Thursday, 16 October 2014

ခိုတောင်ကျွန်း လူသတ်မှု စုံစမ်းရန် မြန်မာ၊ ဗြိတိန်၊ ထိုင်း သုံးပွင့်ဆိုင် တွေ့မည်

ခိုတောင်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံမြန်မာ နှစ်ဦးအား မှားယွင်းအရေးယူမှု မရှိစေရေးနှင့် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုများ ဖြစ်ပေါ်စေရန် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန် သံရုံးတာဝန်ရှိသူများနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

ပြီးခဲ့သည့်ရက်က မြန်မာသံရုံးနှင့် ဗြိတိန်သံရုံးတို့ သီးသန့် တွေ့ဆုံခဲ့ကာ အမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားခံများဖြစ်ကြောင်း ထုတ်ဖော်ပြသပြီး ၁၀ ရက် အကြာတွင် နှစ်နိုင်ငံသံရုံး တာဝန်ရှိသူများ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
‘‘သေဆုံး သူဗြိတိန်နိုင်ငံသား နှစ်ဦး၊ သံသယဖြစ်ခံရသူမြန်မာ နိုင်ငံသားတွေနဲ့ အိမ်ရှင်ထိုင်းနိုင်ငံ တာဝန်ရှိသူတွေ အခုလိုတွေ့ဆုံတာဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်တွေ ဖြစ်ပေါ်စေမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ဒါနေပြည်တော်ကနေ မြန်မာသံရုံးကိုညွှန်ကြားတာဖြစ်တယ်’’ဟုနိုင်ငံတော် သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးကပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ် ချန်အိုချာက မြန်မာနိုင်ငံသားနှစ်ဦးကို တရားခံဟုပြော၍ မရသေးကြောင်းနှင့် ယခု လိပ်ကျွန်းလူသတ်မှု ကိစ္စကို အထူးအလေးထားဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတကာ၏ ယုံကြည်မှု၊ မြန်မာပြည်သူများ၏ ယုံကြည်မှုရရှိအောင် တရားမျှတမှုရှိရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏ မြန်မာ နိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံမှ အပြန်ခရီးစဉ်အတွင်း လေဆိပ်တွင် ဝန်ကြီးချုပ်ပရာယွတ်က ထိုင်းရဲများသည် အပြစ်မရှိသူများကိုဖမ်းလေ့မရှိကြောင်းနှင့် ယခုလိုတရားခံများကို မြန်ဆန်စွာဖော်ထုတ်နိုင်မှုအပေါ် အံ့သြမိကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများကဖော်ပြထားသည်။
‘‘ထိုင်းနိုင်ငံတာဝန်ရှိသူတွေ အနေနဲ့လည်း နိုင်ငံသုံးနိုင်ငံ ဆက်နွှယ်ပတ်သက်နေတဲ့ဒီကိစ္စကို ပြစ်မှုကျူးလွန်သူကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့၊ ပြစ်မှုကျူးလွန်ခြင်းမရှိတဲ့သူကို မှားယွင်းအရေးယူမှုမရှိစေရေးအတွက် မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ်ဆောင်ရွက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’’ ဟု သမ္မတရုံး အကြီးတန်းအရာရှိကပြောကြားသည်။

ကမ္ဘာကစိတ်ဝင်စားနေသော လိပ်ကျွန်းလူသတ်မှုအတွက် ယခု သုံးပွင့်ဆိုင်တွေ့ဆုံမှုသည် ထိုင်း နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာ ထိခိုက်စေခြင်းမရှိဘဲ ပါဝင်ပတ်သက်နေသည့်နိုင်ငံများကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများကို ရှာဖွေ တွေ့ရှိနိုင်မည်ဟု မြန်မာအစိုးရကမျှော်လင့်ထားသည်။
လတ်တလောတွင် လိပ်ကျွန်းလူသတ်မှုစွပ်စွဲခံမြန်မာနှစ်ဦး၏ မိဘများ ထိုင်းနိုင်ငံသို့သွားရောက်ရန် စီစဉ်နေသည်။

မြန်မာနှစ်ဦးနှင့် အသတ်ခံရသူ ဗြိတိန်နိုင်ငံသူ ကိုယ်ပေါ်မှရရှိသည့် DNA တို့ တိုက်ဆိုင်တူညီနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ကမ္ဘာသို့ကြေညာထားသော်လည်း ထိုင်းတရားရုံးသို့ အမှုစွဲဆိုတင်ပို့ရာတွင် သက်သေအထောက်အထား နှင့် အချက်အလက် မပြည့်စုံ၍ အမှုတွဲကိုပြန်လည်ပေးအပ်ထားသည်။ မြန်မာနှစ်ဦးကို တရားခံဟု စွပ်စွဲချက်အပေါ် ဗြိတိန်နိုင်ငံက တစ်စုံတစ်ရာ မှတ်ချက် မပြုသေးaကြာင်းနှင့် အမှုစစ်ဆေးမှုတွင် အတွေ့အကြုံနှင့် နည်းပညာaကာင်းများရှိထားသည့် ဗြိတိန်နိုင်င်ငံ ပါဝင်စစ်ဆေးမှုကို မြန်မာ ပြည်သူအချို့က လိုလားမှုများရှိနေကြသည်။
From:7day

www.mmdailystar.com

" ကေတီဗီ၊ မာဆတ်" "၀င်နေကြ ကောင်မလေး ရှိလား" ““ဘယ်နှဆက်ရှင်နေမှာလဲ””

အထက်ပါ ခေါင်းစဉ်မှာ သင်နေရာ တစ်ခုသို့ (သို့မဟုတ်) အခန်း တစ်ခုထဲသို့ ရောက်သွားချိန်မှာ ပထမဦးဆုံး အမေးခံရမယ့် မေးခွန်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် သင်အမေး ခံရနိုင်တဲ့ မေးခွန်း ကတော့ ““ဘယ်နှဆက်ရှင်နေမှာလဲ”” ဖြစ်ပါတယ်။

ကျွန်မ နာမည်လား . .

အမေ ပေးခဲ့တာတောင် မေ့တေ့ တေ့ရယ်၊

ကျွန်မနာမည် ကြယ်စင်၊

ကျွန်မနာမည် နံနက်ခင်း၊

ကျွန်မနာမည် တာရာ၊

ကျွန်မနာမည် အလင်္ကာ၊

ဟုတ်တယ်လေ . .

ကျွန်မတို့ မတည်မြဲကြဘူး။

““ကဗျာရေ “ဘိုင်” ရောက်နေတယ်”” လို့ အော်ဟစ် နှိုးသံကြောင့် အိပ်ချင်မူးတူးနဲ့ ထလိုက် ရပါတယ်။ နာရီပိုင်းမျှသာ အိပ်ရသေးတာမို့ ခေါင်းထောင်ချင်စိတ် မရှိပေမယ့်လည်း “ဘိုင်”ဆိုတဲ့ အသံကြောင့် သူမရဲ့တစ်နေ့တာ လုပ်ငန်းခွင် အတွက် ပျော်ရွှင်မှုနဲ့ ရေချိုးခန်းကို မပြေးရုံတမယ် သွားခဲ့ရပါတယ်။

“ဘိုင်” ဆိုတာက ယနေ့ခေတ် ကေတီဗီ၊ အနှိပ်ခန်းတွေကို လာရောက် အပန်းဖြေကြတဲ့ အမျိုးသားတွေက သဘောကြတဲ့ ကောင်မလေး တွေကို အခန်းဝင်ဖို့ By Name နဲ့ ခေါ်ယူတာကို “ဘိုင်”လို့ အစွဲပြုခြင်း ဖြစ်ပါတယ်။

ကဗျာ တစ်ယောက် အခန်းထဲ ရောက်သွားတဲ့ အခါ လာနေကျ ဧည့်သည်က မွေ့ယာထက်မှ လဲလျောင်း နေပါတယ်။ ဧည့်သည်ရဲ့ ခြေရင်း မှာ နေရာ ၀င်ယူလိုက်ပြီး နောက်မှာတော့ သူမရဲ့ လုပ်ငန်းကို စတင် လိုက်ပါတယ်။

အချစ်တဲ့ ...

ရှင်လေချဉ် တက်လိုက်သလား ...

ဘီယာစော် နံလိုက်တာ။

““တစ်လကို လစာ တစ်သောင်း ရတယ်။ One Section ၀င်ရင် (၅၀၀) ရတယ်။ တစ်လလုံး ပေါင်းရင်တော့ တစ်သိန်းကျော်တော့ ရတယ်။ လုပ်ရတာ မတန်မှန်း သိပေမယ့် ရွာမှာနေရင် ဒီလောက် မရဘူးလေ။ အဲဒါကြောင့် လုပ်နေရတာ”” လို့ ကဗျာက ဆိုပါတယ်။

အတန်း ပညာကို ရှစ်တန်း အထိသာ သင်ကြားခဲ့ဖူးတဲ့ သူမရဲ့ မိသားစုမှာ ယောက်ျားသား မရှိတာကြောင့် အကြီးဆုံး ဖြစ်တဲ့ သူမဟာ အားကိုးရှာတဲ့ အနေနဲ့ အသက် (၂၀) အရွယ်မှာ ပန်ရံ လုပ်သား တစ်ဦးနဲ့ အိမ်ထောင် ပြုခဲ့ပါတယ်။ အိမ်ထောင် သက်တမ်း တစ်နှစ်အကြာမှာ ခင်ပွန်း ဖြစ်သူ သေဆုံး သွားတာကြောင့် ထပ်မံပြီး အားကိုးရာမဲ့ ဘ၀ ရောက်ခဲ့ရပါတယ်။ ဒါကြောင့် လည်း တောမှာရှိတဲ့ ကောက်စိုက် အလုပ်ကိုပဲ လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေး ဖြေရှင်း ခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာလို့ အညာ ဒေသဟာ မိုးခေါင် ရေရှားပြီး တဖြည်းဖြည်း အလုပ်လက်မဲ့ ဖြစ်လာ ရပါတယ်။ ဒါကြောင့်လည်း မြို့ပေါ်တက်ပြီး အထည်ဆိုင် တစ်ခုမှာ တစ်လ ငါးသောင်းနဲ့ အလုပ် လုပ်ခဲ့ပေမယ့် နေ၊ စားစရိတ်တွေ ရှိနေတာကြောင့် အမေ့အိမ်ကို ပိုက်ဆံ ပြန်မပို့နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ သူငယ်ချင်း တစ်ယောက် အဆက်အသွယ်နဲ့ ရန်ကုန်ကို ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

““ဒီအလုပ် လုပ်တာ အမေကို ပေးမသိဘူး။ အထည်ဆိုင်မှာ လုပ်တယ်လို့ပဲ ပြောထားတယ်”” လို့ သူမက ဆိုပါတယ်။

ကျေးလက် ဒေသတွေမှာ အလုပ်အကိုင် ရှားပါး လာမှုတွေကြောင့် မိသားစု စားဝတ် နေရေးအတွက် အနှိပ်ခန်းတွေ ကို ရောက်သွားတဲ့ အနှိပ် သမလေးတွေ များစွာ ရှိပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးက အမျိုးသမီး တချို့ဟာ KTV ၊ အနှိပ်ခန်းတွေကို ရောက်ရှိ သွားသူတွေလည်း ရှိနေကြပါတယ်။ အဲဒီ လုပ်ငန်းတွေမှာ လုပ်ကိုင် နေကြသူတွေ ထဲမှာ အဝေးသင် တက်နေသူတွေ၊ ဘွဲ့ရထားတဲ့ သူတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့မှာ အနှိပ်ခန်းပေါင်း များစွာရှိပြီး၊ ဈေး အမျိုးမျိုး သတ်မှတ် ထားလေ့ ရှိကြပေမယ့် အနှိပ်သမတွေ ရရှိတဲ့ နှုန်းထား ကတော့ ကွာခြားမှု သိပ်မရှိပါဘူး။ ဒါ့အပြင် အလုပ်ချိန်ကို အတိအကျ သတ်မှတ်ထားခြင်း မရှိပါဘူး။ ဒီလို လုပ်ကိုင် နေရပေမယ့် ရရှိတဲ့ လုပ်ခ လစာဟာ ပေးရတဲ့ အလုပ်ချိန်၊ ၀တ်စားစရိတ် တွေနဲ့ တွက်ကြည့်ရင် အိမ်ပြန် ပို့ဖို့ ကြိုးကြိုး စားစား ပိုက်ဆံ စုရတယ်လို့ သိရပါတယ်။

““ဧည့်သည်ရှိတဲ့ အချိန်က အလုပ်ချိန်၊ ဧည့်သည် မရှိတဲ့ အချိန်က နားချိန်ပဲ””လို့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ မြို့နယ် တစ်ခုမှာ ဖွင့်လှစ် ထားတဲ့ အနှိပ်ခန်းက အနှိပ်သမ ပပက ဆိုပါတယ်။ အသက် (၁၉) နှစ်သာ ရှိသေးတဲ့ ပပ ဟာ မိသားစု စားဝတ်နေရေး ကျပ်တည်းမှုကြောင့် သူမ (၁၆) နှစ် အရွယ် ကတည်းက အနှိပ်ခန်းတွေမှာ ၀င်ရောက် လုပ်ကိုင်ခဲ့ရတာ ဖြစ်ပါတယ်။

လျှော်ဖွတ်ပြီး မီးပူ တိုက်ထားတဲ့ ဘေထုပ်ထည် ကို ကြည့်သလို

ရှင် ကျွန်မကို မကြည့်ပါနဲ့။

ငယ်ရွယ်တဲ့ အပြင် ရုပ်ရည် အသင့် အတင့် ရှိတဲ့ သူမမှာ ပုံမှန် ဧည့်သည်တွေ ရှိတာကြောင့် သာမန် အနှိပ်သမတွေ ထက်တော့ ၀င်ငွေ အနည်းငယ် ပိုရတယ်လို့ ဆိုပါတယ်။ သာမန်အား ဖြင့်တော့ (၁၉) နှစ် ဆိုတဲ့ ပပရဲ့ အသက်ရွယ်ဟာ တက္ကသိုလ် စာသင်ခန်းထဲမှာ ရှိနေသင့်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် လက်ရှိမှာတော့ ပပဟာ အမျိုးသား အချို့ကို ၀န်ဆောင်မှု ပေးနေရတဲ့ ဘ၀ကို ရောက်ရှိ နေရတာ ဖြစ်ပါတယ်။ သူမလို ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေဟာ အနှိပ်ခန်း အပြင် အခြား ဖျော်ဖြေရေး လုပ်ငန်းတွေမှာလည်း များစွာ တည်ရှိ နေကြပါတယ်။

တကယ်တော့

ကမ္ဘာကြီး ပူနွေးလာရတာလည်း ကျွန်မတို့နဲ့ မဆိုင်ပါဘူး

အိုစမာဘင်လာဒင် သေဆုံး သွားတာလည်း ကျွန်မတို့နဲ့ တခြားစီ။

ဒေါ်လာဈေး ကမောက်ကမ ဖြစ်အောင် ကျွန်မတို့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး

ကျွန်မတို့ကို ရေးကြီး ခွင်ကျယ် ကဗျာစပ် မနေပါနဲ့ ရှင်ရယ်။

သို့သော်လည်း ဒီလို လုပ်ငန်းတွေကို အစိုးရက တရားဝင် ခွင့်ပြုထားခြင်း မရှိတာကြောင့် အမျိုးသမီး ငယ်တွေဟာ ပုန်းလျှိုး ကွယ်လျှိုး လုပ်ကိုင် နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမတို့ဟာ မည်မျှပင် လုပ်အား ခေါင်းပုံ ဖြတ်ခံရသည် ဖြစ်စေ၊ မည်မျှပင် အဓမ္မ စေခိုင်းခံရ သည်ဖြစ်စေ မည်သူ့ကိုမှ မတိုင်ကြားရဲဘဲ ဘ၀ကို ကြုံသလို ဖြေရှင်း နေကြရပါတယ်။

““ကိုယ်တိုင်က တရားမ၀င်တဲ့ အလုပ်ကို လုပ်နေရတော့ သူတို့ ပြောတဲ့ အတိုင်းပဲ လုပ်ပေး ရတာပေါ့။ နေမကောင်းလို့ မ၀င်ချင်ဘူးပြော လည်း မန်နေဂျာက ခွင့်မပေးဘူး။ မ၀င်ရင် တစ်လလုံး လုပ်ထားတဲ့ ပါမစ်နစ်ထဲက ဖြတ်မယ် ဆိုတော့ မလုပ်ချင်လည်း လုပ်ရတာ၊ မကျေနပ် လို့လည်း တိုင်လို့ မရဘူးလေ။ ဘ၀ပေး ကုသိုလ်ပေါ့”” လို့ ပပက ပြောပါတယ်။ ငွေကြေး ရယူကာ ၀န်ဆောင်မှု ပေးနေရသူတွေ ဖြစ်လို့ ကျွန်မတို့က သွေးဆာနေတဲ့ ကျားဆိုးတွေကို ကြောက်ရတယ်။ ကျွန်မတို့ ဘာဖြစ်ဖြစ် ငွေတစ်ခုတည်း သာမြင်တဲ့ အလုပ်ရှင်ကို ကြောက်ရတယ်လို့ အနှိပ်သမ တစ်ဦးက ပြောပါတယ်။ လူ့ အခွင့်အရေးလို့ တွင်တွင် သုံးလာတဲ့ အခြေအနေမှာ သူတို့ ဘ၀တွေကို ကာကွယ် ပေးနိုင်ဖို့ သူတို့ခေါင်းပုံ မဖြတ်ခံရဖို့၊ အဖိနှိပ်မခံရဖို့ ဘယ်အမျိုးသမီး အဖွဲ့အစည်းတွေက တောင်းဆို ပေးသလဲ၊ ဘယ်မျိုးချစ် ပုဂ္ဂိုလ်တွေက စဉ်းစား ပေးဖူးသလဲ။

အနှိပ်ခန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ အတွက် တရားဝင် လိုင်စင် မပေးသင့်ဘူးလို့ ရွံ့ရှာတဲ့ လေသံနဲ့ ပြောကြားနေတဲ့ အမျိုးသားတွေ ကရော အနှိပ်ခန်းတွေကို တကယ်ပဲ မသွားကြဘူးလား။

လိုအပ်ချက် အရ ရှိတာတော့ ရှိပလေ့စေ၊ တရားဝင်တော့ မဖြစ်စေနဲ့ ဆိုတဲ့ အခြေအနေမှာ အနိုင်ကျင့် ခံရမှုတွေ၊ အမှောင် ကျသွားတဲ့ ဘ၀တွေ အများကြီး ရှိနိုင်ပါတယ်။

ဒါ့အပြင် ပပ တို့လို အနှိပ်ခန်းမှာ လုပ်ကိုင် နေကြရတဲ့ အနှိပ်သမ တွေဟာ သာမန် လုပ်သားတွေလို လွတ်လွတ် လပ်လပ် သွားလာခွင့် မရှိကြပါဘူး။ တစ်ရက်ကို မိနစ်ပိုင်းမျှသာ အပြင် ထွက်ခွင့် ပေးထားပြီး သတ်မှတ်ချိန်ထက် နောက်ကျမှ ၀င်ရောက် မိရင်တော့ ငွေဒဏ်ပေး ဆောင် ကြရပါတယ်။ ဒါကြောင့်လည်း သူမတို့ဟာ အချိန်တိုင်း လိုလို အနှိပ်ခန်းမှာ ရှိနေကြပြီး လာရောက်တဲ့ ဧည့်သည်တွေကို ၀န်ဆောင်မှု ပေးနေကြတာ ဖြစ်ပါတယ်။

KTV ၊ အနှိပ်ခန်းတွေမှာ လုပ်ကိုင် နေသူတွေဟာ တရားဝင် လုပ်ငန်းတွေ မဟုတ်တဲ့ အတွက် သူတို့ကို အကာအကွယ် ပေးမယ့် အဖွဲ့အစည်းတွေ မရှိပါဘူး။ တခြား လုပ်ငန်းခွင် တွေမှာတော့ အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိကြပေမယ့် ဒီလုပ်ငန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ နိုင်ငံတော် အစိုးရက သတ်မှတ် ထားတာကြောင့် ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြရတဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ ဆုံးရှုံး နေရဆဲ ဖြစ် နေပါတယ်။

““တစ်နေကုန် လက်တွေနာ နေအောင် နှိပ်နိုင် နင်းနိုင်မှ တစ်နေ့ကို ငါးထောင် မရဘူး။ ဒါကို နှမချင်း မစာမနာ သားပြော မယားပြော ပြောတဲ့ သူတွေက ရှိသေးတယ်တဲ့။ အပြော မခံနိုင်လို့ ပြန်ပြော ပြန်ရင်လည်း မန်နေဂျာက ဖောက်သည် ပျက်တယ်ဆိုပြီး ဆူတာ၊ ဆဲတာ ခံရတယ်။ အဲဒီတော့ ဧည့်သည်တွေနဲ့ လိုက်လျော ညီထွေအောင် နေပေး လိုက်ရတာပေါ့”” လို့ ကဗျာက ပြောပါတယ်။

အခုလို လူအများရဲ့ စိတ်မှာ အနှိပ်ခန်း ဆိုတာဟာ မကောင်းတာ လုပ်စားတဲ့ အခန်းလို့ အမြင်လွဲမှား နေတာကြောင့်လည်း ကဗျာ တို့လို ကောင်းရောင်း ကောင်းဝယ် လုပ်ငန်းကို တရားမ၀င် လုပ်နေကြရတဲ့ အမျိုးသမီးငယ်တွေဟာ လူမှု ပတ်ဝန်းကျင်မှာ ခွဲခြား ဆက်ဆံခံရမှုတွေ ရှိနေတယ်လို့ သူတို့က ပြောပါတယ်။ အထူးသဖြင့် သူမတို့ လုပ်ငန်း ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ ခွဲခြား ဆက်ဆံမှုတွေက သူမတို့ကို ပိုပြီး သိမ်ငယ် စေတယ်လို့ ပြောပါ တယ်။

ဟုတ်ပါတယ် ...

ဟုတ်ပါတယ်၊

ကျွန်မတို့ အလုပ်က သဒ္ဒါ စည်းမျဉ်း စည်းကမ်းနဲ့ မကိုက်ညီပါဘူး။

ကျွန်မတို့ ဘ၀တွေကလည်း ၀ါကျ တည်ဆောက်ပုံ မမှန်ကန်ပါဘူး။

ဒါပေမဲ့ ...

ဒါဟာ အမှောင်နဲ့ ချိန်တွယ်ရတဲ့ ၀န်ဆောင်မှုပါရှင်။

““ကျွန်မတို့က ဒီဆိုင်မှာ နေတာ ကိုသိတော့ မကောင်းတာ လုပ်စားတဲ့ မိန်းမလို့ ထင်ပြီး ရောဂါရှိတဲ့ ရောဂါသည် တစ်ယောက်လို ဆက်ဆံပြီး ဈေးမရောင်းတဲ့ ဆိုင်တွေရှိတယ်။ အဲဒီအခါ ကျရင်တော့ ကိုယ့်ဘ၀ကိုယ် သနားမိတယ်””လို့ ပပ က ပတ်ဝန်းကျင်မှာ ကြုံတွေ့ရတဲ့ သူမရဲ့ အတွေ့ကြုံ တစ်ခုကို အခြေခံပြီး ပြောပါတယ်။

တကယ်တော့ အနှိပ်ခန်းမှာ လုပ်ကိုင် နေကြတဲ့ အမျိုးသမီးတိုင်း ဟာ ပြည့်တန်ဆာတွေ မဟုတ်သလို၊ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ အမျိုးသမီးတွေ လည်း မဟုတ်ကြပါဘူး။ စားဝတ်နေရေး ခက်ခဲလွန်းတဲ့ အခြေအနေ ကြောင့်သာ အဆင်ပြေသလို ရုန်းကန် လှုပ်ရှား နေကြရတာ ဖြစ်ပါတယ်။

KTV ၊ အနှိပ်ခန်းတွမှာ လုပ်နေသူတွေက ဧည့်သည် စိတ် ကျေနပ်အောင် ဖျော်ဖြေနိုင်မှ ဘောက်ဆူး ကောင်းကောင်း ရကြတာပါ။

ဧည့်သည်က စိတ်မကျေနပ်လို့ တခြား သူတစ်ယောက်နဲ့ လူစားလဲ ခံလိုက်ရင် အခန်းဝင်တဲ့ Section ကြေး ဆုံးရှုံးမှာကို ကဗျာက စိုးရိမ်ပါတယ်။ အနှိပ်သမ လုပ်လာတာဟာ လပိုင်းသာ ရှိနေတာမို့လို့ “ဘိုင်” များများ ရရေးကို သူမက မျှော်လင့်တာပါ။

“ဘိုင်”များများ ရှိတဲ့ အနှိပ်သမဟာ ဆိုင်ရှင်ရဲ့ အားပေး အားမြှောက်မှုကို ခံရလေ့ရှိပြီး သူများတွေ ထက်လည်း အခွင့်အရေး ပိုမို ရရှိကြပါ တယ်။ ဒါပေမဲ့ “ဘိုင်”တွေ အများကြီး ရဖို့ဆိုတာ ရုပ်ရည် ပြေပြစ်ရုံ၊ စွဲဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ ဧည့်သည်တွေ ကို နွေးနွေး ထွေးထွေး ဆက်ဆံ တတ်ပြီး၊ ဧည့်သည် အလိုကျ မငြိုမငြင် ပြုစု ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။

အနှိပ်ခန်းတွ၊ KTV တွေမှာ လုပ်ကိုင်နေတဲ့ အများစု ကတော့ စီပွားရေး အခြေ အနေကြောင့် တစ်နယ် တစ်ကျေး ကနေလာပြီး လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုဝင် အများစုက သူတို့ ဘယ်လုပ်ငန်းခွင်မှာ အလုပ် လုပ်ကိုင် နေတာလဲ ဆိုတာ အမှန်အတိုင်း မသိရှိကြပါဘူး။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေး စောင့်ရှောက်ရေး အဖွဲ့အစည်းများစွာ ပေါ်ပေါက် လာပါတယ်။ နောက်ဆုံး အဆင့် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် သူတွေရဲ့ အခွင့်အရေး ကို စောင့်ရှောက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်း အနည်းငယ် ပေါ်ပေါက် လာတာကို တွေ့ရပေမယ့် KTV နဲ့ အနှိပ်ခန်းက အမျိုးသမီးတွေ အတွက် ကာကွယ် စောင့်ရှောက်မယ့် အဖွဲ့အစည်းတွေ ပေါ်ပေါက်ဖို့ ဝေးနေဆဲပါပဲ။

ပြည်တွင်းမှာ လှုပ်ရှားမှုတွေ ပြုလုပ် နေကြတဲ့ အမျိုးသမီး အဖွဲ့အစည်း တချို့ဟာ ဟန်ပြ သက်သက်၊ စားကောင်းရုံ သက်သက် အမျိုးသမီး အခွင့်အရေး အတွက် ဆောင်ရွက် နေကြတာ မဟုတ်ပေမယ့် လည်း တကယ် ဖိနှိပ်ခံရတဲ့ အမျိုးသမီးတွေ၊ စားဝတ်နေရေး အခြေအနေကြောင့် ဥပဒေ ပြင်ပကို ရိုးရိုး သားသား ရောက်ရှိသွားတဲ့ အမျိုးသမီးငယ်တွေကို အကာအကွယ် ပေးနိုင်ဖို့ ထိထိ ရောက်ရောက် ဆောင်ရွက်တာမျိုး၊ အားသွန် ခွန်စိုက် ဆောင်ရွက်တာ မျိုးလည်း မတွေ့ရပါဘူး။ အစိုးရ အနေနဲ့ကလည်း ဖြစ်ပေါ်နေတဲ့ အခြေအနေ မှန်ကို လက်ခံပြီး ဒီလို လုပ်ငန်းခွင်ထဲက အမျိုးသမီးငယ်တွေ အခွင့်အရေး အတွက် စဉ်းစား ဆောင်ရွက်ပေးဖို့ အထူး လိုအပ်လှပါတယ်။

(The Messenger ဂျာနယ်တွင် ဖော်ပြ ခဲ့ဖူးသော ဆရာ မောင်ရှင်စော ၏ KTV ကဗျာမှ ကဗျာ စာသား အချို့အား ယခု ဆောင်းပါးတွင် အသုံးပြု ထားပါသည်။)
From: Messenger

www.mmdailystar.com

ယောက်ျားဖြစ်သူ၏ မယားငယ်ကို မိန်းမဖြစ်သူနှင့် အပေါင်းအဖော်များက လူလယ်ကောင်တွင် ကိုယ်လုံးတီးဖြစ်အောင် အင်္ကျီများဆွဲဖြဲ၍ ၀ိုင်းရိုက်

တရုတ် နိုင်ငံတွင် အိမ်ထောင်ရှိ အမျိုးသားနှင့် ငြိစွန်း နေသည်ဟု ဆိုကာ အမျိုးသမီး တစ်ဦးအား မိန်းမ တစ်အုပ်က လူစည်ကားရာ လမ်းလယ်ခေါင်တွင် ရန်လုပ် တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ကူကယ်မည့်သူ မရှိသည့် ယင်းအမျိုးသမီးမှာ လူအုပ်အလယ်တွင် အ၀တ်အစားများ လုံးဝမကျန်သည် အထိ ဆွဲဖြဲခံရကာ ခန္ဓာကိုယ် အနှံ့ကိုလည်း အညိုအမည်းများ စွဲသည်အထိ ရိုက်ပုတ်ခြင်း ခံခဲ့ရသည်။

ဟီနန် ပြည်နယ် ပုယန်းမြို့ အတွင်း လင်းယောင်လီ ဆိုသူ အသက် ၃၈ ရှိ မျိုးသမီးကို လူမြင်ကွင်း တွင်ပင် မိန်းမ တစ်အုပ်က ဝိုင်းရံ ရိုက်နှက် ထုထောင်း နေသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ ဝင်ဆွဲခြင်း ကူညီကြခြင်း မရှိခဲ့ သလို ရဲတစ်ဦး တစ်လေမှလည်း ရောက်ရှိလာ ခဲ့ခြင်း မရှိပေ။

လင်းကို လင်ယောက်ျား ဖြစ်သူနှင့် ဖောက်ပြန် နေသည်ဟု စွပ်စွဲသည့် အမျိုးသမီးနှင့် အတူပါ အဖော်သုံးဦး တို့ က အတင်းဝိုင်းဝန်းကာ အဝတ်အစား များကို ဆွဲချွတ် ဆုတ်ဖြဲ ကြသည်။ ဆံပင်ဆွဲ၍ ထုနှက် ရိုက်ပုတ်သည်။ သားမြတ် များနှင့် ပေါင်ခြံ ကြားကို ထိုးနှက် ကန်ကျောက် ကြသည်။ လင်းမှာ အော်ကာ ဟစ်ကာဖြင့် ၎င်းတို့ လုပ်သမျှကို ခံနေရ သော်လည်း ဖြတ်သွား ဖြတ်လာ မည်သူ တစ်ဦး တစ်ယောက်မှ မကူညီ ကြပေ။

ထိုသို့ လူမှုရေး ဖောက်ပြန်မှုကို တရုတ်လူ့ အသိုင်းအဝိုင်းက လက်ခံခြင်း မရှိ၍ ခုခံနိုင်စွမ်း အလျှဉ်းမရှိဘဲ တိုက်ခိုက်ခံ နေရသော်လည်း ဝင်ရောက် ကူညီရန် မစဉ်းစား ကြခြင်း ဖြစ်သည်။ “ဒီလို ဖြစ်စဉ်တွေက တဖြည်းဖြည်းနဲ့  ပုံမှန်လို ဖြစ်နေပြီ”ဟု အားရအောင် တိုက်ခိုက် ပြီးနောက် အဆိုပါ မိန်းမလေးယောက် ထွက်သွားစဉ် လင်းအား သွားရောက် ကူညီပေး ခဲ့သည့် တစ်ဦးက ပြောသည်။

ဆေးရုံကား ခေါ်၍ လင်းအား ဆေးရုံသို့ ပို့ ဆောင်ခဲ့သည်။ ပွန်းပဲ့ ဒဏ်ရာများ၊ ကန်ကျောက် ခံထားရသည့် သားမြတ်နှင့် ပေါင်ခြံ များတွင် အညိုအမည်းများ စွဲကာ ဒဏ်ရာ ဒဏ်ချက် များဖြင့် လင်းကို ဆေးရုံပို့ ဆောင်ခဲ့သည်။ ပြီးခဲ့သည့် လအတွင်း ကလည်း ရှန်ဒေါင်း ပြည်နယ်တွင် အိမ်ထောင်သည် တစ်ဦးနှင့် ဖောက်ပြန်သည်ဟု ဆိုကာ အမျိုးသမီး တစ်ဦး ယခုကဲ့သို့ပင် ဝိုင်းဝန်း တိုက်ခိုက် ခံရသည်။ ဇူလိုင်လ အတွင်းကလည်း ကျန်စီ ပြည်နယ်တွင် ယင်းသို့ သော တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့ သေးသည်။ သို့သော် ယင်းတိုက်ခိုက်မှု များမှာ တစ်ဘက်သက် တိုက်ခိုက်မှု များသာ ဖြစ်ပြီး တိုက်ခိုက်ခံရသူ အမျိုးသမီးများမှာ အမှန်တကယ်ပင် ဖောက်ပြန်မှု ပြုလုပ်ခဲ့သလား ဆိုသည့် မေးခွန်းကို ဖြေကြားနိုင်သူ မရှိချေ။

ရဲဌာနပြောရေးဆိုခွင့် ရှိသူတစ်ဦးက ထင်မြင်ချက်ပေးရန်ငြင်းပြီး ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အမှုတိုင်ကြားခြင်းမျှ မရောက်ရှိလာသေးကြောင်း ပြောခဲ့သည်။

From: Mizzima

www.mmdailystar.com

လူနှင့် ဆိတ် ကာမ ဆက်ဆံခြင်းကြောင့် လူမျက်နှာနှင့် ဆိတ်ကလေးမွေးလာရသည်ဟု ဝေဖန်မှုများနေ



လူမျက်နှာနှင့် ဆိတ်ကလေး တစ်ကောင် မွေးဖွားမှု ဖြစ်ပေါ်ပြီးနောက် အာ ဂျင်တီးနားနိုင်ငံရှိ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ မိသားစု တစ်စုအား ဝေဖန် အပြစ် တင်ခဲ့ ကြကြောင်း သိရ သည်။

သမားရိုးကျ မဟုတ်သော ဆိတ်ကလေး တစ်ကောင် မွေးဖွားပြီးနောက် အာ ဂျင်တီးနားနိုင်ငံ စင်တရိုဒေသရှိ Vilalba မွေးမြူရေး လုပ်ကိုင်သူ မိသားစုအား အများ က ပြင်းထန်စွာ ဝေဖန်ပြစ်တင် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဒေသ၌ ဖျက်ပိုးများ ကျရောက်မှုကြောင့် ပိုးသတ်ဆေး လွန်လွန်ကဲကဲ သုံးမိရာမှ ယင်းကဲ့ သို့ဖြစ်ရကြောင်း ၄င်းတို့ဘက်က ဆိုသော်လည်း လူနှင့် ဆိတ် ကာမ ဆက်ဆံခြင်းကြောင့် ဖြစ်ရသည်ဟု အများက ဝေဖန်ပြောဆိုကြသည်။

အဆိုပါ မိသားစု၏ အိမ်ရှင်မ ဖြစ်သူ အော်ဂါဗီလဲဘာက စွပ်စွဲမှုများကို ငြင်း ဆိုခဲ့ပြီး ၄င်း၏မိသားစု၌ မည်သူတစ်ဦး တစ်ယောက်မှ တိရစ္ဆာန်နှင့် လိင် ဆက်ဆံ ခြင်း မရှိကြောင်း ဆို သည်။

”ဒီဆိတ်လေးက အသေလေး မွေးလာတာ။ ဒါနဲ့ ကျွန်မတို့ ကျင်းတူးပြီး မီးရှို့ခဲ့ တယ်။ ပိုးသတ်ဆေး လွန်လွန်ကဲကဲ သုံးမိလို့ သန္ဓေပြောင်းပြီး ခုလိုမျက်နှာ ပုံစံ ဖြစ် ရတာပါ။ ဒါကို အိမ်နီးချင်း တစ်ဦးက ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့လို့ အဓိပ္ပာယ် မရှိတဲ့ စွပ်စွဲချက်တွေ ထွက်လာတာပါ”ဟု ၄င်းကဆိုသည်။

TW

Ref: Telegraph.com
From:Popular News

www.mmdailystar.com

ရုပ်ရှင်နှင့် ဗီဒီယိုကားများ ဆင်ဆာပြန်လည်ကြည့်ရှုမည့် အစီအစဉ် သည် အနုပညာသမားများ၏ လုပ်ရပ်ကြောင့် ပြန်ဖြစ်လာရဟု အနုပညာရှင်များကဆို(အနုပညာရှင်များ၏အမြင်များ)

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့မှစတင်၍ ဆင်ဆာ ပြန်လည်ကြည့်ရှုတော့မည့် အပေါ် အနုပညာ လောကသား တချို့၏ အမြင်များကိုလည်းအခုလို ရေးသားဖော်ပြပေးလိုက်ပါတယ်။

ပြေတီဦး
*********
''ဆင်ဆာပြန်ကြည့်တော့မယ် ဆိုတာမျိုးဖြစ်လာတာကိုတော့လုံး ဝမကြိုက်ဘူးပေါ့ဗျာ။ လုံးဝလဲသဘော မကျဘူး။ ဒါပေမဲ့လဲ ဒီလိုမျိုးဖြစ်လာ အောင်လဲ ကိုယ့်လောကသားတွေ ကပဲ လုပ်ခဲ့ကြတာလေ။ အဲတော့သူ များတွေကိုပဲအပြစ်ပြောနေမယ့်အစား ကိုယ်တွေရော ဘာတွေပြင်ဆင် သင့်သလဲဆိုတာ စဉ်းစားသင့်တယ်။ ဒီလောကထဲမှာရှိသမျှသူတွေအား လုံးညီမှာပဲ လိုချင်တာတစ်ခုကိုရမှာ လေ။ အားလုံး တစ်ယောက်တစ်ပေါက် ဖြစ်နေသရွေ့၊ မညီညွှတ်သရွေ့ ကိုယ် လိုချင်တာကို ဘယ်တော့မှရမှာမဟုတ် ဘူး။ ကျွန်တော်တစ်ယောက်တည်းရဲ့ ဆန္ဒအရဆိုရင်တော့ ဆင်ဆာမရှိ တာကြိုက်တာပေါ့ဗျာ။ မရှိဘူးဆိုတာ ကလဲ လုံးဝမရှိတာမျိုးမဟုတ်ဘဲ ရှောင်ကို ရှောင်ကြဉ်ရမယ့်ဟာမျိုးက တော့ရှိတယ်လေ။ ဥပမာကျွန်တော် တို့တိုင်းပြည်မှာ ဗုဒ္ဓဘာသာကိုများ သောအားဖြင့်ကိုးကွယ်ကြတယ်ဆို တော့ ကိုယ်တွေရဲ့ ယဉ်ကျေးမှု၊ ဘာ သာရေး၊ နောက်ပြီးတော့လူမျိုးရေး၊ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ အဲ ဒါမျိုးတွေကိုတော့ တိုက်ရိုက်ထိပါး စော်ကားတာမျိုး မဟုတ်ဘူးဆိုရင် ဆင်ဆာဆိုတာ လုံးဝမရှိသင့်ဘူး''

မြင့်မြတ်
*********
''ဆင်ဆာပြန်ကြည့်ပြီးဆိုတော့ ကျွန်တော်တို့ အနုပညာလောကသား တွေအတွက် အခက်အခဲတော့ နည်း နည်းရှိတာပေါ့နော်။ ဇာတ်လမ်းပိုင်း ဆိုင်ရာတွေ ပြောပုံဆိုပုံတွေ အား လုံးကို ဆင်ဆာဖြတ်တောက်တော့ မယ်ဆိုတာကတော့ အနုပညာဖန်တီး မှုပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါ တယ်။ ဒါပေမဲ့လဲ ကျွန်တော်တို့ လောကသားတွေ အားလုံးရဲ့ လုပ် ဆောင်ချက်တွေကြောင့် အခုလိုပြန် ဖြစ်လာရတာပါ။အဲဒီအတွက်ကျွန် တော်တို့ လောကတစ်ခုလုံး စည်း စည်းလုံးလုံးရှိနေဖို့တော့လိုပါတယ်''

နေတိုး
********
''ဆင်ဆာပြန်ကြည်တော့မယ် ဆိုတဲ့ အပိုင်းကလဲ အများကြီး ရှိတယ်။ အရင်လိုပဲအားလုံးကိုပြန် ကြည့်မှာလား။ ဒါမှမဟုတ်ရင်လဲ ဝတ်စားဆင်ယင်မှု အပိုင်းကိုပဲပြန် ကြည့်မှာလားစသဖြင့်ပေါ့နော်။အားလုံးကိုပြန်ပြီးတော့ ကန့်သတ် သွားမှာလားဆိုတာလဲ ရှိပါတယ်။ဘာပဲဖြစ်ဖြစ် အနုပညာလောက သားတွေ အားလုံးကတော့ဆင်ဆာ မရှိတာကို ကြိုက်ကြတာပဲလေ''

ဦးအေးကြူးလေး(ဇာတ်ညွှန်း)
*******************************
''ဆင်ဆာလွတ်လပ်ခွင့်ကို တောင်းဆိုလာတာက ကိုဇင်ဝိုင်း လက်ထက်ကတည်းက အနုပညာသ မားတွေ တောင်းဆိုလာတာ။ အားလုံး က တောင်းဆိုတော့ လွှတ်ပေးထား တာတစ်နှစ်အတွင်းမှာ ဆင်ဆာပိတ် တဲ့ကားမရှိသလောက်ပဲ။ တဖြည်း ဖြည်းနဲ့ တော်တော်ဆိုးတဲ့ ကားတွေ ပါလာတယ်။ ကိုယ်ရထားတဲ့ လွတ် လပ်ခွင့်ကို ကိုယ်ကထိန်းသိမ်းဖို့တော့ လိုတာပေါ့။ လွတ်လပ်ခွင့်ရပြီဆိုပြီး တော့ လုပ်ချင်တိုင်းလုပ်ရင်တော့ဒီ လိုပဲ ပြန်ဖြစ်လာမှာပဲလေ။ လွတ် လပ်တယ်ဆိုတာက အတွေးအခေါ် လွတ်လပ်ဖို့၊ ဇာတ်လမ်းတွေ လွတ် လပ်ဖို့လေ အညှီအဟောက်ဖက်ကို ဝါသနာပါဖို့ မဟုတ်ဘူးလေ။ တချို့ ကားတွေဆိုရင် မိသားစုကြည့်လို့မရ တဲ့ကားတွေတောင် အများကြီးပဲ''

သီဟဇော်
***********
''ဆင်ဆာပြန်သတ်မှတ်လိုက် ရင်တော့ သွားပြီးပေါ့နော်။ Sexy ကိစ္စနဲ့မဟုတ်ဘဲ တခြားလုပ်ပြမယ် ဆိုတဲ့ ကားတွေဆိုရင်တော့ သွားပြီ ပေါ့နော်။ ဘာမှလုပ်မရတော့ဘူး။ နဂိုကတည်းကမှာ လုပ်ရတာဘောင် ကျဉ်းရတဲ့ကြားထဲ အခုလိုပြန်ဖြစ် တော့ ပိုပြီးတော့ ဘောင်ကျဉ်းသွား တာပေါ့။ ဆင်ဆာလွှတ်ပေးတယ် ဆိုတာက တခြားပိုင်းကို လွတ်ပေး တာ။ Sexy ကိစ္စပိုင်းကို ပြောတာမ ဟုတ်ဘူးဗျာ။ ဒါပေမဲ့ Sexyကိစ္စတွေ ပဲများတယ်။ စကားပြောတဲ့ အပိုင်းဆို ရင်လဲ စောက်တွေနဲ့နှိုင်းတယ်။ ဒါက တော့ ကိုယ်အပြစ် ကိုယ်ခံရတာပဲလေ''

အိန္ဒြာကျော်ဇင်
***************
''အရမ်းတင်းကျပ်မယ်ဆိုတာ ကတော့ သူနေရာလေးနဲ့ သူရှိတာ ပေါ့လေ။ အဝတ်အစားပိုင်းနဲ့ပတ် သက်တဲ့ ဆင်ဆာဆိုရင်လဲ ကာရိုက် တာအရ လိုအပ်တယ်ဆိုရင်တော့ ပေးရမှာပေါ့နော်။ မလိုအပ်ဘဲနဲ့လျှောက် ဖော်နေတာမျိုးဆိုရင်တော့ မဖြစ် သင့်ဘူး။ အူဝဲဆန္ဒအရဆိုရင်တော့ ဆင်ဆာရှိတာ ကောင်းပါတယ်။ ဒါ ပေမဲ့လဲ အရမ်းတင်းကျပ်တာမျိုးတော့ မဖြစ်စေချင်ဘူး။ ဇာတ်လမ်းကိုတော့ ဆင်ဆာမရှိစေချင်ဘူး။ ဇာတ်လမ်း ဆိုတာကသက်သက်ဖျော်ဖြေရေး အနေနဲ့လဲ ချပြတာဆိုတော့ အဲဒီ အပိုင်းကတော့ ဆင်ဆာမလိုအပ်ဘူး လို့အူဝဲထင်တယ်။ မိန်းကလေးတွေ အနေနဲ့ အဝတ်အစားပိုင်းမှာ အရမ်း ကြီးပေါ်ပေါ်လော်လော်ဝတ်တာမျိုး၊ မြင်မကောင်းအောင်ဝတ်တာမျိုးဆို ရင် ဆင်ဆာရှိရမယ်။ လုံခြုံတဲ့ ကာ ရိုက်တာအရ လိုအပ်တယ်။ ဘောင်း ဘီအတိုဝတ်ထားပေမယ့်မပေါ်ဘူးဆို ရင်တော့ဆင်ဆာပေးရမယ်''

သက်မွန်မြင့်
*************
''ဆင်ဆာလွတ်လပ်ခွင့်ပေးပြီး နောက်ပိုင်း ထွက်လာတဲ့ကားတွေကို သက်မွန်သဘောမကျဘူး။ သဘော မကျဘူးဆိုတာက မြန်မာတစ်ယောက် အနေနဲ့ ယဉ်ကျေးမှုကို ကာကွယ်ရ မယ်။ တချို့ကားတွေဆိုရင် ပြောစ မှတ်တွင်ရလောက်အောင် သတင်း ထွက်တာတွေရှိတယ်။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့မြန်မာ့ရုပ်ရှင် တိုးတက်အောင် ကြိုးစားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့လဲ နိုင်ငံခြားပုံရိပ် ကို ယူမှ တိုးတက်မှာကိုတော့ မလို ချင်ဘူး။ ဒါက သက်မွန်စိတ်ရင်းအမှန် နဲ့ပြောတာပါ။ ဆင်ဆာဆိုတာကလဲ သရဲကားဆိုရင် မရိုက်ရဘူး၊ ဟိုကား ဆိုရင် မရိုက်ရဘူးဆိုတာမျိုး မဟုတ် ဘဲ အတိုင်းအတာတစ်ခုထိဆိုရင် တော့ သက်မွန်လက်ခံပါတယ်''

ယုသန္တာတင်
**************
''ဆင်ဆာပြန်တင်းကျပ်တော့ မယ့်ဆိုတဲ့ အပိုင်းကိုကောင်းတဲ့ဘက် က ကြည့်မယ်ဆိုရင်တော့ ကောင်းပါ တယ်။ ယုသဘောဆိုရင်တော့ ဆင် ဆာရှိတာ ကောင်းပါတယ်''

ဂွမ်းပုံကြီး
**********
''ဆင်ဆာလွတ်အောင်ရိုက်တဲ့ ကားတွေဆိုရင်တော့ လွှတ်ပေး လိုက်ပေါ့နော်။ ဇာတ်ကားရိုက်တဲ့ အခါမှာလဲ ရွံစရာပြကွက်တွေကို ရှောင်ပြီးတော့ ရိုက်သင့်တယ်။ ဆင် ဆာဆိုတာကတော့ ရှိမှကောင်းတာ လေ မရှိရင်တော့မကောင်းဘူး။ အခု အခုခေတ်ကလေးတွေကဘောင်းဘီ တိုဝတ်မှာ ဖော်မှ ချွတ်မှ နာမည်ကြီး မယ်လို့ထင်နေတာလေ''

From: NN

www.mmdailystar.com

စောနိုင်ငပိန်းမဟုတ်ပါ စောနိုင်အားလုံးသိပါတယ် အပိုင်း(၃)၊ ကရင်လက်နက်ကိုင်အဖွဲ့များ၏ အတွင်းရေးများ ( ၃ )

ကရင်လက်နက်ကိုင်အဖွဲ့များ၏ အတွင်းရေးများ ( ၃ )

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၄

စောနိုင်ရယ်ချင်မိပါသည်။ ဘာလို့လဲဆိုတော့KNU ထဲမှာဖြစ်ပေါ်နေတဲ့ သစ္စာဖောက်လောက်ကောင်တွေအကြောင်းကရင်ပြည်နယ်ကိုတိုက်ပွဲတွေထဲမှာပဲထားချင်နေတဲ့လူတွေအကြောင်းဖထီးမူတူးတို့လိုငိမ်းချမ်းရေးကိုရည်ရွယ်ချက်ရှိရှိဖော်ဆောင်နေတဲ့လူတွေရှိပါသော်ငြားအာဏာရမ္မက်တွေကြားထဲပဲ ပျော်မွေ့ နေ ချင်တဲ့စီဖိုးရာစိန်တို့ လိုလူတွေအကြောင်းသူကြိုးစွဲရာကရမယ့် ဘာမှမ သိတဲ့ ဒေးဗစ်သာကပေါလိုလူတွေအကြောင်းပြောသမျှယုံပြီး သူတ ပါးသွေး ထိုး စည်းရုံး မှုနောက်ပါ သွားတဲ့နှမြောစရာကောင်း လှသော စစ်သားကောင်းကြီး ဘောကျော်ဟဲလိုလူအကြောင်းအားလုံးကိုနောက်ကွယ်က သွေးထိုး လှုံ့ဆော်ခွဲ ထုတ်နေတဲ့CIAသူလျှိုင်မသီလိုလူတွေအကြောင်းဘယ်သူသေငတေမာပြီးရောအာဏာသာအဓိကကိုယ့်ပြည်နယ်ကိုယ့်လူမျိုးဘာမှကိုမကြည့်တဲ့ဖဒိုမန်းမန်း တို့ စောလှငွေ တို့ လိုလူတွေအကြောင်းကားဆရာဘ၀ကနေ ကိုယ့် ဘာကိုဗိုလ်မှူး ကြီးတပ်ထားတဲ့တိုက်ဂါးလိုလူတွေအကြောင်းဦးစီးချုပ်နေရာမရနိုင်လို့ပုန်ကန်ခွဲထွက်ချင်နေတဲ့DKBAကစာကျော်သက်တို့လိုလူတွေအကြောင်းအစကတည်းကစစ်မတိုက်ဘူးဘဲမှောင်ခိုလုပ်နေရာကစာကျော်သက်အောက်မှာနေရာရလာတဲ့အရိုင်းအစိုင်းကောင်ဆန်းအောင်လိုလူတွေအကြောင်းစီဖိုးရာစိန်တို့လုပ်မယ့်အကြံစည်တွေအကြောင်းအမေရိကန်ရဲ့သွေးထိုးသပ်လျှိုမှုတွေအကြောင်းMPC မှာရှိတဲ့ CIA တွေအကြောင်းအားလုံးအားလုံးကို စောနိုင် ဖွင့်ချခဲ့ တာ ကရင်ပြည်နယ်တစ်ခုတည်းအတွက်ဆိုတာစောနိုင်ရဲ့မိတ်ဆွေအားလုံးသိကြပါသည်။

ကရင်အမျိုးသားခေါင်းဆောင်ကောင်းကြီးတွေလဲစာနိုင်ကိုနားလည်ပေးနိုင်ကြလိမ့် မည်ဟုထင်ပါသည် သို့သော်နရာတိုင်းမှာအတိုက်အခံရှိ တယ်ဆို တာစောနိုင် သိပါသည်။ မငြိမ်းချမ်းလိုသူတွေမှာလည်း ကျွေးမွေးထားတဲ့ တပည့် တပန်းတွေ တစ်ပုံတစ်ပင်ရှိတယ်ဆိုတာစောနိုင်ယုံသည်။

အမှန်တရားတွေချည်းပြောခဲ့သည့် စောနိုင်စကားတွေ မှားပါတယ်ဆိုတာ ဘယ်သူငြင်းချင်သလဲလို့ စောနိုင်စိန်ခေါ်ချင်ပါသေးသည်။ ဒါတွေမဟုတ်ပါဘူးလို့ သတ္တိရှိရှိ ဘယ်သူငြင်းချင်သလဲလို့စောနိုင်မေးချင်ပါသည်။ အချိန်မရွေး ကရင် ကွန်ဂရက် ညီလာခံမှာ ဆုံတွေ့နိုင်ပါသည်ဟု စောနိုင် ထပ်မံပြီး စိန်ခေါ် လိုက်ပါ သည်။ ဒါပေမယ့် စောနိုင်ကို မဲကိစ္စတွေလာလာမေးတာတွေ လာ လာထောက် တာတွေ တွေ့နေ ရပြန်သေးသည်။
အစကတည်းကမပြောချင်လို့ချန်ထားတဲ့ကိစ္စဖြစ်နေတော့စာနိုင်အချိန်ယူစဉ်းစားခဲ့ရသည်။ သို့ပေမယ့် မပြောမဖြစ်တဲ့အခြေနေမှာစောနိုင်ပြောရပေတော့မည်။
ကွန်ကရက်ကိုမယ်လှစခန်းမှာလုပ်ခဲ့တာအားလုံးအသိပင်ဖြစ်သည်။
အစဉ်အလာအရ၊ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုဒေါက်တာဆိုင်မွန်သာ (မဲကံ ကျမ်းစာသင်ကျောင်းအုပ်)နဲ့ဆရာတော်ရောဘတ်ထွေးတို့လုပ်ခဲ့ကြသည်။
ဒေါက်တာဆိုင်မွန်သာအကြောင်းတစ်ခုကြောင့်ကွန်ကရက်ကိုရောက်မလာခဲ့ပါဘူး။ဒါ့ကြောင့်ဆရာတော်ရောဘတ်ထွေးဦးဆောင်ပြီးလုပ်ခဲ့ရတယ်။
အဲဒီမှာ ၇ယောက်အဖွဲ့ ဖွဲ့စည်းခဲ့ပြီးဒီအဖွဲ့ထဲမှာနော်စီးဖိုးရာစိန်နဲ့၊ ဒေးဗစ်သာပေါတို့ဘက်ကလူရင်းKICသတင်းဋ္ဌာနတာဝန်ခံနော်ဖောဂေ၊
ဥက္ကဌဟောင်းဖဒိုဘသင်ရဲ့လူရင်းသေဘောဘိုးအကောက်ဂိတ်တာဝန်ခံ
ဂိတ်မှုးစောသိုးရဲ့သမီးနော်ခူခူးတို့ ပါဝင်ခဲ့တယ်မဟုတ်လား။

ကျန်တာဆရာတော်၂ပါးရယ်မန်းမျိုးမြင့်(မီဒီယာ)ရယ်ပါခဲ့တာပဲလေ။
ညီလာခံအဆက်ဆက်ပြီးရင်မဲတွေဖျက်တာကရင်ကွန်ကရက်ရဲ့ထုံးစံပဲ
ဒါပေမယ့်မဲစာရင်းကစီဖိုးရာစိန်တို့လူရင်းန်ာဖောဂေကိုင်ထားခဲ့တယ်ဆိုတာအားလုံးသိတယ် စောနိုင်လဲသိတယ်။

ဒါကို အထဲမှာမမေးဘဲ အပြင်ဘက်ရောက်မှ ဒီကိစ္စကိုပြောခဲ့တယ်ဆိုမှတော့
ဘယ်ကောင်ကလိန်ကကျစ်ကျသလဲ ဆိုတာအဖြေကရှင်းနေတာပေါ့ကွယ်။
စောနိုင်မဖော်ချင်လို့မဖော်တာမပြောသင့်လို့မပြောတာပုဂ္ဂိုလ်ရေးပါလို့ချန်ထားခဲ့တာဒါကိုလာလာမေးနေလို့စောနိုင် သောက်မြင်ကပ်ပြီးထပြောတာဖြစ်တယ်။
အတ္တတွေ မာနတွေ ဖုံးလွှမ်းပြီး အာဏာရယူလိုမှုတစ်ခုထဲကိုသာကြည့်ခဲ့တဲ့
ဒီလုပ်ရပ်ဟာ KNU ဗဟိုမှာတောင်သိသူရှားတယ်ဆိုတာ ခင်ဗျားတို့သိပါလေစ။
ပြောချင်တာက ခင်ဗျားတို့ စောနိုင်ကို လျှော့မတွက်ပါနဲ့။ စောနိုင်ဟာ စစ်လော်ဘီမဟုတ်သလို အစိုးရဘောမလဲမဟုတ်ဘူး။ စောနိုင်ဟာ ကရင်တစ်မျိုးသားအရေးကိုသာကြည့်မယ့် လူတစ်ယောက်ဆိုတာ ခင်ဗျားတို့မှတ်ထား။

စောနိုင်ငပိန်းမဟုတ်ဘူး....။ စောနိုင်အားလုံးသိတယ်

From: Golden Land Myanmar

www.mmdailystar.com

စစ်သားဟောင်းကြီး ခြေတုဖြင့် ဆိုက်ကားနင်းနေသည်


နေရောင်ရှိနေသော နေ့လယ်ခင်းတစ်ခုတွင် တာမွေဈေးဗလီအနီးရှိ မီးပွိုင့်၌ မီးနီနေစဉ် မော်တော်ယာဉ်ကြီးငယ်ပေါင်းစုံနှင့်အတူ အနှေးယာဉ်ဆိုက်ကားတစ်စီးလည်း ပိတ်မိနေသည်။


မီးပွိုင့်မှ ရုတ်တရုက် မီးစိမ်းပြလိုက်သည့်အချိန်တွင် အရပ်အမောင်းပိန်ပိန်ရှည်ရှည်နှင့် ဆိုက်ကားဆရာက ဆိုက်ကားကို ခပ်သုတ်သုတ်နင်းကာ မီးပွိုင့်ကို ဖြတ်ကူးသွားသည်။ နည်းနည်းလောက် အာရုံစိုက်ကာ ကြည့်လိုက်မည်ဆိုလျှင် ထိုဆိုက်ကားဆရာ၏ ဘယ်ဘက်ခြေထောက်တွင် ခြေတုတပ်ဆင်ထားသည်ကို ဂရုပြုမိပေလိမ့်မည်။

ဆိုက်ကားပေါ်တွင် ခရီးသည်တစ်ဦးတင်ဆောင်လာပြီး ပို၍ခရီးတွင်စေရန် မတ်တတ်ရပ်ကာ အားစိုက်နင်းရင်း တာမွေအဝိုင်းဘက်ခြမ်းသို့သွားသည့် ကားလမ်းမဘက်သို့ အရှိန်ဖြင့် ချိုးကွေ့လိုက်သည်။

ဆိုက်ကားဆရာက ဆိုက်ကားနင်းရ၍ ပြိုက်ပြိုက်ကျလာလေ့ရှိသော ချွေးစက်ချွေးပေါက်များကို သုတ်ဖယ်ရန် ခပ်နွမ်းနွမ်း မျက်နှာသုတ်ပဝါတစ်ထည်ကိုလည်း ဆိုက်ကားဘယ်ဘက်လက်ကိုင်တွင် စည်းနှောင်ထားသည်။

မိုးအကုန် ဆောင်းအကူး နေ့လယ်ခင်း၏ အပူဒဏ်ကို ကာကွယ်ရန် လျှာထိုးဦးထုပ်ကို ဦးခေါင်းထက်တွင် ဆောင်းထားသော ခြေတုတပ်ဆိုက်ကားဆရာမှာ တပ်မတော်သားအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးဝင်းလှိုင်ပင်ဖြစ်သည်။ ၎င်းသည်တစ်ချိန်က အမှတ်(၁) ဆောက်လုပ်ရေးအင်ဂျင်နီယာ
တပ်တွင် ဒုတပ်ကြပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ဦးဝင်းလှိုင်ကို တာမွေဈေးကားဂိတ်အနီး ဆိုက်ကားဂိတ်တွင် တွေ့ရလေ့ရှိသည်။ လွန်ခဲ့သောခုနစ်နှစ်က ကရင်ပြည်နယ်တွင် စစ်မှုထမ်းဆောင်ရင်း သူ၏ဘယ်ခြေထောက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။

ကရင်ပြည်နယ်၊ ဖာပွန်၊ ထိုင်းနယ်အစပ်အနီးတွင် တပ်မတော်မှ KNU နယ်မြေ စစ်ဆင်ရေးအတွက် ရိက္ခာတင်ယာဉ်တန်းများ စစ်စခန်းသို့သွားရန် လမ်းဖောက်နေစဉ် မိုင်းနင်းမိ၍ ဘယ်ခြေထောက်ပြတ်သွားပြီးနောက် ဘဝတစ်ဆစ်ချိုးကာ ဆိုက်ကားဆရာဖြစ်လာခြင်း ဖြစ်သည်။

စစ်သားကြီးမှာ မိုင်းထိ၍ ခြေပြတ်သွားပြီးနောက် ရည်းစားဟောင်းနှင့် အိမ်ထောင်ကျခဲ့သည်။ ခြေပြတ်ခဲ့သော်လည်း အချစ်မပြတ်ခဲ့ပေ။ ၎င်း၏ဇနီး ပထမဆုံးကိုယ်ဝန်ရချိန် ကလေးမွေးဖွားရန် ငွေကြေးလိုအပ်လာ၍ ဆိုက်ကားဆရာဖြစ်လာခြင်းဖြစ်သည်။ နံနက် ၅ နာရီ အိပ်ရာထရသည်။ စီးပွားရှာရန်အတွက် ရွှေပြည်သာရှိ နေအိမ်မှ လိုင်းကားနှစ်ဆင့်စီး၍ တာမွေဈေးရှေ့တွင် ဆိုက်ကားလာနင်းရခြင်းဖြစ်သည်။

သူ့ဆိုက်ကားနင်းသက်မှာ ခြောက်နှစ်ကျော်ရှိပြီဖြစ်ပြီး စီးသူနှင့်ကုန်ပစ္စည်းများကိုတင်၍ လိုရာခရီးကိုနင်းပို့ရသည်။

မိသားစုငါးဦးစာ စားဝတ်နေရေးဖြေရှင်းရန် နေ့စဉ်ဆိုက်ကားနင်းကာ ဝင်ငွေရှာဖွေသည်။ ခြေတုတပ်ပြီး အားစိုက်နင်းရသဖြင့် ခရီးသည်တင်ကာ နင်းရသည့်အချိန်တိုင်း သူ့မျက်နှာတွင် အစဉ်အမြဲ ချွေးများရွှဲနစ်နေတတ်သည်။

တစ်နေ့လျှင် အနည်းဆုံး ဆယ်မိုင်နှုန်းအထက် နင်းရပြီး သူ၏ပုံမှန်အလုပ်သိမ်းချိန်မှာ ညနေ ၆ နာရီဝန်းကျင်ဖြစ်သည်။ ဆိုက်ကားနင်းရာမှရလာသည့် ပျှမ်းမျှဝင်ငွေမှာ တစ်နေ့လျှင် ခုနစ်ထောင်ဝန်းကျင်ရှိပြီး ထိုငွေပမာဏဖြင့်ပင် မိသားစုစားဝတ်နေရေး ဖြေရှင်းနေရသည်။

မိဘများသေဆုံးခြင်း၊ ပညာရေးကို ဆက်လက်သင်ကြားလို စိတ်မရှိခြင်း၊ အလုပ်မလုပ်လိုခြင်း စသည့်စိတ်တို့က သူ့ကို တပ်မတော်တွင်းဝင်ကာ စစ်မှုထမ်းရန် တွန်းပို့ပေးခဲ့သည်။ မိုင်းထိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီးနောက် တပ်မတော်၏ ထောက်ပံ့ကြေးအချို့ရရှိသော်လည်း ထိုငွေဖြင့် မိသားစုဝမ်းမဝသဖြင့် ဆိုက်ကားနင်းကာ ဝင်ငွေရှာရန် ဦးဝင်းလှိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများအနေဖြင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်နေစဉ် ဒဏ်ရာရရှိပါက အရာရှိတစ်ဦးလျှင် ကျပ်တစ်သိန်း၊ အခြားအဆင့်တစ်ဦးလျှင် ကျပ်ငါးသောင်းရသည်။ ၂၀၁၀ မှ ၂၀၁၄ ဇန်နဝါရီထိ ထောက်ပံ့ကြေးကျပ်သိန်းပေါင်း ၂၃,၀၀၀ ကျော် ထောက်ပံ့ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဦးဝင်းလှိုင်ကတော့ ထောက်ပံ့ကြေးကိုသာ စောင့်မျှော်နေရင်း အချိန်ကုန်လွန်နေမည့်အစား ကိုယ့်ချွေးနည်းစာဖြင့် သားသမီးများ၏အနာဂတ်ကို ဖန်တီးလိုသူဖြစ်သည်။

နေ့စဉ်အလုပ်ပြီး၍ ညနေ ၆ နာရီကျော်တွင် အုံနာကြေး ၁၅၀၀ သွင်းပြီး ရွှေပြည်သာနေအိမ်သို့ ပြန်သည်။ ယာဉ်ကြောပိတ်၍ ၂ နာရီကျော်ကြာ ကားစီးရပြီးနောက် အိမ်ပြန်ရောက်သည်။ အိမ်မှာ မိဘအမွေဖြစ်သော ဆယ်ပေပတ်လည် ထရံကာအိမ်ဖြစ်သည်။ ချစ်ဇနီးနှင့်အတူ သားသမီးသုံးယောက်ထွန်းကားပြီး အကြီးဆုံးကငါးနှစ်၊ အလတ်ကသုံးနှစ်၊ အငယ်ဆုံးကတစ်နှစ်ကျော်ပြီဟု စစ်သားဟောင်းကြီးကဆိုသည်။

အကြီးဆုံးသားတော်မောင်ကို လာမည့်နှစ်တွင် မူလတန်းစထားရမည်ဖြစ်ပြီး ကျန်သားသမီးများနောင်ရေးအတွက် ငွေစုနေကြောင်း ၎င်းကဆိုသည်။ ကလေးများအနာဂတ်ကိုလည်း အမြင့်ကိုသာမှန်းထားပြီး ပခုံးထမ်းတင်ရမည်မှာ မိဘတို့ဝတ္တရားဖြစ်သည်ဟု ၎င်း၏စိတ်ဓာတ်ကိုပြောသည်။ ‘‘ကလေးသုံးယောက်လုံး ပညာတတ်စေရမယ်’’ဟု ပညာရေးနှင့်အလှမ်းဝေးခဲ့သော စစ်သားဟောင်းကြီးကပြောသည်။

စစ်သားဟောင်းကြီးသည် သားသမီးနောင်ရေးအတွက် ချွေတာရေးလုပ်ငန်းများ စတင်နေလေပြီ။ ၎င်းကြိုက်နှစ်သက်သောကွမ်းယာကို ဖြတ်သည်။ ဆေးလိပ်ကိုလည်း ဈေးပေါသောဖက်ကြမ်းကို ငွေ ၁၀၀ ဖိုးသာ ဝယ်သောက်သည်။ မိသားစုရေးအတွက် ဈေးဖိုးကို မနက်၊ ညအတွက် ငွေကျပ် ၁၅၀၀ သာ အသုံးပြုသည်။

သို့သော် သားသမီးများ အာဟာရဖြစ်ရန်အတွက် အသားဟင်းတစ်ခွက်၊ အသီးအနှံပါသော အရည်သောက်တို့ဖြင့် အိမ်သူသက်ထားကို လောက်ငအောင် ချက်ပြုတ်စေကြောင်း ၎င်းကဆိုသည်။

အိမ်ရောက်လျှင် မိသားစုနှင့် ညပိုင်းအချိန်များတွင် စနောက်ကျီစယ်ရင်း ဇိမ်ခံအနားယူကြပါသေးသည်။ မြန်မာ့အသံ၊ MRTV 4၊ မြဝတီရုပ်မြင်သံကြားများမှ ကြိုက်နှစ်သက်ရာများကို မိသားစုလိုက်ထိုင်ကြည့်ကြသည်။ ဇိမ်ခံပစ္စည်းအဖြစ် တရုတ်နိုင်ငံထုတ် ၂၁ လက်မတီဗီကို ဝယ်ယူထားသည်မှာ မကြာသေးဟုဆိုသည်။

လူဆင်းရဲသော်လည်း စိတ်ချမ်းသာသည်ဟု ဆိုသည်။ သူ၏အပျော်ဆုံးအချိန်မှာ အလုပ်ပြန်ချိန်ဖြစ်ပြီး အလုပ်ပြန်လျှင် အိမ်ပေါက်ဝမှစောင့်နေသော သမီးငယ်က ရယ်မောကာ အဖေလို့လှမ်းခေါ်ချိန်ဖြစ်သည်ဟု ဆိုသေးသည်။ မိဘတိုင်းအတွက် သားသမီးများသည် အမောပြေဆေးဖြစ်ပါသည်။ ထိုအမောပြေဆေးများနှင့်ပင် မသန်သော်လည်း ရှိသည့်စွမ်းအားဖြင့် ဘဝအမောများ ဖြေဖျောက်ကာ ရှေ့သို့ဆက်လျှောက်သွားမည့် ဦးဝင်းလှိုင်ကို တာမွေဈေးအနီးတစ်ဝိုက် နေပူပူမိုးရွာရွာ တွေ့နိုင်ပါသည်။ ဦးဝင်းလှိုင် ဆိုက်ကားနင်းနေပါသည်။


Issue No.
အတွဲ (၁၃)၊ အမှတ် (၃၂)
From: 7 day

www.mmdailystar.com

လိပ်ကျွန်းလူသတ်မှု အဓိကတရားလိုပြသက်သေ ကိုမောင်မောင်ကို လွှတ်ပေး


ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုရဲ့ အဓိက တရားလိုပြသက်သေ ကိုမောင်မောင် အပါအဝင် ၃ ဦးကို တရားရုံးထုတ်စစ်ဆေးပြီးနောက် အချုပ်ကနေ မနေ့ညနေက အပြီးအပိုင် လွှတ်ပေးလိုက်ပါတယ်။ ကိုမောင်မောင်ဟာ လက်ရှိမှာ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့အတူရှိနေပြီး မြန်မာပြည်ပြန်ဖို့အတွက် သံရုံးကစီစဉ်ပေးတာကို စောင့်ဆိုင်းနေတယ်လို့ အမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

"မနေ့ညနေက သူတို့ကို မင်းတို့သွားချင်တာသွားဆိုပြီး လွှတ်လိုက်တယ်၊ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး၊ တရားဝင်နေထိုင်ခွင့်ဆိုတာလည်း ဘာမှမရှိဘူး၊ ဒီကောင်လေး တစ်ခုခုဖြစ်သွားလို့ရှိရင် တော်တော်စိတ်မကောင်းစရာဖြစ်မယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က သံရုံးကိုသတင်းပို့တဲ့အခါ သံအမတ်ကြီးက ဒီကောင်လေးကို သံရုံးကိုပဲခေါ်လာခဲ့ပါ ကျနော် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်ဆိုတော့ ဒီကောင်လေးဟာ အမှုအတွက် မလိုအပ်တော့ဘူးဆိုရင်တော့ သံရုံးခေါ်ပြီးတော့မှ မြန်မာအစိုးရရဲ့ စောင့်ရှောက်မှုနဲ့ သူ့ရဲ့မိဘလက်ထဲကို ကောင်းကောင်းမွန်မွန်ပြန်ရောက်သွားမှာပါ"
ကိုမောင်မောင်နဲ့ နှစ်ဦးကို မနေ့က စူရတ်ဌာနီခရိုင်က ကော့စမွေတရားရုံးမှာ ရုံးထုတ်ပြီး ကြိုတင်သက်သေ ထွက်ချက်ရယူခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ် ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မိဘတွေကို ထိုင်းနိုင်ငံကိုခေါ်ယူဖို့အတွက် MAT အဖွဲ့က ဦးကျော်သောင်းက မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။

ခိုထောင်ျးွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မနေ့က ဘန်ကောက်မြို့ ဗြိတိန်သံရုံးအရာရှိက မြန်မာနဲ့ ထိုင်းသံရုံးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ထိုင်းသံအရာရှိက ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့အနေနဲ့ DNA မျိုးရိုးဗီဇစစ်ဆေးမှုကလွဲလို့ အမှုနဲ့ပတ်သက်တဲ့ တရားစီရင်မှုတွေမှာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို လေ့လာခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ထိုင်းအစိုးရရဲ့ တရားလိုပြသက်သေတွေဖြစ်တဲ့ ကိုမောင်မောင်၊ ကိုအောင်ဇော်လင်းနဲ့ မနီနီအောင်တို့ရဲ့ စစ်ဆေးထွက်ဆိုချက်တွေကို အစိုးရရှေ့နေတွေ တစ်လအတွင်းစီစစ်ပြီး တရားရုံးကို အမှုတင်သွင်းသွားမယ်လို့ သိရပါတယ်။
ကော့စမွေကျွန်းတရားရုံးမှာ မနေ့က စစ်ဆေးခဲ့ရာမှာ ထိုင်းအစိုးရသက်သေတွေက ဒီအမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်ပက်သက်မှုကို သူတို့ မသိပါဘူးလို့ ထွက်ဆိုခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မြန်မာသုံးဦးကို ထိုင်းအစိုးရက ဒီကနေ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေကြောင့် တရားခံတွေကို ကာကွယ်ပေးနိုင်မယ့်အချက်တွေကို ရရှိထားပြီးအမှုအတွက် အလားအလာကောင်းမွန်တယ်လို့ မြန်မာတရားခံတွေဘက်က လိုက်ပါဆောင်ရွက်နေသူတွေက ပြောပါတယ်။

ခိုတောင်းကျွန်း လူသတ်မှုအတွက် တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဥပဒေဘောင်အတွင်းက တတ်နိုင်သမျှ ကူညီနိုင်ဖို့အတွက် မြန်မာအစိုးရဘက်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
From:RFA

www.mmdailystar.com

မြန်မာယူ ၁၉အသင်း ရှုံးထွက်အဆင့်တွင် ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ရမည်




မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် အာရှ ယူ ၁၉ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် ရှုံးထွက် အဆင့်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု (က) တွင်ပါဝင်ပြီး ယီမင်အသင်းကို ဂိုးမရှိသရေ၊ ထိုင်းအသင်းကို သုံးဂိုးပြတ် နိုင်ခဲ့ပြီး အီရန်အသင်းကို နှစ်ဂိုးပြတ် ရှုံးခဲ့သောကြောင့် ရမှတ်လေးမှတ် ရရှိကာ အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အုပ်စု (ခ) မှ အာရပ်စော်ဘွားများ ပြည်ထောင်စုအသင်း၊ အုပ်စု (က) ပထမ ထိုင်းအသင်းသည် အုပ်စု (ခ) တွင် ဒုတိယနေရာ ရခဲ့သည့် ဥဇဘက်ကစ္စတန် အသင်းတို့ သုဝဏ္ဏကွင်း၌ ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရှုံးထွက်အဆင့် ပြိုင်ပွဲများကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အုပ်စု (ဂ) တွင် အုပ်စုဗိုလ် ဖြစ်သည့် ဂျပန်အသင်းက အုပ်စု (ဃ) မှ ဒုတိယနေရာမှ အီရတ်အသင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင်လည်းကောင်း၊ အုပ်စု (ဃ) တွင် ပထမနေရာ ရခဲ့သည့် ကာတာအသင်းက အုပ်စု (ဂ) တွင် ဒုတိယနေရာမှ တရုတ်အသင်းနှင့် ယင်းကွင်း၌ ည ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အာရှဘောလုံး အင်အားကြီး နိုင်ငံများဖြစ်သည့် အီရန်၊ အာရှယူ ၁၉ လက်ရှိ ချန်ပီယံ တောင်ကိုရီးယား၊ သြစတြေးလျ၊ အရှေ့တောင်အာရှ ဘောလုံး အင်အားကြီး စာရင်းဝင် ဗီယက်နမ် အသင်းတို့ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရှုံးထွက်အဆင့် ပြိုင်ပွဲတွင် အနိုင်ရသည့် လေးသင်းသည် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
 
From: The Voice

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...