Tuesday, 23 September 2014

ဝတ်လစ်စလစ်ကိုယ်လုံးတီး ပုံစံ ၀တ်စုံမဟုတ်ဟု ကိုလံဘီယာအသင်းတုံ့ပြန်

ကိုလံဘီယာ အသင်းကတော့ ၀တ်စုံဒီဇိုင်းဟာ အသင်းရဲ့ စက်ဘီးသမား တဦးက ဖန်တီးခဲ့တာဖြစ်ပြီး အသင်းဖော်တွေက အတည်ပြုခဲ့သလို လပေါင်းအတော်ကြာအောင် ၀တ်ဆင်ခဲ့ပြီး ဖြစ်တယ် လို့ ပြောပါတယ်။

col

ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီး အဖွဲ့ချုပ်က ဝေဖန်ခဲ့တဲ့ ကိုလံဘီယာ အမျိုးသမီးစက်ဘီးအသင်းရဲ့ ၀တ်စုံကို အသင်းသားတွေက ကာကွယ်ပြောဆိုလိုက်ပါတယ်။

col1

အီတလီမှာကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာ အမျိုးသမီးစက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင်ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ်ကိုယ်လုံးတီး ပုံစံဖြစ်နေပေမယ့် တကယ်တမ်း ခါးနဲ့ တင်ပါးနေရာမှာ အသုံးပြုထားတာဟာ ရွှေရောင်ဖြစ်တယ်လို့ ကစားသမားတွေက ပြောပါတယ်။

ဒီဝတ်စုံကို ဒီဇိုင်း ထုတ်လုပ်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် စက်ဘီးသမား Angie Tatiana Rojas က ဒီလိုဒီဇိုင်းအတွက် သူက ရှက်နေမှာမဟုတ်သလို ၀တ်စုံကို ဂုဏ်ယူစွာဝတ်ဆင်တဲ့ အကြောင်းနဲ့ ဒီဇိုင်း ပြောင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

col2

ဒါ့အပြင် အသင်းမှာ မိသားစုရှိတဲ့ ကလေးအမေတွေပါဝင်ပြီး အားကစားအတွက် ကိုယ်ကျိုးစွန့်တဲ့သူတွေ စက်ဘီးစီးတာကို ချစ်မြတ်နိုးတဲ့သူတွေ ပါတယ်လို့ ပြောပါတယ်။
ကိုလံဘီယာအသင်းရဲ့ ၀တ်စုံဟာ ဒီသတင်းပတ် လူမှုရေး စာမျက်နှာမှာ အငြင်းပွား ဖွယ်ရာဖြစ်ခဲ့ပါတယ်။
From:DVB

www.mmdailystar.com

သီတင်းကျွတ်ရင် ဖတ်စေချင်(စုံတွဲများအတွက် အထူးသီးသန့်)

သီတင်းကျွတ်ရင် မင်္ဂလာဆောင်တွေ လာပါတော့မယ်။ ခေတ်လူငယ်တွေအတွက် ခေတ်ဆေးပညာအရ အကြံပေးပါရစေ။ ခေတ်လူငယ်တွေထဲမှာ မိဘစကား သိပ်နားမထောင်သူတွေလဲရှိတယ်။ မိဘစကားနားမထောင်ရင် ဆရာဝန့်စကားလဲ လိုက်နာမယ်တော့ မထင်ပါ။ ဒါပေမဲ့ အိမ်ထောင်ပြုတာမှာတော့ ကိုယ့်သဘောချည်းမပြီးတာကို သိလာပါလိမ့်မယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ဆွေတွေမျိုးတွေ စသူတွေမပါရင် မြန်မာ့ထုံးစံမှာ အိမ်ထောင်ပြုတဲ့အရာ မပြည့်စုံပါ။ နားထောင်ရမှာတွေ တိုးလာပါပြီ။ ဆရာဝန့်စကားလဲ နဲနဲလေးဖြစ်ဖြစ် နားထောင်ကြည့်ကြပါ။

(က) လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
၁။ (ဂနိုရီးယား)
၂။ (ဆစ်ဖလစ်)
၃။ (ကလာမိုင်ဒီးယား)
၎။ လိင်လမ်း-ရေယုံ
၅။ (ထရွိုင်ကိုမိုးနပ်စ်)
၆။ (ရှန်ကာရွိုက်)
၇။ LGV (လင်ဖိုဂရင်ညူလိုမား-ဗနီးရီးယမ်း)
၈။ PID တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း
၉။ အသဲရောင် (ဘီ)
၁ဝ။ HIV/AIDS ခုခံအားကျရောဂါတွေဖြစ်ပါတယ်။

သူ့မှာ ကူးစက်ရောဂါတွေရှိသလား။ ကိုယ့်မှာကော အဲတာတွေကင်းရှင်းရဲ့လား။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို စစ်ဆေးသင့်တယ်။ အများစုရောဂါတွေက ရောဂါ မပြဘဲ ပိုးရှိနေတာမျိုး ဖြစ်နိုင်တယ်။ သိလိုက်တာနဲ့ ဆေးကုလိုက်ရင် အိမ်ထောင်ပြုတဲ့ အချိန်မှာ အိမ်ထောင်ဘက်ကို ဒုက္ခမပေးနိုင်တော့ပါ။ တချို့ရောဂါတွေက သောက်ဆေးနဲ့ ရတယ်။ တချို့လဲ ဆေး ၃ လုံးထိုးတာနဲ့ပြီးတယ်။ ရောဂါရှိမှန်း မသိဘဲ အိမ်ထောင်ပြုလိုက်ရင် ဇနီး-ခင်ပွန်းကိုသာမက မွေးလာမဲ့ ကလေးတွေကိုပါ ဒုက္ခပေးမယ်။

(ခ) လက်မထပ်ခင် သွေးအုပ်စုစစ်ခြင်း
“အေ-ဘီ-အို” သွေးအုပ်စုမတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ Rh-ve ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ စိုးရိမ်စရာ မရှိပါ။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေရင်တော့ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မအေသွေးတွေ အမျိုးမတူကြဘူး။

ကလေးအတွက် အန္ကရာယ်ရှိမယ်။ မိခင်ရဲ့ ဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) တွေက တိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပြီး သွေးအားနည်းမယ်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အသားဝါရောဂါရမယ်၊ ဦးနှောက်ညံ့မယ်၊ ကြာရင် နှလုံးရောဂါရမယ်။ ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ မွေးလာတဲ့ ကလေးမှာ သွေးရောဂါ ရမယ်ဆိုရင် သွေးလဲတာ လုပ်ရတယ်။

လူတွေမှာ Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ (အာရ်အိတ်ခ်ျ) အနုတ်ရှိသူတွေက အာရှမှာက ပိုများတယ်။ Rh -ve ကိုယ်ဝန်ဆောင်ကို Rhogam ဆေးထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် မိခင် ၉၉% မှာ Anti-Rh (အင်တီဘော်ဒီ) တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာနဲ့ မွေးပြီး ၇၂ နာရီအတွင်းပေးတယ်။ ပဌမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပဌမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား (အင်တီဘော်ဒီ) တွေက များနေပြီမို့ ဒုတိယကိုယ်ဝန် ဖြစ်နေတဲ့ အထဲကကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။ မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။

(ဂ) ခေတ်လူငယ်တွေအတွက် အကြံပေးချက်
ကူးစက်ရောဂါတွေနဲ့ သွေးအုပ်စုအပြင် သိစရာတွေရှိပါသေးတယ်။ ကျန်းမာရေးမေးခွန်းတွေ ဖြေနေတာကြာလာတော့ ကနေ့မြန်မာလူငယ်တွေ၊ လူကြီးတွေမှာ ဘာဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။
• ရာသီ မမှန်သူတွေ OG ပြပါ။
• မင်္ဂလာဆောင်ရက်နဲ့ ရာသီလာမဲ့ရက် တိုက်ဆိုင်လို့ ရာသီရက်ပြောင်းချင်ရင်လဲ လုပ်ပေးနိုင်ပါတယ်။
• သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာ ကာကွယ်ဆေး ထိုးထားပါ။
• တယောက်ယောက်မှာ (ဘီ) ပိုးရှိနေရင် ကျန်တဲ့သူ (ဘီ) ကာကွယ်ဆေးထိုးပါ။
• အသက်ငယ်လွန်းသူတွေနဲ့ ကြီးလွန်းသူတွေ လက်ထပ်ကြရင် သူများတွေထက် ပိုဂရုစိုက်ပါ။
• ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်ပါ။ နောက်မှ ဆရာဝန်ကိုလှမ်းမေးလို့ ဖြေနေရတာ မနည်းလှပါ။
• လက်မထပ်ခင်က တားဆေး၊ အရေးပေါ်တားဆေး၊ ဖျက်ဆေး သောက်ထားဘူးရင် ကိုယ့်ကျန်းမာရေးရာဇဝင်ကို မမေ့ပါနဲ့။
• တခုခုဖြစ်ရင် ယုံကြည်စိတ်ချတဲ့ ဆရာဝန်ကိုရှာပါ။ ဆရာဝန်ကတော့ ကျေးဇူးပြုပြီး မညာပါနဲ့။
• ယောက်ျားလေးများလဲ ဆက်ဆံရေးကိစ္စတွေမှာ အားနည်းချက်ရှိနေတယ်ဆိုရင် ဆရာဝန်ကိုမေးဘို့ မရှက်ပါနဲ့။
• ကိုယ်ဝန်မယူချင်သေးရင် ကိုယ်ဝန်တားနည်း-တားဆေးတွေကို စနစ်တကျသုံးတတ်ဘို့ ကြိုတင်သိထားပါ။

ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းပြီး ဥာဏ်ပညာ ထက်မြက်ထူးချွန်တဲ့၊ စိတ်ထားလဲကောင်းကြတဲ့ မြန်မာနိုင်ငံသားတွေကို မွေးထုတ်ပေးကြပါ။ ဒါမှ ကနေ့ ရင်ဆိုင်နေကြရတဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်း ကယ်တင်နိုင်မဲ့သူတွေ ပေါ်ပေါက်လာပါမယ်။ အားကိုးပါရစေ။
 ဒေါက်တာတင့်ဆွေ

From: HIM

www.mmdailystar.com

မြန်ပြည်မြောက်ပိုင်း-ဒေသခံပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ဘယ်သို့ ကာကွယ်ကြမည်နည်း ?




ဖားကန့်မြို့နယ်၊ ဟောင်ပါးအုပ်စု၊ တာမခန်ဒေသ-တွင်(၁၁-၉-၂၀၁၄)ရက်နေ့နှင့် (၁၂-၉-၂၀၁၄)ရက်နေ့များ`၌ KIA အဖွဲ့မှ ကျေးရွာတွင်းရှိ တည်းခိုဆောင် များသို့ လာရောက်ပြီး၊ ဧည့်သည်စာရင်းများတောင်းဆိုကာ ယင်းဧည့်သည်များထဲမှ မည်သူမည်ဝါကို ၄င်းတို့ တိုက်နယ်ရုံးရှိရာသို့ စေလွှတ်ပေးရမည်ဟု ဥပဒေမဲ့ အနိုင်ကျင့် ဖိအားပေး ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ နောင်ပွဲကျေးရွာတွင်-
(၂၀-၉-၂၀၁၄)ရက်နေ့ KIA ရင်း(၅)မှ ဗိုလ်ကြီးအဆင့် ရှိသူ တူးအောင်နှင့်အဖွဲ့သည့် ကျေးရွာတွင်းသို့ ၀င်ရောက်လာပြီး၊ မူးယစ်ဆေးဝါးသုံးစွဲရန်အတွက်ဟုဆိုကာ မူးယစ်ဆေးဝါးရှာဖွေ ပေးရန် အဓမ္မ အတင်းအကြပ် လက်နက်အားကိုဖြင့် ခိုင်းစေခဲ့သည်။ ရှာဖွေရန် မလွယ်ကူကြောင်း ပြောဆိုသည့်အခါ ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့၌ (၁၉-၉-၂၀၁၄)ရက်နေ့ နံနက်(၉း၀၀)နာရီခန့်တွင် KIAအဖွဲ့၏ ဒုတိုက်နယ်မှူးး ဦးလခေါန်ဆိုသူနှင့်အဖွဲ့သည် ကားမိုင်းမြို့တွင်းသို့ ပေါ်ပေါ်ထင်ထင် ၀င်ရောက်လာပြီး ဦးမရန်ဒွဲ နေအိမ်တွင် စခန်းချကာ ဒေသခံ ပြည်သူများထံမှ ဆက်ကြေးငွေများတောင်းခံနေကြောင်း၊ ၀မ်းစာအတွက် ငါးဖမ်း(ငါရှဥ့်ဖမ်း)နေကြသည့် လူငယ်များထံမှ ဆက်ကြေးတောင်း ကောက်ခံ
နေကြောင်းတို့ကိုသိရှိရ၍ ထိုသို့ လူ့အခွင့်အရေးချိုးဖောက်၊ လက်နက်အားကိုး ခြိမ်းခြောက် မတရား ဆက်ကြေးကောက်ခံနေခြင်းကို ဒေသခံပြည်သူများမှ မလိုလား မနှစ်သက်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်းကာ ဖမ်းဆီးလိုက်သည်ဟု သိရှိရသည်။

ထိုကဲ့သို့ KIA အဖွဲ့မှ လက်နက်အားကိုး အနိုင်ကျင့် ဆက်ကြေးကောက်ခံ အနိုင်ကျင့်ခိုင်းစေခြင်းများသည် မဖြစ်သင့်တော့သော ကိစ္စဖြစ်သည်။လက်နက်အားကို အနိုင်ကျင့်ခြင်းကို မည်ကဲ့သို့ ကာကွယ်ကြမည်နည်း.. တပ်မတော်နှင့်ပြည်သူ့ရဲများကိုလည်း နိုင်ငံတော်မှ နေရာဒေသအားလုံးတွင် မချထားပေးနိုင်ပေ။

ဒေသခံပြည်သူများ မည်သို့ လုပ်ကြရမည်နည်း….?
ဤကဲ့သို့ပင် လက်နက်ကိုင် အဖွဲ့များ၏ အနိုင်ကျင့်ခြင်းကို ခံနေကြရတော့မည်လား…?

Sai Thar Zone
Northern-Myanmar

From: ဧရာဝတီမြစ်ဖျားဆီက

www.mmdailystar.com

IS ကိုဖိတ်ခေါ်၊ Ooredoo ကိုထောက်ခံ၊ ကိုနီကိုလေးစား၊ ထိုသူသည် သစ္စာဖောက် တစ်ဦးဖြစ်နိုင်သလား



ယနေ့မီဒီယာ စာမျက်နှာများပေါ်တွင်ဗိုလ်ကြီးဟောင်းဆိုပြီး ကိုယ်ကိုကိုယ်အမွန်း တင်ကာ ပြည်သူဘက်က ရပ်တည်သည်ဆိုသော ကိုနေမျိုးဇင်ဟာ မိမိကိုတိုက်ခိုက်သော Social Network ရှိပြည်သူတို့၏ ကိုယ်ပိုင် အကောင့်များကို IS အဖွဲ့ကိုအပ်ပါသည် ဆိုသော အားကိုးတကြီးနှင် အမေကျော် ဒွေးတော်လွမ်းလိုက်ခြင်း အား သူ၏ ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာတွင် တွေ့ရှိလိုက်ရပါသည်။ လူမှုကွန်ရက် အသုံးပြုသည့် လူတိုင်း နည်းပါး မိမိတို့ခံစားချက်ကို မိမိတို့ကိုယ်ပိုင် အွန်လိုင်းစာမျက်နှာ တိုင်းတွင်ရေးသားတတ်ကြသည်။ ကိုနေမျိုးဇင် သည်လည်း သူဖြစ်စေချင်သော ခံစားချက်ကို သူ၏ စာမျက်နှာထက်တွင် ရေးသားခဲ့ခြင်းလည်းဖြစ်နိုင်ပါသည်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ မိမိအကျိုးရှိမည်ဆိုလျှင် လူမျိုး ဘာသာ သာသနာ ဆိုတာခေါင်းထဲရှိဟန် မတူပေ။ အမျိုးသားရေးအတွက် မွတ်ဆလင် လုပ်ငန်းရှင်များ ပိုင်ဆိုင်သော Ooredoo ကိုမသုံးကြဖို့ အမျိုးသား ရေးဆောင်ရွက်နေကြတဲ့ မျိုးချစ်များနှင့် အမျိုးဘာသာ သာသနာကို ကွယ်စောင့်ရှောက်လိုကြသူများက ၀ိုင်းဝန်းကန့်ကွက်ခြင်း၊ အသုံးမပြုရန် တိုက်တွန်းခြင်းများ ဟောပြောခဲ့ကြပါသည်။ အမျိုးသားရေးလှုပ်ရှားသူများ အနေဖြင့် Ooredoo ဖုန်းကိုအပြင်း အထန်ဆန့်ကျင်နေချိန်တွင် ကိုနေမျိုးဇင်အိမ်ရှိ ဖုန်းဆိုင်တွင်တော့ မူလ ဆိုင်းဘုတ်ကိုတောင် ဖြုတ်ချပြီး Ooredoo ကပေးသော ဆိုင်းဘုတ်ကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် စိုက်ထူထားသည် ကို တွေ့ရှိရတောသည်။ Ooredoo ဖုန်းကတ် သုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများ၊ အမြတ်ကြီးစားမှုများ ကြောင့် ဝေဖန်မှုပေါင်းစုံ ပေါ်ထွက်နေချိန်မှာ ကိုနေမျိုးဇင်ဆိုင်တွင်တော့ Ooredoo ဆိုင်းပုဒ်ကြီးမှာ ၀င့်ထည်နေ ပေတော့သည်။ တစ်ကတ်-၁၀၀၀ ကျပ် ဟူသော လျှော့ဈေးအား White Board ထက်တွင်ရေးသား ထားခြင်း မှာလည်း ပြည်သူ့ အတွက်လား အမျိုးသားရေးအတွက်လား ကုလားအတွက်လား ဟု ကိုနေမျိုးဇင်ကို မေးခွန်း ထုတ်ရပေမည်။

ဗိုလ်စိန်မှန်ကွင်းမှာ စင်ပေါ်ကို မွတ်ကုလားကိုနီတက်ပြီး ဟောပြောမှု မလုပ်ရေး ဆရာတော်တွေနဲ့ လူတချို့နဲ့ ဆန္ဒပြမှုလုပ်တာကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရွှေပြည်အေးတရားဟောပြီး ကုလားဘက်ကမားမားမတ်မတ် ရပ်တည်ပြီးခဲ့တဲ့ Video ဖိုင်တစ်ခုလဲရှိခဲ့ဘူးသည်။ အဲဒီမှာလဲ သမိုင်းလိမ် ရိုဟင်ဂျာဆိုသော ဘင်္ဂလီများကိုပင် ရိုဟင်ဂျာ အမှန်တကယ်ရှိသည်ဟု သူပါးစပ်မှ ထွက်ဆိုခဲ့သည်။ နေမျိုးဇင်သည် တိုင်းပြည်ကို တကယ်ချစ်တတ် ပါ့မလား၊ ပြည်သူအတွက် လုပ်နေသည်ဆိုသည်မှာလည်း ဖြစ်နိုင်ပါ့မလား။ သူ့အနေဖြင့် ဒီလုပ်ရပ်တွေဟာ ပြည်သူကိုချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေတယ်ဆိုတာကို သိရှိပေလိမ့်မည်။ အမှန်တကယ်သာ အမျိုး သားရေးစိတ်ဓါတ် မျိုးချစ်စိတ် အမျိုးဘာသာသာသနာကို ကွယ်လိုစိတ်ရှိတယ်ဆိုရင် နေမျိုးဇင်ဟာ ဦးကိုနီ ကဲ့သို့ မွတ်ဆလင် ကုလား ပြည်ဖျက်သူတွေနဲ့ မပေါင်းဘဲ မြန်မာအမျိုးသားရေးကွန်ယက်က ကိုသီရိတို့ ကိုနောင်တော်လေး ကိုမျိုးချစ်တို့ နဲ့ပေါင်းပြီး ပြည်သူအကျိုးပြုလုပ်သင့်တယ်။ မြန်မာအမျိုးသားရေးကွန်ရက်က လူတွေလဲ ပြည်သူ အတွက် အမျိုးဘာသာ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေတာပါပဲ။ မဘသ ဟာ လည်း တိုင်းရင်းသားပြည်သူများအတွက်ဖွဲ့စည်းဆောင်ရွက်နေတာမဟုတ်လား။ ပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်တယ်ဆိုတဲ့ ဗိုလ်ကြီးဟောင်း ဆိုသူက ကိုယ့်အိတ်ထဲကစိုက်ပြီး ပြည်သူအတွက် အကျိုးပြု လုပ်ဆောင်ခဲ့ဖူးလားဟု မေးလိုက်ချင်သည်။ အဝေးရောက် ပြည်သူတွေက လူသားချင်းစာနာမှုကြောင့် ချွေးနည်းစာများဖြင့် လှူဒါန်းသည့်ငွေတွေသည် နေမျိုးဇင်၏လုပ်ရပ်ကြောင့် ကုလားလက်ဝယ်ရောက်ရှိပေ တော့မည်။ အချိန်ရှိသ၍ အမျိုးသားရေးအတွက် ဘာတစ်ခုမှမဟောပြောဘဲ အမျိုးဘာသာ သာသနာ ပျက်စီးရေးအတွက်ပဲ ပြောဆိုနေခြင်းဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် လွန်စွာမျှ မသတီစရာ ဖြစ်ပေသည်။

မဘသ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ ဟောတော်မူတဲ့အတိုင်း အမျိုးဘာသာ သာသနာဖျက်ဆီးသူ များနဲ့ ဖျက်စီးပုံအချက်များ အရဆိုလျှင် ဘာသာ သာသနာနှင့် လူမျိုးကို ဖျက်ဆီးသူတွေထဲမှာ နေမျိုးဇင် ဆိုသူမှာ ထိပ်ဆုံးထိပ်ဆုံးက ၀င့်ဝင့်ကြွားကြွား နေရာယူနေပေလိမ့်မည်။ Ooredoo ကိုထောက်ခံတယ်၊ ကိုနီဆိုသော မွတ်ဆလင် ကုလားနဲ့ ပူးပေါင်းတယ်၊ ဘာသာသာသနာအတွက် လုပ်ဆောင်နေသော ဆရာတော် များကို ကန့်ကွက်တယ်၊ ဟန့်တားတယ်။ IS အဖွဲ့ကို ပြည်တွင်းကိုခေါ်ချင်တယ်၊ အကြမ်းဖက်ခြင်းကို ထောက်ခံနေတယ်။ ဒါတွေဟာ နေမျိုးဇင်၏ လက်ရှိလုပ်ရပ်များ ပင်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအတွက် ဆောင်ရွက်နေသော မျိုးချစ်လူငယ်များအနေဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ် သင့်ပေသည်။ ထိုအပြင် အများပြည်သူများအနေဖြင့် နေမျိုးဇင်ကဲ့သို့သော အမျိုးဘာသာ သာသနာအတွက် အမျိုးသားသစ္စာဖောက်များအား အလေးထားစောင့်ကြပ် ကြည့်ရှု့သင့်ပေ ကြောင်း ရေးသားဖော်ထုတ်လိုက်ရပါသည်။


မျိုးစောင့်ဥပဒေပြဌာန်းရေး
From: မျိုးထက်ချစ်

www.mmdailystar.com

လိုအပ်နေသည့် အမျိုးသမီးများ၏ အာသာဆန္ဒကိုဖြည့်ဆည်းပေးရသည့် မြန်မာပြည်မှ ယောင်္ကျား Sex Worker

လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက် ပနေသည်။ သူ့မျက်နှာပေါ်တွင် သူမ၏ဆံပင်များ က ဝေ့ဝဲဖုံးအုပ်နေသည်။ မသိမသာမှုတ်ထုတ် မိသော သူ၏သက်ပြင်းခိုးတွင် သူမဆံသားတချို့ လှုပ်ခါသွားသည်။

အနွေးဓာတ်မပါသော သူ့ အနမ်းတွင် သူမ၏နှုတ်ခမ်းများ ပွင့်ဟလှုပ်ရှား သွားသည်။ မကြာမီမှာပင် သူအကြိမ်ကြိမ်မှားခဲ့ ဖူးပြီး မနှစ်မြို့သော ခရီးဆုံးကိုရောက်ချေဦးတော့ မည်။ သည်လိုနှင့်ပင် ခါးသီးသောညထဲ၌ သူ့ ဘဝသည် စုံးစုံးမြုပ်ခဲ့ရလေသည်။

*****

ဆယ်တန်းစာမေးပွဲကျကာ အိမ်ပေါ် မှ ဆင်းလာပြီးနောက် နားခိုစရာအဖြစ် သူငယ် ချင်းတစ်ဦး၏ အခွေဆိုင်တွင်နေရသော သူ့ဘဝ နောက်ကြောင်းကို ကိုဇင်(အမည်လွှဲ)က ပြန်ပြော ပြခဲ့သည်။

''ကျွန်တော် အဲဒီတုန်းက နေစရာမရှိ တော့ သူငယ်ချင်းကိုပြောပြီးနေခဲ့ရတာ။ အခွေ ဆိုင်က တစ်နေကုန်ဖွင့်တော့ ညဘက်ကျတော့ ကျွန်တော်ညအိပ်ဖို့အတွက် အဆင်ပြေတယ်လေ။ အခွေဆိုင်ဆိုပေမယ့်လဲ မြောင်းပေါ်ခွတင်ဖွင့် ထားတာ။ ဆိုင်က လူတစ်ကိုယ်စာ အိပ်ရုံလေး တော့ရတာပေါ့ဗျာ'' ဟု ကိုဇင်ကပြောပြခဲ့ခြင်းဖြစ် သည်။

သူ့အနေဖြင့် နားခိုရာဗီဒီယိုဆိုင်လေး သို့ ညအိပ်ချိန်လေးပဲပြန်လာပြီး နေ့ပိုင်းအချိန် များတွင် ငွေရပေါက်လမ်းတချို့ကို ရှာဖွေလုပ် ခဲ့ရသည်။

''အိမ်ကဆင်းလာတာဆိုတော့ ငွေက ဘယ်ကရှာရမှန်းလဲမသိဘူး။ အိမ်ပေါ်ကဆင်း ခါစတုန်းက ကြို့ကုန်းဘက်မှာ ပီနံအိတ်တွေကို ဓားနဲ့ခုတ်ဖြတ်ရတဲ့အလုပ်လဲ လုပ်ခဲ့ရတယ်။ အဲ အလုပ်က သုံးဖို့စွဲဖို့တော့ ရတယ်ဆိုပေမယ့်လဲ ကျွန်တော် ဆယ်တန်းပြန်ဖြေဖို့ စုဖို့ဆောင်းဖို့ အတွက် မလောက်ဘူးလေ''ဟုပြောသည်။

တစ်နေကုန်တစ်နေခန်း ပီနံအိတ်များ ကို ဓားနှင့်ခုတ်ရခြင်းအပေါ် ကြာတော့ ကျန်းမာ ရေးထိခိုက်နိုင်သည့်အတွက် ယင်းအလုပ်မှထွက် လိုက်သည်။ ယင်းနောက်ပိုင်းတွင် သူငယ်ချင်း ချိတ်ပေးသည့်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်ခဲ့ သည်။

*****

လိုအပ်နေသည့် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အလုပ်ဖြစ် သည်။ သူတို့အခေါ် 'ဂျေဂလို'ဖြစ်သည်။

''ကျွန်တော်တို့ကတော့ ဒီလိုလုပ်စား တဲ့လူတွေကို ဂျေဂလိုလို့ခေါ်တာပဲ။ သေချာ တော့မသိဘူး။ ကျွန်တော်သူငယ်ချင်းက အမျိုး သမီးတချို့နဲ့ မိတ်ဆက်ပေးတယ်။ သူတို့နဲ့လိုက် နေပေးရတဲ့အလုပ်ပေါ့။ ပထမဆုံးကြုံတဲ့အမျိုး သမီးက အိမ်ထောင်သည်အမျိုးသမီးဗျ။ ကလေး တစ်ယောက်လဲရှိတယ်။ ကလေးက နှစ်နှစ်လောက် တော့ရှိမယ်။ သူ့ယောက်ျားက သင်္ဘောသား၊ နိုင်ငံခြားသွားနေရတော့ သူ့ယောက်ျားမရှိတဲ့အချိန် မှာ ကျွန်တော်က သူ့အလိုကိုဖြည့်ဆည်းပေးရတာ လေ''ဟု ဂျေဂလိုဘဝ (သို့မဟုတ်) Sex worker တစ်ဦးအဖြစ် ပထမဦးဆုံးဖြတ်သန်းခဲ့ရသည့်အချိန်ကို ပြန်ပြောပြသည်။

''အဲအမျိုးသမီးက ကလေးရှိတော့ အ ရင်ဆုံး သူ့ကိုသိပ်ရတာပေါ့။ နှစ်နှစ်ဆိုတော့ ဘာ မှမသိသေးတဲ့ အရွယ်ဆိုပေမယ့် ခုတင်တစ်ခု တည်းမှာ လင်မယားလိုနေရမှာဆိုတော့ ကလေး ကို အရင်သိပ်ရတယ်လေ။ တစ်ခါတလေဆိုရင် အဲ့ကလေးကို အိမ်ရှေ့ဧည့်ခန်းမှာ ထားသိပ်ရတာ မျိုးလဲ ရှိခဲ့တယ်''ဟု ပြောသည်။

ထို့အပြင် သူ့အနေနှင့် Sex worker အနေဖြင့် ဘဝကိုရှင်သန်ရင်း ထူးထူးခြားခြားဖြတ် သန်းခဲ့ရမှုများလည်း ရှိခဲ့သည်။ ထူးခြားသော် လည်း ထွက်ပြေးချင်လောက်အောင်လည်း စိတ် ပေါက်ခဲ့သည်ဟု ရင်ဖွင့်ခဲ့သည်။

''လှိုင်သာယာက Beauty Salon ဖွင့် ထားတဲ့ အမျိုးသမီးသုံးဦးရဲ့အိမ်မှာ သူတို့ကိုဖျော် ဖြေပေးရတာ။ သူတို့က ယောက်ျားခွန်အားတိုး ဆေးတွေ ပြီးတော့ ဘလက်လေဘယ်တွေကအစ ဝယ်ပေးထားတာ။ အိမ်ထဲကနေ မထွက်ရဘူး။ သူတို့နဲ့အလှည့်ကျနေပေးခဲ့ရတာလေ။ အဲဒီသုံး ဦးက အမျိုးတွေဗျ။ တစ်ဦးက ဆိုင်ဖွင့်နေရင် အိမ် ကိုပြန်လာ၊ တစ်ဦးက အိမ်ထဲမှာ ထမင်းဟင်း ချက်နေရင် တခြားတစ်ဦးနဲ့အတူနေရတာ။ ပြီး တော့ အဲဒီသုံးဦးနဲ့က နေ့စဉ် အဆက်မပြတ်သလို ဆိုတော့ ကျွန်တော် မခံနိုင်တော့ဘူး။ နိမ့်နိမ့် လေးရှိတဲ့ လှေကား လေးထစ်လောက်ကိုတောင် ကျွန်တော် လေးဖက်ထောက်တက်နေရတာ။ အဲဒီ တော့ သူတို့လစ်တဲ့အချိန် ထွက်လာခဲ့တယ်'' ဟု ပြောသည်။

ထိုအမျိုးသမီးသုံးဦး နေအိမ်တွင်ရှိ သော ကြိုးဖုန်းဖြင့် အမျိုးသမီးများနှင့်ချိတ်ဆက် ပေးသည့် သူငယ်ချင်းဆီဖုန်းဆက်ကာ အမြန်လာ ခေါ်ရန် ဆက်သွယ်ခဲ့ရကြောင်းပြောပြသည်။

ယင်းကဲ့သို့ အမျိုးသမီးများနှင့်သာမက ဘဲသူ့အနေဖြင့် အခြားသောအမျိုးသမီးများစွာ နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

အမျိုးသမီးများက ယောက်ျားက နိုင်ငံ ခြားသွားနေလို့၊ ယောက်ျားနဲ့ကွဲနေလို့၊ ယောက်ျား မရှိပေမယ့် ခဏအပျော်ထားချင်တာတို့၊ စပွန် ဆာပေးထားတဲ့ လူမရှိတဲ့အချိန် ထိုမိန်းကလေး နှင့်နေပေးရသည်မှာSex worker တို့ အများဆုံး ကြုံရသည့်ဘဝဖြစ်သည်။

''ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတာက အ သက်အကြီးဆုံးက ၄၁နှစ်ရှိပြီ။ သူက အပျိုကြီး။ နောက်ထပ်မှတ်မှတ်ရရအတွေ့အကြုံက အသက် ခုနစ်နှစ်လောက်ရှိတဲ့ မိန်းကလေးတစ်ဦးမွေးထား တဲ့ မိန်းကလေးတစ်ဦးနဲ့လဲ ကျွန်တော်နေပေး ခဲ့ရသေးတယ်။ ကျွန်တော်တို့နေထိုင်တာကို သူ့ သမီးမြင်သွားတယ်လို့ ကျွန်တော် သံသယရှိမိ တယ်''ဟု ပြန်ပြောပြသည်။

******

စားပွဲတွင်တင်ထားသည့် ဘီယာခွက် ကို စိုက်ကြည့်ရင်း ''ကျွန်တော် သေချာတယ်။ နောက်ဘဝမှာ လူဖြစ်မှာမဟုတ်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော် လူမဆန်တဲ့လုပ်ရပ်တွေ အများကြီးကျူးလွန်ခဲ့မိတယ်။ အဲဒီလူမဆန်တဲ့ ကိစ္စတွေက အရမ်းကိုဆိုးရွားတယ်။ ဒါကြောင့် ကျွန်တော်သေရင် နောက်ဘဝ လူပြန်ဖြစ်မှာ မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ အောက်ဆုံးထပ် ကို ကျမယ့်ကောင်။ ကျွန်တော့်အနေနဲ့ ဘဝမှာ ကျူးလွန်ခဲ့တဲ့ ဒီအဆိုးရွားဆုံးကိစ္စကို ဘယ်သူ့ကို မှ မသိစေချင်ဘူး''ဟု ထပ်ပြောသည်။

စကားဝိုင်းလေးက ခေတ္တရပ်ဆိုင်း သွားသည်။ ထိုအချိန်တွင် စင်တင်စားသောက် ဆိုင်တစ်ခုမှ အမျိုးသမီးငယ်လေးများ၏ ကြည် နူးဖွယ် သီဆိုသံများက တိတ်ဆိတ်သွားသည့် စားပွဲဝိုင်းထဲ တိုးဝင်လာသည်။

သီချင်းဆိုရင်း စားပွဲဝိုင်းတစ်ခုသို့ ရောက်လာသည့် မိန်းကလေးတစ်ဦးကိုကြည့်ရင်း ကိုဇင်က ''ကျွန်တော် ဒီဘဝရောက်သွားခဲ့ရတာ က တကယ့်ကို ဘယ်လိုမှ မတတ်သာလွန်းလို့ မတတ်နိုင်လို့ရောက်ခဲ့ရတာ။ နေစရာကလဲမရှိ ဘူး။ အိမ်ကလဲဆင်းလာတာ။ ၁ဝ တန်းကလဲ ကျနဲ့။ အဲဒီအခြေအနေမှာ မထူးတဲ့ဘဝကိုလုပ်ခဲ့ ရတာ။ စင်တင်မှာဆိုနေတဲ့ မိန်းကလေးတွေ၊ ပြီး တော့ တခြား Sex worker မိန်းကလေးတွေဆို ရင်လဲ သူတို့ဘဝမှာ မတတ်သာလို့ ဒီဘဝကိုရောက် သွားခဲ့ကြရတာလို့ထင်တယ်။ ဒါမျိုး ဘယ်သူက လုပ်ချင်မှာလဲ''ဟု Sex worker ဘဝများသို့ ရောက်နေခဲ့သည့် ဘဝများအပေါ် စာနာစွာဖြင့် ပြောပြသည်။

Sex worker အနေဖြင့် အချိန်အတန် ကြာ ကျင်လည်ခဲ့ပြီး ငွေကြေးအနည်းငယ်စုနိုင် ခဲ့သည့်အချိန်တွင် မိခင်က သတင်းစာမှတစ်ဆင့် လူပျောက်ကြော်ငြာထည့်ကာ ရှာခဲ့သည်။ ယင်း နောက် မိခင်အိမ်ပေါ်သို့ သူတစ်ကျော့ပြန်ရောက် ခဲ့ရသည်။ တစ်ကျော့ပြန်ရောက်တော့ အမေရော အဖေရော ကျန်းမာရေးက ချို့တဲ့နေသည်။

''အဖေက ကိုယ်တစ်ခြမ်း လေဖြတ် သွားတော့ မထနိုင်ဘူး။ အမေကလဲ မျက်လုံးက သိပ်မကောင်းတော့ ဆေးတွေဘာတွေ ကုသဖို့ ငွေလိုနေတယ်။ အဲဒီလိုနေတဲ့အချိန်မှာ ကျွန်တော် ရှာခဲ့ရတဲ့ငွေနဲ့ ဆေးတွေဘာတွေကုခဲ့တယ်။ ဒီ အလုပ်လုပ်ရင်းရှာခဲ့တဲ့ငွေနဲ့ ကျွန်တော် ၁ဝတန်း ပြန်ဖြေနိုင်ခဲ့တယ်။ အောင်လဲအောင်ခဲ့တယ်''ဟု ဘဝကိုအရင်းပြုကာ ရှာဖွေခဲ့သည့်ငွေဖြင့် ပြန် လည်အသုံးချခဲ့သည်ကို ပြန်ပြောသည်။

******

စားသောက်ဆိုင်အတွင်း စားပွဲဝိုင်း များ ပြည့်နှက်လာသည်နှင့်အမျှ သီချင်းသံလေး များက ပြည့်နှက်လာသည်။ စားပွဲဝိုင်းများပြား လာသည်နှင့်အတူ ညဥ့်ကနက်လာသည်။ ကား လမ်းပေါ်မှာ ကားတချို့သွားလာနေဆဲ။ ကိုဇင် တစ်ယောက် လက်ပြနှုတ်ဆက်ရင်း အမှောင်ထု တွင်းတိုးဝင်သွားခဲ့သည်။

ဓာတ်တိုင်မီးရောင်မှိန် ပြပြရှိနေသေး သော်လည်း ထိုသို့သော ကားလမ်းနံဘေးမီး ရောင်အောက်များ၊ Sex worker များနှင့်ပတ် သက်ပြီး ရန်ကုန်မြို့ရှိ နာမည်ကြီးသော သိမ်ကြီး ဈေးတံတားပေါ်နှင့် အနီးတစ်ဝိုက်၊ ပန်းဆိုးတန်း ခုံးကျော်တံတားအောက်ဝန်းကျင်၊ သီရိမင်္ဂလာ ဈေးဟောင်း၊ မင်္ဂလာဈေး၊ တံတားဖြူမှတ်တိုင် အနီးဝန်းကျင်နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်မှ လမ်းနီ၊ ရိပ်သာမှတ်တိုင် စသည့်နေရာအချို့ မှာ Sex worker တို့၏ ဈေးကွက်နေရာများပင် ဖြစ် ကာ ပြည့်တန်ဆာအချို့က သူတို့ကိုလာခေါ်ကြ မည့်သူများကို ညဥ့်နက်နက်အချိန်များအထိ စောင့်ဆိုင်းနေကြရဆဲဖြစ်သည်

From: #TheFlowerNews

www.mmdailystar.com

ကရင်ပြည်နယ်မြ၀တီတွင် ဇတ်တူသားစားမှုဖြစ်ပွား



မြ၀တီမြို့ တွင် ဇတ်သူသားစားခြင်းခံရသူ၏ ရုတ်အလောင်းကို ယနေ့နံနက်ပိုင်းက နယ်ခြားသောင်ရင်းမြစ်အတွင်း ပြန်လည်တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အထူးစစ်ကြောင်းမှ ဗိုလ်ကြီးလမင်း၏ စစ်သည်စောတာနိုဖြစ်ပြီး ရုပ်အလောင်းတွေ့ရှိချိန်တွင် လက်ထပ်ခတ်လျက်သား လည်ပင်းအလှီးခံထားရကာ ဦးခေါင်းတွင်လည်း သေနတ်ဖြင့်ပစ်ခတ်ခံထားရသည်ဟုသိရသည်။

ဗိုလ်ကြီးလမင်းက လွန်ခဲ့သည့် ၁၆ ရက်နေ့က တပ်သားစောတာနိုကို (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်ရင်း အမှတ်(၁၀၂၂)က ဖမ်းဆီးပြီးနောက် ပျောက်ဆုံးနေပြီး ယနေ့တွင်အလောင်းပြန်လည်တွေ့ရှိရခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုကာ ယခုကိစ္စကိုတရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟုပြောသည်။

စောတာနိုပျောက်ဆုံးမှုနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)သို့မေးမြန်းရာ စတင်ဖမ်းဆီးသည့်နေ့မှာပင် ပြန်လွတ်ပေးလိုက်သည်ဟု ပြောဆိုကြောင်း ဗိုလ်လမင်းကဆိုသည်။

ဖြစ်စဉ်နဲ့ပတ်သက်ြ၍ နယ်ခြားစောင့်တပ် အမှတ် (၁၀၂၂)က တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဖုံးများပိတ်ထားကြသည်။

အဆိုပါတပ်သား သတ်ဖြတ်ခံခဲ့ရခြင်းကို ကရင်အမျိုးသားအစည်းအရုံး KNU မြ၀တီဆက်ဆံရေးရုံးကလည်း မှန်ကန်ကြောင်းအတည်ပြုပြောဆိုခဲ့သည်။

ကရင်လက်နက်ကိုင်အဖွဲ့များအတွင်း ယခုကဲ့သို့ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်ကြောင့် ဒေသတွင်းရှိကရင်အမျိုးသားများက ကရင်လက်နက်ကိုင်အဖွဲ့များအရေး ရင်လေးမိသည်ဟု မြ၀တီမှကရင်ဘုန်းတော်ကြီးတပါးကမိန့်ကြားသည်။

၎င်းက"ဘုန်းကြီးတို့က ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြည်လည်ရင်ကြားစေ့ရေးအတွက် ကြိုးစားနေတဲ့ကာလမှာ ဒီလိုမျိုးဇတ်တူးသားစားတဲ့အလုပ်မျိုးက လုံးဝမဖြစ်သင့်ဘူး အခြေအနေတွေဒီထက်ထပ်ပြီး မဆိုးရလေအောင် ချက်ခြင်းဖြေရှင်းကြဘို့ တိုက်တွန်းပါတယ်"ဟု မိန့်ဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စွပ်စွဲခံနေရသူများဘက်က တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရသည်။

ဘားအံမြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတဦးက "ဒီလိုဘဲဆက်ပြီးဖြစ်နေကြမယ်ဆိုရင်တော့ ဟင်္သာကိုးသောင်းပျက်တဲ့ကိန်းဘဲဆိုက်ဘို့ရှိတယ် အားလုံးကိုတောင်းဆိုချင်ပါတယ် ကိုယ့်ကိုကိုယ်ဘာလဲဆိုတာ သိကြပါလို့ဘဲပြောချင်တယ်"ဟု ဆိုသည်။

KNLA က ကရင်တပ်မှူးဟောင်းတဦးက" ကရင်အချင်းချင်းတွေဘဲ သဘောထားကြီးရမယ်လေ အရင်ကအတူတူနေလာခဲ့ကြတာဘဲ ကျောင်းတော်ကရန်စတွေကို ဒီလိုကာလမှာ မေ့ထားသင့်ပါပြီး"ဟု သဘောထားပေး ပြောဆိုသည်။

ပုံစာ - ယနေ့နံနက်က ပြန်တွေ့ရှိသည့် တပ်သားစောတာနို ။
From: ကရင်အမျိုးသား (မီဒီယာ)

www.mmdailystar.com

မီဒီယာကို စိန်ခေါ်ထားသည့် ဦးရဲထွဋ်


-----------------------------------------------------------------------------------
အာရ်၊ အက်ဖ်၊ အေ ၂၂.၉.၂၀၁၄ (၁၉း၀၀)နာရီ
ဒီနေ့မနက် ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့တဲ့အချိန် Eleven Media သတင်းထောက်ရဲ့မေးခွန်းအပေါ် ဖြေကြားခဲ့မှုကို RFA သတင်းဌာနက ထုတ် လွှင့်သွားတာဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ပိုင်ဆိုင်မှုများ သိလိုပါ က မီဒီယာများအနေဖြင့် စုံစမ်း ထောက်လှမ်း၍ ဖော်ထုတ်ရေးသား တိုင်ကြားနိုင်သည် ဟု ပြောကြား.....
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သိချင်ရင် မီဒီယာတွေ အနေနဲ့ စုံစမ်းထောက်လှမ်းပြီးတော့ ဖော်ထုတ်ရေးသား တိုင်ကြားနိုင်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ သန်းအောင်နဲ့ အတူ ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် မီဒီယာတွေ နဲ့ တွေ့ဆုံတဲ့အခါမှာ ၀န်ကြီး ဦးရဲထွဋ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်-
ကျွန်တော်တို့ရဲ့ ဥပဒေအရ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုကို သိချင်လို့ရှိရင် ဥပဒေကြောင်း အရ တောင်းဆိုမှပဲ ရမယ်။ ဆိုပါတော့ အဂတိ လိုက်စားမှု ကော်မရှင်ကို ခင်ဗျားတို့မှာ အထောက်အထားရှိရင် တိုင်၊ ဒါမှမဟုတ် ကျွန်တော် အဂတိ လိုက်စားတယ် ထင်လို့ရှိ ရင် ခင်ဗျားတို့ Eleven အနေနဲ့ ဖွင့်ချပြီးတော့ ရေး၊ အဲဒီအခါကျရင် ကျွန်တော် ဥပဒေ ဘက်ကနေ ရင်ဆိုင်ဖို့ အသင့်ပဲ။
ဥပဒေအရ မဟုတ်ဘဲနဲ့ ကျွန်တော်ကလည်း ဆောင်းပါး တစ်ပုဒ်ရေးပြီးတော့ Eleven မီဒီယာ အုပ်စုထဲမှာ အစုရှယ်ယာတွေ ဘယ်သူပါသလဲ၊ နေ့စဉ် အရှုံးခံပြီးတော့ ထုတ်နိုင်အောင် ဘယ်လိုများ ရပ်တည်နေပါသလဲလို့ ကျွန်တော်မေးရင် ဘယ်တရား မလဲ၊ ဒါ ခင်ဗျားတို့ရဲ့ လုပ်ပိုင်ခွင့်ပဲကိုး။
ဒါကြောင့်မို့လို့ ကျွန်တော် တောင်းဆိုရင်လည်း မတရားဘူး။ ခင်ဗျားတို့လည်း အဲဒီ လို ရေးနေမယ့်အစား ကျွန်တော့် ပစ္စည်းတွေကို ထုတ်ပြဖို့အတွက် လိုအပ်တဲ့ အကြောင်းခြင်းရာတွေ ရှိရင် အဂတိလိုက်စားမှု ကော်မရှင်ကိုလည်း တိုင်နိုင်ပါတယ်။ ဒါမှမဟုတ် ခင်ဗျားတို့ကလည်း investigative journalism တွေ အနေနဲ့ စုံစမ်း ထောက်လှမ်းတဲ့ စာနယ်ဇင်း အတတ်ပညာတွေနဲ့ ကျွန်တော့်ကို ရေးနိုင်ပါတယ်။ မှန်ရင်လည်း ကျွန်တော် ခံသွားမှာပေါ့။ မမှန်ဘူးဆိုရင်လည်း ကျွန်တော့်ကိုယ် ကျွန်တော် ဥပဒေ အကာအကွယ် ယူပြီးတော့မှ ပြန်ပြီးတော့ ကာကွယ်မှာပေါ့။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်နေ့က ထုတ်ဝေခဲ့တဲ့ Eleven သတင်းစာမှာ ပါရှိခဲ့တဲ့ "ဦးရဲထွဋ် တုံ့ပြန်၍ ဦးခင်အောင်မြင့် ကိုယ်စား ကျွန်တော် ပြောချင်သည်" ဆိုတဲ့ဆောင်း ပါးထဲမှာ ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက် ပြီးတော့ ဝေ ဖန် ရေးသားခဲ့တာ ရှိတယ်လို့ သိရပါတယ်။
From:Ye Htut

www.mmdailystar.com

မြန်မာ ပိုက်ကျော်ခြင်း ရွှေ ၂ ဆုရ



တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ ကျင်းပတဲ့ Asian Games က ပိုက်ကျော်ခြင်း ပြိုင်ပွဲမှာ မြန်မာ အသင်းက အမျိုးသားရော အမျိုးသမီး အသင်းကပါ ရွှေတံဆိပ်ဆုတွေ အသီးသီး ရရှိသွားပါတယ်။

ဗိုလ်လုပွဲတွေမှာ မြန်မာ အမျိုးသားအသင်းက တောင်ကိုရီးယားကို ၂၁-၁၉၊ ၂၁-၁၈နဲ့ နိုင်ခဲ့ပြီး မြန်မာ အမျိုးသမီးအသင်းကတော့ လာအိုကို ၂၁-၁၆၊ ၂၁-၁၅ တို့နဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

From:BBC

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...