Thursday, 23 October 2014

ကမ္ဘာ့အဆင့် ပရိသတ်ဖြစ်ဖို့ အသင့်ဖြစ်ပြီလား

ဖမ်းစားနိုင်လွန်းတဲ့ Myanmar U-19
*****************************************

အခုတလော မြန်မာ U-19 ဘောလုံး အသင်းအကြောင်းက ဟော့တ်ဖြစ်နေသည်။ တစ်နိုင်ငံလုံးလဲ ဒီလူငယ်လေးတွေရဲ့ ဖမ်းစား မှုကို မတွန်းလှန်နိုင်။ သူတို့အကြောင်းက လူတိုင်းလိုလိုရဲ့ နှုတ်ဖျားမှာရေပန်းစားနေ သည်။ ၂ဝ၁၅ မှာလုပ်မယ့် ကမ္ဘာ့ယူ-၂ဝ ပြိုင်ပွဲ ကို ဒီကလေးတွေ ဝင်ရောက်ကစားခွင့်ရပြီ ဆိုတာ တွေးမိတော့ တွေးသမျှအကြိမ်အတိုင်း ကျေနပ်ပျော်ရွှင်စိတ်တွေ ဖြစ်ရသည်။ သူတို့ အတွက်လည်း ကျေနပ်ရသည်။ နိုင်ငံအတွက် လည်း ကျေနပ်ရသည်။ ဒီလိုရလဒ်ဖြစ်လာ အောင် ဝိုင်းဝန်း ကြိုးပမ်းကြသူတွေအတွက် လည်းကျေနပ်သည်။

ပြီးတော့ မြန်မာ့ဘောလုံးပရိသတ်အတွက် လည်း ကျေနပ်သည်။

''မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်'' ဆိုတဲ့မျှော်မှန်းချက်ကို မရသေးရင်တောင် ကမ္ဘာ့အဆင့်နားတော့ ချဉ်းကပ်မိပြီဟုယုံကြည်မိသည်။

ကမ္ဘာစော် လေးတော့ နံလာပြီလို့ဆိုနိုင်သည်။ ဒီတော့ ကျေနပ်စိတ်တွေဖြစ်ကြတာလည်းမဆန်း။ သို့သော် … …။

မော်ဒန်ပရိသတ်ကြီးရဲ့အားပေးမှုတွေ
******************************************

ပရိသတ်အတွက် ကျေနပ်မိတယ်ဆိုပေ မယ့် စိုးရိမ်စိတ်ကလည်းရှိပြန်သည်။ ဒီဘက် ခေတ် မြန်မာဘောလုံး ပရိသတ်ကလည်း ရာဇဝင်နဲ့။ တစ်ချိန်က အာရှထိပ်တန်းအဆင့် ရှိခဲ့တော့ လက်ရှိမြန်မာ့ဘောလုံးကို အာရှအဆင့် ပြန်ရောက်စေချင်ကြသည်။ ယခင်အာရှအဆင့် မှာ ဘတပြန် ကျားတစ်ပြန်ရင်ဆိုင် ယှဉ်ပြိုင်ရင်း အောင်ပွဲတွေ ရယူခဲ့စဉ်က ပြိုင်ဘက်တွေ အခုကမ္ဘာ့အဆင့်မှာ အကြိမ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်နေတာကို မြင်တွေ့နေရတော့လည်း မြန်မာ့လက်ရွေးစင်အသင်းကို အဲဒီလိုမြင်တွေ့ ချင်သည်မှာ မြန်မာပြည်သူဘောလုံးပရိသတ် ကြီးရဲ့ ကြီးစွာသောဆန္ဒဖြစ်သည်။

တစ်ဖက် မှာလည်း မြန်မာ့ဘောလုံးအဆင့်အတန်း တိုး တက်လာဖို့၊ ထိုက်တန်တဲ့နေရာပြန်ရဖို့အ တွက် ကြိုးပမ်းချက်တစ်ရပ်အဖြစ် အပျော်တမ်း ကစားခဲ့ကြတဲ့ ဘောလုံးအားကစားကို Professional အဆင့်ရောက်လာအောင် စီမံလုပ် ဆောင်ခဲ့ကြတယ်။ နိုင်ငံခြားသားနဲ့ပြည်တွင်း အားကစားသမားတွေပေါင်းစပ်ဖွဲ့စည်းတဲ့ ဆုကြေးစား ဘောလုံးအသင်းတွေ တည်ထောင် ကြတယ်။ ပြည်တွင်းသက်သက်သာကစားနေ ရာက ပြည်ပအတွေ့အကြုံတွေရလာအောင် လုပ်တယ်။ ဒီတော့ ပရိသတ်တွေရဲ့ အာသာ ဆန္ဒက ပိုကြီးမားလာတယ်။

ဒါပေမဲ့ ပရိသတ်မျှော်လင့်သလိုရလဒ် မျိုးထွက်မလာသေး။ အထူးသဖြင့် (၂၇)ကြိမ် မြောက် SEA Game မှာ မြန်မာ့လက်ရွေး စင်အသင်း အုပ်စုကထွက်ရတဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူများနဲ့တကွ ဘောလုံး ပရိသတ်ကြီး ရင်ကွဲခဲ့ရတယ်။ ပရိသတ်တချို့ ဆိုရင် ဆူပူရမ်းကားမှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်။ SEA Game မတိုင်ခင်က နေပြည် တော်မှာ လုပ်တဲ့ ပြည်တွင်းကလပ်ပြိုင်ပွဲတစ်ခု မှာ ပရိသတ်တွေ ဆူပူသောင်းကျန်းပြီး SEA Game အတွက် ခမ်းနားထည်ဝါစွာ တည် ဆောက်ထားတဲ့ ဘောလုံးကွင်းသစ်ကြီးကို ရုပ်ဆိုးအကျည်းတန်အောင်ဖျက်ဆီးခဲ့ကြတယ်။

၂ဝ၁၃တုန်းကလည်း အိုမန်နိုင်ငံလက်ရွေးစင် အသင်းနဲ့ မြန်မာ့လက်ရွေးစင် အသင်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကန်တဲ့ပွဲ တစ်ပွဲမှာ ပရိသတ်တွေ သောင်းကျန်းပြီး ကွင်းအတွင်း အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့လို့ တစ်ဘက်အ သင်း ကစားသမားတစ်ဦး သွေးထွက်သံယိုဖြစ် ခဲ့တယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ အရေး ယူမှုကိုခံခဲ့ရတယ်။

အခု AFC U-19 ပြိုင်ပွဲမှာလည်းအုပ်စု အဆင့် အီရန်နဲ့ပွဲမှာ မြန်မာအသင်းရှုံး တာကြောင့် ပရိသတ်အချို့ ဖျက်ဆီးရမ်းကား မှုတွေ လုပ်ခဲ့တယ်။ ကွာတားအဆင့် UAE နဲ့ပွဲမှာ မြန်မာအသင်းနိုင်တဲ့အတွက် ပွဲအပြီး မှာ ကွင်းအတွင်းဝင်ရောက် အလွန်အကျူး အောင်ပွဲခံတယ်။

တကယ်တော့မပြီးသေးပါ ဘူး။ နှစ်ဖက်အသင်းကစားသမားတွေနှုတ်ဆက် ဖို့ရှိသေးတယ်။ ပရိသတ်တွေကို နှုတ်ဆက်ရ မည်။

ဧည့်သည်အသင်းကွင်းအတွင်းက ပြန် လည်ထွက်ခွာဖို့ရှိသေးသည်။

ပရိသတ်တွေ အပျော်လွန်ပြီး ကွင်းအတွင်းဝင်ရောက်လာ မှုက ရှုံးပွဲတွေ့ခဲ့တဲ့ ဧည့်သည်အသင်းကို မလေး စားရာရောက်သည်။ ဒီလုပ်ရပ်မှာ အကျိုး ဆက်တစ်ခုခုတော့ရှိနိုင်တယ်လို့ တီဗွီဖန်သား ပြင်ကို ကြည့်ရင်းတွေးမိတယ်။ အကျိုးဆက် ကဘာလဲ … …။

အပျော်လွန်အားပေးမှုရဲ့ရလဒ်
**********************************

နောက်တစ်နေ့ထုတ်သတင်းစာ။ ဂျာနယ် တွေမှာ အာရှအားကစားအဖွဲ့ချုပ်က မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေ ဒေါ်လာ ၂၄,ဝဝဝ နဲ့ နှစ်နှစ်အတွင်း အိမ်ရှင်အဖြစ်ကန် ရမယ့် ပွဲတစ်ပွဲကို ပရိသတ်မပါဘဲကစားရမယ် ဆိုပြီး ပြစ်ဒဏ်ချလိုက်တယ်။ ကာတာနဲ့ကစား မယ့် ပွဲအတွက် နည်းပြနဲ့ တာဝန်ရှိသူတွေစိုး ရိမ်စိတ်ဖြစ်လာတယ်။ မီဒီယာတွေကနေတစ် ဆင့် မြန်မာ- ကာတာ ဆီးမီးပွဲရလဒ် ဘယ်လိုရှိရှိ ပရိသတ်တွေ အလွန်အကျွံအားမပေးဖို့လို ကြောင်း၊ ရှုံးခဲ့ရင်လည်း အရှုံးရလဒ်ကို ကျေကျေနပ်နပ် လက်ခံဖို့ တိုက်တွန်း မေတ္တာ ရပ်ခံလာတယ်။ မြန်မာ ပရိသတ်လုပ်ရပ်က ရှုံးတော့လည်း ပြဿနာရှာ၊ နိုင်တော့လည်း ပြဿနာဖြစ်နဲ့ မြန်မာဘောလုံး ပရိသတ်ကြီးမှာ တစ်ခုတော့လိုနေသည်။ အဲဒါကတော့ ပရိ သတ်ရဲ့ရင့်ကျက်မှုပါ။ အားကစားစိတ်ဓာတ် လို့လဲခေါ်နိုင်မည်။

ရင့်ကျက်တဲ့ လူငယ်အသင်း
******************************

လက်ရှိ မြန်မာ U-19 လူငယ်ဘော လုံးအသင်းကို အများကြီးချီးကျူးရမည်။ Skills ကောင်းတယ်၊ ဘောလုံးအထိန်းအသိမ်း ကျွမ်းကျင်တယ်။ အပေးအယူလေးတွေကောင်း တယ်။ အထင်ရှားဆုံးကတော့ စိတ်ဓာတ် ကောင်းတယ်။ အရင် မြန်မာ့လက်ရွေးစင် အသင်းတွေမှာတွေ့ခဲ့ရတဲ့ ''မဖြစ်ညစ်ကျယ်''စိတ်ဓာတ်မျိုးတွေမတွေ့ရဘူး။ တစ်ဖက်အသင်း သားတွေ အဖျက်ကြမ်းရင်တောင်ပြန်တုံ့ပြန် တာမျိုးမရှိဘူး။ ကာယအားသုံးပြီး တွန်းတွန်း တိုက်တိုက်ကစားရတဲ့ အားကစားနည်းမှာ လူ ငယ်လေးတွေဟာ အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက် မှုတွေပြတယ်။ ဘောလုံးကိုပဲ အာရုံစိုက်ကစား တယ်။ ဒီတော့ ဘောလုံးအဆင့်အတန်းမြင့်တဲ့ အရှေ့ အလယ်ပိုင်းက ရေနံသူဌေးနိုင်ငံအသင်း တွေကို ဖြတ်ကျော်ပြီး ကမ္ဘာ့ U-20 ပြိုင်ပွဲ ကိုရောက်ခဲ့တာထိုက်တန်တဲ့ရလဒ်ပါ။

UAE U-19 အသင်းကို တစ်ဂိုးတည်းနဲ့အနိုင်ယူ ဆီမီးတက်ခဲ့တာ အချောင်တက်ခဲ့တာမဟုတ် ဘူးဆိုတာကို မြန်မာ-ကာတာပွဲမှာ မြန်မာလူ ငယ်တွေ သက်သေပြခဲ့တယ်။ နည်းပြအပါအဝင် ကာတာ အသင်းသားတွေ မျက်ကလဲဆန်ပျာ ဖြစ်အောင် တုံ့ပြန်ကစားပြခဲ့ကြတယ်။ အနိုင် ရလဒ်ကိုယူသွားနိုင်ခဲ့ပေမယ့် ကာတာအသင်း ဟာ ဒီအနိုင်အတွက် အတော်ကြီးကိုပေးဆပ် ခဲ့ကြရတယ်။

လက်ရှိ မြန်မာပြည်သူတွေနဲ့ ဘော လုံးပရိသတ်ကြီးအချစ်တော် မြန်မာU-19 လူငယ်လေးတွေ ကမ္ဘာ့အဆင့်ကို ထိုက်ထိုက် တန်တန်နဲ့ ရောက်ခဲ့ကြတယ်။ ဆိုရရင်စာရေး သူတို့ရဲ့ ဘောလုံးအားကစားအသည်းစွဲ မြန်မာ နိုင်ငံမှာ ကမ္ဘာ့အဆင့်ဘောလုံးအသင်း တစ် သင်းပေါ် ထွက်လာနေပြီ။

တက်လူငယ်လေး တွေဖြစ်တာကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောသလို Plan ကောင်းကောင်း ချပြီး ပြုစုပျိုးထောင်ပေးလိုက်ရင် ၂ဝ၁၅- ကမ္ဘာ့ U-20 ပြိုင်ပွဲမှာ ထိုက်သင့်တဲ့အောင် မြင်မှုရနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလိုအသင်း ကို အားပေးသွားမယ့် ပရိသတ်ကရောခင် ဗျာ … …။

ကမ္ဘာ့အဆင့်ပရိသတ်လား
*****************************

ပရိသတ် အားပေးမှုနဲ့ ပတ်သက်လို့ ပြောရရင် ကိုယ့်နိုင်ငံအသင်းကို တစ်ခဲနက် လာရောက်အားပေးတတ်ရုံနဲ့တော့ တကယ့် ဘောလုံးအားကစားပရိသတ်လို့ တစ်ထစ် ချ မဆိုနိုင်သေးဘူး။ ကိုယ့်နိုင်ငံအသင်းကို တစ်ခဲနက်အားပေးသလို ပြိုင်ဘက်အသင်း ကိုလည်း လေးစားရမယ်။ ထိုက်သင့်သလို အားပေးရမယ်။ အနိုင်ကိုတပ်မက်သလို၊ ကိုယ့် အသင်းရဲ့အရှုံးကိုလည်း လက်ခံနိုင်ရမယ်။ အရှုံးဆိုမှတော့ မရှုံးသင့်တဲ့အရှုံးဆိုတာမရှိပါဘူး။ ရှုံးသင့်ရှုံးထိုက်လို့ ရှုံးရတာပါ။ ကိုယ့်အသင်းက ပြိုင်ဘက်ထက်ကောင်းပါတယ် ဆိုရင်တောင် တစ်ခုထက်မကသော အားနည်း ချက်တွေကြောင့် ပြိုင်ဘက်အသင်းကိုရှုံးရတာ ပါ။ အလားတူ ပြိုင်ဘက်က ကိုယ့်ထက် ဘယ် လောက်အားနည်း အားနည်း၊ တစ်ကွက်သာ လို့ ပြိုင်ဘက်ကနိုင်သွားတာပါ။

အဲဒီတော့ မေးချင်တာက ကမ္ဘာ့အဆင့် ကို တက်ပြီးပြိုင်ပွဲဝင်မယ့် နိုင်ငံ့လက်ရွေးစင် အသင်းတစ်သင်းတော့ ထွက်ပေါ်လာပြီ။ ကမ္ဘာ့ အဆင့်အားပေးမယ့် ပရိသတ်ရောရှိရဲ့လားဆို တာပါ။ World Class နဲ့အညီ အားပေးဖို့ ပရိသတ်ကြီးဘက်လည်း အသင့်ရှိရဲ့လား…။

From: YMG

www.mmdailystar.com

ဆင်ဆာဖွင့်ပြီးနောက်ပိုင်း မြန်မာဇာတ်ကားတွေမှာ လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို

မြန်မာ ဗွီဒွီယို ဇာတ်ကားတွေကို ဆင်ဆာ အဖွဲ့က ပြန်လည် စိစစ်ရတာက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ကားတွေ များလာတာကြောင့် ထိန်းကြောင်း ပေးတဲ့ သဘောသာ ဖြစ်တဲ့ အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက ပြောဆိုလိုက်ပါတယ်။
မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်ကစပြီး ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဆင်ဆာအဖွဲ့က အခုလိုပြန်လည် စိစစ်ရတာဟာ မြန်မာ့ရုပ်ရှင်လောကကို ထိန်းချုပ်လိုတာကြောင့် မဟုတ်ဘဲ ဗွီဒီယိုဇာတ်ကားတွေမှာ လိင်အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေအပါအ၀င် မြန်မာ့ရိုးရာဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာတာကြောင့် ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကားအဆင့်အတန်း သတ်မှတ်စိစစ် အကဲဖြတ်အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ဦးတင်ငြိမ်းက ပြောပါတယ်။
မြန်မာဗွီဒီယိုဇတ်ကားတွေမှာ လိင်အသားပေး အခန်းတွေ များလာလို့ ဆင်ဆာပြန်တင်ခိုင်းတာကို လက်ခံနိုင်ပေမယ့် ဇာတ်ကားတကားလုံးပြီးမှ ဆင်ဆာဖြတ်မှာထက် ဇာတ်ညွှန်းကို အရင်တင်ပြီး ဖြုတ်တာမျိုးလုပ်ရင် ပိုအဆင်ပြေနိုင်မယ်လို့ ဒါရိုက်တာ ဦးသော်ကိုကိုကျော်က ပြောပါတယ်။
ဆင်ဆာအဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် အနုပညာဖန်တီးမှုစွမ်းအားကို လျှော့ကျစေလို့ ဒါဟာ မြန်မာ့ရုပ်ရှင်လောကကို တိုးတက်သင့်သလောက်တိုးတက်မှု မရှိဘူးလို့ ဝေဖန်မှုတွေကလည်း အရင်က ရှိခဲ့တာပါ။
ဒါပေမယ့် ဆင်ဆာဖွင့်ပေးပြီး ၃ နှစ်နီးပါးလောက်အထိ ရုပ်ရှင်လောကမှာ ထူးခြားတဲ့ တိုးတက်မှုမျိုး မတွေ့ရပေမယ့်လိင်အသားပေး ပြကွက်တွေသာများ လာပြီး မြန်မာဗွီဒီယို ဈေးကွက်ကလည်း
 အောက်ဆုံးအဆင့်ကို ရောက်နေတယ်လို့ ၀င်းရုပ်ရှင်ထုတ်လုပ်ရေး ဦးနေဒွေးဇော်က ဒီဗွီဘီကို ပြောပါတယ်။

From: သိုက်ဇင် (ဒီဗွီဘီ)

www.mmdailystar.com

ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၁၉ တစ်သင်းလုံး သင်္ကန်းစည်းပြီး သာသနာ့ဘောင်ဝင်မည်

နယူးဇီလန်နိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် လူငယ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရထားတဲ့ မြန်မာ ယူ-၁၉ တစ်သင်းလုံး မှော်ဘီမြို့နယ် ဓမ္မဓူတ ကျောင်းတိုက်မှာ သင်္ကန်းစည်းမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆီက သိရပါတယ်။

မြန်မာ ယူ-၁၉ အသင်းသားတွေ အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရင် သင်္ကန်းစည်းမယ်လို့ ဓမ္မဒူတ ကျောင်းတိုက်ဆရာတော် အရှင်ဆေကိန္ဒကို ကတိပြုခဲ့လို့ အားလပ်ရက်ရမယ့် အချိန်မှာသင်္ကန်းစည်းမှာ ဖြစ်ပြီး သင်္ကန်းစည်းမယ့် အချိန်ကို မသတ်မှတ်ရသေးဘူးလို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မြန်မာ ယူ-၁၉ အသင်းဟာ အာရှချန်ပီယံရှစ် ယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အထိပဲ တက်ရောက်နိုင်ပေမယ့် ဗိုလ်လုပွဲ ကျင်းပမယ့် အောက်တိုဘာလ ၂၃ ရက်နေ့ အထိ ပုံမှန် လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်လျက်ရှိပါတယ်။ ဗိုလ်လုပွဲ ပြီးဆုံးမှသာ မြန်မာ ယူ-၁၉ အသင်း နားရက်ရမှာ ဖြစ်ပါတယ်။

From: The Voice Weekly

www.mmdailystar.com

ရုံးပြန်နောက်ကျသူ အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့အဓမ္မကျင့်သူ ငါးဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရ

အိန္ဒိယနိုင်ငံတွင် ၂၀၁၀ ခုနှစ်က ဖုန်းလက်ခံဖြေကြားသည့် ဌာနမှ အမျိုးသမီးဝန်ထမ်း တစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သူ ငါးဦးအား အောက်တိုဘာ ၂၀ ရက်တွင် တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်သည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ်က အသက် ၃၀ အရွယ် အမျိုးသမီးသည် မြို့တော်နယူးဒေလီ အနောက်တောင်ပိုင်းတွင် ရုံးပြန်နောက်ကျသွားပြီး အိမ်သို့ အဖော်တစ်ဦးနှင့်အတူ လမ်းလျှောက်ပြန်လာကြစဉ် အမျိုးသားများက သေနတ်ထောက်၍ အဓမ္မခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အိန္ဒိယ PTI သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားများက သူမကို ထရပ်ကားတစ်စီးဖြင့် တင်ခေါ်သွားကြပြီး ကားမောင်းနေစဉ် အမျိုးသားများက သူမအား တစ်လှည့်စီ မုဒိမ်းပြုကျင့်ခဲ့ကြပြီး သူမအား လူသူအရောက်အပေါက်နည်းသည့် နေရာတစ်ခုတွင် ထားသွားခဲ့ကြခြင်းဖြစ်သည်။

ယင်းအမှုတွင် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး၏ ထွက်ဆိုချက်နှင့် ဆေးစစ်ချက် အထောက်အထားများအပေါ် အခြေခံ၍ ကျူးလွန်သူ ငါးဦးကို အိန္ဒိယ
တရားရုံးတရားသူကြီး ဗီရမ်ဒါဘက်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

“ ဒီအမှုမှာ ကျူးလွန်သူတွေအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဆိုတာ ထိုက်တန်ပါတယ်။ဒါ့အပြင် ဒဏ်ငွေ ရူးပီး ၅၀,၀၀၀ ကိုလည်း သူတို့
ပေးဆောင်ရမှာပါ” ဟု တရားသူကြီး ဘက်၏ ပြောကြားမှုကို PTI သတင်းဌာနက ကိုးကားရေးသားခဲ့သည်။ ယခုကိစ္စတွင် ကျူးလွန်ခဲ့ကြသူများသည် အသက် ၂၄ နှစ်မှ ၂၉ အကြား လူငယ်များဖြစ်ကြပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေသော မီဝက်ဒေသမှ နွားသူခိုးဂိုဏ်းတစ်ခု၏ အဖွဲ့သားများဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖြစ်ပွားခြင်းကြောင့် နိုင်ငံရှိ လုပ်ငန်းများတွင် ညပိုင်း အလုပ်ပြန်ချိန် နောက်ကျလေ့ရှိသောအမျိုးသမီး ဝန်ထမ်းများအတွက်
လုံခြုံရေးဆိုင်ရာ အစီအစဉ်များကို အိန္ဒိယအစိုးရက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားပြီး ၂၀၁၂ ဒီဇင်ဘာလတွင်လည်း နယူးဒေလီ၌ ကျောင်းသူတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းကြောင့်
တစ်နိုင်ငံလုံးရှိ ပြည်သူများအမျက်ဒေါသထွက်ခဲ့ကြပြီးနောက် ထိုကဲ့သို့ နိုင်ငံတွင် အမျိုးသမီးများကို ရက်စက်စွာ ဆက်ဆံခံရမှုများအပေါ် ပြည်သူများက ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
From: Mizzima

www.mmdailystar.com

ပါကစ္စတန်နိုင်ငံတွင် မော်လဝီဆရာမှ ၁၂ နှစ် သမီး ကျောင်းသူအား မုဒိမ်းကျင့်ပြီး သတ်


စနေ(အောက်တိုဘာ ၁၈)နေ့က ပါကစ္စတန်နိုင်ငံ၊ ဘာဒင်နယ်တွင် အစ္စလာမ်ဘာသာရေးဆရာတစ်ဦးမှ ဗလီအတွင်း၌ ၎င်း၏တပည့် အသက် ၁၂ နှစ် အရွယ် ကျောင်းသူတစ်ဦးကို မုဒိမ်းကျင့်ပြီး အမှုဖျောက်ရန်အလို့ငှာ လက်စတုံးသတ်ပစ်လိုက်သောအမှု ပေါ်ပေါက်ခဲ့သည်။

မိန်းကလေးသည် ဗလီအတွင်း၌ ဖွင့်လှစ်သော အစ္စလာမ်ဘာသာရေးသင်တန်း၌ တက်ရောက်သင်ကြားနေသူဖြစ်သည်။ ထိုနေ့က အတန်းပြီးချိန်တွင် မော်လဝီ ဂူလဟမ် မာတာဇာမှ အခြားအတန်းသားများကို ကျောင်းလွှတ်ပေးခဲ့လင့်ကစား သူမကိုမူ ချန်လှပ်ကာ နေရစ်ခိုင်းခဲ့သည်။


မော်လဝီမှ ရွာထဲရှိ လူ ၃ ဦးအား ခေါ်ခဲ့ပြီး ဗလီအတွင်းရှိ အခန်းတစ်ခု၌ မိန်းကလေးအား လေးဦးသား မုဒိမ်းကျင့်ခဲ့ကြသည်။

ထိုနောက် ယင်းမုဒိမ်းမှု မပေါ်ပေါက်စေရန်အတွက် ၎င်းတို့ ၄ ဦးစလုံးမှ မိန်းကလေးအား လည်ပစ်ညှစ်သတ်လိုက်ကြသည်။

မိန်းကလေး၏ မိဘများမှ ၎င်းတို့၏ သမီးသတင်း ကြားကြားချင်း မိန်းကလေးအား ကယ်တင်နိုင်ရေး အပြေးလာခဲ့ကြသော်လည်း အခါနှောင်းသွားခဲ့သည်။ ၎င်းတို့ ရောက်ရှိချိန်တွင် မိန်းကလေးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မိန်းကလေးသည် ပထမ ပြင်းထန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရသည်၊ ထို့နောက်တွင် အသတ်ခံလိုက်ရသည် ဟု ဆရာဝန်မှ အတည်ပြုခဲ့သည်။

ဆရာဝန်မှ မုဒိမ်းမှုအား အတည်ပြုပြီးနောက် ရဲမှ မော်လဝီဆရာအား ဖမ်းဆီး အမှုဖွင့်ထားသည်။ သို့သော် ကျန်အပေါင်းပါ တရားခံ ၃ ယောက်မှာမူ ထွက်ပြေးနေဆဲ ဖြစ်သည်။

http://dunyanews.tv/…/218600-Badin-Mosque-Imam-rapes-kills-…


From: မျိုးမင်းသန့်

www.mmdailystar.com

ယူ-၂ဝ ကမ္ဘာ့ဖလားကျင်းပမည့် နယူးဇီလန်တွင် မြန်မာယူ-၁၉ အသင်း တစ်လကြာသွားရောက် လေ့ကျင့်ရန် စီစဉ်ပြီ

နယူးဇီလန်နိုင်ငံတွင် ကျင်းပ မည့် ၂ဝ၁၅ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် မြန်မာယူ-၁၉ အသင်းသည် ပြိုင်ပွဲမတိုင်မီ အိမ်ရှင်နိုင်ငံဖြစ်သည့် နယူးဇီလန်တွင် တစ်လကြာသွား ရောက်လေ့ကျင့်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ပြော ကြားသွားခဲ့သည်။

ထို့ပြင် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့် မြန်မာအသင်းကို ဂျာမနီ နည်းပြချုပ် ဂတ်ဇီကိုသာ ဆက်လက် ကိုင်တွယ်စေမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဦးဇော် ဇော်က ''ကမ္ဘာ့ဖလားပြိုင်ပွဲအတွေ့ အကြုံမရှိသေးတဲ့အတွက် အာရှက ယှဉ်ပြိုင်ဖူးတဲ့ အဖွဲ့ချုပ်တွေရဲ့ ပြင်ဆင် မှုအတွေ့အကြုံကို လေ့လာမယ်။ ပြင် ဆင်မှုတွေကိုလဲ နည်းပြနဲ့တိုင်ပင်ပြီး လုပ်ဆောင်မယ်။ နယူးဇီလန်မှာ တစ်လကြာသွားရောက်လေ့ကျင့်ဖို့ စီစဉ်သွားပါ့မယ်''ဟု ကာတာအား ၃-၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး တွင် ပြောကြားသွားခဲ့သည်။

နယူးဇီလန်နိုင်ငံတွင် ၂ဝ၁၅ခု နှစ် မေ ၃ဝရက်မှ ဇွန် ၂ဝရက်အထိ ကျင်းပပြုလုပ်မည့် ယူ-၂ဝ ကမ္ဘာ့ဖ လားပြိုင်ပွဲနှင့်ပတ်သက်ပြီး မြန်မာ ယူ-၁၉နည်းပြ ဂတ်ဇီက မြန်မာအ သင်းအနေဖြင့် ပြင်ဆင်ချိန် ခုနစ်လ ခန့်ရှိပါကြောင်း၊ လက်ရှိကစားသ မားများအပြင် လူသစ်ကစားသမား များထပ်မံခေါ်ယူရန်ရှိနေပြီး ယူ-၁၆ အသင်းမှ ကစားသမားအချို့ကို ခေါ်ယူရန် မျက်စိကျနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူ-၂ဝ ကမ္ဘာ့ဖလားယှဉ်ပြိုင် ရမည့် ယူ-၁၉ အသင်းကို အာရှယူ- ၁၉ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် အ နားပေးထားမည်ဖြစ်ပြီး ဒီဇင်ဘာလ တွင် လေ့ကျင့်မှုပြန်လည်စတင် မည်ဖြစ်ကြောင်းလည်း သိရသည်။

NTL
From: Democracytoday

www.mmdailystar.com

မွေးကင်းစကလေး သေဆုံးမှုနှင့် ပတ်သတ်၍ ကာယကံရှင် မိသားစုနှင့် ၀ိတိုရိယဆေးရုံတို့ အပြန်အလှန် ရှင်းလင်းမှုများ ဖြစ်ပေါ်

ဝိတိုရိယ ဆေးရုံတွင် မီးဖွားရာမှ ကလေးငယ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သတ်၍ အထင်ကရ ဆေးရုံးကြီးများတွင် မွေးဖွားရသကဲ့သို့ မဟုတ်ဘဲ တောကြိုအုံကြားရှိ ကျေးရွာများမှ လက်သည်ဖြင့် မီးဖွားရသကဲ့သို့ ဖြစ်နေသည်ဟု သေဆုံးသူ ကလေးငယ်၏ မိသားစုမှ တုန့်ပြန်ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ကာယကံရှင်များမှ အောက်တိုဘာလ (၁၈)ရက်နေ့တွင် စင်ထရယ် ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းနစ်နာမှုများ အတွက် ငွေကျပ်သိန်း (၅၀၀)ခန့် တောင်းဆိုထားကြောင်းနှင့် ယင်းငွေများအား ရန်ကင်း ကလေးဆေးရုံကြီးနှင့် သေဆုံးကလေးငယ် အတွက် ရည်စူး၍ လှူဒါန်းရန် ရည်ရွယ်ထားကြောင်းလည်း ကာယကံရှင် မိသားစုထံမှ သိရသည်။

ယင်းနှင့်ပတ်သတ်၍ သေဆုံးကလေးငယ်၏ မိခင်ဖြစ်သူ ဒေါ်နွေးဝါ၀ါလတ်က “ဒါကျွန်မရဲ့ သားဦးလေးပါ။ ပထမ တစ်ယောက်က သမီးလေးဖြစ်လို့ သားယောက်ျားလေး မွေးဖွားချင်ခဲ့တာပါ။ ကျွန်မကလေးရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှု လုံးဝမရှိပါဘူး။ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သတ်၍ ၀ိတိုရိယ ဆေးရုံမှလည်း ထုတ်ပြန်ချက် တစ်စောင်အား အောက်တိုဘာလ (၁၅)ရက်နေ့တွင် ထုတ်ပြန်ေ ကြငြာခဲ့ပြီးဖြစ်ကာ ယင်းကြေငြာချက်တွင် အချက်(၉) ချက်ခန့် ပါဝင်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်တွင် ယခုဖြစ်စဉ်အတွက် မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြောင်း၊ ကလေးငယ်အား အထူးကု ဆရာဝန်ကြီး၏ လမ်းညွန်ချက်အတိုင်း ၀ိတိုရိယ ဆေးရုံတွင် အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ကြောင်း ယခု ဖြစ်စဉ်အား ကာယကံရှင် ဒေါ်နွေးဝါ၀ါလတ် မိသားစုသို့ ဆရာဝန်ကျင့်ဝတ်၊ ဆေးရုံ ကျင့်ဝတ်များဖြင့် ရှင်းလင်းပြီး ဖြစ်ကြောင်း စသည့် အချက်များ ပါဝင်နေသည်။

“၀ိတိုရိယဆေးရုံက ထုတ်ပြန်ချက်ကို လက်မခံနိုင်ပါဘူး၊ ပေါ့ဆတဲ့ အချက်တွေကို ကာကွယ်တဲ့ စကားတွေ ဖြစ်တယ်လို့ ယူဆပါတယ်၊ ပြီးတော့ အဲ့ဒီ ၀ိတိုရိယ ဆေးရုံကြီးရဲ့ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြခဲ့သလို အောင်မြင်စွာ မီးဖွားပြီးစီးဟုဆိုသည့် စာသားမှာလည်း မမှန်ကန်ဘဲ ဆေးရုံ၏ စွမ်းဆောင်မှု တစ်ခုမှ မပါဝင်ကာ မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်၊ ကလေးငယ်အား ၀ိတိုရိယ ဆေးရုံမှ ရန်ကင်း ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ကြာချိန်မှာလည်း ၃နာရီနီးပါးရှိခဲ့၍ စနစ်တကျ ပို့ဆောင်ခဲ့သည်ဆိုသော စာသားကိုလည်း လက်မခံနိုင်ပါဘူး”ဟု အဆိုပါ ကလေးငယ်၏ ဖွားလေး ဖြစ်သူ ဒေါ်စံပယ်လတ်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ဖြစ်ပွားခဲ့ခြင်းကြောင့် ပုဂ္ဂလိက ဆေးရုံကဏ္ဍတွင် ၀န်ဆောင်မှု ပေးသည့်အခါ၌ ပြည်သူ့ ဆေးရုံကြီးကို အထူးကောင်းမွန်သည်ဟု မဆိုနိုင်သော်လည်း ပြည်သူ့ဆေးရုံနှင့် ထပ်တူထပ်မျှ ဖြစ်သော ၀န်ဆောင်မှုများ ပေးသင့်ပြီး၊ အစိုးရ အနေနှင့်လည်း ပြည်သူများ၏ လိုအပ်ချက်များအရ စည်းကမ်းစနစ် တစ်ခု ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ကျန်းမာရေး ၀န်ကြီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒေါက်တာခင်မောင်လွင်က အဆိုပါပွဲတွင် ပြောကြားသည်။

ဖြစ်ပွားခဲ့သည့် ကိစ္စရပ်မှာ မွေးရက်ထက် ၅ရက်စော၍ မွေးဖွားခဲ့သော ကလေးငယ်မှာ အောက်တိုဘာလ ၃ ရက်နေ့တွင် မွေးဖွားခဲ့သော်လည်း အောက်တိုဘာလ ၅ရက်နေ့တွင် သေဆုံးခဲ့ရကြောင်းနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ကာယကံရှင် မိသားစုမှ ၀ိတိုရိယ ဆေးရုံကြီးနှင့် သားဖွားမီးယက် အထူးကု ဆရာဝန်ကြီးတို့အား ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသို့ လည်းကောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီသို့လည်းကောင်း တိုင်ကြားထားကြောင်း သိရသည်။

- လျှမ်းလူ

From: Tomorrow

www.mmdailystar.com

သရဲအိမ်တွင်း ၀င်မိတဲ့ အမျိုးသား၊ အမျိုးသမီး ၈ ဦး လိင်ဆက်ဆံစော်ကားခံလိုက်ရ

အသက် ၅၂ အရွယ်ရှိ Daniel Rosmann လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ Milwaukee သရဲအိမ်ကြီးဆီ အလည်အပတ်သွားရောက်ကြည့်ရှုခဲ့ပြီး ကြည့ှ်ုနေချိန်အတွင်း အမျိုးသားနဲ့ အမျိုးသမီး အားလုံးပေါင်း ရှစ်ဦးအား အတင်းအဓ္မကိုယ်ထိလက်ရောက် လိင်ဆက်ဆံကျူးလွန်ခဲ့တာကြောင့် ဖမ်းဆီးခံရတယ်လို့ WISN သတင်းအရသိရတယ်။

အဲဒီသရဲခြောက်တဲ့အိမ် ပိုင်ရှင် Corey Stephens ကတော့ Daniel Rosmann ဟာ တခြားသူတွေလိုပဲ အခကြေးငွေပေးဆောင်ကာ အိမ်ထဲဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ပထမဦးဆုံး မကျေနပ်တဲ့တိုင်တမ်းချက်ရောက်လာပြီးတဲ့နောက် သူ့ရဲ့ အိမ်အတွင်းပိုင်း လုံခြုံရေးအဖွဲ့က Rosmann ရောက်တဲ့ နေရာအတိအကျကို ရှာဖွေဖို့ ကြိုးစားဆောင်ရွက်ခဲ့တယ်။ လုံခြုံရေးကင်မရာတွေထဲက တစ်ခုကနေ အဲဒီလို ကိုယ်ထိလက်ရောက် အဓ္မပြုကျင့်မှုတွေကို ဖမ်းထားနိုင်ခဲ့တယ်။

ဒီသရဲခြောက်တဲ့အိမ်ဟာ လွန်ခဲ့တဲ့သုံးနှစ်ခန့်ကတည်းက ရှိခဲ့တာပါ။ လူတစ်ယောက်က တစ်ခြားသူတွေကို ခုလို ဒုက္ခရောက်စေခဲ့တာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ Stephens ကပြောတယ်။ ဒီကိုယ်ထိလက်ရောက်ပြုမူဆော်ကားနေတဲ့ ဗီဒီယိုမှတ်တမ်းက အတော်ကို ရှင်းလင်းပြတ်သားပါတယ်။ ဒါဟာ တကယ့်အဖြစ်ပျက်အမှန်ပါလို့ ပြောခဲ့ပါတယ်။

Rosmann ဟာ လိင်ပြုမူကျူးလွန်ဆော်ကားတဲ့ ပြစ်မှု ၃ ခု နဲ့ စွပ်စွဲခံထားရပါတယ်။

Source: Cosmopolitan

From: Trend Myanmar

www.mmdailystar.com

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ

ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့
ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက်ပါပြီ။



လိပ်ကျွန်းအမှု တရားဆွဲဆိုသူထံ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတို့ သွားရောက်ကာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ၀န်ခံချက်ကို ပြန်ရုပ်သိမ်းတဲ့စာ သွားပေးစဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီအမှုကို သူတို့ လုံးဝ မကျူးလွန်ခဲ့တာတာကြောင့် ထိုင်းရဲတွေဆီမှာ သူတို့သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ချက်ကို တရားဝင် ပြန်ရုပ်သိမ်းတာဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။


ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်း လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်တယ် လို့ ဝန်ခံခိုင်းခဲ့လို့သာ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့လည်း ရှေ့နေ Ratsada Manurassada က ပြောထားပါ တယ်။



"ရဲက မေးခွန်းတွေ မေးတာကို စကားပြန်က ပြန်ဆိုပေးခဲ့တဲ့အခါ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ က ပြောတယ်။ ကျနော်တို့က မျှမျှတတဖြစ်ဖို့ စကားပြန်ပြောတာကိုလည်း နားထောင်မယ်။ ဘက်ပေါင်းစုံ က အချက် အလက်တွေ စုဆောင်းမယ်" လို့ ရှေ့နေ Ratsada Manurassada က ဘန်ကောက်ပို့စ် ကို ပြောပါတယ်။

အခု အမှုမှာ စကားပြန် ကိုကမာဆိုတဲ့ ရိုတီရောင်းသူက မှားယွင်းဘာသာပြန်ဆိုမှုတွေ လုပ်ခဲ့တယ်ဆိုတာ
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြောတယ်လို့ သူက ဆက်ပြောထားပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သူတို့ရဲ့ ၀န်ခံချက် ရုပ်သိမ်း တဲ့ ကြေညာချက်ကို လက်မှတ်ထိုးပေး တာကြောင့် ရှေ့နေ Ratsada Manurassada က စာရွက်ကို ယူလာပြီး ထိုင်းအစိုးရရဲ့ တရားစွဲဆိုရေး လုပ်ဆောင်ခဲ့သူPaiboon Achawananthakhun ကို ပေးအပ်ခဲ့ပါ တယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေလည်း ထိုင်းရဲက ဖမ်းဆီးထားတဲ့ သူတို့ရဲ့ သားတွေကို တွေ့ဖို့ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

သူတို့အတွက် နေထိုင်မှုကိစ္စတွေကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက စီစဉ်ဆောင် ရွက်ပေးထားပြီး သားဖြစ်သူတွေကို ထိုင်းနိုင်ငံ အကျဉ်းထောင်တခုဖြစ်တဲ့ ကော့စမွေ အကျဉ်းထောင်ဆီ သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။

သူတို့ရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့နဲ့ လိပ်ကျွန်း အရေး ကူညီပေးနေသူတွေ ငွေကြေး အခက် အခဲရှိနေတာကြောင့် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာ)နဲ့ ၊ လွှတ်တော်ကိုယ် စားလှယ် ဦးနေဝင်းထွန်းတို့က တဦးလျှင် ကျပ် သိန်း ၁၀၀ စီနဲ့ စုစုပေါင်း ကျပ် သိန်းပေါင်း ၃၀၀ ကို အလှူငွေထည့် ၀င်မှုကိုမနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့ကြပါတယ်။

From:ဧရာဝတီ

www.mmdailystar.com

ကျွန်တော်သိသော ထေရဝါဒ ဗုဒ္ဓဘာသာ



Facebook မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပုံတွေရဲ့ အောက်မှာ comment ပေးကြတဲ့အခါ ဘာသာခြားတွေ(အထူးသဖြင့် မွတ်စလင်တွေ)က ဗုဒ္ဓဘာသာကို ဒီလိုစော်ကားပြောဆိုတာတွေ တွေ့ရတာများလို့ ရေးချင် ပြောပြချင်စိတ်ပေါက်လို့ ရေးလိုက်တာပါ။

၁။ လူလူချင်း ကိုးကွယ်တဲ့ဘာသာ (ရိုင်းတဲ့သူတွေက အိန္ဒိယတိုင်းသား ကုလားကို ကိုးကွယ်တဲ့ ဘာသာတဲ့၊ ဒီထက်ရိုင်းတဲ့သူတွေက မိန်းမရုပ်ပေါက်နေတဲ့ မိန်းမလျာအခြောက်ကို ကိုးကွယ်တဲ့ဘာသာတဲ့)
၂။ လူလုပ်ထားတဲ့ ရုပ်ထုတွေ ရုပ်ပုံတွေကိုးကွယ်တဲ့ဘာသာ
၃။ ဘုရားစေတီလို့ခေါ်တဲ့ အုတ်ပုံတွေကို ကိုးကွယ်တဲ့ဘာသာ
၎။ တောင်းစားနေတဲ့ ကတုံးတွေကိုရှိခိုးတဲ့ ဘာသာ
၅။ ဘုန်းကြီးဝတ်လိုက်တာနဲ့ ကိုယ့်သားကိုယ် ပြန်ရှိခိုးတဲ့ဘာသာ (ရိုင်းတဲ့သူတွေက အိမ်က ကိုယ်နဲ့ဆက်ဆံဖက် မိန်းမ ကိုယ့်ကို အမြဲပြုစုနေရတဲ့ မိန်းမ သီလရှင်ဝတ်သွားရင်တောင် ကိုယ်ကပြန်ရှိခိုးတဲ့ ဘာသာတဲ့)
ဒီလိုစကားတွေကို ဆင်ခြင်တုံတရားနည်းပါးတဲ့သူတွေ အသိပညာဗဟုသုတနည်းပါးသူတွေကို သွားပြောရင်တော့ ဟုတ်တယ်နော် ငါတို့ ဘယ်လိုဘာသာကို သွားကိုးကွယ်မိနေပါလိမ့် ဆိုပြီး တစ်ခြားဘာသာ ပြောင်းသွားချင်ပြောင်းသွားမှာပါ။ အခုက facebook ပေါ်က ခေတ်ပညာတတ်လူတွေများတော့ တစ်ဖက်နဲ့တစ်ဖက် ရန်ပွဲက အတောမသတ်နိုင်တော့ဘူးပေါ့။ ဘယ်သူမှ ကိုယ်ကိုးကွယ်တဲ့ ဘာသာကို အဲလိုနှိမ်ချပြောရင် မကြိုက်ကြဘူးလေ။ ကျွန်တော်သိထားမှတ်ထားသလောက် နည်းနည်းရေးပါ့မယ်။

ဗုဒ္ဓ = သစ္စာလေးပါး(အမှန်တရား လေးပါး)ကို သိသွားသောပုဂ္ဂိုလ်။ သစ္စာလေးပါးကို နားလည်အောင်ပြောရရင်
(၁)လောကမှာ ရှိတဲ့အရာတွေဟာ ဒုက္ခ(ဆင်းရဲခြင်း)တွေပါလားဟူသော အမှန်တရား
(၂)ထိုဒုက္ခတွေ ဖြစ်ပေါ်လာခြင်းဟာ အကြောင်းတွေ ရှိလို့ပါလားဟူသော အမှန်တရား
(၃)ထိုဒုက္ခတွေ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတာ ရှိပါလားဟူသော အမှန်တရား
(၄)ထိုနိဗ္ဗာန်ကို ရောက်ဖို့ရာ စောင့်ထိန်းကျင့်ကြံကြိုးစားရမယ့် လမ်းတွေရှိပါလားဟူသော အမှန်တရား ဒီလေးမျိုးပါပဲ။
နိဗ္ဗာန်ဆိုတာကတော့ ဘဝတွေ အသစ်တစ်ဖန်ဖြစ်ပေါ်လာမှု ချုပ်ငြိမ်းတာကိုခေါ်တဲ့ အမည်ပညတ်တစ်ခုပါပဲ။ ဘဝအသစ်မဖြစ်တော့ မအိုလည်းမအိုရ မနာလည်း မနာရတော့ဘူးပေါ့။ ဒီနေရာမှာ သိရမှာက နိဗ္ဗာန်ဆိုတာ အမည်တစ်ခုပါပဲ။ ပျော်စရာတွေရှိတဲ့ ဘုံဌာနလည်း မဟုတ်ပါဘူး။ ၃၁ ဘုံမှာလည်း နိဗ္ဗာန်ဘုံဆိုတာ မပါပါဘူး။ (ဥပမာ ပြောရရင် ဖယောင်းတိုင်မီးဟာ မီးစာကုန် ဖယောင်းလည်းကုန်ပြီး ဟုတ်ခနဲ ငြိမ်းသွားသလိုပါပဲ။ ဘယ်သောဘယ်ကာလမှ အဲဒီဖယောင်းတိုင်လေးကို ပြန်မရတော့ပါဘူး။ ဖယောင်းတိုင်လေးအတွက်ကတော့ နေပူလို့ ဖယောင်းတွေ ပျော့ပြဲကွေးကောက်သုံးမရတဲ့ဒဏ်၊ ကလေးတွေယူဆော့လို့ ထက်ပိုင်းကျိုးရတဲ့ဒဏ်၊ အလင်းရောင်လိုချင်လို့ လူတွေက ထိပ်ကိုမီးနဲ့ ရှို့တဲ့ဒဏ်တွေ မခံရတော့ဘူးပေါ့။ သူထာဝရ အေးချမ်းသွားပြီလေ။ ဖယောင်းတိုင်လေးက ဘဝနဲ့တူပါတယ်။ ဖယောင်းနဲ့ မီစားကုန်လို့ မီးငြိမ်းပြီး ဖယောင်းတိုင်လည်း ပျောက်သွားတာကတော့ ဖယောင်းတိုင်လေးရဲ့ နိဗ္ဗာန်ပေါ့။)

ကျွန်တော်တို့ဟာ မွေးလိုက် အိုလာလိုက် သေလိုက် ပြန်မွေးလာလိုက် ဒီသံသရာကြီးထဲမှာ ယောင်ချာချာနဲ့ လည်နေတာကြာပါပြီ။ (သံသရာလည်နေပြီး ရှေးဘဝ နောက်ဘဝရှိတယ်ဆိုတာ အခုအနောက်တိုင်းက သိပ္ပံပညာရှင်တွေတောင် လေ့လာလက်ခံလာတဲ့ လူဝင်စား အဖြစ်အပျက်တွေကို ကြည့်ရင် သိနိုင်ပါတယ်) ဘယ်ကလာလို့ ဘယ်မှာ ခရီးဆုံးမယ်မသိ တစ်ချို့သူတွေက ချမ်းသာ(ငွေချမ်းသာပေမယ့် စိတ်ဆင်းရဲနေရတာကလည်း အပုံအပင်ပါ) တစ်ချို့သူတွေက ဆင်းရဲ ဒီလိုနဲ့နေလာကြတာမှာ လွန်ခဲ့တဲ့ နှစ် ၂၆၀၀ လောက်ကတော့ ယခု အိန္ဒိယလို့ခေါ်တဲ့ ဒေသမှာရှိတဲ့ တိုင်းပြည်တွေထဲက အလှည့်ကျမင်းလုပ်ကြတဲ့ ကပိလဝတ်ပြည်လေးက သိဒ္ဓတ္ထဂေါတမ (နာမည်က သိဒ္ဓတ္ထ မျိုးနွယ်က ဂေါတမပါ။ David Beckham လိုပေါ့ဗျာ ဘောကန်ဂျာဆီမှာတော့ Beckham လို့ရေးပြီး ရင်းနှီးသူတွေကတော့ David လို့ခေါ်သလိုပေါ့) ဆိုတဲ့ ဘုရင့်သားတော်လေးဟာ လူတွေ အိုကြ နာကြ သေကြတာတွေကို တွေ့တော့ သူလည်း တစ်နေ့ဒီလို သေရမှာပါပဲလားဆိုပြီး အတွေးပေါက်လို့ သူ့ရဲ့ စည်းစိမ် မိန်းမ သားငယ်လေးနဲ့ အခြွေအရံတွေကို စွန့်ပြီး လူယုံတော်အမတ်လေး တစ်ယောက်ကိုသာ ခေါ်ပြီး မသေဆေးရှာဖို့ တိတ်တိတ်လေးထွက်သွားပါတယ်။လူယုံအမတ်လေးကိုလည်း တောအရပ်ရောက်တော့ သူထွက်သွားရခြင်းအကြောင်းကို ပြန်ပြောပြနိုင်အောင် နန်းတော်ကို ပြန်လွှတ်လိုက်ပါတယ်။ အရင်ဆုံး အဲဒီခေတ်က ငြိမ်းအေးတဲ့သူတွေ အလိုနည်းတဲ့သူတွေ သူတော်စင်ကြီးတွေလို့ နာမည်ကြီးနေတဲ့ ရသေ့ကြီးနှစ်ပါးဆီမှာ တပည့်ခံပြီး သူလိုချင်တဲ့ မသေဆေး(မသေမယ့်နည်းလမ်း) ရှိမလားလို့ ရှာဖွေပါသေးတယ်။ ကောင်းမြတ်တဲ့နည်းလမ်းတွေနဲ့ စိတ်အေးချမ်းမှု အတော်အတန်ရခဲ့ပေမယ့် သူလိုချင်တဲ့ မသေဆေးတော့မဟုတ်ပါဘူး။ အဲဒါနဲ့ပဲ ရသေ့ကြီးတွေဆီက ထွက်ခဲ့ပြီး တစ်ကိုယ်တည်း ပြင်းထန်တဲ့ အကျင့်တွေကို ၆ နှစ်ကြာအောင် ကျင့်ကြည့်ပေမယ့်လည်း မထူးခြားခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အဲဒီအကျင့်တွေကို စွန့်လွှတ်ပြီး မပြင်းလွန်း မပျော့လွန်းတဲ့ အကျင့်တွေကို ကျင့်ပြီး မသေဆေးကို ကြိုးစားရှာဖွေလိုက်တဲ့အခါမှာတော့ အထက်မှာပြောခဲ့တဲ့ သစ္စာလေးပါးလို့ခေါ်တဲ့ အမှန်တရားကို သိလာပြီး မသေဆေးမဟုတ်ပေမယ့် ဒီတစ်ခါနောက်ဆုံးသေပြီးရင်တော့ နောက်ထပ်တစ်ခါ ဘဝသစ်ထပ်မရတော့တဲ့ နည်းလမ်းတွေကို တွေ့သွားတာပါပဲ။ ဘဝသစ်ထပ်မရတော့ သေစရာမလိုတော့ဘူးပေါ့။ အဲဒီနည်းလမ်းတွေကိုတော့ မဂ္ဂင် ၈ ပါး လို့ခေါ်ပါတယ်။ (မဂ္ဂ = လမ်း။ လမ်း ၈ မျိုးလို့ အဓိပ္ပာယ်ရပါတယ်။) သစ္စာလေးပါးကို သိလို့ သူ့ကို ဗုဒ္ဓလို့ခေါ်ပါတယ်။ ဗုဒ္ဓဟာ အဲဒီမှာကတည်းက သူလိုချင်တာတွေ့တော့ ကိစ္စပြတ်နေပါပြီ။ သူဟာသူ အေးအေးနေ နောက်သေရင် နိဗ္ဗာန်ရောက် ရှင်းရှင်းလေးပါပဲ။ သူကိုယ်တိုင်လည်း ဆုံးမပဲ့ပြင်ရမယ့် သတ္တဝါများလွန်းလို့ ကုန်အောင် မဆုံးမနိုင်တာကြောင့် တရားမဟောတော့ဘူးလို့ ကြံစည်လိုက်ပါသေးတယ်တဲ့။ ဒါပေမယ့် သတ္တဝါတွေရဲ့ အကျိုးကို မျှော်တွေးမိတာကြောင့်သူ့ဆရာဖြစ်ဖူးတဲ့ ရသေ့ကြီးနှစ်ပါးကို တရားစဟောဖို့ ကြံပါတယ်။ ကံဆိုးတဲ့ ရသေ့ကြီးနှစ်ပါးဟာ သေလွန်နေပြီး ဗြဟ္မာဘုံကို ရောက်နေတာကြောင့် မဟောရတော့ဘဲ သူ့ကို ဝတ်ကြီးဝတ်ငယ်ပြုစုဖူးတဲ့ တောထွက်ရသေ့ငါးပါးကိုပဲ တရားဦးစဟောပါတယ်။ တရားဟောအပြီးမှာတော့ အဲဒီရသေ့ ငါးပါးဟာ ဗုဒ္ဓရဲ့ တပည့်တွေအဖြစ် ခံယူကြပါတယ်။ ဗုဒ္ဓဟောကြားတဲ့ တရားတွေကိုတော့ ဓမ္မလို့ခေါ်ပါတယ်။ ဗုဒ္ဓရဲ့ အဆုံးအမကို အမြဲနာခံတဲ့ နောက်လိုက်တပည့်တွေကိုတော့ သံဃာလို့ခေါ်ပါတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓရဲ့ အသက်က ၃၅ နှစ်ပါ။ အဲဒီအချိန်ကနေစပြီး ဗုဒ္ဓဟာ မဇ္ဈိမဒေသလို့ခေါ်တဲ့ ကမ္ဘာ့အလယ်ပိုင်းဒေသတွေကို ပြဲပြဲစင်အောင် လှည့်လည်ပြီး ဒုက္ခငြိမ်းချင်သူတွေအတွက် သံသရာကချုပ်ပျောက်ကြောင်းတရားတွေ၊ ပါရမီနည်းလို့ အရာရာတိုင်းဟာ ဒုက္ခလို့ မမြင်နိုင်သေးတဲ့သူတွေ အတွက်လည်း သံသရာမှာ သက်တောင့်သက်သာလည်စေနိုင်ဖို့ အကျင့်ကောင်းတွေကို အသက် ၈၀ သူ့ဘဝမချုပ်ငြိမ်းခင်ထိ ဟောကြားခဲ့ပါတယ်။ သူသွားခဲ့တဲ့နေရာတိုင်း သူဟောကြားတဲ့တရားတွေနာရသူတိုင်း သူ့ကိုမေးခွန်းတွေ မေးပြီး စမ်းသပ်တဲ့သူတိုင်းဟာ သူဟောတာ သူပြန်ဖြေရှင်းတာတွေကို ငြင်းစရာမရှိအောင် သဘောကျနှစ်ခြိုက်ကြပြီး သူ့တပည့်တွေချည်း ဖြစ်ကုန်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ခြိမ်းခြောက်ပြီး မကိုးကွယ်ခိုင်းခဲ့ပါဘူး။ သူပြောတာတောင် သေချာလေ့လာကျင့်ကြံကြည့်ပြီးမှ ယုံပါတဲ့။ အလွန်ကြည်ညိုလာသူတွေကတော့ ဗုဒ္ဓရဲ့ နောက်လိုက် သံဃာတွေ အဖြစ်ခံယူလာပြီး လောကီကို မစွန့်လွှတ်နိုင်သေးသူတွေကတော့ လူအတိုင်းပဲ တပည့်တွေဖြစ်လာပါတယ်။ ဗုဒ္ဓဆုံးမထားတဲ့ စကားတွေ လမ်းညွှန်ထားတဲ့ အကျင့်တွေ ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သူ့တပည့် သံဃာအသိုက်အဝန်းနဲ့ လူအသိုက်အဝန်း တွေကိုပေါင်းပြီး ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဆုံးမခဲ့တဲ့ အကျင့်တွေကို ကျင့်ကြံကြသူတွေကတော့ ဗုဒ္ဓဘာသာဝင်တွေပေါ့။
အခုတော့ ဗုဒ္ဓက လောကမှာမရှိတော့ပါဘူး။ ဘဝသစ်လည်း ထပ်မဖြစ်တော့ဘဲ ချုပ်ပျောက်သွားပါပြီ။ သူက ကျွန်တော်တို့ကို လာလည်းကယ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို တစ်နေရာကနေလည်း စောင့်ကြည့်နေမှာမဟုတ်ပါဘူး။ သူ့ကိုယုံပဲယုံပြီး သူပြောသလို ကောင်းအောင်မနေခဲ့လို့ မဟုတ်တာတွေလုပ်ခဲ့လို့ ငရဲရောက်လည်း သူကတော့ကယ်မှာမဟုတ်ပါဘူး။ မကယ်ဘူးဆို သူကရှိမှမရှိတော့ပဲလေ။ သူလည်းလူထဲကလူ လူတွေအတိုင်းပဲ သေဆုံးသွားခဲ့ပါပြီ။ ကျွန်တော်တို့လည်း တစ်ချိန်ချိန်သေဆုံးရဦးမှာပါ။ ဒါပေမယ့် ဗုဒ္ဓညွှန်ပြခဲ့သလို လမ်းဆုံးထိရောက်အောင် မကျင့်ကြံနိုင်ရင်တော့ ဘဝသစ်တွေ ထပ်ထပ်ဖြစ်ပြီး အိုနာသေ ဒုက္ခတွေ ထပ်ခံစားရဦးမှာပါ။ ဘဝသစ်တွေထပ်ဖြစ်ရာမှာတော့ မိမိတို့ ပြုခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေအလိုက် ဘဝသစ်မှာ ခံစား စံစားရမှာပါ။ ဒါ တရားမျှတပါတယ်။ သဘာဝလည်းကျပါတယ်။ တစ်စုံတစ်ဦးက ကျွန်တော်တို့ကို စီမံဖန်တီးထားတာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်သာ မိမိကြမ္မာကို ဖန်တီးနေကြတာပါ။

ပိဋကတ်သုံးပုံဆိုတာက ဗုဒ္ဓလက်ထက်မှာ မရှိခဲ့သေးပါဘူး။ ဗုဒ္ဓကရေးသားပြီး ဖြန့်ဝေခဲ့တဲ့ ဝါဒစာအုပ်ကြီးလည်း မဟုတ်ပါဘူး။ ဗုဒ္ဓပရိနိဗ္ဗာန်ပြု(သေဆုံး)ပြီးတဲ့အခါမှာ ဗုဒ္ဓရဲ့ တပည့်တွေထဲက တတိယမြောက် အားအကိုးရဆုံး တပည့်ကြီးဖြစ်တဲ့ အရှင်မဟာကဿပက သာသနာဖျက်မယ့်(ဗုဒ္ဓမဟောခဲ့တာတွေကို ဟောကြားခဲ့တာပါဆိုပြီး လူတွေကို မိမိအကျိုး အတွက် လိမ်လည်ကြမယ့်) ရဟန်းဆိုး(တပည့်ဆိုး)တွေရန်က ကာကွယ်ဖို့ ဗုဒ္ဓရှိစဉ်အခါက ဗုဒ္ဓရဲ့ တရားတွေကို နားကြားခဲ့ရတဲ့ ရဟန်းသံဃာတွေကို စုပေါင်းပြီး ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတွေကိုသာ တစ်လုံးတစ်ပါဒမှ မလွဲရအောင် ရွေးချယ်စီစစ်ကာ သာသနာသန့်ရှင်းရေးအတွက် ခွဲခြမ်းစိတ်ဖြာ(Analysis)လုပ်ပြီး ထားခဲ့ပါတယ်။ အဲဒီတုံးကတော့ ရဟန်းတော်တွေဟာ နှုတ်ကပဲအလွတ်ကျက်မှတ်ရွတ်ဆို ခဲ့ပါတယ်။ သူတို့ကနေ တပည့်သားမြေးတွေကိုလည်း နှုတ်တက်ရအောင်ရွတ်ဆို ကျက်မှတ်စေပြီး ထိန်းသိမ်းထားခဲ့ပါတယ်။ အဲလိုနှုတ်တက်ရတဲ့ ရဟန်းသံဃာပေါင်းက မရေမတွက်နိုင်လောက်အောင် များခဲ့ပါတယ်။ နှစ်တွေကြာလာလို့ ကွဲလွဲချက်နည်းနည်းပေါ်လာရင်လည်း အားလုံးစုပေါင်းပြီး အမှန်ကိုရှာဖွေကာ သာသနာသန့်ရှင်းအောင် ပြန်လည်ဆောင်ရွက်ကြပါတယ်။

အဲလိုဆောင်ရွက်ခဲ့တာ နောက်ဆုံးမြန်မာနိုင်ငံမှာ မင်းတုန်းမင်းကြီးလက်ထက်က ၅ ကြိမ်မြောက် နောက်ကိုလိုနီ အစိုးရလက်ထက်က ၆ ကြိမ်မြောက် သန့်ရှင်းပြီးပါပြီ။ အရင် ၄ ကြိမ်ကတော့ အခြားနိုင်ငံတွေမှာ လုပ်ခဲ့တာပါ။ မင်းတုန်းမင်းကြီး လက်ထက်က နှုတ်တက် ပေမူတွေတင် အားမရလို့ ပျောက်ပျက်သွားမှာစိုးလို့ ကျောက်ပြားမှာပါ ရေးထိုးထိန်းသိမ်းခဲ့ပါတယ်။ ဘာသာခြားများလည်း မန္တလေးကုသိုလ်တော်ဘုရားကို လမ်းကြုံရင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ အဲဒီမှာ ပိဋကတ်သုံးပုံကို ကျောက်ပြားမှာ ရေးထိုးထားတဲ့ ကျောက်ပြားတွေကိုတွေ့ရမှာပါ။ အခုတွေ့ရတဲ့ ပုံနှိပ်စာအုပ် ပိဋကတ်သုံးပုံကတော့ ၆ ကြိမ်မြောက် သာသနာသန့်ရှင်းရေးရောက်မှ ရိုက်နှိပ်ထုတ်ဝေထားတာပါ။ သာသနာသန့်ရှင်းခြင်း သမိုင်းကြောင်းလေးတွေ ပိုပါလာတာကလွဲလို့ ဗုဒ္ဓဟောခဲ့တဲ့ တရားတွေကတော့ တစ်လုံးတစ်ပါဒမှ မလွဲခဲ့ပါဘူး။ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတွေ အများကြီးရှိခဲ့ပါတယ်။ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေကို ဖြုတ်ချင်တာဖြုတ် ဖြည့်ချင်တာဖြည့်ပြီး မိမိသဘောကျလုပ်ခဲ့တဲ့ ရဟန်းဆိုးတွေရဲ့ ဂိုဏ်းတွေပါပဲ။ အခု အင်အားအကြီးဆုံးကတော့ မဟာယနဗုဒ္ဓဘာသာပါပဲ။ တရုတ်၊ ဂျပန်၊ ကိုရီယား တို့က ဗုဒ္ဓဘာသာက မဟာယနပါ။ ဗုဒ္ဓဟောကြားတဲ့ အတိုင်း ပိဋကတ်သုံးပုံ အကူအညီနဲ့ တစ်သဝေမတိမ်းလိုက်နာတဲ့ ဗုဒ္ဓဘာသာကတော့ ယခုမြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာပါပဲ။ ထေရဝါဒထဲမှာတောင် မိရိုးဖလာသာဗုဒ္ဓဘာသာဖြစ်ခဲ့ပြီး ဘာသာရေးအားနည်းလို့ တရားအကြောင်း ဘာမှမသိတဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ဒုနဲ့ဒေးပါပဲ။

၁။ “ လူလူချင်း ကိုးကွယ်ရခြင်း "
ဟုတ်ပါတယ်။ ဗုဒ္ဓကလူပါပဲ။ ဒါပေမယ့် သူကကျွန်တော်တို့ ကျေးဇူးရှင်ဆရာပါ။ ဒုက္ခ ငြိမ်းရာကို ညွှန်ပြခဲ့ပါတယ်။ ဒုက္ခကို အပြီးငြိမ်းအောင် မကျင့်ကြံနိုင်သေးရင်တောင် ဒုက္ခသက်သာစေမယ့် နည်းလမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒါကနှိုင်းမရအောင် ကျေးဇူးကြီးပါတယ်။ အခုလောကမှာ ကျွန်တော်တို့ကို ပညာသင်ပေးတဲ့ ဆရာတွေကိုတောင် ကျေးဇူးရှိလို့ ကိုးကွယ်ဆည်းကပ်ရပါတယ်။ သူတို့က ဒီဘဝအတွက်ပဲ သုံးလို့ရမယ့် ပညာတွေသင်ပေးခဲ့တာပါ။ ဗုဒ္ဓကတော့ သံသရာမှာ အကျိုးများမယ့် အသိလိမ္မာတွေကို သင်ပေးခဲ့တာပါ။ သူ့ရဲ့တရားတွေက တကယ်လိုက်နာရင် လက်တွေ့မှာတင် တကယ်ငြိမ်းချမ်းတဲ့ အရသာခံစားရပါတယ်။ တစ်ကမ္ဘာလုံး ဗုဒ္ဓဘာသာအဆုံးအမ အတိုင်းသာကျင့်ကြံကြရင် စစ်ပွဲတွေ သတ်ဖြတ်မှုတွေဆိုတာရှိတော့မှာမဟုတ်ဘဲ ကမ္ဘာကြီး ထာဝရငြိမ်းချမ်းပါလိမ့်မယ်။ တရားတော်တွေ ဝါဒအယူအဆတွေကလည်း အခုတိုးတက်နေတဲ့ သိပ္ပံပညာက လက်ခံနိုင်တဲ့ အကြောင်းတွေပါပဲ။ ဘာသာခြားများ လေ့လာကြည့်ကြပါ။ ယုတ္တိရှိတာတွေ့ရမှာပါ။ စိတ်တွေလည်း ငြိမ်းအေးလာပါလိမ့်မယ်။ Albert Eainstein ကလည်းပြောခဲ့ပါတယ်။ သိပ္ပံပညာသာကမ္ဘာမှာ တိုးတက်လာရင် တစ်ကမ္ဘာလုံးက ကိုးကွယ်မှာ ဗုဒ္ဓဘာသာပါပဲတဲ
အဲဒီလို ယဉ်ကျေးအောင်ဆုံးမပေးခဲ့လို့ လူဖြစ်တဲ့ ဗုဒ္ဓကို ကိုးကွယ်ပါတယ်။ တကယ်ရှိမှန်းမသိ မရှိမှန်းမသိ ရှိတယ်ဆိုတာလည်း သက်သေအထောက်အထား မပြနိုင်တဲ့၊ လူတွေကို ဒုက္ခခံရအောင် ဖန်ဆင်းနေတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်နေတာထက်တော့ ပိုအဓိပ္ပာယ်ရှိမှာပါ။
ဟုတ်ပါတယ် သူက အိန္ဒိယတိုင်းသား ကုလားပါ။ အဲဒီလို ပြောချင်လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က အိန္ဒိယနိုင်ငံဆိုတာလည်း မရှိသေးပါဘူး။ မြန်မာ၊ ထိုင်း၊ တရုတ်၊ စတဲ့ အခုခေါ်နေကြတဲ့ နိုင်ငံတွေရယ်လို့ တစ်ခုမှ မရှိသေးပါဘူး။ တိုင်းငယ်ပြည်ငယ်လေးတွေ ကိုယ့်မင်းနဲ့ကိုယ် တည်ထောင်နေထိုင်ကြတာပါ။ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ အနီးတဝိုက်မှာလည်း ကပိလဝတ်၊ ဒေဝဒဟ၊ ကောသလ၊ ရာဇဂြိုဟ် ဘဒ္ဒိယ၊ လိစ္ဆဝီ၊ ဝေသာလီ စတဲ့ ပြည်ငယ်ကလေးတွေ ပဲရှိပါတယ်။ မြန်မာပြည်ဖြစ်လာမယ့်နေရာမှာလည်း ကျွန်တော်မှတ်သားမိသလောက် ဥက္ကလာပပြည် (ရန်ကုန်)၊ သုဝဏ္ဏဘူမိပြည် (သထုံ) စတဲ့ပြည်ငယ်လေးတွေပဲရှိပါတယ်။ ဗုဒ္ဓပွင့်တော်မူပြီးလို့ နှစ်ပေါင်း ၈၀၀ လောက်ကြာမှ အရိမဒ္ဒနပူရပြည် (ပုဂံပြည်) ရဲ့ဘုရင် အနုရုဒ္ဓါ (အနော်ရထာ)က ပထမမြန်မာနိုင်ငံကို စတင်တည်ထောင်ပါတယ်။ အဲဒီတုံးက ဗုဒ္ဓဘာသာဟာ မြန်မာပြည်ကို မရောက်ရှိသေးဘဲ သုဝဏ္ဏဘူမိပြည် (သထုံပြည်)မှာသာ အသောကမင်းကြီးရဲ့ ၉ တိုင်း ၉ ဌာန သာသနာပြုရဟန်း တွေရဲ့ကောင်းမှုကြောင့် ထေရဝါဒဗုဒ္ဓဘာသာ ရှိနေပါတယ်။ အနော်ရထာကလည်း အဲဒီတုံးက အရည်းကြီးတွေကို ရွံရှာစပ်ဆုတ်နေတဲ့ ဘာသာမဲ့ တစ်ဦးပါပဲ။ ရှင်အရဟံကြောင့် အနော်ရထာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာပြီး သူတည်ထောင်ထားတဲ့ မြန်မာနိုင်ငံမှာ အုတ်မြစ်ချ ပြန့်ပွားစေခဲ့တာပါ။ အဲဒါကြောင့် မြန်မာနဲ့ ဗုဒ္ဓဘာသာဆိုတာ ခွဲခြားမရနိုင်ပါဘူး။ ကုလားဆိုတဲ့ စကားကလည်း မြန်မာလူမျိုးက ကိုယ့်လူမျိုးမဟုတ်ရင် အကုန်ကုလားခေါ်တာပါပဲ။ အင်္ဂလိပ်တွေကို ကုလားဖြူလို့ခေါ်ခဲ့တာကိုကြည့်ပါ။ အဲဒါကြောင့် ဗုဒ္ဓရှိတုံးက ကုလားဆိုတဲ့ ဝေါဟာရမရှိသေးသလို မြန်မာဆိုတာကလည်း မရှိသေး အိန္ဒိယနိုင်ငံဆိုတာလည်း မရှိသေးပါဘူး။ မြန်မာနိုင်ငံစတည်ကတည်းက မြန်မာလူမျိုးတွေဟာ ဗုဒ္ဓ အဆုံးအမနဲ့သာ နေခဲ့တာမို့ ကုလားတွေကိုကိုးကွယ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအခေါ်အဝေါ်တွေအရ ကုလားကို ကိုးကွယ်တယ်လို့ပြောလည်း နာစရာတော့မရှိပါဘူး။
နောက်တစ်ခုက ဗုဒ္ဓရဲ့ ပုံတော်တွေ ကမိန်းမဆန်နေတယ်လို့ ပြောကြတာပါ။ ဒါကလည်း သဒ္ဓါ(ကြည်ညိုမှု) လွန်ကဲလို့ ချောအောင်လှအောင် ရေးဆွဲရင်း လွန်သွားလို့ြုဖစ်ရတာပါ။ အဲဒီလိုပါပဲ ရခိုင်က ရုပ်တုတွေက ရခိုင်ရုပ်ပေါက်ပါတယ်။ ရှမ်းပြည်က ရုပ်တုတွေကလည်း ရှမ်းရုပ်ပေါက်ပါတယ်။ တရုတ်က ရုပ်တုတွေကလည်း တရုတ်ရုပ်ပေါက်ပါတယ်။ ရုပ်တုထုသူတွေက သူတို့ စိတ်ကူးထဲမှာ ချောမယ့်လှမယ့်ရုပ်ကို ထုလုပ်ကြတာမို့လို့ပါ။ ဗုဒ္ဓဟာ ငယ်စဉ်ကတည်းက ဘုရင့်သားဆိုတော့ ကောင်းကောင်းနေ ကောင်းကောင်းစား ကောင်းကောင်းဝတ် နေခဲ့ရတော့ သူ့ခေတ်သူ့အခါမှာ လူချောလူလှ လူရည်သန့်တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။ ဗုဒ္ဓရှိစဉ်အခါက ဓာတ်ပုံပညာဆိုတာလည်း မရှိပါဘူး။ ပန်းချီပညာတော့ရှိပေမယ့် ဘယ်တရားတော် ဘယ်သုတ်မှာမှ ဗုဒ္ဓပန်းချီအဆွဲခံတယ်လို့ မတွေ့ဖူးပါဘူး။ တစ်စုံတစ်ဦးက ဆွဲခဲ့မယ်ဆိုရင်တောင် နှစ် ၂၆၀၀ မှာ အကောင်းပကတိ ကျန်ခဲ့ဖို့က မဖြစ်နိုင်လောက်ပါဘူး။ ဒီတော့ ဗုဒ္ဓဘယ်လိုပုံဆိုတာ ဘယ်လိုသိနိုင်တော့မလဲ။ ထားလိုက်ပါ။ ဒါတွေက ဗုဒ္ဓဘာသာဝင်တွေ အတွက်ကအရေးမကြီးပါဘူး။ ဗုဒ္ဓတကယ် ရှိခဲ့တယ်ဆိုတာက ဗုဒ္ဓဂယာမှာ အထင်အရှားပဲလေ။ အရေးကြီးတာက ဗုဒ္ဓရဲ့ ကျေးဇူးတွေကို သတိရပြီး သူ့ရဲ့ အဆုံးအမအတိုင်းနေဖို့ပဲ မဟုတ်လား။

၂။ “ရုပ်ပုံတွေ ရုပ်တုတွေကို ကိုးကွယ်ခြင်း"
ဒါကလည်း အပေါ်မှာ ပြောခဲ့သလိုပေါ့။ ဗုဒ္ဓကအခု မရှိတော့ပါဘူး။ သူ့အဆုံးအမတွေသာ ကျန်ခဲ့ပါတယ်။ သူ့ကို ဗုဒ္ဓဘာသာဝင်တွေက ကြည်ညိုကျေးဇူးတင်ကြလွန်းတော့ သူရဲ့ ဂုဏ်ကျေးဇူးတွေကို အောင့်မေ့ဆင်ခြင်ပြီး သူ့အဆုံးအမတွေကို လိုက်နာဖို့ကြိုးစားကြပါတယ်။ ဒီအတိုင်း စိတ်ထဲမှာ သတိရနေတာထက်စာရင် ဗုဒ္ဓလို့ သတ်မှတ်ဖို့ ရုပ်တုတွေ ရုပ်ပုံတွေ ပြုလုပ်ပြီး ကိုးကွယ်တဲ့အလေ့ပေါ်လာတာပါပဲ။ ဗုဒ္ဓက ရုပ်တုပြုလုပ်ကိုးကွယ်ရမယ်လို့လည်း မမိန့်ကြားခဲ့ပါဘူး။ ကိုယ့်အဖေ အမေတွေ ဆုံးသွားတဲ့အခါ သူတို့ ဓာတ်ပုံလေးတွေ ပြန်ကြည့်ပြီး ကျေးဇူးတွေ သတိရသလိုပေါ့။ ဒီတိုင်းနေရင် သတိရချင်မှ ရမယ်လေ ဓာတ်ပုံလေးမြင်တော့ သတိရတယ် မဟုတ်လား။ မိဘဓာတ်ပုံကိုလည်း တကယ်ကိုယ့်မိဘ အစစ်မဟုတ်ပေမယ့် သက်မဲ့ကြီး ဖြစ်နေပေမယ့် ရိုသေတယ် မဟုတ်လား။ အိမ်ဦးခန်းမှာ မှန်ဘောင်သွင်းထားတယ် မဟုတ်လား။ မိဘဓာတ်ပုံ ဒါမှမဟုတ် အုတ်ဂူကို ရှိခိုး အရိုအသေပေးတယ်မဟုတ်လား။ ဒီသဘောမျိုးပါပဲ။ ဗုဒ္ဓကိုလည်း မိမိတို့ရဲ့ အနန္တကျေးဇူးရှင်မို့ ရုပ်တုတွေ ရုပ်ပုံတွေကို ရိုသေကိုးကွယ်ကြတာပါ။ ဒါကြီးက လာကယ်မယ်ဆိုပြီး ကိုးကွယ်တာမဟုတ်ပါဘူး။ တကယ်ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စ် တွေဆိုရင် ရွှေတိဂုံ ကျိုက်ထီးရိုး မဟာမြတ်မုနိ စတဲ့ဘုရားတွေနဲ့ အိမ်ကဘုရား အတူတူပဲလို့ ခံယူပါတယ်။ ဘယ်ဘုရားရောက်ရောက် ဂေါတမ ဗုဒ္ဓကိုပဲ အာရုံပြုရှိခိုးရတာပဲမဟုတ်လား။

၃။ “ဘုရားစေတီလို့ ခေါ်တဲ့ အုတ်ပုံတွေကို ကိုးကွယ်ရခြင်း"
ဒါကလည်း အပေါ်ကလိုပါပဲ။ အခု မရှိတော့ပေမယ့် သက်တော်ထင်ရှား ရှိခဲ့တဲ့ ဗုဒ္ဓကို ကြည်ညိုလို့ ထုလုပ်ထားတဲ့ ရုပ်ပွားတော် ဆင်တုတော်တွေ ထားရှိကိုးကွယ်ဖို့ ဗုဒ္ဓကို မီးသင်္ဂြိုဟ်တုံးက ကြွင်းကျန်ခဲ့တဲ့ ရုပ်ဝတ္ထုတွေ (ဓာတ်တော်)ကို တည်ထားကိုးကွယ်ဖို့ ဗုဒ္ဓရှိစဉ်တုံးက အသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေကို အဖိုးတန်ပစ္စည်းတွေအဖြစ် သိမ်းဆည်းကိုးကွယ်ဖို့ အတွက် အုတ်ပုံတွေကို စေတီတော်အဖြစ် ဆောက်လုပ်ကိုးကွယ်ကြတာပါ။ ဗုဒ္ဓကို ကျေးဇူးတင် ကြည်ညိုရာကနေ ဖြစ်ပေါ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလေ့အထပဲဖြစ်ပါတယ်။ ဗုဒ္ဓရှိစဉ်အခါကတော့ ဗုဒ္ဓရှိရာကျောင်းတော်ကို သွားပြီး တရားနာ ဖူးမြော်ကြပါတယ်။ အဲဒီတုံးက စေတီဘုရား ရုပ်တုဆိုတာ ဗုဒ္ဓနဲ့ ဝေးကွာတဲ့ အရပ်တွေမှာသာ အနည်းအကျဉ်းရှိတာပါ။ ဗုဒ္ဓမရှိတော့တဲ့ အခါမှာတော့ ဗုဒ္ဓအမှတ်နဲ့ကိုးကွယ်ရအောင် ဗုဒ္ဓရှိနေတဲ့ ကျောင်းတော်အမှတ်နဲ့ သွားရအောင် စေတီဘုရားတွေ ဆောက်လုပ်ကိုးကွယ်လာကြတာပြဲဖစ်ပါတယ်။ ဒီအုတ်ပုံတွေက ပိုမြင့်မြတ်လို့ တန်ခိုးရှိလို့ ကယ်တင်မှာမို့လို့ ကောင်းကျိုးတွေပေးမှာမို့လို့ ကိုးကွယ်ရတာမဟုတ်ပါဘူး။ အဲလိုကိုးကွယ်တယ်ဆိုလည်း ကိုးကွယ်နည်းမှားနေပါပြီ။ သက်မဲ့တွေပဲ ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ ဒါပေမယ့် စေတီပုထိုးတွေသွားရတာနဲ့ အိမ်မှာနေရတာတော့ ငြိမ်းချမ်းမှုခြင်း ကွာပါတယ်။ စေတီပုထိုးတွေသွား ဘုရားတော့ရှိခိုးနေပြီး သီလလည်းမလုံ ဗုဒ္ဓရဲ့ အဆုံးအမအတိုင်းလည်း မနေတဲ့သူထက် အိမ်မှာနေပေမယ့် မိမိနှလုံးသားထဲမှာ ဗုဒ္ဓကိုကိုးကွယ်ထားပြီး အဆုံးအမအတိုင်းနေတာက ပိုတောင် မြင့်မြတ်အေးချမ်းပါသေးတယ်။

၎။“တောင်းစားတဲ့ ကတုံးတွေကို ကိုးကွယ်ရခြင်း"
သူတို့ပြောချင်တဲ့သူတွေကတော့ ဘုန်းကြီး သံဃာတွေကိုပြောတာပါ။ ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ သုံးမျိုးပဲရှိပါတယ်။ ဗုဒ္ဓရယ်၊ ဓမ္မဆိုတဲ့ တရားတော်တွေရယ်၊ သံဃဆိုတဲ့ သံဃာတော်တွေရယ် သုံးမျိုးပါ။ ရတနာသုံးပါးလို့လည်းခေါ်ပါတယ်။ အဲဒီသုံးပါးကိုပဲ ကိုးကွယ်ရင် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ပါပဲ။ ၃၇မင်းနတ် ဦးရှင်ကြီး စတာတွေက ကအလကားပါ။ ကိုးကွယ်ရမယ့် အထဲမပါပါဘူး။ ဗုဒ္ဓကို ဘာလို့ကိုးကွယ်ရသလဲဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးတွေကြောင့်ပါ။ ဓမ္မတရားတော်တွေကလည်း ဗုဒ္ဓဟောကြားခဲ့တဲ့ အဆုံးအမတွေမို့ ကိုးကွယ်ရပါတယ်။ ကိုးကွယ်တယ်ဆိုတာ ထိုင်ရှိခိုးနေရတာ မဟုတ်ပါဘူး။ ရှိခိုးနေရုံနဲ့ကတော့ ဘာမှအကျိုးမရှိပါဘူး။ တရားတော်တွေအတိုင်း လိုက်နာကျင့်သုံးရမှာပါ။ သံဃာတော်တွေကိုတော့ ဒီတရားတွေကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တဲ့ ဗုဒ္ဓရဲ့ တပည့်တွေ ဗုဒ္ဓအဆုံးအမအတိုင်း ကျင့်ကြံပြီး နိဗ္ဗာန်ရောက်ဖို့ အားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေမို့ ရိုသေကိုးကွယ်ကြပါတယ်။ သံဃာတော်တွေသာမရှိခဲ့ရင် ဒီတရားတွေကို ခုလို မမှားမယွင်းတည်တံ့နေဖို့ ခဲယဉ်းပါတယ်။ သံဃာတော်တွေက ဗုဒ္ဓရဲ့ တရားတွေကို တည်တံ့ပြီး လူတွေ ယဉ်ကျေးလိမ္မာအောင် ဗုဒ္ဓဟောကြားခဲ့တဲ့အတိုင်း ဆုံးမဖို့တာဝန်ရှိပါတယ်။ နောက်သူတို့ကိုယ်တိုင်က လောကီဒုက္ခတွေကို ရွံရှာလို့ အကျင့်စင်ကြယ်စွာနေပြီး နိဗ္ဗာန်ရောက်အောင် ကျင့်ကြံကြမှာလည်း ဖြစ်ပါတယ်။ အဲဒီလို လူတွေအတွက် အကျိုးများအောင် ဗုဒ္ဓဟောကြားခဲ့သလို ဆုံးမပေးတဲ့ အတွက် သူတို့မှာလည်း ကျေးဇူးရှိပါတယ်။ အဲဒီကျေးဇူးရှင်တွေကို လောကီထဲကလူတွေက စားဝတ်နေရေး တာဝန်ယူပေးရတာပါပဲ။ ဗုဒ္ဓရဲ့ အလိုကတော့ လူတွေကို အတတ်နိုင်ဆုံး အပူမပေးစေချင်ပါဘူး။ စားတာကိုပဲ လူတွေကို တာဝန်ယူစေပါတယ်။ ဒါကလည်း တစ်ဦးတစ်ယောက်တည်း မဟုတ် တစ်အိမ် ဆွမ်းလေး တစ်ဇွန်းစာလောက်လှူရင်ပဲ သံဃာတော် အတွက်လုံလောက်ပါတယ်။ ဝတ်ဖို့အတွက်လည်း သူများလွှင့်ပစ်ထားတဲ့ ပိတ်စ အဝတ်စ အလောင်းကောင်တွေမှာ ပတ်ထားတဲ့ အဝတ်တွေကိုပဲ စပ်ချုပ် သစ်ခေါက်ရည်ဆိုးပြီး ဝတ်ဆင်စေပါတယ်။ ကျောင်းအတွက်လည်း ထွေထွေထူးထူးမဟုတ် သစ်ပင်ခြေရင်းမှာ အိပ် နေ လည်းဖြစ်ပါသတဲ့။ ဒါပေမယ့် လူတွေရဲ့ သဒ္ဓါတရားကြောင့် လှူဒါန်းမှုကိုလည်း မတားဆီးပါဘူး။ လှူရင်တော့လည်း စားလို့ ဝတ်လို့ နေလို့ရပါတယ်တဲ့။ လူလောကက မိမိအမျိုး မဟုတ်ရင် အလှူမခံရဘူးလို့လည်း သံဃာတွေကို ဆုံးမခဲ့ပါတယ်။ အခုခေတ် လူနေမှုအဆင့်အတန်း တိုးတက်လာတာနဲ့ အမျှ သံဃာတော်တွေလည်း လူတွေရဲ့ ကြည်ညိုသဒ္ဓါကြောင့် ကောင်းကောင်းနေရခြင်းပဲဖြစ်ပါတယ်။ ထားရမယ်လေ။ သံဃာတော်တွေက သာသနာတော်ကို စောင့်ရှောက်နေတဲ့ ဝန်ထမ်းတွေပဲ မဟုတ်လား။ လစာပေးစရာမလို စားဖို့ ဝတ်ဖို့ နေဖို့လောက်ပဲ ပေးရတဲ့ သာသနာ့ ဝန်ထမ်းတွေပေါ့။ ယဉ်ကျေးလိမ္မာ အကျိုးများအောင် ဆုံးမတဲ့ ကျေးဇူးရှင်ဆရာတွေလည်း ဖြစ်တော့ ကိုးကွယ်ရမှာပါပဲ။

၅။ “ဘုန်းကြီးဝတ်သွားသော မိမိသားကို ပြန်ရှိခိုးခြင်း"
ဘုန်းကြီးဝတ်သွားတယ်ဆိုတာနဲ့ သူကရိုးရိုးလူနဲ့ မတူတော့ပါဘူး။ လောကီဒုက္ခတွေကို ကြောက်လို့နိဗ္ဗာန်ကို ရည်မှန်းကျင့်ကြံတော့မှာပါ။ နောက်ဗုဒ္ဓရဲ့ တရားတွေကို လေ့လာမှတ်သားပြီး လောကလူတွေကို လိမ္မာယဉ်ကျေးအောင် ဟောကြားရတော့မှာပါ။ သူဟာ သံဃာတော်တွေ စောင့်ထိန်းကျင့်ကြံရမယ့် သီလ သိက္ခာပုဒ်တွေကိုလည်း စောင့်ထိန်းပြီးနေရတော့မှာပါ။ မည်သို့ပင်ဆိုစေ လောကမှာရှိနေတဲ့ အကုသိုလ်တွေကြားထဲက လူတွေထက်တော့ မြင့်မြတ်သွားတာအမှန်ပါပဲ။ သီလအားနည်းတဲ့ လူအချင်းချင်းတွေ့ရင် အရက်သောက်မယ် မိန်းမပွေမယ်စတဲ့ မကောင်းတဲ့အလုပ်တွေကို တစ်ယောက်ကိုတစ်ယောက် အဖော်ညှိပြီး လုပ်တတ်ကြပါတယ်။ သံဃာတော်ကိုတော့ အဲလိုဘယ်သူမှ မခေါ်ရဲပါ။ ဒီအလုပ်တွေ ညစ်ညမ်းတဲ့ အလုပ်တွေကလည်း သံဃာတော်နဲ့ လားလားမှ မဆိုင်တော့ပါဘူး။ (အခုခေတ် သာသနာ့အရေခြုံပြီး နေတဲ့ ဘုန်းကြီးဆိုးတွေကို မပြောပါ) အဲဒီတော့ မိမိတို့ထက်မြင့်မြတ်သွားတာကြောင့် ကိုယ်မွေးတဲ့သားဖြစ်လည်း ရှိခိုးဦးချ အရိုအသေပေးရတာပါပဲ။ လူဖြစ်အောင်မွေးပေးခဲ့တဲ့ လူ့တစ်သက်တာ ကောင်းစားအောင် ဆုံးမထိန်းကျောင်းခဲ့တဲ့ ကျေးဇူးထက် သံသရာမှာကောင်းစားအောင် သံသရာပြတ်အောင် ထိန်းကျောင်းပေးမယ့် ကျေးဇူးကပိုကြီးလိုပါပဲ။ မိမိမယား သီလရှင်ဝတ်သွားပြီး မိမိက ပြန်ရှိခိုးရတာလည်း ဒီသဘောပါပဲ။ လက်ရှိအချိန် ကိုယ်မလုပ်နိုင်သေးတာကို လုပ်နေတဲ့သူကို ရိုသေလေးစားတာပါပဲ။

ဒါတွေက ကျွန်တော်သိတဲ့ ထေရဝါဒဗုဒ္ဓဘာသာပါပဲ။ ဘာသာခြားများ ဗုဒ္ဓဘာသာအပေါ်အမြင်ရှင်းပါစေ။ ဗုဒ္ဓဘာသာကို နည်းနည်းလောက်အချိန်ပေးပြီး လေ့လာကြည့်ပေးပါ။ ကျွန်တော်က မိတ်ဆက်ရုံဆက်ပေးခြင်းဖြစ်ပါတယ်။့



From: ကောင်းမြတ်ဇော်

www.mmdailystar.com

ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

အာရှ ယူ−၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာက ကာတာအသင်းသို့ ဒုတိယဂိုး သွင်းယူလိုက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီးချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီးပြီး ရုတ်တရက်ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
အာရှအင်အားကြီး ကာတာ လူငယ်အသင်းသည် ပထမပိုင်း ဦးဆောင်ဂိုးဖြင့် မြန်မာအသင်း ကို အနိုင်ရနေသော်လည်း တိုက်စစ်မှူးအောင်သူက ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့ သည်။
အောင်သူ၏ ချေပဂိုးအပြီး နောက်ထပ်နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်တွင် ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် ခေါင်းတိုက် ဂိုးသွင်းယူပြီးချိန် တွင် ယင်းပွဲကို ရုပ်သံမှကြည့်ရှုနေသူ ပခုက္ကူမြို့ရှိ ဘောလုံးပရိ သတ်တစ်ဦးသည် အောင်ပွဲခံရင်း ရုတ်တရက် ကွမ်းယာသီးကာ ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။
မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၂)နေ အသက်(၅၃)နှစ်အရွယ် အဆိုပါ အမျိုးသားအားအရေးပေါ် ကျန်းမာရေးအကူအညီပေးရန် ကျန်းမာရေးဝန်ထမ်းများ ချက်ချင်း သွားရောက်ခဲ့သော်လည်း အသက်မမီတော့ကြောင်း ပခုက္ကူ မြို့မှ သုဂတိစေတနာလူမှုကူ ညီ ရေးအသင်း အသင်းသားများက ပြောသည်။
‘‘ကျွန်တော်တို့ ရောက်တော့ အသက်မမီတော့ဘူး။ ၀မ်းသာလွန်းလို့ အော်ရင်းနဲ့ ကွမ်းဖတ်က လည်ပင်းမှာ ကပ်သွားတာလို့တော့ သိရတယ်’’ ဟု သုဂတိစေ တ နာလူမှုကူညီရေး အသင်းမှ ဦးသိန်းအေးက ပြောသည်။
အာရှ ယူ-၁၉ သမိုင်းတွင် ဒုတိယအောင်မြင်ဆုံးဖြစ်သည့် မြန်မာ ယူ-၁၉ အသင်းသည် ကာတာအသင်းကို နောက်ကျ ဂိုးများကြောင့် ၂-၃ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲကစားရမည့်အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ သည့် ကာတာ၊ ဥဇဘက်ကစ္စ တန်နှင့် မြောက်ကိုရီးယားအသင်း နှင့်အတူ ၂၀၁၅ မေလတွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။

From:7day

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...