Monday, 6 October 2014

လသားအရွယ်ကလေးတစ်ဦး စက္ကန့်ပိုင်းအတွင်း လူကြီး ဖြစ်သွားသည့် ထူးဆန်းသည့်ဖြစ်ရပ်

ယင်းသတင်းကို ဖော်ပြခဲ့သည်ဟု မယ်ရာ သတင်းစာမှ ဖော်ပြခဲ့သည့် လိုင်ဘေးရီးယားထုတ် Daily Observor သတင်းစာ မျက်နှာဖုံး။
 
သဘာဝလွန် ထူးထွေ ဆန်းကြယ်လွန်းသည့် အဖြစ်သနစ်တစ်ရပ် အာဖရိကတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ရာ ဒေသတွင်းသတင်းစာများ၏ မျက်နှာဖုံး များတွင် စာလုံးမည်းကြီးဖြင့် ဖော်ပြခြင်း ခံခဲ့ရသည်။ လသား အရွယ် ကလေးငယ် တစ်ဦးစက္ကန့်ပိုင်း အတွင်း လူကြီးအရွယ် ဖြစ်သွားခြင်း အကြောင်း လိုင်ဘေးရီးယား နိုင်ငံထုတ် အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သည့် Daily Observer က အထူးသတင်း တစ်ရပ် အဖြစ် ဖော်ပြ ခဲ့သည်။

ယင်း သတင်းစာတွင် မိခင်ဖြစ်သူ၏ မျက်စိအောက်တွင်ပင် လူကြီး တစ်ယောက်အဖြစ်သို့ စက္ကန့် ပိုင်းအတွင်း ပြောင်းသွားသည့် နှစ်လသား အရွယ် စမစ်ဆိုသူ ကလေးငယ်လေး တစ်ဦး အကြောင်းကို အကျယ်တဝင့် ဖော်ပြ ထားသည်။

ခါးထစ်ခွင် ချီလာသည့် မိခင်ဖြစ်သူ လက်တွင်းက ဆင်းကာ စမစ်ကလေးသည် မိခင်ဖြစ်သူ ကြည့်နေသည့် အောက်မှာပင် တစ်မုဟုတ်ချင်း လူကောင်ကြီးကြီး လူကြီး တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားပြီး ချုံတော အတွင်းသို့ ပြေးဝင် ပျောက်ကွယ်သွား ခဲ့ကြောင်း ရေးသားထားခြင်း ဖြစ်ကာ ယင်းသတင်းကို ရေးသားသူ သတင်းထောက် မားကပ်စ် မာလာယီက တစ်ကယ့်ဖြစ်ရပ် ဇာတ်လမ်းတစ်ပုဒ်ကို စုံစမ်းရေးသား ခဲ့ခြင်း ဖြစ်ကြောင်း အာမခံ ထားသည်။

ဘွန်စီရင်စု အတွင်း အံ့သြ တုန်လှုပ်ဖွယ် ဖြစ်ပွားသွားသည့် ယင်းဖြစ်ရပ်တွင် အသက် ၁၆နှစ် အရွယ် မိခင်ဖြစ်သူ လော်ပူ ကော်လိုင်းက စိုက်ပျိုးခြံတစ်ခြံ သို့ သွားရာတွင် သူ့ ကလေး လသားလေး စမစ်ကို ခါးထစ်ခွင်ချီလျက် အတူ ခေါ်သွားခဲ့သည်။ လမ်းတွင် နှစ်လသား အရွယ် သားဖြစ်သူက မယုံနိုင်ဖွယ် ရာ ကောင်းအောင် သူအား အောက်ချပေးရန် သွက်သွက်ပီသစွာ အကြိမ်ကြိမ် အခါခါ ပြောဆိုခဲ့သည်ဟု လော်ပူက ပြန်ပြောင်း ပြောသည်။ မိခင်ဖြစ်သူ လော် ပူက အောက်ချပေး လိုက်ချိန်တွင် လူကြီးကြီး တစ်ယောက်သို့  အသွင် လုံးလုံး ပြောင်းသွား ခဲ့ပြီး ပြေးထွက် ပျောက်ကွယ် သွားခဲ့သည်ဟု ဆိုသည်။

"နှစ်လသား အရွယ်က ခုလိုမျိုး လေး ငါးနှစ်သား ကလေးတစ်ယောက်လို ပီပီသသ စကားပြောတာ တစ်ခါမှ ကျွန်မ မတွေ့ ဖူးဘူး"ဟု လော်ပူက သတင်းစာ သို့ ပြောပြသည်။ "သူရဲ့ ကိုယ်မှာလည်း ဘာချို့ ယွင်းချက် အပြစ်အနာဆာ တစ်ခုမှ မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ ရပ်ထဲ ရွာထဲ မှာတော့ ကျွန်မ သားကို ပရလောက က လာတဲ့သူ တစ်ယောက်လို့  ယုံနေကြတယ်"ဟု သားဖြစ်သူ ပျောက်ဆုံးသွားသည့် အတွက် ပူဆွေးနေသည့် လော်ပူက ဖြည့်စွက် ပြောခဲ့ကြောင်း ဖော်ပြထား သည်။

ကလေး၏ ဖခင်ဖြစ်သူ ဝပ်ဆန်ဖရီးမန်း ကလည်း ၎င်း၏သား ထူးဆန်းတုန်လှုပ်ဖွယ် ကောင်းစွာ ပျောက်ကွယ် သွားခဲ့သည်က အံ့သြဘနန်း ဖြစ်ဖွယ် အလွန်ကောင်း နေသည်ဟု ပြောဆိုပြီး အဘိုးဖြစ်သူ ဂျီရိုမီ ကိုဝန်က ပရလောက ဝင့်နှောက် ခြယ်လှယ်ခြင်း ဖြစ်သည်ဟု တစ်တွတ်တွတ် ပြောဆိုသည်။
From: Mizzima

www.mmdailystar.com

အိပ်ပျော်စဉ် လိင်ဆက်ဆံတတ်သည့် ရောဂါကြောင့် အမျိုးသားတစ်ဦး မုဒိန်းမှုမှလွတ်

ဆွီဒင်အမျိုးသားတစ်ဦးက ၄င်းအိပ် ပျော်နေစဉ် အမျိုးသမီးကို လိင်ဆက်ဆံမှု ပြုလုပ်စေခဲ့သည့် Sexomnia ရောဂါခံစား နေရသည်ဟု ထွက်ဆိုခဲ့ပြီးနောက် မုဒိမ်းမှု မှ လွတ်မြောက်ခွင့်ရခဲ့သည်။

မိုက်ကယ်ဟယ်လ်ဗာဆင်သည် အမျိုး သမီးအား မုဒိမ်းမှုကျူးလွန်ရန် ရည်ရွယ် ချက် မရှိခဲ့ပေ။ အကြောင်းမှာ ¤င်းသည် အိပ်ပျော်နေသည့် အခြေအနေတွင် ရှိခဲ့ပြီး မည်သို့ ဖြစ်ပျက်နေသည်ကို မသိရှိခဲ့ဟု ဆွီဒင်နိုင်ငံ ဆန်စ်ဗောတရားရုံး တစ်ရုံးက အမိန့်ချမှတ်ခဲ့သည်။

၂၆ နှစ်အရွယ် မိုက်ကယ်၏ အဖြစ် အပျက်မှာ ဖြစ်နိုင်မှုရှိပြီး အယူခံဝင်ထား သော ဧပြီလက လိင်ပိုင်းဆိုင်ရာ ပြစ်မှုအ တွက် ၄င်း၏ နှစ်နှစ်ကြာထောင်ဒဏ်ကို ပယ်ဖျက်လိုက်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

မိုက်ကယ်ဟယ်လ်ဗာဆင်နှင့် စွပ်စွဲ သော အမျိုးသမီးတို့သည် တူညီသော အိပ် ရာခုတင်တွင် ရှိသော်လည်း ခြားနားသော ခြုံစောင်များအောက်တွင် ရှိနေခဲ့သည်။ နောက်တစ်နေ့နံနက်တွင် အမျိုးသမီးက ရဲ ကို ဖုန်းဆက်တိုင်ကြားခဲ့သည်။ ရဲတပ်ဖွဲ့ ဝင်များ ရောက်လာချိန်တွင် ဟယ်လ်ဗာဆင် မှာ အမျိုးသမီး၏ အိပ်ရာဘက်တွင် အိပ် ပျော်နေဆဲ ဖြစ်သည်။ တရားခွင်က အိပ် စက်မှုဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ထံမှ အ ထောက်အထားများကို ကြားနာခဲ့သည်။

ထိုဆရာဝန်က ဟယ်လ်ဗာဆင်တွင် ရှားပါးသော ရောဂါတစ်မျိုးဖြစ်သည့် Sexomnia ရောဂါခံစားနေရကြောင်း ထွက်ဆို ခဲ့သည်။

၎င်းရောဂါက အိပ်ရင်းလမ်းလျှောက် သူများကို လိင်ဆက်ဆံမှုဆီသို့ ဦးတည်စေ နိုင်သည်။

ဟယ်လ်ဗာဆင်၏ ရည်းစားဟောင်း ကလည်း ၄င်းအိပ်နေစဉ် လိင်ဆက်ဆံရန် ကြိုးစားဖူးကြောင်း အစစ်ခံခဲ့သည်။

Sexomnia မှာ ရောဂါအစစ်အမှန် ဟုတ်၊ မဟုတ် စိတ်ရောဂါကု ဆရာဝန်များ နှင့် ဥပဒေကျွမ်းကျင်သူများကြား သဘော ထားကွဲလွဲနေဆဲဖြစ်သည်။

Ref: 9 NEWS
From: TheYangonTimes

www.mmdailystar.com

အမောင်စစ်သား... တိုင်းပြည်အား ဘာများ မှာကြားလိုသနည်း.... ?

 Photo - ဗိုလ်ကြီး အောင်ကိုဦး ၊ DSA ( 50 ) Intake ၊ ကျဆုံး

 ၁.၁၀.၂၀၁၄ ရက်နေ့ တွင် ….
အမှတ် ( ၁၁ ) ခြေမြန်တပ်မ လက်အောက်ခံ …
ရှေ့ တန်းအမှတ် ( ၂၁၄ ) ခြေမြန်တပ်ရင်းမှ …
တပ်အချိန်းအပြောင်း ပြုလုပ်ရန် လာရောက်သော ….
တပ်ခွဲတစ်ခွဲ အင်အား ၅၀ ခန့် အား ….
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်ရှိ ....
တာဖာဆောင်တံတား အနီးတွင် ….
SSA (SSPP/SSA) ( ၀မ်ဟိုင်း အဖွဲ့ ) မှ အင်အား ၂၀၀ ခန့် က …
စောင့်ဆိုင်း ခြုံခို တိုက်ခိုက် ခဲ့သည် ….

တိုက်ခိုက်မှုကြောင့် …
ရတ ခမရ (၂၁၄) မှ တပ်ခွဲမှူး ….
ဗိုလ်ကြီး အောင်ကိုဦး (စစ်တက္ကသိုလ် အပတ်စဉ် ၅၀) နှင့် …
စစ်သည် ၄ဦး ကျဆုံး သွားခဲ့သည် …..

သို့ ဖြစ်သည့်အတွက် …
နယ်မြေတွင်းရှိ တပ်မတော် စစ်ကြောင်းများမှ …
တိုက်ပွဲ ဖြစ်ပွားသော နယ်မြေအား ရှင်းလင်းခဲ့ပြီး ….
တာဖာဆောင်တံတားရှိ ၀မ်ဟိုင်းတပ်စခန်းအား …
၃.၁၀.၂၀၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် တွင် …
တိုက်ခိုက် သိမ်းပိုက်ခဲ့သည် ….

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဟုဆိုနေသော်လည်း …
အလှမ်းဝေးနေရသည့် ငြိမ်းချမ်းရေးကြောင့် …
ဤ ဆောင်းပါးကို ကျွန်တော်ရေးပါသည် …

ညီလေး အောင်ကိုဦး ကောင်းရာသုဂတိလားပါစေ ….. ။ ။

======================================

ငြိမ်းချမ်းရေး အလှမ်းဝေးကြပြီလား ….?
=========================

ယနေ့ မြန်မာ့ ပြည်တွင်းစစ် ....
တာရှည်နေရသော အကြောင်း ( ၄ ) ချက်ရှိသည် …

၁။ လက်နက်ကိုင် အဖွဲ့ များ များပြားလွန်းခြင်း
၂။ ပြည်ပ စွက်ဖက်ထောက်ခံမှု
၃။ လူမျိုးရေး ခွဲခြားမှု နှင့် မညီမျှမှု
၎။ ကိုယ်ကျိုးစီးပွားများ ဟူ ၍ ဖြစ်သည် ။

၁။ လက်နက်ကိုင် အဖွဲ့ များပြားလွန်းခြင်း
=======================
လက်နက်ကိုင်အဖွဲ့ များကို နှစ်မျိုး ခွဲခြားနိုင်သည် …
အစိုးရဖက်ခြမ်းတွင် ....
နယ်ခြားစောင့်တပ် နှင့် ပြည်သူ့ စစ်အဖွဲ့ များ ပါဝင်ပြီး…
အခြားတစ်ဖက်တွင် ...
အပစ်အခတ်ရပ်စဲထားသော အဖွဲ့ များနှင့် …
လက်ရှိ စစ်ဖြစ်နေသော အဖွဲ့ များ ရှိသည် …

ရှမ်းပြည်နယ် တစ်ခုတည်းအတွင်း ၌ပင် …
လက်နက်ကိုင် အဖွဲ့  ပေါင်း ၄၀ နီးပါးခန့် ရှိသည် …
အဖွဲ့ တစ်ခုနှင့် တစ်ခုတို့ ၏ ....
လိုလားချက် ၊ အယူအဆများ မတူညီကြ ....

တစ်ခါ ထိုအဖွဲ့ တစ်ဖွဲ့ ချင်း အတွင်း ၌ပင် …
တပ်မတော် ကဲ့ သို့  အောက်ခြေတပ်များကို …
နိုင်နင်းစွာ ထိန်းသိမ်းအုပ်ချုပ်နိုင်ခြင်း မရှိ …
ဗဟိုက ပေးသော အမိန့် ကို အောက်မှ …
နာခံချင်မှ နာခံသည် …..
( ထို ပြသနာကို တိုက်ဂါး ဖြစ်စဉ်တွင် ...
အထင်အရှားတွေ့ နိုင်သည် …. )

လိုလားချက်ပေါင်းများစွာ ဖြစ်နေပြီး ….
တစ်ဖွဲ့ နှင့်တစ်ဖွဲ့ တောင်းဆိုချက်များ …
ဆန့် ကျင်ဘက် ဖြစ်နေသော ကိစ္စမျိုးလည်း ရှိသည် …
( ဥပမာ - ၀က ရှမ်းပြည်မှ ခွဲထွက်ပြီး ....
သီးခြား ပြည်နယ်တောင်းသော ကိစ္စ )

ထိုကိစ္စသည် ….
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုကို …
ကြီးစွာ အနှောက်အယှက်ပေးသည် …

၂ ။ ပြည်ပ စွက်ဖက်ထောက်ခံမှု
====================
မြန်မာပြည်သည် …
တရုတ်၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ယိုးဒယား ၊လော နိုင်ငံများနှင့် …
နယ်နိမိတ် ထိစပ်သည် ….
၎င်း နိုင်ငံများ အနက်မှ …
တရုတ် နှင့် ယိုးဒယား နိုင်ငံတို့ သည် …
မြန်မာပြည်တွင်းရှိ လက်နက်ကိုင် အုပ်စုများအား …
အကြီးအကျယ် ထောက်ပံ့ ပေးခဲ့သော နိုင်ငံများ ဖြစ်သည် …

အနောက်အုပ်စု၏ …
နိုင်ငံရေး အရ အားပေးထောက်ခံမှုကိုလည်း …
ပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့ တစ်ချို့ မှ ရရှိထားသည် …

ပြည်တွင်းစစ်တွင် ပြည်ပနိုင်ငံတစ်ခုခုက ….
စွက်ဖက်ထောက်ခံနေသရွေ့  …
စစ် ဘယ်တော့မှ အဆုံးသတ်သည် မရှိ ….

၃။ လူမျိုးရေး ခွဲခြားမှု နှင့် မညီမျှမှု
======================

အဓိကအားဖြင့် လူနည်းစု တိုင်းရင်းသားများက ...
ပိုပြီး လူမျိုးရေးခွဲသည် ….
အတိတ်သမိုင်း၏ မညီမျှမှု တစ်ချို့ ကြောင့်လည်း ...
ဖြစ်ကောင်းဖြစ်မည် …

အွန်လိုင်းပေါ်တွင် တွေ့ ရသော ...
အချို့ တိုင်းရင်းသားတို့ တောင် …
အတော် အစွန်းရောက်သည်ကို တွေ့ ရလျှင် …
တောထဲ တောင်ထဲမှ တိုင်းရင်းသားများအား …
မည်မျှ လူမျိုးရေး အမုန်းတရားစိတ် ရိုက်သွင်းခံရနိုင်မည်ကို …
ခန့် မှန်း ချင့်တွက်နိုင်သည် …

လက်ရှိအခြေအနေတွင် …
ဖက်ဒရယ် နိုင်ငံရေးစနစ်ကို အကျေအလည် ဆွေးနွေးကာ….
တိုင်းရင်းသားတို့ ၏ ....
စစ်မှန် သဘာဝကျသော တောင်းဆိုချက်များကို …
လိုက်လျောလိုက်ဖို့  အချိန်တန်ပြီ ….

ဒီအချက် မကျေလည်သရွေ့  …
ဘယ်တော့မှ ငြိမ်းချမ်းမှု မရနိုင် ….

၎။ ကိုယ်ကျိုးစီးပွားများ
==============
အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် ….
၎င်းတို့ ၏ ဒေသအလိုက် တပ်မှူးများအား ….
လုံးဝ ချုပ်ထိန်းနိုင်စွမ်း မရှိ ….

လက်ရှိအနေအထားတွင် ….
ထိုတပ်မှူး အများအပြားသည် …
မူးယစ်ဆေးဝါး ၊ လက်နက်မှောင်ခို အပါအ၀င် …
အခြား ဥပဒေမဲ့ လုပ်ငန်း အများအပြားမှ …
အကျိုးအမြတ် ရရှိနေသည် ….

၎င်းတို့ အနေဖြင့် …
ယခု လက်ရှိအခြေအနေကိုသာ လိုလားသည် …
ငြိမ်းချမ်းရေး ရယူပြီးနောက် …
ပြောင်းလဲသွားမည့် အခြေအနေမျိုးကို မလိုလား …
ထိုအခါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို …
ရသလောက် ကန့် လန့် တိုက်ကြသည် ….

ထိုအချက်သည်လည်း …
ငြိမ်းချမ်းရေး နှောင့်နှေးကြန့် ကြာနေရသော ....
အကြောင်းများထဲတွင် တစ်ချက် အပါအ၀င်ဖြစ်သည် …..

သုံးသပ်ချက်
=========
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သည် ….
ဖြစ်လာဖို့  အတော်ခက်ခဲနေသည့် ...
အရိပ်အယောင်များတွေ့ ရသည် …

ထို့ အတွက် နည်းလမ်းက တစ်ခုသာရှိသည် …
သဘောတူညီချက် မရသော အဖွဲ့ များကို ထားခဲ့ပြီး …
လက်ရှိ အစိုးရ နှင့် ဆက်ဆံရေးကောင်းမွန်သော အဖွဲ့ များနှင့် …
တရားဝင် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး …
နိုင်ငံရေး ဆက်လက်ဆွေးနွေးရန်သာ ဖြစ်သည် ….

မည်သို့ ပင်ဖြစ်စေ …
ပြည်နယ်များအား ….
အာဏာနှင့် သယံဇာတအရင်းအမြစ်များ စီမံခန့် ခွဲ ခွင့် ကိုတော့ …
ပေးကို ပေးရမည် ဖြစ်သည် …
မည်သည့် အတိုင်းအတာအထိ ခွဲဝေပေးမလဲကိုသာ ....
ဆက်လက်ဆွေးနွေး ညှိနိုင်းရမည် …

ညှိနိုင်း သဘောတူညီမှုများကို …
လွှတ်တော်မှ အတည်ပြုပေးရမည် …

ထို အဆင့်အထိရောက်ရန် …
အစိုးရ တစ်ဆက်နှစ်ဆက်လောက် …
ကြာချင်လဲ ကြာနိုင်သည် ….

ပြည်နယ်တစ်ခု နှင့် တစ်ခု အခွင့်အရေးသည် …
တန်းတူဖြစ်ရမည် ဖြစ်သည် …
သို့ ဖြစ်သည့် အတွက် …
အဓိက လက်နက်ကိုင်အဖွဲ့ ကြီး လေးငါးဖွဲ့ နှင့် …..
နိုင်ငံရေး သဘောတူညီချက်များရလျှင် …
ကျန်ပြည်နယ်များလဲ ထိုသဘောတူညီချက်ပါ …
အခွင့်အရေးများကို ရရှိမည်သာ ဖြစ်သည် …

အထက်ပါ ဖြစ်စဉ်များအား ….
အဆင့်ဆင့် ညှိနိုင်းဆောင်ရွက်နေစဉ်အတွင်း …
သဘောမတူညီသော အဖွဲ့ များမှ …
တိုက်ကွက်ဖော် ကဖျက်ကယက် လုပ်ကြမည်မှာ …
သေချာသလောက်ဖြစ်သည် …

၎င်းတို့ ၏ လုပ်ရပ်များအား …
တပ်မတော်မှ ရင်ဆိုင်ထိန်းချုပ် ဟန့် တားထားရမည် …

မည်သို့ မှ အချိုပေးမရ အချဉ်ပေးမရ အဖွဲ့ များအား …
တပ်မတော်မှ အမြစ်ပြတ် ချေမှုန်းပြစ်ရမည် …

( အမှန်ကတော့ တပ်မတော် အနေဖြင့် …
လက်နက်ကိုင်အဖွဲ့  သောင်းခြောက်ထောင်အား …
တစ်ညီတစ်ညွှတ်တည်းဖြစ်အောင် …
မည်သို့ မှ ညှိနိုင်း ၍ ရနိုင်မည် မဟုတ်သည်ကို …
နဂိုတည်းက ရိပ်စားမိဟန်တူသည် …

ထိုကြောင့်လည်း …
အနှစ် ၂၀ ကျော် နာမည်အပျက်ခံကာ …
အခြားကဏ္ဍများထက် …
တပ်မတော်ကို ဦးစားပေး တည်ဆောက်ခဲ့ခြင်း …
ဖြစ်ဟန် ရှိသည် … )

အဓိက လက်နက်ကိုင်အဖွဲ့ ကြီး လေးငါးဖွဲ့ နှင့် …..
နိုင်ငံရေး သဘောတူညီချက်များရရှိပြီးလျှင် …
ပြည်နယ် အားလုံးတွင် …
ထိုသဘောတူညီချက်အတိုင်း …
အာဏာနှင့် သယံဇာတအရင်းအမြစ် ခွဲဝေမှုများကို …
လွှတ်တော်မှ အခြေခံဥပဒေတွင် ...
ထည့်သွင်း ပြဋ္ဌာန်းပေးရမည် …

လက်မခံသော လက်နက်ကိုင်အဖွဲ့ များအားလုံးကို …
ပြည်နယ်တွင်းရှိ လက်ခံသော အခြားလက်နက်ကိုင်အဖွဲ့ များနှင့် …
တပ်မတော် တို့ ပူးပေါင်းပြီး …
အမြစ်ပြတ် ချေမှုန်းပြစ်ရမည် ဖြစ်သည် …

သို့ မှသာ ငြိမ်းချမ်းရေးကို ရရှိနိုင်တော့မည် ...
အခြား နည်းလမ်းကား မရှိတော့လေပြီ .... ။ ။





From: ( ရဲမိုး )

www.mmdailystar.com

အိပ်မက်များပေးသည့် ဗုဒ္ဓမြတ်စွယ်တော်ဟုယူဆရသော ရှေးဟောင်း ပစ္စည်းတစ်ခု ရွှေတိဂုံစေတီတော်ပြတိုက်တွင် ပြသထားမည်

လေးဆူဓာတ် ပုံရွှေတိဂုံစေတီတော် ပြတိုက်တွင် ၁၃၇၆ ခု သီတင်းကျွတ်လပြည့် (၂ဝ၁၄ ခုနှစ် အောက် တိုဘာ ၈ ရက်) ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ခွဲအချိန်မှစတင်၍ ဗုဒ္ဓစွယ်တော်မြတ်ဟု ယူဆရသော ရှေးဟောင်းပစ္စည်း တစ်ခုကို ပြသ ထိန်းသိမ်းထားမည်ဟုသိရသည်။

အဆိုပါ ဗုဒ္ဓစွယ်တော် ပုံစံတူ ပစ္စည်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ ဦးမောင်မောင်တာဆိုသူက ပခုက္ကူမြို့ တွင် မြို့ရှောင်လမ်းဖောက်လုပ်နေစဉ် မြစ် ထဲမှ ကျောက်စရစ်ခဲများသယ်ယူ၍ မြေ ကြီးပေါ်တွင် ခင်းကျင်းခိုက် ကျောက်စရစ် ခဲများကြားတွင် တွေ့ရှိ ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ကောက်ယူပြီး အိမ်၌ သိမ်းဆည်း ထားစဉ် အိမ်မက်ဆန်းများကို မြင်မက်လာ သဖြင့် ဆေးကြောသန့်စင်ခဲ့ရာ ညစဉ်လိုလို အိမ်မက်ထူးများ ဆက်လက် မြင်မက်လာ ခဲ့ကြောင်း၊ တရုတ်ပြည်မှ ကြွရောက်လာ သော မြတ်စွယ်တော်နှင့် တိုက်ဆိုင်စစ်ဆေး ကြည့်ရာ တစ်ပုံစံတည်း ထပ်တူဖြစ်နေသ ဖြင့် ဘုရားစင်ပေါ်၌ ထားရှိ၍ ပူဇော်ရှိခိုးခဲ့ ကြောင်း၊ မန္တလေးမြတောင်တိုက် ဆရာတော် တစ်ပါးက ''စွယ်တော်ကြီးလားမသိဘူး''ဟု ဆိုပြီးနောက် ဦးမောင်မောင်တာမှာ နဂါးနှစ် ကောင်မှ နဂါးပြည်သို့ခေါ်သွားခြင်း၊ အိပ် မက်ထဲသို့ ဆင်ဖြူတော်ဝင်လာခြင်း၊ ကောင်း ကင်သို့ ပျံသန်းရခြင်း၊ ဘုရားများစွာကိုဖူး မြှော်ရခြင်း စသော အိပ်မက်ထူးများကို မြင် မက်ခဲ့ရာမှ ခုနစ်ရက်သားသမီးတို့ကို ပူဇော် ကိုးကွယ် ဖူးမြှော်ခွင့် ပေးသင့်ကြောင်းကို ပါ အိပ်မက်ထဲ၌ ပြောကြားလာ၍ အိမ်၌အ ပူဇော်ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမောင်မောင်တာမှာ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ ယာဉ်မောင်း တစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ် စဥ့်ငူရပ် အောင်ဆန်းဘူတာရုံလမ်း အမှတ် ၁ဝ/ ရပ်တွင် နေထိုင်လျက်ရှိသည်။ ဇနီးနှင့်သမီး နှစ်ဦးရှိသော ဦးမောင်မောင်တာက ''ကျွန် တော်ကောက်ရခဲ့တဲ့ ဗုဒ္ဓစွယ်တော် ပုံစံတူ ရှေးဟောင်းပစ္စည်းကို သီတင်းကျွတ်လပြည့် ကစပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ထိန်း သိမ်း စောင့်ရှောက်ပြသထားတော့မယ်ဆို လို့ ပျော်ရွှင်နေမိတယ်။ တကယ်လို့ ဗုဒ္ဓမြတ် စွယ်တော်လို့ဆိုပြီး ပူဇော်ကန်တော့ နှလုံး သွင်းကြရင် ကုသိုလ်တရားတွေ တိုးပွားလာ ကြမယ်။ ရှေးဟောင်းပစ္စည်းလို့ဆိုပြီး လေ့ လာ ချင်သူတွေအတွက်လဲ ပြသထားတာ ကို အနီးကပ် စူးစမ်းအကဲခတ်နိုင်ကြပြီမို့ ကျွန်တော် ပျော်ရွှင်နေမိတာဖြစ်ပါတယ်''ဟုပြောသည်။

ထို့အတူ ရွှေတိဂုံစေတီတော် ဂေါပက ဇောတိကတင်သိန်းလွင်ကလည်း ''တော်တော်တော့ ထူးခြားတယ်ဗျ။ အရင် သွား ဟုတ်၊ မဟုတ် သွားစစ်လိုက်တော့ သွားကတော့ သေချာသွားပြီ။ သွားတည် ဆောက်ပုံ၊ အသားမှာ အမြစ်တွယ်ကပ်နေ ပုံ စတာတွေကလဲ သွားစစ်စစ်အတိုင်း ကျွန် တော် အနီးကပ်လေ့လာကြည့်မိတယ်။ နိုင်ငံ တော် သံဃမဟာနာယက အဖွဲ့ရယ်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ်က ရွှေတိဂုံ စေတီတော်မှာ ထိန်းသိမ်းစောင့်ရှောက်ထား ရမယ်ဆိုတာကြောင့် လေ့လာခွင့် ရခဲ့တာ ပါ။ ပုံစံကတော့ စွယ်တော်ပုံအတိုင်းပါပဲ။ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းကစလို့ ရွှေတိဂုံစေတီတော် ပြတိုက်မှာ ထိန်းသိမ်း စောင့်ရှောက်ပြသသွားမှာ ဖြစ်ပါတယ်ဟု အတည်ပြုပြောသည်။

From: #TheFlowerNews
YMG

www.mmdailystar.com

နိုင်ငံတကာစံချိန်ချိုးလိုက်သည့်အသက်ကြီးဆုံး မုဒိန်းအဖွဲ့ ဝင်များ



နိုင်ငံတကာမှာ ခလေးငယ်တွေ အလိုမတူဘဲ  အုပ်စုလိုက် အတင်းအင်အားသုံး လိင်ဆက်ဆံ
 နေကြသူတွေမှာ များသောအားဖြင့် လူငယ် ပိုင်းများ ဖြစ်ပေမယ့် ခုအဖိုးကြီးမုဒိန်းအဖွဲ့ မှာ
 အသက်၈၀ ကျော်ကဦးဆောင်ခဲ့ပြီး အဖွဲ့ ဝင်ခြောက်ဦးမှာအငယ်ဆုံးက ၆၅ နှစ်ပါ။

သူတို့ အာလုံး ထိုင်းနိုင်ငံအူဒေါင် ဌာနီအရပ်က တရွာထဲသားလယ်ပိုင်ရှင်များဖြစ်ကြပါတယ်။
အသက် ၁၂ နဲ့  ၁၃ သာရှိသေးတဲ့ မိန်းခလေးသုံးယောက်ရဲ့  မိဘတွေက ဆင်းရဲလို့  အဖိုးကြီး စိုက်ခင်းမှာ ကျောင်းပိတ်ချိန် သွားအလုပ်လုပ်ကြပါတယ်။

ခလေးငယ်တယောက်ချင်းဆီကို ဒီအဖိုးကြီးက အရင် မုဒိန်းကျင့်ပြီး ခလေးတွေကြောက်အောင် နည်းအမျိုးမျိုးနဲ့ ခြောက်လှန့် နှုတ်ပိတ်ထားပြီး ရွာမှာ ပေါက်ရောက်တဲ့သူတစ်ယောက်ဖြစ်လို့  ခလေးလးကလည်း ကြောက်ပြီး အမေတွေကို မတိုင်ရဲကြပါဘူး။

နောက်ပိုင်းတော့ သောက်ဖေါ်သောက်ဖက်တွေခေါ်လာပြီး ခလေးတွေ ကိုဝိုင်းပြီး လိင်ဆက်
ဆံခဲ့ကြပါတယ် ၊ကိစ္စပြီးတော့ သနားကြေး တယောက် ဘတ် ၃၀၀(တသောင်းကျပ်)
စီပေးပြီး အိမ်ပြန်လွတ်လိုက်ပါတယ် ၊မိဘတွေ သိသွားတာကတော့ မိန်းခလေးတယောက် သွေးတွေဆင်းနေရာကနေ စစ်ရင်းပေါ်ခဲ့တာပါ။

ရွာကရဲစခန်းကို တိုင်ချက်ဖွင့်တော့ အဖိုးကြီးက သူဝိတ်နဲ့ ဖိပြီး အမှုကိုတရားရုံးမအောင်နယ်မြေရဲတွေကို ငွေနဲ့ ပိတ်ထားတယ်၊ အမေတွေကိုလူမိုက်ဌားသတ်ဘို့ တောင်စီစဉ်ခဲ့တာကြောင့် မုဒိန်းကျင့်ခံရတဲ့ ခလေးအားလုံးကိုခေါ်ပြီး အမျိုးသမီးေ၇းရာ အဖွဲ့ ဆီမှာ အကူညီတောင်းခိုလှုံနေရပါတယ်။

မုဒိန်း အဖိုးကြီးရဲ့  သတင်းကို လူမှူကွန်ရက်စာမျက်နှာတွေမှာ ပါလာတော့မှ ရဲကစတင်အလုပ် လုပ်ပါတယ် ၊ဒီနေ့ တော့ အားလုံးကိုဖမ်လိုက်ပါပြီ နယ်မြေရဲစခန်းက အမှုမလုပ်ဘဲ ထိမ်ချန်ထားတဲ့ရဲ အရာရှိလည်း အရေးယူလိုက်ပါတယ်။
From:ရွှေမြန်မာသတင်း


www.mmdailystar.com

ဆရာဝန်လင်မယားနှိပ်စက်ခြင်းခံရသောအိမ်အကူမိန်း ကလေးကိုဝိတိုရိယဆေးရုံ အခမဲ့ခွဲစိတ်ပေးမည်

ဆရာဝန်လင်မယား၏ နှိပ်စက်မှုကြောင့် ဒဏ်ရာများရရှိခဲ့ သူ  အိမ်အကူကလေးငယ် မသန်း
သန်းစိုး၏မျက်နှာကို အမေရိကန်နိုင်ငံ ဆရာဝန်ကြီးများက အခမဲ့ခွဲ စိတ်ကုသရန်လာရောက်ကြည့် ရှုရန်ရှိကြောင်း ၀ိတိုရိယဆေး ရုံကြီးမှ သတင်းရရှိသည်။

‘‘ဆရာဝန်တွေက ကလေး ကို သူတို့အနေနဲ့ ခွဲစိတ်လို့ရနိုင်၊ မရနိုင် အရင်ကြည့်မယ်။ မသန်း သန်းစိုးကို ခွဲပေးလို့ရ၊ မရကတော့မသေချာသေးဘူး။ စမ်းသပ်တာ ရော၊ ခွဲစိတ်ဖြစ်ခဲ့မယ်ဆိုရင်ရော အကုန်အခမဲ့လုပ်ပေးမှာပါ’’ဟု ၀ိတိုရိယဆေးရုံမှတာဝန်ရှိသူ ဒေါက်တာပြည့်ဖြိုးဆွေကပြောသည်။

အမေရိကန်ဆရာဝန်ကြီး များခွဲစိတ်ရန် အဆင်ပြေခြင်းမရှိပါက ပြည်တွင်းဆရာဝန်ကြီးများနှင့်ခွဲစိတ်နိုင်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဝိတိုရိယဆေးရုံအစီအစဉ် ဖြင့် အမေရိကန်ဆရာဝန်ကြီးများနှင့် ပူးပေါင်းကာ နှာခေါင်းကွဲ၊အာခေါင်ကွဲကလေးများအား ခွဲစိတ်ရန် လာရောက်ချိန်တွင် မ သန်းသန်းစိုး၏ ဒဏ်ရာအနေအ ထားကိုကြည့်ကာ ၎င်းတို့အနေ ဖြင့် ခွဲစိတ်နိုင်ခြင်း ရှိ၊ မရှိ ကြည့်ရှုသွားမည်ဖြစ်သည်။

‘‘ခွဲပေးမယ်ဆိုရင်တော့ အ ရမ်းဝမ်းသာတာပေါ့။ ကလေးအ ခြေအနေနဲ့ဆို ဘယ်လိုမှကုဖို့မဖြစ်နိုင်တဲ့ အခြေအနေလေ။ ဒဏ်ရာ တွေက လူတောထဲမ၀င်ရဲအောင် ဖြစ်နေပြီ’’ဟု မသန်းသန်းစိုး၏ ဦးလေးဖြစ်သူက ပြောသည်။

မသန်းသန်းစိုးသည် အိမ်ရှင် ဆရာဝန်လင်မယားနှိပ်စက်မှုများကြောင့် မွေးရာပါနှုတ်ခမ်းကွဲပုံစံ သို့ ရောက်ရှိသွားပြီး ရိုက်နှက်မှု များကြောင့် လက်များကျိုးကာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းသူ တစ် ဦးအသွင်သို့ ရောက်ရှိနေသည်။

မသန်းသန်းစိုးကို နှိပ်စက်မှု ဖြင့် ဆရာဝန်လင်မယားကို ပုဒ်မသုံးခုဖြင့် တရားစွဲထားပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်း ဆရာဝန်လင်မယားအား စစ်ဆေးလျက်ရှိကြောင်း စခန်းမှူး ရဲအုပ် ၀င်းဋ္ဌေးကဆိုသည်။

အသက် (၁၄) နှစ်သာရှိသေးသော မသန်းသန်းစိုးသည် မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သည့် မြောက်ဥက္ကလာပဆေးရုံဝန်ထမ်း ဆရာဝန်လင်မယားအိမ်၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် သြဂုတ်လအထိ အိမ် အကူလုပ်ကိုင်ခဲ့သည်။


7Day News Daily
From:

www.mmdailystar.com

ဖေ့စ်ဘုတ်သုံးသူတွေ ရင်ကို ရိုက်ခတ်သွားစေတဲ့ ဆရာ လူမှု ထူးချွန်ဆုရ


ဖေ့စ်ဘုတ်မှာ လူအများရဲ့ ရင်ကို ကိုင်လှုပ်သွားတဲ့ ဓာတ်ပုံ၊ ဓာတ်ပုံ- Aung Zan Myint

 ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ လူအများရဲ့ ရင်ကို ကိုင်လှုပ်ခဲ့တဲ့ မျက်ရည်စက်လည်နဲ့ ကျောင်းဆရာတဦး၊ သူနဲ့ သူ့တပည့်တွေ၊ ဒေသခံတွေရဲ့ ဓာတ်ပုံတွေကို ဧရာဝတီပရိသတ်တွေမှတ်မိနေကြပါလိမ့်မယ်။



အဲဒီ ကျောင်းဆရာကို ပညာရေး ဝန်ကြီးဌာနက လူမှု ထူးချွန်ဆရာ ဆုပေးဖို့ ဆုံးဖြတ်လိုက်ပြီး
အောက်တိုဘာ လ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့မှာ အခမ်းအနားနဲ့ ဂုဏ်ပြုဖို့ ရှိပါတယ်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ဆူးလေကုန်း ကျေးရွာ မူလတန်းကျောင်းက လက်ထောက်ကျောင်းအုပ် ဦးသန်းလှိုင်ကို ပညာရေးဌာနရဲ့ ကျောင်းပြောင်းမိန့် ရောက်လာလို့ နုတ်ဆက်ပွဲ လုပ်ကြတဲ့အခါ ကျောင်း သူ၊ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိဘတွေက ဝမ်းနည်းပက်လက် မျက်ရည်စိုရွှဲ ဖြစ်ခဲ့ကြပါတယ်။

အလားတူ ဆရာ ဦးသန်းလှိုင်ကလည်း မျက်ရည် စက်လက် ဖြစ်ခဲ့ရတာပါ။

အဲဒီ မြင်ကွင်းတွေဟာ ဖေ့စ်ဘုတ် လောကမှာ တမုဟုတ်ချင်း ပျံ့နှံ့သွားပြီး လူတိုင်းရဲ့ ရင်ကို ရိုက်ခတ်သွား ပါတယ်။

ကျောင်းဆရာ ဦးသန်းလှိုင်ဟာ ချောင်းဦးမြို့ ဆူးလေကုန်း မူလတန်းကျောင်းမှာ ၈ နှစ်တာ တာဝန် ထမ်းဆောင် ခဲ့ပြီး ပြောင်းရွှေ့မိန့်ကျလာလို့သာ မဖြစ်မနေ ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဆူးလေကုန်းရွာလေးမှာ တာဝန်ထမ်းဆောင်ခိုက် သူ့အိမ်မှာလည်း ကျောင်းသူ၊ ကျောင်းသားတွေကို စာသင် ပေးပြီး ညဖက်တွေလည်း စာသင်ပေးကာ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျေးရွာ ပရဟိတအဖွဲ့ အစည်း တွေ မှာ ဒေသခံ ရွာသားတွေနဲ့ လက်တွဲပြီး တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ 


From:ဧရာဝတီ

www.mmdailystar.com

ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်

1972270_765910083452246_4793589777165930027_n
ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထားချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သားများကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။
http://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share
ယင်းဖော်ပြပါ Link ထဲကို ၀င်ပြီးတော့ လက်ရှိ ဗြိတိန်နိုင်ငံသား နှစ်ဦးအား လူသတ်မှုနဲ့ ပက်သက်ပြီးတော့ အစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ကယ်နိုင်ပါတယ်။ ကယ်မယ့် နည်းလမ်းက chang.org က ဖော်ပြပါ link ထဲကနေ လက်မှတ်ရေးထိုးပေးဖို့ ပါပဲ။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီ ကျော် ချိန်မှာ လက်မှတ်ပေါင်း ၁၅၀၀၀ ကျော် ရရှိသွားပါပြီ။ link ထဲ ၀င်ပြီး Username, email, city ထည့်ပေးရုံပါပဲ။
ဒီတော့ မတရားအစွပ်စွဲခံထားရတဲ့ မြန်မာ နှစ်ဦးကို ကယ်ဆယ်ဖို့ အတွက် link ထဲမှာ ၀င်ရောက် sign ထိုးနိုင်အောင် သတင်းပေးလိုက် ရပါတယ်။
.

From: အောင်ခမ်း (ရိုးရာလေး)

www.mmdailystar.com

ရေခဲတောင် အရည်ပျော်ချိန်မှ တောင်တက်သမားနှစ်ဦး၏အလောင်း ရှာဖွေမည်ဟုဆို

ပျောက်ဆုံးတောင်တက်သမား ရှာဖွေရေးအဖွဲ့သားများကို တွေ့ရစဉ် (ဓာတ်ပုံ −ထူးဖောင်ဒေးရှင်း)
 ခါကာဘိုရာဇီတောင် ထိပ်ရောက် တောင်တက်သမား နှစ်ဦးပျောက်ဆုံးနေသည်မှာ တစ် လကျော် ကြာမြင့်လာပြီး အမြင့် ပေ ၁၆,၀၀၀ အထက်တွင်ဖြစ်ပွား ခဲ့သည့်အတွက် ယင်းနေရာအနေအထားရ အသက်ရှင်သန်ရန် မျှော်လင့်ချက် နည်းပါးနေ ကြောင်း ထူးဖောင်ဒေးရှင်းတာဝန် ရှိသူတစ်ဦးကပြောကြားသည်။
‘‘အခုကတော့ ဘော်ဒီပြန်ရ ဖို့ပဲ။ အီတလီအဖွဲ့က ပြောသွား သလို တောင်တက်သမား နှစ်ဦး က ပေ ၁၆,၀၀၀ အထက်ဆိုတော့ အဲဒီဝန်းကျင်မှာ ဘယ်သူမှ မနေ နိုင်ဘူး။ ရာသီဥတု၊ စားစရာ၊ သောက်စရာကအစ အကုန်လုံး ပဲ’’ဟု ၎င်းကပြောသည်။
အီတလီနိုင်ငံမှ ရှာဖွေကယ် ဆယ်ရေးအဖွဲ့ကလည်း ပျောက် ဆုံးနေသော တောင်တက်သမား နှစ်ဦးရှာဖွေမှုကို ရေခဲတောင်များ အရည်ပျော်ချိန်မှ ပြန်လည်ရှာဖွေ မှုပြုလုပ်ရန်အကြံပေးခဲ့သည်။
‘‘အီတလီအဖွဲ့ကတော့ နှင်း ပျော်သွားတဲ့အချိန်မှာ ထပ်ရှာဖို့ ပြောတယ်။ တောင်တက်သမား တွေကတော့ ဘော်ဒီပဲရှာရတော့ မယ်။ ဒါပေမဲ့ အရေးကြီးတာက ပိုင်းလော့တွေ။ တစ်ပတ်ပဲရှိသေး တဲ့အတွက် ရှင်နိုင်တဲ့ သဘောရှိ သေးတယ်’’ဟု ယင်းတာဝန်ရှိသူ ကပြောသည်။
ထူးဖောင်ဒေးရှင်းကတောင် တက်သမား နှစ်ဦးရှာဖွေနေမှုကို ပွင့်လင်းရာသီရောက်မှသာ ဆက်လက် ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားပြီး ရပ်ဆိုင်းမည့်အချိန်ကို ဖြေကြားခြင်း မရှိသေးပေ။ လက်ရှိတွင် တောင်တက် သမားနှစ်ဦးနှင့် ပျောက်ဆုံးနေဆဲ ဖြစ်သည့် ရဟတ်ယာဉ်ရှာဖွေ ကယ်ဆယ်ရေးကို အပြာရောင် မိုးကောင်းကင် ကယ်ဆယ်ရေး အဖွဲ့နှင့် ဒေသခံ တောင်တက် သမားများက ဆက်လက်လုပ် ဆောင်နေဆဲဖြစ်သည်ဟု ထူး ဖောင်းဒေးရှင်းက သတင်းထုတ် ပြန်သည်။ထို့အပြင် ခါကာဘိုရာဇီ တောင်တက်ရောက်မည့် ဂျပန် တောင်တက်အဖွဲ့ကိုလည်း မြေ ပြင်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အကူအညီတောင်း ခံထားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံမှ B4 ရဟတ် ယာဉ်ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကြာပြီဖြစ်ပြီး ယင်းရဟတ် ယာဉ် ဆက်သွယ်ရေးအချက်ပြ သော ကိရိယာကို B4 ရဟတ် ယာဉ်ကုမ္ပဏီနှင့် နိုင်ငံတကာမှ အခြားရှာဖွေရေး အဖွဲ့အစည်း များက ခြေရာခံရှာဖွေသော်လည်း အချက်ပြဆက်သွယ်လာခြင်းမရှိ ဟု သိရသည်။


From: 7day daily

www.mmdailystar.com

ကာမပိုင်ရှိသူနဲ့ ဖောက်ပြားလျှင် ကြုံရမည့် ဒု-သ-န-သော အကြောင်း

ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်းကတော့
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။

တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို စောစောအပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တ၀ါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။

ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။

မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။

ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။

ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ လေးယောက်သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။

မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊
“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊

“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။
အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါ တော့တယ်။

ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှအဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

From: အရှင်ဝိစိတ္တ (မနာပဒါယီ)

www.mmdailystar.com

တာလီဘန် စစ်သွေးကြွအဖွဲ့နှင့် KIA အဖွဲ့တို့ ပူပေါင်းဖွင့်လှစ်မည့်သင်တန်းကို RNSC အဖွဲ့နာယက ၂ ဦး တက်မည်


ပါကစ္စတန် နိုင်ငံရှိ တာလီဘန်စစ်သွေးကြွအဖွဲ့နှင့် မြန်မာနိုင်ငံကချင်ပြည်နယ်ရှိ KIA ဌာနချုပ်တွင် ဖွင့်လှစ်
မည့် စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းသို့ RNSC (Rohinga National Security Council)မှ
နာယက ဖြစ်သူ ဒေါက်တာယူနိုစ် နှင့် နူရ်အစ္စလမ် တို့ နှစ်ဦး တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။

ထိုသင်တန်းဖွင့်ပွဲသို့တက်ရောက်မည့် RNSC အဖွဲ့နာယက ၂ ဦးအား KIA ဌာနချုပ်မှ ခရီးစဉ်တစ်လျှောက်
အခက်အခဲမရှိသွားလာနိုင်ရေး ကို စီမံပေးသွားမည်ဖြစ်ပြီး ၊ RNSC အဖွဲ့မှလည်း သင်တန်းအတွက် ကုန်ကြငွေကို ထောက်ပံ့ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ၊ KIA ဌာနချုပ်တွင်ပင် ကူရ်ဘာနီ ပွဲတော်ကို ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။


၎င်း စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် အတွက် ပဏာမ လူ အယောက် ၅၀ ဦးခန့် ရွေးချယ်ထားပြီး ထိုထဲမှ အမိန့်နာခံမှု ကောင်းသူ ၄၀ ဦးအား နှုတ်ထုတ်ရွေးချယ်သွားမည်
ဖြစ်သည်ဟုဆိုသည်။ထို့အပြင်သင်တန်းတွင် ထူးချွန်သူ အယောက် ၂၀ အား ထပ်မံ၍ ရွေးချယ်ကာ ပါကစ္စတန်သို့ စေလွှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

အိုက်ပါ့


From:မြန်မာပြည်မြောက်ဖျားဆီက

www.mmdailystar.com

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက တိုင်းပြည်ကို သိပ်ချစ်ခဲ့တာ(အင်တာဗျူး)



လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကြည့်ရင် သူထုထားတဲ့ ပန်းပုရုပ်ကို စိုးရိမ်မှုတွေ နဲ့ရော၊ ကြည်နူးမှုတွေနဲ့လည်း ကြည့်နေမှာပဲ။ သူ့ကို မကြည့်ပါနဲ့၊ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ပြောလို့ မရဘူး။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လက်အောက်တွင် အနှစ်၂ဝမျှ Staff -Officer လုပ်ခဲ့သူ ဦးဇော်မြင့်ဖေ ၏ အပြော



ယခင် နအဖလက်ထက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၅) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ နှင့် တွေ့ဆုံမေးမြန်းခြင်း
အယ် ဒီ တာ အ ဖွဲ့

►အခုလိုမျိုး မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည် အထိ အဆင့်ဆင့် ရောက်ရှိလာပုံလေး ပြောပြပါ။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရောက်လာတာကတော့ ပြည်ခိုင် ဖြိုးပါတီက တာဝန်ပေးတဲ့အတွက် နိုင်ငံဝန်ထမ်းအဖြစ်ကနေတစ်ဆင့် ဒီကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါတီက တာဝန်ပေးလို့ ဖြစ်လာတာ ပေါ့။

►ဦးဇော်မြင့်ဖေအနေနဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆရာတပည့်ဆက်ဆံရေးမျိုးရှိတယ်လို့ သိရပါတယ်။ ကြားမှာရှိတဲ့ ဆက်ဆံရေးကို အရင် ပြောပြပေးစေချင်ပါတယ်။

အထက်လူကြီးနဲ့ဆက်ဆံရေး သဘောမျိုးပဲ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက နိုင်ငံရေးအမြင်ရှိတဲ့သူကို ကြိုက်တယ်။ ကြိုးစားတဲ့သူကို ကြိုက်တယ်။ စာအရေး အသားတော် တဲ့ သူကို သူသဘောကျတယ်ဆိုတဲ့ ဒီလိုအခြေအနေမျိုးနဲ့ ဗိုလ်ချုပ် မှူးကြီးနားလေးမှာ Staff- Officer အနေနဲ့ အထောက်အကူပြု ဝန်ထမ်းအနေနဲ့ ဆောင်ရွက်ခဲ့တဲ့ အနေ အထား ဖြစ်ပါတယ်။ ဒီ့အပြင် ဒါထက်ပိုတဲ့ အင်မတန်ရင်းနှီးတဲ့ သဘောမျိုးမရှိပါဘူး။ သူ့ကိုခေါင်းဆောင်တစ်ယောက်အနေနဲ့ အနီးကပ်အထောက် အကူပြုခဲ့ရတဲ့ အခြေ အနေမျိုးပဲဖြစ်ပါတယ်။

►ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နိုင်ငံရေးအမြင်အပေါ် ဘယ်လို သိထားပါသလဲ။

အထောက်အကူပြု ဝန်ထမ်းအနေနဲ့ အနှစ်နှစ်ဆယ်နီးပါး နေခဲ့ရတဲ့အခါမှာ သူကတိုင်းပြည်ကို တိုးတက်စေချင်တယ်။ စည်းလုံးညီညွတ်စေချင်တယ်။ တိုင်းပြည် ကို အေး ချမ်းသာယာ စေချင်တယ်ဆိုတဲ့ သဘောဆန္ဒတွေကတော့ အမှန်ရှိခဲ့တာ။ လက်တွေ့အကောင်အထည်ဖော်နိုင်တာ မဖော်နိုင်တာကတော့ တစ်ပိုင်းပဲဖြစ်တယ်။ သူ့ရဲ့ အမြင် သူ့ရဲ့ဆန္ဒကတော့ တိုင်းပြည်ကို တိုးတက်စေချင်တယ်။ စည်းလုံးညီ ညွတ်စေချင်တယ်။ တိုင်းပြည်ကို အေးချမ်းသာယာစေချင်တယ်ဆိုတာ ရှိတယ်လို့ပဲ ရိုးသား စွာမြင်ပါတယ်။အဲဒီတော့ သူမြင်တဲ့အတိုင်းပဲ အာဏာကို စွန့်လွှတ်ခဲ့တယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် တည်ထောင်ဖို့ လမ်းစဉ်ချခဲ့တယ်။ ဒီမိုကရက်တိုက်ဇေးရှင်း ပရောဆက် ကို ချမှတ်ခဲ့တယ်။ အဲဒီတော့ သူချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း ဒီနေ့ အကောင်အထည်ဖော်နေတဲ့အခါမှာ ဒီနေ့သုံးနှစ်ကျော်လောက် ရှိပြီပေါ့။ ဒီအစီ အရင်တွေအတိုင်းပဲ ခံစားပြီးတော့ လက်တွေ့မြင်နေရတယ်ဆိုတဲ့အနေအထားဖြစ်တယ်။ သူ့အနေနဲ့ Dream အိပ်မက် မက်ပြီးတော့ အိပ်မက်လိုပဲ စိတ်ကူးပြီးတော့ သူကအကောင်အထည်ေ ဖ်ာခဲ့ရတာ။ လက်တွေ့ကျတော့သုံးနှစ်ကျော်လောက်မှာ စိန်ခေါ်မှုတွေမြောက်မြားစွာ လက်တွေ့ဘဝနဲ့ စိတ်ကူးမှုက အံ့ဝင်ခွင်ကျ ဘယ်တော့ မှတော့မဖြစ်နိုင်ဘူး။

►သူချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေး လမ်းစဉ်တို့ဟာ လမ်းမှန် ပေါ်ရောက်နေပြီလား။

ဗိုလ်ချုပ်မှူးကြီး စိတ်ကူးခဲ့တဲ့ဟာတွေက လက်တွေ့အကောင်ထည်ဖော်တဲ့ နေရာမှာ တို့တစ်တွေက အခုလွှတ်တော်ထဲမှာ နိုင်ငံတော် အုပ်ချုပ်ရေး ကိစ္စတွေမှာ အဆင်ပြေတာတွေလည်း ရှိတယ်။ အဆင်မပြေတာတွေလည်း ရှိတယ်။ ထပ်ပြီး ပြုပြင်သွားရမှာတွေလည်း ရှိတယ်။ အဲဒီတော့ ဒီမိုကရေစီ တံခါးဝတော့ ရောက်ပြီ။ ဆက်လမ်းလျှောက်ရမှာကြီးက အဝေးကြီးရှိသေးတယ်။ ဒီမိုကရေစီကို တစ်ရက် တစ်မနက် အချိန်ကာလသတ်မှတ်ပြီး တည်ဆောက်လို့ရတာ မဟုတ်ဘူး။ ပို့တဲ့သူက ပို့ထားတယ်။သူပို့တာက သူ့စိတ်ကူးနဲ့ ပို့ထားတာ။ လက်တွေ့ ဘယ်လောက်မှန်တယ် မမှန်ဘူး ကိုယ်က ဆက်လမ်းလျှောက်ရမှာ။ သူက အနားယူသွားပြီလေ။

►၁၉၉၂ခုနှစ်ကနေ ၂ဝ၁၁ခုနှစ် ကာလအထိ နိုင်ငံတော် အကြီးအကဲတစ်ဦး အနေနဲ့ ဗိုလ်ချုပ်မှူးကြီးဟာ တာဝန်ယူ သွားပေမယ့် တိုင်းပြည်ကို တစ်ကြိမ် တစ်ခါမျှ မိန့်ခွန်း ပြောမသွားခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။

သူတိုက်ရိုက် မပြောတာဘဲရှိတယ်။ ဆည်ဖွင့်ပွဲတွေ၊ တံတားဖွင့်ပွဲတွေ သူသွား နေတယ်။ နယ်မြေအနှံ့လည်း သူသွားနေတာပဲ။ အဲဒီ မက်ဆေ့ခ်ျတွေကို သူပေးနေ တယ်။ လူထုနဲ့ထိတွေ့တယ်။ ပြောတယ်၊ ဆိုတယ်၊ နားထောင်တယ်။ သူပြောခဲ့ ဆိုခဲ့ တာကိုကိုယ်တို့လို အထောက်အကူပြု ဝန်ထမ်းတွေက ပုံဖော်ခဲ့တယ်။ အဲဒီ ပုံဖော်ကြည့်တဲ့ အရဆို ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည်ကို မချစ်တာမဟုတ်ဘူး။ သိပ်ချစ် ခဲ့တာ။ သူ မက်ဆေ့ခ်ျတော့ တော်တော်ပေးတယ်။ အခမ်းအနားတွေမှာလည်း ပြောပါတယ်။ သူပါးစပ်နဲ့ တိုက်ရိုက်မပြောတာဘဲ ရှိတယ်။ ပေါ်ပြူလာပေါ်လက်တစ် လူကြိုက်များတာ သူက မကြိုက်ဘူး။ ပေါ်ပြူလာ မဖြစ်ချင်ဘူး။ အကဲခတ်လို့ရ တယ်။

►ယခုချိန်ထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ တိုင်းပြည်အတွက် စိုးရိမ်ပူပန်တယ်လို့ တချို့က ပြောကြပါတယ်။ ဘာကို စိုးရိမ်တာလို့ ထင်ပါသလဲ။

လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကြည့်ရင် သူထုထားတဲ့ ပန်းပုရုပ်ကို စိုးရိမ်မှုတွေ နဲ့ရော၊ ကြည်နူးမှုတွေနဲ့လည်း ကြည့်နေမှာပဲ။ သူ့ကို မကြည့်ပါနဲ့။ ခင်ဗျားနဲ့ မဆိုင် ဘူးလို့ ပြော လို့ မရဘူး။ ပုထုဇဉ် သဘောအရ သူကြည့်နေမှာပဲလို့ ရိုးရိုးသားသား မြင်မိပါတယ်။

From: Popular Myanmar News

www.mmdailystar.com

အကြမ်းဖက် ခေါင်းဆောင်တစ်ဦးကို ဇီဝိန်ခြွေခြင်း



မတ်အက်ဘ်ဒီဂိုဒါနဲ သေဆုံးသွားပြီ ဖြစ်ကြောင်း အိမ်ဖြူက စက်တင်ဘာလ အစောပိုင်းတွင် ထုတ်ပြန် ခဲ့သည်။ ဂိုဒါနဲသည် ကဗျာ အရေး ကောင်းသူတစ်ဦး ဖြစ်သည်။ အဟောအပြော ကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ သူအထူးအချွန် ဆုံးမှာ လူသတ်ခြင်း ဖြစ်သည်။ ဂိုဒါနဲမှာ နှယ်နှယ်ရရ လူတစ်ဦး မဟုတ်။ အယ်လ်ခိုင်ဒါနှင့် ပတ်သက်မှုရှိသော အစ္စလာမ် အစွန်းရောက် အယ်လ်-ရှာဘတ် သူပုန် အဖွဲ့ကို ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦး ဖြစ်သည်။

ဆိုမာလီယာနိုင်ငံ မြို့တော် တောင်ဘက်ရှိ သူပုန်စခန်း တစ်ခုကို အမေရိကန်က လေကြောင်းမှ ထိုးစစ်ဆင်မှုကြောင့် ဂိုဒါနဲ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဂိုဒါနဲမှာ တန်ကြေး ကြီးမားသူတစ်ဦး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒေါ်လာ (၇) သန်း ဆုကြေး ထုတ်ခံထားရသူ တစ်ဦး ဖြစ်သည်။ ဂိုဒါနဲ၏ ထူးချွန်မှု မှတ်တမ်းကို ကြည့်ပါလေ။ အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၂၀၀၈ ခုနှစ်တွင် သူ့ရှေ့က ခေါင်းဆောင် အာဒန်ဟာရှီ အိုင်ရို သေဆုံးခဲ့ ပြီးနောက် အယ်လ်-ရှာဘတ် သူပုန်အဖွဲ့၏ တပ်မှူးကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။ ဆိုမာလီယာ နိုင်ငံတွင်း အကြမ်းဖက်မှုမျိုးစုံ ပြုလုပ်ခဲ့ သောကြောင့် တရားရုံးတစ်ရုံ၏ ၂၀၀၈ ခုနှစ်တွင် မျက်ကွယ်၌ သေဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။ ပညာလည်း စုံလှသူ ဖြစ်သည်။ ဆူဒန်နှင့် ပါကစ္စတန် တို့တွင် တိုက်ခိုက်ရေး ပညာများ သင်ယူခဲ့သည်။ အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ အမည်လွှဲ တစ်ခုမှာ မူခ်တာ အဘူ ဇူဘေယာ ဖြစ်သည်။

ဂိုဒါနဲ သေဆုံးခြင်းသည် အယ်လ်-ရှာဘတ် အတွက် စိတ်ပိုင်းနှင့် တိုက်ခိုက်ရေးပိုင်းအရ ဆုံးရှုံးမှုကြီးသာ ဖြစ်ကြောင်း ပင်တဂွန်၏ ပြောခွင့်ရှိ သူ ဗိုလ်ချုပ် ဂျွန်ကာရ်ဘီက ပြောဆိုခဲ့သည်။ အယ်လ်-ရှာဘတ် အတွက် စိတ်ဓာတ်ပိုင်း ဆုံးရှုံးမှုက တိုက်ခိုက်ရေးပိုင်း ဆုံးရှုံးမှုထက် ပိုမည် ထင်သည်။ အကြမ်းဖက် အဖွဲ့အစည်းများ ခေါင်းဆောင် များအား လေကြောင်းမှ ထိုးစစ်ဆင်ခြင်းနှင့် အထူး တပ်ဖွဲ့ဝင်များ စေလွှတ်ပြီး သတ်ဖြတ်စေခြင်းသည် အိုဘားမား အစိုးရ အဖွဲ့၏ ခြေပေါ့သော၊ ကြည်းတပ် အင်အား အနည်းဆုံး အသုံးပြုရသော အကြမ်းဖက် နှိမ်နင်းရေး မဟာဗျူဟာ၏ ဗဟိုချက်တွင်ရှိ နေသည်။ ဒေသဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းခြင်း၊ ခိုင်မာသော ထောက်လှမ်းရေး စနစ်ထား ရှိခြင်းနှင့် မြေပြင် စစ်ဆင်ရေး လုံးဝ မပါဝင်ခြင်းသည် အိုဘားမား အစိုးရ အဖွဲ့၏ အဓိက ကျသော မဟာဗျူဟာ ဖြစ်ကြောင်း လုံခြုံရေး လေ့လာသူ စတီဖနီဂက် စကဲလ်က ပြောဆိုခဲ့သည်။ အကြမ်းဖက်အဖွဲ့ တစ်ခုခု၏ ခေါင်းဆောင်ပိုင်းကို ရှင်းလင်းပစ်ခြင်းကြောင့် အဖွဲ့၏ တိုက်ခိုက်နိုင် စွမ်းရည် ကျဆင်းသွားမည်နှင့် နောက်ဆုံးတွင် အဖွဲ့ ပြိုကွဲ သွားမည်ဟု ယူဆ သောကြောင့် လုပ်ကြံ သတ်ဖြတ်မှု များကို ပြုလုပ်နေခြင်း ဖြစ်သည်။ ယင်းအယူအဆ မှန်သည် မှားသည်ကို မသိနိုင်သေး သော်လည်း ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရသည့် အကြမ်းဖက် အဖွဲ့များ၏ သမိုင်းကို ပြန်ကြည့်လျင်တော့ ယင်းအယူအဆနှင့် ပတ်သက်ပြီး သံသယ ၀င်စရာများရှိ လာခဲ့သည်။

စစ်သွေးကြွ အဖွဲ့တစ်ခုခု၏ ခေါင်းဆောင်ကို ဖမ်းမိခြင်း သို့မဟုတ် သတ်ဖြတ်နိုင်ခြင်း တို့ကြောင့် ယင်းအဖွဲ့ အားနည်းသွား စေခဲ့ကြောင်း ဥပမာ ပေးစရာများ ရှိနေပါသည်။ ၁၉၉၉ ခုနှစ်တွင် ခေါင်းဆောင် အဗ္ဗဒူလာ အိုကာလန် သေဆုံးခဲ့ ပြီးနောက် ကာဒစ္စတန် အလုပ်သမားများ ပါတီအမည်ရှိ အကြမ်းဖက် အဖွဲ့၏ တူရကီ နိုင်ငံတွင်း အကြမ်းဖက်မှုများ အရှိန်လျော့ကျ သွားခဲ့သည်။ ဂျပန်ရှိ ရှင်ရီကျို ဂိုဏ်းနှင့် ပီရူးရှိ ရှိုင်းနင်းပါ့သ် သူပုန် အဖွဲ့များ ကိုကြည့်လျင်လည်း ခေါင်းဆောင် သေဆုံး ပြီးနောက် အင်အားလျော့ကျ သွားကြောင်း တွေ့ရမည် ဖြစ်သည်။ အခြားတစ်ဖက်က ကြည့်လျင်လည်း အစ္စရေးသည် ဟာ့မာ့စ် ခေါင်းဆောင်များကို နှစ်ပေါင်းများစွာ ကြာအောင် လုပ်ကြံ သတ်ဖြတ်ခဲ့ သော်လည်း ပါလက်စတိုင်းရှိ စစ်သွေးကြွ အဖွဲ့မှာ ပြိုကွဲ သွားမည့် အစား အင်အားပင် ပိုကောင်းလာခဲ့ သည်။ မက္ကစီကိုရှိ မူးယစ်ခေါင်းဆောင် တစ်ဦး သေဆုံး ပြီးနောက် ခေါင်းဆောင် အဖြစ် ဆက်ခံခွင့် ရရှိရေး ယှဉ်ပြိုင်မှု များကြောင့် အကြမ်းဖက်မှုများပင် ပိုမိုများပြားလာခဲ့သည်။

အကြမ်းဖက် အဖွဲ့ခေါင်းဆောင် တစ်ဦးကို ရှင်းလင်းနိုင် ပြီးနောက် ယင်း အကြမ်းဖက် အဖွဲ့ပြိုကွဲ သွားသည် မသွားသည်နှင့် ပတ်သက်သော အချက်များမှာ ထွေပြား လှသည်။ ဥပမာပေး ရလျင် ၁၉၄၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ကြား ပစ်မှတ်ထားခံခဲ့ ရသည့် အကြမ်းဖက် ခေါင်းဆောင် (၂၉၈) ဦးနှင့် ပတ်သက်ပြီး ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ဂျန်နာ ဂျော်ဒန်က လေ့လာသမှု ပြုလုပ်ခဲ့သည်။ ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရသော အကြမ်းဖက် အဖွဲ့ များသည် အခြား အကြောင်းကြောင့် ပြိုကွဲသွားသည့် အကြမ်းဖက် အဖွဲ့များထက် သက်တမ်းပိုရှည်လေ့ ရှိကြောင်း မစ္စဂျော်ဒန်က လေ့လာတွေ့ရှိ ခဲ့သည်။

လေ့လာမှု ကွဲပြားခြင်းကြောင့် ရလဒ်များလည်း ကွဲပြားတတ် ပါသည်။ အမေရိကန်ရှိ RAND ကော်ပိုရေးရှင်းမှ ပညာရှင် ပက်ထရစ် ဂျွန်ဆင် သည် ၁၉၇၅ ခုနှစ် မှ ၂၀၀၃ ခုနှစ် အတွင်း ပုန်ကန်မှု (၉၀) ကျော်ကို လေ့လာခဲ့ ရာ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်ကို ရှင်းလင်းပစ်နိုင် ခြင်းကြောင့် အစိုးရများ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အောင်မြင်နိုင်ခြေ ပိုများလာပြီး အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်နိုင်စွမ်း ကိုလည်း လျော့ကျ သွားစေကြောင်း တွေ့ရှိခဲ့သည်။ အရှေ့မြောက်ပိုင်း တက္ကသိုလ်မှ မာ့စ်အဘရာဟမ်နှင့် မစ်ရှီဂန် တက္ကသိုလ်မှ ဖိလစ် ပေါ်တာတို့၏ လေ့လာချက်တွင် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်ကို ရှင်းလင်းပစ် မှုကြောင့် အရပ်သား သေဆုံးမှု ပိုများ လာကြောင်း ဖော်ပြထားသည်။ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် သေဆုံး ပြီးနောက် တွင် အကြမ်းဖက် အဖွဲ့ဝင် များသည် မဟာဗျူဟာ ကျကျ တိုက်ခိုက်မှုများကို မပြုလုပ်တော့ဘဲ အရပ်သား၊ စစ်သားမရွေး တိုက်ခိုက်မှုများ ပြုလုပ် လာလေ့ ရှိကြောင်း အဘရာဟမ်နှင့် ပေါ်တာတို့က ပြောဆိုခဲ့သည်။

ခေါင်းဆောင်ကို ရှင်းလင်းပစ်သည့် နည်းလမ်း ထိရောက်မှု ရှိသည် မရှိသည်မှာ အဖွဲ့၏ အနေအထား ပေါ်တွင်လည်း မူတည် သေးသည်။ အကြောင်းအရင်း တစ်ခုတည်းကြောင့် အကြမ်းဖက် အဖွဲ့တစ်ခု ပြိုကွဲသွားခြင်း မဟုတ်ဘဲ ခေါင်းဆောင် သေဆုံးခြင်း၊ အစိုးရများနှင့် စေ့စပ်ဆွေးနွေးခြင်း၊ အများ ပြည်သူ၏ ထောက်ခံမှု လျော့ကျ သွားခြင်းနှင့် အဖွဲ့ဝင်များကြား ဖိနှိပ်မှု ရှိလာခြင်း တို့ကိုလည်း ထည့်သွင်း တွက်ချက်ရမည် ဖြစ်ကြောင်း ဂျော့ဂ်ျ မေဆင် တက္ကသိုလ်မှ သြော်ဒရေကာ့သ် ခရိုနင်၏ ၂၀၀၈ ခုနှစ်ထုတ် အကြမ်း ဖက်ဝါဒ ဘယ်လို အဆုံးသတ်လဲ ဆိုသည့် စာအုပ်တွင် ဖော်ပြ ထားသည်။ ခေါင်းဆောင် သေဆုံးမှုကြောင့် ပြိုကွဲ သွားသည့် အဖွဲ့မျိုး ဆိုသည်မှာ အဆင့်ဆင့် ဖွဲ့စည်းပုံ ရှိပြီး သက်တမ်းလည်းနု၊ ပုဂ်္ဂိုလ်ရေး ကိုးကွယ်မှုလည်း ရှိကာ ခေါင်းဆောင် နေရာကို ဆက်ခံမည့်သူ ထင်ထင်ရှားရှား မရှိသည့် အဖွဲ့မျိုးသာ ဖြစ်ကြောင်း သူက ရေးသားခဲ့သည်။

ဒါဖြင့်လျင် အယ်လ်-ရှာဘတ် ဆိုသည်မှာ ဘယ်လို အဖွဲ့မျိုး ဖြစ်သည်ကို သိဖို့ လိုလာပါပြီ။ ဒေးဗစ်ဆင် ကောလိပ်မှ အယ်လ်-ရှာဘတ်ကို နှစ်ပေါင်း များစွာ ကြာအောင် လေ့လာခဲ့သည့် နိုင်ငံရေး သိပ္ပံ ပါမောက္ခ ကန်နက်မန် ခေါက်စ်က ဂိုဒါနဲသည် အယ်လ်-ရှာဘတ်၏ မူဝါဒများနှင့် မဟာ ဗျူဟာများကို အဓိက ဖော်ဆောင်သူ တစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဂိုဒါနဲ၏ သဘောတူညီမှု မရရှိဘဲ အခြား အဖွဲ့ဝင်များနှင့် ခေါင်းဆောင်ငယ် များသည် တိုက်ခိုက်မှုများကို မပြုလုပ်ရဲ ကြကြောင်း၊ အမိန့် မနာခံသည့် ခေါင်းဆောင်ငယ် များကို ဂိုဒါနဲ က ရှင်းလင်းပစ်လေ့ ရှိကြောင်း ပါမောက္ခ မန်ခေါက်စ်က ပြောသည်။ သို့သော် ၂၀၁၁ ခုနှစ်မှ စပြီး အာဖရိကသမဂ္ဂ ဦးဆောင်သော အဖွဲ့များ၏ ထိုးစစ်ဆင်မှုကြောင့် အယ်လ်-ရှာဘတ် အစည်းပြေ ခဲ့ပြီး ဆိုမာလီယာရှိ အဓိကကျသော မြို့များ ထွက်ခွာခဲ့ရသည်။ ဆိုမာလီယာ ကျေးလက်ရှိ အကြမ်းဖက် အဖွဲ့ဝင်များ သည် ဗဟိုဌာနချုပ်နှင့် ဝေးရာတွင် ထင်ရာဆိုင်း လုပ်ဆောင်နေခဲ့ရာ ဂိုဒါနဲ သေဆုံးမှုကြောင့် အဖွဲ့၏ အောက်ခြေအဆင့်တွင် အပြောင်းအလဲ ကြီးကြီးမားမားရှိ လာမည် မဟုတ်ချေ။

ပြောရလျင် အယ်လ်-ရှာဘတ်သည် ယခင်ကလည်း ခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်မှုများနှင့် ကြုံခဲ့ရပြီး ပြန်လည် ဦးမော့နိုင်ခဲ့သည် ချည်းသာ ဖြစ်ကြောင်း မန်ခေါက်စ်က ပြောသည်။ ၂၀၀၈ ခုနှစ်တွင် ခေါင်းဆောင် အာဒန်ဟာရှီ အိုင်ရို သေဆုံးခဲ့ ပြီးနောက် ဂိုဒါနဲက သူ့နေရာတွင် အစားထိုး ၀င်ရောက်ခဲ့ပြီး ဆိုမာလီယာတွင် တိုက်ခိုက်မှု ကြီးများကို ဆက်လက်ပြုလုပ် ခဲ့သည်။ ကင်ညာနိုင်ငံ နိုင်ရိုဘီ မြို့ရှိ လူ (၇၀) ဦးနီးပါး သေဆုံးခဲ့သည့် ၀က်စ် ဂိတ်ဈေးဝယ် စင်တာ တိုက်ခိုက်မှုကို ဥပမာ အဖြစ် ကြည့်နိုင်သည်။ အယ်လ်-ရှာဘတ်သည် ယခုအချိန်တွင် ဂိုနာဒဲ နေရာကို ဆက်ခံမည့် သူအား ရွေးချယ် ထားပြီး ဖြစ်ကာ ပညာရေး နှင့် ကျန်းမာရေး အဆောက်အအုံ များကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေး ဌာနများက သတိပေး ထားသည်။

ယင်းအချက် များကြောင့် အယ်လ်-ရှာဘတ်သည် ခေါင်းဆောင် သေဆုံးမှုကြောင့် ပြိုလဲ သွားမည့် အဖွဲ့မဟုတ်ကြောင်း ထင်ရှားလာပြီ ဖြစ်သည်။ သို့သော် ဆိုမာလီယာ အစိုးရ၏ အယ်လ်-ရှာဘတ် အဖွဲ့ဝင်များ အဖွဲ့မှ နုတ်ထွက်ပြီး လက်နက်ချ ခဲ့လျင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထား သောကြောင့် ယင်းလွတ်ငြိမ်း ချမ်းသာခွင့်ကို လက်ခံမည် မခံမည်က အဖွဲ့ သက်ဆိုးရှည်မည် မရှည်ကို ဆုံးဖြတ်ပေးနိုင်ခြေ ရှိနေသည်။ မကြာသေးမီရက်များ အတွင်းမှာပင် အဖွဲ့ဝင် အတော်များများ အဖွဲ့ကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။ အယ်လ်-ရှာဘတ် ခေါင်းဆောင် ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံပြီး ဆိုမာလီယာ အစိုးရနှင့် အာဏာခွဲဝေ အုပ်ချုပ်မည်ဆိုပါက အမေရိကန်သည် အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် ဟောင်းများနှင့် ဆက်ဆံသမှုပြု ရဦးမည် ဖြစ်သည်။

ယခု အချိန်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံ များသည် IS အဖွဲ့ခေါင်းဆောင် အဘူ ဘေကာ အယ်လ်-ဘဂါဒါဟီကို ရှင်းလင်း နိုင်ရန်နှင့် အီရတ်ရှိ သူ့ အဖွဲ့ဝင်များကို သတ်ဖြတ်နိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင်များ အား ပစ်မှတ်ထား ရှင်းလင်းခြင်း သည် အပြစ်မဲ့ သူများ သေဆုံးခဲ့ရမှု အတွက် မြန်ဆန်မှုရှိပြီး မြေပြင် စစ်ဆင်ရေး မလိုအပ်သော လက်စားချေမှု တစ်ခု ဖြစ်နိုင်ပါသည်။ သို့သော် ယင်း နည်းလမ်း တစ်ခုတည်းကြောင့် IS နှင့် အခြား အကြမ်းဖက် အဖွဲ့များ အမြစ်ပြတ် ပျောက်ကွယ် သွားမည် မဟုတ်သည် ကိုတော့ သတိချပ်ရ ပါမည်။

Ref: To Kill a Terrorist:NR
From:OE

www.mmdailystar.com

ဗိုက်အငှားမိခင်


လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်က ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကား တစ်ကားကို မှတ်မှတ် ရရ ကြည့်ခဲ့ရ ဖူးပါသည်။ ထိုကား၏ အမည်မှာ “ဘရာဇီးလ် မှ ယောက်ျား ကလေးများ”” (The boys from Brazil) ဖြစ်၏။ ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်း ဂျာမနီ နိုင်ငံမှ အာဏာရှင် ဟစ်တလာ ရှုံးနိမ့်ခါနီးတွင် သူ၏ ဗိုလ်ချုပ်ကြီးများက ဟစ်တလာ မရှိသည့် တိုင်အောင် သူ၏ ကိုယ်ပွား မျိုးဆက် တည်တံ့ပြီး အာဏာပြန်ရရေး အတွက်၊ သူ၏ မျိုးစေ့ဗီဇ (သွေးသား) ကို မျိုးချစ်စိတ် ပြင်းထန်သော ဂျာမန်မများ၏ သားအိမ် အတွင်းသို့ ထည်းသွင်းကာ ဘရာဇီးလ် တောတွင်း တစ်နေရာ၌ ယောက်ျား ကလေးများ မွေးဖွားစေပြီး အခြား နိုင်ငံများသို့ ဖြန့်ချိ ထားသည့် ဇာတ်လမ်း ဖြစ်သည်။ ဤကဲ့သို့ သူတစ်ပါး၏ သား/သမီး မျိုးစေ့ကို မိမိ၏ သားအိမ် အတွင်း၌ လက်ခံပြီး ပဋိသန္ဓေ တည်စေကာ ကိုးလ လွယ်ပြီး မွေးဖွားပေးသူ အမျိုးသမီးများကို ဗိုက်ငှား မိခင်များ (Surrogate mothers) ဟု ခေါ်ဆိုကြပါသည်။

ယခု လောလောဆယ်တွင် ပြသဆဲ ဖြစ်သော ကိုရီးယားနိုင်ငံ KBS-World ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော “မိခင်နှစ်ဦး” (Two Mothers) ဇာတ်လမ်းတွဲမှာ ဗိုက်ငှား ကိုယ်ဝန် ဆောင်ပေးသူ အမျိုးသမီးက သူ၏ ဗိုက်အား ငှားသော လင်မယားအား ကလဲ့စား ချေသော ဇာတ်လမ်း ဖြစ်သည်။ အဆိုပါ လင်မယားတွင် ခင်ပွန်းဖြစ်သူမှာ တစ်ချိန်က သူ၏ ရည်းစား ကိုလူပွေ ဖြစ်ပြီး ဇနီးဖြစ်သူ မှာလည်း သူ၏ ငယ်သူငယ်ချင်း ဖြစ်ကာ သူ၏ အစ်ကိုနှင့် သမီး တစ်ယောက် တိတ်တိတ်ပုန်း မွေးဖွားခဲ့သူ ဖြစ်၏။ ဇနီးဖြစ်သူ၏ ငွေရှင် ကြေးရှင် မိဘများက သူတို့ကို ဇွတ်အင်အား သုံး၍ ခွဲရာ၌ အစ်ကို ဖြစ်သူမှာ နောက်မှ လိုက်ရာတွင် မော်တော်ဆိုင်ကယ် တိမ်းမှောက်ပြီး ကွယ်လွန် ခဲ့သော်လည်း ထိုမိဘများက လာရောက် ကြည့်ရှု တောင်းပန်ခြင်း မပြုသည့် အပြင် မြေကလေးအား လည်း လာရောက် စောင့်ရှောက်ခြင်း မရှိသဖြင့် အကြီးအကျယ် စိတ်နာခဲ့သည်။ ထိုဇာတ်လမ်းတွဲ မှာ ပြသဆဲ ဖြစ်သဖြင့် ဤစာရေးချိန် အထိ အဆုံး မသတ်သေးပါ။

ဗိုက်ငှား မိခင်များ၏ မူလ ဖြစ်ပေါ်မှုမှာ အထက်ပါ ဇာတ်လမ်းများ ကဲ့သို့ ရှုပ်ထွေး ပွေလီခြင်း မရှိသည် သာမက လူသားခြင်း စာနာမှုဖြင့် မွန်မြတ်သော လုပ်ရပ် ဖြစ်ပါသည်။ ဇနီးဖြစ်သူက သားသမီး ကိုယ်ဝန်ဆောင်ခြင်း မရှိသဖြင့် ခင်ပွန်းသည်က ဆရာဝန် အကူအညီယူ၍ ကျား၊ မ နှစ်ဦး၏ သန္ဓေမျိုးစေ့များကို ဓာတ်ခွဲခန်းတွင် ပေါင်းစပ် သန္ဓေတည်စေပြီး ဗိုက်ငှားမိခင်၏ သားအိမ် အတွင်းသို့ ထည့်ပေးခြင်း ဖြစ်သည်။ ဗိုက်ငှား မိခင်သည် ယင်းသန္ဓေကို မိမိ၏ သား၊သမီး လောင်းသဖွယ် ကိုးလ လုံးလုံး ကာကွယ် စောင့်ရှောက် ပေးခဲ့ပြီး အချိန်တန်၍ မွေးဖွားပြီးသည့် အခါ ကာယကံရှင် ဇနီးမောင်နှံသို့ မွေးစ ကလေးငယ်ကို ပေးအပ်ရသည်။ ဤကဲ့သို့ ဆောင်ရွက်ပေးမှု အတွက် ဗိုက်ငှားမိခင်ကို ငွေကြေး ထောက်ပံ့ပေးကြ လင့်ကစား ယင်းကိစ္စကို ငွေကြေးဖြင့် မတိုင်းတာအပ်ပေ။ အဆိုပါ ကိုယ်ဝန်ကို စောင့်ရှောက်ရသည့် တာဝန်နှင့် ဒုက္ခသည် ကြီးမားလွန်း လှသဖြင့် သားသမီး ရှိပြီးသော မိခင်တိုင်း နားလည် နိုင်ပါသည်။ ယခုကဲ့သို့ ဗိုက်ငှား ကိစ္စတွင်လည်း မိမိ၏ဗီဇ မဟုတ်သည့် တိုင်အောင် မိမိ၏ သားသမီးလောင်း သဖွယ် ဂရုစိုက်ကြရသည့် အပြင် သန္ဓေသားအား မိမိ၏ သွေးသားထဲမှ ဖဲ့၍ ကျွေးမွေး ကြရသည်သာ ဖြစ်၏။ ထိုသို့ မေတ္တာ စေတနာဖြင့် ကိုးလ ဒုက္ခခံခဲ့ရသော သန္ဓေသား မှာ ဗီဇမှ တစ်ပါး မိမိ၏ သွေးသားပင် ဖြစ်ရာ ကလေးကို ပေးအပ် ရသည့်အခါ အနည်းနှင့် အများ စိတ်ဆင်းရဲရှာ ကြမည်မှာ သေချာပါသည်။

သို့သော် ဤကဲ့သို့ မွန်မြတ်သော ကိစ္စမှာ နိုင်ငံ တစ်နိုင်ငံချင်း၏ ဥပဒေအရ တရားဝင် ကောင်းမှ ၀င်ပါမည်။ တရားဝင် ကိစ္စ ဖြစ်ပါကလည်း ဥပဒေ စည်းမျဉ်းများဖြင့် ကန့်သတ် ထားရှိသင့်ပြီး တင်းကျပ်စွာ ကြီးကြပ်ရန် လိုပါမည်။ သို့ရာတွင် ယခု တလော၌ ပြည်ပမှ လာရောက်သူ ပုဂ္ဂိုလ်အချို့ ထိုင်းနိုင်ငံ၏ သဘော ကောင်းမှုများကို အခွင့်ကောင်း ယူကာ အမြတ် ထုတ်သော ကိစ္စမျိုး လူသိရှင်ကြား ပေါ်ပေါက်လာသဖြင့် ဖတ်ရှု နားထောင်ရသူများ အဖို့ အံ့သြ ကုန်ကြသည် သာမက ထိတ်လန့်တကြား ဖြစ်ကုန်ကြပါသည်။

ပထမ သတင်းတစ်ပုဒ်မှာ သြစတြေးလျ နိုင်ငံ အနောက်ပိုင်း နယ်တစ်နယ်မှ ဒေးဗစ်ဖာနယ် (David Farmell) ဆိုသူ၏ လုပ်ရပ် ဖြစ်၏။ သူအသက် ငါးဆယ်ကျော်ချိန် တွင် သူတို့ ဇနီးမောင်နှံ သည် နောက်ထပ် ကလေး လိုချင်ကြပြန်၏။ ထို့ကြောင့် ဗိုက်ငှားမည်သူ လိုက်ရှာရာ၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ အရှေ့တောင်ဘက် ပတ္တရား ပင်လယ် ကမ်းခြေ မရောက်မီ စီရာချ (Si Racha) အရပ်မှ အသက် (၂၀) အရွယ် ပတ်ထရာမွန် ဆိုသူ မုန့်သည် တစ်ဦးအား တွေ့ရှိခဲ့သည်။ ဤသို့ဖြင့် ဗိုက်ငှားကိစ္စ ဆောင်ရွက်ကြရာတွင် ဗိုက်ငှားမိခင်မှာ သန္ဓေသား တစ်ဦး သာမက အမြွှာပူးကို ကိုယ်ဝန်ဆောင် နေရကြောင်း သိရှိကြရသည်။ အမြွှာပူးမှာ သားယောက်ျား နှင့် သမီး မိန်းကလေး ဖြစ်လျက် စစ်ဆေးသည့် အခါ သားယောက်ျားလေး မှာ ဦးနှောက် ကျပ်မပြည့် သည့် ရောဂါ (Down Syndrome) ရှိနေကြောင်း တွေ့ကြရသည်။ ဤရောဂါ ရှိပါက ကလေးငယ်၏ မျက်နှာမှာ သာမန် မဟုတ်တော့ဘဲ ရုပ်ပျက် ဆင်းပျက် ဖြစ်တတ်ပါသည်။ မမွေးဖွားမီ ပတ်ထရာမွန်အား ကိုယ်ဝန်ဖျက်ချရန် အကြံ ပေးကြသော်လည်း ဗုဒ္ဓဘာသာဝင် ပီပီ ဤကိစ္စမျိုးကို မကျူးလွန် လိုသဖြင့် သာမန်အတိုင်း မွေးဖွားခဲ့၏။ ဖာနယ်တို့ လင်မယားသည် ကလေးနှစ်ဦး အနက် ကျန်းမာသော မိန်းကလေးကိုသာ ယူပြီး တကျော့တည်း ပြန်သွားခဲ့ရာ ပတ်ထရာမွန် မှာ ကျပ်မပြည့်သော သားကလေးနှင့် ကျန်ရစ် ခဲ့ရရှာသည်။ ဤသို့ ကျပ်မပြည့်သည့် အပြင် ရုပ်ဆင်းမလှသော ကလေး ကို တစ်သက်တာလုံး ပြုစု စောင့်ရှောက် ရမည့် ကိစ္စမှာ ပတ်ထရာမွန်ကဲ့သို့ လူဆင်းရဲ အဖို့ လွန်စွာ ခက်ခဲလှသည် ဖြစ်ရာ ဤသတင်းကြားရသူ ထိုင်းလူမျိုးများက အလုံးအရင်း နှင့် ငွေကြေး ထောက်ပံ့ကြောင်း ကြားသိရသည် ဖြစ်ရာ သာဓု ခေါ်မိပါသည်။ တကယ်တော့ မူလ ဖခင်ဖြစ်သူ ဖာနယ်မှာ အစကတည်းက အပြစ်ကင်းသူ မဟုတ်ပါ။ သူ၏ သက်တမ်း တစ်လျှောက် ကလေးငယ်များကို လိင်ဆက်ဆံမှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ဖူးသူ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်များက အိမ်နီးချင်း ကလေးများ အပေါ် ကျူးလွန်ခဲ့သော အမှုများဖြင့် တရား ဥပဒေ၏ ပြစ်ဒဏ်ပေးခြင်း ခံရသူလည်း ဖြစ်သည်။ သူတို့၏ အမှုများမှာ ဟိုးလေး တကြော်ကြော် ဖြစ်ခဲ့ရာ စစ်တပ်မှာ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုသ် ပင်လျှင် မွန်မြတ်သော ကိုယ်ဝန် အငှားဆောင်မှုသည် စီးပွားဖြစ် လုပ်ငန်းများ၊ လောဘကြီးမှု၊ အမြတ်ထုတ်မှု စသည်တို့၏ ဒဏ်ကို ခံနေရကြောင်း သဘောပေါက်သွားရာ ဒုတိယ တင်ပြမည့် ဖြစ်စဉ်တွင် ပိုမို ထင်ရှားမည် ဖြစ်ပါသည်။

ဒုတိယ ဖြစ်စဉ်မှာ မစ်စုတိုကီ ရှီဂဲတ (Mitsutoki Shigeta) ဆိုသူ ဂျပန် လူထူး လူဆန်း မွှေနှောက် သွားသော အကြောင်း ဖြစ်သည်။ သြဂုတ်လ (၅) ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ သတင်းအရ ဘန်ကောက်မြို့ လက်ဖရောင် (Lad Phtrao) ရပ်ကွက်ရှိ ကွန်ဒိုမီနီယံ တိုက်ခန်းတစ်ခုကို ရုတ်တရက် ၀င်းရောက် စီးနင်းရာ ဗိုက်ငှား မိခင်များ မွေးဖွားပေးခဲ့သော ကလေးငယ် တစ်ဒါဇင်ခန့်ကို အထိန်း အမျိုးသမီးများ နှင့် အတူ တွေ့ကြရသည်။ ၎င်းကလေးငယ် များသည် ရှီဂဲတ နှင့် ပတ်သက် နေကြောင်း သတင်း ရရှိခဲ့ကြပြီး ဖြစ်၏။ ယင်းသို့ စီးနင်းရာ၌ ရှီဂဲတကို လက် ပူးလက်ကြပ် မမိလိုက်သော် လည်း ရှီဂဲတက မကြာမတင် မကာအို (Marcao) သို့ လေယာဉ်ပျံဖြင့် လစ်ထွက် သွားခဲ့သည်။ ယင်းနောက်ပိုင်း ရှီဂဲတ၏ အစအနကို ရှာမတွေ့ခဲ့ပါ။ မူလ သတင်းရသည်မှာ ရှီဂဲတသည် နှစ်စဉ်သူ၏ သွေးသားဖြင့် ကလေး တစ်ဒါဇင်ကျော် ကို ဗိုက်အငှားဖြင့် မွေးဖွားစေပြီး ထိုင်းနိုင်ငံမှ ခိုးထုတ်ရန် စီစဉ်ကြောင်း ဖြစ်သော်လည်း ဤကိစ္စ အတွက် အထောက် အထား မတွေ့ရသေးပါ။ သို့တစေ ရှီဂဲတ ဘာကြောင့် ဤသို့ လှုပ်ရှားရခြင်းကို သိလိုစိတ်ဖြင့် နောက်ယောင် ခံလိုက်လျက် ရှိပါသည်။

ရှီဂဲတ နှင့် ဆက်သွယ် ခဲ့ကြသော ဗိုက်အငှား ပွဲစားများက ရှီဂဲတ သည် ကလေးများ ရရှိအောင် တစိုက် မတ်မတ် လှုပ်ရှားနေသော လူထူး လူဆန်း ဖြစ်သည်ဟု ဆိုကြ၏။ မိမိ၏ ဗိုက်ဖြင့် အငှား ကိုယ်ဝန်ဆောင်သော ဗိုက်အငှား မိခင်များသည် ရှီဂဲတ၏ ကလေးများကို သားအိမ် အတွင်း၌ လွယ်ခြင်းအားဖြင့် အဖိုးအခ အဖြစ် ထိုင်းဘတ် သိန်းချီ (မြန်မာ ကျပ်သန်းချီ) ရကြ၏။ ရှီဂဲတ သည် စီးပွားရေးသမား ဖြစ်ဟန်တူပြီး လူတွေ့ခံလေ့ မရှိသော်လည်း လူယောင်ပြသည့် အခါတွင် ယဉ်ကျေးသော ပုံမှန် အမျိုးသားတစ်ဦး ဖြစ်သည်ဟု ပြောကြ၏။

အထက် ဖော်ပြပါ ကွန်ဒိုမီနီယံ တိုက်တွင် စီးနင်ခဲ့စဉ် က တွေ့ခဲ့ရသော ကလေးများ အနက် တစ်ဦး အတွက် ဗိုက်ငှားခဲ့သော အမျိုးသမီး တစ်ယောက်မှာ အသက် (၂၁) နှစ် ရှိပြီး ရှီဂဲတ က သူ့အား ဗိုက်ငှားမည် ဆိုပါက တစ်လလျှင် ဘတ်တစ်သောင်း ကိုးထောင် (မြန်မာငွေကျပ် ခြောက်သိန်းခန့်) ပေးမည်ဖြစ်ပြီး တစ်လုံး တစ်ခဲ ငွေအဖြစ် ဘတ်သုံးသိန်း (မြန်မာ ငွေကျပ် ကိုးသန်းခန့်) ပေးမည်ဟု ပြောကာ ငှားရမ်းခဲ့ကြောင်း၊ ကိုယ်ဝန် နှစ်လ ရှိချိန်တွင် ကိုယ်ဝန်ကို အသံလှိုင်း ဓာတ်ပုံ (Ultrasound) ရိုက်ရန် လာစဉ်က ခပ်ရိုးရိုးပင် တီရှပ်နှင့် ဘောင်းဘီတို ၀တ်ထားကြောင်း၊ သို့သော် သူ၏ နောက်ကြောင်းကို ပြောဆိုခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။ နောက် ကိုယ်ဝန် ခုနစ်လ ရချိန်တွင် ရှီဂဲတ ပေါက်ချလာပြီး ကလေး မွေးဖွားမည့် ဆေးခန်း နှင့် အစီအစဉ်များ ပြုလုပ်ကာ ဗိုက်ငှားမိခင်၏ ကျန်းမာရေးကို ပုံမှန် စစ်ဆေးရုံမှ တစ်ပါး စကား ပြောဆိုခြင်း မရှိခဲ့ပေ။ သို့သော် ကလေး မွေးဖွားရာတွင် ရှီဂဲတ သည် အတူရှိနေပြီး သူနှင့် ကလေးကို လတ်ပရောင် ကွန်ဒို ခေါ်လာခဲ့သည်။ ယင်းကွန်ဒို တွင် လေးရက်မျှ နေပြီး နောက်ပိုင်းတွင် ရှိဂဲတ နှင့် ကလေးများ ကို မတွေ့ရတော့ပေ။ ဤအရှုပ်တော်ပုံ တွင် ရဲအရာရှိဟောင်း တစ်ဦး ပါဝင်ခဲ့သော် လည်း ကွန်ဒို အခန်းကို ၀င်ရောက် စီးနင်းပြီးသည့် နောက်ပိုင်းတွင် ရှောင်ဖယ်ဖယ် လုပ်လျက်ရှိ၏။ သို့သော် သူ၏ လုပ်ဖော် ကိုင်ဖက် တစ်ဦး၏ နေအိမ် မိသားစု ဇယားတွင် ကလေးငယ် (၂၁) ဦးအား ထည့်သွင်း ထားခဲ့ရာ အားလုံး လိုလို ထိုင်းနိုင်ငံမှ ခေါ်ထုတ် သွားပြီးပုံ ရပါသည်။

ကောလာဟလ သတင်းတစ်ခု အရ ရှိဂဲတ ၏ ဖခင်မှာ ဂျပန်နိုင်ငံတွင် ကုဋေကြွယ် သူဌေးတစ်ဦး ဖြစ်ကြောင်း၊ ရှိဂဲတ ကိုယ်တိုင်လည်း ကမ္ဘောဒီးယား နိုင်ငံ၌ သွင်းကုန်၊ ထုတ်ကုန်၊ တိုက်တာ ရောင်းဝယ်သည့် ကုမ္ပဏီ ငါးခုတွင် ညွှန်ကြားရေးမှူး ရာထူး ယူထားကြောင်း သိရသည်။ ယခု ရက်ပိုင်းအတွင်း ရှိဂဲတသည် ဂျပန် နိုင်ငံသို့ ပြန်ရောက်ပြီး အစစ်ခံရန် အတွက် သူကိုယ်တိုင် ထိုင်းနိုင်ငံသို့ ပြန်မလာဘဲ သူ၏ ရှေ့နေမှ တစ်ဆင့် သူ၏ မျိုးရိုးဗီဇ (ဒီအင်အေ)(DNA) ကို ရဲတပ်ဖွဲ့သို့ ပေးပို့သော်လည်း ထိုင်း ရဲတပ်ဖွဲ့မှ လူကိုယ်တိုင် လာရောက် စစ်ဆေးခံ ပေးအပ်ရန် တောင်းဆို ထားပါသည်။

ဤကိစ္စများ နှင့် ပတ်သက်၍ လက်ရှိ စစ်အစိုးရက ဗိုက်ငှားသည့် စနစ်ကို ပြင်းပြင်း ထန်ထန် အရေးယူရန် ပြင်ဆင်လျက် ရှိရာ သြစတြေးလျ မှ လာရောက် ငှားရမ်းသော ကိုယ်ဝန်ဆောင်ဆဲ နှင့် မွေးဖွားပြီး ကလေး (၁၅၀) ခန့်ရှိသည်ဟူသော သတင်း ထွက်ပေါ်လာ၏။ သြတြေးလျ အာဏာပိုင်များ က ဤကလေးများ ကို သူ့နိုင်ငံသို့ ပြန်လည် ထုတ်ယူ ခွင့်မပြုပါက သူ့နိုင်ငံသား မိဘများ အခက် ကြုံမည့်အပြင် ထိုင်းနိုင်ငံရှိ ဗိုက်ငှား မိခင်တို့လည်း တိုးလိုး တန်းလန်းနှင့် ဒုက္ခရောက်ကြမည့် အရေး စိုးရိမ်ကြောင်း ပြောဆို လာသည်ဟု သိရ၏။ ယင်း ဗိုက်အငှား ပြဿနာသည် သာမန် လူသားချင်း စာနာသော လူမှုရေး ကူညီမှုထက် ဆေးခန်းများ၊ ပွဲစားများ တရားဝင် စာရွက် စာတမ်း ပြုစု ပေးသူများနှင့် အဂတိ လိုက်စားသော အစိုးရ ၀န်ထမ်းများ ပါဝင်သည့် စီးပွားရေး လုပ်ငန်းတစ်မျိုး အသွင် ပြောင်းလဲပြီ ဖြစ်ရာ အခြေအနေကို ထိန်းသိမ်း နိုင်ရန် အတွက် လက်ရှိ စစ်အစိုးရက ဥပဒေ တစ်ရပ် ပြဋ္ဌာန်းရန် ရေးဆွဲလျက် ရှိပါသည်။ ဤတွင် ထိုင်းနိုင်ငံရှိ ပညာတတ် အသိုင်းအ၀ိုင်းက လက်ရှိ ရေးဆွဲနေသော ဗိုက်ငှား ဥပဒေ (Surrogate) တွင် ယင်းကိစ္စနှင့် ပတ်သက်သော ဆေးခန်းများအား ပိတ်ပင်ပါက တရားမ၀င် မှောင်ခို လုပ်ငန်းအဖြစ် ဆက်လက် လုပ်ကိုင် နေကြမည်ကို စိုးရိမ်ကြောင်း ပြောဆို လာကြသည်။ အထူးသဖြင့် ဗိုက်ငှား မိခင်တို့ ရရှိမည့် အခွင့်အရေးများ ဆုံးရှုံးမည်။ ကျန်းမာရေး စောင့်ရှောက်မှုများ လစ်ဟင်း လာမည်ကို စိုးရိမ်ကြသဖြင့် အဖက်ဖက် မှ စဉ်းစားကာ သတိကြီးစွာထားပြီး ဥပဒေ ပြဋ္ဌာန်းရန် တိုက်တွန်းလျက် ရှိသည်။

စာရေးသူတို့၏ နိုင်ငံတွင် ဤသို့ ဗိုက်ငှား ကိစ္စကို ထင်ထင် ရှားရှားဖြစ်စေ ပုန်းလျှိုး ကွယ်လျှိုး ဖြစ်စေ၊ လုံးဝ မကြားရ ဖူးသော်လည်း ယင်းကိစ္စများ လုံးဝမရှိဟု တစ်ထစ်ချ မပြောနိုင်သေးပါ။ အထူးသဖြင့် နိုင်ငံ ပွင့်လင်းလာပြီး နိုင်ငံခြားသားများ အ၀င်အထွက် များလာသည့် အခါ ယင်း အကြံအစည်ဖြင့် လာသူများ ရှိနိုင်ပါသည်။ သို့ပါ၍ ကျန်းမာရေး ကဏ္ဍနှင့် လူမှုရေး ကဏ္ဍတို့တွင် တာဝန် ရှိသူများသည် ယခု ကတည်းက သတိ ၀ီရိယဖြင့် စောင့်ကြည့် သင့်ကြောင်း တင်ပြ အပ်ပါသည်။

From: ဒေါက်တာမြင့်သိန်း (Assumption University)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...