Wednesday, 17 September 2014

Sexy ပါ တီ မြန် မာ ပြ ည်





ယနေ့ခေတ် လူငယ်တွေကြားမှာ ပါတီတက်ခြင်းက ရေပန်းစားမှုတွေ ရှိလာပါတယ်။ ပါတီတွေဟာ ပျော်ပျော်ပါးပါး ကခုန်ဖို့နဲ့ လူငယ်တွေ၊ လူကြီးတွေ လွတ်လပ်စွာ အပန်းဖြေနိုင်ဖို့ ဖန်တီးပေးထားတဲ့ အနောက်တိုင်းယဉ်ကျေးမှု တစ်ခုဆိုရင်လည်းမမှားပါဘူး။

လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဆိုရင်လည်း ဟိုတယ်ရန်ကုန်VIP Bar မှာSexy ပါတီတစ်ခု ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပါတီကတော့ ရလာတဲ့ အမြတ် အစွန်းတွေကို HIV / AIDS ကူးစက်ခံလူတွေအတွက် ပရဟိတအနေနဲ့ လှူဒါန်းသွားမှာ လို့လည်း သိရပါတယ်။

သို့ပေမဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ပါတီမှာ ပါဝင်တဲ့ Sexy ကကွက်တွေ၊ လူငယ်တွေသောက်စားမှုတွေအကြားမှာ သဟဇာတမဖြစ်နိုင်သေးတာကြောင့် ကန့်ကွက်မှု ၊ ပြစ်တင်မှုတွေလည်း ရှိဆဲပါ။ ပါတီပွဲက ရရှိတဲ့ အကျိုးအမြတ်ကို ပရဟိတအဖြစ်လှူဒါန်းမယ် ဆိုသော်လည်း ပါတီတစ်ခုကို သွားရောက်ပြီးမှသာ လှူဒါန်းရာမြောက်မယ် ဆိုခြင်းကြောင့် အလှူအပေါ် သဒ္ဓါမြောက်ခြင်း၊ မမြောက်ခြင်း ကိစ္စတွေမှာလည်း ပြဿနာရှိလာနိုင်ပါတယ်။

ဒါကြောင့် အဲဒီလို ပါတီတွေနဲ့ပတ်သက်လို့ လူငယ်တွေကိုယ်တိုင်က ဘယ်လိုမြင်တယ်၊ စီစဉ်သူတွေဘက်က ဘာကြောင့် ကျင်းပတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ဆိုတာကို မေးမြန်းထားသမျှ တင်ပြပေးလိုက်ရပါတယ်။
►ဇွန်သဉ္ဇာ (မော်ဒယ်လ်နှင့်သရုပ်ဆောင်)

ဒါကတော့ ပုံမှန်ပွဲလေးပါပဲ။ ဒါပေမဲ့ ကိုယ်တွေရဲ့ ဓာတ်ပုံတွေနဲ့ လူတွေ အရမ်းစိတ်ဝင်စားသွားပြီး အရမ်းကို ဟော့ဖြစ်သွားတဲ့အတွက် ကျေနပ်သင့် သလောက်တော့ ကျေနပ်ပါတယ်။ ဒါပေမဲ့ တချို့အတွက် အနှောင့်အယှက် ဖြစ်သွားတယ်ဆိုရင်လည်းအဲ့ဒီအတွက်တော့ စိတ်လည်းမကောင်းဘူးပေါ့။ ဒါပေမဲ့အောင်မြင်မယ်လို့မထင်ထား ဘဲ အရမ်းကိုအောင်မြင်သွားတဲ့အတွက် ကျေနပ်ပါတယ်။ သတင်းထောက် တွေလည်း အရမ်းကိုစိတ်ဝင်စားပြီး အင်တာဗျူးကြတယ်။ ပါတီဆိုတာကတော့ ဒီပြည်တွင်းက လူတွေအတွက် နည်းနည်းလေးစိမ်းသေး တာပေါ့။ လူငယ်တွေအတွက်ကတော့ ပါတီဆိုတာ မဆန်းတော့ပါဘူး။ တစ်နေ့တာ လှုပ်ရှားပြီး မောပန်းနေတဲ့ စိတ်ကို အပန်းဖြေ ဖို့အတွက် ပါတီမှာသီချင်းသံတွေနဲ့ကကြတယ်။ သူငယ်ချင်းတွေနဲ့ဆုံကြတယ်။ ပျော်ကြတယ်။

အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက် ပါတီဆိုတာ စိတ်အပန်းဖြေစရာ လေး တစ်ခုပါပဲ။ ဥပမာ အကကြိုက်တဲ့သူဆိုရင် မြူးဇစ်ဖွင့်ထားမယ်။ ကမယ်။ အဲ့ဒီမှာ စိတ်လွတ်လပ်ပေါ့ပါးပြီး အရမ်းကောင်းတယ်ပေါ့။ အဲ့ဒီအတွက် ယဉ်ကျေးမှုနဲ့ ကိုက်ညီတယ်၊ မညီဘူးဆိုတာ တစ်ပိုင်းဆိုပေမယ့် ပုံမှန်လာပြီး စိတ်အပန်းဖြေတယ်၊ အနားယူစရာနေရာလေး တစ်ခုလိုဖြစ်နေတယ်။ ရန်ဖြစ်တာ ဘာညာမပါဘူးဆိုရင်တော့ ပါတီတက်တာဟာ ပျော်ဖို့ကောင်းတဲ့အရာတစ်ခုလို့ထင်ပါတယ်။ ဒီတစ် ခေါက်လုပ်မယ့် ပွဲလေးကလည်း ရိုးရိုးလေးပါပဲ။ ပါတီပွဲလေးပေါ့။ အဲ့ဒီကရတဲ့အကျိုးအမြတ်ကို HIV/AIDS ကူးစက်ခံထားရတဲ့ လူတွေကို သွားရောက်လှူဒါန်းမယ်။ အဲ့ဒီမှာမှပွဲကို ပိုပြီးစည်ကားသွားအောင် ဇွန်တို့ကိုဖိတ်တယ်။ အဲ့ဒီမှာဇွန်တို့က လာကူညီပေးမယ်ပေါ့နော်။ ဇွန် ကတော့ အခုလုပ်နေတဲ့Sexy ဓာတ်ပုံလေးတွေဆက်ရိုက်မယ်။ MTV လေးတွေရိုက်မယ်။ အချိန်ပေး ရင် သရုပ်ဆောင်ပိုင်းကို ကူးဖို့ရှိတယ်။ ပြီးတော့ သီချင်းနဲ့ပတ်သက်ပြီးတော့ လည်း ရှိုးပွဲလေးတွေဆိုမယ်။ အနုပညာနဲ့ ပတ်သက်ရင် အကုန်လုပ်တယ်ပေါ့နော်။ အရမ်း ဝါသနာကြီးတဲ့သူဆိုတော့။

နောက်ပိုင်းလည်း အဲ့ဒီလိုပွဲတွေမှာ အကူအညီတောင်းရင် ကူညီပေးဖြစ်မှာပါ။ အထူးသဖြင့် ပရဟိတနဲ့ ပတ်သက်ပြီးတော့ လုပ်ကိုင်မယ့်ပွဲမျိုးလေးတွေမှာပေါ့။ ပါတီ ဆိုတာမျိုးလေးတွေကလိုအပ်ပါတယ်။ လူငယ်တွေအနေနဲ့ ပျော် ချင်လို့ပဲဖြစ်ဖြစ် အလုပ်ပင်ပန်းလို့ပဲ ဖြစ်ဖြစ်ပေါ့နော်။ လူငယ်မှမဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း လာနားလို့ရမယ့် နေရာမျိုးလေးဖြစ်လို့ပေါ့။ လိုအပ်မယ်လို့ထင်ပါတယ်။ တချို့ကတော့ မကြိုက်ဘူးပေါ့။ ဆူဆူညံညံတွေ ကခုန်တာတွေ မနှစ်သက်တဲ့ လူတွေအတွက် ကတော့ အပိုအလုပ်တစ်ခုလို့ထင်ချင်ထင်မှာပေါ့။ ကတာဝါသနာပါတယ်။ သူ ငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေလိုတဲ့ လူတွေအတွက် တစ်နေ့တာ လှုပ်ရှားထားရတဲ့ ပင်ပန်းမှုတွေအတွက်ကတော့ ပါတီပွဲလေးတွေက လိုအပ်မယ်လို့ ထင်ပါတယ်။

►ဦးလှဆွေ
( မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ )

Sexy ပါတီနဲ့ ပတ်သက်လို့ ကိုယ်တို့တော့နားမလည်ဘူး။ ဒါ ပေမဲ့ မြန်မာပြည်က ခေတ်မီတဲ့နေ ရာမှာကျတော့ အဲဒီလိုမျိုးပေါ့နော် တခြားနေရာမှာမတိုးတက်ဘဲနဲ့ ဗိုလ် ချုပ်အောင်ဆန်းပြောသလို တလွဲ ဆံပင်ကောင်းနေတာတွေများတယ်။ အဲဒါတွေလည်း တလွဲဆံပင်ကောင်း ကိုရောက်စေမယ့် ဟာမျိုးဆိုရင် တော့ ထိန်းထိန်းသိမ်းသိမ်းလု ပ်သင့် တာပေါ့ ဟုတ်ဘူးလား။ ပြတဲ့ သူက ပြရဲပေမယ့် ကြည့်တဲ့သူက မကြည့် ရဲကြဘူး။ အဲဒီလိုရှိတယ်။ ပြတဲ့သူက ပြရဲတယ်။ ကြည့်တဲ့သူက မကြည့်ရဲ ဘူး။

အခုနပြောသလိုပေါ့ အိမ်သာ တက်တဲ့အခါမှာ မျက်နှာကို ကာ ထားရင် ကောင်းမလား။ ဖင်ကို ဖင် ပိုင်းကို ကာထားရင် ကောင်းမလား ခါးအထက်ပိုင်းကို ထိုင်ပြီး အိမ် သာတက်ရင် ကောင်းမလား။ ဒါမှမဟုတ် မျက်နှာလေးကို ကွယ် ထားပြီးတော့ အောက်ကအီးပါတာ ကို ပြထားရင် ကောင်းမလား။ ဒါက အမြင်အမျိုးမျိုးရှိတယ်လေ။ တချို့က ကျတော့ မျက်နှာလေး ကွယ်ထားရင် ရပြီ အောက်က အီးပါတာကို ဘယ် သူမြင်မြင် ကိစ္စမရှိဘူး။ ငါမျက်နှာကို ဒဲ့မတွေ့ရင် ပြီးတာပဲဆိုပြီး အဲဒီလို ထိုင်အီးပါတဲ့လူတွေ လည်း ရှိတယ် လေ။ တချို့ကျတော့လည်း အောက် က ဟာကိုမြင်မှာစိုးလို့ လူ မြင်ရင် မြင်ပါစေ။ ငါထိုင်ပြီးတော့ အီးပါ မယ်ဆိုပြီး တချို့ သင်္ဘောတွေမှာ တွေ့ဖူးတယ်။ ငါးဖမ်းတဲ့ သင်္ဘော တွေမှာဆို ခါးတစ်ပိုင်းပေါ်နေတယ်။ အပေါ်ပိုင်းက အောက်ပိုင်းကို ကာ ထားတယ်။ ဆိုလိုတာကတော့ ဒါ မျိုးဟာ ခံယူတဲ့အပေါ်မှာပဲ မူတည် တာပေါ့။ တရားသဘောနဲ့ ရှုတယ် ဆိုရင် ဒါတွေက အပုပ်ကောင် ရုပ် ဆောင်နေတာပဲလို့ မြတ်စွာဘုရား ရှေ့မှာသွားပြီးတော့ ကိုယ်တုံးလုံး ချွတ်ပြီးတော့ ကပြတဲ့ မာရ်နတ်သမီး တွေကို မြတ်စွာဘုရားက တုန်မှ မတုန်လှုပ်တာ။ ဒီလိုတော့ရှိတာပေါ့နော်။ ဒါက ဘုရားပေါ့နော်။ ကျန်တဲ့သူတွေကတော့ တုန်လှုပ်ရင် တုန်လှုပ်မှာပေါ့နော်။ ဆိုလိုတာ က တော့ ဒီလိုကိစ္စတွေက ခံယူတဲ့အ ပေါ်မှာ မူတည်တာပေါ့။

►DJ Japan ( Dance for Life ) ပါတီပွဲစီစဉ်သူ

ကျွန်တော်တို့ အနေနဲ့ကတော့ ပါတီပွဲဆိုတာ ပုံမှန်လုပ်နေကြပါပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်က ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် အလှူ ဒါနလေးကိုပါ ထည့်ပြီး စီစဉ်ဖြစ် တယ်။ အဲ့ဒါကြောင့် လူတွေပိုပြီးသိသွားတဲ့ သဘောပါ။ နောက်တစ်ချက်ကတော့ ပါတီလုပ်မယ်ဆိုတဲ့နေရာမှာ ကြော်ငြာထားတဲ့ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ အထင်လွဲ တာတွေ ဖြစ်ခဲ့ တာမျိုးရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့လည်း နာမည်ကောင်းတော့ရမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ပါတီဆိုတဲ့သဘောကတော့ နေ့၊ ည ပုံစံနှစ်မျိုးရှိတယ်။
ပါတီဆိုတဲ့အတွက် လူငယ်၊ လူကြီး လွတ်လပ်စွာ လာ ရောက်ကဲလို့ရတယ်။ တချို့မိသားစုတွေမှာ လူငယ်တွေ ကလပ်တက်တာ ကို မကြိုက်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလပ်ဆိုတာက ညဘက် လည်းဖြစ်တယ်။ လူမျိုးပေါင်းစုံရှိတယ်။ ပါတီဆိုတာကတော့ အများစုက လူငယ်တွေချည်းပဲလေဗျာ။ သောက်တာ၊ စားတာတော့ရှိတာပေါ့။ ဒီဘက်ခေတ်မှာကလည်း သောက်တယ်ဆိုတဲ့အရာက နေရာတိုင်းမှာရှိနေ ကြတာပါပဲ။ နောက်ပါတီမှာ ဟိုလိုဒီလို အမျိုးသမီးတွေမရှိတဲ့အတွက် လူငယ်တိုင်းလိုလို လွတ်လပ်စွာလာနိုင်တယ်။

မိဘတွေအနေနဲ့လည်း ပါတီလုပ်မယ့်နေရာကို သိနိုင်တယ်။ ပါတီမှာ မကောင်းတဲ့အရာဆိုလို့ အယ်လ်ကိုဟောတစ်ခုပဲ ရှိတယ်။ နောက်တစ်ခုက ပါတီကြော်ငြာမှာပါတဲ့ ဓာတ်ပုံပေါ့ဗျာ။ မဇွန်သဉ္ဇာတို့၊ မဇာထက်တို့၊ မကဗျာတို့ဆိုတာ ကျွန်တော်တို့နဲ့ ဟိုးအရင်ကတည်းကအတူတူရင်းနှီးခဲ့ကြတာပါ။ ခုလည်း ကျွန်တော်က လာခဲ့ပေးပါဆိုလို့ လာပေးကြတာပါ။ အရင်ပွဲတွေတုန်း ကလည်း အတူတူလက်တွဲပြီး လုပ်ဖြစ်ခဲ့တာတွေလည်းရှိပါတယ်။ ဒီတစ် ခေါက်ကတော့ ပရဟိတပါသွားလို့ လူသိသွားတာ လည်း ဖြစ်သလို အရင် ကနာမည်မထည့် ဖြစ်ခဲ့တာတွေလည်းရှိလို့ပါ။ ဒါပေမဲ့ ပုံသုံးတဲ့အပိုင်းမှာ ကျွန်တော်က သူတို့ဓာတ်ပုံကို ဖေ့စ်ဘွတ်ကယူသုံးတာပေါ့။ တစ်ယောက် က ရေကူးဝတ်စုံနဲ့ ပုံပေးလာတော့ ကျန်တဲ့သူတွေကိုလည်း အဲ့ဒီလို ပုံစံတူမျိုးမှ လက်ကမ်းကြော်ငြာထုတ်ရင် အဆင်ပြေမယ်ဆိုပြီး ကျွန်တော်က ရွေးလိုက်တာပါ။ အဲ့ဒါကို လူတွေက ပုံကိုကြည့်လန့်ဖျတ်ပြီး ဟဲ့ ပါတီပွဲက ဖော်ချွတ်ပွဲကြီးလား၊ ဘာကြီးလဲဆိုပြီး ပြောလာကြတယ်။ တကယ်တော့ အဲ့ဒီလိုမဟုတ်ပါဘူး။ လူငယ်တွေအတွက် လွတ်လပ်စွာကဲခွင့်ရမယ့် ပျော်ပျော်ပါးပါးပါတီလေးပါပဲ။ တချို့က မဟုတ်မမှန်ပွဲကြီးလို့ ထင်နေကြ တယ်။ အဲ့ဒါမဟုတ်ပါဘူး။ နောက်တစ်ချက်က အရင်ကတည်းက ပါတီ တွေဆိုတာလုပ်ခဲ့ကြတာပေါ့။ ပါတီလုပ်ခွင့်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ က ဟိုတယ်က ကလပ်ကို တစ်ညလုံးစာငှားရမ်းလိုက်တာဖြစ်တဲ့အတွက် ပွဲလုပ်ခွင့်ဆိုတာ သူတို့ဘက်နဲ့သက်ဆိုင်ပါတယ်။ ပွဲနဲ့ဆိုင်တဲ့ ကိစ္စတွေက တော့ ကျွန်တော်တို့ ပွဲစီစဉ်သူအပိုင်းဖြစ်ပါတယ်။ ခုလည်း အရင်လုပ်မယ့် နေရာကနေ ရွှေ့လိုက်ရတယ်ပေါ့။ ဘာလို့မှန်းတော့မသိပါဘူး။ ကလပ် ဘက်က နေရာရွှေ့ခိုင်းလို့ပါ။ အဲ့ဒီတော့ နောက်နေရာတစ်ခုကို ကျွန် တော်တို့ ရွေးနေပါတယ်။ နေရာရွှေ့ရတာ မျိုး နောက်တစ်ခါ မဖြစ်ချင်လို့ပါ။ ဒါဟာ ခိုးကြောင်ခိုးဝှက်လုပ်တဲ့ပွဲလည်းလုံးဝမဟုတ်ပါဘူး။ ပွဲကြီးက ဘာကြီးလဲဆိုတာမျိုးလည်း မထင်စေချင်ပါဘူး။ ပါတီကို မီဒီယာအချို့ကို ဖိတ်သွားမှာ ဖြစ်သလို ပါတီကရတဲ့ အလှူငွေကို သွားလှူတဲ့အခါကျရင်လည်း မီဒီယာတွေကို အသိပေးသွားမှာပါ။

►နော်လားခူဖော (ကုမ္ပဏီဝန်ထမ်း)

ဒီရန်ပုံငွေပွဲကAIDS ဝေဒနာရှင်တွေအတွက် ရည်ရွယ်တာက တော့ အလွန်ကောင်းတဲ့အချက်ပါ။ ဒီလို ရန်ပုံငွေတွေ ရှာပြီး လိုအပ်တဲ့သူတွေကို ကူညီတာဟာ ဘယ်သူ မဆို ကြိုက်တယ်။ သို့သော် ဒီလိုအပြုအမူမျိုး ဒီလိုမျိုးဝတ်စားပြီး ယောက်ျားတကာ တွေရှေ့မှာ သရုပ်ပြရန်ပုံငွေ နာမည်တပ်ပြီးလုပ်တာ ကတော့ ရှာတဲ့ လူအတွက်ရော၊ ငွေထည့်လှူတဲ့လူအတွက်ရော၊ ငွေလက်ခံ တဲ့လူအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းဘူး။ နောက်ဆုံး မြန်မာပြည်သူတွေအတွက် မကောင်းဘူး။

အထူးသဖြင့် မြန်မာ မိန်းကလေးတွေအတွက် မျက်စိရှက် စရာဖြစ်သလို သိက္ခာမဲ့ရာကျ လွန်းတယ်။ အခြားနည်းနဲ့ရှာပါ။ ရန်ပုံငွေရှာချင်တဲ့ သူတို့တွေရဲ့ စိတ်ကိုတော့ ချီးကျူးပါတယ်။ လုပ်ရပ်ကိုတော့ လုံးဝ အားမပေးဘူး။ အသစ်အဆန်းတစ်ခုဆိုတာ လက်ခံပေမယ့် မြန်မာပြည် ကျော်ကြားခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ မတန်ဘူးလေ။ သမီးရည်း စားတွေအတွက်ကတော့ ပြဿနာအဆိုး ဆုံးက ဒီနေရာကိုသွားလို့ မကြိုက်ရင် လမ်းခွဲလို့ရပေမယ့် အိမ်ထောင်ရှင်တွေအတွက်ကတော့ အိမ် ထောင်ပျက်ပြီး သားသမီးတွေ မိကွဲဖကွဲတဲ့ အခြေအနေထိ ဖြစ်နိုင်တယ်။ ယောက်ျားဆိုတာ ဒီလိုအရာတွေ စိတ်ဝင်စားကြတယ်။ ထိုနည်းတူ မိသားစုကိုတန်ဖိုးထားတဲ့ မိန်းမ တွေဆိုတာလည်း ဒီလိုနေ ရာကို လင်ယောက်ျားကို ဘယ်သွားစေချင်မှာလဲ။ လင်ကို ဘုရားဆိုတဲ့ စကားပုံတောင်ရှိတာပဲ။ အဲဒီအတွက်ပြဿနာတွေအမျိုးစုံတက် လာမယ်။ မြန်မာမိန်းကလေးတွေ ကအရှက်ကြီးတယ်။ အခုက မြန်မာမိန်းကလေးတွေလို့သိရတယ်။ Facebook ပေါ်မှာ ဒီပုံမြင်ကတည်းက မြန်မာမိန်းကလေး တွေအတွက် ရင်လေးစရာတစ်ခုကြုံလာပြီ ဆိုတာခံစားမိတယ်။

ဒီကိစ္စသာ အကောင်အထည်ဖော်ဖြစ် လာခဲ့ရင်တော့ မြန်မာပြည်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပဲ ဖာနိုင်ငံဖြစ်သွားပြီလို့ပဲ ကျွန်မမြင်တယ်။ မြန်မာ မိန်းကလေးေ တွအတွက် အတုယူမမှားစေချင်ဘူး။ ပုံမြင်တာနဲ့ တုန်လှုပ်စရာ ဖြစ်စေတယ်။ မြန်မာပြည်က ယဉ်ကျေးမှုတွေ၊ ဘုရား၊ တရားတွေ ထွန်းကားတဲ့နိုင်ငံဆိုတာ သတိရ စေချင် တယ်။ ဒီပွဲကို တာဝန်ရှိသူတွေက လုပ်ခွင့်ပြုတယ် ဆိုရင် လူအနည်းစုကြောင့် တစ်နိုင်ငံလုံးက လူအများစုကို အများက ကဲ့ရဲ့တာခံရမယ်။ တာဝန်ရှိသူတွေအနေနဲ့ ခွင့်မပြုစေချင်ဘူး။

►ဆွေလဲ့နှင်း (အလှဖန်တီးရှင်)

သူတို့ရန်ပုံငွေရှာတယ်ဆိုတာက လက်ခံ နိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက မြန်မာ နိုင်ငံယဉ်ကျေးမှုနဲ့ ယှဉ်ရင်လုံးဝမဖြစ်သင့် ဘူး။ မြန်မာနိုင်ငံဆိုတာတစ်ကမ္ဘာလုံးကသိ တယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံ၊ ယဉ် ကျေးမှုတွေ ထွန်းကားတဲ့နိုင်ငံ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်ပုံ၊ စားပုံက ကမ္ဘာက မြန်မာ့ယဉ်ကျေးမှုဆိုတာ ဒါလား သိ ကြတယ်။ ဒီလိုအရှက်သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုး နဲ့ ရန်ပုံငွေရှာမယ်ဆိုတာကတော့ အရမ်းကို အရှက်တရားကင်းမဲ့လွန်းပါတယ်။ လက်ရှိ သမ္မတကြီးလည်း မြန်မာဝတ်စုံ၊ မြန်မာ့ကျက်သရေ ခေါင်းပေါင်းကို မြတ်နိုးတဲ့လူပါ။ ဒီလို မျိုးကပြဖျော်ဖြေရန်ပုံငွေရှာတာက နိုင်ငံတော် ကို ထိခိုက်စေသလို အုပ်ချုပ်သူကိုလည်း ထိ ခိုက်စေ တယ်။ အဲဒီလိုပဲ မြန်မာမိန်းကလေးထု ကိုစော်ကားသလိုပဲ ခံစားရပါတယ်။ တချို့ မိန်းကလေးတွေက ဝတ်တာ၊ စားတာခေတ် နဲ့ညီတယ် ခေတ်ရှေ့ပြေးတယ်ဆိုတာ လက်ခံ တယ်။ ဒါက သူတို့တစ်ကိုယ်တည်းကို အရင် ထိခိုက်တာ။ အခုက အများသော အမျိုးသား ကြီးငယ်တွေရှေ့မှာမဖော်သင့်၊ မဖော်ထိုက် တဲ့အရာတွေ ဖော်ပြပြီး မိန်းမတစ်ယောက်ရဲ့ အရှက်သိက္ခာကို အကျခံပြီးကပြကြမှာဆို တော့ မြန်မာပြည်က မိန်းကလေးတွေအတွက် သရုပ်ပျက်လွန်းပါတယ်။ အဲဒီနေရာကို ယောက်ျား အများစု သာ သွားကြမယ်။ လူပျို၊ လူအိုမရွေးသွားကြမယ်။ ဒီနေရာရှိမှ၊ ဒီနေ ရာသွားမှ ခေတ်မီတယ်ဆိုတဲ့ အတွေးတွေ မြန်မာပြည်က ပြည်သူတွေအတွေး ဦးနှောက် ထဲမှာလုံးဝ မရှိစေချင်ဘူး။ သူ့ ဟာသူကတာ ဟုတ်သော်လည်း အဲဒီတစ်ခုအတွက်နဲ့ ဆုံး ရှုံးနစ်နာသွားမယ့် အရာတွေ ရေတွက်လို့ မကုန်အောင်ရှိတယ်။

►ဝင့်ရွှေရည်မြင့်
(တက္ကသိုလ်ကျောင်းသူတစ်ဦး)

ပါတီလုပ်တာ အမျိုးမျိုးတော့ ရှိ တာပေါ့။ တချို့က ပျော်ချင်ပါးချင်လို့ ပေါ့ တချို့ကျတော့ လူငယ်တွေက သူငယ်ချင်း အသစ်တွေ ရချင်လို့ပေါ့။ ပါတီတွေက လူငယ်တွေ အတွက် လို အပ်ပြီလားလို့ ဆိုရင်တော့ သိပ်တော့ မလိုဘူးလို့ မြင်ပါတယ်။ ပါတီဆိုတာ ပျော်ဖို့ပဲလေ။ ကောင်းကျိုးဆိုးကျိုး နှစ် ခုတော့ရှိတာပေါ့။ နောက်ပြီး Sexy ပါတီဆို တဲ့ဟာကကျတော့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ အနောက်နိုင်ငံက ယဉ်ကျေးမှုတွေ မြန်မာ နိုင်ငံကို လွှမ်းမိုးနေတယ်လို့မြင်တယ်။ အဲ့ဒါကတော့ သိပ်မကောင်း ဘူးပေါ့နော်။ နောက်ပြီး ခုခေတ်လူငယ်တွေက ကိုယ့်ယဉ်ကျေးမှုကို မဖော်ပြဘဲ အနောက်နိုင်ငံက ပုံစံတွေကို ဖော်ပြနေကြတယ်လို့လည်း ထင်ပါတယ်။ အဲ့ဒါကြောင့်ပါ။ ညီမအနေနဲ့ကတော့ ပါတီတွေကို တစ်ခါမှ မသွားဖူးပါဘူး။

►Trigger (အဆိုတော်)

sexy ပါတီတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတော့ ကျွန်တော်က တော့ ခေတ်အလိုက် ပြောင်းလဲလာ တယ်လို့ပဲ မြင်ပါတယ်။ ဒီမှာပါတီတွေက တော့ လူငယ်တွေ ကြားမှာ ခေတ်စားပါ တယ်။ ကျွန်တော်ကတော့sexy party တွေနဲ့ ပတ်သက်ပြီး မကောင်းဘူး ကောင်းတယ်လို့တော့မပြောချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ပါတီကြိုက်တဲ့ လူတွေကတော့ သွားကြမှာပဲလေ။ သူ တို့ကိုတားလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပျော်ဖို့၊ သောင်းကြမ်း ချင်ဖို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ညစ်စရာတွေပျောက် ချင်လို့ ခဏတာ စိတ်ထွက်ပေါက်ရှာတာလည်း ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း ပါတီ တွေမှာက ရှိုးပါတာများတယ်လေ။ အဲ့ကျရင် ကျွန်တော် သီချင်းဆိုဖို့ပါ တယ်ဆိုရင်ေ တာ့ သွားရတာပေါ့။ ဒီအတိုင်းဆိုရင်တော့ မသွားဖြစ်ပါဘူး ခင်ဗျာ။

From: Popular News

www.mmdailystar.com

ဘာသာသာသနာညှိနွမ်းစေမှုဖြင့် တရားစွဲခံထားရသူ ရဲတိုက်ကို ၁၈ ရက်တွင် အမိန့်ချမည်



တရားရုံးမှပြန်ထွက်လာသော မင်းသားရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ − ဇွဲဉာဏ်)

ဘာသာ၊ သာသနာကို ညှိနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅(က) ဖြင့် အရေးယူခံထားရသော သရုပ်ဆောင်ရဲတိုက်ကို ဗိုလ်တ ထောင်မြို့နယ် တရားရုံးက စက် တင်ဘာ ၁၈ ရက်တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၃ ခုနှစ် မေ ၂၈ ရက် တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ခရစ်ယာန် ကျောင်းသို့ သွားရောက်ကာ မ ဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ် တရားရုံး က ဘာသာ၊ သာသနာကို ညှိနွမ်း စေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က) ဖြင့် အရေးယူထားခြင်းဖြစ်သည်။

သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၆ ရက်က အပြီး သတ်အမိန့်ချရန် ဗိုလ်တထောင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး ရာ စစ်ဆေးရန် ကျန်ရှိနေသော ကြောင့် အမိန့်ချမှတ်ခြင်းမရှိဘဲ စက်တင်ဘာ ၁၈ ရက်၌ ထပ်မံ ချိန်းဆို၍ ထိုနေ့တွင် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်တရားရုံးမှ စုံစမ်းသိရှိရသည်။ သရုပ်ဆောင် ရဲတိုက်သည် စက်တင်ဘာ ၁၆ ရက်က ရုံးထုတ်အပြီးတွင် ဗိုလ်တ ထောင်တရားသူကြီးကို ယုံကြည်ကြောင်း မီဒီယာများအား ပြော ကြားသွားခဲ့သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်က ဆေးခြောက် ဟု ယူဆရသော အရွက်အနည်း ငယ်ကို လက်ဝယ်တွေ့ရှိ၍ ပဲ ခူးတိုင်းဒေသကြီး၊ ကျောက်တံ တား မြို့နယ်တရားရုံးက မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အ ရေးယူခဲ့သည်။ ထိုပုဒ်မဖြင့်ပင် ရဲ တိုက်ကို ယခုနှစ်ဧပြီလ ၇ ရက် တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်သောကြောင့် အယူခံဝင် ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး စုစုပေါင်း ငါးနှစ်ချမှတ် ခံခဲ့ရသည်

From: 7 Day

www.mmdailystar.com

ဘုန်းကြီးရူးနဲ့လှေလူး


UNFC အဖွဲ့ကနေ KNU ထွက်ခွာသွားတာဟာ KIA ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အချိန် ထပ်ဆွဲဖို့ အခွင့်အရေးရသွားခဲ့တယ်။ ၂၀၁၁ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် KIA ဘက်မှ အထိနာခဲ့သလို လိုင်ဇာဌာနချုပ်ဟာလည်း သမ္မတရဲု့ငြိမ်းချမ်းရေး အမှန်တစ်ကယ် ဖော်ဆောင်လိုမှု ကြောင့် KIA ဌာနချုပ်အဖြစ် ဆက်လက်ရှင်သန်ခွင့်ရခဲ့တာဖြစ်တယ်။ ဒါကြောင့် စစ်တပ်နဲ့ထိပ်တိုက် ရင်ဆိုင်ရန် လိုအပ်ချက်များရှိနေတဲ့အတွက် KIA ဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးအမြတ် ထုတ်ဖို့ ပြင်ဆင်လာခဲ့ပါတော့တယ်။ KIA ခေါင်းဆောင် အင်ဘန်လဟာ သောင်းကျန်းသူဖြစ်ပေမယ့် ပညာအရည်အချင်းရှိပြီး ရုပ်ထွက်ကောင်းတဲ့ ဂွမ်မော်ကိုနိုင်ငံရေးအတွက် အသုံးချခဲ့တယ်။

KIA ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မဖြစ်မနေစတင်ဆောင်ရွက်ရမယ့် အပစ်အခတ်ရပ်စဲရေး ကို ရူးချင်ယောင်ဆောင်ပြီး အချိန်ဆွဲနေခဲ့တယ်။ ကိုယ့်အိမ်တွင်းရေးကို ပြည်ပနိုင်ငံတွေပါဝင်လာ
အောင် ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂကိုယ်စားလှယ်တွေနဲ့ တရုတ်ကိုယ်စားလှယ်တွေကို အတင်း ဖိတ်ကြားခဲ့တယ်။ ဒါ့အပြင် စစ်သားအချင်းချင်းဆွေးနွေးညှိနှိုင်းရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လူထုအုံကြွမှုကိုသာဖန်တီးတတ်တဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းကိုလည်း ဖိတ်ခေါ်ခဲ့သေးပါတယ်။ ဒါပေမယ့် ၈၈ ပွင့်လင်းအဖွဲ့တွေကလည်း စစ်သားတွေ ထဆွေးနွေးကြတဲ့အထဲ ဒို့..အရေးအော်ရုံနဲ့ အဆင်မပြေဘူးဆိုတာသိတော့ ဆွေးနွေးမှုတွေအစပိုင်းမှာပဲ အသာလေးလစ်ထွက်သွားခဲ့ကြတယ်။ ဒါကြောင့် ဒေါ်စုကို ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းထဲပါဝင်စေဖို့ KIA တို့ပစ်မှတ်ထားခဲ့ကြပါတယ်။

KIA ခေါင်းဆောင် ဂွမ်မော်အနေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးဝိုင်းမှာ ဒေါ်စုကို ပါဝင်စေ ချင်ခဲ့တယ်။ ဂွမ်မော်ရဲ့အမြင်မှာ ဒေါ်စုဟာ ပြည်သူလူထုထောက်ခံမှုရရှိထားသူဖြစ်ပြီး စစ်အုပ်စုကို လုံးဝဆန့်ကျင်နေတဲ့အတွက် KIA အဖွဲ့အစည်းတည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ပေးနိုင်သူ တစ်ဦးအဖြစ် ယူဆထားပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲစတင်ကတည်းက ဒေါ်စု ဦးဆောင်တဲ့ NLD ပါတီ ပါဝင်စေချင်ကြောင်း ကမ်းလှမ်းခဲ့သလို ၎င်းရဲ့အမေရိကန်နိုင်ငံခရီးစဉ်မှာလည်း
ဒေါ်စုကို ဆွေးနွေးပွဲမှာပါဝင်စေချင်ကြောင်း VOA အသံလွှင့်ဌာနကတစ်ဆင့် ပြောခဲ့ပါတယ်။ ဒါပေမယ့် UNFC မှာ KNU ပါဝင်နေတဲ့အတွက် ဒေါ်စုကိုအသုံးချပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအချိန်ဆွဲဖို့ KIA တို့ အခွင့်အရေးမသာတဲ့အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် KNU အဖွဲ့ UNFC ကထွက်သွားတာနဲ့ UNFC ကိုအသုံးချပြီး ဂွမ်မော်နဲ့ ဒေါ်စုတို့ တွေ့ဆုံခဲ့ပါတော့တယ်။

လက်ရှိပြည်သူလူထုရဲ့ အတွေးအခေါ်အယူအဆကို တောသားမြို့ရောက် ဂွမ်မော်တစ်ယောက် အထင်သေးပြီး ပြည်တွင်းမီဒီယာတွေကတစ်ဆင့် ကချင်ပြည်နယ်လွတ်လပ်ရေးမရသေးလို့ တိုက်ပွဲဝင် နေရကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ပြည်သူလူထုက၀ိုင်းဆဲလို့ ကချင်ပြည်နယ် လွတ်လပ်ရေးဆိုတဲ့စကားကို မီဒီယာရှေ့မှာ မပြောရဲတော့ဘဲ ၎င်းတို့ကိုယ်ပိုင် လိုင်ဇာအသံလွှင့်ဌာန ကနေသာ ကချင်တိုင်းရင်းသားတွေကို ၀ါဒမှိုင်းတိုက်နေပါတော့တယ်။ ကချင်ပြည်နယ် လွတ်လပ်ရေး ရဖို့အတွက် ဂွမ်မော်တို့ စစ်တိုက်နေတယ်ဆိုတာ ပြည်သူလူထုက လက်မခံပေမယ့် ဒေါ်စုနေအိမ်မှာ ဒေါ်စုအနေနဲ့ကတော့ လက်ခံနိုင်တဲ့အခြေအနေရှိနေပါတယ်။ UNFC နဲ့ဒေါ်စုတို့ UNFC ညီလာခံအပြီး တွေ့ဆုံခဲ့ကြတယ်။ ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးမှုတွေကို မီဒီယာတွေကဖော်ပြရာမှာ နိုင်ဟံသာရဲ့ ဆွေးနွေးမှုတွေသာဖော်ပြပြီး ဂွမ်မော်နဲ့ဒေါ်စု ဆွေးနွေးမှုတွေကို ထိန်ချန်ထားခဲ့တယ်။ ဒါဟာ မရိုးသားမှု တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမီဒီယာတွေမှာ ဖက်ဒရယ်ကို နိုင်ငံရေးနယ်ပယ်မှာ တွင်တွင်ပြောဆိုသူ ဒေါ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့အကြား ဖက်ဒရယ်ကို လက်သုံးစကားအဖြစ်ပြောဆိုသူ ဂွမ်မော်တို့နှစ်ဦးပြောဆိုမှုမှာ အပေးအယူတွေ သေချာပေါက်ရှိမှာဖြစ်တယ်လို့ နိုင်ငံရေးသုတေသီတို့က သုံးသပ်ကြပါတယ်။

ဂွမ်မော်ဟာ ဒေါ်စုသမ္မတဖြစ်မှ ကချင်ပြည်နယ် ခွဲထွက်နိုင်ဖို့မျှော်လင့်သလို ဒေါ်စုဟာလည်း သူသမ္မတဖြစ်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုအသုံးချရန် KIA ကို ဆက်လက်အချိန်ဆွဲထား
စေလိုမှုတို့ဟာ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ ဖြစ်နေခဲ့ပါတယ်။ ဒေါ်စုအနေနဲ့ ကုလားကို ကုလားလို့ မခေါ်စေချင်သလို ဂွမ်မော်တို့ KIA ကလည်း ကုလားဆိုးကိုစစ်ပညာသင်ပေးပြီး ကုလားအထောက်အပံ့ ယူချင်တဲ့အတွက် ခံယူချက်ချင်းဟာ တူညီနေပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံကတောင် ရန်သူအဖြစ် သတ်မှတ်ချေမှုန်းနေရတဲ့ ISIS လို မွတ်စလင်အစွန်းရောက်တွေဟာ KIA နဲ့တွေ့ဆုံမှု၊ မွတ်စလင်နိုင်ငံ ခေါင်းဆောင်တွေ ဒေါ်စုနဲ့တွေ့ဆုံမှုတွေ ပြည်ပနိုင်ငံတွေမှာ ရှိနေတာကြောင့်
အံ့အားသင့်စရာဖြစ်နေရ ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတို့အနေနဲ့ ဘုန်းကြီးရူးနဲ့ လှေလူးလို
ဖြစ်နေတဲ့ ဒေါ်စုနဲ့ ဂွမ်မော် တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံအတွက် ဆိုးဝါးတဲ့အပြောင်းအလဲကြီးတစ်ခု မကြုံရပါစေနဲ့လို့ ဆုတောင်း ဖို့ပဲ ရှိပါတော့တယ်။

From: သန်းတင်(ဓနုဖြူ)

www.mmdailystar.com

ချစ်သူမိန်းကလေးအား သတ်ဖြတ်ပြီး ကိုယ်တွင်းကလီစာများကို စားခဲ့သည့် အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရ




အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဂျက်ဖာဆန်ဗေးမြို့မှ ဂျိုးဇက်အိုဘာဟန်ဆလေဆိုသူသည်  ၎င်း၏ချစ်သူ တမ်မီဂျိုဘလန်တန်၏ နေအိမ်အတွင်း ၀င်ရောက်ပြီး အမျိုးသမီးအား သတ်ဖြတ်ကာ နှလုံး၊ အဆုပ်နှင့် ဦးနှောက်တို့ကို ထုတ်စားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။
အသက် ၄၆ နှစ်အရွယ် ဘလန်တန်၏ အလောင်းအား သူမ၏ နေအိမ်ရေချိုးခန်းအတွင်း မိုးကာဖျင်စဖြင့် အုပ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲများက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ထို့ပြင် အရိုးများ၊ သွေးများဖြင့် ပြည့်နေသည့် ပန်းကန်တစ်ချပ်နှင့်အတူ ဟင်းချက်ပစ္စည်းများကိုလည်း  တွေ့ရှိခဲ့ရသည်။

အသက် ၃၃ နှစ်အရွယ် အိုဘာဟန်ဆလေက သူ့ချစ်သူ၏ ဦးနှောက်ကို ချက်စားခဲ့ကြောင်း ၀န်ခံခဲ့သဖြင့် လူသတ်မှု၊ အလောင်းဖျက်စီးမှု၊ အိမ်ကျော်နင်းမှုဖြင့် ၎င်း ကို တရားစွဲဆိုထားသည်။
အိုဘာဟန်ဆလေသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း လူတစ်ဦးကို လည်ပင်းညှစ်ပြီး ထွက်ပြေးသွားခဲ့ရာ ရဲများက အခြားပြည်နယ်အထိ လိုက်လံဖမ်း ဆီးခဲ့ရပြီး အာမခံဖြင့် လွှတ်ပေးထား သူတစ်ဦးဖြစ်သည်။

ထိုစဉ်က အာမခံကြေး ဒေါ်လာ ၂၅၀၀၀ ကို အစိုးရရှေ့နေများက တောင်းခဲ့သော်လည်း ညှိနှိုင်းပြီးနောက် ဒေါ်လာ ၅၀၀ အာမခံဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိုဘာဟန်ဆလေသည် ၁၉၉၈ ခုနှစ်အတွင်းက ဆယ်ကျော်သက်အရွယ် ၎င်း၏ မိန်းကလေးတစ်ဦး အား အမှတ်မထင်သေစေခဲ့မှုဖြင့် ထောင်ကျခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွှတ်မြောက်လာခဲ့သည်။ အဆိုပါ မိန်းကလေးနှင့် သားတစ်ဦးရခဲ့သည်။

Ref:Daily Mail
From: Mizzima

www.mmdailystar.com

သုံးချောင်း




သည်တစ်ခေါက် စခန်းကဟန်ကျသည်။ ရွာနှင့်မနီးမဝေး။ ယိုးဒယားနယ်စပ် မောတောင်
နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပွဲမို့ လမ်းလုံခြုံရေးယူပေးနေရသည်။ အားလပ်ချိန် ရွာသူရွာသားများ၏ ကျန်းမာရေးကို စေတနာဖြင့်ကူညီရင်း ကုန်ဆုံးစေခဲ့သည်။

တစ်နေ့ ရွာထဲသွားရင်း ပိန်လှီနေသော ခွေးတစ်ကောင် ကိုသွားတွေ့သည်။ သနားကရုနာသက်မိသည့်အလျောက် မုန့်လေးကိုဖဲ့ကျွေးမိသည်။ ရွာထဲမှပြန်လာတော့ သူနောက်ကလိုက်လာလေသည်။စခန်းရောက်တော့ တပည့်ဆေးတပ်သားလေးက မောင်းထုတ်မည်ပြုရာ
"ဆရာမင်းဇော်လတ် ထားလိုက်ပါဗျာ။ သူ့မှာလည်းစားစရာအိမ်မရှိလို့တူပါတယ်။ သူ့ဘာသာနေပါစေ ထမင်းကျန်၊ ဟင်းကျန်လေးတွေကျွေးထားလိုက်ပါ"သူက အကင်းပါးသည့်အလျောက် စခန်းနှင့်မနီးမဝေး ဆီအုန်းပင်နားတွင် လှဲနေသည်။ ထပည့်ကလေး ထမင်းဟင်းသွန်တော့ လာစားသည်။ သည်လို့နှင့် ခွေးလေးမှာဝဖီးလာပြီး အနေကြာလာသည့်အားလျော်စွာ စခန်းရှိစစ်သည်များနှင့် ရင်းနှီးလာသည်။ စစ်သည်များက *ရဲဘော်*ဟု ချစ်စနိုးဖြင့် အမည်ပေးထားသည်။ အကျင့်ကောင်းသည်ဟု ဆိုရမည် မကျွေးသည့်အစာအား မည်သည့်အခါမျှခိုးမစား။

   မကြာမီ လုံခြုံရေးယူပေးရသော တာဝန်ပြီးဆုံးသွားပြီမို့ မူလတာဝန်ကျရာ ပွိုင့်1020 တောင်ကုန်းဆီသို့ ပြန်ရလေတော့သည်။ ခွေးလေးမှာ ကျွန်တော်တို့အဖွဲ့အား သံယောဇဉ်ရှိသည့်အားလျော်စွာ ရွာတွင်မကျန်ခဲ့ပဲ စခန်းဆီသို့  အတူလိုက်လာသည်။
စခန်းရောက်တော့ ကျွန်တော်၏တဲနဘေးနားတွင် သူ၏နားခိုရာအဖြစ် သူ့ဘာသာနေရာချထားသည်။ တပည့်လေးက အမဲလိုက်သွားရင်းခေါ်ခေါ်သွားသည်မို့ တောနှင့်ယဉ်ပါးစပြုလာပြီး များမကြာမီ အမဲလိုက်ရာတွင် အားကိုးလောက်အောင် အစွမ်းပြတော့သည်။ သူ့ကိုခေါ်လျှင် အမြီးလေးတနှံ့နှံ့ဖြင့် ခင်မင်တတ်သော သူ၏ အမူအရာကိုပြတတ်သည်။

တစ်နေ့ ရိက္ခာထုတ်သည့်အဖွဲ့နှင့် ကျွန်တော်လိုက်သွားမိသည်။ သူကလည်း ကျွန်တော်နှင့်အတူလိုက်
လာသည်။ ထိုနေ့ကရိက္ခာပို့အဖွဲ နောက်ကျသည်မို့ အပြန်ခရီးတွင်ညမှောင်လေတော့သည်။ မတတ်သာသည့်အဆုံး တပ်ရင်းမှူးထံ စက်ဖြင့်သတင်းပို့ပြီး လမ်းတွင်ညအိပ်စခန်းချရတော့သည်။
ညသည် အမှောင်ထုစိုးမိုးထား၏။ တောနက်သည်မို့ တစ်ချက်တစ်ချက် တောကောင်အော်သံများ ကြားနေရသည်။ ကျွန်တော်တို့ အားကိုးရာကား မီးလင်းဖိုလေးတစ်ဖို။ မီးလင်းဖ်ု ပတ်လည်တွင် ကျောပိုအိပ်များကိုမှီရင်း အနားယူနေကြရသည်။ ညစာကိုတော့ ဖြစ်သလိုဖြေရှင်းလိုက်ရသည်။

ပင်ပန်းလာသည့်အလျောက် အလိုလ်ုအိပ်ပျော်သွားကြသည်။ ကင်းသမားလည်း မနေသာ။ ခွေးလေးကတော့ ကျွန်တော်အနီးတွင် ခွေခွေလေး။ မီးဖိုမှာလည်း တဖြည်းဖြည်း အားလျော့စပြုလေပြီ။ရုတ်တရက် ၀ရုန်းသုန်းကားအသံများကြောင့် အနီးမှသေနတ်ကိုစွဲရင်း နေရာယူလိုက်သည်။ တပည့်များမှာလည်း အလျှိုလျှိုနေရာယူလိုက်ကြသည်။ အသံလာရာကား ကျွန်တော်၏နောက်ဖက်။ မီးထိုးလိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမင်သက်သွား၏။ ခွေးလေးနှင့် ကျားသစ်တစ်ကောင် လုံးထွေးနေသည်။ အားမတန်သည်မို့ ခွေးလေး၏ခြေတစ်ဘက်မှာ ကျားခဲခံနေရသည်။ သို့သော်လည်း သူကားမာန်မလျော့ ရှိသည့်အားဖြင့် ပြန်လည်ခုခံနေသည်။ အကယ်၍သာ သူသာမရှိခဲ့လျင် ကျွန်တော်တို့၏ ကံကြမ္မာကား မတွေးရဲ။ တပည့်က သေနတ်ချိန်ရင်း မောင်းဖြုတ်လိုက်သည်။ "ဒိန်း"ဟူသော သေနတ်သံက တော့တွင်း
အမှောက်ထုကို ခွဲထွက်သွားလေသည်။

ကျားသစ်မှာ သေနတ်ဒဏ်ရာဖြင့် ဇီဝိန်ချွေသွားလေပြီ။ ကျွန်တော်တို့ စိတ်မ၀င်စား။ အားလုံးလိုလို့ ခွေးလေးကို လိုက်ရှာကြသည်။ ခြုံတစ်ခု၏ အနီးတွင် ခွေခွေလေးညဉ်းညူနေသော ခွေးလေး။ ဘယ်ခြေထောက် ပြတ်ကျလုနီးပါးဒဏ်ရာနှင့်။ မတတ်နိုင် ဒူးခေါင်းမှဖြတ်လိုက်ပြီး ပတ်တီးစီးပေးထားလိုက်သည်။ဒဏ်ရာမျာုး ဆေးများထည့်ပေးရင်းထမင်းကျွေးသောသခင်များ၏အသက်အား
သူ၏အသက်ပင်ပဓာနမထားပဲ ကာကွယ်ပေးသောခွေးလေးကို အားလုံးကရုဏာသက်မိကြသည်။
မနက် ခွေးလေးကိုအလှည့်ကျထမ်းရင်း စခန်းပြန်ခဲ့လေသည်။

ဒဏ်ရာများကို ဆေးထည့်ကုသပေးရာ များမကြာမီသက်သာလာခဲ့သည်။ အစက ခွေးလေးမှာ လမ်းမလျောက်နိုင်။ နောက်တော့ သူကြိုးစားထသည်။ လမ်းလျှောက်ဖို့ ကြိုးပမ်းသည်။ နောက်...သူအောင်မြင်သွားသည်။ ခြေသုံးချောင်းဖြင့် ကောင်းကောင်းလမ်းလျှောက်နိုင်ချေပြီ။ သူ၏သတ္တိအား အားလုံးလေးစားကြသလို့ သူ၏အမည်မှာလည်း *သုံးချောင်း* ဟုအမည်တွင်သွားလေတော့သည်။

အချိန်လေးလတာကာလကား ကုန်ဆုံးသွားလေပြီ။ စခန်းချိန်းပြီး နောက်တန်းပြန်ရတော့မည်မို့ စစ်သည်များ၏မျက်နှာကား အပြုံးကိုယ်စီနှင့်။ ကားကိုယ်စီစထွက်လေပြီ။ မြေနီလမ်းခရီးအတိုင်း ကားကတရွေ့ရွေ့။ သို့သော် ကားများ၏နောက်မှ ခွေးတစ်ကောင်က မမောတမ်းပြေးလိုက်နေသည်။ ဟုတ်ပါသည် သုံးချောင်း။ ကျွန်တော်မနေနိုင်တော့ တပ်ရင်းမှူးထံ သုံချောင်းအကြောင်းသတင်းပို့ပြီး နောက်တန်းခေါ်ယူခွင့်တောင်းလိုက်သည်။ တပ်ရင်းမှူးခွင့်ပြုသည်နှင့် သုံးချောင်းကို ကားပေါ်တင်လိုက်သည်။ သူ့ခဗျာ ပင်ပန်းသည်ကို ကရုမစိုက်အား၊ အလွန်ပျော်ရွှင်နေပုံရသည်။ အမြီးကလေးတနှံ့နှံ့။

တပ်ရင်းရောက်တောလ့ည်း သူကားဆေးခန်းတွင်နေသည်။ အချိန်တန် စားဖိုဆောင်သွားစားသည်။ ပြီးလျှင်ဆေးခန်းတွင်သာနေသည်။ ကျွန်တော်တပ်တွင်း ဘယ်သွားသွား နောက်ကအမြဲပါသည်။ ခုတော့ တပ်ရင်းတစ်ခုလုံး သူနှင့်ရင်းနှီးသွားလေပြီ။
မကြာပါ။ ကျွန်တော်ပြောင်းရွှေ့ တာဝန်ပါသည်။ ၂နှစ်တာကာလ လက်တွဲခဲ့သည်မို့ တပ်ကိုသံယောဇဉ်တွယ်မိသည်။ သို့သော်လည်း ၀န်ထမ်းပေမို့ တာဝန်ကျရာသွားရပေတော့မည်။ ရဲဘော် ရဲမေများမှာ စိတ်မကောင်း။ သုံးချောင်းလည်း သဘောပေါက်သည်ထင်သည်။ ကျွန်တော့ကို မျက်ခြေပျက်မခံ။ ကျွန်တော်ဘယ်သွားသွား သူနောက်ကလိုက်သည်။
ကျွန်တော်သွားခါနီး သုံးချောင်းကိုမတွေ့။ ထို့နောက် ကားထွက်တော်မှ မည်သည့်နေရာကထွက်လာသည်မသိ သုံးချောင်းနောက်က ပြေးလိုက်လာသည်။ ကားကို မြန်ခိုင်းလည်း သူကမလျော့တန်း ပြေးလိုက်သည်။
ကျွန်တော်ကားကို ရပ်ခိုင်းလိုက်သည်။ ကျွန်တော့်ကို မှီတော့ခြေထောက်ကို ပွတ်သပ်ရင်း အမြီးကလေးတနှံ့နှံ့။
"အော်.....သုံးချောင်းရယ်"
ထို့နောက် တပည့်ကလေးကိုခေါ်ပြီး ကြိုးချည်ခိုင်းလိုက်သည်။ ကားထွက်တော့ သူရုန်းသည်။ မရ။ သူကြိုးစားရုန်းသည်။ ကြိုးကို ကိုက်ဖြတ်သည်။ ပတ်ချာလည် လှည့်နေသည်။ ကြိုးကိုကိုက်ဖြတ်နေသည်မှာ ပါးစပ်မှပင်သွေးကျသည်။
တပည့်များက ခွေးလေးကိုကြည့်ပြီး စိတ်မကောင်း။ ကားလေးသည် ထွက်ခွါလာလေပြီ။ သုံးချောင်း၏မြင်ကွင်းကား မှုန်ဝါးလာခြင်းမှသည်။ တစစပျောက်ကွယ်နေသည်။ ရုတ်တရက် ဆွဲဆွဲငင်ငင်အူလိုက်သော သုံးချောင်း၏အသံကို ကြားလိုက်ရလေသည်။ ထိုအခြင်းအရာသည် ကျွန်တော့်ကို ကြေကွဲစွာနှုတ်ဆက်ခြင်းလေလော။ ကျွန်တော် ဖြေမဆည်သာ။ ကျွန်တော်၏ မျက်ဝန်းတစုံမှ မျက်ရည်တို့က ပါးပြင်ပေါ်မှသည် နှလုံးသားဆီသို့.........။ ။


လေးစားစွာဖြင့် 
From: Dr.မင်းလုလင်

www.mmdailystar.com

ဗိုလ်မှူးကြီး တိုက်ဂါး တဲ့လား..၀ါးဟားဟားး..ဟားး



မနက်က..ဗိုလ်မှူးကြီး တိုက်ဂါး ကိစ္စ အပြင်က ပြန်ရောက်မှရေးမယ်ဆိုပီး လုပ်တာမှာ.. ခုမှပဲ အပြင်က ပြန်ရောက်တော့တယ် ။

ပြောလိုက်ပါအုံးမယ်... တိုက်ဂါး ဆိုတာ အရင်က နယ်စပ်မှာအများသိပီးဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင် ဆေးခန်း ကကား ဒရိုင်ဘာ..။ အဲ့ဒီအချိန်မှာ.. KNU က စောတန်င်နင်ဆင် ကအလင်းဝင်ဖို့ လူလိုက်စုတော့ အလင်းဝင်မယ့် အရေအတွက်ကအရမ်းနည်းနေတယ်..။

စောတန်င်နင်ဆင် လူစုဖို့ သွားချင်တဲ့နေရာကို ကားမောင်းပီးလိုက်ပို့ပေးရတာက ..အခု ဗိုလ်မှူးကြီး တိုက်ဂါး ဆိုတဲ့ ပုဂ္ဂိုလ်..။နောက်ဆုံး.. လူက အရမ်းနည်းတော့ စောတန်င်နင်ဆင်က တိုက်ဂါးကို
ယိုးဒယားဖက်က ယူနီဖောင်းနဲ့ လက်နက်ဝယ်ပီး ဆင်ပေးလိုက်တယ်..။ဒါပေမယ့်.. ကိုယ့်ဆြာ က တန်င်နင်ဆင် နဲ့ မလိုက်ပဲ KNLA ထဲကို ၀င်ပီးသူ့ကိုယ်သူ ဗိုလ်မှူးကြီး ရာထူး တပ်ပေးလိုက်ပါရော..။ သူ့အောက်မှာလွန်ရော ကျွံရော ရှိမှ ၁၀ ယောက် နဲ့ တပိုင်း...။ KNLA ဆိုတာကလည်းခုချိန် အဖိုးသာ သက်ရှိထင်ရှားမရှိရင် ၅ ပိုင်းလောက်ကွဲတော့မယ့်အနေအထားမှာ ရှိတယ်..။ KNLA ထဲမှာက ကရင် ဆိုတာ မရှိသလောက် ၊အများစု က ဗမာ နဲ့ ကုလားတွေ များတာ..။ ဒါကို KNU ကလည်းမကြည်ဘူး.. အဓိက ကုလားပါဝင်မှု များနေလို့.....။

စောတန်င်နင်ဆင် ဆိုတာက .. အရင် KNU ရင်း (၁၀၁) က..။ဗိုလ်ချုပ်ကြီး စောဗိုလ်မြ ရဲ့ သီးခြားတာဝန်ပေးချက်အရ.. ပင်လယ်ပြင်စိုးမိုးရေး စစ်ဆင်ရေးဖက် လိုက်ဖူးတယ်..။ အဲ့ဒီမှာ.. NAVY နဲ့
ခြေလျင်တပ်တွေ ရဲ့ ချေမှုန်းခံရလို့ ပြန်ခွာလာတာမှာ သူတစ်ယောက်ပဲအသက်ရှင်ကျန်တာ...။ ကျန်တာ အကုန်ချေမှုန်းခံရပေမယ့် ကျေးဇူးရှင်က သူနဲ့ အတူ ငွေထုပ်ကြီးတော့ ပြန်ပါလာအောင် ယူလာသေး ဆိုပဲ..
တော်ချက်...။ အလင်းဆိုတာလည်း.. ခဏခဏ ၀င်စို့ ၊ ထွက်စို့ခေါ်နေတဲ့ သူ....။။

အခု... တိုက်ဂါး ဆင်တဲ့ ဇာတ်လမ်းက ယိုးဒယား ရဲ ကို မကျေနပ်လို့ Personalဖြစ်တဲ့ ကိစ္စ..။ ပီးခဲ့တဲ့ ၁၂ ရက်နေ့က ကျေးဇူးရှင် က သူ့ ယောက္ခမကြီးဒေါ်အေးမြင့်ကို စင်သီယာမောင် ဆေးခန်းသွားပြတယ်..။ အဲ့ဒီမှာ...မယ်တော် မီးပွိုင့်ရောက်တော့ သူ့ရဲ့ ကားက မီးပွိုင့်စည်းကို ကျော်သွားတယ်..။ ဒါကို.. ယိုးဒယား ရဲ က ဖမ်းတော့ ကျေးဇူးရှင် က ဒဏ်ငွေလည်းမဆောင် ၊ ဥပဒေ အတိုင်းလည်း မလိုက်နာပဲ ဒီဖက်ပြန်ရောက်တော့ ယိုးဒယား ကား အစီး သုံးဆယ်လောက် ကို ဘလိုင်းကြီး ဖမ်းလိုက်လေ
ရော..။ ဖမ်းပီးပီးချင်း ယိုးဒယားက ပြဿနာ ရှာတော့ ကျေးဇူးရှင်ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်..။ ဘေးက.. အခါတော်ပေးကယိုးဒယား က မြန်မာ အလုပ်သမားတွေ ကို အနိုင်ကျင့်လို့ မကျေနပ်လို့လုပ်တာဆိုပီး ခေါင်းစဉ်တပ်လို့ ရတယ် ပြောမှ ဒီလို ဒီလိုတွေ ဖြစ်လာတာ.. ဇာတ်လမ်း က..။

ပြောချင်တာက.. နေရာတကာမှာ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်တယ် ဆိုတာပဲ...။ တိုက်ဂါး ဆိုတာကလည်း တလောကလုံး ယိုးဒယား နယ်စပ်မှာ ယိုးဒယားဖက်က အဖွဲ့အစည်း နဲ့ -င်--ိုး  --င်ခံ
မှောင်ခိုလုပ်စားနေတာပဲ..။ ဒါကို နယ်စပ် တလောကလုံး သိတယ် ။အခုမှ.. ခါတော်မှီ ကြံရာမရ ခေါင်းစဉ် ထ တပ်ပြတာ..။ အခုလည်း ရှင်းရှင်းလေးပဲ.. ပြဿနာ နဲ့ ပါတ်သက်ပီး ၂ နိုင်ငံ ဆွေးနွေးရေးယိုးဒယား က မတက်ဘူး တဲ့..။

ဒါကိုမှ.. အစိုးရကြီး မစွမ်းနိုင်လို့ တိုက်ဂါးက ထလုပ်ပြရတယ်လို့ထင်နေကြရင်လည်း သဘောရှိပေါ့ဗျာ..။ သိတဲ့သူတွေ က ဟားတိုက်တာခံရတာ အပြင် ဘာအပိုရှိမှာလဲ..။ လတ်တလောတော့ အစိုးရကြီး ကို
လက်ညှိုးထိုးပီး နိုင်ငံရေး အမှတ်ယူလို့ သိပ်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့လေ..။ ယိုးဒယား က သူ့ဖက်မှာ အလုပ်လာလုပ်တဲ့ မြန်မာတွေ ကို အနိုင်ကျင့်ခဲ့တာ တိုက်ဂါးတောင် မမွေးလောက်သေးဘူး..။

ကျေးဇူး သိပ်တင်သပ ဆို.. တိုက်ဂါး ကို အိမ်ပေါ်ခေါ်တင်ပီးထမင်းကျွေးထားကြဖို့ အကြံပြုလိုပါတယ်...။

စကားကြွင်း လေး အနေနဲ့ KIA မမကြီး လည်း တိုက်ဂါး ကိုDKBA ကလား ၊ KNLA က လား ဆိုတာလေးတော့ မှန်အောင်လေ့လာဖို့ ဆော်သြလိုက်ပါရစေ..။

ဝေါမိ ဒေါခေါ ပါဗျာ...

From: လင်းသူ

www.mmdailystar.com

ဓမ္မစေတီခေါင်းလောင်း ရှာမတွေ့ပါကအလှူငွေများ ပြန်ပေးမည်

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေ၊ ဆယ်ယူခြင်းအတွက် ပြည်တွင်း
အလှူရှင်များလှူဒါန်းထားသည့် ငွေကျပ် ၁၃၄သိန်းအား ရိုးမဘဏ်
တွင်အပ်နှံထားပြီးခေါင်းလောင်းကြီး ရှာဖွေမတွေ့ရှိပါက အလှူရှင်
များကို ပြန်လည်ပေးအပ်သွားမည်ဟု ခေါင်းလောင်းရှာဖွေရေး ပြန်
ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောကြားခဲ့သည်။
အလှူငွေများ ပြန်လည်ပေးအပ်ရာ၌ အလှူရှင်များ ပြန်လည်ရယူခြင်း
မရှိပါက အလှူရှင်များ၏ဆန္ဒအတိုင်းဘုရားတစ်ဆူဆူသို့လှူဒါန်းသွား
မည်ဟုလည်း ၎င်းက ပြောဆိုသည်။ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁
နာရီတွင် သန်လျင်မြို့နယ် နတ်စင်တစ်ရာ ဘုန်းကြီးကျောင်းတွင်နတ်
စင်တစ်ရာဆရာတော်ဦးဆောင်ပြီး ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်
သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ခေါင်းလောင်းကြီးရှာဖွေနေတာကိုလာရောက်ကြည့်ရှုတဲ့ခုနစ်ရက်သား
သမီးတွေလာလှူထားတဲ့အလှူငွေက၁၃၄သိန်းရှိတယ်။ဒါကိုဦးစံလင်းက
တစ်ကျပ် မှ ထုတ်ယူသုံးစွဲခြင်းမရှိသေးပါဘူး။သူသုံးစွဲနေတာကတခြားအ
လှူရှင်တွေလှူတဲ့ သိန်း ၁၅၀၀ထဲကသိန်း ၇၀၀လောက်ကိုသုံးစွဲနေတာ
ပါ။ ကုန်းပေါ်ကလာလှူတဲ့ အလှူငွေတွေက ဘဏ်မှာအပ်ထားပါတယ်။အ
လှူရှင်တွေရဲ့စာရင်းတွေပါ ရှိပါတယ်။ခေါင်းလောင်းကြီးမတွေ့လည်းပြန်
ပေးမယ်။ အလှူရှင်တွေဆန္ဒအတိုင်း လုပ်ပေးသွားမှာပါ" ဟုဦးကြည်ဝင်း
က ပြောဆိုသည်။ရက် ၄၀ ကျော်ဓမ္မစေတီခေါင်းလောင်းကြီးကိုဦးစံလင်း
က ဦးဆောင်ကာ ၂၀၁၄ ခုနှစ်သြဂုတ် ၈ ရက်တွင် စတင်ရှာဖွေခဲ့ခြင်း
ဖြစ်ပြီး စက်တင်ဘာ၁၅ရက် အရောက်တွင် ရှာဖွေနေခြင်းမှာ ရက်ပေါင်း
၄၀ကျော်ခဲ့သည်။
From:စံတော်ချိန်

www.mmdailystar.com

ကွယ်လွန်သွားတဲ့ မော်ဒယ် အေးချမ်းမြတ်မိုး အတွက် အစ်မဖြစ်သူက တစ်လကြာ သီလရှင်ဝတ်

ကွယ်လွန် သွားတဲ့ မော်ဒယ် အေးချမ်းမြတ်မိုး အတွက် အစ်မဖြစ် သူ အေးချမ်းမြတ်ဖြိုးက စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းရှိ သီလရှင် စာသင်ကျောင်းတိုက် မှာ တစ်လ ကြာ သီလရှင် ဝတ်နေကြောင်း သိရပါ တယ်။ ကွယ်လွန်သူ မော်ဒယ်အေး ချမ်းမြတ်မိုး အတွက် အစ်မဖြစ်သူ အေးချမ်းမြတ်ဖြိုး သီလရှင် ဝတ်ဖြစ် ခဲ့ပုံကို ဖခင်ဖြစ် သူ ဦးဝဏ္ဏက “သူ့ ညီမလေးရတဲ့ အလှူတွေနဲ့ ညီမလေး အတွက် ဝတ်လိုက်တာပါ။ သူ့ ညီမ လေး ဒကာမဖြစ်အောင် လုပ်ပေးလိုက် တဲ့ သဘောပါ။ သီလရှင် တစ်လဝတ် မှာပါ။ ကျောင်းမှာတော့ တစ်လလုံး နေမှာ မဟုတ်ဘူး။ ကျောင်းကတော့ စာသင်တိုက် ဖြစ်တဲ့အတွက် ကျောင်း မှာ တရား သွားထိုင်ပြီး ညနေကျတော့ သွားပြန်ခေါ်ဖြစ်တယ်”လို့ ပြောပါ တယ်။

ကွယ်လွန်သူ မော်ဒယ်အေး ချမ်းမြတ်မိုး အတွက် အလှူအတန်း များ ဆက်တိုက် လုပ်ပေးဖြစ်ကြောင်း ကိုလည်း ဖခင်ဖြစ်သူ ဦးဝဏ္ဏက “စက် တင်ဘာ၂၆ ရက်နေ့ဆို တစ်လ ပြည့်ပြီ။ အိမ်မှာ ဆွမ်းကပ်မှာပါ။ ၂၅ ရက်နေ့ မနက် သီလရှင်ကျောင်း တိုက်မှာ အရုဏ် ဆွမ်းကပ်မယ်။ သီလရှင်အပါး ၂၆ဝ ရှိတယ်။ ပြီး တော့ အရင်တုန်းက ကျိုက်ကလဲ့ စေတီဘေးက ဘုန်းကြီးကျောင်းမှာ ကျောင်းဆောက် လှူဒါန်းထားတာ ရှိတယ်။ အဲဒီမှာလည်း စက်တင်ဘာ ၁၃ ရက်နေ့က သင်္ကန်းတွေ သွားလှူ ဖြစ် ပါတယ်။ ဒီကြားထဲမှာလည်း ရထားတဲ့ သင်္ကန်းတွေကို တောက် လျှောက် လှူ ဖြစ်မှာပါ”လို့ပြောပါ တယ်။

From: Popular Myanmar

www.mmdailystar.com

လိမ်လည်မှုများစွာဖြင့် ခေါင်းလောင်းရှာပုံတော်

ဓမ္မစေတီခေါင်းလောင်းကို ဦးစံလင်းဦးဆောင်၍ မြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့် ဆယ်ယူနေသည်မှာ ယနေ့တွင် ၃၈ရက် ရှိပြီဖြစ်သည်။ ခေါင်းလောင်းအား သြဂုတ်၉ရက် က စတင်ရှာဖွေခဲ့ပြီး သြဂုတ် ၂၆ရက်တွင် နဂါးအပါအ၀င် အရိယာဝိဇ္ဇာအပေါင်း ခွင့်ပြုချက်တောင်းပြီးနောက် ခေါင်းလောင်းတွေ့ပြီဟု ဦးစံလင်းက ကြေညာခဲ့သည်။ ခေါင်းလောင်း စတင်တူးဖော်စဉ်ကတည်းက ယုံကြည်သူများရှိခဲ့သလို မယုံကြည်သူများလည်း ရှိခဲ့ကြသည်။ ခေါင်းလောင်းရှိသည်ကိုပင် မယုံကြည်သူများကလည်းရှိပြီး ခေတ်မီသိပ္ပံနည်းကျမဟုတ်ဘဲ မြန်မာ့နည်း မြန်မာ့ဟန်ဟုဆိုကာ နဂါးများအကြောင်း ပါဝင်လာသောအခါ လက်တွေ့သမားများအတွက်  ရယ်စရာတစ်ခုဖြစ်ခဲ့သည်။ ခေါင်းလောင်းကြီးကို ကုန်းပေါ်တွင်နေသူ ဦးစံလင်းကတွေ့ပြီဟု ကြေညာခဲ့သော်လည်း တကယ်တမ်း ရေအောက်တွင်ငုပ်သူ ဦးသန်းညွန့်က မတွေ့ခဲ့ဟုပြောခဲ့သည်။  ထို့အပြင် ရေငုပ်နေသူများမှာ ဆလုံတိုင်းရင်းသားများဟု ဆိုသော်လည်းလက်တွေ့တွင် ဆလုံတိုင်းရင်းသားများမဟုတ်ပေ။  ပွင့်လင်းမြင်သာမှု မရှိသလို၊ ခေါင်းလောင်းဆယ်ယူမှုနှင့်ပတ်သက်၍ ပြောဆိုမှုများစွာပြုလုပ်သော ဦးစံလင်းနှင့်အဖွဲ့ ခေါင်းလောင်းနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးပညာသီဟ
ရွှေည၀ါဆရာတော်
ခေါင်းလောင်းကိစ္စက ဘာသာရေးနဲ့ ဆက်နွှယ်နေတဲ့ကိစ္စဖြစ်နေတော့ ဗုဒ္ဓဘာသာရဟန်းရှင် လူအသိပညာရှင်၊ အတတ်ပညာရှင်အားလုံး အနေနဲ့ အတိအလင်း ဝေဖန်ချပြပြောဆိုဖို့ ချဉ်းကပ်ရတာအတော်လေး ချင့်ချိန်နေရတယ်။ ဗုဒ္ဓဘာသာမြန်မာတွေ အများစုဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် မျက်စိစုံမှိတ်ယုံလွန်းအားကြီးတော့ တစ်ဖက်က လိမ်မယ်၊ ညာမယ်ဆိုရင် အကောင်းဆုံးပျော့ကွက်ကို အထင်းသား တွေ့နေရတယ်လေ။ ဒါဟာ နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ စီးပွားရေးအရဘဲဖြစ်ဖြစ် လိမ်မယ့်သူတွေဘက်က အမြဲတန်းရနေတဲ့ အခွင့်အရေးကြီးဖြစ်နေတယ်။ ဒီအချိန်မှာ အစိုးရအနေနဲ့ ၂၀၁၅ အတွက် နိုင်ငံရေးမာယာတွေကို အစွမ်းကုန်ထုတ်သုံးနေပြီ။ သူတို့အတွက် ဖိအားတွေများနေသလို အရမ်းအရေးကြီးနေတဲ့ အချိန်အခါမျိုးလည်းဖြစ်နေတော့ ခွေးကိုက်လို့ရရ တုတ်ပစ်လို့ရရ ဘယ်လိုရရ ရမယ်ဆိုရင် ဘနှဖူးသိုက်တူးဖို့တောင် ၀န်မလေးဘူးဆိုသလိုပဲ နိုင်ငံရေးအာရုံတွေကို နိုင်ငံသားတွေ မျက်စိလည်၊ ရှုပ်ထွေးကုန်အောင် ရတဲ့နည်းနဲ့ ဘာသာရေး၊ လူမျိုးရေး၊ အကုန်အသုံးချ အမြတ်ထုတ်သွားဖို့ ဘယ်တော့မှ ဘာကိုမှထုတ်သုံးဖို့ ၀န်လေးနေမှာမဟုတ်ဘူး။ နိုင်ငံရေး ရုပ်ပြောင်းအာရုံပြောင်း၊ အကွက်ရွှေ့လုပ်ပြနိုင်သူဆိုရင် မင်းတင်ပြထားသလိုပဲ လိုတာအကုန်နောက်ကွယ်ကနေ ပံ့ပိုးပေးမယ်။ ဒါသူတို့ နည်းဗျူဟာတွေပဲ ဖြစ်တယ်။ စိတ်ဝင်စားသူလာကြည့်တဲ့သူ များအောင် မီဒီယာတွေပါရောက်လာအောင် (သူတို့မီဒီယာတွေကစလို့) စတုဒိသာအကျွေးအမွေးတွေနဲ့ ဧည့်ခံ၊ သူတို့လူအလံရှူးတွေ ထည့်အော်ခိုင်း၊ပြောခိုင်း။ ဒါတွေဟာ လုပ်နေကျအကွက်တွေဆိုပေမယ့် ဘာသာရေးနဲ့ ဆက်နွှယ်နေတော့ ရဟန်းရှင်လူတွေက မပြောရဲ၊မဝေဖန်ရဲကြဘူး။ သူများတွေ ၀ိုင်းပြော၊ ၀ိုင်းတွယ်၊ ၀ိုင်းတီးကြမှာကို စိုးရိမ်ကြောက်ရွံ့နေကြတယ်လေ။ တို့ကတော့ လူရော၊ မူရော ခုလို အချိန်အခြေအနေ (တိုင်းပြည်လူမျိုးအတွက်) အရေးကြီးနေတဲ့အခါ ဘယ်သူ့ကိုမှ အားနာနေလို့ မဖြစ်ဘူး။အားနာရင် (တိုင်းပြည်နဲ့ လူမျိုး)နာတယ်။

ကိုနေသွေး
(ယာဉ်မောင်း)ရွှေပြည်သာမြို့နယ်
ခုလက်ရှိကတော့ ဆယ်တဲ့နေရာကို သွားတဲ့သူတွေ နည်းသွားပြီဆိုတော့ ပြည်သူတွေအနေနဲ့ ၈၀ ရာခိုင်နှုန်းလောက်ကတော့ မယုံတော့ဘူးလို့ထင်တယ်။ တကယ်ပေါ်လာရင်တော့ အရမ်းဝမ်းသာစရာပေါ့။  ကမ္ဘာပေါ်မှာလည်း အကြီးဆုံးခေါင်းလောင်း ဖြစ်လာမှာလေ။ ဒါပေမဲ့  အရင်တစ်ခေါက်တုန်းကလည်း ဆယ်ဖို့ကြိုးစားသေးတယ်။ အဲဒီတုန်းက လုံးဝမအောင်မြင်ဘူး။ အဲဒီတုန်းကတော့ မြန်မာ့နည်း၊ မြန်မာ့ဟန်မဟုတ်ခဲ့ဘူး။ ခုက မြန်မာ့နည်း၊ မြန်မာ့ဟန်ဆိုတော့ ပြည်သူတွေစောင့်ကြည့်နေတယ်။ ဘယ်လိုနည်းတွေ သုံးမလဲ၊ ဘာတွေများထူးခြားလာမလဲ ဆိုတာကို စောင့်ကြည့်တယ်။
စဆယ်မယ်ဆိုကတည်းက ၀မ်းသာအားရနဲ့ စောင့်မျှော်နေကြတာပဲ။ ခုတော့ရက်တွေကလည်း ကြာနေပြီဆိုတော့ သိပ်ပြီးတော့ မယုံချင် ကြတော့ဘူး။ အစိုးရပိုင်းက ၀င်ပြီးမပြောဘူးဆိုတာတစ်ခုတော့ ဦးစံလင်းနဲ့ ကြားမှာ ကတိတစ်ခုရှိပုံရတယ်လို့ ထင်တာပဲ။ ဒါပေမဲ့ ဦးစံလင်းရဲ့နောက်က အထောက်အပံ့ပေးတဲ့သူတွေကလည်း အစိုးရနဲ့ ဘယ်လိုတွေပတ်သက်နေလဲဆိုတာတွေ၊ အဲဒါကြောင့် အစိုးရလည်း စောင့်ကြည့်နေသေးတာလား။ ဖြစ်ချင်တာကတော့ ပြည်သူကတော့ အများကြီးမျှော်လင့်နေတာပဲ။ သူသာတကယ်လို့ လိမ်သွားမယ်ဆိုရင် တရား ဥပဒေအရ အရေးယူသင့်တယ် စံပြအနေနဲ့။ ပြည်သူလူထုရဲ့ယုံကြည်မှုတွေ အကုန်လုံး လိမ်သွားမယ်ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူသင့်တယ်။ တကယ်လို့ သူဖော်နိုင်ခဲ့တယ်ဆိုရင် ကောင်းကောင်းမွန်မွန် ဂုဏ်ပြုသင့်တယ်ပေါ့။

ဦးလေးဇင်
စာရေးဆရာ
ဇာတ်ပွဲမန်နေဂျာ
ကိုယ်က မိရိုးဖလာဗုဒ္ဓဘာသာဆိုတော့ ခေါင်းလောင်းကြီးရှိခဲ့တာကိုတော့ ယုံခဲ့ပါတယ်။ ယုံပေမယ့် မရှိတော့ဘူးလို့ပဲယူဆလိုက်ပါတယ်။ ရှိတယ်ဆိုတာ လက်ခံလို့မရတော့ဘူး။ ဝိဇ္ဇာနည်းတွေနဲ့ဆိုတာကို လက်မခံနိုင်ဘူး။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ငါကလက်မခံဘူး။ သူတို့ဓာတ်ခန်းပေါ်တောင် မတက်ရတို့၊ ဘာတို့တွေနဲ့ လုပ်နေကြတာလေ။ ဆယ်လို့ရသွားရင်လည်း နဂါးမင်းကြီးတွေ၊ ဘိုးတော်တွေကြောင့် ဆိုတာတွေဖြစ်လာရင် လူတွေမှာအတွေးတွေ၊ နောက်မပြန်စေချင်ဘူးကွာ။ တိုင်းပြည်တောင် နောက်ပြန်ချင်နေတဲ့ ဥစ္စာကြီး။ လူတွေရဲ့အသိ ဉာဏ်ကို နောက်မပြန်စေချင်ဘူး။ မရနိုင်တာလည်း သေချာသွားပြီ။  လူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် စဉ်းစဉ်းစားစားလေးလုပ်တာကောင်းပါတယ်။ ထစ်ခနဲဆို ခွေးနှစ်ကောင်ကိုက်လည်း ထသွားကြည့်ကြတာဆိုတော့ လူတွေပိုက်ဆံကုန်သွားတာပေါ့ကွာ။ အစိုးရကလည်း ပြောသင့်ပြီထင်တယ်။ တစ်စုံတစ်ရာတော့ပြောသင့်ပါပြီ။ အစိုးရကပါ အဲဒါတွေကို ယောင်တောင်တောင်ဖြစ်နေလို့လား။ ဦးစံလင်းတို့ကိုလည်း လိမ်တယ်လို့လည်း မဆိုချင်ပါဘူး။ သူတို့လည်း ယုံကြည်လို့လုပ်တာတူပါတယ်။ သူတို့ယုံကြည်တာဟာ မအောင်မြင်ဘူးပေါ့။ သူတို့က လူသိရှင်ကြားလည်း လုပ်တာဆိုတော့ ယုံကြည်မှုတစ်ရပ်အနေနဲ့ဆိုတော့ ပြောရခက်သွားတယ်။ ဘာပဲဖြစ်ဖြစ် အများနဲ့ဆိုင်တဲ့ ပိုက်ဆံတွေ၊ ဘာတွေ နှမြောစရာကြီး။ လှူဒါန်းထားတာတွေက တစ်စုံတစ်ရာကတော့ ပြင်းပြင်းထန်ထန်ပဲဖြစ်ဖြစ် ပြောသင့်တယ်။ အစိုးရက ဒီလိုကြီးမနေသင့်ဘူး။ ငြိမ်မနေသင့်ဘူး။

ဦးလှကို
(တရားလွှတ်တော်ရှေ့နေ၊ မန္တလေးမြို့)
ပထမတုန်းကတော့ တွေ့ပြီပြောတယ်။ တွေ့ပြီပြောပြီး လက်တွေ့ လုပ်တဲ့သူတွေရော ဆယ်တဲ့သူတွေရော မတွေ့တော့ဘူး ပြောပြန်တယ် ဆိုတော့ သူတို့က ယုံနိုင်စရာမရှိဘူးပေါ့။ လူထုထဲမှာကလည်း နဂါးတွေက တကယ်အုပ်ချုပ်နေတယ်ဆိုတာ ယုံနေကြတော့ လိမ်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ယုံတဲ့သူတွေကရှိနေတာကိုး။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ အရေးယူလို့တော့ မရဘူး။ တကယ် ထိထိမိမိ ရှာချင်တယ်ဆိုရင်တော့ အစိုးရက ကြပ်မတ်ပြီး လုပ်သင့်တယ်။ အခုလိုလွှတ်ထားတာမျိုး မလုပ်သင့်ဘူး။ ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာရေးအမွေအနှစ်လို့ ထင်ရင် အစိုးရကို ကြီးကြပ်လုပ်သင့်တာ။

ဦးကျော်ဇင်
လူထိပ်မိုးပြည်ပအလုပ်အကိုင်အေဂျင်စီ (မန်နေဂျင်းဒါရိုက်တာ)
သူကတွေ့ပြီလို့ပြောတာက လိမ်တာကြီးဖြစ်နေတာကိုး။ တကယ်တမ်းက သိပ္ပံပညာထွန်းကားနေတဲ့ ခေတ်ကြီးမှာ နိုင်ငံခြားအကူအညီနဲ့ ယူလို့ရတာပဲအစကတည်းက မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လုပ်နေတာလေ။ မယုံကြည်တာ မဟုတ်ဘူး။ လွဲနေတယ်ထင်တာ။ သူက ခေါင်းလောင်း မဟုတ်ဘဲ တစ်ခုခုရှာနေတာများလားမှ မသိတာ။ အဲဒီနားမှာနေတဲ့ အသက် ၈၀ ကျော် ရေငုပ်သမားတွေက အစောကြီးကတည်းက မရှိဘူးလို့ ပြောတာ။ အဲဒါကို သူတို့က ဆက်တူးနေတယ်ဆိုတော့ နောက် မိုးတွင်းဘက်ကြီးမှာ သောင်တူးစက်တွေနဲ့ တူးတာဆိုတော့ စဉ်းစားစရာပဲလေ။ ရေကြည်တဲ့ အချိန်ထိ စောင့်သင့်တာပေါ့။ မြန်မာရေကြောင်း ရေနက်ထဲမှာပဲလေ။ အကယ်၍ အစိုးရက ပူးပေါင်းချင်ရင် အစတည်းက ပူးပေါင်းမှာပဲ သိပ်မကြိုက်လို့ပေါ့။ တကယ်တမ်း မတွေ့ရင် တိုင်းပြည်ကိုညာတာပေါ့။ အစိုးရအနေနဲ့ ဒီအတိုင်းမထားသင့်ဘူး။ အရေးယူဆောင်ရွက်မှုမျိုး လုပ်သင့်တယ်။

ဦးကျော်သိန်း
တောင်ဥက္ကလာပမြို့နယ် (တက္ကစီယာဉ်မောင်း)
ဦးတို့လည်း ခေါင်းလောင်းကြီးဆယ်တယ်ဆိုတော့ ၀ယ်ဖတ်တာပေါ့။ နောက် ရှာတွေ့ပြီဆိုတော့ ၀မ်းသာတာပေါ့။ အခုမတွေ့ဘူးဆိုတော့ ဘာမှမပြောနိုင်တော့ဘူး။ ရှေ့တုန်းကလည်း ကြိုးစားခဲ့ပြီးပြီ မတွေ့ခဲ့ဘူးလေ။ ပထမက တွေ့တယ်ဆိုပြီးတော့ ရေငုပ်သမားတွေပြောသွားတာ ပိုတိကျတာပေါ့။ ရေငုပ်တဲ့သူတွေက အောက်ဆင်းတာဆိုတော့ သူတို့ အသိဆုံးပဲလေ။ အခုလို မတွေ့တော့ ဆုံးရှုံးစရာတွေဖြစ်တာပေါ့။ ငွေကြေးတွေ အချိန်တွေဆုံးရှုံးတာပေါ့။ တွေ့ရင်တော့ ၀မ်းသာစရာပဲပေါ့။ ယဉ်ကျေးမှုအမွေအနှစ်ပဲ။ အခုတော့ နောက်ဆုံး ရယ်စရာလိုပဲ ဖြစ်တာပေါ့။ အစိုးရကတော့ သူတို့အပိုင်းပဲပေါ့။ အခုလို မတွေ့တော့ သူတို့ အရေးယူဖို့ အပိုင်းက အစိုးရနဲ့ပဲ ဆိုင်တယ်။ ဦးတို့က အပြင်လူတစ်ယောက်အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး နားမလည်ဘူး။

ဆရာ မင်းခန့်ကျော်
(ဗေဒင်ဆရာ)
အခုပုံစံက ခေတ်မီနည်းစနစ်တွေ မသုံးဘဲနဲ့ နဂါးလိုလို၊ ဘာလိုလို လျှောက်ပြောနေတာဆိုတော့ မဖြစ်သင့်ဘူး။ တိုင်းပြည်ကလည်း လွတ် လပ်နေပြီ ဒီမိုကရေစီခေတ်ကာလကိုပဲ ရောက်နေပြီဆိုတော့ တိုင်းသူ ပြည်သားတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အမြင်တစ်ခုကို ချပြသင့်တယ်။ ခုက ဟိုဟာလိုလို ဒီဟာလိုလိုနဲ့ ဆယ်နေတာကလည်း ကြာနေပြီဆိုတော့ အစိုးရအနေနဲ့လည်း ဒါဟာမှန်ကန်တယ်။ မမှန်ကန်ဘူးဆိုတာ ၀ိဝါဒကွဲပြားအောင်တော့ လုပ်ပေးဖို့ကောင်းတယ်။ သူပြောထားတဲ့အချိန်က ၁၄ ရက် နောက်ဆုံးဆိုပြီး အခုချိန်ထိလည်း ဘာမှ မထူးသေးဘူး။ ခေါင်းလောင်းအပေါ်မှာ လူတွေ တော်တော် မျှော်လင့်ကြတယ်လေ။ အဲဒီတော့ နိုင်ငံတော်ဘက်ကလည်း ဒီခေါင်းလောင်းကြီး တကယ်ရှိနေတာလား။ ရှိရင်လည်း ရှိတယ်၊ မရှိရင်လည်း မရှိဘူး။ နည်းပညာတွေက ပေါ်နေပြီပဲ။ ရေထဲမှာရှိရင် GPS စနစ်တွေနဲ့ ရှာသင့်တယ်။ အဲဒါကို သွားကြည့်ပြီး ဒါတွေ မှန်တယ်၊ မမှန်ဘူး ပြောပြသင့်တယ်။ ဦးစံလင်းဘက်ကိုလည်း အပြစ်မပြောချင်ဘူး။ တွေ့ရင်တွေ့ တယ်၊ မတွေ့ရင် မတွေ့ဘူးဆိုတာကို ပြောသင့်တယ်။ ခုသူပြောထားတဲ့ရက်လည်း ကျော်ပြီ။ စွန်းဦးတီထွင်ပြီး ရှာတဲ့လူကို အပြစ်တော့ မပြောချင်ပါဘူး။

ကိုသန်းမြင့်
(မြောက်ဒဂုံမြို့နယ်)
ကျွန်တော်တို့ကတော့ စဖော်ကတည်းက စိတ်ဝင်စားနေတာ။ ခုတော့ ဘယ်လိုထင်သလဲဆိုတော့ ကျွန်တော်တို့က ရမယ်ထင်တာပဲ။ ကျွန်တော့်အမြင်ကတော့ ရမယ်လို့ထင်တယ်။ သွားတော့မကြည့်နိုင်ဘူး။ သတင်းစာတွေတော့ ဖတ်ဖြစ်တယ်။ ပေါ်မယ်ထင်တယ်ပေါ့။ လုပ်တဲ့အဖွဲ့တွေကလည်း တကယ်လုပ်မယ်ထင်တာပဲ။ သူတို့တွေ ကောင်းကောင်းလုပ်မှာပါ။ ခုပြောနေတာတွေတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ သူ့အနေနဲ့ အဲဒီလိုတော့လုပ်မယ်လို့ မထင်ပါဘူး။ သတင်းတွေ ထွက်နေတယ်ဆိုပေမယ့် အဲဒီလိုလုပ်မယ်မထင်ဘူး။ ကျွန်တော့်အထင်တော့ အစိုးရက ကူညီသင့်တယ်ထင်တာပဲ။ ဘယ်လိုပြောရမလဲ။ သူတို့တွေက ဒါလုပ်ဒါလုပ်ဆိုပြီး ညွှန်ကြားပြီးပိုလို့တောင် လုပ်ပေးသင့်တယ်လို့ထင်တယ်ပေါ့။ မလုပ်ပေးဘူးဆိုတာ အစိုးရက စိတ်မ၀င်စားဘူးထင်တာပဲ။ ကျွန်တော့်အမြင်ပဲပေါ့။ ကျွန်တော့်အမြင်ကတော့ ဦးစံလင်းက သတင်းတွေထွက်နေသလို အလှူငွေတွေနဲ့ ပျောက်သွားမယ်လို့ မထင်ပါဘူး။ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ သူ့ဟာနဲ့သူ တရားဥပဒေအတိုင်း သွားမှာပါပဲ။

ကိုအေးသွင်
(ကမာရွတ်မြို့နယ်)
သိပ်ပြီးတော့ မထင်ဘူး။ ဘယ်လိုထင်သလဲဆိုတော့ ဒါကြီးက ရှေ့ အစဉ်အဆက်က ဘယ်သူမှ မလုပ်ခဲ့တာ။ ဒါကြောင့် သိပ်ပြီးတော့ မယုံကြည်ပါဘူး။ ရှိမယ်လို့လည်း မထင်ပါဘူး။ ရှိတယ်ဆိုသူ့ဟာနဲ့သူကုန် ဆုံးသွားပြီပေါ့။ ပျောက်သွားလောက်ပြီ။ အောက်တွေမှာလည်း နစ်ရင်လည်း နစ်နေမှာပဲ။ နဂါးသိုက်ရှိတယ်တို့၊ ဘာတို့၊ ဒါတွေကလည်း အရင်တုန်းကသာ သမာဓိရှိတဲ့သူတွေတုန်းကသာ မြင်တွေ့ရင် တွေ့ရ မယ်။ ခုသမာဓိရှိတဲ့သူက နည်းသွားပြီး။ ဒါတွေလည်း မရှိလောက်တော့ဘူး။ ပိုက်ဆံတွေ ဆုံးရှုံးတာပဲရှိမယ်။ အဲဒါတွေကို နိုင်ငံတော်အတွက် အကျိုးအမြတ်ပြုလိုက်ရင် မရှိတဲ့သူတွေကိုပေးလိုက်ရင် ဘယ်လောက် ကောင်းမလဲ။
ဦးစံလင်းကတော့ ကောင်းအောင်လုပ်တာပဲ။ သူပြောတာက တကယ်တွေ့တယ်ဆိုပြီး ခုလိုဆိုရင်တော့ အရေးယူရမှာပဲ။ ဒါပေမဲ့ မိမိတွေ့မှ မိမိယုံရမယ်လေ။

ဇော်လတ်
(တောင်ဒဂုံမြို့နယ်)
ခုကိုယ်တို့ကတော့ ဒီသတင်းကို စောင့်နေတာပဲ။ ဦးစံလင်းနဲ့ ပတ်သက်ပြီးတော့ သူကတော့ ဘာသာရေးတရား လုပ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ပြောလို့မရဘူးဗျ။ ဗုဒ္ဓဘာသာတွေ ဖြစ်နေတာကြောင့် ဒီအပိုင်းတွေက ဝေဖန်လို့လည်း မရဘူ။ ပြောလို့လည်း မရဘူးဖြစ်နေတယ်။ကျွန်တော်တို့အနေနဲ့ ၀ိဇ္ဇာနဲ့ဆယ်တယ်ပြောပြော၊ သိပ္ပံနဲ့ဆယ်တယ်ပြောပြော။ ဒါတွေက ဗုဒ္ဓဘာသာနဲ့ ဆိုင်တယ်။ ဘုရားမှာလှူတဲ့ ခေါင်းလောင်းဖြစ်တာကြောင့် ပြန်ဆယ်လို့ရရင်တော့ ၀မ်းသာရမှာပဲ။
ဦးစံလင်းတို့အနေနဲ့ အလွဲသုံးစားလုပ်တယ်ဆိုရင်လည်း သူဟာ လူကြီးတစ်ယောက်ဆိုတော့ သူလုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ အစိုးရပိုင်းက ၀င်မပါတာကလည်း သူတို့ကအစကတည်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောထားတယ်လေ ခွင့်ပြုပေးမယ်၊ မပတ်သက်ဘူးဆိုတဲ့ သဘောတော့ပြောတယ်။ ဂျာနယ်ထဲမှ ဖတ်ရတာကိုပြောတာပါ။ ဒါကိုပြည်သူတစ်ယောက်အနေနဲ့ ပြောလို့မရဘူးလေ။
ခုရှာနေတဲ့အပိုင်းကတော့ ဒီခေါင်းလောင်းရဲ့ သက်တမ်းနဲ့ ခုရှာပုံ ရှာနည်းနဲ့ကတော့ ကျွန်တော့်အနေနဲ့ ပြောရရင်သိပ်ပြီးတော့ အားမရဘူး။ရွေ့လျားသွားတာလည်းဖြစ်နိုင်မယ်။ အမျိုးမျိုးပေါ့။ နည်းပညာတွေ စသဖြင့် ဘက်စုံကနေ တကယ်ကိုရှာမယ်၊ တကယ်လည်းရှိတယ်ဆိုရင် တွေ့ကိုတွေ့ရမယ်။

ကိုအောင်ဇေယျာ
မန္တလေးစက်မှုဇုန် သံရည်ကျိုလုပ်ငန်းရှင်
 ခေါင်းလောင်းရှိတယ်ဆိုရင်တောင် လွယ်လွယ်နဲ့ ဆယ်လို့ရဖို့ဆိုတာ ခက်မယ်။ ခေတ်မီစက်ကိရိယာတွေနဲ့ ဆယ်မယ်ဆိုရင်တောင် မလွယ်လောက်ဘူး။ အခုလောလောဆယ် သူတို့ကတော့ ဘယ်လိုလုပ်နေလဲမသိဘူး။ ခေတ်မီနည်းပညာတွေနဲ့ မဟုတ်ဘဲလုပ်နေကြတာကတော့ ဒါကတော့ ဘယ်လိုပြောရမလဲ။ သူတို့ယုံကြည်ရာပေါ့။ မလုပ်ပါနဲ့လို့ ပြောလို့မှမရတာ။ ပြည်သူတွေကလည်း ယုံကြည်ကိုးစားလို့လုပ်ခဲ့ကြတာပဲ။ ဒါကို အစိုးရကလည်း ခွင့်ပြုခဲ့တယ်။ ခေါင်းလောင်းကြီးရှာတွေ့ပြီး တကယ်ဆယ်ယူနိုင်ခဲ့ရင်တော့ နိုင်ငံဂုဏ်သိက္ခာ တက်တာပေါ့ဗျာ။ အခုဟာကတော့ ၀ိဇ္ဇာနည်းတွေ ဘာတွေနဲ့လုပ်ပြီး ဘာမှမတွေ့ဘဲ ဒီအတိုင်းကြီးဆိုတော့ ရှက်စရာကြီးပေါ့။ နောက်တစ်ချက်က ရေအောက်က သမ္ဗာန်ဆယ်မယ်ဆိုရင်တောင် မန္တလေးမှာ တကယ်ကျွမ်းကျင်တဲ့ ဆရာတွေရှိတယ်။ ဆလုံရေငုပ်သမားတွေနဲ့က ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့က ရေပဲငုပ်တာလေ။ တွေ့ခဲ့ရင်တောင် ဘယ်လိုဆယ်မလဲ။ စလုပ်ကတည်းက ယုံကိုမယုံဘူး။ သံ၊ သတ္တုက ရေအောက်မှာ ဒီလောက်အကြာကြီး ရှိနိုင်မယ်မထင်ဘူး။  လူထုအနေနဲ့ကတော့ ဘယ်အရာဖြစ်ဖြစ် စဉ်းစားချင့်ချိန်ပြီးမှ ယုံဖို့လိုတယ်။ မန္တလေး ပဋိပက္ခကိစ္စတုန်းကလည်း အဲဒီလိုပဲ။ သင်ခန်းစာယူစရာတွေ အများကြီးပဲ။ အစွန်းမရောက်ဘဲ ချင့်ချိန်ယုံဖို့က အရေးကြီးတယ်။ တချို့ဟာတွေက အာရုံလွှဲတဲ့သဘောတွေရှိတယ်။ အစိုးရကတော့ ဒါကို သိပ်ဂရုမထားတာလားတော့မသိဘူး။ ဘာမှ အရေးယူတယ် မကြားမိဘူး။ တကယ်တော့လည်း ဒါက သိပ်ပြီးအရေးယူဖို့ မလိုအပ်ဘူးလို့ ထင်တယ်။ သူတို့လုပ်တာက သူတစ်ပါးထိခိုက်တာ မရှိဘူး။

ကိုကျော်လွင်
(၀န်ထမ်း)
တကယ်ရှိခဲ့တယ်ဆိုလို့ အရင်လူတွေလည်းရှာခဲ့တယ်။ အဲဒီအကွာ အဝေးမှာရှိတယ်ဆိုပြီး သူလည်း ကြိုးစားကြည့်တာဆိုတော့ သူ့ကြိုးစားမှုကို ချီးကျူးတယ်။ နောက်ဆက်တွဲ တွေ့ခြင်း၊ မတွေ့ခြင်းကိုတော့ သေချာတော့ ဘယ်သိမလဲ။ ခုလည်းကြိုးစားနေတယ်။ ငွေကုန်ကြေးကျအများကြီးခံပြီး လုပ်တယ်ဆိုတော့ သူ့ယုံကြည်ချက်ရှိလို့ လုပ်တယ်လို့ပဲ ထင်တယ်။ မတွေ့သေးပေမယ့် ရှေ့မှာ နိုင်ငံခြားပညာရှင်တွေရော၊ ဆရာ ချစ်စံဝင်းတို့ရော အဲဒီနားမှာ တကယ်ကျခဲ့တယ်လို့ ယူဆပြီး လုပ်ခဲ့တဲ့ အတွက် သူလည်း ကြိုးစားပြီးတွေ့ချင်လည်း တွေ့မယ်ဆိုပြီး ရှာနေတာ ဆိုတော့ ဘာမှအတပ်ပြောလို့မရဘူး။ သတင်းစာရှင်းလင်းပွဲတုန်းက ရက်နှစ်ဆယ်အတွင်းမှာ ရအောင်လုပ်မယ်။ နောက်ဆယ့် ခုနှစ်ရက်ထပ်တိုးတယ်။ ဒါပေမဲ့ ခုထိ ဘာမှမထူးတော့ လူတွေယုံကြည်ချက်က တော့ လျော့သွားပြီ။ ခုချိန်ထိ ရှာဖွေနေဆဲဆိုတော့ တွေ့ဖို့တော့ မလွယ်သေးဘူးထင်တယ်။ ဒီလိုအလုပ်အကြီးကြီးကို တစ်ယောက်တည်း ထင်ယောင်ထင်မှားမလုပ်သင့်ဘူး။ တကယ်ခိုင်ခိုင်မာမာတွေ့ပြီဆိုရင် တိတိကျကျနဲ့ အများနဲ့ပေါင်းပြီး လုပ်သင့်တယ်လို့ ထင်တယ်။ အစိုးရဘက်ကလည်း ဒီကိစ္စက မသေချာတာကြောင့် ၀င်မပါတာဖြစ်လိမ့်မယ်။ တကယ်ဆိုရင် နိုင်ငံရဲ့ အမွေအနှစ်တစ်ခု မဖော်ထုတ်ဘဲ နေမှာမဟုတ်ဘူး။


From:7day

www.mmdailystar.com

Eleven Media လို နာမည်ကြီး သတင်းဌာနတစ်ခုအနေနဲ့ ယခု ကိုယ်ဖော်ပြထားတဲ့သတင်းကို ကိုယ်တိုင် တာဝန်ယူပြီး ဖြေရှင်းမှာလား.. ?


မရေးချင်ပေမယ့်လည်း ရေး၊ မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။

Eleven Media မှာ ဖော်ပြထားတဲ့ “တရုတ်တောင်တက်အဖွဲ့ အဆင့်မမီသောကြောင့် ပြန်လွှတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတဲ့ သတင်းကိုပါ။

ပထမဆုံးပြောချင်တာက အဆိုပါ စကားအသုံးအနှုန်းအား ယခုလက်ရှိ Htoo Foundationရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ သတင်းနှင့် ပြန်ကြားရေးတာဝန် ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ လုံးဝထုတ်ပြန် ပြောဆိုခြင်းမရှိဘူး ဆိုတာပါပဲ။

အခြားသတင်းမီဒီယာများက ကျွန်တော့်ဆီ တိုက်ရိုက်ဆက်သွယ် သတင်းမေးမြန်းကာ ပြန်လည် ဖော်ပြကြပေမယ့်လည်း ယနေ့အထိ ကျွန်တော့်အား Eleven Media မှ လုံးဝဆက်သွယ်မေးမြန်းခြင်း မရှိခဲ့ပါဘူး။

တစ်ခုမေးချင်ပါတယ်။ Eleven Media အနေနဲ့ ကာယကံရှင်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်း မရှိတဲ့ ပုတ်ခတ်မှု ဆန်ဆန် စာသားမျိုးတွေ သုံးပြီး ကာယကံရှင် ကိုယ်တိုင် ပြောပြသယောင် သတင်းကို ကိုယ့်စိတ်ကြိုက်တည်ဆောက် ဖော်ပြခွင့်ရှိပါသလား။ ကိုယ့်ဂျာနယ်၊ ကိုယ့်သတင်း ရေးချင်သလို ရေးမယ်ဆိုရင်တော့ စာနယ်ဇင်းကျင့်ဝတ်၊ သတင်းကျင့်ဝတ် ဘယ်မှာလဲလို့ မေးခွန်းထုတ်ချင်ပါတယ်။

ကျွန်တော် တစ်ခုချင်း ပြန်လည် ဖြေရှင်းပြောပြပါ့မယ်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းနှင့် တရုတ်သံရုံးတို့၏ ကမ်းလှမ်း စီစဉ်မှုဖြင့် ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးကို ကယ်ဆယ်ရာမှာ စေတနာနဲ့ လာရောက်ကူညီသော အဖွဲ့အစည်းပါ။ သဘောတရား တစ်ခုအနေနဲ့ ပြောရရင် ဧည့်သည်က အိမ်ရှင်ကို လာရောက်ကူညီပေးခဲ့တာပါ။ သူတို့အနေနဲ့ ပူတာအိုရှိ ထူးဖောင်ဒေးရှင်း၊ သဘာဝခေါ်သံဖောင်ဒေးရှင်းနဲ့ စစ်ဘက်နယ်ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းမှ ရာသီဥတုနဲ့ တခြားအခက်အခဲတစ်ချို့ကြောင့် အခြေအနေမပေးလို့ တရုတ်နိုင်ငံဘက်ကနေ ခါကာဘိုရာဇီတောင်တက်ရန် သူတို့နည်း၊ သူတို့ဟန်နဲ့ ကြိုးစားမယ်ဆိုပြီး နောက်ဆုတ်ခဲ့တာပါ။

ယခုလို Eleven က သုံးနှုန်းထားတဲ့ “အဆင့်မမီသောကြောင့် ပြန်လွှတ်” ဆိုတာမျိုးကတော့ အတော်ကို ရိုင်းစိုင်းပါတယ်။ ဧည့်ဝတ်ကျေတယ်ဆိုပြီး နာမည်ကြီးတဲ့ အိမ်ရှင် ရွှေမြန်မာတို့အတွက် မသုံးသင့်တဲ့ အသုံးအနှုန်းမျိုးနဲ့ လာရောက်ကူညီတဲ့သူတွေကို ရင်ဝ ဆောင့်ကန်သလိုဖြစ်သွားပါတယ်။ အကြောင်းချင်းရာ တိတိကျကျ မသိပဲ သတင်းရေးမယ်ဆိုရင်တော့ ယုံကြည်ရတဲ့ သတင်းဌာနတစ်ခု ဖြစ်နိုင်စရာမမြင်တော့ပါဘူး။ သတင်းဌာနတစ်ခုအတွက် စာဖတ်ပရိသတ်ရဲ့ ယုံကြည်မှုက ဘယ်လောက် အရေးကြီးသလဲဆိုတာ သိသင့်ပါတယ်။

Eleven Media လို နာမည်ကြီး သတင်းဌာနတစ်ခုအနေနဲ့ ယခု ကိုယ်ဖော်ပြထားတဲ့သတင်းကို ကိုယ်တိုင် တာဝန်ယူပြီး ဖြေရှင်းမှာလားလို့ မေးခွန်းထုတ်လိုက်ပါရဲ့ဗျာ
 
 
From: Phyo Ko

www.mmdailystar.com

မိန်းကလေးများ ရင် နှစ်မြွှာနာကျင်ရခြင်း


မိန်းမသားတွေအနေနဲ့ သူတို့ရဲ့ သားမြတ်လို့ခေါ်တဲ့ ရင်သားတွေ တစ်ခါတစ်လေ နာကျင်တာမျိုးတွေ ကြုံဖူးကြမှာပါ။ ဘာ့ကြောင့်မှန်းမသိ အဖြေရှာလို့မရပေမယ့် ဒီလိုနာကျင်ရခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အချက်တွေ ပြောပြပေးချင်ပါတယ်။

၁။ဓမ္မတာလာနေချိန်

အမျိုးသမီးအများစုဟာ ရာသီလာနေချိန်အတွင်း ရင်သားတွေ နာကျင်နေတတ်ပါတယ်။ ဒါဟာ ဟိုမုန်းအပြောင်းအလဲကြောင့်ပါ။ ရာသီမလာခင်တစ်ရက်နဲ့ ရာသီလာလာချင်း ပထမဆုံးတစ်ရက်မှာ ခုလို ရင်သားထိပ်လေးတွေ နာကျင်တာဆိုရင်တော့ ဒါဟာ အခြားသော အမျိုးသမီးတွေလည်း ဖြစ်လေ့ဖြစ်ထရှိတာမို့ စိုးရိမ်စရာ မလိုပါဘူး။ ရာသီလာပြီးသွားတာနဲ့ အဲ့ဒီနာကျင်မှုတွေပါ ပျောက်သွားမှာပါ။

၂။ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေတဲ့အခါ

ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ လက်မောင်းကြီးလာအောင် ၀ိတ်တုံးမတာတွေ ဘာတွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ကိုယ်လုပ်နေကျ မဟုတ်တဲ့ အလေးမတာမျိုးတွေ ဘာတွေ လုပ်တဲ့အခါမှာလည်း သင့်ရဲ့ကြွက်သားတင် နာတတ်တာ မဟုတ်ပါဘူး။ ခုလို ရင်သားတွေလည်း အခန့်မသင့်ရင် နာကျင်တတ်ပါတယ်။

၃။တစ်ခုခုကို "မ" မိတဲ့အခါ

ကိုယ်လက်လေ့ကျင့်ခန်းမှ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အလေးချိန်များတဲ့ စားပွဲခုံကို မလိုက်တာမျိုး၊ ထိုင်ခုံကို မယူလိုက်တာမျိုးတွေ လုပ်မိတဲ့အခါမှာလည်း သင့်ရဲ့ရင်သားတွေ နာတတ်ပါတယ်။ ဒီလို နာကျင်တယ်ဆိုတာ ရင်သားအောက်က ကြွက်သားတွေဆီက ဖြစ်လာတဲ့ ခံစားမှုပါပဲ။

၎။သင့်ရဲ့ဘရာက သင်နဲ့အဆင်မပြေတော့တဲ့အခါ

အမျိုးသမီးတွေအတွက် ဘရာစီယာရွေးချယ်မှုဟာ သိပ်အရေးကြီးပါတယ်။ ကြီးလွန်းနေတဲ့ ဘရာ၊ သေးလွန်းနေတဲ့ ဘရာတွေဟာ သင့်ရင်သားအတွက် ဆိုးကျိုးတွေ ဖြစ်စေပါလိမ့်မယ်။ သေးတဲ့ဘရာဆိုရင် အုံနဲ့ရင်သားကွက်တိမဖြစ်တာကြောင့် ခုလို နာကျင်မှုတွေ ဖြစ်စေတာပါ။

၅။ခုန်ရတဲ့ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ

သင့်ရဲ့ဘရာစီယာဟာ သင့်ရင်သားနဲ့ ကွက်တိဖြစ်မနေတဲ့အခါ ခုန်ရတဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးတာနဲ့ သင်နေလို့ ကောင်းမှာ မဟုတ်တော့ပါဘူး။ ဒီတော့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘရာစီယာကို သေချာရွေးချယ်ပြီး ကွက်တိဖြစ်အောင် ၀တ်ဆင်ပါ။

၆။ကဖင်းဓာတ်ကို လိုအပ်သလိုဖြစ်လာတဲ့အခါ

ကော်ဖီသောက်ခြင်းဟာ သင့်ရင်သားနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။ ဒါပေမယ့် ကော်ဖီကို ပုံမှန်တစ်နေ့ သုံးခွက်လောက်သောက်ရာကနေ လုံးဝဖြတ်လိုက်မယ်ဆိုရင်တော့ သင့်အတွက် မအီမသာခံစားမှုနဲ့အတူ ရင်သားနာကျင်သလို ဖြစ်တာမျိုးတွေ ခံစားရနိုင်ဖွယ်ရှိပါတယ်။ ဒီလိုမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

Ref:womenshealthmag.com

From: Trend Myanmar

www.mmdailystar.com

ဇာတ်လမ်းထဲက Sexy အခန်းတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေ နားလည်ပေးစေချင်တဲ့ မင်းသမီး

အောင်ရဲလင်းနဲ့အတူ ‘လက်နွယ်ကဲ့သို့ပြိုးပြက်သော’ ဇာတ်ကားကိုရိုက်ကူးနေတဲ့ သွန်းဆက်က အခုနောက်ပိုင်းမှာ ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်လာတာကို လည်း တွေ့ရပါတယ်။ တအားကို ဗီလိန်ဆန်တဲ့ဇာတ်ရုပ်မျိုးတွေကိုတော့ ပရိသတ် အမြင်တစ်မျိုးဖြစ်သွားမှာစိုးတာကြောင့် မရိုက်ဖြစ်သေးဘူးလို့ ဆိုပါတယ်။

“သွန်းဆက် တအားဟဲဗီးဗီလိန် လုပ်ရမယ့် ကာရိုက်တာမျိုးတွေဆိုရင်တော့ မရိုက်ဖြစ်ဘူး။ အခုအချိန်မှာ မင်းသမီးအသစ်တစ်ယောက် အနေနဲ့ ပရိသတ်အမြင်မှာ မုန်း သွားမှာစိုးလို့ သွန်းဆက်မရိုက်ဖြစ်သေးဘူး။ တခြားကာရိုက်တာတွေတော့သွန်းဆက်ရိုက်ဖြစ်တယ်။ တအားကြီး ဟဲဗီးကြီးတွေဆိုရင်တော့ သွန်းဆက် မရိုက် ဖြစ်ဘူး။ တစ်ကားနဲ့ တစ်ကားမှာလည်း ကာရိုက်တာတွေ မတူအောင်ရိုက်ဖြစ်တယ်။ အဝတ်အစားပိုင်းတွေမှာဂရုတစိုက်နဲ့ပရိသတ် ကြိုက်မယ့် ပုံစံလေးတွေဝတ်တယ်။ ပြီးတော့ဇာတ်ကားတွေထွက်လာ လို့ အမှားအယွင်းပါတယ်၊ Sexy အခန်းတွေပါရင် အဲဒီလိုမျိုးတွေက ကာရိုက်တာအရလုပ်ခဲ့ရတာဆိုတာကို ပရိသတ်က နားလည်ပေးပါ” လို့ဗီလိန်ဇာတ်ရုပ်သရုပ်မဆောင်ဖြစ် ခြင်းအကြောင်းကိုသွန်းဆက်က ပြောပါတယ်။သွန်းဆက်က လတ်တလောမှာတော့ အောင်သီရိ ထုတ်လုပ်ရေးနဲ့ ဇာတ်ကား ၁ဝ ကား စာချုပ်ချုပ်ထားပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပါတယ်။

“အခုလိုမျိုး ခေါင်းဆောင် မင်းသမီးနေရာက ရိုက်ခွင့်ရတယ်ဆိုတာက သွန်းဆက် ကံလည်းကောင်းတာပါတယ်။ ပြီးတော့ သွန်းဆက်ရဲ့ ဆရာကောင်းသမားကောင်းေ တွနဲ့ တွေ့လို့လည်း ပါတယ်။ ပြီးတော့ အောင်သီရိဗီဒီယိုထုတ်လုပ်ရေး ကောင်းနဲ့လည်း တွေ့လို့ပါ။ အဲဒီ ထုတ်လုပ်ရေးနဲ့ပဲ သွန်းဆက် စပြီး တော့ရိုက်တယ်။ စစရိုက်တုန်း က တစ်ခန်းလောက်ပဲပါတယ်။ ပြီးတော့ ဒုတိယနေရာကနေ သရုပ်ဆောင်ရတယ်။ နောက်တော့ သူတို့က သွန်းဆက်ကို အလားအလာရှိတယ်ဆိုပြီး ခေါင်းဆောင်း မင်းသမီး အနေနဲ့ စာချုပ်ချုပ်ဖြစ်လိုက်တယ်။ ဆရာသမားတွေအားလုံးက ကူညီပေးလို့ သွန်းဆက်ဒီလိုမျိုးဖြစ်လာတယ်လို့ ထင်ပါတယ်။ အောင်သီရိ ထုတ်လုပ်ရေးနဲ့ သွန်းဆက် ၁ဝ ကား စာချုပ်ချုပ်ထားတယ်။ လက်ရှိတော့ ၅ ကားလောက်နီးပါး ရိုက်ပြီးသွားပြီ။ သူတို့က ရိုက်မယ့်ရက်ကိုကြိုပြော ထားတယ်။ အဲဒီရက်မှာ တခြားကား နဲ့တိုက်နေရင်တော့ လက်ခံလို့မရဘူး။ သူတို့ကားရိုက်ရက် မရှိဘူးဆို ရင်တော့ တခြားထုတ်လုပ်ရေးတွေ ကမ်းလှမ်းရင်တော့ ရိုက်ပါတယ်” လို့ သွန်းဆက်က ပြောပါ တယ်။

From: လွင်လွင်ထွန်း

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...