Friday, 12 September 2014

မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး မတွေ့ ဟု ရေငုပ်အဖွဲ့ ခေါင်းဆောင်ပြော



မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ ရှိပြီဟု ဦးစံလင်း၏ သတင်း ထုတ်ပြန်မှုမှာ ခေါင်းလောင်း မတွေ့ ဘဲ သတင်း ထုတ်ပြန်ခဲ့သည်ဟု ရေငုပ်သမား အဖွဲ့ ခေါင်းဆောင် ဦးသန်းညွှန့်က လွတ်လပ်သော မွန်သတင်း အေဂျင်စီ (IMNA) သို့ ပြောသည်။

ဦးသန်းညွှန့်က “ဦးစံလင်း ခေါင်းလောင်းတွေ့ ပြီးလို့ သတင်းထုတ်ပြန်တာ သူကုန်းပေါ်မှာ တွေ့ ရင်တွေ့ မယ်၊ ကျနော်တို့ရေအောက်မှာတော့မတွေ့ ပါဘူး၊ ကျနော်တို့ တွေ့ တာက ရွှံ့တွေ၊ သင်္ဘောပျက် တစ်စီးပဲ တွေ့ တယ်” ဟုပြောသည်။

မွန်ဓမ္မစေတီ ခေါင်းလောင်းကြီး ကြိုးချည်နေသည်ဟု ပြောဆိုသည်မှာ သင်္ဘောပျက်ကို ကြိုးချည်နေခြင်းသာ ဖြစ်ပြီး၊ ခေါင်းလောင်းနှင့် ပတ်သက်၍ အရိပ်အရောင်တောင် မတွေ့ ခဲ့ပါဘူး ဟုပြောသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်က “ခေါင်းလောင်းမတွေ့ ခဲ့ပါဘူး၊ ရေငုပ်သမားတွေက သင်္ဘောပျက်လို့ပြောခဲ့ပါတယ်၊ ဦးစံလင်းက ဘိုးတော်စကားကို ယုံခဲ့မိလို့ဖြစ်သွားတာပါ” ဟုပြောသည်။

ထို့နောက် သြဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်းလောင်းတွေ့ ရှိကြောင်း သတင်းထုတ်ပြန်လိုက်သည်မှာ လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်စိတ်ဖြင့် ဦးစံလင်း သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

ခေါင်းလောင်းရှာဖွေးရေးကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး၌ ဦးစံလင်း၏ ညွှန်ကြားချက်ဖြင့်၊ သောင်တူးစက်ချထားသည့် နေရာအနီးတစ်ဝိုက်သာ ရှာဖွေခဲ့သည်ဟု ဆက်ပြောသည်။

ရေငုပ်သမား ၁၀ ဦးတို့မှ တစ်ရက်လျှင် ရေထချိန် မနက်၊ ညနေ တစ် ကြိမ်စီ ငုပ်ပြီး၊ ရေစီးကြမ်းသည့် ရက်တွင် ရေမငုပ်နိုင်ကြောင်း ဦးသန်းညွှန့်က ပြောသည်။ မွန်ရှေးဟောင်းသုတေသန ပညာရှင် နိုင်မောင်တိုးက “အစပိုင်းတော့ ခေါင်းလောင်းကြီးကို တွေ့ ပြီ၊ တွေ့ ပြီ ပြောတယ် နောက်ပိုင်း ရှူးသွားကြတာချည်းပဲ၊ ဘာပဲဖြစ်ဖြစ်ပေါ့နော် အခုကျနော်တို့ မွန်ရှေ့ဟောင်းအမွေနှစ် တကယ် ရှိခဲ့တယ်ဆိုတာ ကမ္ဘာထိတောင်ပျံ့သွားပြီး” ဟုပြောသည်။

ဓမ္မစေတီခေါင်းလောင်းအား ၁၉၉၇ ခုနှစ် ဇွန်လ (၁၀)ရက်နေ့၊ ၁၉၉၈ ဇွန် (၂၆) ရက်၊ ၁၉၉၈ အောက်တိုဘာလ (၁၃)ရက်၊ ၁၉၉၉ ခုနှစ် သြဂုတ်လ (၁၃) ရက်၊ ၂၀ဝဝ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် (၅ )ကြိမ်တိုင်တိုင် ဦးစံလင်းက ကြိုးစားဆယ်ယူခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ဦးစံလင်း ကိုဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်နှင့်သာကြုံခဲ့ရသည်။

မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သြဂုတ်လ ၉ ရက်မှ စတင်ရှာ ဖွေတူးဖော်ပြီး ၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ခေါင်းလောင်းတွေ့ ရှိပြီးဖြစ်ကြောင်းကို သတင်းထုတ်ပြန်ခဲ့သည်။

ခေါင်းလောင်းရှာဖွေခြင်း ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀ဝဝ နီးပါးခန့် အထိ ရှိမည်ဟု ခန့်မှန်းထားသည်။

From: မွန်သတင်း အေ ဂျင်စီ

www.mmdailystar.com

မသေမချင်း မှတ်ထား.... ဒီ နိုင်ငံ …. ဘယ်လိုနိုင်ငံ ....ပြည်သူ .... ပြည်သူချင်း သိတယ် ....


အဟက် .....
၄၈ - ၅၀ .....
နောက်ဆုံး လက်ကျန် ....
တပ်ရင်းလေး ၁၀ ရင်းလောက်နဲ့ .....
အင်းစိန်မှာ အသေခံ တိုက် နေရတုန်းကလဲ .....
ဘယ် ဒေါင်းစားမှ အကူအညီ မပေး ခဲ့ ဖူး ဘူး.....

၅၀ - ၅၂ .....
ဘူးသီးတောင် မောင်းတော....
ကုလားဆိုးတွေ ကျူးကျော်လို့ .....
မေယု စစ်ဆင်ရေး နဲ့  .....
သူတပြန် ကိုယ်တပြန် ဆော် နေရတုန်းကလဲ.....
ဘယ် ဒေါင်းစား မှ လှည့် ကြည့်ဖော် မရခဲ့ဘူး.....

၅၀ - ၅၃....
တရုတ်ဖြူ တပ်တွေ သောင်းနဲ့ ချီ ၀င်လာလို့ ...
ကုလသမဂ္ဂ ကို အားကိုးတကြီး သွား တိုင် .....
ဘယ် ဒေါင်းစား မှ တစ်ချက် ၀င်မပြော ပေးခဲ့ဘူး.....

၆၄ - ၇၂ .....
ပဲခူးရိုးမ မှာ ကွန်မြူနစ် ၀ါဒ နဲ့ ......
မီးကုန်ယမ်းကုန် ချ နေရ....
ဘယ် ဒေါင်းစား မှ အသံ တစ်ချက် မထွက်ခဲ့ ဘူး.....

၇၄ - ၈၆ .....
အရှေ့ မြောက် ဒေသ .....
တရုတ် ထောက်ပံ့ တဲ့ တပ်တွေ နဲ့ .....
အလောင်းချင်း ထပ် တိုက်ပွဲဝင်နေ ရတုန်းကလဲ.....
ဘယ် ဒေါင်းစား မှ စစ်ကူ မလာခဲ့ဘူး.....

၈၈ - ၉၀ ....
မိုင်းယန်း - မဲသဝေါ ဒေသ ....
တပ်ရင်းလိုက် သွေး ပင်လယ် ဝေ နေတုန်းကလဲ....
ဘယ် ဒေါင်းစားမှ သင်တန်း ခေါ် မပေးခဲ့ဘူး.....

အေး.....
မသေမချင်း မှတ်ထား....
ဒီ နိုင်ငံ …. ဘယ်လိုနိုင်ငံ ....
ဒီ စစ်တပ် … ဘယ်လို စစ်တပ် တုန်းဆိုတာ.....
စစ်သား......... စစ်သားချင်း သိတယ်.....
နိုင်ငံရေးသမား …နိုင်ငံရေးသမားချင်း သိတယ် …
ပြည်သူ .... ပြည်သူချင်း သိတယ် ....

မင်းတို့ လုံခြုံရေး အကူအညီ ပေးမှ …
တို့  တိုင်းပြည် ရပ်တည်လို့ ရရအောင် ….
ငတို့ က ဖိလစ်ပိုင်လည်း မဟုတ် …
ကိုရီးယား လည်း မဟုတ် သလို …
ထိုင်ဝမ် လည်း မဟုတ်ပါဘူးကွယ် …

စဉ်းစဉ်း စားစားတော့ လုပ်ကြ ပြောကြပါ …
ကို ရွှေအမေရိကန်တို့ ရယ် ….
ဒီမှာ ရယ်လိုက်ရတာ …
-----အု တောင် နာတယ် ….
ဟက် … ဟက် …. ။ ။
 
 
From:Ye Moe

www.mmdailystar.com

ဖက်တီကောင်လေးဘဝမှ မိန်းမချော ဘဝသို့ ကူးပြောင်းသူ







ထိုင်းနိုင်ငံက ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ပေါင်ချိန်ဟာ ၁၂၈ ကီလိုဂရမ် ရှိပါတယ်။ ယင်းကိုယ်အလေးချိန်ကနေ ၅၅ ကီလိုဂရမ် ကျန်အောင် သူကြိုးစားပါတယ်။ ကြိုးစားမှုထဲမှာ လေ့ကျင့်ခန်းအပြင် ခွဲစိတ်မှုပါ ပါဝင်ပါတယ်။ အသားရောင်က အစ အနက်ရောင်ကနေ ဖြူအောင် ခွဲစိတ်ခဲ့ခြင်း ဖြစ်ပါတယ်။

နောက်တော့ မျက်နှာခွဲစိတ်ပြုပြင်မှုကို ပြုလုပ်ပါတယ်။ သူကိုယ်တိုင်ကလည်း အမျိုးသမီး ဖြစ်ချင်စိတ်ရှိနေသူမို့ မော်ဒယ်မလေးလို လှအောင် ခွဲစိတ်ပြုပြင် ပါတယ်။ ပြီးတော့ 38D အရွယ် ရင်သားအတုကို ပလပ်စတစ် ဆာဂျရီနဲ့ ထည့်သွင်း ပါတယ်။ နောက်ဆုံးမှာတော့ ဘယ်သူမှ ထင်မှတ် မထားတဲ့ အနေအထား တစ်ခုကို ရောက်ရှိသွားပြီး လူသိများ၊ ညို့အားပြင်းတဲ့ မော်ဒယ် မလေး တစ်ဦး ဖြစ်လာ ပါတယ်။ အမည်ကတော့ Pissy လို့ nickname ပေးထား ပါတယ်။

ဒါကြောင့်မို့ သူဟာ Facebook ပေါ်မှာ အင်မတန် follower များတဲ့ ဆယ်ကျော်သက် ကလေးမလေး တစ်ဦး ဖြစ်လာပြီး ကမ္ဘာ့ လက်ရာအပြောင်မြောက်ဆုံး ပလပ်စတစ်ဆာဂျရီနဲ့ လိင်ပြောင်းလဲမှု ခွဲစိတ်မှု ရလဒ် တစ်ခုလို့ ပြောစမှတ် ပြုစေခဲ့ ပါတယ်။


From:ရိုးရာလေး

www.mmdailystar.com

အစ္စလာမ္မစ်စစ်သွေးကြွများအား နှိမ်နှင်းမည့် မဟာဗျူဟာ လေးခုကို အမေရိကန်သမ္မတ ထုတ်ပြန်ကြေညာ

အစ္စလာမ္မစ်စစ်သွေးကြွ Islamic State (IS)  ခေါ် Islamic State of Iraq and the Levant (ISIL) အဖွဲ့အား နှိမ်နှင်းမည့် မဟာဗျူဟာ လေးခုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Obama ISIL

အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအဖြစ်လည်း တာဝန်ရှိသူ သမ္မတအိုဘားမားက “ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရမှာဖြစ် ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်ခဲ့တဲ့ အကြမ်းဖက်သမားတွေကို တိုက် ခိုက်ခဲ့ပါတယ်။ အိုစမာဘင် လာဒင်နဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင်တွေကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် မှာ ရှင်းလင်းခဲ့ပါတယ်။ ယီမင်က အယ်လ်ကိုင်ဒါအဖွဲ့ခွဲကို တိုက်ခိုက်ခဲ့သလို ဆိုမာလီ က အယ်လ်ကိုင် ဒါအဖွဲ့ခွဲ ခေါင်းဆောင်တစ်ဦးကိုလည်း ရှင်းလင်းခဲ့တယ်။ အီရတ်မှာ စေလွှတ်ထားတဲ့ အမေရိကန်တပ် ဖွဲ့ဝင် ၁၄၀၀၀၀ ကို ပြန်ခေါ်ခဲ့သလို အာဖ ဂန်မှာရှိတဲ့ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကိုလည်း လျော့ချနေပြီး ဒီနှစ်အကုန်မှာ အဲဒီနိုင်ငံက စစ်ဆင်ရေးတွေမှာ ကျွန်တော်တို့ ပါဝင်မှာမဟုတ်တော့ပါ ဘူး။ အမေရိကန်စစ်တပ်နဲ့ အကြမ်းဖက်နှိမ်နှင်းရေး ကျွမ်းကျင်သူတွေကြောင့် အမေရိကန်နိုင်ငံဟာ ပိုမိုလုံခြုံလာပါတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားသည်။

ISIL စစ်သွေးကြွများအား နှိမ်နှင်းရေးနှင့် ပတ်သက်၍ သမ္မတအိုဘားမားက ထုတ်ပြန်ခဲ့သည့် မဟာဗျူဟာ လေးခုကိုလည်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထား သည်။

၁။ ISIL အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မည့် အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်သွားရန်
အီရတ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ လူသားဆိုင်ရာ အကူအညီပေးရေး အဖွဲ့များကို ကာကွယ်ပေးခြင်းသာမကဘဲ ISIL အဖွဲ့ကို အီ ရတ် တပ်ဖွဲ့များက ထိုးစစ်ဆင်နေသကဲ့သို့ အမေရိကန်အနေဖြင့်လည်း စစ်သွေးကြွတို့၏ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ် သည်။ ထို့ပြင် အမေရိ ကန်နိုင် ငံအား ခြိမ်းခြောက်နေသည့် အကြမ်းဖက်သမားများကို ၎င်းတို့မည်သည့် နေရာတွင် ရှိနေသည်ဖြစ်စေ ရှာဖွေဖမ်းဆီးသွားမည့်အပြင် ဆီးရီးယားနှင့် အီရတ်ရှိ ISIL အဖွဲ့ဝင်များ ကို အရေးယူရာတွင် တုန့်နှေးနေမည်မဟုတ်ကြောင်း အိုဘားမားက ပြောကြားသည်။

၂။ ISIL အဖွဲ့ကို မြေပြင်ထိုးစစ်ဆင်နေသည့် တပ်ဖွဲ့များကို တိုးမြှင့်အကူအညီပေးခြင်း
အီရတ်လုံခြုံရေးတပ်ဖွဲ့များအား မည်ကဲ့သို့ အကူအညီပေးရမည်ကို စီစဉ်ဆောင်ရွက်ရန် အမေရိ ကန်တာဝန် ရှိသူများကို ဇွန်လအတွင်း အီရတ်သို့ စေလွှတ်ခဲ့ရာ ယခုအခါ အဆိုပါအဖွဲ့၏ လုပ်ငန်းစဉ်များ အပြီးသတ်သွား ပြီဖြစ်သကဲ့သို့ အီရတ်အစိုးရသစ်ကိုလည်း ဖွဲ့စည်းပြီးဖြစ်သည်။ ဆက်လက်၍ အီရတ်သို့ အမေရိကန် တာဝန်ရှိ သူ ၄၇၅ ဦးကို ထပ်မံစေလွှတ်သွားမည်ဖြစ်ဖြစ်သည်။ ၎င်းတို့သည် တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည် မဟုတ်ဘဲ အီရတ်နှင့်ကာ့ဒ်တပ်ဖွဲ့များအား သင် တန်းပေးခြင်း၊ ထောက်လှမ်းရေးနှင့် စစ်လက်နက်ပစ္စည်းအသုံးပြု မှုများတွင် ကူညီပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။ အီရတ်အစိုးရက အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့များ ထူထောင်ပြီး ISIL စစ်သွေးကြွများ၏ ချုပ်ကိုင်ထားမှုမှ ဆွန်နီမွတ်စလင်များ လွတ်မြောက်စေရန် ဆောင်ရွက်နေမှုကို အမေရိကန်က ကူညီပံ့ပိုးသွားမည်ဖြစ်သည်။ ဆီးရီးယားနယ်စပ်တွင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များအား အမေရိကန်က စစ်ရေးအကူအညီများ ပေးနေပြီး အဆိုပါအဖွဲ့ များကို လေ့ကျင့်ပေးရန်နှင့် လိုအပ်သည်များကို ပံ့ပိုးပေးရန် သမ္မတအိုဘားမားက လုပ်ပိုင်ခွင့်နှင့်အေ ထာက်အပံ့ များကို ကွန်ဂရက်မှ တောင်းခံခဲ့သည်။ သမ္မတအာဆတ်အနေဖြင့် ဆီးရီးယားပြည်သူများကိုပင် အကြမ်းဖက် တိုက်ခိုက်နေသောကြောင့် ISIL အဖွဲ့အား နှိမ်နှင်းရာတွင် ၎င်းတို့အစိုးရကို အားကိုး ၍မရနိုင်ကြောင်း၊ ဆီးရီးယားပြဿနာအား နိုင်ငံရေးအရ အဖြေရှာနေချိန်မှာပင် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များအား ISIL အဖွဲ့ကို တန်ပြန်တိုက်ခိုက်နိုင်လောက်သည့် အင်အားရှိလာစေရန် ကူညီပေးရမည်ဟု အိုဘားမားက ပြောကြားသည်။

၃။ ISIL အဖွဲ့၏ ထပ်မံတိုက်လိုက်လာမှုများကို ကာကွယ်ရန် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့၏ စွမ်းရည်ကို မြှင့်တင်ခြင်း
ISIL အဖွဲ့သို့ ရောက်ရှိနေသည့် ငွေကြေး ထောက်ပံ့မှုဖြတ်တောက်ခြင်းများကို အမေရိကန်အစိုးရအနေဖြင့် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းကာ တိုးမြှင့် လုပ်ဆောင် သွားမည်ဖြစ်သည်။ ထောက်လှမ်းရေးများ တိုးမြှင့် ဆောင်ရွက်ခြင်း၊စစ်တပ်များကို ပိုမိုအင်အားဖြည့်ဆည်းခြင်း၊ စစ်သွေးကြွများ၏ အယူအဆ အတွေးအခေါ် များကို တန်ပြန်ဆောင်ရွက်ခြင်း၊ အရှေ့အလယ်ပိုင်းသို့ ၀င်ထွက်သွားလာနေသည့် ပြည်ပတိုက်ခိုက်ရေးသမား များကို ရှာဖွေဖော် ထုတ်ခြင်းတို့ကိုလည်း အမေရိကန်က လုပ်ဆောင်သွားမည်ဖြစ်သည်။ စက်တင်ဘာလကုန် ပိုင်းတွင် ကျင်းပမည့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အကြမ်းဖက်နှိမ်နှင်းရေး လုပ်ငန်းဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆွေးနွေးပွဲတွင် သမ္မတအိုဘားမားက သဘာပတိ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

၎။ ISIL အဖွဲ့ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အပြစ်မဲ့အရပ်သားများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း
ISIL စစ်သွေးကြွများကြောင့် ဒုက္ခကြုံတွေ့နေရသည့် ဆွန်နီနှင့် ရှီးအိုက်မွတ်စလင်များအပြင် ထောင်ပေါင်း များစွာသော ခရစ်ယာန်ဘာသာဝင်နှင့် အခြားဘာသာဝင်များကို အကူအညီပေးသွားမည်ဖြစ်သည်။
ထို့ပြင်သမ္မတ အိုဘားမားက “ ကမ္ဘာအနှံ့က အကြမ်းဖက်အဖွဲ့အစည်းတိုင်းရဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်တော်တို့ ရှင်းလင်းမပစ်နိုင်ပါဘူး။ အုပ်စုသေးလေးတွေက စစ်သွေးကြွတွေဟာ ကြီးမားတဲ့ နှောက်ယှက်မှုတွေကို လုပ်ဆောင်နိုင်ကြပါတယ်။  ဒီလိုပြဿနာမျိုးတွေဟာ စက်တင်ဘာ  ၁၁ တိုက်ခိုက်ခံမရမှု မဖြစ်ပွားခင်ကတည်း ကနေ အခုချိန်ထိ ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သတိရှိရှိစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။  လက်ရှိအချိန်မှာတော့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက လာတဲ့ ခြိမ်းခြောက်မှုတွေက အဆိုးဆုံးဖြစ်နေ ပါတယ်။ အဲဒီထဲက အုပ်စုတစ်ခုကတော့ IS အဖွဲ့လို့ ခေါ်နေကြတဲ့ ISIL အဖွဲ့ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။
Ref:The White House Blog
From:Mizzima

www.mmdailystar.com

“ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး”






ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားကပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။

စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂ လိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။

‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။

နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။

ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။

‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။

နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿနာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။
From: 7 Days

www.mmdailystar.com

သမ္မတကြီး ဦးသိန်းစိန်လည်း မြန်မာဘောလုံးပွဲတွေ ကြည့်ပါသည်

ဥရောပ ၃ နိုင်ငံကို ဆယ်ရက်ကြာ ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ ၃ နိုင်ငံလုံးထံမှ
မြန်မာနိုင်ငံနဲ့ ပြည်သူများအတွက် လိုအပ်သော အကူအညီများ ရယူနိုင်ခဲ့တဲ့ အောင်မြင်သော ခရီးစဉ်
တစ်ခု ဖြစ်ခဲ့ပါတယ်။ မဖွံ့ဖြိုးသေးတဲ့ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေဆီက ငွေကြေးကအစ နည်းပညာအဆုံး အဘက်ဘက်က အကူအညီတွေ လိုအပ်နေတာ အားလုံးအသိပါ။ ဒါကြောင့်လဲ ဘယ်နိုင်ငံကိုပဲရောက်ရောက် ကိုယ်ကျိုးမရှာဘဲ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် မျက်နှာပူပူနဲ့ လိုတာတောင်းတတ်တဲ့ သမ္မတကြီး ဦးသိန်းစိန်ဟာ ခုလည်းပဲ ဥရောပ ၃ နိုင်ငံဆီက လိုအပ်တဲ့ အကူအညီတွေကို ပြည်သူတွေအတွက် ရယူနိုင်ခဲ့ပါတယ်။ ဒီလို အလုပ်တွေနဲ့ မအားလပ်တဲ့ ကြားထဲက သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြန်မာဘောလုံးအသင်းရဲ့ ဘောလုံးပွဲစဉ်တွေကို မြန်မာ ပြည်သူတွေနဲ့ ထပ်တူ အားပေးနေပါတယ်လို့ သမ္မတနဲ့ အတူပါသွားတဲ့ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြောဆိုလိုက်ပါတယ်။

ဥရောပနဲ့ မြန်မာ အချိန် ၅ နာရီကွာပြီး တစ်နေကုန် အလုပ်တွေ ဘယ်လောက်များခဲ့ပါစေ ဟိုတယ်ပြန်ရောက်တာနဲ့ သမ္မတကြီးက မြန်မာပွဲတွေကို ပြန်လည်ကြည့်ရှု အားပေးပါတယ်တဲ့။ ပြန်လည့်ကြည့်ရှုတယ်လို့ ဦးရဲထွဋ်က ပြောထားတော့ ပွဲလာနေစဉ် တိုက်ရိုက်ကြည့်ရှုအားပေးတာတော့ မဟုတ်နိုင်ပါဘူး။ ဒါ့အပြင်ပည်သူတွေလိုလားတဲ့ အောင်ပွဲကို ရယူပေးတဲ့ ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ အားပေးကြတဲ့ ပြည်သူတွေကို သမ္မတကြီးက ကျေးဇူးတင်ပါတယ်လို့ သမ္မတကြီးကိုယ်စား ဦးရဲထွဋ်ကပြောဆိုခဲ့ပါသေးတယ်။

အောက်မှာ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်က စာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ မြန်မာပရိသတ်ကြီးလည်း
ယနေ့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ MRTV ကနေ လာမဲ့ မြန်မာနဲ့ အိမ်ရှင်ဗီယက်နမ်တို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုကြည့်ဖို့ အလုပ်တွေ အပြီးသတ်ထားကြဖို့ မမေ့နဲ့နော်။

ဥရောပ နဲ့ မြန်မာ အချိန် ငါးနာရီကျော်ကွာခြားပါတယ်။ ဒါပေမယ့် ဥရောပ ခရီးစဉ် အတွင်း တစ်နေ့လုံး အလုပ် တာဝန်တွေ ဘယ်လောက်များခဲ့ များခဲ့ ဟိုတယ်ပြန်ရောက်ရင် နိုင်ငံတော်သမ္မတကြီးက ဖိလစ်ပိုင်မှာ၊ ဗီယက်နမ်မှာ မြန်မာဘောလုံးအသင်းကန်ခဲ့သမျှ ပွဲအားလုံးကို ပြန်လည်ကြည့်ရှုအားပေးနေပါတယ်။

ပြည်သူတွေလိုလားနေတဲ့ အောင်ပွဲတွေကို ယူဆောင်ပေးနေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၊ မြန်မာအသက် ၁၉ နှစ် အောက်ဘောလုံးအသင်းနဲ့ ကူညီပံ့ပိုးပေးနေတဲ့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ်၊ အခြားပတ်သက်ရာအဖွဲ့အစည်းအသီးသီး၊ မြန်မာအသင်းအတွက်ဆို ရုပ် မြင်သံကြားကဖြစ်ဖြစ်၊ ရေဒီယိုကဖြစ်ဖြစ်၊အွန်လိုင်းကဖြစ်ဖြစ် မဖြစ်မနေ တာဝန် ကျေကျေ အားပေးနေတဲ့ ပြည်သူအားလုံးကို သမ္မတကြီးက ကျေးဇူးတင် ကြောင်း ကိုယ်စားတင်ပြအပ်ပါတယ်။

From: မိုးမြင့်ထက်

www.mmdailystar.com

KIA နှင့် RSO တို့ ဆွေးနွေးမှုပေါက်ကြားမှုကြောင့် KIA အတွင်း သစ္စာဖောက်များရှိနေပြီဟုဆို




ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ အခြေပြုနေတဲ့ ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း
ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရေး ဆွေးနွေးမှု အွန်လိုင်းပေါ်သို့ ပေါက်ကြား သည့်
အပေါ် KIO/KIA အတွင်း မကျေလည်မှုများ ဖြစ်နေကြကြောင်း သိရသည်။ 
" RSO ကဒီမှာ အခြေစိုက်ဖို့ နယ်မြေတောင်းတာ မှန်တယ်။ ဒီဆွေးနွေးမှု ပေါက်ကြားတာ ကို ခေါင်းဆောင်ကြီးတွေက အတော်ဒေါသထွက်နေတယ်ကြားတယ်။ သူတို့နဲ့ ဆွေးနွေးတဲ့
ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ဆိုတာ KIO ဗဟိုကော်မတီ ဝင်တစ်ယောက်။ ပြီးတော့
KIO မှာ နိုင်ငံခြားရေးနဲ့ ပညာရေး တာဝန်ယူထားသူတစ်ယောက်။ ဒီလို ရာထူးကြီးကြီးနဲ့
လူကြီးတစ်ယောက်ရဲ့ ဆွေးနွေးပွဲ အပြင်ကို ပေါက်ကြားတာ KIA အတွင်းမှာ သစ္စာဖောက်ရှိနေပြီလို့
ပြောနေကြတယ်။ " ဟု လိုင်ဇာမှ ဒေသခံတိုင်းရင်းသားတစ်ဦးဖြစ်သူက ပြောသည်။

မကြာသေးမီက မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ
ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့်
ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားမှုရှိသည်။KIA နှင့် RSO တို့ တွေ့ဆုံမှု ဗီဒီယို ဖိုင်ကြောင့် KIA နယ်မြေထဲတွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှု အမှန်တကယ်ပင် ရှိနေပြီလား ဆိုသည့် စိုးရိမ်မှုများ ဒေသခံများကြားတွင် မြင့်တက်လာခဲ့သည်။

"မြန်မာစစ်တပ်ကလည်း ပြောထားတယ်ပေါ့။ လက်နက်ကိုင်အဖွဲ့ အချို့မှာ အစွန်းရောက်
မွတ်စလင်တွေစစ်ရေး လေ့ကျင့်မှုတွေ လုပ်တာတွေ ရှိတယ်ပေါ့။ ခု KIA က RSO နဲ့ ဆွေးနွေးမှု
ပေါက်ကြားလာတော့ တကယ်ပဲ ပြည်ပက အစွန်းရောက် မွတ်စလင်တွေ စိမ့်ဝင်နေပြီလားလို့ ထင်မိတယ်။ ကျနော်က ကချင်တစ်ယောက်ဆိုတော့ KIA ကို ထောက်ခံတယ်။
ဒါပေမဲ့ မနောမြေမှာ အစွန်းရောက်တွေရောက်လာမှာတော့ လက်မခံဘူး။" ဟု ကိုစောဘောက်က ပြောသည်။

ဆွေးနွေးမှု ပေါက်ကြားလာခြင်းသည်အဖွဲ့တွင်း သစ္စာဖောက်သူရှိခြင်းကြောင့်ဟု
KIA အဖွဲ့အတွင်း ယူဆမှုများရှိနေသော်လည်း ထိုသတင်းပေါက်ကြားမှုသည် သစ္စာဖောက်ခြင်း
မဟုတ်ဘဲ သစ္စာရှိခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနားဒေသခံ တစ်ဦးက ဆိုသည်။

"လူမသိစေချင်တဲ့ ကိစ္စကို ခိုးလုပ်တာ အပြင်ထွက်လာတော့ သစ္စာဖောက်လို့ သူတို့က
ယူဆချင် ယူဆမှာပေါ့။ တကယ်တော့ ဒါ သစ္စာဖောက်တာ မဟုတ်ဘူး။ သစ္စာရှိတာ။ ကချင်လူမျိုးတွေနဲ့
ပြည်ထောင်စု အပေါ် သစ္စာရှိတာလို့ ပြောရမှာပါ။ KIA ထဲမှာ အစွန်းရောက် အကြမ်းဖက်တွေရှိကြည့်
နောင်တစ်ချိန် ဒီနယ်မြေ ဘာဖြစ်သွားမလဲ တွေးတောင်မတွေးရဲဘူး။ KIA က အစိုးရကို ဆန့်ကျင်သူမှန်သမျှ အကုန်လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း အင်အားရတယ်လေ။ သူတို့ အာဏာတည်ဖို့ဆို ဘင်္ဂါလီတွေက အစ အကုန်လက်ခံတယ် လို့ ပြောရမယ်။ ဒါ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး" ဟု ၎င်းက ဆိုသည်။

RSO အဖွဲ့နှင့် တွေ့ဆုံမှုအပေါ် KIO ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်အနေနှင့်
ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်က ငြင်းဆိုခဲ့
သည်။ သို့သော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကြောင့် ပြည်သူများ၏ ရင်ထဲတွင်ငြိမ်းချမ်းရေးမျှော်လင့်ချက်များ ကြီးထွားလာစဉ် KIA နှင့် RSO ကြားဆက်သွယ်မှုများကြောင့်ငြိမ်းချမ်းရေး ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

စိုင်းဇော်ထက်
From: ဂျိမ်းဖောမြေ

www.mmdailystar.com

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်



ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ် ကထက်စာရင် နိုင်ငံရေးပွင့်လင်းလာမှုက တိုး တက်လာနေပြီ။ ခုတွေ့ဆုံပွဲကစပြီး နောက် ပိုင်း ပုံမှန်တွေ့ဆုံမှုတွေ လုပ်ဖို့ရှိသလို နောက် လာမယ့်အချိန်မှာပဲ Solar Impluse လေ ယာဉ်ဟာ မန္တလေးလေဆိပ်ကို ဆင်းသက်ဖို့ ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

အဆိုပါပြောကြားချက်ကို သမ္မတဦးသိန်း စိန်ကခွင့်ပြုခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် မတ်လ အတွင်း မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်သို့ ဆင်းသက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန်ရှိ ကမ္ဘာ့ပထမဆုံး လောင် စာမလိုဘဲ ပျံသန်းနိုင်သည့် နေစွမ်းအင်သုံး လေယာဉှ်Solar Impluse 2 အား ၁၂ နှစ် ကြာ စမ်းသပ်တီထွင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံတကာလေပိုင်နက်အတွင်း ဖြတ်
သန်းကာ ကမ္ဘာပတ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်အား ၂ဝ၁၄ ဇွန် ၂ ရက် တွင် ဆွစ်ဇာလန်နိုင်ငံအတွင်း စမ်းသပ်မောင်း နှင်ခဲ့ပြီး အဆိုပါ စမ်းသပ်မောင်းနှင်မှုမှာ ကမ္ဘာ့ ပထမဆုံး လောင်စာအသုံးမပြုဘဲ နေစွမ်းအင် ဖြင့်သာ ကမ္ဘာတစ်ပတ် စမ်းသပ်မောင်းနှင် မည့် အကြိုမောင်းနှင်မှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြပါရှိသည်။

အဆိုပါ လေထုညစ်ညမ်းမှုကို ကာကွယ် နိုင်မည့် နေစွမ်းအင်သုံးလေယာဉ်မှာ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဘိုးရင်း ၇၄၇ ထက် ပိုမိုကြီး မားကာ အလေးချိန်မှာ ကားတစ်စီးထက် ပိုမို ပေါ့ပါးကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် မတ်လအတွင်း ကမ္ဘာပတ် မည့်ခရီးစဉ် စတင်မည်ဖြစ်ကာ အာရေဗျပင် လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် လေပိုင်နက် များအတွင်း ဖြတ်သန်းမောင်းနှင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မန္တလေးလေဆိပ်တွင် ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။
 
From: ရန်ကုန်တိုင်းမ်

www.mmdailystar.com

ရှင်းရော ရှင်းလားဟေ့


================

ဦးသိန်းစိန် နယ်သာလန် ပါလီမန်ဥက္ကဌခေါင်းဆောင်တဲ့ အမတ်တွေနဲ့ တွေ့တယ်... ဦးသိန်းစိန် နယ်သာလန် မရောက်ခင် အဲဒီမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတချို့က ရိုဟင်ဂျာအလံထောင်ပြီး ဖိအားပေးဖို့ အမတ်တွေကို တွန်းတယ်....လော်ဘီလုပ်တယ်ပေါ့ဗျာ..

တွေ့တဲ့အချိန်မှာ လော်ဘီမိထားတဲ့ အမတ်တစ်ယောက်က ရိုဟင်ဂျာဒုက္ခသည်တွေ ကူညီ စောင့်ရှောက်ဖို့နဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေအရေးကိစ္စဆိုပြီး ခေါင်းစဉ်တပ်ပြီး ဦးသိန်းစိန်ကို မေးတယ်....

ဒီတော့ သမ္မတကြီးက ...

(၁) ရိုဟင်ဂျာ မရှိ
---------------------
‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ ဆိုပြီး ပြန်ဖြေတယ်။

(၂) Stateless မဟုတ်
--------------------------
ပြီးတော့ ဒီလူတွေက နိုင်ငံမဲ့တွေ မဟုတ်ဘူး....အင်္ဂ လိပ်လက်ထက်က လယ်လုပ်ဖို့ ရခိုင်ပြည်နယ်ထဲကို အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့တဲ့ လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့် ဒီလိုတွေ ဖြစ်နေတာ...ဒီလူတွေရဲ့ မူရင်းဒေသက ရှိပြီးသား...ဘင်္ဂလားက လာတဲ့ လူတွေဆိုပြီး ပြောတယ်...

(၃) ဘာသာရေးပဋိပက္ခ မဟုတ်...
-----------------------------------
ပြီးတော့ ရခိုင်မှာ ဖြစ်ခဲ့တာက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ကြား ဖြစ်နေတာ မဟုတ်ဘူး ...ဘင်္ဂလီနဲ့ ရခိုင်လူမျိုးစု နှစ်ခုကြားက ပြဿနာ ဒါကို ပုံကြီး မချဲ့နဲ့ ဆိုပြီး ပြောတယ်...

(၄) စွတ်ရွတ်ပြောမနေနဲ့...
----------------------------
နောက် သမ္မတကြီးက ဒီအမတ်ကို ပြောလိုက်တာတော့ အားရတယ်...မင်းတို့ ဘုမသိ ဘမသိ စွတ်ရွတ် ပြောမနေနဲ့.......သိချင်ရင် ရခိုင်ပြည်နယ် လာကြည့်လိုက် .....ဆိုပြီး ပြောတယ်....

ပြတ်ကရော...ဒီထက်ပြတ်တာတောင် ဒီလောက် ပြတ်မှာ မဟုတ်ဘူး....

ရှင်းရော ရှင်းရဲ့လားဟေ့.
--------------------------
ဒါက နယ်သာလန်နိုင်ငံမှာ...လွှတ်တော်ဥက္ကဌ၊ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာ မီဒီယာတွေ ရှေ့မှောက်မှ ပြတ်ပြတ်သားသား ပြောပစ်လိုက်တာ....

သမ္မတကြီးကို ပျော့တယ်....ဘာညာ...ပြောနေတဲ့သူတွေ သတိထားဖို့က.....

ကိုယ့်နိုင်ငံသားတွေ ကိစ္စ....ကိုယ့်တိုင်းရင်းသားတွေ ကိစ္စ....ဒီလိုကိစ္စမျိုးတွေမှာ သမ္မတကြီး စဉ်းစားငဲ့ညှာနေခဲ့တာတွေကို ကြည့်ပြီး ကောက်ချက် ချခဲ့ကြတာပါ....

အခုပဲ ကြည့်လေ...ဘယ်လို ခေါင်းဆောင်မျိုးက ဒီလောက်အထိ ပြတ်ပြတ်သားသား ပြောမှာလဲ....ပြောရဲမှာလား....

သူများနိုင်ငံမှာ သူများနိုင်ငံက နိုင်ငံခေါင်းဆောင်တွေ...နိုင်ငံရေးသမားတွေ..သူများ မီဒီယာတွေနဲ့ တွေ့နေတဲ့အချိန်မှာ....

ရှည်ရှည်ဝေးဝေးတွေ ဝေ့၀ိုက်ပြီး ပြောမနေတော့ဘူး....အပြောခံလိုက်ရတဲ့ အမတ်တော့ မသိဘူး.
ပလေတိုတော့ အာရလွန်းလို့ ဒါမှ ငါတို့ သမ္မတကြီးကွ...လို့ စိတ်ထဲမှာ ပြောနေမိတယ်...

အမျိုးသားရေးဆိုတာ....အဲဒါ...
ခေါင်းဆောင် ဆိုတာ အဲဒါမျိုးကို ခေါ်တာ...

သဘောပါသလား ဟေ့
-------------------------
ဒီတော့....ပလေတို ပြန်ပြီး စဉ်းစားမိတယ်...
ဆင်ဝှေ့ရန်ရှောင် ဖြေခဲ့တာတွေကို ပြန်သတိရမိတယ်...
ရိုဟင်ဂျာလား.....ကျွန်မတော့ မသိဘူး.....
ဒီလောက်နဲ့ ရပ်သွားတဲ့ အဖြေတွေနဲ့ နှိုင်းယှဉ်မိတယ်..

စိတ်ထဲမှာ မှတ်ချက် ချမိတယ်...(((ကွာပါ့ကွာ)))

အဲဒီ ဘင်္ဂလီထောက်ခံတဲ့ သူတွေက သမ္မတကြီးကို ဆန္ဒပြဖို့ ခွင့်ပြုချက်တင်ထားတာ.....
အဲဒီလိုလည်း သမ္မတကြီးက ဖြေပြီးတဲ့နောက်....နယ်သာလန်အစိုးရက ဆန္ဒပြခွင့် မပေးတော့နဲ့ ဆိုပြီး ပိတ်ပင်လိုက်သတဲ့.....ဒတ်ခ်ျတွေ ဖြုံသွားပုံ ရတယ်...

အွန်လိုင်းမှာလည်း သမ္မတကြီးကို ၀ိုင်းပြီး ဒေါက်ဖြုတ်နေကြတဲ့ ထဘီခြုံတွေကလည်း အများသား...
အော်..ပလေတိုတို့ မြတ်စွာဘုရားရှင်တောင်မှ ကဲ့ရဲ့တာ..အပုပ်ချတာ...သိက္ခာချတာတွေ ခံခဲ့ရသေးတာ မဟုတ်လား......

ခုချက်ချင်း လုပ်....ခုချက်ချင်း ပြောင်းလဲတာ တွေ့ချင်ရင်တော့......မျက်လှည့်ပွဲ သွားကြည့်ကြ လို့ပဲ ပြောလိုက်ချင်တယ်.....

ထဘီခြုံ အမေ့သားတွေ အမေ့ သမီးတွေ ကို တစ်ခုပဲ မေးလိုက်မယ်...

အယ်ကေးဒါး ဂျီဟတ်ကြေညာတော့..ဒေါ်စု ဘာပြောလဲ...

အစိုးရမှ မဟုတ်သေးတာ...အာဏာမှ မရသေးတာ ဘာဘာ ညာညာ လာမပြောနဲ့...

သောက်ခွက်တွေချည်းပဲ ဖြတ်ရိုက်ပစ်လိုက်မယ်....

ဘော်ဘော်များကိုတော့ အားနာပါတယ်.......

ကျွန်တော်.....ကိုယ့်နိုင်ငံ..ကိုယ့်လူမျိုး...ကိုယ့်ခေါင်းဆောင်ကို အရမ်းချစ်တယ်ဗျာ.....

ပုံ- နိုင်ငံချစ် ပလေတို

From:ပလေတို ဒီမို

www.mmdailystar.com

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့သို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ပြီးနောက် ယနေ့ နံနက် (၉) နာရီ မိနစ် (၂၀) တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြင့်လှိုင်၊ ဦးကျော်လွင်၊ ဦးခင်ရီ၊ ဦးမောင်မြင့်နှင့် ဦးမြတ်ဟိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ သံအမတ်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသော ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်၊ ဦးသန်းဆွေနှင့် တာဝန်ရှိသူများလည်း ပြန်လည် လိုက်ပါလာကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်မှ မတ်လ (၈) ရက် အထိ ဥရောပ ငါးနိုင်ငံဖြစ်သော နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံတို့သို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဇူလိုင် (၁၄) ရက်မှ (၂၀) ရက်အထိ ဥရောပ နှစ်နိုင်ငံဖြစ်သော ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ လည်းကောင်း သွားရောက်ခဲ့သည်။ ယခု ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ (၁) ရက်မှ (၁၁) ရက်အထိ သွားရောက်ခဲ့သည့် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံ ခရီးစဉ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တတိယမြောက် ဥရောပခရီးစဉ် ဖြစ်သည်။

From:သမ္မတရုံး

www.mmdailystar.com

ပြည်တွင်းတွင် ခြေလှမ်းစိတ်စိတ် လှုပ်ရှားလာကြသော ဘင်္ဂလီများ

ယမန်နေ့က လူမှုကွန်ယက်စာများနှာတွင်ရော ပရင့်စာမျက်နှာများတွင်ပါပြည်သူအများ
အုန်းအုန်းကြွက်ကြွက်ဖြစ်ကာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေသည့် သတင်းတစ်ပုဒ်
တက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အခြားမဟုတ် ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့်
BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နု၊
ဘာသာရေးခေါင်းဆောင်အချို့နှင့် RSO တာဝန်ခံ တစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့၂၀၁၄
မတ်လအတွင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သော ရုပ်သံမှတ်တမ်းတစ်ခုဖြစ်သည်။
ယင်းရုပ်သံမှတ်တမ်းတွင် ဦးမောင်ကျော်နုနှင့် အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ထူထောင်ပြီး
အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
သာမာန်လူတစ်ဦးအနေဖြင့် ကြည့်ပါက သတင်းတစ်ပုဒ်သာဖြစ်သော်လည်း
အမျိုးသားရေးအမြင်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အမြင်ဖြင့် ကြည့်ပါက
ပြည်တွင်းလုံခြုံရေးသာမက ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာနိုင်သည့်
သတင်းတစ်ခုဖြစ်သည်။
ဒါတွေဟာ အွန်လိုင်းပေါ်ပြန့်လာလို့သာ ဒီလိုသိရတာ၊ ဒီကိစ္စတွေပေါ်မလာခင်ကတည်းက
ဒီကောင်တွေ မြန်မာ့မြေပေါ်မှာ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့
စနစ်တကျစီစဉ်နေကြတာ အချိန်တော်တော်ကြာခဲ့ပြီ။ ပထမဦးဆုံးအနေနဲ့ ၀ တပ်ဖွဲ့ရှိတဲ့
ပန်ဆန်းတို့ နောက်ပြီး RCSS/SSA ရှိတဲ့ ၀မ်ဟိုင်းတို့အထိသွားတယ်။ သူတို့နယ်မြေတွေမှာ
အခြေချနေထိုင်ခွင့်ပြုဖို့ လက်နက်တပ်ဆင်ပြီး ရိုဟင်ဂျာတပ်မတော်ထူထောင်မယ်ဆိုပြီး
လိုက်ပြောတယ်။ ဒါပေမယ့် တစ်ခုကောင်းတာက ၀တပ်ဖွဲ့နဲ့ SSA တပ်ဖွဲ့တွေက လုံးဝ လက်မခံပဲ
မောင်းထုတ်ခဲ့တာပဲ။
ပြီးရင် အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ အလှမ်းဝေးကွာတဲ့ ဒေသတွေမှာ အာရဗီဘာသာစကားတွေ
အတင်းသင်ပေးတယ်၊ ၀ါဒဖြန့်တာတွေလုပ်တယ်။
ပြည်တွင်းမှာရှိတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေဆီ ချဉ်းကပ်ပြီး၊
လက်နက်တွေရအောင်လုပ်တယ်၊ မလေးဘက်ကနေ ရေလမ်းကြောင်းကတဆင့် လက်နက်တွေ
ခိုးသွင်းဖို့ကြိုးစားတယ်၊ မြ၀တီ ကော့ကရိတ်လမ်းကြောင်းကနေတစ်ဆင့်
မောင်းတောကိုလက်နက်တွေ သယ်ဖို့လုပ်တယ်၊ အမျိုးမျိုးလုပ်ဆောင်နေကြတယ်။
ဒါတွေဟာ ဘာကို မီးမောင်းထိုးပြနေလဲဆိုတော့ အစိုးရအနေနဲ့ ဒီကိစ္စကို ပေါ့ပေါ့ပေါ့တန်တန်
သဘောမထားပဲ ကိုင်တွယ်နေလို့မရတော့ဘူး၊ အမျိုးသား လုံခြုံရေး
အဆင့်သတ်မှတ်ချက်တစ်ခုအနေနဲ့ ပီပီပြင်ပြင်သတ်မှတ်ပြီး အပြတ်နှိမ်နှင်းဖို့ လိုလာပြီဆိုတာ
သတိပေးလိုက်တာပဲဖြစ်တယ်။ လူ့အခွင့်အရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ တွေဝေနေလီု့
မရတော့ပါဘူး။
အလားတူ မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့မှလည်း
တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များ
စစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန်
တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းလည်း
ပြောကြား ထားပြီးဖြစ်သည်။
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နှင့်ရိုဟင် ဂျာလွတ်မြောက်ရေးအဖွဲ့(RLO)ကို
ဦးဆောင်သော ဘင်္ဂါလီလူမျိုး များသည် ၁၉၈၈ခုနှစ် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင်မောင်
တောဒေသကို သိမ်းပိုက်ရန်ဝင် ရောက်အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မ
တော်နှင့်လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်နိုင်ခဲ့ကြောင်းရခိုင်ပဋိပ
က္ခစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ တွင်ဖော်ပြထားသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
ယခု ဘင်္ဂလီနှင့် KIA တာဝန်ရှိသူတို့ တွေ့ဆုံသည့် သတင်းအား ပြည်တွင်းရှိမီဒီယာအချို့မှ
ပြည်သူအများ သတိပြုဆင်ခြင်နိုင်စေရန် အလေးထား ဖော်ပြကြသည်။
သို့သော် ဘေးအိမ်မှ ခွေးနှစ်ကောင်ကိုက်သည်ကအစ သတင်းအဖြစ်
ထည့်သွင်းဖော်ပြသော်လည်း အထက်ပါသတင်းအားလုံးဝ မဖော်ပြသည့် ELEVEN
မီဒီယာကဲ့သို့သော ဂျာနယ်တိုက်များလည်း အများအပြား ရှိနေသေးသည်။
ဘာပဲပြောပြော အယ်လ်ကိုင်းဒါးအဖွဲ့၏ ဂျီဟတ်ပြုလုပ်မည်ဟု ကြေညာခြင်းခံရသည့်
နိုင်ငံစာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံမှ အစိုးရ၊ ပြည်သူလူထုအနေဖြင့် ဒီကိစ္စကို
ပေါ့ပေါ့တန်တန် မတွေးတောဘဲ အမျိုးသားလုံခြုံရေးတစ်ရပ်အနေဖြင့် ရှုမြင်ကာ သတိပြုကြဖို့
လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 
 
From:OE

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...