Thursday, 9 October 2014

နာမည်ကျော်ပုဂ္ဂလိကဆေးရုံကြီးတစ်ရုံပေါ်မှ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် (ကြေကွဲစရာ အဖြစ်အပျက်)



အောက်တိုဘာ ၇ရက်နေ့ အွန်လိုင်းစာမျက်နှာထက်တွင် ရက်သားအရွယ် ကလေးငယ်လေးတစ်ဦး သေဆုံးခဲ့သည့် သတင်းမှာ အင်တာနက်သုံးစွဲသူများ အကြား ကြေကွဲဝမ်းနည်းစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အခြားမဟုတ်ပေ။ ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ်ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကလေးမွေးဖွားခဲ့ပြီး ယင်းကလေးမှာ အသက်ဆုံးရှုံး ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့်ကလေးငယ်၏ မိဘများဖြစ်သည့် ကိုစိုးသီဟ၊ မနွေးဝါဝါလတ်တို့၏ ဖြစ်ရပ်မှန်ဇာတ် လမ်းတစ်ပုဒ်ကိုသိရှိနိုင်ရန်အတွက် ဒီမိုကရေစီတူဒေးမှ သွားရောက်မေးမြန်းခဲ့ရာ ...

မေး-အဲဒီပုဂ္ဂလိက ဆေးရုံကို ဘယ်နေ့ကစပြီးတက် တာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံစပြီးတက်တာက ၃ရက်နေ့က စတက်တယ်။ မွေးဖို့ရက်ပေးထားတာက နိုဝင်ဘာ ၆ရက်နေ့ ပေးထားတယ်။ ၃.၁ဝ.၁၄ နေ့မနက် သုံးနာရီက ဆေးရုံစတက်တာ။ ၅.၁ဝ.၁၄ နေ့ကဆေးရုံ က ဆင်းတယ်။

မေး-အခုဖြစ်ပွားခဲ့တဲ့ အစ်မတို့ရဲ့ ဖြစ်စဉ်လေးကိုသိချင် ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-မမွေးခင်တစ်ရက်က တည်းက ကျွန်မနဲ့မွေးမယ့် ဆရာဝန်ကြီးနဲ့ သွားပြထား တယ်။ အားဆေး ဆက်သောက်ခိုင်းတယ်။ သေချာ တော့မစမ်းသပ်ဘူး။ ဆရာဝန်ကြီးနဲ့ပြပြီး ပြန်လာတဲ့ ညမှာပဲ ဗိုက်နာလာလို့ ဆေးရုံကို ချက်ချင်း ပြန်သွား တယ်။ ကလေးလေးကို အသက်မရမှာစိုးတဲ့အတွက် အမြန်ဆုံးနည်းနဲ့သွားတယ်။ သုံးနာရီမှာရောက်တယ်။ ဆေးစစ်ထားတာတွေကြည့်တယ်။ မေးမြန်းတာတွေလုပ် တယ်။ ခြောက်နာရီခွဲမှာ အခန်းရမယ်လို့ ပြောတယ်။အခန်းကို ပို့တယ်။ အခန်းနံပါတ်က ၂၁၆။ အဲဒီအချိန်မှာ ကျွန်မနဲ့ပြတဲ့ OG က အဲဒီဆေးရုံမှာရှိနေတယ်။ လူနာတစ်ယောက်ကိုခွဲနေတယ်။ လာမကြည့်နိုင်သေး ဘူးလို့ပြောတယ်။

အဲဒါနဲ့စောင့်တယ်။ OG ကခုနစ်နာရီ လောက်မှာလာကြည့်တယ်။ လာကြည့်တော့ ''နင်က မွေးမယ့်ရက်ထက် စောနေတယ်။ ကျွန်မကခွဲမွေးမယ် လို့ပြောထားတယ်။ ခွဲမွေးမယ်ဆိုရင် နင့်ကလေးက လ မစေ့တဲ့အတွက် အသက်မရှင်နိုင်ဘူးလို့ ပြောတယ်။ နင်ရိုးရိုး မွေးရမယ်လို့ ပြောတယ်။ ရိုးရိုးမွေးမှ အသက် ရှင်မယ်လို့ ပြောတယ်။ ကျွန်မရဲ့ ကလေးလေးက ယော က်ျားလေး။ ယောက်ျားလေးဆိုတဲ့အတွက် ကျွန်မ အရမ်း လိုချင်တယ်။ ပထမကလေးတုန်းက သမီးလေး ဖြစ်နေ တဲ့အတွက် အခုကလေးလေးက ယောက်ျားလေးဆိုတဲ့ အတွက် အရမ်းလိုချင်တယ်။ အဲဒါကြောင့် သူတို့ပြောတဲ့ အတိုင်း ရိုးရိုးမွေးမယ်လို့ ပြောလိုက်တယ်။ အဲဒါဆိုလဲ ညှစ်မွေးတဲ့'' ငါလဲ အခြား ဟိုဘက်မှာသွားစရာရှိသေး တယ်လို့ ပြောတယ်။ ၁၂နာရီမှ ပြန်ရောက်မယ်လို့ပြောပြီး မျက်လုံးနဲ့ပဲ ကြည့်သွားတယ်။ ပြန်သွားတယ်။လူကို တောင် မစမ်းသပ်သွားဘူး။

သူရဲ့ Assistant နဲ့ Nurse တွေကလဲ အခန်းထဲမှာမရှိဘူး။ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ ဆေးရုံရောက်နေတာနဲ့မတူဘူး။ အခန်းထဲမှာ ကျွန်မ အမေ၊ အဖေနဲ့ သမီးလေးပဲရှိတယ်။ အမျိုးသား က ဘဏ်မှာ ပိုက်ဆံထုတ်နေတဲ့အတွက် မရှိဘူး။ ပုဂ္ဂလိက ဆေးရုံဆိုတာကလဲ သိတဲ့အတိုင်းပဲ ငွေမရရင် ဘာမှလုပ်မပေးတဲ့အတွက် ပိုက်ဆံကိုအရင်ထုတ်ရ တယ်။ လက်ထဲမှာလဲ ပိုက်ဆံကနည်းနည်းပဲရှိတဲ့အတွက် ဘဏ်ထဲကနေ ပြန်ထုတ်နေရတဲ့အတွက် ယောက်ျား ကလဲ မရှိဘူးဖြစ်နေတယ်။

OG က ဒီအတိုင်းထားသွား တယ်။ လက်လွတ်စပယ်နဲ့ကို ထားသွားတာ။ ဗိုက်ကနာနေ တာ။ မွေးချင်တဲ့အတွက် ဗိုက်ကတော်တော်လေးကိုနာ လာတယ်။ အခန်းထဲမှာ Nurse တွေကလဲတစ်ယောက် မှမရှိဘူး။ ခေါ်လို့လဲမရဘူး။ Nurse တစ်ယောက် လောက် ခေါ်ချင်တယ်။ ပိုက်ဆံပေးမယ်ဆိုတာတောင် ခေါ်လို့မရဘူး။ လူမရှိဘူး။ ပိုက်ဆံပေးမယ်ဆိုရင်တောင် ပုဂ္ဂလိကဆေးရုံက လူမရှိဘူးလို့ပြောတယ်။တဖြည်း ဖြည်းနဲ့ ဗိုက်က အရမ်းနာလာတယ်။ အဲဒီလိုနဲ့ ၉နာရီခွဲ လောက်ကျတော့ ကျွန်မရေမွှာပေါက်လာတယ်။ ရေမွှာ ပေါက်တော့ အရမ်းလန့်သွားတယ်။

Nurseေ တွကို ဘဲနှိပ်ပြီး ခေါ်ခိုင်းတော့ ရောက်လာတယ်။ အဲဒီ အချိန်မှာ Assistant ဆရာဝန်ပါ ရောက်လာတယ်။ရောက်လာပြီးမှ မွေးခန်းထဲပို့မယ်ဆိုပြီး တွန်းလှည်း သွားယူတယ်။ အဲဒီအချိန်မှာ Assistant ဆရာဝန်မ က ရောက်လာပြီး မွေးခန်းထဲကို ဝင်ချင်တိုင်း ဝင်လို့မရဘူး လို့ ပြောတယ်။ ဒီလောက်လေးနာနေရုံနဲ့ကလေးမမွေး နိုင်ဘူးလို့ပြောတယ်။ အဲဒီဆရာဝန်မက ကျွန်မရဲ့အမေ ကိုပါ လှမ်းပြောသေးတယ်။ ရှင်ကော ကလေးမမွေးဖူးဘူး လားဆိုပြီး မေးတယ်။ ကျွန်မ အရမ်းနာနေပါပြီ။ ညှစ်ရင်း ညှစ်ရင်းနဲ့ ကလေးကလဲ ခေါင်းက တစ်ဝက်လောက်ထွက် နေပြီ။ ကျွန်မကိုပို့ပါလို့ ပြောတဲ့အတွက် Nurse တွေက ချီပြီး တွန်းလှည်းပေါ် တင်တယ်။ အဲဒီ Assistant ဆရာဝန်က မမွေးသေးဘူးဆိုပြီး ခုတင်ပေါ်ပြန်ချ တယ်။

OG က ၁၂နာရီမှလာမှာ OG မလာရင် မွေးလို့ မရသေးဘူးဆိုပြီး ပြောတယ်။ ကလေးထွက်လာမှာစိုးတဲ့ အတွက် မညှစ်နဲ့ဦး ဘေးစောင်းပြီးနေလို့ ပြောတယ်။ဘေးစောင်းပြီးနေရင် ကလေးဘယ်လိုထွက်မလဲ။ စဉ်း စားကြည့်တော့။ မွေးမှာစိုးတဲ့သဘောပဲ။ ကျွန်မဗိုက် ကအရမ်းနာနေတဲ့အတွက် အမေ သမီးပေါင်ကားပြီး ညှစ်နေလို့ပြောတယ်။ တကယ်လို့ အဲဒီအချိန်မှာကလေး တစ်ခုခုဖြစ်ရင် မိခင်လည်း တစ်ခုခုဖြစ်မှာပဲ။ နောက် ဆုံးကျတော့ ဘယ်လိုမှ မခံနိုင်တာနဲ့ Nurse တွေ ထပ်ခေါ်ခိုင်းရတယ်။

အဲဒီအချိန်မှာ ဘဲကလဲနှိပ်လို့မရ ဘူး။ ခေါ်လို့လဲမရဘူး။ အမေကလဲ ဆေးရုံရဲ့ကော်ရစ် တာကို ထွက်ပြီးသွားကြည့်တော့ တစ်ယောက်မှမရှိဘူး။ အခုလိုနာမည်ကျော်ဆေးရုံမှာ အဲဒီလိုမျိုးကတော့ မဖြစ် သင့်ဘူး။ ပထမတစ်ခါခေါ်တုန်းကလာတယ်။ ကြည့်ပြီး တော့ မမွေးသေးနဲ့ဦးဆိုပြီး ပြန်သွားတယ်။ Nurse တွေ က လာရင်လဲ အဖွဲ့လိုက်။ ပြန်ရင်လဲ အဖွဲ့လိုက်။တစ် ယောက်မှ မချန်ထားခဲ့ဘူး။ အရေးပေါ် ဖြစ်နေတာ တောင် ကိုယ်ချင်းမစာနာဘူး။ နောက်တစ်ခါ ထပ်ခေါ်မှ ရောက်လာတယ်။ ကျွန်မက ပြောလိုက်တယ်။ အရမ်း နာနေပါပြီ။ ကလေးက ခေါင်းလဲထွက်နေပါပြီ။ မရတော့ ပါဘူးလို့ အော်ပြောရတယ်။ မွေးခန်းထဲကို ပို့ပါတော့လို့ ပြောရတယ်။ မွေးစင်ပေါ်ကို တင်ပေးပါတော့လို့ ပြောရ တယ်။ Nurse တွေက တွန်းလှည်းယူလာတယ်။ မွေး ခန်းကိုသွားဖို့ ကျွန်မကိုတွန်းလှည်းပေါ် တင်တော့လဲ Assistant ဆရာဝန်က အချိန်မတန်သေးဘူး။ OG မလာ သေးဘူးလို့ပြောတယ်။

တော်တော်ဆိုးတာက Nurse မလေးတွေက မွေးခန်းပို့ဖို့ တွန်းလှည်းပေါ် တင်တာကို Assistant ဆရာဝန်က ခုတင်ပေါ် ပြန်ပြန်ချတယ်။ ကျွန်မက ဗိုက်ကလဲ အရမ်းနာတဲ့ အချိန်ဆိုတော့ စဉ်း စားသာကြည့်ပေတော့။ ကျွန်မလဲသည်းမခံနိုင်တော့ဘူး။ မွေးခန်းကိုပို့ပါတော့လို့ အော်ပြောရတယ်။ အဲဒါကကျွန်မ နေတဲ့ အခန်း ၂၁၆ထဲမှာ။ အဲဒီမတိုင်ခင် ကလေးမွေး မှာစိုးတဲ့အတွက် ကျွန်မခြေထောက်တွေကိုချုပ်ထားသေး တယ်။ ပေါင်တွေကို ဖိထားတယ်။ ကလေးက ခေါင်းထွက် နေပြီလို့ ပြောတာတောင် စောင်းခိုင်းထားတာ။ ကျွန်မ က ပထမ ကလေးလေးကို ဗိုက်ခွဲပြီးမွေးထားတဲ့အတွက် လဲ အခုလိုရိုးရိုးမွေးတာကို မသိဘူး။ ခြေထောက်တွေကို ချုပ်ပြီး စောင်းခိုင်းထားတယ်။

အဲဒီအချိန်ကတည်းက ကလေးက ဗိုက်ထဲမှာသာ တစ်စုံတစ်ခုဖြစ်ရင် မိခင်ပါ အန္တရာယ် ဖြစ်စေနိုင်တယ်။ ဘယ်လိုမှ သည်းမခံနိုင်တော့ တွန်းလှည်းနဲ့ ပို့တယ်။ ဓာတ်လှေကားကို တွန်းသွားပြီး တော့လည်း လမ်းမှာမွေးမှာ စိုးတဲ့အတွက် ခြေထောက် တွေကိုချုပ်ထား သေးတယ်။ သူတို့ဆေးရုံ နာမည်ပျက်မှာ စိုးလို့ ချုပ်ထားတယ်။ မွေးလူနာ တစ်ယောက်ကိုမမွေးနဲ့ဦး။ မမွေးနဲ့ဦးလို့ ဝိုင်းအော်နေကြတယ်။ ကလေးမွေးဖို့ ဗိုက်နာတယ်ဆိုတာက အောင့်ထားလို့ရတဲ့အရာမဟုတ် ဘူးလေ။ မွေးခန်းထဲကို ရောက်တဲ့အခါမှ တွန်းလှည်းကို ရပ်ပြီးတော့ မွေးခန်းက အဆင်သင့်မဖြစ်သေးဘူး။

ခဏစောင့်ဦးလို့ ပြောတယ်။ မွေးဖို့လူနာကဆေးရုံကို မနက်သုံးနာရီက တည်းကရောက်တယ်။ မွေးခန်းနားကို ရောက်တာက နံနက် ၁ဝ နာရီခွဲကျော်ပြီ။ မွေးခန်းနားကို ရောက်တာတောင် မွေးခန်း အဆင်သင့်မဖြစ်သေးဘူးဆိုပြီး လက်တွေကာပြီး မဝင်နဲ့ဦးပြောတယ်။ မွေးခန်းဆိုတာ ကလည်း ခွဲစိတ်ခန်းမှ မဟုတ်တာ။ မွေးစင်လေးပဲ ရှိတာကို။ ကျွန်မ မရတော့ဘူး ကလေးလေး ထွက် တော့မယ် ဝင်မှရတော့မယ်လို့ ပြောပြီးဝင်ရတယ်။

မွေးစင်ပေါ်ရောက်တာနဲ့ ကလေးက ထွက်သွားတယ်။ ကလေးဆုံးသွားတော့လဲ ဝမ်းနည်းပါတယ်ဆိုပြီး တစ်စုံ တစ်ခု မပြောဘူး။ လာတောင်မကြည့်ဘူး။ ကလေးဆုံး သွားပြီဆိုတာနဲ့ ဆေးလဲ လာမထည့်ဘူး။ ဘယ်သူမှလဲ မလာကြည့်ဘူး။ သူတို့ မွေးပေးတာလဲ မဟုတ်ဘူး။ ကလေးမွေးပြီးတော့လဲ ချက်ကြိုးဖြတ်ဖို့အတွက် ကတ် ကြေးကို လိုက်ရှာနေရသေးတယ်။ လူက ခြောက် ယောက်လောက်ရှိတယ်။ မွေးခန်းမှာ ကတ်ကြေး မရှိဘူး။

၁၁နာရီ ၁၅မိနစ်မှာ ကလေးလေးကို မွေးသွားတယ်။မွေးပြီး သွားတော့လဲ ကျွန်မကို မွေးစင်ပေါ်မှာ ဒီအတိုင်းပဲထား တယ်။ OG လာမှ ပြန်ပြီး ချုပ်ပေးတာတွေ လုပ်တယ်။ ဒဏ်ရာ တွေကိုလဲ ဒီအတိုင်းပဲ ထားတယ်။ ဆရာဝန်မကြီး လာတဲ့ အချိန်အထိ ဒီအတိုင်းထားတယ်။ ဆရာဝန်မကြီး က တစ်နာရီထိုးမှ လာတယ်။ အဲဒီကျမှ ချုပ်ပေးတယ်။

၁၁နာရီ ၁၅ကနေ ၁နာရီအထိ မွေးစင်ပေါ်မှာ ဒီ အတိုင်းထားတယ်။ စဉ်းစားသာကြည့်ပေတော့။ အဲကွန်း ခန်းထဲမှာဟောင်းလောင်းကြီးထားတယ်။ ကလေး ကိုလဲ မျက်နှာပဲ မြင်ရတယ်။ ပြီးတော့ကလေးကို ကျွန်မ ခေါင်းရင်းမှာထားတယ်။ ကလေးက မွေးတော့ အသံကျယ်ကြီးအော်တယ်။ အသက်ရှိတယ်။ မွေးတာနဲ့ အော်တယ်။ ကလေးကို မွေးပြီးတော့လဲ ကလေးကို သန့်ရှင်းရေးမလုပ်ပေးဘူး။ အအေးမိမှာစိုးလို့ ပြော တယ်။

ကလေးဆရာဝန်မလဲ ကလေးမွေးမွေးချင်း မလာဘူး။ တစ်နာရီခွဲလောက်မှရောက်တယ်။ ကလေး ဆရာဝန်ရောက်လာတော့ ကလေးက မူမမှန်ဘူး။ ရန် ကင်းကလေး ဆေးရုံကိုပို့ရမယ်လို့ပြောတယ်။ ကလေး ဆရာဝန်က ကလေးလေးက အချိန်မရွေး အသက်ရှူ ကျပ်ပြီး ဆုံးသွားနိုင်တယ်လို့ ပြောတယ်။

ရန်ကင်း ကလေးဆေးရုံကို ချက်ချင်းပို့ထားလိုက်မှ အဆင်ပြေ မယ်လို့ ပြောတယ်။ ကလေးကို ရန်ကင်းဆေးရုံပို့ဖို့ တစ်နာရီလောက်ကြာတယ်။ Report မလုပ်ရသေးလို့ဆို ပြီး အကြာကြီးစောင့်နေရတယ်။

လူနာတင်ယာဉ်ပေါ် ရောက်တော့လဲ ချက်ချင်းမထွက်ဘူး။ Report မရလို့ အကြာကြီး စောင့်နေရတယ်။ ရန်ကင်းဆေးရုံရောက်တဲ့ အထိ ကလေးလေးက ညည်းနေတုန်းပဲ။ လူနာတင်ကား ပေါ်ပါလာတဲ့ ဆရာဝန်ကို မေးတော့ ကလေးတိုင်းက ညည်း နေတတ်တယ်လို့ ပြောတယ်။

မေး-ကလေးက ဘယ်လိုဆုံးသွားတာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- ကလေးလေးက ရန် ကင်းဆေးရုံကြီးကတော့ ကောင်းတယ်။ ပိုက်ဆံပေး စရာမလိုဘူး။ စက်ပစ္စည်းတွေကလဲ ကောင်းတယ်။ ဒါ ပေမဲ့ ကလေးလေးက ဆုံးသွားတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်။

မေး-အခုဖြစ်စဉ်ပတ်သက်ပြီး အစ်မတို့ရဲ့ သဘော ထားကို သိချင်ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- အမှန်ဆိုရင် ပုဂ္ဂလိက အထူးကုဆေးရုံတွေဆိုရင် မွေးလူနာလာပြီဆိုရင် သူရဲ့ OG နဲ့ ကလေးဆရာဝန်နဲ့ အကုန်လုံး ဝန်ဆောင်မှုပေးရ မှာလေ။ အခုတော့ ဒီအတိုင်းပစ်ထားတယ်။ OG ကလည်း မွေးလူနာကို တွေ့လိုက်ရတာနဲ့ မွေးမယ် မမွေးဘူး ဆိုတာကို သေချာ မသိဘူးလား။ သူတို့ကို စိတ်ချယုံကြည့်လို့သွားတဲ့ လူနာတွေကို ဒီအတိုင်း ပစ်ထားတယ်။ မွေးလူနာက ဆေးရုံကိုရောက်ပြီး ဆရာ ဝန်မကြီးက မရှိ လို့ဆိုရင် တော်သေးတယ်။ မွေးလူနာနဲ့ ဆရာဝန်မကြီးက တွေ့ပြီး ဒီလိုဖြစ်သွားတယ်ဆိုတော့ မကောင်းဘူး။

ပုဂ္ဂလိက ဆေးရုံမှာ မွေးတယ်ဆိုတာက လူနာရှင်က ကိုယ့်လူနာကို ဆရာဝန်ကြီးတွေက ဂရုစိုက်စေချင်တာ။ အဲဒီ ဆေးရုံမှာ သုံးညနဲ့လေးရက်ကို ကျပ်ကိုးသိန်းလောက်ပေးရတယ်။ ဒီလောက် ပိုက်ဆံ ကိုပေးရပြီးတော့ ကလေးက အဖတ်မတင်ဘူး။

မေး-အဲဒီအတွက် ဘာဆက်လုပ်ဖို့ရှိလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံကိုသွားပြီးမေးမြန်း ကြည့်မယ်။ ဘယ်လိုဖြစ်တာလဲ။ မေးကြည့်ပြီးပဲ ဘာ ဆက်လုပ်ဖြစ်မယ်ဆိုတာကို သိမယ်။ အဓိကတော့ ကိုယ့် လိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် ပုဂ္ဂလိကဆေးရုံ တွေမှာ ပိုက်ဆံတွေကို အလုံးလိုက် အခဲလိုက်ပေးရပြီး တော့ ဒီလိုအဖြစ်မျိုးတွေရှိတယ်။ ကျန်တဲ့ မိခင်တွေလဲ ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင်လို့ ပြောပြချင်တယ်။

Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
From:YMG

www.mmdailystar.com

ထိုင်း ရဲ မဖြေသေးတဲ့ မေးခွန်းများနဲ့ လိပ်ကျွန်း လူသတ်မှု

ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်ရဲ့ ဒီကနေ့ သတင်းစာမှာ လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai က လိပ် ကျွန်း လူသတ်မှုက ကျမတို့ရဲတွေအပေါ် ယုံကြည်မှု ပျက်ပြားဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းသုံးသပ် ချက် တခု ရေးသား တင်ပြထား ပါတယ်။ 

 
 လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ မြန်မာ ၂ ဦးနဲ့ ရဲတပ်ဖွဲ့၊ ဓာတ်ပုံ-ဘန်ကောက်ပို့စ်
 
အလှည့်အပြောင်း၊ အလှိမ့်အပတ်တွေများခဲ့တဲ့ လိပ်ကျွန်း လူသတ်မှုဟာ သတင်း ၃ ပတ်ကျော်လာခဲ့ပါပြီ။ ရဲတွေက တော့ နောက်ဆုံးမှာ မြန်မာပြည်က လူငယ်ရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ 
ဒါပေမယ့် သူတို့ ၂ ဦးဟာ အစား ထိုးဖမ်းဆီးခံရတဲ့ ဓားစာခံတွေလို့ပဲ အများက ယုံကြည်လက်ခံထားကြပါ တယ်။ 

ထိုင်းရဲတွေကို အပြစ်တင်အောင် သူတို့ကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတွေရဲ့ အလွန်အားနည်းတဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေက လူထုကြားထဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေ တဲ့ ဝေဖန်မှုတွေကိုတော့ မကာ ကွယ်နိုင်ခဲ့ပါဘူး။ ပြောရရင် ပိုဆိုးလာတယ်လို့တောင် ပြောနိုင်ပါတယ်။ 
ထိုင်းရဲတွေဟာ ငွေကြေးချမ်းသာတဲ့ ရာဇဝတ်သားတွေကို အကာအကွယ်ပေးဖို့ အပြစ်မဲ့ ကျောထောက်
နောက်ခံ မရှိတဲ့ ဆင်းရဲသားတွေကို ငွေပေးဝယ်ပြီး တရားခံအဖြစ် ဓားစာခံ အသုံးချခဲ့တဲ့ လုပ်ရပ်တွေ လုပ်လာတာအတော်ကြာနေပြီဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ရင် ထိုင်းရဲတွေက နာမည်ဆိုးနဲ့ ကျော်ကြားပါ တယ်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဆင့်မြင့်အရာရှိ တဦးက တခါတုန်းက တီဗီအင်တာဗျူးတခုမှာ အကျဉ်းသားအားလုံး ရဲ့ တဝက်လောက်ဟာ တရားခံအဖြစ် အစားထိုးခံရတဲ့ ဓားစာခံတွေဖြစ်တယ်လို့ သူ့ယုံကြည်မှုကို ထည့်သွင်းပြောဆိုသွား ခဲ့ ဖူးပါတယ်။ 
လိပ်ကျွန်းဟာလည်း နတ်ပြည်တခုအလား နာမည်ကြီးတဲ့ ကျွန်းတကျွန်းပါ။ ဗြိတိန်ခရီးသွား ဟန်နာ ဝတ်သရစ်ခ်ျနဲ့ ဒေးဗစ် မီလာတို့ကို စက်တင်ဘာ ၁၅ ရက်နေ့က ရက်စက်စွာ သတ်ဖြတ်ခံထားရတာ ကို တွေ့တဲ့အချိန်မှာ ထိုင်းနိုင်ငံအပေါ် ကမ္ဘာ တဝန်းက မျက်လုံးတွေ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ သည်းခြေကြိုက် နိုင်ငံတခုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည် မှု ပြန်ရဖို့ ဒေါက်ထောက်ကြည့်
နေ ကြ ပါတယ်။ 
ဒီကိစ္စအပေါ် ကမ္ဘာသိဖြစ်ခဲ့ရတဲ့ကိစ္စကတော့ ပရော်ဖက်ရှင်နယ် လုံးလုံး မရှိခဲ့တာပါဘဲ။ စဖြစ်တဲ့နေကစပြီး ရဲတွေက အခင်းဖြစ် နေရာတွေမှာ ခိုင်မာတဲ့ အထောက်အထားတွေလည်း ဖယ်ရှားဖျောက်ဖျက်ခံခဲ့ရ တာပါ။ 
နောက်ပြီး မီဒီယာတွေကို စိတ်ဝင်စားဖွယ် လူပုဂ္ဂိုလ်တွေအသစ်တွေကို သူတို့ဘဝတွေ ဘယ်လို သက်
ရောက်မှု ရှိမယ် ဆိုတာ စိုးရိမ်မှု မရှိပဲ ဆက်တိုက်ထုတ်ပြန်လာတယ်။ 
လိပ်ကျွန်း လူသတ်မှု ဖြစ်ပြီးပြီးချင်း ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ရဲတပ်ဖွဲ့ရဲ့ သံသယဖြစ်သူတွေ အဖြစ် ပထမဆုံး ပစ် မှတ် ထားခံကြရတာပါ။ 

ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ရဲ့ ကျောထောက်နောက်ခံ သြဇာမရှိမှုအပေါ် မြေနိမ့်ရာ လှံစိုက်ပြီး တရားခံတွေ အဖြစ် ပုံသွင်းခံကြရတာပါ။ 
နောက်တော့လည်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘာသံသယဖြစ်စရာမှ မရှိပဲ ကင်းရှင်းခဲ့ကြတာပါ ဘဲ။ 
ဒီနောက်မှာတော့ သေဆုံးသွားတဲ့ ဒေးဗစ် မီလာရဲ့ အခန်းဖော်ဟာ မိန်းမလျာ တဦးအဖြစ် အတွေးပေါက်
ပြီး ဒီကိစ္စ ကို ထုတ်ပြောကာ လူသတ်မှုဟာ မနာလို သဝန်တိုမှုရဲ့ ရလာဒ်လို့ ရဲက ပြောခဲ့တယ်။ 
 သေဆုံးသွားသူ ဒေးဗစ် မီလာရဲ့ ခရီးဆောင်အိတ်ထဲက သွေးစွန်းနေတဲ့ ဘောင်းဘီကိုတွေ့ခဲ့တဲ့အချိန်မှာ သူ့အခန်းဖော်ရဲ့ ကိစ္စဟာ ပိုပြီး ခိုင်မာလာခဲ့တယ်။ 
ဒီအပြင် သေဆုံးသူ ဟန်နာရဲ့ လက်ထဲက ရတဲ့ ဆံပင်တွေဟာ အဲဒီ ဒေးဗစ်ရဲ့ အခန်းဖော်ဆိုသူရဲ့ ဆံပင်နဲ့ အရောင်တူ တယ်ဆိုတဲ့ ကိစ္စလည်း ရှိပါတယ်။ 
ဒါပေမယ့် အဲဒီလူဆီက ရတဲ့ ဘောင်းဘီမှာ သွေးစွန်းတယ်ဆိုတဲ့ကိစ္စက သွေးမဟုတ်ပဲ ရွှံ့ပေတယ်ဆိုပြီး 
ဖြစ်သွားချိန် မှာ တော့ သူ့ကိုလည်း သံသယကင်းရှင်းသူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 
ရဲက ဒီလူရဲ့ ဆံပင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ထပ် မပြော တော့ပါဘူး။ 
 တခါ စကော့တလန် ခရီးသွား က သေဆုံးသူ ဟန်နာကို ထိုင်းအမျိုးသား ၂ ဦးက ဗလက်ကာယပြုဖို့ ကြိုးစားနေတာ မြင်ရ ပြီး ဒေးဗစ်မီလာ က သူတို့ အသတ်ခံရတဲ့ညမှာ ဝင်ရောက်ဟန့်တားဖို့ ကြိုးစားခဲ့ တယ်လို့ ပြောပြီး ဖေ့စ်ဘုတ်မှာ ပို့စ်တခု တင်လိုက်တဲ့အချိန်မှာ သံသယဖြစ်ခံရသူတွေဟာ ထိုင်းတွေဆိုပြီး စတင်ဖြစ် လာပါတယ်။ 

အဲဒီ ထိုင်းလူမျိုး ၂ ဦးရဲ့ ဓာတ်ပုံကိုလည်း သူက ဖေ့စ်ဘုတ်မှာ တင်ခဲ့ပြီး ဒီလူ ၂ ဦးဟာ ကျွန်းပေါ်မှာ သြဇာကြီးသူတွေလို့ လည်း စကော့တလန်ခရီးသွားက ရေးထားတယ်။ 
 ဟန်နာရဲ့ ခန္ဓာကိုယ်က ရတာနဲ့ DNA တိုက်ဆိုင်စစ်ဆေးတဲ့အခါ သူတို့ဟာ ကိုက်ညီမှု မရှိဘူးလို့လည်း ရဲက ပြောသလို ဒီအမှုမှာ မာဖီးယားတွေ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ ပြောဆိုမှုကိုလည်း ရဲက ငြင်းဆိုခဲ့ ပါတယ်။ 
လက်ရှိ ဝန်ကြီးချုပ် အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာရဲ့ အငြင်းပွားဖွယ် ဘီကီနီဝတ်တဲ့ကိစ္စ မှတ်ချက်ပေးမှုရှိခဲ့ပြီး နောက် ကမ္ဘာလှည့်ခရီးသွားဝန်ကြီးရဲ့ အဆိုပြုချက်တင်ခဲ့တာ အဲဒီနောက် လူ ၂ဝဝ ကျော်ကို DNA စမ်းသပ်မှု လုပ်ခဲ့တာတွေနဲ့ ပြဇာတ်တပုဒ်လို ဖြစ်နေတဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာ အလုပ်သမား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ကို ပြီးခဲ့တဲ့ သတင်းပတ်က ဖမ်းဆီးလိုက်တာနဲ့ အဆုံးသပ်ပစ်လိုက်တယ်။ 

အဖမ်းခံထားရသူတွေက လူသတ်မှု ကျူးလွန်ကြောင်း ဝန်ခံတယ်လို့ ရဲက ပြောပြီး မူခင်းအထောက်အထား အခိုင်အမာ ရှိတယ်လို့ ရဲက ခုခံကာကွယ်ပြောခဲ့တယ်။ ဒါပေမယ့် အခုထိကတော့ အဲဒီကိစ္စ ရဲပြောသွား တာနဲ့ ပတ်သက်ပြီး အများစုကို အယုံအကြည်လည်း မရှိသလို မေးခွန်းတွေ ကို ဖြေဆိုမှု မရှိတာလည်း ရှိနေပါတယ်။ 
 ဖြေဆိုခြင်းမရှိခဲ့တဲ့ မေးခွန်းတွေကတော့…
 မုဒိန်းကျင်မှု ရှိခဲ့၊ မရှိခဲ့ဘူးလားဆိုတဲ့ ကနဦး မူခင်းတွေ့ရှိ ချက်တွေမှာ ဘာတွေဖြစ်သွားပြီလဲ ? 
ရာဇဝတ်မှုကိစ္စမှာ ရခဲ့တဲ့ အသုံးပြုပြီးသား ကွန်ဒုံကို ဘာကြောင့် စစ်ဆေးဖို့ မပို့ခဲ့တာလဲ? 
ဘာကြောင့် လိပ်ကျွန်း သူကြီးရဲ့ သားဖြစ်သူကို DNA မစစ်ဆေးခဲ့တာလဲ ?
 

ပြီးတော့ သံသယဖြစ်သူ တဦးလို့ ထုတ်ပြခဲ့တဲ့ CCTV ပြကွက်တခုမှာ ၂ မိနစ်ဖြတ်တောက်ထားကိစ္စက ဘာလဲ ? 
မီဒီယာအင်တာဗျူးတွေနဲ့ အွန်လိုင်းစာမျက်နှာတွေမှာ ဒီမေးခွန်းတွေကို ရဲတပ်ဖွဲ့ဟာ ရင်ဆိုင်နေရပါတယ်။ ညှင်းပန်းနှိပ်စက်မှုတွေရှိခဲ့လို့ ဝန်ခဲ့ရတယ်ဆိုတာနဲ့ အထောက် အထားတွေအပေါ် သံသယများစွာ ရှိနေ တာကိုတော့ အခု ထိ မရပ်တန့်နိုင်သေပါဘူး။ 

အချုပ်အားဖြင့် ပြောရရင် ရဲတပ်ဖွဲ့ဟာ လူထု ယုံကြည်မှုလုံးလုံး ပျက်ပြားသွားတာကို ရင်ဆိုင်နေရ ပါပြီ။ 
 ပြုပြင်ပြောင်းလဲရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုတဲ့ စကားလုံးတွေ အတော်နောက်ကျပြီးမှ အသုံးပြုလာတာပါ။ 
တရားဥပဒေစိုးမိုးမှု မရှိပဲနဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေကို ဘယ်လို အောင်မြင်အောင်ဖြည့်ဆည်းပေးနိုင် မလဲ။ မရားတဲ့ နည်းလမ်းတွေဆက်သုံးနေတဲ့ ရဲတပ်ဖွဲ့ဟာ အဂတိလိုက်စားမှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှု ဆက်ရှိနေမယ်ဆိုရင် ပြည်သူတွေ ဟာ တရားဥပဒေနဲ့ တရားစီရင်ရေး စနစ်ကို ဘယ်လို ယုံကြည်နိုင်တော့ မှာလဲ။ 
 ငွေပေး တရားနိုင်သူတွေ ရှိနေတာကြောင့် ရဲက လည်း ဥပဒေကို သားရေကွင်းလို လိုရင် လိုသလို မလိုရင် မလိုသလို လုပ်နေချိန်မှာ ပြုပြင်ပြောင်းလဲရေးဆိုတာဟာ ဘာ အဓိပ္ပာယ်မှ မရှိဘူး။ 
လိပ်ကျွန်းလူသတ်မှု စုံစမ်းမှုတွေဟာ ကျမတို့ရဲ့ ရဲတွေရဲ့ လုပ်ရပ်တွေအတော်ကြီးကို ပျက်ဆီးနေပြီဆိုတာ ကမ္ဘာကို ပြသ လိုက်တာပါဘဲ။ 

ဖမ်းဆီးထားတဲ့သူတွေကို အတော်ရက်စက်တဲ့ ရာဇဝတ်မှုကြီးကို ဘယ်လို ကျူးလွန်ကြောင်း ပြန်သရုပ်ပြ ခိုင်းတာမှာ မှားယွင်းမှုတွေ၊ အထောက်အထား ကွာဟချက်တွေက အထင်အရှားဖြစ်ပါတယ်။ 
ရာဇဝတ်မှု ကို ကိုင်တွယ်ပြလိုက်တာလည်း ရိုင်းစိုင်းတယ်လို့ ပြောလို့ရပါတယ်။ 
အခုထိတော့ ဒီအမှုဟာ အမှားအယွင်းတွေတွေနဲ့ စုံစမ်းမှု တခုထက် ပိုပါတယ်။ 
ဒီကိစ္စဟာ ရဲတပ်ဖွဲ့ကို အရေးတကြီး ပြုပြင်ပြောင်းလဲဖို့ လိုပြီဆိုတာ ပြသလိုက်တာပါ။ ရဲတပ်ဖွဲ့ဟာ ပရော်ဖက်ရှင်နယ်မဖြစ်မှုကြောင့် လူတွေအတွက် အားကိုး ယုံကြည်လို့ မရနိုင်ဘူးလို့ ခံစားရပြီဆိုရင် လူ့အဖွဲ့အစည်းကလည်း လုံခြုံမှု မရှိနိုင်ပါဘူး။

ဘန်ကောက်ပို့စ်ရဲ့ အောက်တိုဘာလ ၈ ရက်နေ့ ထုတ် သတင်းစာမှာ လက်ထောက် အယ်ဒီတာ မစ္စ Sanitsuda Ekachai ရေးသားတင်ပြထားတဲ့ Koh Tao case shatters faith in our police ဆိုသည့် သတင်းသုံးသပ်ချက်ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။
 
From:ဧရာဝတီ

www.mmdailystar.com

ထောင်ဒဏ်နှစ်ပေါင်း ၁၅၂ နှစ်ကျခံရပြီး လွတ်ငြိမ်းခွင့်ဖြင့်လွတ်လာသူ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေနှင့် တွေ့ဆုံခြင်း



မိသားစုဝင်များနှင့်အတူ တွေ့ရသည့် ဦးသိန်းဆွေ (ဓာတ်ပုံ − နစ်ကီ)
 
ယခင်တပ်မတော်ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာ ၇ ရက်တွင် မြင်းခြံအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပါသည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလက အများပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်မှုအက်ဥပဒေ (အပစ-၃)၊ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(ည)စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်စုစုပေါင်း ၁၅၂ နှစ်ကျခံခဲ့ရ ခြင်း ဖြစ်သည်။ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေမှာ ယခင်ထောက်လှမ်းရေးထိပ်တန်းအရာရှိကြီးများအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး အကျဉ်းထောင်အတွင်း ဆယ်နှစ်ခန့်နေထိုင်ခဲ့ရကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန်သို့ အောက်တိုဘာ ၇ ရက်က ပြန်လည်ရောက်ရှိလာခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေကို 7 Day Daily က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အပေါ်မှာ ဘာများ ပြောလိုပါသလဲ။
အရမ်းဝမ်းသာတယ်လို့ပဲ ပြော ဖို့ရှိပါတယ်။ အရမ်းကျေးဇူးတင် တယ်။ သမ္မတကြီးကို အထူးကျေး ဇူးတင်ပါတယ်။ ကျန်သေးတဲ့ ကိုယ်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း မြန်မြန်ဆန်ဆန်လွတ်ပါစေလို့ ဆုတောင်းပါတယ်။ ပြည် ထဲရေးအပါအ၀င် ဦးမရှိတဲ့နောက်ပိုင်းမှာ နှုတ်၏စောင်မခြင်း၊ လက် ၏ စောင်မခြင်းနဲ့ စောင့်ရှောက်သူ တွေကိုလည်း ကျေးဇူးတင်ပါ တယ်။


အခု ဦးရဲ့ ကျန်းမာရေးက ဘယ်လိုရှိပါသလဲ။

ကျန်းမာရေးကတော့ကောင်းပါတယ်။ လူကြီးကောင်းပေါ့။ ထမင်းကို ထောင်းပြီးစားနေရတာ တစ်နှစ်ရှိပြီ။ ဆီးကျိတ်တော့ ခွဲဖို့ရှိပါတယ်။အခု လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးလောကထဲ ၀င်ရောက်ဖို့ရှိပါသလား။
နိုင်ငံရေးကိုတော့ ဘာမှ လုပ်စရာမရှိပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ အေးအေးဆေးဆေးပဲ  ကိုယ့်မိသားစု စီးပွားရေးလေးလုပ်။ တရားအားထုတ်ပေါ့။ အခု အသက် ၇၀ ကျော်ပြီ။ နောက်ထပ်  ၁၀ နှစ်၊ ၁၅ နှစ်ကောင်း ကောင်းနေရရင် အင်မတန် ကံ ကောင်းပါတယ်။ ဘာနိုင်ငံရေးမှ လည်း လုပ်စရာမရှိပါဘူး။ အေး အေးဆေးဆေး သားလေးတွေ၊ မြေးလေးတွေနဲ့ နေဖို့ပဲရှိပါတယ်။

အထဲမှာ ဦးနေရထိုင်ရတာ ဘယ်လိုရှိပါသလဲ။
အင်မတန်ကောင်းပါတယ်။စာရေးသောက်ရေး နေရေးထိုင် ရေးအစ အားလုံး အဆင်ပြေပါ တယ်။

ဦးကျခံခဲ့ရတဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေက တရားမျှတမှုရှိ၊ မရှိ အပေါ်မှာကော အခုချိန်မှာ ဘယ်လိုများ ပြောကြားလိုပါသလဲ။

ဒီဟာနဲ့ ပတ်သက်လို့က တော့ အားလုံးသိပါတယ်။ ဦးဘာ မှ ပြောစရာမလိုပါဘူး။ ဒီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ အခု သူတို့ ကျေနပ်လို့ လွှတ်ပေးလိုက်တဲ့အ ပေါ်မှာ ဦးအနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။
သမ္မတက အခုပြန်လွှတ်တဲ့ လူတွေကို နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နိုင်ဖို့ဆိုပြီး ပြောထားပါတယ်။ သမ္မတကြီးရဲ့ ပြောကြားမှုအပေါ်မှာ ဦးသဘောက ဘယ်လိုရှိပါသလဲ။

ဟက်ဟက်ပက်ပက် ရယ် လျက်) သမ္မတကြီးက လုပ်ပါလို့ လာပြီး ခေါ်ရင်တော့ လုပ်ရမှာပေါ့။ သမ္မတက လာမခေါ်ရင်တော့ ဦးလည်း ဘယ်လုပ်လို့ရပါ့မလဲ။
ဦးကို အခုလွှတ်ပေးလိုက်တာက ပြစ်မှုဆိုင်ရာကျင့်ထုံးပုဒ်မ ၄၀၁ နဲ့ပဲလား။ အဲဒီပုဒ်မနဲ့ လွတ်ကြောင်းကို လက်ခံကြောင်း လက်မှတ်ထိုးရတာမျိုးရှိပါသလား။

ဟုတ်ပါတယ်။ လက်မှတ် တွေကတော့ ထိုးရတာအများကြီး ပဲ။ ပိုက်ဆံပြန်ရကြောင်းလည်း ထိုးရတယ်။ ဘာကြောင်းညာ ကြောင်းတွေအစုံပါပဲ။ လွတ်ပြီးဆိုတော့လည်း ဘာဖြစ်ဖြစ်ထိုးရတာ ပေါ့။
ကျေးဇူးတင်ပါတယ်။

From: 7day daily

www.mmdailystar.com

မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှု မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရအစိုးရသက်သေကို ပါ မေးမြန်းစစ်ဆေးခွင့်ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ကြပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ - မင်းဦး)
မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ– မင်းဦး)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့အဖွဲ့ဟာ တမြန်နေ့က တွေ့ဖို့တောင်းဆိုပေမယ့် မရခဲ့တဲ့ အစိုးရသက်သေ ကိုမောင်မောင်ခေါ် ကိုသန်းဆွေကို ကော့စမွီမြို့နယ်ရဲမှူးနဲ့ ဘာသာပြန်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ခွင့်ရပါတယ်။
အစိုးရသက်သေ ကိုမောင်မောင်က တရားခံလို့ စွပ်စွဲခံရတဲ့ သူငယ်ချင်း ၂ ယောက်နဲ့ ဘီယာတပုလင်းစီသောက်ပြီး  ဂီတာတီးကြောင်း၊ ည ၁ နာရီမှာ သူပြန်သွားပြီး နောက်ပိုင်းဖြစ်ပျက်တာကို ဘာမှ မသိကြောင်း ပြောကြားခဲ့တယ်လို့ မေးမြန်းခဲ့တဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
“သူ့ရဲ့ ထွက်ဆိုချက်မှာ ဘီယာ ၃ လုံးဝယ်တယ်၊ ၀ယ်ပြီးတော့ ဆေးလိပ် ၁ ဘူးဝယ်တယ်၊ ဆေးလိပ် ၁ ဘူးလည်းကုန်တယ်၊ ဘီယာ ၃ လုံးလည်း တယောက် ၁ လုံးသောက်လို့ကုန်ပြီ၊ ကျနော်လည်း နားတော့မယ်ဆိုပြီး အခန်းပြန်လာတယ်။ အခန်ပြန်လာတော့ ဒီကောင်တွေ အရက်သောက်ချင်သေးတယ်လို့ ဆိုတဲ့အတွက် သူ့မှာ အတော်ကြာ သိမ်းထားပြီဖြစ်တဲ့ ၀ိုင်တပုလင်းကို ပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ ကျနော် ဆက်မသောက်တော့ဘဲ ပြန်လာတယ်။ အဲဒီအချိန် ခန့်မှန်းချိန်ကတော့ သူပြောတဲ့အပေါ်မူတည်ပြီး ၁ နာရီလောက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းကြတယ်။
ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်ကို လူမှုမီဒီယာကွန်ရက်မှာ ဝေဖန်မှုတွေ ကျယ်ပြန့်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၇ ရက်နေ့မှာ ထိုင်းရဲအကြီးအကဲက ဒီလူငယ်တွေ သတ်ဖြတ်တယ်ဆိုတာကို သေချာကြောင်းနဲ့ စစ်ဆေးတဲ့အခါ ရိုက်နှက်မှုတစုံတရာမရှိကြောင်း ရှင်းခဲ့ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ကတော့ ကော့စမွီးအကျဉ်းထောင်မှာ ချုပ်ထားတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို အောက်တိုဘာ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပြီး ကာယကံရှင်တွေက ရိုက်နှက်မှု ကျူးလွန်တယ်လို့ ၀န်ခံကြောင်း မြန်မကိုယ်စားလှယ်တွေကို ပြောဆိုခဲ့ပါတယ်။
အမှုတခုလုံး ခြုံငုံတွေ့ရှိချက်နဲ့ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က “ကျနော်တို့က ပထမဆုံး စွပ်စွဲခံရတဲ့ ဗမာနှစ်ယောက်ကို သွားတွေ့ပြီး ထွက်ချက်တွေကို ရယူပါတယ်။ ရယူတဲ့အခါမှာ ကျနော်တို့ပြောသလိုပါပဲ၊ ဒီကလေးတွေ ၀န်ခံတယ်ဆိုတဲ့အချက်က နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၀န်ခံတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ မောင်မောင့်ကို စစ်ဆေးတဲ့ အခါမှလည်း အမှုနဲ့ပတ်သက်လို့ မြင်တာသိတာ မရှိဘူးလို့ ပြောပါတယ်။ ဒီမှုခင်း မဖြစ်ခင်မှာ သူတို့သုံးယောက်က ဘီယာသောက်ခဲ့တာကလွဲလို့ (နောက်ပိုင်း) အတူရှိမနေဘူးဆိုတာ ပြောပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် အမှုတွဲကို ကျနော်တို့ မလေ့လာရသေးပေမယ့် အခင်းဖြစ်နေရာကို သွားကြည့်ခဲ့တယ်၊ တရားခံတွေရဲ့ထွက်ဆိုချက်၊ နောက်ပြီးတော့ ထိုင်းရဲကနေ အထူးတရားလိုပြသက်သေထားတဲ့ မောင်မောင်တို့ရဲ့ ထွက်ဆိုချက်တွေကို ကြည့်မယ်ဆိုရင်  ဒီကလေးတွေအနေနဲ့ ပြစ်မှုကျူးလွန်တာ မတွေ့ရှိခဲ့ရပါဘူး” လို့ ပြောပါတယ်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသ လက်ထောက်ညွန်မှူး Phil Roberson က “သံသယနဲ့ ချုပ်ထားတဲ့ မြန်မာနှစ်ဦးက  အချုပ်မှာ ရဲက သူတို့ကို ညှဉ်းပန်းနှိပ်စက်တယ်လို့   သူတို့ရဲ့ရှေ့နေကို စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး သမာသမတ်ကျကျ အပြည့်အ၀၊  စုံစမ်းဖော်ထုတ်ရပါမယ်။ ဒီစွပ်စွဲချက်ပါ အချက်အလက်တွေမှန် တယ်လို့ ဖော်ထုတ်တွေ့ရှိရင် မတော်မရားပြုလုပ်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူအားလုံးကို ရာထူးအဆင့်အတန်းမရွေး ရာဇ၀တ်မှုနဲ့ အရေးယူဆောင်ရွက်သင့်ပါတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားမဖွယ်မရာ ကိုင်တွယ်ဆောင်ရွက်ချက်တွေ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းဖော်ထုတ်မှုတွေ ပြလုပ်ပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းဆိုခဲ့ပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်သောင်းကတော့ မြန်မာအစိုးရအနေနဲ့ ဒီအမှုမှာ လက်တွေ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်အဆင့် ရောက်မှသာလျှင် အမှုမှန်ပေါ်ပေါက်လာနို်င်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ငါတို့ လုပ်နေပြီ၊ ငါတို့ စောင့်ကြည့်နေပြီပုံစံမျိုးမဟုတ်ဘဲ ငါတို့ကိုယ်တိုင် ဒီကလေး ၂ ယောက်ရဲ့ အဖြစ်မှန်တိုင်းဖြစ်အောင် ကူညီပါတယ်ဆိုတဲ့ အကုန်အကျခံပြီးတော့မှ လုပ်မှသာ အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။”
စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
From:DVB

www.mmdailystar.com

အက်ဆစ်နဲ့ ပက်ခံရလို့ မျက်နှာ တစ်ပြင်လုံး ပျက်စီးသွားပေမယ့် ဘ၀ကို အရှုံးမပေးတဲ့ အမျိုးသမီး




သြစတြေးလျ နိုင်ငံ၊ ပါ့ခ်မြို့မှာ နေထိုင်တဲ့ အသက် (၂၈) နှစ်အရွယ် ဒါနာဗူလင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂၊ ဖေဖေါ်ဝါရီ (၁၆) ရက်မှာ ဘ၀ကို ပြောင်းလဲ သွားစေမယ့် ဖြစ်ရပ် တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူ့အပေါ် မနာလို ၀န်တို စိတ်ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အက်ဆစ်နဲ့ တိုက်ခိုက် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုခံ ရတာကြောင့် ဒါနာဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း မျက်နှာ ဖုံးစွပ်ပြီး ဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါနာဟာ အရင်က ဆိုရင် ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဘယ်ကိစ္စမဆို တက်တက်ကြွကြွနဲ့ ဆောင်ရွက်လေ့ရှိ ပါတယ်။ ဒါပေမဲ့ ဒါနာဟာ ကံဆိုးမှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါနာဟာ အမျိုးသားတစ်ဦးနဲ့ ပါတီပွဲ တစ်ခုမှာ ဆုံတွေ့ခဲ့ပြီး စကား ပြောဆိုခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသားရဲ့ ဇနီး ဖြစ်သူက ဒါနာ အပေါ် သံသယတွေ ၀င်ခဲ့ပါတယ်။ ဒါနာဟာ ဖောက်ပြန်နေတယ်လို့ ထင်မှတ်ခဲ့ပြီး အက်ဆစ်နဲ့ ပက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအပြုအမှုကြောင့် အဲဒီအမျိုးသမီးဟာ ထောင်ဒဏ် (၁၇ )နှစ် ချမှတ်ခြင်းခံခဲ့ ရပါတယ်။ ဒါပေမဲ့ ဒါနာဟာ ဘ၀ကြီး တစ်ခုလုံး ပျက်စီးသွားခဲ့ရ ပါတယ်။ မျက်နှာမှာ သေရာပါ အမာရွတ်ကြောင့် မျက်နှာဖုံးကို အမြဲတမ်း ၀တ်ဆင်ထားခဲ့ရပါတယ်။ ကြုံတွေ့ခဲ့တဲ့ ပြဿနာတွေ ကလည်း အလွန် များပြားခဲ့ ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သားအိမ်ခေါင်း ကင်ဆာ ဝေဒနာကိုလည်း ခံစားခဲ့ ရပါတယ်။ ဒါနာဟာ မျက်နှာကို ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါနာရဲ့ မျက်နှာဟာ ပုံမှန်အနေအထားကို ပြန်ရောက်ခြင်း မရှိတော့ပါဘူး။ ဒါနာဟာ ကြုံတွေ့ ရတဲ့ ပြဿနာတွေကို ရုပ်သံတစ်ခု နဲ့ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ပြီး ပထမဆုံးအကြိမ် အဖြစ် နှစ်နှစ်စလုံး မျက်နှာ ဖုံးစွပ်ထားတာကို ချွတ်ပြခဲ့ပါတယ်။ ဒါနာဟာ သူ့အနေနဲ့ ပြဿနာတွေ ကြောင့် စိတ်ညစ်ခဲ့ရတဲ့ အကြိမ်ပေါင်း များစွာ ရှိခဲ့ပေမယ့် တည်ငြိမ်စွာ ဖြေရှင်းသင့်ကြောင်း၊ ရှေ့လာမယ့် နေ့ရက်တွေ ကိုလည်း ဖြတ်သန်း သွားဖို့ အဆင် သင့် ပြင်ဆင် ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
 
From: The Messenger

www.mmdailystar.com

KNU အတွင်းပိုင်း က CIA သီအိုရီ များ (သို့) စောနိုင် အားလုံး သိတယ် အပိုင်း (၂)


ကရင်လက်နက်ကိုင်အဖွဲ့များ၏ အတွင်းရေးများ ( ၂ )


မြန်မာ နိုင်ငံမှာ အစိုးရ ကို တော်လှန် နေတဲ့ UG အဖွဲ့ပေါင်း များစွာ ရှိတယ်။ ABSDF တို့ တခြား နိုင်ငံရေး အဖွဲ့စည်း တွေ ကမ်ပိန်း တွေ အားလုံး အားလုံး Underground အဖွဲ့ အစည်း တွေရဲ့ Base ဟာ KNU နယ်မြေ ထဲမှာပဲ ရှိတယ်။ NLD ရဲ့ UG အဖွဲ့ တွေ က အစ အရင် က ကရင် ပြည်နယ် ထဲမှာ ပဲ ရှိတာ။ ဒါကို အမေရိကန် က ကောင်းကောင်း သိတယ်။ ဒါက CIA ရဲ့ ပထမ ဆုံး သီအိုရီ ပဲ။ KNU ဟာ မြန်မာ အစိုးရ နဲ့ တစ်သက်လုံး အဆင်ပြေ လို့ ရဘူး တစ်သက် လုံး တိုက်နေ ရမယ် လုံးဝ ငြိမ်းချမ်း လို့ မရဘူး။ ဒါမှ ဒီ နယ်မြေ ကို ချုပ်ထား လို့ ရမယ်။ အဲလိုမှ မဟုတ် ဘဲ KNU ဟာ အစိုးရ နဲ့ငြိမ်းချမ်း ချင်တယ် ဆိုရင် KNU ကို ကျသွား အောင် ပွဲသိမ်း သွားအောင် CIA က လုပ်လိုက် ယုံပဲ ရှိတယ်။ KNU ကျ သွားရင် အားလုံး လက်လွတ် ပွဲကျွတ် ဇတ်သိမ်း သွား လိမ့်မယ်။ CIA ရဲ့ Plan A သည် KNU ထိန်းချုပ် နယ်မြေ ပဲ။ Plan B က ဒေါ်စု၊ Plan C က ကချင်၊ Plan D က ကုလား ပဲ။

အခု အရေးပေါ် အချိန် ကို ရောက်တော့ CIA အနေ နဲ့ Plan လေး ခုလုံး ကို အသက် သွင်း တယ်။ အခု ကြည့်လိုက်ရင် ရှင်းနေ တာပဲ။ ဒေါ်စု က လွဲလို့ ကျန်တဲ့ Plan သုံးခု စလုံး လှုပ် နေတာ CIA ရဲ့ စနက် တွေပဲ။ ဂွမ်မော် အမေရိကန် က ပြန်လာ ကတည်း က ကချင် ဟာ ငြိမ်းချမ်းရေး လုံးဝ မယူတော့ ဘူး ဆိုတာ သေချာ သွားပြီ။ နောက်ပြီး ကုလား၊ ကုလား ဒီလောက် ပြဿနာ ရှာ နေတာ လူ့ အခွင့်ရေး ဘာညာ ဆိုပြီး အမေရိကန် အော်တယ်။ သူ ကိုယ်တိုင် ကုလား ကို တိုက်နေ တာတောင် မြန်မာ ပြည်က ကုလား ကို ဘယ်တုန်း ကများ ဝေဖန် ဘူး သလဲ။ လက်ရှိ အခြေနေ မှာ တော့ KNU က UNFC ကနေ ဆုတ်ပြီ။ အရေး ပေါ် အခြေနေ ရောက် နေပြီ။ အရေးပေါ် ဆိုတာ CIA သတင်း တွေ အရ မြန်မာ ပြည် မှာ တရုတ် ထောက်လှမ်း ရေး တပ်ရင်း နှစ်ရင်း ပြည့် သွားပြီ။ ဒါ့ကြောင့် CIA လုပ်စရာ ရှိတာ လုပ်တော့ မယ်။ နံပါတ် တစ် Plan ကို ရိုက်ချိုးမယ် ဆိုရင် အားလုံး အဆင်ပြေ နိုင်တယ် လို့ CIA တွေး နေတယ်။

အရင် တစ်ခါ တုန်း က CIA မှားပြီး ပြီ။ မြန်မာ ပြည် လက်တွေ့ အခြေနေ နဲ့  CIA သီအိုရီ က အံမ၀င် ခဲ့ဘူး။ ဒေါ်စု ကို ဒေါ်လာ တွေ ဘီလျံ ချီ ရင်းပြီး နိုဘယ် ဆုကြီး ပေးတုန်း က CIA ခွေးဖြစ် ပြီးပြီ။ သူ့လူ သူ သုံးလို့ မရ ခဲ့ဘူး။ ဒေါ်စု နောက်က လူတွေ က ဒေါ်စု ကို ထိုင် ရှိခိုး ဘို့ပဲ တတ်တာ။ အကန်း တွေ ချည်းပဲ။ ဒေါ်စု ဘာလုပ်လုပ် မှန်တယ် ဆိုပြီး စုံမှိတ် ထောက်ခံ တာ။ CIA လိုချင်တာ အဲဒါ မဟုတ် ဘူး။ အဲလို အဖွဲ့မျိုး ကို သေနေတဲ့ အဖွဲ့ လို့ ခေါ်တယ်။ ခေါင်းကြီးပြီး ကိုယ်သေး တယ်။ အံ မ၀င် ဘူး။ ဒေါ်စု ဆိုတာ ကလည်း ပြောမယ့် သာ ပြောတာ ဗိုလ်ချုပ် သမီး ဆိုတာရယ် CIA မြေတောင် မြှောက်ပေး လိုက်တာ ရယ်၊ အရေးခင်း ကာလ မှ ထုတ်သုံး လိုက်တာ ရယ်ကြောင့် လူထု က သူ့နောက် ပါ လာတာ။ ၉၈ လောက် ထိကို ဒေါ်စု ဟာ CIA ရုပ်သေး ပဲ။ ထားပါ တော့ ပြောချင် တာ ဒေါ်စု မဟုတ် ဘူး။

ဒီ တစ်ခါ တော့ CIA နပ် သွားပြီ။ အေး ... အောက်ခြေ KNU တွေ က ပိုနပ်မှ ရတော့မယ့် အခြေနေ ဖြစ်နေပြီ။ မဟုတ် လို့ ကတော့ အောက်ခြေ KNU တွေ ခွေး ဖြစ်ကိန်း ဆိုက် မှာပဲ။ ခု ကြည့် ... နော်စီ ဖိုးရာစိန် ကို ငြိမ်းချမ်း ရေး ဆု ပေးပြီ။ ငြိမ်းချမ်း ရေး တကယ် ယူ ပါမယ် လို့ ပြောတဲ့ မူတူး စေးဖော ကို မပေးပဲ အစိုးရ ကို မသေ မချင်း တော်လှန်မယ် ဆိုတဲ့ စီဖိုးရာစိန် ကို ဘာလို့ ပေး တာလဲ။ စီဖိုးရာစိန် က လည်း ဒေါ်စု နဲ့ တောင် ညီမတွေ ဘာတွေ လုပ်ထား သေးတာ။ ဇတ်က ကြည့်လို့ သိပ် လှတယ်။ KNU ကို CIA က အေးအေး လူလူ ခွဲ နေပြီ။ KNU နှစ်ချမ်း ကွဲရင် ပွဲသိမ်း ပြီ။ ဖထီးမူတူး တို့ ကလဲ သိတယ်။ မငြိမ်းချမ်း ချင်လို့ သွားကြ တာ သွား ပစေ။ ကွဲတာ က ကွဲမှာပဲ ထိန်းလို့ မရ တော့ဘူး။ အေး ... ဒါပေမယ့် သူ့ ကရင် ရဲဘော် တွေကို ရူးသလို ပေါသလို နဲ့ ခေါ်သွားမှာ ကို စိုးရိမ် တာ။ ဖထီး မူတူး တပ်မဟာ မှုး ဘ၀ ကတည်း က အားလုံး ကို ပြောပြီး သား။ ငါ လူကြီး ဖြစ်ရင် ငြိမ်းချမ်းရေး ရအောင် လုပ်မယ် လို့။ KNU မှာ ဒီ လူကြီး တွေနဲ့  ခု အစိုးရ က ဒီသမ္မတ လက်ထက် မှာမှ ငြိမ်းချမ်းရေး မရရင် တစ်သက်လုံး မရ တော့ဘူး။ တစ်သက်လုံး တော ထဲ နေပြီး မျှစ်ပြန် စား ရမှာပဲ။

စီဖိုးရာစိန် တို့ အကြံ က ရှင်းတယ်။ အခု DKBA က ခွဲထွက် လာမယ့် ငမူးတွေ ဖြစ်တဲ့ ဆန်းအောင် တို့ ကျော်သက် တို့ နောက်ပြီး KNLA က ဘာမှ မတတ်တဲ့ ကားသမား တိုက်ဂါး တို့ကို ဟက်ကြီး က ဖားမီး ဆီ ခေါ်မယ်။ ပြီးရင် မဲသဝေါ နားက မောင်ကြာ ဆီ သွားခိုင်း မယ်။ အဲကနေ အားလုံး ပေါင်းပြီး တပ်မဟာ (၅) မှာ လာစု၊ တခြား ကယန်း ပြည်သစ် က ခွဲထွက် ကရင်နီ တွေ ကိုလဲ ပေါင်း ခိုင်းမယ်။ ပြီးရင် ကရင် လွတ်မြောက် နယ်မြေ ဘာညာ ဆိုပြီး ကရင် တပ်မတော် သစ် တည်ထောင် မယ် ပေါ့။ ပြီးရင် ပြန်ချ ကြမယ်။ တောထဲ ပြန်ဝင်မယ့် အကြံ။ KNU အမည် ခံပြီး UNFC မှာ ပေါင်းအုံး မှာ။ သူ တို့က မဲစောက် မှာ နှပ်ပြီး အေးအေး လူလူ နေလို့ ရပေမယ့် ကရင် ရဲဘော် တွေက တော ထဲမှာ တိုက် ရမှာ။ ဗမာ တပ် ကလည်း ဒီ တစ်ခါ နပ် နေပြီ ခြေလျင် တောင် လာချင် မှ လာမှာ အဝေးက ချည်း လွှတ်ရင် အလကား အကုန် သေကုန် မှာ။စီဖိုးရာစိန် တို့က အာဏာ တစ်ခု တည်း အတွက် လုပ်မှာ ကရင် ရဲဘော် တွေကို ကြည့်မှာ မဟုတ် ဘူး။

ဒါတွေ အကုန်လုံး ကို မြှောက်ပေး နေတဲ့ ကောင် ရှိတယ်။ အဲဒါ က တင်မသီ။ သြစတေးလျ နိုင်ငံသား။ လုံးဝ CIA အစစ်။ CIA မှာ ကုတ် နံပါတ် ရှိပြီးသား။ ဘောကျော်ဟဲ ကို စည်းရုံး တာ ဒီကောင် ပဲ။ ဘောကျော် ရဲ့ တပ်မဟာ (၅) ထဲမှာ စစ် တက္ကသိုလ် ရှိတယ်။ ဆေးကျောင်း ရှိတယ်။ နိုင်ငံခြား သား( ၇၀) လောက် တက်နေ တာ။ အာရှ ဆိုလို့ ဂျပန် နဲ့ကိုရီးယား က နှစ်ယောက် လား သုံးယောက် လား ပဲ ရှိတယ်။ ဘောကျော် က နိုင်ငံခြား က စစ်သင် တန်း ပြီး လာတာ။ တင်မသီ က ဘောကျော် ဆီ လာပြီး စည်းရုံး တယ်။ အဓိက က ဒီကောင် မွှေနေတာ။ အရမ်း ဉာဏ် ပြေးတယ်။ နေတိုး ဗုံးခွဲ တာ ဘောကျော် လုပ်တာ မဟုတ် ဘူး။ တင်မသီ စနက်တွေ ပါတယ်။

ဒါက CIA ရဲ့ ဇတ်လမ်း တွေ ချည်းပဲ။ အခု မြ၀တီ မှာ နာမည်ကြီး နေတဲ့ တိုက်ဂါး တို့ ဆန်းအောင် တို့ ကျော်သက် တို့ ဆိုတာ ရိုင်းရိုင်း ပြောရရင် သူတောင်းစား သာသာ ကောင် တွေ ဘာကောင် တွေမှ မဟုတ်ဘူး။ အစုတ် အပြတ် တွေ အားလုံး တင်မသီ ရဲ့ အရုပ်တွေ ချည်းပဲ။ တင်မသီ ဆိုတာ လဲ CIA ရဲ့ ဇတ်လိုက် ပဲ။ ဒီလောက် ဆို KNU ထဲက CIA ရဲ့ သီအိုရီ တွေ ကို သိလောက် ရော ပေါ့။

ထပ်ပြီး တော့ MPC ထဲက CIA ဇတ်လမ်း တွေ ဖွင့်ချ ပါအုံး မည်။ စောနိုင် အားလုံး သိ ပါသည်။

ဒေါန မြေ ငြိမ်းချမ်း ပါစေ။
အပိုင်း ( ၁ ) ဖတ်ရှုလိုပါက  ဒီမှာ  ဖတ်နိုင်ပါတယ်..။
From: Golden land Myanmar

www.mmdailystar.com

နှစ်ပေါင်း(၂၆)နှစ်ကျော်ကြာ မပုပ်သိုးသော ကျိုင်းတုံမြို့ ထပ်တင်္ကာဆရာတော်ကြီး၏ ရုပ်ကလာပ်တော်

Photo: နှစ်ပေါင်း(၂၆)နှစ်ကျော်ကြာ မပုပ်သိုးသော ကျိုင်းတုံမြို့ ထပ်တင်္ကာဆရာတော်ကြီး၏ ရုပ်ကလာပ်တော် 

ရှေးက စည်ကားခဲ့ဖူးတဲ့ ထပ်တင်္ကာဆရာတော်ကြီး ဦးသာဂရ သီတင်းသုံးခဲ့တဲ့ တောင်ကို သွားရောက်ခဲ့ပါတယ်။ တောင်ပုလုဆရာတော်ဘုရားကြီးနဲ့ ထပ်တင်္ကာဆရာတော်ကြီးတို့ ဓါတ်ပုံရိုက်ခဲ့ဖူးတဲ့ ရှေးဟောင်းစေတီလေးနား ရောက်တော့ စိတ်တွေက ရှေးနောက်ကြောင်းကိုပြန်ရောက် သွားခဲ့ပါတယ်။

အဖိုးဦးဇုံနဲ့ အဖွားဒေါ်ကြည်စိန်တို့ရဲ့ ကောင်းမှုဖြစ်တဲ့ ကျောင်းလေးနဲ့ ကုဋီတွေကို ဟောင်းမြင့်စွာ တွေ့မြင်ခဲ့ရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ပြန်လည်ပြုပြင်နိုင်ဖို့ အားမွေးရဦးမယ်။ထပ်တင်္ကာဆရာတော်ကြီးက ငယ်ဖြူ မဟုတ်ပါဘူး။ လူ့ဘဝတုန်း ကအမည်က ဦးဘနှစ် ပါ... ကျားထိုးတဲ့နေရာမှာ ပြိုင်ဘက်ကင်းလို့ "ကျားဘနှစ်"လို့ ခေါ်ဝေါ်ကြပါတယ်။

ကျိုင်းတုံကနေ သုံးလေးနှစ်လောက် ပျောက်ကွယ်သွားပြီးတော့ ရဟန်းဝတ်နဲ့ ပြန်ပေါ်လာပါတယ်။မိုင်းတုံ၊ မိုင်းဆတ်နယ်ဘက်မှာ တရားကျင့်နေတာလို့ ဆိုပါတယ်။ လူ့ဘဝတုန်းက သူငယ်ချင်းတွေက ကြည်ညိုကိုးကွယ်မယ့် ဒကာလေးဘာလေး ရအောင်လို့ တရားပွဲတစ်ခုရဲ့နောက်ဆုံးမှာ ထည့်ပေးဖို့စီစဉ်ခဲ့ကြပါတယ်။

ဆရာတော်ကြီးကို "ကိုယ်တော်တရားဟောတတ်လား"လို့ ဦးမြက မေးပါတယ်။ ဟောတတ်ပါတယ်လို့ ပြောလို့ တရားပွဲအတွက် စီစဉ်ခဲ့ကြပါတယ်။ အရင်ညက ဆရာတော်များက ဒါနသီလ အကြောင်းအရာ များကိုသာ ဦးစားပေးဟော ပြောခဲ့ကြပါတယ်။ ဆရာတော်ကြီးဟောတဲ့ ညမှာတော့ ခန္ဓာဥာဏ်သိ ဘာဝနာတရားများကို ဟောပြတော်မူခဲ့ပါတယ်။

အရင်ညက ဟောကြားတဲ့ ဆရာတော်များနဲ့မတူ တမူထူးပြီး 
(ကိုယ်တိုင်ကျင့်ကြံတွေ့ ရှိခဲ့တဲ့ တရားများကို) ဟောကြားခဲ့တာဆိုတော့ ပရိသတ်အများစုက သိပ်နားမလည်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ လူ့ဘဝတုန်းက သူငယ်ချင်း ဦးမြက လက်ညိုးငေါက်ငေါက်ထိုးပြီး "တရားဟောတတ်တယ်ဆိုလို့ ပလ္လင်ပေါ် တင်ပေးလိုက်တာ ဘာတွေလျှောက်ဟောနေတာတုန်း အခုဆင်း"ဆိုပြီး ဒေါသနဲ့အရှက်တရားပေါင်းစပ်ပြီး ဆရာတော်ကြီးကို မောင်းချခဲ့ပါတယ်။

နောင် တချိန်မှာတော့ သူ့ရဲ့အမှားအတွက် ဆရာတော်ကြီးကို ဦးမြက တောင်းပန်ခဲ့ပါတယ်။ ဦးမြ လှူဒါန်းခဲ့တဲ့ ကျောင်းအိုကိုလည်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ တွေ့မြင်ခဲ့ပါသေးတယ်။တနေ့သော အခါမှာ ကျောင်းဝန်း ပတ်ပတ်လည်ကို သစ်ပင်တွေရှင်းခိုင်းအပြီး တောင်ရဲ့ပတ်ပတ်လည်ကို တောမီးတွေ ဝိုင်းလာပါတယ်။ လောင်စရာမရှိတော့လို့ ကျောင်းကို မီးလောင်မယ့်ဘေးကနေ လွတ်ကင်းခဲ့ပါတယ်။

"မနက်ဖြန် လူဘယ်နှစ်ယောက်စာလောက် ထမင်းချက်ထားပါ" လို့ ဆရာတော်ကြီးက ကပ္ပိယတွေကို ခိုင်းတော့ ဧည့်ပရိတ်သတ်တွေ တက်လာတာနဲ့ တိုက်ဆိုင်ပြီး မှန်နေပြန်ပါတယ်။ နောက်တဖန် တိုက်ဆိုင်မှုကတော့ ထောင်သားတွေအပြည့် တင်ဆောင်လာတဲ့ကားကို 
( မြင်တောင်မမြင်ရသေးပဲ တောင်ပေါ်ကိုမရောက်မီမှာပဲ ) "အောက်က တက်လာတဲ့ကား သွားတားခြေ ခြေလျင်ဆင်းလျှောက်ပြီး လာခဲ့ကြ" လို့ ပြေးပြီးပြောခိုင်းပေမယ့် မမှီတော့ပဲ ကားမှောက် လူသေတာတွေ စသဖြင့် တိုက်ဆိုင်မှုတွေ များလာတော့ ကြည်ညိုသူတွေ များလာပါတယ်။

ဒါတွေဟာ အခုတော့ ပုံပြင်တစ်ပုဒ်အလား။ သွေ့ခြောက်နေတဲ့ ပတ်ဝန်းကျင်က ပြောပြနေ သယောင်ယောင်ပါ။ လူစကားကို ကောင်းကောင်းနားလည်တဲ့ ဝက်ကြီး "ကြက်တော" နဲ့ ခွေး "ငညို" တို့ ရော လူ့ဘဝကို ရောက်နေကြပြီလား မသိ။ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးတရား များပါပေတယ်။

အခုတော့လည်း တစ်ချိန်တစ်ခါက စည်ကားခဲ့တဲ့ ထပ်တင်္ကာ တောင်ပေါ်တောရကျောင်းလေးဟာ အိနြေ္ဒကြီးရင့်စွာနဲ့ တောထဲမှာ ဧကစာကျင့်သုံး နေပါတော့တယ်။ ဒီကျောင်းလေးရဲ့အကြောင်းတွေကိုရော ကပ္ပိယအခြွေအရံမရှိ ယခုတစ်ပါးတည်း သီတင်းသုံးနေတဲ့ ဆရာတော်ကရော သိနိုင်ဦးပါ့မလား တွေးမိပါတော့တယ်။

ဆောင်းပါးရှင်။ ။ မောင်လွမ်းနောင် ( မြင်းခြံ )

မှတ်ချက်။ ။ ဆရာတော် ပျံလွန်တော်မမူခင်က ပုံများအား ကျိုင်းတုံမြို့ မြားနတ်မောင် ကွမ်းယာအပိုပစ္စည်းဖြန့်ချီရေးမှ ကူညီ ပံ့ပိုးပါသည်။ မှတ်တမ်း ဗီဒီယိုအား ဦးကျော်သူ နှင့် မဇ္ဈိမလူမှုကူညီအသင်း ဦးတင့်ဆွေတို့ နှင့်အတူ လိုက်ပါသွားစဉ်က ရိုက်ကူးခဲ့သည့် မှတ်တမ်းဖြစ်ပါသည်။

#Tachileik

VDO မှတ်တမ်း ။ ။ http://www.youtube.com/watch?v=Y3D5wN3SWYs
ရှေးက စည်ကားခဲ့ဖူးတဲ့ ထပ်တင်္ကာဆရာတော်ကြီး ဦးသာဂရ သီတင်းသုံးခဲ့တဲ့ တောင်ကို သွားရောက်ခဲ့ပါတယ်။ တောင်ပုလုဆရာတော်ဘုရားကြီးနဲ့ ထပ်တင်္ကာဆရာတော်ကြီးတို့ ဓါတ်ပုံရိုက်ခဲ့ဖူးတဲ့ ရှေးဟောင်းစေတီလေးနား ရောက်တော့ စိတ်တွေက ရှေးနောက်ကြောင်းကိုပြန်ရောက် သွားခဲ့ပါတယ်။

အဖိုးဦးဇုံနဲ့ အဖွားဒေါ်ကြည်စိန်တို့ရဲ့ ကောင်းမှုဖြစ်တဲ့ ကျောင်းလေးနဲ့ ကုဋီတွေကို ဟောင်းမြင့်စွာ တွေ့မြင်ခဲ့ရတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ပြန်လည်ပြုပြင်နိုင်ဖို့ အားမွေးရဦးမယ်။ထပ်တင်္ကာဆရာတော်ကြီးက ငယ်ဖြူ မဟုတ်ပါဘူး။ လူ့ဘဝတုန်း ကအမည်က ဦးဘနှစ် ပါ... ကျားထိုးတဲ့နေရာမှာ ပြိုင်ဘက်ကင်းလို့ "ကျားဘနှစ်"လို့ ခေါ်ဝေါ်ကြပါတယ်။

ကျိုင်းတုံကနေ သုံးလေးနှစ်လောက် ပျောက်ကွယ်သွားပြီးတော့ ရဟန်းဝတ်နဲ့ ပြန်ပေါ်လာပါတယ်။မိုင်းတုံ၊ မိုင်းဆတ်နယ်ဘက်မှာ တရားကျင့်နေတာလို့ ဆိုပါတယ်။ လူ့ဘဝတုန်းက သူငယ်ချင်းတွေက ကြည်ညိုကိုးကွယ်မယ့် ဒကာလေးဘာလေး ရအောင်လို့ တရားပွဲတစ်ခုရဲ့နောက်ဆုံးမှာ ထည့်ပေးဖို့စီစဉ်ခဲ့ကြပါတယ်။

ဆရာတော်ကြီးကို "ကိုယ်တော်တရားဟောတတ်လား"လို့ ဦးမြက မေးပါတယ်။ ဟောတတ်ပါတယ်လို့ ပြောလို့ တရားပွဲအတွက် စီစဉ်ခဲ့ကြပါတယ်။ အရင်ညက ဆရာတော်များက ဒါနသီလ အကြောင်းအရာ များကိုသာ ဦးစားပေးဟော ပြောခဲ့ကြပါတယ်။ ဆရာတော်ကြီးဟောတဲ့ ညမှာတော့ ခန္ဓာဥာဏ်သိ ဘာဝနာတရားများကို ဟောပြတော်မူခဲ့ပါတယ်။

အရင်ညက ဟောကြားတဲ့ ဆရာတော်များနဲ့မတူ တမူထူးပြီး
(ကိုယ်တိုင်ကျင့်ကြံတွေ့ ရှိခဲ့တဲ့ တရားများကို) ဟောကြားခဲ့တာဆိုတော့ ပရိသတ်အများစုက သိပ်နားမလည်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ လူ့ဘဝတုန်းက သူငယ်ချင်း ဦးမြက လက်ညိုးငေါက်ငေါက်ထိုးပြီး "တရားဟောတတ်တယ်ဆိုလို့ ပလ္လင်ပေါ် တင်ပေးလိုက်တာ ဘာတွေလျှောက်ဟောနေတာတုန်း အခုဆင်း"ဆိုပြီး ဒေါသနဲ့အရှက်တရားပေါင်းစပ်ပြီး ဆရာတော်ကြီးကို မောင်းချခဲ့ပါတယ်။

နောင် တချိန်မှာတော့ သူ့ရဲ့အမှားအတွက် ဆရာတော်ကြီးကို ဦးမြက တောင်းပန်ခဲ့ပါတယ်။ ဦးမြ လှူဒါန်းခဲ့တဲ့ ကျောင်းအိုကိုလည်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ တွေ့မြင်ခဲ့ပါသေးတယ်။တနေ့သော အခါမှာ ကျောင်းဝန်း ပတ်ပတ်လည်ကို သစ်ပင်တွေရှင်းခိုင်းအပြီး တောင်ရဲ့ပတ်ပတ်လည်ကို တောမီးတွေ ဝိုင်းလာပါတယ်။ လောင်စရာမရှိတော့လို့ ကျောင်းကို မီးလောင်မယ့်ဘေးကနေ လွတ်ကင်းခဲ့ပါတယ်။

"မနက်ဖြန် လူဘယ်နှစ်ယောက်စာလောက် ထမင်းချက်ထားပါ" လို့ ဆရာတော်ကြီးက ကပ္ပိယတွေကို ခိုင်းတော့ ဧည့်ပရိတ်သတ်တွေ တက်လာတာနဲ့ တိုက်ဆိုင်ပြီး မှန်နေပြန်ပါတယ်။ နောက်တဖန် တိုက်ဆိုင်မှုကတော့ ထောင်သားတွေအပြည့် တင်ဆောင်လာတဲ့ကားကို
( မြင်တောင်မမြင်ရသေးပဲ တောင်ပေါ်ကိုမရောက်မီမှာပဲ ) "အောက်က တက်လာတဲ့ကား သွားတားခြေ ခြေလျင်ဆင်းလျှောက်ပြီး လာခဲ့ကြ" လို့ ပြေးပြီးပြောခိုင်းပေမယ့် မမှီတော့ပဲ ကားမှောက် လူသေတာတွေ စသဖြင့် တိုက်ဆိုင်မှုတွေ များလာတော့ ကြည်ညိုသူတွေ များလာပါတယ်။

ဒါတွေဟာ အခုတော့ ပုံပြင်တစ်ပုဒ်အလား။ သွေ့ခြောက်နေတဲ့ ပတ်ဝန်းကျင်က ပြောပြနေ သယောင်ယောင်ပါ။ လူစကားကို ကောင်းကောင်းနားလည်တဲ့ ဝက်ကြီး "ကြက်တော" နဲ့ ခွေး "ငညို" တို့ ရော လူ့ဘဝကို ရောက်နေကြပြီလား မသိ။ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးတရား များပါပေတယ်။

အခုတော့လည်း တစ်ချိန်တစ်ခါက စည်ကားခဲ့တဲ့ ထပ်တင်္ကာ တောင်ပေါ်တောရကျောင်းလေးဟာ အိနြေ္ဒကြီးရင့်စွာနဲ့ တောထဲမှာ ဧကစာကျင့်သုံး နေပါတော့တယ်။ ဒီကျောင်းလေးရဲ့အကြောင်းတွေကိုရော ကပ္ပိယအခြွေအရံမရှိ ယခုတစ်ပါးတည်း သီတင်းသုံးနေတဲ့ ဆရာတော်ကရော သိနိုင်ဦးပါ့မလား တွေးမိပါတော့တယ်။

ဆောင်းပါးရှင်။ ။ မောင်လွမ်းနောင် ( မြင်းခြံ )

မှတ်ချက်။ ။ ဆရာတော် ပျံလွန်တော်မမူခင်က ပုံများအား ကျိုင်းတုံမြို့ မြားနတ်မောင် ကွမ်းယာအပိုပစ္စည်းဖြန့်ချီရေးမှ ကူညီ ပံ့ပိုးပါသည်။ မှတ်တမ်း ဗီဒီယိုအား ဦးကျော်သူ နှင့် မဇ္ဈိမလူမှုကူညီအသင်း ဦးတင့်ဆွေတို့ နှင့်အတူ လိုက်ပါသွားစဉ်က ရိုက်ကူးခဲ့သည့် မှတ်တမ်းဖြစ်ပါသည်။

.
From: Tachileik

www.mmdailystar.com

''ကျွန်တော့သားလေးနဲ့ စကားပြောချင်တယ်'' လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦး၏ ဖခင်နှင့် မေးမြန်းခြင်း



ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်း(ဘယ်)နှင့် ကိုစော (ညာ)တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အီးပီအေ)
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦး ဖမ်းဆီးခံထားရသည်။ ၎င်းတို့ နှစ်ဦးအနက် ကိုဝင်းဇော်ဦး၏ ဖခင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကာပီချောင်း ကျေးရွာနေ ဦးထွန်းထွန်းထိုက်ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- ကိုဝင်းဇော်ထွန်း ထိုင်းကိုဘယ်လို သွားခဲ့လဲ။

ဖြေ- ရှစ်တန်းအောင်တော့ ရွာမှာ အထက်တန်းကျောင်းမရှိတော့ ကျောက်ဖြူ အထက ၁မှာ ကိုးတန်းထားတယ်။ အဲဒီမှာ သူ့သူငယ်ချင်း အောင်လင်းဇော်နဲ့တွေ့ပြီး အောင်လင်းဇော်ရဲ့ မိဘတွေက ထိုင်းမှာနေတယ်။ အဲဒါနဲ့ သူလည်းလိုက်သွားမယ်ဆိုပြီး လိုက်သွားတယ်။ အိမ်ကိုမပြောသွားဘူး။ ရန်ကုန်ရောက်မှ ဖေဖေသား ထိုင်းကို သွားတော့မယ်ဆိုပြီး ဖုန်းဆက်တယ်။
မေး- အဲကို သွားဖို့ငွေကြေးကကော။

ဖြေ- သူတို့ ရန်ကုန်ကိုရောက်တဲ့ အခါ အောင်လင်းဇော်ရဲ့ အမေက ကျွန်တော်တို့ကို ဖုန်းဆက်ပြီး သူတို့နှစ်ယောက်ထိုင်းကိုလာဖို့ တစ်ယောက်ကို သုံးသိန်းလိုတယ်ဆိုပြီး ဖုန်းဆက်တယ်။ကျွန်တော်တို့ ဒီက လွဲလိုက်ရတယ်။
မေး- ထိုင်းရောက်ပြီးမှ အိမ်ကို အဆက်အသွယ်လုပ်လား။

ဖြေ-ဖုန်းဆက်တာတော့ မရှိဘူး ရွာမှာလည်း သူသွားပြီးနောက်ပိုင်းမှ ဖုန်းတစ်လုံးနှစ်လုံးလောက် ရှိကြတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ပြန်လာသေးတယ် ။မေလ လောက်မှာ ပြန်သွားတယ်။သူ့အမေက မသွားဖို့တားသေးတယ်။ သူက အလုပ်လုပ်ချင်တယ်။ ရွာမှာ ဘာအလုပ်လဲမရှိဆိုပြီး မရမကပြန်သွားတယ်။

မေး-ဘာလို့ သူ့ကို ထိုင်းကိုမသွားစေချင်တာလဲ။

ဖြေ- ကျွန်တော့သားလေးက ကူညီတတ်တယ်။ သူငယ်ချင်းတွေ ကိုခင်မင်တတ်တယ်။ သူများက လိုချင်တယ်ဆိုရင် သူ့ဝတ်ထားတဲ့ အကျီကိုတောင် ချွတ်ပေးပြီး ကိုယ်တုံးလုံးနဲ့ အိမ်ပြန်လာဖူးတယ်။ ရွာမှာလည်းဟေ့ဟော့ရမ်းရမ်း နေတတ်တဲ့သူမျိုးမဟုတ်ပါ။ သူများနိုင်ငံမှာ မလည်မဝယ်နဲ့ ဒုက္ခရောက်မှာကို သူ့အမေက စိုးရိမ်တယ်။ ကျွန်တော်ကတော့ ယောင်္ကျားလေးပဲ ဘာမှ မဖြစ်ဖူးဆိုပြီး အဲဒီလောက်တော့ မစိုးရိမ်ဘူး။

မေး- သူနဲ့လည်း အဆက်အသွယ်မရှိဆိုတော့ အခုလိုပြသနာဖြစ်တာကို ဘယ်လိုသိလဲ။

ဖြေ- ရွာက ကော့သောင်(လိပ်ကျွန်း)မှာနေတဲ့ သူတွေက ရွာကို ဖုန်းဆက်တယ်။ ၀င်းဇော်ထွန်း ကို လူသတ်မှုနဲ့ ဖမ်းသွားတယ်လို့ပြောတယ်။ ပထမတော့ သူ့အမေက နာမည်တူတာလို့ထင်တယ်။ ကိုယ့်သားက လူသတ်ရလောက်အောင်လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ နောက်မှ တီဗီမှာ ကျမှ ယုံတယ်။ သူ့အမေက ထမင်းလည်းမစားဘူး၊ ရေလဲမချိုးဘူး၊ ကြာရင် သေရင်သေ မသေရင်ရင် ရူးဖို့လားမသိ။

မေး- ကိုဝင်ဇော်ထွန်းလွတ်မြောက်ဖို့ ဘာတွေ ကြိုးစားထားသေးလဲ။ရန်ကုန်ကိုလာဖို့ ဒါမှ မဟုတ်ထိုင်းကို လိုက်သွားဖို့ အစီအစဉ်ရှိလား။

ဖြေ- ကျွန်တော်တို့ ဘာမှ မသိဘူး။ ဘယ်လိုကြိုးစားရမယ်ဆိုတာလဲ ကျွန်တော်တို့ မသိဘူး။ ရန်ကုန်ကို လာဖို့လည်း ပိုက်ဆံမရှိဘူး။ သွားလည်းမသွားတတ်ဘူး။ သူ့ကို သွားဖို့ ပိုက်ဆံကိုလည်း ကျွန်တော်တို့ချေးငှားပေးလိုက်ရတာ။

မေး- ထိုင်းမှာ ဘာအလုပ်လုပ်တယ် လို့ပြောထားလဲ။

ဖြေ- စားသောက်ဆိုင်တွေ ၊ဘန်ဂလိုတွေမှာလုပ်တယ်လို့ပြောတယ်။

မေး-သူ့ မှာ မောင်နှမတွေ ရှိသေးလား။

ဖြေ- သူ့အစ်ကို တစ်ယောက်ရှိတယ်။ ထိုင်းမှာပဲ သူက ငါးဖမ်းသဘောင်္မှာလို့ ပြောတယ်။သူနဲ့ အတူတူမနေဘူး။ အခုနောက်ဆုံး ဘယ်လို သတင်းကြားသေးလဲ။ သူ့ကို လူသတ်မှုနဲ့ ဖမ်းသွားတယ်။ ဒီက လူကြီးတွေက လိုက်သွားတယ်လို့ကြားတယ်။ ကျွန်တော် လူကြီးတွေကို တောင်းဆိုချင်တာက ကျွန်တော့သားလေးနဲ့ စကားပြောချင်တယ်။ ဒီကလိုက်သွားတဲ့ လူကြီးတွေရော၊ ထိုင်းက လူကြီးတွေရော ကူညီပေးကြပါခင်ဗျာ။

မေး- သူပြန်လွှတ်မယ်လို့ထင်လား။

ဖြေ- ကျွန်တော့သားလေးဟာ လူတစ်ယောက်ကို သတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ ကျွန်တော်သိတယ်။ ရှေ့နေ ရှေ့ရပ်တွေနဲ့ လူကြီးတွေက အမှန်အတိုင်း စစ်ပေးရင်တော့ လွှတ်မယ်လို့ထင်တယ်။

From: Mizzima

www.mmdailystar.com

ဦးသန်းလှိုင်ပြသခဲ့သည့် ဆရာ့ဂုဏ်

ဝမ်းပန်းတနည်းငိုကြွေးနေသည့် ဒေသခံအမျိုးသမီးကြီးများနှင့် ဆရာဦးသန်းလှိုင် (ဓာတ်ပုံ - အောင်ဇော်မြင့်)
ရှစ်နှစ်တာတိုင်အောင် နာသုံးနာဖြင့် သင်ကြားပြသခဲ့သူ ဆရာနှင့် သူ၏ကျောင်းသားများ ခွဲခွာမှုက ၀မ်းနည်းကြေကွဲစရာ ကောင်းလှသည်။ သနပ်ခါးဘဲ ကျားလိမ်းကျံထားသော ပါးပြင်များတွင် မျက်ရည်စီးကြောင်းများက အထင်းသား။ ဆရာဖြစ်သူကလည်း တပည့်များ ၀မ်းနည်းနေသလိုပင် စီးကျလာသော မျက်ရည်များကို လက်ကိုင်ပ၀ါတို့ဖြင့် သုတ်ရင်းက တပည့်များကို နှစ်သိမ့်နေသည်။

 ငိုကြွေးလျက် နှုတ်ဆက်ဦးချနေသည့် တပည့်များ (ဓာတ်ပုံ - အောင်ဇော်မြင့်)
ထိုရင်နင့်ဖွယ် အခိုက်အတန့်ကို မှတ်တမ်းတင်ထားခဲ့သည့် ဓာတ်ပုံများက နေ့တွင်းချင်းပင် ချောင်းဦးမြို့နယ် ဆူးလေကုန်းရွာမှတစ်ဆင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် ဆရာကြီး ဦးသန်းလှိုင်နှင့် သူ၏တပည့်များကြား ကြီးမားလှသော ဆရာတပည့်သံယောဇဉ်များကို ရက်ပိုင်းအတွင်း လူသိများလာခဲ့သည်။
ချောင်းဦးမြို့နယ်အတွင်းမှ ဆူးလေကုန်းဆိုသည့်ရွာတွင် တာဝန်ထမ်းဆောင်ရန် ၂၀၀၆ ခုနှစ်က ဆရာဦးသန်းလှိုင် စတင်ရောက်ရှိခဲ့သည်။ ရှစ်နှစ်တာအတွင်း စေတနာအပြည့်ဖြင့် သင်ကြားပြသပေးခဲ့ရုံသာမက ကျောင်းပြင်ပရွာကိစ္စများတွင်လည်း အားတက်သရောရှိခဲ့သည်။ ထို့ကြောင့် တစ်ရွာလုံး၏ ကြည်ညိုလေးစားမှုကို ဖန်တီးမယူဘဲရရှိခဲ့သည်။
ဆူးလေကုန်းကျေးရွာမှာ ကျောင်းအတွက်ရော၊ ရပ်ရွာအတွက်ပါ ရှစ်နှစ်ကြာ အားကိုးအားထားပြုရသည့် ဆရာဦးသန်းလှိုင်တစ်ယောက် ဒေသပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ စက်တင်ဘာလလယ်တွင် ခွင့်ပြုမိန့်ကျလာသည်။ ဆရာဦးသန်းလှိုင် ကိုယ်တိုင်ကပင် လွန်ခဲ့သော တစ်နှစ်ခန့်က ဒေသပြောင်းရွှေ့ထမ်းဆောင်ရန် တင်ပြခဲ့ခြင်းဖြစ်ပါသည်။ မိဘနှစ်ပါးအနက် တစ်ဦးတည်းသာ ကျန်ရှိတော့သည့် မိခင်အိုကြီးမှာ အသက် (၈၆)နှစ်ရှိပြီ ဖြစ်၍ မိခင်ကြီးနှင့်နီးရာ တာဝန်ထမ်းဆောင်ခွင့်ရရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ယခုတော့ မိခင်အိုကြီးနှင့်နီးရာ မြောင်မြို့နယ် ကျောက်တန်းကျေးရွာအနီးရှိ အုတ်နှဲဘုတ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ရခဲ့ပြီ။
သို့သော်လည်း ဆရာဦးသန်းလှိုင်တစ်ယောက် မပျော်နိုင်ခဲ့ပါ။ ရှစ်နှစ်တိုင် ကြိုးစားပမ်းစား တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းကလေး၊ လူပျိုကြီးတစ်ယောက်ပေမယ့် ကိုယ်မွေးထားတဲ့ သားသမီးနှင့်မခြား ပြုစုပျိုးထောင်ခဲ့ရသော ကလေးများ၊ ဆွေမျိုးရင်းချာသဖွယ် စောင့်ရှောက်ကူညီခဲ့ကြသည့် ရပ်မိရပ်ဖများအား ဆရာဦးသန်းလှိုင်တစ်ယောက် ထားခဲ့ရတော့မည်ဖြစ်လေသည်။
ဦးသန်းလှိုင် ဆူးလေကုန်းမူလတန်းကျောင်းသို့ လက်ထောက်ကျောင်းအုပ်အဖြစ် ရောက်လာသည့်အချိန်က ရွာမူလတန်းကျောင်းများ၏ ထုံးစံအတိုင်း ကျောင်းဝင်းထရံ ခနော်နီခနော်နဲ့၊ ကျောင်းရှေ့ မြေသားလမ်းမှာ လမ်းမညီမညာ ချိုင့်ကျင်းအပြည့်ဖြင့်။ ကျောင်းသားများ ဆော့ကစားရင်း မောပမ်းလျှင် သောက်ရန်ရေပင်မရှိ။ ရေအိုးများမှာလည်း အမြဲတစေ ခြောက်သွေ့နေခဲ့သည်။
ထိုသို့သော အခြေအနေကို ပြောင်းလဲပစ်ရန် ဆရာဦးသန်းလှိုင်က ကျောင်း၏ ကိုယ်ပိုင်ဝင်ငွေရလမ်းများကို ရှာဖွေခဲ့သည်။ ကျောင်း၏အခြေအနေကို ပြောင်းလဲသွားစေလိုသည့် စိတ်ဆန္ဒဖြင့် ကျောင်းဝင်းအတွင်း ကိုယ်ပိုင်စိုက်ခင်းတစ်ခု ဖန်တီးကာ ချဉ်ပေါင်၊ ကျောက်ဖရုံသီးများ စိုက်ပျိုးကာ ၀င်ငွေရှာသည်။ စိုက်ပျိုးရာမှရလာသော အသီးအနှံများကို ရွာတွင်းမှာပင် ပြန်လည်ရောင်းချကာ ၀င်ငွေတိုးအောင်လုပ်ရင်းဖြင့် ရန်ပုံငွေရအောင် ရှာကြံကာ ကျောင်းကို တဖြည်းဖြည်းချင်း ပြုပြင်ပေးခဲ့သည်။ တစ်ခါတစ်ရံ လိုအပ်လျှင် ရသည့်လစာငွေထဲမှပင် ကျောင်းအတွက် ဖဲ့လှူတတ်သေးသည်။
ယခု ဆရာဦးသန်းလှိုင် ကျောင်းကို စွန့်ခွာချိန်တွင်တော့ ခနော်နီခနော်နဲ့ ကာရံထားသည်မှ တောင့်တင်းခိုင်မာသည့် အုတ်တံတိုင်းအဖြစ် ကျန်ခဲ့သလို ကျောင်းအ၀င်မုခ်ဦးမှာလည်း ဆရာ့၏စွမ်းအားဖြင့် သံပန်းတံခါးအဖြစ် ခန့်ထည်ကာ ကျန်နေရစ်ခဲ့သည်။ ဆရာဦးသန်းလှိုင်၏ လက်စလက်နအဖြစ် ကျောင်းဆောင်အသစ်တစ်ဆောင်ကိုလည်း အုတ်မြစ်ချ တိုင်ထူပြီးလေပြီ။
ဆူးလေကုန်းရွာ မူလတန်းကျောင်းလေးကို အနီးအနား ကျေးရွာများဖြစ်သော ရှားပင်ကျွန်းကျေးရွာ၊ ကြောင်ဝပ်ကလေးကျေးရွာ၊ ပုဏ္ဏားမော်ကျေးရွာတို့မှာ ကလေးငယ်ပေါင်း တစ်ရာကျော် လာရောက်ပညာသင်ကြားကြသည်။ ကျောင်းချိန်မှာ နံနက်ခင်းကိုးနာရီမှ ညနေလေးနာရီအထိသာ ဖြစ်သော်လည်း ဆရာဦးသန်းလှိုင်အဖို့ မနက်ခင်းကျောင်းချိန်မတိုင်မီရော ကျောင်းချိန်အပြီးမှာပါ အနားမနေရပါ။
ကျောင်းမတက်မီ နံနက် ၆ နာရီမှ ၈ နာရီအထိ တစ်ကြိမ်၊ ကျောင်းဆင်းအပြီး ညနေ ၄ နာရီ မှ ၈ နာရီအထိတစ်ကြိမ် တပည့်များကို ပညာပိုမိုထူးချွန်စေလိုသော စိတ်စေတနာဖြင့် အခမဲ့ အချိန်ပိုသင်တန်း သင်ကြားပေးသည်။
‘‘ဆရာကြီးက ပညာရေးအားနည်းတဲ့ကလေးတွေကို အချိန်ပေးပြီး သင်ပေးတယ်။ မြို့ကြီးပြကြီးတွေလို ကျူရှင်ဆိုတာမရှိဘူး။ ဆရာကြီးရဲ့ အချိန်ပိုသင်တန်းကိုပဲ အားထားနေရတယ်’’ဟု ဆူးလေကုန်းကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အံ့ကြည်က ပြောပြသည်။
ဆရာဦးသန်းလှိုင်၏ အချိန်ပိုသင်တန်းကို လက်ရှိကျောင်းမှ မူလတန်းကလေးများသာမက ကျောင်းသားဟောင်းများဖြစ်သော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများကပါ လာတက်လေ့ရှိကြသည်။ ကလေးများကို ကျောင်းချိန်အတွင်းရော ကျောင်းချိန်ပြင်ပတွင်ပါ သင်ပေးရုံတင်အားမရ၊ စိုက်ရေး၊ ပျိုးရေး လက်တွေ့လုပ်ပြတာတွေပင် မတင်းတိမ်နိုင်သေးဘဲ ကလေးငယ်များအား ပြင်ပဗဟုသုတများ ရစေဖို့အတွက်လည်း တစ်နှစ်တစ်ကြိမ် လေ့လာရေးခရီးစဉ်များပါ လိုက်ပို့ပေးလေ့ရှိသည်ဟု ကျေးရွာဒေသခံများက ပြောသည်။
ဆရာဦးသန်းလှိုင်သည် ပညာရေးလောကသို့ ၁၉၉၂ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် တောင်တွန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတစ်ဆင့် ချောင်းဦးမြို့နယ် ဘုံတိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် မူလတန်းပြဆရာအဖြစ် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဆရာဦးသန်းလှိုင် စာသင်ကြားရာ ကျောင်းဆောင်နံရံတိုင်းတွင် ပညာရှင်များ၏ အဆိုအမိန့်များ၊ ရသကဗျာများကို မြေဖြူဖြင့် ရေးသားလေ့ရှိသည်။
‘‘အရည်အသွေးကောင်းသော ပညာရေးဆိုသည်မှာ ဘ၀ပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိရမည်။ အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားတတ်ရမည်။ ပတ်ဝန်းကျင်လောကအကြောင်းကို ကောင်းစွာသင်ယူမှုရှိရမည်’’ဆိုသည့် စာသားကို စာသင်ခန်းကျောက်သင်ပုန်း၏ အထက်ဘက် မြင်သာသည့်နေရာတွင် မြေဖြူဖြင့် ထင်ထင်ရှားရှား ရေးသားခဲ့သည်။
ဆရာဦးသန်းလှိုင်၏ မွေးရပ်မြေ မြောင်မြို့နယ် ကျောက်တန်းကျေးရွာနှင့် ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာသည် မိုင် ၂၀ ခန့် ဝေးကွာခဲ့သော်လည်း တပည့်များ၏ သံယောဇဉ်ဖြင့် စက်ဘီးခရီးတစ်ဖုံ ဆိုင်ကယ်ခရီးတစ်လှည့် ပညာရေးအတွက် ခရီးဆက်ခဲ့ရသူဖြစ်သည်။
နွေကျောင်းပိတ်၍ ဆရာဦးသန်းလှိုင် နေရပ်ပြန်ချိန်ရောက်လေတိုင်း အထုပ်အပိုးတွေ ကူညီသူကကူညီ၊ ကျောင်းပေါက်ဝမှ စောင့်ဆိုင်း၍ နှုတ်ဆက်ဖို့ စောင့်သူကစောင့်နှင့် ဆရာနှင့်တပည့် သံယောဇဉ်များက တစ်စတစ်စ ကြီးမားခဲ့ကြသည်ဟု ဆူးလေကုန်းကျေးရွာ ကျောင်းသားမိဘများက ပြောသည်။
ဆရာက ကျောင်းဖွံ့ဖြိုးရေးတင်မကပါ။ ရပ်ရွာဖွံ့ဖြိုးရေးအတွက်ပါ စိတ်ဝင်စားသူမို့ ရပ်ရွာလူထုအား စည်းရုံးပြီး လူမှုကူညီရေးအသင်းလေးတစ်ခု တည်ထောင်ပေးခဲ့ပြန်ပါသည်။
‘‘ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရပ်မိရပ်ဖတွေ၊ ရွာသူရွာသားတွေ၊ ကလေးတွေကို စည်းစည်းလုံးလုံးနဲ့ ပါဝင်လာအောင် ဆရာက ကြိုးစားတယ်။ ရပ်ရွာအကျိုးပြုလုပ်ငန်းတွေကို ငွေကြေးကိစ္စကအစ တစ်စက်ကလေးမှ သံသယ၀င်စရာမလိုအောင်ကို ဆရာက လုပ်ပေးသွားခဲ့သူပါ’’ ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုအောင်ဇော်မြင့်ကပြောပြသည်။
ဆရာဦးသန်းလှိုင်သည် ကျောင်းအတွင်းမှာပင် နေထိုင်သည်။ ဆရာ့အတွက် စားသောက်ရေးကို နံနက်စာအတွက် ရွာဘုန်းတော်ကြီးကျောင်းမှ တာဝန်ယူသည်။ ညနေစာအတွက်ကိုမူ ရွာက ကျောင်းသားမိဘများက အားတက်သရောပင် အလှည့်ကျတာဝန်ယူပေးသည်။ တစ်ခါတစ်ရံ ညစာအတွက် ကျောင်းသားမိဘတွေ နှစ်ဦး၊ သုံးဦးတိုက်ပြီး လာပို့သည့်အခါ ဆရာတင်မက တခြားမိတ်ဆွေတွေပါ ခေါ်ကျွေးရသည်အထိ ဆရာ့အပေါ် စေတနာထားကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ကဆိုသည်။
တပည့်များကို သားသမီးနှင့်မခြား ပြုစုစောင့်ရှောက်ခဲ့သည့် ဆရာ့မေတ္တာကြောင့် တပည့်တပန်းများသာမက ရွာမှ မိဘများနှင့်ပါ ဆွေမျိုးရင်းချာခင်မင်မှုကြောင့် နှုတ်ဆက်သည့်အခါ ၀မ်းပန်းတနည်း ငိုကြွေးခဲ့ကြသည်။ ထိုပုံရိပ်များကြောင့် လူမှုကွန်ရက်တွင် ပျံ့နှံ့လူသိများလာကာ အသီးအပွင့်အဖြစ် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်းခံရသူ ဆရာသုံးဦး ပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများမှာ စက်တင်ဘာ ၂၉ ရက်က ဆူးလေကုန်းရွာတွင် ပြုလုပ်ခဲ့သည့် ဆရာဦးသန်းလှိုင်ကို နှုတ်ဆက်ကန်တော့ပွဲက ပုံရိပ်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုနေ့က ဆရာ့ကို ကန်တော့ကြသည့်အခါတွင်တော့ ကလေးငယ်များ စိတ်မထိန်းနိုင်ကြတော့။ လိမ်းထားသည့် ပါးပြင်ပေါ်က သနပ်ခါးပေါ် မျက်ရည်စီးကြောင်းတွေ တဝေါဝေါ ဖြတ်သန်းရတော့သည်။ မကြာခင် သူတို့ရွာလေးနှင့် ကျောင်းလေးကို ထားသွားခဲ့ရတော့မည့် ဆရာ့အား နှမြောတသစိတ်ဖြင့် ငိုကြွေးနှုတ်ဆက်ခဲ့ကြသည်။
ဆရာနှင့် သူ့တပည့်များ တပျော်တပါး စိုက်ပျိုးခဲ့ကြသည့် ကျောင်းတွင်းက ပန်းပင်တွေက ရောင်စုံဖူးပွင့်နေလေပြီ။ အခမ်းအနားထဲက ထွက်တော့လည်း တပည့်တွေက ဆရာ့နောက်က ကပ်လိုက်ကာ ဖက်ငိုသူကငို။ စာသင်ခန်းထဲ ပြေးဝင်ကျိတ်ငိုသူကငိုဖြင့် ကျောင်းလေးထဲ မျက်ရည်တွေ ချောင်းစီးရတော့သည်။ နှုတ်ဆက်ပွဲအခမ်းအနားပြီး နောက်တစ်ရက်မှာတော့ ဆရာဦးသန်းလှိုင်တစ်ယောက် အထုပ်အပိုးတွေပြင်ဆင်ကာ ဆူးလေကုန်းကျေးရွာနှင့် မူလတန်းကျောင်းလေးကို အပြီးတိုင်နှုတ်ဆက်ခဲ့ပါလေတော့သည်။
ဆရာဦးသန်းလှိုင်တစ်ယောက် ဆူးလေကုန်း မူလတန်းကျောင်းလေးကနေ ထွက်ခွာသွားပေသိ သူ့တပည့်တွေနှင့် ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ ရင်ထဲတွင်တော့ ဆရာအမြဲရှိနေဦးမှာ သေချာလှသည်။
ဆူးလေကုန်းရွာ စာသင်ဆောင်တစ်ခုထဲတွင်တော့ ဆရာဦးသန်းလှိုင် မြေဖြူခဲဖြင့် ရေးသားထားခဲ့သည့် ကဗျာလေးတစ်ပုဒ်လည်း ကျန်ရှိခဲ့ပါသည်။
‘‘ကျင့်ဝတ်ငါးဖြာ
နာသုံးနာနှင့်
လေးဖြာ ဗြဟ္မစိုရ်
ဝမ်းဝယ်သို၍
ကျိုးလိုဆောင်ကြဉ်း
လေးရည်ချင်းတို့
ဖြည့်တင်းအနန္တ
လူပီသသည်
ဆရာ့ဘ၀ ဖြစ်သတည်း။
ဆရာ့ဂုဏ်ရောင်
ဉာဏ်တန်ဆောင်သည်
မိုက်မှောင်ပယ်ခွင်း
သိမြင်ရှင်းဖို့
အလင်းတာဝန်
လမ်းကောင်းညွှန်၍
လူမွန်လူမြတ်
ကြည်ညိုအပ်သည်
ဆည်းကပ်ရိုသေ
ထိုက်သတည်း’’


From:7day 

www.mmdailystar.com

ဒဏ်ရာရ တပ်မတော်သားများ သယ်ယူသည့်လမ်းတွင် မိုင်းထောင်ထားခြင်းကြောင့် ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းနယ်စပ်တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ရှမ်းပြည် ဖွံ့ဖြိုးတိုးတက် ရေးပါတီ (SSPP/SSA) တို့၏ တိုက်ပွဲများကြောင့် လမ်းတစ်လျှောက်တွင် ကြိုးဆွဲမိုင်းများ ထောင်ထားသဖြင့် ဒဏ်ရာရ တပ်မတော်သား ၅၀ သယ်ယူရာတွက် ရဟတ်ယာဉ်များဖြင့် သယ်ယူနေရကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (လားရှိုး) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ဒဏ်ရာရ တပ်မတော်သားများကို လာရှိုးမြို့မှ ပြင်ဦးလွင် တပ်မတော်ဆေးရုံသို့ ပို့ဆောင်မည့်လမ်းတွင် ဆွဲမိုင်းများ ထောင်ခြင်းနှင့် စောင့်ဆိုင်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဒီနေ့မနက်ပိုင်းက စသယ်တယ်။ ဒဏ်ရာ အခြေအနေအရ ပြင်ဦးလွင်ကိုပါ ပို့နေရတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲ အခြေအနေမှာ စဉ်ဆက်မပြတ် ဖြစ်ပွားနေခြင်း မဟုတ်ဘဲ မကြာခဏ ထိပ်တိုက် တွေ့ဆုံနေခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ ငြိမ်သက်မှု မရှိသေးကြောင်း ၎င်းက အောက်တိုဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က ဆက်သွယ် ပြောကြားခြင်း ဖြစ်သည်။
တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် တပ်မတော် အရာရှိတစ်ဦး အပါအဝင် တပ်သား ၄ ဦး ကျဆုံးခဲ့ကြောင်း အဆိုပါ စစ်ဌာနချုပ်ထံမှ သိရှိရသည်။
ယင်းသို့ တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်တပ်နေရာ ပြန်လည် ချထားရေးအတွက် တွေ့ဆုံ ညှိနှိုင်းလျက် ရှိကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများက ပြောဆိုထားသည်။
ယင်းတိုက်ပွဲများ အမြန်ရပ်ဆိုင်းရန်နှင့် နှစ်ဖက်နယ်မြေ အငြင်းပွားမှု ပြဿနာများ အမြန်ဆုံး ဖြေရှင်းရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့များက တိုက်တွန်း ပြောဆိုထားသည်။

From: The Voice Weekly

www.mmdailystar.com

မြန်မာနိုင်ငံသားနှစ်ဦးအမှု ထိုင်းတရားရုံးမှာ ပယ်ချ


ယမန်နေ့က ထိုင်းရဲက သတင်းစာရှင်းလင်းခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရသော အမှုတွဲအား ထိုင်းဗဟိုတရားရုံးသို့ တရားစွဲဆိုခဲ့သည်။
ယနေ့ညနေပိုင်း ထိုင်းသတင်းအရ အဆိုပါအမှုတွဲအား ဗဟို တရားရုံးက ပြစ်မှုမြောက်နိုင်လောက်သည့် အချက်အလက် ပြည့်စုံလုံလောက်မှု မရှိဟု ဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။
ယခုလက်ရှိ ထိုင်းရှေ့နေအကြံပေးချက် အရ နေပြည်တော်မှ စေလွှတ်မည့် အထူးစုံစမ်းရေး အဖွဲ့ အနေဖြင့် အမြန်ဆုံး လာရောက်သင့်ကြောင်း တင်ပြအပ်ပါသည်။


From: (အဘ ကိုဖြိုး သစ်ဆန်း)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...