Friday, 17 October 2014

ဦးနေမျိုးဇင် ကို ယောင်ခြောက်ဆယ်မဖြစ်စေချင်



ဦးနေမျိုးဇင်သည် ပြည်သူ့ဘက်တော်သားဟု အမည်ခံထားခြင်းကို သဘောကျမိသည်။ လုပ်ဆောင်မှုများကိုလည်း အားပေးထောက်ခံပါသည်။ ရဲဝံ့မှုနှင့် ပြောရဲဆိုရဲရှိမှုများကြောင့်လည်း အားရခဲ့ဖူးပါသည်။ သို့သော် ဦးနေမျိုးဇင်၏ ရပ်တည်ချက်မခိုင်မာမှုနှင့် အလှူငွေသုံးစွဲမှုနှင့် ပတ်သက်၍ သံသယဖြစ်စရာများ၊ မေးခွန်းထုတ်စရာများစွာလည်း ရှိနေသည်။

ဦးနေမျိုးဇင်မှာ ပါတီဝင်တစ်ဦးမဟုတ်သည့်အပြင် နိုင်ငံရေးသမားတစ်ဦးမဟုတ်ပါ၊ သမိုင်းကောင်းခဲ့သူလည်းမဟုတ်သလို ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇ နှင့် အခြားမြန်မာနိုင်ငံအတွက် အရေးပါသည့်အချိန်များက ပါဝင်ခဲ့ဖူးသူလည်းမဟုတ်ပါ။ မကြာသေးမီကသာ ထောင်ကျပြီးနောက် နာမည်ကြီးလာသူတစ်ဦးဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ လက်ခံထားကာ အရောဝင်မှုများ ရှိသော်လည်း နိုင်ငံရေးအင်အားစုများက ခပ်ခွာခွာနေခဲ့ကြသည်ကို သတိပြုမိသည်။ ဒီချုပ်သို့ ချဉ်းကပ်ခဲ့ဖူးသလို၊ ၈၈ ငြိမ်းပွင့်ကိုလည်း ဝင်ရောခဲ့ဖူးသည်။ ပန်းရဲ့လမ်းတွင်လည်း ပါဝင်ခဲ့ဖူးသလို၊ နိုင်ကျဉ်းအဖွဲ့တွင် နေရာရမလားကြိုးစားခဲ့ဖူးသည်။ ဖြူနှင်းထွေးအကြောင်းပြ၍ ဗကသနှင့် ပူးပေါင်းရန် ကြိုးစားခဲ့ဖူးသည်။ ပြည်ပရောက် စစ်မှူထမ်းဟောင်းများအဖွဲ့ (PWVB) မှ လက်ခံခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ထုတ်ပယ်ခဲ့တာကြောင့် ယနေ့အချိန်ထိ မည်သူမျှလက်မခံ၍ တစ်ဦးတည်းရပ်တည် နေရသူဖြစ်သည်။

နောက်ပိုင်းတွင် ကိုထင်ကျော်၊ ဦးဝင်းချို၊ ဦးကိုနီတို့နှင့် မကြာခဏ ပူးပေါင်းလာသည်။ ပူးပေါင်းသည်မှာလည်း လူစိတ်ဝင်စားသည့် အမှုအခင်းများ ဖြစ်ပွားနေမှုကို ပေါ်ပင်လိုက်ကာ ပူးပေါင်းခြင်းဖြစ်သည်။ သို့သော် အဆုံးထိလုပ်ဆောင်သည့် အလုပ်ဟူ၍ မရှိပေ။
လိုင်ဇာအထိ လမ်းလျှောက်သည်ဟုဆိုကာ လှုပ်ရှားခဲ့ဖူးသည်။ နောက်ပိုင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် မတွေ့ရတော့။ ဦးကိုနီနှင့် ဗိုလ်စိန်မှန်ကွင်းတွင် ခြေဥပြင်ရေး ဟောပြောခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဆက်မလုပ်ပြန်တော့။ ကိုထင်ကျော်နှင့် ပူးပေါင်းခဲ့ဖူးသည်။ သို့သော် နောက်ပိုင်း လွတ်မြောက်ရေး ဆန္ဒပြမှုများတွင် မပါတော့။ လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် တစ်ကြိမ်ဆန္ဒပြခဲ့သည်။ ယခုဘာမှမလုပ်ပြန်တော့သည့်အပြင် လုပ်ခဲ့သမျှလည်း တစ်ခုမျှ အောင်မြင်ခြင်းမရှိသေးပေ။

ဦးနေမျိုးဇင်အနေဖြင့် ရပ်တည်ချက်တိတိကျကျ တစ်ခုတည်းထားကာ ဦးတည် လျှောက်လှမ်း ဖို့လိုအပ်သည်။ အခြားအဖွဲ့အစည်းများတွင် သီးခြားအထောက်အပံ့ရှိသော်လည်း ဦးနေမျိုးဇင်က ပြည်တွင်း/ပြည်ပက အလှူရှင်ပြည်သူတို့၏ ချွေးနည်းစာဖြင့် ရပ်တည်နေရသူဖြစ်သည်။ ကိုယ်ပိုင် သမိုင်းမရှိသူဖြစ်သလို ကိုယ်ပိုင်အိတ်စိုက်လုပ်သူမဟုတ်သဖြင့် ထမင်းရှင်များကို ပေါ်ပင်နောက်သို့ ခဏတာလိုက်ကာ လှည့်စားခြင်းမလုပ်ဘဲ အလှူငွေကို စာရင်းဇယားဖြင့် ထုတ်ပြန်သုံးစွဲသင့်ကြောင်း သတိပေးလိုပါသည်။

From: (သားစိုး)

www.mmdailystar.com

သူလိုအမေမျိုး အားကျသည်



၂၀၁၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က မင်္ဂလာဒုံရှိ ကျိက္ကလော့ သီလရှင်ကျောင်းတွင် သီတင်းကျွတ် နှင့် အမေ့မေတ္တာချီးမွမ်းခြင်းအခမ်းအနား ကို ကျင်းပခဲ့သည်။ သံဃာ့နာယက ဥက္ကဌဆရာတော် ဦးစန္ဒောဘာသ နှင့် သီလရှင်စာသင်တိုက် ကျောင်းအုပ်ကြီး ဆရာလေး ဒေါ်ယုဇနဝါသီ တို့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်အချို့ တက်ရောက်ခဲ့တာကြောင့် အလွန်ထူးခြားတဲ့ပွဲဟု ဆိုနိုင်သည်။ အခမ်းအနားတွင် ဒေါ်စုမှ အမေ့မေတ္တာစာမူဆုရ စာရေးဆရာများ ၊ ကဗျာဆုရ ဆရာ/ဆရာမများနဲ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများ ကို ဆုချီးမြှင့်ပေးခဲ့သည်။

ဆုချီးမြှင့်ပွဲအပြီးပြောကြားသော ဒေါ်စု မိန့်ခွန်းကြောင့် အခမ်းအနားသို့ တက်ရောက်လာသော ပရိသတ် ၁၀၀ ကျော်နှင့် ဆုရ ဆရာများ နှင့် ကျောင်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နားမလည်နိုင်ဖြစ်ခဲ့ကြရသည်။ မိန့်ခွန်းတွင် ဒေါ်စုမှ မြန်မာနိုင်ငံရှိ အမေတွေအားလုံးသည် သားများ ကို ပိုချစ်ပြီးဦးစားပေးကြောင်း ပြောဆိုခဲ့သည်။ ဒေါ်စု၏ စကားကြောင့် နားထောင်နေသည့် ကလေးများ မိဘများအပေါ် အထင်အမြင်လွဲ သွားမည်ကို စိုးရိမ်မိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ဆုချီးမြှင့်ပေးခဲ့သည့် အမေ့မေတ္တာ ဆောင်းပါးနှင့် ကဗျာများတွင် သားသမီးချင်း မခွဲခြားဘဲ တန်းတုချစ်တဲ့ အမေ အကြောင်း ဖွဲ့နွဲ့ရေးသားထားသည့် စာများဖြစ်နေသည်။
ထို့အပြင် ဒေါ်စုမှ “သား/သမီး ဆိုတာအရွယ်ရောက်တာနဲ့ ကိုယ့်ခြေထောက်ပေါ်မှာ ရပ်တည်နိုင်ရမယ်၊ ကျွန်မရဲ့ သားဆိုရင် ဗုဒ္ဓဘာသာအကြောင်း မသင်ဘူး” ဟူ၍ ပြောဆိုသွားသည်။ ဒေါ်စု၏ ပြောစကားများသည် မိခင်၏ မေတ္တာကို အလေးအမြတ်ထားပြီး ချီးမွမ်းခန်း ဖွင့်နေသော ဘာသာရေး အခမ်းအနားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

မိဘတိုင်းသည် သားသမီးအားလုံးကို အတူတူ ချစ်ကြတာချည်းဖြစ်ပြီး အရွယ်မရောက်ခင်သာမဟုတ် အသက်ကြီးသည်အထိပင် မိဘများက သားသမီးများကို မေတ္တာဖြင့် စောင့်ရှောက်တတ်ကြသည်ကို မိခင်များက အသိဆုံးဖြစ်ပါသည်။ လွန်ခဲ့တဲ့ ၃ လခန့်ကလည်း သားသမီးတွေက ၁၈ နှစ်ကျော်သွားရင် မိဘတွေနဲ့ ဘာမှမဆိုင်တော့ကြောင်း၊ ဒါကြောင့် ၁၈ နှစ်ကျော် အနောက်နိုင်ငံသားဖြစ်သည့် သားနှစ်ဦးနှင့် သူမ ဘာမှမဆိုင်တော့၍ သမ္မတဖြစ်ခွင့်ရှိကြောင်း ပြောခဲ့ဖူးသည်။
နိဂုံးတွင်တော့ မိဘများအနေနဲ့ ကျွန်မလို မိဘမျိုးဖြစ်စေချင်တယ်ဆိုပြီး ပြောသွားပါသေးသည်။ ဒေါ်စု၏ မိန့်ခွန်းကို နားထောင်သူတွေအားလုံးမှာ ကလေးတွေမျက်နှာကြည့်လိုက်၊ အချင်းချင်းကြည့်လိုက်နှင့် ပြောစရာ စကားလုံးမရှိ ဖြစ်ခဲ့ ကြရသည်။ NLD ပါတီဝင်များကတော့ လက်ခုပ်တီးကြသည်။

အခမ်းအနားမှာ သူမလို အမေမျိုး ဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းသွားသည့် ဒေါ်စုမှာ သား နှစ်ဦးကို ဗုဒ္ဓဘာသာအကြောင်း မသင်ပေးရုံမျှ မက၊ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာ ထုံးတမ်းအစဉ်အလာတွေကိုလည်း သင်ပေးခဲ့ခြင်းမရှိသည်ကို သိနိုင်ပေသည်။ ၁၉၇၃ တွင် အလက်စန္ဒားအဲရစ် နှင့် ၁၉၇၇ ခုနှစ်တွင် ကင်န်အဲရစ် တို့ မွေးဖွားပြီးနောက် မြန်မာစာ၊ မြန်မာစကားကို လုံးဝမသင်ပေးဘဲ အင်္ဂလိပ်လိုသာ သင်ကြားပေးခဲ့သည်။ အရွယ်ရောက်ချိန်မှစ၍ အမေရိကန် စင်တာသို့ပို့ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့၊ ဝတ်စားဆင်ရင်မှုများကို လုံးဝ မသင်ဘဲ အနောက်တိုင်း ယဉ်ကျေးမှုများကို သင်ကြားပေးခဲ့ရာ အသက် ၃၀ ကျော် ကင်မ်အဲရစ် ရန်ကုန်ရောက်ချိန်က ပုဆိုးမဝတ်တတ်၍ ဒုက္ခရောက်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က မိခင်ဒေါ်ခင်ကြည်မှ မြန်မာသံရုံးရှိ မြန်မာစာကြည့်တိုက်သို့ ၂ ပတ် တစ်ကြိမ် ခေါ်သွားလေ့ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ သားဖြစ်သူများကို မြန်မာစာကြည့်တိုက် သို့ ခေါ်သွားခြင်း လုံးဝမရှိသည့်အပြင် မြန်မာသံရုံးနှင့်ပင် အဆက်အသွယ်ဖြတ်ခဲ့ခြင်း၊ သံရုံးမှ ပြုလုပ်သော ရိုးရာဓလေ့ ပွဲလမ်းများသို့ မတက်ဘဲ နောက်တိုင်းပါတီများကိုသာ တက်ရောက်စေခဲ့သည်။ ထို့ကြောင့်ပင် သီတင်းကျွတ်ဖြစ်စေ၊ ဝါဆိုလပြည့်ဖြစ်စေ၊ နှစ်ဆန်းတစ်ရက်နေ့ဖြစ်စေ ဒေါ်စုကို ဗုဒ္ဓဘာသာဝင် သား ၂ ဦးလုံးက လာရောက်ကန်တော့ခြင်းမျိုး မရှိခဲ့ပါ။ ထိုကဲ့သို့သော အနောက်နိုင်ငံအထင်ကြီးကာ အနောက်ယဉ်ကျေးမှုဖုံးလွှမ်းနေသည့် မိခင်တစ်ဦးက မြန်မာ့ရိုးရာ သီတင်းကျွတ်နှင့် သာသာရေးပွဲတွင် ၎င်းအား အတုယူရန် ပြောကြားမှုကို စိတ်မကောင်းဖြစ်မိသည်။
မိန့်ခွန်းပြောရာတွင် ကိုယ့်ဂုဏ်ကိုယ်ဖော်ကာ သူမကို အတုယူရန် ပြောသွားခြင်းမှာ သူတော်ကောင်းတရားနှင့် မညီဟု ယူဆမိသည်။ ကိုယ့်ကိုယ်ကို အထင်ကြီးမှုများလည်း ဖုံးလွှမ်းနေကြောင်း မျက်လုံးများက ဖော်ပြနေသည်။

လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည်မှာ မိခင်ကောင်း မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။ သမ္မတအာဏာ ရလိုမှုအတွက် သားနှစ်ဦးသာမက မြေးများနှင့် ဝေးရာတွင် တစ်ဦးတည်း လာရောက်နေထိုင်မှုကြောင့် မိသားစု တစ်ကွဲတစ်ပြားဘဝ ရောက်နေကြရသည်။ ဤသို့သောအခြေအနေမှာပင် စင်ပေါ်တက်ကာ အတုယူကြရန်ပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်လို အမေမျိုးကိုတော့ အားကျမိပါသည်။


From:We Love True

www.mmdailystar.com

လွတ်လပ်ရေးနေ့တွင် တပ်မတော်က သမ္မတကို ချီတက်အလေးပြုမည်


 နိုင်ငံတော်သမ္မတကို မြန်မာ့တပ်မတော်က ချီတက်အ လေးပြုမည့် ဗိုလ်ရှုခံအခမ်းအနား ကို လာမည့်လွတ်လပ်ရေးနေ့ တွင်  ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာကဲ့သို့ နေ့ထူး နေ့မြတ်များတွင် နိုင်ငံတော်အ ကြီးအကဲပုဂ္ဂိုလ်ကို တပ်မတော်က ဂါရဝပြုခြင်းဖြစ်ကြောင်း နေပြည် တော်ဝန်ကြီးဌာနအသိုင်းအ၀ိုင်း နှင့် နီးစပ်သူများကဆိုသည်။ ဗိုလ် ရှုခံအခမ်းအနားကျင်းပရေးဗဟို ကော်မတီကို နိုင်ငံတော်ဒုတိယ သမ္မတဦးဉာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းခဲ့ပြီး နေပြည်တော်၌ ကျင်းပပြုလုပ် သွားမည့်
ခန်းမ အဆောက်အအုံကိုနေပြည်တော် လွှတ်တော်အဆောက်အအုံရှေ့တွင် ဆောက်လုပ်နေကြောင်း နီးစပ်သူများက ပြောသည်။ ‘‘အရပ်သားနိုင်ငံတော် အကြီးအကဲကိုတပ်က အခမ်းအ နားနဲ့ ဂုဏ်မပြုတာ ကြာပြီ။  မြန် မာ့သမိုင်းမှာ ထူးခြားတဲ့ အခမ်း အနားဖြစ်လာမှာပါ’’ဟု နေပြည် တော်ရှိ အစိုးရ၀န်ကြီးဌာနတစ်ခု မှာ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
ဗိုလ်ရှုခံအခမ်းအနားကျင်းပ ရခြင်းမှာ ကောင်းမွန်သော်လည်း တစ်ကြိမ်တည်းမဟုတ်ဘဲ အစဉ် အလာ ဖြစ်သွားရန် လိုအပ် ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ နိုင်ငံတော်သမ္မတက ခန့် အပ်သည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် သမ္မတ၏ ဦး စီးဦးဆောင်မှုအောက်တွင်ရှိလျှင်ပိုကောင်းကြောင်း နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင် မြင့်က သုံးသပ်သည်။

‘‘ပုံရိပ်အားဖြင့် ပြသတဲ့ သဘောပေါ့။ လက်တွေ့မှာတော့ အဲဒီလောက်အထိ မျှော်မှန်းလို့ရမယ့် အနေအထားမဟုတ်ဘူး’’ဟု စည်သူအောင်မြင့်က မှတ်ချက်ပြု သည်။
လွတ်လပ်ရေးရပြီး ပါလီမန် အစိုးရလက်ထက်တွင် ရန်ကုန်မြို့လွှတ်တော်အဆောက်အအုံရှေ့ ၌ ဗိုလ်ရှုခံအခမ်းအနားကို နှစ်စဉ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိ သည်။ ယင်းအခမ်းအနားတွင် အရပ်သား နိုင်ငံတော်အကြီးအကဲကို တပ်မတော်ကြည်း၊ ရေ၊လေ စစ်ကြောင်းများက ချီတက်အလေးပြုခဲ့ကြောင်း ပါလီမန်အစိုးရခေတ်ကို ဖြတ်သန်းခဲ့သူ ဦးသုဝေက ပြောသည်။ လက်ရှိ အခြေ အနေတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက နိုင်ငံ့အကြီးအကဲဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အခန်းကဏ္ဍကိုမူ မှန်းဆ၍ မရကြောင်း ၎င်းကဆိုသည်။
‘‘ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတက အကြီးအကဲ၊ ကျန်တာသမ္မတ အောက်။ ဒါပေမဲ့ အခုက ဘယ်လိုအနေအထားလဲ မသိနိုင်ဘူး’’ဟု ဦးသုဝေကပြောသည်။
ယင်းဂုဏ်ပြုအခမ်းအနား သို့ စစ်ကြောင်းများနှင့်အတူ တပ် မတော် ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂါရ၀ပြုခြင်း ရှိ၊ မရှိ မှာမူ ခန့်မှန်းပြောဆို၍ မသင့် ကြောင်း နေပြည်တော်ဝန်ကြီးဌာ န အသိုင်းအဝိုင်းမှဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဗိုလ်ရှုခံ အခမ်းအနားအတွက် ပြင်ဆင်နေ သည်များကို တွေ့ရပြီး လုပ်သင့် သည့် အခမ်းအနား တစ်ခုဖြစ် ကြောင်း ပြောသည်။
‘‘၁၉၄၈ က ၆၂ အထိ အစဉ် အလာရှိတယ်။ ဦးနေဝင်း လက် ထက်မှာ ပျက်သွားတာလေ။ ဒါ ကလည်း နိုင်ငံတော်အကြီးအကဲ နဲ့ ကာချုပ်နဲ့က တစ်ယောက် တည်းဖြစ်လို့ အခု သီးခြားဖြစ် သွားပြီဆိုတော့ ဒါ တပ်မတော်က အလေးပြုသင့်တာပေါ့’’ဟု ဦးလှ ဆွေက မှတ်ချက်ပြုသည်။
နိုင်ငံတကာကဲ့သို့ အစိုးရအဖွဲ့ အကြီးအကဲကို တပ်မတော်က ဂါရ၀ပြုခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကြောင်း ဦးသုဝေက သုံးသပ်သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေအ တိုင်း အကြီးအကဲကို တပ်မတော် က အလေးပြုတယ်။ လုပ်ရိုးလုပ် စဉ်ပဲ။ အရင်ကလည်းရှိတယ်။ ပျက်သွားတာ။ ကြည်း၊ ရေ၊ လေ စစ်အင်အားပြတာ တစ်မျိုးပေါ့။ အခုက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ကလည်း ရှိနေ တော့ ဒါလည်း စစ်အင်အားပြချင် တဲ့ သဘောလည်း ပါနိုင်ပါတယ်’’ ဟု ဦးသုဝေက သုံးသပ်ပြောဆို သည်။ တပ်မတော်နေ့အခမ်းအနား တွင် ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာ့တပ်မတော် စစ်ကြောင်း များက ချီတက်အလေးပြုသည့် အစဉ်အလာကို မပယ်ဖျက်စေလို ခြင်းနှင့် လွတ်လပ်ရေးနေ့သည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင် သည့်အတွက် ယင်းနေ့တွင် နိုင်ငံ တော် သမ္မတကို တပ်မတော်မှ ချီ တက်အလေးပြုခြင်း ဖြစ်နိုင် ကြောင်း နေပြည်တော်အသိုင်းအ ဝိုင်းက ခန့်မှန်းပြောဆိုသည်။

From:7day

www.mmdailystar.com

မေးခွန်းများကို ဖြေပါ ….



                                           ဗိုလ်ကြီး မိုးမင်းအောင် အ တွက် သက်ပျောက်ဆွမ်းကပ်နေပုံ

                                                    ဗိုလ်ကြီးမိုးမင်းအောင်  ဇနီးအား  အားပေးနေကြပုံ
၁။ ပြီးခဲ့တဲ့  အွန်လိုင်းခေတ်တစ်လျောက် ….
Blog တွေနဲ့  အကောင့်တွေမှာ …
စစ်တပ် မုန်းတီးရေး ၊ စစ်သားမုန်းတီးရေး ….
အစွန်းရောက် စာတွေပဲ


ကြီးစိုးခဲ့တာ ဟုတ်ပါသလား … ?
အဲဒီ စစ်တပ်ကို စစ်သားတွေကို …
သိမ်းကျုံးအပုပ်ချတဲ့ စာတွေ စတေးတပ်စ်တွေထဲမှာ …
အမှားတွေလဲပါ အမှန်တွေလဲပါ ….
အားလုံးရောနှောပြီး ၀ါးလုံးသိမ်း ရေးခဲ့ကြဖူးပါတယ် …
အခုအထိ ရေးနေတဲ့ သူတွေလဲ ရှိနေဆဲပါ …
ခင်ဗျားတို့ ရေးတာ အကုန်မမှန်ဘူးဗျ …
အဲဒီလို သိမ်းကျုံးမရေးကြပါနဲ့ လို့  …
ကောမန့် လေးတစ်ကြောင်း လောက် …
ဝင်ရေးခဲ့ဖူးပါသလား …?
၂။ မှတ်မိအုန်းမှာပါ …
အိုင်ပက်ကိုင်တဲ့  စစ်ဗိုလ်လေးပုံ …
အွန်လိုင်းပေါ်တင်ပြီး ၀ိုင်းဆဲခဲ့ကြတာ …
ဒါ သဘာဝမကျဘူး မလုပ်ရဘူးလို့  …
ခင်ဗျားတို့ တားခဲ့ဘူးပါသလား …?
အိုင်ပက်ကိုင်တဲ့ စစ်ဗိုလ်ပုံတင်တော့ ….
ဝမ်းသာအားရ လက်ခုပ်တီးနေခဲ့ပြီး …
ကျဆုံးသွားတဲ့  စစ်ဗိုလ်လေးပုံတင်တော့မှ …
ပြည်သူ့ မျက်ရည် မချူပါနဲ့  လို့  လာပြောတဲ့  ခင်ဗျားဟာ ….
ကိုယ့်လုပ်ရပ်ကို တရားတယ် မျှတတယ်လို့  …
ကိုယ့်ကိုယ်ကို ခံယူနေပါသလား ….?
၃။ ဒီမှာလေ …စစ်တပ်က ဖျက်ဆီးတာ …
ဒီမှာလေ … စစ်တပ်က မီးရှို့ သွားတာ …
ဒီမှာလေ … စစ်တပ်က မတရားလုပ်သွားတာ …
ဟုတ်မဟုတ် မှန်မမှန် မသိရတဲ့ ပုံတွေ …
အွန်လိုင်းပေါ်မှာ အများကြီးရှိနေပါတယ် ….
ဟုတ်ကဲ့  … Action ရှိရင် Reaction ရှိပါတယ် …
ကျွန်တော်တို့ လဲ လူတွေပါ …
ခံစားတတ်ပါတယ် …
တုံ့ ပြန်တတ်ပါတယ် …
ကျွန်တော်တို့ ဘက်မှာလဲ ပြန်ပြောချင်တဲ့ စကားတွေ …
ရင် နဲ့  အပြည့်ရှိပါတယ် ….
တစ်ဖက်ကပဲ တင်ပါစေ ပြောပါစေ …
မင်းတို့ က မတင်နဲ့  မပြောနဲ့  …
ဒီလိုပါလား … ?
စစ်တပ်က လုပ်သွားတဲ့ ပုံတွေပဲ တင်ပါစေ …
စစ်တပ်က ခံနေရတာတွေ မတင်ပါနဲ့  …
ဒီလိုပါလား … ?
၎။ ကျဆုံးသွားတဲ့  စစ်သည်လေးတွေပုံတင်လို့  …
ပြည်သူ့ မျက်ရည်ချူတယ်လို့  လာစွပ်စွဲရင် …
လက်နက်ကိုင်ပေါင်း သောင်းခြောက်ထောင် …
နိုင်ငံရေး လုပ်စားတဲ့  လူတစ်သိန်းရှိခဲ့တဲ့ ဒီတိုင်းပြည်မှာ …
စစ်တပ်တစ်ခုတည်းကို တစ်ဖက်သတ်အပြစ်ပုံချပြီး…
ပြည်သူ ထောက်ခံမှု ချူယူနေကြတဲ့  …
အကောင့်တွေ စတေးတပ်စ်တွေ လူတွေ အများကြီးပါ ….
ခင်ဗျားတို့  သူများကို ချနင်းပြီး …
ပြည်သူ့ ထောက်ခံမှု ချူယူနေတယ်လို့  …
မှတ်ချက်သွားရေးခဲ့ ဖူးပါသလား … ?
၅။ စစ်ခွေးတွေ စစ်ခွေးတွေ ဆိုတဲ့ စကားလုံးဟာ …
ကျွန်တော်တို့ စခဲ့တာ မဟုတ်ပါ … 
ဘယ်သူ့ ကို ရည်ရွယ်ပြီး ဒီလိုနှိမ်ချိုးခေါ်ခဲ့သည် ဖြစ်စေ ….
ဒီ အသုံးအနူန်းဟာ ...
အဖွဲ့ အစည်းတစ်ခုလုံးကို သိမ်းကျုံးစော်ကားတဲ့  ...
အသုံးအနူန်း ဖြစ်နေခဲ့တာ ဟုတ်ပါသလား ?
စစ်ခွေးဆိုတာ …
အားလုံးကို ပြောတာ မဟုတ်ဘူးလို့  …
ပြန်ပြောနိုင်ပါတယ် ….
ဒါပေမယ့် အားလုံးကို သိမ်းကျုံးပြောနေတဲ့  သူတွေ လဲ …
ရှိနေတယ် ဆိုတာကို လက်ခံပါသလား ….?
အဲလို မရေးသင့်ဘူး …
မရေးကြပါနဲ့ ဗျာ လို့  …
ခင်ဗျားတို့ တစ်ချက်တစ်လေတောင် …
ဝင်ဟန့် ခဲ့ ဖူးပါသလား … ?
၆။ နောက်ဆုံး ကုန်ကုန် ပြောရရင် …
ပြည်သူ့ မျက်ရည်ချူတော့ရော …
ဘာဖြစ်ပါသလဲ …. ?
ခင်ဗျားတို့ ကြောက်နေတဲ့  ကိစ္စက …
စစ်သားလေးတွေ ....
တကယ်ရင်ဆိုင်ကြုံတွေ့ နေရတဲ့  ဘ၀တွေကို ….
ပြည်သူတွေ သိသွားပြီး ….
စစ်တပ်အပေါ် သနားကရုဏာ သက်လာမှာကို …
ခင်ဗျားတို့ ကြောက်နေတာပါလား ???
ဒါမှမဟုတ် ….
ဆယ်စုနှစ် နှစ်ခုလောက် …
စစ်တပ်ကို လူမမုန်း မုန်းအောင် …
ကြိုးစားပြီး ၀ါဒဖြန့် ခဲ့ရတာတွေ …
အလဟသတ် သဲထဲရေသွန် ဖြစ်ကုန်တော့မှာကို …
ကြောက်နေတာများပါလား …. ?
မေးခွန်းများကို မညာစတမ်း ဖြေပါ …. ။
( ရဲမိုး )
( Photo- ယနေ့ မနက် ၅နာရီ ...
ဗိုလ်ကြီးမိုးမင်းအောင် အတွက် ...
သက်ပျောက်ဆွမ်း ကပ်လှူနေစဉ် ... )
From:

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...