Sunday, 19 October 2014

ဝေဖန်မှု၊ ရူးသွပ်မှုများနှင့် မိန်းမလှများ၏ အရေပြားပေါ်မှ ဆေးမင်ကြောင်



“ဒီး...” စက်၏ တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသော အသံကြောင့် သူမလက်ကို ဆုပ်ကိုင်ထားသော ချစ်သူ၏ လက်ကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ယနေ့ သူမတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိမိတို့၏ နာမည်များကို Tattoo ဆင်တူ လာရောက်ရေးထိုးနေခြင်း ဖြစ်သည်။

နာကျင်ခြင်း ဝေဒနာနှင့်အတူ “ချစ်စု” တစ်ယောက် အတွေးများ ရှုပ်ထွေးနေသည်။ အလွယ်တကူ မမြင်နိုင်သောနေရာတွင် ထိုးသော်လည်း မိဘများ တွေ့သွားလျှင် မိုးမီးလောင်မည်မှန်း သူမ သိသည်။ အခုခေတ်တွင် မိန်းမပျိုများ Tattoo (ဆေးမင်ကြောင်) ထိုးသည့်ကိစ္စမှာ အဆန်းမဟုတ်သော်လည်း ရှေးရိုးဆန်သော မိဘဆွေမျိုးများအကြား ပြဿနာ ဖြစ်နိုင်သည်။ မတတ်နိုင်။ ကောက်ကြောင်းပင် ပြီးဆုံးလု ဖြစ်နေသည့် အချိန်မှတော့ သူမ အရင် Tattoo ရေးထိုးဖူးသော သူငယ်ချင်းမများ၏ လက်စွဲစကားအတိုင်း လွတ်လပ်ရေးကို ဖြည်းဖြည်း တိုက်ယူရပေတော့မည်။

သူမ၏ အတွေးထဲတွင် ရှုပ်ထွေးနေရုံသာမက ဖြူဝင်းသော သူမ၏ ကျောပြင်တွင်လည်း Tattoo ရေးဆွဲသူ၏ လက်ရာ ကောက်ကြောင်းများနှင့်အတူ ထွက်ပေါ်လာသော သွေးစက်များ၊ ဆေးစက်များ ရှုပ်ထွေးနေသည်။

နယ်ပယ်ပေါင်းစုံမှ လူငယ်များအပေါ် လွှမ်းမိုးသြဇာရှိသောသူများ ကမ္ဘာကျော် ဘောလုံးသမားများ၊ အဆိုတော်၊ သရုပ်ဆောင်များ၊ တက်တူးထိုးခြင်းကို ဖက်ရှင်တစ်ခုအဖြစ် ရေးထိုးလာသောကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဘာသာရေးဆိုင်ရာ ရေးထိုးမှုများမှအပ ဖက်ရှင်အဖြစ် တက်တူး ရေးထိုးလာမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ ယင်းသို့ ကမ္ဘာ့ရွာ ၂၁ ရာစုတွင် မြန်မာနိုင်ငံတွင်လည်း တက်တူးရေစီးကြောင်း ယခု ဆယ်စုနှစ်အတွင်း အရှိန်အဟုန် မြင့်လာသည်။

မြန်မာအမျိုးသမီးဟု ဆိုလိုက်လျှင် သနပ်ခါး ပါးကွက်ကြား လုံခြုံသော ဝတ်စားဆင်ယင်မှုဖြင့် အရှက်အကြောက်ကြီး သူများဟု နိုင်ငံတကာက ထင်မြင်ယူဆထားသော ခေတ်အဆက်ဆက် မိဘဆွေမျိုးများ စကားမပယ်ရှားဘဲ ဗိုင်းကောင်းကျောက်ဖိ နေလာသော မြန်မာအမျိုးသမီးများ ယခင် ခေတ်အဆက်ဆက်က အရွယ်ရောက်သော ယောက်ျားပျိုများသာ အထိုးများသော ဆေးမင်ကြောင်များကို ယခုခေတ်တွင် ရေးထိုးမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသည်။

ယခင်ခေတ်များတွင် အရွယ်ရောက်သော ယောက်ျားပျိုများကိုသာ စစ်မှုထမ်းနိုင်သော သူရသတ္တိ ရှိမရှိ စမ်းသပ်သော မင်ကြောင်များနှင့် အလားသဏ္ဌန်တူသော Tattoo ကို ယခုအချိန်တွင် မိမိကြိုက်နှစ်သက်သော နာမည်ကျော်များ၏ ပုံတူများ၊ မွေးနေ့များ၊ ရာသီခွင်များ၊ မိမိတို့၏ စိတ်ခံစားချက်များ စသည်ဖြင့် ဒီဇိုင်းမျိုးစုံတို့ကို နေရာမျိုးစုံတွင် ဖက်ရှင်တစ်ခု အဖြစ် ထိုးလာကြသည်။ “ညီမအမြင်ကတော့ တက်တူးက အနုပညာပါ။ အသားပေါ်မှာ ရေးတဲ့ ပန်းချီပေါ့” ဟု အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ရထားပြီး တက်တူးကို ရူးသွပ်သော လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

သူမ ခန္ဓာကိုယ် နေရာများတွင် သူမ အနုပညာအဖြစ် ခံယူထားသော၊ အသားပေါ်တွင် ရေးဆွဲသော ပန်းချီကားများကို အသက် ၁၈ နှစ်အရွယ်မှ စတင်ပြီး ချိတ်ဆွဲခဲ့သည်။ လက်တွင် နှင်းဆီဖူး၊ ခြေဖမိုးတွင် အတိတ်သည် အကောင်းဆုံး သင်ခန်းစာဟု အဓိပ္ပာယ်ရသော စာတန်းနှင့် လက်ပြင်တွင် လွတ်လပ်မှုကို ဖော်ပြသော အတောင်ပံတစ်စုံ အပါအဝင် အဆိုပါပုံအောက်တွင် သူမ ရူးသွပ်စွာ အားပေးသော နိုင်ငံခြား Rock တေးဂီတ အဖွဲ့တစ်ခု ဖြစ်သော Linkin Park နှင့် ပြည်တွင်း Rock တေးဂီတ အဖွဲ့တစ်ခု ဖြစ်သော Wanted တေးဂီတ အဖွဲ့များ၏ အဖွဲ့တံဆိပ်များနှင့် လက်မောင်းတွင် သူမ၏ရာသီခွင် Libra Zodiac သင်္ကေတ၊ ခြေသလုံးတွင် အင်္ဂလိပ်စာတန်း တစ်ခုကို ရေးထိုးထားသေးသည်။

လူငယ်အများစုသည် ၎င်းတို့၏ ဘဝတွင် အမှတ်တရ ဖြစ်စေသော အကြောင်းအရာများကို တက်တူးအဖြစ် မှတ်တမ်းတင်တတ်ကြပြီး သူမသည်လည်း ထိုသို့ပင် ဖြစ်ကြောင်း တက်တူးတစ်ခု ထိုးပြီးတိုင်း ရေးဆွဲပြီးပုံများကို ပြန်လည်ကြည့်ရှုတိုင်း အားသစ်များ ရရှိကြောင်း Rock ဂီတကို ရူးသွပ်စွာ စွဲလမ်းသူ တစ်ဦးလည်းဖြစ်သူ သူမက ပြောဆိုသည်။

တက်တူးထိုးထားသော အမျိုးသမီးတစ်ဦး လူမြင်ကွင်းကို ထွက်ချိန်တွင် လူငယ်များ၏ အာရုံစိုက်ခြင်းကို ခံရသော်လည်း ရှေးရိုးစွဲ လူကြီးများ၏ နှာခေါင်းရှုံ့ခြင်းကို ခံတတ်ရကြောင်း၊ သူမတို့အား မကောင်းသော လုပ်ငန်းများ လုပ်ကိုင်နေသော အမျိုးသမီးများကဲ့သို့ ကြည့်ရှုခံတတ်ရကြောင်း တက်တူး ရေးဆွဲထားသော အမျိုးသမီး အများစုထံမှ သိရသည်။

“မြန်မာနိုင်ငံ ယဉ်ကျေးမှုအရရယ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို မလုပ်ကိုင်နိုင်သေးတဲ့ အခြေအနေမှာ ညီမ အလွယ်တကူ မမြင်နိုင်ဘဲ မြန်မာဝတ်စားဆင်ယင်မှုနဲ့ သင့်တော့်မယ့် နေရာတွေမှာ တက်တူးရေးဆွဲပါတယ်” ဟု တက်တူးရေးထိုးရန် ဝါသနာပါသူတစ်ဦး ဖြစ်သည့် ရတနာနိုင်က ဆိုသည်။

လူကြီးမိဘများ အနေနှင့်လည်း ၎င်းတို့ဖြတ်သန်းလာသော ဘဝအစိတ်အပိုင်း တစ်လျှောက် အမျိုးသမီးများ တက်တူးထိုးခြင်းကို မကြုံတွေ့ခဲ့ရခြင်းနှင့် ယခင်အချိန်က မကောင်းသော လုပ်ငန်းများကို လုပ်ကိုင်သော အမျိုးသမီးများတွင် ဆေးမင်ကြောင်များ ရှိတတ်သောကြောင့် မိမိတို့၏ သားသမီးများကို ပတ်ဝန်းကျင်၏ အထင်သေးမည်ကို စိုးရိမ်သည့်အတွက် တက်တူးထိုးခြင်းကို လက်မခံနိုင်ခြင်း ဖြစ်ကြောင်း မိဘများထံမှ သိရသည်။

“အိမ်က သမီး နိုင်ငံခြား အဆိုတော်တွေလို တက်တူးထိုးချင်တယ် ပြောလာတယ်။ ထိုးတဲ့နေ့က အိမ်ပေါ်က ဆင်းရမယ်လို့ ဦး တင်းကျပ်ထားတယ်” ဟု အသက် ၄၀ အရွယ် ဖခင်တစ်ဦး ဖြစ်သူ ဦးထွန်းထွန်းလင်းက ဆိုသည်။ မိန်းကလေးတို့ သဘာဝအတိုင်း အလှအပ ကြိုက်နှစ်သက်ကြသည့်အတွက် တက်တူးရေးဆွဲထားသော အမျိုးသမီး အနုပညာရှင်များ အပါအဝင် မြန်မာအမျိုးသမီး အများစုသည် ကြယ်၊ ပန်းများ၊ လိပ်ပြာပုံများကို ရေးထိုးတတ်ကြပြီး အချို့သူများသာ ၎င်းတို့ချစ်သူ၏ အမည်နှင့် အခြားရုပ်ပုံများကို ရေးဆွဲတတ်ကြောင်း တက်တူးရေးဆွဲသည့် လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုခေတ်တွင် တက်တူးကို ဖက်ရှင်တစ်ခုကဲ့သို့ ရေးထိုးသော သူများနှင့် အနုပညာတစ်ခုကဲ့သို့ ရူးသွပ်စွာ ရေးထိုးသူများဟူ၍ အုပ်စုနှစ်ခု ရှိပြီး နှစ်ဖွဲ့စလုံးတွင် တူညီသောအချက်မှာ သူမတို့၏ လူမှုပတ်ဝန်းကျင်တွင် ဝေဖန်မှုများကို အနည်းနှင့်အများ ရင်ဆိုင်ရကြောင်း တက်တူး ရေးဆွဲသည့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်သူ တက်တူးမင်းသူက ပြောဆိုသည်။

လူငယ်တစ်ဦး အနေနှင့် တက်တူးကို စိတ်ဝင်စားသော်လည်း တစ်ချိန်တွင် မိခင်တစ်ဦး ဖြစ်လာနိုင်သည့် အမျိုးသမီးတစ်ဦး အနေနှင့် သားသမီးများ၏ အတုယူမှားခြင်း၊ ငယ်ရွယ်စဉ်အချိန်တွင် ခေတ်ဆန်ပြီး ဆွဲဆောင်မှု ရှိသော်လည်း အသက်ကြီးရင့်လာချိန်တွင် လူငယ်များ၏ အမြင်တွင် မသင့်တော်ခြင်းမျိုး ဖြစ်မည်ကို စိုးရိမ်ကြောင်း အသက် ၁၇ နှစ်အရွယ် ပထမနှစ် ကျောင်းသူတစ်ဦးက ပြောကြားသည်။ “အမေဆိုတာ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြလေ။ မိန်းကလေးဆိုတာ တစ်နေ့မှာ မိခင်ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

ကမ္ဘာကျော် အနုပညာရှင်များ ဖြစ်သော JustinBiber၊ Miley Cyrus တို့ကဲ့သို့ အနုပညာရှင်များတွင် တက်တူးများ ရှိနေသည့် ယနေ့ခေတ်တွင် တက်တူးထိုးသည်မှာ အဆန်းမဟုတ်ကြောင်းနှင့် မိမိတွင်လည်း ချစ်သူ၏ အမည်ကို ထိုးထားကြောင်း အိမ်ကသိလျှင် ဆူပူမည် ဖြစ်သော်လည်း တစ်လခန့်သာ ကြာမည်ဖြစ်ကြောင်း Victoria University တွင် ပညာသင်ကြားနေသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ “ဘယ်မိဘကမှ သူ့တို့သမီး တက်တူးထိုးတာကို ခွင့်မပြုပါဘူး။ ပြောမနိုင်လို့ လွှတ်ထားတာပဲ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ရှေးမြန်မာမင်းများ လက်ထက်က ဆေးမင်ကြောင် ထိုးသော အမျိုးသမီးများ ရှိသော်လည်း လက်ပြင်၊ ကျောနှင့် အလွယ်တကူ မမြင်နိုင်သော နေရာများတွင် ရေးဆွဲတတ်ကြပြီး လူမှန်း မသိတတ်စဉ် အရွယ်က ရေးဆွဲပေးတတ်ကြောင်း ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား စာအုပ်တွင် ဖော်ပြထားသည်။

ယနေ့ခေတ် မိဘအများစု ဖြတ်သန်းလာသော ၁၉၈၀ ပြည့်နှစ် ဝန်းကျင် အချိန်က ဆေးမင်ကြောင် ရှိသည့် အမျိုးသမီးများမှာ ထောင်ထွက်နှင့် မကောင်းသော လုပ်ငန်းများကို လုပ်ကိုင်သောသူ အများစုသာ ဖြစ်ခြင်းကြောင့် အထင်အမြင် သေးခဲ့ကြပြီး ယခုခေတ်တွင် တက်တူး ရေးဆွဲထားသော အမျိုးသမီး အများစုသည် အနုပညာ၊ ဖက်ရှင်အမြင်များဖြင့် ရေးဆွဲထားခြင်း ဖြစ်ကာ ဘွဲ့ရ၊ အလုပ်အကိုင်ရှိသူများ ဖြစ်သည့်အတွက် တက်တူးရေးဆွဲထားသော အမျိုးသမီးများအပေါ် အထင်အမြင်သေးသော အကြည့်များဖြင့် ဝေဖန်ရှုတ်ချနေခြင်းများ လျော့နည်းသွားရန် အချိန်ကာလ တစ်ခုအတွင်း အမြင်ပြောင်းလဲသွားမည်ဟု မျှော်မှန်းကြောင်း တက်တူးကို နှစ်သက်သူ အမျိုးသမီးများက ပြောဆိုသည်။

အောင်သော်ဖြိုး

From: The Voice Weekly

www.mmdailystar.com

အပျိုစင် ဘ၀ကို ပုရိသများထံ လေလံတင် ရောင်းချခဲ့သူ မိန်းမပျို (၈) ဦးအကြောင်း

အမျိုးသမီး တစ်ဦး အတွက် အပျိုစင် ဆိုတဲ့ ဂုဏ်ပုဒ်ဟာ ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ တန်ဖိုးကြီး ရတနာ အဖြစ် တင်စားလေ့ရှိ ကြပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို စွန့်လွှတ်ရ သူတွေ အများအပြားရှိခဲ့ ပါတယ်။ ဒါပေမဲ့ အချို့ အမျိုးသမီး တွေဟာ နောက်ဆုံး အချိန်မှာ ငွေကြေးနဲ့ အပျိုစင်ဘ၀ကို မလဲနိုင်ကြောင်း ငြင်းဆိုတာ မျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အပျိုစင် ဘ၀ကို ရောင်းချမှုတွေဟာ မကြာခဏ ဖြစ်ပွား နေဆဲ ဖြစ်ပါ တယ်။ အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာ ပြီးတဲ့နောက်မှာ အပျိုစင် ဘ၀ကို အွန်လိုင်း ကနေ ရောင်းချ မှုတွေ ရှိလာပါတယ်။ ဒီလို ရောင်းချရာမှာ အချို့က ငွေကြေး အခက်အခဲကြောင့် လည်းကောင်း၊ အချို့က ထင်ရှားလို သောကြောင့် လည်းကောင်း အမျိုးမျိုး ဖြစ်နေတာ တွေ့ရှိခဲ့ရ ပါတယ်။ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချရာမှာ ထင်ရှားတဲ့ အဖြစ်အပျက်တွေ ထဲက အချို့ကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။

၁။ ကေသီကော့ဘ်ဘလာဆန်

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ နေထိုင်တဲ့ ကေသီကော့ဘ်ဘလာဆန်ဟာ ၂၀၀၄ ခုနှစ်မှာ တုန်းက သူ့ရဲ့ အပျိုဝင် ဘ၀ ကို e Bay ၀က်ဘ်ဆိုက်မှာ ဒေါ်လာ (၁၀၀၀၀၀) နဲ့ လေလံတင်ခဲ့ တာမို့ အဲဒီအချိန်က စံချိန်တင်ဈေး အဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။ အဲဒီတုန်းက သူ့ရဲ့ အသက်က (၂၄) နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အွန်လိုင်းမှာ လေလံတင် ပြီးတဲ့နာက်မှာ ပြန်လည် ဖြုတ်ချ သွားလို့ ဘာတွေ ဆက်ဖြစ်သွားသလဲ ဆိုတာ မရှင်းမလင်း ဖြစ်ခဲ့ပါတယ်။

၂။ ရိုစီရိဒ်

အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်တဲ့ ရိုစီရိဒ်ဟာ ၂၀၀၄ ခုနှစ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့ရာ အသက် (၄၄) နှစ် အရွယ် အမျိုးသား တစ်ဦးက ပေါင် (၈၄၀၀)နဲ့ ၀ယ်ယူခဲ့ ပါတယ်။ ရိုစီရိဒ်ဟာ အဲဒီတုန်းက အသက် (၁၈) နှစ်သာ ရှိပါသေးတယ်။ ရိုစီရိဒ်မှာ အမျိုးသားတွေနဲ့ ထိတွေ့ဖူးတဲ့ အတွေ့အကြုံ မရှိပေမယ့် အမျိုးသမီး အချင်းချင်း ချစ်ကြိုက်တဲ့ သူမျိုး ဖြစ်ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချဖို့ အသွား သူရဲ့အမျိုးသမီး အဖော်ကို ခေါ်သွား ခဲ့ပါတယ်။ အဲဒီအမျိုးသမီး အဖော်က ရိုစီရိဒ်ဟာ အပျိုစင်ဘ၀ကို ဆုံးရှုံး ပြီးတဲ့နောက် ငိုကြွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

၃။ ယာတာကို

ပီရူး နိုင်ငံက မော်ဒယ်တစ်ဦး ဖြစ်ပြီး ၂၀၀၅ ခုနှစ်၊ အသက် (၁၈) နှစ် အရွယ်မှာ မိခင် ဖြစ်သူရဲ့ ကျန်းမာရေး စရိတ် လိုအပ်ချက်နဲ့ မောင် ဖြစ်သူကို ထောက်ပံ့ဖို့ အပျိုစင်ဘ၀ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ယာတာကိုဟာ မိသားစု အတွက် အပျိုစင်ဘ၀ကို စွန့်လွှတ်ရာမှာ ဒေါ်လာ (၁ ဒသမ ၃) သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

၎။ နာတာလီ ဒိုင်လန်

နာတာလီ ဒိုင်လန်ဟာ အပျိုစင်ဘ၀ကို ရောင်းချရာမှာ ဒေါ်လာ (၃ ဒသမ ၇) သန်းနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရ တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ အသက် (၂၂) နှစ် အရွယ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ မာစတာဘွဲ့ အတွက် ကြိုးစားရာမှာ လိုအပ်တဲ့ ငွေကြေးကို ရရှိဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ကမ်းလှမ်းတဲ့ ငွေကြေးက အရမ်းများပြားနေ တာမို့ ထောက်ပြစရာ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

၅။ အလီနာ ပါစီရာ

၂၀၀၉ ခုနှစ်၊ အသက် (၁၈) နှစ်အရွယ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ရိုမေးနီးယား နိုင်ငံမှာ မွေးဖွားတဲ့ အလီနာပါစီရာဟာ ကွန်ပျူတာ ဘွဲ့ရယူဖို့ ကြိုးစားရာမှာ ငွေကြေး အခက်အခဲဖြစ်လာ တာကြောင့် အပျိုစင်ဘ၀ကို ရောင်းချခဲ့ခြင်း ဖြစ်ပြီး အသက် (၄၅) နှစ် အရွယ်ရှိ အီတလီ နိုင်ငံသား တစ်ဦးက ပေါင် (၈၈၀၀) နဲ့ ၀ယ်ယူခဲ့ကာ အီတလီ နိုင်ငံ၊ ဗင်းနစ်မြို့ ကိုလည်း အလည်အပတ်ခေါ် ယူသွားခဲ့ ပါတယ်။ အပျိုစင်ဘ၀ကို မရောင်းချမီ အပျို စစ်/မစစ်ကို နှစ်ကြိမ်တိုင်တိုင် စမ်းသပ် စစ်ဆေးမှု ပြုလုပ်ခဲ့ရပါတယ်။

၆။ ရာဖယ်လာ ဖီကို

အီတလီမော်ဒယ်တစ်ဦး ဖြစ်ပြီး ထင်ရှားတဲ့ ရုပ်သံ စီးရီး အချို့မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူး ပါတယ်။ ၂၀၀၉ ခုနှစ်၊ အသက် (၂၀)နှစ် အရွယ်မှာ အပျိုစင်ဘ၀ကို ရောင်းချဖို့ လေလံတင်ခဲ့ပါတယ်။ ရောမမြို့ မှာရှိတဲ့ အိမ်တစ်လုံး ၀ယ်ယူဖို့နဲ့ သရုပ်ဆောင် သင်တန်း တက်ဖို့ အပျိုစင်ဘ၀ကို ရောင်းချပြီး ငွေကြေး ရှာဖွေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ရာဖယ်လာဖီကိုက ယောက်ျားလေး ချစ်သူ မထားဖူးကြောင်း၊ ဒေါ်လာ (၁ ဒသမ ၈)သန်း ရပါ က အပျိုစင်ဘ၀ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဆိုခဲ့ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချရာမှာ မနှစ်သက်သူနဲ့ ဆုံတွေ့ပါက ၀ိုင်သောက်ပြီး အရာ အားလုံးကို မေ့နိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ရာဖယ်လာဖီကို က ပြောခဲ့ပါတယ်။

၇။ အမည်မသိ အမျိုးသမီး

နာမည်အရင်းကို မဖော်ပြဘဲ အပျိုစင်ဘ၀ကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ် ကျောင်းသူ ဖြစ်ပြီး ၂၀၁၀ မှာ အပျိုစင်ဘ၀ ကို ဒေါ်လာ (၃၂၀၀၀) နဲ့ ရောင်းချခဲ့ပါ တယ်။ တက္ကသိုလ် ကျောင်းတက်ဖို့ ငွေကြေး လုံလောက်မှု မရှိတာမို့ အခုလို လုပ်ခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ အပျိုစင် ဘ၀ကို ရယူဖို့ ကမ်းလှမ်းခဲ့သူ အရေအတွက်က (၁၂၀၀) ဦးအထိ ရှိခဲ့ပါတယ်။

၈။ ကာတာရီနာ

ကာတာရီနာဟာ ဘရာဇီးလ်နိုင်ငံက ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၂ မှာ အပျိုစင်ဘ၀ကို လေလံတင်ခဲ့တာ ဖြစ်ပြီး အမေရိကန် နှစ်ဦးနဲ့ အိန်္ဒိယတစ်ဦးတို့ကို ကျော်ဖြတ်ပြီး ဂျပန်တစ်ဦးက ဒေါ်လာ (၇၈၀၀၀၀) နဲ့ လေလံဆွဲနိုင်ခဲ့ တယ်လို့ ဆိုထား ပါတယ်။ကာတာရီနာက သူဟာ ပြည့်တန်ဆာ တစ်ဦး မဟုတ်ဘဲ မိသားစုနဲ့ ဆင်းရဲသူ တွေကို ကူညီနိုင်ဖို့ အခုလို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကာတာရီနာရဲ့ လေလံရောင်းချမှု မရှင်းမလင်း ဖြစ်ခဲ့ပြီး သူ့ရဲ့အကြောင်းကို သြစတြေးလျ ရုပ်သံတစ်ခုက မှတ်တမ်း ရုပ်ရှင် ရိုက်ကူးမယ်လို့ ဆိုထားတာကြောင့် ထောက်ပြစရာ ဖြစ်ခဲ့ပါ တယ်။

From: Messenger

www.mmdailystar.com

ဒီ မြင်ကွင်းမျိုး မြင်ဖူးလား ???



ဒီ မြင်ကွင်းမျိုး မြင်ဖူးလား ???
ဟုတ်ကဲ့  ...
မနေ့ ညက ချောင်းပစ်ခံရလို့  ကျသွားတဲ့  ...
စစ်ခွေးလေး ရဲ့  ဇနီးကို ...
ဝိုင်း အားပေးနေကြတာ ....

စစ်ခွေးလေ ....
ခင်ဗျားတို့ ပြောတဲ့  စစ်ခွေးလေး ...
ကြည်း ၄၇၈၀၄ ဗိုလ်ကြီးမိုးမင်းအောင်တဲ့  ...
ညီလေးရေ ...
ကိုယ်တို့  အသည်းတွေလဲ အကြိမ်ကြိမ်ကွဲနေရပါပြီ ....
ငြိမ်းချမ်းရေး ...
ငြိမ်းချမ်းရေး ...
တစ်ဖက်သတ် ငြိမ်းချမ်းရေး ...
တစ်ဖက်ကို သတ်တဲ့  ငြိမ်းချမ်းရေး .....

From:Ye Moe

www.mmdailystar.com

တပ်မတော်နဲ့ အစိုးရကတော့ တာဝန်ကျေတယ် ခွန်ဥက္ကာ






ပြည်ထောင်စုလွတ်တော်အတွင်းမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာ တည်ဆောက်
နိုင်ဖို့  အတွက် ကျပ်သန်းပေါင်း ၃၅၀ ကျော် အကုန်ကျခံသုံးစွဲသွာမည်ဖြစ်ကြောင်း
ဦးအောင်မင်းက ပြောကြားခဲ့ပါတယ် ။ ဒီလိုပြောကြားခဲ့မူအပေါ်သုံးသပ်ကြည့်ရင်
အစိုးရအနေနဲ့  ငြိမ်းချမ်းရေးအပေါ် အလွန်အလေးအနက်ထားပြီး ဆောက်ရွက်
နေမူဟာ ပေါ်လွင်လှပါတယ်။

ဒီလို ပြောကြားခဲ့မူပေါ် ခွန်ဥက္ကာ တို့ ရဲ့ UNFC မှ နိုင်ဟံသာက " ဒီပိုက်ဆံတွေ အများကြီး သုံးတော့
ဘာလုပ်မှာလဲ လက်မှတ်ထိုးတာတွေ မလိုဖူး နိုင်ငံတကာ အသိအမှတ်ပြုမှုတွေလည်း
မလိုဖူး " ဆိုပြီး ကန့် လန့် တိုက်ခဲ့ပြန်တယ် ။ ဒီလိုပြောဆိုမူတွေကို ထောက်ကြည့်ရင်
ခွန်ဥက္ကာတို့  အဖွဲ့ ဟာ တကယ်တိုင်းပြည်အတွက် စေတနာရှိရဲ့လားဆိုတာ မေးခွန်းထုတ်
စရာဖြစ်လာခဲ့ပါတယ် ။

ခုတလော လက်နက်ကိုင်သောင်းကျန်းသူတွေဟာ တပ်မတော် စစ်ကြောင်းတွေကို လာလာ
ချောင်းပစ် တိုက်ပွဲဖြစ်စဉ်တွေ ငြိမ်းချမ်းရေး ဆွေနွေးပွဲတွေ လုပ်နေတုန်းမှာ ပြန်ဖြစ်လာရတယ် ။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အတွက် ခွန်ဥက္ကာတို့ တကယ်အလုပ်လုပ် ရင်တော့ အောက်ခြေကတပ်တွေ ဒီလိုစည်းမဲ့ကမ်းမဲ့ လုပ်တာတွေ ချိုးဖောက်တာတွေ
 ဘယ်ရှိနိုင်မလဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်က စာနယ်ဇင်းအဖွဲ့ တွေနဲ့ 
တွေ့ တုန်းက ပေါ့ " တိုက်ပွဲဖြစ်စဉ်တွေကို ချပြနေရင် ငြိမ်းချမ်းရေးကို ထိခိုက်မှာကိုဆိုးတဲ့
သဘောထား လေးမှတဆင့် တပ်မတော်ဟာ အစဉ် ငြိမ်းချမ်းရေး ဦးထိပ်ထားတယ်လို့  ကျွန်တော်တို့ 
သိခဲ့ရတယ် ။ဒီလို တပ်မတော် ၊ အစိုးရ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် လှမ်းနေတဲ့ ခြေလှမ်း
အတိုင်း ခွန်ဥက္ကာ UNFC တို့  ရော လိုက်လာပါ့မလား " လို့ စာနယ်ဇင်း အဖွဲ့ ဝင် တစ်ဦးကလည်း ပြောကြားခဲ့ပါတယ် ။

လောလာဆယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေကြားမှာလည်း ခွန်ဥက္ကာ ရဲ့ မိမိ အကျိုးစီးပွားကိုသာ ကြည့်မူ မိန်းမလိုက်စားမူ တွေကြောင့် ကလည်း တဖြည်းဖြည်း ယုံကြည်မူကင်းမဲ့ ထောက်ခံမူနည်းလျက်ရှိပါတယ်။  ၁၉၉၁ က ငြိမ်းချမ်းရေး ယူခဲ့တဲ့ PNO အဖွဲ ဝင်တစ်ဦး က  " ဒီလူကဗျာ သူ့ ကောင်းစားဖို့ ဘဲသိတယ် မိန်းမကလည်းနှစ်ယောက်တောင် ရှိခဲ့တာ သူလိုလူက တကယ်ရင်ထဲက တိုင်းပြည်အတွက် စေတနာရှိတယ် ငြိမ်းချမ်းရေး လိုချင်တယ် ပါးစပ်က ဘယ်လောက် ပြောပြော ကျွန်တော်တို့ ကတော့ အယုံအကြည်ကိုမရှိဖူး " ဟု ခွန်ဥက္ကာနဲ့  ပတ်သတ်ပြီး ပြောခဲ့ဖူးတာကို ကြည့်ရင် တချိန်လုံး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး လို့ သာ ပြောနေတာ
ဟာ စာကောင်းယုံ အသံကောင်း ဟစ်နေသလားဆိုတာ သံသယဝင်စရာပါ။

ဒီအကြောင်းအရာတွေကို ပြန်လည်သုံးသပ်ကြည့်ရင် ပြည်သူတစ်ရပ်လုံးအနေဖြင့် ငြိမ်းချမ်းရေးကို
မျှော်လင်နေတဲ့အချိန်မှာ ခွန်ဥက္ကာ တို့  UNFC ရဲ့ လုပ်ဆောင်မူတွေဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေး
နေဆဲဖြစ်နေတာကို တွေ့ ရမှာဖြစ်ပါတယ်။နှစ် ၆၀ ကျော်မငြိမ်းချမ်းမူတွေကို အဆုံးသတ်နိုင်ဖို့ 
အစိုးရ၊တပ်မတော်နှင့်ပြည်သူတွေက ဝိုင်းဝန်းလုပ်ဆောင်နေချိန်မှာ ခွန်ဥက္ကာတို့ ရဲ့ UNFC ကတမျိုး ၊
တခြားလက်နက်ကိုင်အဖွဲ့ အစည်းတွေက တဖုံး အမျိုးကွဲပြဲနေကြမယ်ဆိုရင် ငြိမ်းချမ်းရေး
ခရီးဟာ နီးသင့်လျက်နဲ့ ဝေးနေဦးမှာဖြစ်ပါတယ် ။ တပ်မတော်နဲ့ အစိုးရကတော့ တာဝန်ကျေပါတယ် ခွန်ဥက္ကာတို့ ဘက်ကတော့ဘယ်လိုလဲဆိုတာ ငြိမ်းချမ်းရေးလိုလားသူ ပြည်သူများကိုယ်စား
မေးခွန်းထုတ်လိုက်ရပါတယ် ။

From: .မောင်အုန်း(တောင်ငူ)

www.mmdailystar.com

လိပ်ကျွန်းလူသတ်မှု ဗြိတိန်ရဲစစ်ဆေးမည်


ထိုင်းနိုင်ငံ Koh Toa ကျွန်းပေါ်မှာ စက်တင်ဘာလက အသတ်ခံခဲ့ရတဲ့ ဗြိတိန်ခရီးသွား နှစ်ယောက်ရဲ့အမှုကို ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့နဲ့
ပူးပေါင်းစစ်ဆေးမယ်လို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။


အီတလီနိုင်ငံ Milan မြို့မှာကျင်းပခဲ့တဲ့ ASEM ထိပ်သီးစည်းဝေးပွဲဘေးပန်းမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့သဘောတူခဲ့ပြီးနောက် ဗြိတိန်မှုခင်းစစ်ရဲအဖွဲ့ တဖွဲ့ ထိုင်းနိုင်ငံမှာ သွားရောက်စုံစမ်းမယ်လို့ ဝန်ကြီးချုပ် Cameron ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းကိုစေလွှတ်မယ့် ဗြိတိန်ရဲတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ကြေညာချက်ထဲမှာ ဖော်ပြထားခြင်း မရှိပေမယ့် ဗြိတိန်ထုတ် Guardian သတင်းစာကြီးမှာတော့ ထိုင်းရဲတွေက မသင်္ကာသူတွေလို့ ပြောနေကြသူနှစ်ယောက်ရဲ့ DNA တွေက လူသတ်မှုနဲ့ ပတ်သက်နေတဲ့ DNA နဲ့ တကယ်တူနေသလားဆိုတာကို သီးခြားလွတ်လပ်တဲ့ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဗြိတိန်ခရီးသွား Hannah Witheridge နဲ့ David Miller တို့ကို သတ်တယ်လို့ စွပ်စွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို
ထိုင်းရဲက ဖမ်းဆီးထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက သူတို့သတ်ပါတယ်လို့ ဝန်ခံအောင် ထိုင်းရဲက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့
ပြောပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေရဲ့ ကိုင်တွယ်ပုံပေါ်မှာလည်း နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ ဗြိတိန်ရဲနဲ့ ထိုင်းတာဝန်ရှိသူတို့ အတူစုံစမ်းဖို့ကိစ္စ အသေးစိတ်ကို ညှိနှိုင်းရဦးမှာဖြစ်ပေမယ့် အမှုမှန်ဖော်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်က ဗြိတိန်သံရုံးကြားမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းစစ်တပ် ဒုတိယပြောခွင့်ရသူရဲ့ အပြောကို Bangkok Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

ဒီအမှုစုံစမ်းမှုကို လွတ်လပ်မျှတပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရက တိုက်တွန်းထားပါတယ်။

From: (BBC)

www.mmdailystar.com

ရင်သားပုံကြော်ငြာကြောင့် တရက်တည်း ယာဉ်တိုက်မှု ၅ဝဝ ဖြစ်??



 မော်စကိုမြို့ကြော်ငြာအေဂျင်စီတခုရဲ့ ဖန်တီးချက်က သူတို့ဆီမှာ အင်မတန်မှ သက်ရောက်မှု အားကြီးခဲ့တယ်လို့ ဆိုရမယ်။

ဖုံးကွယ်အပ်တဲ့အရာကို ဒီအတိုင်းထားရင် ဘာဖြစ်မလဲ ဆိုတာ ဒီအကြောင်းလေးက အဖြေပေးနေပါပြီ။

ဒီကြော်ငြာကြီး ငေးကြည့်မိတဲ့အတွက် ကားအချင်းချင်းတိုက်၊ အဆောက်အအုံတွေ ဝင်တိုက်တာတွေ ဖြစ်သွားတာ တရက်တည်းနဲ့ မတော်တဆမှုပေါင်း ငါးရာကျော်သွားတယ်လို့ ဆိုတယ်။

ကြော်ငြာကို တွေ့တာနဲ့ ပတ်ဝန်းကျင်ကို မမြင်နိုင်လောက်အောင် ဖြစ်သွားတာပေါ့။

ကုန်တင်ကား ၃ဝ မှာ ဒီကြော်ငြာတပ်ပြီး မြို့ထဲလွှတ်လိုက်တာ ဒီလောက်ပမာဏများတဲ့ မတော်တဆမှုဖြစ်သွားခြင်းပါ။
ယာဉ်မောင်းသူတွေက   ရင်သားကြီးကြီး ကြော်ငြာကြီးကြီးကို ငေးနေတုန်း ကိုယ့်ကားကို တခြားကားက ၀င်တိုက်၊ သို့မဟုတ် ကိုယ်က ၀င်တိုက်မိကြတာပါ။

ကြော်ငြာအေဂျင်စီကတော့ ဒါဟာ စမ်းသပ်မှုပါပဲ တဲ့။
ကုန်ကား ထရပ်ကားတွေမှာ ကြော်ငြာတပ်ဆင်ရင် ဘယ်လောက်အထိ သတိပြုမိကြမလဲ ဆိုတာကို သုတေသန လုပ်ကြည့်ခြင်းလို့ ဆိုတယ်။
ကားတွေမှာ ကြော်ငြာချိတ်ခြင်းဟာ ထိရောက်ကြောင်း လှုံ့ဆော်တဲ့သဘောလည်း ပါပါတယ်။

ဒီလုပ်ရပ်ကြောင့် ကန့်ကွက်ပြောဆိုမှုမျိုးစုံနဲ့ ကြုံနေရ၊ တချို့ကတော့ အေဂျင်စီကို တရားစွဲဖို့ ပြင်နေကြပါတယ်။

ပရိုမိုးရှင်းလုပ်မိတဲ့ အေဂျင်စီရဲ့ ပြောခွင့်ရ အရာရှိတဦးကတော့ ... ရင်သားကြီး ငေးကြည့်မိလို့ ယာဉ်တိုက်မှုဖြစ်တာမျိုးအတွက် အာမခံဌာနက မလျော်ပေးဘူးဆိုရင် သူတို့က လျော်ကြေးပေးပါမယ်လို့ ပြောပါတယ်။ 


ဒါကြောင့် မော်စကိုမြို့ ကြော်ငြာအေဂျင်စီက ငွေကုန်သက်သာတဲ့ ထိရောက်မှုလည်းရှိတဲ့ နည်းလမ်းကို သုံးကြဖို့ ဆော်သြနေတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

သို့သော်လည်း ရင်သားပုံကြော်ငြာကြောင့်  ယာဉ်တိုက်မှု အများအပြားဖြစ်သွားတယ်ဆိုတဲ့ Daily Mail ရဲ့ ဒီသတင်းကို အများအပြားက ပြန်လည် ကိုးကား ရေးသားနေကြတာကို အွန်လိုင်းမှာ တွေ့နေရပါတယ်။   

ဒီသတင်း ဘယ်လောက်ထိ မှန်ကန်မှု ရှိသလဲ ဆိုတာကတော့ 
Daily Mail ရဲ့ ထုံးစံအတိုင်း တိတိကျကျ မသိရပါ။ 

သတင်းမှားဖြစ်နိုင်သလို ဖြစ်ရပ်တခုကို ချဲ့ကားပြီးရေးထားတာလည်း ဖြစ်နိုင်ပါတယ်။
 
From:ဧရာဝတီ

www.mmdailystar.com

စစ်တက္ကသိုလ်မှ အငြိမ်းစားသက်ကြီးဆရာများအား ကူညီရန် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ရန် စီစဉ်



စစ်တက္ကသိုလ် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အထိ ပညာသင်ကြားပေးခဲ့သော အသက် (၆၀)နှစ်အထက် အငြိမ်းစား ဆရာ၊ ဆရာမကြီးများအတွက် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများ ကူညီထောက်ပံ့နိုင်ရန် ချယ်ရီရိပ်အမည်ဖြင့် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ဖောင်ဒေးရှင်းကို ၂၀၁၅ အတွင်း စတင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး အသက် (၆၀) အထက် အငြိမ်းစား ဆရာ၊ ဆရာမကြီးများ၏ နေအိမ်များသို့ သွားရောက်၍ အားပေးခြင်း၊ ငွေကြေးအကူအညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့မှ သိရသည်။

‘‘ဗိုလ်လောင်းအမှတ်စဉ်အ လိုက် အာစရိယပူဇော်ပွဲတွေ လုပ် တဲ့အခါကျတော့ တချို့ဆရာကြီး၊ ဆရာမကြီးတွေမှာ အသက်ကြီး လာပြီးတော့ မကျန်းမာတဲ့အခါမှာငွေရေးကြေးရေး အခက်အခဲရှိ တာတွေ တွေ့ရတယ်။ ဒါကို ၀ိုင်း ပြီးတော့ ကူညီပေးပါဦးလို့ မှာခဲ့ တဲ့အတွက်ကြောင့် တည်ထောင်ဖို့စီစဉ်ဖြစ်တာပါ။ နိုင်ငံတစ်ဝန်းလုံး မှာ လုပ်မှာဆိုတော့ ပြည်ထဲရေး ၀န်ကြီးဌာနကို တင်ပြရဦးမှာဆို တော့ ၂၀၁၅ လောက်မှာ စလုပ် ဖြစ်မယ်’’ဟု ချယ်ရီရိပ်ဖောင်ဒေး ရှင်းဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့မှ ဦးခင်မောင်ထွန်းက ပြော သည်။

အဆိုပါ ဖောင်ဒေးရှင်း ရုံးကို ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်၍ ရန်ကုန်၊ မန္တလေးစသည့်မြို့များရှိ အဖွဲ့ဝင်များမှတစ်ဆင့် ဒေသအ သီးသီးတွင် နေထိုင်လျက်ရှိသည့် ဆရာ၊ ဆရာမကြီးများအား ငွေကြေးအထောက်အပံ့အကူအညီများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အငြိမ်းစား ဆရာ၊ ဆရာမကြီးများ (အရာရှိ/အခြားအဆင့်)ကို ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများ ကူညီထောက်ပံ့နိုင်ရန် ဗိုလ်လောင်းအမှတ်စဉ် အလိုက် ပြုလုပ်သော အာစရိယပူဇော်ပွဲများ၌ စိစစ်အတည်ပြုထားသည့် ဆရာများ၏ လက်ရှိနေရပ်လိပ်စာများနှင့် ဗိုလ်လောင်းအ မှတ်စဉ်အလိုက် တာဝန်ခံဆက် သွယ်နိုင်မည့် ပုဂ္ဂိုလ် သုံးဦးမှ ငါးဦးအထိ အမည်စာရင်းများကို အကျိုး ဆောင်အဖွဲ့သို့ ဆက်သွယ်ပေးပို့ ရန် နှိုးဆော်ထားသည်။

‘‘အခုကတည်းက ကျန်းမာ ရေးလိုအပ်တဲ့ဆရာကြီး၊ ဆရာမ ကြီးအချို့ကို ကျန်းမာရေးစောင့် ရှောက်မှုတွေ၊ ကျန်းမာရေးစစ် ဆေးမှုတွေကို စတင်ပြုလုပ်ပေး နေပါတယ်။ တရားဝင် အဖွဲ့အ စည်းကတော့ ၂၀၁၅ မှာ ဖွဲ့စည်း သွားပါမယ်’’ဟု အကျိုးဆောင် အဖွဲ့မှ ဦးဉာဏ်လင်းက ပြောသည်။

အဆိုပါဖောင်ဒေးရှင်းသို့ ရန်ပုံငွေပါဝင်လှူဒါန်းလိုပါက ဘဏ်စာရင်းအမှတ် ၀၃၉၁၂၂၀၀၁၇၇၇၁(ဦးဉာဏ်လင်း/ဦးစိုင်းဝင်းဟန်)သို့ လှူဒါန်းသူ၏ အမည်၊ ဗိုလ် လောင်းအမှတ်၊ သင်တန်းအမှတ် စဉ်၊ နေရပ်လိပ်စာနှင့်အတူ လှူ ဒါန်းနိုင်ကြောင်း အကျိုးဆောင် အဖွဲ့မှ သိရသည်။ စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ယနေ့အထိ မန္တလေးတိုင်း၊ ပြင်ဦး လွင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ် ကာ ဗိုလ်လောင်းသင်တန်းများလေ့ကျင့်သင်ကြားပေးလျက် ရှိ သည်။

From: 7Day

www.mmdailystar.com

ဥက္ကံမြို့ အတွင်း မိန်းကလေး တစ်ဦး ထပ်မံ ပျောက်ဆုံး၊ ပျောက်ဆုံးသူ မိန်းကလေးငယ် (၄) ဦးရှိလာ

ဥက္ကံမြို့ အတွင်း မိန်းကလေး တစ်ဦး ထပ်မံ ပျောက်ဆုံး သွားခဲ့ပြီး (၁၀) ရက်အတွင်း တိုက်ကြီး မြို့နယ်တွင် ပျောက်ဆုံးသူ မိန်းကလေးငယ် လေးဦး အထိရှိ လာကြောင်း ဥက္ကံမြို့နယ် ရဲစခန်းမှ သတင်း ရရှိသည်။

အဆိုပါက မိန်းကလေးမှာ (၁၆) နှစ် အရွယ်ရှိပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းရှိ ဆိုင်တစ်ဆိုင်တွင် အလုပ်ဆင်းချိန်၌ ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း တိုက်ကြီး မြို့မ ရဲစခန်းမှ သိရသည်။ သီတင်းကျွတ် လဆန်းလောက်က ကမာရွတ် မြို့နယ် ကုဋေကြွယ် လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ် နေရင်း နေ့လယ် (၁၁) နာရီ လောက်မှာ ဖိနပ်ဝယ်ဖို့ သွားရင်း ပြန်မရောက် တော့တာလို့ သူ့အစ်မဆီက သိရတယ် ဟု ဥက္ကံမြို့နယ် ရဲစခန်း အမှုစစ်က The Messenger Media သို့ပြောသည်။

အဆိုပါ ပျောက်ဆုံး နေမှုအား ယခုလ (၁၅) ရက်နေ့က ဥက္ကံ မြို့နယ် ရဲစခန်းတွင် ပျောက်ဆုံး နေသူ၏ အစ်မဖြစ်သူ မခင်မျိုးဇော်က တရားလို ပြုလုပ် တိုင်ကြားထား၍ (ပ)၃/ ၂၀၁၄၊ လူပျောက်မှုဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း ၎င်းက ပြောသည်။ ပျောက်ဆုံး နေသော မိန်းကလေး အလုပ်လုပ်နေ သည်မှာ ရက်ပိုင်း မျှသာရှိနေ သေးပြီး ၎င်းဆိုင်တွင် အတူ လုပ်ကိုင်ရန် တစ်ရွာတည်း နေသူ မ၀င်းဌေးမှ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အမှုဖွင့်ထားသူက ပြောဆိုခဲ့ကြောင်း ဥက္ကံရဲစခန်းမှ သိရသည်။

တိုက်ကြီးမြို့နယ်၊ ကတန်စိန် ဒေသအတွင်း အောက်တိုဘာလ (၁၀) ရက်နေ့က ဆယ်တန်း ကျောင်းသူ သုံးဦး ပျောက်ဆုံး နေမှု မှာလည်း ယနေ့ထိ ရှာဖွေ၍ မတွေ့ရှိသေးဘဲ ယခုထပ်မံ ပျောက်ဆုံးရခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပျောက်ဆုံးမှု အတွက် The Messenger Media မှ ကာယကံရှင် ၏ မိဘများ ထံသို့ ဆက်သွယ်ခဲ့ရာတွင် ဖုန်းခေါ်ဆို၍ မရရှိခဲ့ပေ။

Messenger
From:

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...