Tuesday, 7 October 2014

ယောက်ျားကနေမိန်းမဘဝပြောင်းထားတဲ့ချစ်သူကိုသက်ဖြတ် ချက်ပြုတ်စားပြီးနောက်ကိုယ်ကိုလည်ပင်းဓားနှင့်လှီးပြီး သတ်သေသွား

တနင်္လာ (အောက်တိုဘာ ၆) နေ့က လူစိတ်ဝင် စား အခံရဆုံး သတင်းတစ်ပုဒ် ရှိခဲ့ပါတယ်။
သြစတြေးလျ၊ ဘရစ်စဘိန်းမြို့မှာ စားဖိုမှုး တစ်ဦးက သူ့ချစ်သူ မိန်းကလေးကို သတ်ပြီး အလောင်းကို ဖြတ်တောက်ချက်ပြုတ်စားနေခဲ့ရာမှာ ရဲတွေလာဖမ်းတဲ့အချိန်မှာ ၎င်းကိုယ်ကို လည်ပင်းဓားနှင့်လှီးပြီး သတ်သေသွားတဲ့ ရွံစရာကောင်းလှတဲ့ အမှုပါ။

ကျူးလွန်သူ နာမည်က မားကပ်စ် ပီတာ ဗောက်၊ အသက် ၂၈ နှစ် ဖြစ်ပါတယ်။ စားဖိုမှုး တစ်ယောက်ဖြစ်ပါတယ်။ အသတ်ခံရသူအမည်က မာယမ် ပရာဆတ်ယို ဖြစ်ပါတယ်။ မာယမ် ပရာဆတ်ယိုက အင်ဒိုနီးရှားလူမျိုးဖြစ်ပြီး ယောက်ျားကနေ မိန်းမဘဝ ပြောင်းထား တဲ့ ပြည့်တန်ဆာ တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အပျော်စီးသင်္ဘောတစ်ခုပေါ်မှာ အလုပ်လုပ်ရင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာလို့ ဆိုကြပါတယ်။

ဗောက်က ပရာဆတ်ယိုကို ဘယ်အချိန်ကတည်းက သတ်ခဲ့တယ်ဆိုတာတော့ မသိရပါဘူး။ အပုပ်နံ့တွေ ထွက်နေခဲ့တာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များကတည်းကတိုင် ဖြစ်ပါတယ်။ အလောင်းရဲ့ ကိုယ်လက်အင်္ဂါ အစအနတွေကို အမှိုက်ပုံးထဲမှာ ရဲက တွေ့ရှိခဲ့ရပါတယ်။
ဗောက်ရဲ့ မီးဖိုချောင်ထဲမှာလည်း ခန္ဓာကိုယ် အပိုင်းအစတွေ ရှိနေပြီး ချက်စားနေတယ်လို့ ယုံကြည်ရပါတယ်။ ရဲက ဗောက်ရဲ့ တိုက်ခန်းကို စစ်ဆေးချိန်မှာ ဗောက်က သူ့လည်ပင်းသူ ဓားနှင့်လှီးပြီး ထွက်ပြေးခဲ့ကာ လမ်းဘေးတစ်နေရာမှာ သူ့အလောင်းကို တွေ့ခဲ့ရပါတယ်။
မျိုးမင်းသန့်  ဘာသာပြန်သည်။



From:MLN

www.mmdailystar.com

အထက်တန်းကျောင်းသားများကို ရွှေရောင် iPhone 6 များ အလကားပေးသတဲ့

တရုတ်ပြည်က Qian လို့အမည်ရတဲ့ အလှူရှင် သူဌေး တစ်ဦးဟာ သူလှူဒါန်းထားတဲ့ အထက်တန်းကျောင်း တစ်ခုက စာသင်ခန်းက ကျောင်းသား များကို ရွှေရောင် iPhone 6 များ အလကားပေးကြောင်း သိရ ပါတယ်။


သူဟာ၂၀၀၈ ခုနှစ်မှာတုန်းက sichuan နဲ့ ၂၀၁၀ မှာတန်းက Yushu ဒေသတို့မှာ မြေငလျင် ဖြစ်တော့ ကြီးမားသော လှူဒါန်းမုများ ပြုလုပ်ခဲ့ ပါတယ်။ ယင်းကဲ့သို့ လှူဒါန်းမှုများကြောင့် လူသိများလာပြီး ၂၀၁၂ ခုနှစ်တုန်းကလည်း ဆွေမျိုးတစ်ဦးရဲ့ မင်္ဂလာဆောင်မှာ စာအိတ်ထဲ အမေရိကန်ဒေါ်လာ ၂သိန်းခွဲကျော်ဖိုး ထည့်လို့ လက်ဖွဲ့ ပေးခဲ့ပါတယ်။ ယခု သူ့ရဲ့ iPhone 6 လှူဒါန်းမှုဟာလည်း လူသိများ သွားပြန်ပါတယ်။ တရုတ်ပြည်မှာ အောက်တိုဘာလ ၁၆ ရက်နေ့ကျော်မှာ iPhone 6 ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Qian ဟာ ဘယ်ကနေ မှန်းမသိ ရရှိထားပြီး တရုတ်စာ နဲ့ အမှတ်ရတောင် ရေးထိုးထားပါ သေးတယ်။

သူဟာ အလှူအဒါန်းမှာ လူတန်းပေါင်းစုံနဲ့ လူမျိုးပေါင်းစုံကို လှူဒါန်းပြီး ယခု ဈေးကြီး အိုင်ဖုန်း လှူဒါန်းမှုအတွက် အကြောင့် ကမ္ဘာက သိလာစေခဲ့ ပါတယ်။
.
From:ရိုးရာလေး

www.mmdailystar.com

ကလေးမရနိုင်အောင် သားအိမ်ဝအတွင်း အားလူးထည့်တားဆီးရာမှ အားလူးသီးအမြစ်တွယ်

ကိုလံဘီယာနိုင်ငံက အသက် ၂၂ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးက ၀မ်း ဗိုက်နာကျင်တဲ့ ဝေဒနာကြောင့် ဆေးရုံတက်အလျင်အမြန်စစ်ဆေးမှုခံယူ လိုက်ချိန်မှာ သူမရဲ့မိန်းမကိုယ် သားအိမ်ဝအတွင်းမှာ ကြီးမားတဲ့အားလူး သီးအမြစ်ပွားရှင်သန်ပေါက်ရောက်နေတာကို စစ်ဆေးတွေ့ရှိခဲ့ကာ အလျှင် အမြန် ဖြတ်ထုတ်ပစ်လိုက်ရတယ်လို့သိရပါတယ်။
အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး လူနာရှင်ရဲ့ ပြောပြချက်အရ သူမ ရဲ့မိခင်ဖြစ်သူက ကိုယ်ဝန်မရနိုင်အောင်နဲ့ သုတ်ပိုးသန္ဓေမအောင်နိုင်အောင် တားဆီးကာကွယ်တဲ့အနေနဲ့ဖြစ်ကြောင်းဆိုပါတယ်။
မိခင်ဖြစ်သူရဲ့ စကားကို လုံးဝတစ်ထစ်ချကြီးယုံကြည်ထားတဲ့ ယင်းအမျိုးသ မီးငယ်က အားလုံးကို သားအိမ်ဝအတွင်းမှာ နှစ်ပတ်ကျော်ကြာထည့်ထားပြီး နောက်မှာ အခုလိုမခံမရပ်နိုင်အောင် နာကျင်လာတာဖြစ်တဲ့အတွက် ဆေးရုံ တက်စစ်ဆေးပြီး ခွဲစိပ်မှုပြုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
နှစ်ပတ်ကျော်ကြာပြီး တဲ့နောက်မှာ အားလူးက အမြစ်၊ အတတ်တွေပွားလာ ကာ သားအိမ်အတွင်း အသားနံရံကို ကုတ်တွယ်နေကာ ညစ်ထားသလို ဖြစ် နေတာကြောင့် နာကျင်ရတာဖြစ်တယ်လို့ တာဝန်ခံခွဲစိပ်ဆရာဝန်က ရှင်းပြ ထားပါတယ်။
www.myanmarlatestnews.com

From: phothutaw

www.mmdailystar.com

နာမည်ကြီး အမျိုးသမီးများ၏ ၀တ်လစ်စားလစ် ဓာတ်ပုံများကို ဂူးဂဲလ် ပယ်ဖျက်

 အမည်မသိ ဟက်ကာ တစ်စုက နာမည်ကြီး အမျိုးသမီး အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ကို ခိုးယူပြီး အင်တာနက်ပေါ် တင်ခဲ့ရာ Google Search Engine ၏ အကူအညီဖြင့် အဆိုပါ ဓာတ်ပုံများ ကို လူအများက အလွယ်တကူ ကြည့်ရှု နိုင်ခဲ့သောကြောင့် ယင်း ဓာတ်ပုံများကို ပယ်ဖျက်ပေးရန် မင်းသမီးများ ၏ ရှေ့နေ များမှ တောင်းဆို လာသဖြင့် Google က နာရီပိုင်းအတွင်း အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟောလိဝုဒ် ဖျော်ဖြေရေး ရှေ့နေ Marty Singer က မင်းသမီးများ ၏ ဓာတ်ပုံများ ပေါက်ကြားမှု နှင့် ပတ်သက်၍ Google ကို ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်ရောက် စွက်ဖက်မှုဖြင့် တရားစွဲဆိုရန် စာရွက်စာတမ်း များပြသကာ ခြိမ်းခြောက် ခဲ့သည်။

Marty Singer ၏ စာရွက်စာတမ်း ထဲတွင် လူအများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို စွက်ဖက်ကာ ဓာတ်ပုံများ ခိုးယူသည့် တဏှာရူး များ၏ ရွံမုန်းစရာ ကောင်းသော လုပ်ရပ်များ က Google ပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ် နေသော်လည်း Google က ဓာတ်ပုံများကို ဖယ်ရှားရန် နှောင့်နှေး ခဲ့ရုံသာမက တာဝန် ကျေပွန်ခြင်း လည်း မရှိခဲ့ကြောင်း၊ Google က ဟက်ကာများ တရားမဝင် ခိုးယူထားသည့် အနုပညာရှင် များ၏ ဓာတ်ပုံ နှင့် ဗီဒီယိုများကို သိလျက်နှင့် နေရာ ပေးထား သောကြောင့် ပုံ အခိုးခံရသော အမျိုးသမီး သရုပ်ဆောင်များ နှင့် အဆိုတော်များက Google ကို တရား စွဲဆိုခြင်းများ ပြုလုပ် သွားရလိမ့်မည် ဖြစ်ကြောင်း Mirty Singer က ရေးသား ထားသည်။

မင်းသမီးများ ၏ေ ရှ့နေများက အင်တာနက် ပေါ်တွင် ပေါက်ကြား နေသော ဓာတ်ပုံများကို Google အနေဖြင့် ဖျက်ဆီးပေးရန် တောင်းဆိုချက် ကြောင့် Google က နာရီပိုင်း အတွင်း ဖျက်ပေး ခဲ့သည်။

Google က ၄င်းတို့၏ အပြောင်းအလဲမှာ နာရီပိုင်းအတွင်း ဖြစ်နိုင်ကြောင်း၊ အခြား အွန်လိုင်း ဝန်ဆောင်မှုများ ကဲ့သို့ Google ကလည်း ပရိသတ် များ၏ အကြောင်း ကြားခြင်းကို မှတ်တမ်းယူကာ အရေးယူ လုပ်ဆောင် ရကြောင်း ပြောပြသည်။

ဟက်ကာ များသည် ရာနှင့်ချီသော နာမည်ကြီး အမျိုးသမီး အနုပညာရှင် တို့၏ ကိုယ်ပိုင် အချိန်တွင် ရိုက်ကူး ထားသည့် ဓာတ်ပုံများ၊ ဝတ်လစ်စားလစ် ဓာတ်ပုံများ၊ အပျော်ရိုက်ကူး ထားသည့် ဓာတ်ပုံများကို ခိုးယူကာ 4Chan နှင့် အခြား ဝက်ဘ်ဆိုဒ် များပေါ်တွင် တင်ခဲ့သည်။

ထို့ပြင် အနုပညာရှင် တို့၏ ဓာတ်ပုံ အမြောက်အမြား ကို နှစ်သုတ်ခွဲ၍ အင်တာနက်ပေါ် တင်ခဲ့ပြီး ဖြစ်ကာ Harry Potter မင်းသမီး Emma Watson အပါအဝင် အခြား အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပါဝင်သည့် ဓာတ်ပုံတစ်စု ကိုလည်း ဆက်လက် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
PyiChitThar
From:

www.mmdailystar.com

သဘက်ခါ ကန်တော့မည့် မြန်မာယူ-၁၉ အုပ်စုမှ တက်ရန် ရုန်းကန်ရမည်

အာရှယူ-၁၉ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၉ အသင်းသည် အုပ်စုတွင်းပြိုင်ဘက် ထိုင်းအသင်းမှလွဲ၍ ကျန်နှစ်သင်း၏ ခြေစွမ်းကိုမသိရှိသည့်အတွက် အုပ်စုအဆင့်မှ ကျော်ဖြတ်ရန် ရုန်းကန်ရနိုင်ကြောင်း အသင်းလက်ထောက်နည်းပြ ဦးညီညီလတ်က ပြောသည်။

‘‘အုပ်စုတွင်း ပြိုင်ဘက်တွေ ထဲမှာ ထိုင်းအသင်းကလွဲပြီး ကျန် နှစ်သင်းရဲ့ ခြေစွမ်းကို မသိဘူး။ ထိုင်းကိုတော့ ပြိုင်ပွဲနှစ်ရပ်မှာ တွေ့ဆုံထားဖူးတဲ့အတွက် ခြေ စွမ်းကိုသိနေပြီ။ ယီမင်နဲ့ အီရန် ပွဲ စဉ်တွေကို မကြည့်ရတဲ့အတွက် သူတို့ခြေစွမ်းဘယ်လိုရှိတယ်ဆို တာကို မသိဘူး’’ ဟု ၎င်းက ပြော သည်။

မြန်မာယူ-၁၉ လက်ရွေး စင်အသင်းသည် အာရှပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ကြောင့် ခြေစစ်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ တိုက်ရိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့ သည့် အသင်းဖြစ်ပြီး အာရှအင် အားကြီးနိုင်ငံများ ပါဝင်လာသည့် အတွက် အုပ်စုအဆင့်မှ ကျော် ဖြတ်ရန်အတွက်သာ မျှော်မှန်း ထားကြောင်း နည်းပြချုပ်မစ္စတာ ဂတ်ကပြောသည်။

‘‘အာရှအဆင့် အသင်းကြီး တွေ ပါဝင်တဲ့ ပြိုင်ပွဲဖြစ်တဲ့အ တွက် အောင်မြင်မှုရရှိဖို့တော့ မျှော်လင့်လို့ မရဘူး။ အုပ်စုအဆင့်တက်ဖို့ကိုသာ အဓိကလုပ် ဆောင်သွားရမယ်။ အုပ်စုတွင်းပြိုင်ဘက်တွေရဲ့ ခြေစွမ်းထဲမှာ ထိုင်းကလွဲပြီး ကျန်နှစ်သင်းရဲ့ ခြေစွမ်းကို မသိဘူး’’ ဟု ၎င်းကပြောသည်။

အာရှယူ-၁၉ ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ ခြင်းဖြစ်ပြီး အုပ်စု(က)နှင့်(ခ)ပွဲစဉ်များကို ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(ဂ)နှင့် (ဃ)ကို နေပြည်တော်တွင် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် အကြို ဗိုလ်လုပွဲတက်ရောက်နိုင်သော အသင်းလေးသင်းမှာ ၂၀၁၅ နယူ ဇီလန်တွင် ကျင်းပပြုလုပ်မည့် ယူ -၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ် သည်။

From: 7Day Daily

www.mmdailystar.com

မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇ သတင်းထောက်ခြောက်ဦးကို သိန်းခြောက်ဆယ်ထောက်ပံ့

မြန်မာနိုင်ငံ၏ အချမ်း သာဆုံးစာရင်းဝင် ဦးတေဇထူ ထောင်ထားသည့် ထူးဖောင်ဒေး ရှင်းက သတင်းထောက်တစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီဖြင့် သတင်းထောက်ခြောက်ဦးကို ကျပ်သိန်းခြောက်ဆယ်ပေးခဲ့ကြောင်းသတင်းရရှိသည်။
၎င်းပိုင်ဆိုင်သည့်ဘဏ်တွင် သတင်းမီဒီယာသမားများအတွက်အမေရိကန်ဒေါ်လာတစ်သန်းအပ်နှံထားသည့် ငွေပမာဏအနက် သတင်းထောက်တစ်ဦးလျှင် ကျပ်ဆယ်သိန်းစီဖြင့် လွန်ခဲ့သော သုံးလခန့်က ကျပ်သိန်းခြောက် ဆယ်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ငွေလက်ခံသူအချို့ထံမှ သတင်း ရရှိသည်။

‘‘ကျွန်တော်တို့ကို နိုင်ငံခြား ကို သင်တန်းလွှတ်ဖို့ အင်္ဂလိပ်စာ အားနည်းလို့ Edu Links မှာ အင်္ဂ လိပ်စာသင်တန်းတက်ဖို့ပေးတာ ပါ။ အနှောင်အဖွဲ့တွေမရှိလို့လက် ခံလိုက်တာပါ။ အင်္ဂလိပ်စာအခြေ ခံမှာတောင် နှစ်ပိုင်းခွဲပြီးတက်ရပါ တယ်။ အဲဒီမှာ ငွေခြောက်သိန်း လောက်ကုန်ကျတယ်။ နောက် ထပ်တက်ရမယ့် သင်တန်းတွေကို လည်း သူတို့က ပိုက်ဆံထပ်ပေး ပြီးတက်ခိုင်းမယ်လို့ပြောပါတယ်’’ဟု ငွေကြေးလက်ခံထားသည့်သ တင်းထောက်တစ်ဦးကပြောသည်။

ယင်းနှင့်ပတ်သက်၍ The Myanmar Post News Journal မှ အယ်ဒီတာကိုသန်းထိုက်သူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လက်ခံကြသူများအား တိုက်ပိုင် အယ်ဒီတာများကို ၀န်ခံပြီးပြန် အပ်ကြရန်တိုက်တွန်းထားသည့်အပြင်ယင်းတိုက်မှ လက်ခံထားသူ သတင်းထောက်တစ်ဦးကိုလည်းအလုပ်မှ မထုတ်လိုဘဲ ထုတ်ပယ်လိုက်ရကြောင်း ရေးသားထားသည်။

‘‘ဦးတေဇရဲ့ အနာဂတ်မီဒီ ယာပလန်အတွက် ငွေကြေးပေး ပြီး လူမွေးတဲ့အထဲမှာကျွန်တော် တိုက်က ညီတစ်ယောက်လည်းပါ ၀င်ခဲ့ပါတယ်။သူကိုယ်တိုင်လည်း ငိုလို့ပါပဲ။စိတ်မကောင်းပေမယ့် သူ့ကိုလက်မှတ်ထိုးခိုင်းပြီးအလုပ် က ထွက်ခွာစေခဲ့ရတယ်’’ဟု၎င်း ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာပေါ်တွင်ရေးသားထားသည်။

မီဒီယာလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးခေါင်းစဉ်ဖြင့် ထူးဖောင် ဒေးရှင်းက အမေရိကန်ဒေါ်လာ တစ်သန်းထောက်ပံ့မည်ဟု ဦး တေဇက သတင်းမီဒီယာသမားအချို့ကိုပြောဆိုခဲ့ပြီးနောက် ၎င်းပိုင် ဆိုင်သည့် AGDဘဏ်တွင်အပ်နှံ ထားခဲ့ခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

‘‘သတင်းမီဒီယာလုပ်ငန်းကို Promoteလုပ်တဲ့သဘောနဲ့ နိုင်ငံ ခြားမှာ သင်တန်းတက်ဖို့ စီစဉ် ထားတာပါ။ ပညာသင်ပေးဖို့လုပ် နေတာပါ။ မီဒီယာကိုထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာတစ်သန်းစီ စဉ်ထားတာပါ’’ဟု ဦးတေဇ၏ အစ်ကိုဖြစ်သူ ထူးကုမ္ပဏီများအုပ် စုမှ ဒုတိယဥက္ကဋ္ဌဦးသီဟကသိန်း ခြောက်ဆယ်ကိစ္စနှင့်ပတ်သက် ပြီး ဖြေကြားခဲ့သည်။

‘‘အဓိကကတော့ သတင်း ပေါ်မှာ ဘာမှမရိုက်ခတ်တာအ ကောင်းဆုံးပဲ။ သင်တန်းပေးတာ ပြည်တွင်းအကူအညီရော၊ ပြည်ပ အကူအညီရော အမျိုးမျိုးရှိပေ မယ့် သူတို့က အပ်ပေးတယ်။ စ ကော်လားရှစ်ပေးတယ်၊ သွားတက်လိုက်ဆိုတာကတစ်မျိုး၊ သူတို့ကိုယ်တိုင်အပ်ပေးတာမဟုတ် ဘဲ ပိုက်ဆံပေးလိုက်တယ်။ ငွေကြေးလက်ခံလိုက်တယ်ဆိုတာ ကတော့ တစ်မျိုးဖြစ်နေတယ်။ သတင်းဂျာနယ်တိုက်ရဲ့ ပေါ်လစီက အပြောခံရမှာစိုးလို့ ဦးတေဇနဲ့မပတ်သက်ချင်တာတွေရှိမယ်။ အဲဒီလိုတွေတော့ရှိမှာပေါ့’’ဟု သတင်းသမားအဖြစ် နှစ်ပေါင်း ၃၅ နှစ်ကျော်ရပ်တည်ခဲ့သော Myanmar Timeမှအယ်ဒီတိုရီဒါ ရိုက်တာဦးသီဟစောကပြောသည်။

ဦးတေဇပိုင်ဆိုင်သော ထူး ဖောင်ဒေးရှင်းက သတင်းထောက် ခြောက်ဦး ငွေကြေးလက်ခံထားမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လက်ခံထားသူများနှင့် ဦးတေဇတို့ကို ဝေဖန်နေကြသည်။

From: 7Day Daily

www.mmdailystar.com

ရိုက်နှက်စစ်ဆေးခံရခြင်းကြောင့် မြန်မာလုပ်သားနှစ်ဦးပြစ်မှု မကျူးလွန်ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြား




လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံ ကော့စမွီထောင်တွင် အကျဉ်းကျနေသော မြန်မာလုပ်သားနှစ်ဦးနှင့် မြန်မာသံရုံးမှ အထူးကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၆ ရက်က တွေ့ဆုံနေစဉ် (ဓာတ်ပုံ − မင်းဦး)


ဗြိတိန်စုံတွဲအသတ်ခံရ မှုဖြင့် ဖမ်းဆီးခံရသော မြန်မာ လုပ်သားနှစ်ဦးက ထိုင်းရဲတပ် ဖွဲ့နှင့် စကားပြန်တို့၏ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြစ်မှုမကျူး လွန်ဘဲ ကျူးလွန်သည်ဟု ထွက် ဆိုရခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့ကို ပြောဆိုလိုက် ပြီး အမှုမှန်ပေါ်ပေါက်ရေး ကူညီ ပေးရန် မြန်မာအစိုးရအား ကာယ ကံရှင်နှစ်ဦးက တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၆ ရက်တွင် မြန်မာသံရုံးအထူးအဖွဲ့သည် ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦး ထား ရှိရာ ကော့စမွီထောင်သို့ သွား ရောက်၍ တွေ့ဆုံမေးမြန်းရာ ၎င်းတို့နှစ်ဦးက မြန်မာသံရုံးအ ထူးအဖွဲ့အား ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။‘‘သူတို့ အဲဒီညမှာ ဂစ်တာ တီးပြီး ဘီယာသောက်နေတယ်ဆို တာ ၀န်ခံပါတယ်။ အဲဒီအသတ်ခံ ရတဲ့ သူတွေနဲ့ ၂၅ ကိုက်လောက် မှာ ရှိနေတယ်လို့ ပြောတယ်။ သူ တို့ လုပ်ပါတယ်လို့ မပြောဘူး။ ထိုင်းရဲဘက်က မြန်မာစကားပြန် တစ်ယောက်က ရိုက်နှက်လို့၊ ရဲ တွေက ရိုက်နှက်လို့ ပြောလိုက် တာပါလို့ ပြောတယ်။ နောက် ပြီး နည်းပညာနဲ့ အမှုမှန်ကို ပေါ် ပေါက်အောင် လုပ်ပေးပါလို့ အ စိုးရကို အကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ သနားစရာပါ ပဲ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ တွေတွေ့တယ်။ ဒီနေ့တွေ့ရှိချက် တွေအားလုံးကို မြန်မာအစိုးရဆီကို ချက်ချင်းအကြောင်းကြား ထားပါတယ်’’ ဟု ဖမ်းဆီးခံ မြန် မာလုပ်သားနှစ်ဦးအား စစ်ဆေး မေးမြန်းရန် စေလွှတ်လိုက်သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။

ထိုင်းရဲတပ်ဖွဲ့သည် ပြစ်မှု ကျူးလွန်သည်ဟု ၀န်ခံထားသော သူနှစ်ဦးကို ကော့စမွီထောင်တွင် ထားရှိပြီး ပြစ်မှုကျူးလွန်သည်ဟု ၀န်ခံခြင်းမရှိသည့် မြန်မာလုပ် သားတစ်ဦးကို တည်းခိုခန်းတစ်ခု တွင် ထားရှိကြောင်း ရှေ့နေဦး အောင်မျိုးသန့်က ဆက်လက်ပြောသည်။

သို့သော် မြန်မာ့သံရုံးအထူးအဖွဲ့ သည် တည်းခိုခန်းတွင် ထားရှိ သော မြန်မာလုပ်သားတစ်ဦးနှင့်
တွေ့ခွင့်ရရန် ထိုင်းအာဏာပိုင် များအား တောင်းဆိုရာ ထိုင်းအာ ဏာပိုင်များက တရားလိုပြသက် သေပြရန်အတွက် ထားရှိသော သူဖြစ်သောကြောင့် တွေ့ခွင့်မ ပေးကြောင်း သတင်းရရှိသည်။

ထို့အတူ မြန်မာသံရုံးအထူး အဖွဲ့သည် အမှုတွဲတစ် ခုလုံးအား စစ်ဆေးရန် တောင်းဆိုရာ တရားခွင်တင်သွင်းခြင်း မရှိသေး၍ ထိုင်းအာဏာပိုင်များက စစ်ဆေးခွင့်မပြုကြောင်း
ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

တရားခံဟု စွပ်စွဲခံထားရ သော မြန်မာလုပ်သားနှစ်ဦးက အမှုမှန်ပေါ်ပေါက်ပေးရန် မြန်မာ အစိုးရအား အကူအညီ တောင်း လိုက်ခြင်းကြောင့် မြန်မာအစိုးရ ပိုင်းက မည်သို့ လုပ်ဆောင်သွား မည်ကို သိရှိရန် နိုင်ငံတော်သမ္မတ ရုံးသို့ အောက်တိုဘာ ၆ ရက်ညနေပိုင်းက ဆက်သွယ်မေးမြန်းရာ ဖြေကြားမှု မရရှိခဲ့ပေ။

‘‘ဟိုကလေးတစ်ယောက်နဲ့ လည်း တွေ့ခွင့်တောင်းတာ ခွင့် မပြုဘူး။ သူက သက်သေပြဖို့ ထားရှိတာလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မပြန်ပါဘူး။ အဲ ဒီကလေးနဲ့ တွေ့ခွင့်ရမှ ဖြစ်မှာ ပါ။ မြန်မာအစိုးရဘက်ကိုလည်း တွေ့ခွင့်ရအောင် ပြုလုပ်ဖို့အ တွက် အကြောင်းကြားထားပါ တယ်’’ ဟု ဖမ်းဆီးခံ မြန်မာလုပ် သားသုံးဦး သွားရောက်မေးမြန်း စစ်ဆေးရာတွင် ပါဝင်သည့် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) အမှုဆောင်ဒါရိုက် တာ ဦးကျော်သောင်းက ပြော သည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားများအား တရားခံဟု စွပ်စွဲလိုက်ခြင်းကြောင့် ထိုင်းပြည်သူများနှင့် မီဒီယာများက ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထိုင်းအခြေစိုက် Cross Cultural (NGO) အဖွဲ့အစည်းတစ်ခုကလည်း မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦးအား တ ရားခံဟု ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ အမှုပြန်လည်စစ် ဆေးရန် ထိုင်းရဲတပ်ဖွဲ့ထံ တောင်း ဆိုထားသည်။

ဗြိတိန်စုံတွဲ အသတ်ခံရမှု နှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က မြန်မာလုပ်သားသုံးဦးကို အောက် တိုဘာ ၁ ရက်တွင် ဖမ်းဆီးခဲ့ သည်။ ဖမ်းဆီးခံရသည့် မြန်မာ လုပ်သား သုံးဦးအနက် နှစ်ဦး သည် လူသတ်တရားခံများဖြစ် သည်ဟု ထိုင်းရဲတပ်ဖွဲ့ထံ အောက်တိုဘာ ၂ ရက်တွင် ၀န်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ၀န်ခံခဲ့သော မြန်မာလုပ် သားနှစ်ဦးသည် ဗြိတိန်စုံတွဲအ သတ်ခံရမှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး နောက်တစ်နေ့ဖြစ်သော စက် တင်ဘာ ၁၆ ရက်တွင် ဖမ်းဆီး၍ စစ်ဆေးမေးမြန်းခဲ့ပြီး တရားခံများ မဟုတ်ဟုဆိုကာ ထိုနေ့၌ပင် ပြန် လွှတ်ပေးခဲ့သောသူနှစ်ဦးပင် ဖြစ် သည်။

အခင်းဖြစ်ပွားရာ ခိုတောင် ကျွန်းတွင် Full Moon (လပြည့် ည) ပွဲတော် ပြုလုပ်လေ့ရှိရာ ထို ည၌ ဗြိတိန်စုံတွဲ အသတ်ခံရ ပြီး ကျွန်းတာဝန်ရှိသူများက ပွဲ တော်ပြုလုပ်လေ့ရှိသည့် နေရာ သို့ ရွှေ့ပြောင်းမြန်မာလုပ်သား များ လာရောက်ခွင့်မရှိကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆို သည်။

ထိုင်းနိုင်ငံသို့ လာရောက် လည်ပတ်သော အသက် (၂၄) နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဒေး ဗစ်မီလာနှင့် အသက် (၂၃) နှစ် အရွယ် ဟန်နာယီသာရစ်ခ်ျတို့ သည် စက်တင်ဘာ ၁၄ ရက် ညဥ့် သန်းခေါင်တွင် ထိုင်းနိုင်ငံတောင် ပိုင်း၊ ဆူရတ်ဌာနီခရိုင်၊ ခိုတောင် ကျွန်း (လိပ်ကျွန်း) ၌ အသတ်ခံခဲ့ ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ၎င်းတို့၏ အလောင်း များတွေ့ခဲ့ခြင်းဖြစ်သည်။
From: 7day


www.mmdailystar.com

ငြိမ်းချမ်းရေးယူချင်သောအရာရှိအား တပ်ကြပ်ကြီးဖြစ်သူမှ သေနတ်ဖြင့် ပစ်သတ်မူ ကေအိုင်အေ တွင်ဖြစ်ပွား


ကေအိုင်အေတပ်ရင်း (၂၈) ဘွမ်မရွန်းမှ ဒုတိယဗိုလ်အဆင့်ရှိ ကလောင်းယိန်းဇုံး နှင့် တပ်ကြပ်ကြီးအဆင့်ရှိ
ရှန်းတိန်းနော်ဆန်း တို့  (၂) ဦးသည် ကေအိုင်အေတပ်ရင်း (၂၈) ရိပ်သာ တွင် အရက်အတူတကွ သောက်စားခဲ့ရာမှစကားများပြီး တပ်ကြပ်ကြီးမှ အထက်အရာရှိအား ပစ္စတိုဖြင့် ပစ်သတ်ခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာအရက်သောက်စားရာမှ ခေါင်းဆောင်ပိုင်းတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အစိုးရ နှင့် ငြိမ်းချမ်း
ရေး ယူသင့်သည်၊ မယူသင့်သည်ကို အချင်းချင်းပြောဆိုခဲ့ကြပါသည်။

ထိုသို့ ပြောဆိုရာမှာ အရာရှိဖြစ်သူမှ " တိုက်ပွဲများဖြစ်ပွားမနေသင့်ဘဲ မိမိသာ လူကြီးနေရာတွင်ရောက်ရှိနေလျှင် ဒီလိုအဓိပ္ပာယ် မရှိတဲ့တိုက်ပွဲတွေ တိုက်မနေဘဲ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေသော ငြိမ်းချမ်းရေးသာ ရယူမည်ဖြစ်ကြောင်း"ပြောဆိုခဲ့ပါသည်။

ထိုသို့ ပြောဆိုမူအပေါ် တပ်ကြပ်ကြီးအဆင့်ရှိသူ ရှန်းတိန်းနော်ဆန်း မှ ကျေနပ်လက်ခံခြင်းမရှိဘဲ မိမိ အထက်အရာရှိဖြစ်သူ ကလောင်းယိန်းဇုံး အား "ဘယ်သူသေသေမသေသေ ဂရုစိုက်စရာမလိုဘူး မင်းလိုကောင်တွေရှိနေတာငါတို့ လူမျိုး သိက္ခာကျတယ်" ဟုပြောဆိုပြီး အမ်(၂၀)ပစ္စတိုဖြင့် တလောင်းယိန်းဇုံးအား ပစ္စတိုဖြင့် ပစ်သတ်ခဲ့သည်ဟုသိရှိရသည်။


ကေအိုင်အေတပ်ဖွဲ့ ဝင်များသည် အရာက်သေစာသောက်စားမူးယစ်ပြီး အချင်းချင်းပစ်ခတ်သည့်ဖြစ်စဉ်များ
မကြာခဏ ဖြစ်ပွားလျက်ရှိပြီး အချင်းချင်းစည်းလုံးညီညွတ်မှု၊အထက်အောက်လေးစားမူ မရှိခြင်းတို့ ကြောင့် ကေအိုင်အေခေါင်းဆောင်ပိုင်းအုပ်ချုပ်မူဖြစ်စဉ်များ အများအပြားဖြေရှင်းနေရသည်။ ထို့ အပြင့် အပြင် အထက်လူကြီးပိုင်းများသာ ကောင်းစားကာ အောက်ခြေရဲဘော်များမှာ ဆင်းရဲငတ်ပြတ်နေပြီးစစ်ပွဲများကို စိတ်ကုန်နေပြီ ငြိမ်ချမ်းရေး ရယူလိုသော တပ်ဖွဲ့ ဝင်များလည်း
အလွန်များပြားလျက်ရှိကြောင်း သိရှိရပါသည်။

ခွန်နောင်း
From: ကချင်သတင်းစဉ်

www.mmdailystar.com

ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် ဖမ်းဆီးခံရသည့် မြန်မာနှစ်ဦးကိစ္စ ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ ဆွေးနွေးမည်




အမှုမှန်ပေါ်ပေါက်ရေး ထိုင်းအစိုးရက ဖိအားပေးနေပြီး ထိုင်းရဲတပ်ဖွဲ့၏ အမှုစစ်ဆေးနေမှုများတွင် ဝေဖန်မှုအချို့ ထွက်ပေါ်နေသော ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ဖြတ်ခံရမှု၌ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ဆွေးနွေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးကိစ္စကို မျှမျှတတ လုပ်ဆောင်ပေးရန် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မြန်မာနှစ်ဦး ဖမ်းဆီးခံရသည့်ကိစ္စ ဖြေရှင်းပေးရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်မှ တစ်ဆင့် ထိုင်းအစိုးရကို ပြောဆိုထားသော်လည်း ထိုင်းအစိုးရက လိုလိုလားလား လက်မခံသဖြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ထပ်မံဖိအားပေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအရာရှိက ပြောဆိုသည်။

ဗြိတိန်စုံတွဲကို သတ်ခဲ့သည်ဟု မြန်မာနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲ ဖမ်းဆီးထားသော်လည်း ခန္ဓာကိုယ် အရွယ်အစား၊ သတ်ဖြတ်သွားသည့် ပုံစံ၊ အသုံးပြုသွားသည့် လက်နက် စသည်တို့အပေါ် အခြေခံကာ မြန်မာနှစ်ဦး သတ်ဖြတ်သည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အင်တာနက် လူမှုစာမျက်နှာများတွင် ဝေဖန်ထားကြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ အသတ်ခံရမှုကို စုံစမ်းစစ်ဆေးမှုနှင့် မြန်မာနှစ်ဦးက ပြစ်မှုကျူးလွန်သည် ဆိုခြင်းကို အယုံအကြည် မရှိသဖြင့် လွတ်လပ်မျှတစွာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အွန်လိုင်းတွင် လက်မှတ်ထိုး လှုံ့ဆော်မှုတစ်ရပ်ကို ဂျပန်နိုင်ငံသား Christopher Harkins က လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံသားနှစ်ဦးကို လူသတ်မှု ကျူးလွန်သည်ဟု အတင်းအကျပ် ဖိအားပေး ထွက်ဆိုခိုင်းထားသည်ဟု ထင်မြင်ပြီး ဗြိတိန်စုံတွဲ အသတ်ခံရမှုကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေမှုအပေါ် မယုံကြည်ကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုကို ထိုင်းအစိုးရနှင့် ယူကေအစိုးရ ပူးပေါင်းလုပ်ဆောင်ရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

ဆူရတ်ဌာနီခရိုင် ရဲချုပ်က အသတ်ခံရသည့် ဗြိတိန်နိုင်ငံသူ Hannah ၏ လက်ကိုင်ဖုန်းကို မြန်မာနိုင်ငံသား၏ အခန်းထဲတွင် တွေ့သည်ဟု ပြောဆိုထားသော်လည်း ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြချက်တွင် Hannah ၏ သူငယ်ချင်း ဖြစ်သူက Hannah သေဆုံးပြီး နောက်နေ့တွင် သူကိုယ်တိုင် ယင်းလက်ကိုင်ဖုန်းကို ရဲတပ်ဖွဲ့ကို အပ်နှံခဲ့သည်ဟု ဖော်ပြထားသဖြင့် ရဲချုပ် ပြောဆိုချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
 
 
From:OE

www.mmdailystar.com

ထောက်လှမ်းရေးထိပ်တန်းအရာရှိဟောင်းများအပါအ၀င် အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပေး

 နိုင်ငံတော်သမ္မတက အောက်တိုဘာ ၇ ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၃၀၇၃ ဦးအား လွတ်ငြိမ်းခွင့်ပေးအပ်ရာ ယခင်စစ်ထောက်လှမ်းရေးမှ ထိပ်တန်းအရာရှိဟောင်းများနှင့် နိုင်ငံခြားသားအချို့ပါဝင်ကြောင်း သတင်းရရှိသည်။

လွတ်ငြိမ်းချမ်းသာခွင
့်ဖြင့် လွတ်လာသူများထဲတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်(ငြိမ်း)၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေး(ပူတာအိုထောင်) မြင်းခြံထောင်မှ ဗိုလ်မှူးချုပ် သိန်းဆွေ၊ မြိတ်အကျဉ်းထောင်မှ ဗိုလ်မှူးကြီး အောင်ဇော်နှင့် ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးကြီး အောင်ကျော်မိုး (ပခုက္ကူထောင်)တို့ပါဝင်လာကြောင်း မိသားစုဝင်များထံမှ သတင်းရရှိသည်။

‘‘အင်းစိန်ထောင်က ၂၀၉ ဦး ဒီနေ့လွတ်ပါတယ်။ အထဲမှာလဲနေတာက တစ်နှစ်လောက်ရှိပြီ။ လွတ်ဖို့လဲ ခြောက်လ၊ ခုနစ်လလိုတဲ့သူတွေကို လွှတ်တာပါ။ အမေရိကန်နိုင်ငံသား တစ်ဦးနဲ့ ထိုင်ဝမ်နိုင်ငံသားတစ်ဦးလည်းပါတယ်’’ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးကပြောသည်။

ယခုလွတ်ငြိမ်းချမ်းသာခွင့်သည် ခေါင်းစဉ်တစ်ခုသတ်မှတ်၍ လွှတ်ပေးခြင်းမျိုးမဟုတ်ကြောင်းနှင့် အင်းစိန်ထောင်မှ လွတ်မြောက်လာသူများထဲတွင် စစ်ထောက်လှမ်းရေးဟောင်းများ မပါဝင်ကြောင်း ဦးမောင်မောင်အေးကပြောသည်။

နိုင်ငံတော်သမ္မတ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့ရာ အဆိုပါအကျဉ်းသားများထဲမှာ မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နိုင်ငံခြားသား ၅၈ ဦးပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

From: 7day


www.mmdailystar.com
Related Posts Plugin for WordPress, Blogger...