Tuesday, 21 October 2014

ထိုင်းရုပ်သံနဲ့ အငြင်းပွားဖွယ် လိင်ပိုင်းဆိုင်ရာစော်ကားမှုဇာတ်ဝင်ခန်း


ထိုင်းနိုင်ငံရဲ့ အခန်းဆက်ရုပ်သံဇာတ်လမ်း “The Power of Shadows” ထဲမှာ အရက်မူးလာတဲ့မင်းသားက မင်းသမီးကို မတရားပြုကျင့်တယ်။


နောက်ပိုင်းမှာတော့ သူက မင်းသမီးကို ခွင့်လွှတ်ဖို့ တောင်းပန်တယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီး ပျော်ရွှင်စွာ ဇာတ်သိမ်းလေတယ်။

တွေ့ကြဆုံကြတယ်။ မတရားကျင့်လိုက်တယ်။ လက်ထပ်ကြတယ်။ ဒါဟာ ထိုင်း  အခန်းဆက်ရုပ်သံဇာတ်လမ်းတွေထဲမှာ ရိုးနေပါပြီ။
ဒီပုံစံရိုက်ကူးနေတာတွေကို ပြုပြင်ပြောင်းလဲကြဖို့ တောင်းဆိုတာတွေလည်း များပြားလာပါတယ်။

နိုင်ငံလူဦးရေရဲ့ လေးပုံတပုံ စောင့်ကြည့်ကြတဲ့ ရုပ်သံဇာတ်လမ်းတွဲများကို ရိုက်ကူးသူတွေကတော့ သူတို့ဇာတ်လမ်းတွေထဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ထည့်သွင်းတာဟာ လိုအပ်ချက်အရလို့ ဆိုပါတယ်။

ဒါရိုက်တာ Sitthiwat Tappan ကတော့ ပြည်သူကို ပညာပေးတဲ့အနေနဲ့ မုဒိမ်းကျင့်တဲ့ပြကွက်တွေ ထည့်သွင်းရပါတယ် တဲ့။

“အမျိုးသမီးတယောက် ဆွဲဆောင်မှုရှိရှိဝတ်ထားမယ်၊ (အရက်)သောက်နေတဲ့အမျိုးသားနားကို ဖြတ်သွားမယ် ဆိုရင် အဲဒီလူက ရမ္မက်ဇော ထလာမယ်၊ ဒီအမျိုးသမီးကို တပ်မက်လာမယ်၊ နောက်ဆုံး...ဒီအမျိုးသမီး နိုင်ထက်စီးနင်းလုပ်ခံရမယ်” လို့ သူက ဆိုပါတယ်။

“အမျိုးသမီးတွေ တယောက်တည်းခရီးသွားတာမျိုး၊ ပေါ်အောင် ၀တ်တာမျိုး မလုပ်သင့်ဘူး။ ပြီးတော့ အမျိုးသားတွေလည်း (အရက်)မသောက်သင့်ဘူး ဆိုတာကို ရုပ်သံကနေ ပညာပေးနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

သို့သော်လည်း ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ မုဒိမ်းကောင်တွေကို အပြစ်ပေးအရေးယူတာမျိုး ရိုက်ပြတာ နည်းပါးလွန်းပါတယ်။
သူတို့မတရားကျင့်လိုက်သူတွေကလည်း ဒီဖြစ်ရပ်တွေအကြောင်း ထုတ်ဖော်ပြောဆိုမှု နည်းလွန်းပါတယ်။
ပြင်ပလောကကိုလည်း ဒီပြကွက်တွေက သက်ရောက်မှု ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မုဒိမ်းကျင့်ခံရ၊ မတော်တရော်အလုပ်ခံရသူတွေ အရေးပေါ်ဖုန်းလိုင်းကို   ၃၁,၈၆၆ ကြိမ် ခေါ်ဆိုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ရဲဌာနကတော့ သူတို့ဆီကို အမှုလာဖွင့်တာ ၃,၃ဝဝ ရှိတယ်၊ ဖမ်းဆီးထိန်းသိမ်းမှု အရေအတွက်က ၂,၂၄၅  ရှိတယ်လို့ ဆိုတယ်။

အရေးပေါ်ဖုန်းလိုင်းကို ခေါ်ဆိုမှု သုံးသောင်းကျော် ဆိုတာက အမှန်တကယ် မတရားကျင့်ခံရတဲ့ အရေအတွက်ထက် အများကြီး လျော့နည်းမယ်လို့ ယူဆရပါတယ်။

မနှစ်ကပဲ ညရထားပေါ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးတယောက် မတရားကျင့် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကြောင့် မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေက ထိုင်းတနိုင်ငံလုံး ပွက်လောရိုက်သွားပါတယ်။


  ဒီအမှုအတွက် အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးကို တရားရုံးက  သေဒဏ် အပြစ်ပေးခဲ့တာပါ။ ရထားဌာနကလည်း အမျိုးသမီးတွေ ကလေးတွေ သီးသန့်စီးနင်းနိုင်မယ့် အမျိုးသမီးရဲအရာရှိစောင့်ကြပ်တဲ့ ရထားတွဲ အစီအစဉ်ကို အကောင်အထည်ဖော်ပါတယ်။

သတင်းစာနဲ့ရုပ်သံဆွေးနွေးခန်းတွေမှာ ဒီဖြစ်ရပ်အကြောင်း အကြီးအကျယ် ဆွေးနွေးခဲ့ကြပြီး ရုပ်သံဇာတ်လမ်းတွဲတွေထဲ ချစ်လို့ မုဒိမ်းကျင့်တဲ့ ဇာတ်ကွက်မျိုးတွေ ရပ်တန်းက
ရပ်ကြဖို့ တောင်းဆိုတဲ့ အွန်လိုင်း သဘောထားလက်မှတ်ကောက်ယူရာမှာ လက်မှတ်ပေါင်း သုံးသောင်းကျော် ရပါတယ်။

“ထိုင်းနိုင်ငံရဲ့မုဒိမ်းမှုတွေဟာ ရုပ်သံဇာတ်လမ်းတွဲတွေကြောင့် ဖြစ်တယ်ဆိုပြီး ပြောနေတာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီဇာတ်လမ်းတွဲတွေဟာ ပြဿနာရဲ့ အစိတ်အပိုင်းတခုလို့တော့ ယူဆရပါတယ်” လို့ လက်မှတ် ကောက်ခံမှု အစပြုခဲ့သူ အသက် ၃၆ နှစ်အရွယ် Nitipan Wiprawit ဆိုသူက ပြောပါတယ်။

“မုဒိမ်းကျင့်တာဟာ လက်ခံနိုင်စရာဖြစ်တယ်ဆိုတဲ့သဘော  ရုပ်သံဇာတ်လမ်းတွဲတွေမှာ တွေ့ရပါတယ်။ ဒီလို ရိုက်ပြနေတာတွေကို ရပ်ရမှာဖြစ်ပါတယ်”

 ဒီလို သဘောထားကောက်ခံတဲ့လှုပ်ရှားမှုရဲ့ရလဒ်လို့ပဲ ဆိုရမလား... ရေဒီယိုရုပ်သံထုတ်လွှင့်မှုကော်မရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူတို့ကို ကျန်းမာရေး၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကို စုဝေးစေပြီး ရုပ်သံဇာတ်လမ်းတွဲတွေက ဘာပေးချင်တာလဲ ဆိုတဲ့ အချက်ကို စကားဝိုင်းဖွဲ့ဆွေးနွေးစေခဲ့ပါတယ်။
 
 Thai Soaps Trigger Outcry Over Romanticizing Rape 
 
From:ဧရာဝတီ

www.mmdailystar.com

အိန္ဒိယဘောလုံးသမားတဦးရဲ့ ဂိုးသွင်းပြီး ၀မ်းနည်းဖွယ်ဖြစ်ရပ်

အိန္ဒိယ ဘောလုံးကစားသမားတဦးဟာ သူ့ကန်သွင်းလိုက်တဲ့ ဂိုးအတွက် အောင်ပွဲခံ ဂျွမ်းထိုး လိုက်စဉ် ဒဏ်ရာရ သွားပြီးနောက် နောက်ဆုံး အသက်ပါ ဆုံးပါးသွားခဲ့ရပါတယ်။ 





အသက် ၂၃ နှစ်အရွယ် အိန္ဒိယ ဘောလုံးသမား Peter Biaksangzuala ဟာ အောက်တိုဘာလ ၁၄ ရက်
နေ့က Bethlehem Vengthlang အသင်းနဲ့ Chanmari West အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ကန်သွင်း လိုက်တဲ့ ဘောလုံးက ဂိုးရသွားတာကို ပျော်ရွှင်စွာနဲ့ ဂျွမ်းထိုးစဉ်မှာ ဇက်ကျိုးသွားခဲ့ပြီး ဒဏ်ရာ ပြင်း ထန်စွာ ရသွားခဲ့ပါတယ်။ 

ဒါကြောင့် သူ့ကို  ဆေးရုံ အရေးပေါ် ပို့ခဲ့ပေမယ့် ကံမကောင်းစွာပဲ အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ အသက်ဆုံး ပါးသွားခဲ့ရပါတယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဘောလုံးအဖွဲ့ချုပ်လည်း အတော်ပဲ အလွန်တော်တဲ့ ဘောလုံးအားကစားသမားတယောက်ရဲ့ အခုလို အဖြစ်ဆိုး အတွက် စိတ်ကောင်းဖြစ်နေကြရတယ်လို့သိရပါတယ်။

ဘောလုံးသမား ပီတာရဲ့ ၀မ်းနည်းဖွယ်ဖြစ်ရပ်မြင်ကွင်းကိုလည်း ယူကျုမှာ လူကြည့်များပြီး ကြည့်သူတွေ လည်း ၀မ်းနည်းစကားဆိုနေကြပါတယ်။ 

 


From:ဧရာဝတီ

www.mmdailystar.com

အီတလီလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ယုံကြည်စွာ လာရောက်ရင်းနှီးမြှုပ်နှံရန် ဦးသိန်းစိန် ဖိတ်ကြား

အီတလီဝန်ကြီးချုပ်နှင့် သမ္မတဦးသိန်းစိန် အာရှ-ဥရောပဆွေးနွေးပွဲတွင် တွေ့ဆုံနှုတ်ဆက်နေစဉ်(Daniel Dal Zennaro/ REUTERS)
 
 
မြန်မာနိုင်ငံတွင် နိုင်ငံ တကာရင်းနှီးမြှုပ်နှံသူများကို ကာ ကွယ်စောင့်ရှောက်သည့် ဥပဒေ များ ပြဋ္ဌာန်းထားပြီး စီးပွားရေးစိန်ခေါ်မှုများကို နိုင်ငံတကာမိတ်ဆွေ များနှင့် လက်တွဲဖြေရှင်းလိုသော ကြောင့် အီတလီလုပ်ငန်းရှင်ကြီး များ မြန်မာနိုင်ငံသို့ ယုံယုံကြည် ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ် နှံရန် သမ္မတ ဦးသိန်းစိန်က ဖိတ် ခေါ်ကြောင်း သတင်းရရှိသည်။


အီတလီနိုင်ငံ၊ တူရင်မြို့တွင်အီတလီထိပ်သီးစီးပွားရေးလုပ် ငန်းရှင်ကြီးများနှင့် အောက်တို ဘာ ၁၉ ရက်က သီးသန့်တွေ့ဆုံ ပွဲတွင် သမ္မတက ယင်းသို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်က ပြောကြားသည်။
လက်ရှိတွင် အမေရိကန်၊ ဥရောပသမဂ္ဂအပါအ၀င် နိုင်ငံအ များစုမှာ မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်အတွက် ၂၀၁၅ ရွေး ကောက်ပွဲရလဒ်ကို စောင့်ကြည့် နေသည်။ ထို့ပြင် နိုင်ငံရေးခေါင်း ဆောင်များကြား အားပြိုင်မှုများ နှင့် ညှိနှိုင်းမှုမရှိသေးသည့် အခြေ အနေများ၊ အငြင်းပွားဖွယ် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် မြန်မာနိုင်ငံရေးအ ပြောင်းအလဲမှာ အကျပ်အတည်း ဖြစ်လာနေကြောင်း ပြည်တွင်းနိုင် ငံရေးအင်အားစုများက သုံးသပ် ပြောကြားလာပြီ ဖြစ်သည်။


သို့သော် မြန်မာအစိုးရသက် တမ်း သုံးနှစ်ခွဲအတွင်း စိန်ခေါ်မှု နှင့် အကျပ်အတည်းများကို ရင် ဆိုင်နေရသော်လည်း နောက် ကြောင်းပြန်လှည့်ရန်မရှိသည့်အ တွက် အီတလီလုပ်ငန်းရှင်များအ နေဖြင့် မြန်မာ့နိုင်ငံရေးအပေါ် စိတ်ပူပန်ရန်မလိုကြောင်း သမ္မတက ဥရောပစီးပွားရေးသမားများကို ပြောကြားခဲ့သည်။
‘‘မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ရေးဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူး ပြောင်းရေးဖြစ်စဉ် အောင်မြင် အောင် ကူညီပေးတာပဲ ဖြစ်တယ်။ဒါကြောင့် မြန်မာပြည်သူများရဲ့ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်စေဖို့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သမ္မတက ပြောပါတယ်’’ဟု ဦးရဲ ထွဋ်က ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် အာရှ-ဥရောပထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေး အပြီး အီတလီနိုင်ငံတွင်း ခရီးစဉ် တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် မြန်မာနိုင် ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရှိသည့် အီတလီလျှပ်စစ်ဓာတ် အားထုတ်လုပ်ဖြန့်ဖြူးသည့် IREN ကုမ္ပဏီသို့လည်း သွားရောက် လေ့လာခဲ့သည်။


အီတလီစက်မှုလုပ်ငန်းများ ရှိသည့်မြို့များအနက် အကြီးဆုံး မြို့ဖြစ်သည့် တူရင်မြို့မှ မြို့တော် ၀န် မစ္စတာပရီရိုဖက်ဆီနိုနှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ၂၀၁၅ နှစ်ဆန်းပိုင်းတွင် လာရောက် မည် ဖြစ်ပြီး ရန်ကုန်မြို့နှင့် တူရင်မြို့တို့ကို ညီအစ်မမြို့အဖြစ် တည်ထောင်ရေး ယခုခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံတကာသတင်းများက ဖော်ပြသည်။ ထို့ပြင် တူရင်အခြေစိုက်စီးပွားရေးလုပ် ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်၍ ရင်းနှီးမြှုပ်နှံမှု အလားအလာများဆွေးနွေးရန်ရှိပြီး တူရင်တက္ကသိုလ်နှင့် မြန်မာနိုင်ငံစက်မှုတက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်များအကြား ပူးပေါင်း ဆောင်ရွက်ရေး၊ ထူးချွန်ကျောင်းသားများကို ပညာတော်သင်အဖြစ် လက်ခံရေး၊ တူရင်အခြေစိုက် နည်းပညာကောလိပ် များ၊ သက်မွေးပညာကျောင်းများသို့ မြန်မာပညာတော်သင်များစေလွှတ်ရေးတို့ သဘောတူခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော် ပြထားသည်။


ယခုခရီးစဉ်အတွင်း IREN အပါအ၀င် အီတလီစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှုတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန် ငိုင်းလည်း ပါဝင်ရာ ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးနှင့် သယံဇာတတူးဖော် ရေးလုပ်ငန်းများကို အီတလီလုပ် ငန်းရှင်များနှင့် ဆွေးနွေးခဲ့ဖွယ်ရှိ ကြောင်း သတင်းရရှိသည်။

From:7day

www.mmdailystar.com

ဂုဏ်ယူပါတယ် မြန်မာ ယူ-၁၉

မြန်မာ ယူ− ၁၉ ဘောလုံးအသင်းသားများ အာရှ ယူ−၁၉ အကြိုဗိုလ်လုပွဲတွင် ရေကုန်ရေခန်းကစားပြီးနောက် ကာတာအသင်း၏ အချိန်ပိုသွင်းဂိုး ၃−၂ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ပြီးနောက် ပရိသတ်များကို နှုတ်ဆက်နေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)


ကာတာအသင်းကို အ ချိန်ပိုသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့သော် လည်း မြန်မာကစားသမားများ၏ စွမ်းဆောင်ရည်ကို ဂုဏ်ယူမိ ကြောင်း မြန်မာ ယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။
‘‘မြန်မာအသင်းရဲ့ ဒီနေ့ စွမ်း ဆောင်ရည်ကို အရမ်းကျေနပ်ပါ တယ်။ ဒီလောက် စွမ်းဆောင်ရည် ကို တွေ့ပြီးတဲ့နောက်မှာတော့ မြန်မာအသင်းရဲ့ နည်းပြဖြစ်ရတာ ဂုဏ်ယူတယ်လို့ ပြောရဲသွားပါပြီ’’ဟု အောက်တိုဘာ ၂၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ သည့် အာရှ ယူ-၁၉ ပြိုင်ပွဲ အကြို ဗိုလ်လုပွဲစဉ်တွင် ကာတာအသင်း ကို အချိန်ပိုသွင်းဂိုး ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မစ္စတာဂတ် က မြန်မာအသင်းအတွက် ဂုဏ် ယူစွာပြောသည်။
အာရှထိပ်သီး ကာတာအ သင်းသည် ပထမပိုင်းတွင် မြန်မာ အသင်းကို ဖိအားပေးကစားကာပွဲချိန် ၄၅ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ မြန်မာအသင်း တိုက်စစ်ပိုမြှင့်လာသည့် ဒုတိယ ပိုင်း၌ အခွင့်အရေး ပိုရလာပြီး ပွဲချိန် ၆၁ မိနစ်တွင် အောင်သူက ဂိုးဧရိယာထိပ်မှ လှပစွာကန်သွင်းကာ ချေပဂိုးရယူပေးခဲ့သည်။ နှစ်မိနစ် အကြာ ပွဲချိန် ၆၃ မိနစ်တွင် ပြစ် ဒဏ်ဘောမှတစ်ဆင့် ငြိမ်းချမ်း အောင်က ခေါင်းတိုက်သွင်းယူ ကာ ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။
ပွဲချိန် ၇၄ မိနစ်တွင် ကာတာ အသင်းအတွက် အဖိုးတန်ချေပဂိုးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပွဲချိန် မိနစ် ၉၀ တွင် နှစ်ဂိုးစီ သရေကျနေသည့်အတွက် အချိန် ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ၉၁ မိနစ်တွင် ကာတာအသင်းက အ နိုင်ဂိုးသွင်းယူခဲ့သည်။ မြန်မာအ သင်းသည် အိမ်ကွင်းပရိသတ် သုံးသောင်းဝန်းကျင်ရှေ့၌ ပွဲပြီးခါနီး၌ ဖိကစားကာ ဂိုးရနိုင်သည့် အခွင့်အရေး ရရှိခဲ့သော်လည်း လွဲ ချော်ခဲ့ရသည်။
‘‘မြန်မာအသင်းက တောင့်တင်းတဲ့ အသင်းဆိုတာ သိပါတယ်။ မြန်မာအသင်းကို ချီးကျူးလိုတာက တိုက်စစ်ကို လျှော့မသွားတဲ့ စိတ်ဓာတ်ကိုပါ။ မြန်မာအသင်းဟာ ထိုက်ထိုက်တန်တန်ခြေစစ်ပွဲအောင်တဲ့ အသင်းဖြစ်ပါတယ်’’ ဟု ကာတာအသင်းနည်းပြFelix SanChez က မြန်မာအသင်း
အပေါ် ချီးကျူးပြောကြားသည်။ကာတာအသင်းကို အချိန်ပိုသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်းမြန်မာအသင်း၏ စိတ်ဓာတ်နှင့်ခြေစွမ်းအား မြန်မာပရိသတ်များအထူးကျေနပ်ခဲ့ကြပြီး ပွဲအပြီးတွင်လည်း ကွင်းအပြည့်လက်ခုပ်များတီး အားပေးခဲ့ကြသည်။
‘‘ကျွန်တော့်သက်တမ်းတစ်လျှောက် မြန်မာဘောလုံးအသင်းရှုံးပေမယ့် ကျေနပ်ခဲ့ရတာ ဒီတစ်ပွဲပဲရှိသေးတယ်’’ဟု အသက် ၃၀ အရွယ် ပရိသတ်တစ်ဦးက သုဝဏ္ဏကွင်းမှအပြန်တွင် ၎င်း၏ခံစားချက်ကို ပြောပြခဲ့သည်။
အခြား အကြိုဗိုလ်လုပွဲစဉ်တွင် မြောက်ကိုရီးယားက ဥဇဘက်ကစ္စတန်အသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ထို့ကြောင့် ဗိုလ်လုပွဲတွင် မြောက်ကိုရီးယားနှင့် ကာတာ အသင်းတို့သည် အောက်တိုဘာ ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ တတိယလုပွဲကိုမူ မကစားတော့ပေ။ မြန်မာအသင်းသည် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း လာမည့် ၂၀၁၅ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီဖြစ်သည်။


From:7day

www.mmdailystar.com

မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့နှိပ်စက်ခြင်း ရှိ၊ မရှိ ထိုင်းလူ့အခွင့်အရေး ကော်မရှင် စုံစမ်းမည်


လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် သံသယ တရားခံမြန်မာလုပ်သား နှစ်ဦးကို ရဲတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်းခဲ့ သည်ဆိုသည့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ လူ့ အခွင့်အရေးကော်မရှင်က စုံစမ်း စစ်ဆေးမှုပြုလုပ်တော့မည်ဟု အောက်တိုဘာ ၂၀ ရက်တွင်ပြော ကြောင်း ဘန်ကောက်အခြေစိုက် ရိုက်တာသတင်းဌာနက ဖော်ပြ သည်။
မြန်မာလုပ်သား နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့စစ်ဆေးစဉ်အတွင်း  မရိုးသားမမျှတသည့် အပြုအမူများရှိနိုင်ခဲ့သည်ဆိုသော စိုးရိမ် ပူပန်မှုများမြင့်တက်နေချိန်တွင် အဆိုပါသတင်းထွက်ပေါ်လာ ခြင်းဖြစ်သည်။ ထိုင်းရဲချုပ်ကမူ ၎င်းတို့အပေါ် စွပ်စွဲမှုများကို ငြင်း ဆိုထားပြီးဖြစ်သည်။
‘‘ရဲတပ်ဖွဲ့က နိုင်ထက်က လူအင်အားသုံးခဲ့တယ်။ ဒါမှမ ဟုတ် သံသယတရားခံတွေကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်ဆိုတာကို မသင်္ကာစရာအကြောင်းရှိရင် သိနိုင်ဖို့ ရှေ့အပတ်မှာ တွေ့ရအောင်လို့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို ကော်မရှင်က ဖိတ်ကြားထားပါတယ်’’ ဟု အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Niran Pitakwacha-ra က ပြောကြားသည်။
‘‘သူတို့ကို နှိပ်စက်ညှဉ်းပန်းခဲ့ တယ်လို့ သူတို့က ကျွန်တော်တို့ ကိုပြောတယ်။ ဒါပေမဲ့ အဲဒါကို ခုထိကျွန်တော်တို့ အတည်မပြု နိုင်သေးပါဘူး’’ ဟု (သံသယ တရားခံများကို ရည်ညွှန်းပြီး) ၎င်း ကထပ်လောင်းပြောကြားသည်။
အမှုကို မြန်မြန်ဆန်ဆန် ဖြေရှင်းရန် ရဲတပ်ဖွဲ့သည် ဖိအား ပေးခံနေရပြီး စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့က ကပြက်ကချော် လုပ် သည်ဟုလည်း ဝေဖန်သူများက စွပ်စွဲထားကြသည်။ သံသယ တရားခံနှစ်ဦးကို အတင်းအကျပ်စေခိုင်းသည့်နည်းဖြင့် လူသတ်မှု အား ၀န်ခံစေခဲ့ခြင်းဖြစ်နိုင်သည် ဆိုသော စိုးရိမ်မှုများ ပေါ်ထွက်ခဲ့ သည်။
နှိပ်စက် ညှဉ်းပန်းခြင်းနှင့် ပတ်သက်သည့် စွပ်စွဲမှုများအ တွက် လွတ်လပ်သည့် စုံစမ်းစစ် ဆေးရေးတစ်ရပ်ဆောင်ရွက်ရန် ထိုင်းအစိုးရကို လူ့အခွင့်အရေး အဖွဲ့ကြီးဖြစ်သော Amnesty International က တိုက်တွန်း ထားသည်။
‘‘သံသယ တရားခံတွေကို ကျွန်တော်တို့ ကနဦး စုံစမ်းစစ် ဆေးတုန်းက ဒဏ်ရာတွေ မတွေ့ ခဲ့ပါဘူး။ ဒါပေမဲ့ သံသယတရား ခံတစ်ယောက်ရဲ့ ရင်ဘတ်မှာ အတွင်းကြေဒဏ်ရာအမှတ်တစ်ခု ကျွန်တော်တို့ တွေ့တယ်။ အဲဒါ ကြောင့် သံသယတရားခံရဲ့ ရင် ဘတ်ကို ဓာတ်မှန်ရိုက်ဖို့ ထောင် တာဝန်ရှိသူတွေကို ကျွန်တော်တို့ ပြောမှာပါ’’ဟု ကော်မရှင်နာမင်း ကြီး Niran ကပြောသည်။
—Ref:Reuters
From:7day

www.mmdailystar.com

ရဲ အားလုံးကို သေနတ်ထုတ်ပေးထား … ခွင့်ပြုချက် မတင်ဘဲ ဆန္ဒပြရင် … တစ်ခါတည်း ၀င်ဖမ်းခိုင်း … ခုခံရင် သေနတ် နဲ့  ပစ် …

မြေနီကုန်း ဆန္ဒပြတဲ့ ကိစ္စ ….
ရဲက အရေးမယူဖူးလို့  ပြောနေတော့ …
စဉ်းစားမိတာလေးတွေ ပေါ်လာတယ် …
မြေနီကုန်း ဆန္ဒပြတဲ့  အချိန် …
ရဲ က အနီးနားမှာ ရှိနေမှာ အသေအချာပါ ….
ဒါပေမယ့် ဘယ်လိုရဲ ရှိမလဲ …
လူစည်ကားတဲ့ နေရာတွေမှာ တာဝန်ချထားလေ့ရှိတဲ့  ….
နယ်မြေ စခန်းက ရဲလေးတွေပဲ ရှိမယ် …

ဘယ်နှစ်ယောက်ရှိမလဲ ….
သေချာတာကတော့ အလွန်ဆုံး အဲဒီနားမှာ ….
နှစ်ယောက် သုံးယောက်ထက် မကျော်နိုင်ဘူး …
အဲဒီတော့ ဆက်စဉ်းမယ် …
သူ ၀င်ဖမ်းရင် …
အဲဒီလူတွေက အသာတကြည် အဖမ်းခံပါ့မလား …..?
နောက်တစ်ခု သူဝင်ဖမ်းရင် …
ဘေးက လူတွေက ၀င်မပါဘူး သေချာလား …?
ဒီမေးခွန်းတွေဟာ အဲဒီတာဝန်ကျ ရဲတွေအတွက် …
အရမ်းအရေးကြီးတယ် …
အခန့် မသင့်ရင် သူသေသွားနိုင်တာကိုး …
အဲဒီတော့ ဘာဆက်လုပ်မလဲ …
စခန်းကို ဖုန်းဆက် သတင်းပို့ တာ အကောင်းဆုံးပဲ …
အဲဒီတော့ သူ ဖုန်းဆက်မယ် …
စခန်းက ဘာပြောမလဲ …?
စခန်းမှူးကလဲ ဘယ်ဆုံးဖြတ်ရဲမလဲ ….
ဆန္ဒပြနေတာလေ ….
ဆွဲကြိုးဖြတ်ပြေးတာမှ မဟုတ်တာ ….
နိုင်ငံရေးသမားတွေ ပါးစပ်ဘယ်လောက်ပြဲတယ် …
အတိုင်အတော ဘယ်လောက်ထူတယ် …
သူကောင်းကောင်း သိပြီးသား…
အဲတော့ မြို့ နယ်မှူးဆီ ဆက်သတင်းပို့ မှာပဲ ….
မြို့ နယ်မှူးကလဲ ဘာ အမိန့် ပေးမလဲ …?
အေးကွာ …အဲဒီကောင်တွေအကုန် …
မင်းဦးစီးပြီး ၀င်လုံးပြစ် ဖမ်းပြစ် …
ခုခံရင် သေနတ်နဲ့ ပစ်ကွာ ….
ဘေးလူအုပ်က ပါရင်ရော ဆရာ …?
ပါတဲ့ ကောင် ပါ ပစ်ကွာ….
အဲလို အမိန့် ပေးရဲ မယ် ထင်လား ?
ဘယ် ပေးရဲမလဲ ….
ခရိုင်မှူး ကို ဆက်တင်ပြမှာပေါ့ …
ခရိုင်မှူးလောက်ကမှ အနီးဆုံး ရှိတဲ့  ရဲတပ်ရင်းကို …
စပြီး အကြောင်းကြား တပ်လှန့် တာမျိုး လုပ်လိမ့်မယ် …
ဒါပေမယ့် သူ့ ကွပ်ကဲမှူ မဟုတ်လို့  …
ဒီ ရဲတပ်ရင်းကို စထွက်တော့လို့ တော့ …
သူလဲ ပြောလို့ မရဘူး …
အဲတော့ တိုင်းကို သတင်းပို့  …
တိုင်းကမှ ရဲတပ်ရင်းများ ကွပ်ကဲရေးရုံး …
ဘာညာသရကာ …
....................
အာ့အချိန် ကျတော့ …
ဟိုကောင်တွေလဲ အိမ်ပြန်ရောက်လို့  …
တရေးတမော အိပ်နေလောက်ပြီ …..
အဲလို မဖြစ်စေချင်ဘူးလား …
အို ... လွယ်ပါတယ် …
ရဲ အားလုံးကို သေနတ်ထုတ်ပေးထား …
ခွင့်ပြုချက် မတင်ဘဲ ဆန္ဒပြရင် …
တစ်ခါတည်း ၀င်ဖမ်းခိုင်း …
ခုခံရင် သေနတ် နဲ့  ပစ် …
မကောင်းဘူးလား …. ???
 
 
From:Ye MOe

www.mmdailystar.com

မောင်တောတွင် အမျိုးသမီးများအား ဓားဖြင့်လိုက်ခုတ်သူ ၅ ဦးကို ရဲကဖမ်းဆီး









ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငါးရှာ ရာမှ ပြန်လာသည့် ရခိုင်အမျိုးသမီး ၆ ဦးအား
 ဓါးဖြင့်လိုက်ခုတ်သူ ၅ ဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု သိရသည်။



“ မောင်တောမြို့နယ် အောင်ဗလကျေးရွာက ငါးရှာပီး ရွာကို ပြန်လာတဲ့ အမျိုးသမီး ၆ ဦးအား ဓားဖြင့်လိုက်ခုတ်တဲ့ အမူနဲ့ ဆက်စပ်ပြီး ဘင်္ဂါလီ လူမျိုး ၅ ဦးကို ရဲက ဖမ်းဆီးပီး စစ်ဆေးမေးမြန်းနေပါတယ်” ဟု မောင်တော မြို့မရဲစခန်းမှ တာဝန်ကျ ရဲတစ်ဦးမှ ပြောသည်။

အောင်ဗလကျေးရွာတွင်နေထိုင်သည့် ရော်ရှီး (အသက် ၄ဝ ကျော်ခန့်)အပါအဝင် ဘင်္ဂါလီ ၅ ဦးမှ  အမျိုး သမီးများကို ဓားဖြင့် အကြောင်းမဲ့လိုက်ခုတ်သဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၈ နာရီခန့်က သွားရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲကဆိုသည်။

“ ဘာကြောင့်လိုက်ခုတ်တယ်ဆိုတာကိုလည်း စစ်ဆေးနေပါ တယ်။ ပြီးတော့ ဥပဒေအရ အမှုဖွင့်အရေးယူသွားမှာပါ”ဟု မောင်တောမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောင်ဗလကျေးရွာနေ ဒေါ်မသာနုပါဝင်သော အမျိုးသမီး ၆ ဦးသည် အောက်တိုဘာလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ငါးရှာ၍ မိမိတို့၏ရွာသို့ပြန်လာရာ အမည်မသိ ဘင်္ဂါလီအချို့က ဓားရှည်များဖြင့်လိုက်ခုတ်သဖြင့် ယင်းအမျိုးသမီးများမှာ အသက်လု ထွက်ပြေးလာခဲ့ရကြောင်း အောင်ဗလကျေးရွာသားများက ပြောသည်။

“ဖြစ်စဉ်ဖြစ်တာမှန်ပါတယ်။ ဓားနဲ့လိုက်ခုတ်တဲ့ဘင်္ဂါလီတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့လိုပါတယ်။ နို့မဟုတ်ရင် မောင်တောနယ်မှာရှိတဲ့ တိုင်းရင်းသူ၊ တိုင်းရင်းသားတွေအတွက် အင်မတန် အန္တရာယ်ကြီးပါတယ်”ဟု ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီးအခင်းဖြစ်ရာကျေးရွာသို့ ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူ မောင်တော မြို့ခံတစ်ဦးက  ဆိုသည်။

From: နိရဉ္စရာသတင်းဌာန

www.mmdailystar.com

ဂျာမန် ဆိုင်ကယ်လမ်းသရဲဂိုဏ်း ဆီးရီးယားသို့ သွားရောက်ပြီး IS အဖွဲ့ကို တိုက်ခိုက်ရန်ပြင်ဆင်

Median Empire Motorcycle Club ဟု အမည်ရသော ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသည် အစွန်းရောက် အကြမ်းဖက်အဖွဲ့ IS ကို ချေမှုန်းရာတွင် ပါဝင်ကူညီရန်အတွက် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိလျက် ရှိကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။

Median Empire Motorcycle Club သည် ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် အခြေစိုက်သော အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ကာ့ဒ်လူမျိုးစုများနှင့် အဆက်အသွယ် ရှိသော အဖွဲ့လည်း ဖြစ်သည်။

Median Empire Motorcycle Club ၏ ခေါင်းဆောင်များသည် ဆီးရီးယားနိုင်ငံ၊ ကိုဘာနီမြို့သို့ ရောက်ရှိနေသော ၎င်းတို့ဂိုဏ်းသားများ၏ ဓာတ်ပုံများကို အဖွဲ့၏ တရားဝင် Facebook စာမျက်နှာတွင် တင်ထားခဲ့ပြီး ထိုဓာတ်ပုံများထဲမှ လမ်းသရဲဂိုဏ်းသား အချို့မှာ လက်နက်များ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ထို့ပြင် ဓာတ်ပုံ၏ အောက်တွင်လည်း “ကျွန်တော်တို့ ကောင်လေးတွေ ဒီနေ့ ကိုဘာနီမြို့ကို ရောက်တယ်၊ အဲဒီမှာ သူတို့ အပစ်အခတ် ခံခဲ့ရသေးပေမယ့် ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ပြောတယ်။ သူတို့ အဆင်ပြေပါတယ်” ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

ကိုဘာနီမြို့သို့ သွားရောက်ပြီး IS အဖွဲ့ ချေမှုန်းရေးတွင် နိုင်ငံတကာ တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်လျက် ရှိသော နယ်သာလန် ဆိုင်ကယ် လမ်းသရဲဂိုဏ်းမှ ဂိုဏ်းသားသုံးဦးကို တရားစွဲဆိုသွားမည် မဟုတ်ကြောင်း နယ်သာလန် အာဏာပိုင်များက ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဂျာမန်ဆိုင်ကယ် လမ်းသရဲဂိုဏ်းသားများ ကိုဘာနီမြို့သို့ သွားရောက် တိုက်ခိုက်သည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

IS အဖွဲ့ကို ချေမှုန်းရာတွင် ကူညီတိုက်ခိုက်ပေးနေသော ပြည်ပရောက် ဆိုင်ကယ်လမ်းသရဲ ဂိုဏ်းသားများကို တရားစွဲဆိုသွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နယ်သာလန်တပ်များကို တိုက်ခိုက်ခြင်း မဟုတ်သဖြင့် ဥပဒေချိုးဖောက်ရာ မရောက်သောကြောင့် ဖြစ်ကြောင်း နယ်သာလန် အစိုးရရှေ့နေတစ်ဦးက ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက ပြောကြားခဲ့သည်။

“နိုင်ငံခြားသား လက်နက်ကိုင် တပ်တွေနဲ့ သွားရောက် ပူးပေါင်းတာဟာ အရင်တုန်းက တရားမဝင်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် အခုအခါမှာတော့ အဲဒါကို တားမြစ်ထားခြင်း မရှိတော့ပါဘူး။ နယ်သာလန် တပ်တွေကို တိုက်ခိုက်တဲ့အဖွဲ့နဲ့ ပူးပေါင်းမှသာ ဥပဒေအရ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်” ဟု အစိုးရရှေ့နေ ဝင်ဒီဘရွန်းက ပြောကြားသည်။

နယ်သာလန် နိုင်ငံသားများ အနေဖြင့် ကာ့ဒ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး IS အဖွဲ့ကို တိုက်ခိုက်နိုင်သည် ဆိုသော်လည်း ထိုကဲ့သို့ တိုက်ခိုက်စဉ်တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းမှု ကျူးလွန်ခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့လျှင်မူ တရားစွဲဆိုသွားမည်ဟု မစ္စတာဘရွန်းက ပြောကြားသည်။

“ဒါပေမဲ့ အလွန်ဝေးကွာတဲ့ ရေခြား၊ မြေခြားမှာ ဖြစ်တဲ့အမှု ဆိုတော့ သက်သေပြဖို့တော့ ခက်လိမ့်မယ်” ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဗြိတိန်အပါအဝင် နိုင်ငံအများအပြားသည် ၎င်းတို့နိုင်ငံသားများ IS အဖွဲ့နှင့် သွားရောက် မပူးပေါင်းနိုင်စေရန် ကြိုးစားတားဆီးလျက် ရှိသော်လည်း IS အဖွဲ့ကို တိုက်ခိုက်ချေမှုန်းလျက် ရှိသည့် ကာ့ဒ်တပ်ဖွဲ့နှင့် သွားရောက် ပူးပေါင်းခြင်းကိုမူ ယေဘုယျအားဖြင့် ခွင့်ပြုထားကြသည်။
From: The Voice Weekly

www.mmdailystar.com

အွန်လိုင်းမှာနာမည်ကြီးခဲ့သည့် သေဆုံးသွားသူအဖွားမှ မြေးဖြစ်သူဆီ တမလွန်ကနေ Message ပို့လာခြင်း ဖြစ်ရပ်မှန်








ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ သူ့ အဖွားကို မြေမြှုပ်သင်္ဂြုလ်တော့ မိုဘိုင်းဖုန်းကော၊ ကဒ်ကောကိုပါ ထည့်ပေးလိုက်ပါတယ်။ မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာပဲ မြေးမလေး ဖြစ်သူက အဖွားကို လွမ်းလွန်းလို့ မရှိတော့မှန်း မသိပေမယ့် စာပို့မိတယ်။ ယင်းကိုလည်း တစ်ဖက်ကနေ လိမ္မာအောင် နေပါ၊ ကျန်းမာအောင် နေပါ အစရှိသဖြင့် ရေးပြီး ပြန်ပို့လာသတဲ့။ ဒါနဲ့ပဲ အံ့သြ ကြောက်လန့်သွားရတဲ့ အမျိုးသမီးဟာ တယ်လီဖုန်း အော်ပရေတာ ဖြစ်သူ O2 ကို ဆက်သွယ်ပါ တော့တယ်။

မြန်မာပြည်မှာဆိုရင် MPT, Ooredoo တို့လို တယ်လီဖုန်း အော်ပရေတာ ဖြစ် တဲ့ ဗြိတိန်က O2 ဟာ ဒီအတွက် ဖြေရှင်းချက် ပေးရ ပါတော့တယ်။ O2 မှာ terms and condition အရ သုံးနှစ်လောက် မသုံးပဲ နံပါတ်တစ်ခုဟာ ကြာသွားရင် နံပါတ်ကို အခြား လူတစ်ယောက်ဆီသို့ ပြန်ရောင်း ပါတယ်။ ဒါပေမယ့် ယခု ဖြစ်တဲ့ ကိစ္စမှာ သုံးနှစ်မကြာပဲ ရက်ပိုင်းလေးတင် အခြားတစ်ယောက်ကို ရောင်းမိတဲ့ ဖြစ်ရပ် ဖြစ်သွားခြင်း ဖြစ်ပြီး ယခင် ဖုန်းပိုင်ရှင်ကို အံ့သြတုန်လှုပ်သွားစေ ပါတယ်။ မသိရင် တမလွန်ကနေ စာပို့ လေသလား လို့တောင် အောင့်မေ့စေမှာ ဖြစ်ပါတယ်။

ဒီအတွက် O2 မှာ တောင်းပန်ထားပြီး နောက်နောင် မဖြစ်စေရဘူးလို့ ကတိပေး ထားပါတ်။
.
Ref: Metro
From:ရိုးရာလေး

www.mmdailystar.com

ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)


ဆရာရေ မြန်မာပြည်မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလားဟင်လို့ နံနက်ခင်း တစ်ခုမှာ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဘက် ဘော်ဒါကြီး တစ်ယောက်က အင်တာနက် ဖွင့်ထားတဲ့ သူ့ဖုန်း လာထိုးပြတယ်။ ဖတ်လိုက်တော့ စတီးရောင် ပြောင်လက်လက် တိုင်တစ်လုံး ကိုင်ပြီး ပတ်ကနေတဲ့ မြန်မာပြည်က Sexy အကျဆုံးလို့ နာမည်ကြီးတဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံးကပါတဲ့ သတင်း တစ်ပိုဒ်။

မသိရင် ဟောလီးဝုဒ် ရုပ်ရှင်ပြကွက် တစ်ခုလား ထင်ရတယ်။ အရင်က မိသားစုနဲ့ အတူဆိုရင် ရစ်ကြည့်ရတတ်တဲ့ အခန်းမျိုးထဲ ပါတယ်။ ခုများတော့ မြန်မာပြည်က ဟိုတယ် တစ်ခုထဲမှာ တရားဝင် လုပ်ပြသတဲ့။

ဒီလောက်ဆိုရင် ဆရာကျတဲ့ သူတွေ ဒက်ခနဲ သိလောက်ပါပြီ။ ဘေးနားထိုင်နေတဲ့ လုပ်ငန်းရှင် ပေါက်စလေးက ထအော်တယ်။ ဇွန်ရယ် ဇာရယ် ကဗျာရယ် ပေါင်းလုပ်တဲ့ပွဲ၊ လက်မှတ် တစ်စောင် အနည်းဆုံး တစ်သောင်း ကစတယ်။ VIP က တစ်စောင် ခြောက်သောင်း၊ VVIP က ခုနစ်သောင်း နဲ့ VVVIP လက်မှတ် ကတော့ တစ်စောင် ကိုးသောင်းတဲ့။

သတင်း ဖတ်ကြည့် လိုက်တော့ သူပြောတဲ့ နှုန်းတွေက ကွက်တိ။ သိလှချေလား ဧကန္တ တစ်ယောက်တည်း ကြိတ်သွားအားပေး ထားပြီနဲ့ တူတယ်လို့ သူ့ကို ၀ိုင်းစကြရင်း သတင်းဆုံးအောင် ဆက်ဖတ်ရတယ်။

အောက်တိုဘာလ (၁) ရက်နေ့ ကတည်းက ရှစ်မိုင် လမ်းဆုံနားက ဟိုတယ် ရန်ကုန်ဝင်းထဲ ရှိတဲ့ VIP Bar မှာလုပ်ခဲ့တဲ့ Dance For Life Party ဆိုတဲ့ ပါတီပွဲ အကြောင်းကို ပြောတာပါ။ သတင်း တက်လာတဲ့ရက်က အတော် နောက်ကျတယ်။ အွန်လိုင်းမှာ Sexy Model တွေလို့ နာမည်ကြီးတဲ့ မော်ဒယ် သုံးယောက်ကို Sexy Model လို့ခေါ်တဲ့ အကမျိုးတွေ ကပြ ဖျော်ဖြေခိုင်းပြီး HIV/AIDS ဝေဒနာရှင်တွေ အတွက် ရန်ပုံငွေ ရှာပေးကြတာတဲ့။

( HIV က အကျိုးပြုတာလည်း ရှိသား)။ ဒါပေမဲ့ တကယ် ကပွဲလည်း လုပ်ခွင့်ရလို့ လုပ်လည်း ပြီးရော ပွဲစီစဉ်သူမှာ ၀င်ငွေက မမြတ်ဘဲ နည်းနည်း ရှုံးသတဲ့။ ရှုံးပေမယ့် မပူနဲ့ နောက်ထပ်ကို ထပ်အရှုံးခံပြီး လှူပေးမှာပါတဲ့။

ဒီတော့ စောစောက လုပ်ငန်းရှင် လေးကပဲ ဒီလိုပွဲမျိုး မြန်မာပြည်မှာ ဖြစ်စေချင်လွန်း လို့ကို အကုန်အကျခံ လုပ်ပေးသလားလို့ ပြောပါတယ်။ သိတော့ဘူးကွယ်။ မြန်မာပြည်မှာ ဖြစ်နေတာတချို့ တစ်ခါတလေ လိုက်မမီလို့ မောင်မြတ် မှတ်ချက် မပေးချင်ဘူး။ အဲလို တိုင်ပတ်ကတာ မျိုးရှိမှ တစ်စုံတစ်ရာ ခေတ်မီတဲ့ နိုင်ငံအဖြစ် အသိအမှတ် ပြုခံရမယ် ဆိုတဲ့ သတ်မှတ်ချက် ရှိနေလို့လားမသိ။ ထားပါတော့။

အံမယ် ကိုယ်တွေကသာ ရှုတ်ချချင်သလို ပြောနေတာ သူတို့က အဲဒီ Dance for Life Party ဆိုတာတောင် မူပိုင်ခွင့်တွေ ဘာတွေ တရားဝင် တောင်းသုံးတာဆိုပဲ။ ဒီနေရာမှာတော့ ဂီတသမား တချို့ထက်တောင် သာသွားပြီ။ သူတို့ ခွေခိုး ကူးတာတော့ တလကြမ်း ဖမ်းခိုင်းပြီး သူတို့က နိုင်ငံခြားကဟာ ကူးချတာတော့ Copy is right လို့ မပြောရုံတမယ် ခပ်တည်တည် လုပ်တာ မဟုတ်ဘူးပဲ။

မဆိုင်တာတွေ ထည့် ပြောမိပြန်ပြီ။ Sexy ဘက်ပဲ ပြန်သွားရအောင်။ စောစောက သတင်း (ဧရာဝတီ ဘလော့ဂ်) ထဲမှာ Art အကတွေကို အနုပညာ ဖျော်ဖြေမှု တစ်ခုလို့ပဲ မြင်စေချင်တယ်။ Sexy ကို Sex ကိစ္စနဲ့ ရောထွေးပြီး မမြင်စေချင်ဘူး။ Sex ဆိုတာ အမှန်တကယ်တော့ Art တစ်ခု ပါပဲဆိုတဲ့ ပါတီပွဲလာ တစ်ယောက် ပြောတာကိုလည်း ဖတ်ရတယ်။

အဲဒီအခါ တစ်လောက နာမည်ကြီးခဲ့တဲ့ ရိုမန်းဘော့တ်ကြီးကိုသာ ပြေးသတိ ရမိတော့တာပါပဲ။ သူ့တုန်းကလည်း အဲဒီ သဘောမျိုး ဆင်ခြေ ပေးခဲ့တာလေ။ ဟုတ်တော့ ဟုတ်နေပြီ။ Sexy ဆိုတာ အဘိဓာန်ထဲ လှန်ကြည့်လို့ လိင်နှင့် စပ်ဆိုင်သောဆိုတဲ့ အနက်ကို ရှောင်ချင်ရင်၊ ညှို့ငင် ဖမ်းစားနိုင်သောလို့ လှလှပပ အဓိပ္ပာယ် ဖွင့်ကောင်း ဖွင့်နိုင်ပါလိမ့်မယ်။

ညှို့တာပဲဗျာ၊ မြန်မာ ဆိုတော့ မြန်မာ ဆန်ဆန် သနပ်ခါး ပဲကြားလေး လူးရင်စေ့ အင်္ကျီနဲ့ ထမီတိုတို ခြေသလုံးပေါ်အောင် ၀တ်ရင်း ရေအိုးလေး ခါးစောင်းတင် မခို့တရို့နဲ့ နွဲ့ပြ လိုက်ရင်လည်း Sexy ဖြစ်သွားတာပါပဲ။ ဘယ့်နှယ် လည်သာ အတိုအပြတ်တွေ ၀တ်ပြီး တိုင်ဖက် ကပြမှပဲ Sexy ထင်တယ် ဆိုရင်တော့ လုပ်ချင်လည်း လုပ်ကြ မမြင်ကွယ်ရာမှာ ကိုယ်ချင်း ကိုယ်ချင်း ဂွတ်တယ်ထင် ဒူးသာဒူး။ ဒါပေမဲ့ လူအများ သိရင်တော့ အပြောခံရမှာပဲ။

လက်ဖက်ရည်ဆိုင်မှာ အချင်းချင်း အဲဒီလို ဝေဖန် လေကန်ခဲ့ကြရင်း နောက် တစ်ရက်ခြားပြီးမှ စောစောက ညီလေးနဲ့ မနက်ဘက် ပြန်ဆုံ ဖြစ်တယ်။ တွေ့တွေ့ခြင်းပဲ သူက ““အစ်ကိုရေ တကယ်တော့ ကျွန်တော်က သာမန် မော်ဒယ် ရှိုးပွဲတွေတောင် တီဗွီမှာ လာတာလောက်ပဲ မြင်ဖူးတာနော်။ ပြီးခဲ့တဲ့ ညကတော့ အစ်ကို့ညီ တစ်ပြားမှ မပေးရဘဲ ရှိုးပွဲတွေကော ဒန့်စ်တွေပါ အတော်လေး အနီးကပ် ကြည့်ခဲ့ရတယ်။

အတူပါသွားတဲ့ ကျွန်တော့် တပည့် ချာတိတ်တွေ ဆိုတာ လက်ခုပ်သံ တဖျောင်းဖျောင်းနဲ့။ အဲဒါလေး ကြည့်ကျက်ပြီး ရေးသင့် ရေးပါဦး အစ်ကိုရေ။ ဘာလို့လဲ ဆိုတော့ ကာလသားတွေ အရမ်းကြိုက်တဲ့ အဲဒီ မော်ဒယ်ရှိုးကို ကျွန်တော် ကြည့်ခဲ့ရတာ ဘုရားပွဲမှာ မို့လို့ပါ””လို့ ပြောပါတော့တယ်။

ဒီတော့ မောင်မြတ်က ခပ်အေး အေးပါပဲ။ အခုလို အင်တာနက် ခေတ် မရောက်ခင်ကိုက မြန်မာပြည်က ဘုရားပွဲတွေ မှာကတဲ့ ဇာတ်/အငြိမ့်/ ပဒေသာ ကပွဲတွေမှာ စတိတ်ရှိုးတို့ တေးသရုပ်ဖော်တို့ ပါနေပြီး၊ တချို့ အဲဒီ အစီအစဉ်တွေမှာ ဟိုမရောက် ဒီမရောက်နဲ့ သောင်းကျန်း သရုပ်ပျက် တတ်ကြတာ ထူးဆန်းတာမှ မဟုတ် တော့တာလို့ တွေးမိလို့ပါ။

အခု မော်ဒယ်ရှိုး အပြင် ဟိုလိုလို ဒီလိုလို ဒန့်စ်တွေလည်း ခေတ်စားလာပြီး ရိုးရာ သင်္ကြန်မှာတောင် ထိန်းရ ခက်နေတော့ အဲဒီရှိုးနဲ့ ဒန့်စ်တွေကို ဇာတ်စင် အငြိမ့်စင် တွေပေါ်မှာ ရှေ့ပိုင်း ပရိသတ်ခေါ်တဲ့ မားကက်တင်း နည်းဗျူဟာ အဖြစ် တစ်စိတ် တစ်ပိုင်း သုံးတယ် ဆိုလည်း မဆန်းဘူးလေ။ ဒါပေမဲ့ လက်တွေ့ မြင်လာရတဲ့ သူပြောပုံက တစ်မျိုး ဖြစ်နေလေရဲ့။

““ရင်ပြင်တော်ကို ကျောပေးပြီး သံပန်းအုတ်ဘောင် နံရံနိမ့်နိမ့်လေးပဲ ခြားတဲ့ နေရာမှာ စတိတ်စင်လေးထိုးပြီး အဲဒီပေါ်မှာ ရှိုးလျှောက် ပြတာကော၊ ဒီဂျေတီးလုံး သီချင်းမြူးမြူး တွေနဲ့ ဒန့်စ်ကတာတွေပါ လုပ်နေတာ အစ်ကိုရဲ့ အတိုအပြတ်တွေနဲ့ ကလပ်ထဲက ဒီဇိုင်းမျိုး ကပြ တာတောင်ပါ လိုက်သေးတယ်။ ဘုရားစေတီကြီးနဲ့ လက်တစ်ကမ်းမှ တကယ့် လက်တစ်ကမ်းလေးပါ အစ်ကိုရယ်။ ကျွန်တော်လည်း ယောက်ျား ဆိုတော့ ဒါမျိုး အလကား လာပြလို့ ကတော့ သိပ်ကြည့်တာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရွှေရောင်ဝင်းနေတဲ့ ဘုရားကြီး တစ်ဆူ အနားကပ်ပြီး အဲဒီလို ရှိုးပွဲ လုပ်ပြ နေတာတော့ ဘယ်လိုမှ ခံစားကြည့်လို့ မရခဲ့ဘူး””။

ဒီတော့မှ မောင်မြတ်လည်း သူ့ဆီက အင်ဖော်မေးရှင်းတွေ အတိအကျ ယူရတယ်။ လိုကေးရှင်းက အိမ်နဲ့ မဝေးလှတာမို့ အဲဒီည ထမင်းစားပြီး (၇) နာရီကျော်တော့ အော့ဗ်ဇပ်ဗေး ရှင်းထွက်ခဲ့ ပါလေရော။ အဲဒါက (၆.၁၀.၂၀၁၄) နေ့ည။ နေရာက တောင်ဥက္ကလာပထဲက သံသုမာ လမ်းမကြီးဘေး သစ္စာလမ်းထောင့် အနီး န၀တခေတ်မှာ တည်ထားခဲ့တဲ့ ဥက္ကလာပ စေတီတော် ပရ၀ဏ်။

သီတင်းကျွတ် အမီ ဘုရား ပွဲတော် လုပ်နေတာ ဆိုတော့ ထုံးစံအတိုင်း ဈေးသည်မျိုးစုံနဲ့ ချား ရဟတ်တွေကော အပျော် ကစားနိုင်တဲ့ အစီအစဉ် တွေကော စည်ကား နေပါတယ်။ ဟိုးတုန်းကလို ကြည့်ချင် ပွဲအစီအစဉ် ရယ်လို့တော့ မတွေ့မိ။ ဒီခေတ်က ကိုယ့်အိမ်မှာပဲ ကြည့်ချင်စရာ တီဗွီ ပရိုဂရမ်တွေရယ်၊ အရမ်းဈေးပေါတဲ့ အချပ်တွေလည်း လွယ်လွယ် ၀ယ်ရ နိုင်သေးတဲ့ အပြင် ဖုန်း/ ကွန်ပျူတာ တက်ဘ်လက်များနဲ့ပါ အပန်းဖြေ ကြည့်စရာ အနန္တဆိုတော့ ဘုရားပွဲက သာမန် ကြည့်ချင်ပွဲတို့ ဘာတို့ အလုပ် မဖြစ်တော့ဘူးပေါ့။

ဒါကြောင့် ထင်ရဲ့။ တခြား ဘာကြည့်ချင်ပွဲမှ မတွေ့ရဘဲ ရင်ပြင်တော် အပြင်ဘက် ကွန်ကရိ ပတ်လမ်းဘေး တစ်နေရာမှာ တန်ဆောင်း တစ်ခုနဲ့ ကပ်လို့ စတိတ် စင်ပေါက်စလေး တစ်ခုကို မီးမောင်းတွေ ဆောင်းဘောက်စ်တွေ နဲ့အတူ တွေ့လိုက်ရတယ်။ သိလိုက်ပြီ၊ ဒါရှိုးပွဲ နေရာပဲ ဆိုတာ။

တန်ဆောင်း လေးထောင့်မှာ ယာယီ လိုက်ကာလေးတွေ ကာလို့ မော်ဒယ် ကိုကို မမလေးတွေလို့ သိသာသူ တစ်စု ပြင်ဆင် နေတာလည်း တွေ့ရတယ်။ အနားမှာပဲ ဒီဂျေစက်တွေ ဘာတွေလည်း ဆင်ထားတယ်။ ပွဲမစသေးလို့ ပရိသတ်တော့ မရှိလှသေးဘူး။ ရင်ပြင်တော်ထဲ ၀င်ကြည့် တော့လည်း လူခပ်ကျဲကျဲပဲ။ အများဆုံး ရောက်နေတာက ဈေးတန်း၊ အပျော် ကစားနည်းနဲ့ ချားရဟတ်တွေ ရှိတဲ့ နေရာတွေမှာပါ။ သိပ်မကြာ ဘူး။

မော်ဒယ်ရှိုးပွဲ စတော့မယ့် ဆိုတာနဲ့ စတိတ်စင်လေးနား လူအုပ်ကြီး ဖြစ်သွားတယ်။ အဲဒီအချိန် မောင်မြတ်က ရင်ပြင်တော် တစ်ဖက်ခြမ်း ရောက်နေလို့ သူတို့ ရှိုးနားရောက်အောင် ပတ်လမ်းကနေ မနည်းပြန် တိုးသွားရတယ်။ မကျယ်လှတဲ့ စင်လေးပေါ် မှာတော့ မော်ဒယ်လို့ဆိုတဲ့ ဆယ်ကျော်သက် ကျားမ လေးငါးယောက် လျှောက်ပြ နေကြပါပြီ။

ပရိသတ် ကလည်း လူငယ်တွေ အများစုပေါ့။ ဘောင်းဘီတိုလေးနဲ့ မော်ဒယ်မလေး တစ်ယောက်ကို နာမည်ပါ ခေါ်ပြီး အထူး အားပေးနေ ကြလေရဲ့။ အုပ်စုလိုက်ကော တစ်ယောက်ချင်းပါ လျှောက်ပြီးတော့ စုံတွဲ တေးသရုပ်ဖော် ပုံစံလာလေရဲ့။ နာမည်ခေါ် အားပေးခံရတဲ့ ဘောင်းဘီ တိုမလေးနဲ့ အဘိုးကြီး ပုံစံ ၀တ်ထားတဲ့ ပြောင်ချော်ချော် မော်ဒယ်ဘွိုင်း တစ်ယောက် တွဲသရုပ်ဖော်တာ။

သီချင်းက ဒရမ်ဘိသံ တဒိန်းဒိန်း၊ ဘေ့စ်သံတွေ ဟိန်းလို့ မောင်မြတ် နားထဲ အထပ်ထပ် ကြားမိတဲ့ စာသား ကတော့ ဘူးသီး နုနု မခူးရဆိုပဲ။ မခူးရသာ ဆိုတယ်။ ခူးချင်စိတ် မဖြစ်ဖြစ်အောင် အမူအရာမျိုးစုံနဲ့။ ဘူးသီး ထက်ဆိုးတာ ရှိသေးတယ်။ ခပ်မြူးမြူး ဒီဂျေတီးလုံး တစ်မျိုးနဲ့ မမလေး သုံးယောက် ကပြ ဖျော်ဖြေကြတာ။ အမူအရာနဲ့ ကကြိုးကို ရေးမပြရဲပါ။ စားသောက်ဆိုင်ကြီး တချို့က စင်တင် တေးသရုပ်ဖော်ပုံလို့ပဲ ပြောပါရစေ။ အဲဒါကိုပဲ အနုပညာလို့ မြင်ပေးရမှာလား။

အရင် နေ့ကဆိုရင် စင်အောက် လမ်းပေါ်မှာပါ ၀ိုင်းကကြတာ တွေ့ခဲ့ရသတဲ့။ မောင်မြတ် ရောက်တဲ့ ညကတော့ ဒါမျိုး မတွေ့ရဘူး။ ပွဲချိန် သိပ်ရှည်ရင်တော့ ဖြစ်လာ မလားမသိ။ မောင်မြတ် တွေ့တာတော့ ပရိသတ် လူငယ်တွေက အနီးကပ် မြင်ရအောင် ရှေ့ကို အတင်းတိုးပြီး ဖုန်းကင်မရာတွေနဲ့ အောက်က ပင့်ပြီး မှတ်တမ်း ယူနေလိုက်ကြတာ (အွန်လိုင်းပေါ် ရောက်နေပါပြီ)။

မောင်မြတ်လည်း ကိုယ့်ရဲ့တန်ဖိုးမများ ဖုန်းစုတ်လေးနဲ့ မှတ်တမ်း ဓာတ်ပုံတချို့ ရိုက်တယ်။ ခပ်လှမ်းလှမ်းက ဆိုတော့ ဖုန်းကင်မရာ မြင်ကွင်းထဲမှာ စတိတ်စင် နောက်ဘက် ဂရောင်းမှာ။

ဉာဏ်တော် (၁၀၈) ပေမြင့်တဲ့ ဥက္ကလာ စေတီကြီးပုံကလည်း တစ်စိတ် တစ်ပိုင်း ပါနေပါတော့တယ်။ အနှိုင်းမဲ့ မေတ္တာရှင် မြတ်စွာဘုရားကို ဦးထိပ်ထားပြီး ဥက္ကလာပ စေတီတော်ကြီးနဲ့ တကွ ဥက္ကလာပ မင်းကြီးကိုပါ ဥက္ကလာသူ ဥက္ကလာသားတွေ ကိုယ်စား အမှားအယွင်းတွေ ရှိရင် ခွင့်လွှတ် သည်းခံပေးဖို့ စိတ်ထဲက တောင်းပန် လိုက်မိတယ်။

ဟုတ်တယ်လေ။ ဒါမျိုးကို ဒီနေရာမှာ သင့်တော်တယ် ထင်ပြီး ပါမစ် ပေးထားလို့သာ လုပ်ရဲတာ ဆိုတော့ မှားလား မှန်လား ပါမစ်ပေးတဲ့ သူတွေ ဆုံးဖြတ်ထားတာ ရှိမှာပေါ့။ ဒါကြောင့် မတော်တဆ မှားများ မှားနေရင် ခွင့်လွှတ် ပေးပါလို့ ကြားထဲက ၀င်တောင်းပန် ပေးထားရတာ။

ရွှေတိဂုံ စေတီတော်ကြီးရဲ့ ဒါယိကာ-ဥက္ကလာပ မင်းကြီးကို ဂုဏ်ပြုခြင်းလည်း ပါဝင်တယ်လို့ ဖတ်ဖူးတဲ့ န၀တ ခေတ်တည်- ရွှေတိဂုံ ပုံတူ-ဥက္ကလာပ စေတီတော်ကြီး ကတော့ ရွှေရောင်တွေ ၀င်းလက် တောက်ပပြီး၊ တည်တည် ငြိမ်ငြိမ်ပဲ စံပယ်တော်မူလို့ ဘုရား ပွဲခင်းထဲက ငရဲ ပွက်သလို ၀က်ဝက်ကွဲ ဆူညံနေတဲ့ အမျိုးစုံသော သံသေး သံကြောင်တွေကို ဥပေက္ခာ ပြုထားသလိုပါပဲ။ ရှိုးပွဲရဲ့အစီအစဉ်ကို နှစ်ပိုင်းခွဲ လုပ်ပြီး ဒုတိယပိုင်းမှာ မော်ဒယ် မလေးတွေကို ပရိသတ်ထဲက ဆုတက်ပေးတာ စလာချိန်မှာတော့ အစီအစဉ် ပြီးဆုံးပါပြီလို့ ကြေညာပြီး ရှိုးပွဲ ရပ်နားလိုက်တာ အဲဒီနေ့က တွေ့ခဲ့ရတယ်။

နောက်နေ့ လက်ဖက်ရည်ဝိုင်းမှာ အဲဒီ ဘုရားပွဲ ရောက်ခဲ့တဲ့။ တခြား လူငယ်တွေလည်း စားမြုံ့ ပြန်ကြပြီး၊ ဒီလို နေရာမှာတော့ ဒါမျိုး မလုပ်သင့်ဘူးလို့ ပြောကြပါတယ်။ အဲဒီ လူငယ်တွေထဲ နားကွင်း တစ်ဖက် ၀တ်ပြီး တက်တူး ထိုးလို့ ဂျင်းဘောင်းဘီ ထည်လဲ ၀တ်သူတွေလည်း ပါတယ်။ ဒါပေမဲ့ ဒူးနေရာ ဒူး တော်နေရာ တော်ပေါ့လို့ ဆင်ခြင်နိုင်တဲ့ စိတ်လေးတွေ ဒီလူငယ် အများစုမှာ တွေ့ရတာကို အားတက် မိပါတယ်။

တစ်ယောက်က ပြောတယ်။ နယ်ဘုရားပွဲ တချို့မှာလည်း ဒီလိုရှိုးပွဲပါ လုပ်ခွင့် ပေးတာမျိုး တွေ့ဖူးသတဲ့။ ဒါပေမဲ့ ဇာတ်ပွဲတွေလိုပဲ ဘုရား ရင်ပြင်နဲ့ ခပ်ဝေးဝေးမှာ လုပ်တာပါတဲ့။ တန်ဆောင်း သို့မဟုတ် ဇရပ်မှာ အ၀တ်လဲ ခွင့်ပေးလို့ တန်ဆောင်းနဲ့ ကပ်လျက် စင်ထိုး လုပ်တာတော့ သူလည်း အခုမှ မြင်ဖူးတာတဲ့။

နောက်ရက်မှာတော့ အဲဒီရှိုးပွဲ မလုပ်ဘူးလို့ သိရတယ်။ ပြဿနာ တက်ပြီး အရေးယူ ခံရသလိုလိုလည်း သဲ့သဲ့ ကြားတယ်။ ဒီလောက် ဖုန်းတွေ ကင်မရာတွေ အင်မတန် ပေါများပြီး တစ်ခုခု ထူးတာနဲ့ အွန်လိုင်းပေါ် ရုပ်သေ/ရုပ်ရှင်တွေ ချက်ခြင်း ရောက်သွားနိုင်တဲ့ သမယကြီးမှာ ဘုရားနဲ့ ကပ်ပြီး ဒီလိုရှိုးပွဲမျိုး ခွင့်ပြု ပေးခဲ့သူတွေရဲ့သတ္တိကို အံ့သြမိတယ်။ ဒါမှမဟုတ် ဘယ်လောက်အထိ သက်ရောက် နိုင်တယ် ဆိုတာကို ကြိုမမြင်နိုင်လောက် အောင်ပဲ ခေတ်နောက်ကျန် နေတာလား။

ပြီးတော့လည်း ပြီးသွားမှာ ပေါ့လေ။ မူလ ရည်ရွယ်တာက ဘုရားပွဲ ရန်ပုံငွေ အတွက်ဆိုရင် မှားသွားပါတယ်။ နောက် မလုပ်တော့ပါဘူး ဆိုလည်း သတိ ပေးတာလောက် နဲ့ တော်စေ တန်စေပေါ့။ ဟိုတယ်မှာ လုပ်တဲ့ Sexy Dance ကတော့ HIV/AIDS ရန်ပုံငွေ အတွက် ဆိုတော့ နောက်လည်း EIBOLAR အတွက်တို့ ဘာတို့ လိုရင် လုပ်ဦးမလား မဆိုနိုင်ဘူး။

အိမ်နီးချင်း နိုင်ငံ တချို့မှာလည်း ဒီလိုပွဲမျိုးတွေ လုပ်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ကြတယ်တို့ ဘာတို့ဆိုတဲ့ ပြောသံ တချို့လည်း ကြားရတယ်။ ဒါတော့ သဘော မတူဘူး။ မြန်မာနိုင်ငံက တရားဝင် ပရိုမိုးရှင်း လုပ်နေတာ Sex Tourism မှ မဟုတ်တာကွယ်။ တရားမ၀င် တချို့ ရှိနိုင်ပေမယ့် ရာခိုင်နှုန်း အင်မတန် နည်းပါတယ်။

အခု သူများထက် အရမ်းဈေးကြီး နေပါတယ်ဆို ရင်းကပဲ မြန်မာပြည်ကို အုပ်စုလိုက် Package Tour ကြိုဝယ်ပြီး တိုးရစ်တွေ လာကြတာ ဘာကြောင့်လဲ။ မြန်မာပြည်မှာ သူတို့အတွက် တကယ့်ကို ကြည့်ချင်စရာ သဘာဝအလှနဲ့ ရှုခင်းတွေ၊ ရှေးဟောင်း အမွေအနှစ်တွေနဲ့ လူမှု ဘ၀မျိုးစုံ အများကြီး ရှိနေလို့ပဲ။

ဒီလို စကားလုံးတွေ အစိုးရ သတင်းစာတွေထဲ တွေ့နေကြမို့သာ တစ်မျိုး ထင်ကောင်း ထင်မယ်။ ထိုင်းမှာ နာမည်ကြီးတဲ့ မြဘုရားနဲ့ တခြား ဗုဒ္ဓဘာသာ အမွေအနှစ် ကြည့်စရာဆိုတာ မြန်မာနဲ့ ယှဉ်ရင် နည်းနည်းလေး ဆိုတာ ထိုင်း နေဖူးသူတိုင်း သိတယ်။ ဗီယက်နမ်တို့ ကမ္ဘောဒီးယားတို့ သွားကြည့်လိုက်ဦး။

တကယ်တမ်း မြန်မာ ခရီးသွားသာ တက်လာရင် သူတို့ ကျန်ခဲ့မှာ။ သူတို့ဆီမှာ ရှေးဟောင်း အမွေ အနှစ်ထက် ဖန်တီးထားတဲ့ Tour Site တွေနဲ့ ပါးပါး နပ်နပ် လုပ်စားတတ်လွန်းလို့ သန်းချီ ၀င်နေတာ။ လတ်တလောမှာဆို စရိတ် စက ကလည်း သူတို့က ခရီးသည် အရမ်းသက်သာအောင် ဖန်တီး ပေးထားနိုင်တယ်။

မြန်မာပြည်မှာတော့ (လာသမျှ ဧည့်သည် ၀ိုင်းကာတွယ်) လုပ်နေကြလို့ ဈေးကြီးလွန်းပြီး နောက်လာရမယ့် သူတွေ တွန့်နေတာ။ ဟိုတယ်တွေမှာ တိုင်ပတ် ကတဲ့ Dance တွေ ပါမစ် ပေးထားလိုက်ရင် ခရီးသည် ၀င်လာ လိမ့်မယ်လို့ တွေးချင်တဲ့ ဉာဏ်ကြီးရှင်ရေ။ တစ်ခုပဲ ပြောချင်တယ်။ အဲလိုလုပ်ပြီး ခေါ်ရင် ၀င်တော့ ၀င်လာပါလိမ့်မယ်။ ဒါပေမဲ့ ငှက်ပျောသီးလောက် ပြခေါ်ရင်တော့ အငမ်းမရ ၀င်လာမှာက မျောက်တွေပဲ ဖြစ်မပေါ့လို့။

ဘုရားပွဲများနဲ့ ပတ်သက် လို့တော့ လူစည်စေချင်လို့ မော်ဒယ် ရှိုးပွဲများ ထည့်ချင်သပ ဆိုလည်း ဘုရားစေတီနဲ့ ခပ်ဝေးဝေးမှာ မြန်မာအလှမယ် ရှိုးပွဲလေးများ လုပ်ရင်ကော၊ ကျားကိုက်မှာ စိုးလို့လားဗျာ။ ပရိသတ်က အားမပေးဘူး ထင်သလား။ အွန်လိုင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်ခ် ပေါ်မှာကိုပဲ မြန်မာ မော်ဒယ် တချို့ရဲ့ အဖော်ရဲတဲ့ Sexy Design ထက် မြန်မာ ၀တ်စုံလေးနဲ့ တကယ်လှရင် Like တွေ ထောင်သောင်းချီ သွားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာ လူငယ် လူရွယ် အများစုရဲ့ ရင်ထဲ အသည်းထဲမှာ မြန်မာ့ ယဉ်ကျေးမှုကို နှစ်သက် တန်ဖိုးထားတဲ့ စိတ်ရင်း စေတနာလေးတွေ ဒုနဲ့ ဒေးဆိုတာ ယုံကြည် လိုက်ကြပါ။ လက်တွေ့ ဘ၀မှာ ကုမ္ပဏီ အရောင်း ဈေးသည်မို့ သရီးကွာတား ကျပ်ကျပ်လေး ၀တ်ထားရပေမယ့် အားလပ်ရက်မှာ မြန်မာ ၀တ်စုံလေးဝတ်လို့ ဘုရားသွားတဲ့ မြန်မာမလေးတွေ တစ်ပုံကြီး။

ဒီလို သူ့နေရာနဲ့သူ အကန့်လေးတွေ ပိုင်းခြားနိုင်တဲ့ လူငယ် လူရွယ်တွေရဲ့ စိတ်ရင်းတွေကို ဥပေက္ခာပြုလို့ နိုင်ငံတကာ ဆိုတဲ့ ကိစ္စတိုင်းရဲ့ အပေါ်ယံကိုသာ ပုံတူကူးရင်း အများစု ကိုးကွယ်ရာ ဘာသာ သာသနာ နယ်မြေတွေမှာပါ ထင်ရာ စိုင်းကြရင်ဖြင့် တချို့တွေ ကြွေးကျော်သလို အရိုးတွေ နဲ့တောင် စည်းရိုးထိုးဖို့ လှုံ့ဆော် သော်လည်း ဘာထူးမှာလဲလို့ တွေးရင်း အမှတ်ရ နေမိတာက၊ ဘုရားပွဲနဲ့ မော်ဒယ်ရှိုးပွဲ သွားကြည့်မိတဲ့ ညက ပြန်အထွက်၊ ကလေး ကစားကွင်းတွေ ဘက်က ပြန့်လွင့်လာတဲ့ သီချင်းသံ တစ်ပိုင်းတစ်စ၊ (ရှေ့ကကြည့်လည်း မလုံ၊ နောက်က ကြည့်လည်း မလုံ၊ မြန်မာ ဆိုတာ မယုံရေး ချမယုံ) တဲ့။
From: Messenger

www.mmdailystar.com

AFC ဗိုလ်လုပွဲမရပေမယ့် တတိယကိုပူးတွဲရခဲ့ UPDATED


AFC U 19 ဆီမီးဖိုင်နယ်ပွဲစဉ်ကို အိမ်ရှင်မြန်မာအသင်းနဲ့ ကာတာအသင်းတို့ အောက်တိုဘာ ၂ဝရက်နေ့ည ယှဉ်ပြိုင်ကစားရာမှာ ၃ဂိုး ၂ဂိုးနဲ့ မြန်မာအသင်းရှုံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။ အိမ်ရှင် မြန်မာအသင်းအနေနဲ့ တတိယနေရာကို ဥဇဘက်ကစ္စတန်အသင်း ပူးတွဲရရှိခဲ့ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ကာတာ ကစားပွဲချိန် မိနစ် ၉ဝ အတွင်းမှာ နှစ်ဂိုးစီ သရေကျနေခဲ့ပေမယ့် အချိန်ပို မိနစ် ၃ဝမှာတော့ မြန်မာဘက်က တစ်ဂိုးပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်း ကစားချိန်ပြီးလို့ နာကျင်အချိန်ပိုမှာ ကာတာအသင်းက ထောင့်ကန်ဘောကနေ ဦးဆောင်ရသွားခဲ့ပြီး ဒုတိယပိုင်း ၆၂မိနစ်မှာတော့ မြန်မာတိုက်စစ်မှူး အောင်သူက အဝေးကန်ချက်နဲ့ ချေပဂိုးသွင်းယူခဲ့ပါတယ်။ နောက်ထပ် ၂မိနစ်အကြာမှာ ငြိမ်းချမ်းအောင်က မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့ချိန်မှာတော့ မြန်မာပရိသတ်တွေအတွက် စိတ်ဓာတ်တက်ကြွစရာ ကစားပွဲကြီးဖြစ်သွားခဲ့ပါတယ်။


ကစားချိန် ၇၅မိနစ်မှာတော့ ကာတာအသင်းဘက်က အလွတ်တည်ကန်ဘောကနေ ချေပဂိုးယူသွားပြီး ပွဲပြီးချိန်အထိ ၂ဂိုးစီ သရေကျခဲ့လို့ အချိန်ပို မိနစ် ၃ဝစီ ကစားခဲ့ရာမှာ ပွဲစစချင်း ကာတာဘက်က ၃ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းက ချေပဂိုး မသွင်းနိုင်ခဲ့တာမို့ ဗိုလ်လုပွဲနဲ့ လွဲသွားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဥဇဘက်ကစ္စတန်တို့ ကစားပွဲမှာတော့ မြောက်ကိုရီးယားက ၅ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး AFC U 19 ဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။

မြန်မာအသင်းဟာ ဗိုလ်လုပွဲနဲ့ လွဲခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ UAE အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာမို့ ၂ဝ၁၅ ကျရင် နယူးဇီလန်မှာ ကျင်းပမယ့် FIFA U 20 World Cup ကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားခဲ့ပါတယ်။


From:OE

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...