Monday, 13 October 2014

ထိုင်းပညာရှင်တဦးရဲ့ လိပ်ကျွန်းလူသတ်မှု သုံးသပ်ချက်

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ASTV မှာ ထိုင်းပညာရှင် မစ္စတာ ချပ်ချဝန် ချပ်စူထီချိုင်း( Mr. Chachawan Chartsuthichai) ရဲ့ သုံးသပ် ဆွေးနွေးချက် ဖြစ်ပါတယ်။ 
ပြီးခဲ့တဲ့ ၂ ရက်က ထိုင်းဝန်ကြီးချုပ် မြန်မာပြည် သွားရောက်ခဲ့ပါတယ် ။ မြန်မာသမ္မတ ဦးသိန်းစိန်က လိပ်ကျွန်းက စွပ်စွဲခံ မြန်မာများနဲ့  ပါတ်သက်ပြီး မေးမြန်းခဲ့တယ်လို့  သိရပေမဲ့  ထိုင်းမီဒီယာများက အသေးစိတ် ကို စုံစမ်းလို့ မရသေးပါဖူး ။ 
 နိုင်ငံတကာက လူသတ်မှုကို စိတ်ဝင်စားနေတဲ့ အချိန်မှာ သွားရောက်ခဲ့တာ ဖြစ်ပါတယ် ။ AFP သတင်း များ အရ သမ္မတ သိန်းစိန် အနေနဲ့  ထိုင်းဝန်ကြီးချုပ် ကို အမှု နဲ့  ပါတ်သက်ပြီး သန့် ရှင်းပြီး အခွင့်အရေး များနဲ့  အညီ ဆောင်ရွတ်ဖို့ ပန်ကြားခဲ့ပြီး အြ ပစ်ရှိရင်လဲ ထိုင်းနိုင်ငံဥပဒေ များအရ အရေးယူဖို့  ပြောခဲ့ ပါတယ် ။ 
ထိုင်းဝန်ကြီးချုပ် က ဒီအမှုကို အထူးပြစ်မှု အနေနဲ့  ခံယူထားပြီး လုပ်ကိုင်နေပါတယ်လို့ ပြောသွားပါတယ် ။ ဒီသတင်းကို ထိုင်းနိုင်ငံက ကြိုတင် သတင်းရခဲ့ပြီး မျက်နှာဖုံး သတင်း အနေနဲ့  ရေးသားခဲ့ကြပါတယ ။ 
မနေ့   အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ် ထိုင်းလေယာဉ်ကွင်း ရောက်တဲ့ အခါ ထိုင်း ဝန်ကြီးချုပ်က လူသတ်မှုနဲ့ ပါတ်သက်ပြီး ပြင်ပက အကူအညီပေးတဲ့ အနေနဲ့  စုံစမ်းနေတာတွေကို ရပ်ဆိုင်း ကြပြီး ထိုင်း ရဲ တပ်ဖွဲ့  ရဲ့ လုပ်ငန်းတွေကို စောင့်ဆိုင်းကြဖို့ ပြောလိုက်ပါတယ် ။ 
ထိုင်းမီဒီယာတွေက လူသတ်မှုဝန်ခံ တဲ့ သူတွေက နှိပ်စက် ရိုက်နှက် လို့ ဝန်ခံကြတာ ဖြစ်တယ် လို့  ပြော ကြတဲ့ အခါ ထိုင်းဝန်ကြီးချုပ်က ထိုင်းဥပဒေနဲ့ အညီ ဆောင်ရွတ်နေတာ ဖြစ်ပြီး အင်တာနက်က ရလာတဲ့ သတင်းတွေကို ယူလာပြီး ဘာကြောင့် ယူလာပြီးမေးနေကြတာလဲ ။ 
ထိုင်းနိုင်ငံ အတွင်းမှာ ငြင်းခုံရန်ဖြစ်နေတာ အားမရလို့  ပြင်ပ နိုင်ငံတွေပါ နဲ့ ငြင်းခုံ ရန်ဖြစ် နေရ ရင် ထိုင်းနိုင်ငံ ကို ဘယ်လို ရပ်တည်ကြမလဲ ။ 
ထိုင်းအစိုးရ အနေနဲ့  ထိုင်းနိုင်ငံကို အစအစအရာရာ ပြန်လည်ပြုပြင်နေတဲ့ ချိန်မှာ ထိုင်းနိုင်ငံ မကောင်းဖူး လို့ ထိုင်းတွေက ပြောနေကြတယ် ။ 
 ယနေ့  ထိုင်းနိုင်ငံက တနိုင်ငံတည်း ရပ်တည် လို့ မရတဲ့ အခြေအနေမှာ တော်ကြပါတော့ ။ အကျိုးဆက် က ထိုင်းနိုင်ငံကို လာတဲ့ ခရီးသွား လုပ်ငန်းတွေ နဲ့  ထိုင်းထုတ်ကုန်တွေ အတွက် ပြသနာတွေ ဖြစ် လာနိုင် ပါ တယ် ။ 
အစိုးရ အဆက်ဆက်က ဖြစ်လာတဲ့ ပြဿနာတွေကို အခုအစိုးရ လက်ထက်မှာ မှန်ကန်စွာ ဖြေရှင်းကြရင်း ထိုင်းနိုင်ငံမှာ လွတ်တော် အသစ်လည်း တည်ဆောက်ပြီးခဲ့ပါပြီ ။
 မေးခွန်း == ဒီလို ထိုင်းဝန်ကြီးချုပ်က တောင်းဆို လိုက်တဲ့ အတွက် ထိုင်းပုလိပ်တွေ လူသတ်မှုကို အစားထိုးတဲ့ သံသယ ကို ဘယ်လို ဆက်ပြီး လေ့လာကြမလဲ ။ 
 ဖြေ ==== ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံ အကျိုးအတွက် ပြောသွားကြတာပါ ။ လူသတ်မှု နဲ့ ဖြစ်ပေါ် လာတဲ့ အကျိုးဆက်က ထိုင်းနိုင်ငံရဲ့  အနာဂါတ် မကောင်းဖို့  ဖြစ်လာနေတယ် ။ 
 ဒီအပေါ်မှာ ပြစ်မှု ဆိုင်ရာ မီဒီယာ တွေကို ဝန်ကြီးချုပ် အနေနဲ့  အပြစ်ပြောလို့ မရပါဖူး ။ ပြဿနာ အစ ကို ပြန်ကြည့်ရင် ထိုင်းပုလိပ် တပ်ဖွဲ့ ရဲ့  အမှားတွေကြောင့် စခဲ့တဲ့ ပြသနာပါ ။. ထိုင်းပုလိပ် တပ်ဖွဲ့ က ထိုင်းနိုင်ငံသားတွေ အချင်းချင်း တောင်မှ မှားတဲ့သူက မှန်နေပြီး မှန်တဲ့သူတွေ မှားအောင်လုပ်ခဲ့ကြတယ် ။ 
ဝန်ကြီးချုပ် ကျောထောက် နောက်ခံထားတဲ့ ထိုင်း တပ်မတော်က ထိုင်းနိုင်ငံ ငြိမ်ဝပ် ငြိမ်းချမ်းရေး လုပ်တာ ကို လူတွေက လူသတ်သမားတွေလို့  စွပ်စွဲခဲ့ကြတာဘဲ ။ မြင်လား ။ ထိုင်းအုပ်ချုပ်ရေး စနစ်ထဲက ထိုင်း ဝန်ထမ်းတွေမှာ အကျင့်ဆိုးကြီး အမြစ်တွယ်နေပြီ။ အထူးသဖြင့် ပုလိပ်လိုက်တပ်ဖွဲ့  တွေနဲ့  တရားရုံး ဆွဲ ချ တွေပေါ့ ။ ဒီလူတွေကို ဘယ်လိုမှ ယုံကြည်လို့ မရတော့ဖူး ။ 
ထိုင်းလူမျိုး အချင်းချင်းတောင် ယုံကြည်ရတဲ့ အခြေအနေ မရှိတော့ဖူးဆိုရင် ထိုင်းနိုင်ငံထက် အများကြီး တိုးတက်နေတဲ့ လူဖြူတိုင်းပြည်က လူတွေ သူတို့  လူထုအတွက် ဘယ်လို ယုံတော့မလဲ ။ 
ထိုင်းလူမျိုးတွေ လုပ်ကိုင်နေတာ မှန်ကန်မှုရှိရဲ့ လား ။ ဒါကို မပြောကြနဲ့  မရေးကြနဲ့  လို့  ဒီအတွက် ထိုင်းဝန်းကြီးချုပ် ပြောတာကို နားလည်ပါတယ် ။ လူကြီးက ဥာဏ်အမျှော်အမြင်နဲ့  ပြောလိုက်တာပါ . 
ကမ္ဘာကြီးက အဲဒီလို အခြေအနေ မဟုတ်တော့ပါဖူး ။ ကမ္ဘာကြီးက စူစမ်းတဲ့ လူသားအဖွဲ့ အစည်းတွေနဲ့  ပါ အမေရိကန် ပုလိပ် က လူမည်းတယောက်ကို သေနပ်နဲ့  ပစ်တာ တကမ္ဘာလုံးက စိတ်ဝင်စားပြီး မေမြန်း ကြ စုံစမ်းနဲ့  သူတို့ လူဖြူတွေတောင် ဖြစ်နေသေးတာဘဲ ။ 
သတင်းဆိုတာ အဖြစ်မှန် နဲ့  အမှန်တရား ပေါ်က အခြေခံတာ သေချာပါတယ် ။ ပုလိပ်တွေကလည်း လုပ်ထုံး လုပ်နည်း တွေနဲ့  အဖြစ်မှန်ကို စုံစမ်းစစ်ဆေးရမှာ ဖြစ်တယ် ။ မီဒီယာတွေကို အပြစ်ပြောလို့ မရဖူး ။ 
ပုလိပ်က လူမှားပြီး ဖမ်းတယ် လို့ ယူဆ ထားတာကို ထိုင်းဝန်ချုပ်က မပြောကြနဲ့  တားလို့ မရပါဖူး ။ မြန်မာ သမ္မတ သိန်းစိန် တောင်းဆိုတာက ထိုင်းဝန်ကြီးချုပ်ကို သေချာအောင် ပြန်စစ်ခိုင်းတာ ။ 
 အင်္ဂလန်ကို ထွက်ပြေး လွတ်မြောက် သွားတဲ့ ရှောင် ဆိုသူက ဒဏ်ရာတွေ ရခဲ့တယ် ။ ဇွဲကြိုးချပြီး သတ် ဖို့ ကြိုးစားကြတယ် ။ ဆို ပြောတာ ထိုင်းနိုင်ငံမှာ မပြောဖူး ။ သူ့ အသက်အန္တ့ရာယ် ကင်းတဲ့ သူ့ တိုင်းပြည်
ရောက်မှ ပြောတာ ။ 
 (ထိုင်းဝန်ကြီးချုပ် နေပြည်တော် ရှိနေတဲ့အချိန်) မနေ့ ကမှာ ရှောင်က ရေးလိုက်တာ ။ လူသတ်သမားကို သူမသိပါဖူး ။ သူသေသွားခဲ့ရင် အင်တပ်( Inn Touch ကလူတွေလို့ ပြောခဲ့တာပါ ။ ဦးနှောက် တဝက်
လောက်နဲ့  လူတွေ တောင် မြန်မာတွေ သတ်တယ် လို့ မစဉ်းစားပါဖူး ။ ရှောင်က ဆက်ရေးထားတာက သူ့ အနေနဲ့  ဘာမှ မတတ်နိုင်ပါဖူး ။ 
ဒီပြဿနာတွေဟာ လူသတ်သမားတွေ လိမ်ညာပြီး စတင်ဖန်တီးကြတဲ့ ပြဿနာဖြစ်ပါတယ် ။ ရှောင် ကို လူသတ်သမားတွေက လူသတ်တရားခံ အဖြစ် အစားထိုး စွပ်စွဲဖို့  ကြိုးစား ခဲ့သေးရင် ပြေးတဲ့ မြန်မာလည်း အစားထိုး ခံရမှာပေါ့ ။ 
ရှောင် ကံကောင်းသွားတာက ကူညီသူ သတင်းထောက် ခေါ်ပြီး ရဲစခန်းကို ရောက်အောင် သွားပြီး တိုင် ကြားနိုင်ခဲ့တာပါ ။ 
ဒေးဗစ် သူငယ်ချင်း ကို စစ်တော့လည်းသွေးစွန်းနေတဲ့ ဘောင်းဘီ တွေတယ် ။ ဒီဘောင်းဘီဘယ်က ရတာ လဲ ။ 
( မီဒီယာပြောချင်တာ နားမလည် ဖူး) တကယ်တန်း ထုံးတမ်းစဉ်လာ လုပ်ရမှာက ရုပ်ရှင်ထဲမှာ ကြည့်ဖူးနေ ကြတာဘဲ ။ အချင်းဖြစ်ပွားတဲ့ နေရာတွေကို ကြိုးတွေ တန်းပြီး တာဝန်ရှိသူမှ အပ ဘယ်သူမှ မဝင်ရဖူး ။
 ပြီးတော့မှ ကျွမ်းကျင်သူတွေ နဲ့  စနစ်တကျ သက်သေတွေနဲ့  မှတ်တမ်းတင်ရမှာလေ ။ 
အခုတော့ ပွေလီရှုပ်ထွေးမှုတွေ ဖြစ်နေကုန်ပြီ။ ဘယ်သူ လုပ်ခဲ့တာလဲ ။ ဝန်ကြီးချုပ် ယုံကြည်တဲ့ ထိုင်း ပုလိပ် ဘဲ။ 
အကယ်လို့ လူသတ်သမား အစစ်ကို ဖမ်းမိရင်တောင် လိုအပ်တဲ့ သက်သေ အထောက်အထားအတွက် အခက်အခဲ ရှိတယ် ။ 
မှုခင်းဆရာဝန်မကြီး ပြောခဲ့တာဘဲ ပုလိပ် ဆိုတာ ကျွမ်းကျင်သူ ပညာရှင် မဟုတ်ပါဖူး ။ လူသတ်သမား အစစ် ကို မဖမ်းနိုင်ခဲ့တဲ့ ပုလိပ်က အစားထိုး လို့ မရဖူးနော် ။ အဲဒါလည်း အပြစ် ဖြစ်တယ် ။ ထိုင်းပုလိပ်တွေ ဒါမျိုးလုပ်တဲ့ အမှုတွေ အများကြီး ဖြစ်ခဲ့တယ် ။ 
တခါက သခဲ အမှုမှာ သံသယ ရှိသူ ၅ ယောက်လောက်ဖမ်းပြီး စစ်ဆေးတာ တယောက်က အချုပ်ထဲမှာ 
သေသွားတယ် ။ လင်မယားတွေလည်း ကွဲကုန်တယ် ။ နောက်ပိုင်းတော်တော် ကြာမှ အမှုမှန် ပေါ်လာ
တော့ သံသယရှိသူတွေ အားလုံး သေကုန်ပြီ ။ 
ပုလိပ်က သက်သေခံမဲ့သူ အတုတွေကို ဘတ် ၅၀၀ ပေးပြိး သက်သေခံ ခိုင်းတယ် ။ ဘယ်သူမှ စုံစမ်းမယ့် သူ မရှိဖူး ။ တရားရုံးက တရားသူကြီးတွေ လည်း မသိလိုက်ဖူး ။ 
အခု ဒီလူသတ်မှုမှာ ထိုင်းနိုင်ငံသား ဖြစ်ခဲ့မယ် ဆိုရင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဖူး ။ တရားခံကို 
သေဒဏ် ပေးလိုက်ပြီ။ 
မီဒီယာတွေ အနေနဲ့  လူသတ်သမား ဘယ်သူလဲ ဆိုတာ သိဖို့  သူတို့  အလုပ်မဟုတ်ပါဖူး ။ ဝန်ကြီးချုပ် 
ပြောတာ မှန်ပါတယ် ။ အမှုစစ်ပုလိပ် အလုပ်ပါ ။ 
အကယ်လို့  မှားဖမ်းခဲ့တယ် ဆိုရင် ပြန်လွှတ် ။ နောက်လူသစ် ပြန်ဖမ်း လို့ မရဖူး ။ ဒီအခြေအနေ က ထောက်လှမ်းရေးက သတင်းစုံစမ်း တဲ့ အခြေအနေပါ ။ 
 ဒီကနေ့  မြန်မာပြည်က အရင်ကလို မြန်မာပြည်သားကို မျက်နှာလွဲ ခဲပစ် လုပ်လို့  မရတော့ဖူး ။ သမ္မတ ဦးသိန်းစိန် ပြဿနာ ရှာမှာ သေချာတယ် ။ မြန်မာပြည် ပြောင်းလဲ သွားပြီ ။ 
 ဒီအတွက် ထိုင်းဝန်ကြီးချုပ်က ထိုင်းမီဒီယာတွေကို ငြိမ်ငြိမ် နေပါလို့  ပြောလို့ မရတော့ဖူး ။ ဒီနေ့ ထိုင်ရပ် သတင်းစာ မျက်နှာဖုံးမှာကြည့် သန့် ရှင်းစွာ မြန်မာတွေကို စုံစမ်း စစ်ဆေးဖို့ တောင်းဆို လို့ ရေးထားပါ တယ် ။ 
ထိုင်ရပ် သတင်းစာ က စုံစမ်းတဲ့ အခြေအနေကိုရေးတာ ။ စစ်ဆေးတာမှ မဟုတ်တာ ။ ဒီလို မရေးရင် ထိုင်ရပ် သတင်းစာ က အမှန်တရား ကို စုံစမ်းတဲ့ သတင်း မဟုတ်တော့ဖူး ။ 
ဝန်ကြီးချုပ်ကလဲ သူ့ အလုပ်သူလုပ်တာဘဲ ။ ကိုယ့်အလုပ် ကိုယ် လုပ်ကြပေါ့ ။ 
ဒီမှာကြည့်လေ။ ရှောင်ရေး ထားတာ ။ ရှောင်က လူသတ်သမားကို သိတယ် ။ ဘာလို့ မပြောတာလဲ ။ ထိုင်းပုလိပ်ကလည်း ဘာလို့  ရှောင်ကို မမေးတာလဲ ။ တွေ့ လား ထိုင်းပုလိပ်က ရှောင်ကို အကူအညီ
တောင်းပြီး သံသယ ရှိသူတွေကို မေးမြန်ရမှာ လေ ။ ထိုင်းပုလိပ်တွေ မလုပ်ဖူး ။ 
နယ်မြေခံပုလိပ်တွေက ရော ကူညီချင်စိတ် ရှိရဲ့ လား ။ လောလောဆယ်တော့ နယ်မြေခံ ပုလိပ်တွေ လုပ်လိုက်တာ အမှုက ရှုပ်ထွေးပြီး သက်သေခံ အထောက်အထားတွေ ပျောက်ကုန်ပြီ ။ 
အစားထိုး ဖို့ ကတော့ အရမ်းကို အဆင်ပြေတာပေါ့ ။ အထူးသဖြင့် ထိုင်းစကား မတတ်တဲ့ မြန်မာကို အစား ထိုးဖို့  အဆင်ပြေတာပေါ့ ။ 
ထိုင်းဝန်ကြီးချုပ်ကို ပြောချင်ပါတယ် ။ မီဒီယာက စုံစမ်းတာ ကို မကန့် ကွက်ပါနဲ့  ။ ထိုင်းဝန်ကြီးချုပ် လုပ်ရ မယ့် အလုပ်က ပြဿနာ စဖြစ်တဲ့ ပုလိပ်တွေကို အမိန့် ပေးရမှာက ဘယ်မှာလဲ သက်သေ အထောက် အထားတွေ ။ 
ဘယ်မှာလဲ ကျွမ်းကျင် ပညာရှင်တွေ။ အခု ဖမ်းထားတဲ့ သံသယ ရှိသူတွေ သေချာတယ်ဆိုတာ အထောက် အထားတွေနဲ့  ရှင်းကြစမ်း ။ အခုတော့ ရရှိထားတဲ့ သက်သေ အထောက်အထားတွေကို ချပြလို့ မရပါဖူး ဆိုတော့ လူထုက ရီတာပေါ့ ။ 
နောက် သက်သေ မောင်မောင် က မြန်မာသံရုံးက အဖွဲ့ ကို သူ့ သူငယ်ချင်းတွေ သတ်တာ မမြင်ဖူး ။ သူ့  အနေနဲ့ မယုံရဖူး ပြောလိုက်တာဘဲ ။ 
ထိုင်းဝန်ကြီးချုပ် အနေနဲ့  နဖူးပေါ် လက်တင်ပြီး ပြန်စဉ်းစားသင့်တယ် ။ မီဒီယာက သတင်းမှားတွေ ထုတ်ပြီး လူထု ကို ချပြနေတယ် ဆိုရင် ပုလိပ်တွေဆီက အထောက်အထား တွေနဲ့  ရှင်းပြ သင့်တာပေါ့ ။ ကျွမ်းကျင်သူ ပညာရှင်တွေက သတင်းနားထောင်ရုံနဲ့  သိပြီးသားပါ ။ 
လူသေတွေ စတွေ့ ထဲက ဖြောင့်မတ်ခဲ့မယ်ဆိုရင် အားလုံးက တက်ညီလက်ညီ နဲ့  ထိုင်းနိုင်ငံ ဂုဏ်သိက္ခာ အတွက် ကူညီကြမှာပေါ့ ။ 

 သေသွားတဲ့ လူတွေက အင်္ဂလန်သားတွေ ။ သူတို့ မှာ စကော့တလန်စုံထောက်ဆိုတာ ရှိတယ် ။ 
ထိုင်းပုလိပ်က ဟို လူ့ ကို လွှဲချ ဒီလူ့ ကို အစားထိုး လို့ မရဖူး ။ အခု ဆိုရင် BBC world မှာ စပြီး ပြောနေပြီ ။ သူတို့ ကလူသတ်သမား အစစ် လိုချင်တာ ။ မြန်မာသမ္မတ သိန်းစိန်ကို သူ့ နိုင်ငံသားက တကယ် သတ် တယ် ဆိုရင် လုံလောက်တဲ့ အထောက်နဲ့  ရှင်းပြနိုင်ရမှာပေါ့ ။ 

ထိုင်း အခြေစိုက် ASTV တွင် သုံးသပ်သွားတဲ့ Mr. Chachawan Chartsuthichai နဲ့ အင်တာဗျူးကို နယ်သာလန် နိုင်ငံနေ ကိုဌေးတင့်မှ ထိုင်းဘာသာမှ မြန်မာဘာသာသို့ ပြန်လည် ဘာသာပြန်ထား
ခြင်း ဖြစ်ပြီး ၄င်း၏ အာမခံချက်၊ ခွင့်ပြုချက်ဖြင့် ဧရာဝတီက ပြန်လည် ဖော်ပြသည်။ 
 

From:ဧရာဝတီ

www.mmdailystar.com

B4 ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပြီးနောက် ဦးတေဇ၏ ကိုယ်ရေးလက်ထောက် ဦးရွှေရင်တော်ကြီးတို့ ကြုံတွေ့ခဲ့ရသည့် မှတ်တမ်း




စက်တင်ဘာလ(၂၇)ရက်နေ့ (မွန်းလွဲ ၂း၀၀ နာရီ ၀န်းကျင်)
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် တဟွန်ဒန်းရွာ ၌ ပျောက်ဆုံးတောင်တက်သမား(၂)ဦးကို ရှာဖွေနေသည့်အဖွဲ့များကို ကြီးကြပ်ကွပ်ကဲရင်း ရိက္ခာပို့လာမည့် ထိုင်းနိုင်ငံမှ B4 ရဟတ်ယာဉ်ကို မျှော်နေခဲ့သည်။ မွန်းလွဲ ၂ နာရီခန့်တွင် နောင်မွန်းမြို့ကို ရဟတ်ယာဉ် ဖြတ်သွားကြောင်း သိရပြီး မွန်းလွဲ ၂း၄၀ တွင် ရဟတ်ယာဉ်နှင့် မြေပြင်အဖွဲ့များ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
(မွန်းလွဲ ၂း၄၀ နာရီနောက်ပိုင်း)
B4 ရဟတ်ယာဉ်သည် မတော်တဆမှု ဖြစ်ခဲ့ပြီး ရွှေရင်တော်ကြီးသည် ကံကောင်းထောက်မစွာဖြင့် ပြင်ပ ဒဏ်ရာ အနည်းငယ်သာ ရသော်လည်း ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူးတို့မှာ ပြင်းထန်သည့် ဒဏ်ရာများ ရခဲ့ကြသည်။ ဦးအောင်မြတ်တိုး ဒဏ်ရာအခြေအနေမှာ ပိုမိုပြင်းထန်ပြီး လှုပ်ရှားရန်ပင် အခက်အခဲရှိနေသည်။ ယင်းတို့နှင့် အတူပါလာသော ဆက်သွယ်ရေးစက်အားအလုံးမှာလည်း ရဟတ်ယာဉ် မတော်တဆမှုနှင့် အတူ ပျက်စီးခဲ့သည်။ ထိုင်းရဟတ်ယာဉ်မှူး၊ မြန်မာရဟတ်ယာဉ်မှူးနှင့် ရွှေရင်တော်ကြီး တို့ (၃) ဦးသည် စက်တင်ဘာ (၂၇)ရက်၊ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မတော်တဆမှုဖြစ်ပွားခဲ့သည့် နေရာနှင့် မလှမ်းမကမ်းမှာပင် အချမ်းသက်သာစေရန် အ၀တ်များပတ်၍ ပလပ်စတစ်အစကို ခေါင်းပေါ်ခြုံပြီး တစ်ညလုံး မအိပ်ဘဲနေခဲ့ရသည်။
စက်တင်ဘာလ(၂၈)ရက်နေ့
ထိုင်းနှင့်မြန်မာ ရဟတ်ယာဉ်မှူး နှစ်ဦးတို့သည် ဒဏ်ရာအသီးသီးရရှိထားသော်လည်း အားတင်း၍ ရွှေရင်တော်ကြီးနှင့်အတူ တောင်အောက်သို့ ခြုံနွယ်များအကြား တိုးပြီး ခက်ခက်ခဲခဲ အတူဆင်းခဲ့ကြသည်။ ရွှေရင်တော်ကြီးသည် ရှေ့မှ ဦးဆောင် လမ်းရှာပြီး ရဟတ်ယာဉ်မှူးနှစ်ဦးကို ပြန်လာခေါ်၍ နံနက်(၁၀:၀၀) နာရီခန့်တွင် ချောင်းငယ်လေး တစ်ခုသို့ ရောက်ခဲ့ကြသည်။သူတို့သုံးဦးသည် ချောင်း၏ အဆုံး၌ ရွာရှိနိုင်သည်ဆိုသော မျှော်လင့်ချက်ဖြင့် ချောင်းရိုးအတိုင်း ဆက်လျှောက်ခဲ့ကြသည်။ ချောင်းငယ်လေး၏ဘေးရှိ ဌက်ပျောပင်များ ပေါက်ရောက်နေသော ချိုင့်အတွင်း သုံးဦးစလုံး ထိုနေ့ည အိပ်စက်ခဲ့သည်။ အိပ်စက်ရာတွင် အခင်းအဖြစ် အသုံးပြုနိုင်ရန် ရွှေရင်တော်ကြီးက ဌက်ပျောရွက်များကို သွားဖြင့် ကိုက်ဖြတ်ပြီး ရဟတ်ယာဉ်မှူး နှစ်ဦးအတွက် ခင်းပေးခဲ့သည်။
စက်တင်ဘာလ (၂၉)ရက်နေ့
ယင်းနေ့ မနက်ခင်းတွင် မြန်မာရဟတ်ယဉ်မှူး ဦးအောင်မြတ်တိုး၏ ဒဏ်ရာအခြေအနေမှာ ဆိုးရွားလာပြီး လမ်းလုံးဝမလျှောက်နိုင်သည့် အခြေအနေသို့ရောက်ခဲ့သည်။ ထို့ကြောင့် ရွှေရင်တော်ကြီးက အားတင်းပြီး သုံးယောက်အတူ ဆက်သွားကြရန် ဦးအောင်မြတ်တိုးအား အားပေးပြောဆိုခဲ့သည်။ သို့သော်လည်း ဦးအောင်မြတ်တိုးက လမ်းလုံးဝ မလျှောက်နိုင်တော့သဖြင့် ၎င်းအား ထားခဲ့ရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များထံ အကြောင်းကြားပြီး အမြန်ဆုံး ပြန်လာခေါ်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် ရွှေရင်တော်ကြီးသည် ကယ်ဆယ်ရေး အဖွဲ့များအား ဦးအောင်မြတ်တိုး စောင့်ဆိုင်းနေရန်အတွက် လုံခြုံသည့် နေရာ တစ်ခု ရှာဖွေခဲ့ရာ
ချောင်းငယ်ဘေးတွင် ကျောက်ဂူတစ်ခု တွေ့ရှိပြီး ဦးအောင်မြတ်တိုးအား ဂူအတွင်းသို့ ပြောင်းရွှေ့ထားပေးခဲ့သည်။ ထို့အပြင် လက်ဝယ်ရှိသမျှ ရိက္ခာအားလုံးကိုလည်း ဦးအောင်မြတ်တိုးအားပေး၍ ရွာရောက်သည်နှင့် ချက်ချင်းပြန်လာခေါ်မည်ဟု ရွှေရင်တော်ကြီးက ပြောခဲ့သည်။ ထိုနောက် ဦးအောင်မြတ်တိုးအား ပြန်လည်ခေါ်ဆောင်နိုင်ရန် အဆိုပါ ကျောက်ဂူအား အမှတ်အသားများပြုလုပ်ခဲ့သည်။
ထိုနောက် ထိုင်းရဟတ်ယာဉ်မှူးနှင့် ရွှေရင်တော်ကြီးတို့သည် နံနက် ၆:၃၀ တွင် လမ်းရှာရန် ချောင်းရိုးအတိုင်း ဆက်လက်ထွက်ခွာခဲ့သည်။ သို့သော် အချို့နေရာများတွင် ချောက်ကပါးများရှိနေသဖြင့် တောင်ပေါ်သို့ ခက်ခက်ခဲခဲ ပြန်တက်ကြရပြန်သည်။ထိုသို့ တက်ရောက်ရာတွင် ရွှေရင်တော်ကြီးက ရှေ့မှ လမ်းရှာတက်ပြီမှ ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လာခေါ်ဆောင်ရခြင်းဖြစ်သည်။ ယင်း ချောင်း နဘေး၌ ၄င်းတို့နှစ်ဦး ညအိပ်ခဲ့ရသည်။ ညအိပ်ရာတွင် အခင်းနှင့် မိုးရွာပါက ကာရန်အတွက် ဌက်ပျောရွက်များကို ရွှေရင်တော်ကြီးက သွားဖြင့် ကိုက်ပြီး ထိုင်းရဟတ်ယာဉ်မှူးအားပေးခဲ့သည်။ အိပ်သည်ဆိုသော်လည်း နှစ်ယောက်စလုံးသည် ထိုင်လျှက်အနေအထားဖြင့်သာ ကြက်အိပ်ကြက်နိုးအိပ်ကြရခြင်းဖြစ်သည်။ ထိုအချိန်တွင် ရိက္ခာအနေဖြင့် သူတို့နှစ်ဦးတွင် ၀ီစကီတစ်ပုလင်းနှင့် ရေဆူဆေးပြား တစ်ဘူးသာ ရှိသည်။
စက်တင်ဘာလ (၃၀)ရက်နေ့
ရွှေရင်တော်ကြီးနှင့် ထိုင်းရဟတ်ယာဉ်မှူးတို့သည် ချောင်းရိုးအတိုင်း ဆက်လက်သွားခဲ့ကြသည်။ ယင်းနေ့ တစ်နေ့လုံး ချောင်းရိုးအတိုင်း ကြိုးစားပြီး ခရီးဆက်ခဲ့ကြရသည်။ တစ်ချို့နေရာများတွင် ချောင်းရိုးအတိုင်း ဆက်လျှောက်ရန် လမ်းမရှိသောကြောင့် တောင်ပေါ်သို့ တက်ကြရပြန်သည်။ တောင်စောင်းအတိုင်း ခက်ခက်ခဲခဲသွားကြရပြီး လမ်းပြန်မြင်ရချိန်မှ ချောင်းဆီသို့ ပြန်ဆင်း ကြရခြင်းဖြစ်သည်။ထို့အပြင် ချောက်ကမ်းပါးများကိုလည်း သစ်ကိုင်းများထိုး၍ ခက်ခဲစွာ ဖြတ်ကြရပြန်သည်။ ညအိပ်ချိန်ရောက်သောအခါ ချောင်းအထိ ပြန်ဆင်းရန် အလှမ်းဝေးသဖြင့် တောင်စောင်း၌ ဌက်ပျောပင်များကို ခြေကန်၍ မှီအိပ်ခဲ့ကြရသည်။
အောက်တိုဘာလ (၁)ရက်နေ့
အောက်တိုဘာ (၁)ရက်နေ့တွင်လည်း လမ်းရှာရန် ရွှေရင်တော်ကြီးက ဦးဆောင်၍ ထိုင်းရဟတ်ယာဉ်မှူးကို ခေါ်ယူကာ တောင်စောင်းအတိုင်း ဆက်လက်ထွက်ခွာခဲ့သည်။ ယင်းနေ့ မွန်းတည့် (၁၂:၀၀) နာရီတွင် ၄င်းတို့နှစ်ဦးသည် တောင်ကုန်းတစ်ခုအပေါ်ရောက်ခဲ့ကြပြီး မိနစ်(၃၀)ခန့် နားကာ မီးဖိုပြီး အချက်ပြနိုင်ရန် ကြိုးပမ်းခဲ့သည်။ ထိုင်းရဟတ်ယာဉ်မှူးကလည်း အရေးပေါ်အချက်ပြရန် ကြိုးပမ်းသည့်အနေဖြင့် မီးဖိုရန်ပြောခဲ့သည်။ ထိုနောက် ဆက်လက်ထွက်ခွာခဲ့ရာ ချောင်းငယ်နဘေးနားသို့ ပြန်ရောက်ခဲ့ကြသည်။ ညပိုင်းအရောက်တွင် ချောင်းဘေး၌ အိပ်ခဲ့ကြသည်။ ယင်းညက မီးဖိုရန်ကြိုးစားသော်လည်း မည်သို့မျှမရဖြစ်ခဲ့သည်။ အချမ်းသက်သာစေရန် သစ်ကိုင်းခြောက်များနှင့် ဌက်ပျောဖက်များကိုအသုံးပြု၍ အိပ်ခဲ့ကြရသည်။
အောက်တိုဘာလ (၂)ရက်နေ့
ယင်းနေ့နံနက်ပိုင်းတွင် ထိုင်းရဟတ်ယာဉ်မှူးက ဒဏ်ရာနာကျင်သည်ဟု ပြောသဖြင့် ရွှေရင်တော်ကြီးက အနာကျတ်ဆေးဖြင့် လိမ်းပေးခဲ့သည်။ ထိုနောက် ဆက်လက်လျှောက်ခဲ့ကြရာ ထိုင်းရဟတ်မှူးက တောင်အတက်အဆင်း ပြုလုပ်ရန် မိမိမတတ်နိုင်တော့ကြောင်း ရွှေရင်တော်ကြီးအား မွန်းလွဲ (၁)နာရီခန့် တွင် ပြောခဲ့သည်။ ရှေ့ဆက် ခရီးဆက်ရန် တောင်စောင်းဘက်သို့ တစ်မိုင်ခန့် တက်ပြီးမှ ချောင်းဆီသို့ ပြန်ဆင်းရ မည်ဖြစ်သည်။ ထိုင်းရဟတ်ယာဉ်မှူးသည်လည်း မတတ်နိုင်တော့ပြီဖြစ်၍ ရွှေရင်တော်ကြီးက တနည်း စဉ်းစားရပြန်သည်။ ချောင်းတစ်ဘက်ကိုကူး၍ ခရီးဆက်ရန် အကြံပေါ်သဖြင့် ရွှေရင်တော်ကြီးက သစ်ကိုင်းခြောက်များသုံး၍ ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ကူးကြည့်ခဲ့သည်။ ထို့နောက် ချောင်းတစ်ဘက်ကမ်းသည် မြေပြန့်ဖြစ်နေပြီး ရွှေရင်တော်ကြီးက ထိုင်းရဟတ်ယာဉ်မှူးကို တွဲကာ နှစ်ယောက်အတူ ချောင်းကိုကူးခဲ့သည်။
ထို့နောက် ချောင်း၏ မြေပြန့်ရှိသည့် ဘက်မှ ချောင်းရိုးတစ်လျောက် သူတို့နှစ်ဦး ဆက်လျောက်ခဲ့ကြသည်။ ထိုနောက် မြေပြန့်အဆုံးတွင် ချောက်ကမ်းပါးများ ခံနေပြန်သဖြင့် ချောင်းတစ်ဘက်သို့ နှစ်ယောက်သား ခက်ခက်ခဲခဲ ပြန်ကူးကြရလေသည်။ ထို့နောက် ထိုင်း ရဟတ်ယာဉ်မှူးက နားချင်သည်ဆို၍ ခေတ္တနားချိန်တွင် ရွှေရင်တော်ကြီးသည် အိပ်ရန်အတွက် သစ်ပင်ကြီးကြီးရှာပြီး ထိုင်းရဟတ်ယာဉ်မှူးအား ပြန်လာခေါ်ခဲ့သည်။
အောက်တိုဘာလ(၃)ရက်နေ့
နံနက် (၆)နာရီတွင် ရွှေရင်တော်ကြီးသည် ထိုင်းရဟတ်ယာဉ်မှူးအား တွဲခေါ်၍ ခရီးဆက်ခဲ့ကြသည်။ သုံးနာရီခန့် လမ်းလျောက်ခဲ့ကြပြီး ထိုင်းရဟတ်ယာဉ်မှူးမှာ ပင်ပန်းလွန်းသဖြင့် နားမည်ဟုဆိုသည်။ ရွှေရင်တော်ကြီးက လမ်းဆက်ရှာရာ တောင်စောင်းမှ ပြုတ်ကျခဲ့ပြန်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာကြီးကြီး မားမားမရဘဲ ထိုနေ့အတွက် နားရန် သင့်တော်သည့် နေရာတွေချိန်တွင် ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လာခေါ်နိုင်ခဲ့ သည်။ ထိုနောက် တောင်စောင်းအတိုင်း ပြန်ဆင်းခဲ့ကြပြီး မြေပြန့်ရှိ ၀ါရုံတော တစ်တောတွင် အိပ်ခဲ့ကြသည်။ ယင်းညတွင် ၀ါးရုံတောဖြစ်၍ အချမ်းသက်သာစေရန် မီးဖိုရာတွင် အဆင်ပြေခဲ့သည်။
အောက်တိုဘာလ(၄)ရက်နေ့
ဒဏ်ရာရရှိထားသည့် အပြင် တောင်ဆင်း၊တောင်တက်ခရီးများကြောင့် ထိုင်းရဟတ်ယာဉ်မှူးမှာအလွန်ပင်ပန်းနေပြီဖြစ်သည်။ထို့ကြောင့် ရွှေရင်တော်ကြီးက ထိုင်းရဟတ်ယာဉ်မှူးကို ကူညီဖေးမ၍ နံနက် (၆)နာရီတွင် ခရီးဆက်ထွက်ခဲ့သည်။ လမ်းခရီးတွင် ထိုင်းရဟတ်ယာဉ်မှူး ဆက်မလျှောက်နိုင်တော့သဖြင့် ခေတ္တအမောဖြေစေပြီး ရွှေရင်တော်ကြီးက လမ်းကြောင်းရှာထွက်ခဲ့သည်။ အဆင်ပြေမည့် လမ်းကြောင်းတွေ့၍ ထိုင်းရဟတ်မှူးကို ပြန်လာခေါ်ရာ လူချင်းကွဲနေသဖြင့် (၂)နာရီခန့် ရှာခဲ့ရသည်။ ချောင်းအတိုင်းသွားကြရာတွင် အချို့နေရာများ၌ ချောက်ကမ်းပါး၊ ရေတံခွန် စသည့် အတားအဆီးများကြောင့် လမ်းအခက်အခဲရှိသဖြင့် တောင်စောင်းများ အတိုင်း နှစ်ဦးသား အတက်အဆင်းလုပ်ကြရသည်။ ထို့နေ့ ညနေခင်းတွင် ထိုင်းရဟတ်ယာဉ်မှူးသည် တောင်အတက်အဆင်းလုပ်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ ထိုကြောင့် ချောင်းအနီးတွင် အိပ်ခဲ့ကြသည်။
အောက်တိုဘာလ( ၅)ရက်နေ့
တောင်ဆင်းတောင်တက်လုပ်ရန် အခက်အခဲရှိနေပြီဖြစ် ၍ ချောင်းရိုးအတိုင်းဆက်လက်သွားခဲ့ကြပြီး ချောက်ကမ်းပါး စသည့် အတားအဆီးများကြုံချိန်တွင် ချောင်းတစ်ဖက်ကမ်းသို့ ကူး၍ ခရီးဆက်ခဲ့ကြသည်။ ယင်းနေ့ တစ်ရက်တည်းအတွင်း ရွှေရင်တော်ကြီးနှင့် ထိုင်းရဟတ်ယာဉ်မှူးတို့ သည် ချောင်းကို (၇) ကြိမ် ဖြတ်ကူးခဲ့ရသည်။ ယင်းညပိုင်းတွင်လည်း ချောင်း၏ ၀ါးတောအနီးတွင်ပင် အိပ်ခဲ့ကြသည်။
အောက်တိုဘာလ (၆)ရက်နေ့
ယင်းနံနက်ပိုင်း၊ (၆)နာရီခန့်တွင် ချောင်း၏ ၀ါးတောရှိသည့် ဘက်အခြမ်းမှ တစ်ဖက်ကမ်းသို့ ရွှေရင်တော်ကြီးက ထိုင်းရဟတ်ယာဉ်မှူးကို တွဲ၍ကူးခဲ့ကြရာ ထိုင်းရဟတ်ယာဉ်မှူးက ရှေ့ဆက်၍ သူမလိုက်နိုင်တော့ကြောင်း ရွှေရင်တော်ကြီးအား ပြောခဲ့သည်။ ရွှေရင်တော်ကြီးက ဆက်လိုက်ရန် ကြိုးစားပြီးအား ပေးစကားပြောသော် လည်း ရဟတ်ယာဉ်မှူး၏ အခြေအနေမှာ လုံးဝ မလှုပ်ရှားနိုင်တော့သည့် အနေအထားဖြစ်နေသည်။ ထို့ကြောင့် ရွှေရင်တော်ကြီးက သင့်လျော့်မည့်နေရာကို တတ်နိုင်သမျှရှာပြီး နောက်ဆုံးလက်ကျန်ရိက္ခာဖြစ်သည့် ၀ီစကီလက်ကျန်၊ ရေနှင့် အားဆေး နှစ်တောင့်တို့ကို ပေးခဲ့သည်။ ထို့ပြင် ရွှေရင်တော်ကြီးသည် ဌက်ပျော်ဖက်များကို ပါးစပ်ဖြင့် ကိုက်ဖြတ်ပြီး ထိုင်းရဟတ်ယာဉ်မှူးအတွက် အမိုးနှင့် အခင်းများပြုလုပ်ပေးခဲ့သည်။
ထိုနောက်ရွှေရင်တော်ကြီးသည် ချောင်းရိုးအတိုင်း ဟိုဘက်၊ဒီဘက် ကူး၍ ဆက်လက်ထွက်ခွာခဲ့သည်။ ချောက်ကမ်းပါးကဲ့သို့ အတားအဆီးများတွေလျင် ချောင်း၏ တစ်ဘက်ကမ်းမှ ထိုကဲ့သို့ ရှောင်၍ ကူးရခြင်းဖြစ်ရာ ရွှေရင်တော်ကြီးသည် စုစုပေါင်း အကြိမ်(၄၀)ခန့် အပြန်အလှန်ကူးခဲ့ရပြီး တစ်ကြိမ်လျင် (၂)မိနစ်မှ (၃)မိနစ်အထိ ရေကူးခဲ့ရသည်။
ချောင်းရိုးအတိုင်းဆင်းလာခဲ့သည့် ရွှေရင်တော်ကြီးသည် နေ့လည် (၁၁)နာရီခန့်တွင် တံတားတစ်ခုကို တွေ့သည်။ထိုတံတားမှ လွန်သောအခါ ရွှေရင်တော်ကြီးသည် တောင်ယာအခင်းဟောင်းတစ်ခုဟု ယူဆရသော နေရာသို့ ရောက်ခဲ့သည်။ လူသူရှိမည်လားဆိုသော မျှော်လင့်ချက်ဖြင့် ရွှေရင်တော်ကြီးက အော်ဟစ်အသံပြု သော်လည်း မည်သည့်အသံဗလံမှ မကြားရသဖြင့် ခရီးဆက်ခဲ့ရပြန်သည်။
ထိုမှ ရွှေရင်တော်ကြီးသည် ဆက်သွားရာ မွန်းတည့် (၁၂)နာရီခန့်တွင် တဲတစ်ခုကိုတွေ့သည်။ ယင်းတဲသည် တံခါးများဖွင့်ထားသည်ကို တွေ့ရသဖြင့် ရွှေရင်တော်ကြီးက ၀မ်းသာအားရဖြင့် အော်မိခဲ့သည်။ သို့သော် တဲအတွင်းလူမရှိကြောင်းတွေ့ရပြန်သည်။ အဆိုပါ တဲအတွင်းတွင် အိုးခွက်များ၊ နိုဆီဘူး ငါးလုံးခန့်ပါသည့် ဆန်အိတ်တစ်အိတ်နှင့် မီးဖိုတို့သာ ရွှေရင်တော်ကြီး တွေ့ရှိခဲ့သည်။ ရွှေရင်တော်ကြီးသည် အလွန်ပင်ပန်းဆင်းရဲသော တောတွင်းခရီးကြမ်းကို ဖြတ်သန်းခဲ့ရသဖြင့် အလွန်ဆာလောင်နေသည်။
ထို့ကြောင့် ဆန်တစ်ခွက်ယူချက်စားရန်အတွေးပေါ်ခဲ့သည်။ သို့သော် အခုပင် ဒုက္ခများနှင့် ရင်ဆိုင်နေရပြီး သူတစ်ပါး ပစ္စည်းကို ပိုင်ရှင်မသိဘဲယူရန် မသင့်ဟု တွေးမိကာ ရွှေရင်တော်ကြီးသည် အလွန်ဆာလောင်နေသည့် ကြားမှ ဘာမှမယူဘဲ တဲထဲမှ ပြန်ထွက်ခဲ့လေသည်။
အဆိုပါ တဲကိုကျော်၍ ရွှေရင်တော်ကြီးသည် နာရီဝက်ခန့်ဆက်သွားရာ အလွန်မတ်စောက်သော ချောက်ကမ်းပါးများသာတွေ့ရသည်။ ရွှေရင်တော်ကြီးသည် လုံးဝမရောက်ဖူးသောဒေသသို့ ရောက်ရှိသွား ခဲ့ခြင်းဖြစ်ပြီး မိမိတို့၏ လူကြီးသူမများပြောစကားအရ တရုတ်နိုင်ငံဘက်သွားသော လမ်းဖြစ်နိုင်သည်ဟု မှန်းဆမိခဲ့သည်။
ထို့ကြောင့် ရွှေရင်တော်ကြီးသည် နောက်ကြောင်းပြန်လှည့်ခဲ့လေသည်။
ထိုသို့နောက်ကြောင်းပြန်လှည့်ရာတွင် အလာလမ်းတွင် တွေ့ခဲ့သည် တဲသို့ ရွှေရင်တော်ကြီး ပြန်ရောက်ခဲ့သည်။ ပင်ပန်းလွန်းပြီး အင်မတန်လည်း ဆာလောင်နေပြီဖြစ်သည့် ရွှေရင်တော်ကြီးသည် ယင်းတဲတွင် ခေတ္တနားပြီး ဆန်တစ်ခွက်ယူချက်ကာ စားကြည့်သည်။ သို့သော် အစာမစားသည်မှ ရက်အတန်ကြာပြီဖြစ်၍ ရွှေရင်တော်ကြီး တစ်ဇွန်းထက်ပိုမစားနိုင်ခဲ့ပါ။
သို့သော် သူတစ်ပါးပစ္စည်းယူမိသည်ဆိုသော စိတ်ခံစားချက်ဖြင့် မိမိဘာပြန်ပေးရမည်လဲကို စဉ်းစားရာ ရွှေရင်တော်ကြီးသည် မိမိနှင့်အတူပါလာသော ကျောပိုးအိတ်အတွင်းမှ ငွေ ငါးထောင်ကိုတွေ့ခဲ့သည်။ ယင်းငွေ ငါးထောင်ကို ဆန်အိတ်ထဲသို့ ပြန်ထည့်ပေးခဲ့လေသည်။
ထို့နောက် ဆက်လက်ထွက်ခွာခဲ့ရာ အလာလမ်းတွင် ဖြတ်ခဲ့သည့် တံတားသို့ ရွှေရင်တော်ကြီး ပြန်ရောက် ခဲ့သည်။ ယင်းတံတား၏ အနောက်ဘက်ကို ဆက်သွားရန် ရွှေရင်တော်ကြီးက ဆုံးဖြတ်ခဲ့သည်။ အနောက်ဘက်သည်လည်း တောင်တက်လမ်းပင်ဖြစ်ပြီး မိုးချုပ်ချိန် ရွာတစ်ရွာတွေ့နိုင်သည်ဆိုသော မျှော်လင့်ချက်ဖြင့် ရွှေရင်တော်ကြီး ဆက်လျောက်ခဲ့သည်။ ညနေ (၃:၃၀) နာရီတွင် ရွှေရင်တော်ကြီး သည်တောင်ထိပ် တစ်ခုသို့ ရောက်ခဲ့သည်။ဤတောင်ကိုကျော်လျှင် ရွာတွေ့ကောင်းပါရဲ့ဟု တွေးပြီး ရွှေရင်တော်ကြီး နာရီဝက်ခန့် အမောဖြေရသည်။ ယင်းတောင်အကျော်တွင် မီးခိုးငွေ့များတွေ့၍ ရွှေရင်တော်ကြီး ဆက်လက်ဆင်းလာခဲ့သည်။ယင်းတောင်အဆင်းလမ်းတွင် နောက်ထပ် တစ်နာရီခန့် သွားခဲ့ပြီးနောက် လူ(ရ၀မ်လူမျိုး) တစ်ဦးကို ရွှေရင်တော်ကြီးတွေ့ခဲ့သည်။ ယင်းရ၀မ်လူမျိုးအား ရွှေရင်တော်ကြီးက အကျိုးအကြောင်းပြောခဲ့သည်။ ယင်းရ၀မ်လူမျိုးကို မေးမြန်းပြီး တစ်မိုင်ခန့်အဝေးတွင် ရှိသော လန်ဆာထုရွာသို့ ရွှေရင်တော်ကြီး ဆက်လက်ထွက်ခွာခဲ့သည်။
အောက်တိုဘာလ (၇) ရက်နေ့
ရွှေရင်တော်ကြီးသည် မရပ်မနားခရီးနှင်ခဲ့ရာ လန်ဆာထုရွှာသို့ ညနေပိုင်းတွင် ရောက်ရှိခဲ့သည်။လန်ဆာထုရွာဥက္ကဌမှ ထူးဖောင်ဒေးရှင်းကယ်ဆယ်ရေးအဖွဲ့ထံ ဆက်သွယ်ရေးစက်ဖြင့် ရွှေရင်တော်ကြီး လန်ဆာထုရွာသို့ရောက်ရှိနေကြောင်း ဆက်သွယ်သတင်းပို့ခဲ့သည်။
ထိုညနေပိုင်းတွင်ပင် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇနှင့် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ လန်ဆာထုရွာသို့ရောက်ရှိလာခဲ့သည်။
ရွှေရင်တော်ကြီးသည် ဦးတေဇနှင့် တွေ့ဆုံပြီး ဖြစ်ပျက်ပုံများကို အကျဉ်းပြောကြားကာ ကျန်လူနှစ်ဦးကို ကယ်ဆယ်နိုင်ရန် အကြောင်းကြားနိုင်ခဲ့သည်။ ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံ ရွာသားများ ညတွင်းချင်း တောအုပ်အတွင်း ၀င်ရောက်ပြီး ထိုင်းရဟတ်ယာဉ်မှူးနှင့် မြန်မာရဟတ်ယာဉ်မှူးကို ကယ်ဆယ်နိုင်ရန် ကြိုးစားခဲ့သည်။
ရွှေရင်တော်ကြီးသည် ကြမ်းတမ်းခက်ခဲသည့် တောတွင်းခရီးကို
ဖြတ်သန်းခဲ့ရသော်လည်း အနားမယူဘဲ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံရွာသား များနှင့်အတူ ရဟတ်ယာဉ်မှူးနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ဆက်လက်လိုက်ပါခဲ့သည်။
အောက်တိုဘာလ (၈)ရက်နေ့
နံနက်ပိုင်းတွင် ထိုင်းရဟတ်ယာဉ်မှူးအား တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ပြီး ကပ္ပတိန် အောင်မြတ်တိုးအား ကယ်ဆယ်နိုင်ရန် ထူးဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံ ရွာသားများ တရကြမ်း ခရီးနှင်ခဲ့သည်။
အောက်တိုဘာလ (၉)ရက်နေ့
ကယ်ဆယ်ရေးအဖွဲ့များသည် ဦးရွှေရင်တော်ကြီး ခရီးနှင်ခဲ့သည့် (၈)ရက်ခရီးကို (၂)ရက်နှင့်ရောက်အောင် တရကြမ်း မရပ်မနား ခရီးနှင်ခဲ့ပြီး အောက်တိုဘာ (၉)ရက်နေ့ ညနေ (၄း၀၀)နာရီခန့်တွင် ဦးအောင်မြတ်တိုး ရှိနေသည့် ဂူသို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် ဂူအတွင်း ဦးအောင်မြတ်တိုးအား မတွေ့ရှိဘဲ ချောက်တစ်ခုထဲတွင် ကွယ်လွန်အနိစ္စ ရောက်ပြီး ဖြစ်နေသည့် ကပ္ပတိန် ဦးအောင်မြတ်တိုး၏ ရုပ်ခန္ဓာအား ၀မ်းနည်းကြေကွဲဖွယ် တွေ့ရှိခဲ့ရသည်။
ရွှေရင်တော်ကြီးသည် ခရီးကြမ်းနှင်ခဲ့သည့်အပြင် အင်အားနည်းနေသည့်ကြားမှ ဦးအောင်မြတ်တိုးအား အချိန်မီ ကယ်ဆယ်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့နှင့် ချက်ချင်းပြန်လိုက်ခဲ့သည်။ ၄င်းသည် ကယ်ဆယ်ရေးအဖွဲ့ကို ဦးဆောင်လမ်းပြပြီး ဦးအောင်မြတ်တိုးအား ကယ်ဆယ်နိုင်ရန် ခွန်အားမှန်သမျှ အသုံးပြုခဲ့သည်။ ရွှေရင်တော်ကြီးသည် မောရမှန်းမသိခဲ့ပေ။ သို့ရာတွင် ကွယ်လွန်နေပြီဖြစ်သည့် ဦးအောင်မြတ်တိုး၏ ရုပ်အလောင်းအား တွေ့ရှိချိန်တွင် အလွန်စိတ်ထိခိုက် ကြေကွဲခဲ့သည်။
ပူတာအိုတွင် ရောက်ရှိနေသည့် ကပ္ပတိန် အောင်မြတ်တိုး၏ ဇနီးနှင့် မိသားစုထံ ချက်ချင်း အကြောင်းကြားခဲ့ပြီး ကွယ်လွန်သူမိသားစု၏ ဆန္ဒအရ ကွယ်လွန်သူအား တွေ့ရှိသည့် နေရာတွင်ပင် အောက်တိုဘာ (၁၀)ရက်နေ့တွင် သဂြိုလ်ခဲ့ပါသည်။
အောက်တိုဘာ(၁၁)ရက်
ရွှေရင်တော်ကြီးသည် ရန်ကုန်မြို့သို့ အောက်တိုဘာ (၁၁)ရက် ညပိုင်းတွင် ပြန်လည်ရောက်ရှိပြီး ၀ိတိုရိယဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ပါသည်။ ရွှေရင်တော်ကြီးသည် ဦးခေါင်း၌ ပြင်ပဒါဏ်ရာတစ်ခုနှင့် ကြွက်သားနာကျင်မှုအနည်းငယ်ရှိသော်လည်း နှလုံး၊ကျောက်ကပ်နှင့် အသည်း စသည့်အတွင်းအင်္ဂါများအားလုံး စိုးရိမ်စရာမရှိကြောင်း သိရှိရပါသည်။
လူသားချင်းစာနာမှုဖြင့် ပျောက်ဆုံးတောက်တက်သမားနှစ်ဦးကို ရှာဖွေသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့သလို ရဟတ်ယာဉ် မတော်တဆမှု ဖြစ်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိထားသည့် ရဟတ်ယာဉ်မှူး (၂)ဦး၏ အသက်ကို ကယ်ဆယ်နိုင်ရန် အပြင်းအထန် ကြိုးစားခဲ့သည့် ဦးရွှေရင်တော်ကြီးအား ထူးဖောင်ဒေးရှင်းမှ လေးစားဂုဏ်ပြုအပ်ပါသည်။
From: Htoo Foundation

www.mmdailystar.com

စုန်းခုနစ်ဦးအား မီးရှို့သတ်သူများကို ဖမ်းဆီးနိုင်ခဲ့


ပုံတွင်မြင်တွေ့ရသည်မှာ တန်ဇန်နီးယားမှ စုန်းကုပေးသူတစ်ဦးဖြစ်သည်။ 

စုန်းတတ်သည်ဟု ယိုးစွပ်ကာ လူ ခုနစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်မှု ဖြင့် လူ ၂၃ ဦးအား တန်ဇန်နီးယားရဲများက ဖမ်းဆီးစွဲချက်တင် ထားကြောင်း သိရသည်။

တန်ဇန်နီးယားအနောက်ပိုင်း ကီဂိုမာဒေသရှိ မူရူဖီတီကျေးရွာတွင် တနင်္လာနေ့က အခင်းဖြစ်ခဲ့သော်လည်း တရားခံများအား ဖမ်းဆီးရမိပြီးမှသာ သတင်းထွက်ပေါ် လာခြင်းဖြစ်သည်။

အသတ်ခံရသူများအနက် ငါးဦးမှာ အသက် ၆၀ ကျော်အရွယ်များဖြစ်ပြီး ကျန်နှစ် ဦးမှာ ၄၀ ကျော်အရွယ်များဖြစ်ကြကြောင်း သိရသည်။

တန်ဇန်နီးယားတွင် စုန်းမဟု ယိုးစွပ်ခံရကာ နှစ်စဉ်အသတ်ခံရသူ ၅၀၀ ခန့်ရှိ ကြောင်း တန်ဇန်နီးယားရှိ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် တစ်ဦးမှာ ဒေသန္တရခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု ရဲများကဆိုသည်။

အသတ်ခံရသူများအနက် အချို့သည် ဓားများဖြင့် ထိုးခုတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်မီးရှို့ခံရခြင်းများကြုံခဲ့ရသည်ဟု မျက်မြင်တွေ့ရှိ သူများက ဆိုသည်။

စုန်းကဝေယုံကြည်မှုများသည် တန်ဇန်နီးယားနိုင်ငံနေရာ များစွာတွင် ဆက်လက် ရှိနေဆဲဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြားတွင် စုန်းတတ် သည်ဟု စွပ်စွဲခံရ၍ သတ်ဖြတ်ခံရသူ ၃၀၀၀ ၀န်းကျင်ရှိကြောင်း အစီရင်ခံစာများ တွင်ဖော်ပြထားသည်။

သေဆုံးသူအများစုသည် အသက်အရွယ်ရနေပြီဖြစ်သည့် အမျိုးသမီးကြီးများ ဖြစ်ကြပြီး ကျေးရွာများတွင် စုန်းပြုစားခံရသူများကို ကုသပေး ကြသည်ဟု သိရသည်။

Ref:BBC

စည်သူကျော်စွာ

From: စောင့်ကြည့်သတင်းဂျာနယ်

www.mmdailystar.com

DKBA/KKO ဗိုလ်ဆန်းအောင် တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူများသေဆုံးဒဏ်ရာရ




ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အကြားတွင် အစိုးရတပ်များအခြေပြုလျက်ရှိသည့် အလယ် ဗိုလ်တဲစခန်းအား ယနေ့နေ့လည် (၁၁)နာရီဝန်းကျင်တွင် DKBA/KKO ဗိုလ်ဆန်းအောင် အဖွဲ့မှလက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် ခရီးသွားယာဉ်တစ်စီးအားထိခိုက်မိခဲ့ရာ ခရီးသွားပြည်သူ ၅ ဦးသေဆုံးခဲ့ရပြီး ၁၀ ဦးခန့် ဒဏ်ရာရှိခဲ့ကာ အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးမှာလည်း ခြေထောက်တွင် လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိ ခဲ့ပါသည်။

အဆိုပါပစ်ခတ်မှုကြောင့် မြ၀တီမြို့မှ ကော့ကရိတ်အဆင်း လမ်းပိုင်းများ
ပိတ်ထားရပြီး ဒဏ်ရာရရှိခဲ့သူများကို ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ရပါသည်။ အမျိုးသား (၄)ဦး အမျိုးသမီး(၂)ဦး ကလေး(၃)ဦးနှင့် ဆရာတော်တစ်ပါးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လေးဦးမှာစိုးရိန်ဖွယ်
အခြေအနေဖြစ်သည်ဟုသိရှိခဲ့ရသည်။


“ပစ်တာကတော့ DKBA အဖွဲ့ကပစ်တာသေချာပါတယ်။

အခုဖြစ်တဲ့ဒေသမှာက အောက်ဗိုလ်တဲ၊ အထက် ဗိုလ်တဲ နှင့် အလယ်ဗိုလ်တဲဆိုပြီး စစ်တပ်စခန်းတွေရှိတယ်လေ။ ဗိုလ်ဆန်းအောင်အဖွဲ့တွေက အလယ်ဗိုလ်တဲ
စခန်းကို လှမ်းပြီးပစ်တာမထိဘဲ ခရီးသွားယာဉ်ကိုထိပြီး အခုလိုဖြစ်ရတာပါ။ လက်ရှိအခြေအနေမှာဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံကိုပို့ပြီးတော့ ဆေးကုသနေကြပါတယ်” ဟုပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာသို့ရောက်ရှိနေခဲ့
သောဒေသခံတစ်ဦးမှပြောကြားခဲ့ပါသည်။
ဗိုလ်ဆန်းအောင်သည် လက်ရှိတွင် DKBA/KKO ခွဲထွက်အဖွဲ့မှဖြစ်ပြီး အစိုးရစစ်တပ်နှင့်တိုက်ပွဲများဖြစ်ပွား လာရန်စတင်ဖန်တီးခဲ့သူ တစ်ဦးဖြစ်ကြောင်း လက်ရှိအခြေနေတွင် DKBA/KKO တပ်ဖွဲ့မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ် စောလားဘွယ် အနေဖြင့်ဖြစ်ပွားနေသောပြဿနာ များအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်ညွှန်ကြား ထားသော်လည်း ဗိုလ်ဆန်းအောင်အနေဖြင့် လိုက်နာခြင်းမရှိဘဲ ယခုကဲ့သို့ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်နေရကြောင်းသိရှိခဲ့ရပါသည်။


From: ခင်အေးမွန်

www.mmdailystar.com

လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် ရှေ့အလားအလာ



လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် …
ရှေ့ အလားအလာကို ဤ သို့  ခန့် မှန်းယူဆပါသည် ….

၁။ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးပါလိမ့်မည် ….
မည်သို့ သော PR စနစ်ဖြစ်သည် ….
မည်သည့် တိုင်းဒေသ နှင့် ပြည်နယ်များတွင် ကျင့်သုံးမည်ကိုတော့ ….
မကြာခင် အဖြေပေါ်လာပါလိမ့်မည် ….

၂။ မည်သို့ ပင်ဖြစ်စေ NLD ပါတီသည် ....
လူထုထောက်ခံမှု အများစု ရရှိနေသေးသည် …
ထိုသို့ ထောက်ခံမှု ရရှိသည့် အဓိကအချက် နှစ်ချက်ရှိသည် …
ယခင် စစ်အစိုးရအား မုန်းတီးခြင်းနှင့် …
အန်အယ်လ်ဒီ တက်လာပါက အလုံးစုံ ပြောင်းလဲသွားမည်ဟု …
ထင်မြင်ယူဆခြင်းကြောင့် ဖြစ်သည် …

၃။ PR စနစ်ကျင့်သုံးစေကာမူ …..
အန်အယ်လ်ဒီအနေဖြင့် မဲရာခိုင်နူန်း အတော်များများ နိုင်လိမ့်ဦးမည် …
၄၀နှင့် ၅၀ ရာခိုင်နူန်းကြားခန့် နိုင်မည်ဟု ခန့် မှန်းရသည် …
ပြည်နယ်များတွင် တိုင်းရင်းသားပါတီများက အရေးသာလိမ့်မည် …
အထူးသဖြင့် ...
ကချင်နှင့် ရခိုင်ပြည်နယ်များတွင် အန်အယ်လ်ဒီ မဲ မရရှိနိုင် ….

၎။ တိုင်းရင်းသားပါတီများ အနေဖြင့် ၂၀ ရာခိုင်နူန်း …
အခြားပါတီများအနေဖြင့် ၁၅ ရာခိုင်နူန်းခန့် အနိုင်ရနိုင်သည် …
တပ်မတော်သား အမတ် ၂၅ ရာခိုင်နူန်းမှာ …
အနည်းဆုံး ၂၀၂၀ ခုနှစ်နီးပါးအထိ …
လွှတ်တော်ထဲတွင် ဆက်လက်ရှိနေအုန်းမည် ….

၅။ ၂၀၁၅ သမ္မတသည် အန်အယ်လ်ဒီပါတီမှ မဖြစ်နိုင်ပါ …
ဒေါ်စု လွှတ်တော်ဥက္ကဌ ဖြစ်လာမည် …
ဖွဲ့ စည်းပုံအခြေခံဥပဒေကို အတော်များများ ပြင်ဆင်နိုင်မည် …
ပုဒ်မ ၄၃၆ ကို အနည်းငယ်ဖြေလျော့နိုင်မည် …
သို့ သော်လည်း အန်အယ်လ်ဒီ စိတ်ကြိုက်တော့ ....
အလုံးစုံ ပြင်ဆင်လို့ ရနိုင်မည် မဟုတ် …

၆။ လွှတ်တော်ထဲတွင် အန်အယ်လ်ဒီပါတီမှ ...
အမတ်အများစု ဖြစ်လာမည် ဖြစ်သည် …
ပွင့်လင်းမြင်သာမှု တိုးတက်လာမည် ...
ခြစားမှုနူန်း အနည်းငယ် လျော့ကျမည် …
ခရိုနီအုပ်စုများ ဆက်လက်အားကောင်းမည် ….
နိုင်ငံရေးမတည်ငြိမ်မှု ပိုမိုမြင့်မားလာမည် …
ဆန္ဒပြမှု နှင့် အဓိကရုဏ်းများ အများအပြားပေါ်ပေါက်မည် …

၇။ ပြည်နယ်များ အခွင့်အရေး ပိုမိုရရှိလာမည် …
အလုံးစုံ ငြိမ်းချမ်းရေး မရရှိနိုင် …
တိုင်ရင်းသား အဖွဲ့ တစ်ချို့ နှင့် ပြန်လည် စစ်ဖြစ်ပွားလိမ့်မည် …
ထိုစစ်ကို ဒေါ်စုအပါအ၀င် မည်သူမှ တားဆီးနိုင်လိမ့်မည် မဟုတ် …
ပြည်နယ်အချို့ တွင် အရေးပေါ်အခြေအနေ ပြဋ္ဌာန်းကာ …
တပ်မတော်မှ တာဝန်ယူထားရဖွယ်ရှိသည် ….

၈။ ၂၀၁၅ နှင့် ၂၀၂၀ ကြားတွင် ...
လူထု၏ နိုင်ငံရေးရေချိန်မြင့်တက်လာမည် …
အစိုးရ ဘာလုပ်လုပ်မှားပြီး …
အန်အယ်လ်ဒီ ဘာလုပ်လုပ် မှန်သည်ဟူသော …
လူပိန်းကြိုက် ၀ါဒ ပျောက်ကွယ်သွားမည် ….
အန်အယ်လ်ဒီ အပေါ် ....
လူထုထောက်ခံမှု တစ်ဟုန်ထိုး ပြုတ်ကျလိမ့်မည် …
မျိုးဆက်သစ် နိုင်ငံရေးပါတီများ ...
အများအပြားပေါ်ထွက်လာဖွယ်ရှိသည် …

၉။ အနောက်အုပ်စုနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး …
တရုတ်နှင့် အနည်းငယ်အေးစက်သွားမည် …
အရှေ့ မြောက်ဒေသတွင် ...
စစ်ရေးတင်းမာမှုများ အများအပြား ဖြစ်ပေါ်လာမည် …

၁၀ ။ ခြုံငုံသုံးသပ်ရလျှင် ...
လာမည့် ၅နှစ်အတွင်း တိုင်းပြည်အနေဖြင့် …
ထူးထူးခြားခြား ပြောင်းလဲ တိုးတက်အောင် ....
မည်သူမှ စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်…
စစ်ပွဲများ ပြန်လည်ပေါ်ပေါက်လာခြင်းသာ ....
ရလဒ်အဖြစ် ကျန်ရစ်ခဲ့လိမ့်မည် …

( ရဲမိုး )
From:Ye Moe 

www.mmdailystar.com

ချစ်သူကို ခွေးသားချက်ကျွေးတဲ့ အမျိုးသား ထောင်ဒဏ် ၁၂နှစ် ကျခံရဖွယ်ရှိ




ချစ်သူရဲ့ ချစ်စဖွယ်ခွေး ကလေးကိုသတ်ဖြတ်ပြီး ချစ်သူကို ဝက် သားလို့ လိမ်လည်ကျွေးခဲ့တဲ့ ရိုင်အက် ဒီဝါတန်ပေါ(၃၄ နှစ်)ဟာ ယခုအခါ ထောင်ဒဏ် ၁၂နှစ်အထက် ကျခံရဖွယ် ရှိနေပါတယ်။ ရိုင်အက်ဒီဟာ တိရစ္ဆာန် ညှဉ်းဆဲသတ်ဖြတ်မှုအပါအဝင် အခြား ပြစ်မှုတွေနဲ့ပါပေါင်းပြီး ယခုလို ၁၂နှစ် ကျော်ထောင်ဒဏ် ချမှတ်ခံရဖို့ရှိနေခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ရှေစတာ နိုင်ငံအတွင်းမှ ပါလာစီဒရိုဒေသငယ် လေးမှာ အခုဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ရိုင်အက်ဒီရဲ့ချစ်သူ ပြောပြ ချက်အရ သြဂုတ်၎ရက်မှာ ချစ်သူနှစ်ဦး စကားများခဲ့ကြပြီး ရိုင်အက်ဒီက ကိုယ် ထိလက်ရောက် တိုက်ခိုက်လာတဲ့အတွက် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။ နောက် ပြန်လာတဲ့အခါမှာတော့ သူမရဲ့ ခွေးလေးနဲ့ ရိုင်အက်ဒီတို့ကို ရှာမတွေ့ တော့ဘူးလို့ ဆိုပါတယ်။ ရိုင်အက်ဒီဟာ နောက်ပိုင်း ချစ်သူကောင်မလေးအိမ် ကို ပြန်လည်ရောက်ရှိလာပြီး ညစာချက် ပြုတ်ကျွေးမွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ရိုင်အက်ဒီနဲ့ ချစ်သူကောင် မလေးတို့ဟာ ရိုင်အက်ဒီ အိမ်ကယူလာ တယ်ဆိုတဲ့ ဝက်သားဟင်းကိုစားသောက် ခဲ့ကြပြီး ပြန်လည်ပြေလည်မှုရရှိခဲ့ကြ တယ်လို့ သိရပါတယ်။ နောက်နေ့မှာ တော့ ချစ်သူကောင်မလေးကို ရိုင်အက် ဒီက ''မင်းခွေးကလေးရဲ့အရသာ ဘယ် လိုနေလဲ''လို့ မေးမြန်းခဲ့ပြီး အခြားရင့်ရင့် သီးသီးစကားတွေလည်း မက်ဆေ့ခ်ျပို့ခဲ့ တယ်လို့ သိရပါတယ်။ ရိုင်အက်ဒီက ချစ် သူရဲ့အိမ်ရှေ့မှာလည်း အထုပ်တစ်ထုပ် ချထားခဲ့ပြီး ချစ်သူကောင်မလေးက စူး စမ်းကြည့်ရာမှာတော့ သူမအချစ်တော် ခွေးကလေးရဲ့ ခြေလက်တွေဖြစ်နေတာ ကို တွေ့ရှိခဲ့ရပါတယ်။

ရဲအရာရှိတွေက ရိုင်အက်ဒီ ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ တော့ တရားမဝင်ကိုင်ဆောင်ထားတဲ့ AK-47 တိုက်ခိုက်ရေးရိုင်ဖယ်သေနတ် တစ်လက်နဲ့ ကျည်ဆန်တွေကိုပါ တွေ့ရှိ ခဲ့တာကြောင့် တိရစ္ဆာန်ညှဉ်းပန်းသတ် ဖြတ်မှု၊ တရားမဝင်လက်နက် ကိုင်ဆောင်မှုတွေအပါအဝင် အခြားရာဇဝတ်မှုတွေပါ ကျူးလွန်ထားတာ တွေ့ရှိ ခဲ့လို့ ရိုင်အက်ဒီ အနေနဲ့ အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ်နဲ့အထက် အရေး ယူခံရတော့မှာပါ
 
 
From: YMG

www.mmdailystar.com

ဒဏ်ရာရ စစ်ပြန်ကို မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြ







အမေရိကန် ပြည်ထောင်စုမှာ ဒဏ်ရာရ စစ်ပြန် တပ်ကြပ်ကြီး ဂါလ်လိုဝေးဟာ ကျန်းမာရေး မဂ္ဂဇင်း မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရ ပါတယ်။ ဒါဟာ စာဖတ် ပရိသတ်တွေထဲက တစ်ဦးကို ပထမဆုံးအကြိမ် အဖြစ် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ အသက် (၃၃)နှစ် အရွယ်ရှိ ဂါလ်လိုဝေး ဟာ အီရတ် စစ်မြေပြင် မှာ ဒဏ်ရာရခဲ့ မှုကြောင့် ခြေထောက် တစ်ဖက်နဲ့ လက်တစ်ဖက် ဆုံးရှုံးခဲ့ရ ပါတယ်။ ကလေးနှစ်ယောက် ဖခင်ဂါလ် လိုဝေးဟာ အခြေအနေ ဆိုးနဲ့ ရင်ဆိုင်ပြီးတဲ့နောက် စိတ်ဓာတ် ကျဆင်းသွား ပါတယ်။ဒါပေမဲ့ ဂါလ်လိုဝေးဟာ ပြန်လည် ရုန်းထဖို့ ကြိုးစားခဲ့ပါတယ်။ဒီနောက် အားကစား လေ့ကျင့် မှု တွေပြု လုပ်ပြီး မိသားစုနဲ့ အတူ ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။ Men's Health မဂ္ဂဇင်းဟာ စာဖတ် ပရိသတ်ထဲက တစ်ဦးကို မျက်နှာဖုံးရှင် အဖြစ် ဖော်ပြပေးဖို့ ပြိုင်ပွဲပြုလုပ်ခဲ့ ပါတယ်။ ပြိုင်ပွဲဝင် (၁၅၀၀) ဦး ရှိခဲ့ပြီး၊ နောက်ဆုံး ဆန်ခါတင် သုံးဦး စာရင်းမှာ ဂါလ်လိုဝေး ပါဝင်ခဲ့ ပါတယ်။ ဂါလ်လိုဝေးကို စစ်ပြန် ဒဏ်ရာရသူ တစ်ဦးဖြစ်လို့ မျက်နှာဖုံးရှင် အဖြစ် ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ ဒဏ်ရာရ ပြီးတဲ့နောက် စိတ်ဓာတ် မယိုင်လဲဘဲ မိသားစုနဲ့အတူ အကောင်းဆုံး ဘ၀ ပြန်လည် တည်ဆောက်နိုင်ခဲ့တဲ့ ဂါလ်လိုဝေးရဲ့ ဖြတ်သန်းမှု အဖြေကို သဘောကျတာမို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
 
 
From: Messenger

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...