Tuesday, 30 September 2014

ဟောင်ကောင်မှာ လူထုအရေးတော်ပုံလှုပ်ရှားမှု စတင်၊ ဆန္ဒပြလူစုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး သုံး ရှင်းလင်း

ဟောင်ကောင်ရဲ့ ဒီမိုကရေစီအရေးတောင်းဆိုလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်တဲ့ Occupy Central က ဒီကနေ့ တနင်္ဂနွေနေ့မှာ လူထုအရေးတော်ပုံ လှုပ်ရှားမှုတစ်ခုကို စတင်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ တစ်ဖက်မှာလည်း ဟောင်ကောင် အစိုးရရုံးချုပ်အပြင်ဘက်မှာ ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။

Occupy Central အဖွဲ့က ဟောင်ကောင်ခေါင်းဆောင်တင်မြှောက်မှုမှာ လွတ်လပ်စွာမဲပေးရွေးချယ်

ခွင့်ရရေးအတွက် ဘေဂျင်းအစိုးရ ကို ဆန္ဒပြသပိတ်မှောက်ဖို့အတွက် မြို့လယ်ခေါင်ရှိစီးပွားရေးအချက်အချာနယ်မြေမှာ လူစုလူဝေးနဲ့ ပိတ်ဆို့ဆန္ဒပြဖို့ နဂိုကတည်းက ကြွေးကြော်ထား  ခဲ့ကြပြီး အောက်တိုဘာ ၁ရက်နေ့ကို ယင်းလှုပ်ရှားမှုစတင်ဖို့ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်  ကျောင်းသားတွေရဲ့ လက်ရှိလှုပ်ရှားမှုကို အားဖြည့်ဖို့အတွက် အခုလိုစောစီးစွာစတင်လိုက်တာဖြစ်ကြောင်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

ဘေဂျင်းအစိုးရက တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီ အပြည့်အ၀ပေးရေးကို ငြင်းဆန်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာကြောင့် တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်း သားတွေ နဲ့ အထက်တန်းကျောင်းသားတွေက ကျောင်းမတက်ဘဲ တစ်ပတ်ကြာ သပိတ်မှောက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: AP. AFP
From:ကုမုဒြာ

www.mmdailystar.com

လော်ဘီအုတ်ခဲနှင့် သမ္မတလောင်း အရှုပ်တော်ပုံ



ဦးရွှေမန်းကို အန်အယ်လ်ဒီက သမ္မတအဖြစ် ထောက်ခံမည်ဟု နိုင်ဂျန်ဂါး သတင်းဌာနတစ်ခုက ခပ်တည်တည် ဖွလိုက်သည်။ နိုင်ငံရေးသမားများသာမက လူထုကြီးပါ မျက်စိလည်ကုန်သည်။ အန်အယ်လ်ဒီ တာဝန်ရှိသူတွေက အဲဒီလို ပြောပါသည်ဟု သတင်းမှာ ဖော်ပြလိုက်၍ သို့လော သို့လော ဖြစ်ကုန်သည်။ အန်အယ်လ်ဒီ ထောက်ခံသူများ ဘုရား ဘုရား တကုန်၏။ သမ္မတ စလွယ်ကြီး သိုင်းပြီး စပ်ဖြီးဖြီး ဖြစ်နေသည့် ဦးရွှေမန်း မျက်နှာကို မြင်ယောင်မိကုန်၏။ အန်အယ်လ်ဒီက တာဝန်ရှိသူ နှစ်ဦးကတော့ ထိုသတင်းကို “ဟေ့အေး... တို့မပြောဘူးနော်” ဟု ငြင်းချက်ထုတ်သည်။

ဘယ်လိုငြင်းငြင်း သတင်းကတော့ ပျံ့သွားလေပြီ။ ချင်းစိမ်းနှင့် မိဿလင် အခြေအနေဖြစ်သည့် ယှဉ်ပြိုင်ဘက် ထိပ်သီးပါတီကြီး နှစ်ခု ဖြစ်သောကြောင့် လူအများ စိတ်ဝင်စားကြသည်။ အခြေခံဥပဒေအရ အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သမ္မတ မဖြစ်နိုင်သေး။ သို့ဖြစ်ရာ ယှဉ်ပြိုင်ဘက်ဖြစ်သော ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံမည်ဟု သတင်းထွက်လာခြင်း ဖြစ်၏။

လော်ဘီအုတ်ခဲ တစ်ယောက် ထိုသတင်းကြားကြားချင်း ဆရာသခင် ပြည်သူ့သံချောင်းထံ ဖိုသီဖတ်သီ ပြေးလေ၏။ “ဟိုပါတီက ဒီပါတီကို ထောက်ခံမတဲ့ဆြာ” ဟု အကြောင်းစုံ ပြောပြလိုက်သော် ဦးသံချောင်းလည်း မျက်လုံးပြူးသွားလေသည်။ “ဟင်... ဒါ .. ဒါ တို့သံချောင်းပါတီကို လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လိုမှ အနိုင်မရအောင် အကွက်ဆင်တာပဲ။ ဒါ ပထမခြေလှမ်းပဲ ဖြစ်ရမယ်” ဟု ဦးသံချောင်းက မဆီမဆိုင် ဖျာဝင်ခင်းတော့သည်။

တကယ်တမ်းမှာတော့ ဟိုပါတီကြီးနှစ်ခုက အရက်သမားများဖြင့် အဓိက ဖွဲ့စည်းတည်ထောင်ထားသော သံချောင်းပါတီကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုတောင် မထင်။ ဂရုစိုက်ဖို့ နေနေသာသာ စကားထဲတောင် ထည့်ပြောတာ မဟုတ်။ သို့သော်လည်း သံချောင်းပါတီကတော့ ပါတီကြီးနှစ်ခု တစ်ခုခုထလုပ်တိုင်း သံချောင်းပါတီကို ခြေထိုးသည်ဟုသာ ခပ်တည်တည် အသားယူလေ့ ရှိ၏။ ဒီပါတီနှစ်ခုက အာပလာတွေ ပါကွာ... တို့ပါတီကို သိပ်လန့်နေတာ။ လာမယ့် ရွေးကောက်ပွဲမှာ တို့ပါတီကပဲ အပြတ်အသတ် နိုင်မှာပါဟု အရက်ဆိုင်တကာ ပတ်၍ ကြွားလုံးထုတ်လေ့ ရှိကြသည်။

အရက်သမားထုကြီးကလည်း သံချောင်းပါတီ အနိုင်ရရှိခဲ့ပါက နိုင်ငံအဝန်း အရက်ချက်စက်ရုံများ ဖောဖောသီသီ တည်ဆောက်ထုတ်လုပ်၍ ဈေးချိုချိုဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ အရက်သမား လူတန်းစားတို့ အခွင့်အရေးကို အစွမ်းကုန် ကာကွယ်သွားမည် ဖြစ်ကြောင်း မစားရဝခမန်း သံချောင်းပါတီဝင်တို့ မူးမူးနှင့် ပြောသမျှ အဟုတ်မှတ်ကာ အားတက်လျက် ရှိကြ၏။ အရက်သမားအစိုးရ... အယ်လ်ကိုဟောလစ် ဂါးဗားမန့်ကြီး တစ်ရပ်ကို အိပ်မက်မက်ကာ မျှော်တလင့်လင့် ရှိကြကုန်၏။ ယခုအခါတွင် ၂၀၁၅ ရွေးကောက်ပွဲကြီးကလည်း နီးလာချေပြီ။ ထိပ်သီးပါတီကြီး နှစ်ခုသာမက ပါတီငယ်များစွာလည်း ရွေးကောက်ပွဲကြီးအတွက် ကြိုတင် ပြင်ဆင်နေကြလေပြီ။ နိုင်ငံရေးသမားတို့သည်လည်း ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကယောင်ကတမ်းတွေ ဖြစ်လာလေ၏။ သံချောင်းပါတီ တစ်ခုသာလျှင် မည်သည့်အရာကိုမှ မမှုဘဲ အရက်သမားထုကြီး၏ ထောက်ခံမှုကို အားကိုးကာ ဒူးတနန့်နန့် ပေါင်တနန့်နန့်ဖြင့် အရက်သောက် မပျက်ချေ။

ထိုသို့နေလာရာမှ အထက်ပါကဲ့သို့ ဦးရွှေမန်းကို အန်အယ်လ်ဒီက သမ္မတအဖြစ် ထောက်ခံမည် ဖြစ်ကြောင်း သတင်းဌာန၏ ဖော်ပြချက်ကြောင့် သံချောင်းပါတီဝင်များ သွေးပျက်ကုန်သည်။ ပါတီခေါင်းဆောင်ကြီး လူထု ဦးသံချောင်းပင်လျှင် မျက်လုံးကလေး ပေကလပ် ပေကလပ်ဖြင့် ဒူးချွန်ချွန်လေးကို တဆတ်ဆတ် လှုပ်ကာ ခေါင်းခြောက်မတတ် ဉာဏ်နီဉာဏ်နက် ထုတ်နေလေတော့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အခြေခံဥပဒေ မပြင်ဆင်ပေးပါက သမ္မတဖြစ်ရန် မလွယ်။ သူသာ သမ္မတမဖြစ်ပါက ဒုတိယခေါင်းဆောင် နေရာကို မည်သူ ဆက်ခံမည် ဆိုတာကို ဘယ်သူမှ မသိသေး။ နိုင်ငံရေး လေ့လာသူများကတော့ သူ့နေရာ ဆက်ခံနိုင်မည့်သူ မရှိသေးဟု ပြောနေသံကြားသည်။ ဒါကြောင့် သမ္မတဖြစ်ရန် အလားအလာ နည်းနည်းရှိသော ဦးရွှေမန်းကို အန်အယ်လ်ဒီက ထောက်ခံမည်ဟု သတင်းထွက်ပေါ်လာခြင်းကို အချို့က ယုံနေကြသည်။ ဦးရွှေမန်းကို ကြည့်မရသည့် အန်အယ်လ်ဒီ ပါတီဝင်များက တက်တခေါက်ခေါက်ဖြင့် မကျေမနပ် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကန့်ကွက်သည်။ ထိုသတင်းမဟုတ်ဟု အန်အယ်လ်ဒီဖက်က ငြင်းချက် ထွက်လာသဖြင့် ဦးသံချောင်းရင်ထဲ အလုံးကြီး ကျသွားသည်။

သို့သော် သိပ်တော့ စိတ်မချရသေး။ သံချောင်းပါတီဝင် အရက်သမားများကလည်း အစိုးရလုပ်ချင်စိတ် ပြင်းပြလျက်ရှိသည်။ သံချောင်းပါတီ အမှုဆောင်များဆိုလျှင် အနိုင်ရရှိ၍ အစိုးရ ဖြစ်လာပါက မည်သူက မည်သည့်ဝန်ကြီး နေရာ တာဝန်ယူမည် ဆိုသည်ကို သေချာ စနစ်တကျ ဖွဲ့စည်းထားပြီးသား။ ဒီနေ့ အနိုင်ရသည်နှင့် နောက်နေ့ အစိုးရ ဖွဲ့စည်းခြင်း ထုတ်ပြန်ရုံ။ အေးဆေး။ လော်ဘီအုတ်ခဲက သံချောင်းဂါးဗားမန့်တွင် ပြန်ကြားရေးဝန်ကြီး နေရာယူဖို့ စိတ်ကူးထားသည်။ ဒါကြောင့် ခုကတည်းက ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနည်း။ ဗြောင်လိမ်နည်း၊ စကားကို ဖာထေးနည်း၊ ငိုချင်းချနည်း၊ ပေါက်ကရ ပြောနည်း၊ ကက်ကက်လန်အောင် ရန်တွေ့နည်း စတာတွေကို စတင်လေ့လာနေပြီ ဖြစ်သည်။ ခုတစ်လော လက်ရှိ ပြန်ကြားရေး ဝန်ကြီးက ဂျာနယ်နှစ်စောင်ကို တရားစွဲမလိုလို သတင်းတွေ ကြားရသည်။ သမ္မတအပေါ် အကြည်အညို ပျက်စေမှုဆိုလား... ဂုဏ်သိက္ခာ ကျဆင်းစေခြင်းကြောင့် ဆိုလား ဘာလားမသိ။ အုတ်ခဲက ပြန်ကြားရေးဝန်ကြီး နေရာမှန်းနေသူ ဆိုတော့ ဒါတွေကို အတုယူထားရမည်။ သံချောင်းအစိုးရ ဖြစ်လာပါက သမ္မတကြီး ဦးသံချောင်းအပေါ် အကြည်အညို ပျက်အောင် ရေးသားသည့် ဂျာနယ်များကို တရားစွဲပစ်မည်ဟု တေးထားသည်။

အထူးသဖြင့် “အရက်သမားသမ္မတ”၊ “အရက်သမားအစိုးရ” “အရက်သမားတွေ အုပ်ချုပ်တဲ့တိုင်းပြည်” စသဖြင့် ရေးသားသူတွေကို “နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့်” ထောင်ထဲ ထည့်ရမည်ဟု စဉ်းစားသည်။ ဘိန်းစိုက်ပျိုးခြင်းကို နိုင်ငံစီးပွားရေး တစ်ရပ်အဖြစ် ဆောင်ရွက်မည်ဟု ဦးသံချောင်းက ရည်ရွယ်သည်။ ဘိန်းစိုက်ပျိုးပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ကာ အမေရိကန်စသည့် အင်အားကြီး နိုင်ငံများကို တင်ပို့မည်။ သူတို့နိုင်ငံသားတွေ ဘိန်းစွဲပါက အုတ်ခဲတို့နိုင်ငံကို မျက်နှာငယ်လေးနှင့် အောက်ကျို့ကာ ဘိန်းဝယ်ရမည် ဖြစ်သည်။ ထိုဘိန်းတင်ပို့မှုမှ ရရှိလာသည့် ငွေဖြင့် လက်နက်စက်ရုံများ တည်ဆောက်မည်။ ခေတ်မီလက်နက်များ ထုတ်လုပ်ပြီး ကမ္ဘာအနှံ့မှ စစ်ဖြစ်နေသည့် နိုင်ငံများသို့ တင်ပို့မည်။ စစ်မဖြစ်ပါက ဖြစ်အောင် နှစ်ဖက်စလုံးကို ပလီပလာ ကလိန်စေ့ငြမ်းဆင် ချောက်တွန်းရမည်။ ဒီလိုလမ်းစဉ်တွေကို ဦးသံချောင်းက အရက်ဆိုင်တွေမှာ ပြုလုပ်သော လူထုအစည်းအဝေးပွဲများမှာ အာပေါင်အာရင်း သန်သန် ပြောလေ့ရှိသည်။ ထိုမိန့်ခွန်းများကြောင့်ပင် ဦးသံချောင်း၏ မဟာဗျုဟာ အနာဂတ် ရည်မှန်းချက်များကို လေးစားလွန်းသည့် အရက်သမားထုက အပြတ်အသတ် ထောက်ခံထားကြခြင်းပင်။

ခုတော့ ရွေးကောက်ပွဲ အနိုင်ရဖွယ် များနေသည့် သံချောင်းပါတီကို တိုက်ခိုက်မည့်သူတွေ ပေါ်လာပြီ။ ပါတီကြီးနှစ်ခု ပူးပေါင်းသွားနိုင်သည်။ ပါတီငယ်များကလည်း တပ်ပေါင်းစု ဖွဲ့စည်းကာ တိုက်ခိုက်လာနိုင်သည်။ သံချောင်းပါတီ အနေနှင့် အဘက်ဘက်မှ ရန်သူတွေ ဝိုင်းနေချိန် ဖြစ်သည်ဟု ဦးသံချောင်း ခေါင်းဆောင်သော ပါတီအမှုဆောင်များ အရက်ဝိုင်းက ဆုံးဖြတ်လိုက်သည်။ သံချောင်းပါတီကို မနာလိုမရှုစိမ့်သည့် အတိုက်အခံပါတီ အချို့က ပညာရှင်များကို လက်သပ်မွေး၍ ပေါ်ပေါ်တင်တင် သွေးတိုးစမ်းလာသည်။ သတင်းဌာနတစ်ခုက ဖော်ပြသည့် သတင်းတစ်ပုဒ်ကြောင့် သံချောင်းပါတီ အနာဂတ်အတွက် ပါတီခေါင်းဆောင်များ ရင်လေးသွားကြသည်။ ထိုသတင်းမှာ- “ရန်ကုန်နှင့် မန္တလေးတွင် ၂၀၁၄ ခုနှစ်အတွင်း အရက်ကင်းစင် နယ်မြေများ သတ်မှတ်သွားမည် ဖြစ်ကာ မန္တလေးတိုင်း အစိုးရအဖွဲ့၏ သဘောတူညီချက် ရရှိပြီး ဖြစ်သည်ဟုလည်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားကြောင်း၊ မန္တလေးတိုင်း အတွင်းရှိ မြို့နယ်တစ်ခုတွင် စတင်ကာ အရက်ကင်းစင် နယ်မြေအဖြစ် သတ်မှတ်သွားမည်ဟုလည်း ၎င်းက ဆိုကြောင်း၊ အရက်ကင်းစင်နယ်မြေ သတ်မှတ်ပြီးပါက အမျိုးသမီးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို အရက်ရောင်းချခွင့် ကန့်သတ်ခြင်း၊ အသက် ၁၈ နှစ်ကျော်သော အမျိုးသားများကိုသာ အရက်ရောင်းချပေးရန်၊ ရောင်းချမည့်အချိန် ကန့်သတ်ခြင်း၊ အရက်မရောင်းရနေ့ အဖြစ် သတ်မှတ်ခြင်းကို တစ်ဆင့်ချင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ခြင်း ဖြစ်လေ၏။ “ဒါ အရက်သမား အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဒါ အရက်သမားထု ဂုဏ်သိက္ခာကို စော်ကားတာပဲ။ ဒီကိစ္စကို ပြတ်ပြတ်သားသား ဖြေရှင်းမှ ရတော့မယ်” ဟု ဦးသံချောင်းက ဆတ်ဆလူး နတ်ပူးသည့်နှယ် ပြောလေသည်။

အကြောင်းစုံကို သိရှိကုန်သော သံချောင်းပါတီဝင်များလည်း ဒေါက်တာသန်းစိန်အပေါ် အမျက်ချောင်းချောင်း ထွက်ကြလေ၏။ ဒေါက်တာသန်းစိန်ကို အရက်သမား သစ္စာဖောက်အဖြစ် သတ်မှတ်ရန် သံချောင်းပါတီ ထောက်ခံသူများက ဆုံးဖြတ်လိုက်ကြသည်။ ထိုသို့ ၂၀၁၅ ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ သံချောင်းပါတီမှာ အဘက်ဘက်မှ ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်ခြင်း၊ ခြေထိုးခြင်း၊ စိန်ခေါ်ခြင်း၊ အပုပ်ချခံရခြင်း စသည့် နိုင်ငံရေး အကျပ်အတည်းကြီးနှင့် ကြုံတွေ့နေရာလေရာ ပါတီဥက္ကဋ္ဌ ဦးသံချောင်း အနေနှင့် သမ္မတလောင်းကို ဆင်နင်းသည်ဟူသည့် အိပ်မက်ဆိုးကြီးကို ညစဉ် မြင်မက်နေရသောကြောင့် ဘီယာပင် ကောင်းကောင်း မသောက်နိုင်သည့် အခြေအနေ ဖြစ်ရလေသည်။ ထိုစဉ် မကြာခဏ သတင်းမှားများ ထုတ်လွှင့်တတ်သော၊ ကောလာဟလ သတင်းများကို ခပ်တည်တည် ရေးသားဖြန့်ချိတတ်သော သတင်းဌာနကြီး တစ်ခုမှာ အောက်ပါ သတင်းတစ်ပုဒ် ပါဝင်လာလေရာ စိတ်ဓာတ်ကျနေသည့် ဦးသံချောင်းနှင့် ပါတီအမှုဆောင် အားလုံးမှာ ဝမ်းမြောက်ဝမ်းသာဖြင့် လက်ကျန်ခွက်များကို ချီးယားစ်အော်၍ ခွက်ကွဲမတတ် တခွပ်ခွပ် တိုက်လိုက်ကြတော့သတည်း။ အဆိုပါ သတင်းမှာကား ... “မိမိတို့ သတင်းဌာနက ယခုလအတွင်း ကောက်ယူခဲ့သော စစ်တမ်းအရ ဤနိုင်ငံမှ ပြည်သူများမှာ လက်ရှိနိုင်ငံရေး အခင်းအကျင်းကို စိတ်ပျက်နေကြပြီ ဖြစ်ကြောင်း၊ ပါတီအများစုမှာလည်း ပြည်သူ့မျက်နှာမကြည့်၊ ပြည်သူ့အရေး ဦးစားပေး ဆောင်ရွက်ရမည့်အစား လာမည့် ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အပြတ်အသတ် အနိုင်ရရှိရေးကိုသာ ဦးစားပေး ဆောင်ရွက်နေကြသောကြောင့် ပါတီဟု အသံကြားလျှင်ပင် ပြည်သူများမှာ စိတ်ကုန်နေကြပြီ ဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများက ဖြစ်စေချင်သည့် လူထုခေါင်းဆောင်မှာလည်း တားဆီးထားသည့် အခြေခံဥပဒေ ပုဒ်မအချို့ကြောင့် သမ္မတ ဖြစ်မလာနိုင်ရာ ပြည်သူများအနေဖြင့် မည်သူ့ကိုမှ သမ္မတ မဖြစ်စေချင်တော့ကြောင်း၊ မည်သည့်ပါတီကိုမှလည်း မဲမပေးလိုကြတော့ကြောင်း၊ သို့သော်လည်း ဤနိုင်ငံ၏ နိုင်ငံရေးအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ပြည်သူလူထုကြီးမှာ နိုင်ငံရေးကို အရွဲ့တိုက်သည့်အနေနှင့် အရက်သမားထုဖြင့် ဖွဲ့စည်းထားသည့် သံချောင်းပါတီကိုသာလျှင် အင်တိုက်အားတိုက် မဲပေးရန် ဆုံးဖြတ်ထားကြကြောင်း သိရှိရပါသည် ...” ဟူ၍။



လွန်တာရှိ ဝန္ဒာမိပါ အရပ်ကတို့ ...


From: လော်ဘီအုတ်ခဲ (သံချောင်းပါတီ)

www.mmdailystar.com

စုစုနွေး လုပ်ကြံတဲ့ သာယာကုန်းက သတင်းအမှန်

လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဧရာဝတီ သတင်းဌာန မှာ ဖော်ပြတဲ့ပဲခူးတိုင်း သာယာကုန်းကျေး
ရွာ အနီးမှာရှိတဲ့ အမှတ်(၁)လက်နက်ခဲယမ်းတပ်က ခြံစည်းရိုးကာလိုက်တဲ့အတွက် ကျောင်းသူ/
ကျောင်းသားကလေးတွေ ခြံစည်းရိုးကို လှေကားထောင်ပြီးကျော်တက်နေပြီးကျောင်းသွားနေရတဲ့
ပုံကိုတွေ့တော့ ရင်ထဲမှာ တကယ်ပဲ မကောင်းခဲ့ဘူး။ တွေ့တွေ့ချင်းတော့ အစိုးရ နဲ့ စစ်တပ်ကို တော်တောဆဲချင်သွားတယ်။ဒါပေမယ့် အကြောင်းအစုံမသိပဲ ပြောဆိုရတာ မကောင်းပါဘူးလေဆိုပြီး သာယာကုန်းက မိတ်ဆွေတွေဆီကို ဖုန်းတွေဆက်ကြည့်ပြီး မေးမြန်းခဲ့ရတယ်။ အဖြစ်အမှန်သိမှ အမှားအမှန်ဝေဖန်နိုင်မှာမဟုတ်ပါလား။အခု ဒီဆောင်းပါးမှာတော့ ကျွန်တော် သာယာကုန်းက မိတ်ဆွေတွေဆီဆက်သွယ်မေးမြန်းထားတာတွေကို ပြန်လည်ပြောပြ
သွားမှာပဲ ဖြစ်ပါတယ်။

ပထမဆုံး အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ် အကြောင်းပဲ အရင်ပြောရမှာပါပဲ။ အမှတ်
(၁) လက်နက်ခဲယမ်းတပ်က ၁၉၉၈ ခုနှစ်ကတည်း တည်ထားခဲ့တာပါ။ပြီးတော့ အခုခြံစည်းရိုးကာထားတဲ့မြေနေရာကလည်း ၁၉၉၈ ခုနှစ်က မြေနေရာနဲ့နှိုင်းယှဉ်ရင် မနည်းမများလေးတပ်နယ်မြေကကျုံ့သွားပါသေးတယ်။ကျုံ့သွားတာကတော့ ပြန်ပေး
လိုက်တဲ့မြေယာတွေ လည်းရှိခဲ့တာကြောင့်ဆိုတာသာယာ
ကုန်းရွာသားတွေကောင်းကောင်းသိပါတယ်။ အခုခြံစည်းရိုးကာလိုက်တာဟာ လယ်မြေတွေကို သိမ်းပြီးတော့ ကာလိုက်တာမျိုးမဟုတ်ပဲနဲ့ အမှတ်(၁) တပ်အပိုင်မြေကိုပဲ ကာရံလိုက်တာဖြစ်ပါတယ်။ယခင်မကာရံခင်ကတော့ လက်နက်တိုက်တွေနားက နေဖြတ်သွားတဲ့ လူသွားလမ်းကျဉ်းကျဉ်းလေးတော့ ရှိပါတယ်။
ဒီလမ်းကလည်း လယ်လုပ်တဲ့အချိန်တွေ၊ မိုးတွင်းတွေမှသာ သုံးကျတာများပါတယ်။ ပွင့်လင်းရာသီမှာတော့ပုံမှန်လမ်းကိုပဲအသုံးပြုကြတာပါ။တပ်က ခြံစည်းရိုးခတ်တာက
လည်း နေချင်းညချင်းလုပ်တာမဟုတ်ပါဘူး အားလုံး ရွာသားတွေနဲ့ညှိနှိုင်းပြီးမှ ဆောက်လုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။ ဒါကလည်း ရွာအကျိုးအတွက် ပါ ။ လက်နက်ခဲယမ်း တပ်ဆိုတာ အမြောက်ဆံတွေ ဗုံးဆံတွေ ကျည်ဆံတွေ ယမ်းတွေကို သိုလှောင်တဲ့ တပ်ဖြစ်ပါတယ်။ တကယ်လို့ အုတ်တံတိုင်းမခတ်ခဲ့ရင် တောမီးလိုမျိုး နဲ့ ကြုံတဲ့အခါမျိုးမှာဖြစ်စေ ၊ လမ်းသွားလမ်းလာတွေက နမော်နမဲ့ နဲ့ ပစ်လိုက်တဲ့ ဆေးလိပ်တိုတွေကြောင့်ဖြစ်စေ အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ အမျိုးအစားများပဲဖြစ်ပါတယ်။ပေါက်ကွဲမှု တွေဖြစ်လာရင်တော့ အားလုံး ကိုယ်ကျိုးနည်းရမှာဖြစ်ပါတယ်။ဒါကြောင့် လက်နက်ခဲယမ်းခိုးယူမှုတွေ ၊ မီးလောင်မှုတွေဖြစ်နိုင်တာမို့အခုလို အုတ်တံတိုင်း မြင့်မြင့် ခတ်ထားရတာပဲဖြစ်ပါတယ်။

နောက်တစ်ခုက ကျော်တတ်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာကြောင့် ကျော်တတ်နေလဲ ဆိုတော့ အုတ်တံတိုင်းဘေးမှာ လူသွားလမ်းလေးတွေ ဖောက်ပေးထားပါတယ်။ ဒါပေမယ့် ဒီလမ်းက မသွားပါဘူးအုတ်တံတိုင်းကိုပဲ ကျော်တက်ပြီး သွားပါတယ်။အုတ်တံတိုင်းပတ်ချာလည်ကို လမ်းအလိုက် လျောက်ရင်တစ်ပတ်ကြီး လျောက်ရတာဖြစ်တဲ့အပြင် ၊ မိုးတွင် ကျတော့ လယ်တွေ ရေ၀င် နေတာ ၊ ကန်သင်းရိုးတွေက ချော်တာစတာတွေလည်း ရှိတာကြောင့်သူတို့က အဲ့ဒီလမ်းကို ရွံ့ပေ ဗွက်ပေတာကြောင့် အခုလိုခြံစည်းရိုးကို ကျော်ပြီးတက်ကြတာပါ။ ဒီဘက်က နေ ကျော်တက်ပြီးရင် ၊ နောက်တစ်ဘက်မှာ နောက်တစ်တစ်ခါကျော်ပြီးရင်တော့ စာသင်တဲ့ဘုန်းကြီးကျောင်းကို ရောက်မှာဖြစ်ပါ
တယ်။ကျော်တက်တဲ့သူတွေကတော့ လယ်လုပ်အတဲ့အချိန်ရွာအပြင်မှာ ယာယီတဲလေးတွေနဲ့ နေတဲ့ကလေးတွေဖြစ်ပါတယ်။ လယ်တွေပြီးစီးချိန်တော့ သူတို့ရွာထဲမှာ ပြန်နေကြပါတယ်။ဒါကြောင့် လက်နက်ခဲယမ်းတပ်က ခြံစည်းရိုးကာတာဟာ လယ်မြေတွေကို သိမ်းပြီးကာတာ မဟုတ်ပဲနဲ့ မိမိနေရာကို ပဲ ခတ်တာဖြစ်ပြီးမထင်မှတ်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခတ်ထားတာ ဖြစ်တယ်ဆိုတာ ကိုသိစေချင်ပါတယ်။

အခုလက်ရှိ သာယာကုန်းကျေးရွာမှာ တော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်နဲ့ သာယာကုန်း
ရွာသားတွေရဲ့ ဆက်ဆံရေးဟာ အားလုံးပြေပြေလည်လည်ပဲဖြစ်ပါတယ်။ဘာအဖုအထစ်မှ မရှိပါဘူး။ဒီလိုဖြစ်သွားတာကလည်း နိုင်ငံရေးသမားတွေရောက်လာပြီး တွေ့ပြီးတော့ ဓာတ်ပုံရိုက်ပြီး ဖွကြတာပါ။အမှန်အတိုင်းကတော့ ကျွန်တော် အထက်ပါ မေးမြန်းထားချက်တွေကို ပြန်ပြောပြတဲ့အတိုင်းပဲဖြစ်ပါကြောင်း
မေးမြန်းတင်ပြလိုက်ရပါတယ်။

မှတ်ချက် ။ ။ဖုန်းဖြင့်ဆက်သွယ်ဖြေကြားပေးပါသော သာယာကုန်းမှ ဦးလှဌေးနဲ့ ကို ၀င်းမောင် ကျေးဇူးအထူးတင်ရှိပါသည်။
From:
စည်သူမောင်မြင့်

www.mmdailystar.com

လိင် ပြောင်းဖို့နဲ့ အသံပြောင်းဖို့အတွက် တစ်နှစ်လောက် အချိန်ယူနေပါတယ်ဆိုတဲ့ မိတ်ကပ်မထက်

ခုလက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်ကျော်ကြားနေတဲ့ အလှဖန်တီးတွေ မနည်းမနောပါပဲ။ အဲ့ဒီလို မိတ်ကပ်ပညာရှင်တွေထဲမှာ ဒီဇိုင်းဆွဲခြင်း အတတ်ပညာကို ၀ါသနာကြီးခဲ့ပေမဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်မလာပဲ မိတ်ကပ် artist တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားလာသူ၊ she male တစ်ယောက်ဖြစ်ပေမယ့် လှပတဲ့ ဘော်ဒီ၊ နှစ်လိုဖွယ်ကောင်းတဲ့ မျက်နှာလေးကြောင့် အမျိုးသမီးတွေ ကတောင် ပြန်အားကျနေရသူ၊ လက်ရှိမှာ ၀ါသနာအရ ဖိုတို ကြော်ငြာ ရိုက်ကူးခြင်းတွေကို တွဲဖက်လုပ်ကိုင်လာတဲ့ မထက် ( pop soul) နဲ့ တွေ့ဆုံဖြစ်တဲ့အခါမှာတော့

ခုနောက်ပိုင်း မဂ္ဂဇင်း တော်တော်များများမှာ မထက်ပုံလေးတွေ တွေ့လာရတယ်။ ကြော်ငြာအချို့မှာ မြင်တွေ့လာရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။

မထက်က နဂိုကတည်းက ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်။ Modelling ကို အရင်ကတည်းက ၀ါသနာပါတယ်။ မဖြစ်နိုင်လို့သာ မလုပ်ခဲ့တာပေါ့။ ဒါပေမဲ့လဲ ဓာတ်ပုံလေးတွေရိုက်ပြီးရင် fb ပေါ်တင်တယ်။ ကိုယ့်ပုံလေးတွေကို သူငယ်ချင်း ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖြစ်တယ်။ အလှဓာတ်ပုံတွေလေးတွေ ဆိုရင် မထက် ရဲ့ သူငယ်ချင်းတွေကြိုက်ကြတယ်။ အားပေးတယ်။ အဲ့ဒီကနေတစ်ဆင့် ဆိုင်ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ အခုကုပ်အင်္ကျီဆိုင် တစ်ခုရိုက်တယ်။ နောက်တစ်ခု ထပ်ရိုက်ဖို့လဲ အစီအစဉ်ရှိတယ်။ နိုင်ငံခြားက အထည်သစ်တွေဝင်ရင်လဲ ထပ်ရိုက်ပေးဖို့ရှိတယ်။ အဓိကက ပရော်ဖက်ရှင်နယ် ဘ၀ရပ်တည်မှုအရတော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်မူရင်းအလုပ်ပဲ လုပ်မှာပါ။ မဂ္ဂဇင်းတွေမှာပါဖြစ်တာကတော့ တခြားမဂ္ဂဇင်းတွေမှာ ပါတဲ့ ပုံလေးတွေကို မြင်ပြီး ထပ်ရိုက်ကြတာပေါ့နော်။ ဖက်ရှင်နဲ့မိတ်ကပ် artist နဲ့ကို တွဲပြီး အင်တာဗျူးလုပ်ရင်း ရိုက်ဖြစ်တာပေါ့နော်။

ခုလိုအနေအထား ရောက်လာပြီဆိုတော့ ကံအကျိုးပေးအရ ကံစပ်မယ်ဆိုရင်ရော ဆက်လုပ်ဖြစ်မလား ၊ ဒီအလုပ်နဲ့ရပ်တည်ဖြစ်မလား။

ဒါကလေ ကြိုပြောလို့တော့မရဘူး။ မြန်မာပြည် အခြေအနေနဲ့ကျတော့ ခက်ခဲတယ်လေ။ နိုင်ငံခြားမှာက လွယ်တယ်။ ယိုးဒယားမှာဆို ရှိတယ်လေ။ ဒီလိုမျိုး မော်ဒယ်လ်ရှိတယ်။ မင်းသမီးရှိတယ်။ မထက်တို့ကျတော့ မပြည့်စုံသေးဘူး။ ပြင်ဆင်မှုတွေ အများကြီးလိုအပ်သေးတယ်။ ပရိသတ်လက်ခံဖို့လဲ အများကြီးလိုအပ်တယ်။ ကိုယ်ကတော့ ဒီလိုလုပ်နေရတာလေးကို ပျော်တာပေါ့နော်။

တခြားမိတ်ကပ် artist တွေနဲ့မတူပဲ မထက်ကို မိန်းမအရမ်းဆန်တယ်လို့သုံးသပ်ကြတဲ့ သုံးသပ်မှုအပေါ် ပြောပြပေးပါဦး။

မထက်က တူပါစေဆိုပြီး စီစဉ်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်က မိန်းကလေးဖြစ်ချင်တာလေ။ အဲ့ဒီတော့မိန်းကလေးတွေ ဘာလုပ်လဲဆိုတာကိုကြည့်တယ်။ မိန်းကလေးတွေရဲ့ နေတာထိုင်တာ သွားတာလာတာကအစ ကြည့်တယ်။ ကိုယ်က အခြောက်ဖြစ်ချင်တာ မဟုတ်ဘူး။ မိန်းမဖြစ်ချင်တာလေ။ အဲ့ဒီမှာ အခြောက်ကို အတုမယူဘူး။ မိန်းမတွေကိုပဲ အတုယူတယ်။ အဲ့မှာ ကွာမယ်ထင်တယ်။ တတ်နိုင်သမျှတော့ မိန်းမလျာဆန်သော အခြောက်ဆန်သော အကြောင်းအရာတွေကို လျော့တယ်။ ငါတို့မိန်းမလျာတွေ ဘာလုပ်လေ့ရှိလဲ။ ဘေးက သူငယ်ချင်း အပေါင်းအသင်း အသိုင်းအ၀ိုင်းနဲ့လဲ ဆိုင်ပါလိမ့်မယ်။ ဟယ်ဘာလို့အဲ့လိုကြီး ပြောနေတာလဲ။ အဲ့ဒါ အခြောက်ကြီးနဲ့တူတယ်လို့ ပြောတဲ့ခါမျိုးတွေကျတော့ ထိန်းလိုက်တာပေါ့နော်။ ထိန်းထိန်းသိမ်းသိမ်းလေး နေတတ်လာတယ်။ မိဘကလဲ မကြိုက်တဲ့ခါကျတော့ ထိန်းထိန်း သိမ်းသိမ်းလေး ပြောတာဆိုတာကအစ ချုပ်တည်းနေလိုက်တဲ့ခါမှာ မိန်းမပိုဆန်လာတယ်။ သွားတာလာတာနေတာထိုင်တာအစ မိန်းမနဲ့ပိုတူလာတယ်။

အရင်က ထင်ပေါ်ကျော်ကြားခဲ့တဲ့ မိတ်ကပ် artist တွေထဲမှာ မထက်လိုမျိုး ကြော်ငြာတွေ ဘာတွေရိုက်ရတာမျိုး မရှိတဲ့အပေါ် မှာရော ဘယ်လိုသုံးသပ်မိလဲ။

အဲ့လို ဖြစ်ပါစေဆိုပြီးလုပ်ခဲ့တာမဟုတ်ဘူး။ ကိုယ်ကနဂိုကတည်းက စူပါမော်ဒယ်နဲ့သွားတာမျိုး၊ မင်းသမီးနဲ့သွားတာမျိုး ၊နိုင်ငံခြားက ပရော်ဖက်ရှင်နယ်မော်ဒယ်တွေရဲ့ ပုံစံကိုလိုက်ကြည့်တာမျိုး ဒီလိုပဲ သူတို့လုပ်တာကိုင်တာလေး၊ ဓာတ်ပုံဆရာနဲ့ ဘယ်လိုအပေးအယူလုပ်လဲ ဆိုတာလေးကို လိုက်ကြည့်ထားတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ဘယ်တော့မှ မသတ်မှတ်ခဲ့ဘူး။ လေ့လာတဲ့ အခါကျတော့ ကိုယ်တကယ် ကင်မရာရှေ့ရောက်တဲ့ခါမှာ နေတတ်ထိုင်တတ်သွားတယ်။ အကြည့်၊ မျက်လုံး၊ အနေအထားလေးတွေ ကိုယ်သိလာတယ်။ သိသွားတဲ့ခါကျတော့ ကိုယ်ကိုတိုင် ရိုက်တဲ့ခါမှာ အဆင်ပြေသွားတာပေါ့။

မထက်က ခုလိုလမ်းစဖောက်ပြီး ဒီလမ်းကို လျှောက်ခဲ့တဲ့အတွက် နောက်တက်လာမယ့် she male တွေတွက်ရော မထက်ကရှေ့ဆောင်လမ်းပြအနေနဲ့ လမ်းစတစ်ခုဖြစ်လာနိုင်မလား။

မထက်က ဦးဆောင်လမ်းပြအနေနဲ့သွားတာရယ်တော့ မဟုတ်ဘူးပေါ့။ မထက်ဆို မထက်ရဲ့ Role model အနေနဲ့ထားထားတာဆို ခင်စန်းဝင်း။ သူဟာတကယ့်ကို အိနြေ္ဒသိက္ခာရှိစွာနဲ့ သွားလာ လှုပ်ရှားတယ်။ အဲ့ဒါကို မထက်နည်းယူတယ်။ နောက်မိုးကုပ်ပေါက်ပေါက်ဆိုလဲ မထက် အရမ်းသဘောကျတယ်။ သူ့ရဲ့ဖက်ရှင်တွေ၊ သူ့ရဲ့နေပုံထိုင်ပုံတွေ ပြောဆိုမှုတွေ အရမ်းသဘောကျတယ်။ သူတို့နှစ်ယောက်ကို မထက် အမြဲတမ်းနည်းနာယူတယ်။ ငါ့အလှည့်ကျရင်လဲ လူတိုင်း လက်ခံလေးစားတဲ့ မိန်းမလျာတစ်ယောက်ဖြစ်စေရမယ်ဆိုတဲ့ စိတ်ကို အမြဲထည့်ထားတယ်။ သူများရွံ့စရာဖြစ်စေတဲ့ မိန်းမလျာတစ်ယောက်ရဲ့ဘ၀ထက်စာရင် သူများ လေးစားအားကျတဲ့ မိန်းမလျာဘ၀ကို ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ မထက်ကိုယ့်ကိုကိုယ် အမြဲဆင်ခြင်တယ်။ ဆင်ခြင်ရင်းနဲ့သူများလက်ခံလာတယ်။ မော်ဒယ်လ်ဖြစ်ချင်တဲ့ စိတ်လဲမရှိဘူး။ ဓာတ်ပုံကို ၀ါသနာပါလို့ရိုက်ရင်းနဲ့ခုလိုဖြစ်လာတာပေါ့။ ကိုယ့်နောက်က တက်လာမဲ့သူတွေကိုလဲ ကိုယ်ဟာ မိန်းကလေးနဲ့တူချင်တာလား။ အခြောက်ဖြစ်ချင်တာလားဆိုတာ ခွဲခွဲခြားခြား သိအောင်လုပ်ရမယ်။ အပေါင်းအသင်း၊ အပြုအမူ၊ အပြောအဆိုလေးတွေကအစ ဆင်ခြင်သင့်တယ်။

ခုလက်ရှိ အခြောက်လောကအကြောင်းကိုလည်း ပြောပြပေးပါဦး။ သူတို့တွေက မိန်းမဖြစ်ချင်တာလား၊ အခြောက်ပုံစံနဲ့ နေချင်ကြတာလား။

အခြောက်ဖြစ်ချင်ကြတာများမယ်။ ယောက်ယတ်တွေခတ်မယ်။ မထက်တို့လဲ မဖြစ်ချင်ဘူးပေါ့။ သွက်သွက်လက်လက်နဲ့ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း နေလိုက်ချင်တာတို့၊ ပြောလိုက်ချင်တာတို့၊ ရှိတယ်။ ဒါပေမဲ့ ဒီမိန်းမလျာဆိုတဲ့ အသိုင်းအ၀ိုင်းကို လူတွေဘာကြောင့် မုန်းတာလဲဆိုပြီး ပြန်လည် တွေးခေါ်ကြည့်လိုက်တဲ့ခါမှာ မိန်းမလျာတွေက လွတ်လပ်မှုကို အရမ်းကိုခုံမင်ခြင်း၊ သွက်လက်ခြင်း ၊ အရှိကို အရှိတိုင်း အမြင်ကို အမြင်တိုင်းပြောလေ့ရှိခြင်း၊ လွတ်လပ်စွာနေထိုင်ခြင်းကြောင့် လူတွေက အရမ်းမုန်းတီးလာကြတယ်။ ဒီအဆင့်အတန်းကို အရမ်းကို ခွဲခြားပစ်လိုက်တယ်။ အဲ့ဒါတွေကို ကိုယ်က တတ်နိုင်သမျှလျော့သွားအောင် ဆင်ခြင်စေချင်တယ်။ အဲ့လိုဆိုရင် လူလူချင်း လူရာသွင်းလာမယ်။ လူလို့မြင်လာလိမ့်မယ်လို့ ထင်ပါတယ်။ အရင်ထက်စာရင် အားပေးလေးစားပြီး လက်ခံလာတဲ့ လူတန်းစားတွေ အရမ်းများလာတဲ့ခါ အရမ်းဝမ်းသာတယ်။ အဲ့ဒီတွက် ကိုယ့်ရဲ့ဆန္ဒနဲ့သိက္ခာတွေကို တတ်နိုင်သမျှပိုပြီး ထိန်းသိမ်းဖြစ်တယ်။ အဲ့ဒီမှာ လူရာဝင်လာတယ်။ အဲ့ဒါကြောင့်နောက်တက်လာမယ့် ကလေးတွေ ဒါ တွေကို နည်းနာယူသင့်တယ်လို့ထင်ပါတယ်။

မထက်က အင်တာဗျူး ဖြေတဲ့ခါ လျှို့ဝှက်ထိန်ချန်ထားခြင်းမရှိဘူးပေါ့နော်။ အဲ့ဒါလေးနဲ့ပတ်သတ်ပြီးတော့လဲပြောပြပေးပါဦး။

မထက်က ဘယ်အကြောင်းအရာမဆို လျှို့ဝှက်စွာမနေဘူး။ လျှို့ဝှက်စွာနေရာတာကို မထက်အရမ်းမုန်းတယ်။ မထက်ယောက်ျားလိုနေခဲ့တဲ့ တစ်လျှောက်လုံးလဲ ကိုယ့်ကိုကိုယ် gay တစ်ယောက်ဆိုပြီး သူများရွံရှာ မုန်းတီးမှာစိုးလို့တတ်နိုင်သမျှကို မထက်ထိန်းထိန်းသိမ်းသိမ်းနေခဲ့တယ်။စည်းနဲ့ဘောင်ထဲမှာတတ်နိုင်သမျှနေခဲ့တယ်။ မထက် ကိုယ့်ကိုကိုယ် gill တစ်ယောက်လို့ခံယူလိုက်တဲ့အချိန်ကစပြီး လွတ်လွတ်လပ်လပ်နေဖြစ်တယ်။ ငါဘယ်တော့မှ လျှို့ဝှက်စွာမနေဘူး။ ကိုယ်ပြောချင်တာကို ထိန်းသိမ်းပီးလေးပင်စွာနေရတာကို မထက်မနေချင်ဘူး။ လျှို့ဝှက်ချက်နည်းစွာနေတယ်။ ကိုယ့်ဖက်ကရိုးသားစွာနေရင်ဘယ်အကြောင်းအရာမှလျှို့ဝှက်ထားစရာမလိုဘူးလို့
မထက်လက်ခံထားတယ်။ မထက်ဘ၀မှာတတ်နိုင်သမျှဘယ်မေးခွန်းလာလာဖြေပေးခဲ့ပါတယ်။

ခု ရင်သားကို စီလီကွန်ထည့်ထားတာနဲ့ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါဦး။

ဟုတ်တယ်။ စီလီကွန်ထည့်တယ်။ ဘာကြောင့်ထည့်လဲ မိန်းမဖြစ်ချင်တဲ့အတွက်ထည့်တယ်။ မထက်နိုင်ငံခြားက အမျိုးသမီးတွေကို အရမ်းသဘောကျတယ်။ သူတို့ဈေးဝယ်ထွက်တဲ့ခါမျိုးတွေမှာ သူတို့လွတ်လပ်စွာ သူတို့ရဲ့ရင်သားတွေကို ဖော်ထားကြတယ်။ ဒါဟာ မိန်းမတစ်ယောက်ရဲ့အလှလို့ မထက် ခံယူထားတယ်။ အဲ့ဒါကြောင့် အလှအပကို ကြိုက်တဲ့ မထက်ကလဲ မိန်းမတစ်ယောက်ရဲ့ အလှအပဖြစ်တဲ့ ဒီရင်သားကို ခွဲစိတ်မှုကို လုပ်မယ်လို့စီစဉ်ခဲ့တယ်။ စီစဉ်ခဲ့တဲ့အလျောက်မှာလဲ အကောင်းဆုံး ဆေးရုံကို ရွေးချယ်ပြီး လေ့လာမှုတွေ လုပ်ခဲ့တယ်။ ခုထည့်ထားတာဆို ၂နှစ်ဝန်းကျင် ရှိနေပါပြီ။

နောက်တစ်ခုက sex ချိန်းဖို့နဲ့အသံပြောင်းမယ်ဆိုတာလေးနဲ့ပတ်သတ်ပြီးတော့လဲ သိချင်ပါတယ်။

ဟုတ်တယ်။ စီစဉ်နေပါတယ်။ sex ချိန်းမယ်ဆိုရင် မထက် အချိန်ပေးရမယ်။ နောက်ပြီး အသံပြောင်းမယ် ဆိုရင် အနည်းဆုံး ၂ ပတ် စကားမပြောရဘူး။ ဘန်ကောက်နဲ့ရန်ကုန်နဲ့ကို ကူးချည်သန်းချည် လုပ်ရမယ်။ sex ချိန်းမယ်ဆိုရင်လဲ နှစ်လ၊သုံးလ ဒီဘန်ကောက်နဲ့ရန်ကုန်ကို အသွားအပြန်လုပ်ရမယ်။ နောက်နာကျင်မှုတွေရှိမယ်။ အလုပ်တွေကို အထိုက်အလျောက် နှောင့်နှေးမှာစိုးလို့မထက် တစ်နှစ်လောက်တော့ အချိန်ယူနေပါတယ်။
From:အနုပညာ

www.mmdailystar.com

ညည့်နက်သန်းခေါင် ရဲစခန်းထဲ ဝင်လာတဲ့ သရဲ

ညည့်နက်ပိုင်း ကင်းအလှည့်ကျသည့် ရဲသားတစ်ဦးသည် စခန်းဝင်ပေါက်ကို ရိုက်ထားသည့် CCTV တွင် မြင်လိုက် ရသည့် စခန်းအတွင်း ဝင်လာသည့် အရိပ်သဏ္ဍာန် တစ်ခုကြောင့် စိတ်တွင် ဇဝေဇဝါနှင့် ကယောင်ခြောက်ခြား ဖြစ်သွားခဲ့ ရသည်။

အမေရိကန် နယူးမက္ကဆီကို ပြည်နယ်ရှိ အီစပန်နိုလာ စခန်းတွင် ကင်းတာဝန်ကျနေသူ ကားလ်ရိုမီယို ဆိုသူ ရဲသားက စီစီတီဗီ များကို ညနက်ပိုင်း၌ စောင့်ကြည့် နေခဲ့သည်။ ယင်းအချိန်တွင် ခတ်ဝါးဝါး အရိပ် သဏ္ဍာန်တစ်ခု စခန်း ဝင်ပေါက်သို့ လှမ်းဝင်လာ သည်ကို တွေ့ ရှိ လိုက်ရသည်။

ရိုမီယိုက လူတစ်ဦးဦး ဝင်လာခြင်းဖြစ်မည်ဟု ထင်နေစဉ်မှာပင် ချက်ချင်း ဆိုသလို ယင်းသဏ္ဍာန်က လေကဲ့သို့ ပျောက်ကွယ် သွားခဲ့သည်။ ညည့်နက် သန်းခေါင် အချိန်တွင် မပီဝိုးတဝါး အဖြူရောင် အရိပ်သဏ္ဍာန်ကို လုံခြုံရေး ဧရိယာ အတွင်း ဗီဒီယို ဖန်သားပြင်တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် မြို့ တွင်း အသတ်ခံရသူ တစ်ဦးဦး၏ ဝိဉာဉ် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ၎င်းအနေဖြင့် ထင်မြင်မိကြောင်း ရိုမီယိုက ပြောသည်။

"ကျွန်တော်တော့ ဒါက တစ္ဆေသရဲလို့ ပဲယုံတယ်။ သေချာ မသိရပေမယ့် ဒီမြို့ မှာ လက်သည် မပေါ်တဲ့ လူသတ်မှုတွေ ရှိထားတယ်"ဟု ၎င်းက KOAT TV သို့ ပြောသည်။
ရိုမီယိုက ၎င်းတွေ့ ခဲ့သည့် ပုံရိပ်ဝါးဝါး သရဲသဏ္ဍာန်အကြောင်း အထက်အရာရှိ ဖြစ်သူကို သွားရောက် သတင်းပို့ခဲ့ရာ အရာရှိ ကိုယ်တိုင်က ဂိတ်တံခါးများ ပိတ်ထားခြင်း၊ အချက်ပေးသံများ မမြည်ဘဲ ဂိတ်ကို မဖြတ်နိုင်ခြင်း တို့ကြောင့် ဝိဉာဉ်ဟုပင် ယုံကြည်ပြီး ရိုမီယိုကဲ့သို့ ပင် လက်သည် မပေါ်ဘဲ သတ်ဖြတ်ခံရသူ တစ်ဦး၏ ဝိဉာဉ်က ရဲကို အမှုမှန် အတွက် ကိုယ်ထင်လာရောက် ပြသခြင်း ဖြစ်မည်ဟု ယုံကြည်နေသည်။

အဆောက်အဦ ဝန်းကျင်တွင် ဆန်းဆန်းကြယ်ကြယ် သဏ္ဍာန်များကို တွေ့ ရသလို မည်သည့် အသံမှန်း မသိနိုင်သည့် အသံများလည်း ကြားနေရ တတ်ကြောင်း အခြားရဲဘော်များ ကလည်း ထပ်လောင်း အတည်ပြု ကြသည်။

ဗီဒီယို ကြည့်ရှုရန် လင့် https://www.youtube.com/watch?v=Qw6iPBb5cqo

Ref: Mirror

From: Mizzima

www.mmdailystar.com

အမျိုးသမီးတစ်ဦး လှချင်လွန်း၍ နှာခေါင်းသွားခွဲစိတ်ရာမှ မေ့ဆေးပေးပြီး မုဒိန်းကျင့်ခံရ (သတိပြုဆင်ခြင်ဖွယ်)



သင်မြင်တွေ့နေရတဲ့ပုံဟာ အမျိုးသမီးတစ် ဦးနှာခေါင်းလှချင်လို့နာခေါင်းသွားပြင်ခဲ့တဲ့ ပုံပါဖြစ်ပါတယ်။နှာခေါင်းမပြင်ခင် အရင်ဦးဆုံး နာကျဉ်မှုဝေဒနာမခံစားရအောင်ဆိုပြီးထို အမျိုးသမီးအားမေ့ဆေးပေးဖို့ လူနာနဲ့ နှာခေါင်းပြင်ပေးမဲ့ဆရာ သဘောတူလိုက်ကြပါတယ်။

မေ့ဆေးလည်းပေးပြီးရော လူနာမှာလည်း လင်ငုတ်တုတ်ဘယ်ချိန်ကရလိုက်မှန်းမသိရသွားခဲ့တဲ့အဖြစ်ကို လှို့ဝှက် cctv မှrecord မိထားတဲ့ပုံပဲဖြစ်ပါတယ်။

လှချင်လွန်းတဲ့သင်သည်လည်း ထိုနည်းအတိုင်းဖြစ်ကောင်းဖြစ်သွားနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ အနေထားနဲ့ ခွဲစိပ်ပြုပြင်မဲ့ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်နဲ့သာရွေးချယ်ပြီးပြုပြင်ပါလို့ သတိပေးပါရစေ။

From: Phayathonezu City Image

www.mmdailystar.com

ကိုယ်လုံးတီး ၀င်ကြည့်ခွင့်ပြုတဲ့ ငါးပြတိုက်





ဝတ်လစ်စားလစ် ပွဲတော် အစိတ် အပိုင်းတစ်ခု အနေဖြင့် အင်္ဂလန်နိုင်ငံရှိ Blue Reef ငါးပြတိုက် အတွင်းသို့ လာ ရောက် သူများအား ဝတ်လစ် စားလစ် ဖြင့် ဝင်ရောက်စေခြင်း သည် လတ်တ လော၌ ဆွဲဆောင်မှု တစ်ခုဖြစ်နေကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံ ကွန်ဝေါလ် ဒေသရှိ အဆိုပါ ငါးပြတိုက်သို့ လာရောက် သူများ သည် ခေါင်းအစခြေအဆုံး အဝတ်တစ် ထည်မျှ ဝတ်ဆင်ထားခြင်း မရှိသော် လည်း ကျောပိုး အိတ် များနှင့် ဖိနပ်များ ကို ဝတ်ဆင် ထားသည်။

”ဝတ်လစ်စားလစ် ပွဲတော်က သေ ချာစီစဉ် ထားတဲ့ ပွဲတော် တစ်ခု ဖြစ်ပြီး ကြီး ကျယ် ခမ်းနားတဲ့ ပွဲတော် တစ်ခုပါ။ ကွန်ဝေါလ်ကို ထပ်လာရမှာ ဖြစ်လို့ ဝမ်းသာပါတယ်” ဟု ၄င်းဝါဒကို လက်ခံ သူ ဗြိတိန် အမျိုးသား အန်ဒရူးဝေါရှ် က ဆိုသည်။

ကွန်ဝေါလ်ဒေသ သည် ရေအောက် သယံဇာတ အလှအပများ ပေါကြွယ်ဝလှ သောဒေသ တစ်ခုဖြစ်ပြီး ပွဲတော်လာ ရောက်သူများ သည် နယူးပါရန် အား လပ်ရက် ဥယျာဉ် အနီးနေထိုင်ရင်း ငါး ဖမ်းခြင်း၊ ရေကူးခြင်းများ ပြုလုပ်နိုင် ကြောင်း သိရသည်။ Blue Reef ငါးပြ တိုက်သည် ဝတ်လစ်စားလစ် ပွဲတော် ကျင်းပရန် အတွက် လာရောက် သူများ အား တစ်နှစ်လျှင် တစ်ကြိမ် ဝတ်လစ်စား လစ်ဖြင့် လာရောက် ခွင့်ပြုသည်။
From: Popular  Myanmar

www.mmdailystar.com

လွဲမှားတဲ့ ရိုးရာအစွဲ

ထိုင်းနိုင်ငံမြောက်ဖျားပုင်းကို အလည် သွားရောက်တဲ့ ဧည့်သည်တွေဟာ သဘာဝ အလှရဲ့ ဖမ်းစားမှုကို ခံရပြီး အိမ်မပြန်ချင်စိတ်ဖြစ်ရတယ်။ ငှက်ကလေးတွေရဲ့ ချိုချိုသာသား တေးသံကို လည်း ကာရာအိုကေ သီချင်းသံတွေနဲ့ မလဲနိုင်အောင် ဖြစ်ကြရတယ်။

တကယ်လို့သာသေချာ နားစိုက်ထောင်မယ်ဆိုရင်တော့ ချိုသာတဲ့ ငှက်ကျေးတေးသံတွေကြားမှာ နာကျင်ခံချက်တဲ့ ဝေဒနာတွေကြောင့် ညီးတွားသံ လူမမယ် မိဘမဲ့ ကလေးတွေရဲ့ ရှိုက်ငင်သံတွေ ပဲတင်ထပ်လာတာ ကြားရလိမ့်မယ်။ စူးစူး စိုက်စိုက် ကြည့်လိုက်မယ်ဆိုရင် သဘာဝအလှ ပင်ကိုယ်အလှတွေ ဝါးမြိုနေတဲ့ လက်မည်းကြီး တစ်စုံကို တွေ့ရလိမ့်မယ်။

မြူခိုးတွေ ရစ်သိုင်းထားတဲ့ တောင်တန်းကြီးတွေကြားမှာ နေထိုင်ကြတဲ့ တောင်တန်းနေ လူမျိုးစုတွေကို HIV/AIDS က ရန်ရှာ ခြိမ်းခြောက်လို့နေပါပြီ။ ပြည်နယ် ၆ ခုပါဝင်တဲ့ ထိုင်းနိုင်ငံ မြောက်ဖျားဒေသမှာHIV ပိုးရှိသူ ၅ သောင်းခွဲခန့်ရှိပြီး နှစ်သောင်းခွဲနီးပါးဟာ AIDS ကြောင့် ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။

ရိုးသားမှုတွေ အယူသည်းမှုတွေနဲ့ ကြီးပြင်းလာကြတဲ့ သူတို့ဟာ ပထမမှာ HIVကို မကောင်းဆိုးဝါး ရဲ့ ပြစ်ဒဏ်ခတ်မှုလို့ မှတ်ထင်ခဲ့ကြတယ်။ ဒါကြောင့်လည်း ရွာက ပျောက်စေဆရာတွေ စုန်း၊ ပယောဂ တွေကိုအားကိုးတကြီးနဲ့ ချဉ်းကပ်ကြပါတယ်။

ကျမသမီးနေမကောင်းဖြစ်တော့ ရွာက ပရောဂ ဆရာဆီ အခေါက်ပေါင်းများစွာ သွားခဲ့တာပေါ့။ အဲဒီ ဆရာကကောင်းပေး ညွန့်ပေ့ဆိုတဲ့ ပစ္စည်းတွေ ပူဇော်ပသခိုင်းတာကိုလည်း လိုက်နာပြီး ပသခဲ့ရတာ နောက်ဆုံး ကျမမှာ ဘာမှ မကျန်တော့တဲ့ အထိပါပဲ လို့ ပုံဟိုင် ကျေးရွာက အမျိုးသမီးကြီးကပြောပြ ပါတယ်။ နောက်မှသမီးဖြစ်သူကို ပြညနယ်ဆေးရုံမှာ တင်ပြီး ဆေးကုသမှု ယူခဲ့တယ်လို့လဲ သိရတယ်။ အခုတော့ သူဟာ ၆နှစ်သား အရွယ်မြေးငယ်ကို ထိန်းကျောင်းရင်း ဒီလိုဖြစ်ရတဲ့အတွက်
ဘယ်သူ့ကိုမှ ဒေါသမဖြစ်ပါဘူး။ ဒါပေမဲ့ ဝမ်းတော့နည်းတယ်လို့ သူက မချိပြုံနဲ့ ဆက်ပြောပါတယ်။ ခြေထောက်ဗလာနဲ့ ပွင့်ရိုက်လုံချည် ဝတ်ထားတဲ့ သူ့ရဲ့ လက်ကောက်ဝတ်နှစ်ဖက်နဲ့ လည်ပင်းမှာအန္တရာယ်ကင်း ချည်မျှင်တွေ စွပ်ထားတယ်။ အစက ချည်မျှင်တွေစာ အခုတော့ မည်းမည်း ညစ်ညစ် အရောင်ကို ပြောင်းသွားကြပါပြီ။

ရိုးရာအစွဲသာမက ရှေးထုံးတမ်း စဉ်လာ အယူအဆ တွေကို ဖက်တွယ်မြဲဖြစ်တဲ့ သူတို့ ဓလေ့မှာ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် သြဇာ လွှမ်းမိုးမြဲဖြစ်တယ်။ ဒါကြောင့် သူတို့ကို HIV ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးဖို့ ပြောပြပေမဲ့ မိန်းကလေးတွေက သူတို့ ယောက်ျားတွေကို ကွန်ဒုံး သုံးရေး စည်းရုံးလို့ မရနိုင်တာက အခက်အခဲတစ်ခုပါ။ ဒီလို ကာကွယ်မှု မရှိတဲ့ လိင်ဆက်ဆံမှုကြောင့် လူဦးရေ ၂၉၇ ဦးရှိတဲ့ပုံဟိုင်းကျေးရွာမှာ AIDS ကြောင့် ၁၀ဦး သေဆုံးခဲ့ပြီး ယခုထက်တိုင် သွေးစစ်မှု ခံယူပြီးသူ
၄၀ ရာခိုင်နှုန်းဟာ ပိုးကူးစက်ခံထားရတာ တွေ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ကူးစက်မှုနှုန်းဟာ
၆.၅ ရှိပြီး ကူးစက်ခံရသူ အားလုံးထဲက ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့ကလည်း များသောအားဖြင့် ခင်ပွန်းသည်တွေဆီက ရောဂါ ကူးစက်ခံရတာဖြစ်တယ်။

တောင်တန်းနေ လူမျိုးစုတွေမှာ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုတဲ့ တကယ့်ဖြစ်ရပ် ဇာတ်လမ်းလေးကို ကြားသိခဲ့ရတယ်။ အသက် ၂၃ နှစ်အရွယ် နဆောင် ဆိုတဲ့ အမျိုးသမီးလေးဟာ သူနဲ့ လက်ထပ်မယ့် ခင်ပွန်းလောင် မုဆိုးဖိုဆီမှာ
HIV ရှိမှန်းသိလျက်နဲ့ လက်ထပ်ခဲ့တယ်။ သူ့ အပြောကတော့ ကျမ သူ့ကို ချစ်တယ် သေရမယ်ဆိုလည်းသူနဲ့ပဲ အတူတူ သေမယ် တဲ့လေ။ အခုတော့ သူ့မှာ AIDS ရနေပါပြီ။ သူဟာ ဒီရောဂါအကြောင်းကိုနည်းနည်းပါးပါး သိထားခဲ့ပေမဲ့ ကူးစက်ခံရသူတွေဟာ မြန်မြန် ဆန်ဆန်သေကြရမယ်လို့တော့ မထင်ထားပါဘူး။
တစ်ကြိမ်သာ ပြန်ရွေးချယ်ခွင့် ရမယ်ဆိုရင် ကျမသူ့ကို လက်ထပ်တော့မှာ မဟုတ်ဘူး လို့သူက
ပြောလာတယ်။

သူတို့ရဲ့ ဘာသာ ဘာဝမှာ အိမ်ထောင်ပြု စောကြပြီး ၁၄၊ ၁၅ မှာ အပျို လူပျို ဘဝကို စွန့်လွှတ်ကြတယ်မုံလူမျိုးတို့ရဲ့ ထုံးစံအရ ယောက်ျားဖြစ်သူက မိန်းမ ၅ ယောက်ယူနိုင်ပြီး တစ်အိမ်တည်းမှာအတူ ထားနိုင်တယ်။

တောင်တန်းနေမျိုးနွယ်စုတွေအနေနဲ့ အခြေခံ ပညာရေးမှာ အားနည်းတဲ့အတွက် ဇီဝဗေဒ သဘောတရားအရ လူ့ခန္ဓာကိုယ်တည်ဆောက်ပုံကို
နားမလည်ကြလို့ မလိုလားအပ်တဲ့ အကြောက်တရားကို ဖြစ်ပေါ်စေတယ်။ HIV ဟာ ကူးစက်တတ်တယ်ဆိုတာကို သိလာရတဲ့ သူတို့ဟာ ခန္ဓာကိုယ် အထိအတွေ့မှန်သမျှကနေ ပိုးကူးစက်တယ်လို့ ယူဆကြပြီး ကွန်ဒုံးသုံးဖို့ကိုလည်း
မဝံ့မရဲ ဖြစ်နေကြတယ်။ ကျမကတော့ ကွန်ဒုံးသုံးဖို့ အယုံအကြည် မရှိဘူးလို့ မုံ အမျိုးသမီးကြီးက
ပြောတယ်။ သူက ကွန်ဒုံးဟာ မိုးရွာထဲမှာ ဆောင်းရတဲ့ ထီးနဲ့တူတယ်လို့ဆိုတယ်။ ထီးဆောင်းထားလိုက်ရင် ခေါင်းသာ မိုးလုံပြီး ခြေထောက် ကတော့ မိုးရွှဲမှာဖြစ်သလို ကွန်ဒုံးသုံးပေမဲ့လည်း အချို့ အစိတ်အပိုင်း တွေမှာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့နိုင်သေးတာဖြစ်တယ်။ ဒါကြောင့်ပိုလုံခြုံရအောင် ဘောင်းဘီလို ဝတ်လို့ရတဲ့ ကွန်ဒုံးကို တီထွင်ပေးပါလို့ တောင်းဆိုတဲ့အတွက် ကျန်းမာရေး ပညာပေး သူတွေဟာ ငိုရခက်ရယ်ရခက် ဖြစ်ခဲ့ရပါတယ်။

တောင်တန်းနေ မျိုးနွယ်စုတွေမှာ ပညာရေးအပြင် စီးပွားရေး အခြေအနေ နိမ့်ပါးမှုကလည်း ရေနစ်သူကို ဝါးကူထိုးလို့ ထိုးပေးခဲ့ပါပြီ။ သူတို့ဟာ အစဉ်အဆက်ကထွန်ယက်လာတဲ့ စိုက်ပျိုးမြေတွေ ကနေ ဖယ်ရှားခံရပြီးတဲ့နောက်
စီးပွားရေး ယိမ်းယိမ်လာတယ်။ နည်းပါးတဲ့ မိသားစုဝင်ငွေကြောင့် ရွာကလူငယ်လူရွယ်တွေဟာ
ဘန်ကောက်နဲ့ ချင်းမိုင်မှာ အလုပ်သွားရှာ ကြတယ်။ တချို့ကျတော့ မြို့ကြီးမှာ ရောက်သွားတဲ့အခါလိင်ပျော်ပါးမှု လုပ်သားအဖြစ် အတင်း အဓ္ဓမ စေခိုင်းတာ ခံကြရပြီး အချို့ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်တယ်။

သူတို့ရဲ့ လူနေမှု အသိုင်းအဝိုင်းကလည်း တစ်ဦးနဲ့တစ်ဦး
အပြိုင်အဆိုင်တွေ မကင်းတဲ့အတွက် စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေအပြင် ဆိုင်ကယ်၊
တီဗွီ စတဲ့ ခေတ်မီနည်းပညာ ပစ္စည်း ပိုင်ဆိုင်မှုကို ဘဝတွေနဲ့ အလဲအလှည် လုပ်လိုက်ကြသူတွေလည်းရှိတယ်။ ဒါပေမဲ့ လိင်လုပ်ငန်းဟာ သူတို့ ပတ်ဝန်းကျင်မှာ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် မိဘတွေကသူတို့သမီးပျိုတွေဟာ မြို့ စားသောက်ဆိုင်မှာ အလုပ်သွားလုပ်တယ်လို့သာ ပြောကြလေ့ရှိတယ်။
မိန်းကလေးတွေဟာ လိင်လုပ်သားဖြစ်သွားတဲ့အခါ သူတို့ ဖေါက်သည်တွေနဲ့ ကာကွယ်မမှု မရှိတဲ့ လိင်ဆက်ဆံရေးရဖို့ရာ မလွယ်ဘူးဆိုတာ သိရတယ်။

သူများရဲ့ လယ်မှာ အငှားလုပ်ရင် တစ်နေ့ကို ၁၀ ဘတ် သာဝင်ငွေရှိတဲ့ ၅၆နှစ်အရွယ် အမျိုးသမီးကတော့ လွန်ခဲ့တဲ ၅ နှစ်ကပေါ့ ကျမသမီးလေး ချင်းမိုင်မှာ သွားအလုပ်လုပ်ပြီး ရွာကို ပြန်လာတဲ့အခါရောဂါ လက္ခဏာတွေ ပါလာတယ်။ ဆေးရုံတက်ကုတော့မှာ HIV ရှိနေမှန်း သိလိုက်ရတယ်လို့ ဆိုပါတယ်။

အဓိကဝင်ငွေ ရှာပေးသူဖြစ်တဲ့ သူ့သမီးဟာ သူ့ရဲ့ သားငယ်ကို ဘွားအေ လက်ထဲမှာ ထွားခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ကွယ်လွန်ခဲ့ပါပြီ။ သာမန်ဝန်ထမ်း တစ်ဦးရဲ့ တစ်လစာ ဝင်ငွေနဲ့ ညီမျှတဲ့ ဘတ် ၅၀၀၀ ခန့်ကို စပါးစိုက်သူ တောင်သူ တစ်ယောက်အနေနဲ့ တစ်နှစ်တာ ဝင်ငွေအဖြစ်သာ ရကြတဲ့အတွက် ယောက်ျားလေး အများစုဟာ လယ်လုပ်ငန်းထက် မြို့ပေါ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်ကြတယ်။
အပျော်အပါး ရှာမိတဲ့ သူတို့ဟာလည်း အိမ်ပြန်ချိန်မှာ HIV ကို သယ်လာကြတယ်။ အခုတော့ မိဘတွေဟာ သားသမီးတွေကို HIV ကူးစက်ခံမှာစိုးလို့ မြို့ကို သွားပြီး အလုပ်မလုပ်စေချင်ကြတော့ဘူး။

သားသမီး ၇ ယောက် ရှိတဲ့ အနက် သမီး ၂ ယောက်နဲ့ သား ၂ယောက်ကို
တစ်နှစ်ထဲမှာ ဆုံးရှုံးလိုက်ရတဲ့ နခ ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူ့သားသမီးတွေ ဘာဖြစ်လို့
သေသွားကြမှန်းကို မသိလိုက်ဘူး လို့ဆိုပါတယ်။ နောက်မှာသာ HIV ကြောင့်ပါလားဆိုတာ သူသိခဲ့ရတယ်။ အခုတော့ ကျန်ရစ်ခဲ့တဲ့ မြေးတွေကို ထိန်းကျောင်းပေးနေရတယ်။ သူ့လို အခြားသောသူတွေမှာလည်း မိဘမဲ့ မြေးတွေကို ထိန်းကျောင်း ပြုစု ပေးနေရတဲ့ အတွက် သူက်ကြီးရွယ်အိုတွေရဲ့ ဆင်းရဲဝန်ကို ပိုပြီး လေးလံ ဖိစီးစေတယ်။

တောင်တန်းနေ လူမျိုးစုတွေအတွက် ယာဉ် အန္တရာယ် ထိခိုက်မှုကြောင့် သေဆုံးရတာ နှုန်း အများဆုံး ဖြစ်တယ်။ သေဆုံးမှုနှုန်း ဒုတိယ အများဆုံးဖြစ်တဲ့ HIV/AIDS ဟာ လိင်ဆက်ဆံမှုကြောင့်သာ မဟုတ်ပဲ မူးယစ်ဆေးဝါးကို
ထိုးသွင်းခြင်းကြောင့်လည်း ပျံ့ပွားလျက်ရှိတယ်။ မူးယစ်ဆေး အန္တရာယ်ကို တားဆီးတဲ့ အနေနဲ့
ရွာအဝင်မှာ မူးယစ်ဆေး စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး ခိုးယူခိုးသွင်းမှုကို တားမြစ် ကာကွယ်နေတယ်လို့လည်း သိရတယ်။

လူမျိုးစု မျိုးကွဲပေါင်း ၁၅ မျိုးရှိတဲ့ ထိုင်းမြောက်ပိုင်းဒေသမှာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးမှာ
မတူညီတဲ့ ဘာသာစကားနဲ့ တွေ့ရှိခြင်းဟာလည်း ကျန်းမာရေးပညာပေး လုပ်ငန်းတွေအတွက် အခက်အခဲ တစ်ခုဖြစ်တယ်။ သူတို့ဟာ ဘာသာစကားသာ မတူပေမဲ့ HIV ရှိသူကို ခွဲခြား ဆက်ဆံရာမှာတော့ အတူတူပဲဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ပြောဆို ဆက်ဆံ ရာမှာ သူတို့စကား ကိုယ်နားမလည် ကိုယ့်စကားသူတို့နားမလည်
ဖြစ်ရတဲ့အတွက် သတင်း အချက်အလက်တွေကို ပေးရာမှာ နှောင့်နှေး ကြန့်ကြာစေတယ်လို့ တာဆာနီ စရီမွန်ကော က ရှင်းပြပါတယ်။ တာဆာနီ ဟာ ပီပီအေတီ လို့ခေါ်တဲ့ Planned Parenthood Association of Thailand က စီမံကိန်း ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပါတယ်။

ပီပီအေတီ ဟာ တောင်တန်းနေ လူမျိုးစုတွေအတွက် HIV နဲ့ပတ်သက်လို့ ပညာရေး ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးရေးနဲ့ သင်တန်းများ ပို့ချခြင်း သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးနေတဲ့အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု NGO ဖြစ်ပါတယ်။

ပီပီအေတီ ရဲ့ အဖွဲပတစ်ဖွဲ့ဟာ ပုံဟိုင် ကျေးရွာရဲ့ ကျောင်းစာသင်ခန်းတစ်ခုမှာ ပညာပေး အစီအစဉ် တစ်ခုကို တင်ဆက်နေတာကိုလည်း တွေ့ရတယ်။ မိန်းမခန္ဓာကိုယ်နဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဆွဲထားတဲ့ ပုံကြမ်းကားချပ် ၂ ချပ်ဟာ ကျောက်သင်ပုန်းမှာ ချိတ်ဆွဲထားတာ တွေ့ရတယ်။ ၁၄၊၁၅ နှစ် အရွယ်
မိန်းကလေးတွေဟာ သစ်သားလုံးနဲ့ လုပ်ထားတဲ့ ယောက်ျား လိင်အင်္ဂါ ပုံတူကို သုံးပြီး ကွန်ဒုံအကြောင်း လေ့လာရတယ်။
ဒါဟာ ရှက်စရာလည်းမဟုတ်သလို ကြောက်စရာလည်း မဟုတ်ပါဘူး။ လိင်အကြောင်းကို လေ့လာ သင်ကြားရတာဟာ ကိုယ့်ကိုယ်ကို HIV/AIDS ကနေ ကာကွယ်ရာလည်းရောက်လို့ ပျော်စရာ ကောင်းပါတယ်။ လို့ ၁၃နှစ်
အရွယ် ကျောင်းသူလေး ဘင်ဂျမာ ပရာဆပ် ကပြောပါတယ်။

သူတို့လေးတွေဟာ အနာဂတ်မှာ လိင်ကုန်သွယ်ရေးအတွက် တင်သွင်းခံသူလေးတွေ ဖြစ်မှာကို စိုးရိမ် မိတယ်။ လို့ အဲဒီဒေသကကို သွားရောက်လေ့လာသူတစ်ဦးရဲ့ စိုးရိမ်မကင်း ညည်းတွားလိုက်သံ ကိုလည်း ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှာ သေဆုံးမှုနှုန်း အများဆုံးဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတွေကို များရာမှ နည်းရာ အစဉ်လိုက် ဖေါ်ပြပေးလိုက်ပါတယ်။


စွဲခြင်း အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူ ဖေါ်ပြပါသည်။

From: HIM

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...