Thursday, 11 September 2014

ခေါင်းတလားထဲက ထိုင်း-ဆရာတော်သတင်း နောက်ဆက်တွဲ

ထိုင်းနိုင်ငံ ဘန်ကောက်အနီး Khon Sarn ခရိုင် Thung Phra အရပ်က ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော် Luang Pu Pim နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းကို ဘန်ကောက် ပို့စ် က စက်တင်ဘာ ၁ဝ ရက်နေ့ ညပိုင်း ထပ်ရေးလာပါတယ်။ 


 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဆရာတော် Luang Pu Pim ကို ထိုင်း သံဃနာယက မထေရ်ကြီးတွေနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆရာတော်ရဲ့အစီ အစဉ် ကို ရပ်ဆိုင်း ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ လျှောက်ထား ဖြောင်းဖျ ပြောဆိုဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ရဲအရာရှိကြီး Pinit Maneerat အပါအဝင် ဒေသဆိုင်ရာ သံဃာ့ အဖွဲ့အစည်းခေါင်းဆောင် ဆရာတော် Phra Ratpawana Warajarn၊ အစိုးရအရာရှိတွေ၊ ကျန်းမာရေးအရာရှိတွေက ဆရာတော် Luang Pu Pim နဲ့ ဆွေးနွေး ညှိနှိုင်းဖို့ မနေ့ညနေ ၃ နာရီက သွားတွေ့ခဲ့ကြပါတယ်တဲ့။ 

သူတို့အဖွဲ့တွေက ဆရာတော်ကို ခေါင်းတလားထဲ တရားမှတ်ရင်း ဘဝနတ်ထံ ပျံလွန်တော်မူမယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းနားချခဲ့ကြတာပါ။ 

ဆရာတော်ကို ကြည်ညိုကြပြီး ကျောင်းဝင်းထဲ ထောင်နဲ့ချီ စုဝေး ရှိနေကြတဲ့ တပည့်သာဝကတွေနဲ့ အဲဒီ သွားရောက် နားချတဲ့အဖွဲ့တွေကြား တင်းမာမှုတွေလည်းဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။ 

ဆရာတော်ရဲ့ တပည့်သာဝကတွေက အာဏာပိုင်တွေ၊ ရဲနဲ့ ကျန်းမာရေးအရာရှိတွေကို ပထမမှာ ဝင်ခွင့် မပေးခဲ့ဘူးတဲ့။ 

အစောကတည်းက ဆရာတော် Luang Pu Pim က သူ အနေနဲ့ ခေါင်းထဲ ၀င်ပြီး တရားရှုမှတ်နေစဉ်မှာ ဘယ်သူ တဦး တယောက်ကိုမှ ဝင်ခွင့်မပြုရဘူးလို့ မိန့်မှာထားလို့ ဆရာတော်ရဲ့တပည့်သာဝကတွေက သူတို့ကို ခွင့်မပြုပေးခဲ့တာပါ။ 

အာဏာပိုင်တွေကလည်း ဆရာတော်ရဲ့ တပည့်သာဝကတွေကို နားချတာက ဒီလို ရဟန်းကောင်းတပါးကို အသက်မဆုံး ရှုံးစေချင်တဲ့အကြောင်း ပြောတော့ တပည့်သာဝကတွေလည်း ဆရာတော်ကို မသေချင်ဘူး ဆိုတဲ့ ဆန္ဒတူညီမှု ရခဲ့တယ်တဲ့။ 

အဲဒီမှာပဲ ဆရာတော်ကို နားချဖို့ သွားတဲ့အဖွဲ့က ဆရာတော် လဲလျောင်း တရားရှုမှတ်ပွားများရာ ခေါင်း တလားဆီကို သွား ခွင့် ရပါတယ်။ 

ဒီအချိန်မှာတော့ နားချဖို့ သွားတဲ့ အဖွဲ့ဟာ ဆရာတော်ကို ခေါင်းတလားထဲမှာ အသက်ရှင်လျှက်တွေ့ရပါ တယ်တဲ့။ ဒါပေမယ့် ဆရာတော်က အတော်ပဲ ပင်ပန်းနွမ်းနယ်နေပုံရတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါ တယ်။ 

ရဲအရာရှိ က ပြန်ပြောပြတာက ဆရာတော် Luang Pu Pim ဟာ သံဃ နာယက ဆရာတော် Phra Ratpawana Warajarn နဲ့ သူတို့ ၂ ဦးကို ပိတ်ထားတဲ့ ခေါင်းတလားကို ဖွင့်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ 

သံဃနာယက ဆရာတော်နဲ့ ရဲအရာရှိကြီးကလည်း ဆရာတော်ကို သက်တော်လည်း အရမ်းမကြီးသေး တာကြောင့် မြတ်စွာ ဘုရားရဲ့ သာသနာ့တာဝန်ကို ဆက်လက်ထမ်းပိုးပြီး သာသနာဆက်ပြုတာဟာ ပိုကောင်းမွန်တယ်လို့ ပြောဆိုနားချခဲ့ကြတယ်လို့ဆိုပါတယ်။ 

၁ နာရီလောက် ကြာအောင် အပြန်အလှန် ပြောဆိုဆွေးနွေးကြပြီးတော့ ဆရာတော် Luang Pu Pim က သူ့ကို Khon Sarn ခရိုင် ဆေးရုံကြီးကို ပင့်ဆောင်ခွင့်ပြုတယ်ဆိုတဲ့ သဘောတူညီမှု ရခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

ဒီအကြောင်း မနေ့ကသတင်းအပြည့်အစုံကိုလည်း ဤနေရာမှ တဆင့် သွား၍ ဖတ်နိုင်ပါတယ်။ 


From:ဧရာဝတီ

www.mmdailystar.com

တောင်အာရှမှာ စားကျက်ရှာလာတဲ့ အယ်လ်ခိုင်ဒါနှင့် မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အန္တရာယ်

ကမ္ဘာကြီးကို အကြမ်းဖက်တိုက်ခိုက်မှု နဲ့ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အယ်လ် ခိုင်ဒါအဖွဲ့အစည်း အရှိန်လျော့စ ပြုလာချိန်မှာ အစ္စလာမ္မစ်နိုင်ငံတော် IS အကြမ်းဖက်လက်နက်ကိုင်တွေ က တစ်စခန်း ထလာပြန်ပါတယ်။IS ဆိုတာ တကယ် တော့ ၂ဝဝ၃ ခုနှစ်ကမှအယ်လ်ခိုင်ဒါက ဆီးရီးယား ကို ခွဲထွက်ခဲ့တဲ့ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ငယ် လေးတစ်ခုသာ ဖြစ်ခဲ့တာပါ။

အခုအချိန်မှာတော့ ဆီးရီးယားနဲ့ အီရတ် နယ်မြေ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ အင်အားကြီးမားလို့ လာခဲ့ခြင်းဖြစ်ပါတယ်။

ရက်စက်ကြမ်း ကြုတ်မှုနဲ့ လူအင်အားစုစည်းမှု အားကောင်းလာတဲ့ IS အဖွဲ့အစည်းဟာ အခုဆို နိုင်ငံတကာကိုပါ ခြိမ်းခြောက် လာနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပြီဆိုတာ အမေ ရိကန်ဂျာနယ်လစ် ခေါင်းနှစ်လုံးကို သာဓကကြည့်ရင် လုံလောက်မယ် ထင်ပါတယ်။

IS အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ခေါင်း ဆောင် အဘူအဘူဘာကာအယ်ဘဂ္ဂဒါဒီ က IS အဖွဲ့ ကို အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ခြင်းရဲ့ ဥသျှောင် အဖြစ် အမည်ခံ လာတဲ့အထိ ကြွေးကြော်အား ကောင်း လာချိန်မှာတော့ အယ်လ်ခိုင်ဒါရင်းမြစ် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ကလည်း ပြန်လည် ထကြွလှုပ်ရှား လာတာကို တွေ့ရပါတယ်။

 ကမ္ဘာအနှံ့ကို အင်အားပျံ့ နှံ့ခဲ့ပြီးဖြစ်တဲ့ အယ်လ်ခိုင်ဒါ အစ္စလာမ္မစ်အစွန်းရောက် အဖွဲ့ဟာ ကွဲထွက်သွားတဲ့ အဖွဲ့ငယ်လေးတစ်ခုက အစ္စ လာမ္မစ်နိုင်ငံတော် ထူထောင်ရေးအတွက် ဥသျှောင်ပြုမှု ကို လက်ခံနိုင်ဖွယ်မရှိပါဘူး။

ဒါကြောင့်လည်း အယ်လ် ခိုင်ဒါ လက်ရှိခေါင်းဆောင် ဇာဝါရီက အယ်လ်ခိုင်ဒါ အကြမ်းဖက်တပ်ဖွဲ့ခွဲသစ်တစ်ခုကို တောင်အာရှ အထူး သဖြင့် အိန္ဒိယမှာ ဖွဲ့စည်းဖို့ ကြံရွယ်လာခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ အွန်လိုင်းပေါ်ရောက်ရှိ လာခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဇာဝါရီက အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှာ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့သွား မယ်လို့ ပြောကြားသွားတာကို တွေ့ရပါတယ်။ ဒါဟာ ပါကစ္စတန်မှာ လက်ကမ်းစာစောင်ဝေပြီး လူအင်အား စုစည်းနေတဲ့ IS အဖွဲ့နဲ့အပြိုင် အင်အားတိုးချဲ့လာတဲ့ သဘောပါ။

အယ်လ်ခိုင်ဒါခေါင်းဆောင်ဇာဝါရီက တောင် အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ သူ့ရဲ့ အယ်လ်ခိုင်ဒါ လက်နက်ကိုင်အဖွဲ့ဟာ သြဇာပျံ့နှံ့ တည်ရှိရမယ်လို့ ဆိုပါတယ်။ နောက်ပြီး ယင်းနိုင်ငံဒေသ တွေမှာရှိတဲ့ မူဆလင်တွေအတွက် အယ်လ်ခိုင်ဒါဟာ သတင်းကောင်း တစ်ခုကို ဆောင်ကြဉ်းလာခြင်းဖြစ်တယ် လို့လည်း ကြိမ်းဝါးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း၊ ဥရောပ အနောက်နိုင်ငံ တွေသာမက အာရှကလူငယ်တွေကို ဆွဲဆောင်သိမ်းသွင်း အင်အားစုစည်းမှုမှာ IS က မယုံနိုင်အောင် အင်အား ကြီးထွားလာခဲ့ပါတယ်။ အခု အယ်လ်ခိုင်ဒါကလည်း အာရှတောင်ပိုင်းကှိှု နဲ့အပြိုင် အင်အားစုစည်း အာ ဏာဖြန့်ကြက်ဖို့ ကြိုးစားလာတာကို တွေ့မြင်ရပါတယ်။ အယ်လ်ခိုင်ဒါနဲ့ IS အဖွဲ့တို့ အာရှမှာ စားကျက်ရှာတာ က အံ့သြစရာတော့ မရှိပါဘူး။


တကယ်တော့ မူဆလင်အင်အားစုဟာ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများထက် ပြင်ပမှာ ပိုများ နေတာကြောင့်ပါ။ အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါရီ က တောင်အာရှမှာ ပစ်မှတ်ထားတဲ့ နိုင်ငံဒေသတွေကို ကြည့်လိုက်ရင် မူဆလင်လူမျိုးစုတွေ အဓိကတည်ရှိနေ တဲ့ နေရာဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် မူဆလင် လူမျိုး ၁၅ ရာခိုင်နှုန်းသာ ရှိတယ်ဆိုပေမယ့် လူဦးရေ အရ ၁၇၅ သန်းအထိရှိနေပြီး ကမ္ဘာမှာ တတိယမြောက် မူဆလင်လူဦးရေ အများဆုံးနိုင်ငံတစ်နိုင်ငံပါ။


အယ်လ်ခိုင်ဒါခေါင်းဆောင် ဇာဝါရီက အိန္ဒိယ နိုင်ငံက အက်ဆမ်၊ ဂူဂျာရက်ပြည်နယ်၊ အမမ်ဒါဘက် မြို့နဲ့ ကက်ရှ်မီးယား၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကှိှု နဲ့အပြိုင် အင်အားတိုးချဲ့ နယ်မြေဖြန့်ကျက်ဖို့ ရွေးချယ် ရခြင်းကလည်း အကြောင်းရှိပါတယ်။ ဒါကတော့ အိန္ဒိယ က ယင်းဒေသတွေမှာ မူဆလင်တွေဟာ ဒေသခံလက် နက်ကိုင်သူပုန်များရဲ့ ဘာသာရေး၊ လူမျိုးရေးအရ နှိပ် စက်ညှဉ်းပန်းခံရမှုတွေ ရှိနေတဲ့အတွက် အချိန်သင့် အခါသင့် ဖြစ်နေတဲ့အတွက်ပါ။

အိန္ဒိယမှာသာမက မြန်မာနိုင်ငံမှာလည်း ဘင်္ဂါလီလူမျိုးစုက မူဆလင်တွေမှာ လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခတွေ ကြုံတွေ့နေရသလို ဘင်္ဂလားဒေ့ရှ်မှာ လည်း အိမ်နီးချင်းနိုင်ငံမှာ ဝင်ရောက်နေထိုင် ကြီးပြင်း ပြီး နိုင်ငံပျောက်ဆုံးနေတဲ့ မူဆလင်တွေလည်း ရှိလို့နေ ပါတယ်။

 ဒါကြောင့် ဇာဝါရီရဲ့ ကြေညာချက်ကို အကြမ်း ဖက်တိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက IS နဲ့အားပြိုင် ဖို့ အင်အားအပြိုင်အဆိုင် တိုးချဲ့ရန် ကြံရွယ်ခြင်းလို့ သုံး သပ်ကြခြင်း ဖြစ်ပါတယ်။


၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်ထဲမှာ ဇာဝါရီက မူဆလင်နိုင်ငံများ စည်းရုံးဖို့ကိုလည်း တိုက်တွန်းပြော ကြားခဲ့ပြီး IS အဖွဲ့ကိုလည်း ဝေဖန်သွားတာကို တွေ့ရ ပါတယ်။


ဇာဝါရီက ဂျီဟတ်လုပ်တဲ့နေရာမှာ IS ရဲ့ စည်း လွတ်ဘောင်လွတ် ရက်စက်ရမ်းကားမှုကို ဝေဖန်ခဲ့ပြီး ဂျီဟတ်လုပ်ရာမှာ တစ်ဖက်သားကို ငွေကြေး၊ ဂုဏ်သိက္ခာ အပထား စကားလုံးအမူအရာနဲ့တောင် စည်းလွတ်ဘောင် လွတ် မရမ်းကားသင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။


အိန္ဒိယကို အဓိကထားပြီး မြန်မာနဲ့ဘင်္ဂလား ဒေ့ရှ် သုံးနိုင်ငံမှာ အင်အားတိုးချဲ့လှုပ်ရှားဖို့ ဇာဝါရီက ကြေညာလိုက်ခြင်းဟာ အိန္ဒိယဝန်ကြီးချုပ်သစ် နာရန် ဒရာမိုဒီကို ထိပ်တိုက်စိန်ခေါ်လိုက်ခြင်းလို့လည်း ဆိုနိုင် ပါတယ်။ မိုဒီဟာ ၂ဝဝ၂ ခုနှစ်တုန်းက ဂူဂျာရတ် ပြည် နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းအချိန် က ဟိန္ဒူဘာသာဝင် အကြမ်းဖက် လက်နက်ကိုင်များ ကြောင့် မူဆလင် ရာနဲ့ချီ သေဆုံးခဲ့ကြပါတယ်။ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီဟာလည်း ယင်းအရေးမှာ နှုတ်ဆိတ် နေခဲ့တဲ့အတွက် များစွာ ဝေဖန်မှု ခံခဲ့ရပါတယ်။

မိုဒီရဲ့ BJP ပါတီ ပြောရေးဆိုခွင့်ရှိသူတစ် ဦးကတော့ အယ်လ်ခိုင်ဒါရဲ့ ထုတ်ပြန်ချက်ဟာ စိုးရိမ် စရာဖြစ်ပေမယ့် မိမိတို့မှာ ဖက်ဒရယ်အဆင့် ခိုင်မာတဲ့ အစိုးရအဖွဲ့တွေ တည်ရှိနေတဲ့အတွက် ပူပန်နေစရာမ လိုဘူးလို့ အေအက်ဖ်ပီကို ဖြေကြားသွားတာကို တွေ့ရ ပါတယ်။


အကြမ်းဖက်ဆန့်ကျင်ရေး ကျွမ်းကျင်သူတွေ ကလည်း အယ်လ်ခိုင်ဒါက သက်ကြီးခေါင်းဆောင်တွေ ဟာ အရှေ့အလယ်ပိုင်းမှာ အောင်မြင်မှု ရရှိနေတဲ့ IS အဖွဲ့က ကမ္ဘာတစ်ဝန်းက လူငယ်တွေကို အင်အားစု စည်း သိမ်းသွင်းနိုင်ခဲ့တာကြောင့် အပြိုင်အဆိုင် ပြုလုပ် လာခြင်းသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

 နောက်ပြီး IS အဖွဲ့က ပါကစ္စတန်မှာ အင်အားတိုးချဲ့ဖို့ စည်းရုံးရေး ဆင်းနေတာကလည်း ဒေသတွင်း အတိုက်အခံ လက်နက် ကိုင်အင်အား အားနည်းတဲ့အတွက် ဆောင်ရွက်နိုင်ခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘယ်လိုပဲယူဆယူဆ အယ်လ်ခိုင်ဒါနဲ့ IS အကြမ်းဖက် အဖွဲ့နှစ်ဖွဲ့စလုံးဟာ ကမ္ဘာကို တုန်လှုပ် ချောက်ချားစေတဲ့ အကြမ်းဖက် အဖွဲ့တွေဆိုတာ ငြင်း စရာမရှိပါဘူး။ ကွဲထွက်သွားတဲ့ အဖွဲ့နှစ်ဖွဲ့စလုံးဟာ လှုပ်ရှားမှု အသွင်မတူကြပေမယ့် အစ္စလာမ္မစ်နိုင်ငံ တော် တည်ထောင်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကတော့ ဘုံတူနေပါတယ်။ ပြိုင်ဆိုင်မှုက တိုးတက်မှုကို ဖြစ်စေ တဲ့အတွက် အကြမ်းဖက်နှစ်ဖွဲ့စလုံးဟာ မကြာခင် အင် အားပိုကြီးထွားလာနိုင်တာက ဧကန်မလွဲပါ။


၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေး အမြွှာစင်တာ ကို အယ်လ်ခိုင်ဒါက တိုက်ခိုက်ခဲ့ပြီးနောက် အမေရိ ကန်ဦးဆောင်တဲ့ အနောက်မဟာမိတ်နိုင်ငံတွေက အစ္စ လာမ္မစ် အကြမ်းဖက်အဖွဲ့တွေကို အင်တိုက်အားတိုက် ချေမှုန်းသုတ်သင်ခဲ့ပေမယ့် အမြစ်ပြတ် မချေမှုန်းနိုင် တဲ့အပြငှ်ု အကြမ်းဖက်အဖွဲ့တောင် ထပ်တိုးပေါ် ပေါက်လာတာကို တွေ့ရပါတယ်။

နဂိုရှိရင်း အယ်လ် ခိုင်ဒါ အစ္စလာမ္မစ် အစွန်းရောက်လက်နက်ကိုင်တွေနဲ့ ရုတ်ခြည်း အင်အားကြီးထွားလာတှဲှု့ အဖွဲ့သာ ဘုံ တူ ရည်ရွယ်ချက်ကြောင့် ပြန်လည်ပေါင်းစည်းခဲ့ရင် တော့ ကမ္ဘာကြီးအတွက် အနိဋ္ဌာရုံတွေကို ဆိုးဆိုးရွား ရွား ထပ်မံပုံဖော်ဖန်တီးလာနိုင်တာကို အထူးတင်ပြနေ စရာလိုမယ် မထင်ပါဘူး။


အယ်လ်ခိုင်ဒါကတော့ တောင်အာရှကို ပစ် မှတ်သစ်အဖြစ် ဦးတည်ရွေ့လျားလာပါပြီ။ နိုင်ငံတကာ နဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပေါ့ပေါ့ဆဆ ရင်ဆိုင်ဖြေ ရှင်းဖို့ မလွယ်လောက်ဘူးလို့ ထင်မြင်ယူဆမိပါကြောင်း တင်ပြဆွေးနွေးလိုက်ပါတယ်။ ။


TheFlowerNews‬
From:

www.mmdailystar.com

KIO ကချင်နယ်မြေမှာ ရိုဟင်ဂျာ လက်နက်ကိုင်လှုပ်ရှားခွင့် ရရှိရေး ဆွေးနွေး

ထိုင်းနိုင်ငံမှာ အခြေစိုက်ထားတဲ့ မြန်မာရိုဟင်ဂျာ အသင်း BRAT- Burmese Rohingya Association in Thailand အဖွဲ့ ရဲ့ ဥက္ကဌ ဦးမောင်ကျော်နု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ် မြောက်ရေးအဖွဲ့ ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းတို့  ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး ဆွေးနွေး ကြတဲ့ ဗွီဒီယိုရုပ်သံမှတ်တမ်းတစ်ခုကို အခုစက်တင်ဘာ လ ၇ ရက်နေ့ မှာ BRAT အဖွဲ့က ယူကျု့အင်တာနက်မှာ လွှင့်တင်လိုက်ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ထဲမှာ BRAT ရိုဟင်ဂျာအသင်း ဥက္ကဌ ဦးမောင်ကျော်နုက KIA ရဲ့စစ်ရေးအကူအညီ လိုအပ်ကြောင်း ပြောဆိုခဲ့ပြီး၊ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်းကလည်း ညီညွတ်ကြဖို့နဲ့ ကိုယ့်ကိုကိုယ် ဝေဖန်ဖို့လိုအပ်ကြောင်း ပြောဆို ခဲ့ပါတယ်။
ဒါ့အပြင် ဦးမောင်ကျော်နုက ရိုဟင်ဂျာနဲ့ ကချင်ဟာ ညီအကိုဖြစ်တဲ့အတွက် အပြန်အလှန် အကူအညီပေး ဖို့ ပြောဆိုခဲ့သလို  KIO ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်း ကလည်း KIO/KIA အဖွဲ့ဟာ ဂျပန်ခေတ်လက်ကျန်သေနတ် အနည်းငယ်နဲ့ စတင်တည်ထောင်ရာကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့  တိကျတဲ့လှုပ်ရှားမှုတွေကြောင့် အင်အားကြီးမားတဲ့အဖွဲအစည်း ဖြစ်လာတာဆိုတဲ့အကြောင်းတွေ ဥပမာပေးပြောဆိုသွားခဲ့ပါတယ်။

From:Rfa

www.mmdailystar.com

ခေါင်းလောင်းတွေ့ခြင်း မတွေ့ခြင်းထက် တူးဖော်မှုအခြေအနေမှန်သတင်းထုတ်ပြန်ပေးရန် အချိန်ကျရောက်ပြီဟု ပြည်သူများထောက်ပြ

ဓမ္မစေတီခေါင်းလောင်းရှာဖွေ တွေ့ရှိခြင်း၊ မရှိခြင်းထက် ခေါင်းလောင်း တူးဖော်မှု
အခြေအနေများကို အမှန်အတိုင်းသတင်းထုတ်ပြန်ပေးရန် အချိန်ကျ ရောက်ပြီဖြစ်
ကြောင်း ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို စိတ်ဝင်စားသည့်ပြည်သူများက
ထောက်ပြပြောဆိုသည်။

'ခေါင်းလောင်းရှာဖွေတွေ့ရှိမှုအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာ
ပြောတဲ့ပုံစံနဲ့ အခုလုပ်နေတဲ့ပုံစံတွေက တခြားစီဖြစ်နေတယ်။ သတင်းကလည်း ဘယ်သူမှ
တိတိကျကျမသိတော့ ကောလာဟလတွေက ပိုပြီးထွက်လေဖြစ်နေတယ်' ဟု ခေါင်း
လောင်းရှာဖွေတူးဖော်ရာ လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုသူ တာမွေမြို့နယ်နေ
ကိုစိုးရီက ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာတွေ့ပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်တွင်
ဦးစံလင်းက ကြေညာထားပြီး လက်ရှိတွင် ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းလုပ်
ဆောင်နေ၍ သတင်းထုတ်ပြန်ခြင်းမပြုနိုင်သေးကြောင်း ကြေညာထားသော်လည်း
ဆယ်ယူရေးအဖွဲ့တွင် ပါဝင်သူအမည်မဖော်လိုသူအချို့ကမူ ခေါင်းလောင်းကြီးအား
ယခုအချိန်အထိ မတွေ့ရှိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်းစက်တင်ဘာ ၈ ရက်က
စံတော်ချိန်သို့ပြောကြားထားသည်။

'အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့တော့လိုတယ်။ အစိုးရအဖွဲ့က ခွင့်ပြု
တဲ့ပုံလည်းမှားတယ်။ ဘယ်နေ့ဘယ်အချိန်မှာ အခြေအနေဘယ်လိုရှိကြောင်း
ထတ်ုပြန်ပေးရမယ်ဆိုတာလည်း ပြောထားရမယ်'ဟု ခေါင်းလောင်းဆယ်ယူရေး
လုပ်ငန်းများတွင် သမိုင်းမှတ်တမ်းရေးခဲ့သူ စာရေးဆရာ ဒေါက်တာချစ်စံဝင်းက
ပြောဆိုသည်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းကို
ယုံကြည်၍ခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်းအခြေအနေများကို သတင်း
ထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်းအထောက်အကူပြု အဖွဲ့မှ ဦးကြည်ဝင်းက
စံတော်ချိန်သို့ စက်တင်ဘာ ၉ ရက်၌ပြောဆိုသည်။
'ဦးစံလင်းက သူ့ကိုယ်ကျိုးမပါဘဲခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို
လုပ်နေတာ။ သူ့ရဲ့သီလ၊ သမာဓိကိုယုံကြည်လို့ ကျွန်တော်တို့က သူပြောတဲ့
အရာတွေကို ပြည်သူတွေသိအောင်သတင်းထုတ်ပြန်ပေးတော။ အခုလည်း
ခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုကြိုးချည်ဖို့ကြိုးစားနေတယ်လို့သိရတယ်'
ဟု ဦးကြည်ဝင်းက ပြောဆိုသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအခြေအနေကို သတင်းသေချာ
မထုတ်ပြန်ြခင်း နှင့်ပတ်သက်၍ သုတေသီဆရာဘုန်းတင့်ကျော်က 'သတင်းထုတ်
ပြန်တာ အားရစရာမရှိဘူး။သောင်တူးစက် တစ်ခုတည်းနဲ့ရှာနေတာလည်း
လုံးဝဘ၀င်ကျစရာမရှိဘူး။ သိပ္ပံနည်းမကျတဲ့ပညာဗဟုသုတ မရှိတဲ့သူ၊နတ်
နဂါးတွေရဲ့ အကြံဥာဏ်နဲ့ ရှာဖွေနေတာကို သမိုင်းပညာရှင်လောကမှာရော၊
သိပ္ပံလောကမှာရော အားလုံးက ပြုံးစိစိတွေ ဖြစ်ကုန်ကြတာပေါ့'ဟု ပြောဆို
သည်။
'ဦးစံလင်းကို ဘယ်သူကမှ မခိုင်းထားဘူး။ သူ့ပိုက်ဆံနဲ့သူ ရိုးရိုးသားသား
လုပ်ဆောင်နေတာ။ ကျွန်တော်တို့ကလည်း သူ့ကိုယုံကြည်လို့ သတင်းထုတ်ပြန်
ပေး နေတာ'ဟု ခေါင်းလောင်းဆယ်ယူရေးအထောကအ် ကြူပုအဖွဲ့မှ ဦးသန်းစိန် က
ပြောဆိုသည်။

ခေါင်းလောင်းဆယ်ယူရေးတွင်ပါဝင်သူအချို့ကမူ ရေငုပ်သမားလေး
ဦးခန့်နှင့် ရှာဖွေရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေသည်ဟု ပြောကြား
ထားသော်လည်း အထောက်အကူပြုအဖွဲ့ကမူ ယင်းသတင်းမှာမဟုတ်မှန်
ကြောင်း၊ ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းများကို ရေငုပ်သမား ၁၀ ဦး ကျော်ဖြင့်
ဆက်လက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။
'ခေါင်းလောင်းဆယ်ယူရာမှာအပြိုင်အဆိုင် အနှောင့်အယှက်တွေရှိနေ
တယ်။ အခုက အရေးကြီးတဲ့အချိန်ရောက်နေလို့ သတင်းမထုတ်ပြန်သေးတာပါ။
ကုန်းပေါ်ရောက်ရင် သေချာသတင်းထုတ်ပြန်ပေးမယ်လို့ ဦးစံလင်းက ပြော
ကြားထားပါတယ်'ဟု ဦးကြည်ဝင်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်က စတင်ခဲ့ပြီး
သြဂုတ် ၁၅ ရက်တွင် ရေငုပ်သမားများကရှာတွေ့ခဲ့ကြောင်း နတ်စင်တစ်ရာဆရာ
တော်က မိန့်ကြားခဲ့သည်။ ယင်းနောက်ခေါင်းလောင်းရှာဖွေရေးအဖွဲ့ခေါင်း
ဆောင်ဦးစံလင်းက ခေါင်းလောင်းရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်၌
တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ခေါင်းလောင်းတူးဖော်ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေ
များကြောင့် ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇
ရက်ထပ်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ကြေညာခဲ့
သည်။ ယင်းနောက် ခေါင်းလောင်းဆယ်ယူရာတွင် အရေးကြီးသောအချိန်ရောက်နေ
၍ ဆယ်ယူမှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူ
များက စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်
ရောက်မှ သတင်းထုတ်ပြန်ပေးမည်ဟုလည်း ဦးစံလင်းက ကြေညာထားသည်။

From: စံတော်ချိန်

www.mmdailystar.com

ကျွန်‌‌တော်‌‌မေ့မရနိုင်‌‌သော‌နေ့များမှ အဆက်‌ ၎


-------------------------------------------------------------------
" ‌Aung Nway Oo လားး (ဟုတ်‌ကဲ့ပါခင်‌ဗျာ) ‌အေး‌ ကောင်‌‌လေး ငါတပ်‌မမှူးပါ ကွာ ... (ဟုတ်‌ကဲ့ ညွန်‌ကြားပါ ခင်‌ဗျ ) ‌မင်းတို့ဆီမှာ အခုလက်‌ရှိ အ‌ခြေအ‌‌နေဘယ်‌လိုရှိလဲ အဆင်‌မ‌‌ပြေကြဘူးလည်းကြားတယ်‌ ဘာ‌တွေဖြစ်‌‌နေလဲ အ‌ခြေအ‌နေမှန်‌ကို ပွင့်‌ပွင့်‌လင်းလင်းပြောပြကွာ ....
အဲ့ဒါမှ ငါတို့ဘက်‌က ဘာ‌တွေလုပ်‌‌ပေးနိုင်‌မလဲသိရမှာ...

( ဟုတ်‌ကဲ့ပါခင်‌ဗျ ... ဒီဇင်‌ဘာလ ၁ ရက်‌‌နေ့က‌နေစပြီး ကျ‌နော်‌တို့ အဝိုင်းခံထားရတာပါ ရိက္ခာ နဲ့‌ရေ အခက်‌အခဲအလွန်ဖြစ်‌‌နေပါတယ်‌.....
ခဲယမ်းကလည်း စစ်‌ကူမ‌ရောက်‌လာရင်‌ကျ‌နော်‌တို့ စခန်း‌တွေကျသွားနိုင်‌ပါတယ်‌ခင်‌ဗျ ....
အခုလက်‌ထဲမှာလည်းခဲယမ်းသိပ်‌မရှိ‌တော့ပါဘူး... )

- KIA ကအခု ဘယ်‌လိုစစ်‌မျက်‌နှာဖွင့်‌ထားလဲ

(KIAကကျ‌‌နော်‌တို့ကိုသုံးဘက်‌ပိတ်‌ဆို့ထားတာပါ...
ကျ‌နော်‌တို့ ညာဘက်‌က တရုတ်‌ပြည်‌ဖြစ်‌‌နေလို့ လုပ်‌ရကိုင်‌ရခတ်‌‌နေပါတယ်‌... KIA က‌တော့ တရုတ်‌ပြည်‌ဘက်‌က‌နေ ကျ‌နော်‌တို့ ‌နောက်‌‌ကျောကိုပက်‌ပြီး အခိုင်‌အမာ‌ခြေကုပ်‌ယူပြီးလုပ်‌တဲ့အ‌နေအထားပါ ....)

- ‌ကောင်းပြီ .. လက်‌ရှိအ‌ခြေအ‌နေ‌ပြော .

(‌နေ့တိုင်းလက်‌နက်‌ကြီးလက်‌နက်‌ငယ်‌‌တွေနဲ့ပစ်‌လို့ စခန်း‌ပေါ်မှာ ကျွင်း‌တွေတူးပြီးနေ‌ပါတယ်‌ အခုလည်းအဘကြား‌နေရတဲ့အသံ‌တွေအတိုင်းပဲပစ်‌‌ခတ်‌‌နေတုန်းပါပဲ ရာသီဥတုကလည်း ‌ရေခဲမှတ်‌‌ရောက်‌‌နေပါပြီ.... လူနာ‌တွေလည်းဒီတိုင်းထားထားရပါတယ်‌
လုံ‌လောက်‌တဲ့ ‌စစ်‌ကူနဲ့ထောက်‌ပံ့မှု အလျင်‌အမြန်‌လိုချင်‌ပါတယ်‌ခင်‌ဗျ ....)

- ‌အေး‌ ‌အေး ‌ကောင်းပြီတပည့်‌.. ‌ငါတို့စီစဉ်‌ထားတာ‌ပြောမယ်‌ နောက်‌ ၃ရက်‌အတွင်း ငါမင်းတို့ဆီကို အ‌ပေါ်‌ကောင်‌နဲ့ ‌ချောက်‌သား/ စကုသားနဲ့/ ‌‌ဒေသခံတစ်‌ခုပို့‌ပေးမယ်‌ မင်းတို့လည်းလုံလုံခြုံ‌ခြုံ‌နေကြကွာ
‌နောက်‌ပြီးမနက်‌ဖြန်‌အတွက်‌ဒလက်‌နဲ့နှစ်‌‌ကောင်‌လည်းလွှတ်‌‌ပေးမယ်‌ သားသမီး‌တွေအားလုံးကို‌ပြောလိုက် အခုငါ့‌ဘေးမှာတိုင်းမှူးကြီးလည်းရှိ‌နေတယ်‌
((စစ်‌တိုင်းမှူးကြီးသည်‌ ကျ‌နော်‌တို့နှင့်‌ အတူတိုင်‌‌အောင်‌စစ်‌ဆင်‌‌ရေးဆင်‌နွှဲခဲ့‌သော အရင်‌တပ်‌မမှူးဖြစ်‌ပါသည်‌))
စိတ်‌ဓာတ်‌မကျနဲ့ ငါတို့လက်‌‌မောင်းဘတ်‌ရဲ့စိတ်‌ဓာတ်‌‌မွေးပါ တပ်‌မ‌တော်‌ရဲ့သိက္ခာမကျပါ‌စေနဲ့ ခဲယမ်း‌တွေကို တက်‌နိုင်‌သ‌လောက်‌‌ချွေသုံးထားပါ
‌နောက်‌ပြီး တပည့်‌ ‌
ငါမင်းတို့ကိုယုံတယ်‌ ..... ၃ရက်‌ပဲ‌ထပ်‌‌တောင့်‌ထား‌ပေးပါ ....
ငါ‌ပြောတဲ့ဟာ‌တွေအားလုံးမင်းဆီ ‌ရောက်‌လာ‌စေရမယ်‌ အားလုံးခွင့်‌ပြု‌ပေးနိုင်‌‌အောင်‌ငါကြိုးစား‌ပေးမယ်‌.. ရကိုရ‌စေရမယ်‌ စိတ်‌ဓာတ်‌မကျနဲ့ကွာ..

(ဟုတ်‌ကဲ့‌ကျေးဇူးပါအဘ ကျ‌နော်‌တို့လုပ်‌နိုင်‌ပါတယ်‌ ခင်‌ဗျ )

- ‌အေးး ‌ကောင်းပြီ ‌အောင်‌မြင်‌ပါ‌စေကွာ

ဖုန်းချပြီးကျ‌နော်‌ မျက်‌ရည်‌များရစ်‌ဝဲလာပါသည်‌
ဒုက္ခ‌တွေဝိုင်းရံ‌နေချိန်‌ မိဘရင်‌ခွင်‌ထဲ တို‌ဝှေ့ကာ အကာကွယ်‌ရလိုက်‌သည့် က‌လေးငယ်‌တစ်‌‌ယောက်‌လိုကျွန်‌‌တော်‌ခံစားရပါသည်‌‌ မယုံနိုင်‌‌လောက်‌‌အောင်‌စစ်‌ကူ‌တွေ‌ရောက်‌လာ‌တော့မှာဖြစ်‌ပြီး မနက်‌ဖြန်‌ အမ်‌အိုင်‌ ၃၅ တိုက်‌ခိုက်‌‌ရေး ရဟတ်‌ယာဉ်‌နှစ်‌စီးလာ‌ရောက်‌ပစ်‌ကူ‌ပေးမယ်‌ဆို‌တော့ ကျ‌နော်‌ကိုယ့်‌နားကိုယ်‌‌တောင်‌မယုံနိုင်‌‌လောက်‌‌အောင်‌ပါပဲ
(ဆယ်‌စုနှစ်‌ကြာကာလအတွင်း ဒီဇင်‌ဘာလ ၈ရက်‌‌နေ့တွင်‌ တပ်‌‌တော်‌‌လေ၏ ‌လေ‌ကြောင်းပစ်‌ကူဒုတိယအကြိမ်‌‌ မြောက်‌ပြန်‌လည်‌အသုံးပြုခြင်းဖြစ်‌ပါသည်‌ပထမအကြိမ်‌သည်‌လုပီနယ်‌ခြား‌စောင့်‌တပ်‌အား‌ရန်‌သူမှဝိုင်းပါတ်‌တိုက်‌ခိုက်‌သိမ်းပိုက်‌တုန်းကဖြစ်‌သည်‌)

အမှန်‌တိုင်း‌ပြောရလျင်‌ကျ‌နော်‌တို့သည်‌ စခန်း‌ပေါ်တွင်‌‌ခေါင်းပင်‌ဖော်‌မရ‌အောင်‌ဖြစ်‌‌နေပါသည်‌.. အားလုံးကိုယ်‌စီလှိုင်‌‌ခေါင်းများအတွင်း‌နေ‌နေကြရခြင်းဖြစ်‌ပါသည်‌ ကြွက်‌များပမာဆိုးရွားလှ‌သောဒုက္ခကိုခံစား‌နေရသည်‌ အ‌အေးဒီဂရီကလည်း‌ကြောက်‌ခမန်းလိလိပင်‌
‌သောက်‌‌ရေအတွက်‌ ပြသနာတတ်‌‌နေပြီး စားစရာဆိုလျင်‌‌တော့‌ဝေးစွပါပဲ မနက်‌လင်းလျင်‌ကျလာမည့်‌ နှင်းများသည်‌ ကျ‌နော်‌တို့အတွက်‌ ‌ရေတစ်‌ခွက်‌‌တော့ ဖန်‌တီးနိုင်‌ပါသည်‌ ဘာပဲဖြစ်‌ဖြစ်‌ကျ‌နော်‌တို့‌တောင့်‌ခံထားရမည်‌ ပိုးစိုးပက်‌စပ်‌ ဖြစ်‌၍မရပါ .....

ကျ‌နော်‌‌ခံစစ်‌ယူထား‌သောစခန်းမှာ နယ်‌ခြား‌ကျောက်‌တိုင်‌နှင့်‌ မီတာ ၅၀၀‌လောက်‌သာ‌ဝေးပြီးး ရင်‌ဆိုင်‌ထား‌သောရန်‌သူ့စခန်းနှင့်‌ဆိုလျင်‌ မီတာ ၂၀၀ ‌လောက်‌သာရှိသည်‌ မိမိစခန်းသည်‌ ‌ရှေ့အစွန်‌ကျပြီး ပင်‌မစခန်း၏ကာကင်းဟု‌ပြောလျင်‌လည်းရပါသည်‌
ရန်‌သူနှင့်‌လွန်‌စွာနီးကပ်‌‌သော‌ကြောင့်‌ ခြံစည်းရိုးမခပ်‌နိုင်‌ပါ မြူကျလျင်‌အလျင်‌အမြန်‌အရဲစွန့်‌လုပ်‌ထား‌သော သွပ်‌ဆူးကြိုးနှစ်‌ဆင့်‌ဖြင့်‌ ယိုင်‌တိုင်‌တိုင်‌ခြံစည်းရိုး လေးသာရှိပါသည်‌ တခါတ‌လေ သူကလှမ်းပစ်‌ကိုယ်‌ကလှမ်းပစ်‌ဖြင့်‌ ရှိမဲ့စုခြံစည်းရိုး‌လေးမှာ ယခုအခါ ဒယိမ်းဒယိုင်‌ဖြစ်‌‌နေပါသည်‌

မြန်‌မာ-တရုတ်‌နယ်‌ခြားစည်းသည်‌ကျ‌နော့စခန်း၏ညာဘက်‌မှကပ်‌သွားပြီး ရင်‌ဆိုင်‌ထား‌သော KIA စခန်းကိုဖြတ်‌ကာ နယ်‌ခြားမှတ်‌တိုင်‌အမှတ်‌‌ ၆ သို့‌ရောက်‌ပါသည်‌ ထို့‌ကြောင့်‌ KIA သည်‌တရုတ်‌ပြည်‌အတွင်းမှဖြတ်‌ကာ မိမိတို့၏‌နောက်‌‌ကျောသို့ပတ်‌၍ စိုးမိုးကုန်းတစ်‌ခုမှ ပိတ်‌ဆို့ထားခြင်းဖြစ်‌ပါသည်‌
မိမိစခန်း၏ဘယ်‌ဘက်‌မီတာ ၈၀၀ ခန့်‌အကွာတွင်‌ ‌KIA ၏ပစ်‌ကူ‌ပေးစခန်းရှိပါသည်‌ ၎င်း‌နေရာမှ ၆၀ မမစိန်‌‌ပြောင်းနှင့်‌လှမ်းပစ်‌ပြီး ‌နောက်‌‌ကျော ဝါးရုံကုန်းမှ RPG/ 57‌နောက်‌ပွင့်‌ တို့ဖြင့်‌ ပစ်‌ခတ်‌ပါသည် (မ‌ကောင်းသူထိပ်‌ ‌ကောင်းသူထိပ်‌ပါပဲ)‌ အမှန်‌တိုင်း‌ပြောရလျှင်‌ကျ‌နော်‌တို့တပ်‌အား အမှည့်‌‌ချွေ‌နေသည့်‌သ‌ဘောပင်‌ ဤကဲ့သို့သုံးဖက်‌ဝိုင်းထားခြင်း‌ကြောင့်‌ မိမိစစ်‌သည်‌များမှာစိတ်‌ဓာတ်‌ကျဆင်းကာ လက်‌နက်‌ချမည်‌ဟုယူဆထားကြသည်‌ ထင်‌ပါသည်‌
ဘာပဲဖြစ်‌ဖြစ်‌ဒီ‌နေ့နဲ့ဆို ၇ ရက်‌ရှိပြီဖြစ်‌‌သော်‌လည်း ကျ‌နော်‌တို့စိတ်‌ဓာတ်‌မ‌ပျော့‌ကြောင်း‌တော့ ပြ‌နေနိုင်‌‌သေးပါသည်‌

ဖုန်း‌ပြောပြီှး စကမှူးထံ‌ပြောပြလိုက်‌သည် ‌ အားလုံးမယုံနိုင်‌ဖြစ်‌‌နေကြသည်‌ လာရင်‌‌တော့လည်း‌ကောင်းတာ‌ပေါ့ လို့‌ပြောကြသူများလည်းရှိသည်‌ မိမိအားစိတ်‌ဓာတ်‌မကျ‌အောင်‌‌‌လျောက်‌‌ပြော‌နေသည်‌ဟုထင်‌‌နေကြသူများလည်းရှိနိုင်‌ပါသည်‌ဘာပဲဖြစ်‌ဖြစ်‌ ကျ‌နော်‌တို့မနက်‌ဖြန်‌‌ရောက်‌‌အောင်‌‌တော့ အားတင်းထားရမည်‌ဖြစ်‌သည်‌ ။

ည‌ ၁၁ နာရီ‌လောက်‌‌ရောက်‌‌တော့
ဒိုင်း... ဒိုင်းဒိုင်း ....့ ‌သေနတ်‌ကိုအတွဲလိုက်‌ပစ်‌သံကြားလိုက်‌ရသည်‌
ဘာဖြစ်‌တာလဲဟ ဘယ်‌သူပစ်‌တာလဲကွ
ဟုကျ‌နော်‌‌မေးလိုက်‌‌တော့ ‌ဖြေသူမရှိပါ ကင်း‌စောင့်‌‌နေ‌သောတပ်‌သားဝင်း‌ဇော်‌တစ်‌‌ယောက်‌ ""ရန်‌သူ‌တွေတက်‌လာပြီ ရန်‌သူ‌တွေတက်‌လာပြီ ပစ်‌‌တော့."" ဟု‌အော်‌ကာပစ်‌ခတ်‌‌ခြင်း‌ကြောင့့် အားလုံးပတ်‌လည်‌‌နေရာယူခိုင်းပြီး ရန်‌သူတက်‌လာနိုင်‌သည့်‌လမ်း‌ကြောင်းများ‌ပေါ်သို့ ဝိုင်းအုံပစ်‌ခတ်‌ကြသည်‌‌ကေအိုင်‌‌အေကုန်းမှလည်းပြန်‌လည်‌ပစ်‌ခတ်‌ပါသည်‌ ခဏကြာ‌တော့မှ မသင်္ကာ၍အပစ်‌ရပ်‌ခိုင်းကာ အ‌ခြေအ‌နေကြည့်‌‌တော့ ဘာရန်‌သူမှတက်‌မလာပါ .....
ကင်းသမားမှာက‌ယောင်‌ကတမ်းဖြစ်‌‌နေခြင်းဖြစ်‌‌ကြောင်း ကျ‌နော်‌သ‌ဘော‌ပေါက်‌လိုက်‌ပြီး မိမိအနားတွင် ‌ခေါ်ထားလိုက်‌သည်‌သူ့လက်‌တွင်းမှ‌သေနတ်‌ကို ယူမည်‌ပြု‌တော့ မ‌ပေးပါ "" ကျ‌နော်‌ဘာမှမဖြစ်‌ပါဘူး "" ဟုမျက်‌ရည်‌‌လေးအဝိုင်းသားဖြင့်‌ပြန်‌‌ဖြေရှာသည်‌
"ကျ‌နော့ကိုဘာလုပ်‌ကြမလို့လဲဗိုလ်‌ကြီး "
" မင်းကိုဘာမှမလုပ်‌ပါဘူးတပည့်‌ရာ KIA တက်‌လာရင်‌ ပစ်‌လို့ရ‌အောင်‌ မင်း‌သေနတ်‌ကိုတိုက်‌‌ပေးမလို့ပါ "
ဟု‌ပြောမှ အသာတကြည်‌‌ပေးသည်‌
ထို့‌နောက်‌ကျည်‌ရှင်းပြီး ကျ‌နော့‌ဘေးတွင်‌ထားလိုက်‌ရသည်‌
" အိပ်‌လိုက်‌ပါတပည့်‌ရာ ငါမင်းအစားကင်း‌စောင့်‌‌ပေးပါ့မယ်‌ " ‌ ကျ‌နော်‌‌ပြောတာကိုပင်‌ မယုံသလိုနှင့်‌ ‌ဘေးဘယ်‌ညာလှမ်းကြည့်‌လိုက်‌‌သေးသည်‌ ခွဲတကကြီး နှင့်‌ တကက မြင့်‌သိန်းတိှု့ ‌ခေါင်းညှိမ့်‌ပြလိုက်‌‌တော့မှ ‌သူ့ဖာသာသူ‌ခွေ‌ခွေက‌လေးကျ‌နော့ ‌ပေါင်‌‌ပေါ်‌ခေါင်းအုံးပြီး လှဲအိပ်‌သွားသည်‌

မအိပ်‌ရ/မစားရ ‌ရေပင်‌သောက်‌ရ‌န်‌မလွယ်‌ကူ‌ဘဲ ရန်‌သူနှင့်‌‌နေ့‌ရောညပါ ရင်‌ဆိုင်‌တိုက်‌ခိုက်‌‌နေရသည့်‌အ‌ခြေအ‌နေ‌ကြောင့်‌ ဤသို့က‌ယောင်‌ကတမ်းဖြစ်‌‌နေရှာ‌သောတပည့်‌အား ကြည့်‌ပြီးကျ‌နော်‌ရင်‌ဘက်‌‌စူးခနဲ‌အောင့်‌‌သလိုလိုပင်‌ခံစားလိုက်‌ရပါသည်‌
"" စိတ်‌မညစ်‌ပါနဲ့ကွာငါတို့လုပ်‌နိုင်‌ပါတယ်‌ " ကျ‌နော်‌သူ့လက်‌‌မောင်းအားအသာအယာပုတ်၍‌ ပြောလိုက်‌ခြင်းဖြစ်‌သည်‌ .... ‌နောက်‌ ကျ‌နော့ နှုတ်‌ခမ်းမှ သချင်းတစ်‌ပုတ်‌ကိုဖြည်းဖြည်းနှင့်‌တိုးညှင်းစွာ ‌ရွတ်‌ဆို‌နေလိုက်‌သည်‌ တိုးတိုး‌လေးမှတိုးတိုး‌လေးပါ ဒါ‌ပေမယ့်‌ကျ‌နော်‌နဲ့အတူစခန်းတစ်‌ခုလုံးတိုးတိုး‌လေးလိုက်‌ဆို‌နေကြ‌လေရဲ့............

--------- ......တူယှဉ်‌ကာ‌လေတကယ်‌ပဲအစွမ်းပြချင်‌တယ် ××× မြန်‌မာ့သတ္တိကမ္ဘာကသိ‌အောင်‌ငါတို့တိုက်‌ရမယ် ××× ‌နိုင်‌ငံ‌တော်‌အကျိုးရှိကွယ်‌ တာဝန်‌‌ကျေပွန်‌တယ် ××× ‌‌တော‌တောင်‌အထပ်‌ထပ်‌ကိုလည်းချီတက်‌‌နေရတယ်‌ ××× မိုး‌တွေကလည်းမစဲဘဲရွာ‌နေတယ်‌ မြစ်‌‌ချောင်းအင်းအိုင်‌‌ရေ‌တွေပြည့်‌လို့ငါတို့တိုက်‌ရတယ်‌×××ဘယ်‌မှာလဲအိပ်‌ရတယ်‌ရှိလိမ့်‌မယ်‌××× အမြဲတမ်းချီတက်‌လို့သာတိုက်‌ခိုက်‌‌နေရတယ်‌××× စစ်‌‌မြေမှာလည်းမစဲဘဲပစ်‌ခတ်‌တယ်‌××× ကျည်‌ဆံများကတဖွဲဖွဲနဲ့ရွာသွန်းမိုးသို့နှယ်‌××× ဒို့ဗိုလ်‌ကဓားဆွဲလို့‌ရှေ့ကတက်‌ပါတယ်‌×××ဘယ်‌မှာ‌ကြောက်‌စိတ်‌ရှိမလဲ ငါတို့စစ်‌သားရယ်‌... ××× ရန်‌သူမှာ‌လေအရှုံးကြီးရှုံးရတယ်‌ သူတို့အ‌လောင်း‌ကောင်‌အကာကွယ်‌ပြုလို့ငါတို့တိုက်‌ရတယ်‌××× မြန်‌မာရဲ့သတ္တိကိုဘယ်‌မှာယှဉ်‌နိုင်‌မယ်‌××× ‌ဝေးစွာ‌ရှောင်‌ရှားပါလို့ငါတို့ဟစ်‌‌ကြွေးတယ်‌ .......

ဆက်‌လက်‌‌ဖော်‌ပြပါမည်‌ .......

From: - Aung Nway Oo ‌

www.mmdailystar.com

မြန်မာနိုင်ငံ နှင့် စစ်အစိုးရ လက်ထက် အရှုပ်တော်ပုံများ ( ၁ )


ကျွန်တော် ဟာ ၂၀၁၂ လောက်ကတည်းက …
ဖေ့စ်ဘုတ်မှာ ...
နိုင်ငံရေး နဲ့  ဆိုင်တဲ့  စာတိုပေစလေးတွေ …
တစိုက်မတ်မတ် ရေးလာတယ်လို့  ဆိုနိုင်ပါတယ် ….

ဘာလို့ ရေးခဲ့သလဲ …
ဘာတွေရေးခဲ့သလဲဆိုတာကတော့ …
ကျွန်တော့်စာတွေကို ….
တောက်လျောက်ဖတ်လာတဲ့ သူတွေ အဖို့  …
အတော်များများလဲ …
သိသင့်သလောက် သိနေကြပါပြီ….

တစ်ချို့ ကလဲ အခုအထိကို …
ကျွန်တော့် ဆိုလိုရင်းကို …
နားမလည်နိုင်ကြသေးပါဘူး …..

လက်ရှိ ကျွန်တော့်ရဲ့ နိုင်ငံရေးအယူအဆကို …
ဒီဆောင်းပါးလေးနဲ့ အပိုင်းသုံးပိုင်းခွဲ….
ပြန်အကျဉ်းချုပ်ပြီး ဖော်ပြပါရစေ….

ပထမပိုင်းမှာ …
၁၉၄၈-၁၉၈၈ ကာလ …
ဒုတိယပိုင်းမှာ …
၁၉၈၈-၂၀၁၀ ကာလ …
တတိယပိုင်းမှာ …
လက်ရှိ နိုင်ငံရေးအခင်းအကျင်း ..
စတာတွေကို ဖော်ပြရေးသားချင်ပါတယ် …

ပထမပိုင်း ( ၁၉၄၈ - ၁၉၈၈ )
================

၁။ ကျွန်တော်တို့  နိုင်ငံဟာ …
ပထ၀ီအနေအထား နဲ့  သမိုင်းကြောင်းအရ ….
မညီမညွတ် အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး…
လွတ်လပ်ရေး မရခင်ကတည်းက …
စစ်ဖြစ်ဖို့ တာစူနေပြီး ဖြစ်ပါတယ် …
ဒီစစ်ကို ဘယ်သူမှ မတားဆီးနိုင်ခဲ့ပါဘူး …

၂။ လွတ်လပ်ရေး ရပြီး သုံးလအကြာမှာ …
၁၉၄၈ မတ်လမှာ ကွန်မြူနစ်ပါတီ စပြီးတောခိုပါတယ် …
တပ်မတော်က တပ်ရင်းတစ်ချို့ လဲ ပါသွားပါတယ် …
ဦးနု ရဲ့  နုမူ ၁၄ ချက်ကြောင့် …
ပြည်သူ့ ရဲဘော်အဖွဲ့ နှစ်ခြမ်းကွဲသွားပြီး …
တဖွဲဖွဲ နဲ့  တောခိုစ ပြုလာပါတယ် ….
ဇူလိုင်လမှာ တော့ ….
သထုံကို ကရင်စစ်ရဲတပ်တွေက စသိမ်းလိုက်ပါတယ် …
သြဂုတ်မှာ သထုံခရိုင်တစ်ခုလုံး သိမ်းခံလိုက်ရပါတယ် …
အဲဒီနောက်မှာတော့ …
အနှစ်၆၀ကျော် ပြည်တွင်းစစ်ကြီး စဖြစ်ပါပြီ ….

၃။ ဦးနု အစိုးရလက်ထက် မှာ …
တိုင်းပြည် အရမ်းချမ်းသာ တိုးတက် ခဲ့တယ် ဆိုရင် …
ကျွန်တော် လုံးဝ ( လုံးဝ ) လက်မခံနိုင်ပါ …
အာရှမှာ အဆင့်ဘယ်လောက် …
တက္ကသိုလ်က ဘယ်လို …
လေဆိပ်က ဘယ်လို စသဖြင့် …
မစားရ ၀ခမန်းပြောနေတဲ့  သူတွေဟာ …
တိုင်းပြည်တစ်ခုလုံး ရဲ့ အခြေအနေကို …
ပြန်ပြီး ခြုံငုံလေ့လာဖို့ လိုပါတယ် ….

တစ်ပြည်လုံးမှာ တက္ကသိုလ် ဘယ်နှစ်ခုရှိသလဲ …?
ဆေးရုံ ဘယ်နှစ်ခု ရှိခဲ့သလဲ …?
လူဦးရေ ရဲ့  ဘယ်နှစ်ယောက် စာသင်ကြားနိုင်လဲ …?
တစ်ပြည်လုံးကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု …
ဘယ်လောက်ရှိခဲ့သလဲ … ?
ပြည်နယ်တွေမှာ တရားဥပဒေစိုးမိုးရေး ….
ဘယ်လိုအခြေအနေ ရှိနေခဲ့လဲ ….?
ဆန်စပါးထုတ်လုပ် တင်ပို့ နိုင်မှုဟာ …
၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အတွင်း …
တိုးတက်လာလား …?
တစ်စထက် တစ်စ ကျဆင်းသွားလား ?
ပြည်တော်သာ စီမံကိန်းဟာ အောင်မြင်ခဲ့သလား … ?
ကျရှုံးခဲ့သလား ….?
လမ်းပန်း ဆက်သွယ်ရေးဟာ တစ်နိုင်ငံလုံးနီးပါး …
ကောင်းမွန်ခဲ့သလား ပြတ်တောက်နေခဲ့သလား …?
မီးရထား နဲ့ သင်္ဘောတွေဟာ …
လက်နက်အပြည့်အစုံပါတဲ့  အစောင့်အရှောက်တွေနဲ့ မှ …
ပြေးဆွဲလို့ ရတာ ဟုတ်လား .. မဟုတ်ဘူးလား … ?
ဒါတွေကို မချွင်းမချန် အမှန်အတိုင်း …
လေ့လာသုံးသပ်ရဲဖို့  လိုပါတယ် …

ပြည်တွင်းစစ်ကြီး အကြီးအကျယ်ဖြစ် …
မန်းလေး မိတ္ထီလာလို မြို့ ကြီးတွေတောင် …
သိမ်းခံသွားရတဲ့  အခြေအနေမှာ …
တစ်ပြည်လုံးက တောင်သူလယ်သမားတွေဟာ …
စပါး အေးအေးလူလူ စိုက်ပြီး…
ပြည်ပတင်ပို့ ရောင်းချနေမယ် ဆိုတဲ့ အတွေးမျိုးဟာ …
အတော့်ကို စိတ်ပျက်ဖွယ်ကောင်းလွန်းပါတယ် …

ဆရာသန့် မြင့်ဦး ရဲ့  …
ခြေရာပျောက်မြစ် စာအုပ်မှာဖော်ပြထားချက်အရ …
ပြည်တွင်းစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုဟာ…
ပေါင်သန်း၅၀၀၀ကျော် လောက်ရှိခဲ့တယ်လို့  ဆိုပြီး…
အချို့ စာတမ်းတွေမှာတော့ …
တစ်ပြည်လုံး စိုက်ပျိုးဧရိယာ ၃၀ရာခိုင်နူန်းဟာ …
စစ်ကြောင့် ပျက်စီးသွားခဲ့တယ်လို့  ဆိုပါတယ် …
ဆရာသန့် မြင့်ဦး ရဲ့ စာအုပ်မှာ …
အဲဒီခေတ် ရဲ့ အခြေအနေကို အထင်ဟပ်ဆုံး …
စာပိုဒ် တစ်ခုကို ထည့်သွင်းဖော်ပြခဲ့ပါတယ် ….

ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း နဲ့  …
တိုင်း မဂ္ဂဇင်း ရဲ့  အင်တာဗျူးပါ ….
ဦးကျော်ငြိမ်းကတော့ ခပ်ရှင်းရှင်းပဲ ပြောသွားခဲ့ပါတယ် …
ဘယ်သူမဆို ….
လက်နက်အပြည့်အစုံနဲ့  လူ၃၀၀ လောက်ရှိရင် …
ရန်ကုန်က လွဲလို့  …
တစ်နိုင်ငံလုံး ကြိုက်တဲ့  ဘယ်မြို့ ကို မဆို ….
အချိန်မရွေး သိမ်းလိုက်လို့ ရတယ်လို့  ဆိုပါတယ် ….

ခြုံပြီးပြောရရင်တော့ …
ဦးနု လက်ထက် ….
တိုင်းပြည် ရဲ့  စီးပွားရေး အခြေအနေဟာ …
၁၉၄၈ လွတ်လပ်ရေး မရခင်ကထက် …
အများကြီး ထိုးဆင်းသွားခဲ့ တယ်လို့  ဆိုနိုင်ပါတယ် ..

၎။ ပြည်တွင်းစစ်မှာ …
အစိုးရက အသာစီးရစပြုလာတဲ့  အချိန်မှာ ….
တစ်လက်စတည်းဆက်ပြီး ရင်ဆိုင်ရတာက …
အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့  ….
တရုတ်ဖြူ ကျူးကျော်မှု ဖြစ်ပါတယ် …
၁၉၅၀ ခုနှစ် က အစပြုလာတဲ့ ဒီကျူးကျော်မှုကို …
မြန်မာ့တပ်မတော်က ၁၁ နှစ်လောက်…
အပြင်းအထန် တိုက်ခိုက် ခဲ့ရပါတယ် …

ဒီစစ်ဆင်ရေးတွေဟာ …
ရှမ်းပြည်နယ် မှာ အဓိကဖြစ်ပွားခဲ့ပြီး …
ရှမ်းပြည်နယ် တစ်ခုလုံး ….
စစ်ဒဏ် အပြင်းအထန် သင့်ခဲ့ရပါတယ် …
အဆိုးရွားဆုံးကတော့ …
ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ..
အဲဒီဒေသမှာ အခုအချိန်အထိ ….
အမြစ်တွယ် အရိုးစွဲသွားခဲ့တာပါပဲ ….

၅။ ၁၉၆၂ ခုနှစ်မှာ …
တော်လှန်ရေးကောင်စီ က အာဏာသိမ်းလိုက်ပါတယ် ….
ဒီ အာဏာသိမ်းမှု ဖြစ်ရတဲ့ ကိစ္စဟာ …
အတိုက်အခံ အုပ်စုတွေ တွင်တွင်စွပ်စွဲနေသလို …
ဦးနေ၀င်းဟာ အာဏာရူးပြီး အာဏာသိမ်းခဲ့တယ်လို့  …
ကျွန်တော် မယူဆပါဘူး ….
နောက်ပိုင်းမှာတော့ …
ဘယ်သူ့ အကြံပေးချက်ကိုမှ လက်မခံဘဲ …
အာဏာရှင် ဆန်သွားခဲ့တယ် ဆိုရင်တော့ လက်ခံပါတယ် …

အဓိကကတော့ တိုင်းပြည်ကို ကောင်းအောင်လုပ်ဖို့  ကြိုးစားရင်း ….
မူဝါဒ အမှားတွေ နည်းလမ်းအမှားတွေ ….
ထပ်ဆင့်ထပ်ဆင့် မှားကာ….
သူ့ ဇာတ်သူ မနိုင်တော့တဲ့  အခြေအနေကို ….
ရောက်သွားခဲ့တာလို့  ကျွန်တော် သုံးသပ်မိပါတယ် ….

အာဏာသိမ်းအစိုးရကို …
ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေဟာ…
ဗြိတိန် ၊ အိန္ဒိယ နဲ့  …
အာရပ်စော်ဘွားများ ပြည်ထောင်စု ဖြစ်ပါတယ် …
ဒုတိယ မတ်လ ၆ ရက်နေ့ မှာ…
အမေရိကန် ၊တရုတ် ၊ပါကစ္စတန် တို့ က …
အသိအမှတ်ပြုပါတယ် …
ယိုးဒယားက တော့ ….
ဝမ်းမြောက်ကြောင်း သ၀ဏ်လွှာပါ လှမ်းပို့ ခဲ့ပါတယ် ….

ကျွန်တော့်  အယူအဆအရ …
အာဏာသိမ်းရတဲ့  ပထမအချက်ဟာ …
ပြည်နယ်တွေ ခွဲထွက်ဖို့ ကြိုးစားတဲ့  လှုပ်ရှားမှုတွေကို …
စိုးရိမ်လာတဲ့  အတွက် ဖြစ်ပါတယ် ….

ဒီနေရာမှာ ခွဲထွက်မယ် မထွက်ဘူး ….
အငြင်းပွားနေကြတာတွေ ရှိနေကြပေမယ့် ….
ခွဲထွက်ဖို့ လိုလားတဲ့  …
ခွဲထွက်ဖို့  ကြိုးစားခဲ့ကြတဲ့  …
လက်နက်ကိုင် အုပ်စုတွေရော …
နိုင်ငံရေးသမားတွေပါ ရှိခဲ့တာကတော့ …
အထင်အရှားပဲ ဖြစ်ပါတယ် ….

ဘာပဲဖြစ်ဖြစ် တပ်က ခေါင်းဆောင်ပိုင်းတွေကတော့…
ပြည်နယ်တွေက နိုင်ငံရေးသမားတွေဟာ ….
ခွဲထွက်ဖို့ ကြိတ်ကြံစည်နေကြတယ်လို့  ….
ယူဆစရာ အကြောင်းတွေက ရှိနေခဲ့ကြပါပြီ ….

ဒုတိယ ရည်ရွယ်ချက်ကတော့ …
ပထမပိုင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်….
မရရင်လဲ ကိုယ့်လက် ကိုယ့်ခြေ နဲ့  …
အပြတ်တိုက်လိုတဲ့  သဘောရှိပါတယ် ….
၁၉၆၃ ဧပြီ ၁ရက်နေ့ မှာ …..
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်လိုက်ပြီး ….
ငြိမ်းချမ်းရေးဆွေးနွေးဖို့  …
တောတွင်းအဖွဲ့ တွေကို စဖိတ်ခေါ်ပါတယ် ….
ကရင်တော်လှန်ရေးကောင်စီ နဲ့  လက်မှတ်ထိုးနိုင်ခဲ့တာကလွဲလို့  …
ကျန်တဲ့  အဖွဲ့ တွေ နဲ့  မအောင်မြင်ခဲ့ပါဘူး ….

အဲဒီနောက်မှာတော့ တော်လှန်ရေးကောင်စီဟာ ….
ပြည်တွင်း သောင်းကျန်းမှုကို …
အမြစ်ပြတ် ချေမှုန်းဖို့ သာ
ကြိုးစားလာပါတော့တယ် …

ဒီရည်မှန်းချက်ဟာ …
အစပိုင်းမှာ အောင်မြင်ခဲ့ပါတယ် …
ပဲခူးရိုးမ ဗဟို ပြိုကွဲသွားပြီး …
ဗကပ ခေါင်းဆောင်တွေ အားလုံးကို …
ကောက်သင်းကောက် ….
လိုက်ကောက်နိုင်နေပြီ ဖြစ်တဲ့ အနေအထားပါ …
ဒါပေမယ့် ဒါဟာ …
ပြည်ပစွက်ဖက်မှုတွေရဲ့ အောက်မှာ …
အဆုံးသတ် ဇာတ်သိမ်းသွားခဲ့ပါတယ် …

၁၉၆၆ ခုနှစ်မှာ …
တရုတ်မှာ ယဉ်ကျေးမှုတော်လှန်ရေး စပါတယ် …
ပြောင်းလဲသွားတဲ့  တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒအရ …
ဗမာပြည် ကွန်မြူနစ်ပါတီကို စပြီး အကူအညီပေးပါတယ် …
၁၉၆၇ ရန်ကုန်မှာ တရုတ်-ဗမာ အရေးအခင်းဖြစ်ပါတယ် …
တရုတ် -မြန်မာ ဆက်ဆံရေး အရမ်းတင်းမာနေပါပြီ …
၁၉၆၈ မှာ တရုတ်တပ်တွေပါတဲ့  …
ဗကပ အရှေ့ မြောက် ဗဟိုဟာ …
မုံးကိုးကို စတိုက်ပါတော့တယ် ….
ဒီတိုက်ပွဲစဉ်တွေဟာ ၁၉၈၉ ခုနှစ် အထိ …
တောက်လျောက် ဆက်ဖြစ်နေတော့မှာပါ ….
ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့  ဒုတိယ ရည်မှန်းချက် …
မအောင်မြင်နိုင်တော့ဘူး ဖြစ်ပါတယ် …

အာဏာသိမ်းရတဲ့  တတိယ ရည်မှန်းချက်ဟာ …
နိုင်ငံခြားသားများ လက်ကို ကျရောက်နေတဲ့  ….
တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည်ရယူလိုတဲ့  …
သဘော ရှိဟန်တူပါတယ် ….

ဒီ ရည်မှန်းချက်ကို …
(က) အရင်းရှင် လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခြင်း
(ခ) ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ထူထောင်ခြင်း …
စတဲ့  လုပ်ဆောင်ချက် နှစ်ခုနဲ့  …
အကောင်အထည် ဖော်ပါတယ် ….
ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် …
နည်းလမ်းတွေ လွဲချော်ခဲ့တဲ့ အတွက် ….
မအောင်မြင်ဘဲ အဆုံးအရှုံး နဲ့ သာ ….
ရင်ဆိုင်ရပါတော့တယ် ….

၁၉၆၃ကနေ ၁၉၇၂ အတွင်း ….
ပြည်သူပိုင် သိမ်းလိုက်တဲ့  လုပ်ငန်းစဉ်တွေက ..
ဒါကို သက်သေပြပါတယ် …
ဒီ ပြည်သူပိုင် သိမ်းလိုက်တဲ့ လုပ်ငန်းတွေ နေရာမှာ …
ကုန်သွယ်ရေး ကော်ပိုရေးရှင်း ၂၂ ခု ဖွဲ့ စည်းပြီး …
ကုန်ထုတ်လုပ် ဖြန့် ဖြူးဖို့ ကြိုးစားခဲ့ပေမယ့် ….
မအောင်မြင်ခဲ့ဘဲ …
မှောင်ခိုဈေးကွက်ကိုသာ ဖြစ်ပေါ်စေခဲ့ပါတယ် ….

တစ်ခါ …
အရင်းရှင် ကုန်သည်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး ….
၁၉၆၄မှာ ငါးဆယ်တန် နဲ့  တစ်ရာတန်တွေကို ….
တရားမ၀င်ကြေငြာခဲ့ပါတယ် …
ဒီပမာဏဟာ ပြည်တွင်းသုံးစွဲနေတဲ့  ငွေကြေး …
၂၇ ကုဋေကို လျော့ကျသွားစေတယ်လို့ …
အစိုးရ ကြေငြာချက်မှာ ဖော်ပြထားပါတယ် …
ဒီကိစ္စဟာ အရှင်းရှင်တွေကို …
ထိခိုက်သင့်သလောက် ထိခိုက်ခဲ့ပေမယ့် …
ပြည်သူတွေကိုလဲ ရောယောင် ထိခိုက်ခဲ့ပါတယ်….

၁၉၈၇ ခုနှစ် မှာ ထပ်ပြီး …
ငွေစက္ကူတရားမ၀င် ကြေငြာချိန်မှာတော့ …
လူထုက အစိုးရအပေါ် …
အယုံအကြည် လုံးဝ မရှိသလောက် ….
ဖြစ်လာတော့တာပါပဲ …

စတုတ္ထ ရည်မှန်းချက်ကတော့ …
တရားစီရင်ရေး စနစ်ကို ပြင်ဆင်ဖို့ ကြိုးစားတာပါ …
ကောင်းတာတွေ ရှိသလို ဆိုးတာတွေလဲ ဖြစ်ခဲ့ပါတယ် …
စနစ်ဟာ လယ်သမား အလုပ်သမားတွေကို ….
ဦးစားပေးတဲ့ စနစ် ဖြစ်လို့  …
လယ်ယာမြေ ဝေခြမ်းရေး အစီအစဉ် …
လယ်လုပ်သူသာ လယ်ပိုင်ခွင့်ရှိသည် ဆိုတဲ့  …
ဥပဒေမျိုး ကို စထုတ်ပါတယ် …
လယ်သမားတွေ အနေချောင်လာပေမယ့်  …
လယ်ပိုင်ရှင်ကြီးတွေ အထိနာကုန်ပါတယ် …

၁၉၆၃ တောင်သူလယ်သမား အခွင့်အရေး …
ကာကွယ်ရေး အက်ဥပဒေအရ …
လယ်သမားတွေလုပ်ကိုင်နေတဲ့  …
လယ်ယာ ၊ကျွဲနွား၊ထွန်တုံး ၊ ထွန်စက် စတာတွေကို …
ဝရမ်းကပ်လို့ မရ ၊ သိမ်းလို့ မရ ဆိုတဲ့  အတွက် …
လယ်ပိုင်ရှင်တွေ ထပ်ပြီးအထိနာပါတယ် …

တစ်နည်းပြောရရင် …
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေ …
အထိနာကုန်တာဖြစ်ပါတယ် …
လယ်သမားတွေ ချောင်လည်သလိုလို ဖြစ်သွားပေမယ့် …
ရေရှည်မှာတော့ ...
ပြသနာ ပြန်တက်လာတော့တာပါပဲ …
လယ်သမားတွေကို ထုတ်ချေးတဲ့  …
စိုက်ပျိုးစားရိတ်ကြွေးကျန်ဟာ …
၁၉၆၆-၆၇ ခုနှစ်မှာ …
ကျပ်သန်းပေါင်း ၃၉၈သန်းကျော် ကျန်ရှိနေတာကိုထောက်ရင် …
လယ်သမားတွေရဲ့ ဘ၀ဟာလဲ တိုးတက်မလာခဲ့ပါဘူး ….

အလုပ်သမား၊လယ်သမား နှီးနှောဖလှယ်ပွဲတွေ …
အများကြီးကျင်းပခဲ့ပါတယ် …
အလုပ်သမား လယ်သမားတွေကို ဦးစားပေးတဲ့  ဥပဒေတွေ …
အများကြီး ထုတ်ပြန်ခဲ့တာလဲ အမှန်ပါ …

ဒါပေမယ့် အဓိက ပြသနာဟာ ..
တိုင်းပြည်စီးပွားရေးကို တိုးတက်လာအောင် …
မလုပ်နိုင်တာပဲ ဖြစ်ပါတယ် …
ကျန်တာ ဘယ်လောက်အဆင်ပြေပြေ …
စားဝတ်နေရေး ကျပ်တည်းလာတဲ့  အခါ …
အလုပ်သမား ၊လယ်သမားတွေကလဲ …
မဆလ အစိုးရကို အကောင်းမမြင်နိုင်ကြတော့ပါဘူး ….

၁၉၆၂-၁၉၈၈ အတွင်းမှာ …
ဆိုရှယ်လစ်စနစ် သဘောအရ …
ပြည်သူပိုင် စီးပွားရေးကိုပဲ ဦးစားပေးပြီး …
ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကို …
လုံးဝ အားမပေး ဖိနှိပ်တဲ့ အတွက် …
ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတစ်ခုလုံး …
ရစရာ မရှိအောင် ပျက်စီးခဲ့ရပါတယ် ….

ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ ပျက်စီးတဲ့ အတွက် …
အလုပ်လက်မဲ့  ပြသနာကလဲ မြင့်တက်လာခဲ့ပါတယ် …
လူထုရဲ့ အထွေထွေ မကျေနပ်မှုကလဲ …
တောက်လျောက် မြင့်တက်လာခဲ့ပါတယ် ….

တံခါးပိတ်ဝါဒ ဖြစ်တဲ့အတွက် …
ပြည်တွင်းမှာ လဲ လုံလောက်အောင်မထုတ်လုပ်နိုင် …
ပြည်ပကသွင်းဖို့  ကလဲ နိုင်ငံခြားငွေက မရှိ နဲ့  …
၁၉၈၈ အရောက်မှာတော့ …
ဆိုရှယ်လစ် စနစ်လဲ မအောင်မြင် ….
ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေလဲ …
ဘာတစ်ခုမှ ကြီးကြီးမားမား မကျန်ရှိတော့ပါဘူး ….

တစ်ခုပြောစရာ ရှိတာကတော့ …
လာဘ်ပေး လာဘ်ယူ ကိစ္စတွေဟာ …
အဲဒီခေတ်ကာလ အချိန်က …
အံသြစရာကောင်းလောက်အောင် နည်းပါးပြီး ….
လုံးဝနီးပါး မရှိသလောက် ဖြစ်ခဲ့တာပါပဲ …. ။ ။



( ဒုတိယပိုင်း ဆက်တင်ပါမည် )
 
From: ( ရဲမိုး )

www.mmdailystar.com

အိမ်ရှင်မတစ်ဦး၏ မာန၊ မိခင်တစ်ဦး၏ သတ္တိ


ဒေါ်လှရီ (ဓာတ်ပုံ - သီဟ)

‘‘အိမ်ထောင်ရေးကို အရှုံးပေးလိုက်ရပေမယ့် အလုပ်ကိုတော့ အရှုံးမပေးပါဘူး’’ဟု ပြောလာသူမှာ အသက် (၅၅)နှစ်အရွယ် ဒေါ်လှရီပင်ဖြစ်သည်။ ဒေါ်လှရီသည် လူသာမန်တို့မရောက်လို၊ မနေလိုသည့် နေရာတစ်ခုတွင် သားသမီးများနှင့်အတူ နေထိုင်ရင်း တော်ရုံယောက်ျားတစ်ယောက်ပင် မလုပ်လိုသည့် အလုပ်ဖြင့် နှစ်ပေါင်းသုံးဆယ်နီးပါး အသက်မွေးခဲ့သူဖြစ်သဖြင့် ထိုစကားကို ပြောခြင်းဖြစ်သည်။

လူမစည်ကားအပ်သည့် နေရာများဟု သတ်မှတ်ကြသည့် ဆေးရုံ၊ တရားရုံး၊ သင်္ချိုင်းကုန်း စသည့်နေရာများနှင့် တွဲစပ်၍ လုပ်ကိုင်စားသောက်နေရသည့် အောက်ခြေအလုပ်သမားများကို လူမှုအသိုင်းအ၀ိုင်းက ယခုအချိန်ထိ အမြင်ကြည်လင်ခြင်းမရှိသေးပေ။ အထူးသဖြင့် ဆေးရုံများရှိ ရေခဲတိုက်အလုပ်သမားများနှင့် သင်္ချိုင်းကုန်းများရှိ ခေါင်းတလားဖြင့် စီးပွားရေးလုပ်စားကြသူများသည် သာမန်လူ့အသိုင်းအ၀ိုင်းတွင် ၀င်ဆံ့ရန်ခက်ခဲသည့် အနေအထားတွင်ပင် ရှိသေးသည်။

ထိုသူများထဲတွင် ဒေါ်လှရီလည်း တစ်ဦးအပါအ၀င်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီလုပ်စားရသည့် အလုပ်မှာ တခြားခေါင်းတလားအလုပ်ဖြင့် စီးပွားရှာသူများကဲ့သို့ ခေါင်းတလားရောင်းခြင်းမဟုတ်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများ လုပ်လေ့မရှိသည့် ဆိုက်ကားနင်းသည့်အလုပ်ပင် ဖြစ်သည်။ သို့သော် ဒေါ်လှရီသည် သွားလာလှုပ်ရှားနိုင်သည့် လူများကို လိုရာခရီးသို့ လိုက်ပို့ပေးရသည့် ဆိုက်ကားနင်းခြင်းအလုပ်မဟုတ်ဘဲ ခေါင်းတလားများအား ဆိုက်ကားဖြင့် သယ်ပို့ပေးရသည့်အလုပ်ကို လုပ်ကိုင်အသက်မွေးဝမ်းကျောင်းပြုနေသည်။

ဗဟန်း၊ ရွှေတိဂုံစေတီမြောက်ဘက်မုခ်အနီးတွင် မွေးဖွားလာခဲ့သည့် ဒေါ်လှရီသည် အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ၏ အလုပ်ရှိရာနောက်သို့ လိုက်လာရင်း ယခုရေဝေးသုသာန်အနီး ခေါင်းတလားများရောင်းချသည့်ဆိုင်ခန်းတစ်ခုတွင် ဆိုင်ခန်းရှင်၏ခွင့်ပြုချက်ဖြင့် နေထိုင်နေသူဖြစ်သည်။ ခင်ပွန်းမှာ ယခင်ကပင် ထိုအလုပ်ကို လုပ်ကိုင်သူဖြစ်သဖြင့် ဒေါ်လှရီလည်း သျှောင်နောက်ဆံထုံးပါ လိုက်လာရင်းပင် ထိုအသိုင်းအ၀ိုင်းထဲတွင် ကျင်လည်ခဲ့ရခြင်းဖြစ်သည်။

နောက်ပိုင်း ခင်ပွန်းဖြစ်သူက ယမကာရဲ့ကျေးကျွန်ဖြစ်ကာ အလုပ်လုပ်ကိုင်ခြင်းမရှိတော့သည့် အခြေအနေတွင် မိသားစုစားဝတ်နေရေးအတွက် ဒေါ်လှရီ ယခုအလုပ်ကို အရဲစွန့်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အသက်(၂၀)ကျော်အရွယ်တွင် အိမ်ထောင်ကျသည့် ဒေါ်လှရီသည် အသက်(၂၈)နှစ်အရွယ်တွင် ယခုအလုပ်ကို စလုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ လုပ်ခါစအချိန်များက ခေါင်းတလားသယ်သည့် အလုပ်အပြင် စီးနင်းလိုသူများအား လိုရာခရီးသို့ လိုက်ပို့ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ခေါင်းတလားသယ်သည့် အလုပ်သာ အလုပ်များလာခဲ့သည်ဟုဆိုသည်။

‘‘ယောက်ျားက မူးပဲနေတော့ ယောက်ျားကို မခံချင်တာနဲ့ ဆိုက်ကားဝင်နင်းခဲ့တာပါ’’ဟု ဒေါ်လှရီက ဆိုက်ကားဖြင့် ခေါင်းတလားစသယ်ဖြစ်ပုံကို ဖွင့်ဟသည်။

ဒေါ်လှရီ အလုပ်လုပ်စက ယခုရေဝေးသုသာန်မပေါ်မီ ယခင်သုသာန်အဟောင်းနေရာတွင် စလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က အခြားအမျိုးသားဆိုက်ကားနင်းသူများနှင့် အပြိုင်အလုပ်လုပ်ခဲ့သည်ဟု ဆိုသည်။

‘‘ရေဝေးမတိုင်ခင် ရေဝေးအနောက်ဘက်မှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီကတည်းက လုပ်ခဲ့တာ။ မနက်တိုင်းလည်း မထသ ၃၇ ဂိတ်ကို လေးနာရီအရောက်သွားပြီး ခရီးသည်ကြိုဆိုက်ကားနင်းတယ်။ အမျိုးသားဆိုက်ကားနင်းသူတွေနဲ့ အပြိုင်ပဲ အဲဒီတုန်းက ဆိုက်ကားက ငါးစီးလောက်ပဲ ရှိသေးတယ်’’ဟု ဒေါ်လှရီက သူ၏အလုပ်ဘ၀အစပိုင်းအချိန်များကို ပြောပြသည်။

ယခုအချိန်ထိလည်း အချို့သော ခေါင်းတလားလုပ်သူအချို့နှင့် အလုပ်သမားများက ဈေးသွားလိုသည့်အခါတွင် ရံဖန်ရံခါ လိုက်ပို့ပေးရသေးသည်ဟု ဆိုသည်။ ဒေါ်လှရီအလုပ်လုပ်ခါစက ခေါင်းတလားတစ်လုံးအား ခရီးဝေးသို့ လိုက်ပို့ရလျှင် ငါးရာကျပ်သာရရှိခဲ့သော်လည်း ထိုအချိန်များက နေ့စဉ်ဝင်ငွေ တစ်သောင်းခန့် ပျမ်းမျှရသည်ဟု ဆိုသည်။ ယခုနောက်ပိုင်းတွင်တော့ သူမ၀င်ငွေ လျော့ကျလာသည်။ ခေါင်းတလားဆိုင်တန်းများက ရေဝေးအအေးတိုက်သို့ ခေါင်းတစ်လုံးပို့ရလျှင် နှစ်ရာကျပ်နှင့် အနီးနားဒေသများဖြစ်သည့် ကုန်းတလပေါင်ကဲ့သို့ နေရာများအထိ ပို့ရလျှင် ကျပ်ခြောက်ထောင်အထိရရှိသည်ဟု ဆိုသော်လည်း သူ၏တစ်နေ့ဝင်ငွေမှာ ပျမ်းမျှသုံးထောင်ဝန်းကျင်သာ ရှိတော့သည်။

ထိုသို့ဖြစ်ရခြင်းမှာ နာရေးကူညီမှုအသင်းများ ပေါ်ပေါက်လာသဖြင့် လူအများက နာရေးကိစ္စများတွင် ပြင်ပသို့ အားမကိုးတော့ခြင်းကြောင့်ဟု ဆိုသည်။ ‘‘အသက် ၂၈ နှစ်လောက်တုန်းကတော့ တစ်နေ့ကို တစ်သောင်း၊ တစ်သောင်းကျော်ကျော်လောက် ရတာပေါ့။ အခုတော့ အဲဒီလောက်မရတော့ပါဘူး။ အဖွဲ့အစည်းတွေလည်း ပေါ်လာတာကိုး’’ဟု ဒေါ်လှရီက သူ၏လက်ရှိအလုပ်အကိုင်အခြေအနေကို ပြောပြသည်။

ဒေါ်လှရီနေထိုင်ရာနေရာသည် ရပ်ကွက်နှင့် သိပ်အလှမ်းဝေးလှသည် မဟုတ်သော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်တော့ ခပ်စိမ်းစိမ်းပင်နေသည်ဟု သူကဆိုသည်။ ‘‘အခေါင်းအလုပ်ကို လုပ်နေတော့ သူတို့က စဏ္ဍာလလို့ သတ်မှတ်ထားကြတယ်လေ။ ထိုအခြေအနေဖြစ်နေသော်လည်း ဒေါ်လှရီတွင် စိတ်ပျက်အားငယ်မှုကို မတွေ့ရပါ။ သူ့သားသမီးများနှင့် ဘ၀ကို ရဲရဲတင်းတင်းပင် ဖြတ်သန်းနေသည်။ ခင်ပွန်းဖြစ်သူ ယမကာကျေးကျွန်ဖြစ်ပြီးနောက် အိမ်ထောင်စုဝင်ငွေကို ဦးဆောင်ရှာဖွေခဲ့သူဖြစ်ပြီး ခင်ပွန်းအား အိမ်တွင်နေစေကာ သောက်လိုသမျှ ခွင့်ပြုခဲ့သည့် ဒေါ်လှရီသည် ခင်ပွန်းဆုံးပါးသွားချိန်တွင်လည်း သူ့အတွက် ထူးခြားမှုမရှိခဲ့ဘဲ လုပ်လက်စအလုပ်ကို ဆက်လုပ်ကာ မိသားစုအတွက် အဓိက၀င်ငွေကို ရှာဖွေပေးနေသည်။

သားသမီးခြောက်ဦး၏မိခင် ဒေါ်လှရီသည် ငယ်စဉ်ကပင် မိခင်၊ ဖခင်များ ဆုံးပါးသွားခဲ့သဖြင့် ပညာရေးကံအားနည်းခဲ့သူဖြစ်သည်။ သူတို့၏ ဘ၀ဖြတ်သန်းမှုအရလည်း သားသမီးများအား ပညာရေးအမွေ ကောင်းစွာပေးနိုင်ခြင်းမရှိဘဲ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဖြင့်ပင် သားသမီးများအား ကျောင်းမှနုတ်ပယ်ကာ လုပ်ငန်းခွင်အတွင်းသို့ ၀င်ရောက်စေခဲ့သည်။ သူ၏ သားသမီးများသည်လည်း သူ့လိုပင် ရေဝေးသုသာန်ကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသည်။

သို့သော် ဒေါ်လှရီသည် လက်ရှိတွင် အလုပ်အကိုင်ရှိသည့် သားသမီးများ၏ ထောက်ပံ့မှုကိုမရရှိဘဲ သူ့ဝမ်းသူကျောင်းကာ အတူနေသမီးနှစ်ယောက်နှင့် ဘ၀ကို ဖြတ်သန်းလျက်ရှိသည်။ အဖွဲ့အစည်းများ ပေါ်ပေါက်လာသဖြင့် ၀င်ငွေလျော့ကျလာသည့် ဒေါ်လှရီသည် သူ၏ လျော့ကျသွားသည့်ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ပြန်ဖြည့်သည့်အနေဖြင့် ရေဝေးသုသာန်ရှိ အလုပ်သမားများအား ထမင်းချိုင့်ပို့ခြင်းအလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေရသည်ဟု ဆိုသည်။

မြန်မာမုန့်များလုပ်ရောင်းသည့် မျိုးရိုးမှ ဆင်းသက်လာသည့် ဒေါ်လှရီသည် သူ့တွင် အခြားအလုပ်တစ်ခုရွေးချယ်ရန်အခွင့်အလမ်းရှိပါက ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ကာ ရောင်းချလိုသည့် ဆန္ဒရှိသည်ဟုဆိုသည်။

သို့သော် အိမ်ထောင်ရေးကံမကောင်းခဲ့သူ ဒေါ်လှရီသည် လက်ရှိ သူလုပ်ကိုင်ရာ အလုပ်ကိုပင် အသက်ထက်ဆုံး လုပ်ကိုင်သွားရမည်ဟု ယူဆနေသူဖြစ်သည်။ ‘‘အလုပ်ကတော့ အသက်မသေမချင်း လုပ်စားနေရမှာပဲ’’ဟု မျက်နှာတွင် သနပ်ခါးအဖွေးသားလိမ်းထားသော ဒေါ်လှရီကပြောသည်။ သူ၏မျက်လုံးများကတော့ မပြီးဆုံးသေးသည့် ဘ၀တိုက်ပွဲကို တွေးတောရင်း မျှော်ငေးလျက်

From: 7 Day

www.mmdailystar.com

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်

ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။

သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက်လိုက် ရဟန်း တော်များနဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။ 


 ခေါင်းတလားနဲ့ ဆရာတော်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလားထဲ တရားရှုမှတ်ပွားများရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။ 

သေဆုံး ဖို့ ခေါင်းတလားကို ကျောင်းဝန်းက ကွက်လပ်တခုမှာ ထားပေးဖို့လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ရေးထားပါတယ်။ 

 ဒီသတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစားကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့မနက်ကတည်းက လက်ရှိဆရာတော်သတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် ခဲ့ကြတယ်။ 

ပြီးတော့ ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေက တဦးချင်းစီ နောက်ဆုံး ရှိခိုးကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော်ရဲ့ ပျံလွန်တော်မှုမယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီအစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။ 

ဆရာတော်ထံကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းထိ သူ့ရဲ့ နောက်ဆုံးတရားဒေသနာတွေကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့က ဆရာတော်ဟာ အထူးသဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြောခဲ့ပြီး လူဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေဆို တာကို ဟောပြာခဲ့တယ်လို့ဆိုပါတယ်။ 

 ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ်မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန်ကျရောက်နေခဲ့ပြီဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ 

ဆရာတော်က တပည့်သာဝကတွေကို မှာကြားတာကလည်း သတိ တရား လက်ကိုင်ထားဖို့နဲ့ ပညာဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့လည်း မှာကြားတယ်လို့ သိရပါတယ်။ 

ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီက ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင်ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက်ဖူးမျှော်ကြသူ ဒကာ ဒကာမတွေကိုလည်း ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေက ပြောဆိုကြတယ်လို့ ဆိုတယ်။ 
 
ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာမှာတော့ ဆရာတော်ဟာ ည ၉ နာရီလောက်က ကျောင်းပြင်မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီးလဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။ 

ဆရာတော်အနေနဲ့ တရားရှုမှတ်ပွားများနိုင်ဖို့ လေပေါက်ဖောက်ထားတဲ့ ခေါင်းတလားထဲ ၀င်ရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာ အခြားအတည်ပြုချက်တော့မရဘူးလို့ ရေးထားပါတယ်။ 

ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့လည်း ဆရာတော်ကို လာရောက်ဖူးမျှော်လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်းမှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့်မယ်လို့ ဆိုသူတွေလည်းရှိပါတယ်တဲ့။ 

ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမနဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။ 

ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေကတော့ ပယ်ချတယ်လို့ ဆိုပါတယ်။ 

ဆရာတော်ဟာ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေခဲ့တာဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန်ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။ 

ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Chanakarn Srisombat က ပြောတာမှာတော့ သူတို့ မိသားစုဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော်ကတည်းက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ 

အဲဒီတုန်းက ဆရာတော်ဟာ ဘုန်းကြီးကျောင်းနားက ဂူ တခုထဲမှာ ဖျားနားခဲ့ပြီး တကြိမ် သေဆုံးခဲ့ဖူးကာ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ 

အဲဒီတုန်းက သူ့အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာသာသနာ ပြုဖို့ အသက်ပြန်ရှင်ခဲ့တာ လို့ ဖခင်ဖြစ်သူက ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့မှာ တဖန် ပြန်လည် သေဆုံးရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။ 


From:ဧရာဝတီ

www.mmdailystar.com

Ooredooကို အလဲထိုးလိုက်တဲ့ MPT၊ Ooredoo ဆင်းကတ်ကို ၀ယ်ယူသူ လုံးဝမရှိတော့ကာ အလကားပေးတာတောင် မယူတော့ဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် CDMA တယ်လီဖုန်း ဆင်းကတ်များကို မြန်မာနိုင်ငံ အနှံ့တွင် တစ်ခုလျှင် ကျပ် ၁၅၀၀ဖြင့် ကတ်ပေါင်း သန်းနှင့်ချီ၍ အများပြည်သူသို့ လွတ်လပ်စွာ ရောင်းချပေးခဲ့ရာ Ooredoo တယ်လီဖုန်း ဆင်းကတ်ကို ၀ယ်ယူသူ လုံးဝမရှိတော့ဟု တယ်လီဖုန်း အရောင်းဆိုင်များက ပြောဆိုလာကြသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကဒ်များအား ပြည်သူများ ကြိတ်ကြိတ်တိုး ၀ယ်ယူကြပြီး ပြင်ပဈေးကွက်တွင် ကတ်တစ်ခုလျှင် ကျပ်နှစ်သောင်း အထိပင် ဈေးတက်သွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် တယ်လီဖုန်း အသစ်တစ်လုံး ၀ယ်သူတိုင်းကို Ooredoo ဆင်းကတ် လက်ဆောင်ထည့် ပေးသည်ကိုပင် မယူသော မထည့်ခိုင်းသောသူများ ရှိလာသည်အထိ အချိန်တို အတွင်း Ooredooကို သုံးစွဲသူများ လျှော့ကျသွားခဲ့ကာ တယ်လီဖုန်း သုံးစွဲသူ တစ်ဦးကလည်း တယ်လီနော ဆိုရင် အဆင်သင့် မဖြစ်သေးတော့ ဈေးကွက်ထဲကို လုံးဝမထည့်သေးဘူး။ Ooredoo ကတော့ ရောင်းရသမျှ အမြတ်ဆိုပြီး သူ့စနစ်ကို ပြီးပြည့်စုံအောင် မစမ်းသပ်ဘဲနဲ့ ဈေးကွက်ထဲကို ထည့်လိုက်တယ်။ သုံးစွဲသူတွေ အတွက် ခေါ်ဆိုမှုတွေကို လုံးဝ အဆင်မပြေသလို အင်တာနက် သုံးစွဲခကလည်း ခေါင်ခိုက်နေတာပဲ။ မီဒီယာတွေက ၀ိုင်းရေးမှ အင်တာနက် သုံးစွဲခကို ဈေးချပေးသည်။ ၂၅ကျပ်ကနေ ၁၀ကျပ်ကို ချပေးတယ်ဆိုတော့ သူတို့ရဲ့ ရရင်ရသလောက် ယူမယ်ဆိုတဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ်ကို အတိုင်းသား မြင်လိုက်ရတယ်ဟု အင်တာနက်သုံးစွဲသူ တစ်ဦးက ပြောသည်။ နောက်တစ်ဦးကမူ သူတို့ Ooredooကတ်ကိုသုံးဖို့ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းကို တစ်သိန်းနီးပါးပေးပြီး ၀ယ်ရဦးမယ်။ မြန်မာနိုင်ငံက ပြည်သူတွေဆီကနေ ရသလောက် အကုန်လှီး ထုတ်မယ်ဆိုတဲ့ Ooredooရဲ့ အကျင့်စရိုက်ကို ထင်းထင်းကြီး မြင်လိုက်ရတာပဲဟု ပြောပြခဲ့သည်။

ပြည်သူတစ်ဦးကမူ “ဆက်သွယ်ရေးက အစကတည်းက ဒီလို နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းပြီး ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်းပေးရင် ရတာပဲ။ အခုလို Ooredooလို ခပ်ပဲ့ပဲ့ကုမ္ပဏီကို ဘာလို့ ပြည်တွင်းက လုပ်ကိုင်ခွင့် ပေးလိုက်သလဲဆိုတာ နားမလည်ဘူး။ ကျွန်မကတော့ ဆက်သွယ်ရေးကိုပဲ ယုံတယ်။ ဆက်သွယ်ရေး ဖုန်းကိုပဲ သုံးမှာ။ Ooredooက တစ်လလောက် စောရောင်းလို့ ကတ်တစ်သန်းလောက် ရောင်းလိုက်ရတာ။ တကယ်လို့ ဆက်သွယ်ရေးနဲ့ Ooredoo တစ်ရက်ထဲ ပြိုင်ရောင်းကြည့်ပါလား။ Ooredooတော့ မျက်ရည်တောင် သုတ်သွားရဦးမှာ။ အခုလည်း ကတ်သာ ရောင်းရတယ်။ သူ့ဖုန်းကို ပြောမယ့်သူ မရှိသလောက်ပါပဲ”ဟု သူမ၏ အမြင်ကို ပြောပြသွား ခဲ့သည်။

“Ooredooက နိုင်ငံခြားသားတွေက သူတို့ကိုယ်သူတို့ အဖြူတွေဆိုပြီး ဘ၀င်မြင့်နေတာကလွဲရင် မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်း သဘောသဘာဝကို ဘာမှမသိဘူး။ သတင်းစာ ရှင်းလင်းပွဲမှာ တက်လာတဲ့ သတင်းထောက်တွေကို Ooredooက CEO ဆိုတဲ့ပုဂ္ဂိုလ်က ဆင်းကတ် တစ်ကတ်ကို ဘယ်လောက်လဲဆိုပြီး အောက်က သတင်းထောက်တွေကို အော်အော်ပြီး ကလေးလို မေးနေသေးတယ်။ သူတစ်ဦးတည်းက ၁၅၀၀ကျပ်နဲ့ ရောင်းတာမှ မဟုတ်ဘဲ သူများလည်း ရောင်းနေတာပဲ။ ဒါကို အဟုတ်မှတ်ပြီး ဘ၀င်ကိုင်နေသေးတယ်။ သူတို့ကြောင့်ပဲ မြန်မာနိုင်ငံက လူတွေ အဆင့်အတန်းရှိရှိ နေရတော့မယ့် ပုံစံနဲ့ ပြည်သူတွေကို lookdown လုပ်နေသေးတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှလည်း သူ၏အတွေ့အကြုံကို ပြောပြခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ယခုလို ပြည်သူတို့၏ တစ်ခဲနက် ထောက်ခံအားပေးမှုကို ရနေချိန်တွင် ယခင်ထက် ကောင်းမွန်သော ၀န်ဆောင်မှုများပေးရန် လိုအပ်ကြောင်း၊ ယခု ပေးအပ်နေသည့် ကျပ်၅၀၀၀ဖိုး ငွေဖြည့်ကတ် ၀ယ်ပါက ၂၀% ဘောနပ်စ်၊ ကျပ် တစ်သောင်းဖိုး ၀ယ်ပါက ၃၀% ဘောနပ်စ်ပေးခြင်းများသည် ကောင်းမွန်ပါကြောင်း၊ ပထမဆုံး လုပ်ခဲ့သည့် ပရိုမိုးရှင်း ဖြစ်သော လူသုံးဦးထံ ဆက်သွယ်ပါက ၂၅ ကျပ်နှုန်းပေးပြီး ထိုသို့ဆက်သွယ်ရန် မှတ်ပုံတင်သည်နှင့် ကျပ် ၂၅၀၀ဖြတ်ယူခြင်းမျိုးကိုမူ ထပ်မံ မလုပ်စေလိုကြောင်း၊ ထိုစဉ်က ပရိုမိုးရှင်းမှာ သုံးစွဲသူ ပြည်သူများကို လျှော့မတွက်စေလိုကြောင်း၊ KDDIသည် ဂျပန်ကုမ္ပဏီ ဖြစ်သဖြင့် မြန်မာတို့၏ စိတ်နေစိတ်ထားကို နားလည်မည် မဟုတ်သဖြင့် သက်ဆိုင်ရာ မြန်မာ့ဆက်သွယ်ရေးမှ ထိန်းကျောင်းပေးရန်လိုကြောင်း၊ Ooredoo လုပ်သကဲ့သို့ သုံးစွဲသူ ပြည်သူများကို ခပ်ညံ့ညံ့ဟု တွက်လျှင် ခံရမည်ဖြစ်ကြောင်း သုံးစွဲသူများ၏ အသံကို တင်ပြလိုက်ရပါသည်။
From: Tomorrow

www.mmdailystar.com

ကျ‌နော်‌‌‌မေ့မရနိုင်‌‌သော‌နေ့များမှ --- အဆက်‌ ၂



အဲ့ဒါနဲ့ကျ‌နော်‌ .... ဓာတ်‌ပုံ‌လေး‌ပေါ်က ‌ရေစက်‌က‌လေးကို မသိမသာလက်‌နဲ့ပွတ်‌ပြီး ကျ‌နော့်‌ရဲ့ညာဘက်‌အိတ်‌ကပ်‌ထဲပြန်‌ထည့်‌လိုက်‌တယ်‌ ဒီညမှာ ကင်းအ‌ရေးကြီး‌ကြောင်း အားလုံးတစ်‌ဝက်‌အိပ်‌တစ်‌ဝက်‌နိုး‌နေရန်‌နှင့်‌ ထူးခြားမှု တစ်‌စုံတစ်‌ရာဖြစ်‌တိုင်း မိမိထံသတင်းပို့ရန်‌/ ကင်းကိုနှစ်‌‌ယောက်‌တွဲ‌စောင့်‌ရန်‌/ ရာသီဥတု‌အေး‌သော‌ကြောင့်‌ သတိထား‌နေရန်‌‌ပြောပြီး ကျ‌နော်‌‌နေတဲ့ အိုဘာဟတ်‌လေးထဲပြန်ဝင်‌ခဲ့တယ်‌.... လကြီးကလည်းသာလှသလို အ‌အေးဒီဂရီကလည်းမြင့်‌သထက်‌မြင့်‌လာသည်‌ ငယ်‌ငယ်‌ကလို ဖိုးလမင်းဆီကသာ ‌တောင်းလို့ရမယ်‌ဆို ကျ‌နော့ဟန်း‌ကော‌လေးထဲ ထမင်းတစ်‌ဆုပ်‌‌လောက်‌ပဲဖန်‌ဆင်း‌ပေးပါလို့‌ပြောလိုက်‌ချင်‌ရဲ့ ... ၀၃:၃၀ချန်‌‌ရောက်‌‌တော့ ကျ‌နော်‌‌မှေးခနဲအိပ်‌‌ပျော်‌သွားတာ နာရီပြန်‌ကြည့်‌‌တော့ ၀၅:၀၀ ချိန်‌ဖြစ်‌‌နေပီ တစ်‌ကုန်းလုံးလည်း နှင်း‌တွေ‌ဖွေးလို့ ‌ဘေးကခွဲတပ်‌ကြပ်‌ကြီးခင်‌‌မောင်‌ရီက ခန္ဓာကိုယ်‌အပြည့်‌‌တောင်‌မဖုံးတဲ့ ဆာလာအိတ်‌အပြဲ‌လေးကိုခြုံပြီး တကျွတ်‌ကျွတ်‌နဲ့ငြီးနေ‌လေရဲ့ (၄င်းဒဏ်‌များ‌ကြောင့်‌ ‌နောင်‌တွင်‌နှင်းကိုက်‌ပီး သူ့‌ခြေထိပ်‌က‌လေး‌တွေဖြတ်‌ပြစ်‌ခဲ့ရတယ်‌)
'' ဆရာကြီး‌ရော့ ကျ‌နော့‌မြေခင်းခဏခြုံထား ကျ‌နော်‌စခန်းလိုက်‌စစ်‌လိုက်‌ဦးမယ်‌ တပည့်‌‌တွေငိုက်‌လို့မဖြစ်‌ဘူးး ဟို‌ကောင်‌‌တွေက နံက်‌‌စော‌စောလုပ်‌တတ်‌တယ်‌ '' ဆိုကာကျ‌နော့်‌ကိုယ်‌‌ပေါ်က‌မြေခင်းစကို ခွာချကာသူ့အား‌ပေးပြီး
လိုက်‌ကြည့်‌‌တော့ အားလုံးစိတ်‌ချရပါသည်‌ မိမိ‌နေရာတွင်‌မိမိစနစ်‌တကျရှိ‌နေသည့်‌အတွက်‌ စခန်းအားတစ်‌‌ခေါက်‌ပြန်‌ပတ်‌ကြည့်‌ပြီး
ပြန်‌အ‌ရောက်‌.....
>> ဝုန်း ... ဂျိမ်းးး ... ဆိုတဲ့အသံနဲ့အတူ ဒုတကသန်းထွန်းဝင်း‌နေတဲ့တဲတစ်‌ခုလုံးတစ်‌စစီ လွင့်‌စင်‌သွား‌လေသည်‌ ...
'' ဟေ့... ဘယ်‌သူထိသွား‌သေးလဲ'' ဟူ‌သော မေးသံအဆုံး ပြန်‌‌ဖြေသူက
'' ဗိုလ်‌ကြီးအဲ့ထဲမှာ ကျ‌နော့်‌က‌လေးအတွက်‌ပြန်‌ရင်‌‌ပေးဖို့ လုပီကဝယ်‌လာတဲ့ မိုးကာအကျီ‌လေးပါသွားပီ'' ဟု သန်းထွန်းဝင်းကု ရယ်‌ကျဲကျဲပြန်‌‌ဖြေသည်‌.... ''ငါကမင်းမိန်းမကိုပြဖို့ မင်းဟာဘယ်‌နားလိုက်‌ရှာရ‌တော့မလဲစဉ်းစား‌နေတာကွ'' လို့ကျ‌နော်‌‌ပြောလိုက်‌‌တော့ ''ဟားဟားး အဲ့ဒါ‌လေးက ‌ပျောက်‌‌တောင်‌‌နေပီ ‌သေး‌ပေါက်‌ရင်‌‌တောင်‌မနဲလိုက်‌ရှာ‌နေရတှာ ဗိုလ်‌ကြီးရ '' ‌အေးပါကွာ လို့သာပြန်‌‌ပြောပြီး‌နေရာပြန်‌ယူဖို့မှာလိုက်‌သည်‌
ယ‌နေ့ဆိုလျင်‌မိမိတို့စခန်း အဝိုင်းခံထားရသည်‌မှာ ၇ ရက်‌ရှိပီဖြစ်‌သည်‌ စစ်‌မျက်‌နှာသုံးဖက်‌ဖြင့်‌ ပိတ်‌ဆို့ထားသည်‌မို့ ‌ရန်‌သူ့ပစ်‌ခတ်‌မှုမှာ မိမိစခန်း‌ပေါ်သို့ လက်‌ယှက်‌ထိုးအ‌နေထားဖြစ်‌သည်‌ တစ်‌‌နေ့လျင်‌ ရန်‌သူမှRPG/ 57 တို့ဖြင့်‌ ၂၀/၃၀ လုံးထက်‌မနည်းပစ်‌‌လေ့ရှိသည်‌ အ‌နောက်‌‌တောင်‌ တရုတ်‌နယ်‌ခြားစည်းဘက်‌မှပိတ်‌ဆို့ထား‌သော ဝါးရုံကုန်းမှာ မိမိတို့ကုန်းထက်‌အ‌ပေါ်စီးကျပီး မီတာ ၄၀၀ ‌လောက်‌သာ‌ဝေးသည်‌
ထို့‌ကြောင့်‌ မိမိတို့စစ်‌သည်‌များသည်‌လည်း လှိုင်‌‌ခေါင်းများတူးကာ တဲများကို စွန့်‌လွှတ်‌ကြရသည်‌ အဘယ့်‌‌ကြောင့်‌ဆို‌သော်‌ တဲများသည်‌ ၄င်းတို့ပစ်‌ခတ်‌‌သော လက်‌နက်‌ကြီးပစ်‌မှတ်‌များအဖြစ်‌တည်‌ရှိ‌နေသာ‌ကြောင့်‌ပင်‌ဖြစ်‌ပါသည်‌

တပည့်‌များအား‌နေရာပြန်‌‌နေခိုင်းပီး ကျ‌နော်‌နှင့်‌ ကိုထင်‌လင်းဦး လည်းအိုဘာဟတ်‌ထဲပြန်‌အ‌ရောက်‌ အ‌ရှေ့ကုန်းမှ တရုတ်‌စက်‌လက်‌. ၄၀ မမတို့ဖြင့်‌ လှမ်းပစ်‌သည်‌ ကျ‌နော်‌တို့ဆီမှRPG စက်‌လက်‌ ၄၀မမ တို့နဲ့ ပြန်‌ပစ်‌ခတ်‌ပြီး ပစ်‌အားမှာမိမိဘက်‌မှ ခံစစ်‌အ‌နေထားဖြစ်‌‌သော‌ကြောင့်‌ ကျည်‌‌ချွေတာရသည်‌
တပည့်‌များ‌နေရာယူထားမှုမှာ ၄င်းတို့ပစ်‌ခတ်‌‌သော ကျည်‌များထိ‌ရောက်‌မှုမရှိလှ‌ပေ ယခင်‌လည်းထိုကဲ့သို့ ဖြစ်‌‌နေကျမို့ မထူးဆန်း‌သောပစ်‌ခတ်‌မှုသာဖြစ်‌သည်‌ ပစ်‌ခတ်‌ရာတွင်‌ KIA ကုန်းညာဘက်‌‌အောက်‌က ဒုက္ခသည်‌စခန်းအား မထိခိုက်‌‌စေရန်‌မှာရသည်‌ KIAကုန်းအား မီတာ ၅၀၀ ‌လောက်‌‌ကျော်‌သွားလျင်‌လည်း တရုတ်‌ပြည်‌ဖြစ်‌‌သော‌ကြောင့်‌ ပစ်‌ခတ်‌မှုထိန်းသိမ်းရသည်‌
‌ ၁၅မိနစ်‌‌လောက်‌‌နေ‌တော့ အပစ်‌ရပ်‌သွားသည်‌
'' ဒီလိုပစ်‌ပီးရင်‌ အ‌နောက်ဝါးရုံကုန်းက RPG နဲ့ပစ်‌တယ်‌ သတိထား‌နေ‌ကြ‌ဟေ့ '' ဟုကိုထင်‌လင်းဦး စကားအဆုံး ကျ‌နော်‌‌နှင့်‌သူထိုင်‌‌နေ‌သော အိုဘာဟတ်‌ထဲတည့်‌တည့်‌ { အစ်‌ကိုကြီးလာပီ} ဆို‌သော ကျ‌နော့စကားပင်‌မဆုံးလိုက်‌.... ကျ‌နော့နားထဲ မိုကြိုးပစ်‌သံလို '' ဂျိမ်းး'' ဆိုတဲ့အသံနဲ့ ယမ်းခိုး‌ငွေ့များ ‌ကျောက်‌မှုံ‌ကျောက်‌စများ နှင့်‌ ခြားရဟတ်‌စီးသလိုခံစားမှုနှင့်‌အတူ .....

ဆက်‌လက်‌‌ဖော်‌ပြပါမည်‌ ....

From: - Aung Nway Oo

www.mmdailystar.com

လူဝကြီး အဖြစ်မှ ပျိုမေတို့အကြိုက် ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ပိုင်ရှင် သွားသူ



အင်္ဂလန်နိုင်ငံသား မိုက်ဟာ အ၀လွန်သူအဖြစ် သတ်မှတ်ခံထားရပေမယ့် လက်ရှိအချိန် မှာတော့ သူ့ကို ကြွက်သားတွေ ပိုင်ဆိုင်ထားသူအဖြစ် ခေါ်ဆိုနေကြ ပါတယ်။ အသက် (၃၂) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မိုက်ရဲ့ ကိုယ် အလေးချိန်က (၄၆၂) ပေါင် အထိ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကိုယ် အလေးချိန်က (၂၅၂) ပေါင်သာ ရှိပါတော့တယ်။ တစ်နည်းအားဖြင့် လူဝကြီး အဖြစ်မှ ကြွက်သားတွေနဲ့ အချိုးကျ လှပတဲ့ ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိုက်ဟာ အသက် (၂၁) နှစ် အရွယ်မှာ ကိုယ်အလေးချိန် (၃၀၈) ပေါင်ရှိခဲ့ ပါတယ်။ ဒီနောက် မဆင်မခြင် နေထိုင် စားသောက်မှုကြောင့် အသက် (၂၉) နှစ် အရွယ်မှာ ကိုယ်အလေးချိန် (၄၆၂) ပေါင် အထိ ဖြစ်လာပါတယ်။

 အ၀လွန်မှုကို မိုက် အနေနဲ့ စိတ်ပျက်လာခဲ့ပြီး အစာအိမ်ကို တောင် ဖယ်ထုတ်ပစ်ဖို့ စဉ်းစားလာခဲ့ ပါတယ်။ မိုက်ဟာ ငွေကြေး ကုန်ကျခံပြီး ခွဲစိတ်မှု ပြုလုပ်ခဲ့ပေမယ့် လိုချင်တဲ့ အဖြေမရတာမို့ ကာယ လေ့ကျင်မှုနဲ့ အလေးချိန် လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနောက် မိုက်ဟာ အလေးချိန် လျော့ကျဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အကျိုးဆက် ကတော့ အံ့အားသင့်ဖွယ်ကောင်းအောင် မတူညီတော့တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ မိုက်ဟာ သူ့ရဲ့ကိုယ်အလေးချိန် လျှော့ချစဉ် အတွင်း ကြုံတွေ့ခဲ့တဲ့ အရာတွေကို စာအုပ်အဖြစ် ရေးသားပြီး ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် မိုက်ဟာ အ၀လွန် သူတွေကို အကြံဉာဏ်ပေးပြီး ကူညီမှုတွေ ပေးနေပါတယ်။ မိုက်က ကိုယ်အလေးချိန် လျှော့ချရာမှာ စိတ်ဓာတ် ကြံ့ခိုင်မှုက အလွန်း အရေးကြီးကြောင်း အကြံပြု ပြောကြားခဲ့ပါတယ်။
From: Messenger

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...