို့လုပ်တာ ညဘက်ပါတီဖြစ်တယ်၊ ဒါကြောင့် ခွင့်ပြုချက် ယူစရာမလိုဘူး၊ အရင်ကလည်း ဒီလိုမျိုးတွေ လုပ်နေကြပဲ၊ အခုမှ မဇွန်သဉ္ဇာတို့ပုံတွေနဲ့ ကြော်ငြာလိုက်တော့ လူတွေသိသွားတာ၊ အဓိက ကတော့ လူငယ်ထု အတွက်လေ” လို့ ပွဲစီစဉ်သူ DJ Japan က ပြောပါတယ်။
From:ဧရာဝတီ

www.mmdailystar.com

ဥရောပရောက် သမ္မတကြီးယူဆောင်ပေးသည့် အိမ်ပြန်လက်ဆောင်

( ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်
၂၀၁၃-၂၀၁၇ ခုနှစ်အထိငါးနှစ်စီမံကိန်းအဖြစ်
အမေရိကန် ဒေါ်လာ ၁၆၄ သန်း အကူအညီပေးရေး သဘောတူညီခဲ့ )
ပြောပါတယ်..... ချစ်ဖေကြီးခရီးထွက်ရင် နိုင်ငံအတွက်
တခုခုပါလာမှာပါလို့ အားကိုးပါတယ်လို့....

သမ္မတကြီးနိုင်ငံတကာကို ခရီးထွက်တယ် ချစ်ကြည်ရေးသွားတယ်
အလုပ်ကိစ္စအတွက်သွားတယ် ဘယ်နိုင်ငံပဲဖြစ်စေ
ဘယ်တိုင်းပြည်ပဲ ဖြစ်စေ နိုင်ငံအတွက် စီးပွားရေး လူမှုရေး
အရင်းအနှီး နည်းပညာ တခုခု တော့ ပါလာတတ်တယ်....
ပြည်တွင်း စစ်အနေနဲ့ပြောမယ်ဆိုလည်း အဖွဲ့ပေါင်းများစွာနဲ့
ငြိမ်းချမ်းရေး စာချုပ် ချုပ်နိုင်ခဲ့တယ် အလင်းထဲကို ဆွဲခေါ်နိုင်ခဲ့တယ်
ငြိမ်းချမ်းရေး နိုဗယ်ဆု လျာထား စာရင်းတွေမှာ ၂ ကြိမ်ပါခဲ့တယ်....
ဒါတွေက ဟန်ပြ လုပ်ခဲ့လို့ ချီးမြင့်ခံခဲ့၇တာ မဟုတ်ပဲ
နိုင်ငံတကာမှာ စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ပြီး နိုင်ငံအတွက်
အသီးအပွင့်တွေဖြစ်လာစေခဲ့တာပါ.....
သမ္မတဦးသိန်းစိန် လက်ထက် တာဝန်ထမ်းဆောင်ချိန်ကတည်းက
နိုင်ငံအတွက် မြောက်များစွာ လုပ်ပေးနိုင်ခဲ့တယ်....
ကားတွေ ဖုန်းတွေ အိမ်ယာတွေ နည်းပညာ အရင်းအနှီးတွေ
နိုင်ငံတကာမှာ မြန်မာဆိုတာသိအောင် လုပ်နိုင်ခဲ့တာတွေ
ဟိုး.... အရင်စစ်အစိုးရလက်ထက် တင်ရှိနေခဲ့တဲ့ အကြွေးတွေ
ဒေါ်လာ သန်းပေါင်းများစွာ လျော် နိုင်ခဲ့တာတွေအစရှိသဖြင့်ပေါ့....
အားကိုးပါတယ် ချစ်ဖေ လေးစားပါတယ် ဘပြောင်
နှလုံးခုန်စက်လေး အမြဲတမ်း ထာဝရ ရှင်သန်နေပါစေ....
ဘပြောင်ကို လေးစားသောအားဖြင့်.....
ဆွတ်ဇာလန်နိုင်ငံမှာ အကူအညီကို ပြည်သူများသိစေလိုရန်လည်းကောင်း....
Like ပေးကြပြီး... Share လုပ်နိုင်ကြပါစေကုန်.......
From: Nay Min

www.mmdailystar.com

ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၃-၂၀၁၇ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် အမေရိကန် ဒေါ်လာ ၁၆၄ သန်း အကူအညီပေးရေး သဘော တူညီခဲ့

    နို င်ငံတော်သမ္မတကြီးနှင့် ဆွစ်ဇာလန်သမ္မတတို့ တွေ့ဆုံရာတွင် -
ဆွေးနွေးခဲ့သည့်အကြောင်းအရာများ
------------------------------------------------
(၁) သက်မွေးပညာသင်ကျောင်းများ ဖွံ့ဖြိုး တိုးတက်ရေး၊
(၂) စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊
(၃) နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊
(၄) ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊
(၅) ငြိမ်းချမ်းရေး တည်ဆောက်မှု၊
(၆) လူ့အခွင့်အရေး မြှင့်တင်ရေး၊
(၇) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ကိစ္စရပ်များနှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုင်ရာများ၊
(၈) ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊
(၉) လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ ပဋိပက္ခများ ကာကွယ်တားဆီးရေး၊
(၁၀) အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ ဆက်ဆံရေး၊
(၁၁) ဆွစ်ဇာလန်နိုင်ငံတွင် ပုဂံနှင့် ပျူခေတ် ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ပြပွဲ ကျင်းပနိုင်ရေး၊
(၁၂) ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အဦများကို ထိန်းသိမ်းစောင့် ရှောက်ရေး။
ရရှိခဲ့သည့် သဘောတူညီချက်များ
-----------------------------------------------------
(၁) နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနများအကြား ဒုတိယ၀န်ကြီးအဆင့် ညှိနှိုင်းဆွေးနွေးမှု
(Foreign Office Consultations (FOC) ယန္တရား ထူထောင်ရေး၊
(၂) ဆွစ်ဇာလန်နိုင်ငံမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၃-၂၀၁၇ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် အမေရိကန် ဒေါ်လာ ၁၆၄ သန်း
အကူအညီပေးရေး ကိစ္စများ။
From: Hmuu Zaw

www.mmdailystar.com

မော်ဒယ်လ် အေးချမ်းမြတ်မိုး သေဆုံးမှု နောက်ကွယ်


ဈေးရောင်း ဈေးဝယ်များ၏ အသံများ၊ သီချင်းသံ၊ ကားဟွန်းသံများ၊ သွားလာလှုပ်ရှားသူများနှင့် ဦးဝိစာရ အိမ်ရာဝင်း၏ ညနေခင်းက ပုံမှန်အတိုင်း သက်ဝင် လှုပ်ရှားနေသည်။
ရုံးမှ ပြန်လာသည့် အေးချမ်းမြတ်ဖြိုးက လွယ်အိတ်ကို ချအပြီးတွင် ညစာအတွက် ခေါက်ဆွဲခြောက်ထုပ် ဝယ်ခဲ့ဖို့ ညီမဖြစ်သူ မော်ဒယ်လ် အေးချမ်းမြတ်မိုးကို ဖုန်းဆက်မှာလိုက်သည်။ အေးချမ်းမြတ်မိုးက သူရိုက်ကူးခဲ့သည့် Sunsilk ခေါင်းလျှော်ရည် ကြော်ငြာ အခွေကို သူငယ်ချင်းများထံ သွားကြည့်နေခြင်း ဖြစ်သည်။
နာရီကို သူ ကြည့်မိလိုက်တော့ ည ၇ နာရီခန့်ရှိပြီဖြစ်သည်။ အေးချမ်းမြတ်မိုးကို ဖုန်းဆက်ပြီး အချိန် ၁၅ မိနစ်ခန့် အကြာတွင် အေးချမ်းမြတ်ဖြိုး လုံးဝ ထင်မှတ်မထားသော ထိတ်လန့်တကြား အသံများကို ကြားလိုက်ရ၏။
“အမေရေ ကယ်ပါဦး၊ သမီးကို ဓားနဲ့ထိုးသွားပြီ” ဆိုသည့် ညီမဖြစ်သူ၏ အော်သံကို ကြားလိုက်ရပြီး အိမ်ရှေ့ သံပန်းတံခါး ရှေ့ရောက်လာသော သွေးများစိုရွှဲနေသည့် ညီမဖြစ်သူကိုပါ တွေ့လိုက်ရသည်။
အမေနှင့် အတူ အိမ်ရှေ့သံပန်းတံခါးကို ဖွင့်ဖို့ကြိုးစားသော်လည်း ညီမဖြစ်သူ၏ ဖြစ်အင်ကို ကြည့်ပြီး ဇောကပ် နေသောကြောင့် သံပန်းတံခါးက ချက်ခြင်းဖွင့်၍မရ၊ မောင်ဖြစ်သူ ဝဏ္ဏ ကတော့ တံခါးပွင့်လာသည်ကို စောင့်မနေတော့ဘဲ အိမ်ရှေ့ ဝရန်တာကို ခုန်ကျော်၍ ပြတင်းပေါက်မှ ပြန်ခုန်ဆင်းကာ ညီမဖြစ်သူ အေးချမ်းမြတ်မိုးကို ပွေ့လိုက်သည်။
အထက်ပါ အခြေအနေများက သြဂုတ် ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော အသက် ၂၀ အရွယ်ရှိ တက်သစ်စ မော်ဒယ်လ် အေးချမ်းမြတ်မိုး၏ အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုးက ဧရာဝတီသို့ ပြန်လည် ပြောပြချက်များ ဖြစ်သည်။
“ဝုန်းကနဲ အသံတချက် ကြားလိုက်တယ်၊ ညီမလေးရဲ့ အမေရေ ကယ်ပါဦးဆိုတဲ့ အသံ ထပ်ထွက်လာတယ်။ ကျမနဲ့ မောင်လေးလည်း ကြားကြားချင်း အိမ်တံခါးကို ဖွင့်ဖို့ ကြိုးစားပြီး ညီမလေးကို ကယ်တယ်။ ညီမလေးမှာ သွေးတွေရွှဲနေပြီ၊ ဆေးရုံကို အမြန်ပို့ပေမယ့်လည်း သွေးလွန်ပြီး ဆုံးသွားတယ်” ဟု ညီမဖြစ်သူ အသက်ရှင်ခဲ့စဉ် နောက်ဆုံးမြင်ကွင်းကို မျက်မြင် တွေ့ကြုံလိုက်ရသည့် အေးချမ်းမြတ်ဖြိုးက ပြောပြသည်။
သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်တွင် အေးချမ်းမြတ်မိုးကို တဖက်သတ် ချစ်ကြိုက်နေသူ ကိုအံ့ဖြိုးပိုင်က မိန်းကလေး၏ ဝဲဘက်လည်ပင်းကို ဓားဖြင့် တချက်ထိုးကာ သတ်လိုက်ခြင်း ဖြစ်သည်ဟု မိသားစုဝင်များ၏ အဆိုအရ သိရသည်။
မည်သည့် အကြောင်းပြချက်များကြောင့် ယခုကဲ့သို့ ဓားဖြင့် ထိုးခဲ့သည်အထိ ဖြစ်ပွားခဲ့ရသည် ကိုတော့ ကာယကံရှင် ၂ ဦးသာ သိနိုင်မည့် ကိစ္စဖြစ်သည်။
“အဖြစ်အပျက်တွေကို ဘယ်လိုမေ့ရမလဲ၊ ဒါတွေ အိပ်မက်ဖြစ်ရင် ကောင်းမယ်၊ ညီမလေးက အိမ်ကနေ ဘယ်ကို ထွက်ထွက် ကျမနဲ့ အတူတူသွားနေကြ။ မဟုတ်လည်း အဖော်ပါတယ်။ အဲဒီနေ့ ကမှ သူတယောက်တည်း ဖြစ်သွားရှာတာ” ဟု အေးချမ်းမြတ်ဖြိုးက ဆိုသည်။
အနုပညာလောကမှ မော်ဒယ်လ် တချို့၊ မီဒီယာတချို့နှင့် လူမှုကွန်ရက် facebook စာမျက်နှာများ ထက်တွင်တော့ ကွယ်လွန်သူ အေးချမ်းမြတ်မိုးနှင့် ကိုအံ့ဖြိုးပိုင်တို့မှာ ချစ်သူရည်းစားများ ဖြစ်သည်ဟု ပြောဆို ရေးသားထားကြသည်။
စကားများရန်ဖြစ်ရာမှ လက်လွန်သွားခြင်း ဖြစ်သည်ဟုလည်း တချို့ကလည်းပြောကြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှုခင်းဌာနက စစ်ချက်တွင်လည်း သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် သူ့ကို သတ်လိုက်သည့် ကိုအံ့ဖြိုးပိုင် တို့မှာ သမီးရည်းစားများ ဖြစ်ကြသည်ဟု ဖော်ပြပါရှိနေသည်။
“ဒီကောင်လေးရဲ့ စာရိတ္တကို မကြိုက်လို့ အိမ်ကို အလာမခံတော့တာ ကြာပြီ။ ညီမလေးနဲ့ အရင်တုန်းက ပတ်သက်မှု ရှိရင်ရှိခဲ့နိုင်တယ်၊ ဒါပေမယ့် အခုအချိန်မှာ ဘာပတ်သက်မှုမှ မရှိဘူး၊ သူက တဖက်သတ်ဖြစ်နေတာ” ဟု သေဆုံးသူ၏ အစ်မ ဖြစ်သူ အေးချမ်းမြတ်ဖြိုးက ရှင်းပြသည်။
အေးချမ်းမြတ်မိုးသည် ဒဂုံအဝေးသင် တက္ကသိုလ်တွင် ဒုတိယနှစ် အင်္ဂလိပ်စာ ဘာသာရပ် တက်ရောက် သင်ယူနေသူ ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လက Parkson ကုန်တိုက်မှ ပြုလုပ်သည့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း
အနုပညာ လောကထဲသို့ ရောက်လာသူဖြစ်သည်။ Laurel Art Academy အနုပညာ သင်တန်းကျောင်းတွင် ပညာဒါန သင်တန်း တက်ရောက်နေသည်မှာ ၅ လခန့် ရှိပြီဟု သိရသည်။
သူ၏ အနုပညာသက်တမ်း မကြာမြင့်သေးသော်လည်း “သစ္စာ မယွင်း ချစ်ခြင်းမေတ္တာ” အမည်ရ ရုပ်ရှင် ဇာတ်လမ်းတိုတွင် ခေါင်းဆောင်မင်းသမီး အဖြစ်လည်းကောင်း၊ နာမည်ရ မဂ္ဂဇင်းတချို့တွင် မျက်နှာဖုံးရှင် အဖြစ်လည်းကောင်း၊ ကြော်ငြာနှင့်
အလှဓာတ်ပုံများကို လည်းကောင်း ရိုက်ကူးခဲ့ရသူ ဖြစ်သည်။
“ရုပ်ရည်လည်း Perfect ဖြစ်တယ်၊ စိတ်ထားလည်း ဖြုစင်တယ်၊ အလားအလာရှိတဲ့ ကျောင်းသူ တယောက်ပါ။ ပညာဒါန သင်တန်းကို အမှတ်စဉ်နံပတ် ၁ အနေနဲ့ ဝင်ခဲ့တဲ့သူပါ။ ကိုယ်ပိုင် Talent လည်း ရှိတဲ့အတွက် ရုပ်ရှင်၊ ဇာတ်လမ်း လေးတွေ ရိုက်ရင် သူ့ကို ထည့်ရိုက်ဖြစ်ခဲ့တယ်” ဟု အေးချမ်းမြတ်မိုး တက်ရောက်ခဲ့သည့် Laurel Art Academy အနုပညာ သင်တန်းကျောင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
“စိတ်ထားဖြူစင်တဲ့ သူငယ်ချင်းကို ရက်ရက်စက်စက် လုပ်ရက်လိုက်တာ”
“လူမရှိတော့ပေမယ့် နာမည်က ရှင်သန်နေမှာပါ”
“ကိုယ်ချင်းစာတရား မရှိလိုက်တာနော်” စသည့် ဆုတောင်းစကား၊ ဝမ်းနည်းစကားများနှင့် နှုတ်ဆက် စကားပေါင်း များစွာကလည်း မော်ဒယ်လ် အေးချမ်းမြတ်မိုး၏ ကိုယ်ပိုင် facebook စာမျက်နှာ ထက်တွင် အများအပြား တွေ့ရသည်။
“စိတ်သဘောထား ဖြူစင်ပြီး အနုပညာလောကမှာ နေရာတခု ရအောင် ကြိုးစားနေတဲ့ ကျမ သူငယ်ချင်းလေး ကောင်းရာမွန်ရာ ရောက်ပါစေ” ဟု သူ၏ သူငယ်ချင်းတဦးဖြစ်သူ ရွှေဝန်းရံက သေဆုံးသွားသူ အေးချမ်းမြတ်မိုး၏ facebook စာမျက်နှာထက်တွင် ဆုတောင်းစကား ဆိုထားသည်။
သူ၏ သူငယ်ချင်းကို သတ်သွားသူ ကိုအံ့ဖြိုးပိုင်၏ ပုံကို လူအများအပြားအား သိစေချင်သည့်အတွက် ကွယ်လွန်သူ အေးချမ်းမြတ်မိုး၏ ဖုန်းထဲမှ ဓာတ်ပုံကို facebook စာမျက်နှာမှ တဆင့် တင်ပေးလိုက်သည်ဟု ရွှေဝန်းရံက သူ၏
facebook တွင် ရေးသားထားသည်။
မော်ဒယ်လ် အေးချမ်းမြတ်မိုးကို ဓားဖြင့်ထိုး၍ သတ်ခဲ့သူဟု ဆိုကြသည့် ကိုအံ့ဖြိုးပိုင်မှာ အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး ဦးဝိစာရ အိမ်ရာ တိုက်အမှတ် ၂ တွင် နေထိုင်သူဖြစ်သည်။ သူသည် ဆေးတက္ကသိုလ် ပထမနှစ်မှ နားထားသူ ဖြစ်ကြောင်း၊ လက်ရှိတွင် သိပံ္ပဘွဲ့ ဂုဏ်ထူးတန်း တက်ရောက်နေသူ ဖြစ်ကြောင်း သိရသည်။
“ကောင်လေးက အေးအေးဆေးဆေး နေတတ်တဲ့ စရိုက်ပါ၊ စာလည်း တော်တယ်။ သူ့မှာ အရမ်းကို မခံမရပ်နိုင်တဲ့ သဘောရှိလို့ အခုလို လုပ်လိုက်တယ်ထင်တယ်။ တကယ်တော့ သူလည်း သနားဖို့ကောင်းတယ်” ဟု ဦးဝိစာရ
အိမ်ရာဝင်းအတွင်း နေထိုင်သူ အမျိုးသမီးတဦးက ပြောပြသည်။
လက်ရှိတွင် ကိုအံ့ဖြိုးပိုင်ကို ဒဂုံမြို့မ ရဲစခန်းက ပ/၁၈၄/၁၄/ (ပြစ်မှုပုဒ်မ ၃၀၂) ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ရဲအုပ်ဇာနည်ထွဋ် က အမှုအသွားအလာများ စစ်ဆေးလျှက် ရှိကြောင်း သိရသည်။
“တရားခံ ကတော့ ဒေါသထွက်လာတဲ့ အလျောက် ဓားနဲ့ထိုး လိုက်တယ်လို့ ပြောတယ်။ အဲဒီအချိန်က သူ့မှာ မူးယစ်ဆေးဝါး သုံးစွဲထားတာ မရှိဘူး” ဟု ရဲအုပ်ဇာနည်ထွဋ်က ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားခဲ့ရာ အိမ်ရာအနီးအဝိုက်တွင် နေထိုင်သူ တချို့ကမူ ကိုအံ့ဖြိုးပိုင်သည် အေးချမ်းမြတ်မိုး နေထိုင်ရာ တိုက်အောက်တွင် အချိန်ကြာမြင့်စွာ စောင့်နေခဲ့ကြောင်း၊ နောက်ပိုင်း ဆူညံသည့် အသံများကြားရပြီး ဓားကိုင်လျှက် ပြေးထွက်လာသည့် ကိုအံ့ဖြိုးပိုင်ကို တွေ့ကြရာ ရပ်ကွက်မှ လူတချို့က ကိုအံ့ဖြိုးပိုင် ကိုဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံလိုက်ခြင်း ဖြစ်ကြောင်း အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက ပြောပြသည်။
“ဘယ်သူ့ကို မဆို ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့သူကို ဘာလို့ အငြိုးတကြီး လုပ်လဲမသိဘူး။ ညီမလေး ဖုန်းထဲက မက်ဆေ့ခ်ျ အသွားအလာတွေ အရဆိုရင် အံ့ဖြိုးပိုင်က တဖက်သတ်ကြီး ဖြစ်နေတယ်။ ညီမလေးက မကောင်းတတ်လို့
စကားတချို့ ပြန်ပြောတာပဲရှိတယ်” ဟု ကွယ်လွန်သူ၏ အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုးက ဆိုသည်။


From: 7day

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...