Sunday, 12 October 2014

ဆရာရှင့် အပြင်မှာ ကိစ္စပြီးရင် ကိုယ်ဝန် ရှိနိုင်သေးရဲ့လား

မေး။ ။ ဆရာ ဆူဒိုနင်ရှင့်…

သမီး သိလိုသည့် အချက်အလက်များကို အနည်းငယ် မေးမြန်းလိုပါသည်ရှင့်…

သမီးက အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်သက်ကတော့ ခြောက်လပြည့်ပါတော့မယ်။ ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ ဆက်ဆံကြတဲ့အခါမှာ ယောက်ျားလေးက သူ့ကိစ္စ ပြီးတဲ့အခါ အပြင်မှာ ပြီးတယ်ပဲ ဆိုပါတော့။ အဲ့လို ဆိုလို့ ရှိရင် မိန်းကလေးမှာ ကိုယ်ဝန် မရှိနိုင်ဘူးလို့ မှတ်သားခဲ့ဖူးပါတယ်။

တကယ်လည်း သမီးတို့ လင်မယား အဲ့လိုပဲ နေထိုင်ပါတယ်။ (သမီးက ဆေးသောက်ရမှာ ကြောက်လို့ပါ။) ဒါပေမယ့် တစ်ကြိမ်ကို တစ်ခါပဲ ဆက်ဆံတာပါ။ (ပြောရမယ် ဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါပဲလို့ ဆိုလိုတာပါရှင့်။)

အဲ့ဒီလို နားလည်ခဲ့ရာမှ သည်နေ့မှ လူကြီးများ ပြောပြချက်အရ သိခဲ့ရတာကတော့ မိန်းမတွေဟာ ယောက်ျားလေးတွေဆီက သူတို့ ဆန္ဒ ပြီးမြောက်တဲ့ အချိန်မှာ ထွက်တဲ့ အရည်တစ်ခုထဲနဲ့တင် ကိုယ်ဝန် ရှိနိုင်တာ မဟုတ်ဘဲနဲ့ အစပိုင်းထွက်တဲ့ အရည်ကြည်မှာလည်း သုတ်ပိုးဟာ ပါလာနိုင်တတ်တယ်ဆိုပြီး အတိအကျ ပြောနေကြတယ် ဆရာရယ်။ သမီးလည်း တစ်ခါမှ မကြားဖူးဘူး။ သူတို့ကတော့ အဲ့လိုမျိုး အပြင်မှာ ပြီးတယ် ပြီးတယ်ဆိုပြီး စိတ်ချလက်ချမနေနဲ့လို့ပြောတယ်။ ကွန်ဒုံးကိုပဲ သုံးတဲ့။

သမီးလည်း တော်တော် စိတ်ညစ်သွားတယ်။ အစထဲက တစ်ရက်ကို တစ်ခါပဲ ဆက်ဆံခိုင်းနေလို့ အမျိုးသားက ငြိုငြင်ချင်ရတဲ့ကြားထဲ၊ ကွန်ဒုံးနဲ့ပါ ဆက်ဆံရမယ် ဆိုရင်တော့ သမီးကို ကွာမှာ ကျိန်းသေတယ်.. ဟီဟိ…

ကျေးဇူးပြု၍ သမီး စာလေးကို အမြန်ဆုံး ဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင့်… (ပြီးတော့ သမီးမေးတဲ့စာကို ဆရာ့ရဲ့ Blog တွေမှာ တင်ခဲ့မယ်ဆိုရင်လည်း သမီးရဲ့ FB နာမည်ကြီးတော့ မထည့်နဲ့နော်… ဟဲဟဲ )

ကျေးဇူးတင်စွာ
မတရုတ်မ

ဖြေ။ ။ ယောက်ျားဖြစ်ရတဲ့ ဒုက္ခတကာအနက်မှာ အဲဒါက အဓိက ဒုက္ခပဲ ထင်ပါရဲ့ဗျာ။ ဟုတ်ပါ့။ ကျွန်တော်လည်း အိမ်ထောင်သက် နုစဉ်တုန်းက ခံစားဖူးပါတယ်။ ကိုယ်ကလည်း ဒါမျိုးဆို သိပ်နေနိုင်တာမဟုတ်၊ ကိုယ်ဝန် ရှိသွားမှာလည်း ပူရ၊ ကိုယ်ချစ်လို့ ယူထားတဲ့ ဇနီးမယားကိုလည်း ဆေးတွေ ၀ါးတွေ မသုံးစေချင်နဲ့၊ အတော့်ကို ဗျာများလှပါတယ်။

ထားပါတော့လေ… မေးထားတဲ့ မေးခွန်းကို ဖြေရရင်တော့ အမျိုးသားတွေရဲ့ သုက်ရည်မဟုတ်ဘဲ ပထမပိုင်းထွက်တဲ့ ကနဦးအရည်ကြည်မှာ သုက်ပိုးတွေ ပါရှိနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ရှိပါတယ်။ ဒါပေမယ့် သိပ်မကျယ်ပြန့်လှတဲ့ သုတေသနငယ်လေးတချို့အရဆိုရင်တော့ အဲဒီ့အရည်ကြည်ထဲမှာ သုက်ပိုး ပါရှိတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။

ကျယ်ပြန့်တဲ့၊ တစ်နည်းပြောရင် ခိုင်မာတဲ့ သုတေသန မရှိပေမယ့် ပညာရှင်အများအပြား ယုံကြည်ထားတာကတော့ ယခင် သုက်ထွက်ချိန်က ကျန်ရစ်ခဲ့တဲ့ သုက်ပိုးတွေဟာ ကနဦး အရည်ကြည်ထဲမှာ ပါဝင်သွားရာက ကနဦးအရည်မှာ သုက်ပိုးပါတယ်ဆိုတဲ့ အယူအဆ တစ်ရပ် ဖြစ်ပေါ်လာတယ်လို့ပါပဲ။ ဆိုလိုတာက ကနဦး အရည်ကြည်မှာ သုက်ပိုး ပါချင်လည်း ပါနိုင်ပါတယ်ပေါ့။ အဲသလို မဖြစ်အောင် ကာကွယ်ချင်ရင်တော့ ကိစ္စပြီးတဲ့နောက် နောက်တစ်ကြိမ် စခန်းမသွားခင် (၀ါ) နောက်တစ်ကြိမ် ကိစ္စမပြီးခင် စပ်ကြားကာလမှာ ဆီးသွားလိုက်ခြင်းအားဖြင့် ဆီးလမ်းကြောင်းတစ်လျှောက်မှာ မတော်တဆ ကျန်ရစ်ခဲ့လေမယ့် သုက်ပိုးများကို ရှင်းထုတ်ပစ်လိုက်နိုင်ပါတယ်။

နောက်တစ်ချက်က သည်နည်းရဲ့ စိတ်ချရမှု အတိုင်းအဆပါ။ လေ့လာချက်များအရ ကိန်းဂဏန်းနဲ့ ပြောမယ်ဆိုရင် အမျိုးသားက အပြင်မှာ ကိစ္စပြီးတဲ့ နည်းဟာ တစ်နှစ်မှာ ၁၅ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ မအောင်မြင်ပါဘူးတဲ့။ ဆိုလိုတာက သည်နည်းကို သုံးလျက်နဲ့ ကိုယ်ဝန်ရှိသွားသူ အမျိုးသမီးက နှစ်စဉ် အမျိုးသမီး တစ်ရာမှာ ၁၅ ယောက်ကနေ ၂၈ ယောက်အထိ ဖြစ်နိုင်ပါသတဲ့။ ဆေးသုံးမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိသွားသူက တစ်နှစ်ကို တစ်ရာမှာ နှစ်ယောက်မှ ရှစ်ယောက်အထိသာ ရှိနိုင်တယ်ဆိုပဲ။

အိုင်ယူဒီလို့ခေါ်တဲ့ သားအိမ်ထဲကို တည့်သွင်းသုံးစွဲရတဲ့ ကိရိယာကို သုံးစွဲမယ်ဆိုရင်တော့ စိတ်အချရဆုံးဖြစ်ပါတယ်။ အဲဒါက တစ်နှစ်ကို တစ်ထောင်မှာမှ ရှစ်ယောက်မျှသာ ကိုယ်ဝန်ရှိစေနိုင်တယ်လို့ ဆိုတာကိုး။ ကွန်ဒုံးကိုလည်း စိတ်ချရတယ်လို့တော့ ဆိုမထားဘူးခင်ဗျ။ ကွန်ဒုံး မှန်မှန် သုံးပါလျက်နဲ့ ကိုယ်ဝန်ရှိသွားသူတွေကလည်း တစ်နှစ်ကို တစ်ရာမှာ ၁၀ ယောက်မှ ၁၈ ယောက်လောက် အထိ ရှိတယ်လို့ လေ့လာချက်တွေက ပြောနေပြန်တာကိုး။

အပြင်မှာ ကိစ္စပြီးတဲ့နည်းမှာ စိတ်မချရပုံက အဲဒီ့ ကနဦး အရည်ကြည်ထက် စခန်းသွားနေချိန်မှာ အမျိုးသားကိုယ်တိုင် သတိမထားမိလိုက်ဘဲ သုက်ရည် အနည်းအပါး ထွက်သွားတတ်တာမျိုးကြောင့်ပါပဲ။ အဲဒါကို အမျိုးသားကိုယ်တိုင်တောင် သတိမထားလိုက်ဘူးဆိုမှတော့ အမျိုးသမီးက သတိထားမိဖို့ သာတောင် ခဲယဉ်းသေးတာပေါ့။ အဲလိုနဲ့ပဲ ကိုယ်ဝန်ရှိကုန်တဲ့ အမျိုးသမီးတွေ သည်လောကမှာ မနည်းပါဘူး။

အဲတော့ ကျွန်တော့်ကို မေးလာသူ “မတရုတ်မ” အနေနဲ့က ဆရာဝန်နဲ့ တိုင်ပင်ပြီး အိုင်ယူဒီထည့်တာမျိုးကို လုပ်လိုက်မယ်ဆိုရင် ယောက်ျားကလည်း သူ့ကို ကွာသွားမှာ မဟုတ်သလို စိတ်မချ လက်မချ စခန်းသွားနေစရာလည်း လိုတော့မှာ မဟုတ်ပါဘူး။ နောက်အားသာချက်တစ်ခုက အိုင်ယူဒီက သောက်ဆေးလိုမျိုး မဟုတ်တာကြောင့် မတရုတ်မ မသောက်ချင်တဲ့ ဆေးလည်း သောက်စရာ မလိုဘူး။ ကလေးလိုချင်တဲ့အခါကျရင်လည်း အလွယ်တကူ ဖယ်ရှားလိုက်ပြီး ချက်ချင်း ကလေး ယူလို့ ရနိုင်တာမျိုးမို့ သည်နည်းကို အကြံပြုလိုက်ချင်ပါတယ်။

အရေးကြီးလှတဲ့ အချက်ကတော့ အမျိုးသားက အပြင်မှာ ကိစ္စပြီးခြင်းအားဖြင့် HIV အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တဲ့ရောဂါ များကို ကာကွယ်ပေးနိုင်စွမ်း လုံးဝမရှိဘူး ဆိုတာပါပဲ။



HIM
From: အတ္တကျော်

www.mmdailystar.com

ရင်သားကြီးတဲ့ အမျိုးသမီးအများစု ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲများ

သာမာန်ထက် ကြီးမားတဲ့ရင်သားကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီးတွေဟာ ရွယ်တူတွေကြားမှာသာမက လူမှုပတ်ဝန်းကျင်မှာပါ အခက်အခဲတစ်ချို့ကို ရင်ဆိုင်ကြရလေ့ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။အင်္ကျံအ၀တ်အစားရွေးချယ်တော့မယ်ဆို ဆိုက်ဒ်ရယ်၊ လည်ပင်းဟိုက်မဟိုက် စတာတွေကို အထူးဂရုပြုရွေးချယ်ရလေ့ရှိတယ်။

အင်္ကျံတစ်ထည်ဝယ်တော့မယ်ဆို ဆိုက်ဒ်က ငါနဲ့အရမ်းကျပ်နေမလား၊ ရင်ဘတ်နေရာက အဆင်ပြေပါ့မလား ဆိုတာတွေအပြင် လည်ပင်းက အရမ်းဟိုက်နေမလားဆိုတာကိုပါ သတိထားရွေးချယ်ဝယ်ယူရပါတယ်။ မဟုတ်လို့ကတော့ နောက်ပိုင်း အ၀တ်အစား ၀တ်ခါနီးတိုင်း ကြုံတွေ့ရမယ့် အခက်အခဲတွေက ဆက်တိုက်ဆိုသလိုဖြစ်လာမှာပါ။

၂။အောက်ကို နည်းနည်းလေး ကုန်းလိုက်တာနဲ့ ရင်သားတွေဟာ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်ကုန်ရော။

အင်္ကျံလည်ပင်းနည်းနည်းလေး ဟိုက်ပြီဆိုရင်တော့ အကုန်းအကွ ကိစ္စတွေ သတိထားနေရပြီပေါ့။ သတိလက်လွတ်တစ်ခုခုကို ကုန်းကောက်လိုက်တာတို့၊ ဘာတို့ဆိုရင် အဆင်မပြေမှုတွေ ဖြစ်ပေါ်လာပြီသာမှတ်။

၃။ဘရာစီယာဝယ်တော့မယ်ဆို အဆင်ပြေတဲ့ ဆိုက်ဒ်က ခပ်ရှားရှားရယ်။

ကိုယ်ရွေးချယ်လိုက်တဲ့ ဒီဇိုင်းလေးက မိုက်ပေမယ့် ဆိုက်ဒ်မရှိလို့ မ၀ယ်ခဲ့ရတာတွေကြောင့် စိတ်ပျက်ရတဲ့အထိပါပဲ။ အွန်လိုင်းက မှာလိုက်ရပြန်ရင်လည်း ဈေးက တော်တော်လေးကြီးသေးတာ။

၎။ခန္ဓာကိုယ်က နည်းနည်းလေး ပြည့်လာပြီဆိုရင် အားလုံးက ဖက်တီးဖြစ်လာတယ်လို့ မြင်ကြတယ်။

ရင်သားက ပုံမှန်အားဖြင့် တော်တော်လေး ကြီးနေတာကြောင့် ၀ိတ်လေးနည်းနည်းတက်လိုက်တာနဲ့ ခါးမရှိတော့သလိုဖြစ်ပြီး ၀တုတ်ကြီး၊ ဖက်တီးလို့ပဲ လူတွေက မြင်ကြတယ်။

၅။သူစိမ်းတစ်ယောက်ယောက်နဲ့ စတင်မိတ်ဆွေဖြစ်ပြီဟေ့ဆိုရင် ကိုယ့်ကိုစသတိထားမိတာ အဲ့ဒီနေရာပဲ။

ခုမှ စခင်တဲ့ လူတွေကလည်း ကိုယ့်ကို ရင်သားကြီးကြီးနဲ့ ကောင်မလေးအဖြစ်သာ မှတ်ထားတတ်ကြတယ်။ ကိုယ့်ကိုတန်းသတိပြုမိတတ်တာလည်း အဲ့ဒီနေရာနဲ့ပါပဲ။

၆။အိမ်မှာ လွတ်လွတ်လပ်လပ်နေမယ်ဆိုရင်တော့ အတွင်းခံအင်္ကျံကို ချွတ်ထားလို့ မရဘူး။

ရင်သားသေးတဲ့ မိန်းကလေးတွေဆို အိမ်မှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ အောက်ခံအင်္ကျံဘာမှမ၀တ်ပဲ နေလို့ရပေမယ့် ရင်သားကြီးတဲ့သူတွေကျတော့ အဲ့ဒီလိုနေဖို့တောင် အဆင်မပြေတတ်ကြဘူး။

၇။ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့အခါ အခက်အခဲတွေ့ရတတ်တယ်။

ခုန်ရတဲ့ လေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်း စတာတွေ လုပ်တဲ့အခါ သီးသန့်ဘရာမ၀တ်ထားရင် လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေနိုင်ဘူး။

၈။ကလေးမီးဖွားပြီးလို့ နို့တိုက်တဲ့အချိန်ဆိုရင် ငါ့ရင်သားပိုကြီးလာမလားဆိုပြီး စိုးရိမ်ရပြန်တယ်။

အစကတည်းက သူများတွေနဲ့ မတူတဲ့ အချိုးအစားနဲ့မို့ ကလေးမီးဖွားပြီးချိန် မိခင်နို့တိုက်ကျွေးရချိန်ဆိုရင် ရင်သားကြီးတဲ့အမျိုးသမီးတွေဟာ ဒီလိုနို့တိုက်ရလို့ ငါတို့ရင်သားပိုများကြီးသွားလေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

Ref:womenshealthmag.com
Sue Nge
From:Trend Myanmar

www.mmdailystar.com

အပျိုစင် ရလဒ်ကို ထိန်းသိမ်းနိုင်ပါက တစ်လတစ်ခါ ပိုက်ဆံပေးမည်

ဆွာဇီလန် ဘုရင်ကြီး Mswati IIIဟာ နိုင်ငံအတွင်း မှာရှိတဲ့ အမျိုးသမီး တွေထဲက အပျိုစင် ရလဒ်ကို ထိန်းသိမ်းနိုင်ပါက တစ်လ (၁၁)ပေါင် ပေးသွားမယ်လို့ ကမ်းလှမ်းမှုပြု လုပ်ခဲ့ပါတယ်။ ဆွာဇီလန် နိုင်ငံဟာ အာဖရိကရဲ့ အဆင်းရဲဆုံး တစ်နိုင်ငံ ဖြစ်ပြီး ငယ်ရွယ နုပျိုတဲ့ အမျိုးသမီး တွေဟာ လိင်ဆက်ဆံခြင်းကို ရှောင်နိုင်ခဲ့ရင် ဘုရင်ကြီး သတ်မှတ်ပေးထားတဲ့ ဆုကြေးကို ခံစား ရရှိမှာ ဖြစ်ပါတယ်။ ဆွာဇီလန် ဘုရင်ကြီးဟာ HIV ကူးစက်မှုကို တားမြစ်ဖို့ ဒီလို စည်းမျဉ်းကို ပြဋ္ဌာန်းခဲ့တာ ဖြစ်ပေမယ့် အခြားတစ်ဖက်မှာ ဝေဖန်မှုတွေ ကြုံတွေ့နေရ ပါတယ်။

လက်ရှိ အချိန်မှာ ဆွာဇီလန် ဘုရင်ကြီး ဟာ မယား(၁၅) ဦး အထိရှိပြီး အနာဂတ်မှာ မြေတောင်   မြှောက်မယ့် သတို့သမီးတွေ ရောဂါ ကင်းစင်ဖို့ အခုလို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ထောက်ပြခဲ့ကြ ပါတယ်။ အမျိုးသမီးတွေ လိင် ဆက်ဆံမှုရှိ၊ မရှိကို ဘယ်လို စောင့်ကြည့်မလဲ ဆိုတော့ အချက်ကလည်း မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်။ အသက် (၄၆) နှစ် ရှိပြီဖြစ်တဲ့ ဆွာဇီလန် ဘုရင်ဟာ အာဖရိက တိုက်ရဲ့ နောက်ဆုံး ကျန်ရှိတဲ့ ဧကရာဇ် တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ လတုန်းက အသက် (၁၉)နှစ်အရွယ် အမျိုးသမီးကို (၁၅) ဦးမြောက် မယားအဖြစ် တင်မြှောက်ခဲ့ ပါတယ်။ ဆွာဇီလန် နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေက လွန်စွာ နည်းပါးပြီး နိုင်ငံ လူဦးရေရဲ့ (၂၆) ရာခိုင်နှုန်းဟာ HIV ကူးစက်ခြင်းခံ ထားရပါတယ်။ ဆွာဇီလန် လူငယ်တွေက ငွေကြေး တစ်ခုတည်းနဲ့ အမျိုးသမီးတွေ လိင်ဆက်ဆံမှုကို ထိန်းသိမ်းလို့ မရကြောင်း အကြံပြုခဲ့ ပါတယ်။

ဆွာဇီလန် နိုင်ငံက ပြည့်တန်ဆာ တစ်ဦးဟာ အဖော်တစ်ဦးနဲ့ တစ်ကြိမ်ပျော် ပါးရင် (၁၁) ပေါင် ရနေတာမို့ ဒီအစီအစဉ်က ဖြစ်နိုင်ချေ မရှိကြောင်း၊ မိမိတို့ ဘုရင် ကလည်း သတို့သမီးလောင်းကို တောင် အာဖရိကနိုင်ငံ ကိတ်တောင်းမြို့မှာ သွားရောက်ရှာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။ ဆွာဇီလန် ဘုရင်ကြီးဟာ မကြာမီက ကျင်းပခဲ့တဲ့ ပွဲတော် တစ်ခုမှာ အပေါ်အ၀တ်အစား ၀တ်ဆင်ထားခြင်း မရှိတဲ့ အပျိုစင် ထောင်ပေါင်း များစွာကို တက်ရောက်စေခဲ့ပါတယ်။
From: The Messenger

www.mmdailystar.com

အထူးသတိပေးချက် မြန်မာပြည်မှာ ဖုန်းဆင်းကဒ်တွေ အလွယ်ရလို့  viberမှာ နှောင့်ယှက်မယ့်သူများ ရန်မှ ဝေးစေဖို့  လုပ်နည်း

တချို့ က စာရှည်ရင် မဖတ်ချင်တော့ဘူး။ ဒီတွက် ပထမဆုံး လုပ်နည်း ရေးပြမယ် အောက်က စာတွေကတော့ အသိပညာပေးစာ ၊ မဖတ်ချင်လည်း မဖတ်ပဲနေလို့ ရတယ်။ ကိုင်း ပထမဆုံး viber မှာ မသိပဲ ကိုယ့်ကို လာအပ်လို့ မရအောင်လုပ်နည်း လွယ်လွယ်လေးပါ ။ ပြောပြမယ်. ပထမဆုံး viber ကို ကိုယ့်ဖုန်းထဲမှာ စသုံးမယ်ဆိုရင် နံပါတ်ထည့်ပေးရတယ်။ အဲ့နံပါတ်မှာ အကုန်ရေးပြီး နောက်ဆုံးမှာ ဂဏာန်းတစ်လုံး အပို ထည့်ပေးလိုက်ပါ။ဒါဆို အစဉ်ပြေသွားပါမယ်။ နိုင်ငံဧရိယာကုဒ်တော့ မှန်ပါစေ ...နံပါတ်မက်စေ့ ပြန်ပို့ တာ မလွဲဘူး ကိုယ့်ဖုန်းဆီပဲ ရောက်လာမှာပါ..ဥပမာ မြန်မာပြည်ကဆို ဧရိယာကုဒ် 0095 မှန်အောင်ထည့် ကိုယ့်ဖုန်းက 0912340056 ဆိုပါတော့ ဒါဆိုရင် 0095912340056 ပြီးရင် နောက်က တစ်လုံးပိုရေးပေးလိုက် ဥပမာ 00959123400561.၊ရတယ် ( ၁ )တစ်လုံး ပိုထည့်ပေးလိုက်တယ် ကြိုက်တဲ့ နံပါတ်ထည့်လို့ ရတယ် 0095123400562 ရတယ်( 2 )တစ်လုံးပို .ခုလို လုပ်ထားရင် ဖုန်းနံပါတ် သိရင်တောင် လာအပ်လို့  မ၇ပါဘူး။ကိုယ်က ပြောပြမှ လာအပ်လို့ ရမှာပါ။ နောက်တစ်ခု group တွေထဲမှာ မပါရင် အကောင်းဆုံးပါပဲ ။အဲ့ group တွေကနေပဲ မုဆိုးတွေ သားကောင် ရှာကြတာပါ။

ဒီအကြံပြု ချက်လေးဟာ လိုင်းပေါ်မှာ အေးဆေးစွာ သုံးချင်တဲ့ အမျိုးကောင်း သားသမီး အထူးသဖြင့် မိန်းမကောင်းလေးတွက် ရည်ရွယ်ပါတယ်။ ။ ခုဆို မြန်မာပြည်မှာ ဆင်းကဒ်တွေ လွတ်လပ်စွာ သုံးလို့ ရပြီ။ ကြိုက်တာ ရွေးသုံး။ MPT ၊ အော်ရီဒူ ၊ တယ်ရီနော ။ မြန်မာပြည် ဆင်းကဒ်ရောင်းတာ တကယ့်ကို လွတ်လပ်နေတယ်။ ဖုန်းတွေ လူတိုင်း သုံးနိုင်တဲ့တွက် ကောင်းကျိုးရော ၊ဆိုးကျိုးတွေပါ ပါလာပြီ။ ကောင်းကျိုးကတော့ ထားပါတော့ ဆိုးတွေက..
အ၇င်က လိုင်းကို ကွန်ပျူတာနဲ့ သုံးရတဲ့ အချိန်က ဖေ့ဘုတ်မှာရော တခြားဆိုဒ်တွေမှာပါ ရိုင်းစိုင်း ယုတ်မာတဲ့သူရှားတယ်။ရှိတော့ ရှိတယ် ခုလောက်ထိ မဆိုးဝါးဘူး။ ခုဟာ ဘာနဲ့ တူလည်းဆို ရိုင်းရိုင်းပြောရရင် ခွေးတွေကို လှောင်အိမ်ထဲက လွှတ်ပေးလိုက်လို့  လိုင်းပေါ်ပြေးတက် လာကြတာနဲ့ တူနေတယ်။ ဟိုအရင်က ဟာသပုံလေး တခုဖတ်ဖူးတယ် . ခုနဲ့ ကွက်တိပဲ ခွေးကြီးက ကွန်ပျူတာကိုင်လို့  ခွေးငယ်လေးကို သင်ပေးနေတယ်။ စာလေးက... မင်းခွေးဆိုတာ ဘယ်သူမှမသိဘူး ပြောချင်တာရဲရဲပြောတဲ့။ ခုလည်း ဒီအတိုင်းပဲ မင်းဘယ်သူ ဘယ်ဝါ ဆိုတာ သိဖို့ ခက်တယ်. သူများ မှတ်ပုံတင် မိတ္တူ နဲ့ လည်း ဆင်းကဒ် ဝယ်လို့ ရနေတော့ ဘာပြောပြော ဘယ်လိုချက်ချက် မင်းဘယ်သူဆိုတာ မသိဘူးဖြစ်နေကြတဲ့ခေတ်
ကျနော့ ကိုယ်တွေ့ မြင်ဖူးတယ် ။ ပထမ တစ်ယောက်က ဖုန်းထဲ ဘောနက်ငွေ ဝင်လာလို့  ညသန်းခေါင်ကျော်ကြီး ဂျာနယ် ကံစမ်းမဲ ပေါက်တဲ့ကြော်ငြာ ထဲက မိန်းကလေးအမည်နဲ့ ဖုန်းတွေကို တစ်လုံးချင်းလိုက်ခေါ်တယ်။ပြည်ပကနေ ဟိုဘက်က ဘာပြောကြလဲတော့ မသိဘူး။ ရယ်လိုက် ပေါက်ကရပြောလိုက် နောက်တစ်လုံး ခေါ်လိုက်နဲ့  ပက်ဆံကုန်တဲ့အထိပဲ။

နောက်တစ်ယောက်ကတော့ ဖေ့ဘုတ်ပေါ် တွေ့ သမျှ ပိုစ့်တွေမှာ လိုက်ဆဲနေတာ မှတ်ရောတဲ့ ဒီနေ့ ညစ်နေတာတွေ အကုန်လိုက်ဆဲပစ်တယ် သိသိ မသိသိတဲ့ ကောင်းရော.. အဲ့လို လူတွေထက် ဆိုးတဲ့သူတွေ အများကြီးရှိသေးလို့  ခုပိုစ့်လေးကိုတင်လိုက်တာ မကြာခင်ပိုဆိုးလာမယ်. နောက်မကောင်းတဲ့ ဆိုဒ်တွေမှာ မိန်းကလေးတွေ ဖုန်းနံပါတ်တွေတင်ပြီး မကောင်းတာ လုပ်စားတဲ့သူပါ ဘယ်ဈေး ဘယ်နေရာ ဆိုပြီး လုပ်ကြံချင်တဲ့သူနဲ့ တွေ့ ရင် သွားပြီး မဟုတ်တာနောက်ထား ဖုန်းတွေတော့ ဆက်လာကြမှာ ကျိန်သေတယ်။ အဲ့တွက် ကိုယ့်ဖုန်းနံပါတ် အပြင်ကို မပေါက်ကြားရရအောင် group တွေ အထူးရောင်ကြစေလိုတယ် အမ နှမ များသို့ 

From: Myo Thein

www.mmdailystar.com

ပြည့်တန်ဆာ ဝန်ဆောင်မှုပါဝင်သော စားသောက်ဆိုင်များဖွင့်သည့် လင်မယား တရားစွဲခံထားရ



စင်ကာပူလူမျိုး အရက်ဆိုင်ပိုင်ရှင် တစ်ဦးနှင့် ၎င်း၏ ဖိလစ်ပိုင်အမျိုးသမီးတို့ စုံတွဲသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လေးနှစ်အတွင်း ပြည့်တန်ဆာ ဝန်ဆောင်မှုပါသော အရက်ဆိုင် ကိုးဆိုင်မှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၀၅,၃၀၀ (စင်ကာပူဒေါ်လာ ၁ ဒဿမ ၀၈ သန်း) ထိ ရရှိခဲ့သည်ဟု သည်စထရိတ်တိုင်းမ် သတင်းဌာနက ဖော်ပြသည်။



စင်ကာပူမြို့တော် Orchard လမ်း။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

အဆိုပါ ဆိုင်များသို့ လာရောက်သူများသည် ဆိုင်အတွင်းဝန်ဆောင်မှုများထဲမှ ပါးစပ်ဖြင့် လိင်ဆက်ဆံသည့် ၀န်ဆောင်မှုတစ်ခုကို ရရှိနိုင်ပြီး ယင်းတွင် တစ်ဦးလျင် စင်ကာပူ ၂၂ ဒေါ်လာ မှ ၅၅ ဒေါ်လာအထိ အကုန်အကျခံကာ မိန်းကလေးများကို ခေါ်ယူနိုင်ကြောင်း သိရသည်။ ထို့ပြင် ဖောက်သည်များသည် ဘားကောင်တာတွင်
အနိမ့်ဆုံး စင်ကာပူ ဒေါ်လာ ၂၀၀ ပေး၍ မိန်းကလေးများကိုလည်း လိင်ဆက်ဆံရန် ခေါ်နိုင်သည်ဟု The New Paper သတင်းတွင် ဖော်ပြသည်။

အသက် ၄၀ အရွယ်ရှိ အန်းနှင့် ဇနီးဖြစ်သူ အသက် ၃၁ နှစ်ရှိ ယလာဒီ အန် အေဆွန်စီယွန်တို့သည် လုပ်ဖော်ကိုင်ဖက် ၁၇ ဦးတို့နှင့်အတူ ၎င်းတို့၏ ဆိုင်များတွင် ပြည့်တန်ဆာဝန်ဆောင်မှုပေးရန် ဖိလစ်ပိုင်မှ မိန်းကလေးများကို ခေါ်ယူထားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ အေဆွန်စီယွန်က ဖိလစ်ပိုင်သို့ ပြန်သည့်အခါတိုင်း ခင်ပွန်း၏ လုပ်ငန်းတွင် အသုံးချရန် ဖိလစ်ပိုင် မိန်းမပျိုလေးများကို စည်းရုံးခေါ်ယူ ခဲ့သည်။

ယင်းအမျိုးသမီးလေးများကို အေဆွန်စီယွန်က ငွေများ ထုတ်ချေးခဲ့ပြီး ယင်းအကြွေးများကို ပြန်လည်၍ ဆပ်ရန်အတွက် အမျိုးသမီးလေးများက ခန္ဓာကိုယ်ကို အရင်းအနှီးပြုကာ ပြန်ဆပ်ခဲ့ရသည်။

အန်းက ၎င်း၏ဆိုင်များတွင် စုစုပေါင်း အမျိုးသမီး ၅၅ ဦးထိ ခန့်အပ်ထားပြီး ၎င်း၏ အမြတ်ရရှိမှုပမာဏမှာ အလုပ်ကောင်းသည့် လများတွင် တစ်လလျင် စင်ကာပူဒေါ်လာ ၆၀,၀၀၀ ထိရရှိသည်ဟု ပြောကြားခဲ့သည်။

အန်းသည် ၎င်း၏ပထမဆုံးသော ဆိုင်ကို ၂၀၀၉ ခုနှစ် ဇွန်လက Orchard ပလာဇာတွင် ဖွင့်လှစ်ခဲ့ပြီးနောက် ၎င်း၏နာမည်ဖြင့် အခြား ဆိုင်ရှစ်ဆိုင်ကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ယခုအခါ အန်းသည် စွဲချက်စုစုပေါင်း ၂၃၂ ခုနှင့်ရင်ဆိုင်နေရပြီး ဇနီးဖြစ်သူမှာလည်း ခင်ပွန်းဖြစ်သူ၏ လုပ်ငန်းအတွက် အမျိုးသမီးလေးများကို ခေါ်ဆောင်ပေးခဲ့ခြင်း အပါအဝင် အမှုခြောက်ခုဖြင့် စစ်ဆေးခံရမည်ဖြစ်သည် အဆိုပါ လင်မယားအား အောက်တိုဘာ ၁၃ ရက်တွင် စီရင်ချက်ချဖွယ်ရှိကြောင်း သိရသည်။

From: မဇ္ဈိမ

www.mmdailystar.com

အမိုးမရှိသောကောင်းကင်၏ လိမ်ညာမှုများ

 ဒါရိုက်တာ မင်ထင်ကိုကိုကြီး နှင့် ဒါရိုက်တာ သရုပ်ဆောင် မကြယ်ရီလင်ဆက်တို့ ပုံဖေါ်ခဲ့သော“ The open sky “ ရုပ်ရှင်ဇတ်ကား ပြသချိန်ဟာ ၆ မိနစ်ခန့်ကြာမြင့်ပြီး အစ္စလာမ်ဘာသာဝင်များကို ဦးစားပေးရိုက်ကူးထားသော ဇာတ်လမ်းအဖြစ် ဖန်တီးထားထာဖြစ်ပါတယ် ။

ဇတ်လမ်း အနေဖြင့် ဒါရိုက်တာနှင့်သရုပ်ဆောင်ဖြစ်သူ မကြယ်ရီလင်းဆက်သည် အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး ရန်ကုန်မြို့တွင်နေထိုင်သူအဖြစ် သရုပ်ဆောင်ထားတယ် ။ သူမရဲ့ အဘွားဖြစ်သူ စေခိုင်းလို့ မိတ္ထီလာမြို့တွင်နေထိုင်တဲ့ အဒေါ်ဖြစ်သူ ဒီးဒီးထံသို့သွားရာက်ခဲ့ရာတွင် ၇န်ကုန်မြို့မှ မိတ္ထီလာမြိုသို့သွားရောက်ရာ လမ်းခရီးတစ်လျှောက်ဖြတ်သန်းခဲ့ပုံတွေကို ရိုက်ကူးဖော်ပြထားပြီး မိတ္ထီလာမြို့ကားဂိတ်သို့ရောက်ရှိချိန်မှာ ပဋိပက္ခကြောင့် ဗုဒ္ဓဘာသာဝင်တွေ မီးရှို့ဖျက်စီးလို့ မီးလောင်ပြင်ဖြစ်နေကြောင်း တင်ပြထားပြီး ၊ ကားဂိတ်မှတစ်ဆင့်အဒေါ်ဖြစ်သူ နေအိမ်သို့သွားရာလမ်းတစ်လျှောက်တွင်လည်း အပျက်အစီးများစွာဖြစ်ပေါ်နေပုံကို ဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ။
ဒီလို ပဋိပက္ခတွေကြောင့် အဒေါ်ဖြစ်သူ၏ နေအိမ်ပါမီးရှို့ခံရပြီး အဒေါ်ဖြစ်သူအား ကျောင်းနေဘက်ဗုဒ္ဓဘာသာဝင်ဖြစ်သူ တစ်ဦးမှ ၄င်း၏အိမ်တွင်ခေါ်ယူစောင့်ရှာက်ထားခဲ့ရပုံကို ဇတ်လမ်းဇတ်ရုပ်ပုံဖော်ရိုက်ကူးထားပါတယ် ။ ကျန်အစ္စလာမ်ဘာသာဝင်တွေကတော့ နီးစပ်ရာဘုန်းကြီးကျောင်တစ်ကျောင်းမှာ ၀င်ရောက်ခိုလှုံနေခြင်းများကို သနားစဖွယ်ဖြစ်အောင် ပုံဖော်ရိုက်ထားပြီး ၊ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေစဉ် မြို့ခံဗုဒ္ဓဘာသာဝင်များမှ ထိုဘုန်းးကြီးကျောင်းရှေ့ရောက်လာပြီး ခိုလှုံနေသူအစ္စလာမ်ဘာသာဝင်များအား ထုတ်ပေးရန် အကြမ်းဖက်တောင်းဆိုနေဟန်ရိုက်ကူးထားပြီး ၊ ဗုဒ္ဓဘာသာဝင်တွေ တောင်းဆိုနေချိန်မှာ  သံဃာတစ်ပါးမှ ထုတ်မပေးနိုင်ကြောင်းနှင့်
“ ကိုယ်တော့်ကိုသာ သတ်သွားကြပါတော့ကွာ “ ဟုပြောမှသာဗုဒ္ဓဘာသာဝင်များသည် ကျောင်းရှေမှ
 ပြန်လည်ထွက်ခွါသွားပုံကို ဇတ်လမ်းဇတ်ကွက်ဖြင့် ရိုက်ကူးခဲ့ပြီး ထုတ်လွှင့်ပြသရန် စီစဉ်ခဲ့ကြပါသည် ။

ဇတ်လမ်းတစ်ခုလုံးတွင် ဗုဒ္ဓဘာသာဝင်များမှ အစ္စလာမ်ဘာသာဝင်များ၏ ဗလီများ ၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများနှင့် အသက်ကို ရန်ရှာနေသည့် အမှုအရာများကို တမင် ဥိးစားပေးရိုက်ကူးထားခြင်းဖြစ်ပါသည် ။ မြန်မာနိုင်နေထိုင်သော အစ္စလာမ်ဘာသာကိုးကွယ်သည့် လူနည်းစုအား ဗုဒ္ဓဘာသာဝင်များမှ အနိုင်ကျင့်သည့် သဘောမျိုးဖြစ်အောင် ဇတ်လမ်း ဇတ်ကွက်ကို ဖန်တီး ပုံဖေါ် ရိုက်ကူးထားသည် ။

ဇတ်လမ်း၏ အသွားအလာအရ မိတ္ထီလာမြို့သည် မင်းမဲ့ စရိုက်ဆန်စွာဖြင့် အမိုးမရှိသောကောင်းကင်ကဲ့သို့ အဓိပ္ပါယ်ပေါ်လွင်အောင် ရိုက်ကူးထားသည် ။
ထိုဇတ်လမ်းသည် ဗုဒ္ဓဘာသာဝင်များမှ အင်အားဖြင့် အနိုင်ကျင့်ဖျက်စီပြီး အစ္စလာမ်ဘာသာဝင်များအား သနားလာအောင် ဖန်တီးပုံဖော်ထားခြင်းဖြစ်သည် ။ လူမျိုးရေး ၊ ဘာသာရေး
ပဋိက္ခများထပ်မံဖြစ်ပွါးလာစေရန်နှင့် ဗုဒ္ဒဘာသာဝင်များအပေါ် နာကြည်းလာစေရန် သွေးထိုးလှု့ဆော်ရိုက်
ကူးခဲ့သော ဇတ်ကားတစ်ကားဖြစ်ပြီး ၊ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို ပြင်ပနိုင်ငံများမှ ၀င်ရောက်စွပ်ဖက်လာစေရန် ၊ အစ္စလာမ်ဘာသာဝင်နိုင်ငံများ နှင့် အခြားသော နိုင်ငံများအား မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များကို အထင်အမြင်လွဲမှားစေရန် ၊ ထိုဇတ်လမ်းအပေါ် အခြေခံ၍ ၄င်းတို့ကျူးလွန်ခဲ့သည့် အပြစ်များကို ဖုံးကွယ်စေရန် အတွက် ရည်ရွယ်ရိုက်ကူးထားသော ဇတ်ကားတစ်ကားမျှသာဖြစ်ပါသည် ။ ပြင်ပသို့ပျံ့နှံသွားပါက ဘာသာရေးအဓိကရုဏ်းများ ထပ်မံဖြစ်ပေါ်လာနိုင်ပြီး ၊ တိုင်းပြည် အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေနိုင်သော ဇတ်လမ်း တစ်ပုဒ်သာဖြစ်ကြောင်း အသိပေးတင်ပြလိုက်ပါတယ် ခင်ဗျာ ။

From: Linn Sek

www.mmdailystar.com

အကြမ်းဖက်အဖွဲ့ဝင်ဟု သံသယရှိသူ ၂၀ ဦး မြန်မာနိုင်ငံသားများဖြစ်




တောင်ကြီးမြို့တွင် ဖမ်းမိထားသော နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ များနှင့် ဆက်နွယ်သည်ဟု သံသယရှိသူ ၂၀ ဦးစလုံးမှာ မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူများဖြစ်သည်ဟု စွပ်စွဲခံရသူများဖက်မှ လိုက် ပါဆောင်ရွက် ပေး နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောဆိုရန်ကိုမူ ယင်းသို့ ဖမ်းဆီးရမိထားကြောင်း အတည်ပြုချက်ပေးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံ ဖြတ်ကျော် မှုခင်းဌာနမှူး ရဲမှူးချုပ် စိုးမြိုင်နှင့် တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုးတို့က ငြင်းဆိုသည်။

“တရားစီရင်မှု မပြီးသေးခင်မှာ လွတ်လပ်စွာတရား စီရင်ရေးကို ထိခိုက်နိုင်တဲ့ အမှုစစ်ဆေးနေတဲ့ အကြောင်းအချက်တွေကို ထုတ်ဖော်ပြောခွင့်မရှိဘူး”ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။ အောက်တိုဘာ ၉ ရက်တွင် ယင်းသတင်းကို အတည်ပြုပေးခဲ့သော ရဲမှူးချုပ်စိုးမြိုင်ကလည်း ၎င်းတို့ မည်သည့်အဖွဲ့ အစည်းဝင်ဆိုသည်နှင့် ဖြစ်စဉ်များကို စစ်ဆေးနေဆဲဖြစ်၍ မထုတ်ပြန်နိုင် သေးဟု ပြောထားသည်။

၎င်းတို့ကို အရေးပေါ် စီမံမှုအက်ဥပဒေဆိုင်ရာ ပုဒ်မ ၅ ည၊ ပေါက်ကွဲစေတတ်သော လက်နက်နှင့် အခြားသူများကို သိမ်းသွင်းစည်းရုံးခြင်း ဆိုင်ရာ ပုဒ်မ ၅ ဌ တို့ဖြင့် တရားစွဲဆိုထားသည်ဟု ဒေါ်ခင်မိုးမိုး ကပြောသည်။

ဖမ်းဆီးရမိချိန်ကို ရဲမှူးချုပ်က အောက်တိုဘာ အစောပိုင်းဟု ပြောသော်လည်း ဒေါ်ခင်မိုးမိုးကမူ သြဂုတ် ၅ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် ထိန်းသိမ်းလိုက်ခြင်းဟု ဆိုသည်။

ဖမ်းဆီးခံထားရသူများသည် တောင်ကြီးမြို့နေ ၁၃ ဦး၊ ကျောက်ဆည်မြို့ လက်ပံကျေးရွာနေ ၆ ဦး၊ နေပြည်တော်မှ ၁ ဦးတို့ဖြစ်ပြီး တောင်ကြီးမြို့မ ရဲစခန်းက အမှုဖွင့်ထားကာ မြို့နယ်တရားရုံးတွင် စစ်ဆေးမှု ခုနှစ်ကြိမ် ပြုလုပ်ပြီးပြီဟု ဒေါ်ခင်မိုးမိုးကပြောသည်။

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)က ကမ္ဘာတစ်ဝှမ်းတွင် အိုင်အက်စ် အဖွဲ့နှင့် ဆက်နွယ်မှုရှိသူ ၇၈၁ ဦးရှိပြီး ယင်းမှ ၇၀ ကျော်သည် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည်ဟု ခန့်မှန်းထားကြောင်း ရဲမှူးချုပ် စိုးမြိုင်က မဇ္စျိမကို ပြောထားသည်။

ယင်းမတိုင်မီ ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ဖြတ်ကျော်ဝင်ရောက်ခဲ့ သူများကိုလည်း ဖမ်းဆီးရမိခဲ့ပြီး စိစစ်မှုအရ အာအက်စ်အို အဖွဲ့ဝင်များဖြစ်သည်ဟု ရဲမှူးချုပ်က အတည်ပြုသည်။

နိုင်ငံတကာ သတင်းအချက်အလက်ဖလှယ်မှုများကို အခြေခံ၍ ပြည်တွင်းနှင့် နယ်စပ်ရှိ နိုင်ငံတကာ ဝင်ထွက်ပေါက်များ လုံခြုံရေးကို ယခင်ထက် ပိုမိုတိုးမြှင့်တားသည်ဟု ၎င်းက ပြောသည်။

အယ်လ်ခိုင်ဒါကလည်း အိန္ဒိယနိုင်ငံတွင် ဂိုဏ်းခွဲဖွင့်ကာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဆောင်ရွက်သွားမည်ဟု စက်တင်ဘာ ၃ ရက်က ကြေညာထားသည်။


From: မဇ္ဈိမ

www.mmdailystar.com

သမ္မတဖြစ်သူကို အချမ်းသာဆုံး (၁၀) ဦးစာရင်းတွင် ထည့်သွင်း ဖော်ပြခံရ မှုကြောင့် တရားစွဲမည် ဟုဆို



နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က ၎င်းကို အာဖရိက၏ အချမ်းသာဆုံး လူပုဂ်္ဂိုလ် (၁၀) စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည့် ၀က်ဘ်ဆိုက် တစ်ခုအား တရားစွဲဆို သွားမည် ဖြစ်ကြောင်း သတိပေး ပြောကြား လိုက်သည်။

အဆိုပါ ၀က်ဘ်ဆိုက် richestlifestyle. Com မှာ မစ္စတာ ဂျိုနသန်အား ပိုင်ဆိုင်မှု ဒေါ်လာသန်း (၁၀၀) ရှိပြီး စာရင်းတွင် နံပါတ် ခြောက် အဆင့် ရှိသည်ဟု သတ်မှတ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မတက ထိုစာရင်းမှာ မည်သည့် တိကျသည့် အချက်အလက် ကိုမှ အခြေခံ ဖော်ပြ ခြင်း မရှိသောကြောင့် ပယ်ဖျက်ပေးရန်နှင့် စာရင်းတွင် ၎င်းကို ထည့်သွင်းခြင်းမှာ ခြစားသည့် နိုင်ငံရေးသမား တစ်ဦး အဖြစ် ပုံဖော်ရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ဂျီးရီးယား သမ္မတရုံးမှ ထိုသို့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ၀က်ဘ်ဆိုက်သည် မစ္စတာ ဂျိုနသန်အား စာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။ စာရင်းတွင် ဂျိုနသန်မှာ ဆွာဇီလန်ဘုရင် အမ်စ၀ါတီနှင့် အတူ အဆင့်ခြောက် နေရာ၌ ပိုင်ဆိုင်မှု ဒေါ်လာသန်း (၁၀၀) ဖြင့် အတူတူ ရပ်တည်ခဲ့သည်။

နိုင်ဂျီးရီးယား သမ္မတသည် ယခင်ကလည်း ၎င်း ၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန် ကြေညာခြင်း မရှိခဲ့၍ ပြင်းထန်စွာ ဝေဖန်မှုများခံခဲ့ ရသည်။ သမ္မတရုံးက မစ္စတာ ဂျိုနသန်သည် ၁၉၉၉ တွင် ရာထူး စတင်ယူချိန်မှ စ၍ မည်သည့် ပုဂ်္ဂိုလ်ရေး ၀င်ငွေမှ မရှိကြောင်း ဆိုခဲ့သည်။

Source: BBC
From: The Messenger

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...