Friday, 10 October 2014

အမေရင်းကိုသတ် အလောင်းကို လိင်ဆက်ဆံတဲ့ သားမိုက်....

အမေအရင်းကို အကြောင်းပြချက် မရှိပဲ သွေးအေးအေးနှင့် သတ်တယ်။ အလောင်းကို လိင်ဆက်ဆံတယ်။ သူ့ရဲ့ လူပျိုဘဝကို လူသေအလောင်းမှာ ကုန်ဆုံးခဲ့တယ်လို့ ပြောတယ်။ နှမနှင့် အမေကို သတ်ပြီး အလောင်းကို လိင်ဆက်ဆံချင်တာက သူ့ဆန္ဒလို့ ဆိုတယ်။ အမေကို ဝါယာကြိုးနှင့် လည်ပင်းညှစ်တယ်။ အမေဖြစ်သူက အော်တော့ တူနှင့် ခေါင်းကို အဆက်မပြတ် ထုသတ်တယ်။ နောက် သေတာ သေချာသွားအောင် ခေါင်းထဲကို လက်နှိုက်ပြီး ဦးနှောက်ကို ထုတ်ပစ်တယ်။ အမေဖြစ်သူကို သတ်ပြီး နှမဖြစ်သူကို စောင့်သေးတယ်။ ပေါ်မလာတာနဲ့ စက်ဘီးနှင့် အပြင်ထွက်သွားပြီး လမ်းတွေ့တဲ့ လင်မယားနှစ်ယောက်ကို သူလူသတ်ခဲ့လို့ ရဲကိုအကြောင်းကြားဖို့ မှာခဲ့တယ်။ ရဲစုံထောက်က စစ်ဆေးစဉ်မှာ သူ့ရဲ့ချဉ်ခြင်းတပ်နေတဲ့ ဆန္ဒ၊ လူတစ်ယောက်ကို ခေါင်းဖြတ်ပြီး အလောင်းကို လိင်ဆက်ဆံချင်တဲ့ဆန္ဒပြည့်သွားပြီလို့ ပြောခဲ့တယ်။ အရင်ကလည်း ကြောင်တစ်ကောင်ကို သတ်ပြီး ကြောင်အလောင်းကို လိင်ဆက်ဆံဖူးတဲ့ ဇ ရှိတယ် ဆိုတယ်။
ကြားဖူးသမျှထဲမှာတော့ အဆိုးရွားဆုံး ဖြစ်ရပ်ပါပဲ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်မှာ မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့တာပါ။ အင်္ဂါ (အောက်တိုဘာ ၇) နေ့က အမှုကို ဝန်ခံခဲ့ပါတယ်။ ကျူးလွန်သူ အမည်က ကီဗင် ဒေးဗီးစ် ဖြစ်ပြီး၊ လူမည်းပါ။ အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သေဆုံးသူ သူ့ရဲ့အမေနာမည်က ကင်ဘာလေ ဟေးလ် လို့ သိရပါတယ်။

အပြည့်အစုံ ဘာသာမပြန်လိုက်တော့ပါ။ ဖတ်ရင်းနှင့် အော်ဂလီဆန်နေလို့။

http://www.rawstory.com/rs/2014/10/teen-admits-to-killing-then-raping-mother-guess-i-lost-my-virginity-to-a-dead-corpse/

From:Myo Myint Thant

www.mmdailystar.com

မှတ်ချက်။ ။ အပျိုစင်မိန်းကလေးများသာ ဖတ်ရန်

ယခင်တစ်ပတ်က အလုပ်များနေသောကျမ မိတ်ဆွေငယ်လေးများဆီသို့ သွားရန်ပျက်ကွက်ခဲ့သည်။ ယနေ့တော့စောစောရောက်အောင် သွားမည်ဆိုပါမှ သူငယ်ချင်းတစ်ယောက် ရောက်နေသောကြောင့် ကျမချက်ချင်း မထွက်ဖြစ်ပြန်၍ အနည်းငယ်နောက်ကျ နေပြန်သည်။ ကျမ၏ မိတ်ဆွေများ တံခါးပေါက်တွင် ထွက်လိုက်ဝင်လိုက် လုပ်နေမလား၊ တစ်ခုခုဖြင့် သူတို့တစ်တွေစုပြီး စကားပြောနေကြမလား၊ ဒါမှမဟုတ်မည်သည့်နည်းဖြင့် ကျမကို စောင့်မျှော်နေမလဲဟု တွေးရင်း ကျမကားဂိတ်မှ မိတ်ဆွေကလေးများဆီသို့ အတွေးများနှင့်အတူ ခပ်သွက်သွက်လျှောက်လာလိုက်သည်။

‘ဟေး…ဒေါ်လေးမာန်ရောကလာတယ်။ ဟေ့…ဟေ့…ဒေါ်လေးမာန်ရောက်လာပြီ’ ဟုအော်ဟစ်ရင်း ကျမဆီသို့ ကမန်းကတန်းပြေးလာသော မိတ်ဆွေငယ်များကို ကျမြုပုံး၍ နှုတ်ဆက်လိုက်သည်။ ‘ဒေါ်လေး ..ခြင်းပေး’ ဟု ဆို၍ ကျမလက်ထဲမှ စာအုပ်အနည်းငယ်ပါသော ဈေးခြင်းတောင်းကို လှမ်းယူသည်။ ‘ကျေးဇူးပါပဲ သမီးရယ်’ ဟုနှုတ်ဆက်ရင်း အသိအမှတ်ပြုလိုက်သည်။ ‘ဒေါ်လေးမာန်…သမီးတို့က ဒီနေ့လည်း ဒေါ်လေးမာန်မလာတော့ဘူး ထင်နေတာ။ ဒေါ်လေးမာန်က အချိန်အမြဲတမ်းတိကျတတ်တော့ သမီးတို့က လောင်းကြေး၊ စားကြေးငြင်းနေတာ၊ ဒေါ်လေးမာန်လာမလာကိုပေါ့။’

‘ဟောတော့၊ ပြောပါဦး…ဘယ်လိုလောင်းစားကြေးတွေနဲ့များ လောင်းနေကြသလဲ။’ ‘ငါပြောမယ်…ငါပြောမယ်’ ဟု တစ်ယောက်ကဆို၍ ‘ဒီနေ့ဒေါ်လေးမာန်ရောက်လာရင် ပြောမဲ့အကြောင်းအရာကို အနိုင်ရတဲ့သူတွေက မေးခွန်းမမေးကြေး၊ စကားမများကြေးလို့ လောင်းထားတာလေ။’

‘ဟင်း…ဟင်း…ဟင်း’ ကျမအသံအနည်းငယ်ထွက်လိုက်ပြီး လူငယ်တစ်စုကို ကြည့်ပြီး ပြုံးလိုက်သည်။ အော် တစ်ချိန်တုန်းက ကျမတို့ ငယ်စဉ်ကျင့်သုံးမှုလေးများက ယခုချိန်ထိ ရှင်သန်နေဆဲပါလားဟုသာ တွေးလိုက် သည်။ စကားတပြောပြောနှင့် အိမ်ထဲသို့ ဝင်လာတော့ အားလုံးဝမ်းသာအားရနှင့် နှုတ်ဆက်၍ ရေအေးအေးလေးတစ်ခွက် ကောင်မလေး တစ်ယောက်လာပေးသည်။ ကျမရင်ထဲ အေးခနဲ စီးဝင်သွားပြီး ရင်ထဲ ကြည်နူးသွားသည်။ အနည်းငယ်ပူနေသော ပြင်ပပူလောင်မှုများ ယခုတော့လည်း အမောပြေစေသော လူငယ်စုလေးများကြောင့် လန်းဆန်းသွားတော့သည်။

အားလုံးမှာ နေရာယူကြပြီး ကျမပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်ရန် အဆင်သင့်ဖြစ်နေသော သူမတို့အားလုံးကို ကြည့်၍ ကျမြုပုံးပြပြီး စကားစဖြစ်လိုက်သည်။

‘သမီးတို့အားလုံးကို ဒီနေ့ဆွေးနွေးပေးမဲ့ အကြောင်းအရာက ဝါဝါသွင်ဆိုတဲ့ ကလေးမလေး ပြီးခဲ့တဲ့အပတ်က ဒေါ်လေးမာန်ဆီကို ရောက်လာပြီး ပြောပြပေးဖို့ ပြေထားတဲ့ အကြောင်းအရပေါ့ကွယ်’ ဟုဆိုလိုက်တော့ အားလုံးဝါဝါသွင်အား ကြည့်လိုက်ပြီး ဘာသွားပြောတာလဲဟု တိုးတိုးကျိတ်ကျိတ် မေးနေသလို၊ တချို့ကလည်း မျက်စပစ်ပြနေကြသည်။ ဝါဝါသွင်ကတော့ ခပ်တည်တည်ဖြင့် နားထောင်ပေါ့ဆိုသည့် သဘောမျိုးဖြင့် မျက်နှာပေးဖြင့်ထိုင်နေတော့သည်။

‘သူမေးထားတာကတော့ အမျိုးသမီးတွေ လိင်အင်္ဂါမှာ ယားယံတဲ့ကိစ္စပဲကွယ့်’ အဖြေပေးလိုက်တော့ ‘ဟင်း…’ ဆိုတဲ့တချို့သူများမှ အသံထွက်လာသကဲ့သို့ တချို့သောသူများက ပြုံးစိစိဖြင့် သူမကို နောက်ချင်နေပုံ ရသည်။ ကျမစကားဆက်လိုက်သည်။ ‘ဟုတ်တယ် တကယ်တမ်းကျတော့ ယားယံတယ်ဆိုတာက ဘာမှမဟုတ်သလိုလိုနဲ့ လူတွေကို အတော်လေး ဒုက္ခပေးတဲ့ အနေအထားပဲပေါ့။ ယားရင်မကုတ်ဘဲ နေနိုင်တဲ့ လူဘယ်နှစ်ယောက်ရှိလဲ။’ ကျမမေးလိုက်တော့ အားလုံးက ခပ်တိုးတိုးရယ်မောရင်း ‘ဟင့်အင်း မရှိပါဘူး မရှိလောက်ပါဘူး’ ဟုဆိုသည်။ ‘အဟင်းဟင်း….ဒါပေမဲ့ အမျိုးသမီးလိင်အင်္ဂါမှာ ယားတာကတော့ ညစ်ပတ်လို့ပဲ ဖြစ်ရမယ်’။ တစ်ယောက်က စပ်ဖြဲဖြဲနဲ့ပြောလိုက်တော့ အားလုံးက ဝါးကနဲပွဲကျသွားတော့သည်။

‘အင်း တကယ်တော့ ဘယ်လိုအကြောင်းတွေကြောင့် ယားတတ်သလဲဆိုတာတော့ ပြောရခက်တာပေါ့။ အခြေအနေ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်အင်္ဂါမှာ ယားတာမျိုးကတော့ အမျိုးသမီးတွေရော အမျိုးသားတွေပါ ဖြစ်တတ်ကြတယ်။ ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူယားတာမျိုးလည်း ရှိတယ်။ သဘောကတော့ မယ်မယ်ရရအကြောင်းရှာမရဘဲ မိန်းမကိုယ်ယောင်ပြီးယားတာမျိုးပေါ့။ ဗာဘာ (Vulva) ဆိုတဲ့ မိန်းမကိုယ်နှုတ်ခမ်းမှာ အဓိကယားတတ်တယ်။ အမျိုးသားတွေက ကပ်ပယ်အိတ်မှာ ယားတတ်သလိုမျိုးပေါ့။ အမျိုးသမီးတွေယားတာကိုတော့ Pruritus Vulvae လို့ခေါ်တယ်တဲ့’။

‘ဒေါ်လေးမာန်…သမီးကြားဖူးတာကတော့ မှိုရောဂါတစ်မျိုးကြောင့် ဖြစ်တာလို့ကြားဖူးတယ်’ ဟုအနည်းငယ် ဗဟုသုတစုံလင်ပုံရသော သူငယ်မတစ်ယောက်ကပြောတော့။ ‘အင်း ဟုတ်တယ်။ ကန်ဒီတာ မှိုပိုးကြောင့်လည်း ယားနိုင်တယ်။ အဲဒီမှိုပိုးက အမျိုးသမီးတစ်ရာမှာ အယောက် ၂၀ လောက်ဖြစ်နိုင်တယ်။ မိန်းမကိုယ်မှာ သူ့အလိုလို ဘာအန္တာရာယ်မှ မပေးသေးဘဲ ရှိနေတတ်တယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးလေးယောက်မှာ သုံးယောက်က သူတို့ဘဝတလျှောက်မှာ အနညးဆုံးတစ်ကြိမ်တော့ ကန်ဒီဒါမှိုစွဲတဲ့ ပြဿနာကြုံရနိုင်တယ်လို့ သိရတယ်။ လေ့လာဆန်းစစ်မှုအရ အမျိုးသမီးတွေ မိန်းမကိုယ်ယားရခြင်း အကြောင်းထဲမှာ ၁၀ ရာလိုင်နှုန်းက နာတာရှည် ကန်ဒီဒါမှိုစွဲတာကြောင့်ဘဲတဲ့’။

‘ကန်ဒီမှိုပိုးတွေက ကူးတတ်သလား လေဒေါ်လေးမာန်’။ ‘အင်း….ကိုယ်ဝန်ဆောင်တဲ့အခါ ပဋိဒေဝဆေးတွေ ရေရှည်သောက်ရတဲ့အခါတွင်အပြင် ဆီးချိုရှိတဲ့ အခါမျိုးမှာလည်း ဒီမှိုပိုးတွေ အလွယ်တကူ ပွားများနိုင် ပါတယ်။’ ‘နောက်တစ်ချက်ကတော့ Lichen လို့ခေါ်တဲ့အရေပြားရောဂါ တစ်ခုကြောင့်လည်း ယားတတ်တယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ဖြူတူတူနဲ့ အမ်းအမ်းအကွက်ပေါ်လာတာမျိုး၊ ဒီရောဂါဖြစ်ရင် ယားလည်းယား၊ နာလည်းနာပေါ့။ အမြင်အားဖြင့် ခရုသင်းနဲ့တောင်မှားချင်စရာပါ။’

‘ဒေါ်လေးမာန်တစ်ခါပြောပြတုန်းက အဖြူဆင်းတာကြောင့်လည်း ယားတတ်တယ်လို့ ပြောထားဖူးတယ်နော်။ အဲဒါရော ဒီရောဂါမျိုးနဲ့ အတူတူပဲလား ဒေါ်လေးမာန်’။ ‘ဩော်…သမီးက မှတ်မိသားပဲ။ ဟုတ်တယ် အဖြူဆင်းတာတို့ မိန်းမကိုယ်မှာ ရဲယောင်နေတတ်တာတို့၊ ပူစပ်ပူလောင်ဖြစ်နေတတ်တာတို့လည်း ပါတယ်။ ဆီးသွားတဲ့အခါလည်း ပူသလိုလို ကျင်သလိုလို အနေရခက်တဲ့အပြင် လိင်ဆက်ဆံတဲ့အခါမှာလည်း နာတတ်တယ်’။

‘အင်း…Trichinous Virginals ဆိုတဲ့ ပိုးတစ်မျိုးကြောင့်လည်း မိန်းမကိုယ်မှာ ယားယံနိုင်တယ်တဲ့၊ စိမ်းဝါဝါအရည်တွေ ဆင်းတတ်ပြီး အနံ့လည်းဆိုးတယ်။ အလွယ်တကူရနိုင်တဲ့ မက်ထရိုနီတာဇိုး (MetronidaZole) ဆေးသောက်လိုက်ရင်တော့ သိသိသာသာသက်သာနိုင်တဲ့ ရောဂါတစ်မျိုးလို့ ဒေါ်လေးမာန်မှတ်သားဖူးတယ်။ ဒါကြောင့်လူတွေက ယားပြီဆိုရင် မက်ထရိုနီတာဇိုးကို ဝယ်သောက်လိုက် ပျောက်တယ်လို့ အလွယ်တကူပြောကြတာတွေ ကြားဖူးမှာပေါ့’။

‘ဟုတ်တယ်နော်..သမီးကြားဖူးတယ်’ ဟု တစ်ယောက်ကပြောတော့ အားလုံးထောက်ခံသလို ခေါင်းညိတ်လိုက်ကြသည်။

‘နောက်တစ်ခုက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လိုင်ကင်ပလေနပ်ဆိုတဲ့ အရေပြားယားနာရယ်၊ ဆိုရီယားစစ်ဆိုတဲ့ အရေပြားရောဂါတစ်မျိုးရယ်ဟာ ရှားရှားပါးပါး လိင်အင်္ဂါလိုနေရာမျိုးတွေမှာ ဒုက္ခပေး တတ်တယ်တဲ့။ အဲဒီရောဂါမျိုးဟာ လိင်အင်္ဂါမှာဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တစ်ခြားတစ်နေရာမှာ ဖြစ်တာနဲ့မတူလို့ ဆရာဝန်တွေ မျက်စိလည်တယ်လို့တောင် ဆရာဝန်တွေကြား ပြောသံ ဒေါ်လေးမာန်ကြားခဲ့ဖူးတယ်’။

‘ဟိုလေ…သမီးသူများတွေ ပြောတာကြားဖူးတာကတော့ ယားတယ်ဆိုတာ ဓာတ်မတည့်လို့ ယားတာတဲ့။ အဲဒါကရော ဘာကိုဆိုလိုတာလဲဟင် ဒေါ်လေးမာန်’။ ‘ဟုတ်တယ်။ အဲဒါမျိုးက အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုပြီးကြုံတွေ့ရတတ်တယ်။ ဘာလို့လည်းဆိုရင် Sanitary Pad ဆိုတဲ့ လစဉ်သုံးပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေးရည်တွေ၊ ပဋိသန္ဓေတားတဲ့ ပစ္စည်းတွေကြောင့်လည်း အခန့်မသင့်ရင် ယားတတ်တယ်။ နောက်ဆုံးအမျိုးသားတွေသုံးတဲ့ ကွန်ဒုံးတွေနဲ့ မတည့်ရင်လည်း ယားနိုင်တာပါဘဲ’။

‘ဘာဆေးတွေလိမ်းရင် ပျောက်နိုင်တာလဲ ဒေါ်လေးမာန်ရှင့်’။
‘ဩော်…ဆေးအညွန်းကတော့ ဆရာဝန်တွေနဲ့ သေချာပြပြီးမှ ရနိုင်မှာလေ။ ဒေါ်လေးမာန်က ဆရာဝန်မဟုတ်ဘူးလေကွယ်။ ဒီလိုပဲ တစ်ခြားလူတွေက ယားဖူးလို့ ဘယ်ဆေးနဲ့ပျောက်တယ်၊ ဘယ်လိုလိမ်းလိုက်ပါဆို ညွန်ကြားရင် မလုပ်သင့်ဘူးလို့ ဒေါ်လေးမာန်ခုနက ပြောတယ်မဟုတ်လား။ လိင်အင်္ဂါတွေဟာ အရှက်ကြောင့် ဖုန်းကွယ်ထားပေမဲ့ ကျန်းမာရေးဖြစ်နေတော့ ဆရာဝန်တွေကိုတော့ ပြောပြရလိမ့်မယ်။ ဆရာ ဝန်တွေတောင် ဘယ်လိုအရေပြားရောဂါမျိုးဖြစ်တယ်ဆိုတာ သေချာစမ်းသပ်ပြီးမှ ဆေးပေးလို့ရတာလေ။ ယားလို့ပေးတဲ့ဆေးရယ်လို့ တစ်မျိုးတည်း မရှိဘူးသမီးတို့ရေ။ ဒါကြောင့် ဒေါ်လေးမာန် မှာချင်တာကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးလုပ်သားတွေ ညွန်ကြားချက်အတိုင်းဘဲလုပ်တာ ကောင်းတယ် ဆိုတာကို ပြောပြချင်တယ်။

ဒေါ်လေးမာန်တို့တစ်တွေက မိန်းကလေးဖြစ်နေတော့ ဒီလိုလိင်အင်္ဂါတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ယားယံလာရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ် သမီးတို့ရေ…။’ ‘ဟုတ်ကဲ့ပါ ဒေါ်လေးမာန်’ ဟုအားလုံး တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။

ချိုးလင်းပြာ - အပျိုစင်လေးများအတွက်သိကောင်းစရာ

From: HIM

www.mmdailystar.com

ကျွန်တော့်ချစ်သူ ရာသီလာရင် ဗိုက်အရမ်းအောင့်လို့

1. ဆရာခင်ဗျ ကျွန်တော့ရဲ့ချစ်သူအသက်၂၅ နှစ်။ ရာသီလာရင် ဗိုက်အရမ်းအောင့်တယ်။ တအားကိုနာတယ် ပြောတယ်။ ဆရာ့ရဲ့ blog မှာအရင်ကဖတ်ဖူးပေမဲ့ ခုပြန်ရှာလို့မရတော့ပါ။ အခုအဲဒါအရမ်းစိုးရိမ်ရလားခင်ဗျ။ သူကအပျိုဖော်ဝင်စကတည်းက နာတာလို့ပြောပါတယ် ဆရာဘာလုပ်သင့်သလဲခင်ဗျ။
2. ဆရာရှင့် မိန်းကလေးများ အများအားဖြင် Menstruation လာတိုင်း ဗိုက်အောင့်ကြတယ်။ အဲဒါကို ဘယ်လို လုပ်ပေးရမှာလဲ။ နောက်ဆက်တွဲပြဿနာ ရှိလာနိုင်သလား။

• ပဌမမေးခွန်းမှာ 'ဆိုးရိမ်' မဟုတ်ပါ။ 'စိုးရိမ်' လို့ရေးရပါတယ်။
• ရာသီလာချိန်မှာ နာတာကို Dysmenorrhea ခေါ်တယ်။ Painful Period ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
• ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေများတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာမလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲရှိတယ်။ စာတပုဒ်ရေးထားပါတယ်။
• တချို့မှာ သိပ်ဆိုးဆိုးဝါးဝါးခံစားရလို့ ရာသီကို ၃ လနေမှ တခါသာလာအောင် တားဆေးဆက်တိုက်ပေးရတယ်။ စာတပုဒ်ရေးထားပါတယ်။
• အများစုမှာ နောက်ဆက်တွဲ ပြဿနာမရှိပါ။
• NSAIDs (စတီရွိုက်) မပါတဲ့ အများသုံး အကိုက်-အခဲပျောက်ဆေးသောက်ရင် သက်သာတယ်။ Ibuprofen, Ketoprofen, Naproxen, Meferannic acid တခုခု သောက်ပါ။ နေရာတကာ ဝယ်လို့ရတယ်။ ဒီဆေးတွေကို ကုမ္ပဏီတွေက ဆေးကို နာမယ် အမျိုးမျိုး ပေးကြတယ်။ နာတတ်တဲ့သူတွေ သွေးဆင်းစကတည်းက သောက်သင့်တယ်။ ၂-၃ ရက် ထက်မလိုပါ။ တနေ့ ၃ ကြိမ်ဆို ရတယ်။ ဆေးကို အစာနဲ့ နီးပါစေ။ တကယ် လေနာရှိရင် သတိထား သောက်ပါ။
• နာတဲ့နေရာကို ရေနွေးအိပ် ကပ်နိုင်တယ်။ လေ့ကျင်ခန်း လုပ်သင့်တယ်။ ရေနွေးနဲ့ ရေချိုးသင့်တယ်။
ဒီဆေးနဲ့မှ မရသူတွေကို Oral contraceptives ကိုယ်ဝန် တားဆေး ပေးရတယ်။
• သတိထားရမှာတွေကတော့ Endometriosis (အင်ဒိုမီထရီယိုးဆစ်) သားအိမ်ရောဂါ နဲ့ Fibroids (ဖိုက်ဘရွိုက်) သားအိမ်အကျိတ်ရောဂါတွေ ပါတယ်။ ဆေးစစ် ကုသရလိမ့်မယ်။ စာတွေရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ

From: HIM

www.mmdailystar.com

ဗြိတိန်နိုင်ငံသားနှစ်ဦးအသက်ခံရမှုနဲ့ စွပ်စွဲဖမ်းစီခြင်းခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် နောက်ထပ် ကူညီပေးမယ့်အဖွဲ့စည်း များလာတော့မည်

 ဒီနေ့ အဖွဲ့အစည်းရဲ့ ဥက္ကဌလဲ ဖြစ်၊ ကျနော့်ရဲ့အလေးစားရဆုံးပုဂ္ဂိုလ်၊ ကျနော်တို့ မြန်မာရွေ့ပြောင်းအလုပ် သမားအရေး၊ ဒုက္ခသည်အရေးနဲ့   မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှု့တွေမှာ၊   တက်တက်ကြွကြွ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ Mr. Kraisak Choonhavan ရဲ့ ( ၆၇) နှစ်မြောက်မွေးနဲ့ ဧည့်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီနှစ်တော့ခါတိုင်းနှစ်တွေလိုလူအများကြီးမဖိတ်ဘဲ မိသားစုဝင်တွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုဖက် လူ ( ၃၀) လောက်ဘဲ တက်ရောက်တာတွေ့ပါတယ်။ အဓိကအားဖြင့် တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြိး လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ တက်ရောက်ခဲ့ပါတယ်။

လူ့အခွင့်ရေးသမားကြီးရဲ့မွေးနေ့ပွဲမှာ အဓီက သူ့ရဲ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့ တာကတော့  မြန်မာရွေ့ပြောင်း အလုပ်သမား( ၂) ဦး သတ်တယ်၊   ဆိုပြီး စွတ်ဆွဲခံနေရတဲ့ ကော့တောင် ကျွန်းပေါ်ကလူသတ်မှု့ကိစ္စဘဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နာမည်အကြိးဆုံးလူ့အခွင့်အရေးရှေ့နေကြိး၊ ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေး ဖော်ဒေရှင်း၊Cross Cultural Foundation ရဲ့ ဥက္ကဌ Mr. Somchai Homlaor နဲ့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မင်းကြိး Dr. Niran Pitakwatchars, MD တို့ကိုကျနော်တို့ အနေနဲ့သိထားတဲ့အခြေနေတွေကို တင်ပြခဲ့ပြီး သူတို့အမြင်တွေကိုလဲ မေးမြန်းခဲ့ပါတယ်။

သူတို့အနေနဲ့ ပြောတာကတော့ သတင်းအချက်အလက်တွေစနစ်တကျ၊စုဆောင်ကြဖို့နဲ့ ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး forensic pathologist, Khunying Pornthip Rojansunand ကိုအကူညီတောင်းမယ်လို့ ဆွေးနွေးကြပါတယ်။ ကျနော်တို့ ဥက္ကဌအပါအဝင်၊ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး နဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေတို့၊ ( ၁၃၊၁၀၊၂၀၁၄) ရက်နေ့ မှာ အထိမ်းသိမ်းခံ။

ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံးမေးမြန်းနိုင်ရန်အတွက် ၊ ကော့စမွေ သို့ သွားရောက်မည်ဖြစ်ပါကြောင်း၊ ကော့စမွေ တရားရုံးမှလဲ ထိုင်းရဲတပ်ဖွဲ့မှ အမှု့ဖွင့်ထား သည့် အဆိုပါလူသတ်မှု့မှာ အချက်အလက်မပြည့်စုံသဖြင့် လက်မခံသေးဘဲ။ ပယ်ချလိုက်သည်ဟုသိရပါတယ်။

From: Htoo Chit

www.mmdailystar.com

တိုက်ဂါး၊ ဆန်းအောင်နဲ့ ကျော်သက်တို့ နောက်ကွယ်မှာ ကြိုးကိုင်နေတာ ဘယ်သူလဲ ?



မြ၀တီနှင့် ကျိုက်မရောတွင် ဖြစ်ပွားခဲ့သော ပြဿနာများနှင့် အတူ နာမည်ကြီးလာသော DKBA၊ KNU/KNLA –PC အဖွဲ့မှ စုန်းပြူးသုံးယောက်ကို သတိထားမိခဲ့ကြပါသည်။ အဖွဲ့အစည်းတစ်ခုတွင် အများဆန္ဒနှင့် ဆန့်ကျင်ပြီး ကိုယ်ထင်ရာ ကိုယ်လုပ်ကာ ပြဿနာကို မီးမွှေးရှာတတ်သူသည် စုန်းပြူးဟု အခေါ်ခံရပါသည်။ ထို့ကြောင့် DKBA မှ စုန်းပြူးများအဖြစ် စောကျော်သက်နှင့် စောဆန်းအောင်၊ KNU/KNLA – PC အဖွဲ့မှ စုန်းပြူးအဖြစ် စောတိုက်ဂါးတို့ ပေါ်ထွက်လာကြခြင်း ဖြစ်သည်။

လူတစ်ယောက်အနေဖြင့် မိမိကျင်လည်ခဲ့သော ပတ်ဝန်းကျင်၊ မိမိအား ရာထူးပေးခဲ့သော အဖွဲ့အစည်းအပေါ် မကောင်းကြံ စည်နိုင်ရန် နောက်ကွယ်၌ ကြိုးကိုင်နေသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု ရှိနေသောကြောင့် ဖြစ်ပါသည်။ သို့ဆိုလျှင် စောတိုက်ဂါး၊ စောဆန်းအောင်နှင့် စောကျော်သက်တို့ သက်ဆိုင်ရာအဖွဲ့အစည်းများအပေါ် သစ္စာမဲ့ခဲ့ခြင်းသည် နောက်ကွယ်၌ ကြိုးကိုင်သူ ရှိနေသောကြောင့် ဖြစ်ပါသည်။

မြ၀တီမြို့တွင် ပြဿနာရှာခဲ့သော KNU/KNLA – PC အဖွဲ့က စောတိုက်ဂါးဆိုလျှင် သူ့သဘောနဲ့သူ ကြေညာချက်ထုတ်ခဲ့ သည်။ ဗဟိုဌာနချုပ်မှ ထိုကြေညာချက်သည် သူတို့နှင့် မသက်ဆိုင်ကြောင်း ကြေညာတော့မှ စောတိုက်ဂါး ခွေးပြေးဝက်ပြေး ပြေးရခြင်းဖြစ်သည်။ စောတိုက်ဂါး ခွဲထွက်မယ်ဆိုပြီး သတင်းထွက်ပေါ်ချိန် ဒေါက်တာ တင်မိုသီ ဆိုသူက လည်း KNU/KNLA – PC အဖွဲ့မှ နုတ်ထွက်ပါသည်ဟု လူစွာဝင်လုပ်သည်။ ထို့ကြောင့် စောတိုက်ဂါးကို အကြံဥာဏ်ပေးခဲ့သူမှာ ဒေါက်တာ တင်မိုသီ ဖြစ်ပြီး ကြိုးကိုင်နေသူဟု အားလုံးက ယူဆခဲ့ကြခြင်းဖြစ်သည်။

DKBA ကိုနှစ်ခြမ်းကွဲအောင် ကြံစည်နေသူများဖြစ်သော စောကျော်သက်နှင့် စောဆန်းအောင်တို့သည်လည်း အလားတူ ကြိုးကိုင်ခံနေရခြင်းဖြစ်သည်။ စောဆန်းအောင် ဆိုသူဟာ နွားကျောင်းသားဘ၀ကနေ DKBA အဖွဲ့တွင် ဗိုလ်မှူးကြီး အဆင့် ရောက်လာသူဖြစ်သည်။ နွားကျောင်းသားဘ၀က အကျင့်စရိုက်များမပျောက်ဘဲ လူမိုက် လူရမ်းကား လူနလ ပိန်းတုံးပီသစွာ မြ၀တီမြို့ထဲတွင် အစိုးရတပ် ယာဉ်တန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် စောဆန်းအောင် နောက်တွင် ကြိုးကိုင်စေခိုင်းသူသည် မည်သူဖြစ်မလဲ စဉ်းစားစရာ ဖြစ်ပါသည်။

DKBA ကို ခုတုံးလုပ်ပြီး မကြံအပ်မစည်ရာ စစ်ဦးစီးချုပ် ရာထူးရူးနေသူ စောကျော်သက်ကိုလည်း မြေလှန်ရှာရမည် ဖြစ်ပါသည်။ KNU တပ်မဟာ (၆) မှာ နေစဉ်က ဒုတပ်ရင်းမှူးကို ပစ်သတ်ပြီး DKBA ဘက်ကို ပြေးဝင်လာသူဖြစ်သည်။ ကိုယ့်အထက် အရာရှိကို သတ်ပြီး ဘက်ပြောင်းလာတဲ့သူက အခုဆိုရင် ဗိုလ်မှူးချုပ်တောင်ဖြစ်နေချေပြီ။ စောမူရှေးနှင့် အပြိုင် စစ်ဦးစီးချုပ် စောလားဖွယ်နေရာကို လုခဲ့သူ ဖြစ်သည်။ စောလားဖွယ်နေရာကို စောမူရှေး ဆက်ခံရန် အလားအလာ ကောင်းနေ၍ စောကျော်သက် အခြေအနေမဟန်တော့ဘဲ DKBA မှ ခွဲထွက်ကာ တစ်စင်ထောင်ရန် ကြံစည်နေခြင်းဖြစ် သည်။

နောက်ဆုံးသတင်းများအရ တိမ်းရှောင်နေသော စောတိုက်ဂါးက စောကျော်သက်ဆီရောက်နေပြီဟု သတင်းများ ထွက်ပေါ် လာသည်။ စောဆန်းအောင် ၀ရမ်းပြေးကလည်း သူတို့နှင့် လာရောက် ပူးပေါင်းမည်။ ထို့နောက် ဟက်ကြီးက ဖားမီးဆီ သွားကြမည်။ ပြီးလျှင် မဲသဝေါနားက မောင်ကြာထံသွားရောက် ဆက်သွယ်မည်။ အားလုံးတစ်စုတစ်စည်းတည်း တပ်မဟာ (၅) တွင် စုကြမည်။ ကရင်လွတ်မြောက်နယ်မြေဆိုပြီး ကရင်တပ်မတော်သစ် တည်ထောင်မည်။ ပြီးလျှင် အစိုးရအား ပြန်လည်တိုက်ခိုက်မည်။ KNU အမည်ခံနဲ့ UNFC မှာ ပါဝင်မည်။ သူတို့က မဲစောက်မှာ အခြေချနေထိုင်ပြီး တကယ်တိုက်ရ မှာ အောက်ခြေ ကရင်ရဲဘော်များ ဖြစ်ကြပါသည်။ ထိုသို့ DKBA မှ ခွဲထွက်ဖို့ ကြံနေသော စောကျော်သက်နှင့် စောဆန်းအောင်၊ KNU/KNLA – PC အဖွဲ့က ပယ်သီး စောတိုက်ဂါးတို့ကြောင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေး အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်မိသလို သူတို့ နောက်ကွယ်တွင် ကြိုးကိုင်နေသူကတော့ အစိုးရကို မသေမချင်း တော်လှန်မယ်ဆိုပြီး ကြိမ်းဝါးထားသော နော်စီဖိုးရာစိန် ပင်ဖြစ်ပါကြောင်း KNU အတွင်းပိုင်း သတင်းများအရ သိရှိရပါသည်။

စောအက်သာထူး
From: နေ့စဉ်သတင်း

www.mmdailystar.com

လိပ်ကျွန်းကိစ္စ မှန်ကန်စွာ ဖြေရှင်းပေးရန် ကာချုပ်တောင်းဆို


ဗြိတိန်စုံတွဲကို သတ်သည်ဆိုကာ ထိုင်းရဲတို့ ဖမ်းဆီးထားသော မြန်မာနိုင်ငံသားနှစ်ဦးအရေး မှန်ကန်စွာ ဖြေရှင်းပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၉ ရက်တွင် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တန်နာဆက်ခ် ပတိမပရာဂွန်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ်က ပြောခြင်း ဖြစ်သည်။

“အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန်လိုတယ်ဆိုတဲ့ ဥပဒေစကားအတိုင်း စိစစ်လုပ်ဆောင်ပေးစေလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် မြန်မာသံရုံးမှ အထူးအဖွဲ့ကို မှန်ကန်စွာလေ့လာခွင့်ပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်က တိကျမှန်ကန်တဲ့အချက်အလက်များရရှိရေး၊ အမှန်တရားအတိုင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်ရေး မြန်မာသံရုံးနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ပြန်လည်ပြောဆိုကြောင်း တပ်မတော်ပိုင် မြ၀တီရုပ်မြင်သံကြားက ထုတ်လွှင့်သည်။
From:Mizzima

www.mmdailystar.com

Eleven သည် စတုထ္ထမဏ္ဍိုင်ကို ညစ်နွမ်းစေခဲ့ပြီ






စာရေးသူတို့ မြန်မာနိုင်ငံတွင် စတုထ္ထမဏ္ဍိုင်အားကောင်းလာသည်နှင့်အမျှ မီဒီယာကြီးများ သြဇာရှိလာသည်မှာကောင်း သည့်အလားအလာပင်ဖြစ်ပေသည်။ သို့သော်ငြားလည်း မီဒီယာကြီးများအနေဖြင့် စတုထ္ထမဏ္ဍိုင်တစ်ခုလုံးကိုလွှမ်းမိုး ချုပ်ကိုင်လိုစိတ်များရှိလာခြင်း ကတော့စိုးရိမ်ပူပန်ရမည်ဖြစ်ပေသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံ၏ ပထမမီဒီယာဟုခေါ်ဆို နိုင်သော Eleven မီဒီယာနှင့် ပြန်ကြားရေးဝန်ကြီးတို့အချေအတင် စကားများကာ တရားစွဲဆိုမည့်ကိစ္စများဖြစ်ပေါ်နေပေ သည်။

သို့သော် ၀န်ကြီးတရားစွဲဆိုမည့် မီဒီယာကတော့ Eleven မီဒီယာတစ်ခုတည်းမဟုတ်ပေ မြန်မာသံတော်ဆင့် ဂျာနယ်လည်းပါပေသည်။ လူမှုကွန်ယက်များနှင့် မီဒီယာစာမျက်နှာများတွင်တော့ Eleven နှင့်သာ အပြန်အလှန်စကား စစ်ထိုးမှုများ ဖြစ်ပေါ်လျက်ရှိပေသည်။

ဝန်ကြီးပြောဆိုသည်ကရှင်းပေသည် သူ၏ပိုင်ဆိုင်မှုများကို စုံစမ်းစစ်ဆေး၍ အထောက် အထားခိုင်လုံက ဥပဒေအရသူ့အား အရေးယူနိုင်သည်ဟုဆိုထားပေသည်။ မီဒီယာများမှ ယခုလိုအထောက် အထားမခိုင်လုံပဲ ပြောဆိုခြင်းအပေါ်တွင်တရားစွဲဆိုသွားမည်ဖြစ်ကြောင်းပြောဆိုခဲ့ပေသည်။

မြန်မာသံတော်ဆင့်ကတော့ ဥပဒေအရသာရင်ဆိုင်သွားရန်ပြင်ဆင်ပါမည်ဟုပြောဆိုခြင်းမှတပါး အခြားမည်သည့်စကား သံမျှထွက်မလာခဲ့ပေ။ သို့သော် Eleven ကတော့ သူတို့၏အစဉ်အလာအတိုင်း ကတ်ကတ်လန်ရန်တွေ့ပွဲများဖန်တီးပေတော့သည်။

Eleven ၏ပြန်လည် ရှင်းလင်းချက်များတွင် ဒေါက်တာဆိတ်ဖွားလည်းပါလာသည်၊ လွှတ်တော်လည်းပါလာသည်၊ ၀န်ကြီးဌာနထက် အစိုးရဟု ပါသုံးနှုံးလာခဲ့ပေသည်။ ဆိုင်သည်မဆိုင်သည်မသိ မြိုင်ဖို့ကအရေးကြီးဟုထင်ထားပုံရပေသည်။ ယခုအခါ မီဒီယာ လောက နှင့် လူမှုကွန်ယက်များအထက်တွင်တော့ အစိုးရ၀န်ကြီးတစ်ဦးနှင့် Eleven မီဒီယာတို့၏စစ်ပွဲမှာ မြင်မကောင်းအောင် ဖြစ်နေခဲ့တော့ပေသည်။

တဆက်တည်းထွက်ပေါ်လာသည့်သတင်းကတော့ ပို၍စိတ်ဝင်စားစရာကောင်းပေသည်။ ထူးဖောင်ဒေးရှင်းမှ Eleven မီဒီ ယာအားတရားစွဲမည့်ကိစ္စပင် ဖြစ်ပေတော့သည်။ ခါကာဘိုရာဇီ တောင်သို့တက်ရောက်ရာမှ ပျောက်ဆုံးနေသော တောင်တက် သမားနှစ်ဦးကို ရှာဖွေရန် တရုတ်နိုင်ငံမှကူညီသော တောင်တက်အဖွဲ့အား အဆင့်တန်းမမီသဖြင့် ပြန်လည် စေလွှတ်လိုက်သည်ဟု Eleven မီဒီယာမှ ဖော်ပြထားခြင်းဖြစ်ပေသည်။

သတင်းအမှန်မှာတော့ ခါကာဘိုရာဇီ တောင်အား မြန်မာပြည်ဘက်မှ တက်သည်ထက် တိဘက်တောင်ကြောမှတက်လျှင်ပို၍နီးနိုင်သည်ဟုဆိုကာ တရုတ်တောင်တက် အဖွဲ့သည် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းမှပြန်လည်ဖြေရှင်းထားပေသည်။ သို့ရာတွင် Eleven မီဒီယာ အနေဖြင့် ယခုလိုသတင်းစဉ်ကို တိတိကျကျမသိပါပဲ အထောက်အထားမခိုင်လုံပါပဲ ဖော်ပြခြင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေး ကိုပျက်ပြားစေခြင်း၊ အဖွဲ့အစည်း၏ဂုဏ်သိက္ခာပါထိခိုက်စေခြင်းနှင့် မီဒီယာကျင့်ဝတ်ချိုးဖောက်ခြင်းတို့ကြောင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပေသည်။ မြန်မာနိုင်ငံ၏ မီဒီယာကြီးတစ်ခုဟာ ယခုလိုကျင့်ဝတ်စည်းကမ်းများ ချိုးဖောက် ၍ ကိုထင်ရာရေးနေခြင်းမှာ နိုင်ငံအတွက်များစွာနစ်နာပေသည်။

ယခုလိုထူးဖောင်ဒေးရှင်းမှ တရားစွဲဆိုမည့် အပေါ်တွင် Eleven မှမည်ကဲ့သို့တစ်ခွန်းမကျန်ပြည်လည်ဖြေရှင်းရန်တွေ့မည်ဆိုသည်ကတော့ စာမျက်နှာများထက်တွင် ဆက်လက် စောင့် ကြည့်ရမည် ဖြစ်သည်။
မီဒီယာများအပေါ်တွင် တရားစွဲဆိုမှုများဖြစ်ပေါ်လာခြင်းသည် မီဒီယာလွတ်လပ်ခွင့်ကို များစွာထိပါးကြောင်း Eleven မှ ဖော်ပြခဲ့ဘူးပေသည်။

၎င်းတို့မီဒီယာအပေါ်တရားစွဲဆိုခဲ့ရပါက ဆတ်ဆတ်ထိမခံပြန်လည်ချေပတတ်သော Eleven ၏ အခြားသောမီဒီယာများကို တရားစွဲဆိုမှုများကတော့ မေးခွန်းထုတ်စရာပင်ဖြစ်ပေသည်။ စာနယ်ဇင်းကောင်စီကို အိပ်ကပ် ထဲထည့်ထားသည်ဟု ရုံးတွင်ပြောကြားဘူးသော သန်းထွဋ်အောင်သည် Eleven နှင့်ထိပ်တိုက်တွေ့သော ပြသနာများတွင် စာနယ်ဇင်းကောင်စီ၏ ကြားဝင်ဖြေရှင်းပေးမှုကို ဘယ်တုန်းကမျှလက်မခံခဲ့ပဲ ၄င်းတို့မှစတင်၍ အကြိမ်ကြိမ် တရားစွဲ ခဲ့သည့်ဖြစ်ရပ်များရှိခဲ့ဘူးသည်။

ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်ဖော်ပြခဲ့သော ၁၁ ဘီလျံရှင်းတမ်း ဆိုသည့်ဆောင်းပါးသည် ၄င်းတို့ဂုဏ်သိက္ခာကိုထိပါးစေသည်ဟုဆိုကာ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နှင့် ရန်ကုန်တိုင်း(မ်)ဂျာနယ်တို့အပေါ် တရားစွဲဆိုခဲ့သော ကိစ္စသည်မီဒီယာလောကတွင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ဘူးသည်။

ထို့အတူ လွိုင်ကော်မြို့မှEleven သတင်းထောက် နော်ခိုင်ခိုင်အေးချိုအား ပိုင်နက်ကျူးလွန်းမှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစကားများ ပြောဆိုမှုတို့ဖြင့် ထောင်ဒဏ် (၅) လချမှတ်ခဲ့ခြင်းကိုလည်း တရားမျှတမှုမရှိ၍ ပြန်လည်တရားစွဲမှုများ ပြုလုပ်သွားမည်ဟု ဦးဝေဖြိုးမှပြောခဲ့ သေးသည်။

ယခုအခါတွင်လည်း ၄င်းတို့မီဒီယာအား ပြန်ကြားရေးဝန်ကြီးမှတရား စွဲဆိုမည့် သတင်းကိုဖော်ပြပေးခဲ့သော 7 Days မီဒီယာအားသတိပေးချက်များ အကြောင်းကြားစာများ ဖြေရှင်းပေးစေလိုမှု ဆိုသည့် စာများထုတ်ထား သည်ကို လည်းတွေ့မြင်ကြရပေမည်ဖြစ်ပေသည်။ မီဒီယာသမား အချင်းချင်းအားနည်းမျိုးစုံဖြင့် တရားစွဲခဲ့သော Eleven သည် ၄င်းတို့မီဒီယာကို တရားစွဲလာလျှင်တော့ အရပ်ကူပါလူဝိုင်းပါဖြင့်မပွပွအောင်ဖွကာ ဆတ်ဆတ်ထိမခံပြန်လည် ခွန်းတုန့်ပြန် တတ်သည်ကတော့ မီဒီယာနှင့်မတူ အာဏာရှင်နှင့်တူသည်လို့သာပြောရမည်ဖြစ် ပေသည်။

ထိုမျှသာမကသေး Eleven မီဒီယာ၏တစ်ဖက်စောင်းနင်း ရေးသားမှုများသည် အွန်လိုင်းလူမှုကွန်ယက်များတွင်ဝေဖန်မှု များစွာကြုံတွေ့နေရသေးသည်။ အစောပိုင်းတွင် မီဒီယာကြီး၏ သတင်းများကြောင့် ပြည်သူအများနှစ်ခြိုက်ကြသော်လည်း KIA နှင့်ပတ်သက်သော စစ်ပွဲများတွင် တစ်ဖက်သက်ဖော်ပြမှုများကြောင့်ပြည်သူ့ချဉ်ဖတ် မီဒီယာကြီးဖြစ်လာ တော့သည်။

ထို့အတူ မီဒီယာလုပ်ငန်းမှ ပုဂ္ဂိုလ်များ၊ ၀န်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဥပဒေ ပညာရှင် များမှ မီဒီယာ ဥပဒေကြမ်းလုပ်သည့်အပေါ် Eleven မှ ပြင်းထန်စွာ ကန့်ကွက်ခဲ့သေးသည်။ အစပိုင်းတွင် Eleven မှ ကန့်ကွက်ကြောင်းနှင့် ကျန်သည့် မီဒီယာလုပ်ငန်းများမှ ၀ိုင်းပြီး ကန့်ကွက်ကြရန် ဆော်သြသည်။ အုပ်စုလိုက် အသံရလာ သည့်အခါ စာနယ်ဇင်းကောင်စီနှင့် ပုံနှိပ် မီဒီယာလောက တစ်ခုလုံးမှ ကန့်ကွက်သယောင် အသံထွက်သည်။ နောက်ဆုံး တွင်တော့ မိမိဂျာနယ်တိုက်တွင် ဗီနိုင်း ဆိုင်းဘုတ် ထောင်၍ကန့်ကွက်ခဲ့ပေသည်။

မြန်မာနိုင်ငံတွင် ထိုသို့ ဂျာနယ်တွင် ဖော်ပြချင်ရာဖော်ပြပြီး အစိုးရကို အပုပ်ချခွင့်ရှိနေသည့်နောက် ဘာကြောင့်ဒေါက်တာဆိတ်ဖွားကိုရှာဖို့ စုံစမ်းရေး ကော်မရှင်ဖွဲ့နေသနည်းဟုမေးချင်သည်။ ၀န်ကြီးဌာနမှရေးဆွဲပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရန် တင်သွင်း သည့် ဥပဒေမူကြမ်းကို လွှတ်တော်ပြင်မှမီဒီယာ ခေါင်းစဉ်တပ်ပြီး စိတ်တိုင်းကျ ပုတ်ခတ်၍ရပါသလား။

မီဒီယာ ဟုဆိုကာ အစိုးရနှင့် အုပ်ချုပ်သူ အားလုံးကို စိတ်တိုင်းကျ အပုပ်ချခွင့်ရနေသည့် ခေတ်ကို ရောက်နေပြီလား၊ မိမိကိုယ်ထိပါး လာလျှင်တော့ဖြင့် နည်းမျိုးစုံဖြင့်ရန်ပြန်တွေ့ကာ ရေးချင်ရာများရေးသည့်မီဒီယာဖြစ်နေပြီလားဟု သုံးသပ် ချင်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် မဏ္ဍိုင်သုံးရပ်၏ အဓိက အထောက်အပံ့ဖြစ်သည့် စတုထ္ထမဏ္ဍိုင်ခေါ် မီဒီယာလောကသည် ထိုနိုင်ငံ၏ အသက်တမျှ အရေးကြီးလှပေသည်။

Eleven မီဒီယာအနေဖြင့် နိုင်ငံ၏ကြော်ကြားထင်ရှားသော မီဒီယာကြီးတစ်ခုဖြစ်ပါ လျက်နှင့်ယခုလို ထင်ရာစိုင်းနေခြင်းမှာ နိုင်ငံနှင့်ပြည်သူလူထုအတွက်များစွာနစ်နာလျက်ရှိပြီး စတုထ္ထမဏ္ဍိုင်အားညစ်နွမ်း စေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်းရေးသားဖော်ပြအပ်ပေသည်။

မင်းထက်သာ(ဗဟန်း)
From: Today myanmar

www.mmdailystar.com

ကဲ အခုတော့ ထိုင်းရဲတွေမဟာအရှက်တော်ပုံကွဲပြီ

ဗြိတိန်နိုင်ငံသားနှစ်ယောက်အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်းဆရာဝန်ဌာနက အကြီးဆုံး ဒေါက်တာမကတော့ ပြောပြီး

အဓိက ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အချက်တွေက

၁) မှုခင်းဆရာဝန် မသုံးခဲ့ဖူး။

၂) အမှုစစ်ဆေးရာမှာ တရားဝင်အသိအမှတ် ပြုထားတဲ့ဥပဒေအတိုင်း ၃စု ပါဝင်လှုတ်ရှားရမှာကို မလုပ်ပဲ ရဲအဖွဲ့ တဖွဲ့ တည်းနဲ့ လလုပ်သွားလို့ 

၃ဖွဲ့ ပါရမဲ့အဖွဲ့ တွေက ရဲဌာန၊ မှုခင်းဆရာဝန်၊ သက်သေအထောက်အထား လိုက်လံသိမ်းဆည်းသူ
အဲ့သုံးဖွဲ့ ပါရမှာ

၃) အမှုမှာ စပြီးစစ်ဆေးတည်းက သေချာရောရာတဲ့ အချက်ဘာမှ မရှိပဲ၊ တရားခံတွေပဲ ထုတ်ပြနိုင်ခဲ့တာ တခုပဲရှိတယ်။ ကျန်တာ ဘာမှမရှိဖူး

၎) dna စစ်တာ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီဖူး။ အလောင်းကို မှုခင်းဆရာဝန်စစ်ဆေးချက်မပါဖူး။ စစ်ဆေးချက် ပါလာရမှာတွေက သေဆုံသူ အနီးက ရာသီဥတု၊
အပူချိန်၊ ရေတိုက်နှုန်း၊ ပင်လယ်နဲ့ နီးရင် ပင်လယ်ရေတက်ချိန် ကျချိန်တွေပါ ထည့်ရမယ် dna စစ်တယ်ဆိုတဲ့ လူတွေကို စစ်တာလဲ နည်းစနစ်မမှန်ဖူး။ တံတွေးစစ်ရမယ်၊ သွေးစစ်ရမယ်၊ ဆီးပါရမယ်၊ အသားစသေးသေးပါ ပါရအုံးမယ်။

အလောင်းကို မှုခင်းဆရာဝန်က ဘာမှမစစ်ရပဲ လောင်းအပ်လိုက်တာ အလောင်းကို နေရာေ၇ွ့  လိုက် တာတွေက လုံးဝ ပြန်လိုက်လို့ မရတဲ့ အချက်တွေမို့  ဒီအချက်တွေ ပြန်ဖြည့်ယူလို့ မရနိုင် သလို ဒါတွေကြောင့်လဲ လက်မခံနိုင်ဖူးပြောတယ် တကယ်လို့ သာ စဖြစ်တည်းက မှုခင်းဆရာဝန်ကို တွဲပါမယ်ဆို ဒါဏ်ရာတွေရဲ့ အနက်၊ အကျယ်၊ လူသတ်တယ်ဆိုတဲ့ဆိုတဲ့ ပေါက်တူးလူသေ သွေးစက်တွေကျနေ ပေနေတဲ့ ကျောက်ဆောင်တွေ သဲမြေပြင်တွေ အကုန်စစ်ရမှာကို .. ဒေါက်တာမက ပြောသွားတယ်.. ဒါတွေကို မဒိန်းမှု လူသတ်မှု ဖြစ်တိုင်း ရဲတွေ လုပ်နေကျဖြစ်ပြီး ခုလို သူတို့ တွေချည်းပဲ လုပ်သွားတာကိုနားမလည်ဖူး။ မသိတာလား မေ့တာလားတဲ့။

နောက်ဆုံး အချက်ကတော့ ကျွန်းသူကြီးရဲ့ ဘားမှာ ဒီသေသူတွေ နောက်ဆုံး နေထိုင် စားသောက် ခဲ့တဲ့ နေရာတွေကအစ မှုခင်းဆရာဝန်တွေ ရဲတွေ သက်သေသိမ်းဆည်းသူတွေ သုံးဖွဲ့ လုံး အမှုဖြစ်ဖြစ်ချင်း သွားစစ်ပြီး အဲ့သုံးဖွဲ့ ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်နဲ့ တရားခံကို အဖြေထုတ်ရမျာပါတဲ့
သူတို့ ဟာသူတို့ စစ် သူတို့ ဟာ သူတို့ အဖြေထုတ်လာတာ တရားရုံးက ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်ပါ။

နောက်ပြီးတော့ ဒီအမှုဟာ ဆိုရှယ်နက်ဝေါ့ပေါ်မှာလဲ သံသယတွေနဲ့ သတင်းကြီးနေတဲ့ အတွက်.. တရားခံတယောက်ကို မိပြီဆိုရင် ထပ်မေးစရာ ဘာသံသမှ မရှိဖြစ်ရမယ်တဲ့။ ပြီးရင် အမှုလာ မအပ်ခင် နောက်ဆုံးပိတ် သတင်းစာရှင်းလင်းပွဲ လုပ်ရတယ်။

သတင်းစာရှင်းလင်းပွဲတော့ လုပ်ပြီး မေးသမျှမဖြေနိုင်တဲ့ မှုခင်းနဲ့ ပတ်သက်တဲ့ အချက်တွေ ရှိခဲ့တာဟာလဲ တရားရုံးက လက်မခံနိုင်တဲ့ အချက်ထဲမှာ ပါတယ်။

အဲ့သတင်းစာ ရှင်းလင်းပွဲကိုလဲ ရဲတဖွဲ့ တည်းလုပ်လို့ မရပါဖူးတဲ့ ဥပဒေမှာ ၃ဖွဲ့ လုံး အများပြည်သူရှေ့ မှာရှင်းလင်းပွဲလုပ်ရတာပါတဲ့။မနေ့ က သူတို့ မဖြေနိုင်ခဲ့တဲ့ အချက်တွေရဲ့ ၈၀% ဟာ မှုခင်းဆရာဝန်တွေနဲ့ သက်သေအထောက်အထား ရှာဖွေ သိမ်းဆည်းသူတွေ ပူးပေါင်း လုပ်ဆောင်ခဲ့မယ်ဆို အဲ့လူတွေဖြေရမဲ့ အဖြေတွေပါ။

နောက်ဆုံးတခုကတော့ ကျွန်းသူကြီး ဘားပိုင်ရှင် သားဟာ အများအမြင်မှာရော အမှုသွားအမှုလာအရပါ သံသယရှိသင့်သူတယောက် ဖြစ်နေတာ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေရက်နဲ့ မစစ်ဆေးပဲ ဒီတိုင်း အမှုတွဲကို စုံပြီးဆိုပြီး လာအပ်လို့ မရပါဖူးတဲ့
သူ့ ကိုလဲ သုံးဖွဲ့ ဆိုင် စစ်ဆေးပြီး သူ့ အတွက် အဖြေက ရဲက ဒီအဖြေထွက်တယ်၊ မှုခင်းဆရာဝန်က ဒီအဖြေထွက်တယ်၊ သက်သေတွေက ဒီလို ထွက်တယ်ဆိုပြီး ကျကျနန ချပြရအုံးမှာ။

သူပြောတာ အဲ့လို စစ်မေးရမဲ့သူတွေ အများကြီး ကျန်ခဲ့တယ်လို့ ပြောပါတယ်

ဗွီဒီယိုလင့်----->>>>>https://www.youtube.com/watch?v=QCqBRRkGEA8

ဘာသာပြန်- Lu Gyi Min

From: အဘ ကိုဖြိုး သစ်ဆန်း

www.mmdailystar.com

အုပ်စုဖွဲ့ မုဒိမ်းကျင့်သူ အမျိုးသား (၅)ဦးကို ကြိုးပေးသုတ်သင်


မုဒိမ်းကျင့်ခံရသူ အမျိုးသမီးတစ်ဦှး တရားရုံး၌ သက်သေထွက်ဆိုနေစဉ်
အမျိုးသမီး (၄)ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား (၅)ဦးကို အာဖဂန်နစ္စတန် အကျဉ်းထောင် တစ်ခုတွင် ကြိုးဆွဲချ သုတ်သင်ခဲ့ကြောင်း သတင်းရရှိသည်။

အာဖဂန် နိုင်ငံတွင် ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခတ်စေခဲ့သည့် အဆိုပါ မုဒိမ်းမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များ အနေဖြင့် အမြင့်ဆုံးအဆင့် အရေးယူမှုမျိုး ပြုလုပ်ရန် ဖိအားများ ကြုံခဲ့ရသည်။ အဆိုပါ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူ (၅)ဦးကို ကဘူးလ်မြို့တော် အရှေ့ဘက်ရှိ ပူလ်အီချာခီ အကျဉ်းထောင်တွင် ကြိုးစင်တင် သုတ်သင်ခဲ့ကြောင်း အကျဉ်းထောင် တာဝန်ရှိသူများက ဆိုသည်။ ယင်းတို့အပြင် မုဒိမ်းမှုနှင့် မပတ်သက်သည့် သီးခြား တရားခံ တစ်ဦးကိုလည်း တစ်ပါတည်း သေဒဏ်ပေးခဲ့ကြောင်း သိရသည်။

တရားခံများသည် ကြိုးဒဏ်ချမှတ်ခါနီး နောက်ဆုံးမိနစ်ပိုင်းတွင် အယူခံဝင်ခဲ့သော်လည်း တာဝန်ရှိသူများက ပယ်ချခဲ့သည်။ အာဖဂန် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက အဆိုပါ ရာဇဝတ်ကောင်များ ဆက်လက် အသက်ရှင်နေပါက လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို မလုံမခြုံ ဖြစ်လာစေမည်ဟု အရေးဆိုခဲ့ကြသည်။ တရားခံများကို သေဒဏ်ချမှတ်ရန် အာဖဂန် နိုင်ငံသား အမြောက်အမြားက တောင်းဆိုခဲ့ကြသည်။

“တရားရုံး ဆုံးဖြတ်ချက်က အတည်ပါပဲ။ အောက်တိုဘာ (၈)ရက်မှာ တရားခံ အားလုံးကို သေဒဏ် ချမှတ်ခဲ့ပါတယ်။ ပက်ဂ်ဟမ်းမှာ ဖြစ်ခဲ့တဲ့ အမှုမှာ ပါဝင်သူ (၅)ဦးအပြင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပြန်ပေးဂိုဏ်းခေါင်းဆောင် ဟာဘစ်ဘ် အီစတယ်လီဖီကိုပါ ကြိုးစင်တင်ခဲ့ပါတယ်”ဟု ရှေ့နေချုပ်ရုံးမှ အတ္တမိုဟာမက် နိုရီက AFP သို့ ပြောကြားခဲ့သည်။

အာဖဂန်တွင် အမျိုးသမီးများအပေါ် အနိုင်အထက် ပြုကျင့် စော်ကားမှုများ ယခင်ကတည်းက ရှိခဲ့ဖူးသည့်တိုင် ဩဂုတ် (၂၃)ရက်က ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုလောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အာရုံစိုက်မိလာသော အခြေအနေမျိုး မပေါ်ပေါက်ခဲ့ချေ။ ကဘူးလ်မြို့ အနီးရှိ ပက်ဂ်ဟမ်းတွင် အမျိုးသမီး (၄)ဦးတို့သည် မင်္ဂလာပွဲ တစ်ခုမှ မိသားစုနှင့်အတူ ပြန်လာစဉ် မုဒိမ်းသမားများနှင့် ကြုံခဲ့သည်။ မုဒိမ်းသမားများအနက် အချို့သည် ရဲတပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ထားပြီး အမျိုးသမီးများနှင့် အတူပါလာသည့် အမျိုးသား အဖော်များကို ကြိုးဖြင့် တုပ်နှောင်ခဲ့သည်။ ထို့နောက် အမျိုးသမီးများကို ကားထဲမှ တရွတ်တိုက် ဆွဲထုတ်ကာ မုဒိမ်းကျင့်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှုမျိုးသည် အာဖဂန် တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပြီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဦးဆောင်ကာ မုဒိမ်းမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပြုလုပ်လာခဲ့သည်။ တစ်ဖက်တွင် ယခုအမှုကို စစ်ဆေးရာ၌ အလျင်လိုမှုများ ရှိခဲ့ကြောင်း ထောက်ပြမှုများလည်း ထွက်ပေါ်နေပြီး သေဒဏ်ပေးခံရသူ တစ်ဦးက မိမိသည် အပြစ်ဝန်ခံအောင် နှိပ်စက်ညှင်းပန်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့် ကော်မရှင်က မုဒိမ်းမှုများအပေါ် ပိုမိုအာရုံစိုက် အရေးယူလာခြင်းကို ကြိုဆိုသော်လည်း ယခုကြိုးစင်တင် သတ်ဖြတ်မှုက သေဆုံးသူများအတွက်ရော၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ အတွက်ပါ မှန်ကန်သည့် တရားမျှတမှုမျိုး ဖြစ်မလာမည်ကို စိုးရိမ်ကြောင်း ကြေညာသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ယခု ကြိုးပေး စီရင်မှုသည် တရားမျှတမှုကို စော်ကားနေသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။

သေဒဏ်ပေးခံရသူ (၅)ဦးသည် အခြားသော အမျိုးသား (၂)ဦးနှင့်အတူ လက်နက်ကိုင် လုယက်မှုဖြင့် ကနဦး စွဲချက် တင်ခံရပြီး အဆိုပါ (၂)ဦးမှာ မုဒိမ်းမှုတွင် မပါဝင်ခဲ့ဟု ရဲများက ဆိုသည်။ ၎င်းတို့သည်လည်း သေဒဏ် ချမှတ်ခံရသည့်တိုင် နောက်ပိုင်းတွင် ထောင်ဒဏ် တစ်သက်အဖြစ် စီရင်ချက် ပြောင်းလဲပေးခဲ့ကြောင်း သိရသည်။

_Ref: BBC

From: 7Day Daily

www.mmdailystar.com

ထိုင်းဝန်ကြီးချုပ်ကို ဆန္ဒပြမည်၊ အိတ်ဖွင့်ပေးစာပို့မည်



ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိန်စုံတွဲနှစ်ဦးကိုသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအရေး ပြန်လည်စိစစ်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းတို့နှင့် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြခြင်း အိတ်ဖွင့်ပေးစာပို့ခြင်းတို့ ပြုလုပ် တောင်းဆိုသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့၌ အောက်တိုဘာ ၁၀ ရက်တွင် ဆန္ဒပြရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က စီစဉ်နေပြီး အောက်တိုဘာ ၁၁ ရက်တွင် ရခိုင်အမျိုးသား ကွန်ယက်က အချက်သုံးချက်ပါသော အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံရှိ သရရုံးအားလုံးသို့ ပေးပို့ရန် စီစဉ်ထားနေကြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် ရောက်ရှိ ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနှင့် နှစ်နိုင်ငံကိစ္စများကို မြန်မာ အစိုးရနှင့် နေပြည်တော်တွင် ဆွေးနွေးရန်စီစဉ်ထားသည်။

ထို့နောက် အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံရောက် ထိုင်း ရင်းနှီးမြှုပ်နှံသူများနှင့် ထိုင်းသံရုံးတွင်တွေ့ဆုံရန် စီစဉ်ထားသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် ဆန္ဒပြတောင်းဆိုတာပါ။ ”ဟု ဗိုလ်ကြီးဟောင်းဖြစ်သူ ဦးနေမျိုးဇင်က ပြောသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်မလာမီ တစ်ရက်အလိုကပင် ထိုင်းရဲတပ်ဖွဲ့၏ တင်ပြချက် ပြည့်စုံမှုမရှိဟုဆိုကာ ထိုင်းအစိုးရ ဥပဒေအကြံပေးအဖွဲ့က ပယ်ချထားသည်။

စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီခရိုင် ကောတောင်(ခိုတောင်) ကျွန်းပေါ်တွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုဖြင့် မြန်မာအလုပ်သမားများဖြစ်သည့် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို လူသတ် မှု၊ အဓ္ဓမမှုများဖြင့် ဖမ်းဆီးခဲ့ပြီး လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံချက်ရထားသည်ဟု ထိုင်းရဲတို့က ထုတ်ပြန်ထားသည်။

ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုနှင့် သတင်းထုတ်ပြန်မှုတို့ကို ထိုင်းမီဒီယာများကပင် ဝေဖန်နေကြပြီး ထိုင်းနိုင်ငံရောက် မြန်မာကောင်စစ်ဝန် ဦးဆောင်သော စုံစမ်းရေးအဖွဲ့ဝင်အချို့ကလည်း အမှန်တကယ် ကျူးလွန်ခဲ့ခြင်းမဟုတ်ဟု သံသယရှိကြောင်း မီဒီယာတို့ကို ပြောထားသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာသမ္မတကလည်း ယင်းအရေး ဆွေးနွေးရန် စီစဉ်ထားသည်ဟု သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုထားသည်။
 
 
From: မဇ္ဈိမ

www.mmdailystar.com

ISIS စစ်သွေးကြွများကို ထိုးစစ်ဆင်ရန် ပထမဆုံးအကြိမ် အဖြစ် နယ်သာလန်တိုက်လေယာဉ်များ ပါဝင်တိုက်ခိုက်



နယ်သာလန် နိုင်ငံမှ F-16 တိုက်လေယာဉ် နှစ်စင်းသည် အီရတ်နိုင်ငံ အတွင်းရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များကို အောက်တိုဘာ ၇ ရက်က ပထမဆုံး အကြိမ်အဖြစ် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက် ခဲ့ကြောင်း နယ်သာလန် ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားချက်ကို Xinhua သတင်းဌာနက ကိုးကား၍ ဖော်ပြ ခဲ့သည်။

နယ်သာလန် တိုက်လေယာဉ် များ၏ တိုက်ခိုက်မှု များကြောင့် စစ်သွေးကြွ များ၏ မော်တော်ယာဉ်များ ပျက်စီးခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ဖွယ် ရှိကြောင်း အဆိုပါ ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုများ မလုပ်ဆောင်မီ F-16 တိုက်လေယာဉ် များကို အီရတ်နိုင်ငံ အတွင်း ပဋိပက္ခ ဖြစ်ပွားရာ ဒေသများ၌ လေ့လာမှုများ လုပ်ဆောင်ရန် အောက်တိုဘာ ၅ ရက်က ပထမအကြိမ် စေလွှတ် ခဲ့ကြောင်း၊သို့သော် ယင်းအချိန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ နယ်သာလန် အစိုးရသည် ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရန် F-16 တိုက်လေယာဉ် ရှစ်စင်းကို အောက်တိုဘာ ၄ ရက်ကတည်းက ၄င်းဒေသ များတွင် တပ်ဖြန့် ချထားခဲ့ပြီး နှစ်စင်းကို အရန်အဖြစ် ထားရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ဆင်ရေး အတွင်း F-16 တိုက်လေယာဉ် များအတွက် တပ်ဖွဲ့ဝင် ၂၅ဝ ဦး၊ ကာဒစ်ရှ် နှင့် အီရတ် တပ်ဖွဲ့ဝင် များကို လေ့ကျင့် သင်ကြား ပေးရန် တပ်ဖွဲ့ဝင် ၁၃ဝ ဦး စုစုပေါင်း ၃၈ဝ ဦး ပါဝင်မည် ဖြစ်သည်။

နယ်သာလန် နိုင်ငံသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ များအား ထိုးစစ်ဆင် နိုင်ရန်အတွက် ပြင်သစ်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ နှင့် အခြား အာရပ်နိုင်ငံ များ အပါအဝင် အမေရိကန် ဦးဆောင်မှု အောက်တွင် ရှိသော အခြား နိုင်ငံများနှင့် ပူးပေါင်း ခဲ့ကြောင်း သိရှိရသည်။
 
 
From:  ပြည်ချစ်သား

www.mmdailystar.com

ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး အလောင်းတွေ့



ဓာတ်ပုံ − ထူးဖောင်ဒေးရှင်း

B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ပျောက်ဆုံးမြန်မာလေယာဉ်မှူးကို အောက်တိုဘာ ၉ ရက် ညနေအချိန်တွင် ၎င်းကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံးလျက်တွေ့ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။

B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ ရက်တွင် ပြန်လည်တွေ့ရှိကာ မျက်စိဒဏ်ရာကြောင့် ကျန်ရစ်ခဲ့သည့် မြန်မာလေယာဉ်မှူးမှာ ဂူတစ်ဂူထဲတွင် ကျန်ခဲ့သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာလေယာဉ်မှူး ကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေမှုများပြုလုပ်ရာ ယနေ့ညနေတွင် သေဆုံးလျက်တွေ့ရှိခြင်းဖြစ်ကြောင်း ကိုဖြိုးကိုကိုက ပြောသည်။

ခါကာဘိုရာဇီရေခဲတောင်တွင် ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

From: 7Day

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...