Thursday, 18 September 2014

NLD နှင့် တွေးမိတွေးရာ



ခုလက်ရှိအတိုက်အခံ ကထောက်ပြဖို့ ပဲတာဝန်ရှိတယ် ဆိုတဲ့နေရာမှာ သူတို့ သည် လွှတ်တော်ပြင်ပမှာပဲရှိနေသေးတာဆိုရင် တစ်မျိုးပေါ့လေ။ အင်အားကြီးအတိုက်အခံအနေနဲ့ 
လွှတ်တော်ထဲမှာ part of Gov. အနေနဲ့  ဥပဒေပြုခွင့်အာဏာ (&check and balance power) ရှိနေတာပဲ။ အယောက် ၄၀ ကျော်ထဲဘာလုပ်လို့ ရမှာလဲလို့ ပြောရအောင် ဦးသိန်းညွှန့် တို့ တောင် ၂ ယောက်တစ်ပိုင်းနဲ့ လုပ်လို့ ရသလောက်လုပ်နေကြတာပဲလေ။ လုပ်လို့ ရတာမရတာ နောက်ထား (ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်လို့ ) လုပ်ကောလုပ်ကြည့်ခဲ့၊ လုပ်နေပါသလား???



နောက်ရွေးကောက်ပွဲအထိ အတိုက်အခံပဲမို့ လို့  ထောက်ပြရုံကလွဲ ပြီးတာဝန်မရှိဘူးလို့ ခေါင်းရှောင်လည်းရပါသေးတယ်။ အဝေးကြီးမဟုတ်တော့တဲ့ လာမယ့်နှစ်၂၀၁၅ ရွေးကောက်ပွဲ ပြီးရင် အစိုးရဖြစ်လာမယ့် အတိုက်အခံ သည် ပြည်သူတွေကောင်းစားဖို့ ဘာတွေလုပ်ပါမယ်လို့ များ ချပြထားပါသလဲ။ ကျမတို့ က ခုလက်ရှိအစိုးရကောင်းလှပါပြီလို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဦးသိန်းစိန်သည် သူလုပ်လို့ ရသလောက် အကောင်းဆုံး (လိုအပ်ချက်တွေ ရှိနေတာမငြင်းပါဘူး) လုပ်နေပါတယ်။ (အကူးအပြောင်းကာလ နေရာတိုင်းမှာ budget လိုငွေ ပြနေတာ၊ ဘာပဲဖြစ်ဖြစ် တစ်ခုခု လုပ်မယ်ဆိုရင် budget ရှိမှကို ဖြစ်မှာပါ။ တစ်ဦးချင်းဝင်ငွေခွန် နတ္ထိ-less than 1 % နဲ့ တိုင်းပြည် မှာ လိုတဲ့ budget တွေကို ငွေမချေးလို့ ဘယ်ကရပါမလဲ။ ဒီ budget တွေကို အစိုးရက သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ချထားပေးမယ်။ ဒိ budget တွေ အလေအလွင့်မရှိ၊ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ က သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲတွေမှာ တာဝန်ရှိပါတယ်။ အားလုံး ဦးသိန်းစိန်ခေါင်းပေါ်ပုံချလို့ မရပါဘူး။ ဒီဌာနဆိုင်ရာ ၀န်ကြီးမှစလို့  အဆင့်ကြီးငယ် မရွေး accountability ရှိရမှာပါ။ မရှိရင် အရေးယူဖို့ ရာ ဦးသိန်းစိန်မှာတာဝန်ရှိပါတယ်။ သို့ သော် တစ်ချို့ ကိစ္စတွေမှာ ဒရောသောပါးလုပ်လို့ မဖြစ်သေးတာတွေလည်းရှိပါတယ်။ (transitional period ဆိုတာမမေ့ထားဖို့ လိုပါမယ်။)

တစ်ချို က့ လက်ရှိအစိုးရ (ဘောင်းဘီဝတ်/ချွတ်)မကြိုက်လို့ နောက်အစိုးရကို မျှော်တာဖြစ်ကောင်းဖြစ်မယ်။
ကျမတို့ ကနောက်တက်မယ့် အစိုးရ (NLD) သည် ခုလက်ရှိထက်ပိုကောင်းအောင် လုပ်နိုင်မယ်လို့ မယုံကြည်ပါ။ ဒါလေးပဲကွာတာပါ။ (တိုင်းပြည်က အားကိုးလောက်တဲ့ ပါတီကြီးဖြစ်အောင် ပညာရှင်တွေ NLD မှာ ပါစေချင်တယ်။ NLD က မခေါ်တာလား၊ ပညာရှင်တွေက စောင့်ကြည့်နေတုန်းမို့ လား၊ NLD မှာ ပညာရှင်တွေမရှိပါ။ ပညာရှင်တွေကို ချဉ်းကပ်တာလည်းမကြားမိပါ၊ ပညာရှင်တွေသည် ဒေါ်စု ခေါ်လျှင် ကိုယ်စားလှယ် ဟုတ်ဟုတ်မဟုတ်ဟုတ် လုပ်ပေးချင်လွန်းလို့ ။ ဒေါ်စုနားမှာ ပညာရှင်တွေဘာကြောင့်မရှိရသလဲ ၊ လက်ရှိဒေါ်စုနားမှာဘယ်သူတွေ ၀န်းရံနေသလဲ၊ ၂၀၁၅ ကျရင်ကော တကယ်တတ်သိပညာရှင်တွေကို လူမှန်နေရာမှန် ထည့်မှာလား၊ လက်ရှိ NLD နားကသူတွေနဲ့ သူတို့ ပတ်သက်ရာပတ်သက်ကြောင်းတွေထည့်မှာလား၊ etc...........)။

ဒီတော့ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တည်းက မှ တိုင်းပြည် ပိုကောင်းအောင် မတတ်နိုင်ရင် အားလုံးပေါင်းပြီးတော့ ပိုကောင်းအောင်လုပ်ဖို့  (for the sake of National Interests) ပြောနေရခြင်းပါ။ ဖယ်ထုတ်ရေးလမ်းစဉ်ဟာအလုပ်မဖြစ်ပါ။ all inclusive ဖြစ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် PR (Mixed Member Proportional) နဲ့ သွား CG လုပ်၊ balancing power and controlling each other ၊ ဒါမှသာ တိုင်းပြည်ပိုကောင်းလာနိုင်မယ်လို့ နှစ်နှစ်ကာကာ ယုံကြည်ပါတယ် ခင်ဗျား။

From: ယုယုခိုင်

www.mmdailystar.com

ဂွာတီမာလာမှာ ပိုက်ဆံမရှိရင် သေဖို့တောင် မလွယ်ကူ





နှာခေါင်းနဲ့ပါးစပ်ကို ဖုံးအုပ်တဲ့ မျက်နှာဖုံးစွပ်နဲ့ သင်္ချိုင်း ရှင်းလင်းရေး သမားဟာ လက်ကိုင်ရှည်တူမကြီး တလက်ကိုင်ပြီး သူ့ရဲ့ အလုပ်ကို စလုပ်တယ်။ သင်္ချိုင်းထဲက အုပ်ဂူတွေကို သူ့လက်ထဲက တူမကြီးနဲ့ ထုခွဲပြီး ဂူအတွင်းမှာ ရှိတာမှန်သမျှကို ရှင်းထုတ်ပစ်လိုက်တယ်။
အလင်းရောင်ကောင်းကောင်းမရတဲ့ ဂူတခုထဲက ဆံပင်မွှေးထူထူထဲထဲ ကျန်နေသေးတဲ့ လူဦးခေါင်းခွံကို ဖယ်ထုတ်လိုက်ပါတယ်။ နောက်ဂူတခုထဲကတော့ အဖြူရောင်ပန်းကလေးနဲ့ အလှဆင်ထားတဲ့ အခေါင်းငယ်လေးတခု ထွက်လာတယ်။ မွေးကင်းစကလေးငယ်လေးတဦးရဲ့ အလောင်းဖြစ်ဟန်တူတယ်။
သင်္ချိုင်းရှင်းလင်းရေးလုပ်သူတွေဟာ မိသားစုဝင်တွေက သီးသန့်အုတ်ဂူနဲ့ထားဖို့ မြေငှားရမ်းခ ဆက်လက်မပေးဆောင်နိုင်တော့တဲ့ ဂူတွေကို ရှင်းလင်းပြီး နောက်လာမယ့် မိတ်သစ်တွေအတွက် နေရာလုပ်ပေးနေတာဖြစ်ပါတယ်။
မိသားစုဝင်တွေ လာမရွေးတဲ့ ရုပ်ကြွင်းတွေကို ပလက်စတစ်အိတ်ထဲ စုထည့်၊ အိတ်ပေါ်မှာ သေသူရဲ့ အမည်၊ အသက်၊ ဦး/ဒေါ် စသဖြင့်တွေကို ရေးခြစ်မှတ်သားတယ်။ ဒီရုပ်ကြွင်းတွေကို အုပ်စုလိုက် မြေမြှပ်မှာ ဖြစ်တယ်။ အလောင်းအများစုက ပျက်စီးပုပ်ပွနေကြပြီဖြစ်ပြီး ပူးပြင်းခြောက်သွေ့တဲ့နေရာမှာရှိတဲ့ ဂူတွေထဲက အလောင်းတွေကတော့ ဆေးစီမံထားတဲ့ မမ်မီရုပ်လောင်းတွေလို ကျန်နေသေးတယ်။
သူတို့ပုံစံကတော့ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ အမှိုက်သရိုက် ကြိုချက်စက်ရုံက အလုပ်သမားတွေလိုပါပဲ။ သင်္ချိုင်းရှင်းလင်းရေးသမားတွေလို့ ခွဲခြား သိနိုင်ဖို့ ခက်ပါတယ်။ လူသေအလောင်းတွေကိုထည့်ထားတဲ့ ပလက်စတစ်အိတ်တွေကို အမှိုက်သိမ်းသလိုပဲ ထရပ်ကားကြီးပေါ် ပစ်တင်ကြတယ်။ တချို့အလောင်းတွေက အိင်္ကျီဝတ်လျက်ရှိနေသေးတယ်။ ဆံပင်အရှည်ကြီးနဲ့ အလောင်းတခုက အရိုးအိတ်ပုံကြီးရဲ့ အပေါ်ဆုံးမှာ မတ်မတ်ကြီး ထိုင်လျက်သား ဖြစ်နေတယ်။ နောက်အလောင်းတခုကတော့ မမ်မီရုပ်အလောင်းကောင်လို အနေအထားမပျက်ရှိနေပြီး “အမှိုက်မပစ်ရ”လို့ရေးထားတဲ့ နံရံကို မှီပြီး ထောင်ထားပါတယ်။
အဲဒီလို မြေငှားခမပေးနိုင်တော့လို့ ဖယ်ရှားခံရတဲ့အလောင်းတွေထဲက မိသားစုဝင်တွေက လာရွေးတဲ့ အလောင်းတွေကိုတော့ သေတ္တာငယ်လေးတွေထဲမှာ ထည့်ပြီး အရိုးတိုက်မှာ ထိန်းသိမ်းထားပေးပါတယ်။
အဲဒီမြင်ကွင်းကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့တဲ့ ဂျော့ခ်ျဒန်လိုပက်ဇ်က“မြင်ရတာ ခြောင်ခြားစရာကြီး၊ အပေါ်မှာ လင်းတတွေ ပျံဝဲနေပြီး အလောင်းတွေကို ကိုင်တွယ်ရှင်းလင်းသူတွေရဲ့ လှုပ်ရှားမှုကို စူးစိုက်ကြည့်နေတယ်၊ အလောင်းကောင်ရဲ့ အရိုးတွေ အရေတွေကို သေချာမြင်ခွင့်ရခဲ့တယ်၊ ပုံမပျက်သေးတဲ့ အလောင်းကောင်ရဲ့ မျက်နှာတခုက ပြောမပြနိုင်လောက်အောင် ရှုံ့တွနေတာ တွေ့ခဲ့တယ်၊ ဆံပင်တွေကအစ ဂူထဲက အရာအားလုံးဆီက စူးရှတဲ့အနံ့ ထွက်နေတယ်”လို့ ပြောပါတယ်။
သေရင်ကိစ္စပြတ်ပြီလို့ ယုံကြည်သူတွေသိထားဖို့က ဂွာတီမာလာနိုင်ငံမှာတော့ သေလွန်ပြီးနောက်တောင် ပိုက်ဆံမရှိရင် ရွှေ့ပြောင်းခံရနိုင်တယ်ဆိုတာပါပဲ။
Ref;DailyMail
From: News Watch(စောင့်ကြည့်သတင်းဂျာနယ်)

www.mmdailystar.com

သီတဂူဆရာတော် ပါကစ္စတန်ရေဘေးတွက် ဒေါ်လာ တစ်သောင်းအလှူ

သီတဂူဆရာတော်ကြီးသည် ပါကစ္စတန်နိုင်ငံ၊ ရေးဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကို မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ ပါကစ္စတန်သံအမတ်ကြီးထံသို့ ၁၆-၉-၂၀၁၄ နေ့၊ နေ့လည်ပိုင်းက သွားရောက်လှူဒါန်းသည်။
ဆရာတော်ကြီးက ထိုလှူဒါန်းပွဲမှာ လှူဒါန်းရခြင်း၏အကြောင်းကို ပါကစ္စတန်သံအမတ်ကြီးနှင့် သံရုံဝန်ထမ်းများ၊ သတင်းထောက်များအား အောက်ပါအတိုင်း မိန့်ကြားသည်။
ချစ်ခြင်းအပေါ်မှာ လက်တွဲခြင်း
---------------------------------------
ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာတို့ဆိုပြီး နိုင်ငံတွေနဲ့ လူမျိုးတွေ၊ ကိုးကွယ်သည့်ဘာသာတွေ မတူကြသော်လည်းဘဲ Problem ပြဿနာဆိုတာ ဖြစ်ရင်၊ ဥပမာ ရေနစ်နေရင်၊ မြန်မာပြည်မှာလည်း ရေကြီးတာတွေ၊ ရေနစ်တာတွေ အများကြီးပဲ၊ မြန်မာဗုဒ္ဓဘာသာမှာ ဖြစ်သလို ခရစ်ယာန်၊ အစ္စလာန်၊ ပါကစ္စတန်မှာလည်း ဖြစ်တာပဲ။
အစ္စလာန်နှင့်ဗုဒ္ဓဘာသာ၊ ပါကစ္စတန်နှင့် မြန်မာဆိုတဲ့ အပေါ်က နာမည်လေးတွေကို ခဏဖယ်ထားလိုက်၊ ရေနစ်ခံရတဲ့ဒုက္ခ၊ ရေမြုတ်ခံရတဲ့ဒုက္ခဟာ ဘုံဆိုင်ပြဿနာ (Common Problem)ပဲ၊ အားလုံးနဲ့ဆိုင်နေတယ်။ အဲဒီတော့ အများနှင့်ဆိုင်နေတဲ့ ဒီပြဿနာကို ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းပေးရမည်။ ဒါဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိသည့် တာဝန်ပဲ။
မတူတာလေးတွေကို ကြည့်ပြီးတော့ တူညီတဲ့အပေါ်မှာ လက်မတွဲနိုင်ကြရင် ကမ္ဘာကြီးက ပြဿနာတွေဟာ ရှင်းလို့ရမှာ မဟုတ်တော့ဘူး။ အဲဒီရဲ့ အမှတ်လက္ခဏာကို ပြဖို့ ဒီကနေ့ ဒို့လာလှူခြင်းဖြစ်သည်။
တူညီသည့်ပြဿနာနှင့် တူညီတဲ့ စိတ်ထား
------------------------------------------
ရေမြုပ်ခြင်း၊ မီးလောင်ခြင်း၊ မိုးခေါင်းခြင်းဆိုတဲ့ ပြဿနာတွေဟာ တိုင်းပြည်နှင့်လူမျိုး၊ ကိုးကွယ်သည့်ဘာသာ မတူပေမဲ့ ဒီပြဿနာတွေ အားလုံးက တူနေတယ်။ ပြဿနာတွေ တူနေတယ်ဆိုရင် Common Problem လို့ ခေါ်တယ်။ အဲဒီတူညီတဲ့ ပြဿနာကို တူညီတဲ့ စိတ်ဓာတ်တစ်ခုရှာပြီးတော့ အားလုံး ၀ိုင်းဖြေရှင်းရမည်။ ဒါဟာ ဘုန်းကြီးစိတ်ထဲမှာ အမြဲတမ်းရှိတယ်။ အဲဒီတော့ ပရဟိတအသင်းအဖွဲ့အားလုံးကို ဘုန်းကြီး ဒီအတိုင်းပဲပြောတယ်။
အဲဒီတော့ တူညီသော ပြဿနာအားလုံးကို တူညီသော စိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဖြေရှင်းဖို့ဆိုရာမှာ အခုလို ရေမြုပ်ခြင်းတို့၊ မီးလောင်ခြင်းတို့၊ တောင်ပြိုခြင်းတို့၊ မိုးခေါင်းခြင်းတို့၊ ငတ်မွတ်ခြင်းတို့ ဒုက္ခတွေကို ဖယ်ရှားတဲ့နေရာမှာ ကရုဏာတရားအပေါ်မှာ အားလုံးလက်တွဲရမည့် Common Platformပဲ။ ဒီနေ့ ဘုန်းကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ အဲဒီ တူညီတဲ့ လမ်းပေါ်မှာ လက်တွဲပြီးတော့ ပါကစ္စတန်ရေဘေးအတွက် လှူတာပဲ။
ကရုဏာဆိုတာ သူတပါးဒုက္ခရောက်တဲ့အပေါ်မှာ ခံစားတဲ့ စိတ်။ ခံစားနေရုံနဲ့မပြီးသေးဘဲ သူတပါးရဲ့ ဒုက္ခကို ဖယ်ရှားပေးလိုတဲ့ စိတ်ဟာ ကရုဏာပဲ။ အဲဒီကရုဏာစိတ်ထားမျိုးဟာ လူမျိုးတိုင်း၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာသာဝင်တိုင်းမှာမဆို ရှိအပ်တဲ့ နှစ်လုံးသားရဲ့ အရည်အချင်းပါပဲဆိုတာ အဲဒါလေးနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။
ပါကစ္စတန်ရေဘေးမှာ အသက်ဆုံးရှူံးသွားသူ ၃၀၀ ကျော်
အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သိန်းကျော် ရှိသူဟု ပါကစ္စတန်သံအမတ်ကြီးက ဆရာတော်ကြီးအား လျှောက်ထားပါသည်။
ဆရာတော်ကြီးမိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်မှ အသံများကို စာအဖြစ်ဖန်တီးသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၄

From: www.thesitagu.org
www.sitagustar2020.net

www.mmdailystar.com

အီရတ်အခြေအနေ




အစ္စလမ္မစ်နိုင်ငံတော် IS ၏ အီရတ်နိုင်ငံတွင်း အခြေအနေ နှင့် ပတ်သက်၍ နိုင်ငံ ၃၀ မှ ကိုယ်စားလှယ်များ ပါရီတွင် ဆွေးနွေးသည်။ ကာ့ဒ်ပြည်နယ်အစိုးရမှလည်း နိုင်ငံ ၇ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် သပ်သပ် ဆွေးနွေးသည်။ စက်တင်ဘာ ၁၅ ရက်နေ့ အီရတ်နိုင်ငံတဝန်း တိုက်ခိုက်မှုများအတွင်း အနည်းဆုံး ၈၆ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရသည်။

ဘဂ္ဂဒက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်သွေးကြွများကို အာရုံစိုက်နေစဉ်တွင် ရာဇဝတ်မှုများ၊ ပြန်ပေးဆွဲမှုများ မြင့်တက်လာသည်။ လုံခြုံရေးတပ်ဖွဲ့နေရာ အစားဝင်ယူထားသော ရှီးဟိုက်ပြည်သူ့စစ်များကလည်း ပြသနာလျှော့ပါးအောင် ဆောင်ရွက်ရမည့်အစား ၎င်းတို့ကပင် ပြသနာများကို ဖန်တီးနေကြသည်။ လူဆိုးဂိုဏ်းများမှာ IS နှင့် အချိတ်အဆက်ရှိသည်ဟု ယုံကြည်ရသည်။

အဘူဒါရှီယာတွင်

- ကားဗုံးတစ်လုံးပေါက်ကွဲပြီး ၃ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရသည်။

- မီနီဘတ်စ်တစ်စီး၌လည်း ကားဗုံးပေါက်ကွဲပြီး ၇ ဦး ဒဏ်ရာရသည်။

- ဘယာတွင် လူတစ်ဦး ပစ်သတ်ခံရသည်။

မိုဆူးလ်တွင်

- စစ်သွေးကြွများက လူငယ် ၃ ဦးကို ကွပ်မျက်လိုက်သည်။

- သေနတ်သမားများက စစ်သွေးကြွများကို ပစ်သတ်လိုက်သည်။

- ယူဆူဖီယာတွင် လူတစ်ဦး ပစ်သတ်ခံရသည်။

- အမေရိကန်လေကြောင်းတိုက်ခိုက်မှုများ ဘဂ္ဂဒက် အနီးသို့ ရွေ့လျားနီးကပ်လာသည်။

- ဘဂ္ဂဒက် အနောက်တောင်ဘက်ရှိ စစ်သွေးကြွစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်သည်။

- ဒူလူအီယာတွင် တိုက်ခိုက်မှုများ ဖြစ်ပွားသည်။

- တိကရစ် တက္ကသိုလ်အနီးတွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားသည်။

-ဂျာ့ဖ် အယ်လ် ဆက်ကာတွင် စစ်သွေးကြွ ၁၈ ယောက် သေဆုံးသည်။

- ၎င်းနှင့် ကပ်လျက်တွင် အာဖဂန်ဝတ်စုံဝတ်ထားသော စစ်သွေးကြွ ၂၂ ဦး သေဆုံးသည်။

- ဟာမင် ဘာဆင် တွင် စစ်ဆင်ရေးစတင်သည်မှာ ၁၀ ရက်မြောက်ဖြစ်ပြီး ခေါင်းဆောင်များအပါအဝင် စစ်သွေးကြွ ၇ ဦး သေဆုံးသည်။

- တယ်လ်အဖာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၁၀ ဦး သေဆုံးသည်။

- အယ်လ်ဆဂါ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၈ ဦး သေဆုံးသည်။

- ဂျာလူလာ စစ်ဆေးရေးဂိတ်တွင် စစ်သွေးကြွ ၂ ဦးကို ပစ်သတ်လိုက်သည်။
 
From:မျိုးမင်းသန့်

www.mmdailystar.com

ဘင်္ဂါလီများကို လူကုန်ကူးမှုကြောင့် အမ်းဂိတ်တွင် ဖမ်းဆီးခံခဲ့ရသူများအမှုမှ လိုပြသက်သေများ စတင်စစ်ဆေး


အမ်း၊ စက်တင်ဘာ ၁၆။

ဘင်္ဂါလီ များကို လူကုန်ကူးမှုကြောင့် ဇွန် ၂၇ ရက်က အမ်းဂိတ်တွင်ဖမ်းဆီးခံခဲ့ရ သည့် အငြိမ်းစားရဲမှူးကြီး၏ သမီး မမွန်မွန်ချိုနှင့် အစ်မဖြစ်သူ မခိုင်ခိုင်မြင့် တို့၏ လူကုန်ကူးဂိုဏ်းအဖွဲ့အား သက်ဆိုင်ရာမှ တရားစွဲတင်ပို့ခဲ့ရာ လိုပြသက်သေများကို စက်တင်ဘာ ၁၂ရက်က အမ်းမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။

''တရားလိုပြသက်သေတွေကို စစ်ဆေးတာဖြစ်ပါတယ်။ စစ်ဆေး တာကတော့ ကျွန်တော်ရယ်၊ ဒုရဲအုပ် တစ်ယောက်ရယ်၊ ရဲအုပ်တစ်ယောက် ရယ်၊ စုစုပေါင်း သုံးဦးကိုစစ်ဆေးပါ တယ်။ ထွက်ဆိုတာကတော့ဘင်္ဂါလီ သယ်ဆောင်လာတဲ့ကားဒရိုင်ဘာ ကို စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတဲ့ အခါမှာ သူမောင်းလာတဲ့ကားဟာ ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ကားလို့ ပြောခဲ့တယ်ဆိုတာကို ထွက်ဆိုခဲ့ပါ တယ်'' ဟု အမ်းမြို့ ပဲပဒုံစုပေါင်းစစ် ဆေးရေးဂိတ်မှလက်ထောက်လဝက မှူး ဦးနေမင်းစိုးက ပြောကြားသည်။

လိုပြသက်သေများကို စစ်ဆေး ပြီး စက်တင်ဘာ၂၂ရက်နှင့်၂၃ရက် တို့တွင် ဆက်လက်စစ်ဆေးရန် ရုံး ချိန်းဆိုထားကြောင်းသိရသည်။

ဇွန် ၂၇ ရက် နံနက် ၅နာရီခန့်က ရခိုင် ပြည်နယ်၊ အမ်းမြို့ ပဲပဒုံစစ်ဆေးရေး ဂိတ်တွင် ယာဉ်မောင်း မျိုးထက်စိုး မောင်းနှင်လာသောကားတွင် မမွန် မွန်ချိုနှင့်အတူ ဘင်္ဂါလီကိုးဦးကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဆက်တည်း တစ်နေ့တည်းတွင် ၄င်းအဖွဲ့ခေါင်း ဆောင်တစ်ဦးဖြစ်သူ မမွန်မွန်ချို၏အစ်မ မခိုင်ခိုင်မြင့်အား မကွေး တိုင်းအဝင် ကြက်ရေစမ်းဂိတ်တွင် ကားကိုထားပြီး ဆိုင်ကယ်ဖြင့်ထွက် ပြေးစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် နောက်ထပ်လူကုန်ကူးသူများ ဖြစ်သည့် ရဲမှူးကြီး..(ငြိမ်း) ၏ သား အောင်ကျော်ကျော်(ခ)အောင်သူရမျိုးအား ကရင်ပြည်နယ် ဖာပွန်ရဲစခန်းတွင် ဇူလိုင်၁၇ရက်က လည်းကောင်း၊ ဘင်္ဂါလီစုဆောင်း သူ ကျောက်တော်မြို့နယ် ပိုက်သည် ကျေးရွာမှ ပွဲစားဘင်္ဂါလီ မောင်စိန် (ခ)ဟူဆင်နာမောင်းအား ဇူလိုင်၂၁ ရက်ကလည်းကောင်း၊ သက်ဆိုင် ရာမှ ဖမ်းဆီးရမိခဲ့သည်။

ဘင်္ဂါလီများမှာ ကျောက်တော် မြို့နယ်ထဲမှဖြစ်ပြီး လူကုန်ကူးဂိုဏ်း တစ်ခုမှ ချိတ်ဆက်ကာ ရန်ကုန်အ ရောက် ဘင်္ဂါလီတစ်ဦးလျှင် ကျပ် သုံးသိန်းဖြင့် အကြွေးသယ်လာခြင်း ဖြစ်သည်။

အဓိကပါဝင်ဆက်နွှယ်သူ မခိုင်ခိုင်မြင့်၏ခင်ပွန်း ဘိုဘိုသိန်းနှင့် ၄င်း၏တပည့်မင်းဇော်တို့မှာ လွတ် မြောက်နေဆဲဖြစ်သည်။

NT

From: #Democracytoday

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...