Monday, 29 September 2014

ဗိုလ်မှူးကြီး တိုက်ဂါး ပြေးပြီ...



၂၇.၉.၂၀၁၄ ရက်နေ့  ၁၁ ၀၀ ချိန်ခန့် တွင် ...
ရှေ့ တန်း အမှတ် ၃၁၀ ခြေမြန်တပ်ရင်း နှင့် ...
တပ် အချိန်းအပြောင်း ပြုလုပ်ရန် ချီတက်လာသော ...
ရှေ့ တန်း အမှတ် ၂၄ ခြေလျင်တပ်ရင်းသည် ....
မြ၀တီမြို့ အမှတ်(၄)ရပ်ကွက် ...
အာရှလမ်းမကြီးဘေး အရောက်တွင် ...
ဒုံးပစ်လောင်ချာ RPG ဖြင့် ....
ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါသည် ...
ပစ်ခတ်တိုက်ခိုက်မှုကြောင့် ...
ယာဉ်တန်း၏ နောက်ဆုံးကားမှ စစ်သည်နှစ်ဦး ...
ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါသည် ....
တိုက်ပွဲ ဖြစ်ပွားသည့် နယ်မြေအား ...
ရတ ခလရ ၂၄ မှ ၀င်ရောက် ရှင်းလင်းနေစဉ် ...
ညနေပိုင်းအရောက်၌ ရန်သူမှ ....
မြ၀တီမြို့ တွင်းသို့  ၄၀မမ ဗုံးပစ်လောင်ချာဖြင့် ...
လေးချက် ပစ်ခတ်ခဲ့ပါသည် ....
သို့ ဖြစ်၍ ....
ရှေ့ တန်းအမှတ် ၂၄ ခြေလျင်တပ်ရင်း ....
အမှတ် ၁၀၁၇ နယ်ခြားစောင့်တပ်ဖွဲ့  ...
အမှတ် ၁၀၂၂ နယ်ခြားစောင့်တပ်ဖွဲ့ တို့ မှ ....
ပူးပေါင်း တပ်ဖွဲ့ ဝင်များသည် ...
မြ၀တီ မြို့ နှင့် အနီးတစ်ဝိုက်ဒေသများသို့  ...
နယ်မြေ ရှင်းလင်းမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ....
ဗိုလ်မှူးကြီး တိုက်ဂါး၏ နေအိမ် ...
အကောက်ဂိတ် တစ်ခုနှင့် ...
ကင်းစခန်း လေးခုတို့ အား ...
ဝင်ရောက် ထိန်းသိမ်းခဲ့ပါသည် ....
၂၈.၉.၂၀၁၄ ရက်နေ့ တွင် ...
DKBA တပ်ဖွဲ့ ဝင် ၈ဦး ...
မြ၀တီ တပ်စခန်းသို့  လာရောက် လက်နက်ချခဲ့ပါသည် ...
ဗိုလ်မှူးကြီး တိုက်ဂါးမှာ ....
ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ...
ယိုးဒယား နိုင်ငံမှလည်း အ၀င်မခံသည့်အတွက် ...
DKBA အဖွဲ့ သို့  ကူးပြောင်းဝင်ရောက်သွားခဲ့ပါသည် ...
လက်ရှိအခြေအနေတွင် ...
ရှေ့ တန်းအမှတ် ၂၀၈ ခြေမြန်တပ်ရင်းနှင့် ...
နယ်ခြားစောင့် တပ်ဖွဲ့ များမှ ....
မွန်ပြည်နယ် ကျိုက်မရော မြို့ နယ် နှင့် ...
ကရင်ပြည်နယ် အစပ်တွင် ...
ဗိုလ်မှူးကြီး စောဆန်းအောင်၏ DKBA တပ်ဖွဲ့ များအား ....
ဝိုင်းပတ် ပိတ်ဆို့ ထားသဖြင့် ....
DKBA တပ်များ ပိတ်မိလျက် ရှိနေပြီး ....
ထွက်ပေါက်လမ်း ဖွင့်ပေးရန်အတွက် ...
DKBA ဌာနချုပ်မှ ဗိုလ်ချုပ်ကျော်သက်နှင့်
အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်တို့  ...
၂၈.၉.၂၀၁၄ ရက်နေ့  ကတည်းက ...
တွေ့ ဆုံဆွေးနွေးလျက် ရှိကြောင်း သိရှိရပါသည် ....
( Photo - တိုက်ဂါးအိမ်မှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ )
( Source - Kyaw Swar & Others )



From: Ye Moe

www.mmdailystar.com

ဆရာနှင့် တပည့်များ၏ ကြေကွဲနှုတ်ဆက်ချိန်


ဆရာနဲ့ တပည့်ကြားက မေတ္တာတရားနဲ့ သံယောဇဉ်ကြိုး ၊ ဒီလိုမျိုး ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးကြတဲ့ မျက်ရည်ကြားက နှုတ်ဆက်ပွဲမျိုး ရှားရှားပါးပါး တွေ့မြင်ရတာပါ။
ဒီဓါတ်ပုံတွေကို ရိုက်ကူးထားတာ ပရော်ဖက်ရှင်နယ်ကင်မရာတွေ မဟုတ်ပါဘူး။ ရိုက်ကူး မှတ်တမ်းတင်ထားတဲ့ ကိုအောင်ဇော်မြင့်ဟာလည်း အလင်း-အမှောင်သဘော၊ အရောင်တွေရဲ့ အဓိပ္ပါယ် သေသေချာချာ လေ့လာထားသူ တစ်ယောက် ဟုတ်မယ် မထင်ပါဘူး။






ဒီကနေ့ Facebook မှာ တက်လာတဲ့ ဓါတ်ပုံလေးတွေ ဖြစ်ပါတယ်။ ဒီကနေ့ (၂၉-၉-၂၀၁၄) ရက်နေ့မှာပဲ ချောင်းဦးမြို့နယ်၊ ဆူးလေကုန်းအုပ်စု၊ ဆူးလေကုန်းကျေးရွာ မှာ “ဆရာဦးသန်းလှိုင်” ဂုဏ်ပြုနှုတ်ဆက်ပွဲ ဆိုပြီး ဓါတ်ပုံမှာ တွေ့ရပါတယ်။
ဒါပေမယ့် ဒီဓါတ်ပုံလေးတွေက ဖော်ပြနေတဲ့ အဓိပ္ပါယ်တွေကတော့ များစွာ ကျယ်ဝန်း နက်ရှိုင်းလှပါတယ်။ ဒီကနေ့ မြို့ကြီးပြကြီးတွေမှာ မြင်ရတွေ့ရခက်ခဲလှတဲ့၊ မေတ္တာနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ် ဆိုရင်လည်း မမှားပါဘူး။
နှုတ်ဆက်ထွက်ခွာ သွားရတော့မယ် ချစ်မြတ်နိုး ရိုသေလေးစားရတဲ့ ဆရာကြီးကို မခွဲနိုင် မခွာရက် ဖြစ်နေတဲ့ တပည့်လေးတွေ၊ မခွဲရက် အခွဲခက်ပေမယ့်လည်း မတတ်သာလို့ စွန့်ခွါရတော့မယ့် ဆရာကြီး ရင်ထဲက ဖြေမဆည်နိုင်တဲ့ သောကဗျာပါဒတွေ မြင်တွေ့ရပါတယ်။
နိုဗယ်လ်ဆုရ ကမ္ဘာကျော် ဘောဂဗေဒပညာရှင်ကြီး ဂျိုးဇက်စတစ်ဂလစ် မြန်မာနိုင်ငံ ရောက်ရှိချိန်မှာ စီးပွားရေးတက္ကသိုလ် ဆရာကန်တော့ပွဲနဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ဆရာကြီး စတစ်ဂလစ် အရမ်းအံ့အားသင့်သွားပြီး မြန်မာ့ယဉ်ကျေးမှု ဆိုတာ သိလိုက်ရတော့ အတော်ကလေး လေးစားသွားတယ် လို့ သိရပါတယ်။ ဆရာကြီးစတစ်ဂလစ်ရဲ့ မှတ်ချက်က “မြန်မာနိုင်ငံမှာ လူမှုအရင်းအနှီး Social Capital ခိုင်ခိုင်မာမာ ရှိနေတာပဲ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ ဒီဓါတ်ပုံလေးများကို မျှဝေရခြင်း ဖြစ်ပါတယ်။ မြို့ကြီး၊ ပြကြီးတွေမှာ မမြင်မတွေ့ရတဲ့ မြင်ကွင်းမျိုး၊ မြင်တွေ့ဖို့ ခက်ခဲနိုင်တဲ့ မြင်ကွင်းမျိုး ရှားရှားပါးပါး ကျန်ရှိနေသေးတဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံလေး တစ်ခု၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ Social Capital ပဲ ဖြစ်ပါကြောင်း။


From: Aungzaw Myint

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...